Another One

By Mojinies

628 84 23

ဘယ်လိုအရာမျိုးကိုပဲ ရွေးချယ်၊ရွေးချယ် နောင်တဆိုတာ ရှိတက်စမြဲပဲ။ YoonGi More

🌻1🌻

Intro

378 44 13
By Mojinies

Zawgyi

"ေဟး ယြန္းဂီ ငါတို႔ဒီမွာ ''

အရက္ဘားတစ္ခု၏ ဆိုင္အတြင္းပိုင္းမွာျဖစ္သည္။ထိုဆိုင္ထဲတြင္ စားပဲြဝုိင္းအမ်ားအျပားကိုေနရာခ်ထားၿပီး ဘီယာအခ်ဳိ့ႏွင့္ဆိုဂ်ဴကိုေအးေအးေဆးေဆးေသာက္ခ်င္သူမ်ားအတြက္ အေကာင္းဆုံးေနရာတစ္ခုလည္းျဖစ္သည္။တျခားေသာ ဘားေတြမွာလို ဆူညံကခုန္ေနတာမ်ဳိးမဟုတ္ဘဲ  ေတးဂီသံေအးေအးေလးကိုသာ ဖြင့္ေပးထားၿပီး မိတ္ေဆြ၊သူငယ္ခ်င္း၊လုပ္ငန္းအဖဲြ႔အစည္းမွ ဝန္ထမ္းမ်ား၊မိသားစုမ်ား အမ်ားစုလာေရာက္ၾကသည့္ ဆိုင္တစ္ဆိုင္ျဖစ္သည္။

ဂ်ယ္ဂြၽန္း၏လွမ္းေခၚမႈေၾကာင့္ ဆိုင္ထဲသုိ႔မ်က္လုံးေဝ့ကာဟုိဒီ႐ွာေနေသာ ယြန္းဂီသည္ အသံလာရာဆီကိုဦးတည္လိုက္ၿပီး ဂ်ယ္ဂြၽန္းႏွင့္အတူ သူ၏သူငယ္ခ်င္းမ်ား႐ွိရာ စားပဲြဝိုင္းဆီသုိ႔ ဦးတည္သြားလိုက္ေတာ့သည္။

"ကေလးအေဖႀကီးက ေနာက္ဆုံးေတာ့ ေရာက္လာၿပီပဲ''

ထိုင္ခုံေပၚထိုင္ထိုင္ခ်င္း ဟယ္ရာ၏ရဲြ႔တဲ့တဲ့စကားတစ္ခြန္းေၾကာင့္ ယြန္းဂီတစ္ေယာက္ ျပံဳးျပရင္းသာ တုံ႔ျပန္လိုက္သည္။ဘာလို႔ဆို သူမေျပာတာကလည္း အမွန္ျဖစ္ေနတာေၾကာင့္ပင္။ေက်ာင္းသားေဟာင္းေတြ႔ဆုံပဲြေခၚတိုင္း သားေလးကတစ္ဖက္ ေယာက်ာၤးကတစ္ဖက္ႏွင့္ မအားမလပ္ျဖစ္ေနေသာ သူ(ယြန္းဂီ)သည္ ယခုလိုပဲြမ်ဳိးကို ဘယ္ေသာအခါမွ မလာျဖစ္ခဲ့။အခုေတာ့ သားကလည္း မူႀကိဳေက်ာင္းကိုပို႔ရတဲ့အရြယ္ေရာက္ေနသည့္အျပင္ အိမ္ကေယာက်ာၤးကလည္း သြားပါဆိုၿပီး ခြင့္ျပဳခ်က္ရထားတာေၾကာင့္ ယခုလိုမ်ဳိးေတြ႔ဆုံပဲြကို မဆိုင္းမတြေရာက္လာရျခင္းျဖစ္သည္။

"ငါက မအားလို႔ပါ။ဒါနဲ႔ နင္တို႔ေရာ အဆင္ေျပေျပ႐ွိၾကရဲ႕လား ''

"အင္း *2''

"ဟဲ့ ယြန္းဂီ ေနာက္လဆို ဂ်ယ္ဂြၽန္းက မဂၤလာေဆာင္ေတာ့မွာဟဲဲ့''

"ဟုတ္လား ။အိမ္ေထာင္ဖက္က ဘယ္ကလဲ ''

ဟယ္ရာရဲ႕စကားအၿပီး ယြန္းဂီမွာၾကက္ေပါင္တစ္ခုကို ကိုင္ထားရင္းသာ သိခ်င္သည္မ်ားကိုေမးေနမိသည္။

"ငါတို႔ေက်ာင္းက စီနီယာအမႀကီးေလ။စာၾကည့္တိုက္မွဴးသိတယ္မို႔လား။ဂ်ယ္ဂြၽန္းတစ္ေယာက္ စာဖက္တာလိုလို၊ဘာလိုလိုနဲ႔ ပိုးပန္းခဲ့တာေလ''

"အာ...တကယ္ပဲ ဂ်ယ္ဂြၽန္းက အဲ့အမႀကီးနဲ႔ လက္ထပ္ဖို႔ျဖစ္လာခဲ့ၿပီေပါ့။ဂုဏ္ယူပါတယ္ ဂ်ယ္ဂြၽန္း ''

"ေက်းဇူးပဲ သူငယ္ခ်င္း။ငါ့မဂၤလာေဆာင္ၾက မင္းတို႔မိသားစုလည္း လာခဲ့ရမွာေနာ္''

"ေအးေပါ့ လာရမွာေပါ့''

"ဒါနဲ႔ ယြန္းဂီအမ်ဳိးသားက toki company က CEOျဖစ္သြားၿပီဆို ''

"ဟီး..ဟုတ္တယ္ ''

မင္ဟုိ၏အေမးအား ရယ္က်ဲက်ဲေလးေျဖေနေသာ ယြန္းဂီသည္ ကေလးတစ္ေယာက္အေဖလို႔ေျပာရင္ မည္သူမ်ွယုံဖြယ္ရာမ႐ွိ။ယုံဖြယ္ရာမ႐ွိဆိုသူသည္ တကၠသုိလ္ေနာက္ဆုံးႏွစ္မွာအေလာတႀကီး အိမ္ေထာင္က်ၿပီး အခုမွာေတာ့ ငါးႏွစ္အရြယ္သားေလးတစ္ေယာက္ကိုပိုင္ဆိုင္ထားကာ ေယာက်ာၤးျဖစ္သူမွာလည္း ဒိတ္ဒိတ္ၾကဲစီးပြားေရးသမားတစ္ေယာက္ျဖစ္သည္။သုိ႔ေသာ္ ယြန္းဂီကေတာ့ သူမ်ားေတြလို ေပၚေပၚထင္ထင္ေနေလ့မ႐ွိဘဲ သားျဖစ္သူႏွင့္ေယာက်ာၤးျဖစ္သူကို ေနာက္ကြယ္ကေန ပံ့ပိုးရင္းသာ အိမ္ေထာင္တာဝန္ကိုထမ္းေဆာင္လ်က္႐ွိသည္။

"အခုတေလာ toki ကထုတ္တဲ့ အက်ႌေတြက လုံးဝကိုမိုက္ေနတာေနာ္။ငါကေတာ့ မင္းကိုအားက်လိုက္တာ ယြန္းဂီရာ''

မင္ဟုိမွာ ဆိုဂ်ဴတစ္ခြက္ကိုေမာ့လိုက္ရင္းျဖင့္ ယြန္းဂီအား စကားလွမ္းေျပာေနလိုက္သည္။

"အားက်ရင္ လင္ယူလိုက္ေလ မင္ဟုိရယ္...''

