အပိုင္း ၄
“ ဒီညေတာ့ ကိုယ္တို႕ရဲ႕အလုပ္အကိုင္အေၾကာင္း ခန္႕မွန္းလို႕ မရေလာက္ေသးဘူး ထင္တယ္ ဟုတ္တယ္မဟုတ္လား”
ေဟာ့ခ်န္းက ေျပာသည္။
“ ကိုယ္ေတာ့ အျခားစိတ္ကူးယဥ္အခ်စ္ဇာတ္လမ္း ရသစံု ရွိုးေတြ ၾကည့္ဖူးသေလာက္ ပထမညမွာ အလုပ္အကိုင္ကို ခန္႕မွန္းရတာမ်ိဳး မေတြ႕ဖူးေသးဘူး”
က်ိဳင္ရွင္းခ်န္က ေျပာလိုက္သည္။
“ ကၽြန္ေတာ္လည္း မထင္ဘူး”
ထိုအဖြဲ႕မွ လူခ်မ္းသာကေလးမ်ား၏ ေနာက္ခံအေၾကာင္းအရာမ်ားက အင္တာနက္ေပၚတြင္ ပြထေနေလရာ လူတိုင္းကလည္း အခ်င္းခ်င္း သိထားၾကျပီးသားျဖစ္ေနသည္။
“ မင္းက ဘယ္တကၠသိုလ္မွာ ဘာေမဂ်ာကို ေလ့လာေနတာလဲ”
ေဟာ့ခ်န္းက ေမးလိုက္သည္။
“ အနုပညာေက်ာင္းက အကေမဂ်ာပါ”
က်ိဳင္ရွင္းခ်န္က ျပန္ေျဖသည္။
“ မင္းက ေက်ာင္းသားလား”
ေဖးရႊီက ေခါင္းလွည့္ကာ သူ႕ကို ၾကည့္လာသည္။
က်ိဳင္ရွင္းခ်န္က ေခါင္းညိတ္ျပလိုက္သည္။
ေဟာ့ခ်န္းကလည္းေျပာသည္။
“ သူကလည္း ေက်ာင္းသားပုံေပါက္တာပါပဲ”
“ ဒီေစ်းကြက္က တကယ္လူမဆန္တာပဲ၊ ေကာလိပ္ေက်ာင္းသားေလးကို ရွိုးကို ဖိတ္ေခၚစရာလား”
ေဟာ့ခ်န္းက ေျပာသည္။
က်ိဳင္ရွင္းခ်န္က ခ်က္ခ်င္း ၀င္ေျပာလိုုက္သည္။
“ကၽြန္ေတာ္က အေရအတြက္ျပည့္ေအာင္ ျဖည့္ေပးရတဲ့သေဘာပါပဲ၊ ကၽြန္ေတာ္ရဲ႕အစ္ကိုေတြရဲ႕အိမ္က အလွဆင္ ျမက္ခင္းလိုေပါ့”
ေဟာ့ခ်န္းကလည္း သူ႕ကို လွမ္းၾကည့္သည္။
“ မင္းရဲ႕အစ္ကိုေတြကိုပဲ သြားခိုင္းလိုက္ပါေတာ့”
ေဟာ့ခ်န္းက ရုတ္တရက္ ျဖည့္ေျပာသည္။
“ အကတဲ့လား.. ကြာျခားေနတယ္လို႕ ခံစားေနရတာ အံ့ၾသစရာမရွိေတာ့ဘူး”
ေဖးရႊီက ေနာက္ၾကည့္မွန္မွတဆင့္ အမူအယာ ႏူးညံ့သိမ္ေမြ႕ေနေသာ ေဟာ့ခ်န္းကို လွည့္ၾကည့္လိုက္သည္။ ေဟာ့ခ်န္း၏ႏႈတ္ခမ္းမွ အျပံဳးက ေပ်ာက္ကြယ္သြားျပီးေနာက္ သူ၏ က်ိဳင္ရွင္းခ်န္ကို ၾကည့္ေနေသာ အၾကည့္က အရာအားလံုးကို ေဖာက္ထြင္းျမင္ေနရသလိုမ်ိဳး တည့္တိုးဆန္လြန္းသည္။ သူက အေနာက္တြင္ ထိုင္ေနေသာေၾကာင့္မည္သူကမွ် မျမင္ရဟု ထင္ေနခဲ့ဟန္ရသည္။
သို႕ေသာ္ ထိုုျမင္ကြင္းက အင္တာနက္ေပၚတြင္ ပြက္ေလာရိုက္သြားေစေလသည္။
[ဒီအၾကည့္က…..]
[ဒီေဟာ့ခ်န္းဆိုတဲ့ေကာင္က ထန္ေနမွန္း ငါ တန္းသိလိုက္တယ္]
[ သူတို႕က တဖက္တည္းမဟုတ္ဘူးလား.. ေနပါဦး ဒီရာသီမွာ အျပာအျပာခ်င္း စိတ္ကူးယဥ္ရိုးမန္႕ေတြ ေပၚလာေတာ့မွာလား]
တိုက္ခိုက္သူႏွစ္ေယာက္(ကံုးႏွစ္ေယာက္)က အတူ ေတြ႕ကို ေတြ႕သင့္တယ္။
[ကံုးသံုးေယာက္ အတူရွိရင္ လုပ္လို႕ရတာေတြ အမ်ားၾကီးရွိတယ္ဆိုတာကို ငါ နားလိုက္လိုက္ျပီ]
[ေဟာ့ခ်န္းက ၾကမ္တမ္းတယ္။ ဒါေပမဲ့ က်ိဳင္ရွင္းခ်န္က အကသမားဆိုေတာ့ ကိုင္တြယ္နိုင္မွာပဲ ]
[အ၀ါေရာင္မ်က္ႏွာက ၾကီးလြန္းေနျပီ။ သူတို႕ေတြ သန္းေမ့(bl)က ေရာင္းအားေကာင္းတယ္လို႕ေျပာတာ မအံ့ၾသေတာ့ဘူး။မင္းတို႕က အခုကတည္းက အေတြးနဲ႕တင္ ပံုျပင္ေတြ ေျပာေနၾကျပီ]
[ဘာေတြလာေျပာေနတာလဲ ငါေတာ့ တံခါးပိတ္လိုက္ျပီ(အတည္ျပဳလိုက္ျပီ) သူတို႕ရဲ႕ cp nameက အဂၤါျဂိဳလ္ပဲ]
(မွတ္ခ်က္…. အဂၤါျဂိဳလ္ကို တရုတ္လို ေဟာ္ရွင္းရန္လို႕ေခၚတယ္။ ေဟာ္က ေဟာ္ခ်န္းရဲ႕ေဟာ္…. မီးလို႕လည္း အဓိပၸါယ္ရတယ္။ ရွင္းခ်န္ဆီက ရွင္းက ၾကယ္ဆိုတဲ့ အဓိပၸါယ္ပဲ။ ဒါေၾကာင့္ အဂၤါျဂိဳလ္က မီးၾကယ္လူူသားလို႕လည္း ေျပာလို႕ရတယ္။ ရန္ကေတာ့ လူကိုေျပာတာပါ။ တစ္လံုးခ်င္းဆီခြဲရင္ေတာ့ အဂၤါျဂိဳလ္လို႕မထြက္ဘူးေပါ့ေနာ္….. ေနာက္ပိုင္းေတာ့ ေဟာ္ရွင္း cpလို႕ပဲ သံုးသြားမယ္ေနာ္ ျမင္သာေအာင္)
