First Love Diary

By SerimBrown

128 6 3

အချစ်ကိုပြန်ရဖို့ထပ် ငေးနေခွင့်လေးပဲရရင်တောင်အဆင်ပြေပါတယ်။ ကိုယ်ကအရာရာကို ငြီးငွေ့လွယ်တဲ့သူဖြစ်တာကြောင့် သူမက... More

First Love Diary

128 6 3
By SerimBrown

[Unicode]
ဒီဇင်ဘာ ၈၊ ၂၀၁၈။
ဒီနေ့ ဆောင်ဟွန်း မွေးနေ့
လေညင်းခံချင်တာကြောင့်အပြင်ထွက်လာခဲ့တယ်။ သူငယ်ချင်း‌တွေကိုခေါ်ပေမဲ့လည်း သူတို့ကမလိုက်ကြဘူးလေ။ စာလုပ်စရာရှိလို့တဲ့။ အခုမှကျောင်းဖွင့်တာမကြာသေးတာကို စာဂျပိုးစတိုင်ဖမ်းချင်နေကြတာနဲ့တူပါတယ်။
တစ်ယောက်တည်း‌ခြေဦးတည့်ရာသွားရင်း ရောက်ခဲ့တဲ့နေရာက ကျူးလစ်ပန်းခင်းကြီးလေ။
ကျူးလစ်ပန်းတွေကို တော်တော်သဘောကျတယ်။
အရောင်အသွေးစုံသလို အရောင်တစ်ခုတိုင်းအတွက် အဓိပ္ပာယ်ကလှပတယ်လေ။ ကျူးလစ်ပန်းတွေကို ကြည့်နေရင်း miracle လေးတစ်ခု ဖြစ်ပွားခဲ့တယ်နဲ့ တူပါတယ်။

သူမရဲ့ ကြယ်တာရာနှင့်တူတဲ့ မျက်ဝန်းတွေ ၊နေရောင်ခြည်လိုနွေးထွေးတဲ့ အပြုံးတွေက သတိမပြုမိခင်မှာပဲ ရုန်းမထွက်ချင်တော့တဲ့ ကျော့ကွင်းတွေဖြစ်လာမယ်လို့ ဘယ်သူကထင်မိမှာလဲလေ။
သူမရဲ့ အပြုံးကသိပ်ကိုလှပတာကြောင့် နာမည်လေးတစ်ခုကို ပေးလိုက်မိပါပြီ။ 
"ကျူးလစ်ဝါလေး"

အချစ်ဆိုတဲ့အရာကိုမယုံကြည်ချင်ပေမဲ့ သူမကတော့ ကိုယ်လှလှပပသက်ဆင်းချင်တဲ့ ကျော့ကွင်းလေးပဲ ဖြစ်မယ်ထင်ပါတယ်။

ဒီဇင်ဘာ ၁၅၊ ၂၀၁၈။
ကျူးလစ်ဝါလေးကို မတွေ့တာတစ်ပတ်လောက်ရှိပြီ။
ဒီအတောအတွင်းသွားသမျှနေရာတိုင်းမှာ သူမကိုတွေ့မလားလို့ လိုက်ရှာမိတယ်။
သူမအကြောင်းတွေးမိတဲ့အချိန်တိုင်း ရင်ဘတ်ထဲမှာ ခုန်ပေါက်နေတဲ့အကောင်ငယ်လေးက တားမရဆီးမရဘဲ။
အချစ်ကို မယုံကြည်တဲ့ကိုယ်က သူမကိုတော့ တကယ်ပဲချစ်မိနေပြီလား။

ဒီဇင်ဘာ ၁၈၊ ၂၀၁၈။
ဒီနေ့တော့ ဆောင်ဟွန်းအတွက် ကံကောင်းတဲ့နေ့ပဲ။
ကျူးလစ်ဝါလေးကို ကျောင်းကန်တင်းမှာ မထင်မှတ်ဘဲတွေ့လိုက်တယ်။
သူမနဲ့မေဂျာမတူပေမဲ့ တစ်ကျောင်းတည်းဖြစ်နေတာပဲ။
သူငယ်ချင်းတွေသူမကိုခေါ်တဲ့နာမည်က Calla တဲ့လေ။
Calla ဆိုတာက ဂရိလို "လှပတယ်" ဆိုတဲ့အဓိပ္ပာယ်ပဲ။
ကျူးလစ်ဝါလေးက နာမည်လေးရော လူလေးရောလှလိုက်တာ။

ဒီဇင်ဘာ ၂၂၊ ၂၀၁၈။
တစ်ယောက်ယောက်ကို အမှတ်မထင်နဲ့ သုံးခါတွေ့ရင်ဖူးစာတဲ့။
ကျူးလစ်ဝါလေးက အိမ်နားမှာကော်ဖီဆိုင်အသစ် လာဖွင့်လိုက်ပြီ။ ခနခနသွားရမယ်။

