ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့က...

By PannKhattWaiio

124K 16.9K 559

fun translation not my own More

မိတ်ဆက် မိတ္ဆက္
၂အဆက်
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
သတိပေးချက်
၁၈
၁၉
၂၀
၂၁
tele
၂၂
၂၃
၂၄
Let's try
ss
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂+၃၃
၃၄+၃၅
၃၆
၃၇+၃၈
၃၉+၄၀
၄၁
၄၂
၄၃
၄၄
၄၅
၄၆+၄၇
၄၈+၄၉
၅၀+၅၁
၅၂..၅၃
၅၄.၅၅.၅၆
၅၇..၅၈
၅၉.၆၀
၆၁ ၆၂

2.3K 429 10
By PannKhattWaiio

အပိုင်း ၅

အွန်လိုင်းမှ တုန့်ပြန်မှုများက ရိုက်ကူးရေးအဖွဲ့သားများကို အားအင် တက်ကြွစေခဲ့သည်။ သူတို့က စူပါမားကတ်မှ ပြန်လာချိန်တွင် ရိုက်ကူးရေးအဖွဲ့သားများက တရားဝင် ကြေညာချက် ထုတ်ပြန်ရန်အတွက် သူတို့အား ဖုန်းမျာ ပြန်ပေးသည်။ထိုနည်းအားဖြင့် သူတို့၏ကိုယ်ပိုင် ဝေ့ပေါ်အကောင့်တွင် တင်နိုင်လိမ့်မည်။

ကျိုင်ရှင်းချန်က အလျင်ပူးပေါင်းသူဖြစ်သည်။ သူက အခြားသော ဧည့်သည်များ၏ ဖော်လိုဝါးများကိုပင် ကြည့်လိုက်သေးသည်။

ပရိတ်သတ်အများဆုံးရှိသော ယန်ကျစ်က ဧည့်သည်ရှစ်ယောက်တွင် နာမည်အကြီးဆုံးဖြစ်သည်။ ဒုတိယမြောက် တစ်ယောက်က ဟူရင်းဆိုသည့်လူချမ်းသာတစ်ယောက်၏ နေထိုင်မှုပုံစံကို မကြာခဏ တွစ်နေသူဖြစ်သည်။ ကျန်သော အဖွဲ့တွင် ဟော်ချန်းတို့က ဖော်လိုဝါး ထောင်ဂဏန်းမှ သောင်းဂဏန်းထိ ရှိသည်။

 ကျော်ကြားမှု အနည်းဆုံးက သူဖြစ်သည်။ သူ့တွင် စစ်နာ(sina)မှ ပို့ထားသော ဖော်လိုဝါးအနည်းငယ်နှင့် အခြားသော ဧည့်သည်ခြောက်ယောက်သာ ရှိသည်။

ဟုတ်တယ် ခြောက်ယောက်ပဲ၊ ဖေးရွှီမှာ တွစ်တာအကောင့်တောင် မရှိဘူး။ သူက တကယ်ကို မပူးပေါင်းတဲ့လူပဲ

ကျိုင်ရှင်းချန်က သာမန် ပြည်သူတစ်ယောက်သာ ဖြစ်နေသဖြင့် ရိုက်ကူးရေးအဖွဲ့သားများက သူ့ကို အလွန်ဂရုတစိုက်၇ှိကာ ဓာတ်ပုံတစ်ပုံကို ရွေးပေးသည်။ သူက ထိုပုံနှင့်အတူ စာတိုရေးကာ တင်လိုက်သည်။

“ဟယ်လို အားလုံးပဲ ကျွန်တော်က ကျိုင်ရှင်းချန်ပါ”

 ပိုစ့်တင်ပြီး နေ့တဝက်ခန့်ကြာမှ ဟော့ချန်းက လိုက်ခ် လုပ်လာသည်။ ထိုလိုက်ခ်ကလည်း ပထမဆုံးလိုက်ခ်ဖြစ်နေသည်။

သူက ဝန်ထမ်းကို ဖုန်းပြနပေးရငန်း မေးလိုက်သည်။

“ ကျွန်တော်က ဘယ်တော့များ ပိုက်ဆံရမှာလဲ မသိဘူး”

 သူက လူသစ်ဖြစ်သော်လည်း ရိုက်ကူးရေးအဖွဲ့က သူ့ထံသို့ ချဉ်းကပ်လာခဲ့ခြင်းဖြစ်သဖြင့် သူက မျှတစွာ ယွမ်တစ်သိန်း ရရှိမည်ဖြစ်သည်။

ထိုပမာဏက ရသစုံရှိုးတစ်ခုအတွက် များပြားနေပြီဖြစ်သည်။ သို့သော် အခြားသော ဧည့်သည်များက ဝင်ငွေအတွက် ရောက်လာကြခြင်းမဟုတ်ချေ။

ဝန်ထမ်းက ပြန်ဖြေသည်။

“ နောက်တစ်ပတ် ပြန်စရင် ကျွန်တော်တို့ ပေးချေမှာပါ”

အရင်ကဆိုရင် တစ်သိန်းက သူ့အတွက် ဘယ်လောက်မှ မရှိတဲ့ ပမာဏပဲ။ အခုဆိုရင်တော့ အရမ်းကို များပြားတဲ့ ပမာဏဖြစ်နေပြီ။ အဲဒိတစ်သိန်းနဲ့ သူရဲ့လက်ရှိ မိဘတွေအတွက် တဝက်ခွဲပေးမယ်။ ကျန်တဲ့ တဝက်ကို ရင်းနှီးမြုပ်နှံမယ်။ သူက ဖေးရွှီရဲ့ ရန်ပုံငွေတွေ ဝယ်ချင်တယ်။

ဖေးရွှီ၏ ရန်ပုံငွေများက နောက်နှစ်ဆိုလျင် ထိပ်ဆုံးသို့ ရောက်သွားမည်ဖြစ်သည်။ ယခုကမူ လူအများစု ဝင်မတိုးရဲသေးသော အဆင့်အထိ မြင့်နေခဲ့ပြီဖြစ်သည်။ သို့သော် ထိုအကြောင်းအရာကို ဖော်ပြထားသည့် ဝတ္ထုထဲမှ စာတစ်ပိုဒ်အပြည့် ဖတ်ပြီးနောက် နောက်နှစ်ဈေးကွက်ကို လှုပ်ခါနိုင်လောက်အောင် ဖေးရွှီက လုပ်နိုင်မည်ဖြစ်ကြောင်း ကြိုသိနေသည့်အတွက်  သူကလည်း ကြိုတင် ပါ ဝင်လိုလေသည်။

ထိုသို့ဖြင့် ပျော်ရွှင်နေသော နှလုံးသားဖြင့် ကျိုင်ရှင်းချန်က မီးဖိုခန်းထဲ ဝင်လိုက်သည်။

ဟော့ချန်း၊ သွမ့်ရီဟွားနှင့်ဝမ်နော့တို့က အရွက်များ ဆေးနေကြလေသည်။ချောမောခန့်ညားသူ အရပ်ရှည်ရှည ်အမျိုးသားနှစ်ယောက်နှင့် အရပ်ပုပုနှင့် လှပလွန်းသော အမျိုးသားတစ်ယောက်တို့ အတူရှိနေသည့် မြင်ကွင်းက ကြည့်ကောင်းလွန်းလေသည်။

ချောမောသော အမျိုးသား တစ်အုပ် အတူရှိခြင်းက မျက်စိအေးစေသည်။

 “ စာဖိုမှူး ရောက်လာပါပြီ”

“ မီးဖိုခန်းက ကျွန်တော့်အတွက်လို့ ပြောထားတာကရော”

ကျိုင်ရှင်းချန်က ပြောလိုက်သည်။

 သွမ့်ရီဟွားတို့က သူ့အား အပြုံးနှင့် ကြည့်လာကြသည်။ ဟော့ချန်းက ပြောသည်။

“ ညီငယ်ကျိုင် ကိုယ်တို့က မင်းကို ဘေးကနေ ကူညီချင်တာပါ။ ကြည့်ပါဦး ကိုယ်တို့ အရွက်တွေပြင်ဆင်ထားတာက ဘယ်လိုနေလဲ”

“ အခုကတည်းက မင်းက ညီငယ်ကျိုင်လို့ စအော်ခေါ်နေပြီပေါ့လေ ဟမ်”

သွမ့်ရီဟွားက အပြုံးနှင့် ဝင်ပြောသည်။

“ ပင်ပန်းသွားကြပြီ”

ကျိုင်ရှင်းချန်က အကျႌလက်များ ခေါက်တင်လိုက်သည်။

“ ကျန်တာ ကျွန်တော်ရဲ့ တာဝန် ထားလိုက်တော့”

ဝမ်နော့က ပြောသည်။

“ ငါ နေပြီး မင်းကို ကူညီမယ်လေ”

 “ ရပါတယ်၊ ကျွန်တော်က ကိုယ်တိုင် တသီးတသန့် လုပ်ရတာကိုပဲ သဘောကျလို့ပါ၊ ဧည့်ခန်းမှာ နေပြီး ဂိမ်းကစားနေကြပါလား”

ကျိုင်ရှင်းချန်က အားလုံးကို မောင်းထုတ်သည်။

မြို့ကြီးသားတွေက အတူရှိနေပြီး အထိအတွေ့များမှ မီးဖွားတွေ တလက်တော့မှာပေါ့

သူက အားနာမနေကြောင်းမြင်သောအခါ လူတိုင်းက သူ့ကို နှုတ်ဆက်ပြီး ပြန်ထွက်သွားကြသည်။ ထိုသို့ဖြင့် ကျိုင်ရှင်းချန် တစ်ယောက်တည်းကသာ ကျန်ရစ်တော့လေသည်။

