Chapter 436 - လက်တစ်ဖက်ထဲနဲ့ လျူချင်စူကို အနိုင်ယူခြင်း
ယန်ချီက ကောင်းကင်အဆင့် အဆင့်နိမ့်စိတ်၀ိဉာဥ်နည်းစနစ် လျှပ်စီးခြေလှမ်းကိုအသုံးပြုလိုက်သည့်အခါ နေရာကနေ ပျောက်ကွယ်သွားသလိုဖြစ်သွားခဲ့တယ်။
"ဟူးးး....."
ရင်ပြင်မှာကြည့်နေကြတဲ့လူတိုင်းက ဒီမြင်ကွင်းကိုမြင်ပြီးနောက် သူတို့ရဲ့စိတ်ထဲ၌ ထိတ်လန့်သွားခဲ့ကြတယ်။ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက ယန်ချီအနေနဲ့ ဒီနေရာကနေ ပျောက်ကွယ်သွားမယ်လို့မထင်မိကြပါဘူး။
ချက်ချင်းပင် တိုက်ခိုက်ရေးကွင်းထဲမှာ လျှပ်စီးတွေပြည့်နှက်သွားခဲ့တယ်။
"အဲ့ဒါက..."
ကျောင်းအုပ်ကြီး ဟွမ်ခွန် ၊ ဒုကျောင်းအုပ်ကြီးနဲ့ ဆရာတွေအားလုံး ထိတ်လန့်ကုန်ကြတယ်။
"ကောင်းကင်အဆင့် အဆင့်နိမ့် စိတ်၀ိဉာဥ်စွမ်းရည် လျှပ်စီးခြေလှမ်းပဲ"
ယန်ချီက ကောင်းကင်အဆင့် အဆင့်နိမ့် စိတ်၀ိဉာဥ်စွမ်းရည် လျှပ်စီးခြေလှမ်းကို အမှန်တကယ်လေ့ကျင့်ထားလိမ့်မယ်လို့ မမျှော်လင့်မိထားတဲ့အတွက် သူတို့ရဲ့မျက်နှာထက်မှာ အံ့သြတုန်လှုပ်မှုတွေ ပြည့်နှက်သွားခဲ့ရတယ်။
ဒါ့အပြင် လျှပ်စီးခြေလှမ်းနည်းစနစ်ကိုလည်း ပြီးပြည့်စုံသည်အထိ လေ့ကျင့်ထားနိုင်တယ်လေ။
ယန်ချီကိုကြည့်ရတာ အသက်ဆယ့်ခြောက်နှစ်ဆယ့်ခုနှစ်နှစ်လောက်ရှိသေးပေမဲ့ သူက ကောင်းကင်အဆင့် အဆင့်နိမ့်စိတ်၀ိဉာဥ်နည်းစနစ် လျှပ်စီးခြေလှမ်းနည်းစနစ်ကိုပြီးပြည့်စုံတဲ့အထိ အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့တယ်လေ။
သူတို့တွေသာ ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ မတွေ့ရဘူးဆိုရင် သူတို့တွေဘယ်လိုမှယုံကြည်ကြမှာမဟုတ်ဘူးဆိုတာ တကယ်ကိုကျိန်ဆိုရဲပါတယ်။
တိုက်ခိုက်ရေးကွင်းထဲမှာရှိနေတဲ့လျူချင်စူလည်း တုန်လှုပ်နေခဲ့တယ်။
ယန်ချီကိုတိုက်ခိုက်တဲ့စိတ်၀ိဉာဥ်လက်နက်လေးခုက ပစ်မှတ်ကိုမထိမှန်ခဲ့ပါဘူး။
လျူချင်စူလည်း ယန်ချီကိုလိုက်လံရှာဖွေတဲ့အခါ ယန်ချီက သူ့အနောက်ကိုရောက်နေခဲ့တယ်။
လျူချင်စူရဲ့အနောက်မှာ ယန်ချီရောက်နေတာကိုမြင်တော့ တိုက်ခိုက်ရေးကွင်းဘေးကလူတိုင်းက မျက်လုံးအစုံပြူးကျယ်သွားခဲ့ရတယ်။
ပြီးတော့ လျူချင်စူကလည်း သူ့အနောက်မှာ ယန်ချီရောက်နေတာ သိပုံမရသေးပါဘူး။
ယန်ချီက မထူးခြားသလိုပြုံးလိုက်ပြီး လျူချင်စူရဲ့နောက်ကျောကိုကြည့်ကာ ဖြည်းညှင်းစွာပြောလိုက်တယ်။
"ရှာမနေနဲ့......ငါ မင်းအနောက်မှာ"
လျူချင်စူက ဒီစကားကိုကြားတဲ့အခါ တုန်လှုပ်သွားခဲ့ပြီး နောက်ကိုလျင်မြန်စွာလှည့်လိုက်ပါတယ်။
ဒါပေမဲ့ အဲ့ဒီ့အချိန်မှာပဲ ယန်ချီက လက်တစ်ဖက်ကိုမြှောက်လိုက်တယ်။
အဲ့ဒီ့လက်ရဲ့လက်ချောင်းတစ်ချောင်းပေါ်မှာတော့ အလွန်တရာအစွမ်းထက်တဲ့စိတ်၀ိဉာဥ်စွမ်းအားတွေ စုစည်းနေခဲ့ပါပြီ။
ရုတ်တရက် အဲ့ဒီ့လက်က လျူချင်စူရဲ့ဦးခေါင်းထက်ကို လျှပ်စီးလိုအမြန်နှုန်းနဲ့ကျဆင်းလာခဲ့တယ်။
လျူချင်စူတစ်ယောက် တုန့်ပြန်ဖို့အချိန် မမှီတော့ပါဘူး။
ယန်ချီရဲ့လက်ချောင်းက လျင်မြန်စွာကျဆင်းလာတာကိုမြင်တော့ လူတိုင်းကအံ့သြမှင်သက်သွားကြပြီး သူတို့ရဲ့စိတ်ထဲမှာမယုံကြည်နိုင်စရာကောင်းတဲ့ ကြောက်လန့်မှုတွေဖြစ်ပေါ်လာခဲ့တယ်။
"ငါ့အသက်တော့ သေပြီ"
လျူချင်စူတစ်ယောက် ထိတ်လန့်စွာ အော်ဟစ်မိလိုက်တယ်။
