ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လ...

By White_Daisy85

129K 8.3K 434

Myanmar Boyslove Own Creation Village Unicode & Zawgyi More

အပိုင်း[၁]
အပိုင်း[၂]
အပိုင်း[၃]
အပိုင်း[၄]
အပိုင်း[၅]
အပိုင်း[၆]
အပိုင်း[၇]
အပိုင်း [၈]
အပိုင်း [၉]
အပိုင်း [၁၀]
အပိုင်း [၁၁]
အပိုင်း [၁၃]
အပိုင်း [၁၄]
အပိုင်း [၁၅]
အပိုင်း [၁၆]
အပိုင်း [၁၇]
အပိုင်း [၁၈]
အပိုင်း [၁၉]
အပိုင်း [၂၀]
အပိုင်း [၂၁]
အပိုင်း [၂၂]
အပိုင်း [၂၃]
အပိုင်း [၂၄]
အပိုင်း [၂၅]
အပိုင်း [၂၆]
အပိုင်း [၂၇]
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
Hello!
Extra 1
Extra 2
Extra 3
Extra (4)
Extra 5
Extra 6
Extra 7

အပိုင်း [၁၂]

3.1K 254 34
By White_Daisy85

အရပ်ရှစ်မျက်နှာကိုမကြည့်ပါဘဲ
ဦးတည်ရာလမ်းကိုသာ ခပ်မတ်မတ်လျှောက်နေတဲ့
ကိုရှင်းကိုကြည့်ပြီး ဘယ်ကစကားစရမလဲဆိုတာ
ဆုမြတ်သွယ်မသိတော့။
ခါတိုင်းက သူမကိုသက်သက်မဲ့စကားမပြောချင်လို့
လျစ်လျူရှုထားပေမဲ့ ခုကစိတ်နဲ့ကိုယ်နဲ့မကပ်သလို။
ဘယ်လောက်တောင်စိတ်နဲ့ကိုယ်မကပ်သလဲမသိ
အအေးကြောက်ပါတယ်ဆိုတဲ့သူက
အင်္ကျီအဖြူလက်ပြတ်ကလေးနှင့်။

''ကိုရှင်း...ကိုရှင်းမြတ်ဒီပါ"

''ဟင်...ဟင်"

အလန့်တကြားနှင့်သူမကို ပြူးကြောင်ကြည့်လာပုံက
အမှန်တကယ်အသက်မရှိတဲ့အရုပ်လေး
ခုမှအသက်ဝင်လာသလို။

''နေမကောင်းဘူးလားဟင်...မျက်နှာလည်းမကောင်းဘူး"

ဘာဖြစ်လို့မျက်နှာမကောင်းလည်းဆိုတာ
အိမ်နီးချင်းဖြစ်တဲ့ဆုမြတ်သွယ်အဖို့
မသိစရာ အကြောင်းမရှိ။
သိသိရက်နဲ့ပင် အကြောင်းမရှိအကြောင်းရှာကာ
သူမဗြောင်မေးလိုက်သည်။

''ကိုယ်နေကောင်းပါတယ်၊
စိတ်ပူပေးလို့ကျေးဇူးပဲနော်"

''တကယ်ရောဟုတ်လို့လား"

ပြောပြောဆိုဆို ဆုမြတ်သွယ်လက်က
ရှင်းမြတ်ဒီပါနဖူးဆီသို့ရွယ်လာသဖြင့်
ရှင်းမြတ်ဒီပါက အနောက်သို့ခန္ဓာကိုယ်စောင်းလိုက်သည်။
လေထဲလက်တန်းလန်းနှင့်ဆုမြတ်သွယ်က
အနည်းငယ်ကြာမှ ရှက်သွားဟန်ဖြင့်ခပ်ဖွဖွရယ်လိုက်သည်။

''တကယ်ဆို ချမ်းမြေ့တို့ဖက်ကအလွန်မဟုတ်လား၊
ဘာလို့ကိုရှင်းကစိတ်ဆင်းရဲနေရတာလဲ"

