နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်း...

By Azure5549

44.9K 4.2K 53

ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဥ်းချုပ်
Ch 1 to 5
Ch 6 to 10
Ch 11 to 15
Ch 16 to 20
Ch 21 to 25
Ch 26 to 30
Ch 31 to 35
Ch 36 to 40
Ch 41 to 45
Ch 46 to 50
Ch 51 to 55
Ch 56 to 60
Ch 61 to 65
Ch 66 to 70
Ch 71 to 75
Ch 76 to 80
Ch 81 to 85
Ch 86 to 90
Ch 91 to 95
Ch 96 to 100
Ch 101 to 105
Ch 106 to 110
Ch 111 to 115
Ch 116 to 120
Ch 121 to 125
Ch 126 to 130
Ch 131 to 135
Ch 136 to 140
Ch 141 to 145
Ch 146 to 150
အပိုင်း ၁၅၁ မှ ၁၅၅
အပိုင်း ၁၅၆ မှ ၁၆၀
အပိုင်း ၁၆၁ မှ ၁၆၅
အပိုင်း ၁၆၆ မှ ၁၇၀
အပိုင်း ၁၇၁ မှ ၁၇၅
Ch 176 to 180
Ch 181 to 185
Ch 186 to 190
Ch 191 to 195
Ch 196 to 200
Ch 201 to 205
Ch 206 to 210
Ch 211 to 215
Ch 216 to 220
Ch 221 to 225
Ch 226 to 230
Ch 231 to 235
Ch 231 to 235
Ch 236 to 240
Ch 241 to 245
Ch 246 to 250
Ch 251 to 255
Ch 256 to 260
Ch 261 to 265
Ch 266 to 270
Ch 271 to 275
Ch 276 to 280
Ch 281 to 285
Ch 286 to 290
Ch 291 to 295
Ch 296 to 300
Ch 301 to 305
Ch 306 to 310
Ch 311 to 315
Ch 316 to 320
Ch 321 to 325
Ch 326 to 330
Ch 331 to 335
Ch 336 to 340
Ch 341 to 345
Ch 346 to 350
Ch 351 to 355
Ch 361 to 365
Ch 366 to 370
Ch 371 to 375
Ch 376 to 380
Ch 381 to 385
Ch 386 to 390
Ch 391 to 395
Ch 396 to 400
Ch 401 to 405
Ch 406 to 410
Ch 411 to 415
Ch 416 to 420
Ch 421 to 425
Ch 426 to 430
Ch 431 to 435
Ch 436 to 440
Ch 441 to 445
Ch 446 to 450
Ch 451 to 455
Ch 456 to 460
Ch 461 to 465
Ch 466 to 470
Ch 471 to 475
Ch 476 to 480
Ch 481 to 485
Ch 486 to 490
Ch 491 to 495
Ch 496 to 500
Ch 501 to 505
Ch 506 to 510
Ch 511 to 515
Ch 516 to 520
Ch 521 to 525
Ch 526 to 530
Ch 531 to 535
Ch 536 to 540
Ch 541 to 545
Ch 546 to 550
Ch 551 to Ch 555
Ch 556 to Ch 560
Ch 561 to Ch 565
Ch 566 to Ch 570
Ch 571 to Ch 575
Ch 576 to Ch 580
Ch 581 to 585
Ch 586 to 590
Ch 591 to 595
Ch 596 to 600
Ch 601 to 605
Ch 606 to 610
Ch 611 to 615
Ch 616 to 620
Ch 621 to 625
Ch 626 to 630
Ch 631 to 635
Ch 636 to 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
စာဖတ်သူများကို အနူးအညွတ်တောင်းပန်ခြင်း
756 - 760
761 - 765
766 - 770
771 - 775
776 - 780
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
781 - 785
786 - 790
791 - 795
တစ်ခုပြောချင်လို့ပါရှင့်
hello
hello

Ch 356 to 360

238 27 0
By Azure5549


Chapter 356 - အဆင့် ၁၉ စိတ်ဝိဉာဉ်ဆရာ အဆင့်

ကျန်ဝူယီနဲ့ တောင်ထိပ်သခင်တွေ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာအနေနဲ့ ရှေးဟောင်း စိတ်ဝိဉာဉ်ဘုရားကျောင်း တံဆိပ်ပြားကို ယန်ချီဆီ ဘာကြောင့် ပေးခဲ့လဲဆိုတာ သိချင်တာကြောင့် ယန်ချီကို ကြည့်လိုက်ကြတယ်။

"ဒီရှေးဟောင်း စိတ်ဝိဉာဉ်ဘုရားကျောင်း တံဆိပ်ပြားကို သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက ကျွန်တော်ကို ပေးခဲ့တာပါ"

ယန်ချီလည်း ဘာမှ ကွယ်ဝှက်ထားစရာ မလိုဘူးလို့ ခံစားရတာကြောင့် အမှန်အတိုင်းပြောလိုက်တယ်။

ကျန်ဝူယီနဲ့ တောင်ထိပ်သခင်အားလုံးက ဒီအကြောင်းကို မှန်းဆထားတယ်ဆိုပေမယ့် ယန်ချီရဲ့ အဖြေကို ကြားတဲ့အခါ သူတို့အားလုံး အံ့အားသင့်သွားကြတယ်။

"ဦးလေး ရှီက တကယ်ပဲ မသေဆုံးသေးဘူးပဲ"

ကျန်ဝူယီလည်း စိတ်လှုပ်ရှားသွားခဲ့ရတယ်။

သူ ဆရာဦးလေးကို နောက်ဆုံး မြင်ခဲ့တာ လွန်ခဲ့တဲ့နှစ် ၃၀ ကပါ။

သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက ယန်ချီကို ပြောခဲ့တဲ့အတိုင်း လင်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က သူ့ကို မြင်တဲ့အခါ ဆရာဦးလေးလို့ ခေါ်ခဲ့မယ်ဆိုတာ ဖြစ်လာခဲ့ပါပြီ။

ယန်ချီလည်း အစောပိုင်းမှာ ဒီကိစ္စကို မယုံကြည်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက စိတ်ဝိဉာဉ်လက်နက် ကိုးခုကို ထုတ်ပြတဲ့အခါမှ သူ ယုံကြည်သွားခဲ့တယ်။

"စီနီယာက ဒီတံဆိပ်ပြားနဲ့အတူ ကျွန်တော်ကို လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီး ဖြစ်နိုင်တယ်လို့ ပြောလိုက်သေးတယ်။ "

ယန်ချီလည်း ဂိုဏ်းခေါင်းဆောင်ကို မရည်ရွယ်ပဲ ပြောလိုက်မိတယ်။

"အင်း ဟုတ်တယ်"

ကျန်ဝူယီလည်း ခေါင်းညိတ်လိုက်တယ်။

"ဆရာဦးလေးက မင်းကို ရှေးဟောင်း စိတ်ဝိဉာဉ်ဘုရားကျောင်း တံဆိပ်ပြားကို ပေးခဲ့တာဆိုတော့ မင်းရဲ့ ပါရမီက ထိတ်လန့်ဖို့ကောင်းတယ်ဆိုတာ သက်သေပြနေပါပြီ။ ငါတို့ကို မင်းရဲ့ စိတ်ဝိဉာဉ်ပြလို့ရမလား"

ကျန်ဝူယီက ယန်ချီကို မေးလိုက်တယ်။

တောင်ထိပ်သခင်အားလုံးလည်း ယန်ချီကို ကြည့်လိုက်မိတယ်။ သူတို့တွေက ယန်ချီရဲ့ ပါရမီဘယ်လောက် အစွမ်းထက်လဲဆိုတာကို သိချင်နေခဲ့ကြတယ်။ သူတို့ရဲ့ ဆရာဦးလေးကတော့ ရှေးဟောင်း စိတ်ဝိဉာဉ်ဘုရားကျောင်း တံဆိပ်ပြားပေးထားတဲ့သူတစ်ယောက်ဆိုတော့။

ဂိုဏ်းခေါင်းဆောင်နဲ့ တောင်ထိပ်သခင်တွေရဲ့ အကြည့်အောက်မှာပဲ ယန်ချီက သူ့ရဲ့စိတ်ဝိဉာဉ်လက်နက်တွေကို ဆင့်ခေါ်လိုက်တယ်။

တိုက်ပွဲမီးတောက်ကျား။

တိမ်လွာနဂါးဓါး။

ယန်ချီရဲ့ ခန္ဓာကိုယ်ကို ဝန်းရံနေတဲ့ စိတ်ဝိဉာဉ်လက်နက်တွေကို မြင်ပြီးနောက် ကျန်ဝူယီနဲ့ တောင်ထိပ်သခင်တွေအားလုံး ခေါင်းကို မိုးကြိုးအပစ်ခံလိုက်ရသလို အံ့သြမှင်သက်နေကြပြီး အချိန်အတော်ကြာတဲ့အထိ စကားမပြောနိုင်ကြပါဘူး။

မြေကမ္ဘာအဆင့် အဆင့်မြင့့် နဲ့ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်တွေပါလား။

ကျန်ဝူယီနဲ့ တောင်ထိပ်သခင်တွေက သူတို့ရဲ့ မျက်လုံးတွေကို တသက်တာမှာ အပြူးကျယ်ဆုံး ဖြစ်သွားခဲ့ကြပြီး သူတို့ရဲ့ပါးစပ်တွေက ပန်ကန်လုံးကြီးတွေကိုတောင် မြိုချနိုင်တဲ့အထိ အဟောင့်သားဖြစ်နေခဲ့တယ်။

သူတို့တွေက တိုက်ပွဲမီးတောက်ကျားကို ယန်ချီရဲ့ နိုးထတဲ့ စိတ်ဝိဉာဉ်လက်နက်မှန်း သိကြတယ်။

ပထမဆုံးနိုးထတဲ့ စိတ်ဝိဉာဉ်လက်နက်က မြေကမ္ဘာအဆင့်လား။ ဒီကိစ္စက ကောင်းကင်ကြယ်အင်ပါယာကမှာ တခါမှ မဖြစ်ပျက်သေးတဲ့ ကိစ္စတစ်ခုပါ။

ဒါ့အပြင် ယန်ချီက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းလိုက်တာလဲ။ ကောင်းကင်ကြယ်အင်ပါယာ တစ်ခုလုံးမှာ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် တစ်ခုမှ မရှိဘူးလေ။

ကျန်ဝူယီနဲ့ တောင်ထိပ်သခင်တွေက ယန်ချီကို အစွမ်းထက်တဲ့ စိတ်ဝိဉာဉ်လက်နက်တွေ ပိုင်ဆိုင်လိမ့်မယ်လို့ မမှန်းဆမိပါဘူး။

ဒါက တကယ်တွေလား။

သူတို့တွေ ဒီကိစ္စကို ဘယ်လိုမှ မယုံကြည်နိုင်ဖြစ်နေခဲ့တယ်။

ယန်ချီက အစွမ်းထက်တဲ့ စိတ်ဝိဉာဉ်လက်နက်တွေ ဆင့်ခေါ်ထားတာကို မြင်ပေမယ့်လည်း သူတို့တွေ မယုံကြည်နိုင် ဖြစ်နေခဲ့တယ်။

တချိန်ထဲမှာ သူတို့တွေ ပြောနိုင်တာ တစ်ခုကတော့ ယန်ချီက ကောင်းကင်ကြယ်အင်ပါယာမှာ အစွမ်းအထက်ဆုံး ပါရမီရှင်တစ်ယောက်ဆိုတာပါ။

စိတ်ဝိဉာဉ်ကုန်းမြေတစ်ခုလုံးကို ကြည့်မယ်ဆိုရင်လည်း ဒီလိုလူမျိုးက အနည်းငယ်သာ ရှိနိုင်ပါတယ်။

ယန်ချီက ဂိုဏ်းခေါင်းဆောင်တွေနဲ့ တောင်ထိပ်သခင်တွေ ဘာကြောင့် အံ့အားသင့်နေမှန်း သိပါတယ်။ သူ့စိတ်ဝိဉာဉ်လက်နက်ကို မြင်တဲ့ မည်သူမဆို အံ့အားသင့်သွားမယ်ဆိုတာ သိပါတယ်။

"မင်း.. . မင်းနာမည် ဘယ်လိုခေါ်လဲ"

အချိန်အတော်ကြာပြီးနောက် ကျန်ဝူယီက သတိပြန်ဝင်လာပြီး ယန်ချီကို မေးလိုက်တယ်။

"ယန်ချီ "

ယန်ချီက သူ့နာမည်ကို ပြောလိုက်တယ်။

"ယန်ချီ အခုကစပြီး မင်းက လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးဖြစ်လာလိမ့်မယ်"

ကျန်ဝူယီက ယန်ချီကို တပည့်ကြီးအဖြစ် လက်မခံချင်ခဲ့ပေမယ့်လည်း သူ မလုပ်ရဲပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာဦးလေးက ယန်ချီကို တပည့်ကြီးအဖြစ် လက်ခံခဲ့တယ်လို့ သူ ခံစားမိနေတာကြောင့်ပါ။

ယန်ချီကတော့ လင်ဂိုဏ်းရဲ့ တပည့်ကြီးဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမကြီးပါဘူး။ ဒါပေမယ့်လည်း သူက လုပ်နိုင်တာကြောင့် လု့ပ်ရတော့မှာပါ။

"မင်းတို့တွေ ပြန်သွားပြီး လင်ဂိုဏ်းရဲ့ တပည့်တွေကို ပြောလိုက်။ ငါတို့ လင်ဂိုဏ်းမှာ တပည့်ကြီး ရှိပြီလို့"

ကျန်ဝူယီက တောင်ထိပ်သခင်တွေကို ကြည့်ပြီး ပြောလိုက်တယ်။

တောင်ထိပ်သခင်တွေက ဒီစကားကို ကြားတော့ အဆောတလျင်ခေါင်းညိတ်လိုက်ကြတယ်။

ချက်ချင်းပင် တောင်ထိပ်သခင်တွေက ခန်းမထဲကနေ ထွက်သွားကြပါတယ်။

"ယန်ချီ အခုကစပြီး အဓိက တောင်ထိပ်မှာ မင်း နေရလိမ့်မယ်"

