Seint (စိမ့်) >
By kokolayphilo
31.9K 1.5K 100
Ladyboy လေးကို ပြိုင်ကြိုက်ကြတဲ့ Seme နှစ်ယောက်။ လုံးဝမတည့်ရာကနေ ဘယ်လိုတွေ ချစ်သွားကြမှာလဲ? လူဆိုးဂိုဏ်းခေါင... More
1
2
3
4
5
6
7
9
10
11
12
13
14
15
16
17
18
19
20
End
8
1K 58 0
By kokolayphilo
စိမ့်။
အပိုင်း (၈)
မျိုးသက် ဆိုင်ကယ်ကို အရှိန်လျော့ချ လိုက်သလို ကားကလဲ ဘရိတ်ကို နင်းချလိုက်တာမို့ လမ်းလယ်ခေါင်မှာ သူတို့ ဆိုင်ကယ်နဲ့ စိုင်းကိုကားက ယှဉ်လျက်သား ရပ်လို့သွားပါတော့တယ်။ စိုင်းကို ကားပြတင်းကနေ ခေါင်းကို ထုတ်ကာ
“ဆိုင်ကယ်ကို လူလိုသူလိုမောင်း ဟေ့ကောင်။ မင်းသေ သွားတာ ပြသနာမဟုတ်ဘူး။ စိမ့်တစ်ခုခု ဖြစ်ရင် မင်းကိုငါ အမှုန့်ချေပစ်မယ်။”
မျိုးသက်ကို ပြောပြီး စိမ့်ကို စူးရဲစွာ စိုက်ကြည့်လိုက်ကာ
“မင်းနဲ့ငါ နောက်မှ စာရင်းရှင်းမယ်။”
ပြောပြီးကားကို မောင်းထွက်သွားပါတော့တယ်။
“ဒီကောင်က ဘလိုင်းကြီးနော်။ အဖွဲ့အားကိုးနဲ့ ပိုက်ဆံရှိတိုင်း မိုက်နေတာ အလကားကောင်။”
“သူတစ်ယောက်ထဲလဲ စိမ့်နဲ့ တန်းတူလောက် တိုက်ရည်ခိုက်ရည် ရှိတယ် အစ်ကို။ ထားပါ ပြန်ကြမယ်။ မှောင်နေပြီနော်။”
“အင်းပါ။ ပြီးရော။”
အပြန်လမ်းမှာတော့ နှစ်ယောက်စလုံး အတွေးကိုယ်စီနဲ့ ငြိမ်သက်လို့နေကြပါတော့တယ်။ စိမ့်အိမ်ရှေ့ရောက်တော့ စိမ့် ဆိုင်ကယ်ပေါ်မှ ဆင်းပြီး မျိုးသက်ကို နှုတ်ဆက်မလို့ လုပ်တုန်းရှိသေးတယ် မျိုးသက် ဆိုင်ကယ်ကို မောင်းကာ ထွက်သွားပါတော့တယ်။ စိမ့်သက်ပြင်းကိုသာ ချလိုက်မိပါတယ်။ ဖွင့်ပြောလိုက်ရင် ရမယ်ဆိုတာ သိသိကြီးနဲ့ ဖွင့်လဲမပြော။ တခြားသူနဲ့ကျတော့လဲ စိတ်မချနဲ့ ခက်လိုက်တာအစ်ကိုရယ်။
………………………….
