အပိုင္း ၈ ယမ္းမႈန္႕အနံ႕မ်ား
" သူ အစားမ်ားသြားလို႕ လမ္းေလွ်ာက္ထြက္မယ္လို႕ ေျပာသြားတာပဲ"
၀မ္ေနာ့က ရယ္သည္။
လိေမၼာ္ေရာင္ ေနေရာင္က က်ိဳင္ရွင္းခ်န္၏ မ်က္ႏွာေပၚ ျဖာက်လာခ်ိန္တြင္ ေဟာ့ခ်န္း၏ အၾကည့္မ်ားကလည္း မလႊဲနိုင္ေတာ့ေခ်။
ေဟာ့ခ်န္းက ေျခလွမ္းက်ဲၾကီး လွမ္းကာ အနားကပ္သြားသည္။ က်ိဳင္ရွင္းခ်န္၏ အ၀တ္က ကိုယ္တြင္ကပ္ေနျပီး ေတာက္ပစြာ ျပံဳးေနသည့္အခါ လူငယ္ဆန္မႈ၊ေပါ့ပါးမႈႏွင့္ သဘာ၀က်မႈတို႕ ေပါင္းစပ္ေနေလသည္။
ေဟာ့ခ်န္းက ရွင္းခ်န္ကို ဆြဲထူသည္။ သူတို႕က ခပ္မတ္မတ္ ရပ္ေနျခင္း မဟုတ္သျဖင့္ အရပ္က ညီလုနီးပါးျဖစ္ေနျပီး ပခံုးအက်ယ္ႏွင့္ခႏၶာကိုယ္ကသာ ကြာျခားေနသည္။ ေဟာ့ခ်န္းက သူ၏ လည္ကုတ္ကို ငံု႕ၾကည့္လိုက္သည္။ေရစိုေနေသာ ရွပ္ႏွင့္ ေဘာင္းဘီက ေက်ာႏွင့္ကပ္ေနသျဖင့္ က်န္းမာကာ သြယ္လ်ေသာ လူငယ္ဆန္မႈက ထင္ရွားေနသည္။
သူက ေနေရာင္ထက္ေတာင္ ခမ္းနားထည္၀ါေနေသးတယ္။ တစ္ေလာကလံုးရဲ႕ ေတာက္ပမႈေတြက သူ႕အေပၚ က်ေရာက္ေနသလိုမ်ိဳး....
သြမ့့္ရီဟြားတို႕က အနားမယူခ်င္ၾကေသးေခ်။ သူတို႕က ဖိနပ္မ်ားခၽြတ္ျပီး ေဘာင္းဘီမ်ား လိပ္တင္ကာ ပင္လယ္ထဲ ဆင္းေလွ်ာက္သြားၾကသည္။
လင္းခ်င္ခ်င္က ယန္က်စ္ကို လွည့္ၾကည့္ကာ ေမးသည္။
" မင္းေရာ ေရထဲ မဆင္းဘူးလား"
ယန္က်စ္က ေခါင္းခါသည္။
လင္းခ်င္ခ်င္ကလည္း ေတြးေတာျပီး ယန္က်စ္ႏွင့္သာ ဆက္ေနလိုက္သည္။
လင္းခ်င္ခ်င္အေနႏွင့္ ကင္မရာက ေတာက္ေလွ်ာက္ရိုက္ေနျခင္းႏွင့္ က်င့္သားမရေသးေခ်။ သို႕ေသာ္ ယန္က်စ္က က်င့္သားရျပီးသားျဖစ္သည္။ယခုလို ပင္လယ္ႏွင့္ေကာင္းကင္ကို ေနာက္ခံံရထားျခင္းကအ ေကာင္းဆံုး ရႈတင္ ျဖစ္ေနသည္။
သူက ညင္သာယဥ္ေက်းျပီး လူၾကီးလူေကာင္းဆန္သည္။ထိုကဲ့သို႕ အက်င့္စရိုက္ႏွင့္ ယန္က်စ္ ဂိမ္းကစားခ်ိန္တြင္ ၾကမ္းတမ္းကာ ေၾကာက္မက္ဖြယ္ေကာင္းသြားမႈတို႕ ႏိႈင္းယွဥ္မိခ်ိန္တြင္ လင္းခ်င္ခ်င္ ရင္ဖိုသြားရသည္။
ဟူရင္းက ေျခေထာက္ေပၚ ပင္လယ္ေရမ်ား ေလာင္းေနရင္း ယန္က်စ္ႏွင့္ လင္းခ်င္ခ်င္ကို မၾကာခဏ ဆိုသလို ၾကည့္ေနသည္။
ေနေရာင္က မွိန္ေဖ်ာ့သြားျပီး ညေနဆည္းဆာက လွပလာခ်ိန္တြင္ ပင္လယ္ေရႏွင့္ ေလေျပက ေအးစျပဳလာသည္။ ရိုက္ကူးေရးအဖြဲ႕က သူတိုု႕အား ျပန္ကာ ဧည့္ခန္းတြင္ စကားေျပာရန္မေစာင့္ခ်င္ေတာ့သျဖင့္ ကမ္းေျခတြင္သာ စကား၀ိုင္း စရန္ျဖစ္လာသည္။
" ဒါေပမဲ့ ေဖးရႊီက ဒီမွာ မရွိဘူးေလ"
ဟူရင္းက ေျပာသည္။
" ငါတို႕ သူ႕ကို ဆက္သြယ္ထားျပီးပါျပီ။ မိနစ္ပိုင္းအတြင္း ေရာက္လာပါလိမ့္မယ္"
၀န္ထမ္းက ေျပာသည္။
က်ိဳင္ရွင္းခ်န္က ေမးလိုက္သည္။
" သူက ဘယ္ေနရာကို သြားတာလဲ"
" သူက ၀မ္းျပားေလွေတာင္ကုန္းဘက္ကို သြားတာ"
ေနက ၀င္ေတာ့မည္ျဖစ္သည္။ ပင္လယ္ႏွင့္ ေကာင္းကင္ကို မီးေတာက္လို အလင္းမ်ိဳးျဖင့္ အလွဆင္ထားေသာ္လည္း တိမ္စိုင္မ်ားက မည္းလာသျဖင့္ ေရႊေရာင္အလင္းအျဖစ္သာ ပင္လယ္ေပၚ ျဖာက်ေနေတာ့သည္။
က်ိဳင္ရွင္းခ်န္က ကမ္းစပ္တြင္ ခရုမ်ား ေကာက္ေနရင္းမွ အေ၀းမွ ညေနဆည္းဆာအတြင္းမွ ျဖည္းညင္းစြာ ထြက္ေပၚလာျပီး အျပာရင့္ေရာင ္ပင္လယ္ျပင္ႏွင့္ ေဖ်ာ့ေတာ့ေသာ လေရာင္ျဖဴတို႕ ၀ိုင္းေနသည့္ ပံုရိပ္တစ္ခုကို ျမင္လိုက္ရသည္။
တဖက္လူ၏ အေနအထားက လြန္ကဲလြန္းရာ ဥေရာပ သို႕မဟုတ္ အေမရီကန္ ရုပ္ရွင္မ်ားတြင္ သူရဲေကာင္းက ျမဴမ်ားၾကားမွ ခမ္းခမ္းနားနား ထြက္လာျခင္းကိုပင္ ျမင္ေယာင္မိသြားသည္။
ေဖးရႊီက သဘာ၀အေလ်ာက္ကို JJWXCက အဓိကဇာတ္လိုက္ အရွိန္အ၀ါေတြ ရွိေနတာ
သူက မတ္တပ္ထရပ္လိုက္ျပီး ေဖးရႊီကို လက္ေ၀ွ႕ရမ္းျပလိုက္သည္။ ေဖးရႊီက အနားသို႕ နီးကပ္လာသည့္အခါ သူက ျပံဳးကာ ေျပာလိုက္သည္။
" ကၽြန္ေတာ္ ၾကားတာေတာ့ မင္း အစားမ်ားသြားလို႕တဲ့"
သို႕ရာတြင္ ေဖးရႊီက ေမးခြန္းျပန္ေမးလာသည္။
" မင္း ဘာလုပ္ထားတာလဲ ၾကက္ေပါက္က်ေနတာပဲ"
က်ိဳင္ရွင္းခ်န္က ေျဖသည္။
" ကၽြန္ေတာ္ မေတာ္တဆ ပင္လယ္ထဲ လဲဲက်သြားတာ"
" ေအးေနလား"
" မေအးပါဘူး"
မေအးပါဘူး၊ ေစးကပ္ကပ္နဲ႕ မသက္မသာဘဲ ျဖစ္တာ
" သြားစို႕ လူတိုင္းက မင္းကို ေစာင့္ေနတာ"
က်ိဳင္ရွင္းခ်န္က ေျပာသည္။
" မင္းက ခရုခြံေတြ ေကာက္ေနတာလား"
ေဖးရႊီက ေမးသည္။
" ဟုတ္တယ္"
က်ိဳင္ရွင္းခ်န္က ေျပာရင္း သူ ေကာက္ထားေသာ ခရုခြံမ်ားကို လက္ျဖန္႕ျပလိုက္သည္။
ေဖးရႊီကလည္း လက္ကမ္းေပးလာသည္။
" ဒီမွာ မင္းအတြက္"
က်ားစက္ခရုခြံတစ္ခု၊က်ားေမႊးပံုေပၚေနတဲ့ ခရုခြံၾကီးတစ္ခုနဲ႕ ခရမ္းေရာင္ ၾကယ္ငါးပံုပါတဲ့ ခရုခြံတစ္ခု
" လွလိုက္တာ"
က်ိဳင္ရွင္းခ်န္က ေျပာလုိက္သည္။သူ၏ ေလသံထဲ စိတ္လႈပ္ရွားမႈကို ဖိႏွိပ္ထားမႈမ်ား ပါသည္။
" မင္းက ဒါကို သေဘာက်တာလား"
" ဒါကို လက္မႈပစၥည္းေတြအျဖစ္ ေျပာင္းလို႕ရသလို ေဆးျခယ္လိုက္လို႕လည္း ရတယ္ေလ"
ေဖးရႊီက အင္းးး...ဟု ေျပာလာသည္။
" မင္းက ငါ့ကို ဒါေတြေပးမွာလား"
"အင္း မင္းယူလိုက္ပါ"
ယန္က်စ္ကဲ့သို႕ အသန္႕ၾကိဳက္လြန္းျပီး ညစ္ေပမည္ကို စိုးသျဖင့္ သဲေပၚ ေဆာင့္ေၾကာင့္ထိုင္ေနသူမွ လြဲျပီး လူတိုင္းက သဲေပၚ ဖင္ထိုင္ခ်ေနၾကျပီးျဖစ္သည္။
က်ိဳင္ရွင္းခ်န္က ယန္က်စ္ႏွင့္ ၀မ္ေနာ့ၾကား လြတ္ေနေသာ ခုံတြင္ တင္ပလႅင္ေခြကာ ၀င္ထိုင္လိုက္သည္။ ယန္က်စ္က သူကိုင္ထားေသာ အရာမ်ားကို ၾကည့္လာသည္။
" ကိုယ္လည္း မင္းအတြက္ ေကာက္ေပးထားေသးတယ္"
ထိုသုိ႕ျဖင့္ သူက က်ိဳင္ရွင္းခ်န္ကို ခရုခြံအနည္းငယ္ ေပးလာသည္။
ေဖးရႊီက သူတို႕ထံ တခ်က္ငဲ့ၾကည့္လာသည္။
သြမ့္ရီဟြားက ေဖးရႊီကို ၾကည့္ျပီးေျပာသည္။
" မင္း အေ၀းၾကီးေရာက္သြားတာလား"
ေဖးရႊီက ၀င္မထိုင္ေခ်။ သူက ရိုက္ကူးေရးအဖြဲ႕ထံ တန္းသြားျပီး ရွပ္အက်ႌတစ္ထည္ ကိုင္လ်က္ ျပန္လာကာ က်ိဳင္ရွင္းခ်န္၏ ဒူးေပၚ ပစ္တင္ေပးသည္။
က်ိဳင္ရွင္းခ်န္က ယန္က်စ္ ေပးလာေသာ ခရုခြံမ်ားကိုသာ ျပန္ၾကည့္ေနခ်ိန္ျဖစ္သည္။
" ေက်းဇူးတင္ပါတယ္"