ဇန်နဝါရီ ၆၊ ၂၀၁၉။
ဒီနေ့နဲ့ဆို ကျူးလစ်ဝါလေးရဲ့ ကော်ဖီဆိုင်မှာ အားတဲ့အချိန်တိုင်းသွားထိုင်ရင်း စာလုပ်ဖြစ်တာ နှစ်ပတ်လောက်ရှိပြီ။
တစ်ချက်တစ်ချက်မှာ ခိုးကြည့်ဖြစ်တာတော့  ကိုယ်ကိုယ်တိုင်ရယ်၊ ကိုယ်စောင့်နတ်ရယ်၊ မြတ်စွာဘုရားရယ်ပဲ သိမယ်ထင်တယ်။

ဖေဖော်ဝါရီ ၄၊ ၂၀၁၉။
Polaroid ကင်မရာလေးတစ်လုံး ဝယ်လိုက်ပြီ။
ကျူးလစ်ဝါလေးရဲ့ လှပတဲ့အခိုက်အတန့်တိုင်းကို မှတ်တမ်းတင်ဖို့လေ။
ကျူးလစ်ဝါလေး ပြုံးနေတဲ့ပုံတွေ၊ သူငယ်ချင်းတွေနဲ့စကားပြောရင်းရယ်မောနေတာတွေ၊ စိတ်ဝင်တစားနဲ့ ကော်ဖီဖျော်နေတဲ့ပုံတွေ..... အခိုက်အတန့်တိုင်းကို မှတ်တမ်းတင်ထားမိတယ်။ သူမကအရမ်းကိုလှပလွန်းတယ်လေ။
ဂျေး တို့ကတော့ပြောတယ် "မင်းရူးနေပြီ" တဲ့။
ဟုတ်တယ် ကိုယ်ကအရူးလေ။ "ကျူးလစ်ဝါလေးကိုပဲသိတဲ့အရူး"

ဧပြီ ၁၅၊ ၂၀၁၉။
ဒီနေ့ ဟိုဟိုဒီဒီ လျှောက်တွေးရင်း သီချင်းနားထောင်ဖြစ်တယ်။ ကျူးလစ်ဝါလေး‌အကြောင်းတွေးနေတဲ့အချိန်မှာ ဖွင့်မိတဲ့သီချင်းက Minhyun ရဲ့ Universe တဲ့လေ။
တိုက်ဆိုင်ချက်ပဲ။
ဟုတ်ပါတယ် ကျူးလစ်ဝါလေးက ကိုယ့်အတွက် universe လေး။

ဇွန် ၈၊ ၂၀၁၉။
ဒီနေ့ကျူးလစ်ဝါလေးမွေးနေ့။
သိလိုက်ရတာတစ်ခုက ကျူးလစ်ဝါလေးက နှင်းဆီလေးတစ်ပွင့်ဖြစ်နေတယ်လေ။ ဘယ်သူထင်မိမှာလဲ။
ဒါ‌ပေမဲ့လည်း ကိုယ့်အတွက်တော့ အမြဲတမ်းကျူးလစ်ဝါလေးပါပဲ။
လက်ဆောင်ကို ကော်ဖီဆိုင်မှာ တိတ်တိတ်လေးထားပြီးပြန်လာခဲ့တယ်။
လက်ဆောင်က cosmos ပန်းလေးလေ။

Cosmos ရဲ့ ပန်းစကားလေးက
''မင်းက ကိုယ့်ရဲ့စကြာဝဠာ''' တဲ့။
ဒါကို Universe ငယ်လေးသိဖို့မျှော်လင့်ပါတယ်။

စက်တင်ဘာ ၉၊ ၂၀၁၉။
ဂျေးတို့ကမေးတယ် "မင်းဒီလိုပဲလုပ်နေတော့မှာလား"
"ဖွင့်မပြောတော့ဘူးလား"တဲ့
အင်း မပြောဖြစ်လောက်တော့ဘူး ဘာလို့လဲဆိုတော့
ကျူးလစ်ဝါ‌လေးက ကြယ်လေးလိုပဲမို့လို့လေ။

