Once Upon On Us

By ZiAn222

209K 13.5K 762

တိမ်ဆိုင်တစ်ခုကို ချစ်မိသည် ။ ဖမ်းဆုပ်ဖို့တော့ မဖြစ်နိုင် ။ တိမ္ဆိုင္တစ္ခုကို ခ်စ္မိသည္ ။ ဖမ္းဆုပ္ဖို႔ေတာ့ မ... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
39
40
41
42
ဇာတ်ကောင်ရှင်းတမ်း
43 { Final }
Extra
Extra 2.0
Extra 3.0
Marn+Nway

38

3.1K 240 18
By ZiAn222

Unicode
_______

ကော်ဖီခွက်ကို မတို့မထိသေးဘဲ လွန်းကို စိုက်ကြည့်နေသော ပါးကြောင့် ခြေဖျားလက်ဖျားတွေ အေးစက်လာရသည်ည် ။

" ပါး ... လွန်းကို ___"

" လမ်းခွဲလိုက် "

" ပါး "

" မဖြစ်သင့်ဘူးဆိုတာ သိနေပြီးသားမဟုတ်လား ၊ သမီးကို ပါး စိတ်မဆိုးချင်ဘူး ကလေး "

" ဒါပေမယ့် ပါးရယ် ၊ လွန်းက ... အစ်မကို တကယ်ချစ်တာ "

ခေါင်းငုံ့ချလိုက်ကာ ငိုသံစွက်နေသည်ကို ဖုံးကွယ်ရန် ကြိုးစားနေသည် ။

" နှိုင်းမခရဲ့ လက်ထဲမှာ ရှိသမျှက သူ့ရဲ့ တက်လမ်းတွေချည်းပဲ ။ "
" ခွဲစိတ်ပါရဂူတစ်ယောက်ဖြစ်ချင်နေတာကို သမီး သိတယ် မဟုတ်လား "

လွန်း အဖြေပြန်မပေးမိ ။ လွန်း၏ မေ့လျော့နေမှုတစ်ခု ဖြစ်သည် ။ လွန်းက ကိုယ့်အိပ်မက်တွေကိုသာ လိုက်လံဖမ်းယူနေသော်လည်း နှိုင်းမခကတော့ သူမ၏ အိပ်မက်တွေကို သိမ်းဆည်းထားသည် မဟုတ်ပါလား ။

" သူ အကုန်လွှတ်ချဖို့လုပ်နေတယ် "
" မင်းရဲ့ လက်ကို ဆွဲဖို့ ငါ့သမီးက သူ့ရဲ့ တက်လမ်းတွေ အကုန်လုံးကို စွန့်လွှတ်နေတယ်လို့ လွန်းဟေမာန်ငယ်ရဲ့!! "

စားပွဲခုံကို လက်ဖဝါးဖြင့် ရိုက်ချကာ ဒေါသတကြီးဆိုလာသော ပါး​ကို လွန်း ကြောက်နေမိသည် ။ ငယ်ငယ်လေးကတည်းက ဆိုဆုံးမခဲ့သော ပါးကို လွန်းအလွန် ချစ်ကြောက်ရိုသေသည် ။ ယခုတစ်ကြိမ်တွင် ထပ်မံကာ လိုက်နာစေရန် ပါးက တိုက်တွန်းနေပြန်သည် ။

စားပွဲပေါ် ရောက်လာသော စာရွက်များမှ နာမည်ကြီး တက္ကသိုလ်များ၏ အမည်များကို မြင်နေရသည် ။ Andrew Grace ဟူသော နာမည်ကို လည်းကောင်း နှိုင်းမခဟူသော အမည်ကိုလည်းကောင်း တစ်စွန်းတစ်စတွေ့နေရသေးသည် ။

" မင်း ရွေးချယ်ပါ ၊ နှိုင်းမခကို ရိုးရိုးဆရာဝန်တစ်ယောက်ရဲ့ ဘဝနဲ့ အဆုံးသတ်စေမလား ၊ ဒီ့ထက် မြင့်တဲ့ နေရာတစ်နေရာဆီကို ရောက်ဖို့ လက်လွှတ်ပေးမလားဆိုတာ "

အရာတောင် မယွင်းသော ကော်ဖီခွက် နှစ်ခွက်ကို စိုက်ကြည့်ကာ မျက်ရည်ကျမိပြန်သည် ။ ပျော်ရမည့်လမ်းကို ရွေးလျှင် နှိုင်းမခ၏ အရှိန်အဝါသည် ဤမျှဖြင့်  ရပ်တန့်ကာ တဖြေးဖြေး မှေးမှိန်သွားပေလိမ့်မည် ။  လွန်း၏ ရွေးချယ်မှုဟာ လူနှစ်ယောက်၏ ဘဝကို ပြောင်းပြန်အချိုးကျစေလိမ့်မည် ။

°

" လွန်းငယ်က နောက်ကျလိုက်တာကွာ ၊ အစ်မက ထမင်းစားမလို့ စောင့်နေတာကို "

"  သူငယ်ချင်းက အတင်းကျွေးလို့ ညစာစားလာပြီးပြီ ၊ အစ်မ တစ်ယောက်တည်း စားလိုက်တော့နော် ။ ပင်ပန်းလာလို့ နားတော့မယ် ။ "

