Chapter 421- စိတ်ဝိဉာဉ်နည်းစနစ်မျှော်စင် တတိယ အထပ်
အဲ့ဒီအဖိုးအိုကတော့ စိတ်ဝိဉာဉ်နည်းစနစ်မျှော်စင် ဒုတိယအထပ်ရဲ့ အစောင့်ပါ။
သူ့အနေနဲ့ လင်ဂိုဏ်းက တပည့်တွေ ဒီနေရာကို တက်မလာတာ အတော်ကြာသွားပြီဆိုတာ မှတ်မိပါသေးတယ်။
ယန်ချီက စိတ်ဝိဉာဉ်မျှော်စင် ဒုတိယထပ်မှာ လှည့်ပတ် ကြည့်လိုက်တယ်။
တွေ့ရတဲ့ စိတ်ဝိဉာဉ်နည်းစနစ်တွေက တကယ်ကို သူ့အတွက် မသင့်တော်ပါဘူး။
စိတ်ဝိဉာဉ်နည်းစနစ်မျှော်စင် ဒုတိယထပ်မှာ တွေ့ရတဲ့ စိတ်ဝိဉာဉ်နည်းစနစ်တွေက သူ့နှစ်သက်တာ မဟုတ်တဲ့အတွက် စိတ်ထဲ မပျော်မရွှင်ဖြစ်သွားခဲ့တယ်။
ကြည့်ရတာတော့ သူက တတိယထပ်ကို သွားရတော့မယ်နဲ့ တူတယ်။
ယန်ချီတစ်ယောက် အဲ့ဒီအတိုင်း တွေးမိလိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ သူ့မှာ အတွေ့အကြုံရှိတာကြောင့် သူ့အရှေ့က စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုဆီကို လျှောက်သွားခဲ့တယ်။
“စီနီယာ ကျွန်တော် တတိယထပ်ကို တက်မလို့ ဘာသတ်မှတ်ချက်တွေ ရှိသေးလဲ”
ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုကို မေးလိုက်တယ်။
စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုက ယန်ချီရဲ့ စကားကြောင့် အံ့အားသင့်သွားခဲ့တယ်။ သူ့အနေနဲ့ ယန်ချီက ဒီလို မေးလိမ့်မယ်လို့ မမျှော်လင့်ထားမိပါဘူး။
“တတိယထပ်ကို တက်ဖို့က မဟာစိတ်ဝိဉာဉ်ဘုရင်အဆင့် ဖြစ်ရမှာဖြစ်ပြီး အသက် နှစ်ဆယ် မကျော်တဲ့သူလည်း ဖြစ်ရမှာပါ”
အဖိုးအိုက ယန်ချီတစ်ယောက် ပုံမှန်အတိုင်း မေးမြန်တယ်လို့ ထင်လိုက်မိပြီး ပြောလိုက်တယ်။
“လင်ဂိုဏ်း စတည်ထောင်ကတည်းက လင်ဂိုဏ်းက တပည့်ဘယ်သူမှ တတိယထပ်ကို မတက်နိုင်ခဲ့ဘူး”
စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုရဲ့ ပြောစကားကို နားထောင်ပြီးနောက်ယန်ချီထဲ ဒုန်းဒုန်းကျသွားခဲ့တယ်။
“အဲ့ဒါဆိုရင် ကျွန်တော် တတိယထပ်ကို သွားချင်တယ်”
ယန်ချီက အဖိုးအိုကို ပြောလိုက်တယ်။
စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုလည်း ယန်ချီရဲ့ စကားကြောင့် အံ့အားသင့်သွားခဲ့တယ်။
“မင်းက တတိယထပ်ကို သွားချင်တာလား”
ချက်ချင်းပင် စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုက ယန်ချီရဲ့ အကြောင်းကို မှန်းဆလိုက်မိပြီး ယန်ချီကို မေးလိုက်တယ်။
“ငါ မှန်းဆတာ မမှားဘူးဆိုရင် မင်းက လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီး မှတ်လား”
“ဟုတ်ပါတယ် စီနီယာ”
စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုက သူ့ရဲ့ မုတ်ဆိတ်ဖြူကို သပ်လိုက်တယ်။
“အဲ့ဒါဆိုရင် မင်းရဲ့ ကျင့်စဉ်အဆင့် ကို စစ်ဆေးကြည့်မယ်”
ဒုတိယထပ်ကို စောင့်ကြပ်နေတဲ့ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုက ဒုတိယထပ်ကနေ မထွက်ခဲ့ပေမယ့် လင်ဂိုဏ်းမှာ အဓိက တပည့်ကြီး ရှိတယ်ဆိုတာ သိပါတယ်။ အဲ့ဒီတပည့်ကြီးက စိတ်ဝိဉာဉ်ကုန်းမြေမှာ တကယ် ပါရမီရှင်တွေကြားထဲက ပါရမီရှင်တစ်ယောက်လေ။
ဒီလို လူမျိုးဆိုတာ အရင်တုန်းကလည်း မရှိသလို နောင်လဲ ရှိလာမှာ မဟုတ်ပါဘူး။
ယန်ချီလည်း သူ့ရဲ့ လက်ကို ကျင့်စဉ်အဆင့် စမ်းသပ်တဲ့ ကျောက်တုံးပေါ် တင်လိုက်တယ်။
“နာမည် ယန်ချီ”
“အသက် ဆယ့်ခြောက်နှစ်”
“ကျင့်စဉ်အဆင့် အဆင့် ၄၈ မဟာစိတ်ဝိဉာဉ်ဘုရင် အဆင့် ”
ကျင့်စဉ်အဆင့် စမ်းသပ်တဲ့ ကျောက်တုံးပေါ်က အချက်အလက်တွေကို ကြည့်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုတစ်ယောက် အရင်က လုံးဝ မဖြစ်နိုင်တဲ့ အရာတစ်ခုကို မြင်လိုက်ရသလို မျက်လုံးအစုံပြူးကျယ်ပြီး မှင်သက်သွားခဲ့တယ်။
“အသက် ဆယ့်ခြောက်နှစ်နဲ့ မဟာ စိတ်ဝိဉာဉ်ဘုရင် အဆင့်လား”
“ဒီလို ပါရမီမျိုးနဲ့ဆိုရင်. . .”
စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုအနေနဲ့ ဒီလို လူမျိုးအကြောင်းက အရင်မြင်ဖူးဖို့မပြောနဲ့ ကြားတောင် မကြားဖူးပါဘူး။
“ကြည့်ရတာတော့ လင်ဂိုဏ်းအတွက် အဓိက တပည့်ကြီး ပီသပေတယ်”
အချိန်အတော်ကြာပြီးနောက်မှာ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုက သတိ ပြန်ဝင်လာခဲ့တယ်။
ယန်ချီလည်း စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုက ကောင်းမွန်စွာ နှုတ်ဆက်ပြီး စိတ်ဝိဉာဉ်မျှော်စင်ရဲ့ တတိယထပ်ကို တက်လာခဲ့တယ်။
တတိယထပ်မှာတော့. . .. အောက်သိုးသိုး မှိုနံ့တွေ ကြိုင်လှိုင်နေခဲ့တယ်။
ယန်ချီက တတိယထပ်ကို ရောက်တော့ အဝင်ဝမှာ အဖိုးအိုတစ်ဦးကို တွေ့လိုက်ရပြန်တယ်။
အဲ့ဒီအဖိုးအိုကို ကြည့်ရတာ အသက် ရှစ်ဆယ်လောက် ရှိပြီး အလွန် ပိန်ပါးကာ အဖြူရောင်မုတ်ဆိတ်တွေ ဆံပင်တွေနဲ့ ဖြစ်နေပါတယ်။
ယန်ချီက ဒီအဖိုးအိုက တကယ်ကို တကိုယ်ရေသန့်ရှင်းလုပ်ဖို့ ပျင်းတဲ့အဖိုးကြီးလို့ တွေးလိုက်မိတယ်။
ဒါပေမယ့်လည်း သူက အဖိုးအိုရဲ့ ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ ကြယ်ရှစ်ပွင့် ရွှေရောင်တံဆိပ်ပြားကို မြင်လိုက်တော့ အနည်းငယ် အံ့သြမှင်သက်မိသွားတယ်။
ဘာကြောင့်လဲဆိုတော့ ကြယ်ရှစ်ပွင့် ရွှေရောင်တံဆိပ်ပြားဆိုတာ မဟာစိတ်ဝိဉာဉ်သူတော်စင် အဆင့်ကို ကိုယ်စားပြုတယ်လေ။
ယန်ချီလည်း အဲ့ဒီတံဆိပ်ပြားကြောင့် တိတ်တဆိတ် ထိတ်လန့်သွားမိတယ်။
တကယ်ကိုလည်း စိတ်ဝိဉာဉ်မျှော်စင်ရဲ့ တတိယထပ် အစောင့် ဖြစ်သူက တကယ်ကို မဟာစိတ်ဝိဉာဉ်သူတော်စင်အဆင့်လို့ ယန်ချီက မမျှော်လင့်မိဘူးလေ။
ကောင်းကင်ကြယ်အင်ပါယာ တစ်ခုလုံးမှာ သိထားကြတာက လင်ဂိုဏ်းရဲ့ ခေါင်းဆောင်က မဟာစိတ်ဝိဉာဉ်သူတော်စင်အဆင့် ဖြစ်ပြီး တောင်ထိပ်သခင် ခြောက်ဦးက စိတ်ဝိဉာဉ် သူတော်စင် အဆင့်ပါ။
ဒါပေမယ့်လည်း သူတို့အားလုံးက စိတ်ဝိဉာဉ်မျှော်စင် တတိယထပ်မှာ မဟာစိတ်ဝိဉာဉ်သူတော်စင်တစ်ဦးရှိမှန်း မသိပါဘူး။
မဟာစိတ်ဝိဉာဉ်သူတော်စင်က သူ့ကို သတိမပြုနေတာကို မြင်တော့ ယန်ချီလည်း တတိယထပ်မှာ စိတ်ဝိဉာဉ်နည်းစနစ်တွေကို စတင်ရှာဖွေလိုက်တယ်။
တတိယထပ်က တကယ်ကို မှောင်မဲနေခဲ့တယ်။
ယန်ချီက ညကို နေ့ကဲ့သို့ မြင်နိုင်စွမ်းကြောင့် မဟုတ်ခဲ့ရင် သူ့အနေနဲ့ စိတ်ဝိဉာဉ်နည်းစနစ်တွေရဲ့ နာမည်ကိုတောင် ဖတ်နိုင်မှာ မဟုတ်ပါဘူး။
“ဆန်းကြယ်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်နည်းစနစ် ရေတိမ်တိုက် လက်ဝါး”
“မြေကမ္ဘာအဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်နည်းစနစ် လရောင် ရှာဖွေခြင်း လက်သီး”
“မြေကမ္ဘာအဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်နည်းစနစ် တိမ်တိုက်ခြေထောင်သိုင်း”
တတိယထပ်က သိပ်မကျယ်ပေမယ့်လည်း အလွန်တရာကို တန်ဖိုးကြီးတဲ့ စိတ်ဝိဉာဉ်နည်းစနစ်တွေ အများကြီး ရှိပါတယ်။
ယန်ချီအနေနဲ့ အခုအချိန်လိုအပ်တာက အမြန်နှုန်း နည်းစနစ်နဲ့ ခုခံခြင်း နည်းစနစ်နှစ်ခုအတွက်ပါ။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 422 - ကြည့်ရုံနဲ့ နားလည်စွမ်းရှိတယ်
အဲ့ဒီနောက်တော့ ယန်ချီက တတိယထပ်မှာ အမြန်နှုန်းနဲ့ ခုခံခြင်းနည်းစနစ်တွေကို စတင် ရှာဖွေလိုက်တယ်။
သိပ်မကြာခင်မှာပဲ သူက လျှပ်စီးခြေလှမ်းလို့ခေါ်တဲ့ စိတ်ဝိဉာဉ်နည်းစနစ် တစ်ခုကို တွေ့လိုက်တယ်။
“လျှပ်စီးခြေလှမ်း ကောင်းကင်အဆင့် အဆင့်နိမ့် ကျင့်စဉ်နည်းစနစ် ။ ဒီနည်းစနစ်ကို ကျွမ်းကျင်အောင် လေ့ကျင့်နိုင်မယ်ဆိုရင် လျှပ်စီးလို မြန်ဆန်လာမှာဖြစ်ပြီး လျှပ်စီးရဲ့ အစွမ်းကို ထုတ်ပြနိုင်မှာပါ”
ယန်ချီက စိတ်ဝိဉာဉ်နည်းစနစ်ရဲ့ အညွှန်းကို ဖတ်ပြီးနောက် ဒီလျှပ်စီးခြေလှမ်းနည်းစနစ်က အတော်ကို ကောင်းမွန်တဲ့ နည်းစနစ်လို့ ထင်မိလိုက်တယ်။