ယန်ချီရဲ့လက်ချောင်းက သူ့ဦးခေါင်းဆီကျရောက်တာနဲ့ သူ့အသက်က ဒီလောကကနေ အမြဲတမ်းပျောက်ကွယ်သွားတော့မယ်ဆိုတာ သိလိုက်တယ်။
တကယ်တမ်းလည်း ယန်ချီရဲ့လက်ချောင်းက လျူချင်စူရဲ့ဦးခေါင်းပေါ်ကျရောက်လာတာနဲ့အသက်ရှင်လွတ်မြောက်ဖို့အခွင့်အရေး မရှိတော့ပါဘူး။
လျူချင်စူအနေနဲ့မလွတ်မြောက်နိုင်တဲ့အတွက် သနားဖို့ကောင်းပါတယ်။
ဒါပေမဲ့လည်း ယန်ချီက သူ့ကိုသတ်ဖြတ်ချင်စိတ် မရှိပါဘူး။
ယန်ချီသာ လျူချင်စူကိုသတ်ချင်ရင် ဒီလောက်စကားများနေမှာ မဟုတ်ပါဘူး။
ယန်ချီရဲ့လက်ချောင်းက လျူချင်စူရဲ့ဦးခေါင်းနဲ့ထိတော့မဲ့အချိန်မှာ ရပ်တန့်လိုက်တယ်။
ဒီမြင်ကွင်းက ရင်ပြင်တစ်ခုလုံးကို အပ်ကျသံကြားရလုမတတ် တိတ်ဆိတ်သွားစေတယ်။
တိုက်ခိုက်ရေးကွင်းဘေးကလူတိုင်းက မျက်လုံးအစုံပြူးကျယ်နေပြီး ပါးစပ်တောင်မပိတ်နိုင်ကြတော့ပါဘူး။
တိုက်ခိုက်ရေးကွင်းထဲကလျူချင်စူကတော့ တုန်လှုပ်နေခဲ့ပြီး ကြောက်လန့်နေခဲ့တယ်။
လျူချင်စူရဲ့နဖူးပြင်ကနေ ချွေးတွေလည်းစီးကျလာခဲ့တယ်။သူက သေမင်းနဲ့လက်တကမ်းကိုရောက်ခဲ့တယ်လေ။
သူသေဆုံးဖို့ လက်မတင်လေးသာ လိုတော့ပါတယ်။
ချွေးတွေစိုရွှဲနေတာနဲ့အတူ သူ့တစ်ကိုယ်လုံးထိန်းချုပ်မရအောင် တုန်ယင်နေခဲ့ပြီး စိတ်၀ိဉာဥ်တောင်မှတုန်ခါနေခဲ့တယ်။
လျူချင်စူတစ်ယောက် သေခြင်းတရားနဲ့ရင်ဆိုင်မိလိုက်တော့ တကယ်ကို ကြောက်လန့်သွားခဲ့တယ်။
ကျောင်းအုပ်ကြီး ဟွမ်ခွန် ၊ ဒုကျောင်းအုပ်ကြီးနဲ့ ဆရာတွေကတော့ လင်ဂိုဏ်းရဲ့အဓိကတပည့်ကြီးနဲ့ သူတို့အင်ပါယာကျောင်းတော်ကအစွမ်းထက်ဆုံးပါရမီရှင်တို့ကြားမှာ သိပ်ပြီးကွာဟမှာမဟုတ်ဘူးလို့ ထင်ထားခဲ့တယ်။
ဒါပေမဲ့ အခုအချိန်ကျတော့ သူတို့တွေက နောက်ဆုံးမှာ ဘယ်လောက်တောင် ကြီးကြီးမားမားကွာခြားတယ်ဆိုတာ သိလိုက်ကြတယ်။
ဒီလိုကွာခြားမှုက လုံး၀ကိုမတက်နိုင်တဲ့ တောင်တစ်လုံးအလားပါပဲ။
ယန်ချီက ကြောက်လန့်တကြားဖြစ်သွားတဲ့လျူချင်စူကိုကြည့်လိုက်ပြီး ပြောလိုက်တယ်။
"ငါ မင်းကိုလက်ချောင်းတစ်ချောင်းထဲနဲ့အနိုင်ယူနိုင်တယ်လို့ ပြောခဲ့တာ အခုယုံပြီလား"
အခုတော့ လျူချင်စူက ယန်ချီရဲ့စကားကို မယုံကြည်ဘဲ နေမှာလဲ။
အခုဆိုရင် သူ့မှာ ၀င့်ကြွားမှုတွေ မရှိတော့ပါဘူး။
"မင်း...မင်းရဲ့ကျင့်စဥ်အဆင့်က ဘယ်လောက်လဲ"
🐼🐼🐼🐼🐼🐼🐼🐼
Chapter 437 - သုံးဆယ့်သုံးထပ် လေ့ကျင့်ရေးမျှော်စင်
လျူချင်စူက ယန်ချီကို အံ့အားသင့်စွာကြည့်ပြီးမေးလိုက်တယ်။
ဒါ့အပြင် ယန်ချီက ကောင်းကင်အဆင့် အဆင့်နိမ့် စိတ်၀ိဉာဥ်နည်းစနစ် လျှပ်စီးခြေလှမ်းကိုအသုံးပြုလိုက်တာမြင်တော့ သူ့အနေနဲ့အလွန် ထိတ်လန့်သွားခဲ့ရတယ်။
သူ့ရဲ့ထိတ်လန့်မှုက လုံး၀ကို ပြောမပြတတ်လောက်အောင်ပါပဲ။
လျူချင်စူရဲ့စကားသံကိုကြားတော့ တိုက်ခိုက်ရေးကွင်းဘေးကလူတွေအားလုံးကလည်း ယန်ချီရဲ့ကျင့်စဥ်အဆင့်ကို သိချင်တာကြောင့် ယန်ချီကိုကြည့်လိုက်ကြတယ်။
"မင်းက ငါ့ရဲ့ကျင့်စဥ်အဆင့်ကိုသိချင်တာလား"
ယန်ချီက လျူချင်စူကိုပေါ့ပါးစွာကြည့်ပြီးပြောလိုက်တယ်။
"အင်း"
လျူချင်စူက လိမ္မာတဲ့ကလေးတစ်ယောက်အလား ခေါင်းညိမ့်လိုက်တယ်။
လျူချင်စူရဲ့မျက်နှာပေါ်ကအမူအယာကိုမြင်တော့ ယန်ချီက ဒီကောင်တကယ်သိချင်နေတာပဲလို့တွေးလိုက်မိပြီး ပြောပြလိုက်တယ်။
"တကယ်တော့ ငါ့ရဲ့ကျင့်စဥ်အဆင့်က သိပ်မမြင့်ပါဘူး။အဆင့် ၄၈ မဟာစိတ်၀ိဉာဥ်ဘုရင် အဆင့်ပါ"
"၀ိုးးး....."
