Seint (စိမ့်) >

By kokolayphilo

31.9K 1.5K 100

Ladyboy လေးကို ပြိုင်ကြိုက်ကြတဲ့ Seme နှစ်ယောက်။ လုံးဝမတည့်ရာကနေ ဘယ်လိုတွေ ချစ်သွားကြမှာလဲ? လူဆိုးဂိုဏ်းခေါင... More

1
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
End

2

2K 108 0
By kokolayphilo

စိမ့်။

အပိုင်း (၂)

“ဒီကောင်မျက်နှာပိုးကို မကျိူးဘူးနော် ညီညီ။ ငါနဲ့တော့ အကြောမတည့် လောက်ဘူးမင်းကောင်က။”

“အယ် ဘယ်ကလာ သား ကောင်မဟုတ်ပါဘူး အဖိုးရာ။”

အိမ်ပေါ် ပြန်ရောက်တာနဲ့ အဖိုးက တန်းပြောတော့တာပါပဲ။ စိမ့် ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်းက

“လမ်းထိပ်မှာ သားအသုပ်စုံ ဆိုင်လေးဖွင့်ရင် ကောင်းမလားလို့ အဖိုး။”

စိမ့်က အသုပ်စုံ လက်ရာ ကောင်းမှကောင်းဆိုတာ အဖိုးက သိတယ်လေ။ ဒါ့ကြောင့်လဲ

“အင်း ကောင်းသားပဲ ဆုမွန်လဲ အားနေတော့ ဝိုင်းကူပေးလို့ ရတာပဲ။ လုပ်လေ အဖိုးကတော့ အိမ်ကနေပဲ လိုတာ ကူလုပ်ပေးမယ်။”

“ရပါတယ် အဖိုးက အိမ်မှာပဲနေပါ။ သား အကူလိုရင် တခြားသူတစ်ယေက် ရှာလိုက်လို့ရတယ်။ ဘာမှမဖြစ်ဘူး။”

“သမီး စားပွဲထိုးလုပ်ပေးမယ် ကိုညီ။”

“အေးပါ။ ညနေ ရာကြည့်ပြီး မနက်ဖြန် စပြင်လိုက်မယ်။”

စိမ့်အသုပ်စုံ ဆိုင်လေးဖွင့်ဖို့ ပြင်တော့ မျိုးသက်က လာကူပေးလို့ တော်တော်လေး သက်သာ ရပါတယ်။ မျိုးသက်က ဘာပစ္စည်းလိုရင် ဘယ်နေရာမှ ရနိုင်တယ် ဆိုတာ ဒီရပ်ကွက်က လူခံမို့ စိမ့်တို့ထက် ပိုသိတယ်လေ။ ခက်တာက ဆုမွန်ပါပဲ။ ဆုမွန်က မျိုးသက်နားကို လိုတာထက် ပိုကပ်နေသလို စိမ့် ထင်မိတယ်။

“ကိုကြီး မနက်ဖြန် ဆိုင်စဖွင့်မှာ ဆိုတော့ ကိုကြီးလဲ လာစောင့်နေပေးနော်။ အသိတွေ တွေ့ရင် ခေါ်ပြီး အားပေးခိုင်း ဟီးဟီး။”

“စိတ်ချ ငါ့ညီမရေ။ ကိုကြီးတို့ လမ်းထဲမှာကော တွေ့တဲ့ အသိတွေပါ အကုန်ကိုကြီးက ကြော်ငြာလို့တောင် ပြီးပြီ။ ရောင်းရမှာပါ။”

“ဆုမွန် ဒါတွေ ယူပြီး ပြန်နှင့် အိမ်မှာ မနက်ဖြန်စျေး ထွက်ဖို့ ချက်ပြုတ်ပြင်ဆင်ရဦးမယ်။”

“ဟုတ် ကိုညီ။ ပေး သမီးကို။”