ညကအတော်နဲ့ အိပ်မပျော်တာမို့ မျိုးသက် မနက်အိပ်နေတုန်း အမေလာနှိုးမှ နိုးပါတယ်။
“ထတော့လေ သားရဲ့။ သွားစရာရှိတာကို ပြင်ဆင်စရာရှိတာ ပြင်ဆင်ပါဦး။”
“ဟုတ်ကဲ့ပါ အမေရ။ ညထဲက သားအားလုံး ပြင်ဆင်ပြီးသားပါ။”
ကုတင်ပေါ် တင်ပါးလွှဲလေး ထိုင်လာတဲ့ အမေ့ခါးကို ဖက်ရင်း မျိုးသက်ချွဲလိုက်ပါတယ်။ အမေက ပြုံးကာ မျိုးသက်ခေါင်းကို အသာပွတ်လိုက်ရင်း
“ဒီနေ့ သားကြိုက်တဲ့ ဟင်းတွေ အမေ အများကြီးချက်ထားတယ်။ စားသောက်ပြီးမှ အမေတို့ ဒီကနေ အကုန်သွားကြမယ်နော်သား။”
“ဟုတ် အဲဒါဆို သားရေချိုးလိုက်ဦးမယ် အမေ။”
မျိုးသက်ရေမိုးချိုးပြီးတော့ အဖေကော အမေပါ ထမင်းလက်စုံ စားကြတယ်။ ပြီးတော့ အားလုံး အဝတ်အစားလဲပြီး လေယာဉ်ကွင်းသွားဖို့ ပြင်ဆင် ကြပါတော့တယ်။ အားလုံးပြင်ဆင်ပြီးကြတော့ မျိုးသက် အဖေနဲ့အမေကို ရှစ်ခိုးကန်တော့ပြီး သူတို့ကားလေးနဲ့ အိမ်ကနေ ထွက်လာပါတော့တယ်။ စိမ့်တို့ အသုပ်ဆိုင်လေး ရှေ့ကနေ ဖျတ်တော့ ဆိုင်လေးက ပိတ်ထားဆဲ။ စိမ့် အဆင်ပြေရဲ့လား။ တစ်နေရာရာကို ထပ်များ ပြောင်းသွားမှာလား။ စိမ့်အကြောင်းတွေး မိလိုက်တာနဲ့ လူက ငိုင်ကြကာသွားရပါတော့တယ်။
“စိတ်မကောင်းမဖြစ်ပါနဲ့ သားရယ်။ ဟိုမှာ အဆင်ပြေမှာပါ။ သားပဲ အရမ်းသွားချင်ခဲ့တာ မဟုတ်လား။ သား .. သား။”
“ဗျာ ဟုတ် အမေ သားညက အိပ်တာ နောက်ကျသွားလို့ ငိုက်သွားတာ ဘာမှမဖြစ်ဘူး။”
“ဖြစ်ရမယ် ခုချိန်ထိ ကလေးလေး ကျနေတာပဲ။”
“ဟီး။”
……………………………….
“ဆုမွန်ရေ အိမ်ရှေ့က ဧည့်သည်ထင်တယ် သမီး သွားကြည့်စမ်း။”
“ဟုတ်ကဲ့။”
ကားရပ်သံ ကြားတာမို့ ဦးမြတ်ထန်က ဆုမွန်ကို သွားကြည့်ခိုင်းတာပါ။ ဆုမွန်အိမ်ရှေ့ ရောက်လာတော့ ရပ်ထားတဲ့ ကားနှစ်စီးနဲ့ ခြံအဝမှာ ရပ်နေတဲ့ ဘယ်ကမှန်းမသိတဲ့ လူစိမ်းယောက်ျားလေး နှစ်ယောက်ကို တွေ့ရပါတယ်။
“ဘာကိစ္စရှိလို့လဲ မသိဘူးနော် အစ်ကိုတို့။”
“အော် ဒီက အိမ်ရှင်က မှာလိုက်တာရှိလို့ပါ ဦးမြတ်ထန်နဲ့ တွေ့လို့ရမလား ညီမလေး။”
“သြော် ဟုတ်ကဲ့ ရပါတယ်။”
ခြံတံခါးကို ဖွင့်လိုက်တာနဲ့ သူတို့ နှစ်ယောက်အထဲကို ရောက်လာကာ ဆုမွန်နောက်က လိုက်လာပြီး အိမ်ပေါ် တက်ခါနီးမှာ ခါးနောက်မှာ ဆူးခနဲ ဖြစ်သွားသလို တစ်ယောက်က ဆုမွန်လည်ပင်းကနေ သိုင်းလိုက်ကာ ဓါးတစ်လက်နဲ့ လည်ပင်းကို ထောက်ကာ အိမ်ထဲ ခပ်မြန်မြန် ဝင်လိုက်ပါတယ်။ အိမ်ထဲရောက်တာနဲ့