ယန်ချီရဲ့စကားသံထွက်လာတာနဲ့ လူအုပ်ကြီးက ချက်ချင်းကိုအုတ်အော်သောင်းနင်းဖြစ်သွားခဲ့တယ်။
တိုက်ခိုက်ရေးကွင်းဘေးကလူတိုင်း ယန်ချီရဲ့စကားကြောင့် အရင်က မဖြစ်နိုင်တဲ့စကားကိုကြားလိုက်ရသလို မိုးကြိုးငါးစင်းအပစ်ခံလိုက်ရသလို ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတယ်။
"အဆင့် ၄၈ မဟာစိတ်၀ိဉာဥ်ဘုရင် အဆင့်လား"
ယန်ချီရဲ့ကျင့်စဥ်အဆင့်က လျူချင်စူရဲ့ဦးခေါင်းထက်မှာ ထိုင်တောင်အလား ဖိနှိပ်နိုင်လွန်းပါတယ်။
လျူချင်စူအနေနဲ့ ယန်ချီကို လင်ဂိုဏ်းရဲ့အဓိကတပည့်ကြီးဖြစ်တာကိုကြားပေမဲ့ မျက်လုံးထဲမထည့်နိုင်က်တဲ့လောက်တဲ့အထိ သူ့ကိုယ်သူ မောက်မာခဲ့တယ်။
ဒါပေမဲ့ အခုတော့ ယန်ချီက သူဘယ်တော့မှမဖိနှိပ်နိုင်တဲ့ လူတစ်ယောက်ဆိုတာ သိလိုက်တယ်။
အဲ့ဒီ့အချိန်မှာတော့ လျူချင်စူက အမှန်တရားတစ်ခုကိုနားလည်လိုက်တယ်။
အဲ့ဒါကတော့ သန်မာသူရဲ့အထက်မှာ နောက်ထပ် သန်မာသူတစ်ယောက်ဆိုတာ အမြဲတမ်းရှိနေတတ်ပြီး အဆုံးကိုမပြောနိုင်ပါဘူး။
ကျောင်းအုပ်ကြီး ဟွမ်ခွန် ၊ ဒုကျောင်းအုပ်ကြီးနဲ့ ဆရာတွေက ယန်ချီကို လင်ဂိုဏ်းရဲ့အဓိကတပည့်ကြီး ဖြစ်တယ်ဆိုတာသိပေမဲ့လည်း ဒီလောက်ကြီး အစွမ်းထက်လိမ့်မယ်လို့ မထင်မိပါဘူး။
ဒါပေမဲ့လည်း သူတို့တွေမထင်ထားတဲ့အတိုင်း ယန်ချီက တကယ်ကိုအစွမ်းထက်လွန်းပါတယ်။
"လုံး၀ကိူ အစွမ်းထက်တာပဲ"
"လင်ဂိုဏ်းရဲ့ အဓိကတပည့်ကြီးဆိုတဲ့အတိုင်းပဲ"
ကျောင်းအုပ်ကြီးဟွမ်ခွန်က ယန်ချီကိုပြောလိုက်တယ်။
ယန်ချီက ဒီစကားကိုကြားလိုက်ပေမဲ့ ဘာမှပြန်မပြောဘဲ တည်ငြိမ်စွာရှိနေခဲ့တယ်။
အင်ပါယာကျောင်းတော်ကိုလာရတဲ့ရည်ရွယ်ချက်က သူတို့လင်ဂိုဏ်းရဲ့စွမ်းအားကိုပြသဖို့ပါ။အခု ဒီရည်ရွယ်ချက်က အောင်မြင်ခဲ့ပြီလေ။
"ယန်ချီ ငါတို့အင်ပါယာကျောင်းတော်မှာ အထပ်သုံးဆယ့်သုံးထပ်ရှိတဲ့ လေ့ကျင့်ရေးမျှော်စင်ရှိတယ်။အထပ်တစ်ထပ်ချင်းစီက ဖိနှိပ်မှု ပိုအစွမ်းထက်ပြီး အထပ်တိုင်းမှာရှိတဲ့စိတ်၀ိဉာဥ်စွမ်းအားတွေက ပိုပြီးသိပ်သည်းတယ်။လျူချင်စူကတော့ ဆယ့်ခုနှစ်ထပ်ထိ တက်နိုင်တယ်။မင်းလည်း ကြိုးစားချင်လားဆိုတာ ငါသိချင်တယ်"
ရုတ်တရက် ကျောင်းအုပ်ကြီးဟွမ်ခွန်က ယန်ချီကိုကြည့်ပြီး ပြောလိုက်တယ်။
ကျောင်းအုပ်ကြီးဟွမ်ခွန်ရဲ့စကားကိုကြားပြီးနောက် ယန်ချီက ရယ်မောမိလိုက်တယ်။
ကျောင်းအုပ်ကြီးက သူ့ရဲ့ကန့်သတ်ချက်က ဘယ်အထပ်အထိရောက်မလဲဆိုတာ သိချင်နေမှန်း သူသိပါတယ်။
ကျောင်းသားတွေကတော့ ယန်ချီတစ်ယောက် ကျောင်းအုပ်ကြီးရဲ့စကားကိုသဘောတူမလားဆိုပြီး သိချင်နေကြတယ်။
"ရတာပေါ့"
ယန်ချီက ကျောင်းအုပ်ကြီးဟွမ်ခွန်ကို ဖြည်းညှင်းစွာပြန်ပြောလိုက်တယ်။
ယန်ချီ သဘောတူလိုက်တာကိုမြင်တော့ ကျောင်းအုပ်ကြီးဟွမ်ခွန်က သက်ပြင်းတစ်ချက် ချလိုက်မိတယ်။
သူ့အနေနဲ့ ယန်ချီတစ်ယောက် ထိပ်ဆုံးထိတက်နိုင်မလားဆိုတာ သိချင်နေခဲ့တယ်။
ယန်ချီသာ သုံးဆယ့်သုံးထပ်အထိ တက်နိုင်တယ်ဆိုရင် ဒါကအမြင့်ဆုံးစံချိန်တစ်ခုဖြစ်လာမှာပါ။
ယန်ချီက ရင်ပြင်ကနေ အထပ်သုံးဆယ့်သုံးထပ်ရှိတဲ့လေ့ကျင့်ရေးမျှော်စင်ကို မြင်လိုက်ပါတယ်။
သူက တိုက်ခိုက်ရေးကွင်းထဲကနေထွက်လာပြီးနောက် လေ့ကျင့်ရေးမျှော်စင်ကိုပုံမှန်အတိုင်း လျှောက်လှမ်းသွားခဲ့တယ်။
ကျောင်းသားတွေကလည်း သူ့အနောက်ကနေ လိုက်ပါသွားခဲ့ကြတယ်။
သိပ်မကြာခင်မှာပဲ ယန်ချီက လေ့ကျင့်ရေးမျှော်စင်အရှေ့ကိုရောက်လာခဲ့တယ်။
"ယန်ချီ ၀င်သွားလိုက်ပါ"
ကျောင်းအုပ်ကြီးဟွမ်ခွန်က ယန်ချီကိုပြောလိုက်တယ်။