"ဟား...ဟား...ဟား''

ဟယ္ရာရဲ႕စကားအဆုံး ပဲြက်သြားေသာ ယြန္းဂီတို႔၏ စားပဲြဝိုင္းသည္ ခြက္တိုက္သံေတြႏွင့္အတူ စည္ကားလ်က္႐ွိသည္။

"ေယး...ခ်ီးယား...*5 ''

"ခ်ီးယား....''

.
.
.

"ဒါနဲ႔ဒီႏွစ္လည္း ေဂ်ာင္ဂုက ေက်ာင္းသားေဟာင္းေတြ႔ဆုံပဲြကို မလာဘူးေနာ္''

ဆိုဂ်ဴေသာက္ေနရင္းျဖင့္ ဒယ္နီ၏စကားတစ္ခြန္းေၾကာင့္ ဆိုဂ်ဴခြက္အားကိုင္ထားေသာ ယြန္းဂီ၏ လက္ေတြသည္ ခတၱခဏရပ္တန္႔သြားၿပီး ေခါင္းကိုသာငုံ႔ထားလ်က္႐ွိသည္။

"အဲ့အေကာင္က ငါတို႔ကိုေမ့သြားတာေနမွာ။ဟုိတေလာက ၾကားတာေတာ့ အေမရိကမွာလို႔ေျပာတယ္။အလကား ေသာက္ႀကီးေသာက္က်ယ္ေကာင္! ''

ဟယ္ရာသည္ စိတ္ထဲ႐ွိရာေတြကိုထုတ္ေျပာလိုက္ၿပီး ခ်လာေပးေသာ အျမည္းတစ္ခ်ဳိ့အား ပါးစပ္ထဲသုိ႔ေကာက္ထည့္လိုက္သည္။

"နင္ကလည္း သူလည္းအိမ္ေထာင္ေတြဘာေတြက်ရင္က်ေနေလာက္မွာ။ငါတို႔အသက္ေတြလည္း မငယ္ေတာ့ဘူးေလ။ယြန္းဂီဆိုၾကည့္ပါလား သူ႔ကေလးေတာင္ငါးႏွစ္ထဲေရာက္ၿပီ။ေဂ်ာင္ကုထြက္သြားတာလည္း ယြန္းဂီလက္ထပ္ပဲြမတိုင္ခင္ေ႐ွ႕တစ္ပတ္ကေလ ''

ဟယ္ရာ၏စကားအား ျပန္ၿပီးခြန္းတု႔ံျပန္သူ မင္ဟုိသည္ အတိုင္အေဖာက္ညီစြာျဖင့္ ဟယ္ရာ၏အရက္ခြက္အား ျဖည့္ေပးေနလ်က္႐ွိသည္။

"အင္း.. အဲ့လိုဆိုေတာ့လည္း ငါတိုေတြေက်ာင္းၿပီးတာေတာင္ ဟုိဂ်င္းေလးတစ္သက္႐ွိၿပီေနာ္ ''

ဟယ္ရာသည္ ထိုစကားအား ေဆြးေဆြးေျမ့ေျမ့ေလးေျပာကာ ေက်ာင္းသားဘဝအား လြမ္းဆြတ္ေနဟန္႐ွိသည္။

"ဟဲ့ ယြန္းဂီ နင္ေရာ ေဂ်ာင္ဂုကို သတိမရဘူးလား။ေက်ာင္းတုန္းကဆို နင္တို႔ကအရမ္းကိုအတဲြညီခဲ့တာေလ ''

"ဟမ္.. အာ...ရ..ရပါတယ္''

"ကဲကဲ ေတာ္ၾကေတာ့ ဟယ္ရာနဲ႔မင္ဟုိမင္းတို႔အရမ္းမမူးခင္အိမ္ျပန္ၾကေတာ့ ယြန္းဂီမင္းလည္း အိမ္မွာကေလးနဲ႔ေယာက်ာၤးနဲ႔ေလ မင္းပဲအရင္ျပန္ႏွင့္မလား ''

ယြန္းဂီ၏အေျခအေနအားေကာင္းေကာင္းသိသူ ဂ်ယ္ဂြၽန္းသည္ ဟယ္ရာႏွင့္မင္ဟုိအားထိုသုိ႔ေျပာကာ ယြန္းဂီျပန္ဖို႔ရာကို ေစ့ေဆာ္လိုက္သည္။

"အာ..အင္းျပန္ရမွာေပါ့ ''

"ငါျပန္ၿပီေနာ္ သူငယ္ခ်င္းတို႔ ''

"ေအးေအး ေကာင္းေကာင္းျပန္ ''

ယြန္းဂီ၏ ႏႈတ္ဆက္စကားအား ျပန္ေျပာလိုက္သူ ဂ်ယ္ဂြၽန္းသည္ ဆိုင္ထဲမွယြန္းဂီထြက္သြားသည္ႏွင့္ ဟယ္ရာအား ဆူေငါက္လိုက္သည္။

''ဘာလို႔ဒီအခ်ိန္မွာ ေဂ်ာင္ဂုအေၾကာင္းထေျပာတာလဲ!  ''

"ဘာလို႔လဲ ေျပာလို႔မရဘူးလား။ယြန္းဂီလည္း သူ႔အိမ္ေထာင္နဲ႔သူဆိုေပမဲ့ ငါအေနနဲ႔ေဂ်ာင္ဂုကိုသနားလို႔ပါ ။ေနာက္ၿပီး ဟုိဂ်င္းေလးကေလ သူ႔အေဖ ကင္ေဆာ့ဂ်င္ထက္ ေဂ်ာင္ဂုနဲ႔တစ္ခ်က္ တစ္ခ်က္ မဆင္ဘူးလားဟင္ ''

"ဟာ..ေပါက္တက္ကရေတြ။မူးရင္အိမ္ျပန္ပါ ဟယ္ရာရယ္။နင္အဲ့လိုေတြေလ်ွာက္ေလ်ွာက္ေျပာလို႔ ဟုိတေလာက နင့္အိမ္ေဘးကလင္မယားက ကဲြမလိုေတြျဖစ္တာဆို ''

"ေအးဟုတ္တယ္...''