သူမှာ သာလွန်ကောင်းကင်ဓါးစွမ်းရည်ရှိတာကြောင့် ဒီနည်းစနစ်ကို တခါတည်း နားလည်ကျွမ်းကျင်နိုင်စွမ်း ရှိပါတယ်။
ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ မဟာစိတ်ဝိဉာဉ်သူတော်စင် အဆင့်က သူ့ကို စကားလှမ်းပြောလိုက်တယ်။
“ဂျူနီယာ မင်းက ကောင်းကင်အဆင့် စိတ်ဝိဉာဉ်နည်းစနစ်ကို ရွေးချယ်လိုက်တာလား။ မင်း အောင်မြင်နိုင်လေ့ကျင့်နိုင်လို့လား”
မဟာစိတ်ဝိဉာဉ်သူတော်စင်အဆင့်က ယန်ချီကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာတော့ ကောင်းကင်အဆင့် အဆင့် နိမ့် စိတ်ဝိဉာဉ်နည်းစနစ် တစ်ခုကို လေ့ကျင့်နေမယ်ဆိုရင် ကျင့်စဉ်အဆင့်ကို လေ့ကျင့်မှုအပေါ် အချိန် နည်းသွားနိုင်တယ်လို့ မြင်နေခဲ့တယ်။
“စီနီယာက ကျွန်တော်က အချိန်ပေးပြီး လေ့ကျင့်ဖို့ မလိုဘူး”
ယန်ချီကို အဖိုးအိုကို ပြောလိုက်တယ်။
“လေ့ကျင့်ဖို့ မလိုဘူးလား”
မဟာစိတ်ဝိဉာဉ်သူတော်စင်အဆင့် အဖိုးအိုက ယန်ချီရဲ့ ဆိုလိုရင်းကို နားမလည်တာကြောင့် အံ့အားသင့်နေခဲ့တယ်။
“မင်းက မလေ့ကျင့်ဘူးဆိုရင် စိတ်ဝိဉာဉ်နည်းစနစ်မျှော်စင်မှာ ရှိတဲ့ စိတ်ဝိဉာဉ်နည်းစနစ်တွေကို ဘာကြောင့် ရွေးလိုက်တာလဲ”
မဟာ စိတ်ဝိဉာဉ်သူတော်စင်အဆင့် အဖိုးအိုက ယန်ချီကို အံ့အားသင့်စွာနဲ့ ကြည့်ပြီး မေးလိုက်တယ်။
“ဘာကြောင့်လဲဆိုတော့ ကျွန်တော်က လျှပ်စီးခြေလှမ်း နည်းစနစ်ကို တခါကြည့်လိုက်ရုံနဲ့ နားလည်နိုင်လို့ပေါ့”
“ဘာ. . ”
မဟာ စိတ်ဝိဉာဉ်သူတော်စင် အဆင့် အဖိုးအိုက ယန်ချီရဲ့ စကားကြောင့် အံ့အားသင့်သွားရပြန်တယ်။
သူ့လို ဂုဏ်သရေရှိ အဆင့် ၈၂ မဟာ စိတ်ဝိဉာဉ်သူတော်စင် အဆင့် တစ်ယောက်က ဒီလို ပြိုင်ဖက်ကင်းပါရမီရှင်မျိုးကို တခါမှ မမြင်ဖူးပါဘူး။ တကယ်ကို မောက်မာတဲ့ မျိုးဆက်သစ် တစ်ယောက်လို့ ခံစားမိနေခဲ့တယ်။
ဒါပေမယ့်လည်း ယန်ချီလို မောက်မာတဲ့ လူကိုလည်း သူ့အနေနဲ့ တခါမှ မမြင်ဖူးပါဘူး။
“ကောင်းကင်အဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်စွမ်းရည်က ကြည့်လိုက်ရုံနဲ့ နားလည်စေနိုင်ပါ့မလား”
“အဲ့ဒါက ဖြစ်နိုင်ပါ့မလား”
လုံးဝ မဖြစ်နိုင်တာတော့ သေချာပါတယ်။
မဟာ စိတ်ဝိဉာဉ်သူတော်စင် အဖိုးအိုရဲ့ အမြင်မှာတော့ ယန်ချီက ကောင်းကင်နဲ့မြေကြီးရဲ့ အတိုင်းအတာကို မသိတဲ့ လူငယ်တစ်ယောက်လို့ မြင်နေခဲ့ပြီး သူ့အရှေ့မှာ အလွန်မောက်မာနေတဲ့ အကြောင်းပြချက်ကလည်း သူ့ကို မဟာ စိတ်ဝိဉာဉ်သူတော်စင်တစ်ယောက်လို့ မသိတာလည်း ဖြစ်နိုင်ပါတယ်။
သူသာ မဟာ စိတ်ဝိဉာဉ်သူတော်စင်အဆင့်မှာဆိုတာ ဒီလူငယ် သိသွားခဲ့မယ်ဆိုရင် ဒီအချိန်မှာ ဒီလူငယ်က သူ့ကို ရိုသေလေးစားစွာ ကြည့်နေမှာ သေချာပါတယ်။
ဒါပေမယ့်လည်း မဟာ စိတ်ဝိဉာဉ်သူတော်စင်အဆင့် အဖိုးအိုက ယန်ချီတစ်ယောက် ဘယ်လောက်ထိ ဝင့်ကြွားနေမလဲဆိုတာ မြင်ချင်တာကြောင့် မနှောက်ယှက်နေတော့ပဲ အလိုက်သင့်လေး မြောလိုက်နေခဲ့တယ်။
“ဂျူနီယာ မင်းက အဲ့ဒီ စိတ်ဝိဉာဉ်နည်းစနစ်ကို ကြည့်ရုံနဲ့ နားလည် ကျွမ်းကျင်တယ်ဆိုတော့ မင်း အဲ့ဒီ နည်းစနစ်ကို နားလည်အောင် လုပ်ပြီး ငါ့ကို ထုတ်ပြလေ”
“ဟုတ်ကဲ့ပါ စီနီယာ”
ယန်ချီက ခေါင်းညိတ်လိုက်ပြီးနောက် စကားဆက်ပြော မနေတော့ပဲ စိတ်ဝိဉာဉ်နည်းစနစ်ကို နားလည်အောင် ကြည့်လိုက်တယ်။
“ဒင် ကောင်းကင်အဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်နည်းစနစ် လျှပ်စီးခြေလှမ်းကို နားလည်ချင်ပါသလား”
စနစ်ရဲ့ အသံက ယန်ချီရဲ့ စိတ်ထဲ ပေါ်လာခဲ့တယ်။
“နားလည်ချင်တယ်”
ယန်ချီက စဉ်းစားမနေတော့ပဲ စနစ်ကို ပြောလိုက်တယ်။
“အောင်မြင်စွာ နားလည်ခဲ့ပါပြီ”
စနစ်ရဲ့ အသံ ဆုံးသွားပြီးနောက် ယန်ချီတစ်ယောက် ကောင်းကင်အဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်နည်းစနစ် လျှပ်စီးခြေလှမ်းကို တကယ် နားလည်သွားခဲ့တယ်။
“စီနီယာ ကျွန်တော် စိတ်ဝိဉာဉ်နည်းစနစ်ကို တကယ် နားလည်ပါပြီ”
“အိုး .. .”