ျမိဳ႕စြန္ကုန္တိုက္က သူတို႕ေနေသာ ေနရာမွဆိုလ်င္ ငါးမိနစ္၊ေျခာက္မိနစ္ခန္႕သာ ေ၀းသည္။သို႕ေသာ္ ကားရပ္ရန္ ေနရာရွာျခင္းက အခ်ိန္ပိုကုန္သြားသည္။
ထိုေနရာ၀န္းက်င္က ေတာင္ပိုင္းျမိဳ႕၏ နယ္ေျမေဟာင္းျဖစ္ေနသျဖင့္ ပတ္၀န္းက်င္တြင္ အိမ္အိုေဟာင္းမ်ားသာ ရွိေနျပီး အထပ္ျမင့္ အေဆာက္အဦၾကီးမ်ား ရွိမေနေခ်။ လမ္းမ်ားကလည္း ၾကမ္းတမ္းလြန္းသျဖင့္ က်ိဳင္ရွင္းခ်န္ခမ်ာ ေျမအေျခအေနကိုပင္ လိုက္ၾကည့္မိသြားသည္။
သူတို႔သံုးေယာက္လံုးက လူေကာင္ထြားကာ ေခ်ာေမာလြန္းၾကျပီးေနာက္မွလည္း ကင္မရာသမားမ်ားက အျပံဳလိုက္ လိုက္လာသျဖင့္ စူပါမားကတ္ထဲသို႕ ၀င္လိုက္သည္ႏွင့္ လူအမ်ား၏ အာရံုကို ဆြဲေဆာင္သြားသည္။
ေဖးရႊီက ၀င္ေပါက္မွ ေနရာျပ သေကၤတမ်ားကို ၾကည့္ျပီး ေျပာသည္။
“ ကိုယ္က ပထမထပ္ကို သြားလိုက္ဦးမယ္”
ေဟာ္ခ်န္းက ေမးသည္။
“ မင္းက ဘာ၀ယ္မွာလဲ”
“ ငါလား… ဖိနပ္ပါးေလ”
“ မင္းရဲ႕အခန္းထဲမွာ ဖိနပ္ပါးမရွိလို႕လား”
ေဟာ္ခ်န္းက ေမးသည္။
ပရိုဂရမ္အဖြဲ႕က သူတို႕အတြက္ ဖိနပ္ပါးမ်ား အစည္းလိုက္ျပင္ထားေပးေလရာ တစ္ေယာက္ကို ဆယ္ရံ ထိုင္စီးမည္ဆိုလ်င္ပင္ ပိုေနေပလိမ့္ဦးမည္။
“ အေရာင္မၾကိဳက္လို႕”
ေဖးရႊီကလည္း မ်က္ႏွာေသျဖင့္ ျပန္ေျဖသည္။
ေဟာ့ခ်န္းက စက္ေလွကားေပၚတက္သြားေသာ ေဖးရႊီကို စိုက္ၾကည့္ျပီးေနာက္ က်ိဳင္ရွင္းခ်န္ႏွင့္အတူ လက္ဆတ္ေသာ စားေသာက္စရာတန္းသို႕ ထြက္လာသည္။
က်ိဳင္ရွင္းခ်န္က ရွင္းျပသည့္ တာ၀န္ကို ယူသည္။
“သူက ဒီအတိုင္း အျဖဴအမည္းကို သေဘာက်ရံုပါ”
ေဟာ္ခ်န္းက ျပံဳးကာ ေျပာသည္။
“ ဟုတ္လား”
က်ိဳင္ရွင္းခ်န္က ေခါင္းညိတ္သည္။
ေဖးရႊီ၏ အ၀တ္မ်ား၊ဖိနပ္မ်ားအျပင္ အိပ္ယာခင္းကအစ အျဖဴအမည္းမ်ားျဖစ္သည္။ မီးခိုးေရာင္ပင္ မပါေခ်။
သူက အလြန္အမင္း ျငီးေငြ႕ဖြယ္ေကာင္းလြန္းေသာ လူျဖစ္ေနသည္။
ေဟာ့ခ်န္းက ယခင္ႏွစ္မ်ားအတြင္း အလြန္အလုပ္မ်ားေနခဲ့သျဖင့္ယခုလို အစားအေသာက္မ်ား ေရွာ့ပင္းထြက္ရျခင္းက အသစ္အဆန္းျဖစ္ေနသည္။သူက စာရင္းကို ဖတ္ျပျပီး က်ိဳင္ရွင္းခ်န္က ေရြး၀ယ္သည္။ထိုသုိ႕ျဖင့္ ႏွစ္ေယာက္သားက အတူ ပူးေပါင္းလုပ္ေဆာင္ေနၾကသည္။
သူတို႕၏ေနာက္သို႕ ဗီဒီယိုရိုက္ေနေသာ ကင္မရာသမားက လိုက္ေနသျဖင့္ စူပါမားကတ္ထဲမွ လူအမ်ားစုက သူတို႕ကိုသာ ၾကည့္ေနၾကသည္။စူပါမားကတ္ ၀န္ထမ္းပင္ အလြန္တက္ၾကြကာ စိတ္လႈပ္ရွားေနသည္။ ေဟာ့ခ်န္းက အလြန္ လူၾကီးလူေကာင္းပီသကာ ညင္သာေသာ စရိုက္ရွိသည္။၀မ္ေနာ့ မွာလိုက္ေသာ သေရစာမုန္႕မ်ားက ေဟာ့ခ်န္း၏ ဘက္ျခမ္းတြင္ရွိေနသည္။ က်ိဳင္ရွင္းခ်န္က ေစ်း၀ယ္တြန္းလွည္းကို ေက်ာ္ကာ လက္လွမ္းသည့္အခါ ေဟာ့ခ်န္းက သူ(ရွင္းခ်န္)၏ ပခံုးကို ဖ်စ္ညစ္ကာ ပုစြန္ေၾကာ္ထုတ္ကို လွမ္းယူေပးရင္း ေျပာသည္။
“ ကိုယ္က မင္းမွာ နားကပ္ရွိမယ္ ထင္ေနတာ”
က်ိဳင္ရွင္းခ်န္က ေခါင္းလွည့္ၾကည့္ကာ ေမးသည္။
“ ဟမ္”
“ မင္းရဲ႕ နားသန္သီးမွာ မွည့္ေလးရွိတယ္”
ေဟာ့ခ်န္းက ေျပာရင္း ေသခ်ာ အနီးကပ္ျပီး ဂရုတစိုက္ၾကည့္သည္။ အနီးကပ္ၾကည့္ေန၍မဟုတ္လ်င္ ျမင္ရရန္ မျဖစ္နိုင္ေလာက္ေခ်။
က်ိဳင္ရွင္းခ်န္က ေပါ့ပါးစြာသာ ရယ္လိုက္သည္။
အလိုလို စိတ္ေကာင္း၀င္ေနေသာ ေဟာ့ခ်န္းက ဆက္ေျပာသည္။
“အနီဘက္က ကိုယ္တို႕ရဲ႕ဧည့္သည္ေတြက ဒီည ဘယ္သူေတြကို စာပို႕မယ္လို႕ မင္း ထင္လဲ”
က်ိဳင္ရွင္းခ်န္က ေျပာသည္။
“ ကၽြန္ေတာ္လည္း မသိဘူးေလ”
သူေတာ့ ဂရုမစိုက္ပါဘူး၊ ဘာပဲျဖစ္ျဖစ္ သူ႕ဆီ ဘယ္သူမွ ပို႕ၾကမွာ မဟုတ္ဘဲ….