တစ်စုံတစ်ယောက်ကပြောတယ် တချို့အရာတွေက အနီးကပ်မဟုတ်ဘဲ အဝေးကနေကြည့်မှပိုလှတာတဲ့။ ဥပမာ တောင်တန်းတွေ ပြီးတော့ ကြယ်လေးတွေ‌လိုပေါ့။
ကျူးလစ်ဝါလေးက ကိုယ့်အတွက်အဲ့လိုဖြစ်တည်မှုမျိုးပဲ။
ပိုင်ဆိုင်ချင်တဲ့စိတ် မရှိဘူးလို့ပြောရင် လိမ်တာလို့ပဲ ပြောပါရစေ။
ပြန်ရလာမဲ့အချစ်ကိုမျှော်လင့်ခဲ့မိပါတယ်။ ဒါပေမဲ့ မျှော်လင့်ရတာကပင်ပန်းရမှန်း သိလာရတဲ့နောက်မှာတော့ သူမနဲ့နီးစပ်ခွင့်ရဖို့ထပ် ဒီအတိုင်းလေး အဝေးကနေ ငေးကြည့်ရင်း သူမပျော်ရွှင်စေဖို့ဆုတောင်းရင်း၊ တန်ဖိုးထားပြီးချစ်သွားရင်း၊
အစွမ်းကုန်တောက်ပနေတာကိုကြည့်ချင်တာ။

အချစ်ကိုပြန်ရဖို့ထပ် ငေးနေခွင့်လေးပဲရရင်တောင်အဆင်ပြေတယ်။
ကိုယ်ကအရာရာကို ငြီးငွေ့လွယ်တဲ့သူဖြစ်တာကြောင့် သူမကိုငြီးငွေ့သွားပြီး ဆက်မချစ်နိုင်တော့မှာကိုတော့ တကယ်အကြောက်ဆုံးပဲ။ ပြီးတော့ အချစ်ဦးဆိုတာကို နာကျင်ရတာတွေ ကြေကွဲရတာတွေ မုန်းတီးရတာတွေမရှိပဲနဲ့
အမှတ်တရကောင်းလေးတစ်ခုအဖြစ်ကျန်နေခဲ့စေချင်တာပါ။

နိုဝင်ဘာ ၃၊ ၂၀၁၉။
ဒီနေ့ ကျူးလစ်ဝါလေးက တစ်ယောက်ယောက်ကို ကြည့်ရင်း စိတ်လွတ်ကိုယ်လွတ်ပြုံးနေတာကို တွေ့ခဲ့တယ်။
နှစ်တွေကြာခဲ့ပြီဆိုတာတောင် အဲ့ဒီအပြုံးတွေက လူကိုရင်ခုန်အောင် ပြုစားနိုင်နေတုန်းပဲ။
သူမရဲ့မျက်ဝန်းတွေ အပြုံးတွေကိုမြင်တိုင်း ကိုယ့်ရဲ့စိတ်ကိုသိအောင် ဖွင့်ပြောချင်မိတယ်။
ဒါပေမဲ့ အဲ့ဒီလောက်ထိ သတ္တိမရှိဘူး။
ငြင်းလိုက်ရင်ပဲဖြစ်ဖြစ်၊ တခုခုမှားယွင်းသွားရင်ပဲဖြစ်ဖြစ် ရလာမဲ့နာကျင်မှုမျိုးကို မလိုချင်ဘူး။

အဲလိုဆိုလို့ အထက်တန်းတုန်းက ကိစ္စတစ်ခုကိုတောင် သတိရမိတယ်။
အဲ့တုန်းကလည်း တစ်ယောက်ယောက်ကို သဘောကျဖို့ ကြိုးစားခဲ့ဖူးတယ်။
ဒါပေမဲ့ လစဉ်အမှတ်စာရင်းမှာ အမှတ်လျော့သွားမှာတွေ၊ မေမေစိတ်အနှောင့်အယှက်ဖြစ်မှာစိုးတာတွေ၊ ကျောင်းအုပ်ကြီးသိသွားရင် အဆူခံရမှာတွေ တွေးပြီး ဘာမှမလုပ်ခဲ့မိဘူးပဲ။
ကြည့်ရတာ သတ္တိက မွေးကတည်းကပါမလာဘူးနဲ့တူပါတယ်။

ဇန်နဝါရီ ၁၅၊ ၂၀၂၀။
ဒီနေ့ မေမေကမေးတယ်။ "တက္ကသိုလ်တတိယနှစ်ရောက်နေပြီ သဘောကျနေတဲ့သူမရှိသေးဘူးလား" တဲ့။
ဘယ်လိုပြောရပါ့မလဲ...အခုအချိန်အထိ သဘောကျနေတဲ့သူမရှိဘူးလို့ပြောရင် လိမ်နေတာလို့ပဲ ဖြေပါရစေ။ ဒီတခါလည်း သတ္တိမရှိတာကြောင့်
ကျူးလစ်ဝါလေးကို သဘောကျနေမိပေမဲ့ မရှိ‌သေးဘူးလို့ပဲ မုသားသုံးလိုက်မိတယ်။