"ကဲကဲေတာ္ၾကေတာ့ အဓိပၸါယ္မ႐ွိတာေတြေျပာမေနနဲ႔ ဟယ္ရာ၊ဒယ္နီနဲ႔မင္ဟုိ ထပ္ေသာက္ခ်င္ေသးလားမွာေလ''

"ထပ္မွာလိုက္ရမလား။အတန္းေခါင္းေဆာင္းက အိမ္ျပန္လိုက္ပို႔မွာလား ''

ဒယ္နီသည္သူေသာက္ထားသည့္ limit ကိုေက်ာ္လြန္ေနၿပီျဖစ္ေသာေၾကာင့္ ဂ်ယ္ဂြၽန္းအားထိုသုိ႔ေမးကာ ဝန္ထမ္းေကာင္ေလးအား လွမ္းေခၚလိုက္သည္။

"ေသာက္မွာသာေသာက္ပါ ငါ့ေကာင္ရာ။မင္းအိမ္နဲ႔ငါ့အိမ္က နီးနီးေလးကို ငါလိုက္ပို႔မွာေပါ့''

မင္ဟုိမွာဒယ္နီရဲ႕ ပုခုံးကိုလွမ္းဖက္ကာ လိုက္ပို႔မည္ျဖစ္ေၾကာင္းကိုေျပာေနျပန္သည္။

"ေတာ္ပါ။ငါအေၾကာက္ဆုံးက မင္းပဲ ''

_______Another One_______

"ေဩာ္...ယြန္းျပန္လာၿပီပဲ ''

ေရခ်ဳိးခန္းထဲကထြက္ထြက္လာခ်င္း အခန္းထဲ႐ွိ ဆိုဖာခုံေပၚတြင္ထိုင္ေနေသာ ယြန္းဂီေၾကာင့္ ေဆာ့ဂ်င္မွာ ေခါင္းကိုေရသုတ္ေနရင္းျဖင့္ ထိုသုိ႔လွမ္းေျပာလုိက္သည္။

"အာ..ဟုတ္တယ္ ''

"ဘယ္လိုလဲ သူငယ္ခ်င္းေတြနဲ႔ေတြ႔ခဲ့ရတာ ေပ်ာ္ခဲ့လား ''

"ဗ်ာ..ေပ်ာ္...ေပ်ာ္ပါတယ္

ဒီနားလာ အကုိဂ်င္ ယြန္း ေရသုတ္ေပးမယ္''

ယြန္းဂီသည္ သူထိုင္ေနသည့္အနားကို ေဆာ့ဂ်င္ကိုလာေစကာ ေရစက္လက္က်ေနေသာ ေဆာ့ဂ်င္၏ဆံပင္ေတြအား ႏူးညံ့ညင္သာစြာျဖင့္ သုတ္ေပးလ်က္႐ွိသည္။ယခုအေနအထားသည္ ယြန္းဂီထိုင္ေနေသာ ဆုိဖာခုံေပၚသုိ႔ ေဆာ့ဂ်င္ေရာထိုင္ေစကာ မ်က္ႏွာခ်င္းဆိုင္အေနအထားျဖင့္ ေရသုတ္ေပးေနျခင္းျဖစ္သည္။

"ယြန္း''

"ဗ်ာ..''

"ေနာက္အပတ္ၾကေလ ေမေမတို္႔ကသူ႔ေျမးေလးကိုေရာ ေတြ႔ခ်င္တာမို႔ ဩစေတးလ်ကို လာခဲ့ပါတဲ့။ယြန္းအေနနဲ႔ အဆင္ေျပမယ္ မဟုတ္လား''

"အကုိဂ်င္ေရာ ပါမယ္မဟုတ္လားဟင္ ''

"ပါမွာေပါ့။ကုိယ္က ကိုယ့္အမ်ဳိးသားေလးတစ္ေယာက္တည္းကို ေမေမတို႔ဆီ မလႊတ္ပါဘူး ''

ရႊတ္..

မ်က္ႏွာသစ္ဆပ္ျပာနံ႔သင္းသင္းေလးရေနေသာ ေဆာ့ဂ်င္၏နဖူးျပင္အား ေရသုတ္ေပးေနေသာ ယြန္းဂီမွ နမ္းလိုက္ျခင္းျဖစ္သည္။

ႁပြတ္စ္...

ယြန္းဂီ၏အနမ္းအဆုံး ယြန္းဂီ၏ လည္တိုင္ကိုကိုင္ကာ စတင္ၿပီးနမ္း႐ႈိက္လာေသာသူမွာ ေဆာ့ဂ်င္သာျဖစ္သည္။

"ခႏၶာကိုယ္ေပၚက ကုိယ္တို႔ရဲ႕အဝတ္ေတြကို ဒီေန႔ညေတာ့ လႊင့္ပစ္မွရမယ္ထင္တယ္ ''

ေဆာ့ဂ်င္သည္နမ္းေနရင္းျဖင့္ ထိုသုိ႔ေျပာရင္း ယြန္းဂီ၏အဝတ္ေတြကို တစ္လႊာခ်င္းခြၽတ္ကာ ကုတင္ေပၚသုိ႔ ေခၚသြားေတာ့သည္။

______ Another One_______

"ဒယ္ဒီ ပါးပါးမႏိုးေသးဘူးလားဟင္''

မနက္စာထမင္းဝုိင္းတြင္ ထမင္းေကြၽးေနေသာ ေဆာ့ဂ်င္သည္ ဟုိဂ်င္းေလး၏အေမးေၾကာင့္ မ်က္ႏွာထက္ဝယ္အျပံဳးရိပ္တို႔သည္ ျဖတ္ေျပးသြားၿပီး အနည္းငယ္ေပေနေသာ ဟုိဂ်င္း၏ပါးစပ္ကို တစ္႐ွဴးျဖင့္သုတ္ေပးကာ မနက္စာကိုသာ အာ႐ုံတစ္စိုက္ေကြၽးေမြးလ်က္႐ွိသည္။

ေဆာ့ဂ်င္ႏွင့္ယြန္းဂီသည္ အိမ္တြင္အိမ္အကူမ်ား႐ွိေသာ္လည္း ဟုိဂ်င္းေလး၏ ကိစၥအဝဝသား သူတို႔ကိုယ္တိုင္သာ စီမံေဆာင္ရြက္လ်က္႐ွိသည္။ယခုလိုမနက္ခင္းေတြမွာေတာ့ ေဆာ့ဂ်င္ကဟုိဂ်င္းေလး၏ ေဝယ်ာဝၥအားလုပ္ေစကာ မူႀကိဳေက်ာင္းကိုလည္း ကိုယ္တိုင္ပို႔ေဆာင္ေပးသည္။

ယခုလိုမနက္ခင္းဆိုတာ ညဘက္ေတြမွာ အခ်စ္ၾကမ္းထားေသာ မနက္ခင္းေတြျဖစ္သည္။ဒီလိုမနက္ခင္းေတြဆို ေဆာ့ဂ်င္သည္ေစာေစာထၿပီး ယြန္းဂီခ်ဳိးမဲ့ေရအား ေရေႏြးစပ္ေပးခဲ့ကာ သားေလးကိုလည္း မနက္စာေကြၽးၿပီး သူ႐ုံးသြားသည့္အခ်ိန္တြင္ သားေလးကိုပါေခၚကာမူႀကိဳေက်ာင္းကို ပို႔ေပးျခင္းျဖစ္သည္။

"ပါးပါးက ညကအိပ္တာေနာက္က်လို႔ ဒယ္ဒီက အိပ္ပါေစဆိုၿပီး မႏႈိးပဲထားခဲ့တာ''

"ဟုတ္...''