ဆိုင်လေးက သစ်လုံးတိုင်လေးတွေနဲ့ ဒူးကျော်ကျော်လောက်ထိကို ဝါးခြမ်းပြားလေးတွေ ထောင်ပြီး ကျဲကျဲလေး ကာထားတယ်။ အထဲမှာ စားပွဲ အပုလေးတွေ သုံးဝိုင်းပြင်ထားပြီး အသုပ်စားပွဲက တစ်လုံးချထားဖို့ နေရာလုံလောက်ပါတယ်။ ဆိုင်ရှေ့မှာလဲ မျိုးသက်က သူ့အိမ်က သစ်ပင်လေးတွေ ယူလာကာ ပန်းအိုးလေးတွေနဲ့ ချထားပါတယ်။ သူတို့ဆိုင်လေး အပေါ်မှာ အရိပ်ကောင်းတဲ့ ကုက္ကိုလ်ပင်ကြီး ရှိနေတာမို့လဲ အေးပြီး ထိုင်လို့ ကောင်းမှာ သေချာပါတယ်။ အပြင်မှာတော့ ခုံပုလေးတွေ လေးဝိုင်းပြင်မယ်။

အသုပ်စုံအပြင် ကော်ဖီမစ်၊ လဖက်ရည် ရယ်ဒီမိတ်လေးတွေ လဖက်သုပ်၊ ဂျင်းသုပ်၊ မြင်းခါရွက်သုပ်၊ ဆေးဘဲဥသုပ် နဲ့ အခြားအသုပ်စုံလေးတွေ ပါပါတာမို့ အေးဆေးထိုင်ချင်လဲ ထိုင်လို့ရတာပေါ့။

နောက်ရက်ရောက်တော့ စိမ့်တို့ ဆိုင်ခင်းနေတုန်း မျိုးသက်ရောက်လာပါတယ်။ လက်ထဲမှာလဲ ပစ္စည်းအချို့ ပါလာတာမို့ အလုပ်လုပ်နေရင်းက စိမ့်လှမ်းမေး လိုက်ပါတယ်။

“ဘာတွေလဲ အစ်ကို။”

မျိုးသက်က ပြုံးပြလိုက်ပြီး လက်ကာပြလိုက်ရင်း ဆိုင်ရှေ့လေးမှာ ချိတ်လိုက်ပြီး မှ

“လာကြည့်။”

စိမ့်လက်ထဲက ဗူးလေးကို အသာချကာ ဆိုင်လေးရှေ့ ထွက်ကြည့်လိုက်တော့ စိမ့် အသုပ်စုံ တဲ့ အောက်မှာက ကော်ဖီ အအေးမျိုးစုံ ဆိုပြီးရေးထားတာ။ ဆိုင်းဘုတ် လေး သေးပေမယ့် ချစ်စရာလေးမို့ စိမ့်သဘောကျကာ ပြုံးလိုက်ပြီး

“ကို့ အလုပ်နဲက ကိုမေ့နေတာ အကိုရဲ့ ကျေးဇူးပါနော်။”

မျိုးသက်က စိမ့် ပုခုံးပေါ်က ပုဝါကို လှမ်းယူလိုက်တာမို့ စိမ့် ဘာလုပ်ဖို့လဲ ဆိုပြီး ကြည့်နေတုန်း မျိုးသက်က စိမ့်နှဖူးစပ်က ချွေးစလေးတွေကို ခပ်ဖွဖွ ဖိသုပ်ပေးရင်းက

“စိတ်ပူမနေနဲ့ ရောင်းကောင်းမှာ နော် စိတ်ချ။”

စိမ့်ကျေနပ်စွာ ပြုံးလိုက်ရင်းက မျိုးသက်လက်ထဲက မျက်နှာသုပ်ပုဝါလေးကို ပြန်ယူကာ ပုခုံးပေါ် ပြန်တင်လိိုက်ပါတယ်။ ပြီးမှ

“စိတ်မပူပါဘူး အစ်ကိုရဲ့။ အေးဆေးပါ။”

“အေး ကိုကြီး သာယာနေလိုက်နော်။ ဒီမှာကျ လာမကူပဲနက်။ လာ ဒီမှာ ပန်းကန်တွေ စီပေး။”