ဇန်နဝါရီ ၁၀၊ ၂၀၂၁။
ဘာလိုလိုနဲ့ တက္ကသိုလ်နောက်ဆုံးနှစ်တောင် ရောက်လာပြီပဲ။
စာတမ်းပြုစုရမှာတွေ၊ presentation တွေကြောင့် ကျူးလစ်ဝါလေးဆီခနခနမသွားဖြစ်တော့ဘူး။
သူမလည်းဆိုင်ကိုသိပ်မလာဖြစ်ဘူးတဲ့လေ။
ဘွဲ့ရပြီးရင်ရော အရင်လိုမျိုး ခနခနတွေ့ခွင့် ရပါ့မလား။

မတ် ၂၀၊ ၂၀၂၃။
ဦးလေးရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်နေတာ နှစ်နှစ်‌လောက်ရှိပြီ။
ဘွဲ့ရပြီးမကြာခင် အလုပ်ရသွားလို့ တော်ပါသေးတယ်။
ဂျေးကပြောတယ် ဒီအတောအတွင်းမှာ
အရင်ကတည်းကသဘောကျခဲ့ရတဲ့ ဆောနူနဲ့ ‌တွဲနေပြီတဲ့။
သတ္တိကအများကြီးစကားပြောသွားတယ် ထင်ပါတယ်။

မတ် ၂၇၊ ၂၀၂၃။
ဒီနေ့ အမျိုးတွေနဲ့အတူတူ ချယ်ရီပန်း‌တွေကိုသွားကြည့်ခဲ့တယ်။
ချယ်ရီပန်းလေးတွေကသိပ်ပြီးနူးညံ့လှပတာပဲ။
သူမကိုသတိရစေတယ်။
နှစ်တွေကြာသွားတာတောင်အခုထိ ချစ်နေတုန်းပဲလားလို့မေးရင် အမြဲတမ်းပဲလို့ဖြေမိမှာပါ။
ဒါ‌ပေမဲ့အချိန်တစ်ခု ကြာခဲ့ပြီဆိုတော့ အချစ်ဦးဆိုတဲ့စာအုပ်လေးကို နိဂုံးချုပ်သင့်နေပြီလို့ထင်ပါတယ်။
ဘာလို့လဲဆိုတော့ ကျူးလစ်ဝါလေးမှာလည်း ချစ်ရမယ့်သူပေါ်လာပြီလေ။
သူမကိုကြည့်နေတဲ့ သူ့ရဲ့မျက်ဝန်းတွေထဲမှာ နူးညံ့မှုတွေ တန်ဖိုးထားမှုတွေအပြည့်ပဲ။ သူမကလည်း အရမ်းကို ပျော်ရွှင်နေတဲ့ပုံပေါ်တယ်။ ဒီလောက်ဆို ရပြီထင်ပါတယ်။
အဲ့ဒီအပြင်ကိုယ်တိုင်အတွက်လည်း ဘဝတစ်လျှောက်လုံးကို အတူတူဖြတ်သန်းချင်တဲ့သူ၊ တန်ဖိုးထားပြီးချစ်ပေးရမဲ့သူ ပေါ်လာပြီလေ။ ကျူးလစ်ဝါလေးကိုတော့ မေ့နိုင်တော့မယ်မထင်ဘူး။
အများကြီးမြတ်မြတ်နိုးနိုးနဲ့ ချစ်ခဲ့ရပါတယ်။
အခုတော့ ကျူးလစ်ဝါလေးကို ချစ်မြတ်နိုးခဲ့တဲ့ လှပတဲ့အမှတ်တရကို နှလုံးသားထဲမှာပဲ သိမ်းထားပါရစေ။
.
.
(A/N Minhyun ရဲ့ universe သီချင်းလေးပါ
Minhyun ရဲ့ အသံချိုချိုလေးနဲ့ အရမ်းနားထောင်လို့ကောင်းတာမို့ တစ်ခေါက်လောက် နားထောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်)


[Zawgyi]
ဒီဇင္ဘာ ၈၊ ၂၀၁၈။
ဒီေန့ ေဆာင္ဟြန္း ေမြးေန့
ေလညင္းခံခ်င္တာေၾကာင့္အျပင္ထြက္လာခဲ့တယ္။ သူငယ္ခ်င္း‌ေတြကိုေခၚေပမဲ့လည္း သူတို႔ကမလိုက္ၾကဘူးေလ။ စာလုပ္စရာရိွလို႔တဲ့။ အခုမွေက်ာင္းဖြင့္တာမၾကာေသးတာကို စာဂ်ပိုးစတိုင္ဖမ္းခ်င္ေနၾကတာနဲ႔တူပါတယ္။
တစ္ေယာက္တည္း‌ေျခဦးတၫ့္ရာသြားရင္း ေရာက္ခဲ့တဲ့ေနရာက က်ူးလစ္ပန္းခင္းႀကီးေလ။
က်ူးလစ္ပန္းေတြကို ေတာ္ေတာ္သေဘာက်တယ္။
အေရာင္အေသြးစံုသလို အေရာင္တစ္ခုတိုင္းအတြက္ အဓိပၸာယ္ကလွပတယ္ေလ။ က်ူးလစ္ပန္းေတြကို ၾကၫ့္ေနရင္း miracle ေလးတစ္ခု ျဖစ္ပြားခဲ့တယ္နဲ႔ တူပါတယ္။