“ ဒါဆိုရင္ မင္းက ဘယ္သူ႕ဆီ ပို႕မွာလဲ”
ေဟာ့ခ်န္းက ဆက္ေမးသည္။
“ ဒါက လ်ိဳ႕၀ွက္ထားရမွာ မဟုတ္လား”
က်ိဳင္ရွင္းခ်န္က အနီးကပ္ ကပ္ရိုက္ေနေသာ ကင္မရာမန္းကို တခ်က္ၾကည့္လိုက္သည္။
“ ကိုယ္ေတာ့ ဒီည ကိုယ္တို႕ႏွစ္ေယာက္လံုး စာမရေလာက္ဘူးလို႕ ထင္တယ္၊ ဘာလို႕ ကိုယ္တို႕အခ်င္းခ်င္း ျပန္မပို႕ရမွာလဲ”
ေဟာ့ခ်န္းက ရယ္သည္။
“သူတို႕က ရွစ္ေယာက္က အခ်င္းခ်င္း ျပန္မပို႕ရဘူးလို႕မွ မေျပာထားတာ၊ သူတို႕ဒီရာသီမွာ အသစ္အဆန္း လုိခ်င္ေလာက္တယ္”
ယခင္ႏွစ္ အျပာအနီ သေကၤတတြင္ အမ်ိဳးသး ဧည့္သည္တစ္ေယာက္က ၾကည့္ရႈသူမ်ား၏ အမိႈက္ေကာင္ဟု အေခၚခံခဲ့ရသည္။အေၾကာင္းမွာ သူက တစ္ၾကိမ္ဆီတိုင္း သူ၏ႏွလံုးသားကို ေျပာင္းလဲခဲ့သည္။ေနာက္ပိုင္းတြင္ ထိုဧည့္သည္ကို အင္တာဗ်ဴးသည့္အခါ အမွန္အတိုင္းေျပာရလ်င္ သူ သေဘာက်သည့္လူ တစ္ေယာက္မွ် မရွိဟု ဆိုခဲ့သည္။သို႕ေသာ္ ပရိုဂရမ္မွ လူမ်ားက မိန္းကေလး တစ္ေယာက္ထံ ေသခ်ာေပါက္ စာပို႕ရမည္ဟု ေျပာလာသျဖင့္ သူ႕တြင္လည္း ေရြးခ်ယ္စရာ မရွိေတာ့ဘဲ တစ္ေယာက္ဆီ အလွည့္က် ပို႕ခဲ့ျခင္းျဖစ္သည္ဟု ေျပာလာသည္။
ထိုမေတာ္တဆမႈက အြန္လိုင္းတြင္ ပြက္ေလာရိုက္သြားခဲ့သည္။
ဟုတ္ပါတယ္ ဒါက ခ်စ္ၾကိဳက္တဲ့အေၾကာင္းကို အသားေပးတဲ့ ရွိုးပါ၊ ဒါေပမဲ့ ဧည့္သည္တိုင္းက တစ္ေယာက္ကို ၾကိဳက္ကိုၾကိဳက္မိသြားမယ္၊ ၾကိဳက္ကိုၾကိဳက္ရမယ္ဆိုတာကေတာ့ မျဖစ္သင့္ဘူး မဟုတ္လား
ထိုသို႕ျဖင့္ စည္းမ်ဥ္းအသစ္က ေပၚလသည္။ မင္းကသာ မည္သူ႕ကိုမွ် မႏွစ္သက္ခဲ့လ်င္ ခင္မင္ရင္းႏွီးမႈ စာတိုကို ပို႕နိုင္သည္ဟု ဆိုလာသည္။
ထိုသုိ႕ျဖင့္ ခင္မင္ေၾကာင္းျပသည့္ စာတိုက မည္သူ႕ကိုမဆို ပို႕နိုင္ေလသည္။
သူတို႕က အဆာေျပမုန္႕မ်ား ၀ယ္ယူျပီးခ်ိန္တြင္ပင္ ေဖးရႊီက ေအာက္ထပ္သို႕ စက္ေလွကားျဖင့္ ျပန္ဆင္းလာသည္။
ေဟာ့ခ်န္းက သူ႕ကိုအလ်င္ျမင္ကာ လက္ျပလိုက္သည္
က်ိဳင္ရွင္းခ်န္ကလည္း ေခါင္းလွည့္ၾကည့္ကာ ထိုျမင္ကြင္းကို ျမင္သြားသည္။
ေဖးရႊီက jjwxc type( မမွတ္မိရင္ ဟိုအေကာင့္မွာ ရွင္းျပခ်က္ ျပန္ဖတ္ပါ) အဓိက ဇာတ္လိုက္ျဖစ္ထိုက္ပါေပသည္။
ဒီခႏၶာကိုယ္၊ ဒီအၾကည့္ေတြက စက္ေလွကားေပၚ ျပည့္ေနတဲ့ လူအေယာက္တစ္ရာၾကားထဲ ဖိနပ္ပါးေလးပဲ ၀တ္ျပီး ရပ္ေနရံုနဲ႕တင္ လူအမ်ားၾကား ထင္းထြက္ေနဦးမွာပဲ။ ျမင္ကြင္းက အိုင္ေဒါ ဒရာမာေတြထဲကလိုပဲ.. တလက္လက္ေတာက္ပျပီး ခမ္းနားၾကီးက်ယ္လြန္းတယ္
သူ႕အတြက္ ဆိုးရြားေစသည့္ အခ်က္က ႏြမ္းလ်သလို ပ်င္းတိပ်င္းရြဲျဖစ္ေနျပီး တသီးတျခားလိုု ျဖစ္ေနသည့္ အမူအယာျဖစ္သည္။ ပတ္၀န္းက်င္မွ ဆူညံပြက္ေလာရိုက္မႈက ငယ္စဥ္ကေလးဘ၀ကတည္းက ျဖစ္လာသည့္အေျခအေနအလား ဂရုကို စိုက္မေနေခ်။
ကြန္းမန္႕မ်ားက ျပံဳတက္လာသည္။
[ ငါ အနီဘက္က ဧည့္သည္ေတြကို အျပစ္မတင္ပါဘူး၊ ဒီရုပ္ကို ဘယ္သူက မခ်စ္ဘဲ ေနနိုင္မွာလား]
[ ေဖးရႊီက တကယ္ အံ့ၾသဖို႕ေကာင္းတယ္။ ငါသူ႕ကို တစ္ခ်ိန္တည္းမွာ ပါးလည္း ရိုက္ခ်င္သလို နမ္းလည္း နမ္းခ်င္တယ္]
[ ဒီအမ်ိဳးသားက လူေတြ သူ႕ကို ခ်စ္လည္းခ်စ္ မုန္းလည္းမုန္းေအာင္ လုပ္နိုင္တဲ့ ရုပ္ရည္နဲ႕ စ ရိုက္ကို ပိုင္ထားတယ္]
“ ကိုယ္ေတာ့ ဒီေကာင္က အၾကီးဆံုး ျပိဳင္ဘက္လို႕ ထင္တယ္”
ေဟာ့ခ်န္းက က်ိဳင္ရွင္းခ်န္ကို အရယ္မ်က္ႏွာႏွင့္ လွည့္ၾကည့္သည္။
“ ကိုယ္တို႕ ဘာလို႕ အရင္ဆံုး လက္မတြဲထားရမွာလဲ”
( အင္း သူက မဟာမိတ္ဖြဲ႕တာမ်ိဳးကို ဆိုလိုခ်င္တာ)
ေဟာ့ခ်န္းက က်ိဳင္ရွင္းခ်န္ကို ၾကည့္ျပီး ျပံဳးမိသြားျပန္သည္။
က်ိဳင္ရွင္းခ်န္က ျပံဳးလိုက္ရင္ တအားေခ်ာလြန္းတယ္။မ်က္၀န္းေတြက ၾကယ္စင္ေတြလို တလက္လက္ ေတာက္ပေနျပီး သူေတာင္ မေနနိုင္ဘဲ အနားပဲ ကပ္ျပီး နို႕နံ႕ သင္းသင္းေလးကို တရႈံႈ႕ရႈံ႕ အနံ႕ခံခ်င္ေနတယ္
နို႕နံ႕လို ကိုယ္သင္းနံ႕သာ ရွိေနရင္ ဘယ္သြားသြား စိတ္ၾကည္ေနမွာပဲ မဟုတ္လား
ေဟာ့ခ်န္းက ေဖးရႊီ၏ လက္ထဲမွ ဖိနပ္ပါးကို ၾကည့္ျပီး မ်က္ခံုးပင့္ကာ ေျပာသည္။
“ အခုေလးတင္ ရွင္းခ်န္က ေျပာေနတာ၊ မင္းက အျဖဴအမည္း ၾကိဳက္တာတဲ့ေလ၊ မထင္ထားပဲ မင္းက တကယ္ပဲ ဖိနပ္အမည္းေျပာင္ တစ္ရံ ၀ယ္လာတာပဲ”
ေဖးရႊီက ဖိနပ္ပါးထုတ္ကို တြန္းလွည္းထဲ ထည့္ျပီး က်ိဳင္ရွင္းခ်န္ကို လွည့္ၾကည့္သည္။
“ ကိုယ္က အျဖဴအမည္း ၾကိဳက္မွန္း မင္းက ဘယ္လိုသိလဲ”
က်ိဳင္ရွင္းခ်န္ကလည္း ၀တၳဳထဲတြင္ ေရးထားေၾကာင္း ေျပာ၍မျဖစ္ေခ်။ ထို႕ေၾကာင့္…
