ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့က...
By PannKhattWaiio
126K 17.2K 559
fun translation not my own More
မိတ်ဆက် မိတ္ဆက္
၂အဆက်
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
သတိပေးချက်
၁၈
၁၉
၂၀
၂၁
tele
၂၂
၂၃
၂၄
Let's try
ss
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂+၃၃
၃၄+၃၅
၃၆
၃၇+၃၈
၃၉+၄၀
၄၁
၄၂
၄၃
၄၄
၄၅
၄၆+၄၇
၄၈+၄၉
၅၀+၅၁
၅၂..၅၃
၅၄.၅၅.၅၆
၅၇..၅၈
၅၉.၆၀
၆၁ ၆၂
2.2K 473 4
By PannKhattWaiio
 အပိုင်း ၆
“ ဘယ်လိုသိတာလဲ”
ဟော့ချန်းက ၀င်မေးသည်။
ဘာလုပ်ရမလဲ
“ မလိုပါဘူး”
 “ သွားတော့မယ်”
ယန်ကျစ်က မေးလိုက်သည်။
ယန်ကျစ်က ပြောသည်။
“ ကျိုင်ရှင်းချန်”
ဖေးရွှီက ဘေ့စ်ဘော ဦးထုပ်ဆောင်းထားပြီး တစ်ကိုယ်လုံး အနက် ၀တ်ထားသဖြင့် ထူးခြားသည့် အရှိန်အ၀ါထွက်နေကာ အမူအရာက ထူးခြားစွာ တင်းမာနေလေသည်။
 အပိုင်း ၆
ယန်ကျစ်က ကျိုင်ရှင်းချန်ကို ကြည့်သည်။
“ မင်းက ဗဟိုအက အကယ်ဒမီက မဟုတ်လား”
ကျိုင်ရှင်ချန်က အေးခဲသွားသည်။
“ ဘယ်လိုသိတာလဲ”
“ မင်းတို့က အချင်းချင်း သိကြတာလား”
ဟော့ချန်းက ဝင်မေးသည်။
ကျိုင်ရှင်းချန်က ပြောသည်။
“ ကျွန်တော်တော့ သူ့ကို မမြင်ဖူးတာ သေချာတယ်။ ဒီလို နတ်ဘုရားကို မြင်ဖူးရင် သေချာပေါက် မေ့မှာ မဟုတ်ဘူး”
လူအုပ်က ယန်ကျစ်ကို လှည့်ကြည့်သည်။
 ယန်ကျစ်က ပြုံးလိုက်သည်။ထိုအခါ သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဝမ်နော့၏ နားရွက်များက နီရဲသွားကာ သူ့အား မော့မကြည့်ရဲတောေ့ချ။
“သူက ဗဟိုအကအကယ်ဒမီရဲ့ ကျောင်းသားလေ”
 ကျိုင်ရှင်းချန်ပင် ယန်ကျစ်ကို စိတ်ဝင်တစားကြည့်လိုက်သည်။တ ဖက်က သူ့အား နွေးထွေးစွာ တည်တည်ကြည်ကြည် အပြုံးနှင့် စိုက်ကြည့်နေသည်။
  “ကျွန်တော်ရဲ့ ညီမကလည်း ဗဟိုအကအကယ်ဒမီကဆိုတော့ ကျောင်းကို သွားဖြစ်ရင်း တွေ့ဖြစ်ခဲ့တာပါ”
ယန်ကျစ်က ယဉ်ကျေးစွာ ရှင်းပြသည်။
သူ၏ လေသံက ဖြေးညင်းကာ အလွန်အမင်း နားထောင်ကောင်းလွန်းလှသည်။ သူ၏ စကားသံထဲတွင် ရှက်ရွံ့မှုနှင့် သိချင်စိတ်ပြင်းပြမှုတို့က တစွန်းတဆ ပါဝင်နေကာ သူ့အား ပို၍ စူးစမ်းချင်လာစေမိပြီး နားလည်လာစေချင်စိတ် ဖြစ်လာစေသည့်အပြင် သူ၏ လူကြီးလူကောင်းဆန်မှုကိုလည်း ခံစားမိကြသည်။