သူမရဲ့ ၾကယ္တာရာႏွင့္တူတဲ့ မ်က္ဝန္းေတြ ၊ေနေရာင္ျခည္လိုေနြးေထြးတဲ့ အၿပံဳးေတြက သတိမျပဳမိခင္မွာပဲ ရုန္းမထြက္ခ်င္ေတာ့တဲ့ ေက်ာ့ကြင္းေတျြဖစ္လာမယ္လို႔ ဘယ္သူကထင္မိမွာလဲေလ။
သူမရဲ့ အၿပံဳးကသိပ္ကိုလွပတာေၾကာင့္ နာမည္ေလးတစ္ခုကို ေပးလိုက္မိပါၿပီ။ 
"က်ူးလစ္ဝါေလး"

အခ်စ္ဆိုတဲ့အရာကိုမယံုၾကည္ခ်င္ေပမဲ့ သူမကေတာ့ ကိုယ္လွလွပပသက္ဆင္းခ်င္တဲ့ ေက်ာ့ကြင္းေလးပဲ ျဖစ္မယ္ထင္ပါတယ္။

ဒီဇင္ဘာ ၁၅၊ ၂၀၁၈။
က်ူးလစ္ဝါေလးကို မေတြ့တာတစ္ပတ္ေလာက္ရိွၿပီ။
ဒီအေတာအတြင္းသြားသမ်ွေနရာတိုင္းမွာ သူမကိုေတြ့မလားလို႔ လိုက္ရွာမိတယ္။
သူမအေၾကာင္းေတြးမိတဲ့အခ်ိန္တိုင္း ရင္ဘတ္ထဲမွာ ခုန္ေပါက္ေနတဲ့အေကာင္ငယ္ေလးက တားမရဆီးမရဘဲ။
အခ်စ္ကို မယံုၾကည္တဲ့ကိုယ္က သူမကိုေတာ့ တကယ္ပဲခ်စ္မိေနၿပီလား။

ဒီဇင္ဘာ ၁၈၊ ၂၀၁၈။
ဒီေန့ေတာ့ ေဆာင္ဟြန္းအတြက္ ကံေကာင္းတဲ့ေန့ပဲ။
က်ူးလစ္ဝါေလးကို ေက်ာင္းကန္တင္းမွာ မထင္မွတ္ဘဲေတြ့လိုက္တယ္။
သူမနဲ႔ေမဂ်ာမတူေပမဲ့ တစ္ေက်ာင္းတည္းျဖစ္ေနတာပဲ။
သူငယ္ခ်င္းေတြသူမကိုေခၚတဲ့နာမည္က Calla တဲ့ေလ။
Calla ဆိုတာက ဂရိလို "လွပတယ္" ဆိုတဲ့အဓိပၸာယ္ပဲ။
က်ူးလစ္ဝါေလးက နာမည္ေလးေရာ လူေလးေရာလွလိုက္တာ။

ဒီဇင္ဘာ ၂၂၊ ၂၀၁၈။
တစ္ေယာက္ေယာက္ကို အမွတ္မထင္နဲ႔ သံုးခါေတြ့ရင္ဖူးစာတဲ့။
က်ူးလစ္ဝါေလးက အိမ္နားမွာေကာ္ဖီဆိုင္အသစ္ လာဖြင့္လိုက္ၿပီ။ ခနခနသြားရမယ္။

ဇန္နဝါရီ ၆၊ ၂၀၁၉။
ဒီေန့နဲ႔ဆို က်ူးလစ္ဝါေလးရဲ့ ေကာ္ဖီဆိုင္မွာ အားတဲ့အခ်ိန္တိုင္းသြားထိုင္ရင္း စာလုပ္ျဖစ္တာ ႏွစ္ပတ္ေလာက္ရိွၿပီ။
တစ္ခ်က္တစ္ခ်က္မွာ ခိုးၾကၫ့္ျဖစ္တာေတာ့  ကိုယ္ကိုယ္တိုင္ရယ္၊ ကိုယ္ေစာင့္နတ္ရယ္၊ ျမတ္စြာဘုရားရယ္ပဲ သိမယ္ထင္တယ္။