ဆုမွန် အသံကြောင့် သူတို့ လူချင်းခွာလိုက်ပြီး အလုပ်ကိုယ်စီ စလုပ်လိုက်ကြပါတော့တယ်။ စရောင်းတဲ့ ရက်ဆိုပေမယ့် ထိုက်သင့်သလောက် ရောင်းနေရတာမို့ စိမ့် ကျေနပ်နေမိတယ်။ စိမ့် ဆိုင်ဖွင့်တာ မနက်ပိုင်း (၇) နာရီလောက်ကနေ စဖွင့်လိုက်တာ ညနေပိုင်းရောက်တော့ (၆) နာရီလောက်မှာ စပြီး မှောင်ရီပျိုးလာပြီမို့

“ဆုမွန်ရေ ဆိုင်သိမ်းကြမယ်။ မှောင်လာတော့မယ်။”

ပစ္စည်းတွေ သိမ်းနေတုန်း စိမ့်တို့ဆိုင်ရှေ့ကို လူတစ်အုပ် ရောက်လို့လာတာမို့ စိမ့်ကြည့်လိုက်တော့ ဟိုနေ့က ဆုံးမလိုက်တဲ့ ကျော်ကြီးတို့ အဖွဲ့။ စိမ့် လုပ်လက်စ အလုပ်ကို ခနနားလိုက်ပြီး ဆိုင်ရှေ့ ထွက်ရပ်လိုက်ပါတယ်။ ဆုမွန်နဲ့ မျိုးသက်လဲ အထဲမှာ အလုပ်လုပ်ရင်းက ရပ်လိုက်ကာ ကြည့်နေ ကြပါတယ်။

“အလုပ်တွေ ပျက်ကုန်ပြီကွာ။ လုပ်ပါ လုပ်ပါ လုပ်စရာရှိတာ အသုပ်စားမလို့ လာတာ ဆိုင်းသိမ်းပြီဆိုတော့ ဘယ်လို လုပ်ရပါ့မလဲ။”

“အသုပ်မရတော့လည်း အသုပ်သည်လေးတွေက မဆိုးပါဘူးကွ ဟား ဟား ဟား။”

စိမ့် အသာပဲ ရပ်ကြည့်နေရာမှ

ဆိုင်ဘေးက မြေလွတ်နေရာကို လက်ဝါးလေး ဖြန့်ပြကာ ကြွပါ ဆိုတဲ့ ပုံစံ လုပ်ပြလိုက်ပါတယ်။

“ဟာ ထိုင်ခုံလဲ မရှိပဲနဲ့ မြေကြီးပေါ် ထိုင်ရမှာလား ဟ့။”

စိမ့် ဘာမှမပြောပဲ ဆိုင်ဘေးက မြေကွက်လပ်လေးဖက် လျှောက်လာခဲ့ လိုက်တော့ သူတို့ အဖွဲ့ကလဲ လိုက်လာပါတယ်။ မျိုးသက် လိုက်သွားမလို့ လုပ်တော့ ဆုမွန်က မျိုးသက် လက်ကို ဆွဲကာ အသာနေဆိုတဲ့ ပုံစံလုပ်ပြလို့ လာပါတယ်။ တစ်ဖွဲ့လုံးဆို ဆယ်ယောက်မကပေ။ ဟိုနေ့က ကောင်တွေထဲ ကတစ်ချို့ရယ် အသစ်တွေကော ပါလာတာ။ မနဲလှပေ။

စိမ့် ရပ်နေရာကနေ ရှေ့ဆုံးက ကောင်ကို လှမ်းမေးလိုက်ပါတယ်။

“မင်းတို့ လူကုန်ပြီလား။ နောက်တစ်ခါ ဇယားလာရှုတ်ရင် ငါလုံးဝ သည်းမခံဘူး ဆိုတာ မင်းတို့ မှတ်ထားနော်။ ဒီတခါတော့ မင်းတို့ ဖြစ်ချင်တာ လိုက်လျောပေး လိုက်မယ်။ ကြိုက်တဲ့ ကောင်တက်ခဲ့ ငါအချိန်မရှိဘူး။”