ကျန်ဝူယီက ယန်ချီကို စမ်းသပ်တဲ့ သဘောနဲ့ ပြောလိုက်တယ်။

"ဟုတ်ကဲ့ပါ ဂိုဏ်းခေါင်းဆောင်"

ယန်ချီလည်း ငြင်းပယ်မနေတော့ပါဘူး။

ဂိုဏ်းခေါင်းဆောင်က ခန်းမထဲကို သူ့ရဲ့ တိုက်ရိုက်တပည့်တွေကို ခေါ်လိုက်တယ်။

"ဆရာ ဘာကိစ္စများ ရှိလို့လဲ"

တိုက်ရိုက်တပည့် ဆယ်ယောက်ကျော်ရဲ့ မျက်နှာပေါ်မှာ နားမလည်နိုင်မှုတွေ ပေါ်လွင်နေခဲ့တယ်။

တပည့် ဆယ်ယောက်ကျော်ကို ကြည့်ရတာ အသက် နှစ်ဆယ်ခန့်သာ ရှိသေးကြောင့် မြင်ရပါတယ်။

သူတို့တွေက လင်ဂိုဏ်းရဲ့ အထူးချွန်ဆုံးပါရမီရှင်တွေပါ။ သူတို့တွေအားလုံးက အဆင့် ၃၁ အထက် စိတ်ဝိဉာဉ်ဘုရင်အဆင့်တွေပါ။

အဲ့ဒီလိုမှ မဟုတ်ရင် ကျန်ဝူယီက သူတို့ကို သူ့ရဲ့တပည့်အဖြစ် လက်ခံလိမ့်မှာ မဟုတ်ပါဘူး။

"သူက မင်းတို့ရဲ့ စီနီယာ အစ်ကိုကြီးပဲ"

ကျန်ဝူယီက သူ့တပည့်ဆယ်ယောက်ကျော်ကို ဆိုင်းမဆင့် ဗုံမဆင့်ပဲ ပြောချလိုက်တယ်။

"ဘာ. . . ဘာ. . "

တပည့်ဆယ်ယောက်ကျော်က ဒီစကားကိုကြားတော့ အံ့အားသင့်သွားခဲ့တယ်။ သူတို့ရဲ့ ဆရာက ဒီလို စကားမျိုး ပြောလိမ့်မယ်လို့ မမျှော်လင့်မိထားဘူးလေ။

"ဆရာ ဆရာ ဘာအကြောင်းကို ပြောနေတာလဲ"

မိန်းကလေး တပည့်တစ်ယောက်က ဆရာ ကျန်ဝူယီကို အံ့အားသင့်စွာနဲ့ ကြည့်ပြီး ထိတ်လန့်တကြားမေးလိုက်တယ်။

ဒီမိန်းကလေးတပည့်ရဲ့နာမည်က ချင်ရုရွယ်ဖြစ်ပြီး လင်ဂိုဏ်းမှာ အထူးချွန်ဆုံး တပည့်တစ်ယောက်ဖြစ်ကာ လင်ဂိုဏ်းရဲ့ နတ်ဘုရားမလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

"ငါ မင်းတို့ကို ရှင်းအောင် မပြောရသေးတာပဲ။ သူ ယန်ချီက မင်းတို့ရဲ့ စီနီယာ အစ်ကိုကြီးပဲ" ဂိုဏ်းခေါင်းဆောင် ကျန်ဝူယီက သူ့တပည့် ဆယ်ယောက်ကျော်ကို ပြောလိုက်တယ်။

တပည့်ဆယ်ယောက်ကျော်ကလည်း တစ်ယောက်နဲ့ တစ်ယောက် ကြည့်မိလိုက်ကြတယ်။

သူတို့တွေက ယန်ချီကို ကြည့်လိုက်တော့ အသက် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်သာ ရှိသေးတာကို မြင်လိုက်ရတယ်။ ဒီလိုကောင်လေးတစ်ယောက်ကို သူတို့ရဲ့ စီနီယာ အစ်ကိုကြီး ဖြစ်နိုင်ပါ့မလား။

"ဆရာ သူက ကျွန်မတို့ စီနီယာ အစ်ကိုကြီး မဖြစ်နိုင်ဘူးလို့ ထင်တယ်နော်"

ရုတ်တရက် ချင်ရုရွယ်က ပြောလိုက်တယ်။

ချင်ရုရွယ်က အလွန်တရာ လှပသူ တစ်ယောက်ပါ။ သူမရဲ့ ဖြူလွှလွှ မျက်နှာထက်မှာတော့ ဒီအချိန်မှာ ပြတ်သားမှုတွေ ရှိနေခဲ့တယ်။ သူမက ယန်ချီကို သူမတို့ရဲ့ စီနီယာအစ်ကိုကြီးမဖြစ်နိုင်ဘူးလို့ ခံစားမိနေခဲတယ်။

ချင်ရုရွယ်အပြင် အခြားတပည့်တွေလည်း ဒီလိုမျိုး ခံစားခဲ့ရတယ်။

"မင်းတို့တွေသာ ယန်ချီရဲ့ စိတ်ဝိဉာဉ်လက်နက်ကို မြင်ဖူးမယ်ဆိုရင် ဒီလို အကြည့်မျိုးနဲ့ ကြည့်ကြမှာ မဟုတ်ဘူး"

ကျန်ဝူယီက ပြောလိုက်တယ်။

တပည့် ဆယ်ယောက်ကျော်က အံ့အားသင့်သွားခဲ့ရတယ်။ ယန်ချီရဲ့ စိတ်ဝိဉာဉ်လက်နက်က ဘယ်လောက် အစွမ်းထက်လဲဆိုတာကို သိချင်ခဲ့ကြတယ်။

"ဒီလိုလုပ်ကြမယ်" ယန်ချီက ချင်ရုရွယ်ကို ကြည့်ပြီး ပြောလိုက်တယ်။ "နောက် ဆယ်ရက်နေရင် ငါတို့တွေ တိုက်ခိုက်ကြမယ် ဘယ်လို သဘောရလဲ"

"မင်းက ငါနဲ့ တိုက်ခိုက်ချင်တာလား"

ချင်ရုရွယ်တစ်ယောက် နှာခေါင်းရှုံ့လိုက်မိတယ်။

ယန်ချီရဲ့ စိတ်ဝိဉာဉ်လက်နက်က တကယ်ကောင်းမှန်း သူမ သိလိုက်တယ်။ အဲ့ဒီလိုမှမဟုတ်ရင် ဆရာက သူ့ကို သူမတို့ရဲ့ စီနီယာ အစ်ကိုကြီး ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် .. . ။

"သူ့ရဲ့ စိတ်ဝိဉာဉ်လက်နက်က ကောင်းနေတော့ရော ဘာလုပ်မှာလဲ"

ချင်ရုရွယ်က သူမရဲ့ ကိုယ်ပိုင် စွမ်းအားအပေါ်သာ လုံးဝကို ယုံကြည်နေခဲ့တယ်။

"ဟုတ်တယ်" ယန်ချီက ခေါင်းညိတ်လိုက်တယ်။ သူက ချင်ရုရွယ်ကို ကြည့်ပြီး ပြောလိုက်တယ်။ "ငါတို့ တိုက်ခိုက်မှာကို မင်းငြင်းဆန်သင့်တယ်"

"ငါက ဘာကြောင့် ငြင်းဆန်ရမှာလဲ"

ချင်ရုရွယ်က ယန်ချီကို အေးတိအေးစက်ကြည့်လိုက်ပြီး ယန်ချီက အလွန်မောက်မာတယ်လို့ ခံစားမိလိုက်တယ်။

"ဘာကြောင့်လဲဆိုတော့ .. " ယန်ချီက ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်တယ်။ "မင်းက ငါ့ပြိုင်ဖက် မဟုတ်လို့ပေါ့"

"ဟူး .. "

ခန်းမထဲမှာ ရှိနေကြတဲ့ တိုက်ရိုက်တပည့် ဆယ်ယောက်ကျော်က ယန်ချီရဲ့ စကားတွေကို ကြားတဲ့အခါ ပင့်သက်ရှိုက်မိလိုက်တယ်။ သူတို့အားလုံးက ယန်ချီကို အံ့သြမှင်သက်စွာနဲ့ ကြည့်နေမိလိုက်တယ်။

ပုလ္လင်ထက်မှာ ထိုင်နေတဲ့ ကျန်ဝူယီကတော့ ယန်ချီနဲ့ ချင်ရုရွယ်တို့ကြားက ပြိုင်ပွဲကို ဘာမှ ဝင်မပြောခဲ့ပါဘူး။

စွမ်းအင် လှုပ်ရှားမှုကို ခံစားကြည့်ပြီး ယန်ချီရဲ့ စွမ်းအားက ချင်ရုရွယ်ထက် များစွာအားနည်းနေမှန်း ခံစားမိပါတယ်။ ဒါပေမယ့် ယန်ချီက ဒီလို စကားကိုေ ပြာရဲတယ်ဆိုတော့ ယန်ချီမှာ ဝှက်ဖဲတစ်ခုခု ရှိနိုင်တယ်လို့ ကျန်ဝူယီ ခံစားမိနေခဲ့တယ်။

ချင်ရုရွယ်ရဲ့ ဖြူလွှလွှမျက်နှာထက်မှာ အေးစက်စက် အမူအယာဖြစ်သွားပြီး ယန်ချီကို ကြည့်လိုက်တယ်။

"ငါက မင်းပြိုင်ဖက် မဖြစ်နိုင်ဘူးလို့ မင်းပြောခဲ့တယ်နော်။ ဒါဆိုရင် မင်းရဲ့ ကျင့်စဉ်အဆင့်ကို ပြောကြည့်လိုက်လေ"

ချင်ရုရွယ်က ယန်ချီရဲ့ ကျင့်စဉ်အဆင့်ကို သိချင်တာကြောင့် ဒီစကားကိုေ ပြာလိုက်ခြင်းပါ။

တိုက်ရိုက်တပည့်တွေကလည်း ယန်ချီကို ကြည့်နေခဲ့တယ်။ သူတို့တွေက ယန်ချီကို အလွန်မောက်မာတယ်လို့ မြင်မိတာကြောင့် အေးစက်စက် ကြည့်နေခဲ့တယ်။

"ငါ့ ရဲ့ ကျင့်စဉ်အဆင့်လား"

ယန်ချီက မထူးခြားသလို ပြုံးလိုက်ပြီး တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်။ "အဆင့် ၁၉ စိတ်ဝိဉာဉ်ဆရာ အဆင့်"

"အဆင့် ၁၉ စိတ်ဝိဉာဉ်ဆရာ အဆင့်လား"

တိုက်ရိုက်တပည့်တွေအားလုံး ဒီစကားကို ကြားတော့ အံ့သြမှင်သက်နေမိကြတယ်။

🐼🐼🐼🐼🐼🐼🐼🐼

Chapter 357 - အထူးရတနာ သေတ္တာ

တိုက်ရိုက်တပည့်ဆယ်ယောက်ကျော်က ယန်ချီကို အလွန်အားနည်းတဲ့ အဆင့် ၁၉ စိတ်ဝိဉာဉ်ဆရာ အဆင့်လို့ လုံးဝကို မထင်ခဲ့ကြပါဘူး။

ဒါပေမယ့်လည်း. . အားနည်းတယ်လို့ မြင်နေတာက သူတို့ရဲ့ ကျင့်စဉ်အဆင့်နဲ့ နှိုင်းယှဉ်ပြီး ပြောနေမိခြင်းပါ။

ယန်ချီလို့ အသက်အရွယ်နဲ့ အဆင့် ၁၉ စိတ်ဝိဉာဉ်ဆရာအဆင့်ဆိုတာ တကယ်ကို ကြောက်ဖို့ ကောင်းနေပါပြီ။

"မင်းက အဆင့် ၁၉ စိတ်ဝိဉာဉ်ဆရာ အဆင့်လား"

ချင်ရုရွယ်က ယန်ချီကို အထင်သေးတဲ့ အမူအယာနဲ့ စူးစိုက်ကြည့်ပြီး ပြောလိုက်တယ်။

"ဟုတ်တယ်လေ"

ယန်ချီလည်း ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်တယ်။

"ဟား ဟား ဟား " ချင်ရုရွယ်က လှောင်ပြောလိုက်တယ်။ "မင်းက အဆင့် ၁၉ စိတ်ဝိဉာဉ်ဆရာအဆင့်ပဲ ရှိသေးတာကို ငါက ဘာကြောင့်များ မင်းပြိုင်ဖက် မဖြစ်နိုင်ရမှာလဲ"

ချင်ရုရွယ်ရဲ့ အမြင်မှာတော့ ယန်ချီက အနည်းငယ် ရယ်စရာ ကောင်းနေခဲ့တယ်။

"ဒီကိစ္စနဲ့ ပတ်သတ်ပြီး တစ်ခုခုများ ထူးဆန်းနေတာလား"

ယန်ချီက ချင်ရုရွယ်ကို ကြည့်ပြီးမေးလိုက်တယ်။

ယန်ချီရဲ့မျက်နှာပေါ်က ယုံကြည်မှုတွေကို မြင်တော့ ချင်ရုရွယ်ရဲ့မျက်နှာထက်မှာ ဒေါသအငွေ့အသက်တွေ ထွက်ပေါ်လာခဲ့တယ်။

"နောက်ဆယ်ရက်ကြာရင် တိုက်ခိုက်မယ်လို့ မင်းပြောခဲ့တယ်နော်"