က်ိဳင္ရွင္းခ်န္က ခ်က္ခ်င္းလုိလို ပန္းပြင့္ပံု ရွပ္ကို ဆြဲခၽြတ္လိုက္သည္။ ေဟာ့ခ်န္းတို႕ အားလံုး၏ မ်က္လံုးက က်ိဳင္ရွင္းခ်န္၏ ျဖဴစြတ္ေနေသာ ကိုယ္ထံသို႕ ေရာက္လာသည္။
အကသမားတစ္ေယာက္၏ ကိုယ္က ေကာင္းေနျပီးသားျဖစ္သည္။ သူ႕တြင္ ေပါ့ပါးကာ တင္သင့္ေသာ ၾကြက္သားမ်ားက ေနရာတက် ရွိေနျပီး ပိန္ပါးျပီး အခ်ိဳးက်သည့္ ခါးသိမ္သိမ္က လိုက္ဖက္ေနသည္။
" မင္းက ဘာလို႕ တအားျဖဴေနတာလဲ"
ဟူရင္းက မုန္းတီးသြားသည္။
တကယ္ကို နို႕ႏွစ္ျဖဴေရာင္ဆိုသလုိုမ်ိဳး ေဖြးစြတ္ေနတာပဲ
ယန္က်စ္၏ မ်က္၀န္းက သတိလက္လြတ္ဆိုသလို က်ိဳင္ရွင္းခ်န္၏ ရင္ဘတ္ထံ ေရာက္သြားသည့္အခါ သူ၏ ႏႈတ္ခမ္းပါးမ်ားက အနည္းငယ္ ေကာ့တက္သြားသည္။ အနီးကပ္ဆြဲရိုက္ေတာ့မည့္ ကင္မရာက လႈပ္ရွားခ်ိန္မရခင္မွာတင္ သူက အၾကည့္ကို ေအာက္သို႕ လႊဲကာ ခရုခြံတစ္ခုကို ေကာက္လိုက္သည္။
ေဟာ့ခ်န္းက ခပ္ပါးပါး ျပံဳးကာ ႏွာေခါင္းကို ပြတ္သည္။
နို႕နံ႕ရတာ မအံ့ၾသေတာ့ဘူး
သို႕ရာတြင္ ေဖးရႊီက လိုရင္းက တိုုက္ရိုက္ေျပာလိုက္သည္။
" ဒီမွာ ကင္မရာရွိေနတာ မင္းရဲ႕ ခႏၶာကိုယ္ကို မျမင္ေစခ်င္ဘူး မဟုတ္လား"
က်ိဳင္ရွင္းခ်န္က ရယ္ကာ အနားရွိ ကင္မရာကို ၾကည့္ကာ ေျပာလိုက္သည္။
"ကၽြန္ေတာ့္အတြက္ ဒီအပိုင္းေလး ျဖတ္ေပးပါ"
လူတိုင္းက ထိုင္ျပီးေသာအခါ ရိုက္ကူးေရးအဖြဲ႕သားမ်ားက သူတို႕၏ၾကားတြင္ အလင္းေရာင္ရရန္ ခ်ိန္ညွိ တပ္ဆင္မႈမ်ား လုပ္သည္။
"ငါက ဒီအပိုင္းကို ေက်ာ္သြားရမယ္လို႕ ထင္ေနတာ"
ဟူရင္းက ေျပာသည္။
" ငါတို႕ေတြ အလုပ္အကိုင္ေတြ ခန္႕မွန္းစရာမ လိုဘူး၊ အခ်င္းခ်င္း အနည္းနဲ႕ အမ်ားေတာ့ သိေနျပီးသား မဟုတ္လား"
" ၀မ္ေနာ့နဲ႕ ရွင္းခ်န္ကေတာ့ ခန္႕မွန္းဖို႕ ခက္ခဲတယ္"
လင္းခ်င္ခ်င္က ေျပာသည္။
" ရွင္းခ်န္က တကၠသိုလ္ေက်ာင္းသားေလ"
ေဟာ့ခ်န္းက ေျပာသည္။
" တကၠသိုလ္ေက်ာင္းသားလား "
သြမ့္ရီဟြားက က်ိဳင္ရွင္းခ်န္ကို ၾကည့္သည္။
က်ိဳင္ရွင္းခ်န္က ေခါင္းညိတ္သည္။
" ဒုတိယႏွစ္ပါ"
သူ၏ အလုပ္အကိုင္ကို ေၾကညာလိုက္သည္ႏွင့္ လူတိုင္း၏ ေက်ာျ္ဖတ္ခံရမည္မွန္း သိထားျပီးသားျဖစ္သည္။
( သူက ေက်ာင္းသားမို႕ မစဥ္းစားေတာ့ဘူးလို႕ ဆိုလိုတာပါ)
ေသခ်ာစြာပင္ ဟူရင္းက ေျပာလာသည္။
" ငါ ရိုက္ကူးေရးအဖြဲ႕သားေတြကို ေမးခ်င္တယ္၊ ဘာလို႕ ငါတို႕အတြက္ တကၠသိုလ္ေက်ာင္းသားတစ္ေယာက္ ရွာေပးထားတာလဲ"
ေဟာ့ခ်န္းက က်ိဳင္ရွင္းခ်န္ကို ၾကည့္သည္။
ရိုက္ကြင္းအတြက ္ျပင္ဆင္ထားေသာ အလင္းက ေရႊေရာင္ျဖစ္သည္။ညက နက္လာသည့္အခါ လူတိုင္း၏မ်က္ႏွာေပၚ ျဖာက်လာေသာ အလင္းက အလွဆင္အက္ဖက္ ထည့္ထားသလိုမ်ိဳး ျဖစ္လာျပီး လူတိုင္း၏ မ်က္၀န္းထဲရွိ ခံစားခ်က္မ်ားကို နက္ရွိုင္းသြားေစသည္။
" ၀မ္ေနာ့ကေရာ သ ူလည္း ငယ္တာပဲ"ေဟာ့ခ်န္းက ေျပာလိုက္သည္။
" ေက်ာင္းသားပဲလား"
ယန္က်စ္က ခန္႕မွန္းသည္။
ေဖးရႊီကလည္း ေပါ့ပါးစြာ ေျပာသည္။
" ငါလည္း အဲဒိလိုပဲ ထင္တယ္"
၀မ္ေနာ့က ေဖးရႊီကို တခ်က္ၾကည့္သည္။
" ကၽြန္ေတာ္က အလုပ္လုပ္ေနပါျပီ"
၀မ္ေနာ့က ေျပာသည္။
သူက အားငယ္မႈႏွင့္ ရွက္ရြံ႕မႈကို ခံစားလိုက္ရကာ ေျပာျပီးသည္ႏွင့္ ပါးစပ္ကို လက္ျဖင့္ အုပ္လိုက္သည္။ သူ၏နားကလည္း နီရဲလာေလသည္။
" မင္းက ဘြဲ႕ေတာင္ရျပီးျပီလား၊ ငါက မင္းကို တကၠသိုလ္ေက်ာင္းသားပဲ ထင္ေနတာ၊ ရွင္းခ်န္နဲ႕ အသက္တူတူပဲလို႕ ထင္ေနတာ"
ဟူရင္းက တအံ့တၾသ ၀င္ေျပာသည္။
၀မ္ေနာ့က တကၠသိုလ္ မတက္ခဲ့ေခ်။ ထိုအဖြဲ႕ကသာ သူ လုပ္ခဲ့ေသာအေၾကာင္းအရာမ်ားကို သိသြားၾကလ်င္ လူခ်မ္းသာ သားသမီးမ်ားအတြက္ ေလာက၏ ခက္ခဲမႈမ်ားကို နားမလည္ၾကသည့္အတြက္ ၀မ္ေနာ့က ပို၍သာ အရွက္ရရေပလိမ့္မည္။ ထိုေၾကာင့္ က်ိဳင္ရွင္းခ်န္က ေျပာလိုက္သည္။
" ကၽြန္ေတာ္တို႕ မခန္႕မွန္းနိုင္ေတာ့ဘူး"
"ငါက သူငယ္ခ်င္းတစ္ေယာက္နဲ႕ ေပါင္းျပီး ကိတ္ဆိုင္ေလး ဖြင့္ထားတာပါ"
၀မ္ေနာ့က ေျပာသည္။
" အဆာေျပ မုန္႕ေတြ လုပ္မယ္ဆိုရင္ ကူညီမယ္လို႕ ေျပာခဲ့တာ ဒါေၾကာင့္ကိုး"
က်ိဳင္ရွင္းခ်န္က ေျပာလိုက္သည္။
" ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ့္အေနနဲ႕ အဆာေျပမုန္႕ လုပ္နည္းေတြ သင္ယူရပါဦးမယ္။ ကၽြန္ေတာ္က ဘာမဆို ခ်က္နိုင္ေပမဲ့ အဆာေျပ မုန္႕ေတာ့ မရဘူး"
၀မ္ေနာ့က ျပံဳးသည္။ သူ၏ ဒူးေခါင္းေပၚ လက္တင္ထားလို္က္သည္။ သူက ရွက္ရြံ႕ေနပံုရျပီး ႏူးညံ့သိမ့္ေမြ႕ကာ သနားစရာေလး ျဖစ္ေနသည္။
ဒီေန႕အတြက္ အလုပ္အကိုင္မ်ား ခန္႕မွန္းမႈက ၀မ္ေနာ့အတြက္ အားမသာေခ်။သည္ေန႕အခ်ိန္မွသာ ေကာင္းကင္မွ ျဖစ္တည္မႈလို လူခ်မ္သားေတြ၏ ဘ၀က မည္မွ်ျမင့္မားေနေၾကာင္း ေသခ်ာ နားလည္လိုက္သည္။
အခ်ို႕ေသာ လူမ်ားက သူ ဘယ္ေသာအခါမွ လက္လွမ္းမီနိုင္မည္မဟုတ္သည့္ ဘ၀မ်ိဳးျဖင့္ ေမြးဖြားလာၾကသည္။ ဘ၀တြင္ ထိုကဲ့သို႕ေသာ ညီမွ်ျခင္းမရွိေသာ္လည္း လူခ်မ္းသာ သားသမီးမ်ားႏွင့္ အလြန္ေက်ာ္ၾကားသူမ်ားရွိေသာ အခ်စ္ ရသစံုရွိုးသို႕ ေရာက္လာေသာ သူကဲ့သို႕ လူမ်ိဳးအတြက္ဆိုလ်င္ အေျခအေနက မတူေတာ့ေခ်။ အေျခအေနက ဇိမ္ခံကားမ်ားၾကားတြင္ စက္ဘီးစီးသူက ေရာက္လာသလိုမ်ိဳး ဒီဇိုင္းနာခ်ဳပ္ ၀တ္စံုမ်ားၾကား ၾကမ္းခင္း၀တ္တစ္စုံက ရွိေနသလိုမ်ိဳး ျဖစ္သြားသည္။
ထိုေၾကာင့္ သူက ရွက္ျပံဳးျဖင့္သာ အေနရခက္မႈကို ဖံုးကြယ္ထားနိုင္သည္။
သို႕ရာတြင္ က်ိဳင္ရွင္းခ်န္က သူ႕အား တိက်ေသာ လံုျခံဳေစသည့္ ခံစားခ်က္မ်ိဳးကို ေပးသည္။ သူတိိုု႕က ၾကင္နာေသာ စိတ္သေဘာထားခ်င္း တူညီျပီး အခ်င္းခ်င္း သနားစိတ္ျဖင့္ ေထာက္ပံ့ေပးနိုင္သည္။
က်ိဳင္ရွင္းခ်န္က သူ၏ အနားတြင္ ၀င္ထိုင္သည္မွာ ရည္ရြယ္ခ်က္ရွိသည္ဟုပင္ ခံစားလိုက္မိသည္။
က်ိဳင္ရွင္းခ်န္က ပြင့္လင္းကာ ေႏြးေထြးျပီး သူ႕အား သတၱိရွိလာေစသည္။
ပင္လယ္ေလေၾကာင့္ အနည္းငယ္ ခ်မ္းစိမ့္လာသျဖင့္ သူက က်ိဳင္ရွင္းခ်န္၏ အနားသို႕ ကပ္လိုက္သည္။