 ဧည့်ခန်းထဲရှိ သွမ့်ရီဟွားတို့ထံမှ ထွက်လာသော ရယ်သံများနှင့်အတူ ကျိုင်ရှင်းချန်က လက်ပွတ်ပြီး စတင် ချက်ပြုတ်တော့သည်။

သူက ချက်ပြုတ်ခြင်းကို အလေးအနက် အာရုံစိုက်ထားသည်။ သူက အမြဲတစေ အလုပ်ကို အားစိုက်လုပ်တတ်သူဖြစ်သဖြင့် ချက်ပြုတ်နေချိန်တွင်လည်း တည်ငြိမ်ကာ သွက်လက် လေးနက်နေတော့သည်။

သူက မီနူးကို တချက်ကြည့်ပြီး သည်နေ့အတွက် ကြက်တောင်ပံကြော်၊ အာလူးကင်၊ တို့ပူးလုံး ဟင်းချို၊ ပင်လယ်ဆန်နှင့် ဆောင်းဖရဲ၊ အသားနှင့်ကြက်ဥကြော်၊ ကြက်ဥဖက် တို့ပူး၊အသားတုနှင့် မုန်လာဥနီမွှေကြော်နှင့် ပင်လယ် ဘတ်စ်( ကကတစ် ငါးလို ငါးမျိုးပဲ) နှပ်တို့ကို ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။

သူက ကြော်လှော်ပြီးသည့်အခါ တစ်ခန်းလုံး မွှေးရနံ့များက ကြိုင်လှိုင်နေပြီဖြစ်သည်။

ဧည့်ခန်းကလူများလည်း ကြောင်သွားကြသည်။

“ သူက ကျောင်းသားပဲရှိသေးတာလား’

“ဟုတ်တယ် အကမေဂျာက ဒုတိယနှစ်”

“ သူက အိမ်မှာ ချက်နေကြဖြစ်မယ်၊ ဒီနေ့ခေတ်မှာ ဒီလိုအသက်အရွယ်နဲ့ ဒီလောက်ကောင်းအောင် ချက်နိုင်တာမျိုး ရှားတယ်”

 “ သူ စပြောတုန်းက သူက တော်တော်များများတော့ ချက်နိုင်တယ်လို့ ပြောခဲ့တာ”

“ ဒါက တော်တော်များများဆိုတဲ့ အဆင့်တောင် မဟုတ်ဘူး၊ ပညာရှင်အဆင့်ပဲ”

ကင်မရာတွင် ကျိုင်ရှင်းချန်က မုန်လာဥနီကို တဒုတ်ဒုတ် ခုတ်နေပြီး ဓားကိုင်စွမ်းရည်က မြန်ဆန်ကာ သွက်လက်လွန်းသဖြင့် တဆက်တည်း  ဆယ်ချက်ကျော် ခုတ်သွားနိုင်လေသည်။

သူတို့လို အိမ်တွင်း ရသစုံရှိုးများတွင် ဧည့်သည်များက မည်သည့်နေရာတွင် နေနေ လင်းထိန်ကာ တောက်ပနေအောင် မီးရောင်ကို အသားပေးရသည်။ မီးဖိုခန်းဆိုလျင် အဓိကထား ဆက်တင်ချထားသည့်အတွက် အလင်းက ပိုတောင် ကောင်းနေသေးလေသည်။ ထို့အပြင် ကျိုင်ရှင်းချန်၏ ပိန်ပါးသော ခန္ဓာကိုယ်၊ မျက်လွှာချထားသော်လည်း တချက်တချက် ဝင့်လာတတ်သည့် ဖီးနစ် မျက်ဝန်းများနှင့်  လှပလွန်းသော မျက်နှာက ကင်မရာတွင် တလက်လက် တောက်ပနေလေသည်။

“ သူ့ကို အနီးကပ်ရိုက်ချက် ပေးလိုက်”

ဒါရိုက်တာကောက ပြောသည်။

ကျိုင်ရှင်းချန်တွင် အလွန်အမင်း ကင်မရာစားသော မျက်နှာလေးရှိနေသဖြင့် အနီးကပ်ရိုက်နေကြသော ကင်မရာမန်းများက သူ၏ ရှည်သွယ်ကာ ဖြူဖွေးသော လက်ချောင်းလေးများမှစပြီး မေးစေ့အစ မျက်ခုံးအဆုံး အမိအရ မှတ်တမ်းတင်ရင်း ညို့ယူဖမ်းစားခံရတော့သည်။

 “ ဒီလောက်ကြည့်ကောင်းပြီး ဟင်းချက်လက်ရာလည်း ကောင်းတာ၊ သူ့ကို ဘယ်သူမှ မကြိုက်ဖူးလို့ ငါတော့ မယုံဘူး”

ဇာတ်ညွှန်းရေးဆရာမ လျိုက ပြောသည်။

 “ လေးစားစရာပဲ”

ကျိုင်ရှင်းချန်က အံ့သြသွားပြီး မော့ကြည့်လိုက်သည့်အခါ ရေခဲသေတ္တာနားတွင် ဘောင်းဘီအိတ်ထဲ လက်တဖက်ထည့်လျက် အခြားလက်တဖက်က ရေဘူးကို ကိုင်ကာ သူ့အား ရပ်ကြည့်နေသော ဖေးရွှီကို မြင်လိုက်ရလေသည်။

 “ ညစာက ခဏနေ ရတော့မှာပါ”

ကျိုင်ရှင်းချန်က ပြောသည်။

 ဖေးရွှီက ဆက်ရပ်ကာ သူ့ကို စိုက်ကြည့်နေပြီး ဧည့်ခန်းထဲမှ ဟူရင်း၏ ရယ်သံလွင်လွင်က မကြာခဏ ထွက်ထွက်လာနေသဖြင့် ကျိုင်ရှင်းချန်က မနေနိုင်ဘဲ မေးလိုက်သည်။

“ သူတို့နဲ့အတူ မကစားဘူးလား”

 ဖေးရွှီက ပြောသည်။

“ ကိုယ်က ဗိုက်ဆာနေပြီ”

“ ဒါဆိုရင် စားပွဲဆီ ပန်းကန်တွေ ကူချပေးပါလား၊ ခဏနေရင် အသင့်ဖြစ်ပါပြီ”

ကျိုင်ရှင်းချန်က ပြောသည်။

ချက်ပြုတ်ရခြင်းက ခက်ခဲသည့်အလုပ်ဖြစ်သည်။ ကျိုင်ရှင်းချန်၏ နှဖူးတွင် ချွေးပျံနေလေပြီ။ သူက  မျက်ဝန်းတဖက်ထောင့်မှ စီးကျတော့မည့်  ချွေးကို သုတ်ရန် ဆီပေနေသည့် လက်အစား လက်မောင်းဖြင့်သာ ကို့ယို့ကားယား သုတ်လိုက်ရသည်။ဖေးရွှီက တစ်ရှူး တစ်ရွက်ထုတ်ကာ သူ၏ နှဖူးကို သုတ်ပေးသည်။

 “ ကျေးဇူးတင်ပါတယ်”

“ အင်း….”

(ဒီအင်းကလေ အင်းဆိုတဲ့ အသံပြတ်မဟုတ်ဘဲ အာမေဋိတ်လိုလို ညည်းသံလိုလို အသံရှည်ဆွဲတဲ့ အင်းလို အင်းနော်…. ဖေးရွှီရဲ့ ဆွဲဆောင်မှုကို ခံစားမိစေဖို့ ဟီးဟီး)

 ဖေးရွှီက ပန်းကန်များသယ်ကာ စားပွဲတွင် ချချိန်တွင် ဟော့ချန်းတို့ကလည်း ဝိုင်းလာတော့သည်။

“ ဒါတွေအားလုံးကို မင်း တစ်ယောက်တည်း လုပ်ထားတာလား”

 ဝမ်နော့က တအံ့တသြမေးသည်။

 “ ငါတို့က မင်း မစ်ကီမောက်စ်လောက် လုပ်မယ်လိုု့ ထင်ထားတာ၊ မင်းက ဗုံးထကြဲမယ်လိုု့ ဘယ်သူက ထင်ထားမှာလဲ”

 ဟူရင်းတို့ကလည်း စားပွဲအပြည့် ဟင်းပွဲများကို တအံ့တသြကြည့်ရင်း ထိုင်ခုံများ ဆွဲနေကြလေပြီ။ ဟင်းပွဲများက မွှေးကြိုင်နေကာ အရောင်အသွေး ဆုံနေသည်။

ဟော့ချန်းက ဝိုင်တစ်ပုလင်း ဖောက်သည်။

“  အားလုံးပဲ အပြာအနီသင်္ကေတက ပထမဆုံးနေ့ကို သောက်စားရင်း အောင်ပွဲခံလိုက်ကြရအောင်။ ရှင်းချန်ကိုလည်း ငါတို့အတွက် ပြင်ဆင်ပေးတဲ့ ပွဲတော်ကြီးအတွက် ကြိုးစားပေးမှုကို ကျေးဇူးတင်ကြရအောင်”

ဟော့ချန်းကလည်း ဝိုင်နီက မလုံလောက်ဟု တွေးမိပြီး ဝိုင်ဖြူ တစ်ပုလင်း ဖောက်သည်။

“ အခြားဧည့်သည်က ဘယ်တော့ ရောက်မှာလဲ”

 “ ငါတို့လည်း ဝန်ထမ်းတွေကို မေးနေတာ၊ ဒီနေ့လည် ရောက်မယ်လို့ ပြောတာပဲ”

“ ယန်ကျစ်မဟုတ်လား”

 ဝမ်နော့က ခေါင်းတဆတ်ဆတ် ညိတ်သည်။

“ သေချာတာပေါ့၊ ငါ သူ့ရဲ့ဖန်ဆိုက်က သတင်းတင်ထားတာကို တွေ့ထားတယ်”