"ဒယ္ဒီေၾကာ္ေကြၽးတဲ့ ဝက္အူေခ်ာင္းက အရသာ႐ွိလား ''

"ဒယ္ဒီလက္ရာက အမိုက္ဆုံးပဲ ''

"ဟုတ္လား။''

"ဟုတ္တယ္ သားတို႔ဒယ္ဒီက ဒီကမၻာမွာအေတာ္ဆုံး''

ဟုိဂ်င္းေလးသည္ ေႂကြဇြန္းေလးကိုကိုင္ထားရင္း လက္မကိုေထာင္ျပကာ သူ႔အေဖက အေတာ္ဆုံးဆိုပါဆိုေသာ ပုံသ႑ာန္အား ပုံေဖာ္လ်က္႐ွိသည္။

ဟုိဂ်င္းေလးမွာ  က်ယ္ဝန္းေသာ မ်က္လုံးအိမ္ေတြ႐ွိၿပီး၊ႏွာတံတို႔မွာလည္း ေျဖာင့္စင္းကာ၊နားရြက္ကားကားေလးႏွင့္ ႏႈတ္ခမ္းေအာက္က မွည့္နက္ေလးသည္ ထင္႐ွားစြာတည္႐ွိေနၿပီး ခ်စ္စဖြယ္ေကာင္းေသာ၊လိမၼာေရးျခား႐ွိေသာ ကေလးတစ္ေယာက္ျဖစ္သည္။

______Another One______

ဂ်ယ္ဂြၽန္း၏ မဂၤလာေဆာင္အခမ္းအနားတြင္ျဖစ္သည္။

"ဂုဏ္ယူပါတယ္ ဂ်ယ္ဂြၽန္း''

ယြန္းဂီသည္ထိုသုိ႔ေျပာရင္း ဂ်ယ္ဂြၽန္း၏ လက္ႏွစ္ဖက္အားဆုပ္ကိုင္လိုက္သည္။

"ေက်းဇူးသူငယ္ခ်င္း။ငါအမ်ားႀကီးစိတ္လႈပ္႐ွားေနတာ ''

"အဆင္ေျပသြားမွာပါ "

"သတို႔သားက အမ်ားႀကီးစိတ္လႈပ္႐ွားေနလို႔မျဖစ္ဘူးေလ။အဆင္ေျပမွာပါ ''

ယြန္းဂီေဘးနားရပ္ေနသူ ေဆာ့ဂ်င္သည္လည္း ဂ်ယ္ဂြၽန္း၏ ပုခုံးတစ္ဖက္ကိုပုတ္ကာ အားေပးစကားေျပာလိုက္သည္။

"ေက်းဇူးပါ အကိုေဆာ့ဂ်င္။သြားသြား မင္းတို႔ခန္းမထဲသြားၾကေတာ့ ငါကဧည့္သည္ေတြကို လိုက္ၿပီးႏႈတ္ဆက္လိုက္အုန္းမယ္ ''

"ေအးေအး...''

.
.
.
.

"ေဟးယြန္းဂီ ''

စားပဲြဝုိင္းနံပါတ္၇တြင္ထိုင္ေနေသာ ဟယ္ရာမွ ေကာ့ေတးတစ္ခြက္ကိုကိုင္ေျမႇာက္ကာ ယြန္းဂီအားလွမ္းေခၚလိုက္သည္။

"နင္တို႔က ေစာသားပဲ''

ယြန္းဂီသည္လည္း ထိုစားပဲြဝုိင္းကိုဝင္ထိုင္ရင္း ဟယ္ရာႏွင့္မင္ဟုိအား စကားစျမည္ေျပာလိုက္ေတာ့သည္။

"ငါတို႔က ရည္းစားမ႐ွိ၊ေယာက်ာၤးမ႐ွိေတြေလ အဲ့ေတာ့ ပဲြတက္ဖို႔ကို ေစာေစာလာၾကတာ ''

"ဟယ္ရာကေတာ့ေနာ္ ''

မင္ဟုိသည္ ဟယ္ရာအားမ်က္ေစာင္းခဲရင္း ေဆာ့ဂ်င္အား ေကာ့ေတးတစ္ခြက္လွမ္းေပးလိုက္သည္။

"အကိုေဆာ့ဂ်င္က ဒီေန႔ေတာ့ ယြန္းဂီေနာက္ကိုလိုက္လာသားပဲ''

"ဟုတ္ကဲ့ ။ပိတ္ရက္လည္းျဖစ္တာေရာ ယြန္းနဲ႔အခ်ိန္ကုန္ခ်င္တာေရာဆိုေတာ့ ''

"အမယ္ ယြန္းဂီက ေယာက်ာၤးနဲ႔ႏွစ္ေယာက္တည္းဒိတ္ေတာ့မယ္ေပါ့ ။အားက်လိုက္တာ ယြန္းဂီရယ္ ''

ဟယ္ရာသည္ထိုသုိ့ေျပာရင္းမ်က္ႏွာကိုငယ္ထားရင္းျဖင့္ အားငယ္ေၾကာင္းကို ျပသလ်က္႐ွိသည္။

"သူငယ္ခ်င္းတို႔ ''

ေကာ့ေတးခြက္ကိုယ္စီကိုင္ကာ စကားေျပာေနၾကေသာ ယြန္းဂီတို႔၏ စားပဲြဝိုင္းသုိ႔ေနာက္ေက်ာဘက္မွထြက္လာေသာ ၾကည္လင္သည့္အသံသည္ရင္းႏွီးသလိုႏွင့္ေဝးကြာသေယာင္႐ွိသည္။

"ေဂ်ာင္ဂု! "

အာေမဠိတ္သံျဖင့္ ေရရြတ္လိုက္ေသာ ဟယ္ရာသည္ အမွန္တကယ္ကိုမွ ေ႐ွာ့ရသြားျခင္းျဖစ္သည္။

ဟယ္ရာ၏အသံႏွင့္အတူ လည္ျပန္ၾကည့္လာေသာ စားပဲြဝုိင္းမွလူအမ်ားသည္ ယြန္းဂီနည္းတူ ေဆာ့ဂ်င္လည္း ပါဝင္ခဲ့သည္။

"မေတြ႔တာၾကာၿပီေနာ္ ''

Suit ခဲေရာင္ကိုဝတ္ဆင္ထားေသာ ေဂ်ာင္ဂုသည္ ယြန္းဂီ၏ေဘးနားမွာ ဝင္ထိုင္ကာ ေကာ့ေတးတစ္ခြက္ကိုေသာက္ရင္း စားပဲြဝုိင္း႐ွိသူမ်ားအား ႏႈတ္ဆက္စကားဆိုလိုက္သည္။

"ရား...ေဂ်ာင္ဂု မင္းကတကယ္ပဲ ေပ်ာက္ခ်က္သား ေကာင္းလွခ်ည္လား ။''

မင္ဟုိ၏ စကားအားေထာက္ခံသူ ဟယ္ရာသည္ ႀကီးထြားလာေသာ ေဂ်ာင္ဂု၏ ခႏၶာကိုယ္ဖဲြ႔စည္းပုံႏွင့္အတူ ဘယ္ဘက္လက္ဖမိုးေပၚ႐ွိ ပန္းပြင့္ပုံတက္တူးအား စူးစမ္းလ်က္႐ွိသည္။

"ဒီလိုပဲေပါ့ ။ကိုယ့္ကို္မလိုတဲ့ရပ္ဝန္းေတြကိုေရွာင္တက္ရမယ္ေလ။မဟုတ္ဘူးလား ယြန္းဂီ ''

သူ႔ဆီကိုဦးတည္လာေသာ ေဂ်ာင္ဂု၏စကားေၾကာင့္ မတည္မၿငိမ္ျဖစ္ေနေသာ ယြန္းဂီ၏စိတ္အဆင္သည္ ဘာမွမျဖစ္သလိုသာဟန္ေဆာင္ဖုံးကြယ္ရင္း ျပံဳးလ်က္သာ စကားဆိုလိုက္သည္။

"အင္း..အင္းေပါ့။''

"ဒါနဲဲ့ မင္းေဘးကမင္းအမ်ဳိးသားလား ''

ေဂ်ာင္ဂုသည္ မ်က္ခုံးတစ္ဖက္ကိုပင့္ခ်ီရင္း ေဆာ့ဂ်င္ဆိုသူအား ၾကည့္ကာ ယြန္းဂီအားထပ္မံစကားဆိုလိုက္ျပန္သည္။

"ဟုတ္တယ္..''