သူတို႕ႏွစ္ေယာက္ကဲ့သို႕ လူသစ္မ်ားမွလြဲျပီး က်န္ေသာ လူမ်ား၏ အလုပ္အကိုင္က ရွိုး၏ အဆင့္အတန္းကို ပို၍ ျမင့္မားသြားေစသည္။
အဓိကဇာတ္လိုက္သံုးေယာက္လံုးက နာမည္ဆိုးျဖင့္ ေက်ာ္ၾကားျပီးသားျဖစ္သည္။ ဟူရင္းက အင္တာနက္တြင္ အေက်ာ္ၾကားဆံုး တစ္ေယာက္ျဖစ္သည္။ သြမ့္ရီဟြားက ခ်ိဳျမိန္မႈေလး ဟုေခၚေသာ နို႕လက္ဖက္ရည္ဆိုင္ကို တည္ေထာင္ထားျပီး အင္တာနက္တြင္ အလြန္ေက်ာ္ၾကားသည့္ ဆိုင္အျဖစ္ ေျပာင္းလဲေအာင ္ဦးေဆာင္နိုင္ခဲ့သည္။ သူ၏ ဆိုင္က ေတာင္ပိုင္းျမိဳ႕တြင္ပင္ ဆယ္ဆိုင္ထက္ မနည္းရွိေနျပီျဖစ္သည္။
တည္ျငိမ္ကာ ရင့္က်က္ျပီး တည္ျငိမ္ေသာ အလုပ္အကိုင္ကို ပိုင္ဆိုင္ထားသည့္ ခပ္ေခ်ာေခ်ာ အစ္ကိုၾကီးက ဆြဲမက္စရာ ေကာင္းေလသည္။
ကံုးေတြဘက္က လႈပ္ရွားမလား၊ ရွိုေတြဘက္က လႈပ္ရွားမလား .... ဘယ္ဘက္က အရင္ လႈပ္ရွားမွာလား
ေကာင္းျပီ အခိ်န္က ဦးေႏွာက္ကို အသံုးခ်ရမယ့္အခ်ိန္ပဲ
လင္းခ်င္ခ်င္က မာစတာ ဘြဲ႕ရထားျပီး တရုတ္ျပည္တြင္ အငယ္ဆံုး တကၠသိုလ္ ပါေမာကၡတစ္ေယာက္ျဖစ္ေနသျဖင့္ ဧည့္သည္မ်ားၾကားတြင္ ဗဟုသုတ အရွိဆုံးတစ္ေယာက္ျဖစ္သည္။
ယန္က်စ္၏ အထက္တန္းဆန္မႈႏွင့္ယွဥ္ေသာ္ အရွိန္အ၀ါခ်င္းအားျဖင့္ လင္းခ်င္ခ်င္က ဆြဲေဆာင္မႈ အရွိဆံုး ပံုစံျဖစ္ေနသည္။ ပံုမွန္အားျဖင့္ လင္းခ်င္ခ်င္က စိတ္ဆႏၵကို ထိန္းခ်ဳပ္္ရခက္ေအာင္ လႈံ႕ေဆာ္နိုင္စြမ္းရွိသည့္ ပံုစံမ်ိဳးျဖစ္သည္။
ေကာင္းျပီ သြမ့္ရီဟြားနဲ႕သူဆိုရင္ ဘယ္သူက ပိုျပီး ဆြဲေဆာင္မႈရွိေနမွာလဲ... သူေတာင္ မေျပာနိုင္ေတာ့ဘူး
အႏွစ္ခ်ဳပ္ဆိုရရင္ အားလံုးရဲ႕ ဆြဲေဆာင္မႈေတြက သူ႕ကို သတ္ေနသလိုပဲ... သူက ညီအစ္ကိုေကာင္းပဲ ျဖစ္ခ်င္တာပါ
ထိုသုိ႕ျဖင့္ အသက္ကို ခန္႕မွန္းသည့္ဘက္သို႕ ေျပာင္းသြားသည္။သြမ့္ရီဟြားက အၾကီးဆံုးျဖစ္ျပီး အသက္သံုးဆယ္ျပည့္ ေမြးေန႕ကို ဆင္ႏႊဲျပီးကာစျဖစ္သည္။
ေဟာ့ခ်န္းႏွင့္ လင္းခ်င္ခ်င္က အသက္တူသည္။ ႏွစ္ေယာက္လံုးက အသက္၂၈ႏွစ္ျဖစ္သည္။ ဟူရင္းႏွင့္ယန္က်စ္ကလည္း အသက္တူသည္။ သူတို႕က ၂၄ႏွစ္ျပည့္ျပီးၾကေလျပီ။
ေဖးရႊီက ၂၅ျဖစ္ျပီး ၀မ္ေနာ့က ၂၂ျဖစ္သည္။က်ိဳင္ရွင္းခ်န္က ၀မ္ေနာ့ထက္ ႏွစ္ႏွစ္ငယ္သည္။ သူက အသက္၂၀သာ ရွိေသးသည္။
" ႏွစ္ဆယ္တဲ့လား...."
ဟူရင္းက သက္ျပင္းခ်သည္။
ေဟာ့ခ်န္းက ေကာင္းကင္သို႕ ေမာ့ၾကည့္လိုက္ရာ ေတာက္ပေနေသာ ရွင္းခ်န္(ၾကယ္)ကို ျမင္လိုက္ရသည္။
ထို႕ေနာက္ ျပန္ငံု႕လိုက္ခ်ိန္တြင္ က်ိဳင္ရွင္းခ်န္၏ ရွည္လ်ားကာ ျဖဴေဖြးျပီး သြယ္လ်ေသာ ေျခေထာက္မ်ားက မ်က္စိကို ဖမ္းစားသြားျပန္သည္။
အဆံုးတြင္ ေျပာစရာမရွိေတာ့သျဖင့္ အားလံုးအတူ ကမ္းစပ္တြင္ ဆက္ထိုင္ေနၾကျပီး လမင္းကို ေငးလိုက္ ပင္လယ္ေလေျပကို ခံစားလိုက္ လုပ္ေနလိုက္ၾကသည္။
" ဒီပရိုဂရမ္ေၾကာင့္သာ မဟုတ္ရင္ အခုလို စိတ္ေအးလက္ေအး ေနဖို႕ အခြင့္အေရးရွိမွာေတာင္ မဟုတ္ဘူး"
သြမ့္ရီဟြားက ေျပာသည္။
" မင္းရဲ႕ အလုပ္က အရမ္း အလုပ္မ်ားတာလား"
ဟူရင္းက ေမးသည္။
သြမ့္ရီဟြားက ေခါင္းညိတ္သည္။
" ဒီရွိုးမွာ ပါတာက ငါ့ကိုယ္ငါ ႏွစ္ႏွစ္တာ အတြင္း ပထမဦးဆံုး ေပးမိတဲ့ အပန္းေျဖ ခရီးပဲ"
" စကားမစပ္ မင္းတို႕ေတြ မနက္က အင္တာဗ်ဴးေျဖၾကတယ္ မဟုတ္လား"
ရုတ္တရက္ ဟူရင္းက စိတ္လႈပ္္ရွားသြားသည္။
ဟူရင္းက စိတ္၀င္စားစရာ ေတြ႕သြားသလိုမ်ိဳး ဆက္ေျပာသည္။
" ရိုက္ကူးေရးအဖြဲ႕က မင္းတို႕ကို ဘယ္သူ႕ကို သေဘာအက်ဆံုးလဲလို႕ ေမးၾကတယ္ မဟုတ္လား"
" ကၽြန္ေတာ္ေတာ့ မေျဖရေသးဘူး"
ယန္က်စ္က ေျပာသည္။
ဟူရင္းက က်ိဳင္ရွင္းခ်န္တို႕ကို ၾကည့္သည္။
သြမ့္ရီဟြားႏွင့္ လင္းခ်င္ခ်င္က စိုးရိမ္စိတ္၀င္ေနသည့္အလား ခပ္မတ္မတ္ ျပင္ထိုင္သည္။
" ငါတို႕ ဒါကို ေျပာလို႕ျဖစ္ရဲ႕လား"
ေဟာ့ခ်န္းက ေျပာသည္။
" ဒါက လ်ိဳ႕၀ွက္ခ်က္ မဟုတ္ဘူးလား"
က်ိဳင္ရွင္းခ်န္က ေျပာသည္။
" ကၽြန္ေတာ္ေတာ့ ေသခ်ာေပါက္ မေျပာနိုင္ဘူး။ ဘာပဲျဖစ္ျဖစ္ ညက်ရင္ ပို႕ရမယ့္ စာတိုနဲ႕ေတာ့ မသက္ဆိုင္တာ အေသအခ်ာပဲ"
" အဲဒိလိုေတာ့ မဟုတ္ဘူးေလ၊ ငါလည္းပဲ သေဘာက်တယ္လိုု႕ ေျပာလိုက္မိတဲဲ့လူနဲ႕ ဒီည စာတိုပို႕မယ္လူက မတူဘူး"
ဟူရင္းက ေျပာသည္။ထို႕ေနာက္ ဟူရင္း၏ အၾကည့္က ယန္က်စ္ထံ ေရာက္သြားသည္။
ၾကည့္ရတာ သူက ေဖးရႊီကေန ယန္က်စ္ကို ေျပာင္းသြားျပီထင္တယ္
စကားခန္းက ရပ္ေတာ့မည္ဟု ေတြးလိုက္ခ်ိန္မွာတင္ ေဖးရႊီ၏ စကားကို ၾကားလုိက္ရသည္။
" ငါေတာ့ က်ိဳင္ရွင္းခ်န္ကို ေရြးလိုက္တယ္"
ထိုစကားက ပတ္၀န္းက်င္ကို ခ်က္ခ်င္းလိုလို တိတ္ဆိတ္သြားေစသည္။ လူတိုင္းက မင္သက္သြားေၾကာင္း ျမင္လိုက္ရေလသည္။ က်ိဳင္ရွင္းခ်န္ကိုယ္တိုင္ပင္ အံ့ၾသသြားျပီး ေဖးရႊီကို ၾကည့္လိုက္သည္။
လူတိုင္းက ရယ္လိုက္ၾကသည္။ ဟူရင္းက ေျပာသည္။
" ငါက အျပာက အနီကိုပဲ ေရြးမယ္ ထင္ေနတာ"
သြမ့္ရီဟြားကလည္း ေခါင္းညိတ္သည္။
"ငါလည္း အဲဒိလိုပဲ ထင္တာ"
" သူတို႕က အေသးစိတ္ မေျပာျပဘူး"
ေဖးရႊီက ေျပာသည္။
က်ိဳင္ရွင္းခ်န္က ၀င္ေျပာသည္။
" အဲဒါေတာ့ ဟုတ္တယ္၊ ကၽြန္ေတာ္ဆိုလည္း သေဘာက်တယ္လို႕ ေျပာလိုက္တဲ့လူကို တကယ ္သေဘာက်တာ မဟုတ္ဘူးေလ"
" ဒါဆိုရင္ ဘယ္သူက မင္းကို သတိတရ အျဖစ္ေစဆံုးလဲ"
ေဖးရႊီက ရုတ္တရက္ ေမးလာသည္။
ေလသံက အနည္းငယ္ ေျဖးညင္းသြားကာ သတိလက္လြတ္ေမးလိုက္မိဟန္ႏွင့္လည္း တူေနေသးသည္။ က်ိဳင္ရွင္းခ်န္ ေၾကာင္အသြားရျပန္သည္။
ေဖးရႊီက ပံုမွန္အားျဖင့္ ဆက္ဆံရအခက္ဆံုးလူျဖစ္ေသာ္လည္း သည္ညေနတြင္မူ အလြန္ တက္ၾကြေနသည္။
သို႕ေသာ္ ရွိုးက ဘာကို အလိုအပ္ဆံုးျဖစ္ေၾကာင္း သူက ေကာင္းေကာင္းသိထားသည္။ ရိုးမန္႕ ရသစံုရွိုးက ဧည့္သည္မ်ားၾကားမွ အျပန္အလွန္ ဆက္ဆံပံုမ်ားကို အဓိကထားျပီး မည္သည့္အခ်ိန္တြင္ မီးပန္းေပါက္ျပီး မည္သည့္အခ်ိန္တြင္ ပန္းေရာင္ ရိုးမန္႕ရနံ႕ ထြက္လာမည္ျဖစ္ေၾကာင္း သိခ်င္စိတ္ကို အဓိကထားသည္။