“ မင်းက သူ့ရဲ့ ဖန်ဘေစ့်ထဲ ဝင်ထားတာလား”

ဟော့ချန်းက ဖန်ခွက်ကို မြောက်လျက် ဝိုင်တစ်ငုံသောက်ရင်း ရီဝေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

 ဝမ်နော့က ရှက်သွားပြီး အင်းဟု ဖြေသည်။

( အာ ကြိုရှင်းပြချင်တာကလေ အားလုံးက တစ်လောကလုံးက အကောင်းစား၊ အချောဆုံး၊ အခန့်ဆုံး၊ အဆင့်အတန်းမြင့် အမျိုးကောင်းသားတွေပဲဆိုတော့ ဒီလိုအခြေအနေမျိုးက မကြာခဏ ဖြစ်မှာပါ။ ဘယ်လိုပြောရမလဲ တအားချောတဲ့လူက စိုက်ကြည့်လာရင် ရင်တော့ခုန်သွားမှာပဲ မဟုတ်လည်း ရှက်သွားတာမျိုးပေါ့။ဒါပေမဲ့ အဲဒိလူကို ကြိုက်တယ်လိုု့ မဆိုလိုဘူးနော် ကြိုက်ရင်လည်း ကြိုက်မှာပေါ့ ဒါပေမဲ့ ဒီနေရာက လူတိုင်းက သာမန်တွေ မဟုတ်ကြတော့ တစ်ယောက်ပြီးတစ်ယောက် လိုက်ကြိုက်တာမျိုးတော့ ပါမှာ မဟုတ်ဘူး၊ သူတို့ကို အထင်မလွဲစေချင်လို့ပါ။ ပြီးတော့လေ အရမ်းချောတဲ့ လူတစ်ယောက်က ကြည့်လာတာမျိုးဆိုရင် ရှိန်တာမျိုးလိုလို ဖြစ်တတ်တယ်လေ အဲဒိလိုပေါ့)

“ သူက တအားဟော့လား”

သွမ့်ရီဟွားက မေးသည်။

 “ စူပါဟော့တာ၊ ငါတို့အားလုံးထဲမှာ သူကပဲ ဖန်အများဆုံးလေ”

ဟူရင်းက ဝင်ပြောသည်။

“ သူက ပရိတ်သတ် တကယ်များတယ်”

လင်းချင်ချင်က ပြောသည်။

“ သူက အရမ်းလည်း ကြည့်ကောင်းတယ်”

တံခါးဘဲလ်က အကြိမ်အနည်းငယ ်မြည်နေသည်။ သွမ့်ရီဟွားက ဦးဆောင်ကာ ကျောမတ်သွားသည်။

ဝမ်နော့က ပြောသည်။

“ တစ်ယောက်ယောက် ဘဲလ်တီးနေတယ်”

 “ ချောင်ချောင်အကြောင်း ပြောနေတုန်း ချောင်ချောင်က ရောက်လာတာပဲ”

 ဝမ်နော့က ချက်ချင်းထကာ တံခါးထံ ပြေးသွားချိန်တွင် မရင်းနှီးသော အမျိုးသား တစ်ယောက်ကို မြင်လိုက်ရလေသည်။

“ ဟယ်လို”

“ ဟယ်လို”

သူတို့အားလုံးက မတ်တပ်ထရပ်လိုက်ကြချိန်တွင် ဝမ်နော့က မျက်နှာနီနီဖြင့် ပြန်ပြေးလာလေပြီ။

ဟူုရင်းက သူ့ကို မေးတော့မည့်အချိန်တွင် ပခုံးကျယ်ကျယ်၊ ခါးသိမ်သိမ်နှင့် ရွှေကိုင်းမျက်မှန်တပ်ထားသော အဖြူရောင်ရှပ်အကျႌၤကို ဝတ်ဆင်ထားသူက ခရီးဆောင်အိတ်ကို သယ်လျက် ဝင်လာကြောင်း မြင်လိုက်ရလေသည်။

ခန်းမရဲ့ လေထုတော့ ဆူပွက်လာတော့မယ်

ထိုစာသားက ကျိုင်ရှင်းချန်၏ခေါင်းထဲ တန်းဝင်လာသည်။ သူ့ကို မျက်နှာချင်းဆိုင် မြင်လိုက်ကြရသော်လည်း ရှိနေကြသူတိုင်း၏ မျက်နှာအမူအယာများက ပြောင်းလဲသွားတော့သည်။

 ကျိုင်ရှင်းချန်ပင် အတော်လေး ခြောက်ခြားသွားသည်။

ယန်ကျစ်….

ဝတ္ထုထဲမှာ အကျော်ကြားဆုံး အဓိက အမျိုးသား ဇာတ်လိုက်

 ဝတ်စုံပြည့် ဝတ်ထားတာတောင် ဆွဲဆောင်မှု ပြင်းထန်လွန်းတဲ့ အမျိုးသား…

ဒရာမာများနှင့်မတူသည်မှာ ရိုးမန့် ရသစုံရှိုးများတွင် ဒရာမာ ပါသည်က ရှားပါးသည်။ထို့ကြောင့် လူတိုင်း၏ အမူအယာ အသေးစိတ်နှင့် အနီးကပ်ရိုက်ချက်များကသာ အသက်သွေးကြောဖြစ်လာသည်။ သူလည်း မနေနိုင်ဘဲ အခြားသော ဧည့်သည်များက အမူအယာများကို အကဲခတ်လိုက်သည်။

 ဧည့်သည်လေးယောက်က အလွန် မင်သက်နေပြီး အမြဲတမ်း တည်ငြိမ် ကြော့ရှင်းတတ်သည့် ရင့်ကျက်ဟန်ရှိသော သွမ့်ရီဟွားပင် အနည်းငယ် ဖိအားများသလို ဖြစ်ကာ နှုတ်ခမ်းကို ဆက်တိုက် ဖိတင်းထားသည်။ ဟူရင်းကမူ ခြေတစ်လှမ်း နောက်ဆုတ်ပြီး ရှက်ဝဲ၀ဲ ပြောသည်။

“ ချောလွန်းတယ်”

“ အားလုံးပဲ မင်္ဂလာပါ”

တဖက်လူက သူတို့ကို နှုတ်ဆက်လာသည်။ လူကြီးလူကောင်းဆန်သော အပြုအမူ၊ အထက်တန်းကျသော အနေအထား၊ တည်ငြိမ်၊ ညင်သာသော အရှိန်အဝါ၊ ကိုယ်ခန္ဓာ တည်ဆောက်ပုံ၊ခရီးဆောင်အိတ် ကိုင်ထားဟန်ကအဆုံး အရာအားလုံက သန့်ရှင်း သပ်ရပ်ပြီး တောက်ပနေလေသည်။

“ ကိုယ်ရဲ့နာမည်က ယန်ကျစ်ပါ”

ကျိုင်ရှင်းချန်က ဖေးရွှ့ီနှင့် ဟော့ချန်းတို့ကို တချက်ကြည့်လိုက်သည်။

ဟော့ချန်းက ကင်မရာရှေ့တွင် မျက်နှာအမူအယာကို အထိန်းနိုင်ဆုံးလူဖြစ်သည့်အလျောက် မျက်နှာတွင် အပြုံးက ရှိနေတတ်သည်။ ယခုအခါ ခုခံလိုဟန်၊ တစ်စုံတစ်ရာကို ကာကွယ်လိုဟန် အမူအယာ၊ သတိအနေအထား အမူအယာဖြစ်လာပြီ သူ၏ အကြည့်က အနီဘက်မှ အမျိုးသားလေးယောက်ထံ ဖြတ်သန်း ရောက်ရှိသွားကာ တဖက်လေးယောက်၏ စိတ်လှုပ်ရှား ရင်ခုန်ခြင်းများကို ခံစားမိလိုက်ပြီး အပြုံးက လျော့ရဲသွားတော့သည်။

 ဖေးရွှီကမူ တဖက်လူကို မျက်နှာတည်ဖြင့် အလေးအနက်ထားကာ ကြည့်လိုက်သည်။

ဒါက ရင်ဆိုင်ရခက်တဲ့ ရန်သူနဲ့ ကြုံတဲ့အခါ ဖြစ်လာတတ်တဲ့ အမျိုးသားတွေရဲ့ အလိုလို တုန့်ပြန်မှုပဲ

 စိတ်ဝင်စားစရာပဲ

 ဒီအပိုင်းကို ထုတ်လွှင့်တဲ့အခါ ပြောင်မြောက်တဲ့ ဖြတ်ညပ်ကတ် လုပ်နိုင်စွမ်းရည်နဲ့ဆိုရင် ဘယ်လောက်တောင် ရိုးမန့်ဆန်ပြီး စိတ်လှုပ်ရှားဖို့ ကောင်းသွားလိုက်မလဲ.. ငါတောင် စိတ်ကူးယဉ်ကြည့်လို့ရနေပြီ။ လူတိုင်းရဲ့ အနီးကပ် အမူအယာတွေကို အနီးကပ် ရိုက်ပြထားတာတွေနဲ့ ရင်ခုန်စေမယ့် နောက်ခံ တေးသံ ပေါင်းလိုက်ရင် အရမ်း ပွက်လောရိုက်သွားစေမှာပဲ

 ကျိုင်ရှင်းချန်လည်း မနေနိုင်ဘဲ ခပ်တိုးတိုး ရယ်လိုက်သည်။ ထိုအခါ ဖေးရွှီနှင့် ဟော့ချန်းက သူ့အား ကြည့်လာလေသည်။ ဖေးရွှီက နှုတ်ခမ်းကလည်း ပြေလျော့သွားကာ နှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားသည်။ ဟော့ချန်းကမူ သူနှင့်အတူ အော်ရယ်လာသည်။

“ ပစ္စည်းတွေကို ဒီမှာပဲ ချထားလိုက်ပါ”

 သွမ့်ရီဟွားက ပြောသည်။

“ ဘာစားပြီးပြီးလဲ မသိဘူး”

ဟူရင်းက မေးသည်။

ယန်ကျစ်က ခေါင်းအသာ ခါသည်။

“ အချိန်ကိုက်ပဲ၊ ငါတို့လည်း စားဖို့ပြင်နေတာ”

ဟူရင်းက ဆက်ပြောသည်။

“ ငါ ပန်းကန်တွေ သွားထပ်ယူလိုက်မယ်”

ဝမ်နော့က ပြောသည်။

 လင်းချင်ချင်က ပြောသည်။

“ မင်း အရင်ထိုင်လိုက်ပါလား၊ ထိုင်ခုံက….”