ဟော့ချန်းက ဝိုင်ခွက်ကို မယူကာ တစ်ငုံသောက်သည်။
ဖေးရွှီ၏ အမူအယာက လေးလံနေကာ မျက်မှောင်ကိုလည်း ကြုတ်ထားသည်။ သူ၏ အောက်နှုတ်ခမ်းကို စောင်းကာ သုတ်လိုက်ချိန်တွင် ပြစ်ချက်ကင်းသော ဘေးတိုက်မျက်နှာကို ရှင်းလင်းစွာ မြင်ရသည်။
 “ ကျွန်တော်နဲ့သာ တွေ့ဖူးရင် ကျွန်တော်တော့ မမှတ်မိဘူးလို့ မယုံပါဘူး”
ကျိုင်ရှင်းချန်က ပြောသည်။
“ ကျွန်တော်က မမြင်လိုက်တာလည်း ဖြစ်နိုင်တာပဲ၊ မဟုတ်ရင် ဒီလောက်ချောမောတဲ့လူတစ်ယောက်ကို မေ့မှာတဲ့လား”
ယန်ကျစ်သည် အကျင့်စရိုက်ကောင်းမွန်လွန်းပြီး အလွန်အမင်း ချောမောလွန်းသော အမျိုးသားတစ်ယောက်ဖြစ်သည်။ အလွန်အမင်း အသန့်ကြိုက်မှုနှင့် တုန့်ပြန်မှု နှေးကွေးကာ တစ်သီးတသန့် နေတတ်သော စရိုက်ဆိုသည့် ပြစ်ချက် အနည်းအကျဉ်းတော့ ရှိသည်။ ဖေးရွှီက မိန်းကလေးများ တန်းတန်းစွဲဖြစ်တတ်သော စတိုင်ဆိုလျင် ဟော့ချန်းက ကောင်လေးများ ကြိုက်တတ်သည့် စတိုင်ဖြစ်သည်။ထိုသို့ဆိုလျင် ယန်ကျစ်ကမူ မိန်းကလေးနှင့်ယောကျၤားလေးများ  ဝိုင်းကာ သည်းသည်းလှုပ်ခံရမည့် စတိုင်မျိုးဖြစ်လေသည်။
ယန်ကျစ်က ရောက်လာခြင်းသည် သည်နေ့ည၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ ်စာတိုပေးဖို့ခြင်း ကဏ္ဍကို ပြောင်းပြန်ဖြစ်အောင် ပြောင်းလဲသွားစေလောက်သည်။
 အကြောင်းမူကား ဝတ္ထုထဲတွင် ယန်ကျစ်က ဒုတိယမြောက် နေရာမှသာ ရောက်လာသဖြင့် ရှေ့ခုနှစ်ရက်လုံး ပျောက်ဆုံးနေခဲ့လေသည်။
ဘာလုပ်ရမလဲ
ယန်ကျစ်က ရောက်လာတော့ ဖေးရွှီက မျက်နှာသာ ပေးခံရတော့မှာ မဟုတ်ဘူး
ချောလည်းချော၊ ကိုယ်ကျင့်သိက္ခာလည်းကောင်းမွန်၊ စရိုက်လည်း ကောင်း၊ နာမည်လည်း ကြီးပြီး အားအင်ပြည့်တဲ့ လူမျိုးကသာ ပြီးပြည့်စုံတဲ့လူလေ။ အရေးကြီးဆုံးအချက်က သူ့ရဲ့ အသန့်အပြန့်ကြိုက်တဲ့ အချက်နဲ့ အမြဲတစေ သပ်သပ်ရပ်ရပ် နေတတ်တဲ့ ပုံစံကြောင့် သူက အမြဲအရမ်းလန်းတဲ့ လူအဖြစ် သတ်မှတ်ခံရတာပဲ။ မူရင်း ဝတ္ထုထဲမှာဆိုရင် လိင်စိတ်ဆန္ဒ နှိုးဆွပေးနိုင်တဲ့လူအဖြစ် သူ့ကို ဖော်ပြဖိုု့ စာပိုဒ်ရှည်တွေ အများကြီး သုံးထားခဲ့တာ။ ဒါ့အပြင် သူ့ရဲ့ ချွင်းချက်မရှိ ထူးချွန်တဲ့ ပါရမီအကြောင်းကလည်း စာမျက်နှာတွေ အများကြီး ပါနေခဲ့တာ….