သူေတာ့ ေလထဲက ယမ္းမႈန္႕ရနံ႕ေတာင္ ရေနသလိုပဲ
ေဖးရႊီက သူ႕ကို အႏၱရာယ္၇ွိတယ္လို႕ ျမင္ေနတာမ်ားလား
တည္ၾကည္ေနေသာ ေဖးရႊီကိုၾကည့္ကာ သူက ျပံုးလိုက္သည္။သူ၏ ရုပ္ရည္က အလြန္ၾကည့္ေကာင္းလြန္းသည့္အတြက္ ထိုသုိ႕ရုပ္တည္ကာ ေလးနက္လာသည့္အခါ ပို၍ မ်က္စိဖမ္းစားဖြယ္ေကာင္းလာသည္။
သူက ယန္က်စ္ႏွင့္ေဟာ့ခ်န္းကို ၾကည့္လိုက္သည္။ ေဟာ့ခ်န္းက ျပံဳးေနျပီး ယန္က်စ္ကမူ မ်က္ႏွာေသႏွင့္ျဖစ္သည္။ သို႕ေသာ္ ယန္က်စ္က မီးအလင္းေရာင္ေအာက္တြင္ ေက်ာက္စိမ္းတံုးလို ေအးစိမ့္ကာ လွပေနသည္။
ရွိးကို ေစာင့္ၾကည့္ေနၾက အျခားေသာ ဧည့္သည္မ်ားက သူ႕အား ေမ်ာ္လင့္တၾကီးၾကည့္သည္။ ၀မ္ေနာ့ကပင္ လက္ကို စိတ္လႈပ္ရွားစြာ ပြတ္လိုက္သည္။
က်ိဳင္ရွင္းခ်န္က လက္ထဲရွိ ခရုခြံကို ဖိဆုပ္လိုက္သည္။သူက ေျပာလိုက္သည္။
" ယန္က်စ္"
ယန္က်စ္၏ ႏႈတ္ခမ္းေထာင့္စြန္းမ်ားက ေကာ့တက္သြားျပီး ခပ္တိုးတိုးရယ္သည္။
" ဘာလို႕သူလဲ"
ေဟာ့ခ်န္းက ေမးသည္။
" ဒီေန႕ သူက ကၽြန္ေတာ့္ကို ေက်ာင္းလိုက္ပို႕ေပးတဲ့အျပင္ ျပန္လာၾကိဳေပးတယ္ေလ"
" ငါလည္း ယန္က်စ္အေပၚ အျမင္ေကာင္းရွိတယ္"
ဟူရင္းက ေျပာသည္။
" ဘာ သူက မင္းကို ေက်ာင္းလိုက္ပို႕တဲ့အျပင္ လာေတာင္ၾကိဳေသးတယ္ ဟုတ္လား"
သြမ့္ရီဟြားက ရယ္ရင္း ေမးသည္။
" သူက ဘယ္ေလာက္စရိုက္ေကာင္းလိုက္သလဲ၊ ငါတို႕ ၀တ္ထားတာနဲ႕ သူ ၀တ္ထားတာကိုလည္း ယွဥ္ၾကည့္လိုက္ပါဦး၊ သူက တကယ့္ကို နတ္ဘုရားပဲ "
ဟူရင္းက ေျပာသည္။
လူတိုင္းက ရယ္ၾကသည္။
" မင္းကေ ႏြရာသီမွာလည္း ဒီအတိုင္း ၀တ္တာလား"
သြမ့္ရီဟြားက ယန္က်စ္ကို ၾကည့္ကာ ေမးသည္။
ယန္က်စ္က ျပန္ေျဖသည္။
" အက်င့္ျဖစ္ေနပါျပီ"
ယန္က်စ္က အလြန္အမင္း အသန္႕ၾကိဳက္တတ္သူုျဖစ္သည္။
တစ္ေန႕မွာ သူ ေပါက္ကြဲပစ္လိုက္တဲ့အခါ ေသခ်ာေပါက္ကို ေၾကာက္ဖို႕ေကာင္းလိမ့္မယ္။ ပံုမွန္အားျဖင့္ သူက ကိုယ္လက္အဂၤါေတြေတာင္ လူေရွ႕ ေဖာ္ထုတ္ျပတာမ်ိဳး မလုပ္တဲ့ အမ်ိဳးသား ဂုဏ္ေဆာင္တစ္ေယာက္၊
ဒါေပမဲ့ ခ်စ္ျခင္းစိတ္ဆႏၵေတြ ေပါက္ကြဲသြားတဲ့အခါ ေန႕တိုင္းလိုလို ကိုယ္ဗလာနဲ႕ ေလွ်ာက္သြားမွာေတာ့ မဟုတ္ဘူးမဟုတ္လား
ဘယ္ေလာက္ေတာင္ စိတ္၀င္စားစရာ ေကာင္းလိုက္သလဲ
ဒီလိုအမ်ိဳးသားက သူရဲ႕ တစ္ဦးတည္းေသာ သက္ဆိုင္သူအတြက္ပဲ ထုတ္ေဖာ္ျပသလိမ့္မယ္
မင္းကသာ တစ္ေလာကလံုးမွာ ငါ့ကို အ၀တ္ဗလာနဲ႕ ျမင္နိုင္စြမ္းရွိတဲ့သူပဲ... ဒါက ငါရဲ႕ စိတ္ရင္းနဲ႕ အရိုးရွင္းဆံုး ၀န္ခံတာပါဆိုျပီး ဖြင့္ေျပာေလာက္လား
ဟ
က်ိဳင္ရွင္းခ်န္က ယန္က်စ္က ျပံဳးေနေသာ မ်က္၀န္းမ်ားႏွင့္ ဆံုသြားသည္။ယန္က်စ္၏ မ်က္၀န္းမ်ားက သမုဒၵရာၾကီးတစ္ခု ျမဳပ္ကြယ္ေနသလိုမ်ိဳး လ်ိဳ႕၀ွက္ဆန္းက်ယ္ကာ ေလးနက္သည္။
ေဖးရႊီက မတ္တပ္ထရပ္သည္။
ပင္လယ္ေလေျပက ေအးစိမ့္လာသည္။ မည္သုိ႕ပင္ဆိုေစ ေဆာင္းတြင္းေရာက္ေနသျဖင့္ ေတာင္ပိုင္းျမိဳ႕က ေန႕တြင္ပူေသာ္လည္း ညတြင္ ေအးစိမ့္လာတတ္သည္။ ထိုေၾကာင့္ သြမ့္ရီဟြားက ေျပာလိုက္သည္။
" ျပန္ၾကရေအာင္ အေတာ္ ေအးလာျပီ"
လူတိုင္းက ကမ္းစပ္မွ ထလိုက္ၾကကာ ျပန္ၾကသည္။
ထို႕ေနာက္ သူတို႕ေတြက အျပာအနီသေကၤတ စာတိုမ်ားကိုပို႕ရေတာ့မည္ျဖစ္သည္။ က်ိဳင္ရွင္းခ်န္ပင္ မည္သူက မည ္သူ႕ကို ပိုမည္ျဖစ္ေၾကာင္း မခန္႕မွန္းနိုင္ေခ်။
မူလ၀တၳဳထဲတြင္ ပထမေန႕တြင္ လူတိုင္းကေ ဖးရႊီကို ပို႕ၾကသည္မွာ ထိုအခ်ိန္က ယန္က်စ္က ေရာက္မလာေသး၍ျဖစ္သည္။ ယခုလက္ရွိ အေျခအေနအရ ယန္က်စ္ကသာ ဆြဲေဆာင္မႈအရွိဆံုးျဖစ္ေနသည္။
က်ိဳင္ရွင္းခ်န္က သူ၏ အေရွ႕တြင္ ေလွ်ာက္ေနေသာ ေဖးရႊီကို ၾကည့္လိုက္သည္။
" ေဖးရႊီ"
ေဖးရႊီက လွည့္ၾကည့္လာသည္။ သူ၏ လက္ႏွစ္ဖက္လံုးက ေဘာင္းဘီအိတ္ထဲတြင္ရွိေနသည္။ ည၏ ေလေျပအတိုင္း သူက ေအးစက္ကာ လန္းလြန္းေနသည္။
က်ိဳင္ရွင္းခ်န္က သူ၏အနားသို႕က ပ္သြားလိုက္သည္။
" ဒါက ဘယ္၀န္ထမ္းရဲ႕ အက်ႌလဲ"
ေဖးရႊီက ေျပာသည္။
" မမွတ္မိေတာ့ဘူး"
"....."
သူက အဖြဲ႕သားမ်ားထံသြားကာ ေမးလိုက္သည္။ ေဖးရႊီက ေျပးထြက္သြားေသာ က်ိဳင္ရွင္းခ်န္ကို ၾကည့္ေနျပီးမွ ေရွ႕ဆက္သြားသည္။
လင္းခ်င္ခ်င္က သူ၏ အနားသုိ႕ကိုင္းလာကာ ေျပာသည္။
" မင္း ဒီရွိုးကို လာဖို႕ဆံုးျဖတ္ျပီးမွေတာ့ ေပ်ာ္ေပ်ာ္ေနပါလား။ ဒါကို အလုပ္တစ္ခုလို႕ ေတြးလုိက္၊ ပရိုဂရမ္အဖြဲ႕နဲ႕ နည္းနည္းပိုျပီး ပူးေပါင္းေပးလို္က္ပါ။ ေဒၚေလးက်ိဳးကလည္း အရမ္း စိတ္ပူေနတယ္"
ေဖးရႊီက ေျပာသည္။
" ငါက ဟန္မေဆာင္တတ္ဘူး"
" မင္းက ဟန္မေဆာင္တတ္တာ ငါ သိပါတယ္။ ဒါေပမဲ့ နည္းနည္းေလးပိုျပီး စကားေျပာေပးဖို႕ ေျပာေနတာ"
ေဖးရႊီက ဘာမွဆက္မေျပာေသာ္လည္း လင္းခ်င္ခ်င္က အနားတြင္ကပ္ေလွ်ာက္လာသည္။
"စိတ္၀င္စားဖို႕ေကာင္းတယ္လို႕ မထင္ထားဘူး။ အခ်င္းခ်င္း သိရံုပဲ သိၾကတဲ့လူတစ္အုပ္က ရွိဳးတစ္ခုေၾကာင့္ လာဆံုျပီး အတူေနေနရတယ္ေလ။သူတို႕ေတြ တကယ္ခ်စ္ၾကိဳက္ခ်င္တာပဲျဖစ္ျဖစ္ မခ်စ္ခ်င္တာပဲျဖစ္ျဖစ္ ဒါက အမွတ္တရေကာင္း တစ္ခု ျဖစ္လာလိမ့္မယ္။ငါ့အထင္ ႏွစ္ေတြၾကာသြားရင္ေတာင္မွ မင္းအတြက္ ေနာင္တမရေစမယ့္ အမွတ္တရေကာင္းေတြ က်န္ခဲ့မယ္လို႕ ယံုၾကည္တယ္"
ေဖးရႊီက လင္းခ်င္ခ်င္ကို လွည့္ၾကည့္သည့္အခ္ါ လင္းခ်င္ခ်င္ကျပံဳးျပသည္။
ေဖးရႊီက ေျပာသည္။
" အင္း"
က်ိဳင္ရွင္းခ်န္က အက်ႌပိုင္ရွင္ကို ရွာျပီးေနာက္ အဖြဲ႕ထံသို႕ ျပန္လာသည္။ ယန္က်စ္က သူ႕ကို အေနာက္မွ တစ္ခ်ိန္လံုးၾကည့္ေနခဲ့သည္။ ယခုလို ျပန္လာသည့္အခါ ခ်က္ခ်င္း ေမးလိုက္သည္။
" ဘာသြားလုပ္တာလဲ"
" ေဖးရႊီ ယူလာေပးတဲ့ အက်ႌပိုင္ရွင္ကို လိုက္ေမးေနတာပါ"
" ေသခ်ာေတြးတတ္တာ သူပဲ၇ွိတယ္"
ယန္က်စ္က ေျပာသည္။
သူကသာ အက်ႌတစ္ထပ္တည္း ၀တ္ထားခဲ့ျပီး ေအာက္ခံအက်ႌမ၀တ္ထားတာေၾကာင့္သာ မဟုတ္ရင္ အေပၚ၀တ္ကို ခ်က္ခ်င္း ခၽြတ္ျပီး က်ိဳင္ရွင္းခ်န္ကို ေပးလိုက္မွာပဲ၊ ဒီလိုဆိုရင္ ရိုက္ကူးေရးအဖြဲ႕ဆီက ယူစရာကို မလိုေတာ့ဘူး....