“ယား……။”

နောက်က တစ်ယောက်က အော်ပြီး ကပ်လာတာမို့ စိမ့်မျက်မှောင်ကျုတ်ကာ ပြုံးလိုက်ပြီး ပုခုံးပေါ်က ပုဝါကို ဖျတ်ခနဲ ယူကာ ဆန့်ထုတ်လိုက်ပြီး ဝင်လာတဲ့ လက်သီးကို တစ်ပတ်ပတ်ကာ လိမ်ထားလိုက်ပါတယ်။ ပုဝါကို တစ်ဖက်က ကိုင်ထားပြီး ကျန်လက်တစ်ဖက်က နောက်တစ်ယောက်စီမှ ဝင်လာတဲ့ လက်သီးကို အသာပဲ ပုတ်ထုတ်လိုက်ပါတယ်။ ပြီးတော့မှ နံကြားကို ခြေထောက်နဲ့ ဖျတ်ကန်ချလိုက်ပါတယ်။ လက်ကို လိမ်ထားတဲ့ တစ်ယောက်ကိုလည်း တစ်ပတ်လှည့်လိုက်ရင်း နောက်ကနေ ဒူးကိုကန်ကာ ဒူးထောက်ကျသွားတော့ ပုခုံးပေါ်ကို ခြေထောက်တစ်ဖက်တင်ကာ ခါးကို ထောက်ထားလိုက်ပါတယ်။ ပြီးတော့ ထပ်လာခဲ့ဦး ဆိုတဲ့ သဘောနဲ့ လှမ်းကြည့်ကာ မေးငေါ့ပြလိုက်တော့ နောက်ထပ် နှစ်ယောက် ဝင်လာပြန်ပါတယ်။ ခြေထောက် အောက်က ကောင်ကို ကန်ထုတ်လိုက်ပြီး လူကို တစ်ပတ်လှည့်လိုက် ချိန်မှာ မြှောက်ထားတဲ့ ခြေထောက်က ဝင်လာတဲ့ တစ်ယောက်ရဲ့ မျက်နှာစီသို့ တန်းနေလေရဲ့။

“ဖောင်း။”

“အား။”

နောက်တစ်ယောက်က နောက်ကနေ စိမ့်ကို သိမ်းဖက်ကာ ချုပ်လိုက်တာမို့ ခြေတစ်ဖက်ကကို မြှောက်လိုက်ပြီး အားနဲ့ ပြန်နင်းလိုက်တာက နောက်က ချုပ်ထားတဲ့ ကောင်ရဲ့ ခြေထောက်အဖျားစီ တန်းမတ်စွာ။

“အား ဟားဟား။”

နောက်တစ်ယောက်က သံဒုတ်နဲ့ ပြေးဝင်လာတာမို့ စိမ့် အသာနောက်တစ်လှမ်းဆုတ်ပြီး ရှောင်လိုက်တယ်။ ပြီးတော့မှ နောက်တစ်ကြိမ်မြောက်တက်လာ တဲ့ သံဒုတ်ကိုင် လက်ကို ဘယ်ခြေနဲ့ လှမ်းကာ နင်းချလိုက်ပြီး မှောက်ကျသွားချိန်မှာ စိမ့်က သူ့ ဇတ်ပိုးပေါ်မှာ ဒူးထောက်ပြီးသား ဖြစ်နေပါပြီ။

“အား အား သေပါပြီ အား။”