"မဂၤလာပါ။ကြၽန္ေတာ္က ယြန္းရဲ႕အမ်ဳိးသားပါ။နာမည္ကေတာ့ ကင္ေဆာ့ဂ်င္လို႔ေခၚပါတယ္''

လူႀကီးလူေကာင္းပီပီ ငယ္ရြယ္သူအား ေလးေလးစားစားေျပာကာ မတ္တပ္ထရပ္လိုက္ရင္း လက္တစ္ဖက္ကိုေ႐ွ႕ထုတ္ကာ ႏႈတ္ဆက္စကားဆိုေနေသာေဆာ့ဂ်င္သည္ ခန္႔ညားထည္ဝါေသာ သြင္ျပင္လကၡဏာကိုေဆာင္ၾကည္းေပးလ်က္႐ွိသည္။

"ဟုတ္ကဲ့ ကြၽန္ေတာ့္နာမည္ေဂ်ာင္ဂုပါ။ယြန္း..အဲ ယြန္းဂီရဲ႕ သူငယ္ခ်င္းပဲဆိုပါေတာ့''

Unicode

"ဟေး ယွန်းဂီ ငါတို့ဒီမှာ ''

အရက်ဘားတစ်ခု၏ ဆိုင်အတွင်းပိုင်းမှာဖြစ်သည်။ထိုဆိုင်ထဲတွင် စားပွဲဝိုင်းအများအပြားကိုနေရာချထားပြီး ဘီယာအချို့နှင့်ဆိုဂျူကိုအေးအေးဆေးဆေးသောက်ချင်သူများအတွက် အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်သည်။တခြားသော ဘားတွေမှာလို ဆူညံကခုန်နေတာမျိုးမဟုတ်ဘဲ  တေးဂီသံအေးအေးလေးကိုသာ ဖွင့်ပေးထားပြီး မိတ်ဆွေ၊သူငယ်ချင်း၊လုပ်ငန်းအဖွဲ့အစည်းမှ ဝန်ထမ်းများ၊မိသားစုများ အများစုလာရောက်ကြသည့် ဆိုင်တစ်ဆိုင်ဖြစ်သည်။

ဂျယ်ဂျွန်း၏လှမ်းခေါ်မှုကြောင့် ဆိုင်ထဲသို့မျက်လုံးဝေ့ကာဟိုဒီရှာနေသော ယွန်းဂီသည် အသံလာရာဆီကိုဦးတည်လိုက်ပြီး ဂျယ်ဂျွန်းနှင့်အတူ သူ၏သူငယ်ချင်းများရှိရာ စားပွဲဝိုင်းဆီသို့ ဦးတည်သွားလိုက်တော့သည်။

"ကလေးအဖေကြီးက နောက်ဆုံးတော့ ရောက်လာပြီပဲ''

ထိုင်ခုံပေါ်ထိုင်ထိုင်ချင်း ဟယ်ရာ၏ရွဲ့တဲ့တဲ့စကားတစ်ခွန်းကြောင့် ယွန်းဂီတစ်ယောက် ပြုံးပြရင်းသာ တုံ့ပြန်လိုက်သည်။ဘာလို့ဆို သူမပြောတာကလည်း အမှန်ဖြစ်နေတာကြောင့်ပင်။ကျောင်းသားဟောင်းတွေ့ဆုံပွဲခေါ်တိုင်း သားလေးကတစ်ဖက် ယောကျာၤးကတစ်ဖက်နှင့် မအားမလပ်ဖြစ်နေသော သူ(ယွန်းဂီ)သည် ယခုလိုပွဲမျိုးကို ဘယ်သောအခါမှ မလာဖြစ်ခဲ့။အခုတော့ သားကလည်း မူကြိုကျောင်းကိုပို့ရတဲ့အရွယ်ရောက်နေသည့်အပြင် အိမ်ကယောကျာၤးကလည်း သွားပါဆိုပြီး ခွင့်ပြုချက်ရထားတာကြောင့် ယခုလိုမျိုးတွေ့ဆုံပွဲကို မဆိုင်းမတွရောက်လာရခြင်းဖြစ်သည်။

"ငါက မအားလို့ပါ။ဒါနဲ့ နင်တို့ရော အဆင်ပြေပြေရှိကြရဲ့လား ''

"အင်း *2''

"ဟဲ့ ယွန်းဂီ နောက်လဆို ဂျယ်ဂျွန်းက မင်္ဂလာဆောင်တော့မှာဟဲဲ့''

"ဟုတ်လား ။အိမ်ထောင်ဖက်က ဘယ်ကလဲ ''

ဟယ်ရာရဲ့စကားအပြီး ယွန်းဂီမှာကြက်ပေါင်တစ်ခုကို ကိုင်ထားရင်းသာ သိချင်သည်များကိုမေးနေမိသည်။

"ငါတို့ကျောင်းက စီနီယာအမကြီးလေ။စာကြည့်တိုက်မှူးသိတယ်မို့လား။ဂျယ်ဂျွန်းတစ်ယောက် စာဖက်တာလိုလို၊ဘာလိုလိုနဲ့ ပိုးပန်းခဲ့တာလေ''

"အာ...တကယ်ပဲ ဂျယ်ဂျွန်းက အဲ့အမကြီးနဲ့ လက်ထပ်ဖို့ဖြစ်လာခဲ့ပြီပေါ့။ဂုဏ်ယူပါတယ် ဂျယ်ဂျွန်း ''

"ကျေးဇူးပဲ သူငယ်ချင်း။ငါ့မင်္ဂလာဆောင်ကြ မင်းတို့မိသားစုလည်း လာခဲ့ရမှာနော်''

"အေးပေါ့ လာရမှာပေါ့''

"ဒါနဲ့ ယွန်းဂီအမျိုးသားက toki company က CEOဖြစ်သွားပြီဆို ''

"ဟီး..ဟုတ်တယ် ''

မင်ဟို၏အမေးအား ရယ်ကျဲကျဲလေးဖြေနေသော ယွန်းဂီသည် ကလေးတစ်ယောက်အဖေလို့ပြောရင် မည်သူမျှယုံဖွယ်ရာမရှိ။ယုံဖွယ်ရာမရှိဆိုသူသည် တက္ကသိုလ်နောက်ဆုံးနှစ်မှာအလောတကြီး အိမ်ထောင်ကျပြီး အခုမှာတော့ ငါးနှစ်အရွယ်သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားကာ ယောကျာၤးဖြစ်သူမှာလည်း ဒိတ်ဒိတ်ကြဲစီးပွားရေးသမားတစ်ယောက်ဖြစ်သည်။သို့သော် ယွန်းဂီကတော့ သူများတွေလို ပေါ်ပေါ်ထင်ထင်နေလေ့မရှိဘဲ သားဖြစ်သူနှင့်ယောကျာၤးဖြစ်သူကို နောက်ကွယ်ကနေ ပံ့ပိုးရင်းသာ အိမ်ထောင်တာဝန်ကိုထမ်းဆောင်လျက်ရှိသည်။

"အခုတလော toki ကထုတ်တဲ့ အကျႌတွေက လုံးဝကိုမိုက်နေတာနော်။ငါကတော့ မင်းကိုအားကျလိုက်တာ ယွန်းဂီရာ''

မင်ဟိုမှာ ဆိုဂျူတစ်ခွက်ကိုမော့လိုက်ရင်းဖြင့် ယွန်းဂီအား စကားလှမ်းပြောနေလိုက်သည်။

"အားကျရင် လင်ယူလိုက်လေ မင်ဟိုရယ်...''