" မင္း ေက်ာင္းပိတ္ေတာ့မွာ မဟုတ္လား"
ယန္က်စ္က ေမးသည္။
က်ိဳင္ရွင္းခ်န္က ျပန္ေျဖသည္။
" အင္း ဒီလပဲ"
" ဒါဆိုရင္ စာေမးပြဲရွိမွာေပါ့"
" ေနာက္လရဲ႕ ေနာက္ဆံုးႏွစ္ရက္ပဲ၊ ယဥ္ေက်းမႈအတန္းနဲ႕ စာေမးပြဲၾကီးရွိတယ္"
" မင္းရဲ႕ စာေမးပြဲၾကီးဆိုတာက ယဥ္ေက်းမႈ ေဖ်ာ္ေျဖပြဲ မဟုတ္လား"
က်ိဳင္ရွင္းခ်န္က ေခါင္းညိတ္သည္။
ယန္က်စ္က အေတြးမ်ားသြားျပီး ဆက္မေျပာေတာ့ေခ်။ မႏွစ္က ဗဟိုအကအကယ္ဒမီ၏ ေနာက္ဆံုးစာေမးပြဲတြင္ က်ိဳင္ရွင္းခ်န္ကို ျုမင္ခဲဲ့ရျခင္းအား ျပန္လည္ သတိရသြားသည္။
အနီေရာင္၀တ္စံုကို ၀တ္ျပီး ရိုးရာအကနယ္ပယ္မွ ေကာင္းကင္တြင္ပ်ံသန္းျခင္း မည္သည့္ နာမည္ၾကီး သံစဥ္ျဖင့္ ေရႊေရာင္စင္ျမင့္ေပၚ ကခုန္ေနခဲ့သည့္ က်ိဳင္ရွင္းခ်န္၏ အခ်ိဳးက်မႈ၊ ႏူးညံ့ေပ်ာ့ေျပာင္းေနမႈတို႕က ေကာင္းကင္မွ ဆင္းသက္လာေသာ မေသမ်ိဳးႏွင့္ တူေနခဲ့သည္။
ထိုအကျပီးခ်ိန္တြင္ ပရိတ္သတ္မ်ားက လက္ခုပ္တီးၾကသည္။ က်ိဳင္ရွင္းခ်န္က ေလတြင္လြင့္ေနေသာ ပန္းပြင့္ငယ္ေလးလိုပံုစံျဖင့္ စင္ေပၚတြင္ ရွိေနခဲ့ကာ ၀တ္စံုကို လြင့္ေနေစသည္။ ထိုအခါမွသာ အခ်ိဳ႕ေသာ ကကြက္မ်ားက ငိုခ်င္စိတ္ပင္ ေပါက္လာေစေလာက္ေအာင္ လွပလြန္းေၾကာင္း နားလည္ခဲ့ျခင္းျဖစ္သည္။
.... ဘာသာျပန္သူမွာ ေျပာစရာရွိပါတယ္
ဒီအပိုင္းက န ည္းနည္းေအးေပမဲ့ ကိုယ္ေတာ့ ၾကိဳက္တယ္
သိသာေနၾကျပီဆိုေတာ့ အားလံုးလည္း ထူးျခားတဲ့ ခံစားခ်က္ကို ဖမ္းဆုပ္နိုင္ေနျပီလို႕ ယူဆတယ္။
ေမ၀န္းေလ က်ိဳင္ရွင္းခ်န္ကို တအားသေဘာက်တာပဲ၊ အျခားလူေတြ သူ႕ကို သေဘာက်တာကို ျမင္ေနရတဲ့ ခံစားခ်က္က ရူးမတတ္ပဲ
အား.... တကယ္ စိတ္လႈပ္ရွားေနျပီ

အပိုင်း ၈ ယမ်းမှုန့်အနံ့များ
" သူ အစားများသွားလို့ လမ်းလျှောက်ထွက်မယ်လို့ ပြောသွားတာပဲ"
ဝမ်နော့က ရယ်သည်။
လိမ္မော်ရောင် နေရောင်က ကျိုင်ရှင်းချန်၏ မျက်နှာပေါ် ဖြာကျလာချိန်တွင် ဟော့ချန်း၏ အကြည့်များကလည်း မလွှဲနိုင်တော့ချေ။
ဟော့ချန်းက ခြေလှမ်းကျဲကြီး လှမ်းကာ အနားကပ်သွားသည်။ ကျိုင်ရှင်းချန်၏ အဝတ်က ကိုယ်တွင်ကပ်နေပြီး တောက်ပစွာ ပြုံးနေသည့်အခါ လူငယ်ဆန်မှု၊ပေါ့ပါးမှုနှင့် သဘာဝကျမှုတို့ ပေါင်းစပ်နေလေသည်။
ဟော့ချန်းက ရှင်းချန်ကို ဆွဲထူသည်။ သူတို့က ခပ်မတ်မတ် ရပ်နေခြင်း မဟုတ်သဖြင့် အရပ်က ညီလုနီးပါးဖြစ်နေပြီး ပခုံးအကျယ်နှင့်ခန္ဓာကိုယ်ကသာ ကွာခြားနေသည်။ ဟော့ချန်းက သူ၏ လည်ကုတ်ကို ငုံ့ကြည့်လိုက်သည်။ရေစိုနေသော ရှပ်နှင့် ဘောင်းဘီက ကျောနှင့်ကပ်နေသဖြင့် ကျန်းမာကာ သွယ်လျသော လူငယ်ဆန်မှုက ထင်ရှားနေသည်။
သူက နေရောင်ထက်တောင် ခမ်းနားထည်ဝါနေသေးတယ်။ တစ်လောကလုံးရဲ့ တောက်ပမှုတွေက သူ့အပေါ် ကျရောက်နေသလိုမျိုး....
သွမ့့်ရီဟွားတို့က အနားမယူချင်ကြသေးချေ။ သူတို့က ဖိနပ်များချွတ်ပြီး ဘောင်းဘီများ လိပ်တင်ကာ ပင်လယ်ထဲ ဆင်းလျှောက်သွားကြသည်။
လင်းချင်ချင်က ယန်ကျစ်ကို လှည့်ကြည့်ကာ မေးသည်။
" မင်းရော ရေထဲ မဆင်းဘူးလား"
ယန်ကျစ်က ခေါင်းခါသည်။
လင်းချင်ချင်ကလည်း တွေးတောပြီး ယန်ကျစ်နှင့်သာ ဆက်နေလိုက်သည်။
လင်းချင်ချင်အနေနှင့် ကင်မရာက တောက်လျှောက်ရိုက်နေခြင်းနှင့် ကျင့်သားမရသေးချေ။ သို့သော် ယန်ကျစ်က ကျင့်သားရပြီးသားဖြစ်သည်။ယခုလို ပင်လယ်နှင့်ကောင်းကင်ကို နောက်ခံံရထားခြင်းကအ ကောင်းဆုံး ရှုတင် ဖြစ်နေသည်။
သူက ညင်သာယဉ်ကျေးပြီး လူကြီးလူကောင်းဆန်သည်။ထိုကဲ့သို့ အကျင့်စရိုက်နှင့် ယန်ကျစ် ဂိမ်းကစားချိန်တွင် ကြမ်းတမ်းကာ ကြောက်မက်ဖွယ်ကောင်းသွားမှုတို့ နှိုင်းယှဉ်မိချိန်တွင် လင်းချင်ချင် ရင်ဖိုသွားရသည်။
ဟူရင်းက ခြေထောက်ပေါ် ပင်လယ်ရေများ လောင်းနေရင်း ယန်ကျစ်နှင့် လင်းချင်ချင်ကို မကြာခဏ ဆိုသလို ကြည့်နေသည်။
နေရောင်က မှိန်ဖျော့သွားပြီး ညနေဆည်းဆာက လှပလာချိန်တွင် ပင်လယ်ရေနှင့် လေပြေက အေးစပြုလာသည်။ ရိုက်ကူးရေးအဖွဲ့က သူတိုု့အား ပြန်ကာ ဧည့်ခန်းတွင် စကားပြောရန်မစောင့်ချင်တော့သဖြင့် ကမ်းခြေတွင်သာ စကားဝိုင်း စရန်ဖြစ်လာသည်။
" ဒါပေမဲ့ ဖေးရွှီက ဒီမှာ မရှိဘူးလေ"
ဟူရင်းက ပြောသည်။
" ငါတို့ သူ့ကို ဆက်သွယ်ထားပြီးပါပြီ။ မိနစ်ပိုင်းအတွင်း ရောက်လာပါလိမ့်မယ်"
ဝန်ထမ်းက ပြောသည်။
ကျိုင်ရှင်းချန်က မေးလိုက်သည်။
" သူက ဘယ်နေရာကို သွားတာလဲ"
" သူက ဝမ်းပြားလှေတောင်ကုန်းဘက်ကို သွားတာ"
နေက ဝင်တော့မည်ဖြစ်သည်။ ပင်လယ်နှင့် ကောင်းကင်ကို မီးတောက်လို အလင်းမျိုးဖြင့် အလှဆင်ထားသော်လည်း တိမ်စိုင်များက မည်းလာသဖြင့် ရွှေရောင်အလင်းအဖြစ်သာ ပင်လယ်ပေါ် ဖြာကျနေတော့သည်။
ကျိုင်ရှင်းချန်က ကမ်းစပ်တွင် ခရုများ ကောက်နေရင်းမှ အဝေးမှ ညနေဆည်းဆာအတွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး အပြာရင့်ရောင ်ပင်လယ်ပြင်နှင့် ဖျော့တော့သော လရောင်ဖြူတို့ ဝိုင်းနေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
တဖက်လူ၏ အနေအထားက လွန်ကဲလွန်းရာ ဥရောပ သို့မဟုတ် အမေရီကန် ရုပ်ရှင်များတွင် သူရဲကောင်းက မြူများကြားမှ ခမ်းခမ်းနားနား ထွက်လာခြင်းကိုပင် မြင်ယောင်မိသွားသည်။
ဖေးရွှီက သဘာဝအလျောက်ကို JJWXCက အဓိကဇာတ်လိုက် အရှိန်အဝါတွေ ရှိနေတာ
သူက မတ်တပ်ထရပ်လိုက်ပြီး ဖေးရွှီကို လက်ဝှေ့ရမ်းပြလိုက်သည်။ ဖေးရွှီက အနားသို့ နီးကပ်လာသည့်အခါ သူက ပြုံးကာ ပြောလိုက်သည်။
" ကျွန်တော် ကြားတာတော့ မင်း အစားများသွားလို့တဲ့"
သို့ရာတွင် ဖေးရွှီက မေးခွန်းပြန်မေးလာသည်။
" မင်း ဘာလုပ်ထားတာလဲ ကြက်ပေါက်ကျနေတာပဲ"
ကျိုင်ရှင်းချန်က ဖြေသည်။
" ကျွန်တော် မတော်တဆ ပင်လယ်ထဲ လဲကျသွားတာ"
" အေးနေလား"
" မအေးပါဘူး"
မအေးပါဘူး၊ စေးကပ်ကပ်နဲ့ မသက်မသာဘဲ ဖြစ်တာ
" သွားစို့ လူတိုင်းက မင်းကို စောင့်နေတာ"
ကျိုင်ရှင်းချန်က ပြောသည်။
" မင်းက ခရုခွံတွေ ကောက်နေတာလား"
ဖေးရွှီက မေးသည်။
" ဟုတ်တယ်"
ကျိုင်ရှင်းချန်က ပြောရင်း သူ ကောက်ထားသော ခရုခွံများကို လက်ဖြန့်ပြလိုက်သည်။
ဖေးရွှီကလည်း လက်ကမ်းပေးလာသည်။
" ဒီမှာ မင်းအတွက်"
ကျားစက်ခရုခွံတစ်ခု၊ကျားမွှေးပုံပေါ်နေတဲ့ ခရုခွံကြီးတစ်ခုနဲ့ ခရမ်းရောင် ကြယ်ငါးပုံပါတဲ့ ခရုခွံတစ်ခု
" လှလိုက်တာ"
ကျိုင်ရှင်းချန်က ပြောလိုက်သည်။သူ၏ လေသံထဲ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားမှုများ ပါသည်။
" မင်းက ဒါကို သဘောကျတာလား"
" ဒါကို လက်မှုပစ္စည်းတွေအဖြစ် ပြောင်းလို့ရသလို ဆေးခြယ်လိုက်လို့လည်း ရတယ်လေ"
ဖေးရွှီက အင်းးး...ဟု ပြောလာသည်။
" မင်းက ငါ့ကို ဒါတွေပေးမှာလား"
"အင်း မင်းယူလိုက်ပါ"