ေဖေဖာ္ဝါရီ ၄၊ ၂၀၁၉။
Polaroid ကင္မရာေလးတစ္လံုး ဝယ္လိုက္ၿပီ။
က်ူးလစ္ဝါေလးရဲ့ လွပတဲ့အခိုက္အတန႔္တိုင္းကို မွတ္တမ္းတင္ဖို႔ေလ။
က်ူးလစ္ဝါေလး ၿပံဳးေနတဲ့ပံုေတြ၊ သူငယ္ခ်င္းေတြနဲ႔စကားေျပာရင္းရယ္ေမာေနတာေတြ၊ စိတ္ဝင္တစားနဲ႔ ေကာ္ဖီေဖ်ာ္ေနတဲ့ပံုေတြ..... အခိုက္အတန႔္တိုင္းကို မွတ္တမ္းတင္ထားမိတယ္။ သူမကအရမ္းကိုလွပလြန္းတယ္ေလ။
ေဂ်း တို႔ကေတာ့ေျပာတယ္ "မင္းရူးေနၿပီ" တဲ့။
ဟုတ္တယ္ ကိုယ္ကအရူးေလ။ "က်ူးလစ္ဝါေလးကိုပဲသိတဲ့အရူး"

ဧၿပီ ၁၅၊ ၂၀၁၉။
ဒီေန့ ဟိုဟိုဒီဒီ ေလ်ွာက္ေတြးရင္း သီခ်င္းနားေထာင္ျဖစ္တယ္။ က်ူးလစ္ဝါေလး‌အေၾကာင္းေတြးေနတဲ့အခ်ိန္မွာ ဖြင့္မိတဲ့သီခ်င္းက Minhyun ရဲ့ Universe တဲ့ေလ။
တိုက္ဆိုင္ခ်က္ပဲ။
ဟုတ္ပါတယ္ က်ူးလစ္ဝါေလးက ကိုယ့္အတြက္ universe ေလး။

ဇြန္ ၈၊ ၂၀၁၉။
ဒီေန့က်ူးလစ္ဝါေလးေမြးေန့။
သိလိုက္ရတာတစ္ခုက က်ူးလစ္ဝါေလးက ႏွင္းဆီေလးတစ္ပြင့္ျဖစ္ေနတယ္ေလ။ ဘယ္သူထင္မိမွာလဲ။
ဒါ‌ေပမဲ့လည္း ကိုယ့္အတြက္ေတာ့ အၿမဲတမ္းက်ူးလစ္ဝါေလးပါပဲ။
လက္ေဆာင္ကို ေကာ္ဖီဆိုင္မွာ တိတ္တိတ္ေလးထားၿပီးျပန္လာခဲ့တယ္။
လက္ေဆာင္က cosmos ပန္းေလးေလ။

Cosmos ရဲ့ ပန္းစကားေလးက
''မင္းက ကိုယ့္ရဲ့စၾကာဝဠာ''' တဲ့။
ဒါကို Universe ငယ္ေလးသိဖို႔ေမ်ွာ္လင့္ပါတယ္။

စက္တင္ဘာ ၉၊ ၂၀၁၉။
ေဂ်းတို႔ကေမးတယ္ "မင္းဒီလိုပဲလုပ္ေနေတာ့မွာလား"
"ဖြင့္မေျပာေတာ့ဘူးလား"တဲ့
အင္း မေျပာျဖစ္ေလာက္ေတာ့ဘူး ဘာလို႔လဲဆိုေတာ့
က်ူးလစ္ဝါ‌ေလးက ၾကယ္ေလးလိုပဲမို႔လို႔ေလ။

တစ္စံုတစ္ေယာက္ကေျပာတယ္ တခ်ိဳ႕အရာေတြက အနီးကပ္မဟုတ္ဘဲ အေဝးကေနၾကၫ့္မွပိုလွတာတဲ့။ ဥပမာ ေတာင္တန္းေတြ ၿပီးေတာ့ ၾကယ္ေလးေတြ‌လိုေပါ့။
က်ူးလစ္ဝါေလးက ကိုယ့္အတြက္အဲ့လိုျဖစ္တည္မႈမ်ိဳးပဲ။
ပိုင္ဆိုင္ခ်င္တဲ့စိတ္ မရိွဘူးလို႔ေျပာရင္ လိမ္တာလို႔ပဲ ေျပာပါရေစ။
ျပန္ရလာမဲ့အခ်စ္ကိုေမ်ွာ္လင့္ခဲ့မိပါတယ္။ ဒါေပမဲ့ ေမ်ွာ္လင့္ရတာကပင္ပန္းရမွန္း သိလာရတဲ့ေနာက္မွာေတာ့ သူမနဲ႔နီးစပ္ခြင့္ရဖို႔ထပ္ ဒီအတိုင္းေလး အေဝးကေန ေငးၾကၫ့္ရင္း သူမေပ်ာ္ရႊင္ေစဖို႔ဆုေတာင္းရင္း၊ တန္ဖိုးထားၿပီးခ်စ္သြားရင္း၊
အစြမ္းကုန္ေတာက္ပေနတာကိုၾကၫ့္ခ်င္တာ။