"ဟား...ဟား...ဟား''

ဟယ်ရာရဲ့စကားအဆုံး ပွဲကျသွားသော ယွန်းဂီတို့၏ စားပွဲဝိုင်းသည် ခွက်တိုက်သံတွေနှင့်အတူ စည်ကားလျက်ရှိသည်။

"ယေး...ချီးယား...*5 ''

"ချီးယား....''

.
.
.

"ဒါနဲ့ဒီနှစ်လည်း ဂျောင်ဂုက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို မလာဘူးနော်''

ဆိုဂျူသောက်နေရင်းဖြင့် ဒယ်နီ၏စကားတစ်ခွန်းကြောင့် ဆိုဂျူခွက်အားကိုင်ထားသော ယွန်းဂီ၏ လက်တွေသည် ခတ္တခဏရပ်တန့်သွားပြီး ခေါင်းကိုသာငုံ့ထားလျက်ရှိသည်။

"အဲ့အကောင်က ငါတို့ကိုမေ့သွားတာနေမှာ။ဟိုတလောက ကြားတာတော့ အမေရိကမှာလို့ပြောတယ်။အလကား သောက်ကြီးသောက်ကျယ်ကောင်! ''

ဟယ်ရာသည် စိတ်ထဲရှိရာတွေကိုထုတ်ပြောလိုက်ပြီး ချလာပေးသော အမြည်းတစ်ချို့အား ပါးစပ်ထဲသို့ကောက်ထည့်လိုက်သည်။

"နင်ကလည်း သူလည်းအိမ်ထောင်တွေဘာတွေကျရင်ကျနေလောက်မှာ။ငါတို့အသက်တွေလည်း မငယ်တော့ဘူးလေ။ယွန်းဂီဆိုကြည့်ပါလား သူ့ကလေးတောင်ငါးနှစ်ထဲရောက်ပြီ။ဂျောင်ကုထွက်သွားတာလည်း ယွန်းဂီလက်ထပ်ပွဲမတိုင်ခင်ရှေ့တစ်ပတ်ကလေ ''

ဟယ်ရာ၏စကားအား ပြန်ပြီးခွန်းတု့ံပြန်သူ မင်ဟိုသည် အတိုင်အဖောက်ညီစွာဖြင့် ဟယ်ရာ၏အရက်ခွက်အား ဖြည့်ပေးနေလျက်ရှိသည်။

"အင်း.. အဲ့လိုဆိုတော့လည်း ငါတိုတွေကျောင်းပြီးတာတောင် ဟိုဂျင်းလေးတစ်သက်ရှိပြီနော် ''

ဟယ်ရာသည် ထိုစကားအား ဆွေးဆွေးမြေ့မြေ့လေးပြောကာ ကျောင်းသားဘဝအား လွမ်းဆွတ်နေဟန်ရှိသည်။

"ဟဲ့ ယွန်းဂီ နင်ရော ဂျောင်ဂုကို သတိမရဘူးလား။ကျောင်းတုန်းကဆို နင်တို့ကအရမ်းကိုအတွဲညီခဲ့တာလေ ''

"ဟမ်.. အာ...ရ..ရပါတယ်''

"ကဲကဲ တော်ကြတော့ ဟယ်ရာနဲ့မင်ဟိုမင်းတို့အရမ်းမမူးခင်အိမ်ပြန်ကြတော့ ယွန်းဂီမင်းလည်း အိမ်မှာကလေးနဲ့ယောကျာၤးနဲ့လေ မင်းပဲအရင်ပြန်နှင့်မလား ''

ယွန်းဂီ၏အခြေအနေအားကောင်းကောင်းသိသူ ဂျယ်ဂျွန်းသည် ဟယ်ရာနှင့်မင်ဟိုအားထိုသို့ပြောကာ ယွန်းဂီပြန်ဖို့ရာကို စေ့ဆော်လိုက်သည်။

"အာ..အင်းပြန်ရမှာပေါ့ ''

"ငါပြန်ပြီနော် သူငယ်ချင်းတို့ ''

"အေးအေး ကောင်းကောင်းပြန် ''

ယွန်းဂီ၏ နှုတ်ဆက်စကားအား ပြန်ပြောလိုက်သူ ဂျယ်ဂျွန်းသည် ဆိုင်ထဲမှယွန်းဂီထွက်သွားသည်နှင့် ဟယ်ရာအား ဆူငေါက်လိုက်သည်။

''ဘာလို့ဒီအချိန်မှာ ဂျောင်ဂုအကြောင်းထပြောတာလဲ!  ''

"ဘာလို့လဲ ပြောလို့မရဘူးလား။ယွန်းဂီလည်း သူ့အိမ်ထောင်နဲ့သူဆိုပေမဲ့ ငါအနေနဲ့ဂျောင်ဂုကိုသနားလို့ပါ ။နောက်ပြီး ဟိုဂျင်းလေးကလေ သူ့အဖေ ကင်ဆော့ဂျင်ထက် ဂျောင်ဂုနဲ့တစ်ချက် တစ်ချက် မဆင်ဘူးလားဟင် ''

"ဟာ..ပေါက်တက်ကရတွေ။မူးရင်အိမ်ပြန်ပါ ဟယ်ရာရယ်။နင်အဲ့လိုတွေလျှောက်လျှောက်ပြောလို့ ဟိုတလောက နင့်အိမ်ဘေးကလင်မယားက ကွဲမလိုတွေဖြစ်တာဆို ''

"အေးဟုတ်တယ်...''

"ကဲကဲတော်ကြတော့ အဓိပ္ပါယ်မရှိတာတွေပြောမနေနဲ့ ဟယ်ရာ၊ဒယ်နီနဲ့မင်ဟို ထပ်သောက်ချင်သေးလားမှာလေ''

"ထပ်မှာလိုက်ရမလား။အတန်းခေါင်းဆောင်းက အိမ်ပြန်လိုက်ပို့မှာလား ''

ဒယ်နီသည်သူသောက်ထားသည့် limit ကိုကျော်လွန်နေပြီဖြစ်သောကြောင့် ဂျယ်ဂျွန်းအားထိုသို့မေးကာ ဝန်ထမ်းကောင်လေးအား လှမ်းခေါ်လိုက်သည်။

"သောက်မှာသာသောက်ပါ ငါ့ကောင်ရာ။မင်းအိမ်နဲ့ငါ့အိမ်က နီးနီးလေးကို ငါလိုက်ပို့မှာပေါ့''

မင်ဟိုမှာဒယ်နီရဲ့ ပုခုံးကိုလှမ်းဖက်ကာ လိုက်ပို့မည်ဖြစ်ကြောင်းကိုပြောနေပြန်သည်။

"တော်ပါ။ငါအကြောက်ဆုံးက မင်းပဲ ''