ယန်ကျစ်ကဲ့သို့ အသန့်ကြိုက်လွန်းပြီး ညစ်ပေမည်ကို စိုးသဖြင့် သဲပေါ် ဆောင့်ကြောင့်ထိုင်နေသူမှ လွဲပြီး လူတိုင်းက သဲပေါ် ဖင်ထိုင်ချနေကြပြီးဖြစ်သည်။
ကျိုင်ရှင်းချန်က ယန်ကျစ်နှင့် ဝမ်နော့ကြား လွတ်နေသော ခုံတွင် တင်ပလ္လင်ခွေကာ ဝင်ထိုင်လိုက်သည်။ ယန်ကျစ်က သူကိုင်ထားသော အရာများကို ကြည့်လာသည်။
" ကိုယ်လည်း မင်းအတွက် ကောက်ပေးထားသေးတယ်"
ထိုသို့ဖြင့် သူက ကျိုင်ရှင်းချန်ကို ခရုခွံအနည်းငယ် ပေးလာသည်။
ဖေးရွှီက သူတို့ထံ တချက်ငဲ့ကြည့်လာသည်။
သွမ့်ရီဟွားက ဖေးရွှီကို ကြည့်ပြီးပြောသည်။
" မင်း အဝေးကြီးရောက်သွားတာလား"
ဖေးရွှီက ဝင်မထိုင်ချေ။ သူက ရိုက်ကူးရေးအဖွဲ့ထံ တန်းသွားပြီး ရှပ်အကျႌတစ်ထည် ကိုင်လျက် ပြန်လာကာ ကျိုင်ရှင်းချန်၏ ဒူးပေါ် ပစ်တင်ပေးသည်။
ကျိုင်ရှင်းချန်က ယန်ကျစ် ပေးလာသော ခရုခွံများကိုသာ ပြန်ကြည့်နေချိန်ဖြစ်သည်။
" ကျေးဇူးတင်ပါတယ်"
ကျိုင်ရှင်းချန်က ချက်ချင်းလိုလို ပန်းပွင့်ပုံ ရှပ်ကို ဆွဲချွတ်လိုက်သည်။ ဟော့ချန်းတို့ အားလုံး၏ မျက်လုံးက ကျိုင်ရှင်းချန်၏ ဖြူစွတ်နေသော ကိုယ်ထံသို့ ရောက်လာသည်။
အကသမားတစ်ယောက်၏ ကိုယ်က ကောင်းနေပြီးသားဖြစ်သည်။ သူ့တွင် ပေါ့ပါးကာ တင်သင့်သော ကြွက်သားများက နေရာတကျ ရှိနေပြီး ပိန်ပါးပြီး အချိုးကျသည့် ခါးသိမ်သိမ်က လိုက်ဖက်နေသည်။
" မင်းက ဘာလို့ တအားဖြူနေတာလဲ"
ဟူရင်းက မုန်းတီးသွားသည်။
တကယ်ကို နို့နှစ်ဖြူရောင်ဆိုသလိုမျိုး ဖွေးစွတ်နေတာပဲ
ယန်ကျစ်၏ မျက်ဝန်းက သတိလက်လွတ်ဆိုသလို ကျိုင်ရှင်းချန်၏ ရင်ဘတ်ထံ ရောက်သွားသည့်အခါ သူ၏ နှုတ်ခမ်းပါးများက အနည်းငယ် ကော့တက်သွားသည်။ အနီးကပ်ဆွဲရိုက်တော့မည့် ကင်မရာက လှုပ်ရှားချိန်မရခင်မှာတင် သူက အကြည့်ကို အောက်သို့ လွှဲကာ ခရုခွံတစ်ခုကို ကောက်လိုက်သည်။
ဟော့ချန်းက ခပ်ပါးပါး ပြုံးကာ နှာခေါင်းကို ပွတ်သည်။
နို့နံ့ရတာ မအံ့သြတော့ဘူး
သို့ရာတွင် ဖေးရွှီက လိုရင်းက တိုုက်ရိုက်ပြောလိုက်သည်။
" ဒီမှာ ကင်မရာရှိနေတာ မင်းရဲ့ ခန္ဓာကိုယ်ကို မမြင်စေချင်ဘူး မဟုတ်လား"
ကျိုင်ရှင်းချန်က ရယ်ကာ အနားရှိ ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော့်အတွက် ဒီအပိုင်းလေး ဖြတ်ပေးပါ"
လူတိုင်းက ထိုင်ပြီးသောအခါ ရိုက်ကူးရေးအဖွဲ့သားများက သူတို့၏ကြားတွင် အလင်းရောင်ရရန် ချိန်ညှိ တပ်ဆင်မှုများ လုပ်သည်။
"ငါက ဒီအပိုင်းကို ကျော်သွားရမယ်လို့ ထင်နေတာ"
ဟူရင်းက ပြောသည်။
" ငါတို့တွေ အလုပ်အကိုင်တွေ ခန့်မှန်းစရာမ လိုဘူး၊ အချင်းချင်း အနည်းနဲ့ အများတော့ သိနေပြီးသား မဟုတ်လား"
" ဝမ်နော့နဲ့ ရှင်းချန်ကတော့ ခန့်မှန်းဖို့ ခက်ခဲတယ်"
လင်းချင်ချင်က ပြောသည်။
" ရှင်းချန်က တက္ကသိုလ်ကျောင်းသားလေ"
ဟော့ချန်းက ပြောသည်။
" တက္ကသိုလ်ကျောင်းသားလား "
သွမ့်ရီဟွားက ကျိုင်ရှင်းချန်ကို ကြည့်သည်။
ကျိုင်ရှင်းချန်က ခေါင်းညိတ်သည်။
" ဒုတိယနှစ်ပါ"
သူ၏ အလုပ်အကိုင်ကို ကြေညာလိုက်သည်နှင့် လူတိုင်း၏ ကျောြ်ဖတ်ခံရမည်မှန်း သိထားပြီးသားဖြစ်သည်။
( သူက ကျောင်းသားမို့ မစဉ်းစားတော့ဘူးလို့ ဆိုလိုတာပါ)
သေချာစွာပင် ဟူရင်းက ပြောလာသည်။
" ငါ ရိုက်ကူးရေးအဖွဲ့သားတွေကို မေးချင်တယ်၊ ဘာလို့ ငါတို့အတွက် တက္ကသိုလ်ကျောင်းသားတစ်ယောက် ရှာပေးထားတာလဲ"
ဟော့ချန်းက ကျိုင်ရှင်းချန်ကို ကြည့်သည်။
ရိုက်ကွင်းအတွက ်ပြင်ဆင်ထားသော အလင်းက ရွှေရောင်ဖြစ်သည်။ညက နက်လာသည့်အခါ လူတိုင်း၏မျက်နှာပေါ် ဖြာကျလာသော အလင်းက အလှဆင်အက်ဖက် ထည့်ထားသလိုမျိုး ဖြစ်လာပြီး လူတိုင်း၏ မျက်ဝန်းထဲရှိ ခံစားချက်များကို နက်ရှိုင်းသွားစေသည်။
" ဝမ်နော့ကရော သ ူလည်း ငယ်တာပဲ"ဟော့ချန်းက ပြောလိုက်သည်။
" ကျောင်းသားပဲလား"
ယန်ကျစ်က ခန့်မှန်းသည်။
ဖေးရွှီကလည်း ပေါ့ပါးစွာ ပြောသည်။
" ငါလည်း အဲဒိလိုပဲ ထင်တယ်"
ဝမ်နော့က ဖေးရွှီကို တချက်ကြည့်သည်။
" ကျွန်တော်က အလုပ်လုပ်နေပါပြီ"
ဝမ်နော့က ပြောသည်။
သူက အားငယ်မှုနှင့် ရှက်ရွံ့မှုကို ခံစားလိုက်ရကာ ပြောပြီးသည်နှင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။ သူ၏နားကလည်း နီရဲလာလေသည်။
" မင်းက ဘွဲ့တောင်ရပြီးပြီလား၊ ငါက မင်းကို တက္ကသိုလ်ကျောင်းသားပဲ ထင်နေတာ၊ ရှင်းချန်နဲ့ အသက်တူတူပဲလို့ ထင်နေတာ"
ဟူရင်းက တအံ့တသြ ဝင်ပြောသည်။
ဝမ်နော့က တက္ကသိုလ် မတက်ခဲ့ချေ။ ထိုအဖွဲ့ကသာ သူ လုပ်ခဲ့သောအကြောင်းအရာများကို သိသွားကြလျင် လူချမ်းသာ သားသမီးများအတွက် လောက၏ ခက်ခဲမှုများကို နားမလည်ကြသည့်အတွက် ဝမ်နော့က ပို၍သာ အရှက်ရရပေလိမ့်မည်။ ထိုကြောင့် ကျိုင်ရှင်းချန်က ပြောလိုက်သည်။
" ကျွန်တော်တို့ မခန့်မှန်းနိုင်တော့ဘူး"
"ငါက သူငယ်ချင်းတစ်ယောက်နဲ့ ပေါင်းပြီး ကိတ်ဆိုင်လေး ဖွင့်ထားတာပါ"
ဝမ်နော့က ပြောသည်။
" အဆာပြေ မုန့်တွေ လုပ်မယ်ဆိုရင် ကူညီမယ်လို့ ပြောခဲ့တာ ဒါကြောင့်ကိုး"
ကျိုင်ရှင်းချန်က ပြောလိုက်သည်။
" ဘာပဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ အဆာပြေမုန့် လုပ်နည်းတွေ သင်ယူရပါဦးမယ်။ ကျွန်တော်က ဘာမဆို ချက်နိုင်ပေမဲ့ အဆာပြေ မုန့်တော့ မရဘူး"
ဝမ်နော့က ပြုံးသည်။ သူ၏ ဒူးခေါင်းပေါ် လက်တင်ထားလိုက်သည်။ သူက ရှက်ရွံ့နေပုံရပြီး နူးညံ့သိမ့်မွေ့ကာ သနားစရာလေး ဖြစ်နေသည်။
ဒီနေ့အတွက် အလုပ်အကိုင်များ ခန့်မှန်းမှုက ဝမ်နော့အတွက် အားမသာချေ။သည်နေ့အချိန်မှသာ ကောင်းကင်မှ ဖြစ်တည်မှုလို လူချမ်သားတွေ၏ ဘဝက မည်မျှမြင့်မားနေကြောင်း သေချာ နားလည်လိုက်သည်။
အချို့သော လူများက သူ ဘယ်သောအခါမှ လက်လှမ်းမီနိုင်မည်မဟုတ်သည့် ဘဝမျိုးဖြင့် မွေးဖွားလာကြသည်။ ဘဝတွင် ထိုကဲ့သို့သော ညီမျှခြင်းမရှိသော်လည်း လူချမ်းသာ သားသမီးများနှင့် အလွန်ကျော်ကြားသူများရှိသော အချစ် ရသစုံရှိုးသို့ ရောက်လာသော သူကဲ့သို့ လူမျိုးအတွက်ဆိုလျင် အခြေအနေက မတူတော့ချေ။ အခြေအနေက ဇိမ်ခံကားများကြားတွင် စက်ဘီးစီးသူက ရောက်လာသလိုမျိုး ဒီဇိုင်းနာချုပ် ဝတ်စုံများကြား ကြမ်းခင်းဝတ်တစ်စုံက ရှိနေသလိုမျိုး ဖြစ်သွားသည်။
ထိုကြောင့် သူက ရှက်ပြုံးဖြင့်သာ အနေရခက်မှုကို ဖုံးကွယ်ထားနိုင်သည်။
သို့ရာတွင် ကျိုင်ရှင်းချန်က သူ့အား တိကျသော လုံခြုံစေသည့် ခံစားချက်မျိုးကို ပေးသည်။ သူတိုု့က ကြင်နာသော စိတ်သဘောထားချင်း တူညီပြီး အချင်းချင်း သနားစိတ်ဖြင့် ထောက်ပံ့ပေးနိုင်သည်။
ကျိုင်ရှင်းချန်က သူ၏ အနားတွင် ဝင်ထိုင်သည်မှာ ရည်ရွယ်ချက်ရှိသည်ဟုပင် ခံစားလိုက်မိသည်။
ကျိုင်ရှင်းချန်က ပွင့်လင်းကာ နွေးထွေးပြီး သူ့အား သတ္တိရှိလာစေသည်။
ပင်လယ်လေကြောင့် အနည်းငယ် ချမ်းစိမ့်လာသဖြင့် သူက ကျိုင်ရှင်းချန်၏ အနားသို့ ကပ်လိုက်သည်။