ထိုစကားကို ဒေါ်မြတ်ဌေးရှေ့သွားပြောလျှင်
သူမမျက်နှာသာပေးခံရမှာသေချာပေမဲ့
ခုတော့ လူမှားကာပြောမိပေပြီ။
ရှင်းမြတ်ဒီပါရဲ့ပြောင်းလဲလာတဲ့အကြည့်တွေကို
မသိပါဘဲ သူမကပြစ်တင်စကားဆက်ဆိုလေသည်။

''ငယ်ကတည်းက ချမ်းမြေ့ကနည်းနည်းလေးမှ
အကျင့်မကောင်းတာ၊
ဒီလိုတော့မပြောချင်ပေမဲ့ အမှန်လည်းအစ်မပျော်ရွှင်က
အခြောက်ပဲဟာကို၊ဘာတွေနာနေမှန်းမသိဘူး"

''စကားပြောဆင်ခြင်ပါ ဆုမြတ်သွယ်"

''ရှင်"

ကြားနေကျအသံချိုချိုမဟုတ်ပါဘဲ
မာန်ပါတဲ့အသံကြောင့် ဆုမြတ်သွယ်က
ရှင်းမြတ်ဒီပါကို ကြောင်အစွာမော့ကြည့်နေမိ၏။
​ကြည်လင်အေးချမ်းတဲ့မျက်နှာလေးက
ခုချိန်မှာတော့ မျက်နှာမသာပေ။

''အသွယ့်ပြောတဲ့ထဲ အမှားပါသွားလို့လားဟင်"

မျက်တောင်လေးတွေတဖျတ်ဖျတ်ခတ်ကာ
မျက်နှာငယ်လေးနှင့် သူမဆိုလိုက်တော့
ရှင်းမြတ်ဒီပါက လေပူတွေတစ်ချက်မှုတ်ထုတ်ကာ
တစ်ဖက်သို့မျက်နှာလွှဲသွားလေသည်။

''အတင်းပြောတဲ့သူတွေကို ကိုယ်သဘောမကျဘူး"

''ရှင်"

''100%မှန်ကန်နေပါစေ၊
ကာယကံရှင်ရဲ့ကွယ်ရာမှာပြောရင် အတင်းပဲ
ဆုမြတ်သွယ်၊ပြီးတော့
အဖြစ်မှန်ကိုမသိပါဘဲ ကိုယ့်အမြင်တစ်ခုတည်းနဲ့
တစ်ဖက်သားကိုမစွပ်စွဲပါနဲ့"

ပြောချင်ရာပြောပြီး ထွက်သွားပါသော
ကိုရှင်းကျောပြင်ကိုငေးကြည့်ရင်း
ဆုမြတ်သွယ်မှာ မည်သို့မျှနားမလည်နိုင်။

ကိုရှင်းက သူမကိုသဘောထားသေးသိမ်ပြီး
အတင်းတုပ်တတ်တဲ့မိန်းကလေးလို့ထင်သွားသည်မှာ
သေချာသလောက်ရှိသည်။
ဒါကြောင့်လည်း ခုနကစကားတွေကိုဆိုသွားခြင်းမဟုတ်လား။

ဘယ်အရာကိုမှလိုက်ပြီးမတွေးနိုင်တဲ့အတွက်
ခေါင်းတဗျင်းဗျင်းကုပ်ရင်းသာ
ကိုရှင်းအနောက်ကိုပြေးလိုက်ရသည်။

.....................................