တအံ့တသြဖြစ်သွားရှာသော နှိုင်းမခ၏ မျက်နှာ အမူအယာကြောင့်  သူမကို အားနာမိသည် ။ ညဆယ်နာရီအထိ ဘာမျှ မစားဘဲ စောင့်နေသူကို မုသားသုံး၍ ငြင်းဆိုလိုက်ရတာတော့ စိတ်ထဲ မကောင်းချေ ။ တုံ့ပြန်စကားကိုပင် မစောင့်တော့ဘဲ အခန်းထဲ ဝင်လာခဲ့သည် ။ ခြေလှမ်းတွေဟာ လေးလံသည်ထက် လေးလံနေသည် ။ ဖြစ်နိုင်လျှင် သူမ၏ ရင်ခွင်ထဲသို့ ပြေးဝင်ကာ ငို​ကြွေးလိုက်ချင်သည် ။

ရေချိုးခန်းအောက်ခြေတွင် ထိုင်ချကာ ဒူးနှစ်ဖက်ပေါ် မျက်နှာအပ်လျက် ကြိတ်၍ ငိုကြွေးနေသူမှာ ရွေးချယ်ရန်လမ်းစကို ရှာမရနိုင်သော လွန်းဖြစ်သည် ။ အေးစက်နေသော ရေစက်များက ခန္ဓာကိုယ်အနှံ့ဆီသို့ တိုးဝင်လျက်ရှိသည် ။ နှိုင်းမခလည်း သူမလို ခံစားခဲ့ရမှာ အမှန်ပင် ။

" လွန်းငယ် ၊ ရေချိုးတာ အရမ်းကြာနေပြီနော် ကလေးလေး ။ အအေးပတ်မယ် ထွက်ခဲ့တော့ "

ရေချိုးခန်းတံခါးကို ရိုက်ခတ်သံနှင့်အတူ နှိုင်းမခ၏ အသံက ထွက်ပေါ်လာသည် ။ ငိုထား၍ ရဲနေသော မျက်လုံးများကို လက်ဖြင့် အလျင်အမြန်ပွတ်သပ်လိုက်သည် ။ အခန်းအပြင်သို့ထွက်လာတော့  ခါးထောက်ကာ မတ်တပ်ရပ်နေသော နှိုင်းမခကို တွေ့လိုက်သည် ။

" ညဘက်ကြီး ခေါင်းမလျှော်နဲ့ဆိုတာကို စကားနားမထောင်ဘူး ၊ ဒီကလေးမကတော့ကွာ "

ဗီဒိုအတွင်းရှိ တဘတ်တစ်ထည်ကို ဆွဲထုတ်လိုက်တော့ တစ်စွန်းတစ်စထွက်ကာ ကျလာသော စာအိတ်များကို နှိုင်းမခ သတိမထားမိပေမယ့် လွန်းကတော့ သေချာပေါက်မြင်လိုက်သည် ။ အဝတ်များအနောက်တွင် ထည့်ထားသော စာအိတ်များက သဘက်ထုတ်လိုက်သော အရှိန်ကြောင့် ကြမ်းပြင်သို့ ပြုတ်ကျလာသည် ။ နှိုင်းမခက လွန်းကို တစ်ချက် လှည့်ကြည့်ပြီး ထိုစာရွက်များကို ကောက်သိမ်းသည် ။ မမြင်အောင် ဖွက်တာဆိုရင် ပိုတောင် မှန်လေမလား ။ ပညာတော်သင်အတွက် ဆင့်ခေါ်စာများဖြစ်ကြောင်း သိထား၍ နှိုင်းမခကို ပိုတိုးလို့ပင် အားနာမိနေသည် ။ သူမတစ်ယောက်တည်းအတွက်နဲ့ အရာအားလံုးကို စွန့်လွှတ်လိုက်ဖို့ ပြင်ဆင်နေသည်မဟုတ်ပါလား ။

" လာ ဒီမှာထိုင် ၊ ရေခြောက်အောင် သုတ်ပေးမယ် "

ကုတင်ပေါ် ခြေထောက်ချ၍ ထိုင်စေကာ နှိုင်းက လွန်း၏ ဆံနွယ်များကို တဘတ်ဖြင့် တယုတယပွတ်သပ်ပေးသည် ။

" အဲ့ကို မသွားဘူးလား "

နှိုင်းမခက ပြုံးရယ်ကာဖြင့် ခေါင်းခါပြသည် ။ ထိုအပြုံးတွေကိုမြင်တာတောင် လွန်းမှာ စိတ်မသက်သာနိုင် ။

" ကိုယ့်ဟာကိုယ် ဆက်လုပ်လိုက်မယ် ။ အလုပ်ရှိသေးတယ်မဟုတ်လား ၊ သွားတော့ "

နှိုင်း၏ လက်ထဲမှ တဘတ်ကို ဆွဲယူကာ နှိုင်းကို အပြင်သို့ တွန်းပို့နေသည် ။

" သြော် သြော် လွန်းငယ် ဘယ်လိုဖြစ်နေသလဲ ၊ အစ်မ အလုပ်တွေ ပြီးသွားပြီ ။ အခု အိပ်တော့မှာ "

တဘတ်ကို ပြန်လုကာ ခပ်ဆက်ဆက်​ေပြာလိုက်တော့ ထိုကလေးမ ငြိမ်ကျသွားသည် ။

" လွန်းငယ် ၊ အစ်မကို ကြည့် "
" လွန်းငယ် ဘာဖြစ်လာသလဲ   အစ်မကိုပြောမှပေါ့ ကလေးလေးရဲ့ ။ အစ်မဖြေရှင်းပေးနိုင်တာဆိုတာ အကုန် အဆင်ပြေအောင် အစ်မလုပ်ပေးမှာပေါ့ ။ ဘာဖြစ်လာသလဲ ပြော "