“ဦးမြတ်ထန် ဘယ်မှာလဲ။”
“အဖိုး။”
ဆုမွန် အော်လိုက်ချိန်မှာ ဦးမြတ်ထန် အိမ်နောက်ဖေး ခန်းကနေ ထွက်လာကာ ခြေလှမ်းတွေကို ရပ်လိုက်ပါတယ်။
“မင်းတို့ ဘာလုပ်ကြတာလဲ။ ဘာလိုချင်လို့လဲ။”
ဦးမြတ်ထန် အသံက ခပ်တည်တည် ခပ်တင်းတင်း ပါပဲ။
“ကျုပ်တို့ကို ဘာမှ မလုပ်စေချင်ရင် ခများတို့ မြေးအဖိုး နှစ်ယောက်စလုံး ကျုပ်တို့နဲ့ အေးဆေး လိုက်ခဲ့ပါ။”
“ဘာအတွက်နဲ့ ဘယ်ကိုလိုက်ရမှာလဲကွ ငါတို့က။”
“အဲဒါ ခများသိဖို့ မလိုဘူး။ စကားတွေမများနဲ့ သွားမယ်။ အသာတကြည်မလိုက်ပဲ အော်လို့ကတော့ ခများတို့ နှစ်ယောက်စလုံး သေမယ့်သာ ကြံထား။”
ဦးမြတ်ထန် အကြည့်တွေ ဆုမွန်စီရောက်သွားချိန်မှာ ဆုမွန် မျက်လွှာကို အသာချပြလိုက်ပါတယ်။ ဦးမြတ်ထန် အကြည့်က ကျန်ရပ်နေတဲ့ သူစီ ရောက်သွားတာနဲ့ တစ်ပြိုင်နက် မြေးအဖိုး နှစ်ယောက်စလုံး တစ်ပြိုင်ထဲ လှုပ်ရှားလိုက်ကြပါတယ်။ ဆုမွန်က သူ့လည်ပင်းကို ထောက်ထားတဲ့ ဓါးကိုင်ထား တဲ့လက်ကို လက်နှစ်ဖက်နဲ့ အားကုန်တွန်းကို ခေါင်းကို လျှိုပြီး ထွက်လိုက်သလို ဦးမြတ်ထန်ကလည်း သုတ်ခနဲ ပြေးသွားကာ ရပ်နေတဲ့ တစ်ယောက်ရဲ့ မေးစောင်းကို ပြေးကန်ချလိုက်ပါတယ်။
“ဝုန်း။”
ပြီးတာနဲ့ တပြိုင်နက် ဦးမြတ်ထန်က ဓါးကိုင်ထားတဲ့ တစ်ကောင်ရဲ့ ရှေ့မှာရပ်လိုက်ပြီး ဆုမွန်က အကန်ခံရပြီး လဲသွားရာမှ ကုန်းထလာတဲ့ သူရှေ့မှာ လက်သီးကိုပြင်ကာ ရပ်လိုက် ပါတော့တယ်။ အဲဒီ့အချိန်မှာပဲ အိမ်ပေါက်ဝကို ပြေးဝင်လာတဲ့ ယောက်ျားလေး တအုပ်။ တစ်အိမ်လုံး ပစ္စည်းတွေ ပြိုလဲကာ ဆူညံနေပေမယ့် ခြံရှေ့မှာ ခပ်တည်တည်နဲ့ ပိတ်ရပ်နေတဲ့ သူနှစ်ယောက်ကြောင့် အနီးပတ်ဝန်းကျင်က လူများ ဘယ်သူမှ လာပြီး မကူညီ နိုင်ကြပေ။
ဦးမြတ်ထန်က တစ်ယောက်ပြီးတစ်ယောက် လှဲချလိုက် ပြန်ထလာရင် ဆုမွန်က ဆက်ပြီး တွယ်လိုက်နဲ့ လက်ပန်းကျလုလုမှာ ဦးမြတ်ထန် နောက်ကနေ ဒုတ်နဲ့ ဝင်ရိုက်တာကို သတိမထားလိုက် မိတာမို့ ခွပ်ခနဲ ထိကာ လဲကျလို့သွားပါတော့တယ်။
“အဖိုး။ အား…..။”
ဦးမြတ်ထန် လဲသွားချိန်မှာတော့ ဆုမွန်ထံကို ယောက်ျားလေးတွေ ပြုံစုကာ ရောက်လို့သွားပါတော့တယ်။
……………………………….