_______Another One_______

"ေဩာ်...ယွန်းပြန်လာပြီပဲ ''

ရေချိုးခန်းထဲကထွက်ထွက်လာချင်း အခန်းထဲရှိ ဆိုဖာခုံပေါ်တွင်ထိုင်နေသော ယွန်းဂီကြောင့် ဆော့ဂျင်မှာ ခေါင်းကိုရေသုတ်နေရင်းဖြင့် ထိုသို့လှမ်းပြောလိုက်သည်။

"အာ..ဟုတ်တယ် ''

"ဘယ်လိုလဲ သူငယ်ချင်းတွေနဲ့တွေ့ခဲ့ရတာ ပျော်ခဲ့လား ''

"ဗျာ..ပျော်...ပျော်ပါတယ်

ဒီနားလာ အကိုဂျင် ယွန်း ရေသုတ်ပေးမယ်''

ယွန်းဂီသည် သူထိုင်နေသည့်အနားကို ဆော့ဂျင်ကိုလာစေကာ ရေစက်လက်ကျနေသော ဆော့ဂျင်၏ဆံပင်တွေအား နူးညံ့ညင်သာစွာဖြင့် သုတ်ပေးလျက်ရှိသည်။ယခုအနေအထားသည် ယွန်းဂီထိုင်နေသော ဆိုဖာခုံပေါ်သို့ ဆော့ဂျင်ရောထိုင်စေကာ မျက်နှာချင်းဆိုင်အနေအထားဖြင့် ရေသုတ်ပေးနေခြင်းဖြစ်သည်။

"ယွန်း''

"ဗျာ..''

"နောက်အပတ်ကြလေ မေမေတို့်ကသူ့မြေးလေးကိုရော တွေ့ချင်တာမို့ ဩစတေးလျကို လာခဲ့ပါတဲ့။ယွန်းအနေနဲ့ အဆင်ပြေမယ် မဟုတ်လား''

"အကိုဂျင်ရော ပါမယ်မဟုတ်လားဟင် ''

"ပါမှာပေါ့။ကိုယ်က ကိုယ့်အမျိုးသားလေးတစ်ယောက်တည်းကို မေမေတို့ဆီ မလွှတ်ပါဘူး ''

ရွှတ်..

မျက်နှာသစ်ဆပ်ပြာနံ့သင်းသင်းလေးရနေသော ဆော့ဂျင်၏နဖူးပြင်အား ရေသုတ်ပေးနေသော ယွန်းဂီမှ နမ်းလိုက်ခြင်းဖြစ်သည်။

ပြွတ်စ်...

ယွန်းဂီ၏အနမ်းအဆုံး ယွန်းဂီ၏ လည်တိုင်ကိုကိုင်ကာ စတင်ပြီးနမ်းရှိုက်လာသောသူမှာ ဆော့ဂျင်သာဖြစ်သည်။

"ခန္ဓာကိုယ်ပေါ်က ကိုယ်တို့ရဲ့အဝတ်တွေကို ဒီနေ့ညတော့ လွှင့်ပစ်မှရမယ်ထင်တယ် ''

ဆော့ဂျင်သည်နမ်းနေရင်းဖြင့် ထိုသို့ပြောရင်း ယွန်းဂီ၏အဝတ်တွေကို တစ်လွှာချင်းချွတ်ကာ ကုတင်ပေါ်သို့ ခေါ်သွားတော့သည်။

______ Another One_______

"ဒယ်ဒီ ပါးပါးမနိုးသေးဘူးလားဟင်''

မနက်စာထမင်းဝိုင်းတွင် ထမင်းကျွေးနေသော ဆော့ဂျင်သည် ဟိုဂျင်းလေး၏အမေးကြောင့် မျက်နှာထက်ဝယ်အပြုံးရိပ်တို့သည် ဖြတ်ပြေးသွားပြီး အနည်းငယ်ပေနေသော ဟိုဂျင်း၏ပါးစပ်ကို တစ်ရှူးဖြင့်သုတ်ပေးကာ မနက်စာကိုသာ အာရုံတစ်စိုက်ကျွေးမွေးလျက်ရှိသည်။

ဆော့ဂျင်နှင့်ယွန်းဂီသည် အိမ်တွင်အိမ်အကူများရှိသော်လည်း ဟိုဂျင်းလေး၏ ကိစ္စအဝဝသား သူတို့ကိုယ်တိုင်သာ စီမံဆောင်ရွက်လျက်ရှိသည်။ယခုလိုမနက်ခင်းတွေမှာတော့ ဆော့ဂျင်ကဟိုဂျင်းလေး၏ ဝေယျာဝ္စအားလုပ်စေကာ မူကြိုကျောင်းကိုလည်း ကိုယ်တိုင်ပို့ဆောင်ပေးသည်။

ယခုလိုမနက်ခင်းဆိုတာ ညဘက်တွေမှာ အချစ်ကြမ်းထားသော မနက်ခင်းတွေဖြစ်သည်။ဒီလိုမနက်ခင်းတွေဆို ဆော့ဂျင်သည်စောစောထပြီး ယွန်းဂီချိုးမဲ့ရေအား ရေနွေးစပ်ပေးခဲ့ကာ သားလေးကိုလည်း မနက်စာကျွေးပြီး သူရုံးသွားသည့်အချိန်တွင် သားလေးကိုပါခေါ်ကာမူကြိုကျောင်းကို ပို့ပေးခြင်းဖြစ်သည်။

"ပါးပါးက ညကအိပ်တာနောက်ကျလို့ ဒယ်ဒီက အိပ်ပါစေဆိုပြီး မနှိုးပဲထားခဲ့တာ''

"ဟုတ်...''

"ဒယ်ဒီကြော်ကျွေးတဲ့ ဝက်အူချောင်းက အရသာရှိလား ''

"ဒယ်ဒီလက်ရာက အမိုက်ဆုံးပဲ ''

"ဟုတ်လား။''

"ဟုတ်တယ် သားတို့ဒယ်ဒီက ဒီကမ်ဘာမှာအတော်ဆုံး''

ဟိုဂျင်းလေးသည် ကြွေဇွန်းလေးကိုကိုင်ထားရင်း လက်မကိုထောင်ပြကာ သူ့အဖေက အတော်ဆုံးဆိုပါဆိုသော ပုံသဏ္႑ာန်အား ပုံဖော်လျက်ရှိသည်။

ဟိုဂျင်းလေးမှာ  ကျယ်ဝန်းသော မျက်လုံးအိမ်တွေရှိပြီး၊နှာတံတို့မှာလည်း ဖြောင့်စင်းကာ၊နားရွက်ကားကားလေးနှင့် နှုတ်ခမ်းအောက်က မှည့်နက်လေးသည် ထင်ရှားစွာတည်ရှိနေပြီး ချစ်စဖွယ်ကောင်းသော၊လိမ္မာရေးခြားရှိသော ကလေးတစ်ယောက်ဖြစ်သည်။

______Another One______

ဂျယ်ဂျွန်း၏ မင်္ဂလာဆောင်အခမ်းအနားတွင်ဖြစ်သည်။

"ဂုဏ်ယူပါတယ် ဂျယ်ဂျွန်း''

ယွန်းဂီသည်ထိုသို့ပြောရင်း ဂျယ်ဂျွန်း၏ လက်နှစ်ဖက်အားဆုပ်ကိုင်လိုက်သည်။

"ကျေးဇူးသူငယ်ချင်း။ငါအများကြီးစိတ်လှုပ်ရှားနေတာ ''

"အဆင်ပြေသွားမှာပါ "

"သတို့သားက အများကြီးစိတ်လှုပ်ရှားနေလို့မဖြစ်ဘူးလေ။အဆင်ပြေမှာပါ ''

ယွန်းဂီဘေးနားရပ်နေသူ ဆော့ဂျင်သည်လည်း ဂျယ်ဂျွန်း၏ ပုခုံးတစ်ဖက်ကိုပုတ်ကာ အားပေးစကားပြောလိုက်သည်။

"ကျေးဇူးပါ အကိုဆော့ဂျင်။သွားသွား မင်းတို့ခန်းမထဲသွားကြတော့ ငါကဧည့်သည်တွေကို လိုက်ပြီးနှုတ်ဆက်လိုက်အုန်းမယ် ''

"အေးအေး...''