အကြည့်ချင်းစုံရန် ကြိုးစားနေသော နှိုင်းကို လှည့်မကြည့်ပဲ တစ်ဖက်သို့ မျက်နှာလွှဲနေသောကြောင့် လွန်း၏ ပါးနှစ်ဖက်ကို လက်ဖြင့် အုပ်ကိုင်လိုက်ပြီး နှိုင်း၏ မျက်နှာရှေ့သို့ လှည့်စေလိုက်သည် ။

" လွန်းငယ်ရဲ့ ပြဿနာက အစ်မရဲ့ ပြဿနာပဲလေ "

" စိတ်ညစ်စရာရှိရင် ပြောမှပေါ့ ။ တစ်ယောက်တည်း သိထားပြီး ကြိတ်ခံစားနေရတာက အပူပိုများစေတယ်လေ ။ အစ်မပြောထားတယ်မဟုတ်လား ၊ လွန်းငယ်ရဲ့ ပြဿနာက အစ်မရဲ့ပြဿနာပဲလို့လေ ။ " 

နှိုင်း၏ စကားတွေဟာ လွန်းကို စိတ်သက်သာရာရာစေပါ့မလား မသေချာ ။

" ပင်ပန်းနေလို့ပါ ၊ ခဏနားလိုက်ရင် အဆင်ပြေသွားလိမ့်မယ် "

" အစ်မကို မလိမ်နဲ့ ၊ လွန်း တစ်ခုခုတော့ဖြစ်နေတယ်မဟုတ်လား "

" အင်း ဟုတ်တယ် ၊ ဖြစ်လာတယ် ။ ဒါပေမယ့့် ဒီအချိန်မှာ မပြောချင်သေးဘူးဗျာ "

လွန်း၏ ပါးပြင်ပေါ်မျ လက်နှစ်ဖက်ကို ဖြေလျော့လိုက်သည် ။

" ဟုတ်ပြီ ၊ ဒါဆို လွန်းပြောချင်တဲ့အချိန်ကျရင် ပြော ဟုတ်ပြီလား " 

တုံ့ပြန်စကားမရပေမယ့့် ဆက်မပြောတော့ဘဲ ရေစိုနေသော လွန်း၏ ဆံပင်များကိုသာ အာရုံပြန်ပေးလိုက်သည် ။ လွန်းသည် နှိုင်းအား တစ်ကြိမ်တစ်ခါမျှ ဖုံးကွယ်ခြင်း မပြုဖူးချေ ။ မပြောပြချင်လောက်သည့် ပြဿနာသည် နှိုင်း၏ သိချင်စိတ်ကို ပိုတိုးစေသည် ။ သို့သော် နှိုင်း၏ ကလေးမ စိတ်တည်ငြိမ်သွားစေရန် အချိန်တစ်ခုအထိ စောင့်ရဦးမည် ဖြစ်သည် ။

°

" Andy "

ကန္တာခေါ်ရာကို မော့ကြည့်မိပေမယ့် မျက်နှာက တင်းမာနေမည်ကိုတော့ ကိုယ့်ကိုယ်ကိုယ် သိသည် ။

" သူငယ်ချင်းနဲ့ တစ်ခါတစ်လေလေးတွေ့ရတာကို နင့် မျက်နှာကို အဲ့အတိုင်းကြီး လုပ်ထားမှာလား Andrew "
" ဘာတွေ ဖြစ်နေတာလဲ ပြော "

" ဘာမှ မဖြစ်ပါဘူး "

" အဲ့ရုပ်လား ဘာမှ မဖြစ်တာ "

ကန္တာက လိမ္မော်ရည်ခွက်ကို လက်ထဲကိုင်ထားပေမယ့် မော့မသောက်ဘဲ နှိုင်းကိုသာ စိုက်ကြည့်နေပြန်သည် ။

" ကြီးကြီးမားမားမဟုတ်ပါဘူး ၊ အချိန်တန်ရင် သူ့ဟာသူ ပြီးသွားလိမ့်မယ် "

" လွန်းနဲ့ ရန်ဖြစ်လာတာလား "

" နင်ပဲ စဉ်းစားကြည့်ဟာ "

" ခဏ "
" စဉ်းပဲ စဉ်းစားခိုင်းရင် မာလာရှမ်းကော ၊ စဉ်းစားထားတာကိုပါ ပြောရမယ်ဆိုရင် မူကထ "

ဆက်ပြောရမည့် စကားများသည် ကန္တာ့စကားတစ်ခွန်းတည်းနှင့် ကုန်ခမ်းသွားသယောင် ။

" ဘယ် package ကို ယူမလဲ အရင်ပြော "

" ပေါတောတောတွေ လာမပြောနဲ့ ၊ ငါပြောတာကိုသာ နားထောင်စမ်းပါ "