“ကိုမျိုး ဟိုရောက်ရင် ပုံလှလှလေးတွေ ရိုက်ပြီး သမီးကို ပို့ပေးနော်။ တီတီ့ကို သမီးပြန်ပြပေးမယ်။ နောက်ပြီး သမီး အကောင့်ကနေ VC ပြောလို့ ရတယ်။”
“နင်အမေ့ကို အကောင့်တစ်ခု ဖွင့်ပေးပြီး သင်ပေးလိုက်လေ။ ကြားလား။”
“ဟုတ်။ သမီးကိုလဲ လက်ဆောင်တွေ ပို့ပေးနော် ကိုမျိုး။”
“အေးပါ အေးပါ။ နင်သာ အဖေနဲ့ အမေကို ဂရုစိုက်ဟုတ်ပြီလား။”
“စိတ်ချစမ်းပါ။ သမီးတစ်ယောက်လုံး ရှိနေတာကို။”
ညီမလေး ခင်မျိုးအေး စကားကြောင့် သူတို့ သုံးယောက်စလုံး ရီလိုက်မိပါတယ်။ ခင်မျိုးအေးကလည်း အသက် (၁၉) နှစ်ရှိပြီ ရူးတူးတူး ပေါတောတော။ အိမ်အလုပ်ကတော့ အရမ်းလုပ် တာမို့ စိတ်ချရတယ်လေ။
“သား ဟိုမှာ ကျန်းမာရေး ဂရုစိုက် အဆင်မပြေရင်လဲ တအားဒုက္ခခံမနေနဲ့ ပြန်လာခဲ့။”
“ဟုတ်အဖေ။ သားအတွက်မပူပါနဲ့ အမေ့ကိုသာ ဂရုစိုက်ပါ။”
“အမလေး အမေက ဘာမှမဖြစ်ဘူး သားသာ ဂရုစိုက်ပါသားရယ်။”
မျိုးသက်စကားကြောင့် အမေက ဝင်ကာ ပြောရင်း မျိုးသက် လက်ကို ကိုင်လို့ထားပါတယ်။
“ဘီယာတွေ အရမ်းမသောက်နဲ့နော် သားလေး။ ဘုရား၊ တရားကို လဲမမေ့နဲ့။”
“ဟုတ်ကဲ့အမေ။”
လေယာဉ်ကွင်းမှာ အေးဂျင့်က လိုက်ပို့မယ့်သူ မရောက်သေးသလို အချိန်ကလဲ လိုသေးတာမို့ အဆောက်အဦးထဲက ဆိုင်လေး တစ်ဆိုင်မှာ သူတို့ မိသားစု စကားထိုင်ပြောနေကြတာပါ။ အားလုံးက စိတ်မကောင်းပေမယ့် ပျော်ရွှင်စွာပဲ ပြုံးပျော်နေကြတယ်လေ။
………………………………..