“ မင္းရဲ႕ အ၀တ္ေတြနဲ႕ က်န္တာမွန္သမွ်က ဒီႏွစ္ေရာင္ပဲေလ။ အျခားအေရာင္ေတြမွ မျမင္ရဘဲ”
“ ဒါဆုိရင္ ကိုယ္ကေရာ ဘာအေရာင္ၾကိဳက္တယ္လို႕ ထင္လဲ”
ရုတ္တရက္ ေဟာ့ခ်န္းက ေမးလာသည္။
က်ိဳင္ရွင္းခ်န္က သူ႕ကို လွည့္ၾကည့္လိုက္သည္။
“ မင္းက ပန္းပြင့္ပံုေတြမ်ားတဲ့ ရွပ္အက်ႌေတြ ၾကိဳက္တာ မဟုတ္လား”
( ေတာသူေဌးသား အကြက္ေတြပါ၊ အကြက္ၾကီးေတြပါတဲ့ ရွပ္ၾကီးေတြ)
ခပ္ထိုင္းထိုင္းျဖစ္ေနသာ ေဖးရႊီကပင္ ထရယ္သည္။
ေဟာ့ခ်န္းကလည္း အံ့ၾသသြားသည္။
“ ကိုယ္ အခုထိ တစ္ခါမွ မ၀တ္ရေသးတာကို မင္းကဘယ္လိုသိလဲ”
ေဖးရႊီ၏မ်က္ႏွာရွိ အျပံဳးက နက္နဲလာသည္။ သူ၏ေနာက္သို႕ လိုက္ရမည့္ ကင္မရာမန္းကလည္း အနီးကပ္ရိုက္ခ်က္မ်ားကို ထုတ္ေဖာ္ေတာ့သည္။ ေဖးရႊီက သတိထားမိသြားျပီး ကင္မရာကို ေအးစက္စက္ စိုက္ၾကည့္လိုက္သည္။ အျပံဳးကိုမူ ရွာမရေတာ့ေခ်။
ကင္မရာမန္းကမူ သက္ျပင္းသာ ခ်မိေတာ့သည္။
ပတ္၀န္းက်င္မွ လိုက္ေငးသူမ်ားက မ်ားသထက္မ်ားလာသည္။ လူအမ်ားစုက ဖုန္းမ်ားထုတ္ကာ ဓာတ္ပံုရိုက္ေနၾကသည္။သို႕ေသာ္ အဓိကလူ သံုးေယာက္ကမူ ခပ္ေအးေအးသာ ရွိေနၾကသည္။
သူတို႕က အစားအေသာက္တန္းဘက္သို႕ ေရာက္သြားျပီး အသားငါး အသီးအရြက္မ်ားကို ေရြးခ်ယ္ရသည့္အခါ ေဖးရႊီႏွင့္ေဟာ့ခ်န္းက က်ိဳင္ရွင္းခ်န္၏ တဖက္တခ်က္ဆီတြင္သာ ရပ္ေနၾကျပီး က်ိဳင္ရွင္းခ်န္၏ ေသခ်ာ ေရြးခ်ယ ္၀ယ္ယူေနျခင္းကို ေငးေနသည္။
“မင္းက တကယ္ကို ဟင္းခ်က္တတ္တာ ေသခ်ာသြားျပီ”
ေဟာ့ခ်န္းက က်ိဳင္ရွင္းခ်န္က ေရြးခ်ယ္ျပီးသမွ်ကို လွမ္းသယ္ေပးကာ တြန္းလွည္းထဲ ထည့္သည္။
“ တကယ္ကို ပရို တစ္ေယာက္လိုပဲ”
“ ကၽြန္ေတာ္က အိမ္မွာ ခဏခဏ ခ်က္ျဖစ္တယ္။ ကၽြန္ေတာ္က တရုတ္စာ၊ အေနာက္တိုင္းစာ၊ ဂ်ပန္စာေတြေတာ့ သိတယ္။ ဒီေတာ့ အျပာအနီ သေကၤတက မီးဖိုေခ်ာင္ကို ကၽြန္ေတာ္ပဲ သိမ္းယူလိုက္ေတာ့မယ္။ ဘယ္သူကမွ ကၽြန္ေတာ့္ဆီက လုဖို႕ မေတြးၾကနဲ႕”
က်ိဳင္ရွင္းခ်န္က ေျပာလိုက္သည္။
သည္ေန႕၏ တိုက္ရိုက္ထုတ္လႊင့္မႈက အခ်ိန္တိုသာ ျဖစ္သည္။ ထိုနည္းျဖင့္ ပရိတ္သတ္ကို ဆြဲေဆာင္ရန္သာ ရည္ရြယ္ေလသည္။ မည္သုိ႕ပင္ဆိုေစ တရား၀င္ ျပသသည့္အခါ ထုတ္ျပရမည့္ လ်ိဳ႕၀ွက္ခ်က္မ်ားက ရွိေနေသးေလသည္။ ထိုေၾကာင့္ သူတို႕သံုးေယာက္က စူပါမားကတ္ထဲမွ ထြက္လိုက္သည္ႏွင့္ ဖန္သားျပင္က မည္းသြားကာ ေနာက္ခံေတးက ထြက္လာသည္။
ထို႕ေနာက္ ပံုထဲတြင္ အရပ္အရွည္ဆံုးႏွင့္ အသန္မာဆံုးျဖစ္ေနသည့္ ေဟာ့ခ်န္းက ကင္မရာကို တိုက္ရိုက္ၾကည့္ကာ ျပံဳးျပေနေၾကာင္း ျမင္လိုက္ရသည္။ေဖးရႊီကမူ မ်က္ေမွာင္အနည္းငယ္ ၾကဳတ္ေနသည္။ သူက ျဖဴေဖ်ာ့ကာ ေခ်ာေမာလြန္းျပီး ေရခဲတံုးကဲ့သို႕ ေအးစက္ေနသည္။သူတို႕ႏွစ္ေယာက္၏ အလယ္တြင္ ရပ္ေနေသာ က်ိဳင္ရွင္းခ်န္ကမူ ျဖဴေဖြးႏူးညံ့ကာ လွပလြန္းျပီး မ်က္စိကိုပင္ က်ိန္းေစသည္။
လူငယ္အမ်ိဳးသား သံုးေယာက္က ေရွာ့ပင္းအိတ္မ်ားကို သယ္ျပီး ထိုင္ခံုမ်ားတြင္ ေနရာယူသည္။
တိုက္ရိုက္ထုတ္လႊင့္မႈကို မမီလို္က္ေသာ ၾကည့္ရႈသူမ်ားက ေၾကာင္သြားၾကသည္။
[တကယ္ၾကီးကို ေဖးရႊီဟ]
[ေဖးရႊ႔ီက စရိုက္ဆိုးတယ္ဆိုျပီး နာမည္တအားထြက္ေနတာ မဟုတ္ဘူးလား၊ ဒီလိုလူက ဘယ္လိုမ်ား ဒီလိုရွိုးမွာ ေပၚလာတာလဲ၊ ခုနကအထိ ေကာလဟာလလို႕ပဲ ငါ ထင္ေနခဲ့တာ]
[သူက အက်င့္သာ မေကာင္းရင္ မေကာင္းမယ္၊ ရုပ္ကေတာ့ တအားေခ်ာတယ္ေလ။ သူရဲ႕အေမ ေဖးဟြားနုန္ရဲ႕ အေမြေတြ အ ကုန္ ရထားတာာ]
[ေဟာ့ခ်န္းကလည္း တအားခန္႕ျပီးေခ်ာတာပါပဲ။ သူက တကၠသိုလ္ေအက ေက်ာင္းသားေလ။ ငါ ၾကားဖူးတာေတာ့ သူက sailing ခ်န္ပီယံတဲ့။ သူက ဘက္စံုေတာ္တာ]
[ဒီေတာ့ အရင္ႏွစ္ရက္က ထြက္လာတဲ့ သတင္းက အမွန္လား။ သြမ့္ရီဟြားလည္း အဲဒိမွာ ရွိေနတာလား။ ေနာက္ျပီး ဟူရင္းနဲ႕ လင္းခ်င္ခ်င္တို႕လို လူခ်မ္းသာေတြ ရွိေနၾကတာ မဟုတ္လား။ ေနာက္ျပီး ငါရဲ႕ နတ္ဘုရား ယန္က်စ္လည္း ရွိေနမွာေပါ့]
[ယန္က်စ္ေတာ့ ေပၚမလာေသးဘူး။ ဒါေပမဲ့ သူက ေသခ်ာေပါက္ သြားလိမ့္မယ္၊ သူရဲ႕ ဖန္ဆိုက္ကကို သတင္းထြက္လာတာ]
[ယန္က်စ္ဆိုတာ ၾကယ္သီးအျပည့္တပ္ထားတဲ့ ရွပ္ေတြပဲ ၀တ္ေလ့ရွိတဲ့ ကိုလူေခ်ာေလး မဟုတ္လား]
[ငါတို႕ရဲ႕ လ်ိဳေကာက ျငိမ္တယ္လို႕ ေျပာတဲ့လူေတြက သူ ကစားတာကို မျမင္ဘူးၾကဘူး မဟုတ္လား]
[ ဟားဟားဟားဟားဟားဟားဟားဟားဟားဟား သူက တကယ္ လပ္ဗ္ ရသစံုရွိုးကို သြားတာလား။ သူကမွ ငါ အေမ်ာ္လင့္ဆံုးလူပဲ]
[ ဒီရာသီက အျပာအနီ သေကၤတကေတာ့ ေအာင္ျမင္မွာ ေသခ်ာေနျပီ။ အားလံုးက ထိတ္ထိတ္က်ဲေတြၾကီးပဲ]
…..