ကန္တာက ခေါင်းငြိမ့်ပြတော့မှ နှိုင်း၏ စကားကို ဆက်ရတော့သည် ။

" အဆင်မပြေတာက ဒီလ အစပိုင်းကတည်းကပဲ ။ အခုပဲ ရက်နှစ်ဆယ်ကို ကျော်လာပြီ ၊ အေးအေးချမ်းချမ်းပြီးဆုံးသွားရတဲ့ ရက် မရှိသေးဘူး ။ အရင်က weekends တွေဆို ငါ့အနားက မခွာတဲ့ လူက ပိတ်ရက်ဆို ဘယ်ကမှန်းမသိ ပေါ်လာတဲ့ သူငယ်ချင်းတွေ ခေါ်လို့ဆိုပြီး dateဖို့ကို ချိန်းမရဘူး ။ သူ့အိမ်ပြန်သွားကတည်းက သူ night dutyကျတဲ့ရက်က လွဲရင် အေးအေးဆေးဆေးတွေ့ရတဲ့ရက်က ရှာမရပါဘူးဆို သူလုပ်နေတဲ့ ပုံစံကို နင်ကြည့် ။  ဘယ်သူလဲလို့ မေးလိုက်ရင်လည်း ဆယ်တန်းတုန်းက ၊ ဆေးကျောင်းတက်တုန်းက ဆိုပြီးပဲ လာတယ်ဟာ ၊ အဲ့အခါကျ ငါက အတိအကျ သိချင်လို့ မေးမိရင် သူ့ကို ဒါလေးတောင် မယုံကြည်ပေးနိုင်ဘူးလား ၊ သူငယ်ချင်းနဲ့တွေ့တာကိုတောင် ပိတ်ပင်ချင်တာလားဆိုပြီး ရန်တွေ့ပြန်ရော ။ ငါက ပြန်ရှင်းပြပြန်ရင်လည်း သူ့ကို အော်ပါတယ် ၊ ဆူပါတယ်ဆိုပြီး ၂၄နာရီကို ၁၈ နာရီလောက် ပြန်စိတ်ကောက်သွားတယ် ၊ ကျန်တဲ့ ခြောက်နာရီက သူအိပ်တာ "

တလိပ်လိပ်တက်လာသော ဒေါသများကြောင့် ‌ကော်ဖီခွက်ကို တစ်ကျိုက်တည်း မော့သောက်ကာ ပန်းကန်ပြားပေါ်သို့ အားပြင်းပြင်းဖြင့် စောင့်ချလိုက်မိသည် ။ ခါးသက်နေသော အရသာပေမယ့် အခါးကြိုက်သော နှိုင်းအတွက်တော့ ပုံမှန်ဟု ခံစားရသည် ။ ကန္တာက ခေါင်းတငြိမ့်ငြိမ့်ဖြင့် စဉ်းစားနေပုံရသည် ။

" တစ်ခါတစ်လေ နည်းနည်းပြဿနာကြီးသွားရင် လမ်းခွဲကြမလားဆိုတဲ့ စကားက လာသေးတယ် ၊ ငါ တခြား စိတ်မညစ်ဘူးဟာ ။ အဲ့ဒါကိုပဲ ညစ်တာ ။ "
" လွန်းက ငါ့ကို စိတ်ကုန်နေတာများလားဟင် "

" ငါလည်း သူများကို အသေအချာကြိးတော့ မဝေဖန်ချင်ဘူး ၊ အကြောင်းရှိလို့ အကျိုးဖြစ်တာမဟုတ်လား ။ နင့်ဘက်က တစ်ဖက်သက် အမြင်နဲ့ချည်း ပြောတာကို ငါက စွတ်ခေါင်းငြိမ့်လို့မရဘူးလေ ၊ လွန်းရဲ့ အခြေအနေကိုလည်း လေ့လာရဦးမှာပေါ့ ။ ဘာပဲပြောပြောဟာ လောလောဆယ်တော့ နင်က အကြီးဖြစ်နေတာပဲ ၊ အပျက်အပျက်ဖြစ်နေရင် ကောင်းလာမှာ ဘာမှမရှိဘူး ။ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတဲ့ စိတ်ကိုပဲ ကြည့် ၊ အခုတော့ နည်းနည်း သည်းခံလိုက်ပါဦး ။ နော် "

" ငါ သူ့ကို ချစ်လွန်းလို့ ဘယ်လောက်အထိ သူ့ဘက်က မှားနေတယ်ဆိုတာ သေချာနေပါစေ ငါ အလျှော့ပေးခဲ့တာချည်းပဲ ။ ငါ့ရဲ့ သည်းခံနိုင်စွမ်းက အဆုံးအစွန်ကို ရောက်နေပါပြီဟာ "

ပါူကို ဖောင်းကာ လေပူများကို မှုတ်ထုတ်လိုက်ပြီး စိတ်ရှုပ်ဟန်ကို အပြည့်အဝဆောင်နေသောနှိုင်းကို ကြည့်ကာ ကန္တာလည်း စိတ်ထဲ သိပ်မကောင်းလှ ။ ဤမိန်းကလေး၏ အချစ်ရေး ဖြောင့်ဖြူးစေရန်အတွက် မြှားနတ်မောင်အဖြစ် စွမ်းဆောင်ရဦးမည် ထင်သည် ။

°

Thanks for reading 💛

Zawgyi
______

ေကာ္ဖီခြက္ကို မတို႔မထိေသးဘဲ လြန္းကို စိုက္ၾကည့္ေနေသာ ပါးေၾကာင့္ ေျခဖ်ားလက္ဖ်ားေတြ ေအးစက္လာရသည္ည္ ။

" ပါး ... လြန္းကို ___"

" လမ္းခြဲလိုက္ "

" ပါး "

" မျဖစ္သင့္ဘူးဆိုတာ သိေနၿပီးသားမဟုတ္လား ၊ သမီးကို ပါး စိတ္မဆိုးခ်င္ဘူး ကေလး "

" ဒါေပမယ့္ ပါးရယ္ ၊ လြန္းက ... အစ္မကို တကယ္ခ်စ္တာ "