ယန်ချီဘေးမှာရှိနေတဲ့ ယီယုလည်း ယန်ချီတစ်ယောက် ဘယ်အထပ်ထိရောက်နိုင်မလဲဆိုတာ သိချင်နေခဲ့တယ်။
ယန်ချီလည်း ဘာမှထပ်ပြောမနေတော့ဘဲ မျှော်စင်ထဲ တစ်ခါတည်း၀င်သွားလိုက်တယ်။
"ပထမ ထပ်"
ယန်ချီက အထဲကိုကြည့်လိုက်တော့ လေ့ကျင့်ရေးမျှော်စင်နဲ့ပတ်သတ်ပြီး ဘာမှထူးထူးခြားခြားမတွေ့ခဲ့ရပါဘူး။ဒီနေရာက အရှိန်အ၀ါအချို့ရှိတဲ့ နေရာတစ်ခုသာသာပါ။
သူက မည်သည့်ဖိအားမှမခံစားရတာကြောင့် အပေါ်ထပ်တွေကိုဆက်တက်သွားခဲ့တယ်။
"ဒုတိယ ထပ်"
"တတိယ ထပ်"
"စတုတ္ထ ထပ်"
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 438 - လေ့ကျင့်ရေးမျှော်စင်
လေ့ကျင့်ရေးမျှော်စင်အပြင်ဖက်ကနေ လေ့ကျင့်ရေးမျှော်စင်ဘယ်အထပ်ရောက်ပြီလဲဆိုတာ လင်းလက်နေခဲ့တယ်။
"ဆယ့်နှစ် ထပ်"
"ဆယ့်သုံး ထပ်"
"ဆယ့်လေး ထပ်"
ကြည့်နေတဲ့ကျောင်းသားတွေအားလုံး အံ့အားသင့်နေကြတယ်။ဒါပေမဲ့ သူတို့တွေ အံ့အားသင့်မှု မပြီးဆုံးခင်မှာပဲ......။
"ဆယ့်ငါး ထပ်"
"ဆယ့်ခြောက် ထပ်"
"ဆယ့်ခုနှစ် ထပ်"
ဆယ့်ခုနှစ်ထပ်ဆိုတာ အင်ပါယာကျောင်းတော်ရဲ့အစွမ်းအထက်ဆုံးပါရမီရှင်ဖြစ်တဲ့ လျူချင်စူရောက်ခဲ့တဲ့အထပ်ပါ"
ကျောင်းသားတွေကတော့ လေ့ကျင့်ရေးမျှော်စင်ထဲမှာ ယန်ချီရဲ့အမြန်နှုန်းက ဒီလောက်ကြီး မြန်ဆန်နေလိမ့်မယ်လို့မမျှော်လင့်မိပါဘူး။
"အထပ် နှစ်ဆယ်"
"နှစ်ဆယ့်တစ် ထပ်"
"နှစ်ဆယ့်နှစ် ထပ်"
ဒီအချိန်မှာတော့ လေ့ကျင့်ရေးမျှော်စင်အပြင်ဖက်ကနေကြည့်နေကြတဲ့လူတွေအားလုံးက တိတ်ဆိတ်သွားကြပြီး ယန်ချီတစ်ယောက် ဘယ်အထပ်ထိရောက်နိုင်မလဲဆိုတာ သိချင်နေကြတယ်။
လေ့ကျင့်ရေးမျှော်စင်ထဲမှာတော့ ယန်ချီက အထပ် နှစ်ဆယ့်နှစ်ထပ်ကို ရောက်နေခဲ့တယ်။
သူ့အနေနဲ့ ဒီအထပ်မှာတောင် ဖိနှိပ်မှုကို မခံစားရပါဘူး။ကျောင်းအုပ်ကြီးဟွမ်ခွန်က သူ့ကို အပေါ်ထပ်တွေကိုရောက်လာလေလေ ဖိနှိပ်အားပိုများလာတယ်လို့ပြောခဲ့တာကို အမှတ်ရလိုက်တယ်။
အထပ်တွေမှာရှိတဲ့ အရှိန်အ၀ါတွေ ဖိအားတွေက ပိုပိုများလာပေမဲ့လည်း ယန်ချီအတွက်ကတော့ ဘာမှမဟုတ်ခဲ့ပါဘူး။
ဖြစ်နိုင်တာက သူ့အနေနဲ့ ကောင်းကင်အဆင့် အဆင့်နိမ့် စိတ်၀ိဉာဥ်နည်းစနစ် ဆင်နဂါးခန္ဓာကိုယ်ကိုလေ့ကျင့်ထားလို့များလား။
အဲ့ဒီ့နောက် သူက အပေါ်ထပ်ကို ဆက်ပြီး တက်လှမ်းခဲ့တယ်။
"နှစ်ဆယ့်သုံး ထပ်"
"နှစ်ဆယ့်လေး ထပ်"
"နှစ်ဆယ့်ငါး ထပ်"
သူက နှစ်ဆယ့်ငါးထပ်ကိုရောက်ပြီးနောက် ဖိအားအနည်းငယ်ကိုခံစားခဲ့ရတယ်။ဒါပေမဲ့လည်း အဲ့ဒီ့ဖိအားက သူ့အတွက်တော့ ဘာမှမဟုတ်ပါဘူး။
"နှစ်ဆယ့်ခြောက် ထပ်"
"နှစ်ဆယ့်ခုနှစ် ထပ်"
"နှစ်ဆယ့်ရှစ် ထပ်"
ယန်ချီက လေ့ကျင့်ရေးမျှော်စင် နှစ်ဆယ့်ရှစ်ထပ်ကိုရောက်ရှိပြီးနောက် ပိုများတဲ့ဖိအားကို ခံစားခဲ့ရတယ်။
သူ့အနေနဲ့ အရင်လောကမှာတုန်းက မရေမတွက်နိုင်တဲ့နတ်ဆိုးမိစ္ဆာတွေကို သတ်ဖြတ်ခဲ့ဖူးတယ်။
ပြီးတော့ ဘုံကိုးဘုံက စစ်နတ်ဘုရားတစ်ပါးလို နတ်ဆိုးမိစ္ဆာတွေနဲ့ရင်ဆိုင်ဖူးပါတယ်။
ဒါ့ကြောင့် ဘယ်လောက်အစွမ်းထက်တဲ့ဖိအားမဆို သူ့အနေနဲ့ကြောက်စရာ်ရှိပါဘူး။
လေ့ကျင့်ရေးမျှော်စင်အောက်ကနေ ကြည့်နေကြတဲ့လူတိုင်းက ယန်ချီတစ်ယောက် နှစ်ဆယ့်ရှစ်ထပ်ကိုရောက်သွားတာကိုမြင်လိုက်တော့ သူတို့ရဲ့မျက်နှာထက်မှာ တုန်လှုပ်မှုတွေပြည့်နှက်နေခဲ့တယ်။
ပြီးတော့ ဒီလေ့ကျင့်ရေးမျှော်စင်က သုံးဆယ့်သုံးထပ်ပဲ ရှိတာလေ။
ဖြစ်နိုင်တာက ယန်ချီအနေနဲ့ ၃၃ထပ်ထိရောက်အောင် သွားနိုင်မှာလား။
လေ့ကျင့်ရေးမျှော်စင်အောက်ကနေကြည့်နေကြတဲ့လူတိုင်းက ယန်ချီသာ လေ့ကျင့်ရေးမျှော်စင်ရဲ့သုံးဆယ်သုံးထပ်ကို တကယ်တက်ရောက်သွားနိုင်မယ်ဆိုရင် အမြင့်မားဆုံးစံချိန်ဖြစ်သွားမယ်ဆိုတာ သိကြတယ်။