အခ်စ္ကိုျပန္ရဖို႔ထပ္ ေငးေနခြင့္ေလးပဲရရင္အဆင္ေျပတယ္။
ကိုယ္ကအရာရာကို ၿငီးေငြ့လြယ္တဲ့သူျဖစ္တာေၾကာင့္ သူမကိုၿငီးေငြ့သြားၿပီး ဆက္မခ်စ္ႏိုင္ေတာ့မွာကို တကယ္အေၾကာက္ဆံုးပဲ။ ၿပီးေတာ့ အခ်စ္ဦးဆိုတာကို နာက်င္ရတာေတြ ေၾကကြဲရတာေတြ မုန္းတီးရတာေတြမရိွပဲနဲ႔
အမွတ္တရေကာင္းေလးတစ္ခုအျဖစ္က်န္ေနခဲ့ေစခ်င္တာပါ။

ႏိုဝင္ဘာ ၃၊ ၂၀၁၉။
ဒီေန့ က်ူးလစ္ဝါေလးက တစ္ေယာက္ေယာက္ကို ၾကၫ့္ရင္း စိတ္လြတ္ကိုယ္လြတ္ၿပံဳးေနတာကို ေတြ့ခဲ့တယ္။
ႏွစ္ေတြၾကာခဲ့ၿပီဆိုတာေတာင္ အဲ့ဒီအၿပံဳးေတြက လူကိုရင္ခုန္ေအာင္ ျပဳစားႏိုင္ေနတုန္းပဲ။
သူမရဲ့မ်က္ဝန္းေတြ အၿပံဳးေတြကိုျမင္တိုင္း ကိုယ့္ရဲ့စိတ္ကိုသိေအာင္ ဖြင့္ေျပာခ်င္မိတယ္။
ဒါေပမဲ့ အဲ့ဒီေလာက္ထိ သတၲိမရိွဘူး။
ျငင္းလိုက္ရင္ပဲျဖစ္ျဖစ္၊ တခုခုမွားယြင္းသြားရင္ပဲျဖစ္ျဖစ္ ရလာမဲ့နာက်င္မႈမ်ိဳးကို မလိုခ်င္ဘူး။

အဲလိုဆိုလို႔ အထက္တန္းတုန္းက ကိစၥတစ္ခုကိုေတာင္ သတိရမိတယ္။
အဲ့တုန္းကလည္း တစ္ေယာက္ေယာက္ကို သေဘာက်ဖို႔ ႀကိဳးစားခဲ့ဖူးတယ္။
ဒါေပမဲ့ လစဉ္အမွတ္စာရင္းမွာ အမွတ္ေလ်ာ့သြားမွာေတြ၊ ေမေမစိတ္အေနွာင့္အယွက္ျဖစ္မွာစိုးတာေတြ၊ ေက်ာင္းအုပ္ႀကီးသိသြားရင္ အဆူခံရမွာေတြ ေတြးၿပီး ဘာမွမလုပ္ခဲ့မိဘူးပဲ။
ၾကၫ့္ရတာ သတၲိက ေမြးကတည္းကပါမလာဘူးနဲ႔တူပါတယ္။

ဇန္နဝါရီ ၁၅၊ ၂၀၂၀။
ဒီေန့ ေမေမကေမးတယ္။ "တကၠသိုလ္တတိယႏွစ္ေရာက္ေနၿပီ သေဘာက်ေနတဲ့သူမရိွေသးဘူးလား" တဲ့။
ဘယ္လိုေျပာရပါ့မလဲ...အခုအခ်ိန္အထိ သေဘာက်ေနတဲ့သူမရိွဘူးလို႔ေျပာရင္ လိမ္ေနတာလို႔ပဲ ေျဖပါရေစ။ ဒီတခါလည္း သတၲိမရိွတာေၾကာင့္
က်ူးလစ္ဝါေလးကို သေဘာက်ေနမိေပမဲ့ မရိွ‌ေသးဘူးလို႔ပဲ မုသားသံုးလိုက္မိတယ္။