မဟာ စိတ်ဝိဉာဉ်သူတော်စင်ရဲ့ မျက်နှာပေါ်မှာ မယုံကြည်နိုင်တဲ့အမူအယာတွေ ပေါ်နေခဲ့တယ်။
“မင်း နားလည်တယ်ဆိုရင် ငါ့ကို ထုတ်ပြကြည့်လေ”
“ဒါက ဘယ်လိုလုပ်ပြီ းဖြစ်နိုင်ပါ့မလဲ”
မဟာ စိတ်ဝိဉာဉ်သူတော်စင်အဆင့် အဖိုးအိုတစ်ယောက် မှင်သက်နေခဲ့တယ်။ သူက သူ့ရဲ့ အဆင့်အတန်းနဲ့ မလိုက်ဖက်စွာ မျက်လုံးကို လျင်မြန်စွာ ပွတ်သပ်မိလိုက်တယ်။
ဒါပေမယ့်လည်း သူ့အနေနဲ့ မျက်လုံးကို ဘယ်လောက်ပင် ပွတ်သပ်စေကာမှု ရလဒ်ကတော့ အတူတူပါပဲ။
“တကယ်ကို နားလည်သွားတာလား”
မဟာစိတ်ဝိဉာဉ်သူတော်စင် အဖိုးအိုရဲ့ မျက်လုံးအစုံက မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဝိုင်းစက်နေခဲ့တယ်။
အဲ့ဒီနောက်တော့ ယန်ချီက သူ့ရဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။
သူ့ရဲ့မျက်နှာထက်တော့ အံ့အားသင့်နေတဲ့ အမူအယာ ပေါ်နေခဲ့ပြီးကောင်းကင်အဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်နည်းစနစ် လျှပ်စီးခြေလှမ်းက တကယ်ကို အံ့သြဖို့ ကောင်းတယ်လို့ တွေးနေခဲ့တယ်။
ဒီနည်းစနစ်က လျှပ်စီးတန်းအလားပဲ လုံးဝကို ကြောက်လန့်ဖွယ်ကောင်းတယ်။
ပြီးတော့ လျှပ်စီးလို့ တိုက်ခိုက်နိုင်တာဆိုတော့ တကယ်ကို အစွမ်းထက်တဲ့ နည်းစနစ်ပဲ။
အဲ့ဒီအချိန်မှာတော့ မဟာ စိတ်ဝိဉာဉ်သူတော်စင် အဖိုးအိုရဲ့ မျက်နှာထက်မှာတော့ အံ့အားသင့်မှုတွေ ရှိနေခဲ့တယ်။
အခုဆိုရင်တော့ ယန်ချီက အမြန်နှုန်းနည်းစနစ်ကို ရရှိခဲ့တာကြောင့် ယန်ချီက ခုခံခြင်းနည်းစနစ်ကို ဆက်လက် ရှာဖွေလိုက်တယ်။
မိနစ် အနည်းငယ် အကြာမှာတော့ ခုခံခြင်း စိတ်ဝိဉာဉ်နည်းစနစ် တစ်ခုက သူ့မျက်လုံးထဲ ဝင်လာခဲ့တယ်။
ကောင်းကင်အဆင့် အဆင့်နိမ့် ခုခံခြင်း စိတ်ဝိဉာဉ်နည်းစနစ် ဆင်နဂါးရတနာခန္ဓာကိုယ်။
ဒီ ဆင်နဂါး ရတနာခန္ဓာကိုယ်ဆိုတဲ့ နာမည်ကိုက တကယ်ကို လွှမ်းမိုးနိုင်လွန်းပါတယ်။ ကုန်းပေါ်မှာ အင်အားအကြီးဆုံးဖြစ်တဲ့ ဆင်သတ္တဝါနဲ့ ဒဏ္ဍာရီမှာ အစွမ်းအထက်ဆုံး နဂါးဆိုတဲ့ နာမည် နှစ်ခုကို ပေါင်းစည်းထားတယ်လေ။
🐼🐼🐼🐼🐼🐼🐼
Chapter 423 - ယန်ရှင်ရွှယ်ဆီ သွားလည်ခြင်း
ယန်ချီက ကောင်းကင်အဆင့် အဆင့်နိမ်စိတ်ဝိဉာဉ်နည်းစနစ် တစ်ခုဖြစ်တဲ့ ဆင်နဂါးရတနာခန္ဓာကိုယ် နည်းစနစ်ကို ရွေးလိုက်တာကို မဟာ စိတ်ဝိဉာဉ်သူတော်စင်အဆင့် အဖိုးအိုက မြင်လိုက်တယ်။
တကယ်တော့ လူတစ်ဦးအနေနဲ့ စိတ်ဝိဉာဉ်နည်းစနစ် တစ်ခုသာ ရွေးချယ်နိုင်ပါတယ်။
ဒါပေမယ့်လည်း ယန်ချီ ပြသခဲ့တဲ့ နားလည်နိုင်စွမ်းက အစွမ်းထက်လွန်းတာကြောင့် မဟာစိတ်ဝိဉာဉ်သူတော်စင်က ယန်ချီတစ်ယောက် ကောင်းကင်အဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်နည်းစနစ် ဆင်နဂါးရတနာခန္ဓာကိုယ်ကို တခါတည်းနားလည်နိုင်မလားဆိုတာ သိချင်နေခဲ့တယ်။
“ဆင်နဂါး ရတနာခန္ဓာကိုယ် ကောင်းကင်အဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်နည်းစနစ် ။ ဆင်နဂါးရတနာ ခန္ဓာကိုယ် နည်းစနစ်ကို သုံးလိုက်မယ်ဆိုရင် ခန္ဓာကိုယ်က ခိုင်ခန့်တဲ့ အတားအဆီးတစ်ခုပမာဖြစ်သွားစေတဲ့ခုခံခြင်းနည်းစနစ် တစ်ခုဖြစ်ပါတယ်”
“ညီငယ်လေး မင်းက ဆင်နဂါးရတနာ ခန္ဓာကိုယ်ကို တခါတည်း နားလည်နိုင်လား”
မဟာ စိတ်ဝိဉာဉ်သူတော်စင်အဆင့် အဖိုးအိုအနေန့ အရင်တုန်းက ယန်ချီကို ဂျူနီယာလေးလို့ ခေါ်ရာကနေ အခု ညီငယ်လေးလို့ ပြောင်းခေါ်ပြီး မေးလိုက်တယ်။
“နားလည်နိုင်တယ်”
ယန်ချီက ခေါင်းညိတ်လိုက်တယ်။
“ဒင် ကောင်းကင်အဆင့် အဆင့်နိမ် စိတ်ဝိဉာဉ်နည်းစနစ် ဆင်နဂါး ရတနာ ခန္ဓာကိုယ်ကို နားလည်ချင်လား”
“နားလည်ချင်တယ်”
“နားလည်မှု အောင်မြင်ပါတယ်”
စနစ်ရဲ့ အသံက ယန်ချီရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့တယ်။
“စီနီယာ ကျွန်တော် ကောင်းကောင်း နားလည်သွားပြီ”
ယန်ချီက အဖိုးအိုကို ပြောလိုက်တယ်။
ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ မဟာ စိတ်ဝိဉာဉ်သူတော်စင်အဆင့် အဖိုးအိုက ဒီမှာ အကြာကြီးနေခဲ့ရတာဆိုတော့ လင်ဂိုဏ်းမှာ သူက အဓိက တပည့်ကြီး ဖြစ်တယ်ဆိုတဲ့အကြောင်းကို သိပုံမရသေးပါဘူးလို့ တွေးနေခဲ့တယ်။
“လုံးဝကို နားလည်သွားပြီလား”
ယန်ချီရဲ့ စကားတွေကို ကြားပြီးနောက် မဟာ စိတ်ဝိဉာဉ်သူတော်စင်အဆင့် အဖိုးအိုက တုန်လှုပ်သွားခဲ့ပြီး ယန်ချီကို အံ့အားသင့်စွာနဲ့ ကြည့်နေခဲ့တယ်။