 ထို့နောက် သူက ဘေးဘီကို ကြည့်သည်။ ဟော့ချန်းက တဖက်ရွေ့ပြီး ထိုင်ခုံ ပေးလိုက်သည်။

“ ကျေးဇူးတင်ပါတယ်”

ယန်ကျစ်က ဖြေသည်။

ဟော့ချန်းက ေြ ပာသည်။

“ ထိုင်ပါ”

“ အာ ကျွန်တော် သန့်စင်ခန်း အရင် သွားလိုက်ပါဦးမယ်”

ယန်ကျစ်က ယဉ်ကျေးစွာ ဖြေသည်။

 “ ဒါဆိုရင် ငါကပဲ မင်းကို အခန်း အရင်လိုက်ပြပါရစေ၊ ငါတို့တွေ တစ်ခန်း မျှသုံးရမှာ”

ဟော့ချန်းက ပြောသည်။

 ယန်ကျစ်က ခေါင်းညိတ်ပြီးနောက် သူ၏ မျက်လုံးက လူအုပ်ထံ ဖြတ်သန်းသွားကာ ကျိုင်ရှင်းချန်ထံ ရောက်သွားသည်။ ကျိုင်ရှင်းချန်ကို သူက အချိန်အနည်းငယ်ကြာ စိုက်ကြည့်လေသည်။ ကျိုင်ရှင်းချန်က သူ့အား ပြုံးပြလိုက်သည်။

ယန်ကျစ်က တချက် ခေါင်းညိတ်ပြပြီး ဟော့ချန်း၏ အနောက်မှ လိုက်ကာ အိပ်ခန်းထဲ ဝင်သွားသည်။

ကျိုင်ရှင်းချန်က ဟူရင်းတို့ကို ကြည့်ကာ ရယ်လိုက်သည်။

“ တကယ်ချောတဲ့ကောင်ပဲ”

“ သောက်ရမ်း ချောတယ်”ဟူရင်းက အော်သည်။

လင်းချင်ချင်က ပြောသည်။

“ ငါ့အနေနဲ့ သူ့ကို အပြင်မှာ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ၊ ဒီလောက်အထိ ကြည့်ကောင်းမယ်လို့ မထင်ထားဘူး”

ဝမ်နော့နှင့် သွမ့်ရီဟွားတို့က ယန်ကျစ်၏ နေရာတွင် ပန်းကန်များ ချပေးသည်။ ယန်ကျစ်က ရေကန်ထဲသို့ ပစ်ချလိုက်သော ကျောက်တုံး တစ်တုံးနှင့်တူသည်။ သူက လှိုင်းများ ထလာစေလေသည်။

အခန်း၏ လေထု အခြေအနေက ပြောင်းလဲသွားကာ ရင်ဖိုလှိုက်မောဖွယ်ကောင်းလာသည်။

ကျိုင်ရှင်းချန်၏ မျက်နှာတွင် အပြုံးက မရပ်တန့်တော့ချေ။

“ အိုး ဟုတ်သားပဲ ဝိုင်နီခွက်တွေ”

 (သူက အကုန်သိနေတော့ ပြုံးစိစိ ဖြစ်နေတာ)

သူက ထရပ်ပြီး ဝိုင်နီသွားဖြည့်သည်။ သူ၏ တိုက်ခိုက်လိုစိတ်က တက်ကြွလာတော့သည်။

 ဖေးရွှီက  ဝိုင်နီကို တစ်ငုံသောက်သည်။ သူက စားပွဲပေါ် လက်ထောက်တင်ကာ ဝိုင်ခွက်ကြည်ကြည်ကို သွယ်လျသော လက်ချောင်းရှည်များဖြင့် ပေါ့ပါးစွာ ကိုင်ထားပြီး အသာ လှုပ်သည်။ သူက မျက်လုံးဝင့်လိုက်သည့်အခါ သူ့ကို စနောက်လိုသလို ကြည့်နေသော လင်းချင်ချင်၏ မျက်လုံးနှင့်တိုးသည်။

 သိပ်မကြာခင်အချိန်တွင် ဟော့ချန်းက အရင် ထွက်လာကာ ထိုင်ခုံဆွဲထိုင်ကာ အခြားလူများကို ကြည့်သည်။ထို့နောက် ယန်ကျစ် ထွက်လာသည်။ သူ၏ နေရာက ကျိုင်ရှင်းချန်၏ ညာဘက်ဘေးကပ်ရပ် ဖြစ်သည်။

“ မင်းက အတော်လေး နောက်ကျတာပဲ၊ ငါတို့ အများကြီးစားပြီးသွားပြီ”

သွမ့်ရီဟွားက ပြောသည်။

ယန်ကျစ်က ဖြေသည်။

“ရပါတယ်။ ကျွန်တော်က ဘာပဲဖြစ်ဖြစ် စားတယ်”

“ ခေါက်ဆွဲလား ထမင်းလား”

“ ခေါက်ဆွဲပါ”

ဟူရင်းက ချက်ချင်း ထရပ်ပြီး ယန်ကျစ်အတွက် ခေါက်ဆွဲ ထည့်ပေးလိုက်သည်။

 အလှလေးရဲ့ တိုက်ခိုက်လာမှုကပဲ ရိုးမန့်ရဲ့ ဘက်ပေါင်းစုံ လိုက်ဖက်ညီလာဖို့ စတင်တဲ့ အရေးကြီးတဲ့ ကဏ္ဍပဲ

သိပ်ကောင်းတယ်

ကျိုင်ရှင်းချန်က သဘောကျနေသည်။

 ယန်ကျစ်က လူအုပ်ကို တချက်ကြည့်သည်။ သူ၏ မျက်လုံးများက ရေသေလို တည်ြိငမ်နေသော်လည်း အပြုံးကမူ ယဉ်ကျေးမှု အပြည့်နှှု့်ဖြစ်သည်။

“ အားလုံးပဲ ကျွန်တော့်ကို စိုက်ကြည့်မနေကြပါနဲ့။ ကျွန်တော် ရှက်လာပြီ”

လူတိုင်းက ရယ်ကြသည်။

ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်

မေဝန်းကလေ ....ငါ ရေးလိုက် ကိုယ်ရေးလိုက် ကျွန်တော် ရေးလိုက်လုပ်နေတာကလေ သူတို့က စရိုက်ချင်းမတူကြတာရော... တချို့အကြောင်းပြချက်ကြောင့်ရောပေါ့နော် 😁

အားလုံးလည်း တဖြေးဖြေးချင်း ဖတ်ပြီး တစ်ယောက်ချင်းစီတိုင်းကို နားလည်လာဖို့ မျော်လင့်ပါတယ်။

ကဲ အခုတင် စပြီး မသိမသာ သိလာရပြီ နော်

cpတွေကို နောက်အပိုင်းကစပြီး ရွေးလို့ရပြီ
 

အပိုင္း ၅

အြန္လိုင္းမွ တုန႔္ျပန္မႈမ်ားက ရိုက္ကူးေရးအဖြဲ႕သားမ်ားကို အားအင္ တက္ႂကြေစခဲ့သည္။ သူတို႔က စူပါမားကတ္မွ ျပန္လာခ်ိန္တြင္ ရိုက္ကူးေရးအဖြဲ႕သားမ်ားက တရားဝင္ ေၾကညာခ်က္ ထုတ္ျပန္ရန္အတြက္ သူတို႔အား ဖုန္းမ်ာ ျပန္ေပးသည္။ထိုနည္းအားျဖင့္ သူတို႔၏ကိုယ္ပိုင္ ေဝ့ေပၚအေကာင့္တြင္ တင္နိုင္လိမ့္မည္။

က်ိဳင္ရွင္းခ်န္က အလ်င္ပူးေပါင္းသူျဖစ္သည္။ သူက အျခားေသာ ဧည့္သည္မ်ား၏ ေဖာ္လိုဝါးမ်ားကိုပင္ ၾကည့္လိုက္ေသးသည္။

ပရိတ္သတ္အမ်ားဆုံးရွိေသာ ယန္က်စ္က ဧည့္သည္ရွစ္ေယာက္တြင္ နာမည္အႀကီးဆုံးျဖစ္သည္။ ဒုတိယေျမာက္ တစ္ေယာက္က ဟူရင္းဆိုသည့္လူခ်မ္းသာတစ္ေယာက္၏ ေနထိုင္မႈပုံစံကို မၾကာခဏ တြစ္ေနသူျဖစ္သည္။ က်န္ေသာ အဖြဲ႕တြင္ ေဟာ္ခ်န္းတို႔က ေဖာ္လိုဝါး ေထာင္ဂဏန္းမွ ေသာင္းဂဏန္းထိ ရွိသည္။

ေက်ာ္ၾကားမႈ အနည္းဆုံးက သူျဖစ္သည္။ သူ႕တြင္ စစ္နာ(sina)မွ ပို႔ထားေသာ ေဖာ္လိုဝါးအနည္းငယ္ႏွင့္ အျခားေသာ ဧည့္သည္ေျခာက္ေယာက္သာ ရွိသည္။