"နှစ်ဆယ့်ကိုး ထပ်"
"အထပ် သုံးဆယ်"
"သုံးဆယ့်တစ် ထပ်"
လူတိုင်းရဲ့မျက်လုံးအစုံက ပြူးကျယ်နေခဲ့ကြတယ်။
"သုံးဆယ့်တစ် ထပ်ရောက်နေပြီ။နောက် နှစ်ထပ် ပဲကျန်တော့တယ်"
"လင်ဂိုဏ်းရဲ့အဓိက တပည့်ကြီးက တကယ်ကို အစွမ်းထက်တယ်။ငါတို့က သူနဲ့ ဘယ်လိုမှ နှိုင်းယှဥ်လို့မရဘူး"
"အဲ့ဒါက ဘာဟုတ်သေးလို့လဲ။သူနဲ့ ငါတို့ကြားမှာ လောကကြီးတစ်ခုလောက် ကွာခြားတယ်။အခုဆိုရင် သူက သုံးဆယ့်သုံး ထပ်ကိုရောက်တော့မယ်"
ကျောင်းသားတွေအားလုံးက ဒီအကြောင်းကိုပြောဆိုနေကြပြီး သူတို့ရဲ့မျက်နှာထက်မှာ ထိတ်လန့်မှုတွေ ရှိနေခဲ့တယ်။
"ကျောင်းအုပ်ကြီး ဘယ်လိုထင်လဲ"
ဒုကျောင်းအုပ်ကြီးက ကျောင်းအုပ်ကြီးဟွမ်ခွန်ဘက်လှည့်ပြီး မေးလိုက်တယ်။
ကျောင်းအုပ်ကြီးက ပြောမဲ့စကားကိုပြန်မြိုချပြီး မေးလိုက်တယ်။
"မင်းရော ဘယ်လိုထင်လို့လဲ"
"ယန်ချီက သုံးဆယ့်သုံးထပ်ထိရောက်မယ်လို့ ကျွန်တော်ထင်မိတယ်။ပြီးတော့ ယန်ချီက စိတ်၀ိဉာဥ်ကုန်းမြေမှာ အစွမ်းအထက်ဆုံးပါရမီရှင်လို့လည်း ထင်မိသေးတယ်"
ဒုကျောင်းအုပ်ကြီးရဲ့စကားကြောင့် ကျောင်းအုပ်ကြီးတစ်ယောက် အံ့အားသင့်နေခဲ့တယ်။
"ငါလည်း အဲ့ဒီ့လိုပဲ တွေးမိတယ်"
ကျောင်းအုပ်ကြီးဟွမ်ခွန်က ပြောလိုက်တယ်။
"သုံးဆယ့်နှစ် ထပ်"
ရုတ်တရက် အံ့အားသင့်စွာအော်လိုက်တဲ့အသံကို အားလုံးကြားလိုက်ရတယ်။
လေ့ကျင့်ရေးမျှော်စင်အောက်ကနေကြည့်နေကြတဲ့သူတွေက လျင်မြန်စွာ မော့ကြည့်လိုက်ကြတယ်။
သူတို့အားလုံးက လေ့ကျင့်ရေးမျှော်စင်ရဲ့ သုံးဆယ့်နှစ် ထပ်က လင်းလက်သွားတာကိုမြင်လိုက်ကြရတယ်။
သူတို့တွေ အင်ပါယာကျောင်းတော်ကိုရောက်ရှိပြီးနောက် လေ့ကျင့်ရေးမျှော်စင်ရဲ့ နှစ်ဆယ့်နှစ် ထပ်မှာလင်းလက်သွားတာကို ဘယ်သူမှမမြင်ဖူးပါဘူး။ဒီတစ်ကြိမ်က သူတို့တွေအတွက် ပထမဆုံးအကြိမ်မြင်ဖူးခြင်းပါ။
အဲ့ဒီ့အချိန်မှာပဲ နောက်ဆုံးအထပ်သာကျန်နေပြီး ယန်ချီက အပေါ်ဆုံးထပ်ကိုရောက်သွားမှာလား။
လူတိုင်းက သူတို့ရဲ့အသက်တောင်ကောင်းကောင်းမရှူနိုင်ဘဲ မျှော်စင်ကိုမော့ကြည့်နေကြတယ်။
လေ့ကျင့်ရေးမျှော်စင် သုံးဆယ့်နှစ်ထပ်မှာတော့ ယန်ချီက ဒီအထပ်ရဲ့ဖိအားက ဘာမှမဟုတ်ဘူးလို့တွေးထားခဲ့ပေမဲ့ သူကဆင်နဂါးခန္ဓာကိုယ်ကိုလေ့ကျင့်ထားတာကြောင့် ဒီလိုသေးငယ်တဲ့မျှော်စင်လေးက သူ့ကိုဘာမှမလုပ်နိုင်ပါဘူး။
ဒါပေမဲ့လည်း သူ့အနေနဲ့ သုံးဆယ့်နှစ် ထပ်ကိုရောက်တဲ့အခါ ဖိအားက အလွန်ကြောက်စရာကောင်းလိမ့်မယ်လို့ သူမမျှော်လင့်ထားမိပါဘူး။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 439 - ကောင်းကင်ဘုံ နဂါး၀ိဉာဥ်ကို ဖမ်းမလို့
ဒီအချိန်မှာတော့ ယန်ချီတစ်ယောက် ဦးခေါင်းထက်ကနေ ထိုင်တောင်ကြီးဖိနှိပ်ခံရသည့်အလား ဖြစ်နေခဲ့တယ်။
ဒါပေမဲ့လည်း နောက်ဆုံးတစ်ထပ်သာကျန်တော့တာကြောင့် သူ့အနေနဲ့တောင့်ခံထားမှရမှာပါ။
သူ့အနေနဲ့ တရုတ်ပြည်ကနေ နတ်ဆိုးမိစ္ဆာတွေပြည့်နှက်နေတဲ့လောကကြီးမှာ သာမန်အလုပ်သမားတစ်ဦးဖြစ်လာခဲ့တယ်။
ဒါပေမဲ့လည်း ကောင်းကင်ကအမြဲတမ်း မျှတမှုရှိပါတယ်။သူ့ကို စနစ်တစ်ခု ရယူပိုင်ဆိုင်ခွင့်ပေးခဲ့တယ်လေ။
ဒါ့ကြောင့် သူက ဒီလိုအချိန်မှာ ဒီနေရာကိုရောက်လာခဲ့တာပေါ့။
အခုဆိုရင် နောက်ဆုံးတစ်ထပ်သာ ကျန်ပါတော့တယ်။
သူ့အနေနဲ့ မတက်လို့ဖြစ်မလား.....။
ချက်ချင်းပင် ယန်ချီက ထိုင်တောင်ကြီးတစ်လုံးအလား သူ့ဆီကိုဖိနှိပ်နေတဲ့ဖိအားအောက်ကနေ နောက်ဆုံးအထပ်ကိုတက်သွားခဲ့တယ်။