ေခါင္းငုံ႔ခ်လိုက္ကာ ငိုသံစြက္ေနသည္ကို ဖုံးကြယ္ရန္ ႀကိဳးစားေနသည္ ။

" ႏႈိင္းမခရဲ႕ လက္ထဲမွာ ရွိသမွ်က သူ႔ရဲ႕ တက္လမ္းေတြခ်ည္းပဲ ။ "
" ခြဲစိတ္ပါရဂူတစ္ေယာက္ျဖစ္ခ်င္ေနတာကို သမီး သိတယ္ မဟုတ္လား "

လြန္း အေျဖျပန္မေပးမိ ။ လြန္း၏ ေမ့ေလ်ာ့ေနမႈတစ္ခု ျဖစ္သည္ ။ လြန္းက ကိုယ့္အိပ္မက္ေတြကိုသာ လိုက္လံဖမ္းယူေနေသာ္လည္း ႏႈိင္းမခကေတာ့ သူမ၏ အိပ္မက္ေတြကို သိမ္းဆည္းထားသည္ မဟုတ္ပါလား ။

" သူ အကုန္လႊတ္ခ်ဖို႔လုပ္ေနတယ္ "
" မင္းရဲ႕ လက္ကို ဆြဲဖို႔ ငါ့သမီးက သူ႔ရဲ႕ တက္လမ္းေတြ အကုန္လုံးကို စြန႔္လႊတ္ေနတယ္လို႔ လြန္းေဟမာန္ငယ္ရဲ႕!! "

စားပြဲခုံကို လက္ဖဝါးျဖင့္ ႐ိုက္ခ်ကာ ေဒါသတႀကီးဆိုလာေသာ ပါး​ကို လြန္း ေၾကာက္ေနမိသည္ ။ ငယ္ငယ္ေလးကတည္းက ဆိုဆုံးမခဲ့ေသာ ပါးကို လြန္းအလြန္ ခ်စ္ေၾကာက္႐ိုေသသည္ ။ ယခုတစ္ႀကိမ္တြင္ ထပ္မံကာ လိုက္နာေစရန္ ပါးက တိုက္တြန္းေနျပန္သည္ ။

စားပြဲေပၚ ေရာက္လာေသာ စာ႐ြက္မ်ားမွ နာမည္ႀကီး တကၠသိုလ္မ်ား၏ အမည္မ်ားကို ျမင္ေနရသည္ ။ Andrew Grace ဟူေသာ နာမည္ကို လည္းေကာင္း ႏႈိင္းမခဟူေသာ အမည္ကိုလည္းေကာင္း တစ္စြန္းတစ္စေတြ႕ေနရေသးသည္ ။

" မင္း ေ႐ြးခ်ယ္ပါ ၊ ႏႈိင္းမခကို ႐ိုး႐ိုးဆရာဝန္တစ္ေယာက္ရဲ႕ ဘဝနဲ႔ အဆုံးသတ္ေစမလား ၊ ဒီ့ထက္ ျမင့္တဲ့ ေနရာတစ္ေနရာဆီကို ေရာက္ဖို႔ လက္လႊတ္ေပးမလားဆိုတာ "

အရာေတာင္ မယြင္းေသာ ေကာ္ဖီခြက္ ႏွစ္ခြက္ကို စိုက္ၾကည့္ကာ မ်က္ရည္က်မိျပန္သည္ ။ ေပ်ာ္ရမည့္လမ္းကို ေ႐ြးလွ်င္ ႏႈိင္းမခ၏ အရွိန္အဝါသည္ ဤမွ်ျဖင့္  ရပ္တန႔္ကာ တေျဖးေျဖး ေမွးမွိန္သြားေပလိမ့္မည္ ။  လြန္း၏ ေ႐ြးခ်ယ္မႈဟာ လူႏွစ္ေယာက္၏ ဘဝကို ေျပာင္းျပန္အခ်ိဳးက်ေစလိမ့္မည္ ။

°

" လြန္းငယ္က ေနာက္က်လိုက္တာကြာ ၊ အစ္မက ထမင္းစားမလို႔ ေစာင့္ေနတာကို "

"  သူငယ္ခ်င္းက အတင္းေကြၽးလို႔ ညစာစားလာၿပီးၿပီ ၊ အစ္မ တစ္ေယာက္တည္း စားလိုက္ေတာ့ေနာ္ ။ ပင္ပန္းလာလို႔ နားေတာ့မယ္ ။ "

တအံ့တၾသျဖစ္သြားရွာေသာ ႏႈိင္းမခ၏ မ်က္ႏွာ အမူအယာေၾကာင့္  သူမကို အားနာမိသည္ ။ ညဆယ္နာရီအထိ ဘာမွ် မစားဘဲ ေစာင့္ေနသူကို မုသားသုံး၍ ျငင္းဆိုလိုက္ရတာေတာ့ စိတ္ထဲ မေကာင္းေခ် ။ တုံ႔ျပန္စကားကိုပင္ မေစာင့္ေတာ့ဘဲ အခန္းထဲ ဝင္လာခဲ့သည္ ။ ေျခလွမ္းေတြဟာ ေလးလံသည္ထက္ ေလးလံေနသည္ ။ ျဖစ္ႏိုင္လွ်င္ သူမ၏ ရင္ခြင္ထဲသို႔ ေျပးဝင္ကာ ငို​ေႂကြးလိုက္ခ်င္သည္ ။