စကားဆုံးသွားပြီးနောက် ချင်ရုရွယ်က ဒေါသတကြီး ခန်းမအပြင်ကို ထွက်သွားခဲ့တယ်။

တိုက်ရိုက်တပည့်တွေလည်း ယန်ချီကို မကျေမနပ်ကြည့်ပြီး ခန်းမအပြင်ကို ထွက်သွားကြတယ်။

တိုက်ရိုက်တပည့်တွေအားလုံး ခန်းမအပြင်ကို ထွက်သွားကြတဲ့အခါ ကျန်ဝူယီက ပုလ္လင်ထက်ကနေ ထလာခဲ့တယ်။

"ယန်ချီ မင်းရဲ့ စိတ်ဝိဉာဉ်လက်နက်က အစွမ်းထက်ပေမယ့်လည်း ရုရွယ်က အဆင့် ၃၇ စိတ်ဝိဉာဉ်ဘုရင်အဆင့်လေး။ ဘာပဲဖြစ်ဖြစ် မင်း. . . "

ကျန်ဝူယီတစ်ယောက် စကားကို ဆုံးအောင်မပြောပဲ ယန်ချီကို တွေဝေစွာနဲ့ ကြည့်ပြီး ယန်ချီ ဘယ်လို ပြန်ဖြေမလဲဆိုတာ သိချင်နေခဲ့တယ်။

"စိတ်မပူပါနဲ့ ဂိုဏ်းခေါင်းဆောင်"

ယန်ချီက ပြုံးပြီး ပြန်ဖြေလိုက်တယ်။

"ဂိုဏ်းခေါင်းဆောင် အခြားကိစ္စမရှိတော့ရင် ကျွန်တော် သွားတော့မယ်"

"အင်း ကောင်းပြီလေ"

ချက်ချင်းပင် ယန်ချီလည်း ခန်းမထဲကနေ အပြင်ထွက်လာခဲ့တယ်။

တချိန်တည်းမှာပဲ တျန်းမန် တောင်ထိပ်၊ တျန်းဂျန် တောင်ထိပ်၊ တျန်းဒေါင် တောင်ထိပ်၊ ဒီလင်း တောင်ထိပ်၊ ဒီချီတောင်ထိပ်၊ ဒီကျု တောင်ထိပ် တို့မှာ တောင်ထိပ်သခင်တွေက တပည့်တွေအားလုံးကို စုဝေးလိုက်ကြတယ်။

လင်ဂိုဏ်းမှာ အဓိက တောင်ထိပ်အပြင် နောက်ထပ် တောင်ထိပ်ခြောက်ခုက တောင်ထိပ်သခင်တွေက သူတို့လင်ဂိုဏ်းမှာ အဓိကတပည့်ကြီး ရှိသွားပြီဆိုတာကို တပည့်တွေကို ပြောပြအသိပေးလိုက်တယ်။

တျန်းမန် တောင်ထိပ် .. ။

လေ့ကျင့်ရေးမျှော်စင်ထဲ ဝင်ရောက်လေ့ကျင့်နေတဲ့ ယန်ရှင်ရွှယ်က ဒီသတင်းကို ကြားတဲ့အခါ အံ့သြမှင်သက်နေခဲ့တယ်။

သူမက အခုဆိုရင် လင်ဂိုဏ်းမှာ အဓိကတပည့်ကြီး ရှိသွားပြီလို့ တွေးမိလိုက်တယ်။ နောက်တစ်ကြိမ် ယန်ချီနဲ့ တွေ့တဲ့အခါကျရင် သူက သူမရဲ့ စီနီယာအစ်ကိုကြီးလို့ ပြောနိုင်မှာ မဟုတ်တော့ဘူး။

ဒါပေမယ့်လည်း ယန်ချီကတော့ သူမရဲ့ စိတ်ထဲ အမြဲလိုလို ပေါ်လာတက်ပါတယ်။ တကယ်တော့ လင်ဂိုဏ်းရဲ့ အဓိကတပည့်ကြီးဆိုတာ ယန်ချီလို့ သူမ တွေးနေခဲ့မိတယ်။

ဒါပေမယ့်လည်း သူမက အဲ့ဒီ အတွေးကို ဖယ်ရှားလိုက်တယ်။

ဘာကြောင့်လဲဆိုတော့ ယန်ချီ သူမကိုပြောခဲ့တာက မြေတိမ်တိုက်မြို့မှာ ဖြစ်တာကြောင့် သူမက ဒီအတွေးကို ဖယ်ရှားပစ်လိုက်တာပါ။

လင်ဂိုဏ်းမှာ ရှိတဲ့ တပည့်တွေအားလုံးက စီနီယာ အစ်ကိုကြီး ဘယ်သူဖြစ်လဲဆိုတာ မှန်းဆနေကြတယ်။ အဲ့ဒီအချိန်မှာပဲ နောက်ထပ်သတင်းတစ်ခုက အားလုံးကို အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့တယ်။

အဲ့ဒါကတော့ နောက်ဆယ်ရက်ကြာရင် စီနီယာ အစ်ကိုကြီးက ချင်ရုရွယ်နဲ့ တိုက်ခိုက်ကြလိမ့်မယ် ဆိုတာပါ။

ဒီသတင်း ထွက်ပေါ်လာတဲ့အခါ တောင်ထိပ်ခြောက်ခုမှာ ရှိတဲ့ တပည့်တွေကြား အတော်ကို အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါတယ်။

ချင်ရုရွယ်က လင်ဂိုဏ်းရဲ့ ဂုဏ်ယူရတဲ့ တပည့်မ တစ်ယောက်ဖြစ်ပြီး အင်ပါယာ ချင်ရဲ့ မျိုးနွယ်ကဆိုတော့ အစွမ်းထက်တဲ့ နောက်ခံလည်းပိုင်ဆိုင်ထားသူပါ။

လက်ရှိ အင်ပါယာရဲ့ ဧကရီက ချင်မျိုးနွယ်ဝင်တစ်ယောက်လေ။

အချိန်အတော်ကြာတဲ့အထိ လူတိုင်းက ဒီယှဉ်ပြိုင်ပွဲကို ကြည့်ချင်နေခဲ့ကြတယ်။

သူတို့အားလုံးက စီနီယာ အစ်ကိုကြီးရဲ့ အစွမ်းထက်ပုံကို မြင်ချင်နေတာပါ။

လင်ဂိုဏ်းမှာ စီနီယာအစ်ကိုကြီး မရှိတာ အတော်ကြာပါပြီ။ ဒီအချိန် ပေါ်ထွက်လာတဲ့ စီနီယာ အစ်ကိုကြီးရဲ့ စွမ်းအားက ပြောဖို့ လိုမယ်မထင်ပါဘူး။

ယန်ချီကတော့ အဓိက တောင်ထိပ် ရင်ပြင်ဆီကို ရောက်လာခဲ့တယ်။

သူက သူ့ရဲ့ အချက်အလက် ဇယားကို ဖွင့်ကြည့်လိုက်တယ်။

"ပိုင်ရှင် ယန်ချီ"

"ကျင့်စဉ်အဆင့် အဆင့် ၁၉ စိတ်ဝိဉာဉ်ဆရာ အဆင့်"

"စိတ်ဝိဉာဉ်လက်နက် တိုက်ပွဲမီးတောက်ကျား၊ တိမ်လွှာနဂါးဓါး"

"ဆယ်နွယ်မှု လက်နက် ဓါးသွားတစ်ထောင် မှော်ဓါး"

"စိတ်ဝိဉာဉ်နည်းစနစ် ဓါးဆွဲထုတ် ပိုင်းဖြတ်ခြင်း( ဓါးဆွဲထုတ်မှတ် သုံးသန်းသုံးပြီး အဆ ၁၀၀ တိုးမြင့်မြန်ဆန်ခြင်းအဖြစ် အဆင့်မြင့်တင်နိုင်)"

"ကျင့်စဉ်နည်းစနစ် ဓါးအကြိမ် သန်းထောင်ပေါင်းများစွာ ဆွဲထုတ်ခြင်း၊ ဗာဂျရာခန္ဓာကိုယ်နည်းစနစ်၊ အထူးဓါးဆွဲထုတ်ခြင်း( ဓါးဆွဲထုတ်မှတ် နှစ်သန်းသုံးပြီး အဆ ၁၀၀ တိုးမြင့်မြန်ဆန်ခြင်းအဖြစ် အဆင့် မြင့်တင်နိုင်)"

"ဓါးဆွဲထုတ်မှတ် ၁၀၀၀၀"

ယန်ချီက သူ့ရဲ့ ဓါးဆွဲထုတ်မှတ်တွေကို ကြည့်ပြီး သူက အလွန်သနားဖို့ ကောင်းတဲ့ လူတစ်ယောက်ပါလားလို့ တွေးနေခဲ့တယ်။

ဒါကြောင့် သူက ဓါးကို စတင် ဆွဲထုတ်လိုက်တယ်။

တိုက်ရိုက်တပည့်ဆယ်ယောက်ကျော်က ရင်ပြင်မှာ ရှိတဲ့ လေ့ကျင့်ရေးမျှော်စင်မှာ လေ့ကျင့်နေကြတော့ ယန်ချီ ဓါးဆွဲထုတ်တာကို မမြင်ကြပါဘူး။

"ဓါးဆွဲထုတ်မှတ် + ၁၀"

"ဓါးဆွဲထုတ်မှတ် + ၁၀"

"ဓါးဆွဲထုတ်မှတ် + ၁၀"

အခုဆိုရင် သာလွန်ကောင်းကင်အဆင့် ဓါးအကြိမ်သန်း ထောင်ပေါင်းများစွာ ဆွဲထုတ်ခြင်းရဲ့ အဆင့်လေး ဓါးအကြိမ် တစ်သန်း ဆွဲထုတ်ခြင်းကို ရောက်ရှိနေပါပြီ။

သူက အခု စတုတ္ထအဆင့် ဓါးဆွဲထုတ်ခြင်းကို အောင်မြင်ချင်ပေမယ့် အတော်ကြီး လိုအပ်နေပါသေးတယ်။

"အဆ ၂၀ တိုးမြင့် မြန်ဆန်ခြင်း"

"အဆ ၃၀ တိုးမြင့် မြန်ဆန်ခြင်း"

"အဆ ၄၀ တိုးမြင့် မြန်ဆန်ခြင်း"

"အဆ ၅၀ တိုးမြင့် မြန်ဆန်ခြင်း"

ရင်ပြင်ထက်မှာတော့ ဓါးဆွဲထုတ်သံတွေ ဆူညံနေခဲ့တယ်။

ဆယ်ရက်ခန့်ကြာသွားပြီးနောက် သူက ချင်ရုရွယ်နဲ့ တိုက်ခိုက်ရမှာပါ။ အခုဆိုရင် .. . ယန်ချီအတွက် စိတ်ဝိဉာဉ်ဆရာသခင်အဆင့်ကို ချိုးဖြတ်သွားခဲ့ပါပြီ။

အဆင့် ၁၁ကနေ ၂၀ ထိကို စိတ်ဝိဉာဉ်ဆရာအဆင့်လို့ သတ်မှတ်ထားပြီး အဆင့် ၂၁ကိုတော့ စိတ်ဝိဉာဉ်ဆရာသခင် အဆင့်လို့ သတ်မှတ်ထားတာပါ။

ယန်ချီတစ်ယောက် ဓါးဆွဲထုတ်နေတာကို ဂိုဏ်းခေါင်းဆောင် ကျန်ဝူယီက ကြည့်နေခဲ့မိတယ်။

ကျန်ဝူယီက ဒီမြင်ကွင်းကို ကြည့်ကာ စိတ်လှုပ်ရှားနေခဲ့ပြီး သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ အပြုအမူတောင်မှ လုပ်မိခဲ့ပါသေးတယ်။ သူက မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး အမြင်များမှားနေသလို့ တွေးနေခဲ့မိတယ်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

သူ အမြင်မမှားကြောင်း သိသွားတဲ့ အခါမှာတော့ သူ့မျက်နှာထက်မှာ အံ့အားသင့်မှုတွေ ပေါ်လာခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ ယန်ချီက သူ့ဓါးကို ဆွဲထုတ်လိုက်တဲ့အခါ သူ့ရဲ့ စွမ်းအားက တိုးလာကြောင်းကို တွေ့ရှိလိုက်တာကြောင့်ပါ။

ကျန်ဝူယီက ဒီလို ကိစ္စမျိုးက စိတ်ဝိဉာဉ်ကုန်းမြေမှာ ဘယ်တော့မှ မဖြစ်သေးတဲ့ကိစ္စမှန်း ခံစားမိလိုက်တယ်။

နောက်ဆုံးမှာတော့ တခုခုကို သူ နားလည်လိုက်တယ်။

ယန်ချီက ဘာကြောင့် ချင်ရုရွယ်ကို တိုက်ခိုက်ဖို့ စိန်ခေါ်ရဲတာလဲဆိုတာကိုပါ။

သုံးရက်ခန့်ကြာသွားပြီးနောက် ယန်ချီက အကြိမ် သုံးသောင်း ဓါးဆွဲထုတ်နိုင်ခဲ့တယ်။

"ဒင် စိတ်ဝိဉာဉ်ဆရာသခင်အဆင့်ကို ချိုးဖြတ်နိုင်တဲ့အတွက် ပိုင်ရှင်အတွက် ဂုဏ်ယူမိပါတယ်။ အထူးရတနာ သေတ္တာတစ်လုံးရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်"

ယန်ချီက စိတ်ဝိဉာဉ်ဆရာသခင်အဆင့်ကို ချိုးဖြတ်သွားတဲ့အချိန်မှာ စနစ်ရဲ့ အသံက စိတ်ထဲကနေ ထွက်ပေါ်လာခဲ့တယ်။

အခုဆိုရင် သူက အဆင့် ၂၁ စိတ်ဝိဉာဉ်ဆရာသခင် အဆင့်ကို ရောက်ရှိသွားပါပြီ။

ယန်ချီက နောက်ဆုံးမှာတော့ တတိယမြောက် စိတ်ဝိဉာဉ်လက်နက်ကို ပေါင်းစည်းနိုင်လိမ့်မယ်လို့ တွေးမိသွားခဲ့တယ်။