ကျန်တဲ့ ကောင်တွေကို စိမ့်ခေါင်းလေး စောင်းကာ ဘယ်လိုလဲ ဆိုတဲ့ သဘောနဲ့ ပြုံးပြလိုက်ပါတယ်။ အဖွဲ့ထဲက နှစ်ယောက်က လက်ထဲက အုတ်နီခဲ ပိုင်းတွေနဲ့ လှမ်းပစ်တော့ သူတို့ ပစ်တဲ့ ခဲနှစ်လုံးစလုံးက စိမ့်လက်ထဲမှာ ငြိမ်သက်စွာ။ စိမ့်က ညာဖက်လက်ထဲက တစ်လုံးကို ကိုင်ကာ မြှောက်ပြလိုက်ပြီး လက်ကိုလှုပ်ရှားလိုက်ပါတယ်။ တစ်ယောက်ခေါင်းကို ဖိကာ ပက်လက်လန်ကျ သွားချိန်မှာ နောက်တစ်ယောက်လဲ နှစ်ဖူးဂျိုစောင်းကို ဖိရင်း ငုတ်တုတ်လေး ဖြစ်လို့ သွားပါတော့တယ်။ ကျန်တဲ့ သုံးယောက်နဲဲ့ ပြန်ထလာတဲ့ တစ်ယောက်လေးယောက်။

စိမ့် ပုဝါကို ပုခုံးမှာ စလွယ်ချလိုက်ပြီး သူတို့ ရပ်နေတဲ့ဖက်ကို လက်တစ်ဖက် ဆန့်ထုတ်လိုက်ပြီး လက်ဖဝါးဖြန့်လိုက်ပါတယ်။ ပြီးတော့ လာခဲ့ဆိုပြီး လက်ကို ကွေးကာခေါ်လိုက်ပါတယ်။

ဒီတစ်ခါတော့ အကုန်လုံး ဒုတ်တွေနဲ့ အနားကို ပြေးကပ်လာပါတယ်။ စိမ့် ပုခုံးပေါ်ကို ပုဝါကို ဆွဲချကာ ဆန့်ထုတ်လိုက်ပြီး ဒူးကွေး ထိုင်ချလိုက်ပါတယ်။ ဝင်လာတဲ့ တစ်ယောက်ရဲ့ ဗိုက်ပေါ်ကို ပုဝါစ အဖျားလေး ဖတ်ခနဲ ကျသွားသလို နောက်တစ်ယောက်ရဲ့ ဝမ်းဗိုက်ကို လက်သီး တစ်လုံးပစ်သွင်းလိုက် ပါတယ်။ ကျန်လက်တစ်ဖက်က မြေကြီးပေါ်ကို လက်ထောက်လိုက်ပြီးနောက်ခြေကို ဆန့်ထုတ်လိုက်ပါတယ်။ နောက်က ဝင်ရိုက်တဲ့ ကောင်ရဲ့ မေးစေ့ကို ကွက်တိ။

“ဖောင်း။”

ခြေပြန်အကျမှာ ခါးကို ဆန့်ပြီး မတ်တပ်ပြန်ရပ်လိုက်ပါတယ်။ အဲဒီ့အချိန်မှာပဲ သစ်သားဒုတ်တစ်ချောင်းက ခါးအောက်ကနေ ပင့်ကာ ဝင်လာတာမို့ ဖတ်ခနဲ ချိုင်းကြားမှာ ညှုပ်ထားလိုက်ပါတယ်။ ရိုက်တဲ့သူက ဒုတ်ကို အတင်းဆွဲပေမယ့် မရ။ စိမ့် အသာလေး ပြုံးပြလိုက်ပြီး ခြေဖျားလေးကို ပေါင်ကြားထဲ ထည့်ပေး လိုက်ပါတယ်။

“အွတ်။”

ပြီးပြီ အားလုံး ခပ်သွက်သွက် လှုပ်ရှားနိုင်သူ မရှိတော့ပေ။ စိမ့် ကျော်ကြီးနားကိုသွားလိုက်ကာ

“နောက်ခါဆို အကွဲနဲ့ အကျိုးပဲနော် ကျော်ကြီး ကြားလား။”

“ဟုတ်။”

ကျော်ကြီးပါးစပ်က ချက်ခြင်းပဲ ဟုတ်ဆိုပြီး အသံထွက်လာပါတယ်။ စိမ့် ပုဝါလေးကိုင်ကာ မျက်နှာကို အသာတို့ လိုက်ပါတယ်။ သနပ်ခါး အဖွေးသားလေးက ပျက်မသွားပေ။ စိမ့် ဆိုင်ဖက်လာပြီး