ေရခ်ိဳးခန္းေအာက္ေျခတြင္ ထိုင္ခ်ကာ ဒူးႏွစ္ဖက္ေပၚ မ်က္ႏွာအပ္လ်က္ ႀကိတ္၍ ငိုေႂကြးေနသူမွာ ေ႐ြးခ်ယ္ရန္လမ္းစကို ရွာမရႏိုင္ေသာ လြန္းျဖစ္သည္ ။ ေအးစက္ေနေသာ ေရစက္မ်ားက ခႏၶာကိုယ္အႏွံ႔ဆီသို႔ တိုးဝင္လ်က္ရွိသည္ ။ ႏႈိင္းမခလည္း သူမလို ခံစားခဲ့ရမွာ အမွန္ပင္ ။

" လြန္းငယ္ ၊ ေရခ်ိဳးတာ အရမ္းၾကာေနၿပီေနာ္ ကေလးေလး ။ အေအးပတ္မယ္ ထြက္ခဲ့ေတာ့ "

ေရခ်ိဳးခန္းတံခါးကို ႐ိုက္ခတ္သံႏွင့္အတူ ႏႈိင္းမခ၏ အသံက ထြက္ေပၚလာသည္ ။ ငိုထား၍ ရဲေနေသာ မ်က္လုံးမ်ားကို လက္ျဖင့္ အလ်င္အျမန္ပြတ္သပ္လိုက္သည္ ။ အခန္းအျပင္သို႔ထြက္လာေတာ့  ခါးေထာက္ကာ မတ္တပ္ရပ္ေနေသာ ႏႈိင္းမခကို ေတြ႕လိုက္သည္ ။

" ညဘက္ႀကီး ေခါင္းမေလွ်ာ္နဲ႔ဆိုတာကို စကားနားမေထာင္ဘူး ၊ ဒီကေလးမကေတာ့ကြာ "

ဗီဒိုအတြင္းရွိ တဘတ္တစ္ထည္ကို ဆြဲထုတ္လိုက္ေတာ့ တစ္စြန္းတစ္စထြက္ကာ က်လာေသာ စာအိတ္မ်ားကို ႏႈိင္းမခ သတိမထားမိေပမယ့္ လြန္းကေတာ့ ေသခ်ာေပါက္ျမင္လိုက္သည္ ။ အဝတ္မ်ားအေနာက္တြင္ ထည့္ထားေသာ စာအိတ္မ်ားက သဘက္ထုတ္လိုက္ေသာ အရွိန္ေၾကာင့္ ၾကမ္းျပင္သို႔ ျပဳတ္က်လာသည္ ။ ႏႈိင္းမခက လြန္းကို တစ္ခ်က္ လွည့္ၾကည့္ၿပီး ထိုစာ႐ြက္မ်ားကို ေကာက္သိမ္းသည္ ။ မျမင္ေအာင္ ဖြက္တာဆိုရင္ ပိုေတာင္ မွန္ေလမလား ။ ပညာေတာ္သင္အတြက္ ဆင့္ေခၚစာမ်ားျဖစ္ေၾကာင္း သိထား၍ ႏႈိင္းမခကို ပိုတိုးလို႔ပင္ အားနာမိေနသည္ ။ သူမတစ္ေယာက္တည္းအတြက္နဲ႔ အရာအားလံုးကို စြန႔္လႊတ္လိုက္ဖို႔ ျပင္ဆင္ေနသည္မဟုတ္ပါလား ။

" လာ ဒီမွာထိုင္ ၊ ေရေျခာက္ေအာင္ သုတ္ေပးမယ္ "

ကုတင္ေပၚ ေျခေထာက္ခ်၍ ထိုင္ေစကာ ႏႈိင္းက လြန္း၏ ဆံႏြယ္မ်ားကို တဘတ္ျဖင့္ တယုတယပြတ္သပ္ေပးသည္ ။

" အဲ့ကို မသြားဘူးလား "

ႏႈိင္းမခက ၿပဳံးရယ္ကာျဖင့္ ေခါင္းခါျပသည္ ။ ထိုအၿပဳံးေတြကိုျမင္တာေတာင္ လြန္းမွာ စိတ္မသက္သာႏိုင္ ။

" ကိုယ့္ဟာကိုယ္ ဆက္လုပ္လိုက္မယ္ ။ အလုပ္ရွိေသးတယ္မဟုတ္လား ၊ သြားေတာ့ "

ႏႈိင္း၏ လက္ထဲမွ တဘတ္ကို ဆြဲယူကာ ႏႈိင္းကို အျပင္သို႔ တြန္းပို႔ေနသည္ ။

" ေၾသာ္ ေၾသာ္ လြန္းငယ္ ဘယ္လိုျဖစ္ေနသလဲ ၊ အစ္မ အလုပ္ေတြ ၿပီးသြားၿပီ ။ အခု အိပ္ေတာ့မွာ "

တဘတ္ကို ျပန္လုကာ ခပ္ဆက္ဆက္​ေျပာလိုက္ေတာ့ ထိုကေလးမ ၿငိမ္က်သြားသည္ ။

" လြန္းငယ္ ၊ အစ္မကို ၾကည့္ "
" လြန္းငယ္ ဘာျဖစ္လာသလဲ   အစ္မကိုေျပာမွေပါ့ ကေလးေလးရဲ႕ ။ အစ္မေျဖရွင္းေပးႏိုင္တာဆိုတာ အကုန္ အဆင္ေျပေအာင္ အစ္မလုပ္ေပးမွာေပါ့ ။ ဘာျဖစ္လာသလဲ ေျပာ "