သူက စိတ်ဝိဉာဉ်လက်နက် တောအုပ်ထဲ သွားပြီး စိတ်ဝိဉာဉ်လက်နက်ကို မရှာဖွေရသေးပါဘူး။

ဒီအကြောင်းတွေကို ဆက်မတွေးတော့ပဲ ယန်ချီက ရရှိထားတဲ့ အထူးရတနာသေတ္တာကို ဖွင့်ကြည့်လိုက်တယ်။

"ဓါးဆွဲထုတ်မှတ် ဆယ်သန်း "

စိတ်ထဲမှာ ပေါ်လာတဲ့ အထူးရတနာသေတ္တာရဲ့ ခေါင်းစဉ်ကို ဖတ်ကြည့်ပြီး ယန်ချီရဲ့ မျက်နှာမှာ ပျော်ရွှင်တဲ့ အငွေ့အသက်တွေ ပေါ်လာခဲ့တယ်။

သူက ဓါးဆွဲထုတ်မှတ် ဆယ်သန်း သုံးပြီး အထူးဓါးဆွဲထုတ်ခြင်းကို နှစ်ဆင့် မြင့်တင်လိုက်တယ်။

အခုဆိုရင် အထူးဓါးဆွဲထုတ်ခြင်းက အဆ ၂၀၀ တိုးမြင့် မြန်ဆန်ခြင်းကို ရောက်ရှိသွားပါပြီ။

"ယန်ချီ "

ရုတ်တရက် သူ့နာမည်ခေါ်သံကို ကြားလိုက်ရတယ်။

ယန်ချီက လှည့်ကြည့်လိုက်တော့ ဂိုဏ်းခေါင်းဆောင်ကို တွေ့လိုက်တယ်။

"ဂိုဏ်းခေါင်းဆောင်"

သူက ကျန်ဝူယီကို နှုတ်ဆက် လိုက်တယ်။

"ယန်ချီ အခု မင်းရဲ့ ကျင့်စဉ်အဆင့်က ဘယ်လောက်လဲ"

ကျန်ဝူယီက ယန်ချီကို စူးစမ်းတဲ့ အကြည့်နဲ့ ကြည့်ပြီး မေးလိုက်တယ်။ ယန်ချီက ဓါးဆွဲထုတ်တဲ့အခါမှာ သူ့ရဲ့ စွမ်းအားတွေ တိုးလာတယ်ဆိုတာ သူ မြင်တွေ့ခဲ့ပြီးနောက် ယန်ချီရဲ့ ကျင့်စဉ်အဆင့်ကို သိချင်ခဲ့တယ်။

"အဆင့် ၂၁ စိတ်ဝိဉာဉ်ဆရာသခင်အဆင့်ပါ"

ယန်ချီလည်း အဆင့်ကို အမှန်အတိုင်း ပြောပြလိုက်တယ်။

ကျန်ဝူယီတစ်ယောက် ယန်ချီရဲ့ စကားတွေကို ကြားတော့ သူ့မျက်နှာထက်မှာ အံ့အားသင့်တဲ့ အမူအယာတွေ ပေါ်လာခဲ့တယ်။

"အဆင့် ၂၁ စိတ်ဝိဉာဉ်ဆရာသခင် အဆင့်လား"

ပြီးခဲ့တဲ့ သုံးရက်တုန်းက ယန်ချီတစ်ယောက် အဆင့် ၁၉ စိတ်ဝိဉာဉ်ဆရာ အဆင့်ပဲ ရှိသေးတယ်ဆိုတာ သူ ပြန်အမှတ်ရလိုက်တယ်။ သုံးရက်ခန့်ကြာသွားပြီးနောက် ယန်ချီက စိတ်ဝိဉာဉ်ဆရာသခင်အဆင့် ရောက်သွားပြီလား။

"ဒါက ဘယ်လောက်တောင် အစွမ်းထက်တဲ့ ပါရမီရှင်လဲ"

ကျန်ဝူယီအနေနဲ့ အစောပိုင်မှာ ယန်ချီရဲ့ ပါရမီက စိတ်ဝိဉာဉ်ကုန်းမြေတစ်ခုလုံးမှာ ရှားပါးတယ်လို့ တွေးနေခဲ့တယ်။

ဒါပေမယ့်အခုတော့ သူတွေးတာ မှားရုံမက လုံးလုံး မှားယွင်းနေခဲ့တာပါ။

ဘာကြောင့်လဲဆိုတော့ ယန်ချီရဲ့ ပါရမီက စိတ်ဝိဉာဉ်ကုန်းမြေ တစ်ခုလုံးမှာ လုံးဝကို ထူးခြားနေတာကြောင့်ပါ။

"ယန်ချီ မင်းက အစွမ်းထက်လာတာပဲ"

ဒီလို ပါရမီရှင်မျိုးကို မြင်လိုက်တော့ ကောင်းကင်ကြယ် အင်ပါယာရဲ့ နဂါးစာရင်းမှာ ဒုတိယအဆင့် အစွမ်းအထက်ဆုံး ကျန်ဝူယီကိုတောင် တိတ်တဆိတ် သက်ပြင်းချမိစေတယ်။

ဂိုဏ်းခေါင်းဆောင်ရဲ့ စကားတွေကို ကြားတဲ့အခါ ယန်ချီတစ်ယောက် ဘယ်လို ပြန်ဖြေရမလဲ မသိတာကြောင့် ပြုံးလိုက်ရတယ်။

"ဒါနဲ့ စကားမစပ် ယန်ချီ မင်းက တကယ်ကို စိတ်ဝိဉာဉ်ဆရာသခင်အဆင့်ကို ရောက်ပြီဆိုတော့ စိတ်ဝိဉာဉ်လက်နက်တစ်ခုကို ပေါင်းစည်းနိုင်မှာ။ ငါ မင်းကို စိတ်ဝိဉာဉ်လက်နက် ရှာဖွေဖို့ မီယွင်တောအုပ်စီကို ခေါ်သွားမယ် ဘယ်လို သဘောရလဲ"

ကျန်ဝူယီက ယန်ချီကို ပြောလိုက်တယ်။

"ဒင် "

"ပိုင်ရှင်အနေနဲ့ တတိယ စိတ်ဝိဉာဉ်လက်နက်နဲ့ ပေါင်းစည်းတဲ့အခါ အထူးရတနာ သေတ္တာတစ်လုံးရလိမ့်မယ်"

စနစ်ရဲ့ အသံက ယန်ချီရဲ့ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

🐼🐼🐼🐼🐼🐼🐼

Chapter 358 - မီယွင်တောအုပ်

စနစ်ရဲ့ အသံကို ကြားပြီးနောက် ယန်ချီရဲ့ မျက်နှာထက်မှာ အံ့အားသင့်တဲ့ အမူအယာတွေ ပေါ်လာခဲ့တယ်။

တတိယမြောက်စိတ်ဝိဉာဉ်ကို ပေါင်းထည့်ပြီးနောက် သူက အထူးရတနာသေတ္တာတစ်လုံးရဦးမှာလား။

ယန်ချီက ဘာရတနာသေတ္တာရမယ်ဆိုတာ မသိပေမယ့်လည်း သူက သိချင်နေခဲ့ပါပြီ။

"ဂိုဏ်းခေါင်းဆောင် ကျေးဇူးအများကြီး တင်ပါတယ်"

ယန်ချီက ကျန်ဝူယီကို လေးလေးစားစားပြောလိုက်တယ်။

"အင်း အဆင်ပြေပါတယ်။ မင်းက ဆရာဦးလေးရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့အပြင် ငါတို့ လင်ဂိုဏ်းရဲ့ အဓိကတပည့်ကြီးပဲလေ"

ကျန်ဝူယီက ပြောလိုက်တယ်။

ကျန်ဝူယီရဲ့ စကားတွေကို ကြားပြီးနောက်ယန်ချီတစ်ယောက် အနည်းငယ် အံ့အားသင့်သွားခဲ့တယ်။ သူက ကျန်ဝူယီတစ်ယောက် ဒီစကားကို ပြောလိမ့်မယ်လို့ မမျှော်လင့်မိထားဘူးလေ။

ကျန်ဝူယီပြောတဲ့ ဆရာဦးလေးဆိုတာ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာကို ပြောမှန်း သူ သိပါတယ်။

ဒါပေမယ့် သူ ဘယ်အချိန်က သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာရဲ့ တပည့်ဖြစ်သွားတာလဲ။ သူ ဘာကြောင့် မသိလိုက်တာလဲ။

ဒါတွေကို တွေးမိပြီး ယန်ချီတစ်ယောက် စိတ်သက်သာရာ ရသွားခဲ့တယ်။

သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက သူ့ကို ရှေးဟောင်း စိတ်ဝိဉာဉ်ဘုရားကျောင်း တံဆိပ်ပြားပေးခဲ့တာကြောင့် ဂိုဏ်းခေါင်းဆောင်က သူ့ကို သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာရဲ့ တပည့်လို့ ထင်နေခဲ့တာပါ။

ချင်ရုရွယ်နဲ့ တိုက်ခိုက်ဖို့က ခုနှစ်ရက်ကျန်ပါသေးတယ်။ ချင်ရုရွယ်က အဆင့် ၃၉ စိတ်ဝိဉာဉ်ဘုရင်အဆင့်ကို ရောက်ရှိနေပါပြီ။

အခု သူကတော့ အဆင့် ၂၁ စိတ်ဝိဉာဉ်ဆရာသခင်အဆင့်ကိုပဲ ရောက်သေးပေမယ့် တတိယမြောက် စိတ်ဝိဉာဉ်လက်နက်ကိုသာ ပေါင်းစည်းလိုက်မယ်ဆိုရင် ချင်ရုရွယ်ကို အနိုင်ယူနိုင်လိမ့်မယ်ဆိုတာ သေချာနေခဲ့တယ်။

"ဒါဆိုရင် ယန်ချီ မီယွင်တောအုပ်ကို သွားကြမယ်"

ကျန်ဝူယီက ယန်ချီကို ပြောလိုက်တယ်။

မီယွင်တောအုပ် . . ဒီတောအုပ်က ကောင်းကင်ကြယ် အင်ပါယာမှာ အကြီးဆုံး စိတ်ဝိဉာဉ်တောအုပ်တစ်ခုပါ။

စိတ်ဝိဉာဉ်လက်နက်တွေကို ရှာဖွေဖို့အတွက် နေ့တိုင်းလိုလို လူများစွာက မီယွင်တောအုပ်ကိုလာလေ့ရှိကြတယ်။

တကယ်တော့ မီယွင်တောအုပ်ဆိုတာ အလွန်တရာကို အန္တရယ်များပါတယ်။ ဒါကြောင့် သက်ရှိတွေအတွက် တားမြစ်နယ်မြေလို့ ပြောမယ်ဆိုရင် မမှားပါဘူး။

ဒါကြောင့် လူငယ်မျိုးဆက်သစ်တွေအနေနဲ့ မီယွင်တောအုပ်ထဲ ဝင်ရောက်ချင်ရင် အစွမ်းထက်သူတွေနဲ့အတူ လိုက်ပါကြရမှာပါ။

မီယွင်တောအုပ်က လင်ဂိုဏ်းနဲ့ သိပ်မဝေးပါဘူး။

ယန်ချီနဲ့ ကျန်ဝူယီတို့နှစ်ယောက် မီယွင်တောအုပ်ဆီကို လျှောက်လာခဲ့ကြတယ်။

တောအုပ်ဆီ လာတဲ့လမ်းမှာ သူတို့နဲ့အတူ အဖိုးအိုတစ်ဦးနဲ့ မိန်းကလေး တစ်ဦး အတူ ပါလာခဲ့တယ်။

မိန်းကလေးကို ကြည့်ရတာ ယန်ချီ အရွယ်လောက်ရှိပြီး သူမက အလွန်လှပသူ တစ်ယောက်ပါ။ ဒါပေမယ့် သူမရဲ့ မျက်နှာထက်မှာတော့ မောက်မာမှုတွေ ကို မြင်နေရတယ်။

"မင်းတို့တွေက စိတ်ဝိဉာဉ်လက်နက် ရှာဖွေဖို့အတွက် ဒီကို လာကြတာလား"

အဖိုးအိုက ယန်ချီနဲ့ ကျန်ဝူယီကို စူးစိုက်ကြည့်ပြီး မေးလိုက်တယ်။

မီယွင်တောအုပ်မှာ စိတ်ဝိဉာဉ်လက်နက် ရှာဖွေရင်း မရေမတွက်နိုင်တဲ့လူတွေ သေဆုံးဖူးပါတယ်။

ကျန်ဝူယီကတော့ ဒီအဖိုးကြီး အဆင့် ၅၉ စိတ်ဝိဉာဉ် ဂိုဏ်းချုပ်အဆင့် သာ ရှိတာကြောင့် ဂရု စိုက်မနေပါဘူး။

သူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အလွန်တရာကို ကွာဟတယ်လေ။

"င့ါအဖိုးက မင်းကို မေးနေတယ်လေ။ မင်း မကြားဖူးလား"

သူမအဖိုးဖြစ်သူရဲ့မေးခွန်းကို ကျန်ဝူယီက လျစ်လျူရှုထားတာကို မြင်တော့ မိန်းကလေးရဲ့ မျက်နှာထက်မှာ ဒေါသထွက်တဲ့ အမူအယာ တွေ ထွက်ပေါ်လာခဲ့တယ်။

ယန်ချီကလည်း ဒါကို မြင်လိုက်တယ်။

ဂိုဏ်းခေါင်းဆောင်လို လူတစ်ယောက်က မိန်းကလေး ငယ်လေးတွေနဲ့ ရင်းနှီးမှု မရှိဘူးလို့ သူက တွေးမိလိုက်တယ်။ ဒါကြောင့် ဒီအချိန်က သူ ဝင်ပြောပေးသင့်တယ်လို့ တွေးမိလိုက်တယ်။