ဟုတ္တယ္ ေျခာက္ေယာက္ပဲ၊ ေဖး႐ႊီမွာ တြစ္တာအေကာင့္ေတာင္ မရွိဘူး။ သူက တကယ္ကို မပူးေပါင္းတဲ့လူပဲ

က်ိဳင္ရွင္းခ်န္က သာမန္ ျပည္သူတစ္ေယာက္သာ ျဖစ္ေနသျဖင့္ ရိုက္ကူးေရးအဖြဲ႕သားမ်ားက သူ႕ကို အလွန်ဂရုတစိုက်၇ှိကာ ဓာတ္ပုံတစ္ပုံကို ေ႐ြးေပးသည္။ သူက ထိုပုံႏွင့္အတူ စာတိုေရးကာ တင္လိုက္သည္။

"ဟယ္လို အားလုံးပဲ ကြၽန္ေတာ္က က်ိဳင္ရွင္းခ်န္ပါ"

ပိုစ့္တင္ၿပီး ေန႕တဝက္ခန႔္ၾကာမွ ေဟာ့ခ်န္းက လိုက္ခ္ လုပ္လာသည္။ ထိုလိုက္ခ္ကလည္း ပထမဆုံးလိုက္ခ္ျဖစ္ေနသည္။

သူက ဝန္ထမ္းကို ဖုန္းျပနေပးရငန္း ေမးလိုက္သည္။

" ကြၽန္ေတာ္က ဘယ္ေတာ့မ်ား ပိုက္ဆံရမွာလဲ မသိဘူး"

သူက လူသစ္ျဖစ္ေသာ္လည္း ရိုက္ကူးေရးအဖြဲ႕က သူ႕ထံသို႔ ခ်ဥ္းကပ္လာခဲ့ျခင္းျဖစ္သျဖင့္ သူက မွ်တစြာ ယြမ္တစ္သိန္း ရရွိမည္ျဖစ္သည္။

ထိုပမာဏက ရသစုံရွိုးတစ္ခုအတြက္ မ်ားျပားေနၿပီျဖစ္သည္။ သို႔ေသာ္ အျခားေသာ ဧည့္သည္မ်ားက ဝင္ေငြအတြက္ ေရာက္လာၾကျခင္းမဟုတ္ေခ်။

ဝန္ထမ္းက ျပန္ေျဖသည္။

"ေနာက္တစ္ပတ္ ျပန္စရင္ ကြၽန္ေတာ္တို႔ ေပးေခ်မွာပါ"

အရင္ကဆိုရင္ တစ္သိန္းက သူ႕အတြက္ ဘယ္ေလာက္မွ မရွိတဲ့ ပမာဏပဲ။ အခုဆိုရင္ေတာ့ အရမ္းကို မ်ားျပားတဲ့ ပမာဏျဖစ္ေနၿပီ။ အဲဒိတစ္သိန္းနဲ႕ သူရဲ႕လက္ရွိ မိဘေတြအတြက္ တဝက္ခြဲေပးမယ္။ က်န္တဲ့ တဝက္ကို ရင္းႏွီးျမဳပ္ႏွံမယ္။ သူက ေဖး႐ႊီရဲ႕ ရန္ပုံေငြေတြ ဝယ္ခ်င္တယ္။

ေဖး႐ႊီ၏ ရန္ပုံေငြမ်ားက ေနာက္ႏွစ္ဆိုလ်င္ ထိပ္ဆုံးသို႔ ေရာက္သြားမည္ျဖစ္သည္။ ယခုကမူ လူအမ်ားစု ဝင္မတိုးရဲေသးေသာ အဆင့္အထိ ျမင့္ေနခဲ့ၿပီျဖစ္သည္။ သို႔ေသာ္ ထိုအေၾကာင္းအရာကို ေဖာ္ျပထားသည့္ ဝတၳဳထဲမွ စာတစ္ပိုဒ္အျပည့္ ဖတ္ၿပီးေနာက္ ေနာက္ႏွစ္ေဈးကြက္ကို လႈပ္ခါနိုင္ေလာက္ေအာင္ ေဖး႐ႊီက လုပ္နိုင္မည္ျဖစ္ေၾကာင္း ႀကိဳသိေနသည့္အတြက္  သူကလည္း ႀကိဳတင္ ပါ ဝင္လိုေလသည္။

ထိုသို႔ျဖင့္ ေပ်ာ္႐ႊင္ေနေသာ ႏွလုံးသားျဖင့္ က်ိဳင္ရွင္းခ်န္က မီးဖိုခန္းထဲ ဝင္လိုက္သည္။

ေဟာ့ခ်န္း၊ သြမ့္ရီဟြားႏွင့္ဝမ္ေနာ့တို႔က အ႐ြက္မ်ား ေဆးေနၾကေလသည္။ေခ်ာေမာခန႔္ညားသူ အရပ္ရွည္ရွည ္အမ်ိဳးသားႏွစ္ေယာက္ႏွင့္ အရပ္ပုပုႏွင့္ လွပလြန္းေသာ အမ်ိဳးသားတစ္ေယာက္တို႔ အတူရွိေနသည့္ ျမင္ကြင္းက ၾကည့္ေကာင္းလြန္းေလသည္။

ေခ်ာေမာေသာ အမ်ိဳးသား တစ္အုပ္ အတူရွိျခင္းက မ်က္စိေအးေစသည္။

  "စာဖိုမႉး ေရာက္လာပါၿပီ"

"မီးဖိုခန္းက ကြၽန္ေတာ့္အတြက္လို႔ ေျပာထားတာကေရာ"

က်ိဳင္ရွင္းခ်န္က ေျပာလိုက္သည္။

သြမ့္ရီဟြားတို႔က သူ႕အား အၿပဳံးႏွင့္ ၾကည့္လာၾကသည္။ ေဟာ့ခ်န္းက ေျပာသည္။

"ညီငယ္က်ိဳင္ ကိုယ္တို႔က မင္းကို ေဘးကေန ကူညီခ်င္တာပါ။ ၾကည့္ပါဦး ကိုယ္တို႔ အ႐ြက္ေတြျပင္ဆင္ထားတာက ဘယ္လိုေနလဲ"

"အခုကတည္းက မင္းက ညီငယ္က်ိဳင္လို႔ စေအာ္ေခၚေနၿပီေပါ့ေလ ဟမ္"

သြမ့္ရီဟြားက အၿပဳံးႏွင့္ ဝင္ေျပာသည္။

"ပင္ပန္းသြားၾကၿပီ"

က်ိဳင္ရွင္းခ်န္က အကျႌလက်များ ေခါက္တင္လိုက္သည္။

"က်န္တာ ကြၽန္ေတာ္ရဲ႕ တာဝန္ ထားလိုက္ေတာ့"

ဝမ္ေနာ့က ေျပာသည္။

"ငါ ေနၿပီး မင္းကို ကူညီမယ္ေလ"

  "ရပါတယ္၊ ကြၽန္ေတာ္က ကိုယ္တိုင္ တသီးတသန႔္ လုပ္ရတာကိုပဲ သေဘာက်လိဳ႕ပါ၊ ဧည့္ခန္းမွာ ေနၿပီး ဂိမ္းကစားေနၾကပါလား"

က်ိဳင္ရွင္းခ်န္က အားလုံးကို ေမာင္းထုတ္သည္။

"ၿမိဳ႕ႀကီးသားေတြက အတူရွိေနၿပီး အထိအေတြ႕မ်ားမွ မီးဖြားေတြ တလက္ေတာ့မွာေပါ့"

သူက အားနာမေနေၾကာင္းျမင္ေသာအခါ လူတိုင္းက သူ႕ကို ႏႈတ္ဆက္ၿပီး ျပန္ထြက္သြားၾကသည္။ ထိုသို႔ျဖင့္ က်ိဳင္ရွင္းခ်န္ တစ္ေယာက္တည္းကသာ က်န္ရစ္ေတာ့ေလသည္။

ဧည့္ခန္းထဲရွိ သြမ့္ရီဟြားတို႔ထံမွ ထြက္လာေသာ ရယ္သံမ်ားႏွင့္အတူ က်ိဳင္ရွင္းခ်န္က လက္ပြတ္ၿပီး စတင္ ခ်က္ျပဳတ္ေတာ့သည္။

သူက ခ်က္ျပဳတ္ျခင္းကို အေလးအနက္ အာ႐ုံစိုက္ထားသည္။ သူက အၿမဲတေစ အလုပ္ကို အားစိုက္လုပ္တတ္သူျဖစ္သျဖင့္ ခ်က္ျပဳတ္ေနခ်ိန္တြင္လည္း တည္ၿငိမ္ကာ သြက္လက္ ေလးနက္ေနေတာ့သည္။

သူက မီႏူးကို တခ်က္ၾကည့္ၿပီး သည္ေန႕အတြက္ ၾကက္ေတာင္ပံေၾကာ္၊ အာလူးကင္၊ တို႔ပူးလုံး ဟင္းခ်ိဳ၊ ပင္လယ္ဆန္ႏွင့္ ေဆာင္းဖရဲ၊ အသားႏွင့္ၾကက္ဥေၾကာ္၊ ၾကက္ဥဖက္ တို႔ပူး၊အသားတုႏွင့္ မုန္လာဥနီေမႊေၾကာ္ႏွင့္ ပင္လယ္ ဘတ္စ္( ကကတစ္ ငါးလို ငါးမ်ိဳးပဲ) ႏွပ္တို႔ကို ျပင္ဆင္ရန္ ဆုံးျဖတ္လိုက္သည္။