ဘာသာျပန္သူမွာ ေျပာစရာ၇ွိပါတယ္…
ဒါကို ဖတ္ျပီးေနာက္ျပီး ဘယ္၀တၳဳကိုမွ အာရံုမစိုက္နိုင္ခဲ့ဘူး
တစ္လေက်ာ္သြားျပီ ေတာ္ေတာ္ေလးကို ခံစားခ်က္က အဆင္မေျပျဖစ္ေနတယ္
အခု ျပန္ေရးလိုက္ေတာ့ ခံစားခ်က္ေတြက ျပန္ေပၚလာျပီး အရမ္း … အရမ္း ေျပာရခက္တဲ့ ခံစားခ်က္မ်ိဳးပဲ…ဒါေပမဲ့ ဒီ၀တၳဳကို ဖတ္လို႕ ေနာင္တ မရေစရပါဘူး
ပညာေပးေတြဘာေတြ ညာေတြလို ဆိုျပီး သူမ်ားေတြလို ညႊန္းတာမ်ိဳးမဟုတ္ေပမဲ့ ဒီအတိုင္း ကိုယ္ရဲ႕ ခံစားခ်က္အရ ျပန္ညႊန္းတာပါ….. ကိုယ္ ၾကိဳက္တယ္…. ဘယ္၀တၳဳကိုမွ ဒီေလာက္အထိ မၾကိဳက္ဖူးေသးဘူး ျပီးေတာ့ ဇာတ္ေကာင္တိုင္းရဲ႕ ခံစားခ်က္ေတြကို ေလးစားျပီး ခ်စ္တာပါ….. ဒါေၾကာင့္ အားလံုးကပဲ တစ္ေယာက္ခ်င္းဆီကို တန္ဖိုးထားေပးျပီး အေသးစိတ္ ခံစားေပးၾကဖို႕ ေမတၱာရပ္ခံပါတယ္။
သူတို႕က ကိုယ့္အတြက္ အ၇မ္းတန္ဖိုးရွိတယ္။
အျခားနာမည္ၾကီးျပီး လူေျပာမ်ားတဲ့ ၀တၳဳေတြထက္ ဒါကို ပိုၾကိဳက္တယ္။ ဒါကလည္း ကိုယ့္အၾကိဳက္နဲ႕ကိုယ္ေၾကာင့္ျဖစ္မွာပါ။ ေၾကြ ဘာသာျပန္တင္ေပးဖူးသမွ်ထဲမွာ ဒီ၀တၳဳက ကိုယ့္အၾကိဳက္ စာရင္းရဲ႕ အျမဲတမ္း နံပါတ္တစ္ ပဲ။ ခံစားခ်က္တူတဲ့ လူေတြကို ၾကိဳဆိုပါတယ္ေနာ္….
အပိုင်း ၄
“ ဒီညတော့ ကိုယ်တို့ရဲ့အလုပ်အကိုင်အကြောင်း ခန့်မှန်းလို့ မရလောက်သေးဘူး ထင်တယ် ဟုတ်တယ်မဟုတ်လား”
ဟော့ချန်းက ပြောသည်။
“ ကိုယ်တော့ အခြားစိတ်ကူးယဉ်အချစ်ဇာတ်လမ်း ရသစုံ ရှိုးတွေ ကြည့်ဖူးသလောက် ပထမညမှာ အလုပ်အကိုင်ကို ခန့်မှန်းရတာမျိုး မတွေ့ဖူးသေးဘူး”
ကျိုင်ရှင်းချန်က ပြောလိုက်သည်။
“ ကျွန်တော်လည်း မထင်ဘူး”
ထိုအဖွဲ့မှ လူချမ်းသာကလေးများ၏ နောက်ခံအကြောင်းအရာများက အင်တာနက်ပေါ်တွင် ပွထနေလေရာ လူတိုင်းကလည်း အချင်းချင်း သိထားကြပြီးသားဖြစ်နေသည်။
“ မင်းက ဘယ်တက္ကသိုလ်မှာ ဘာမေဂျာကို လေ့လာနေတာလဲ”
ဟော့ချန်းက မေးလိုက်သည်။
“ အနုပညာကျောင်းက အကမေဂျာပါ”
ကျိုင်ရှင်းချန်က ပြန်ဖြေသည်။
“ မင်းက ကျောင်းသားလား”
ဖေးရွှီက ခေါင်းလှည့်ကာ သူ့ကို ကြည့်လာသည်။
ကျိုင်ရှင်းချန်က ခေါင်းညိတ်ပြလိုက်သည်။
ဟော့ချန်းကလည်းပြောသည်။
“ သူကလည်း ကျောင်းသားပုံပေါက်တာပါပဲ”
“ ဒီဈေးကွက်က တကယ်လူမဆန်တာပဲ၊ ကောလိပ်ကျောင်းသားလေးကို ရှိုးကို ဖိတ်ခေါ်စရာလား”
ဟော့ချန်းက ပြောသည်။
ကျိုင်ရှင်းချန်က ချက်ချင်း ဝင်ပြောလိုုက်သည်။
“ကျွန်တော်က အရေအတွက်ပြည့်အောင် ဖြည့်ပေးရတဲ့သဘောပါပဲ၊ ကျွန်တော်ရဲ့အစ်ကိုတွေရဲ့အိမ်က အလှဆင် မြက်ခင်းလိုပေါ့”
ဟော့ချန်းကလည်း သူ့ကို လှမ်းကြည့်သည်။
“ မင်းရဲ့အစ်ကိုတွေကိုပဲ သွားခိုင်းလိုက်ပါတော့”
ဟော့ချန်းက ရုတ်တရက် ဖြည့်ပြောသည်။
“ အကတဲ့လား.. ကွာခြားနေတယ်လို့ ခံစားနေရတာ အံ့သြစရာမရှိတော့ဘူး”
ဖေးရွှီက နောက်ကြည့်မှန်မှတဆင့် အမူအယာ နူးညံ့သိမ်မွေ့နေသော ဟော့ချန်းကို လှည့်ကြည့်လိုက်သည်။ ဟော့ချန်း၏နှုတ်ခမ်းမှ အပြုံးက ပျောက်ကွယ်သွားပြီးနောက် သူ၏ ကျိုင်ရှင်းချန်ကို ကြည့်နေသော အကြည့်က အရာအားလုံးကို ဖောက်ထွင်းမြင်နေရသလိုမျိုး တည့်တိုးဆန်လွန်းသည်။ သူက အနောက်တွင် ထိုင်နေသောကြောင့်မည်သူကမျှ မမြင်ရဟု ထင်နေခဲ့ဟန်ရသည်။
သို့သော် ထိုုမြင်ကွင်းက အင်တာနက်ပေါ်တွင် ပွက်လောရိုက်သွားစေလေသည်။
[ဒီအကြည့်က…..]
[ဒီဟော့ချန်းဆိုတဲ့ကောင်က ထန်နေမှန်း ငါ တန်းသိလိုက်တယ်]
[ သူတို့က တဖက်တည်းမဟုတ်ဘူးလား.. နေပါဦး ဒီရာသီမှာ အပြာအပြာချင်း စိတ်ကူးယဉ်ရိုးမန့်တွေ ပေါ်လာတော့မှာလား]
တိုက်ခိုက်သူနှစ်ယောက်(ကုံးနှစ်ယောက်)က အတူ တွေ့ကို တွေ့သင့်တယ်။
[ကုံးသုံးယောက် အတူရှိရင် လုပ်လို့ရတာတွေ အများကြီးရှိတယ်ဆိုတာကို ငါ နားလိုက်လိုက်ပြီ]
[ဟော့ချန်းက ကြမ်တမ်းတယ်။ ဒါပေမဲ့ ကျိုင်ရှင်းချန်က အကသမားဆိုတော့ ကိုင်တွယ်နိုင်မှာပဲ ]
[အဝါရောင်မျက်နှာက ကြီးလွန်းနေပြီ။ သူတို့တွေ သန်းမေ့(bl)က ရောင်းအားကောင်းတယ်လို့ပြောတာ မအံ့သြတော့ဘူး။မင်းတို့က အခုကတည်းက အတွေးနဲ့တင် ပုံပြင်တွေ ပြောနေကြပြီ]