ကြည်နူးကိုကျောင်းမပို့တာ ဒီနေ့ဆိုသုံးရက်ရှိပြီ။

အခါတိုင်းလိုလိုရယ်သံတွေဆူညံနေတဲ့အိမ်လေးက
ခုများတော့တိတ်ဆိတ်နေသည်မှာ သုသန်တစပြင်လို။
ပြသနာတွေဖြစ်သည့်နေ့ကတည်းက
တိတ်ဆိတ်မှုတွေစတင်ခဲ့တာ။

အမယ်အိုနှင့်ရွှင်လန်းက
ချမ်းမြေ့နှင့်ပျော်ရွှင့်ကို အရိပ်တကြည့်ကြည့်နှင့်။
ချမ်းမြေ့စိတ်ဖောက်ပြီး အရင်တစ်ခါလို
ထင်းချောင်းဆွဲပြီးထွက်သွားမှာကြောက်ရသလို
လူမမြင်တဲ့ချောင်ကွယ်ရာလေးမှာ
ဘယ်သူမှမကြားအောင် ပျော်ရွှင်ကျိတ်ငိုနေမည်လည်း
စိုးနေရသည်။

အိမ်ရဲ့ဆည်းလည်းလေးကြည်နူးကလည်း
ချမ်းမြေ့ရဲ့တစ်ဖက်ခြမ်းနှင့်စိမ်းသက်လှသည်ဖြစ်ရာ
ကြောက်ရွံ့နေ၍ စကားပင်ဟုတ်တိပတ်တိမပြော။

ပြသနာတွေဖြစ်ပြီးနောက်နေ့ ပျော်ရွှင်က
ရည်းစားစာတွေအထပ်လိုက်ကိုမီးထဲထည့်ရှို့တာမြင်တော့
မသိမသာသက်ပြင်းချမိကြသည်။
ချမ်းမြေ့ကတော့ ပျော်ရွှင့်မျက်နှာတကြည့်ကြည့်နှင့်၊
သူ့ကိုကြောက်နေတဲ့ကြည်နူးကိုလည်း
ချော့မော့ဖို့ရန်သတိမရ။

တစ်ခါတလေ လူစုံတဲ့ထမင်းဝိုင်းမှာ
အမယ်အိုနှင့်ရွှင်လန်းကရယ်မောစေရန်
ဟာသတွေပြောလာပေမဲ့ ဝတ်ကျေတန်းကျေပင်
မည်သူမှရယ်မောမလာတော့
အရှက်ပြေကိုယ်တိုင်သာရယ်ခဲ့ရတာ အကြိမ်ကြိမ်။

အမယ်အိုနှင့်ရွှင်လန်းစိတ်ပူနေသလို
ပျော်ရွှင့်မှာလည်း မအေးချမ်းပေ။
ချမ်းမြေ့အကြောင်း သူမသိသည်။
အရှက်ခွဲခံရတဲ့ကာယကံရှင်သူမက
ဒီကိစ္စကိုမဖြစ်ခဲ့သလို၊မသိသလိုကျော်သွားနိုင်ပေမဲ့
ချမ်းမြေ့ကတော့ သူမလိုမဟုတ်။

ဒါကြောင့်လည်း အမေနဲ့မမနည်းတူ
ချမ်းမြေ့ကိုသူမမျက်ခြေမပြတ်စောင့်ကြည့်နေခဲ့တာ။
ခုလည်း ဘာတွေတွေးနေလဲမသိတဲ့မောင်ဖြစ်သူက
ထင်းပုံပေါ်မှာမိန့်မိန့်ကြီးထိုင်လျက်။

ချမ်းမြေ့က ငယ်ကတည်းက
အငြိုးကြီးလွန်းတဲ့ကောင်လေး။
သူ့ကိုအပြစ်ပြုမိရင်
အထိနာအောင်ပြန်လုပ်တတ်တဲ့လူမျိုး။

ချမ်းမြေ့ကိုငေးကြည့်ရင်းပျော်ရွှင်သက်ပြင်းချမိသည်။
ခုတစ်ကြိမ်ရောပေါင်းရင် သူမသက်ပြင်းချတာ
အခေါက်ပေါင်းတစ်ရာကျော်ပေပြီ။

...............................