ယန်ချီကတော့ သူသာ ဒီနည်းစနစ်ကို ထုတ်မပြခဲ့ဘူးဆိုရင် မဟာစိတ်ဝိဉာဉ်သူတော်စင်က ယုံကြ ည်မှာ မဟုတ်ဘူးဆိုတာ သိပါတယ်။
ချက်ချင်းပင် သူက ကောင်းကင်အဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်နည်းစနစ် ဆင်နဂါး ရတနာခန္ဓာကိုယ်ကို အသုံးပြုလိုက်တယ်။
ရုတ်တရက် သူ့ခန္ဓာကိုယ်ပေါ်မှာ ဆင်နဂါးစွမ်းအားကနေ ဖွဲ့စည်းထားတဲ့ ရွှေရောင် အတားအဆီးတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။
ဒီမြင်ကွင်းကြောင့် မဟာစိတ်ဝိဉာဉ်သူတော်စင်က သူ့တသက်တာမှာ ထိတ်လန့်ဖို့ အကောင်းဆုံး မြင်ကွင်းပဲဆိုတာ ကျိန်ဆိုရဲပါတယ်။
“ဘယ်လိုဖြစ်ပြီး ဒီလို လုပ်နိုင်ရတာလဲ”
သူ့အနေနဲ့ ဒီအကြောင်းကို ဆယ်ရက် ဆယ်ည စဉ်းစားတွေးတောမယ်ဆိုရင်တော့ နားလည်နိုင်မှာမဟုတ်ပါဘူး။
ဒီလူငယ်က လျှပ်စီးခြေလှမ်းနဲ့ ဆင်နဂါးရတနာခန္ဓာကိုယ် ကို နားလည်သွာတာလား။ ပြီးတော့ အောင်မြင်မှုအဆင့်ကလည်း ကြီးမားတယ်။
“မဟုတ်သေးဘူး”
သူက လျှပ်စီးခြေလှမ်းနဲ့ ဆင်နဂါးရတနာခန္ဓာကိုယ်ကို ပြီးပြည့်စုံတဲ့အထိ လေ့ကျင့်အောင်မြင်ခဲ့တယ်ဆိုရင် ဒီနေရာကို လာဖို့တောင် မလိုဘူး။
သူက ဒီစိတ်ဝိဉာဉ်ကျင့်စဉ်တွေကို ကြည့်ရုံနဲ့ တကယ်ကို နားလည်သွားတာလား။
ဒီလို အကြောင်းအရာတွေက မဟာစိတ်ဝိဉာဉ်သူတော်စင် အနေနဲ့ တခါမှ မကြားဖူးတဲ့ ကိစ္စပါ။
“ညီငယ်လေး မင်းက လင်ဂိုဏ်းရဲ့ .. . ”
“အဓိက တပည့်ကြီးပါ”
မဟာ စိတ်ဝိဉာဉ်သူတော်စင်အဆင့် အဖိုးအိုက ယန်ချီရဲ့ စကားကြောင့် အံ့အားသင့်သွားခဲ့ပြီး ရေရွတ်မိလိုက်တယ်။
“လင်ဂိုဏ်းမှာ အဓိက တပည့်ကြီး ရှိသွားပြီလား”
“ဟုတ်ပါတယ်”
ယန်ချီလည်း ခေါင်းညိတ်တုန့်ပြန်လိုက်တယ်။
မဟာစိတ်ဝိဉာဉ်သူတော်စင်က ချက်ချင်း စိတ်သက်သာရာ ရသွားပြီး ယန်ချီက အစွမ်းထက် စွမ်းရည်တစ်ခုခုကို ပိုင်ဆိုင်ထားတယ်လို့ တွေးလိုက်မိတယ်။ စိတ်ဝိဉာဉ်ကုန်းမြေတစ်ခုလုံးမှာ ရှာကြည့်မယ်ဆိုရင် သူနဲ့ ယှဉ်နိုင်မယ့် ပါရမီရှင် မရှိမှာကို စိုးရိမ်မိတယ်။
ဒီလို လူမျိုးက လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီး လို နေရာမပြောနဲ့ စိတ်ဝိဉာဉ်ကုန်းမြေမှာ ရှိတဲ့ မည်သည့်အင်အားစုရဲ့အဓိက တပည့်ကြီး ဖြစ်ဖို့ လုံလောက်တယ်။
“စီနီယာ ကျွန်တော် စိတ်ဝိဉာဉ်နည်းစနစ်တွေ ရွေးပြီးပြီဆိုတော့ ပြန်တော့မယ်”
ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ မဟာ စိတ်ဝိဉာဉ်သူတော်စင် အဆင့်ကို ပြောလိုက်တယ်။
“ညီငယ်လေး မင်းရဲ့ နာမည်က ကောင်းကင်ကြယ်အင်ပါယာ တစ်ခုလုံးမှာ ကျော်ကြားဖို့ အချိန်သိပ်မလိုဘူးလို့ ငါ ယုံကြည်တယ်။ သွားတော့”
မဟာ စိတ်ဝိဉာဉ်သူတော်စင်အဆင့် အဖိုးအိုက ယန်ချီကို ပြောလိုက်တယ်။
အဲ့ဒီနောက်တော့ ယန်ချီက စိတ်ဝိဉာဉ်မျှော်စင်ကနေ ထွက်လာခဲ့တယ်။
အခုဆိုရင် သူလိုချင်တဲ့ စိတ်ဝိဉာဉ်နည်းစနစ်တွေလည်း ရရှိခဲ့တာကြောင့် ယန်ချီတစ်ယောက် အနည်းငယ် ပျော်ရွှင်နေခဲ့တယ်။
ဒီအကြော်ငးတွေကို တွေးနေမိပြီး ယန်ချီက တျန်းရှင် တောင်ထိပ်မှာ ရှိတဲ့ ယန်ရှင်ရွှယ်နဲ့ တွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။ သူမနဲ့မတွေ့့ရတာ အချိန် အတော်ကြာပြီလေ။
သိပ်မကြာခင်မှာပဲ သူက တျန်းရှင်တောင်ထိပ်ကို ရောက်သွားခဲ့တယ်။
အဓိက တောင်ထိပ်မှာ သူနဲ့ ချင်ရုရွယ်တို့ တိုက်ခိုက်ခဲ့တာကို တောင်ထိပ်ခြောက်ခုက တပည့်တွေအားလုံး ကြည့်ဖို့ လာခဲ့ကြတယ်။
ဒီအတွက် တျန်းရှင်တောင်ထိပ်က တပည့်တွေက ယန်ချီကို သိကြတာ မဆန်းပါဘူး။
ယန်ချီတစ်ယောက် တျန်းရှင်တောင်ထိပ် ရင်ပြင်မှာ ပေါ်လာတဲ့အခါ တျန်းရှင်တောင်ထိပ်က တပည့်တွေအားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့တယ်။
“စီနီယာ အစ်ကိုကြီး က ငါတို့ တျန်းရှင်တောင်ထိပ်ကို တကယ် လာတယ်ဟေ့”
“စီနီယာ အစ်ကိုကြီးကို ကြည့်ရတာ ချောလိုက်တာဟယ်။ သူက င့ါနှလုံးသားကို ခိုးယူသွားပြီ”
“နင့်ကိုနင် ပြန်ကြည့်ဦး စီနီယာ အစ်ကိုကြီးက နင့်နှလုံးသားကို ခိုးယူပါ့မလား။ သူက င့ါနှလုံးသားကို ခိုးယူတာ”