လေ့ကျင့်ရေးမျှော်စင်အောက်ကနေ ကြည့်နေကြတဲ့လူတိုင်းက အသက်ရှူတောင်အောင့်ပြီး ယန်ချီတစ်ယောက် ၃၃ထပ်ကိုရောက်နိုင်မလားဆိုပြီး မျှော်လင့်နေကြတယ်။
"သုံးဆယ့်သုံး ထပ်က လင်းလက်သွားပြီ"
ရုတ်တရက် အံ့အားသင့်နေတဲ့အသံတစ်သံကို အားလုံးကြားလိုက်ရတယ်။
အောက်ကနေကြည့်နေကြတဲ့လူအားလုံးက လေ့ကျင့်ရေးမျှော်စင် ၃၃ထပ် လင်းလက်နေတာကို မြင်လိုက်ရတယ်။
၃၃ထပ်မြောက် လင်းလက်သွားတာကိုမြင်တော့ လူတိုင်းက သက်ပြင်းကိုယ်စီချလိုက်မိတယ်။
ဘာကြောင့်လဲဆိုတော့ အင်ပါယာကျောင်းတော်ရဲ့လေ့ကျင့်ရေးမျှော်စင်မှာ ဒီလိုမှတ်တမ်းမျိုးက အမြဲတမ်းရှိနေတော့မှာပါ။
"စီနီယာအစ်ကိုကြီးက တကယ်ကို အစွမ်းထက်တာပဲ"
ယီယုတစ်ယောက် သူမကိုယ်သူမ ပြောလိုက်မိတယ်။
"လင်ဂိုဏ်းရဲ့အဓိက တပည့်ကြီးဖြစ်တဲ့ ယန်ချီကို မင်းတို့ဘယ်လိုထင်ကြလဲ"
ကျောင်းအုပ်ကြီးဟွမ်ခွန်က ဒုကျောင်းအုပ်ကြီးနဲ့ ဆရာတွေကိုမေးလိုက်တယ်။
ဒုကျောင်းအုပ်နဲ့ဆရာတွေကတော့ ကျောင်းအုပ်ကြီးစကားကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ည့်လိုက်ကြတယ်။
"ကျောင်းအုပ်ကြီး....ယန်ချီက စိတ်၀ိဉာဥ်ကုန်းမြေမှာ အစွမ်းအထက်ဆုံးပါရမီရှင်ဖြစ်နိုင်တယ်လို့ ကျွန်တော်ပြောခဲ့ပေမဲ့ အခုဆိုရင် ဖြစ်နိုင်တယ်ဆိုတာကို ဖျက်သင့်နေပါပြီ"
ဆရာတွေကလည်း ခေါင်းညိတ်လိုက်ကြပြီး ဒုကျောင်းအုပ်ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားခဲ့ရတယ်။
ယန်ချီကတော့ တစ်ကိုယ်လုံးချွေးတွေစိုရွှဲနေပြီး လေ့ကျင့်ရေးမျှော်စင်ကနေ ထွက်လာခဲ့တယ်။
အင်ပါယာကျောင်းတော်က တပည့်တွေကတော့ ယန်ချီကိုအံ့အားသင့်စွာနဲ့ ကြည့်နေခဲ့ကြတယ်။
တိုက်ခိုက်ရေးကွင်းမှာတုန်းက ယန်ချီအနေနဲ့ အင်ပါယာကျောင်းတော်ရဲ့အစွမ်းအထက်ဆုံးပါရမီရှင် လျူချင်စူအပေါ်ကို မောက်မာတဲ့အမူအယာတွေနဲ့ ဆက်ဆံခဲ့တာကြောင့် သူတို့တွေက ယန်ချီကို ဒေါသထွက်ခဲ့ကြတယ်။
ဒါပေမဲ့ အခုတော့ သူတို့တွေ ဒေါသထွက်ခဲ့မိတာက တကယ်ကိုရယ်စရာကောင်းနေခဲ့တယ်။
သူတို့တွေနဲ့ ယန်ချီနဲ့နှိုင်းယှဥ်မယ်ဆို ကွာဟချက် လုံး၀ကိုကြီးမားပြီး ဘယ်လိုမှယှဥ်နိုင်စွမ်းမရှိပါဘူး။
"ယန်ချီ ငါတို့ရဲ့အင်ပါယာကျောင်းတော်မှာ မှတ်တမ်းအသစ်ရေးထိုးပေးနိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျောင်းအုပ်ကြီးဟွမ်ခွန်က ယန်ချီကို ကျေးဇူးတင်စွာနဲ့ကြည့်လိုက်ပြီး ပြောလိုက်တယ်။
"ဟုတ်ကဲ့...ရပါတယ်။ဒါက ဘာမှမဟုတ်ပါဘူး"
ယန်ချီက ဖြည်းညှင်းစွာပြောလိုက်တယ်။
"ဒါနဲ့ စကားမစက် ဆျှိုလုံမျှော်စင်က ဘယ်မှာလဲ သိလား"
ယန်ချီက သူ့ရဲ့အကြည့်တွေကို သူ့ဘေးနားက ယီယုဆီပြောင်းလိုက်ပြီး မေးလိုက်တယ်။
ယီယုလည်း ယန်ချီရဲ့စကားကြောင့် အံ့အားသင့်နေခဲ့တယ်။တကယ်တမ်းလည်း ယန်ချီတစ်ယောက် ဒီလိုမေးခွန်းကိုမေးလိမ့်မယ်လို့ သူမ မမျှော်လင့်မိပါဘူး။
"သိတယ်လေ"
စက္ကန့်တော်တော််များများ အံ့အားသင့်နေခဲ့ပြီးနောက် ယီယုက ခေါင်းညိတ်လိုက်တယ်။ဘေးမှာရှိနေတဲ့ကျောင်းသားတွေလည်း မှင်သက်သွားခဲ့တယ်။
အင်ပါယာကျောင်းတော်က ဆျှိုလုံမျှော်စင်က အလွန်တရာကို နာမည်ကျော်ကြားတယ်လေ။
အဲ့ဒီ့ အင်ပါယာကျောင်းတော်မှာရှိတဲ့ ဆျှိုလုံမျှော်စင်မှာ အစွမ်းထက်ကောင်းကင်ဘုံနဂါး၀ိဉာဥ်တစ်ခုရှိတယ်ဆိုတာ အားလုံးသိကြပါတယ်။
ဒါပေမဲ့လည်း ဘယ်သူ့မှ အဲ့ဒီ့အစွမ်းထက်ကောင်းကင်ဘုံနဂါး၀ိဉာဥ်ကို အညံ့ခံအောင်မလုပ်နိုင်သလို စိတ်၀ိဉာဥ်ဖမ်းဆီးတဲ့ကျော့ကွင်းနဲ့လည်း မဖမ်းနိုင်ပါဘူး။