သူက သူ့အရှေ့မှာ ဒေါသထွက်နေတဲ့ မျက်နှာနဲ့ မိန်းကလေးကို ကြည့်ပြီး ပြောလိုက်တယ်။ "ငါတို့တွေက မင်းတို့နဲ့ စကားမပြောချင်ဘူး"

ယန်ချီက ဒီလိုပြောလိုက်ခြင်းအားဖြင့် မိန်းကလေးက သူတို့ကို စကားဆက်ပြောမှာ မဟုတ်ဘူးလို့ တွေးလိုက်ပြီး ပြောလိုက်တာ့ပါ။

ဒါပေမယ့်လည်း သူ ဒီလို ပြောလိုက်ခြင်းအားဖြင့် မိန်းကလေးရဲ့ ရန်လိုစိတ်တွေက ပိုပြီး မြင်တက်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။

"ဟား ဟား "

မိန်းကလေးက အထင်သေးစွာ လှောင်ပြောင် ရယ်မောလိုက်တယ်။

"ငါ့အဖိုးက အဆင့် ၅၉ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် ဆိုတာ နင်တို့ သိလား"

သူမအဖိုးဖြစ်သူအကြောင်းပြောတဲ့အခါ မိန်းကလေးရဲ့ မျက်နှာထက်မှာ ဂုဏ်ယူမှုတွေ ရှိနေခဲ့ပြီး သူမအဖိုးဖြစ်သူရဲ့ ကျင့်စဉ်အဆင့်ကို ဂုဏ်ယူပုံရတာ ထင်ရှားနေခဲ့တယ်။

ဒါပေမယ့်လည်း ယန်ချီနဲ့ ကျန်ဝူယီတို့နှစ်ယောက်တော့ သူမအဖိုးဖြစ်သူရဲ့ ကျင့်စဉ်အဆင့်ကို ကြားတဲ့အခါ အာရုံထဲမထားပဲ နေလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။

မိန်းကလေးရဲ့ အဖိုးဖြစ်သူလည်း ယန်ချီတို့နှစ်ယောက်ရဲ့ အပြုအမူကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့တယ်။

"မင်းတို့က ဘယ်သူလဲ"

အဖိုးအိုက ယန်ချီနဲ့ ကျန်ဝူယီကို ကြည့်ပြီးမေးလိုက်တယ်။

သူ့ရဲ့ မသိစိတ်ကနေ ယန်ချီနဲ့ ကျန်ဝူယီတို့က သာမန်လူတွေ မဟုတ်ဘူးဆိုတာ ပြောဆိုနေခဲ့တယ်။ အဲ့ဒီလိုမှ မဟုတ်ရင် သူ့ရဲ့ ကျင့်စဉ်အဆင့် အဆင့် ၅၉ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့်ဆိုတာကို ကြားပေမယ့်လည်း အနည်းငယ်လေးတောင် မအံ့သြခဲ့ကြပါဘူး။

"သူတို့နဲ့ အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ တောအုပ်ထဲ ဝင်ကြစို့"

ကျန်ဝူယီက ပြောလိုက်တယ်။

ယန်ချီလည်း ခေါင်းညိတ်လိုက်တယ်။

သူတို့နှစ်ယောက်က မီယွင်တောအုပ်ထဲကို ဝင်ဖို့ ပြင်ဆင်လိုက်တယ်။

သစ်ပင်တွေက တည်ငြိမ်ပေမယ့် လေကတော့ မရပ်တန့်သေးပါဘူး။

မိန်းကလေးက ယန်ချီနဲ့ ကျန်ဝူယီတို့ရဲ့ အရှေ့ကို လျှောက်သွားပြီး သူတို့တွေကို အေးတိအေးစက် စိုက်ကြည့်လိုက်တယ်။

"ရှင် ဆိုလိုချင်တာ ဘာလဲ"

ယန်ချီလည်း ဒီမိန်းကလေးရဲ့ အဆုံးမရှိတဲ့ ဒေါသကို တွေးမိလိုက်ပြီး ခေါင်းခါယမ်းမိလိုက်တယ်။

ချက်ချင်းပင် ယန်ချီက သူ့အရှေ့မှာ ရှိသော မြင့်မားတဲ့ သစ်ပင်ကြီးကို ကြည့်လိုက်တယ်။ အဲ့ဒီသစ်ပင်က မီတာ ငါးဆယ်လောက် မြင့်မားပြီး လူဆယ်ယောက်ဖက်စာလောက် ကြီးမားပါတယ်။

သူ့ရဲ့လက်က နောက်ကျောမှာ လွယ်ထားတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးရဲ့ လက်ကိုင်ရိုးပေါ် ရောက်သွားခဲ့တယ်။

မိန်းကလေးက နှာခေါင်းရှုံ့လိုက်ပြီး မကျေမနပ်နဲ့ ပြောလိုက်တယ်။ "အစွမ်းထက်ချင်ယောင် ဆောင်မနေနဲ့"

ဒါပေမယ့် မိန်းကလေးရဲ့ စကား ပြီးပြီးချင်းမှာပဲ ယန်ချီက နောက်ကျောမှာ လွယ်ထားတဲ့ ဓါးသွားတစ်ထောင် မှော်ဓါးကို ဆွဲထုတ်လိုက်တယ်။

ဓါးသွားတစ်ထောင်မှော်ဓါးက အဆ ၁၀၀ တိုးမြင့်မြန်ဆန်ခြင်းနဲ့ ထွက်လာခဲ့တယ်။

"ထွက်လာစမ်း "

ဓါးထွက်ပေါ်လာပုံက မြန်ဆန်လွန်းတယ်။

ပုံမှန်မဟုတ်ပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးအလင်းက တရွီးရွီးမြည်ပြီး မနီးမဝေးမှာ ရှိတဲ့ သစ်ပင်ကြီးတွေကို ပြေးဝင်သွားခဲ့တယ်။

"ဝုန်း"

ရုတ်တရက် သစ်ပင်ကြီးက အလယ်ကနေ ပြတ်သွားခဲ့ပြီး ရုတ်တရက် လဲပြိုကျသွားကာ အမှုန့်ဖြစ်သွားခဲ့ရတယ်။

"ဟူး. . "

မိန်းကလေးနဲ့ အဖိုးအိုက ဒီမြင်ကွင်းကို မြင်ပြီးနောက် လုံးဝကို အံ့အားသင့်သွားခဲ့ရတယ်။ သူတို့ရဲ့ မျက်လုံးတွေလည်း ပြူးကျယ်နေခဲ့ပြီး သူတို့ရဲ့ပါးစပ်တွေက ပန်းကန်လုံးကြီးတွေကို မြိုချနိုင်တဲ့အထိ အဟောင့်သားဖြစ်နေခဲ့တယ်။

ဒီလောက် ကြီးမားတဲ့ သစ်ပင်ကြီးက ဒီလိုပဲ အမှုန့်ဖြစ်သွားတာလား။

တစ်ခုခုများ မှားနေတာလား။

မိန်းကလေးနဲ့ အဖိုးအိုတို့နှစ်ယောက် အလွန်တရာကို ထိတ်လန့်နေခဲ့ကြပြီး အချိန်အတော်ကြာတဲ့အထိ သတိပြန်မဝင်လာကြသေးပါဘူး။

ဘေးမှာ ရပ်နေတဲ့ ကျန်ဝူယီလည်း တိတ်တဆိတ် အံ့အားသင့်သွားခဲ့တယ်။ ယန်ချီက ဒီလောက် အစွမ်းထက်တဲ့ တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်လိမ့်မယ်လို့ သူလည်း မမျှော်လင့်မိထားဘူးလေ။

ယန်ချီက အဆင့် ၂၁ စိတ်ဝိဉာဉ်ဆရာသခင်အဆင့်မှန်း သူ သိတယ်လေ။

"မင်း င့ါတို့လမ်းကို မပိတ်သင့်ဘူးလို့ ငါထင်မိတယ် " ယန်ချီက သူ့အရှေ့မှာ ရပ်နေတဲ့ မိန်းကလေးကို ကြည့်ပြီးပြောလိုက်တယ်။

မိန်းကလေးကတော့ ထိတ်လန့်နေခဲ့ပြီး အချိန်အတော်ကြာတဲ့အထိ သတိ မဝင်လာသေးပါဘူး။

အဖိုးအိုကတော့ အရင်ဆုံး သတိပြန်ဝင်လာပြီး မိန်းကလေးကို လျင်မြန်စွာ ပြောလိုက်တယ်။

"ရှောင် ရို ချက်ချင်း ပြန်လာစမ်း"

အဖိုးအိုက အရူးတစ်ယောက်တော့ မဟုတ်ပါဘူး။ ယန်ချီကို ပြိုင်ဖက်ကင်းပါရမီရှင်မှန်း သိပါတယ်။ ဒီတစ်ကြိမ် ယန်ချီအနေနဲ့ တောအုပ်ထဲ လာတာက ကောင်းကင်ကို အန်တုလောက်တဲ့ စိတ်ဝိဉာဉ်လက်နက် ရှာဖို့ပါ။

ယန်ချီရဲ့ဘေးမှာ ရပ်နေတဲ့ ကျန်ဝူယီကတော့ ဘာမှ ဝင်မပြောခဲ့ပါဘူး။

အဖိုးအိုကတော့ တိတ်တဆိတ် ကြောက်လန့်နေခဲ့တယ်။ သူ ပထမဆုံး ကျန်ဝူယီကို မြင်ကတည်းက ဘာမှ မခံစားရပေမယ့်လည်း ပိုပြီး ကြည့်လေလေ စိတ်ထဲကနေ ပိုပြီး ကြောက်ရွံ့လာလေလေပါပဲ။

သူ့ရဲ့ စိတ်ဝိဉာဉ်တောင်မှ မရပ်မနားတုန်ခါနေခဲ့တယ်။

သူ နားမလည်နိုင် ဖြစ်နေခဲ့တယ်။

ဒါက ကျန်ဝူယီနဲ့ ပတ်သတ်ပြီး အဖိုးအိုရဲ့ ခံစားချက်ပါ။

ရှောင်ရိုလို့ ခေါ်တဲ့ မိန်းကလေးက သူမအဖိုးဖြစ်သူရဲ့ စကားကို ကြားတဲ့အခါ သူမက သတိပြန်ဝင်လာပြီး လျင်မြန်စွာ ထွက်သွားခဲ့တယ်။

"စီနီယာ ရှောင်ရိုက လင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ။ သူမက စိတ်ဝိဉာဉ်လက်နက် ရှာချင်တာကြောင့် သူမကို ခေါ်သွားခွင့်ပြုပါ"

အဖိုးအိုက ကျန်ဝူယီကို ရိုသေစွာ ပြောလိုက်တယ်။

"လင်ဂိုဏ်းရဲ့ တပည့်လား"

ကျန်ဝူယီတစ်ယောက် မျက်မှောင်ကြုတ်သွားခဲ့တယ်။ "လင်ဂိုဏ်းရဲ့ တပည့်တွေကို စိတ်ဝိဉာဉ်လက်နက်ရှာဖို့ စိတ်ဝိဉာဉ်တောအုပ်ကို သွားတဲ့ သူ တစ်ယောက်မှ မရှိပါဘူး"

"စီနီယာက ပြီးခဲ့တဲ့ ရက်အနည်းငယ်က သူမ အဆင့် ချိုးဖြတ်သွားတာကြောင့် .. . အဲ့ဒါ. . . "

အဖိုးအိုရဲ့ စကားမဆုံးခင်မှာပဲ နောက်က ဆက်လာမယ့် စကားတွေက ရှင်းနေခဲ့တယ်။

ကျန်ဝူယီလည်း ခေါင်းညိတ်လိုက်ပြီး ဆက်မပြောတော့ပါဘူး။

"သွားကြစို့"

ချက်ချင်းပင် ယန်ချီနဲ့ ကျန်ဝူယီတို့နှစ်ယောက် မီယွင်တောအုပ်ထဲ ဝင်သွားဖို့ ပြင်လိုက်ကြတယ်။

ဒါကို မြင်တော့ အဖိုးအိုနဲ့ မိန်းကလေးက အနောက်ကနေ အဆောတလျင် လိုက်လာခဲ့ကြတယ်။

"စီနီယာက မီယွင်တောအုပ်ရဲ့ အပြင်ဖက်မှာ မြေကမ္ဘာအဆင့် စိတ်ဝိဉာဉ်လက်နက် ထွက်ပေါ်လာတယ်လို့ ကျွန်တော် ကြားထားတယ်။ လူများစွာက အထဲကို ဝင်ပြီး အဲ့ဒီစိတ်ဝိဉာဉ်လက်နက်ကို ဖမ်းယူဖို့ သွားကြပြီ"

အဖိုးအိုက ပြောလိုက်တယ်။

"မြေကမ္ဘာအဆင့် စိတ်ဝိဉာဉ်လက်နက်လား"

ကျန်ဝူယီတစ်ယောက် ပြုံးလိုက်မိတယ်။

"ငါတို့တွေ လိုချင်တာက ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်ပဲ"

မီယွင်တောအုပ်ထဲမှာ ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်က ရှိပါတယ်။ ဒါပေမယ့်လည်း အဆင့်နိမ့်ပါ။

ကျန်ဝူယီလည်း ဒါကို သိပါတယ်။

မကြာသေးမီက မြေကမ္ဘာအဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် တစ်ခုက ကောင်းကင်အဆင့် အဆင့် နိမ့် စိတ်ဝိဉာဉ်လက်နက်အဖြစ် အဆင့် ချိုးဖြတ်သွားခဲ့တယ်။ အခုအချိန်က သူ အားနည်းနေတဲ့ အချိန်ပါပဲ။

ဒီအချိန်မှာသာ ဒီစိတ်ဝိဉာဉ်လက်နက်ကို မဖမ်းနိုင်ရင် နောက်ထပ် အခွင့်အရေး ရှိမှာ မဟုတ်တော့ဘူး။