သူက ေၾကာ္ေလွာ္ၿပီးသည့္အခါ တစ္ခန္းလုံး ေမႊးရနံ႕မ်ားက ႀကိဳင္လွိုင္ေနၿပီျဖစ္သည္။

ဧည့္ခန္းကလူမ်ားလည္း ေၾကာင္သြားၾကသည္။

"သူက ေက်ာင္းသားပဲရွိေသးတာလား"

"ဟုတ္တယ္ အကေမဂ်ာက ဒုတိယႏွစ္"

"သူက အိမ္မွာ ခ်က္ေနၾကျဖစ္မယ္၊ ဒီေန႕ေခတ္မွာ ဒီလိုအသက္အ႐ြယ္နဲ႕ ဒီေလာက္ေကာင္းေအာင္ ခ်က္နိုင္တာမ်ိဳး ရွားတယ္"

  "သူ စေျပာတုန္းက သူက ေတာ္ေတာ္မ်ားမ်ားေတာ့ ခ်က္နိုင္တယ္လို႔ ေျပာခဲ့တာ"

" ဒါက ေတာ္ေတာ္မ်ားမ်ားဆိုတဲ့ အဆင့္ေတာင္ မဟုတ္ဘူး၊ ပညာရွင္အဆင့္ပဲ"

ကင္မရာတြင္ က်ိဳင္ရွင္းခ်န္က မုန္လာဥနီကို တဒုတ္ဒုတ္ ခုတ္ေနၿပီး ဓားကိုင္စြမ္းရည္က ျမန္ဆန္ကာ သြက္လက္လြန္းသျဖင့္ တဆက္တည္း  ဆယ္ခ်က္ေက်ာ္ ခုတ္သြားနိုင္ေလသည္။

သူတို႔လို အိမ္တြင္း ရသစုံရွိုးမ်ားတြင္ ဧည့္သည္မ်ားက မည္သည့္ေနရာတြင္ ေနေန လင္းထိန္ကာ ေတာက္ပေနေအာင္ မီးေရာင္ကို အသားေပးရသည္။ မီးဖိုခန္းဆိုလ်င္ အဓိကထား ဆက္တင္ခ်ထားသည့္အတြက္ အလင္းက ပိုေတာင္ ေကာင္းေနေသးေလသည္။ ထို႔အျပင္ က်ိဳင္ရွင္းခ်န္၏ ပိန္ပါးေသာ ခႏၶာကိုယ္၊ မ်က္လႊာခ်ထားေသာ္လည္း တခ်က္တခ်က္ ဝင့္လာတတ္သည့္ ဖီးနစ္ မ်က္ဝန္းမ်ားႏွင့္  လွပလြန္းေသာ မ်က္ႏွာက ကင္မရာတြင္ တလက္လက္ ေတာက္ပေနေလသည္။

"သူ႕ကို အနီးကပ္ရိုက္ခ်က္ ေပးလိုက္"

ဒါရိုက္တာေကာက ေျပာသည္။

က်ိဳင္ရွင္းခ်န္တြင္ အလြန္အမင္း ကင္မရာစားေသာ မ်က္ႏွာေလးရွိေနသျဖင့္ အနီးကပ္ရိုက္ေနၾကေသာ ကင္မရာမန္းမ်ားက သူ၏ ရွည္သြယ္ကာ ျဖဴေဖြးေသာ လက္ေခ်ာင္းေလးမ်ားမွစၿပီး ေမးေစ့အစ မ်က္ခုံးအဆုံး အမိအရ မွတ္တမ္းတင္ရင္း ညို႔ယူဖမ္းစားခံရေတာ့သည္။

  "ဒီေလာက္ၾကည့္ေကာင္းၿပီး ဟင္းခ်က္လက္ရာလည္း ေကာင္းတာ၊ သူ႕ကို ဘယ္သူမွ မႀကိဳက္ဖူးလို႔ ငါေတာ့ မယုံဘူး"

ဇာတ္ၫႊန္းေရးဆရာမ လ်ိဳက ေျပာသည္။

"  ေလးစားစရာပဲ "

က်ိဳင္ရွင္းခ်န္က အံ့ၾသသြားၿပီး ေမာ့ၾကည့္လိုက္သည့္အခါ ေရခဲေသတၱာနားတြင္ ေဘာင္းဘီအိတ္ထဲ လက္တဖက္ထည့္လ်က္ အျခားလက္တဖက္က ေရဘူးကို ကိုင္ကာ သူ႕အား ရပ္ၾကည့္ေနေသာ ေဖး႐ႊီကို ျမင္လိုက္ရေလသည္။

  "ညစာက ခဏေန ရေတာ့မွာပါ"

က်ိဳင္ရွင္းခ်န္က ေျပာသည္။

ေဖး႐ႊီက ဆက္ရပ္ကာ သူ႕ကို စိုက္ၾကည့္ေနၿပီး ဧည့္ခန္းထဲမွ ဟူရင္း၏ ရယ္သံလြင္လြင္က မၾကာခဏ ထြက္ထြက္လာေနသျဖင့္ က်ိဳင္ရွင္းခ်န္က မေနနိုင္ဘဲ ေမးလိုက္သည္။

"သူတို႔နဲ႕အတူ မကစားဘူးလား"

ေဖး႐ႊီက ေျပာသည္။

"ကိုယ္က ဗိုက္ဆာေနၿပီ"

" ဒါဆိုရင္ စားပြဲဆီ ပန္းကန္ေတြ ကူခ်ေပးပါလား၊ ခဏေနရင္ အသင့္ျဖစ္ပါၿပီ"

က်ိဳင္ရွင္းခ်န္က ေျပာသည္။

ခ်က္ျပဳတ္ရျခင္းက ခက္ခဲသည့္အလုပ္ျဖစ္သည္။ က်ိဳင္ရွင္းခ်န္၏ ႏွဖူးတြင္ ေခြၽးပ်ံေနေလၿပီ။ သူက  မ်က္ဝန္းတဖက္ေထာင့္မွ စီးက်ေတာ့မည့္  ေခြၽးကို သုတ္ရန္ ဆီေပေနသည့္ လက္အစား လက္ေမာင္းျဖင့္သာ ကို႔ယို႔ကားယား သုတ္လိုက္ရသည္။ေဖး႐ႊီက တစ္ရႉး တစ္႐ြက္ထုတ္ကာ သူ၏ ႏွဖူးကို သုတ္ေပးသည္။

  "ေက်းဇူးတင္ပါတယ္"

"အင္း."

(ဒီအင္းကေလ အင္းဆိုတဲ့ အသံျပတ္မဟုတ္ဘဲ အာေမဋိတ္လိုလို ညည္းသံလိုလို အသံရွည္ဆြဲတဲ့ အင္းလို အင္းေနာ္. ေဖး႐ႊီရဲ႕ ဆြဲေဆာင္မႈကို ခံစားမိေစဖို႔ ဟီးဟီး)

ေဖး႐ႊီက ပန္းကန္မ်ားသယ္ကာ စားပြဲတြင္ ခ်ခ်ိန္တြင္ ေဟာ့ခ်န္းတို႔ကလည္း ဝိုင္းလာေတာ့သည္။

"ဒါေတြအားလုံးကို မင္း တစ္ေယာက္တည္း လုပ္ထားတာလား"

ဝမ္ေနာ့က တအံ့တၾသေမးသည္။

  "ငါတို႔က မင္း မစ္ကီေမာက္စ္ေလာက္ လုပ်မယ်လိုု့ ထင္ထားတာ၊ မင္းက ဗုံးထကြဲမယ်လိုု့ ဘယ္သူက ထင္ထားမွာလဲ"

ဟူရင္းတို႔ကလည္း စားပြဲအျပည့္ ဟင္းပြဲမ်ားကို တအံ့တၾသၾကည့္ရင္း ထိုင္ခုံမ်ား ဆြဲေနၾကေလၿပီ။ ဟင္းပြဲမ်ားက ေမႊးႀကိဳင္ေနကာ အေရာင္အေသြး ဆုံေနသည္။

ေဟာ့ခ်န္းက ဝိုင္တစ္ပုလင္း ေဖာက္သည္။

" အားလုံးပဲ အျပာအနီသေကၤတက ပထမဆုံးေန႕ကို ေသာက္စားရင္း ေအာင္ပြဲခံလိုက္ၾကရေအာင္။ ရွင္းခ်န္ကိုလည္း ငါတို႔အတြက္ ျပင္ဆင္ေပးတဲ့ ပြဲေတာ္ႀကီးအတြက္ ႀကိဳးစားေပးမႈကို ေက်းဇူးတင္ၾကရေအာင္"

ေဟာ့ခ်န္းကလည္း ဝိုင္နီက မလုံေလာက္ဟု ေတြးမိၿပီး ဝိုင္ျဖဴ တစ္ပုလင္း ေဖာက္သည္။

"အျခားဧည့္သည္က ဘယ္ေတာ့ ေရာက္မွာလဲ"

" ငါတို႔လည္း ဝန္ထမ္းေတြကို ေမးေနတာ၊ ဒီေန႕လည္ ေရာက္မယ္လို႔ ေျပာတာပဲ"

"ယန္က်စ္မဟုတ္လား"

ဝမ္ေနာ့က ေခါင္းတဆတ္ဆတ္ ညိတ္သည္။

"ေသခ်ာတာေပါ့၊ ငါ သူ႕ရဲ႕ဖန္ဆိုက္က သတင္းတင္ထားတာကို ေတြ႕ထားတယ္"

"မင္းက သူ႕ရဲ႕ ဖန္ေဘစ့္ထဲ ဝင္ထားတာလား"

ေဟာ့ခ်န္းက ဖန္ခြက္ကို ေျမာက္လ်က္ ဝိုင္တစ္ငုံေသာက္ရင္း ရီေဝေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္လိုက္သည္။