“ပစ္စည်းတွေ သယ်သွားတော့လေ ဆုမွန်။ ကျန်တာ ငါသယ်လာမယ်။”

“စိမ့် နေပါ။ အစ်ကိုပဲ သယ်လိုက်မယ်။”

ပစ္စည်းနဲနဲများတာမို့ အားလုံးလူခွဲကာ တစ်ခေါက်ထဲ သယ်ခဲ့ လိုက်ကြပါတော့တယ်။ လမ်းရောက်တော့ မျိုးသက်က

“စိမ့် အဲဒီ့ကောင်တွေနဲ့ ချတာ ချွေးတောင်မထွက်ဘူးနော်။”

စိမ့်က ပြုံးလိုက်ရင်း

“စိမ့်ကိုက ချွေးထွက်နဲပါတယ်။ ပုဝါဆောင်ထားတာက အကြင့်ပါနေလို့။”

ပုဝါက စိမ့်ရဲ့ လက်နက်ဆိုတာ ခုန မျက်လုံးနဲ့ မြင်ပြီးသားမို့ မျိုးသက်မပြောတော့ပဲ ခေါင်းကို ငြိမ့်ပြလိုက်မိပါလေရဲ့။ အိမ်ရောက်တော့ အဖိုးကို တွေ့တော့ မျိုးသက် စပ်ဖြီးဖြီးနဲ့

“သား ပစ္စည်းတွေ လိုက်ပို့ပေးတာပါ ဖိုးဖိုး။ နေကောင်းတယ်နော်။”

“ပုံမှန် အတိုင်း ဆက်ဆံ ဟေ့ကောင်။ ကောင်းမကောင်း သိချင်လား။”

“ဟင့်အင်း နေပေ့စေတော့ သားက ချစ်လို့စတာ ဟီး။”

သူတို့ စနေတာကို စိမ့်ကော ဆုမွန်ပါ ပြုံးနေကြတယ်။ ဘယ်ချိန်ထဲက ဝယ်ထားမှန်း မသိတဲ့ မုန့်ထုပ်လေး တစ်ထုပ် မျိုးသက် ဘောင်းဘီထဲက ထွက်လာကာ အဖိုးကို လှမ်းပေး လိုက်ရင်း

“ရော့ သား အဖိုးအတွက် ဝယ်လာတာ။”

အဖိုးက ခပ်တည်တည်နဲ့ ကြည့်လိုက်ရင်း

“မင်းငါ့ကို ကလေးများ ထင်နေလားဟင်။ အရမ်းချိုရင် တော့ မစားဘူးကွ ပေး။”

အဖိုးစကားကြောင့် မျိူးသက်လှမ်းပေးလိုက်ရင်း စိမ့်ကို နှုတ်ဆက်လိုက်ပါတယ်။

“စိမ့် အစ်ကို ပြန်တော့မယ်။ မနက်ဖြန် မနက် ဆိုင်ပဲလာတော့မယ်နော်။”

“ဟုတ်ကဲ့ အစ်ကို။”

“ဟေ့ကောင် အိမ်လာလဲ ရတယ်။”

အဖိုးက ဝင်ပြောတာမို့ သူတို့ ရီလိုက်ကြရပြန်ပါတယ်။ မျိုးသက်လည်း အိမ်ကို ပြန်လာပါတော့တယ်။

…………………………………………….

“ဟ့ စွာလှချည်လား ဒီအခြောက်မက ဖိုက်တာပါလား။ ငါစိတ်ဝင်စားသွားပြီ အောင်ဒင်။”

“ဟုတ်တယ် ကိုလေး ပထမ တစ်ခေါက်က (၇) ယောက်၊ နောက်တစ်ခေါက် (၁၁) ယောက် သူကတော့ သနပ်ခါးတောင် မပျက်သွားဘူး။ လှဲသိပ်သွားတာ ခနလေးပဲ။”