သူတို့နှစ်ယောက်ကဲ့သို့ လူသစ်များမှလွဲပြီး ကျန်သော လူများ၏ အလုပ်အကိုင်က ရှိုး၏ အဆင့်အတန်းကို ပို၍ မြင့်မားသွားစေသည်။
အဓိကဇာတ်လိုက်သုံးယောက်လုံးက နာမည်ဆိုးဖြင့် ကျော်ကြားပြီးသားဖြစ်သည်။ ဟူရင်းက အင်တာနက်တွင် အကျော်ကြားဆုံး တစ်ယောက်ဖြစ်သည်။ သွမ့်ရီဟွားက ချိုမြိန်မှုလေး ဟုခေါ်သော နို့လက်ဖက်ရည်ဆိုင်ကို တည်ထောင်ထားပြီး အင်တာနက်တွင် အလွန်ကျော်ကြားသည့် ဆိုင်အဖြစ် ပြောင်းလဲအောင ်ဦးဆောင်နိုင်ခဲ့သည်။ သူ၏ ဆိုင်က တောင်ပိုင်းမြို့တွင်ပင် ဆယ်ဆိုင်ထက် မနည်းရှိနေပြီဖြစ်သည်။
တည်ငြိမ်ကာ ရင့်ကျက်ပြီး တည်ငြိမ်သော အလုပ်အကိုင်ကို ပိုင်ဆိုင်ထားသည့် ခပ်ချောချော အစ်ကိုကြီးက ဆွဲမက်စရာ ကောင်းလေသည်။
ကုံးတွေဘက်က လှုပ်ရှားမလား၊ ရှိုတွေဘက်က လှုပ်ရှားမလား .... ဘယ်ဘက်က အရင် လှုပ်ရှားမှာလား
ကောင်းပြီ အချိန်က ဦးနှောက်ကို အသုံးချရမယ့်အချိန်ပဲ
လင်းချင်ချင်က မာစတာ ဘွဲ့ရထားပြီး တရုတ်ပြည်တွင် အငယ်ဆုံး တက္ကသိုလ် ပါမောက္ခတစ်ယောက်ဖြစ်နေသဖြင့် ဧည့်သည်များကြားတွင် ဗဟုသုတ အရှိဆုံးတစ်ယောက်ဖြစ်သည်။
ယန်ကျစ်၏ အထက်တန်းဆန်မှုနှင့်ယှဉ်သော် အရှိန်အဝါချင်းအားဖြင့် လင်းချင်ချင်က ဆွဲဆောင်မှု အရှိဆုံး ပုံစံဖြစ်နေသည်။ ပုံမှန်အားဖြင့် လင်းချင်ချင်က စိတ်ဆန္ဒကို ထိန်းချုပ်ရခက်အောင် လှုံ့ဆော်နိုင်စွမ်းရှိသည့် ပုံစံမျိုးဖြစ်သည်။
ကောင်းပြီ သွမ့်ရီဟွားနဲ့သူဆိုရင် ဘယ်သူက ပိုပြီး ဆွဲဆောင်မှုရှိနေမှာလဲ... သူတောင် မပြောနိုင်တော့ဘူး
အနှစ်ချုပ်ဆိုရရင် အားလုံးရဲ့ ဆွဲဆောင်မှုတွေက သူ့ကို သတ်နေသလိုပဲ... သူက ညီအစ်ကိုကောင်းပဲ ဖြစ်ချင်တာပါ
ထိုသို့ဖြင့် အသက်ကို ခန့်မှန်းသည့်ဘက်သို့ ပြောင်းသွားသည်။သွမ့်ရီဟွားက အကြီးဆုံးဖြစ်ပြီး အသက်သုံးဆယ်ပြည့် မွေးနေ့ကို ဆင်နွှဲပြီးကာစဖြစ်သည်။
ဟော့ချန်းနှင့် လင်းချင်ချင်က အသက်တူသည်။ နှစ်ယောက်လုံးက အသက်၂၈နှစ်ဖြစ်သည်။ ဟူရင်းနှင့်ယန်ကျစ်ကလည်း အသက်တူသည်။ သူတို့က ၂၄နှစ်ပြည့်ပြီးကြလေပြီ။
ဖေးရွှီက ၂၅ဖြစ်ပြီး ဝမ်နော့က ၂၂ဖြစ်သည်။ကျိုင်ရှင်းချန်က ဝမ်နော့ထက် နှစ်နှစ်ငယ်သည်။ သူက အသက်၂၀သာ ရှိသေးသည်။
" နှစ်ဆယ်တဲ့လား...."
ဟူရင်းက သက်ပြင်းချသည်။
ဟော့ချန်းက ကောင်းကင်သို့ မော့ကြည့်လိုက်ရာ တောက်ပနေသော ရှင်းချန်(ကြယ်)ကို မြင်လိုက်ရသည်။
ထို့နောက် ပြန်ငုံ့လိုက်ချိန်တွင် ကျိုင်ရှင်းချန်၏ ရှည်လျားကာ ဖြူဖွေးပြီး သွယ်လျသော ခြေထောက်များက မျက်စိကို ဖမ်းစားသွားပြန်သည်။
အဆုံးတွင် ပြောစရာမရှိတော့သဖြင့် အားလုံးအတူ ကမ်းစပ်တွင် ဆက်ထိုင်နေကြပြီး လမင်းကို ငေးလိုက် ပင်လယ်လေပြေကို ခံစားလိုက် လုပ်နေလိုက်ကြသည်။
" ဒီပရိုဂရမ်ကြောင့်သာ မဟုတ်ရင် အခုလို စိတ်အေးလက်အေး နေဖို့ အခွင့်အရေးရှိမှာတောင် မဟုတ်ဘူး"
သွမ့်ရီဟွားက ပြောသည်။
" မင်းရဲ့ အလုပ်က အရမ်း အလုပ်များတာလား"
ဟူရင်းက မေးသည်။
သွမ့်ရီဟွားက ခေါင်းညိတ်သည်။
" ဒီရှိုးမှာ ပါတာက ငါ့ကိုယ်ငါ နှစ်နှစ်တာ အတွင်း ပထမဦးဆုံး ပေးမိတဲ့ အပန်းဖြေ ခရီးပဲ"
" စကားမစပ် မင်းတို့တွေ မနက်က အင်တာဗျူးဖြေကြတယ် မဟုတ်လား"
ရုတ်တရက် ဟူရင်းက စိတ်လှုပ်ရှားသွားသည်။
ဟူရင်းက စိတ်ဝင်စားစရာ တွေ့သွားသလိုမျိုး ဆက်ပြောသည်။
" ရိုက်ကူးရေးအဖွဲ့က မင်းတို့ကို ဘယ်သူ့ကို သဘောအကျဆုံးလဲလို့ မေးကြတယ် မဟုတ်လား"
" ကျွန်တော်တော့ မဖြေရသေးဘူး"
ယန်ကျစ်က ပြောသည်။
ဟူရင်းက ကျိုင်ရှင်းချန်တို့ကို ကြည့်သည်။
သွမ့်ရီဟွားနှင့် လင်းချင်ချင်က စိုးရိမ်စိတ်ဝင်နေသည့်အလား ခပ်မတ်မတ် ပြင်ထိုင်သည်။
" ငါတို့ ဒါကို ပြောလို့ဖြစ်ရဲ့လား"
ဟော့ချန်းက ပြောသည်။
" ဒါက လျို့ဝှက်ချက် မဟုတ်ဘူးလား"
ကျိုင်ရှင်းချန်က ပြောသည်။
" ကျွန်တော်တော့ သေချာပေါက် မပြောနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ညကျရင် ပို့ရမယ့် စာတိုနဲ့တော့ မသက်ဆိုင်တာ အသေအချာပဲ"
" အဲဒိလိုတော့ မဟုတ်ဘူးလေ၊ ငါလည်းပဲ သဘောကျတယ်လိုု့ ပြောလိုက်မိတဲ့လူနဲ့ ဒီည စာတိုပို့မယ်လူက မတူဘူး"
ဟူရင်းက ပြောသည်။ထို့နောက် ဟူရင်း၏ အကြည့်က ယန်ကျစ်ထံ ရောက်သွားသည်။
ကြည့်ရတာ သူက ဖေးရွှီကနေ ယန်ကျစ်ကို ပြောင်းသွားပြီထင်တယ်
စကားခန်းက ရပ်တော့မည်ဟု တွေးလိုက်ချိန်မှာတင် ဖေးရွှီ၏ စကားကို ကြားလိုက်ရသည်။
" ငါတော့ ကျိုင်ရှင်းချန်ကို ရွေးလိုက်တယ်"
ထိုစကားက ပတ်ဝန်းကျင်ကို ချက်ချင်းလိုလို တိတ်ဆိတ်သွားစေသည်။ လူတိုင်းက မင်သက်သွားကြောင်း မြင်လိုက်ရလေသည်။ ကျိုင်ရှင်းချန်ကိုယ်တိုင်ပင် အံ့သြသွားပြီး ဖေးရွှီကို ကြည့်လိုက်သည်။
လူတိုင်းက ရယ်လိုက်ကြသည်။ ဟူရင်းက ပြောသည်။
" ငါက အပြာက အနီကိုပဲ ရွေးမယ် ထင်နေတာ"
သွမ့်ရီဟွားကလည်း ခေါင်းညိတ်သည်။
"ငါလည်း အဲဒိလိုပဲ ထင်တာ"
" သူတို့က အသေးစိတ် မပြောပြဘူး"
ဖေးရွှီက ပြောသည်။
ကျိုင်ရှင်းချန်က ဝင်ပြောသည်။
" အဲဒါတော့ ဟုတ်တယ်၊ ကျွန်တော်ဆိုလည်း သဘောကျတယ်လို့ ပြောလိုက်တဲ့လူကို တကယ ်သဘောကျတာ မဟုတ်ဘူးလေ"
" ဒါဆိုရင် ဘယ်သူက မင်းကို သတိတရ အဖြစ်စေဆုံးလဲ"
ဖေးရွှီက ရုတ်တရက် မေးလာသည်။
လေသံက အနည်းငယ် ဖြေးညင်းသွားကာ သတိလက်လွတ်မေးလိုက်မိဟန်နှင့်လည်း တူနေသေးသည်။ ကျိုင်ရှင်းချန် ကြောင်အသွားရပြန်သည်။
ဖေးရွှီက ပုံမှန်အားဖြင့် ဆက်ဆံရအခက်ဆုံးလူဖြစ်သော်လည်း သည်ညနေတွင်မူ အလွန် တက်ကြွနေသည်။
သို့သော် ရှိုးက ဘာကို အလိုအပ်ဆုံးဖြစ်ကြောင်း သူက ကောင်းကောင်းသိထားသည်။ ရိုးမန့် ရသစုံရှိုးက ဧည့်သည်များကြားမှ အပြန်အလှန် ဆက်ဆံပုံများကို အဓိကထားပြီး မည်သည့်အချိန်တွင် မီးပန်းပေါက်ပြီး မည်သည့်အချိန်တွင် ပန်းရောင် ရိုးမန့်ရနံ့ ထွက်လာမည်ဖြစ်ကြောင်း သိချင်စိတ်ကို အဓိကထားသည်။
သူတော့ လေထဲက ယမ်းမှုန့်ရနံ့တောင် ရနေသလိုပဲ
ဖေးရွှီက သူ့ကို အန္တရာယ်၇ှိတယ်လို့ မြင်နေတာများလား
တည်ကြည်နေသော ဖေးရွှီကိုကြည့်ကာ သူက ပြုံးလိုက်သည်။သူ၏ ရုပ်ရည်က အလွန်ကြည့်ကောင်းလွန်းသည့်အတွက် ထိုသို့ရုပ်တည်ကာ လေးနက်လာသည့်အခါ ပို၍ မျက်စိဖမ်းစားဖွယ်ကောင်းလာသည်။
သူက ယန်ကျစ်နှင့်ဟော့ချန်းကို ကြည့်လိုက်သည်။ ဟော့ချန်းက ပြုံးနေပြီး ယန်ကျစ်ကမူ မျက်နှာသေနှင့်ဖြစ်သည်။ သို့သော် ယန်ကျစ်က မီးအလင်းရောင်အောက်တွင် ကျောက်စိမ်းတုံးလို အေးစိမ့်ကာ လှပနေသည်။
ရှိးကို စောင့်ကြည့်နေကြ အခြားသော ဧည့်သည်များက သူ့အား မျော်လင့်တကြီးကြည့်သည်။ ဝမ်နော့ကပင် လက်ကို စိတ်လှုပ်ရှားစွာ ပွတ်လိုက်သည်။
ကျိုင်ရှင်းချန်က လက်ထဲရှိ ခရုခွံကို ဖိဆုပ်လိုက်သည်။သူက ပြောလိုက်သည်။
" ယန်ကျစ်"