ရင်ပြင်ထက်မှာတော့ အမျိုးသမီး တပည့်တွေရဲ့ မျက်နှာထက်မှာ ချစ်ရည်ရွှန်းလက်တဲ့ အမူအယာတွေနဲ့ ယန်ချီကို ကြည့်နေခဲ့ကြတယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 424 - ယန်ရှင်ရွှယ်ရဲ့ ဖိတ်ခေါ်မှု
တျန်းရှင်တောင်ထိပ်က တပည့်တွေကတော့ ယန်ချီတစ်ယောက် သူတို့ရဲ့ တျန်းရှင်တောင်ထိပ်ကို လာလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။
အခုလို အလည်လာတဲ့အတွက် သူတို့ရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေ ထင်ဟပ်နေခဲ့တယ်။
တချိန်ထဲမှာပဲ သူတို့တွေက ယန်ချီတစ်ယောက် တျန်းရှင်တောင်ထိပ်ကို ဘာကြောင့် လာရလဲဆိုတာကို မှန်းဆနေခဲ့ကြတယ်။
ယန်ချီက ရင်ပြင် တနေရာဆီကို ဦးတည်လျှောက်သွားခဲ့တယ်။
တပည့်အားလုံးရဲ့ အကြည့်တွေက ယန်ချီ ဦးတည်သွားတဲ့ နေရာဆီကို ကြည့်လိုက်ကြတယ်။
အဲ့ဒီအခါ ယန်ချီဦးတည်လျှောက်သွားတဲ့နေရာမှာ အမျိုးသမီးတပည့်တစ်ယောက် ရှိပြီး သူမကတော့ ယန်ရှင်ရွှယ်ဖြစ်နေတယ်ဆိုတာ မြင်လိုက်ရတယ်။
ဖြစ်နိုင်တာက.. . ရင်ပြင်မှာ ရှိတဲ့ တပည့်တွေအားလုံးက အံ့အားသင့်ဖွယ်ကောင်းတဲ့ ဖြစ်နိုင်တာ တစ်ခုကို တွေးမိလိုက်ကြတယ်။ အဲ့ဒါကတော့ ယန်ချီက ယန်ရှင်ရွယ်ကို တွေ့ဖို့လာတယ်ဆိုတဲ့ အချက်ပါ။
ယန်ချီက ယန်ရှင်ရွှယ်ရဲ့ ဘေးကို လျှောက်သွားခဲ့တယ်။
“ရှင်ရွယ် အခြေအနေဘယ်လိုလဲ”
ယန်ရှင်ရွှယ်က ယန်ချီရဲ့ စကားကို ကြားလိုက်ရတဲ့အခါ သူမရဲ့ ဖြူလွှလွှ မျက်နှာပေါ်က အမူအယာတွေ တုန့်ဆိုင်းသွားခဲ့တယ်။ ယန်ချီက သူမနဲ့ တွေ့ဖို့အတွက် တျန်းရှင်တောင်ထပ်ကို လာလိမ့်မယ်လို့ သူမလည်း မထင်မိခဲ့ပါဘူး။
“ငါ အဆင်ပြေပါတယ်”
ယန်ရှင်ရွှယ်က ယန်ချီကို ပြောလိုက်တယ်။
ယန်ချီက ပေါ့ပါးစွာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်တယ်။ “ငါ နင့်ကို လာတွေ့တာ”
ရင်ပြင်မှာ ရှိနေတဲ့ တပည့်အားလုံးက ယန်ချီရဲ့ စကားကို ကြားတဲ့အခါ တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြတယ်။
သူတို့တွေ မှန်းဆထားတဲ့အတိုင်း စီနီယာ အစ်ကိုကြီးက ယန်ရှင်ရွှယ်ကို တွေ့ဖို့ တကယ်လာတာပဲ။
“ဒါနဲ့စကားမစပ် လတ်တလောမှာ ငါ ကူညီဖြေရှင်းဖို့ လိုအပ်နေတဲ့ ကိစ္စတွေ ရှိသေးလား”
ယန်ချီက ယန်ရှင်ရွှယ်ကို ရုတ်တရက် ပြောလိုက်တယ်။
“စီနီယာ အစ်ကိုကြီး. .. .”
ယန်ရှင်ရွှယ်က ယန်ချီရဲ့ စကားကို ပြန်မဖြေခဲ့ပေမယ့် အသံတစ်သံက အသိုက်ထဲကနေ ထွက်လာတဲ့ငှက်တစ်ကောင်ရဲ့ အသံလို ယန်ချီရဲ့ နားထဲ ချိုသာစွာ ဝင်လာခဲ့တယ်။
ယန်ချီက လှည့်ကြည့်လိုက်တော့ ယီယုကို မြင်လိုက်ရတယ်။
သူက နတ်ဆိုးတောင်တန်း စမ်းသပ်ပွဲမှာတုန်းက ယီယုကို ကယ်တင်ဖူးပါတယ်။
အခုဆိုရင် ယီယုက သူ့ရဲ့ အမာခံပရိတ်သတ် တစ်ယောက်ဖြစ်နေပါပြီ။
ယန်ချီက စကားမပြောနိုင်ပဲ ယီယုကို နားမလည်နိုင်စွာ ကြည့်မိလိုက်တယ်။ ဒီအချိန်မှာ ယီယုက သူ့ကို ဘာလုပ်စေချင်ခိုင်းမှန်း နားမလည်ပါဘူး။
“စီနီယာ အစ်မ ရှင်ရွယ်အနေနဲ့ လက်ရှိမှာ . .. ”
ယီယုက တစ်ခုခုကို ပြောဖို့ ခက်နေသလို စကားကို ပြောနေရင်းနဲ့ ရပ်တန့်လိုက်တယ်။
“ဘာတွေ ဖြစ်နေလို့လဲ”
ယီယုရဲ့ မျက်နှာပေါ်က အမူအယာကို ကြည့်ပြီး ယန်ချီက သူမတို့တွေ မလွယ်ကူတဲ့ ကိစ္စနဲ့ ကြုံနေရပြီးလို့ တွေးမိလိုက်တယ်။
“စီနီယာ အစ်မရှင်ရွှယ်က လက်ရှိမှာ လေ့ကျင့်ဖို့အတွက် ရှီချုံလင်တောင်ကို သွားချင်နေတာ”
ယီယုက ယန်ချီကို ပြောလိုက်တယ်။
“ရှီချုံလင်တောင်လား”
ယန်ချီက ရှီချုံလင်တောင်ဆိုတာကို တခါမှ မရောက်ဖူးပါဘူး။
ဒါပေမယ့်လည်း ရှီချုံလင်တောင်ဆိုတာ နတ်ဆိုးသားရဲတွေ စုဝေးတဲ့ နေရာ တစ်ခုဆိုတာတော့ သိပါတယ်။
တကယ်တော့ ယီယုက သူ့ကို ယန်ရှင်ရွှယ်နဲ့အတူ ရှီချုံလင်တောင်ကို သွားပြီး လေ့ကျင့်ကြဖို့ ပြောချင်တယ်ဆိုတာ သိပါတယ်။
“ရှင်ရွှယ် အဲ့ဒီကိစ္စလား”
ယန်ချီက ယန်ရှင်ရွှယ်ကို ကြည့်ပြီးမေးလိုက်တယ်။
ယန်ရှင်ရွှယ်က ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။
“အင်း ”
“ဒါဆိုရင် သွားမယ်လေ”
ယန်ချီလည်း သဘောတူလိုက်တယ်။
“ဒါဆို ကောင်းပြီလေ”
ယန်ရှင်ရွှယ်တစ်ယောက် ယန်ချီကို ကြည့်ပြီး အနည်းငယ် ရှက်ရွံ့သလို ခံစားမိနေခဲ့တယ်။
“ဒီကိစ္စလေးနဲ့ ဘာကြောင့် ရှက်ရွံ့နေတာလဲ”
ယန်ချီရဲ့ မျက်နှာပေါ်မှာ နားမလည်နိုင်တဲ့ အမူအယာ ပေါ်လာခဲ့တယ်။
“အဲ့ဒါက .. .”