🐼🐼🐼🐼🐼🐼🐼🐼🐼

Chapter 359 - သူက ဂိုဏ်းခေါင်းဆောင်လား

အဖိုးအိုနဲ့ ရှောင်ရိုလို့ ခေါ်တဲ့ မိန်းကလေးတို့နှစ်ယောက်က ဒီစကားကို ကြားတော့ အံ့အားသင့်သွားခဲ့တယ်။ တကယ်တော့ သူတို့တွေက ကျန်ဝူယီတစ်ယောက် ဒီစကားကိုပြောလိမ့်မယ်လို့ မမျှော်လင့်မိထားဘူးလေ။

"ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်လား"

ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်ဆိုတာ မီယွင်တောအုပ်ရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ရှိတာပါ။

အဖိုးအိုက တိတ်တဆိတ်ပြောမယ့် စကားတွေကို ပြန်မြိုချလိုက်တယ်။ သူက အဆင့် ၅၉ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့်ပဲ ရှိတာဆိုတော့ မီယွင်တောအုပ်ရဲ့ အနက်ပိုင်းထဲ ဘယ်လိုလုပ်ပြီး ဝင်ရောက်ရဲတဲ့ သတ္တိရှိမှာလဲ။

"စီနီယာ မင်း ဘယ်သူလဲ မေးပါရစေ"

အဖိုးအိုက ကျန်ဝူယီကို သိချင်စိတ်နဲ့ မေးလိုက်တယ်။

ကျန်ဝူယီက ကောင်းကင်ကြယ်အင်ပါယာ နဂါးစာရင်းထဲမှ အစွမ်းထက်ဆုံးစာရင်းဝင်တစ်ယောက်လို့ သူခံစားမိနေခဲ့တယ်။

ရှောင်ရိုလည်း ကျန်ဝူယီရဲ့ ကျင့်စဉ်အဆင့်ကို သိချင်တာကြောင့် ကျန်ဝူယီကို ကြည့်လိုက်တယ်။

"လင်ဂိုဏ်း ဂိုဏ်းခေါင်းဆောင် ကျန်ဝူယီ"

ကျန်ဝူယီက ဖြေးညှင်းစွာ ပြောလိုက်တယ်။

ပြောပြီးနောက် ကျန်ဝူယီက အရှေ့ကို ဆက်လျှောက်သွားတယ်။

ယန်ချီလည်း သူ့နောက်ကနေ လိုက်သွားခဲ့တယ်။

အဖိုးအိုနဲ့ ရှောင်ရိုတို့နှစ်ယောက်ရဲ့ပါးစပ်တွေ အဟောင့်သား ဖြစ်နေခဲ့ပြီး သူတို့ရဲ့ မျက်နှာထက်မှာ ကြောက်လန့်မှုတွေ ပြည့်နေခဲ့ကြတယ်။ သူတို့တွေက နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်မိလိုက်ပြီး ထွက်သွားတဲ့ ယန်ချီနဲ့ ကျန်ဝူယီရဲ့ နောက်ကျောကို စူးစိုက်ကြည့်နေခဲ့ကြတယ်။

"လင်ဂိုဏ်း ဂိုဏ်းခေါင်းဆောင် ကျန်ဝူယီလား"

ဒီလူက ကောင်းကင်ကြယ်အင်ပါယာနဂါးစာရင်းရဲ့ ဒုတိယမြောက် အစွမ်းအထက်ဆုံး လူတစ်ယောက်ပါ။

အဆင့် ၈၄ မဟာစိတ်ဝိဉာဉ်သူတော်စင် အဆင့်။

"အဖိုး သူ .. သူက ဂိုဏ်းခေါင်းဆောင်လား"

ရှောင်ရိုက အံ့အားသင့်စွာနဲ့ မေးလိုက်တယ်။

"အနောက်ကနေ မြန်မြန် လိုက်စို့။ ဒီလို အခွင့်အရေးကို လက်လွှတ်လို့ မဖြစ်ဘူး"

အဖိုးအိုက သတိပြန်ဝင်လာပြီးနောက် အဆောတလျင် ပြောလိုက်တယ်။

ချက်ချင်းပင် သူတို့အားလုံး မီယွင်တောအုပ်ထဲ ဝင်သွားခဲ့ကြတယ်။

မီယွင်တောအုပ်ထဲကို ရောက်တော့ .. ယန်ချီနဲ့ ကျန်ဝူယီတို့နှစ်ယောက်က တောနက်ပိုင်းထဲကို ဦးတည် လျှောက်သွားခဲ့ကြတယ်။

"အဖိုး သမီးတို့တွေ အနောက်ကနေ လိုက်သွားသင့်လား"

ရှောင်ရိုက အဖိုးအိုကို ကြည့်ပြီး မေးလိုက်တယ်။

အဖိုးအိုလည်း စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီး ပြောလိုက်တယ်။ "အနောက်ကနေ လိုက်ကြတယ်။ သမီးက လင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ မဟုတ်ဘူးလား။ ဂိုဏ်းခေါင်းဆောင်က မင်းအတွက် ကောင်းမွန်တဲ့ စိတ်ဝိဉာဉ်လက်နက်ကိုတောင် ဖမ်းပေးဦးမယ်လို့ အဖိုးထင်တယ်"

အဲ့ဒီလို ပြောပြီးနောက် အဖိုးအိုနဲ့ ရှောင်ရိုတို့နှစ်ယောက် ယန်ချီတို့နောက်ကို ထပ်လိုက်သွားပြန်တယ်။

ဒါပေမယ့်လည်း သူတို့တွေ ခြေလှမ်းဘယ်လောက်မှ မလှမ်းရသေးဘူး အသံဗလံများစွာကို ကြားလိုက်ရတယ်။

"ငွေရောင်တောက်ပတဲ့ မှော်တူကို ဖမ်းထားကြ"

ဒီအသံကိုကြားတော့ သူတို့တွေအားလုံး ကြည့်မိလိုက်ကြတယ်။

သူတို့တွေအားလုံး ကြီးမားတဲ့ ငွေရောင်တူကြီးတစ်ခု ပျံသန်းလာတာကို မြင်လိုက်ရတယ်။

ငွေရောင်တူပေါ်မှာ အနက်ရောင် ကွင်းတစ်ကွင်းပါရှိပါတယ်။

"မြေကမ္ဘာအဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်လက်နက်"

အဖိုးအိုက တအံ့တသြနဲ့ ရေရွတ်လိုက်မိတယ်။

မြေကမ္ဘာအဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်လက်နက် ငွေရောင်တောက်တဲ့ မှော်တူကြီးက သူတို့ဆီကို ပျံသန်းလာနေခဲ့ပြီး ကြီးမားတဲ့ မှော်တူကြီးအနောက်ကနေ လူဆယ်ယောက်ကျော် လိုက်ပါလာခဲ့တယ်။

အဲ့ဒီလူ ဆယ်ယောက်ကျော်လုံးက စိတ်ဝိဉာဉ်ဆရာအဆင့် တွေပါ။

မြေကမ္ဘာအဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်လက်နက် ငွေရောင်တောက်ပတဲ့ မှော်တူကြီးက သူတို့ဆီကို ရောက်လာတဲ့အခါ ကျန်ဝူယီက မှော်တူကို ဖမ်းယူထားလိုက်တယ်။

မြေကမ္ဘာအဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်လက်နက်က သူ့လက်ထဲ ရောက်နေခဲ့ပါပြီ။

ငွေရောင်တောက်ပတဲ့ မှော်တူက စတင် သေးငယ်သွားပြီး နောက်ဆုံးမှာတော့ လက်ဖဝါးအရွယ်ဖြစ်လာခဲ့ပြီး ကျန်ဝူယီရဲ့ လက်ထဲမှာ အရူးအမူး ရုန်းကန်နေခဲ့တယ်။

ဒါပေမယ့်လည်း ကျန်ဝူယီရဲ့ လက်က ပြိုင်တူလို သန်မာနေတော့ ငွေရောင်တောက်ပတဲ့ မှော်တူက ဘယ်လောက်ပဲ ရုန်းကန်ပါစေ လွတ်ထွက်မသွားခဲ့ပါဘူး။

အဲ့ဒီနောက်တော့ မှော်တူနောက်ကနေ လိုက်လာကြတဲ့ လူဆယ်ယောက်ကျော်က ယန်ချီတို့ဆီကို ရောက်လာခဲ့ကြတယ်။

"စိတ်ဝိဉာဉ်လက်နက်ကို ငါတို့ကို ပေးပါ"

လူဆယ်ယောက်ကျော်ကို ခေါင်းဆောင်လာသူက ကျန်ဝူယီကို ပြောလိုက်တယ်။

"ဘာကြောင့် ငါက ပေးရမှာလဲ"

ကျန်ဝူယီက သူ့အရှေ့က အဖိုးအိုက မျက်လုံးမှေးကြည့်ပြီး ပြန်မေးလိုက်တယ်။

"ဘာကြောင့်လဲဆိုတော့ ငါက လိုချင်လို့ပေါ့"

အဖိုးအိုရဲ့ ပြောစကားက ရိုးရှင်းပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ လေထဲမှာ ဖိအားတွေ ပါနေခဲ့တယ်။

အဲ့ဒီအချိန်မှာ ယန်ချီက ဝင်ပြောလိုက်တယ်။ "ထွက်သွား"

သူက သူ့အရှေ့ကို ရောက်လာတဲ့ လူဆယ်ယောက်ကျော်ကို ကြည့်ပြီး ပြောလိုက်တယ်။ "ငါတို့က မင်းတို့တွေ ပြစ်မှားလို့ ရတဲ့သူတွေ မဟုတ်ဘူး"

"ဘာ .. ဘာ. . "

လူဆယ်ယောက်ကျော်ကို ခေါင်းဆောင်လာတဲ့ အဖိုးအိုနဲ့ ကျန်ဝူယီတို့နှစ်ယောက်လုံး အံ့သြမှင်သက်သွားခဲ့ကြတယ်။ ယန်ချီက ဒီလို စကားကို ပြောလိမ့်မယ်လို့ သူတို့တွေ မမျှော်လင့်မိဘူးလေ။

"ဟား ဟား ဟား "

ရုတ်တရက် အဖိုးအိုနဲ့ သူ့နောက်လိုက် လူဆယ်ယောက်ကျော်က အားပါးတရ ရယ်မောလိုက်ကြတယ်။ သူတို့တွေအနေနဲ့ အရင်တုန်းက ဒီလောက်ရယ်စရာ ကောင်းတာ မကြားဖူးသလို ပြုမူနေကြတယ်။

"ငါ ပြောတာနဲ့ ပတ်သတ်ပြီး ရယ်စရာ ပါလို့လား"

ယန်ချီရဲ့ မျက်နှာထက်မှာ စဉ်းစားမရတဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့တယ်။ ဒီရက်တွေအတွင်းမှာ ဘယ်သူမှ ငါ့စကားကို မယုံကြည်ကြပါလားလို့ တွေးနေခဲ့တယ်။

"ဂျူနီယာ ငါတို့က ဘယ်သူတွေလဲ မင်းသိလား"

အဖိုးအိုက ယန်ချီကို အထင်သေးစွာကြည့်ပြီး မေးလိုက်တယ်။

သူ့ရဲ့ အမြင်အရ ယန်ချီက သူ့ကို စကားပြောဖို့ အဆင့်မမှီဘူးလို့ မြင်နေခဲ့တယ်။

ရှောင်ရိုနဲ့ သူမအဖိုးဖြစ်သူတို့နှစ်ယောက်ကတော့ ခေါင်းတွေကို တိတ်တဆိတ်ခါယမ်းလိုက်မိတယ်။ သူတို့အရှေ့မှာ ရှိနေတဲ့ လူတွေက ဘယ်လို လူတွေနဲ့ ရင်ဆိုင်နေမှန်း မသိကြဘူးလို့ တွေးနေခဲ့တယ်။

"အိုး. . " ယန်ချီက ခြောက်ကပ်ကပ်ရယ်လိုက်ပြီး မေးလိုက်တယ်။ "အဲ့ဒါဆိုရင် မင်းတို့တွေက ဘယ်သူလဲ ပြောစမ်းပါ"

"ငါတို့တွေက ကျုံးယွင်မြို့ ကျောင် မျိုးနွယ်ကပဲ"

အဖိုးအိုက နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်။

ကျုံးယွင်မြို့ဆိုတာ ကောင်းကင်ကြယ်အင်ပါယာမှာ အဆင့် တစ်ဆယ်အတွင်း ဝင်တဲ့ မြို့တစ်မြို့ပါ။

ဒီအဖိုးအိုက အခြားသူမဟုတ်ပါဘူး။ သူက ကျုံးယွင်မြို့ ကျောင်မျိုးနွယ်ခေါင်းဆောင် ကျောင်ယွင်ရှန်းပါ။

သူ့ရဲ့ ကျင့်စဉ်အဆင့် က အဆင့် ၆၈ စိတ်ဝိဉာဉ်အရှင်သခင် အဆင့်ပါ။

ရှောင်ရိုရဲ့အဖိုးဖြစ်သူက အဆင့် ၅၈ စိတ်ဝိဉာဉ်ဂိုဏ်းချုပ် အဆင့်ဆိုတော့ ကျောင်ယွင်ရှန်းထက် စွမ်းအားနည်းပေမယ့်လည်း ကြောင်းကျိုးဆီလျော်သူ တစ်ယောက်ပါ။

"ကျုံးယွင်မြို့က ကျောင်မျိုးနွယ်လား"

ရိုးရိုးသားသား ပြောရမယ်ဆိုရင် ယန်ချီက ဒီမျိုးနွယ်ကို မကြားဖူးပါဘူး။

ဒါပေမယ်လည်း ဒီမျိုးနွယ်က အစွမ်းထက်တဲ့ မျိုးနွယ်တစ်ခု ဖြစ်မယ်လို့ သူ တွေးမိလိုက်တယ်။