အိမ်မှာနေရင် စိတ်က တောင်တွေး မြောက်တွေးနဲ့မို့ မနက်ဖြန်ကို ဆိုင်ပြန်ဖွင့်ဖို့ ဆုံးဖြတ်လိုက်ပြီး နေ့လည်ပိုင်းမှ စိမ့်စျေးကို သွားလိုက်မိတာပါ။ လိုအပ်တာတွေ ဝယ်ပြီး စျေးကနေ ပြန်လာတော့ ခြံတံခါးက ဟောင်းလောင်းပွင့်နေတာမို့ မျက်မှောင်ကျုတ်လိုက်မိပါတယ်။ အိမ်ရှေ့မှာ စက်ဘီးလေး ရပ်ပြီး ဒေါက်ထောက်မလို့ ပြင်နေတုန်း အိမ်ပေါ်ကို လှမ်းကြည့်မိလိုက်တဲ့ အချိန်မှာ စိမ့်မျက်လုံးတွေ ပြာခနဲ ဖြစ်သွားရ ပါတော့တယ်။ သွေးကွက် အချို့နဲ့ ပြိုလဲနေတဲ့ ပစ္စည်းတွေ မြင်မကောင်းပေ။ စိမ့် စက်ဘီးကို အိမ်ဖက်ကို တွန်းလှဲလိုက်ကာ အိမ်ပေါ် ပြေးတက်လာလိုက်ပါတယ်။
“အဖိုး ဆုမွန် အဖိုး အဖိုး ဆုမွန်။”
တစ်အိမ်လုံးဘယ်သူမှ ရှိမနေပါ။ ဒါဒါ ဘယ်သူ့လက်ချက်လဲ။ စိမ့်ရင်ထဲမှာ ဒေါသတွေ ဆူပွက်လို့ နေရပါပြီ။ ဘယ်မှာလိုက်ရှာရမလဲ။ ဒါ စိုင်းကို လက်ချက်လား။ လတ်တလော ပြသနာတွေ အရတော့ အနီးစပ်ဆုံးက စိုင်းကိုပဲ ရှိတာမို့ စိမ့် သူ့စီသာလိုက်ဖို့ ပြင်လိုက်ပါတော့တယ်။ စက်ဘီးမှာ ချိတ်နေတဲ့ အထုပ်တွေ ဒီတိုင်းဆွဲဖြုတ်လိုက်ကာ မြေကြီးပေါ်သာ ပစ်ချထားပြီး အိမ်တံခါးတွေလဲပြန် မပိတ်မိပဲ ထွက်လာခဲ့လိုက်ပါတော့တယ်။
စက်ဘီးကို အားစိုက်ပြီး တက်နိုင်သမျှ အမြန်ဆုံး နင်းနေမိတယ်။ စိမ့်ဆံပင်လေးတွေ လေထဲမှာလွင့်နေသလို ဝတ်ထားတဲ့ ရှပ်အင်ကျီခပ်ပွပွက လေတိုးတဲ့ အရှိန်ကြောင့် ဖောင်းနေလေရဲ့။ နှဖူးက ချွေးစလေးတွေ စို့လို့နေပေမယ့် ပါးပြင်က သနပ်ခါးက လုံးဝမပျက်သွားတာ စိမ့်ရဲ့ ပုံစံပါပဲ။ မျက်လုံးထဲမှာ စက်ဘီး နင်းရင်းနဲ့ မျက်ရည်တို့က ဝိုင်းတက်လာတာမို့ လက်ပြန်နဲ့ သုတ်လိုက်ရင်း စက်ဘီးကိုသာ ဆက်နင်းနေလိုက်ပါတယ်။ ဆုမွန်နဲ့ အဖိုး ပဲ စိမ့်ဘဝမှာ တွယ်တာစရာ ရှိတာပါ။ စိမ့်ကိုလည်း ချစ်ကြပြီး စိမ့်ဘဝကို နားလည်ပေးတဲ့ ဒီမိသားစုလေး တစ်စုံတစ်ခု ဖြစ်လို့ကတော့ ဘယ်လိုလူမျိုးကိုမှ စိမ့် ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။
နေပူချက်ကလဲ နေ့လည်ခင်း အချိန်မို့ အရမ်းကိုပူနေပေမယ့် စိမ့်ရင်ထဲက အပူတွေကို မဖုံးနိုင်မတားနိုင် ပါဘူး။ စက်ဘီးလေးက ခြံကျယ်ကြီး တစ်ခုရဲ့ သံတစ်ခါး အကြီးကြီးရှေ့မှာ ကျွီခနဲ ထိုးရပ်သွားချိန်မှာ စိမ့် စက်ဘီးပေါ်က ဆင်းလိုက်ပါတယ်။ ပြီးတော့ အင်ကျီလက်စကို တံတောင်စစ်အထိ ခေါက်တင် လိုက်ပြီး ပုဆိုးကို တင်းနေအောင် ပြန်ပတ်ကာ ခပ်တိုတို ဝတ်လိုက်ပါတယ်။ ခြံတံခါးရှေ့ရောက်တော့ တွန်းကြည့်မိတော့ ပိတ်ထားတာမို့ တံခါးကို လက်သီးစုပ်နဲ့ ထုချလိုက်ပါတယ်။
……………………………….