အၾကည့္ခ်င္းစုံရန္ ႀကိဳးစားေနေသာ ႏႈိင္းကို လွည့္မၾကည့္ပဲ တစ္ဖက္သို႔ မ်က္ႏွာလႊဲေနေသာေၾကာင့္ လြန္း၏ ပါးႏွစ္ဖက္ကို လက္ျဖင့္ အုပ္ကိုင္လိုက္ၿပီး ႏႈိင္း၏ မ်က္ႏွာေရွ႕သို႔ လွည့္ေစလိုက္သည္ ။

" လြန္းငယ္ရဲ႕ ျပႆနာက အစ္မရဲ႕ ျပႆနာပဲေလ "

" စိတ္စ္ရာရွိင္ ေျပာမွေပါ့ ။ တစ္ေယာက္ည္း သိထားပီးကိတ္ခံစားေနရတာက အပူပိုမ်ားေစတယ္ေလ ။ အစ္မေျပာထားယ္ဟုတ္လားလြန္းယ္ရဲ႕ပႆနာက အစ္ရဲ႕ျပႆနာပဲလို႔ေလ ။ " 

ႏႈိင္း၏ စကားေတြဟာ လြန္းကို စိတ္သက္သာရာရာေစပါ့မလား မေသခ်ာ ။

" ပင္ပန္းေနလို႔ပါ ၊ ခဏနားလိုက္ရင္ အဆင္ေျပသြားလိမ့္မယ္ "

" အစ္မကို မလိမ္နဲ႔ ၊ လြန္း တစ္ခုခုေတာ့ျဖစ္ေနတယ္မဟုတ္လား "

" အင္း ဟုတ္တယ္ ၊ ျဖစ္လာတယ္ ။ ဒါေပမယ့့္ ဒီအခ်ိန္မွာ မေျပာခ်င္ေသးဘူးဗ်ာ "

လြန္း၏ ပါးျပင္ေပၚမ် လက္ႏွစ္ဖက္ကို ေျဖေလ်ာ့လိုက္သည္ ။

" ဟုတ္ၿပီ ၊ ဒါဆို လြန္းေျပာခ်င္တဲ့အခ်ိန္က်ရင္ ေျပာ ဟုတ္ၿပီလား " 

တုံ႔ျပန္စကားမရေပမယ့့္ ဆက္မေျပာေတာ့ဘဲ ေရစိုေနေသာ လြန္း၏ ဆံပင္မ်ားကိုသာ အာ႐ုံျပန္ေပးလိုက္သည္ ။ လြန္းသည္ ႏႈိင္းအား တစ္ႀကိမ္တစ္ခါမွ် ဖုံးကြယ္ျခင္း မျပဳဖူးေခ် ။ မေျပာျပခ်င္ေလာက္သည့္ ျပႆနာသည္ ႏႈိင္း၏ သိခ်င္စိတ္ကို ပိုတိုးေစသည္ ။ သို႔ေသာ္ ႏႈိင္း၏ ကေလးမ စိတ္တည္ၿငိမ္သြားေစရန္ အခ်ိန္တစ္ခုအထိ ေစာင့္ရဦးမည္ ျဖစ္သည္ ။

°

" Andy "

ကႏၲာေခၚရာကို ေမာ့ၾကည့္မိေပမယ့္ မ်က္ႏွာက တင္းမာေနမည္ကိုေတာ့ ကိုယ့္ကိုယ္ကိုယ္ သိသည္ ။

" သူငယ္ခ်င္းနဲ႔ တစ္ခါတစ္ေလေလးေတြ႕ရတာကို နင့္ မ်က္ႏွာကို အဲ့အတိုင္းႀကီး လုပ္ထားမွာလား Andrew "
" ဘာေတြ ျဖစ္ေနတာလဲ ေျပာ "

" ဘာမွ မျဖစ္ပါဘူး "

" အဲ့႐ုပ္လား ဘာမွ မျဖစ္တာ "

ကႏၲာက လိေမၼာ္ရည္ခြက္ကို လက္ထဲကိုင္ထားေပမယ့္ ေမာ့မေသာက္ဘဲ ႏႈိင္းကိုသာ စိုက္ၾကည့္ေနျပန္သည္ ။

" ႀကီးႀကီးမားမားမဟုတ္ပါဘူး ၊ အခ်ိန္တန္ရင္ သူ႔ဟာသူ ၿပီးသြားလိမ့္မယ္ "

" လြန္းနဲ႔ ရန္ျဖစ္လာတာလား "

" နင္ပဲ စဥ္းစားၾကည့္ဟာ "

" ခဏ "
" စဥ္းပဲ စဥ္းစားခိုင္းရင္ မာလာရွမ္းေကာ ၊ စဥ္းစားထားတာကိုပါ ေျပာရမယ္ဆိုရင္ မူကထ "

ဆက္ေျပာရမည့္ စကားမ်ားသည္ ကႏၲာ့စကားတစ္ခြန္းတည္းႏွင့္ ကုန္ခမ္းသြားသေယာင္ ။

" ဘယ္ package ကို ယူမလဲ အရင္ေျပာ "

" ေပါေတာေတာေတြ လာမေျပာနဲ႔ ၊ ငါေျပာတာကိုသာ နားေထာင္စမ္းပါ "