.
.
.
.

"ဟေးယွန်းဂီ ''

စားပွဲဝိုင်းနံပါတ်၇တွင်ထိုင်နေသော ဟယ်ရာမှ ကော့တေးတစ်ခွက်ကိုကိုင်မြှောက်ကာ ယွန်းဂီအားလှမ်းခေါ်လိုက်သည်။

"နင်တို့က စောသားပဲ''

ယွန်းဂီသည်လည်း ထိုစားပွဲဝိုင်းကိုဝင်ထိုင်ရင်း ဟယ်ရာနှင့်မင်ဟိုအား စကားစမြည်ပြောလိုက်တော့သည်။

"ငါတို့က ရည်းစားမရှိ၊ယောကျာၤးမရှိတွေလေ အဲ့တော့ ပွဲတက်ဖို့ကို စောစောလာကြတာ ''

"ဟယ်ရာကတော့နော် ''

မင်ဟိုသည် ဟယ်ရာအားမျက်စောင်းခဲရင်း ဆော့ဂျင်အား ကော့တေးတစ်ခွက်လှမ်းပေးလိုက်သည်။

"အကိုဆော့ဂျင်က ဒီနေ့တော့ ယွန်းဂီနောက်ကိုလိုက်လာသားပဲ''

"ဟုတ်ကဲ့ ။ပိတ်ရက်လည်းဖြစ်တာရော ယွန်းနဲ့အချိန်ကုန်ချင်တာရောဆိုတော့ ''

"အမယ် ယွန်းဂီက ယောကျာၤးနဲ့နှစ်ယောက်တည်းဒိတ်တော့မယ်ပေါ့ ။အားကျလိုက်တာ ယွန်းဂီရယ် ''

ဟယ်ရာသည်ထိုသို့ပြောရင်းမျက်နှာကိုငယ်ထားရင်းဖြင့် အားငယ်ကြောင်းကို ပြသလျက်ရှိသည်။

"သူငယ်ချင်းတို့ ''

ကော့တေးခွက်ကိုယ်စီကိုင်ကာ စကားပြောနေကြသော ယွန်းဂီတို့၏ စားပွဲဝိုင်းသို့နောက်ကျောဘက်မှထွက်လာသော ကြည်လင်သည့်အသံသည်ရင်းနှီးသလိုနှင့်ဝေးကွာသယောင်ရှိသည်။

"ဂျောင်ဂု! "

အာမေဠိတ်သံဖြင့် ရေရွတ်လိုက်သော ဟယ်ရာသည် အမှန်တကယ်ကိုမှ ရှော့ရသွားခြင်းဖြစ်သည်။

ဟယ်ရာ၏အသံနှင့်အတူ လည်ပြန်ကြည့်လာသော စားပွဲဝိုင်းမှလူအများသည် ယွန်းဂီနည်းတူ ဆော့ဂျင်လည်း ပါဝင်ခဲ့သည်။

"မတွေ့တာကြာပြီနော် ''

Suit ခဲရောင်ကိုဝတ်ဆင်ထားသော ဂျောင်ဂုသည် ယွန်းဂီ၏ဘေးနားမှာ ဝင်ထိုင်ကာ ကော့တေးတစ်ခွက်ကိုသောက်ရင်း စားပွဲဝိုင်းရှိသူများအား နှုတ်ဆက်စကားဆိုလိုက်သည်။

"ရား...ဂျောင်ဂု မင်းကတကယ်ပဲ ပျောက်ချက်သား ကောင်းလှချည်လား ။''

မင်ဟို၏ စကားအားထောက်ခံသူ ဟယ်ရာသည် ကြီးထွားလာသော ဂျောင်ဂု၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့်အတူ ဘယ်ဘက်လက်ဖမိုးပေါ်ရှိ ပန်းပွင့်ပုံတက်တူးအား စူးစမ်းလျက်ရှိသည်။

"ဒီလိုပဲပေါ့ ။ကိုယ့်ကို်မလိုတဲ့ရပ်ဝန်းတွေကိုရှောင်တက်ရမယ်လေ။မဟုတ်ဘူးလား ယွန်းဂီ ''

သူ့ဆီကိုဦးတည်လာသော ဂျောင်ဂု၏စကားကြောင့် မတည်မငြိမ်ဖြစ်နေသော ယွန်းဂီ၏စိတ်အဆင်သည် ဘာမှမဖြစ်သလိုသာဟန်ဆောင်ဖုံးကွယ်ရင်း ပြုံးလျက်သာ စကားဆိုလိုက်သည်။

"အင်း..အင်းပေါ့။''

"ဒါနဲဲ့ မင်းဘေးကမင်းအမျိုးသားလား ''

ဂျောင်ဂုသည် မျက်ခုံးတစ်ဖက်ကိုပင့်ချီရင်း ဆော့ဂျင်ဆိုသူအား ကြည့်ကာ ယွန်းဂီအားထပ်မံစကားဆိုလိုက်ပြန်သည်။

"ဟုတ်တယ်..''

"မင်္ဂလာပါ။ကျွန်တော်က ယွန်းရဲ့အမျိုးသားပါ။နာမည်ကတော့ ကင်ဆော့ဂျင်လို့ခေါ်ပါတယ်''

လူကြီးလူကောင်းပီပီ ငယ်ရွယ်သူအား လေးလေးစားစားပြောကာ မတ်တပ်ထရပ်လိုက်ရင်း လက်တစ်ဖက်ကိုရှေ့ထုတ်ကာ နှုတ်ဆက်စကားဆိုနေသောဆော့ဂျင်သည် ခန့်ညားထည်ဝါသော သွင်ပြင်လက္ခဏာကိုဆောင်ကြည်းပေးလျက်ရှိသည်။

"ဟုတ်ကဲ့ ကျွန်တော့်နာမည်ဂျောင်ဂုပါ။ယွန်း..အဲ ယွန်းဂီရဲ့ သူငယ်ချင်းပဲဆိုပါတော့''

Continue Reading

You'll Also Like

958K 21.8K 49
In wich a one night stand turns out to be a lot more than that.
240K 11.1K 32
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
604K 9.4K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
377K 13.5K 58
𝐈𝐍 𝐖𝐇𝐈𝐂𝐇 Ellie Sloan reunites with her older brother when her hospital merges with his jackson avery x ellie sloan (oc) season six ━ season se...