သူက သူ့အရှေ့မှာ ရောက်နေတဲ့ လူတွေရဲ့ နောက်ခံကို ကြားလိုက်ရပေမယ့်လည်း ဘာအမူအယာမှ မပြောင်းသွားခဲ့ပါဘူး။ သူက အဖိုးအို ကျောင်ယွင်ရှန်းကို မျက်လုံးမှေးကြည့်လိုက်ပြီး ဖြေးညှင်းစွာေ ပြာလိုက်တယ်။

"ဒါဆိုရင်တော့ ငါ ဘယ်သူလဲ မင်းတို့တွေ သိလား"

ကျောင်ယွင်ရှန်းနဲ့ သူ့လူ ဆယ်ယောက်ကျော်က အနည်းငယ် အံ့အားသင့်သွားခဲ့တယ်။

ယန်ချီက သူတို့တွေကို သူတို့အရှေ့မှာ ရှိတဲ့ လူငယ်လေးက ကြည့်ရတာ အသက် ဆယ့်ငါးနှစ် ဆယ်ခြောက်နှစ်ပဲ ရှိပုံရသေးပေမယ့် ကောင်းကင်လို နောက်ခံရှိကြောင်းကို ပြောချင်နေခဲ့တယ်။

"မင်းက ဘယ်သူလဲ"

ကျောင်ယွင်ရှန်းက သူတို့မျိုးနွယ်အနေနဲ့ ကျုံးယွင်မြို့မှာ အစွမ်းထက်မျိုးနွယ်တစ်ခု ဖြစ်ပေမယ့်လည်း ကောင်းကင်ကြယ် အင်ပါယာတစ်ခုလုံးနဲ့ ယှဉ်မယ်ဆိုရင်တော့ ဘာမှမဟုတ်မှန်း သိပါတယ်။

"လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးပဲ"

ယန်ချီက တည်ငြိမ်စွာ ပြောလိုက်တယ်။

ကျောင်ယွင်ရှန်းနဲ့ သူ့လူ ဆယ်ယောက်ကျော်က ယန်ချီရဲ့ စကားတွေကို ကြားတဲ့အခါ အံ့အားသ့င့်သွားကြတယ်။

"လင်ဂိုဏ်းရဲ့ အဓိက တပည့်လား"

သူတို့ရဲ့ အတွေးထဲမှာတောင် ယန်ချီကို လင်ဂိုဏ်းရဲ့ အဓိက တပည့်ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။

ဒါပေမယ့်လည်း ဒီစကားက အမှန် ဖြစ်နိုင်ပါ့မလား။

ဒီအကြောင်းကို တွေးမိလိုက်တော့ ကျောင်ယွင်ရှန်းနဲ့ ကျောင်မျိုးနွယ်က လူဆယ်ယောက်ကျော်တို့အားလုံးက ယန်ချီကို လင်ဂိုဏ်းရဲ့ အဓိက တပည့်မဖြစ်နိုင်ဘူးလို့ ခံစားမိလိုက်တယ်။

ဘာပဲဖြစ်ဖြစ် သူတို့မျိုးနွယ်မှာလည်း လင်ဂိုဏ်းက တပည့့်တွေ ရှိတာကြောင့် လင်ဂိုဏ်းမှာ အဓိက တပည့်မရှိသေးဘူးဆိုတာ သိကြပါတယ်။

"ဟား ဟား "

ကျောင်ယွင်ရှန်းက ယန်ချီကို လှောင်ပြောင်ရယ်မောလိုက်တယ်။

"လင်ဂိုဏ်းမှာ အဓိကတပည့်ကြီး မရှိတာ ကြာပြီမဟုတ်လား"

"ပြီးတော့ ဒီနေရာက မီယွင်တောအုပ် လင်ဂိုဏ်းမဟုတ်ဘူးဆိုတာ မမေ့လိုက်နဲ့"

ကျောင်ယွင်ရှန်းနဲ့ ကျောင်မျိုးနွယ်က လူတွေအားလုံး ယန်ချီကို လင်ဂိုဏ်းရဲ့ အဓိက တပည့်မဟုတ်မှန်း သိသွားခဲ့ကြပြီးနောက် သူတို့ရဲ့ မျက်နှာပေါ်မှာ ပေါ်လွင်နေတဲ့ ကြောက်ရွံ့မှုတွေ ပျောက်ကွယ်သွားခဲ့တယ်။

ဒါပေမယ့်လည်း ကျောင်ယွင်ရှန်းနဲ့ ကျောင်မျိုးနွယ်လူတွေ အားလုံးက ယန်ချီရဲ့ မျက်နှာအမူအယာ ဒီလောက် တည်ငြိမ်နေလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။

ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ ကျောင်ယွင်ရှန်းနဲ့ သူ့လူတွေကို ဖြေးညှင်းစွာ ပြောလိုက်တယ်။

"မင်းတို့တွေက နည်းနည်းလေးသိတာကို သနားစရာ ကောင်းနေပြီ"

"ငါတို့တွေ သိတာ နည်းနည်းလေးလား"

ကျောင်ယွင်ရှန်းနဲ့ သူ့လူ ဆယ်ယောက်ကျော်လုံး အနည်းငယ် အံ့အားသင့်သွားခဲ့တယ်။ သူတို့တွေက ယန်ချီစကားရဲ့ ဆိုလိုရင်းကိုနားမလည်ခဲ့ကြပါဘူး။

"ဘယ် တစ်ခုလဲ"

ကျောင်ယွင်ရှန်းက မျက်နှာထက်မှာ သိချင်စိတ်တွေပေါ်လာပြီး ယန်ချီကို စူးစိုက်ကြည့်ကာ မေးလိုက်တယ်။

"အဲ့ဒါကတော့ငါတို့ရဲ့ ဂိုဏ်းခေါင်းဆောင်က ဒီနေရာမှာ ရှိနေတာပဲ"

ယန်ချီက ကျန်ဝူယီကို ကြည့်လိုက်ပြီးနောက် ကျောင်မျိုးနွယ်က ကျောင်ယွင်ရှန်းနဲ့ သူ့လူတွေကို ကြည့်လိုက်တယ်။

"ဘာ. . ."

ကျောင်ယွင်ရှန်းနဲ့ သူ့နောက်လိုက် လူဆယ်ယောက်ကျော်လုံး စိတ်ထဲ တုန်ယင်သွားခဲ့ကြတယ်။

"အဲ့ဒါရော အမှန်ဖြစ်ပါ့မလား"

သူတို့တွေက ပြောမယ့် စကားတွေကို ပြန်မြိုချပြီး ယန်ချီဘေးက ကျန်ဝူယီကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်တယ်။

ကျန်ဝူယီရဲ့ လှုပ်ရှားမှုတိုင်းမှာ အဆုံးမရှိတဲ့ လွှမ်းမိုးနိုင်စွမ်းတွေကို သူတို့တွေ တွေ့လိုက်ကြတယ်။

"ဖြစ်နိုင်တာက သူက တကယ်ကို လင်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်လား"

ကျန်ဝူယီရဲ့ လက်ထဲကို မြေကမ္ဘာအဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်လက်နက် ငွေရောင်တောက်ပတဲ့ တူ အဖမ်းဆီးခံရတာကို တွေးမိလိုက်ကြတယ်။

ဒီလို ကိစ္စမျိုးဆိုတာ သာမန် စိတ်ဝိဉာဉ်အရှင်သခင်အဆင့် တောင် မလုပ်နိုင်ပါဘူး။

ဒီအကြောင်းကို တွေးမိလိုက်ပြီး ကျောင်ယွင်ရှန်းနဲ့ သူ့လူတွေအားလုံး အလွန် ထိတ်လန့်သွားကြတယ်။

🐼🐼🐼🐼🐼🐼🐼🐼

Chapter 360 - အဆင်မြင့်နတ်ဆိုးစစ်သည်နဲ့ ဆုံတွေ့ခြင်း

"မင်း . . မင်းက ကျန်ဝူယီလား"

ကျောင်ယွင်ရှန်းတစ်ယောက် ကျန်ဝူယီကို ကြောက်လန့်တကြားကြည့်ပြီးမေးလိုက်တယ်။

"မင်းတို့တွေက င့ါကို စကားပြောဖိုက အဆင့်မရှိဘူး။ ငါ နောက်ဆုံးတစ်ကြိမ်ပြောလိုက်မယ်။ ထွက်သွားစမ်း"

စကားသံဆုံးသွားတာနဲ့ ကျန်ဝူယီက သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်တယ်။

အစွမ်းထက်တဲ့ စိတ်ဝိဉာဉ်စွမ်းအားက သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့တယ်။

ကျောင်ယွင်ရှန်းနဲ့ သူ့လူ ဆယ်ယောက်ကျော်က အစွမ်းထက်တဲ့ စိတ်ဝိဉာဉ်စွမ်းအားကို ခံစားမိလိုက်တယ်။ သူတို့တွေက ဝိဉာဉ်လွင့်ထွက်သွားမတက် ကြောက်လန့်သွားကြတယ်။

သူတို့ရဲ့ ခန္ဓာကိုယ်က မရပ်မနား တုန်ယင်နေခဲ့ပြီး စိတ်ဝိဉာဉ်တွေတောင်မှ တုန်ယင်နေခဲ့တယ်။

သူတို့တွေကကျန်ဝူယီရဲ့ အကြောင်းကို အရင်က သံသယ ဝင်ခဲ့ပေမယ့်လည်း ကျန်ဝူယီက လင်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဆိုတာကို လုံးဝ ယုံကြည်သွားခဲ့ပါပြီ။

ကျန်ဝူယီကို လင်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်မှန်း သိပြီးနောက် ကျောင်ယွင်ရှန်းနဲ့ သူ့လူတွေအားလုံး ကြောက်လန့်သွားကြတယ်။

သူက လင်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ပဲ။

ဒီလူက ကောင်းကင်ကြယ်အင်ပါယာနဂါးစာရင်းရှဲ့ ဒုတိယမြောက်အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပဲ။

သူတို့တွေက ဘာဖြစ်လို့ ဒီလောက် အစွမ်းထက်သူနဲ့ ရင်ဆိုင်မိရတာလဲ။

ရုတ်တရက် ကျောက်ယွင်ရှန်းနဲ့ သူ့လူတွေအားလုံး အံ့သြမှင်သက်မိသွားတယ်။ ဒါကြောင့် သူတို့တွေက စကားကိုတောင် တုန်တုန်ယင်ယင်နဲ့ ပြောခဲ့ကြတယ်။

"ဂိုဏ်းခေါင်းဆောင် ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် . . ကျွန်တော်တို့က အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို အပြစ်မပေးပါနဲ့"

ကျောင်ယွင်ရှန်းက ကျန်ဝူယီကို အဆောတလျင် တောင်းပန်လိုက်တယ်။ သူက မြေပြင်ပေါ်မှာ ဒူးထောက်မတက် ဖြစ်နေခဲ့တယ်။

ကျောင်မျိုးနွယ်က လူတွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ချွေးတွေနဲ့ ရွဲစိုနေကြတယ်။

သူတိုရဲ့ အမြင်မှာတော့ ဒီလို လူမျိုးက သူတို့တစ်သက်တာမှာ ကြောက်စရာအကောင်းဆုံးလူတစ်ယောက်လို့ ထင်မြင်နေခဲ့တယ်။

"သွားကြတော့"

ကျန်ဝူယီက ကျောင်ယွင်ရှန်းတို့ကို ဖြေးညှင်းစွာ ပြောလိုက်တယ်။

ဒီစကားကို ကြားတော့ ကျောင်ယွင်ရှန်းတစ်ယောက် လွတ်ငြိမ်ချမ်းသာခွင့်ရသွားသလို သူ လူတွေကို ခေါ်ပြီး မီယွင်တောအုပ်ထဲကနေ အမြန်ဆုံး ပြေးထွက်သွားခဲ့တယ်။ ဒီအမြန်နှုန်းက သူ့ရဲ့ တစ်သက်တာမှာ အမြန်ဆုံးပါပဲ။

စိတ်ဝိဉာဉ်ပညာရှင်တွေက စိတ်ဝိဉာဉ်တွေကို ပေါင်းစည်းပြီးနောက် ပြန်လည် အစားထိုးလို့ မရပါဘူး။

ဒီအတွက် မြေကမ္ဘာအဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်လက်နက် ငွေရောင်တောက်ပတဲ့ မှော်တူကလည်း တိုက်ပွဲမှာ အကျိုးသိပ်မရှိပါဘူး။

"ယန်ချီ မင်း ဒီစိတ်ဝိဉာဉ်လက်နက်ကို လိုချင်လား"

ကျန်ဝူယီက ယန်ချီကို ကြည့်ပြီးမေးလိုက်တယ်။

တကယ်တော့ သူက ယန်ချီကို ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်နဲ့ပေါင်းစည်းစေချင်ပါတယ်။ ဒါပေမယ့်လည်း ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်ဆိုတာ ရှာဖို့ မလွယ်ကူပါဘူး။ နောက်ဆုံးမှာတော့ မီယွင်တောအုပ်ဆိုတာ တကယ်ကို ကြီးမားလွန်းတယ်လေ။

မီယွင်တောအုပ်ထဲမှာ ရှိတဲ့ မြေကမ္ဘာအဆင့် အဆင့် မြင့် စိတ်ဝိဉာဉ်လက်နက် တစ်ခုက ကောင်းကင်အဆင့် အဆင့် နိမ့် စိတ်ဝိဉာဉ်လက်နက်အဖြစ် အဆင့်ချိုးဖြတ်သွားတာကို သိပမေယ့်လည်း ၎င်းကို ရှာဖို့က မလွယ်ကူပါဘူး။

သူက ယန်ချီရဲ့ အမြင်ကို အရင်ဆုံးမေးလိုက်တယ်။

"ဒင် ကောင်းကင်အဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်လက်နက် သွေးသံမဏိ အရိုးလက်နက်ရဲ့ မြေပုံကို ရရှိပါတယ်"