“ကဲပါ သွားကြစို့”
ယန်ရှင်ရွှယ်က စကားဖြတ်ပြောလိုက်တယ်။
ယန်ချီကတော့ မထူးခြားသလို ပြုံးလိုက်ပါတယ်။
“ယန်ချီ ငါတို့တွေ သွားတဲ့အခါ ငါတို့အတူ လူအချို့ လိုက်ချင်လို့”
“ရတယ်လေ ခေါ်ခဲ့ပေါ့”
ယန်ချီက ဒီကိစ္စကို အဲ့ဒီလောက် စိတ်မဝင်စားပါဘူး။
ယန်ချီဆီက အဖြေကို ကြားလိုက်တော့ ယန်ရှင်ရွှယ်နဲ့ လိုက်မယ့် တပည့်တွေအားလုံး သက်ပြင်းကိုယ်စီ ချမိလိုက်တယ်။
ဒီလူတွေထဲမှာ ယီယုလည်း အပါအဝင်ပါပဲ။
ချက်ချင်းပင် သူတို့အဖွဲ့ကြီးက ရှီချုံလင်တောင်ဆီကို ထွက်လာခဲ့တယ်။
ယန်ချီမှအပ ၊ ယန်ရှင်ရွှယ်၊ ယီယုနဲ့ ကျန်တဲ့ တပည့်သုံးယောက်ကလည်း အမျိုးသမီး တပည့်တွေပါ။
အဓိက တောင်ထိပ် ရင်ပြင်မှာ ယန်ချီက ချင်ရုရွယ်ကို အနိုင်ယူပြီးနောက် လင်ဂိုဏ်းက များစွာသော အမျိုးသမီး တပည့်တွေက ယန်ချီရဲ့ အမာခံပရိတ်သတ်တွေဖြစ်လာပါတယ်။
ဒီအမျိုးသမီး တပည့်သုံးယောက်ကလည်း ယန်ချီရဲ့ အမာခံ ပရိတ်သတ်တွေပါ။
သူမတို့ရဲ့ မျက်နှာထက်မှာ ယန်ချီနဲ့အတူ လိုက်ရတော့ ရွှင်လန်းတဲ့အမူအယာတွေ ပြည့်နှက်နေခဲ့တယ်။
“ဒါနဲ့ ရှီချုံလင်တောင်က ဘယ်မှာလဲ”
ယန်ချီက ယန်ရှင်ရွှယ်ကို ကြည့်ပြီးမေးလိုက်တယ်။
“ရှီချုံလင်တောင်မှာ နတ်ဆိုးမိစ္ဆာတွေနဲ့ နတ်ဆိုးသားရဲတွေ စုဝေးနေပြီး အတော်များပြားတယ် ကြားတယ်”
ယန်ရှင်ရွှယ်က ယန်ချီကို ပြောလိုက်တယ်။
🐼🐼🐼🐼🐼🐼🐼
Chapter 425 - ပထမဆုံး တိုက်ခိုက်မှု
“နတ်ဆိုးမိစ္ဆာတွေနဲ့ နတ်ဆိုးသားရဲတွေ အများကြီး ရှိတာလား”
ယန်ချီက အဆင့်နိမ့် နတ်ဆိုးမိစ္ဆာတွေနဲ့ နတ်ဆိုးသားရဲတွေကို ဂရုမစိုက်ပါဘူး။
ဒါပေမယ့်လည်း သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓါးအကြိမ်သန်းထောင်ပေါင်းများစွာ ဆွဲထုတ်ခြင်း ပဉ္စမအဆင့်က မပွင့်သေးပါဘူး။
ဒါကြောင့် နတ်ဆိုးမိစ္ဆာတွေကို သတ်ဖြတ်ပေမယ့်လည်း ဓါးဆွဲထုတ်မှတ် မရနိင်ပါဘူး။
ယန်ချီတစ်ယောက်ဒီအကြောင်းကို တွေးပြီး စိတ်ဓါတ်ကျနေစဉ်မှာပဲ စနစ်ရဲ့အသံက သူ့စိတ်ထဲမှာ ရုတ်တရက် ပေါ်လာခဲ့တယ်။
“ဒင် သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓါးအကြိမ် သန်းထောင်ပေါင်းများစွာ ဆွဲထုတ်ခြင်း ပဉ္စမအဆင့် ဓါးအကြိမ် နှစ်သန်း ဆွဲထုတ်ခြင်း စတင်ပါပြီ”
“အထူးရတနာသေတ္တာရရှိတဲ့အတွက် ပိုင်ရှင်အတွက် ဂုဏ်ပြုပါတယ်”
စနစ်ရဲ့ အသံကို ကြားပြီးနောက် ယန်ချီရဲ့မျက်နှာထက်မှာ ရွှင်လန်းမှုတွေ ပေါ်လာခဲ့တယ်။
သူက အထူးရတနာ သေတ္တာကို ဒီလိုမျိုးရရှိလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။
ယန်ချီလည်း ထပ်မံစဉ်းစားမနေတော့ပဲ ရရှိထားတဲ့ အထူးရတနာ သေတ္တာကို ဖွင့်လိုက်တယ်။
“ဓါးဆွဲထုတ်မှတ် သန်းတစ်ထောင် ရတဲ့အတွက် ပိုင်ရှင်အတွက် ဂုဏ်ယူပါတယ်”
“ဘာ . .”