ကႏၲာက ေခါင္းၿငိမ့္ျပေတာ့မွ ႏႈိင္း၏ စကားကို ဆက္ရေတာ့သည္ ။

" အဆင္မေျပတာက ဒီလ အစပိုင္းကတည္းကပဲ ။ အခုပဲ ရက္ႏွစ္ဆယ္ကို ေက်ာ္လာၿပီ ၊ ေအးေအးခ်မ္းခ်မ္းၿပီးဆုံးသြားရတဲ့ ရက္ မရွိေသးဘူး ။ အရင္က weekends ေတြဆို ငါ့အနားက မခြာတဲ့ လူက ပိတ္ရက္ဆို ဘယ္ကမွန္းမသိ ေပၚလာတဲ့ သူငယ္ခ်င္းေတြ ေခၚလို႔ဆိုၿပီး dateဖို႔ကို ခ်ိန္းမရဘူး ။ သူ႔အိမ္ျပန္သြားကတည္းက သူ night dutyက်တဲ့ရက္က လြဲရင္ ေအးေအးေဆးေဆးေတြ႕ရတဲ့ရက္က ရွာမရပါဘူးဆို သူလုပ္ေနတဲ့ ပုံစံကို နင္ၾကည့္ ။  ဘယ္သူလဲလို႔ ေမးလိုက္ရင္လည္း ဆယ္တန္းတုန္းက ၊ ေဆးေက်ာင္းတက္တုန္းက ဆိုၿပီးပဲ လာတယ္ဟာ ၊ အဲ့အခါက် ငါက အတိအက် သိခ်င္လို႔ ေမးမိရင္ သူ႔ကို ဒါေလးေတာင္ မယုံၾကည္ေပးႏိုင္ဘူးလား ၊ သူငယ္ခ်င္းနဲ႔ေတြ႕တာကိုေတာင္ ပိတ္ပင္ခ်င္တာလားဆိုၿပီး ရန္ေတြ႕ျပန္ေရာ ။ ငါက ျပန္ရွင္းျပျပန္ရင္လည္း သူ႔ကို ေအာ္ပါတယ္ ၊ ဆူပါတယ္ဆိုၿပီး ၂၄နာရီကို ၁၈ နာရီေလာက္ ျပန္စိတ္ေကာက္သြားတယ္ ၊ က်န္တဲ့ ေျခာက္နာရီက သူအိပ္တာ "

တလိပ္လိပ္တက္လာေသာ ေဒါသမ်ားေၾကာင့္ ‌ေကာ္ဖီခြက္ကို တစ္က်ိဳက္တည္း ေမာ့ေသာက္ကာ ပန္းကန္ျပားေပၚသို႔ အားျပင္းျပင္းျဖင့္ ေစာင့္ခ်လိုက္မိသည္ ။ ခါးသက္ေနေသာ အရသာေပမယ့္ အခါးႀကိဳက္ေသာ ႏႈိင္းအတြက္ေတာ့ ပုံမွန္ဟု ခံစားရသည္ ။ ကႏၲာက ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ စဥ္းစားေနပုံရသည္ ။

" တစ္ခါတစ္ေလ နည္းနည္းျပႆနာႀကီးသြားရင္ လမ္းခြဲၾကမလားဆိုတဲ့ စကားက လာေသးတယ္ ၊ ငါ တျခား စိတ္မညစ္ဘူးဟာ ။ အဲ့ဒါကိုပဲ ညစ္တာ ။ "
" လြန္းက ငါ့ကို စိတ္ကုန္ေနတာမ်ားလားဟင္ "

" ငါလည္း သူမ်ားကို အေသအခ်ာႀကိးေတာ့ မေဝဖန္ခ်င္ဘူး ၊ အေၾကာင္းရွိလို႔ အက်ိဳးျဖစ္တာမဟုတ္လား ။ နင့္ဘက္က တစ္ဖက္သက္ အျမင္နဲ႔ခ်ည္း ေျပာတာကို ငါက စြတ္ေခါင္းၿငိမ့္လို႔မရဘူးေလ ၊ လြန္းရဲ႕ အေျခအေနကိုလည္း ေလ့လာရဦးမွာေပါ့ ။ ဘာပဲေျပာေျပာဟာ ေလာေလာဆယ္ေတာ့ နင္က အႀကီးျဖစ္ေနတာပဲ ၊ အပ်က္အပ်က္ျဖစ္ေနရင္ ေကာင္းလာမွာ ဘာမွမရွိဘူး ။ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္တယ္ဆိုတဲ့ စိတ္ကိုပဲ ၾကည့္ ၊ အခုေတာ့ နည္းနည္း သည္းခံလိုက္ပါဦး ။ ေနာ္ "

" ငါ သူ႔ကို ခ်စ္လြန္းလို႔ ဘယ္ေလာက္အထိ သူ႔ဘက္က မွားေနတယ္ဆိုတာ ေသခ်ာေနပါေစ ငါ အေလွ်ာ့ေပးခဲ့တာခ်ည္းပဲ ။ ငါ့ရဲ႕ သည္းခံႏိုင္စြမ္းက အဆုံးအစြန္ကို ေရာက္ေနပါၿပီဟာ "

ပါူကို ေဖာင္းကာ ေလပူမ်ားကို မႈတ္ထုတ္လိုက္ၿပီး စိတ္ရႈပ္ဟန္ကို အျပည့္အဝေဆာင္ေနေသာႏႈိင္းကို ၾကည့္ကာ ကႏၲာလည္း စိတ္ထဲ သိပ္မေကာင္းလွ ။ ဤမိန္းကေလး၏ အခ်စ္ေရး ေျဖာင့္ျဖဴးေစရန္အတြက္ ျမႇားနတ္ေမာင္အျဖစ္ စြမ္းေဆာင္ရဦးမည္ ထင္သည္ ။

°

Thanks for reading 💛

Continue Reading

You'll Also Like

26.8K 613 24
MiyaxReader I have permission from the author to continue this fanfic
1.7M 94.8K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
412K 25.1K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
3.2M 185K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...