[ဘာတွေလာပြောနေတာလဲ ငါတော့ တံခါးပိတ်လိုက်ပြီ(အတည်ပြုလိုက်ပြီ) သူတို့ရဲ့ cp nameက အင်္ဂါဂြိုလ်ပဲ]
(မှတ်ချက်…. အင်္ဂါဂြိုလ်ကို တရုတ်လို ဟော်ရှင်းရန်လို့ခေါ်တယ်။ ဟော်က ဟော်ချန်းရဲ့ဟော်…. မီးလို့လည်း အဓိပ္ပါယ်ရတယ်။ ရှင်းချန်ဆီက ရှင်းက ကြယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဒါကြောင့် အင်္ဂါဂြိုလ်က မီးကြယ်လူူသားလို့လည်း ပြောလို့ရတယ်။ ရန်ကတော့ လူကိုပြောတာပါ။ တစ်လုံးချင်းဆီခွဲရင်တော့ အင်္ဂါဂြိုလ်လို့မထွက်ဘူးပေါ့နော်….. နောက်ပိုင်းတော့ ဟော်ရှင်း cpလို့ပဲ သုံးသွားမယ်နော် မြင်သာအောင်)
မြို့စွန်ကုန်တိုက်က သူတို့နေသော နေရာမှဆိုလျင် ငါးမိနစ်၊ခြောက်မိနစ်ခန့်သာ ဝေးသည်။သို့သော် ကားရပ်ရန် နေရာရှာခြင်းက အချိန်ပိုကုန်သွားသည်။
ထိုနေရာဝန်းကျင်က တောင်ပိုင်းမြို့၏ နယ်မြေဟောင်းဖြစ်နေသဖြင့် ပတ်ဝန်းကျင်တွင် အိမ်အိုဟောင်းများသာ ရှိနေပြီး အထပ်မြင့် အဆောက်အဦကြီးများ ရှိမနေချေ။ လမ်းများကလည်း ကြမ်းတမ်းလွန်းသဖြင့် ကျိုင်ရှင်းချန်ခမျာ မြေအခြေအနေကိုပင် လိုက်ကြည့်မိသွားသည်။
သူတို့သုံးယောက်လုံးက လူကောင်ထွားကာ ချောမောလွန်းကြပြီးနောက်မှလည်း ကင်မရာသမားများက အပြုံလိုက် လိုက်လာသဖြင့် စူပါမားကတ်ထဲသို့ ဝင်လိုက်သည်နှင့် လူအများ၏ အာရုံကို ဆွဲဆောင်သွားသည်။
ဖေးရွှီက ဝင်ပေါက်မှ နေရာပြ သင်္ကေတများကို ကြည့်ပြီး ပြောသည်။
“ ကိုယ်က ပထမထပ်ကို သွားလိုက်ဦးမယ်”
ဟော်ချန်းက မေးသည်။
“ မင်းက ဘာဝယ်မှာလဲ”
“ ငါလား… ဖိနပ်ပါးလေ”
“ မင်းရဲ့အခန်းထဲမှာ ဖိနပ်ပါးမရှိလို့လား”
ဟော်ချန်းက မေးသည်။
ပရိုဂရမ်အဖွဲ့က သူတို့အတွက် ဖိနပ်ပါးများ အစည်းလိုက်ပြင်ထားပေးလေရာ တစ်ယောက်ကို ဆယ်ရံ ထိုင်စီးမည်ဆိုလျင်ပင် ပိုနေပေလိမ့်ဦးမည်။
“ အရောင်မကြိုက်လို့”
ဖေးရွှီကလည်း မျက်နှာသေဖြင့် ပြန်ဖြေသည်။
ဟော့ချန်းက စက်လှေကားပေါ်တက်သွားသော ဖေးရွှီကို စိုက်ကြည့်ပြီးနောက် ကျိုင်ရှင်းချန်နှင့်အတူ လက်ဆတ်သော စားသောက်စရာတန်းသို့ ထွက်လာသည်။
ကျိုင်ရှင်းချန်က ရှင်းပြသည့် တာဝန်ကို ယူသည်။
“သူက ဒီအတိုင်း အဖြူအမည်းကို သဘောကျရုံပါ”
ဟော်ချန်းက ပြုံးကာ ပြောသည်။
“ ဟုတ်လား”
ကျိုင်ရှင်းချန်က ခေါင်းညိတ်သည်။
ဖေးရွှီ၏ အဝတ်များ၊ဖိနပ်များအပြင် အိပ်ယာခင်းကအစ အဖြူအမည်းများဖြစ်သည်။ မီးခိုးရောင်ပင် မပါချေ။
သူက အလွန်အမင်း ငြီးငွေ့ဖွယ်ကောင်းလွန်းသော လူဖြစ်နေသည်။
ဟော့ချန်းက ယခင်နှစ်များအတွင်း အလွန်အလုပ်များနေခဲ့သဖြင့်ယခုလို အစားအသောက်များ ရှော့ပင်းထွက်ရခြင်းက အသစ်အဆန်းဖြစ်နေသည်။သူက စာရင်းကို ဖတ်ပြပြီး ကျိုင်ရှင်းချန်က ရွေးဝယ်သည်။ထိုသို့ဖြင့် နှစ်ယောက်သားက အတူ ပူးပေါင်းလုပ်ဆောင်နေကြသည်။
သူတို့၏နောက်သို့ ဗီဒီယိုရိုက်နေသော ကင်မရာသမားက လိုက်နေသဖြင့် စူပါမားကတ်ထဲမှ လူအများစုက သူတို့ကိုသာ ကြည့်နေကြသည်။စူပါမားကတ် ဝန်ထမ်းပင် အလွန်တက်ကြွကာ စိတ်လှုပ်ရှားနေသည်။ ဟော့ချန်းက အလွန် လူကြီးလူကောင်းပီသကာ ညင်သာသော စရိုက်ရှိသည်။ဝမ်နော့ မှာလိုက်သော သရေစာမုန့်များက ဟော့ချန်း၏ ဘက်ခြမ်းတွင်ရှိနေသည်။ ကျိုင်ရှင်းချန်က ဈေးဝယ်တွန်းလှည်းကို ကျော်ကာ လက်လှမ်းသည့်အခါ ဟော့ချန်းက သူ(ရှင်းချန်)၏ ပခုံးကို ဖျစ်ညစ်ကာ ပုစွန်ကြော်ထုတ်ကို လှမ်းယူပေးရင်း ပြောသည်။
“ ကိုယ်က မင်းမှာ နားကပ်ရှိမယ် ထင်နေတာ”
ကျိုင်ရှင်းချန်က ခေါင်းလှည့်ကြည့်ကာ မေးသည်။
“ ဟမ်”
“ မင်းရဲ့ နားသန်သီးမှာ မှည့်လေးရှိတယ်”
ဟော့ချန်းက ပြောရင်း သေချာ အနီးကပ်ပြီး ဂရုတစိုက်ကြည့်သည်။ အနီးကပ်ကြည့်နေ၍မဟုတ်လျင် မြင်ရရန် မဖြစ်နိုင်လောက်ချေ။
ကျိုင်ရှင်းချန်က ပေါ့ပါးစွာသာ ရယ်လိုက်သည်။
အလိုလို စိတ်ကောင်းဝင်နေသော ဟော့ချန်းက ဆက်ပြောသည်။
“အနီဘက်က ကိုယ်တို့ရဲ့ဧည့်သည်တွေက ဒီည ဘယ်သူတွေကို စာပို့မယ်လို့ မင်း ထင်လဲ”
ကျိုင်ရှင်းချန်က ပြောသည်။
“ ကျွန်တော်လည်း မသိဘူးလေ”
သူတော့ ဂရုမစိုက်ပါဘူး၊ ဘာပဲဖြစ်ဖြစ် သူ့ဆီ ဘယ်သူမှ ပို့ကြမှာ မဟုတ်ဘဲ….