မျိုးသက် အဖေနဲ့ အမေရှေ့မှာ ဒူးထောက်ချလိုက်ပြီး လက်အုပ်ချီကာ အဖေနဲ့ အမေကို ကန်တော့လိုက်ပါတယ်။ အဖေနဲ့ အမေက ဆုတွေ ပေးလို့ ပြီးတော့ မျိုးသက် လက်ကေ့ချ်ကို ဆွဲကာ Departure ထဲ ဝင်သွားလိုက်ပါတော့တယ်။ အဖေနဲ့ အမေကတော့ လက်ပြရင်း ကျန်ခဲ့ပါတော့တယ်။ လက်ပြပြီး ပြန်လှည့်လိုက်ချိန်မှာ မျိုးသက် သတိရလိုက်တာက စိမ့်။ စိမ့် ကိုနှုတ်ဆက်ခဲ့ရပေမယ့် ဒီလို တွေ့ခွင့်ရတဲ့ အချိန်လေးအထိ တွေ့ချင်နေမိသေးတာလေ။ မင်းငါ့ ကိုစောင့်နေပါ စိမ့်။ ငါမင်းစီ ပြန်လာခဲ့မယ်။ မင်း အစစအရာရာ ဂရုစိုက်ပါ။
……………………………….
ခြံတံခါးပွင့်သွားတော့ အစောင့်က ချက်ခြင်းပဲ
“အထဲမှာ ဆရာစောင့်နေပါတယ်။”
စိမ့် ပြန်လှည့်ကြည့်မနေပဲ အိမ်ထဲကို ဝင်လာခဲ့လိုက်ပါတယ်။ အိမ်ထဲရောက်တော့ ဧည့်ခန်းက ဆိုဖာခုံမှာ ခြေထောက်ကိုချိတာ ထိုင်နေတဲ့ စိုင်းကို ကိုတွေ့ ရတာမို့ စိမ့် အနားကို လျှောက်သွားလိုက်ပါတယ်။ အနောက်တိုင်းဝတ်စုံ အနက်ရောင်ကို အထဲက အဖြူရောင်ရှပ်နဲ့ သေ သပ်ကျနစွာ ဝတ်ဆင်ထားတဲ့ စိုင်းကိုက လက်ပြကာ ရှေ့မှာ ဝင်ထိုင်ခိုင်းပေမယ့် စိမ့် ခြေလှမ်းတွေက စိုင်းကို ရှိရာစီကိုသာ ဦးတည်နေပါတယ်။ စိုင်းကို နောက်က တပည့် နှစ်ယောက်က ချက်ခြင်း လှုပ်ရှားလာပေမယ့် စိုင်းကို လက်ပြလိုက်တာမို့ ရပ်သွားကြပါတယ်။
စိမ့် စိုင်းကို အင်ကျီစကို ကိုင်က ဆွဲမလိုက်တော့ စိုင်းကိုကလဲ စိမ့်လက်ကို ကိုင်ကာ ပြန်ပြီး တောင့်ထားတာမို့ ထိုင်ရာကနေ ကြွမလာပေ။
“ငါ့ ညီမနဲ့ အဖိုး ဘယ်မှာလဲ စိုင်းကို။ သူတို့ တစ်ခုခု ဖြစ်ရင် မင်းကို ငါအရှင်မထားဘူး ဆိုတာ မင်းမမေ့နဲ့နော်။”
“သိချင်ရင် မင်းလက်ကို အရင်လွှတ်လိုက်။”
စိမ့်လက်လွှတ်လိုက်တော့ စိုင်းကို ထရပ်လိုက်တာမို့ စိမ့်နဲ့ စိုင်းကို နှစ်ယောက်ရပ်နေတာ အရမ်းနီးကပ်လို့နေပါတယ်။
“ဟိုကောင့် ဆိုင်ကယ်နောက်က လိုက်စီးရတာ အရမ်းပျော်လား။”