ယန်ကျစ်၏ နှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားပြီး ခပ်တိုးတိုးရယ်သည်။
" ဘာလို့သူလဲ"
ဟော့ချန်းက မေးသည်။
" ဒီနေ့ သူက ကျွန်တော့်ကို ကျောင်းလိုက်ပို့ပေးတဲ့အပြင် ပြန်လာကြိုပေးတယ်လေ"
" ငါလည်း ယန်ကျစ်အပေါ် အမြင်ကောင်းရှိတယ်"
ဟူရင်းက ပြောသည်။
" ဘာ သူက မင်းကို ကျောင်းလိုက်ပို့တဲ့အပြင် လာတောင်ကြိုသေးတယ် ဟုတ်လား"
သွမ့်ရီဟွားက ရယ်ရင်း မေးသည်။
" သူက ဘယ်လောက်စရိုက်ကောင်းလိုက်သလဲ၊ ငါတို့ ဝတ်ထားတာနဲ့ သူ ဝတ်ထားတာကိုလည်း ယှဉ်ကြည့်လိုက်ပါဦး၊ သူက တကယ့်ကို နတ်ဘုရားပဲ "
ဟူရင်းက ပြောသည်။
လူတိုင်းက ရယ်ကြသည်။
" မင်းကေ နွရာသီမှာလည်း ဒီအတိုင်း ဝတ်တာလား"
သွမ့်ရီဟွားက ယန်ကျစ်ကို ကြည့်ကာ မေးသည်။
ယန်ကျစ်က ပြန်ဖြေသည်။
" အကျင့်ဖြစ်နေပါပြီ"
ယန်ကျစ်က အလွန်အမင်း အသန့်ကြိုက်တတ်သူုဖြစ်သည်။
တစ်နေ့မှာ သူ ပေါက်ကွဲပစ်လိုက်တဲ့အခါ သေချာပေါက်ကို ကြောက်ဖို့ကောင်းလိမ့်မယ်။ ပုံမှန်အားဖြင့် သူက ကိုယ်လက်အင်္ဂါတွေတောင် လူရှေ့ ဖော်ထုတ်ပြတာမျိုး မလုပ်တဲ့ အမျိုးသား ဂုဏ်ဆောင်တစ်ယောက်၊
ဒါပေမဲ့ ချစ်ခြင်းစိတ်ဆန္ဒတွေ ပေါက်ကွဲသွားတဲ့အခါ နေ့တိုင်းလိုလို ကိုယ်ဗလာနဲ့ လျှောက်သွားမှာတော့ မဟုတ်ဘူးမဟုတ်လား
ဘယ်လောက်တောင် စိတ်ဝင်စားစရာ ကောင်းလိုက်သလဲ
ဒီလိုအမျိုးသားက သူရဲ့ တစ်ဦးတည်းသော သက်ဆိုင်သူအတွက်ပဲ ထုတ်ဖော်ပြသလိမ့်မယ်
မင်းကသာ တစ်လောကလုံးမှာ ငါ့ကို အဝတ်ဗလာနဲ့ မြင်နိုင်စွမ်းရှိတဲ့သူပဲ... ဒါက ငါရဲ့ စိတ်ရင်းနဲ့ အရိုးရှင်းဆုံး ဝန်ခံတာပါဆိုပြီး ဖွင့်ပြောလောက်လား
ဟ
ကျိုင်ရှင်းချန်က ယန်ကျစ်က ပြုံးနေသော မျက်ဝန်းများနှင့် ဆုံသွားသည်။ယန်ကျစ်၏ မျက်ဝန်းများက သမုဒ္ဒရာကြီးတစ်ခု မြုပ်ကွယ်နေသလိုမျိုး လျို့ဝှက်ဆန်းကျယ်ကာ လေးနက်သည်။
ဖေးရွှီက မတ်တပ်ထရပ်သည်။
ပင်လယ်လေပြေက အေးစိမ့်လာသည်။ မည်သို့ပင်ဆိုစေ ဆောင်းတွင်းရောက်နေသဖြင့် တောင်ပိုင်းမြို့က နေ့တွင်ပူသော်လည်း ညတွင် အေးစိမ့်လာတတ်သည်။ ထိုကြောင့် သွမ့်ရီဟွားက ပြောလိုက်သည်။
" ပြန်ကြရအောင် အတော် အေးလာပြီ"
လူတိုင်းက ကမ်းစပ်မှ ထလိုက်ကြကာ ပြန်ကြသည်။
ထို့နောက် သူတို့တွေက အပြာအနီသင်္ကေတ စာတိုများကိုပို့ရတော့မည်ဖြစ်သည်။ ကျိုင်ရှင်းချန်ပင် မည်သူက မည ်သူ့ကို ပိုမည်ဖြစ်ကြောင်း မခန့်မှန်းနိုင်ချေ။
မူလဝတ္ထုထဲတွင် ပထမနေ့တွင် လူတိုင်းကေ ဖးရွှီကို ပို့ကြသည်မှာ ထိုအချိန်က ယန်ကျစ်က ရောက်မလာသေး၍ဖြစ်သည်။ ယခုလက်ရှိ အခြေအနေအရ ယန်ကျစ်ကသာ ဆွဲဆောင်မှုအရှိဆုံးဖြစ်နေသည်။
ကျိုင်ရှင်းချန်က သူ၏ အရှေ့တွင် လျှောက်နေသော ဖေးရွှီကို ကြည့်လိုက်သည်။
" ဖေးရွှီ"
ဖေးရွှီက လှည့်ကြည့်လာသည်။ သူ၏ လက်နှစ်ဖက်လုံးက ဘောင်းဘီအိတ်ထဲတွင်ရှိနေသည်။ ည၏ လေပြေအတိုင်း သူက အေးစက်ကာ လန်းလွန်းနေသည်။
ကျိုင်ရှင်းချန်က သူ၏အနားသို့က ပ်သွားလိုက်သည်။
" ဒါက ဘယ်ဝန်ထမ်းရဲ့ အကျႌလဲ"
ဖေးရွှီက ပြောသည်။
" မမှတ်မိတော့ဘူး"
"....."
သူက အဖွဲ့သားများထံသွားကာ မေးလိုက်သည်။ ဖေးရွှီက ပြေးထွက်သွားသော ကျိုင်ရှင်းချန်ကို ကြည့်နေပြီးမှ ရှေ့ဆက်သွားသည်။
လင်းချင်ချင်က သူ၏ အနားသို့ကိုင်းလာကာ ပြောသည်။
" မင်း ဒီရှိုးကို လာဖို့ဆုံးဖြတ်ပြီးမှတော့ ပျော်ပျော်နေပါလား။ ဒါကို အလုပ်တစ်ခုလို့ တွေးလိုက်၊ ပရိုဂရမ်အဖွဲ့နဲ့ နည်းနည်းပိုပြီး ပူးပေါင်းပေးလိုက်ပါ။ ဒေါ်လေးကျိုးကလည်း အရမ်း စိတ်ပူနေတယ်"
ဖေးရွှီက ပြောသည်။
" ငါက ဟန်မဆောင်တတ်ဘူး"
" မင်းက ဟန်မဆောင်တတ်တာ ငါ သိပါတယ်။ ဒါပေမဲ့ နည်းနည်းလေးပိုပြီး စကားပြောပေးဖို့ ပြောနေတာ"
ဖေးရွှီက ဘာမှဆက်မပြောသော်လည်း လင်းချင်ချင်က အနားတွင်ကပ်လျှောက်လာသည်။
"စိတ်ဝင်စားဖို့ကောင်းတယ်လို့ မထင်ထားဘူး။ အချင်းချင်း သိရုံပဲ သိကြတဲ့လူတစ်အုပ်က ရှိုးတစ်ခုကြောင့် လာဆုံပြီး အတူနေနေရတယ်လေ။သူတို့တွေ တကယ်ချစ်ကြိုက်ချင်တာပဲဖြစ်ဖြစ် မချစ်ချင်တာပဲဖြစ်ဖြစ် ဒါက အမှတ်တရကောင်း တစ်ခု ဖြစ်လာလိမ့်မယ်။ငါ့အထင် နှစ်တွေကြာသွားရင်တောင်မှ မင်းအတွက် နောင်တမရစေမယ့် အမှတ်တရကောင်းတွေ ကျန်ခဲ့မယ်လို့ ယုံကြည်တယ်"
ဖေးရွှီက လင်းချင်ချင်ကို လှည့်ကြည့်သည့်အခ်ါ လင်းချင်ချင်ကပြုံးပြသည်။
ဖေးရွှီက ပြောသည်။
" အင်း"
ကျိုင်ရှင်းချန်က အကျႌပိုင်ရှင်ကို ရှာပြီးနောက် အဖွဲ့ထံသို့ ပြန်လာသည်။ ယန်ကျစ်က သူ့ကို အနောက်မှ တစ်ချိန်လုံးကြည့်နေခဲ့သည်။ ယခုလို ပြန်လာသည့်အခါ ချက်ချင်း မေးလိုက်သည်။
" ဘာသွားလုပ်တာလဲ"
" ဖေးရွှီ ယူလာပေးတဲ့ အကျႌပိုင်ရှင်ကို လိုက်မေးနေတာပါ"
" သေချာတွေးတတ်တာ သူပဲ၇ှိတယ်"
ယန်ကျစ်က ပြောသည်။
သူကသာ အကျႌတစ်ထပ်တည်း ဝတ်ထားခဲ့ပြီး အောက်ခံအကျႌမဝတ်ထားတာကြောင့်သာ မဟုတ်ရင် အပေါ်ဝတ်ကို ချက်ချင်း ချွတ်ပြီး ကျိုင်ရှင်းချန်ကို ပေးလိုက်မှာပဲ၊ ဒီလိုဆိုရင် ရိုက်ကူးရေးအဖွဲ့ဆီက ယူစရာကို မလိုတော့ဘူး....
" မင်း ကျောင်းပိတ်တော့မှာ မဟုတ်လား"
ယန်ကျစ်က မေးသည်။
ကျိုင်ရှင်းချန်က ပြန်ဖြေသည်။
" အင်း ဒီလပဲ"
" ဒါဆိုရင် စာမေးပွဲရှိမှာပေါ့"
" နောက်လရဲ့ နောက်ဆုံးနှစ်ရက်ပဲ၊ ယဉ်ကျေးမှုအတန်းနဲ့ စာမေးပွဲကြီးရှိတယ်"
" မင်းရဲ့ စာမေးပွဲကြီးဆိုတာက ယဉ်ကျေးမှု ဖျော်ဖြေပွဲ မဟုတ်လား"
ကျိုင်ရှင်းချန်က ခေါင်းညိတ်သည်။
ယန်ကျစ်က အတွေးများသွားပြီး ဆက်မပြောတော့ချေ။ မနှစ်က ဗဟိုအကအကယ်ဒမီ၏ နောက်ဆုံးစာမေးပွဲတွင် ကျိုင်ရှင်းချန်ကို ြုမင်ခဲ့ရခြင်းအား ပြန်လည် သတိရသွားသည်။
အနီရောင်ဝတ်စုံကို ဝတ်ပြီး ရိုးရာအကနယ်ပယ်မှ ကောင်းကင်တွင်ပျံသန်းခြင်း မည်သည့် နာမည်ကြီး သံစဉ်ဖြင့် ရွှေရောင်စင်မြင့်ပေါ် ကခုန်နေခဲ့သည့် ကျိုင်ရှင်းချန်၏ အချိုးကျမှု၊ နူးညံ့ပျော့ပြောင်းနေမှုတို့က ကောင်းကင်မှ ဆင်းသက်လာသော မသေမျိုးနှင့် တူနေခဲ့သည်။
ထိုအကပြီးချိန်တွင် ပရိတ်သတ်များက လက်ခုပ်တီးကြသည်။ ကျိုင်ရှင်းချန်က လေတွင်လွင့်နေသော ပန်းပွင့်ငယ်လေးလိုပုံစံဖြင့် စင်ပေါ်တွင် ရှိနေခဲ့ကာ ဝတ်စုံကို လွင့်နေစေသည်။ ထိုအခါမှသာ အချို့သော ကကွက်များက ငိုချင်စိတ်ပင် ပေါက်လာစေလောက်အောင် လှပလွန်းကြောင်း နားလည်ခဲ့ခြင်းဖြစ်သည်။
.... ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်
ဒီအပိုင်းက န ည်းနည်းအေးပေမဲ့ ကိုယ်တော့ ကြိုက်တယ်
သိသာနေကြပြီဆိုတော့ အားလုံးလည်း ထူးခြားတဲ့ ခံစားချက်ကို ဖမ်းဆုပ်နိုင်နေပြီလို့ ယူဆတယ်။
မေဝန်းလေ ကျိုင်ရှင်းချန်ကို တအားသဘောကျတာပဲ၊ အခြားလူတွေ သူ့ကို သဘောကျတာကို မြင်နေရတဲ့ ခံစားချက်က ရူးမတတ်ပဲ
အား.... တကယ် စိတ်လှုပ်ရှားနေပြီ