ရုတ်တရက် စနစ်ရဲ့ အသံကို ယန်ချီ ကြားလိုက်ရတယ်။

ကောင်းကင်အဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်လက်နက် သွေးသံမဏိ အရိုးလက်နက်ရဲ့ တည်နေရာပြ မြေပုံလား။

ယန်ချီတစ်ယောက် တိတ်တဆိတ် အံ့အားသင့်သွားမိတယ်။

အဲ့ဒီနောက်တော့ တည်နေရာပြမြေပုံတစ်ခုကသူ့စိတ်ထဲ ပေါ်လာတာကို တွေ့လိုက်ရတယ်။

ဖြစ်နိုင်တာက . . ဂိုဏ်းခေါင်းဆောင်ပြောတဲ့ စိတ်ဝိဉာဉ်လက်နက်ဆိုတာ သွေးသံမဏိ အရိုးလက်နက်ကို ပြောတာလား။

"ဂိုဏ်းခေါင်းဆောင် သူမကို ဒီစိတ်ဝိဉာဉ်လက်နက် ပေးလိုက်ပါ"

ယန်ချီက ပြောလိုက်တဲ့ သူမဆိုတာ ရှောင်ရိုကို ဆိုလိုတာပါ။

ရှောင်ရိုက ဘယ်လိုဖြစ်ဖြစ် လင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်လေ. ဒီမြေကမ္ဘာအဆင့် အဆင့် နိမ့် စိတ်ဝိဉာဉ်လက်နက် ငွေရောင်တောက်ပတဲ့တူကလည်း သူ့အတွက် အကျိုးမရှိဘူးလေ။

"ယန်ချီ မင်း ဒီကိစ္စကို သေချာ စဉ်းစားရမယ်နော်" ကျန်ဝူယီက ယန်ချီကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ "ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်ဆိုတာ ရှာဖို့ အလွန်ခက်ခဲတယ်"

"အင်း ရပါတယ်။ ကျွန်တော် အဲ့ဒါကို ရှာနိုင်တယ်"

ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။

ဒီစကားကို ကြားတော့ ကျန်ဝူယီက မှင်သက်သွားခဲ့တယ်။ ယန်ချီက ဒီလို စကားကို လွယ်လွယ်နဲ့ ပြောလိမ့်မယ်လို့ မမျှော်လင့်မိထားဘူးလေ။

"ယန်ချီ မင်း .. မင်းက ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်ကို ရှာနိုင်တာလား"

"ဟုတ်ကဲ့"

ယန်ချီက ခေါင်းညိတ် အဖြေပြန်ပေးလိုက်တယ်။

ကျန်ဝူယီက ယန်ချီရဲ့ မျက်နှာကို ကြည့်လိုက်ပြီး မယုံကြည်နိုင်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ယန်ချီက ခိုင်မာစွာ ပြောလိုက်တာကြောင့် သူ ဆက်မမေးတော့ပါဘူး။

ချက်ချင်းပင် ကျန်ဝူယီက ရှောင်ရိုကို မြေကမ္ဘာအဆင့် အဆင့် နိမ့် စိတ်ဝိဉာဉ်လက်နက် ငွေရောင်တောက်ပတဲ့ တူကို ပေးလိုက်တယ်။

ဒီမြင်ကွင်းကို မြင်တော့ အဖိုးအိုနဲ့ ရှောင်ရိုနှစ်ယောက်က အလွန်တရာကို အံ့အားသင့်သွားကြတယ်။

"ကျေးဇူးတင်ပါတယ် စီနီယာ ကျေးဇူးတင်ပါတယ် စီနီယာ"

အဖိုးအိုက ကျန်ဝူယီကို ကျေးဇူးတင်စကား လျင်မြန်စွာ ပြောလိုက်တယ်။

သူ့အနေနဲ့ အစောပိုင်းမှာ ရှောင်ရိုကို မီယွင်တောအုပ်ထဲ ခေါ်တာတာက အဝါရောင် အဆင့် စိတ်ဝိဉာဉ်လက်နက်ကိုရှာဖို့ပါ။ ဘာပဲဖြစ်ဖြစ် ရှောင်ရိုက အဆင့် ၁၂ စိတ်ဝိဉာဉ်ဆရာ အဆင့်သာ ရှိသေးတာလေ။

ဒါပေမယ့်လည်း ရှောင်ရိုက မြေကမ္ဘာအဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်လက်နက် ကို အမှန်တကယ် ရလိမ့်မယ်လို့ သူ မထင်ထားမိပါဘူး။

ဒီစိတ်ဝိဉာဉ်လက်နက်က မြေကမ္ဘာအဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်လက်နက် ငွေရောင်တောက်ပတဲ့မှော်တူလေ။

"ဂိုဏ်းခေါင်းဆောင် သွားကြစို့"

ယန်ချီက ကျန်ဝူယီကို ပြောလိုက်တယ်။

ကျန်ဝူယီလည်း ခေါင်းညိတ်လိုက်တယ်။

သူတို့နှစ်ယောက်က မီယွင်တောအုပ်အနက်ပိုင်းထဲကို ဆက်လျှောက်လာခဲ့ကြတယ်။

"ဂိုဏ်းခေါင်းဆောင် ကျွန်တော်တို့တွေ အနောက်ကနေ လိုက်ကြည့်လို့ရမလား"

အဖိုးအိုက သိချင်စိတ်နဲ့ မေးလိုက်တယ်။

သူ့ရဲ့ တဘဝလုံးမှာ ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက် ဖမ်းဆီးခံရတာကို တခါမှ မမြင်ဖူးပါဘူး။

"လိုက်ခဲ့လေ"

ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။

မီယွင်တောအုပ် အနက်ပိုင်းထဲ ရောက်တော့ . . ဒီနေရာက မီယွင်တောအုပ်တစ်ခုလုံးမှာ ကြောက်စရာ အကောင်းဆုံး နေရာတစ်ခုဖြစ်မှန်း ခံစားလိုက်ရတယ်။ ဒီနေရာမှာ အစွမ်းထက် စိတ်ဝိဉာဉ်လက်နက် များစွာ ရှိရုံမက နတ်ဆိုးသားရဲတွေနဲ့ နတ်ဆိုးမိစ္ဆာတွေပါ ရှိနေခဲ့တယ်။

ယန်ချီနဲ့ သူတို့အဖွဲ့က မီယွင်တောအုပ်အနက်ပိုင်းထဲ ရောက်ရောက်ချင်းမှာပဲ များစွာတော့ စိတ်ဝိဉာဉ်လက်နက်တွေကို မြင်လိုက်ရတယ်။

အဲ့ဒီ စိတ်ဝိဉာဉ်လက်နက်တွေကလည်း သူတို့တွေကို ကြည့်နေခဲ့တယ်။

ဖမ်းဆီးမခံရသေးတဲ့ စိတ်ဝိဉာဉ်လက်နက်တွေက တကယ်ကို ရန်လိုတက်ပါတယ်။

စိတ်ဝိဉာဉ်လက်နက်ကို အညံ့ခံနိုင်အောင် လုပ်နိုင်မယ်ဆိုရင် စိတ်ဝိဉာဉ်လက်နက်က ရန်လိုတော့မှာ မဟုတ်ပါဘူး။

ဒီစိတ်ဝိဉာဉ်လက်နက်တွေက အဆင့်နိမ့်တွေဆိုတော့ ယန်ချီက ယောင်လို့တောင် လှည့်မကြည့်ခဲ့ပါဘူး။

ဒီစိတ်ဝိဉာဉ်လက်နက်တွေကလည်း ယန်ချီနဲ့ သူ့အဖွဲ့က ရန်စဖို့ မလွယ်ကူကြောင်းခံစားမိတာကြောင့် တိုက်ခိုက်ခြင်း မရှိပါဘူး။

"ယန်ချီ မင်းတကယ်ကို ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်ကို ရှာနိုင်တာလား"

ကျန်ဝူယီက ယန်ချီကို နောက်တစ်ကြိမ်မေးလိုက်တယ်။

ဒီနေရာမှာ မီယွင်တောအုပ် အနက်ပိုင်းမှာ ရောက်နေတယ်ဆိုပေမယ့် ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်တွေက အလွန်တရာကို ရှားပါးပါတယ်။ ဒီလိုမီယွင်တောအုပ် အနက်ပိုင်းလို အန္တရယ်များကြီး ကျယ်ပြန့်တဲ့ နေရာမျိုးမှာ ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်ကို ရှာဖို့က ပြောသလောက် မလွယ်ကူပါဘူး။

လူများစွာက မီယွင်တောအုပ် အနက်ပိုင်းမှာ ဆယ်စုနှစ်များစွာ ရှာဖွေခဲ့ကြပေမယ့် ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်ကို ရှာမတွေ့ခဲ့ကြပါဘူး။

"ဂိုဏ်းခေါင်းဆောင် ကျွန်တော်နောက်ကနေ လိုက်ခဲ့"

ယန်ချီက ပြောလိုက်တယ်။

ပြောပြီးနောက် ယန်ချီက စိတ်ထဲမှာ ရှိတဲ့ တည်နေရာပြ မြေပုံအတိုင်း ဆက်လက် လျှောက်လှမ်းသွားခဲ့တယ်။

အဖိုးအိုနဲ့ ရှောင်ရိုတို့ကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ယန်ချီမှာ ဒီလို စွမ်းရည်မျိုးရှိနေပါလားလို့ တွေးမိလိုက်ကြတယ်။ သူက ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်ကို တကယ် ရှာနိုင်တာလား။

ကျန်ဝူယီ၊ အဖိုးအိုနဲ့ ရှောင်ရိုတို့သုံးယောက် ယန်ချီနောက်ကနေ လိုက်သွားကြတယ်။

မသိစိတ်ကနေ သူတို့ကို ယန်ချီက မလိမ်ဘူးလို့ ပြောနေပမယ့် ဒီကိစ္စက တကယ်ကို စိတ်ကူးယဉ်ဆန်လွန်းပါတယ်။

ယန်ချီကတော့ သူ့စိတ်ထဲက တည်နေရာပြမြေပုံအတိုင်း သွားမယ်ဆိုရင် နောက်ဆုံးမှာ ရောက်ရှိသွားလိမ့်မယ်လို့ အစောပိုင်းမှာ ထင်ထားမိခဲ့တယ်။

ဒါပေမယ့် မမျှော်လင့်တာ တစ်ခုက နတ်ဆိုးမိစ္ဆာတစ်အုပ်နဲ့ ရင်ဆိုင်မိလိုက်တာပါ။

ဒီနတ်ဆိုးက အဆင့်နိမ့် နတ်ဆိုးမိစ္ဆာလေးတွေပါ။

ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ ရာချီသော နတ်ဆိုးမိစ္ဆာတွေကို ကြည့်ပြီး ပျော်ရွှင်တဲ့ အမူအယာက သူ့မျက်နှာထက်မှာ ပေါ်လာခဲ့တယ်။

နတ်ဆိုးမိစ္ဆာတွေကို သတ်ဖြတ်ခြင်းအားဖြင့် ဓါးဆွဲထုတ်မှတ် ရတာဆိုတော့ သူက ဘာကြောင့် မလုပ်ပဲ နေရမှာလဲ။

"ဒီနတ်ဆိုးမိစ္ဆာတွေကို ကျွန်တော် တာဝန်ထားလိုက်"

ယန်ချီက ပြောလိုက်တယ်။

"အင်း ကောင်းတာပေါ့"

ကျန်ဝူယီက ပြန်ပြောလိုက်တယ်။

"ဂါး ဂါး. . . လူသား မင်းက ဘာကို ဆိုလိုချင်တာလဲ"

အဆင့်မြင့် နတ်ဆိုးစစ်သည်တစ်ကောင်က ယန်ချီကို ကြည့်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်တယ်။

"ဆိုလိုတာကတော့ ရှင်းပါတယ်။ ငါက မင်းတို့တွေကို တစ်ယောက်ထဲရှင်းပစ်မှာ"

ယန်ချီရဲ့ မျက်နှာက တည်ငြိမ်နေခဲ့ပြီး သူ့လေသံက ပြောင်းလဲမှု မရှိပါဘူးး။

ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေက ဒီစကားကို ကြားတော့ မှင်သက်သွားကြတယ်။

သူတို့တွေက လူသားတွေ မဟုတ်ပေမယ့်လည်း ယန်ချီကို ကြည့်ရတာ အလွန် အသက်ငယ်ရွယ်ပုံ ပေါက်နေတယ်လေ။

ဒီလို လူငယ်လေးက သူတို့အရှေ့မှာ ဒီလို စကားမျိုး ပြောရဲတာလား။

"လူသား မင်းကိုယ်မင်း မောက်မာတယ်လို့ မထင်မိဘူးလား"

အဆင့်မြင့် နတ်ဆိုးစစ်သည်က ယန်ချီကို စူးစိုက်ကြည့်ပြီး ခက်ထန်စွာ ပြောလိုက်တယ်။

"အဲ့ဒီလိုလား"

ယန်ချီက စကားဆုံးတာနဲ့ အဝါရောင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်နည်းစနစ် လှိုင်းစီးခြင်း ကိုယ်ဖော့ပညာနဲ့ လှုပ်ရှားလိုက်တယ်။

သူက အဆင့်မြင့် နတ်ဆိုးစစ်သည်နဲ့ အလွန်နီးကပ်တာ မဟုတ်ပေမယ့်လည်း အဆင့်မြင့် နတ်ဆိုးစစ်သည်အရှေ့ကို ချက်ချင်း ရောက်သွားခဲ့တယ်။

"ဘုန်း .. "

ယန်ချီက လက်သီးတစ်ချက် ထိုးလိုက်တဲ့အခါ အဆင့်မြင့်နတ်ဆိုးစစ်သည်က တုန့်ပြန်နိုင်ခြင်း မရှိခဲ့ပါဘူး။

"အဆင့်မြင့် နတ်ဆိုးစစ်သည်ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် +၉၀၀"

Continue Reading

You'll Also Like

571K 91.9K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
51.1K 4K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
41.2K 6.9K 29
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...