“ဘာတွေ လာမေးနေတာလဲ ငါအဲဒါတွေ စိတ်မဝင်စားဘူး။ ငါမေးတာဖြေ။”
“အဲဒါတွေ ဖြေဖို့ မင်းက ငါမေးတာကို အရင်ဖြေရမှာလေ ဟုတ်ပြီနော်။”
စိမ့် မျက်လုံးတွေကို မှိတ်ချလိုက်ကာ အသက်ကို ဝအောင်ရှုသွင်းလိုက်ပါတယ်။
“မင်းနဲ့ ဖုန်းပြောဖို့ စောင့်နေတဲ့ ငါ့ကို စောင့်ခိုင်းပြီး ဟိုကောင်နဲ့မင်း နှစ်ယောက်ထဲ သာယာနေတာ ဘာသဘောလဲ စိမ့်။ ငါသောက်ရူး မဟုတ်ဘူး။ အကုန်သိတယ်။ မင်းနဲ့ ပက်သက်လာရင် မင်းတစ်နေ့ အိမ်သာ ဘယ်နှစ်ခါ တက်တယ် ဆိုတာက အစ ငါသိတယ်။ အဲဒါမင်းသိလား။”
“သိစရာမှ မလိုတာ။ မင်းကို ငါမှစိတ်မဝင်စားတာကို ရှင်းနေတာပဲ ဟာ။”
“တောက် မင်းကွာ။ အေး….. ဟုတ်ပြီ။ မင်းငါ့ကို စိတ်မဝင်စားလဲ ရတယ်။ ဒါပေမယ့် တစ်နေ့မှာ မင်းက ငါ့အပိုင်ပဲ ဖြစ်ရမယ်ဆိုတာ မင်းအသွေးထဲ အသားထဲကနေ သေတဲ့ အထိမှတ်ထားလိုက်။”
“ရူးနေလား သွားသေလိုက်လေ။”
“စိမ့်။”
“ဘာလဲ။”
ဒေါသထွက်ထွက်နဲ့ စိုင်းကို အော်လိုက်သလို စိမ့်ကလဲ ရင်ဘတ်ကိုဖွင့်ကာ ပြန်ထူးလိုက်ပါတယ်။ နှစ်ယောက်သား အရမ်းကပ်နေပြီး တစ်ယောက်နဲ့ တစ်ယောက် အော်ပြီးချိန်မှာ အသံတိတ် မျက်လုံးချင်း အားပြိုင်နေမိပါတယ်။
တစ်ယောက်ကို တစ်ယောက်ပေါက်ထွက်မတက် ကြည့်နေတဲ့ အကြည့်တွေက စက္ကန့်များစွာကို ကုန်လွန်သွားစေပါတယ်။ စိုင်းကို လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်တော့ နောက်က တပည့်တစ်ယောက်က လက်ထဲကို I Pad လေး လာထည့်ပေးလာပါတယ်။ စိုင်းကို နှုတ်ခမ်းလေး တစ်ဖက်ကို ကွေး ညွတ်သွားအောင်ပြုံးလိုက်ရင်း လက်ထဲက I Pad ကို ထောင်ပြလိုက်ပါတယ်။
စိမ့်လှမ်းယူလိုက်ပေမယ့် စိုင်းကို ရှောင်လိုက်ရင်း ကိုင်ထားရာကနေ စိမ့်မြင်သာအောင် ထောင်ပြလို့လာပါတယ်။
“ဟင်။”
Continue Reading
You'll Also Like
1.7M 95.1K 49
80.4K 11.1K 78
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
738K 41.8K 26
Jk - Possessive type #Warning Cv_ Pinterest