ယန်ကျစ်က အပြင်ထွက်ချိန်တွင် မီးခိုးရောင် ချည်ဘောင်းဘီအထူ(အားကစားဘောင်းဘီ)ကို ဝတ်ခဲ့သဖြင့် သတင်းများ၏ ထိပ်ဆုံးတွင် နေရာ ယူခဲ့ဖူးလေသည်။ အကြောင်းမှာ သူက လှေကားထစ်များကို ဆင်းရခဲ့ချိန်က ဘောင်းဘီတစ်နေရာက တင်းကျပ်သွားခဲ့သဖြင့် သူ၏ ရှောင်ယန်ကျစ်ကို ထင်ထင်ရှားရှား မြင်ခဲ့ရလေရာ ဌက်ကြီးဟုပင် စနောက်ကြလေသည်။
အတိုချုံး ပြောရလျင် စာရေးသူက ယန်ကျစ်ကို အခြားသော အဓိက အမျိုးသား သုံးယောက်နှင့် မတူကွဲပြားအောင် ပုံဖော်ထားခဲ့ပြီး သူက အပြီးပြည့်စုံလွန်းသူ ဖြစ်နေခဲ့သည်။
ထို့အပြင် သူက အခြားလူများထက် ပို၍ ကောင်းမွန်စွာ ဆက်ဆံခံရသည်။ ဥပမာအနေနှင့် ဟော့ချန်းက ဟင်းမချက်တတ်သည့်အခါ ခေတ်သစ်လူမှုအသိုင်းအဝိုင်းမှ ပြည်သူများက ဟင်းချက်တတ်သော အမျိုးသားကသာ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်နိုင်သည်ဟု မှတ်ချက် ချကြသည်။ သို့သော် ယန်ကျစ်က ပို၍ ရူးကြောင်ကြောင်နိုင်သည်။ သူက ဂတ်စ် မီးဖိုကိုပင် မဖွင့်တတ်ချေ။ သို့သော် ထိုအချိန်တွင် ပြည်သူများက ပြိုင်ပွဲတွင် နတ်ဘုရားများနှင့်ပင် တွေ့ကြုံရင်ဆိုင်လေ့ရှိသည့် အမျိုးသားကြီးက တကယ့် အစစ်အမှန်ဘဝတွင် နေ့စဉ်လူနေမှုဘဝ၏ အရိုးရှင်းဆုံး ကိစ္စများကိုပင် မလုပ်နိုင်ကြောင်း  ပြောဆိုကြသည်။ အနှစ်ချုပ်ရသော် သူက မည်မျှချစ်စရာကောင်းကြောင်း၊ သူ့အစား မီးဖိုကို ဖွင့်ပေးချင်ကြကြောင်း၊ သူက ဘာမှလုပ်စရာ မလိုဘဲ လူတိုင်းက သူ့အား အရာရာ လုပ်ပေး၍ ဂရုစိုက်ပေးချင်ကြလေသည်။
ရိုးရိုးလေးပြောရရင် လူတန်းစားခွဲခြားတာပဲ
အခြားနေရာ သုံးခုနှင့်မတူသည်မှာ ယခုလက်ရှိ ရိုက်ကူးရေး လုပ်နေသည့် နေရာက သူတို့ ပုံမှန်နေနေကျ ဝန်းကျင်တွင်ဖြစ်သဖြင့် ပုံမှန်အတိုင်း လည်ပတ်နိုင်ပြီး အလုပ်လည်း ပုံမှန် သွားနိုင်ကြသည်။ ရိုက်ကူးရေး အဖွဲ့သားများက လူတိုင်း၏ အသီးသီးသော အလုပ်များ လုပ်ဆောင်ပုံ ၊စာလေ့လာပုံတို့ကို ရိုက်ကူးမည်ဖြစ်သည်။ ထိုကြောင့် ညစာ စာ းပြီးသည့်အခါ လူတိုင်းက အလုပ်များသွားကြတော့သည်။
“ မင်းက အလုပ်လုပ်ဖို့ မလိုဘူးပေါ့ ဟုတ်လား”
ဟော့ချန်းက ယန်ကျစ်ကို မေးသည်။
ယန်ကျစ်က ခေါင်းခါပြသည်။
“ မလိုပါဘူး”
သွမ့်ရီဟွားက သူတို့ကို မနာလိုကြီးစွာ ကြည့်လာကာ ပြောသည်။
“ ဘယ်လောက် ကောင်းလိုက်သလဲ”
လူတိုင်းက တစ်ချိန်တည်းလိုလို အပြင်သို့ ထွက်သွားကြသည်။ အပြင်ဘက်တွင် ဇိမ်ခံကားများ အတန်းလိုက် ရပ်ထားသည်။ ကျိုင်ရှင်းချန်က ကျောင်းလွယ်အိတ်လေး လွယ်ကာ အပြင်သို့ ထွက်တော့မည့် အချိန်တွင် ဧည့်ခန်းတွင် ထိုင်နေသော ယန်ကျစ်ကို မြင်လိုက်ရလေသည်။