ဇန္နဝါရီ ၁၀၊ ၂၀၂၁။
ဘာလိုလိုနဲ႔ တကၠသိုလ္ေနာက္ဆံုးႏွစ္ေတာင္ ေရာက္လာၿပီပဲ။
စာတမ္းျပဳစုရမွာေတြ၊ presentation ေတြေၾကာင့္ က်ူးလစ္ဝါေလးဆီခနခနမသြားျဖစ္ေတာ့ဘူး။
သူမလည္းဆိုင္ကိုသိပ္မလာျဖစ္ဘူးတဲ့ေလ။
ဘြဲ႔ရၿပီးရင္ေရာ အရင္လိုမ်ိဳး ခနခနေတြ့ခြင့္ ရပါ့မလား။

မတ္ ၂၀၊ ၂၀၂၃။
ဦးေလးရဲ့ ကုမၸဏီမွာ အလုပ္ဝင္ေနတာ ႏွစ္ႏွစ္‌ေလာက္ရိွၿပီ။
ဘြဲ႔ရၿပီးမၾကာခင္ အလုပ္ရသြားလို႔ ေတာ္ပါေသးတယ္။
ေဂ်းကေျပာတယ္ ဒီအေတာအတြင္းမွာ
အရင္ကတည္းကသေဘာက်ခဲ့ရတဲ့ ေဆာႏူနဲ႔ ‌တြဲေနၿပီတဲ့။
သတၲိကအမ်ားႀကီးစကားေျပာသြားတယ္ ထင္ပါတယ္။

မတ္ ၂၇၊ ၂၀၂၃။
ဒီေန့ အမ်ိဳးေတြနဲ႔အတူတူ ခ်ယ္ရီပန္း‌ေတြကိုသြားၾကည့္ခဲ့တယ္။
ခ်ယ္ရီပန္းေလးေတြကသိပ္ၿပီးႏူးညံ့လွပတာပဲ။
သူမကိုသတိရေစတယ္။
ႏွစ္ေတြၾကာသြားတာေတာင္အခုထိ ခ်စ္ေနတုန္းပဲလားလို႔ေမးရင္ အၿမဲတမ္းပဲလို႔ေျဖမိမွာပါ။
ဒါ‌ေပမဲ့အခ်ိန္တစ္ခု ၾကာခဲ့ၿပီဆိုေတာ့ အခ်စ္ဦးဆိုတဲ့စာအုပ္ေလးကို နိဂံုးခ်ဳပ္သင့္ေနၿပီလို႔ထင္ပါတယ္။
ဘာလို႔လဲဆိုေတာ့ က်ူးလစ္ဝါေလးမွာလည္း ခ်စ္ရမယ့္သူေပၚလာၿပီေလ။
သူမကိုၾကၫ့္ေနတဲ့ သူ႔ရဲ့မ်က္ဝန္းေတြထဲမွာ ႏူးညံ့မႈေတြ တန္ဖိုးထားမႈေတြအျပၫ့္ပဲ။ သူမကလည္း အရမ္းကို ေပ်ာ္ရႊင္ေနတဲ့ပံုေပၚတယ္။ ဒီေလာက္ဆို ရၿပီထင္ပါတယ္။
အဲ့ဒီအျပင္ကိုယ္တိုင္အတြက္လည္း ဘဝတစ္ေလ်ွာက္လံုးကို အတူတူျဖတ္သန္းခ်င္တဲ့သူ၊ တန္ဖိုးထားၿပီးခ်စ္ေပးရမဲ့သူ ေပၚလာၿပီေလ။ က်ူးလစ္ဝါေလးကိုေတာ့ ေမ့ႏိုင္ေတာ့မယ္မထင္ဘူး။
အမ်ားႀကီးျမတ္ျမတ္ႏိုးႏိုးနဲ႔ ခ်စ္ခဲ့ရပါတယ္။
အခုေတာ့ က်ူးလစ္ဝါေလးကို ခ်စ္ျမတ္ႏိုးခဲ့တဲ့ လွပတဲ့အမွတ္တရကို ႏွလံုးသားထဲမွာပဲ သိမ္းထားပါရေစ။
.
.
(A/N Minhyun ရဲ့ universe သီခ်င္းေလးပါ
Minhyun ရဲ့ အသံခ်ိဳခ်ိဳေလးနဲ႔ အရမ္းနားေထာင္လို႔ေကာင္းတာမို႔ တစ္ေခါက္ေလာက္ နားေထာင္ၾကၫ့္ဖို႔ အႀကံျပဳခ်င္ပါတယ္)

Continue Reading

You'll Also Like

1.7M 120K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
43.9M 1.3M 37
"You are mine," He murmured across my skin. He inhaled my scent deeply and kissed the mark he gave me. I shuddered as he lightly nipped it. "Danny, y...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
1.3M 69K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...