“ ဒါဆိုရင် မင်းက ဘယ်သူ့ဆီ ပို့မှာလဲ”
ဟော့ချန်းက ဆက်မေးသည်။
“ ဒါက လျို့ဝှက်ထားရမှာ မဟုတ်လား”
ကျိုင်ရှင်းချန်က အနီးကပ် ကပ်ရိုက်နေသော ကင်မရာမန်းကို တချက်ကြည့်လိုက်သည်။
“ ကိုယ်တော့ ဒီည ကိုယ်တို့နှစ်ယောက်လုံး စာမရလောက်ဘူးလို့ ထင်တယ်၊ ဘာလို့ ကိုယ်တို့အချင်းချင်း ပြန်မပို့ရမှာလဲ”
ဟော့ချန်းက ရယ်သည်။
“သူတို့က ရှစ်ယောက်က အချင်းချင်း ပြန်မပို့ရဘူးလို့မှ မပြောထားတာ၊ သူတို့ဒီရာသီမှာ အသစ်အဆန်း လိုချင်လောက်တယ်”
ယခင်နှစ် အပြာအနီ သင်္ကေတတွင် အမျိုးသး ဧည့်သည်တစ်ယောက်က ကြည့်ရှုသူများ၏ အမှိုက်ကောင်ဟု အခေါ်ခံခဲ့ရသည်။အကြောင်းမှာ သူက တစ်ကြိမ်ဆီတိုင်း သူ၏နှလုံးသားကို ပြောင်းလဲခဲ့သည်။နောက်ပိုင်းတွင် ထိုဧည့်သည်ကို အင်တာဗျူးသည့်အခါ အမှန်အတိုင်းပြောရလျင် သူ သဘောကျသည့်လူ တစ်ယောက်မျှ မရှိဟု ဆိုခဲ့သည်။သို့သော် ပရိုဂရမ်မှ လူများက မိန်းကလေး တစ်ယောက်ထံ သေချာပေါက် စာပို့ရမည်ဟု ပြောလာသဖြင့် သူ့တွင်လည်း ရွေးချယ်စရာ မရှိတော့ဘဲ တစ်ယောက်ဆီ အလှည့်ကျ ပို့ခဲ့ခြင်းဖြစ်သည်ဟု ပြောလာသည်။
ထိုမတော်တဆမှုက အွန်လိုင်းတွင် ပွက်လောရိုက်သွားခဲ့သည်။
ဟုတ်ပါတယ် ဒါက ချစ်ကြိုက်တဲ့အကြောင်းကို အသားပေးတဲ့ ရှိုးပါ၊ ဒါပေမဲ့ ဧည့်သည်တိုင်းက တစ်ယောက်ကို ကြိုက်ကိုကြိုက်မိသွားမယ်၊ ကြိုက်ကိုကြိုက်ရမယ်ဆိုတာကတော့ မဖြစ်သင့်ဘူး မဟုတ်လား
ထိုသို့ဖြင့် စည်းမျဉ်းအသစ်က ပေါ်လသည်။ မင်းကသာ မည်သူ့ကိုမျှ မနှစ်သက်ခဲ့လျင် ခင်မင်ရင်းနှီးမှု စာတိုကို ပို့နိုင်သည်ဟု ဆိုလာသည်။
ထိုသို့ဖြင့် ခင်မင်ကြောင်းပြသည့် စာတိုက မည်သူ့ကိုမဆို ပို့နိုင်လေသည်။
သူတို့က အဆာပြေမုန့်များ ဝယ်ယူပြီးချိန်တွင်ပင် ဖေးရွှီက အောက်ထပ်သို့ စက်လှေကားဖြင့် ပြန်ဆင်းလာသည်။
ဟော့ချန်းက သူ့ကိုအလျင်မြင်ကာ လက်ပြလိုက်သည်
ကျိုင်ရှင်းချန်ကလည်း ခေါင်းလှည့်ကြည့်ကာ ထိုမြင်ကွင်းကို မြင်သွားသည်။
ဖေးရွှီက jjwxc type( မမှတ်မိရင် ဟိုအကောင့်မှာ ရှင်းပြချက် ပြန်ဖတ်ပါ) အဓိက ဇာတ်လိုက်ဖြစ်ထိုက်ပါပေသည်။
ဒီခန္ဓာကိုယ်၊ ဒီအကြည့်တွေက စက်လှေကားပေါ် ပြည့်နေတဲ့ လူအယောက်တစ်ရာကြားထဲ ဖိနပ်ပါးလေးပဲ ဝတ်ပြီး ရပ်နေရုံနဲ့တင် လူအများကြား ထင်းထွက်နေဦးမှာပဲ။ မြင်ကွင်းက အိုင်ဒေါ ဒရာမာတွေထဲကလိုပဲ.. တလက်လက်တောက်ပပြီး ခမ်းနားကြီးကျယ်လွန်းတယ်
သူ့အတွက် ဆိုးရွားစေသည့် အချက်က နွမ်းလျသလို ပျင်းတိပျင်းရွဲဖြစ်နေပြီး တသီးတခြားလိုု ဖြစ်နေသည့် အမူအယာဖြစ်သည်။ ပတ်ဝန်းကျင်မှ ဆူညံပွက်လောရိုက်မှုက ငယ်စဉ်ကလေးဘဝကတည်းက ဖြစ်လာသည့်အခြေအနေအလား ဂရုကို စိုက်မနေချေ။
ကွန်းမန့်များက ပြုံတက်လာသည်။
[ ငါ အနီဘက်က ဧည့်သည်တွေကို အပြစ်မတင်ပါဘူး၊ ဒီရုပ်ကို ဘယ်သူက မချစ်ဘဲ နေနိုင်မှာလား]
[ ဖေးရွှီက တကယ် အံ့သြဖို့ကောင်းတယ်။ ငါသူ့ကို တစ်ချိန်တည်းမှာ ပါးလည်း ရိုက်ချင်သလို နမ်းလည်း နမ်းချင်တယ်]
[ ဒီအမျိုးသားက လူတွေ သူ့ကို ချစ်လည်းချစ် မုန်းလည်းမုန်းအောင် လုပ်နိုင်တဲ့ ရုပ်ရည်နဲ့ စ ရိုက်ကို ပိုင်ထားတယ်]
“ ကိုယ်တော့ ဒီကောင်က အကြီးဆုံး ပြိုင်ဘက်လို့ ထင်တယ်”
ဟော့ချန်းက ကျိုင်ရှင်းချန်ကို အရယ်မျက်နှာနှင့် လှည့်ကြည့်သည်။
“ ကိုယ်တို့ ဘာလို့ အရင်ဆုံး လက်မတွဲထားရမှာလဲ”
( အင်း သူက မဟာမိတ်ဖွဲ့တာမျိုးကို ဆိုလိုချင်တာ)
ဟော့ချန်းက ကျိုင်ရှင်းချန်ကို ကြည့်ပြီး ပြုံးမိသွားပြန်သည်။
ကျိုင်ရှင်းချန်က ပြုံးလိုက်ရင် တအားချောလွန်းတယ်။မျက်ဝန်းတွေက ကြယ်စင်တွေလို တလက်လက် တောက်ပနေပြီး သူတောင် မနေနိုင်ဘဲ အနားပဲ ကပ်ပြီး နို့နံ့ သင်းသင်းလေးကို တရှုှုံ့ရှုံ့ အနံ့ခံချင်နေတယ်
နို့နံ့လို ကိုယ်သင်းနံ့သာ ရှိနေရင် ဘယ်သွားသွား စိတ်ကြည်နေမှာပဲ မဟုတ်လား
ဟော့ချန်းက ဖေးရွှီ၏ လက်ထဲမှ ဖိနပ်ပါးကို ကြည့်ပြီး မျက်ခုံးပင့်ကာ ပြောသည်။
“ အခုလေးတင် ရှင်းချန်က ပြောနေတာ၊ မင်းက အဖြူအမည်း ကြိုက်တာတဲ့လေ၊ မထင်ထားပဲ မင်းက တကယ်ပဲ ဖိနပ်အမည်းပြောင် တစ်ရံ ဝယ်လာတာပဲ”
ဖေးရွှီက ဖိနပ်ပါးထုတ်ကို တွန်းလှည်းထဲ ထည့်ပြီး ကျိုင်ရှင်းချန်ကို လှည့်ကြည့်သည်။
“ ကိုယ်က အဖြူအမည်း ကြိုက်မှန်း မင်းက ဘယ်လိုသိလဲ”
ကျိုင်ရှင်းချန်ကလည်း ဝတ္ထုထဲတွင် ရေးထားကြောင်း ပြော၍မဖြစ်ချေ။ ထို့ကြောင့်…
“ မင်းရဲ့ အဝတ်တွေနဲ့ ကျန်တာမှန်သမျှက ဒီနှစ်ရောင်ပဲလေ။ အခြားအရောင်တွေမှ မမြင်ရဘဲ”
“ ဒါဆိုရင် ကိုယ်ကရော ဘာအရောင်ကြိုက်တယ်လို့ ထင်လဲ”
ရုတ်တရက် ဟော့ချန်းက မေးလာသည်။
ကျိုင်ရှင်းချန်က သူ့ကို လှည့်ကြည့်လိုက်သည်။
“ မင်းက ပန်းပွင့်ပုံတွေများတဲ့ ရှပ်အကျႌတွေ ကြိုက်တာ မဟုတ်လား”
( တောသူဌေးသား အကွက်တွေပါ၊ အကွက်ကြီးတွေပါတဲ့ ရှပ်ကြီးတွေ)
ခပ်ထိုင်းထိုင်းဖြစ်နေသာ ဖေးရွှီကပင် ထရယ်သည်။
ဟော့ချန်းကလည်း အံ့သြသွားသည်။
“ ကိုယ် အခုထိ တစ်ခါမှ မဝတ်ရသေးတာကို မင်းကဘယ်လိုသိလဲ”