ဝမ္ေနာ့က ရွက္သြားၿပီး အင္းဟု ေျဖသည္။

( အာ ႀကိဳရွင္းျပခ်င္တာကေလ အားလုံးက တစ္ေလာကလုံးက အေကာင္းစား၊ အေခ်ာဆုံး၊ အခန႔္ဆုံး၊ အဆင့္အတန္းျမင့္ အမ်ိဳးေကာင္းသားေတြပဲဆိုေတာ့ ဒီလိုအေျခအေနမ်ိဳးက မၾကာခဏ ျဖစ္မွာပါ။ ဘယ္လိုေျပာရမလဲ တအားေခ်ာတဲ့လူက စိုက္ၾကည့္လာရင္ ရင္ေတာ့ခုန္သြားမွာပဲ မဟုတ္လည္း ရွက္သြားတာမ်ိဳးေပါ့။ဒါေပမဲ့ အဲဒိလူကို ကြိုက်တယ်လိုု့ မဆိုလိုဘူးေနာ္ ႀကိဳက္ရင္လည္း ႀကိဳက္မွာေပါ့ ဒါေပမဲ့ ဒီေနရာက လူတိုင္းက သာမန္ေတြ မဟုတ္ၾကေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ လိုက္ႀကိဳက္တာမ်ိဳးေတာ့ ပါမွာ မဟုတ္ဘူး၊ သူတို႔ကို အထင္မလြဲေစခ်င္လို႔ပါ။ ၿပီးေတာ့ေလ အရမ္းေခ်ာတဲ့ လူတစ္ေယာက္က ၾကည့္လာတာမ်ိဳးဆိုရင္ ရွိန္တာမ်ိဳးလိုလို ျဖစ္တတ္တယ္ေလ အဲဒိလိုေပါ့)

"သူက တအားေဟာ့လား"

သြမ့္ရီဟြားက ေမးသည္။

  "စူပါေဟာ့တာ၊ ငါတို႔အားလုံးထဲမွာ သူကပဲ ဖန္အမ်ားဆုံးေလ"

ဟူရင္းက ဝင္ေျပာသည္။

"သူက ပရိတ္သတ္ တကယ္မ်ားတယ္"

လင္းခ်င္ခ်င္က ေျပာသည္။

"သူက အရမ္းလည္း ၾကည့္ေကာင္းတယ္"

တံခါးဘဲလ္က အႀကိမ္အနည္းငယ ္ျမည္ေနသည္။ သြမ့္ရီဟြားက ဦးေဆာင္ကာ ေက်ာမတ္သြားသည္။

ဝမ္ေနာ့က ေျပာသည္။

"တစ္ေယာက္ေယာက္ ဘဲလ္တီးေနတယ္"

  "ေခ်ာင္ေခ်ာင္အေၾကာင္း ေျပာေနတုန္း ေခ်ာင္ေခ်ာင္က ေရာက္လာတာပဲ"

ဝမ္ေနာ့က ခ်က္ခ်င္းထကာ တံခါးထံ ေျပးသြားခ်ိန္တြင္ မရင္းႏွီးေသာ အမ်ိဳးသား တစ္ေယာက္ကို ျမင္လိုက္ရေလသည္။

"ဟယ္လို"

"ဟယ္လို"

သူတို႔အားလုံးက မတ္တပ္ထရပ္လိုက္ၾကခ်ိန္တြင္ ဝမ္ေနာ့က မ်က္ႏွာနီနီျဖင့္ ျပန္ေျပးလာေလၿပီ။

ဟူုရင်းက သူ႕ကို ေမးေတာ့မည့္အခ်ိန္တြင္ ပခုံးက်ယ္က်ယ္၊ ခါးသိမ္သိမ္ႏွင့္ ေ႐ႊကိုင္းမ်က္မွန္တပ္ထားေသာ အဖြူရောင်ရှပ်အကျႌၤကို ဝတ္ဆင္ထားသူက ခရီးေဆာင္အိတ္ကို သယ္လ်က္ ဝင္လာေၾကာင္း ျမင္လိုက္ရေလသည္။

"ခန္းမရဲ႕ ေလထုေတာ့ ဆူပြက္လာေတာ့မယ္"

ထိုစာသားက က်ိဳင္ရွင္းခ်န္၏ေခါင္းထဲ တန္းဝင္လာသည္။ သူ႕ကို မ်က္ႏွာခ်င္းဆိုင္ ျမင္လိုက္ၾကရေသာ္လည္း ရွိေနၾကသူတိုင္း၏ မ်က္ႏွာအမူအယာမ်ားက ေျပာင္းလဲသြားေတာ့သည္။

က်ိဳင္ရွင္းခ်န္ပင္ အေတာ္ေလး ေျခာက္ျခားသြားသည္။

ယန္က်စ္.

ဝတၳဳထဲမွာ အေက်ာ္ၾကားဆုံး အဓိက အမ်ိဳးသား ဇာတ္လိုက္

ဝတ္စုံျပည့္ ဝတ္ထားတာေတာင္ ဆြဲေဆာင္မႈ ျပင္းထန္လြန္းတဲ့ အမ်ိဳးသား

ဒရာမာမ်ားႏွင့္မတူသည္မွာ ရိုးမန႔္ ရသစုံရွိုးမ်ားတြင္ ဒရာမာ ပါသည္က ရွားပါးသည္။ထို႔ေၾကာင့္ လူတိုင္း၏ အမူအယာ အေသးစိတ္ႏွင့္ အနီးကပ္ရိုက္ခ်က္မ်ားကသာ အသက္ေသြးေၾကာျဖစ္လာသည္။ သူလည္း မေနနိုင္ဘဲ အျခားေသာ ဧည့္သည္မ်ားက အမူအယာမ်ားကို အကဲခတ္လိုက္သည္။

ဧည့္သည္ေလးေယာက္က အလြန္ မင္သက္ေနၿပီး အၿမဲတမ္း တည္ၿငိမ္ ေၾကာ့ရွင္းတတ္သည့္ ရင့္က်က္ဟန္ရွိေသာ သြမ့္ရီဟြားပင္ အနည္းငယ္ ဖိအားမ်ားသလို ျဖစ္ကာ ႏႈတ္ခမ္းကို ဆက္တိုက္ ဖိတင္းထားသည္။ ဟူရင္းကမူ ေျခတစ္လွမ္း ေနာက္ဆုတ္ၿပီး ရှက်ဝဲ၀ဲ ေျပာသည္။

"ေခ်ာလြန္းတယ္"

" အားလုံးပဲ မဂၤလာပါ"

တဖက္လူက သူတို႔ကို ႏႈတ္ဆက္လာသည္။ လူႀကီးလူေကာင္းဆန္ေသာ အျပဳအမူ၊ အထက္တန္းက်ေသာ အေနအထား၊ တည္ၿငိမ္၊ ညင္သာေသာ အရွိန္အဝါ၊ ကိုယ္ခႏၶာ တည္ေဆာက္ပုံ၊ခရီးေဆာင္အိတ္ ကိုင္ထားဟန္ကအဆုံး အရာအားလုံက သန႔္ရွင္း သပ္ရပ္ၿပီး ေတာက္ပေနေလသည္။

"ကိုယ္ရဲ႕နာမည္က ယန္က်စ္ပါ"

က်ိဳင္ရွင္းခ်န္က ေဖး႐ႊ႕ီႏွင့္ ေဟာ့ခ်န္းတို႔ကို တခ်က္ၾကည့္လိုက္သည္။

ေဟာ့ခ်န္းက ကင္မရာေရွ႕တြင္ မ်က္ႏွာအမူအယာကို အထိန္းနိုင္ဆုံးလူျဖစ္သည့္အေလ်ာက္ မ်က္ႏွာတြင္ အၿပဳံးက ရွိေနတတ္သည္။ ယခုအခါ ခုခံလိုဟန္၊ တစ္စုံတစ္ရာကို ကာကြယ္လိုဟန္ အမူအယာ၊ သတိအေနအထား အမူအယာျဖစ္လာၿပီ သူ၏ အၾကည့္က အနီဘက္မွ အမ်ိဳးသားေလးေယာက္ထံ ျဖတ္သန္း ေရာက္ရွိသြားကာ တဖက္ေလးေယာက္၏ စိတ္လႈပ္ရွား ရင္ခုန္ျခင္းမ်ားကို ခံစားမိလိုက္ၿပီး အၿပဳံးက ေလ်ာ့ရဲသြားေတာ့သည္။

ေဖး႐ႊီကမူ တဖက္လူကို မ်က္ႏွာတည္ျဖင့္ အေလးအနက္ထားကာ ၾကည့္လိုက္သည္။

ဒါက ရင္ဆိုင္ရခက္တဲ့ ရန္သူနဲ႕ ႀကဳံတဲ့အခါ ျဖစ္လာတတ္တဲ့ အမ်ိဳးသားေတြရဲ႕ အလိုလို တုန႔္ျပန္မႈပဲ

စိတ္ဝင္စားစရာပဲ

ဒီအပိုင္းကို ထုတ္လႊင့္တဲ့အခါ ေျပာင္ေျမာက္တဲ့ ျဖတ္ညပ္ကတ္ လုပ္နိုင္စြမ္းရည္နဲ႕ဆိုရင္ ဘယ္ေလာက္ေတာင္ ရိုးမန႔္ဆန္ၿပီး စိတ္လႈပ္ရွားဖို႔ ေကာင္းသြားလိုက္မလဲ.. ငါေတာင္ စိတ္ကူးယဥ္ၾကည့္လို႔ရေနၿပီ။ လူတိုင္းရဲ႕ အနီးကပ္ အမူအယာေတြကို အနီးကပ္ ရိုက္ျပထားတာေတြနဲ႕ ရင္ခုန္ေစမယ့္ ေနာက္ခံ ေတးသံ ေပါင္းလိုက္ရင္ အရမ္း ပြက္ေလာရိုက္သြားေစမွာပဲ