ယန်ချီတစ်ယောက် စနစ်ရဲ့အသံကြောင့် ထိတ်လန့်သွားခဲ့ပြီး မှင်သက်သွားရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူက ဓါးဆွဲထုတ်မှတ် သန်းတစ်ထောင် ရရှိလိမ့်မယ်လို့ မမျှော်လင့်မိထားဘူးလေ။
ဒီလိုမျိုးဆုလဒ်ကို သူ့အနေနဲ့ ငြင်းပယ်စရာလား။
အဲ့ဒီနောက်တော့ သူက သူ့ရဲ့ အချက်အလက် ဇယားကို ဖွင့်ကြည့်လိုက်တယ်။
ဓါးဆွဲထုတ်မှတ် သန်းတစ်ထောင်က အထူးဓါးဆွဲထုတ်ခြင်း နည်းစနစ်ကို အဆင့်မြင့်တင်လိုက်တယ်။
အခုဆိုရင် အထူးဓါးဆွဲထုတ်ခြင်းနည်းစနစ် အဆ တစ်သိန်း တိုးမြင့်မြန်ဆန်ခြင်းကို ရောက်ရှိနေပါပြီ။
အဆ တစ်သိန်း တိုးမြင့်မြန်ဆန်ခြင်းနဲ့ဆိုရင် သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ်ရဲ့ ပဉ္စမအဆင့် ဓါးအကြိမ် နှစ်သန်း ဆွဲထုတ်ခြင်းကို အောင်မြင်ဖို့က လွယ်ကူသွားပါပြီ။
“ယန်ချီက အရှေ့ ရှီချုံလင်တောင်ပဲ”
ယန်ရှင်ရွှယ်က ယန်ချီကို ပြောလိုက်တယ်။
ယန်ချီက ဒီစကားကို ကြားတဲ့အခါ သူတို့အရှေ့မှာ တောင်ကြီးတစ်လုံးကို မြင်လိုက်ရတယ်။
“ဒါဆိုလည်း သွားမယ်လေ”
ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။
ယန်ရှင်ရွှယ်၊ ယီယုနဲ့ ကျန်တဲ့ အမျိုးသမီး တပည့်သုံးယောက်လည်း ခေါင်းညိတ်လိုက်ကြတယ်။
သူတို့အုပ်စုက ရှီချုံလင်တောင်ဆီကို ဦးတည်ပြီး လျှောက်လာခဲ့ကြတယ်။
သိပ်မကြာခင်မှာပဲ သူတို့တွေက ရှီချုံလင်တောင်ဆီကို ရောက်လာခဲ့တယ်။
“စီနီယာ အစ်ကိုကြီး ဒီတောင်မှာ နတ်ဆိုးမိစ္ဆာတွေနဲ့ နတ်ဆိုးသားရဲတွေ ပြည့်နှက်နေတာ။ အဆင့်နိမ့်တဲ့ အကောင်တွေကို ကျွန်မတို့ သတ်မယ်နော်”
ယီယုက ြေ့ပာလိုက်တယ်။
“ဘယ်လို အဆင့်နိမ်တဲ့ အကောင်တွေလဲ”
ယန်ချီက ယီယုကို သဘောမပေါက်စွာနဲ့ မေးလိုက်တယ်။
သူက သူ့အနေအထားနဲ့ဆိုရင် နတ်ဆိုးမိစ္ဆာတွေဆိုတာက တကယ်ကို အားနည်းတဲ့ ကောင်တွေမြင်ပေမယ့် ဒီနေရာက နတ်ဆိုးသားရဲတွေ စုစည်းတဲ့ နေရာ တစ်ခုလေ။
“အဆင့်တစ်နဲ့ အောက်”
ယီယုက ပြန်ပြောလိုက်တယ်။
ယီယုရဲ့ စကားကို ကြားတဲ့အခါ ယန်ချီတစ်ယောက် စိတ်သက်သာရာ ရသွားခဲ့တယ်။
သူ့အနေနဲ့ ဒီလို နတ်ဆိုးသားရဲတွေ သူ့အရှေ့မှာ ထောင်သောင်းချီ ရှိနေရင်တောင် သူက ပုရွတ်ဆိတ်အလား ထင်မှတ်နေဦးမှာပါ။
“ဝေါင်း”
ရုတ်တရက် အနည်းငယ် ကြောက်လန့်ဖွယ်ကောင်းတဲ့ အသံတစ်သံကို အားလုံးကြားလိုက်ရတယ်။
သူတို့အဖွဲ့ ချက်ချင်းပဲ အသံ ထွက်ပေါ်ရာဆီကို လှည့်ကြည့်လိုက်ကြတယ်။
အဲ့ဒီအခါ ရာချီတဲ့ နတ်ဆိုးသားရဲတွေကို မြင်လိုက်ကြတယ်။
ဒီ နတ်ဆိုးသားရဲတွေက မဟာမိတ်ဖွဲ့ပြီး စုစည်းထားတာကြောင့် အနည်းငယ်တော့ ကြောက်လန့်စရာ ကောင်းနေခဲ့တယ်။
ဒါပေမယ့်လည်း ဒီလို အကောင်လေးတွေကတော့ ယန်ချီကို စိတ်မလှုပ်ရှားစေပါဘူး။
ယန်ရှင်ရွှယ်၊ ယီယုနဲ့ အမျိုးသမီး တပည့်သုံးဦးရဲ့ ဖြူလွှလွှ မျက်နှာထက်မှာတော့ အံ့အားသင့်တဲ့ အမူအယာတွေ ရှိနေခဲ့တယ်။
ရာချီတဲ့ နတ်ဆိုးသားရဲတွေက အလွန်အားနည်းတယ် ဆိုပေမယ့်လည်း သူတို့တွေက ရာချီတဲ့ အရေအတွက်ဆိုတော့ အနည်းငယ် ကြောက်ရွ့ံ့ဖွယ်ကောင်းနေခဲ့တယ်။
“မင်းတို့အားလုံး ဒီနတ်ဆိုးသားရဲတွေကို သတ်ဖို့ ရောက်လာတာဆို ။ ဘာကို စောင့်နေကြတာလဲ”
ယန်ချီက မိန်းကလေးငါးယောက်ကို ဖြေးညှင်းစွာ ပြောလိုက်တယ်။
“အင်း . .အင်း ”
မိန်းကလေး ငါးယောက်က ယန်ချီရဲ့ စကားကို ကြားတဲ့အခါ သတိ ပြန်ဝင်လာခဲ့တယ်။
ချက်ချင်းပင် မိန်းကလေး ငါးယောက်က သူတို့အရှေ့မှာ ရှိတဲ့ ရာချီတဲ့ နတ်ဆိုးသားရဲတွေကို ပြေးဝင် တိုက်ခိုက် ကြပါတော့တယ်။
မိန်းကလေးငါးယောက်က သိုးအုပ်ထဲကို ဝင်သွားတဲ့ ကျားတွေအလား အရူးအမူး တိုက်ခိုက်ခဲ့ကြတယ်။
သိပ်မကြာခင်မှာပဲ စုဝေးနေတဲ့ ရာချီသော နတ်ဆိုးသားရဲတွေအားလုံး သုတ်သင်ရှင်းလင်းခံလိုက်ရတယ်။
ယန်ချီလည်း ဒီမြင်ကွင်းကို ကြည့်ပြီး သူမတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ကောင်းမွန်တယ်လို့ တွေးနေခဲ့မိတယ်။“”
မိန်းကလေးငါးယောက်က ရာချီတဲ့ နတ်ဆိုးသားရဲတွေကို ရှင်းလင်းပြီးနောက် သူမတို့မျက်နှာထက်မှာ ပျော်ရွှင်မှုတွေ ပြည့်နှက်နေခဲ့တယ်။
“စီနီယာ ဘယ်လိုလဲ”
ယီယုက ယန်ချီကို ကြည့်လိုက်ြ့ပီး ဂုဏ်ယူစွာ ပြောလိုက်တယ်။
ယန်ချီလည်း ပေါ့ပါးစွာ ပြံုံးလိုက်ပြီး ပြန်ဖြေလိုက်တယ်။ “အင်း ကောင်းတယ်”
“အဲ့ဒါက ပုံမှန်ပဲလေ။ ဒီလိုမှမဟုတ်ရင် ကျွန်မတို့ကို ကောင်းကင်ကတောင် ဂုဏ်ယူရတဲ့ တပည့်မတွေ ဘယ်ဟုတ်တော့မလဲ”
ဒါပေမယ့်လည်း ယီယုရဲ့ စကား ဆုံးပြီး ပြီးချင်းပဲ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းတဲ့ ဟိန်းဟောက်သံကို အားလုံး ကြားလိုက်ပြန်တယ်။
ဒီဟိန်းဟောက်သံက မိန်းကလေးငါးဦးရဲ့ စိတ်နှလုံးအထိပါ ကြောက်လန့်စေခဲ့တယ်။