ဖေးရွှီ၏မျက်နှာရှိ အပြုံးက နက်နဲလာသည်။ သူ၏နောက်သို့ လိုက်ရမည့် ကင်မရာမန်းကလည်း အနီးကပ်ရိုက်ချက်များကို ထုတ်ဖော်တော့သည်။ ဖေးရွှီက သတိထားမိသွားပြီး ကင်မရာကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ အပြုံးကိုမူ ရှာမရတော့ချေ။
ကင်မရာမန်းကမူ သက်ပြင်းသာ ချမိတော့သည်။
ပတ်ဝန်းကျင်မှ လိုက်ငေးသူများက များသထက်များလာသည်။ လူအများစုက ဖုန်းများထုတ်ကာ ဓာတ်ပုံရိုက်နေကြသည်။သို့သော် အဓိကလူ သုံးယောက်ကမူ ခပ်အေးအေးသာ ရှိနေကြသည်။
သူတို့က အစားအသောက်တန်းဘက်သို့ ရောက်သွားပြီး အသားငါး အသီးအရွက်များကို ရွေးချယ်ရသည့်အခါ ဖေးရွှီနှင့်ဟော့ချန်းက ကျိုင်ရှင်းချန်၏ တဖက်တချက်ဆီတွင်သာ ရပ်နေကြပြီး ကျိုင်ရှင်းချန်၏ သေချာ ရွေးချယ ်ဝယ်ယူနေခြင်းကို ငေးနေသည်။
“မင်းက တကယ်ကို ဟင်းချက်တတ်တာ သေချာသွားပြီ”
ဟော့ချန်းက ကျိုင်ရှင်းချန်က ရွေးချယ်ပြီးသမျှကို လှမ်းသယ်ပေးကာ တွန်းလှည်းထဲ ထည့်သည်။
“ တကယ်ကို ပရို တစ်ယောက်လိုပဲ”
“ ကျွန်တော်က အိမ်မှာ ခဏခဏ ချက်ဖြစ်တယ်။ ကျွန်တော်က တရုတ်စာ၊ အနောက်တိုင်းစာ၊ ဂျပန်စာတွေတော့ သိတယ်။ ဒီတော့ အပြာအနီ သင်္ကေတက မီးဖိုချောင်ကို ကျွန်တော်ပဲ သိမ်းယူလိုက်တော့မယ်။ ဘယ်သူကမှ ကျွန်တော့်ဆီက လုဖို့ မတွေးကြနဲ့”
ကျိုင်ရှင်းချန်က ပြောလိုက်သည်။
သည်နေ့၏ တိုက်ရိုက်ထုတ်လွှင့်မှုက အချိန်တိုသာ ဖြစ်သည်။ ထိုနည်းဖြင့် ပရိတ်သတ်ကို ဆွဲဆောင်ရန်သာ ရည်ရွယ်လေသည်။ မည်သို့ပင်ဆိုစေ တရားဝင် ပြသသည့်အခါ ထုတ်ပြရမည့် လျို့ဝှက်ချက်များက ရှိနေသေးလေသည်။ ထိုကြောင့် သူတို့သုံးယောက်က စူပါမားကတ်ထဲမှ ထွက်လိုက်သည်နှင့် ဖန်သားပြင်က မည်းသွားကာ နောက်ခံတေးက ထွက်လာသည်။
ထို့နောက် ပုံထဲတွင် အရပ်အရှည်ဆုံးနှင့် အသန်မာဆုံးဖြစ်နေသည့် ဟော့ချန်းက ကင်မရာကို တိုက်ရိုက်ကြည့်ကာ ပြုံးပြနေကြောင်း မြင်လိုက်ရသည်။ဖေးရွှီကမူ မျက်မှောင်အနည်းငယ် ကြုတ်နေသည်။ သူက ဖြူဖျော့ကာ ချောမောလွန်းပြီး ရေခဲတုံးကဲ့သို့ အေးစက်နေသည်။သူတို့နှစ်ယောက်၏ အလယ်တွင် ရပ်နေသော ကျိုင်ရှင်းချန်ကမူ ဖြူဖွေးနူးညံ့ကာ လှပလွန်းပြီး မျက်စိကိုပင် ကျိန်းစေသည်။
လူငယ်အမျိုးသား သုံးယောက်က ရှော့ပင်းအိတ်များကို သယ်ပြီး ထိုင်ခုံများတွင် နေရာယူသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို မမီလိုက်သော ကြည့်ရှုသူများက ကြောင်သွားကြသည်။
[တကယ်ကြီးကို ဖေးရွှီဟ]
[ဖေးရွှ့ီက စရိုက်ဆိုးတယ်ဆိုပြီး နာမည်တအားထွက်နေတာ မဟုတ်ဘူးလား၊ ဒီလိုလူက ဘယ်လိုများ ဒီလိုရှိုးမှာ ပေါ်လာတာလဲ၊ ခုနကအထိ ကောလဟာလလို့ပဲ ငါ ထင်နေခဲ့တာ]
[သူက အကျင့်သာ မကောင်းရင် မကောင်းမယ်၊ ရုပ်ကတော့ တအားချောတယ်လေ။ သူရဲ့အမေ ဖေးဟွားနုန်ရဲ့ အမွေတွေ အ ကုန် ရထားတာာ]
[ဟော့ချန်းကလည်း တအားခန့်ပြီးချောတာပါပဲ။ သူက တက္ကသိုလ်အေက ကျောင်းသားလေ။ ငါ ကြားဖူးတာတော့ သူက sailing ချန်ပီယံတဲ့။ သူက ဘက်စုံတော်တာ]
[ဒီတော့ အရင်နှစ်ရက်က ထွက်လာတဲ့ သတင်းက အမှန်လား။ သွမ့်ရီဟွားလည်း အဲဒိမှာ ရှိနေတာလား။ နောက်ပြီး ဟူရင်းနဲ့ လင်းချင်ချင်တို့လို လူချမ်းသာတွေ ရှိနေကြတာ မဟုတ်လား။ နောက်ပြီး ငါရဲ့ နတ်ဘုရား ယန်ကျစ်လည်း ရှိနေမှာပေါ့]
[ယန်ကျစ်တော့ ပေါ်မလာသေးဘူး။ ဒါပေမဲ့ သူက သေချာပေါက် သွားလိမ့်မယ်၊ သူရဲ့ ဖန်ဆိုက်ကကို သတင်းထွက်လာတာ]
[ယန်ကျစ်ဆိုတာ ကြယ်သီးအပြည့်တပ်ထားတဲ့ ရှပ်တွေပဲ ဝတ်လေ့ရှိတဲ့ ကိုလူချောလေး မဟုတ်လား]
[ငါတို့ရဲ့ လျိုကောက ငြိမ်တယ်လို့ ပြောတဲ့လူတွေက သူ ကစားတာကို မမြင်ဘူးကြဘူး မဟုတ်လား]
[ ဟားဟားဟားဟားဟားဟားဟားဟားဟားဟား သူက တကယ် လပ်ဗ် ရသစုံရှိုးကို သွားတာလား။ သူကမှ ငါ အမျော်လင့်ဆုံးလူပဲ]
[ ဒီရာသီက အပြာအနီ သင်္ကေတကတော့ အောင်မြင်မှာ သေချာနေပြီ။ အားလုံးက ထိတ်ထိတ်ကျဲတွေကြီးပဲ]
…..
ဘာသာပြန်သူမှာ ပြောစရာ၇ှိပါတယ်…
ဒါကို ဖတ်ပြီးနောက် ဘယ်ဝတ္ထုကိုမှ အာရုံမစိုက်နိုင်ခဲ့ဘူး
တစ်လကျော်သွားပြီ တော်တော်လေးကို ခံစားချက်က အဆင်မပြေဖြစ်နေတယ်
အခု ပြန်ရေးလိုက်တော့ ခံစားချက်တွေက ပြန်ပေါ်လာပြီး အရမ်း … အရမ်း ပြောရခက်တဲ့ ခံစားချက်မျိုးပဲ…ဒါပေမဲ့ ဒီဝတ္ထုကို ဖတ်လို့ နောင်တ မရစေရပါဘူး
ပညာပေးတွေဘာတွေ ညာတွေလို ဆိုပြီး သူများတွေလို ညွှန်းတာမျိုးမဟုတ်ပေမဲ့ ဒီအတိုင်း ကိုယ်ရဲ့ ခံစားချက်အရ ပြန်ညွှန်းတာပါ….. ကိုယ် ကြိုက်တယ်…. ဘယ်ဝတ္ထုကိုမှ ဒီလောက်အထိ မကြိုက်ဖူးသေးဘူး ပြီးတော့ ဇာတ်ကောင်တိုင်းရဲ့ ခံစားချက်တွေကို လေးစားပြီး ချစ်တာပါ….. ဒါကြောင့် အားလုံးကပဲ တစ်ယောက်ချင်းဆီကို တန်ဖိုးထားပေးပြီး အသေးစိတ် ခံစားပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
သူတို့က ကိုယ့်အတွက် အ၇မ်းတန်ဖိုးရှိတယ်။
အခြားနာမည်ကြီးပြီး လူပြောများတဲ့ ဝတ္ထုတွေထက် ဒါကို ပိုကြိုက်တယ်။ ဒါကလည်း ကိုယ့်အကြိုက်နဲ့ကိုယ်ကြောင့်ဖြစ်မှာပါ။ ဘာသာပြန်တင်ပေးဖူးသမျှထဲမှာ ဒီဝတ္ထုက ကိုယ့်အကြိုက် စာရင်းရဲ့ အမြဲတမ်း နံပါတ်တစ်ပဲ။ ခံစားချက်တူတဲ့ လူတွေကို ကြိုဆိုပါတယ်နော်….