က်ိဳင္ရွင္းခ်န္လည္း မေနနိုင္ဘဲ ခပ္တိုးတိုး ရယ္လိုက္သည္။ ထိုအခါ ေဖး႐ႊီႏွင့္ ေဟာ့ခ်န္းက သူ႕အား ၾကည့္လာေလသည္။ ေဖး႐ႊီက ႏႈတ္ခမ္းကလည္း ေျပေလ်ာ့သြားကာ ႏႈတ္ခမ္းေထာင့္စြန္းမ်ား ေကာ့တက္သြားသည္။ ေဟာ့ခ်န္းကမူ သူႏွင့္အတူ ေအာ္ရယ္လာသည္။

"ပစၥည္းေတြကို ဒီမွာပဲ ခ်ထားလိုက္ပါ"

သြမ့္ရီဟြားက ေျပာသည္။

"ဘာစားၿပီးၿပီးလဲ မသိဘူး"

ဟူရင္းက ေမးသည္။

ယန္က်စ္က ေခါင္းအသာ ခါသည္။

"အခ်ိန္ကိုက္ပဲ၊ ငါတို႔လည္း စားဖို႔ျပင္ေနတာ"

ဟူရင္းက ဆက္ေျပာသည္။

"ငါ ပန္းကန္ေတြ သြားထပ္ယူလိုက္မယ္"

ဝမ္ေနာ့က ေျပာသည္။

လင္းခ်င္ခ်င္က ေျပာသည္။

"မင္း အရင္ထိုင္လိုက္ပါလား၊ ထိုင္ခုံက."

ထို႔ေနာက္ သူက ေဘးဘီကို ၾကည့္သည္။ ေဟာ့ခ်န္းက တဖက္ေ႐ြ႕ၿပီး ထိုင္ခုံ ေပးလိုက္သည္။

" ေက်းဇူးတင္ပါတယ္"

ယန္က်စ္က ေျဖသည္။

ေဟာ့ခ်န္းက ေြ ပာသည္။

"ထိုင္ပါ"

"အာ ကြၽန္ေတာ္ သန႔္စင္ခန္း အရင္ သြားလိုက္ပါဦးမယ္"

ယန္က်စ္က ယဥ္ေက်းစြာ ေျဖသည္။

" ဒါဆိုရင္ ငါကပဲ မင္းကို အခန္း အရင္လိုက္ျပပါရေစ၊ ငါတို႔ေတြ တစ္ခန္း မွ်သုံးရမွာ"

ေဟာ့ခ်န္းက ေျပာသည္။

ယန္က်စ္က ေခါင္းညိတ္ၿပီးေနာက္ သူ၏ မ်က္လုံးက လူအုပ္ထံ ျဖတ္သန္းသြားကာ က်ိဳင္ရွင္းခ်န္ထံ ေရာက္သြားသည္။ က်ိဳင္ရွင္းခ်န္ကို သူက အခ်ိန္အနည္းငယ္ၾကာ စိုက္ၾကည့္ေလသည္။ က်ိဳင္ရွင္းခ်န္က သူ႕အား ၿပဳံးျပလိုက္သည္။

ယန္က်စ္က တခ်က္ ေခါင္းညိတ္ျပၿပီး ေဟာ့ခ်န္း၏ အေနာက္မွ လိုက္ကာ အိပ္ခန္းထဲ ဝင္သြားသည္။

က်ိဳင္ရွင္းခ်န္က ဟူရင္းတို႔ကို ၾကည့္ကာ ရယ္လိုက္သည္။

"တကယ္ေခ်ာတဲ့ေကာင္ပဲ"

" ေသာက္ရမ္း ေခ်ာတယ္ဟူ"ရင္းက ေအာ္သည္။

လင္းခ်င္ခ်င္က ေျပာသည္။

"ငါ့အေနနဲ႕ သူ႕ကို အျပင္မွာ ပထမဆုံးအႀကိမ္ ျမင္ဖူးတာပဲ၊ ဒီေလာက္အထိ ၾကည့္ေကာင္းမယ္လို႔ မထင္ထားဘူး"

ဝမ္ေနာ့ႏွင့္ သြမ့္ရီဟြားတို႔က ယန္က်စ္၏ ေနရာတြင္ ပန္းကန္မ်ား ခ်ေပးသည္။ ယန္က်စ္က ေရကန္ထဲသို႔ ပစ္ခ်လိဳက္ေသာ ေက်ာက္တုံး တစ္တုံးႏွင့္တူသည္။ သူက လွိုင္းမ်ား ထလာေစေလသည္။

အခန္း၏ ေလထု အေျခအေနက ေျပာင္းလဲသြားကာ ရင္ဖိုလွိုက္ေမာဖြယ္ေကာင္းလာသည္။

က်ိဳင္ရွင္းခ်န္၏ မ်က္ႏွာတြင္ အၿပဳံးက မရပ္တန႔္ေတာ့ေခ်။

" အိုး ဟုတ္သားပဲ ဝိုင္နီခြက္ေတြ"

(သူက အကုန္သိေနေတာ့ ၿပဳံးစိစိ ျဖစ္ေနတာ)

သူက ထရပ္ၿပီး ဝိုင္နီသြားျဖည့္သည္။ သူ၏ တိုက္ခိုက္လိုစိတ္က တက္ႂကြလာေတာ့သည္။

ေဖး႐ႊီက  ဝိုင္နီကို တစ္ငုံေသာက္သည္။ သူက စားပြဲေပၚ လက္ေထာက္တင္ကာ ဝိုင္ခြက္ၾကည္ၾကည္ကို သြယ္လ်ေသာ လက္ေခ်ာင္းရွည္မ်ားျဖင့္ ေပါ့ပါးစြာ ကိုင္ထားၿပီး အသာ လႈပ္သည္။ သူက မ်က္လုံးဝင့္လိုက္သည့္အခါ သူ႕ကို စေနာက္လိုသလို ၾကည့္ေနေသာ လင္းခ်င္ခ်င္၏ မ်က္လုံးႏွင့္တိုးသည္။

သိပ္မၾကာခင္အခ်ိန္တြင္ ေဟာ့ခ်န္းက အရင္ ထြက္လာကာ ထိုင္ခုံဆြဲထိုင္ကာ အျခားလူမ်ားကို ၾကည့္သည္။ထို႔ေနာက္ ယန္က်စ္ ထြက္လာသည္။ သူ၏ ေနရာက က်ိဳင္ရွင္းခ်န္၏ ညာဘက္ေဘးကပ္ရပ္ ျဖစ္သည္။

"မင္းက အေတာ္ေလး ေနာက္က်တာပဲ၊ ငါတို႔ အမ်ားႀကီးစားၿပီးသြားၿပီ"

သြမ့္ရီဟြားက ေျပာသည္။

ယန္က်စ္က ေျဖသည္။

"ရပါတယ္။ ကြၽန္ေတာ္က ဘာပဲျဖစ္ျဖစ္ စားတယ္"

"ေခါက္ဆြဲလား ထမင္းလား"

"ေခါက္ဆြဲပါ"

ဟူရင္းက ခ်က္ခ်င္း ထရပ္ၿပီး ယန္က်စ္အတြက္ ေခါက္ဆြဲ ထည့္ေပးလိုက္သည္။

အလွေလးရဲ႕ တိုက္ခိုက္လာမႈကပဲ ရိုးမန႔္ရဲ႕ ဘက္ေပါင္းစုံ လိုက္ဖက္ညီလာဖို႔ စတင္တဲ့ အေရးႀကီးတဲ့ က႑ပဲ

သိပ္ေကာင္းတယ္

က်ိဳင္ရွင္းခ်န္က သေဘာက်ေနသည္။

ယန္က်စ္က လူအုပ္ကို တခ်က္ၾကည့္သည္။ သူ၏ မ်က္လုံးမ်ားက ေရေသလို တည္ျိငမ္ေနေသာ္လည္း အၿပဳံးကမူ ယဥ္ေက်းမႈ အျပည့္ႏွႈ႔္ျဖစ္သည္။

"အားလုံးပဲ ကြၽန္ေတာ့္ကို စိုက္ၾကည့္မေနၾကပါနဲ႕။ ကြၽန္ေတာ္ ရွက္လာၿပီ"

လူတိုင္းက ရယ္ၾကသည္။

ဘာသာျပန္သူမွာ ေျပာစရာရွိပါတယ္

ေမဝန္းကေလ ....ငါ ေရးလိုက္ ကိုယ္ေရးလိုက္ ကြၽန္ေတာ္ ေရးလိုက္လုပ္ေနတာကေလ သူတို႔က စရိုက္ခ်င္းမတူၾကတာေရာ... တခ်ိဳ႕အေၾကာင္းျပခ်က္ေၾကာင့္ေရာေပါ့ေနာ္ 😁

အားလုံးလည္း တေျဖးေျဖးခ်င္း ဖတ္ၿပီး တစ္ေယာက္ခ်င္းစီတိုင္းကို နားလည္လာဖို႔ ေမ်ာ္လင့္ပါတယ္။

ကဲ အခုတင္ စၿပီး မသိမသာ သိလာရၿပီ ေနာ္

cpေတြကို ေနာက္အပိုင္းကစၿပီး ေ႐ြးလို႔ရၿပီ

Continue Reading

You'll Also Like

898K 47.8K 43
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
781K 50.6K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
17.3K 1.3K 5
Author - 即墨遥 Status - 94 Chapters + 7 Extras (Completed) Eng tran - not complete Eng tran link - https://www.novelupdates.com/series/the-villains-all...
1.3M 172K 149
BL