''ကြည်နူး ပြီးရင်လာတော့'

ချမ်းမြေ့စကားကြောင့် အဖြူအစိမ်းဝတ်ထားတဲ့
အနူးကအိမ်ပေါ်မှပြေးဆင်းလာကာ
သူစီးနေကျနေရာမှာဝင်ထိုင်လေသည်။
ဦးလေးချစ်တဲ့တူဆိုတော့လည်း
တစ်ခါချော့လိုက်တာနှင့်ပျော့ကျသွားသည်မှာ
ပြုံးရွှင်နေတဲ့သနပ်ခါးဖွေးဖွေးနဲ့မျက်နှာကသက်သေ။

''တကယ်ပဲ ဘယ်သူမှမလိုက်ရဘူးလား"

ချမ်းမြေ့ကိုစိတ်မချလို့ရွှင်လန်းပါလိုက်သွားချင်ပေမဲ့
မနက်ကတည်းက ချမ်းမြေ့ကသူတစ်ယောက်တည်း
ကြည်နူးကိုကျောင်းလိုက်ပို့မည်ဆိုလာခြင်း။

''ငါကလေးမဟုတ်တော့ပါဘူး မမရယ်၊
အကျိုးနဲ့အကြောင်း ငါခွဲခြားတတ်ပါတယ်"

''နင်ကလေးမဟုတ်တော့လို့ပေါ့ ကောင်စုတ်လေးရဲ့"

''စိတ်ချ ငါ့အစ်မ၊
ကျွန်တော်ဘာမှမလုပ်ဘူး"

''အဲ့ကောင်လေးနဲ့ပတ်သက်ပြီး ငါဘယ်လိုမှမခံစားရတော့တာမို့
စိတ်ပူရအောင်မလုပ်နဲ့ ချမ်းမြေ့"

လေးရက်မြောက်နေ့မှာတော့ အိမ်ကလေးက
အရင်လိုမဟုတ်သေးပေမဲ့စိုပြေစပြုလာ၏။
မျက်နှာလေးတွေရွှင်ကာ ကြည်လင်လာကြသည်။

''အေးပါ...ဒါဆိုအနူးကိုကျောင်းလိုက်ပို့လိုက်ဦးမယ်"

''အေး..ဂရုတစိုက်လည်းမောင်းသွားအုံး"

ဆိုင်ကယ်ဇက်ကိုလက်တစ်ဖက်တည်းနှင့်ထိန်းရင်းနှင့်
တစ်ဖက်ကအစ်မနှစ်ယောက်ကို တာ့တာပြောင်းပြန်ပြသွားလေသည်။
ရွှင်လန်းနှင့်ပျော်ရွှင် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ
တိုးဖွဖွရယ်မိကြ၏။

.......................

''ချမ်းချမ်း တာ့တာ"

တာ့တာပြရင်းကျောင်းထဲဝင်သွားတဲ့အနူးကို
ချမ်းမြေ့ကပြုံးကာကြည့်နေ၏။
မျက်စိရှေ့မှအနူးပျောက်သွားတဲ့အထိ
ချမ်းမြေ့ကျောင်းရှေ့ကမခွာသေး။
တစ်ယောက်သောသူကိုစောင့်ကာ
တစ်ချို့သောစကားတွေဆိုရပေဦးမည်မဟုတ်လား။

ချမ်းမြေ့စောင့်နေတာ15မိနစ်လောက်ကြာမှ
လမ်းသွယ်သွယ်မှကွေ့ချိုးကာလျှောက်လာတဲ့
လူနှစ်ယောက်ကြောင့်
ချမ်းမြေ့မျက်ခုံးတွေ မသိမသာတွန့်ချိုးသွားသည်။
သို့သော် မည်မျှမှမကြာလိုက်၊
တစ်စုံတရာစဥ်းစားမိသွားဟန်ဖြင့် နှုတ်ခမ်းပါးတွေက
ပြုံးယောင်သန်းလာ၏။