စိုင်းကို ခေါင်းကို ငြိမ့်လိုက်ပါတယ်။ ပြီးတော့ အောင်ဒင့်ကို ကြည့်လိုက်ကာ

“ငါသူ့ကို တွေ့ချင်တယ်။”

“ရတယ်လေ ကိုလေး။ သူအသုပ်ဆိုင်မှာ တစ်နေကုန်ရှိတယ်။”

စိုင်းကို မျက်မှောင်ကျုတ်လိုက်ပြီး တစ်ချက်စဉ်းစားလိုက်ကာ

“မနက်ဖြန် ညနေ သွားမယ်။ မင်းဒီကို (၄) နာရီလာခဲ့ ဟုတ်ပြီလား။”

“ဟုတ်ကိုလေး။”

စိုင်းကို ခေါင်းကို ဆတ်ခနဲ လှုပ်ပြလိုက်တော့ စိုင်းကို ရှေ့ကနေ အောင်ဒင်ခါးလေး ကိုင်းကာ အသာလေး ကုတ်ကုတ်လေး ထွက်သွားပါတော့တယ်။ စိုင်းကို ဆိုတာ ဒီနယ််မှာ ကျော်လို့ ရတဲ့သူမရှိဘူးလေ။ စိုင်းကို အဖေက လွှတ်တော် အမတ်ကြီး။ စိုင်းကိုနဲ့ ပေါင်းသမျှက အားလုံး လူမိုက်တွေ။ စိုင်းကို မကျေနပ်တဲ့ သူက ရက်ပိုင်းအတွင်း လူကောသတင်းက အစအနပျောက်ပဲ။ ဘယ်သွားသွား ကား(၃) စီးနဲ့ ရှေ့နဲ့ နောက်က ကားတွေမှာ တပည့်လူမိုက်တွေ အပြည့်။ အလည်က ကားနက်ကြီးမှာ စိုင်းကိုနဲ့ ဒရိုင်ဘာသာ စီးလေ့ ရှိပြီး ဘယ်သူမှ တစ်ခါမှ တင်စီးလေ့ မရှိတာ စိုင်းကို အကျင့်။

ခုလဲ အောင်ဒင်တို့ အဖွဲ့တေ အလဲလဲ အကွဲကွဲ ဖြစ်နေလို့ သတင်းလာပို့တာ အခြောက်မလေး တစ်ယောက်က ပညာပေး လိုက်တာတဲ့။ တွေးရင်း စိုင်းကို ပြုံးမိပြန်ပါတယ်။ စိတ်ဝင်စားစရာတော့ အတော်ကောင်းတဲ့ ကိစ္စလေ။ စိုင်းကိုက လူမိုက်တွေနဲ့ပေါင်းပေမယ့် မိန်းကလေးတွေကို လုံးဝမထိ။ စိုင်းကို ကြိုက်တာက ယောက်ျားလေး ဖြူနွဲ့နွဲ့လေးတွေ။ ခုလဲ တွေ့ရ ဦးမယ်။ မင်းက ငါ့အကြိုက်မဟုတ်ခဲ့ရင်တော့ ငါစိတ်မကောင်းဘူးပဲပြော ရမှာပဲ စိမ့်။

မင်းက မင်းနာမည် မင်းသတင်းနဲ့တင် ငါ့ရင်ထဲကို ရောက်လာပါလား။ မင်းကို ငါလာတွေ့မယ် ညိုညိုစိမ့်။

“မင်းထက် မင်းခုန အောင်ဒင်ပြောတာတွေ အကုန် ကြားတယ်မလား။”

“ဟုတ်ကဲ့ ဆရာ ကြားပါတယ်။”

“ငါ ဒီညနေ အားလုံး အတိအကျ သိချင်တယ်။ ပုံပါရိုက်ယူခဲ့။ မင်းသွားတော့။”

“ဟုတ်ကဲ့ ဆရာ။”

မင်းထင် ထွက်သွားတော့မှ စိုင်းကို ဟက်ခနဲ ရီလိုက်မိပါတယ်။

Continue Reading

You'll Also Like

212K 31.6K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...
241K 17.2K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...