 “ သွားတော့မယ်”
သူက ပြုံးကာ လက်ရမ်းနှုတ်ဆက်လိုက်သည်။
“ ဗဟို အက အကယ်ဒမီက ဒီနေရာကနေဆိုရင် တော်တော်ဝေးတယ်။ မင်းက တက္ကစီ စီးသွားမှာလား”
ယန်ကျစ်က မေးလိုက်သည်။
ကျိုင်ရှင်းချန်က ဖြေသည်။
“ ဒီနားမှာ ဘတ်စ်ကား မှတ်တိုင် ရှိပါတယ်”
“ ကိုယ် လိုက်ပို့ပေးမယ်”
ယန်ကျစ်က ပြောသည်။
ကျိုင်ရှင်းချန်က အေးခဲသွားကာ ဘာမှ မဖြေနိုင်ခင်မှာတင် ယန်ကျစ်က ကားသော့ကိုင်ကာ မတ်တပ် ထရပ်နေပြီဖြစ်သည်။
“ ဘေးပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လေ့လာရမယ့် အချိန်ပဲ”
 ကျိုင်ရှင်းချန်က ပြုံးလိုက်သည်။
“ ဒီလိုဆိုရင်တော့ ကျေးဇူးတင်ပါတယ်”
သူတို့က အပြင်သို့ ထွက်လိုက်ပြီး ဖိနပ်လဲနေချိန်တွင် ကျိုင်ရှင်းချန်က ခေါင်းလှည့်ကာ ယန်ကျစ်ကို ကြည့်လိုက်သည်။
“ ကျွန်တော်တို့ အရင်က တကယ် ဆုံဖူးတာလား”
“ မနှစ်က မင်းတို့ကျောင်းရဲ့ ပွဲတော်မှာလေ.. ကိုယ်က အဲဒိအချိန်က မက်စ် တပ်ထားခဲ့တာ”
“ ကျွန်တော် ပြောသားပဲ သေချာပေါက် လူချင်းဆုံဖူးရင် မမှတ်မိစရာ မရှိပါဘူး”
သူက တံခါးကို တွန်းဖွင့်ကာ ထွက်လိုက်ချိန်တွင် ဟူရင်းက အနီရောင် စူပါကားနှင့်အတူ ထွက်သွားကြောင်း မြင်လိုက်ရလေသည်။ ကားဟွန်းသံကြောင့် ဟော့ချန်းနှင့် သွမ့်ရီဟွားပင် ပခုံးတွန့်သွားကြသည်။
ကျိုင်ရှင်းချန်က အပေါ်လွင့် ရွေ့နေသော ကင်မရာကို တချက်ကြည့်လိုက်ပြီး ကားအနီနှင့် ဟူရင်းက အလွန် တောက်ပနေမည်ဖြစ်ကြောင်း ခန့်မှန်းလိုက်မိသည်။
“ ကျိုင်ရှင်းချန်”
 သူက ခေါင်းလှည့်ကြည့်လိုက်သောအခါ ဖေးရွှီကို မြင်လိုက်ရသည်။
ဖေးရွှီက ဘေ့စ်ဘော ဦးထုပ်ဆောင်းထားပြီး တစ်ကိုယ်လုံး အနက် ဝတ်ထားသဖြင့် ထူးခြားသည့် အရှိန်အဝါထွက်နေကာ အမူူအရာက ထူးခြားစွာ တင်းမာနေလေသည်။
“ ကိုယ်ရဲ့ ကားပေါ် တက်၊ ကိုယ် လိုက်ပို့မယ်”
ဖေးရွှီက သူ့အား အေးစက်စွာ စိုက်ကြည့်ပြီး ပြောလာသည်။
( အမလေး ကြောက်စရာကြီးနော် သူက လိုက်ပို့ချင်တာလား .. လိုက်ပို့ချင်တာလား….)
Continue Reading
You'll Also Like
201K 4.9K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.1M 49.3K 61
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
31.2K 4.2K 38
BL Novel အသစ်လေး Update ထားပါတယ်ရှင့် ❤️❤️ paid GP လေးဝင်ချင်ရင်လည်း အောက်ကလင့်လေးနှိပ်ပြီး ဝင်လို့ရပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်...
403K 10.1K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...