ယန်ချီက ဆျှိုလုံမျှော်စင်အကြောင်းမေးနေတယ်ဆိုတော့ ဖြစ်နိုင်တာက..............။
လေ့ကျင့်ရေးမျှော်စင်အောက်မှာရှိနေတဲ့လူအားလုံးက အံ့အားသင့်ဖွယ်ကောင်းတဲ့ဖြစ်နိုင်တာတစ်ခုကို တွေးမိလိုက်ကြတယ်။
အဲ့ဒါကတော့ ယန်ချီက ကောင်းကင်ဘုံနဂါးစိတ်၀ိဉာဥ်ကိုဖမ်းဆီးမယ်လို့ဆိုလိုတာပါ။ဒီအကြောင်းကိုတွေးမိလိုက်တော့ ဒီနေရာမှာရှိနေတဲ့လူအားလုံးရဲ့မျက်လုံးအစုံက ပြူးကျယ်သွားခဲ့တယ်။
"ဆျှိုလုံမျှော်စင်ကို သွားကြစို့"
ရုတ်တရက် ယန်ချီက ယီယုကိုပြောလိုက်တယ်။
"စီနီယာအစ်ကိုကြီး....ရှင်က ဘာကြောင့် ဆျှိုလုံမျှော်စင်ကိုသွားချင်တာလဲ"
ယီယုရဲ့ဖြူလွှလွှမျက်နှာထက်မှာ နားမလည်နိုင်မှုတွေဖြစ်လာခဲ့တယ်။
လူတိုင်းကလည်း ယန်ချီရဲ့အဖြေကိုကြားချင်တာကြောင့် သူ့ကို၀ိုင်းကြည့်လိုက်ကြတယ်။
"ကောင်းကင်းဘုံနဂါး၀ိဉာဥ်ကို ဖမ်းမလို့ပေါ့"
ယန်ချီက ဖြည်းညှင်းစွာပြောလိုက်တယ်။
ဒီစကားကိုပြောဆိုနေစဥ်မှာ ယန်ချီရဲ့လေသံက တည်ငြိမ်နေရုံသာမက အမူအယာကလည်း တည်ငြိမ်နေခဲ့တယ်။
"ဟူးး........"
လူတိုင်းက ဒီအကြောင်းကိုမှန်းဆထားတယ်ဆိုပေမဲ့လည်း ယန်ချီရဲ့နှုတ်ကစကားတွေကိုကြားပြီးနောက် ပင့်သက်ရှိုက်မိလိုက်ကြတယ်။
🐼🐼🐼🐼🐼🐼🐼
Chapter 440 - ဆျှိုလုံမျှော်စင်ကို မသွားစေချင်သူ
ကျောင်းအုပ်ကြီး ဟွမ်ခွန် ၊ ဒုကျောင်းအုပ်ကြီး ၊ ဆရာတွေနဲ့ကျောင်းသားတွေကတော့ ယန်ချီရဲ့စကားကိုကြားပြီးနောက် သူတို့ရဲ့မျက်လုံးတွေက ပုံမှန်ထက်ပိုပြီး ပြူးကျယ်နေခဲ့ကြတယ်။
ယီယုကတော့ နေရာမှာတင် ကျောက်ရုပ်အလား ဖြစ်နေခဲ့တယ်။သူမအနေနဲ့ ဆယ်ရက်နဲ့ဆယ်ည စဥ်းစားတွေးတောမယ်ဆိုရင်တောင် စီနီယာအစ်ကိုကြီးက ဆျှိုလုံမျှော်စင်ကိုသွားပြီး အစွမ်းထက်ကောင်းကင်ဘုံနဂါး၀ိဉာဥ်ကိုဖမ်းဆီးလိမ့်မယ်လို့ မထင်မိပါဘူး။
ယန်ချီက ကောင်းကင်ကိုအံတုလောက်တဲ့ပါရမီရှင်တစ်ယောက်ဆိုတာသိပေမဲ့လည်း ဆျှိုလုံမျှော်စင်က ကောင်းကင်ဘုံနဂါးစိတ်၀ိဉာဥ်ကိုဖမ်းဆီးဖို့ဆိုတာက တကယ်ကိုစိတ်ကူးယဥ်ဆန်လွန်းပါတယ်။
"စီနီယာအစ်ကိုကြီး....ရှင် တကယ်ပြောနေတာလား"
သတိပြန်၀င်လာပြီးနောက် ယီယုက ယန်ချီကိုသေချာအောင်မေးလိုက်တယ်။
ယန်ချီလည်း ယီယုရဲ့စကားကြောင့် အံ့အားသင့်သွားခဲ့ပြီး သူ့စကားမှာ မသေချာတာ ဘာပါကြောင်း ပြန်စဥ်းစားမိလိုက်တယ်။
"တကယ်ပေါ့"
ယန်ချီက ယီယုကို ညင်သာစွာပြောလိုက်တယ်။
"ဒါပေမဲ့ စီနီယာအစ်ကိုကြီး....ဘယ်သူမှ ဆျှိုလုံမျှော်စင်က အစွမ်းထက်ကောင်းကင်ဘုံနဂါး၀ိဉာဥ်ကို မဖမ်းနိုင်ဘူး"
ယီယုရဲ့စကားမဆုံးခင်မှာပဲ ယန်ချီက တည်ငြိမ်စွာပြုံးပြီး ကြားဖြတ်ပြောလိုက်တယ်။
"မစိုးရိမ်ပါနဲ့။အစွမ်းထက် ကောင်းကင်ဘုံနဂါး၀ိဉာဥ်ကိုဖမ်းဆီးဖို့ဆိုတာ ငါ့အတွက် အလွယ်လေးပါ"
ဘေးမှာရှိနေတဲ့လူတွေကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး တွေးလိုက်မိကြတယ်။
သူတို့တွေက ယန်ချီရဲ့အစွမ်းထက်မှုကိုသိပေမဲ့လည်း အစွမ်းထက်ကောင်းကင်ဘုံနဂါး၀ိဉာဥ်ကို ဖမ်းဆီးအညံ့ခံဖို့ကတော့...........။
"သွားကြစို့"
ယန်ချီက ယီယုကို ထပ်ပြောလိုက်တယ်။
ယန်ချီက မျှော်စင်ကိုသွားချင်နေမြင်တော့ ယီယုလည်းဆက်ပြောမနေတော့ဘဲ ယန်ချီနဲ့အတူ အင်ပါယာကျောင်းတော်ကနေ ထွက်လာခဲ့တယ်။
အင်ပါယာကျောင်းတော်ကနေထွက်လာပြီးနောက် ယီယုက ယန်ချီကို ဆျှိုလုံမျှော်စင်ဆီကို တစ်ခါတည်းခေါ်သွားလိုက်တယ်။
သွားနေတဲ့လမ်းတစ်လျှောက်မှာ ယီယုတစ်ယောက် စိုးရိမ်နေခဲ့တယ်။
သူမက ယန်ချီနဲ့တွေ့ဆုံပြီးနောက် ယန်ချီအနေနဲ့ သူမကိုအံ့အားသင့်စရာတွေများစွာ ခံစားစေခဲ့သူဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူမ ယုံကြည်မှုမရှိပဲ ဖြစ်နေခဲ့တယ်။
သူမက ကောင်းကင်ကြီးပြိုလဲမယ်ဆိုရင်တောင် ယန်ချီက ဆျှိုလုံမျှော်စင်က ကောင်းကင်ဘုံနဂါး၀ိဉာဥ်ကို ဖမ်းဆီးဖို့ဆိုတာက မဖြစ်နိုင်ဘူးလို့ ယုံကြည်နေခဲ့ပါတယ်။
ဒါ့အပြင် လူများစွာက ဆျှိုလုံမျှော်စင်ထဲ၀င်ပြီး သူတို့အတွက် အစွမ်းထက် ကောင်းကင်ဘုံနဂါး၀ိဉာဥ်ကို အညံ့ခံဖို့ ကြိုးစားခဲ့ပေမဲ့ အဆုံးကျတော့ သူတို့တွေသာ သေဆုံးခဲ့ရတယ်။
သူတို့တွေက အလောင်းတောင်မကျန်ဘဲ သေဆုံးခဲ့ရတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့တွေကို အစွမ်းထက် ကောင်းကင်ဘုံနဂါး၀ိဉာဥ်က ၀ါးမြိုစားသောက်လိုက်လို့ပါ။
"စီနီယာအစ်ကိုကြီး.....ဆျှိုလုံမျှော်စင်က အရမ်းကို အန္တရာယ်များတယ်။ရှင် မကြောက်ဘူးလား"
ရုတ်တရက် ယီယုက ရပ်တန့်လိုက်ပြီး သူမရဲ့နှုတ်ခမ်းကိုကိုက်ကာ ယန်ချီကိုကြည့်ပြီး မေးလိုက်တယ်။
ယန်ချီက ယီယုရဲ့စကားကိုကြားပြီးနောက် သူက တိတ်တဆိတ်ပြုံးလိုက်မိတယ်။ဒီကောင်မလေးကတော့ သူ့ကို စိုးရိမ်နေမှန်း သူသိလိုက်တယ်။
"မစိုးရိမ်ပါနဲ့။အန္တရာယ်ဆိုတာ ငါ့အတွက် ချိုနဲ့လားဆိုပြီး မေးရမှာ"
ယန်ချီက ပြောလိုက်တယ်။
"ကျွန်မ......"
ယီယု စကားအနည်းငယ်ပြောပြီးနောက် တစ်ခုခုကြောင့် ဆက်မပြောတော့ပါဘူး။
"ဘာဖြစ်လို့လဲ"
ယန်ချီက ယီယုကို နားမလည်နိုင်စွာနဲ့ ကြည့်လိုက်တယ်။
စက္ကန့်အနည်းငယ်အကြာမှာတော့ ယီယုရဲ့တွန့်ဆုတ်နေတဲ့အမူအယာကနေ သတ္တိမွေးလိုက်တာကြောင့် ပြတ်သားတဲ့အမူအယာအဖြစ် ပြောင်းသွားခဲ့တယ်။
"ကျွန်မ ရှင့်ကို ဆျှိုလုံမျှော်စင်ထဲ မ၀င်စေချင်ဘူး"
ယီယုက ယန်ချီကိုပြတ်သားစွာကြည့်ပြီး ပြောလိုက်တယ်။
ယန်ချီလည်း ယီယုရဲ့စကားကြောင့် မှင်သက်နေခဲ့တယ်။
"ဘာကြောင့်လဲ"
"ဘာကြောင့်လဲဆိုတော့ ကျွန်မက စီနီယာအစ်ကိုကြီးကို အထဲမှာ သေဆုံးသွားမှာကို မမြင်ချင်လို့"
ဆျှိုလုံမျှော်စင်ထဲမှာရှိတဲ့ အစွမ်းထက်ကောင်းကင်ဘုံနဂါး၀ိဉာဥ်က တကယ်ကို အစွမ်းထက်တဲ့ စိတ်၀ိဉာဥ်လက်နက်ဖြစ်တယ်ဆိုတာ ယီယုသိတာကြောင့်ပါ။
ယီယုရဲ့စကားကိုကြားပြီးနောက် ယီယုတစ်ယောက် သူ့အတွက် စိုးရိမ်နေမှန်းသိလိုက်ပြီးနောက် ယန်ချီက ရယ်မောလိုက်မိတယ်။
"ငါ့အတွက်တော့ ဒီအစွမ်းထက် ကောင်းကင်ဘုံနဂါး၀ိဉာဥ်ကို ဖမ်းဖို့က လွယ်တယ်လို့ မင်းကိုပြောခဲ့ဖူးတယ်လေ။ဘာကြောင့် မင်း မယုံကြည်တာလဲ"
ယန်ချီကလည်း သူ့အနေနဲ့အမှန်ပြောပေမဲ့ အခြားသူတွေက ဘာကြောင့်မယုံကြည်တာလဲဆိုတာကိုတွေးပြီး တိတ်တဆိတ် သက်ပြင်းချလိုက်မိတယ်။
သူက အခုဆိုရင် အစွမ်းထက် ကောင်းကင်ဘုံနဂါး၀ိဉာဥ်ကိုဖမ်းဆီးနိုင်တဲ့ သီးသန့်ကျော့ကွင်းကိုတောင် ပိုင်ဆိုင်နေပါပြီ။
သူ့အနေနဲ့ ကောင်းကင်ဘုံနဂါး၀ိဉာဥ်ကို ဖမ်းဆီးအညံ့ခံခိုင်းဖို့ဆိုတာက အရမ်းကိုရိုးရှင်းလွန်းပါတယ်။
"စီနီယာ အစ်ကိုကြီး.....ရှင်က ကျွန်မကိုပျော်စေချင်လို့ပြောမှန်း သိပါတယ်။အခုဆို ရှင့်မှာ အစွမ်းထက်စိတ်စိဉာဥ်လက်နက်တွေက အများကြီးပဲ။ဘာကြောင့် ရှင်က ကောင်းကင်ဘုံနဂါး၀ိဉာဥ် စိတ်၀ိဉာဥ်လက်နက်ကို ဖမ်းဆီးချင်သေးတာလဲ"
ယီယုက ယန်ချီကို ပဟေဠိတန်စွာကြည့်ပြီး မေးလိုက်တယ်။
ယန်ချီလည်း ယီယုရဲ့စကားကြောင့် သက်ပြင်းချမိတယ်။
ယီယုက သူ့ကို သဘောကျနေမှန်း သူသိပါတယ်။
ဒါပေမဲ့လည်း ဟိုးအရင်ကတည်းက မိန်းမလှလေးတွေက သူရဲကောင်းကိုနှစ်သက်ကြပြီး သူရဲကောင်းတွေကလည်း မိန်းမလှလေးတွေနဲ့လိုက်ဖက်ကြောင်း သူသိပါတယ်။