ဖြည်းဖြည်းသာသာလမ်းလျှောက်လာတဲ့ရှင်းမြတ်က
ကျောင်းဆိုင်းဘုတ်ရှေ့ရပ်နေသောချမ်းမြေ့ကို
မြင်သွားကာ မယုံကြည်ဟန်ဖြင့်ပြူးကြည့်လာသည်။
ချမ်းမြေ့မှန်းသေချာသွားမှ အနားသို့ခပ်မြန်မြန်လျှောက်လာသည်။

''ချမ်းမြေ့"

''ပြောစရာစကားရှိလို့ ခင်ဗျားကိုကျုပ်စောင့်တာ"

အနောက်မှာကပ်ပါလာတဲ့ဆုမြတ်သွယ်ကို
ချမ်းမြေ့ကြည့်ကာ မချိုမချဥ်ပြုံးလာ၏။

''ဟို...ကိုရှင်းတို့ပြောစရာစကားရှိတယ်ဆိုရင်
အသွယ့်အရင်သွားနှင့်မယ်နော်"

ချမ်းမြေ့ကိုတစ်ချက်ကြည့်ယုံနှင့်
သူမကိုအမြင်မကြည်မှန်း ဆုမြတ်သွယ်သိသည်။
ဒါကြောင့်မို့လည်း အလိုက်တသိရှောင်ပေးခြင်းသာ။

''ခင်ဗျားမှာ ပြောစရာစကားမရှိဘူးလား"

''ဟင်"

''ခင်ဗျားညီလုပ်ခဲ့တာတွေအတွက်
အားနာစိတ်လေးတောင် မဖြစ်မိဘူးလား"

''ကိုယ်...ကိုယ်တောင်းပန်ပါတယ်ချမ်းမြေ့၊
ကိုယ့်ညီနဲ့ကိုယ့်အမေကြောင့် ပြသနာတွေဖြစ်ခဲ့ရလို့
ကိုယ်ကပဲအနူးအညွှတ်တောင်းပန်ပါရစေ"

ရှင်းမြတ်ဒီပါရဲ့မျက်ဝန်းထဲက အားနာရိပ်တွေကိုမြင်တော့
ချမ်းမြေ့မျက်ဝန်းတွေကအရောင်လက်သွား၏။

သူလိုချင်တာဒါပဲ...

''ဘယ်လိုလုပ်မလဲ...ခင်ဗျားရဲ့တောင်းပန်မှုကကျုပ်အတွက်
နည်းနည်းလေးမှတောင်စိတ်သက်သာရာမရစေဘူး"

''ကိုယ်...ကိုယ်"

''ခဏနေကျကျောင်းတက်တော့မှာမဟုတ်လား၊
ကျုပ်ကခင်ဗျားနဲ့စကားအများကြီးပြောစရာရှိသေးတာ၊
ဒီလိုလုပ်မလား...ညနေကျရွာအနောက်ကမန်ကျည်းပင်ကိုလာခဲ့လေ၊ကျုပ်တို့တွေ အေးဆေးစကားပြောကြတာပေါ့"

သူပြောလိုက်တဲ့စကားတွေက ကျိုးကြောင်းဆီလျော်မှုမရှိတာ
ချမ်းမြေ့သိတယ်။ဆိုပေမဲ့လည်း သူ့စကားကို
တစ်ဖက်လူလက်ခံမှာကိုလည်းသူသိပြီးသား။
ဘာလို့ဆို ရှင်းမြတ်ဒီပါကချမ်းမြေ့ဆီက
ခွင့်လွှတ်မှုကိုတောင်းခံချင်နေတာမို့။

''ဘယ်လိုလဲ"

''ကိုယ်...ကိုယ်"

''ကိုယ်လာခဲ့မယ်"

ချမ်းမြေ့က ရှင်းမြတ်ဒီပါရဲ့စကားကြားတော့
လူယုတ်မာပြုံး ပြုံးလာလေသည်။
ထိုသည်ကိုတော့ ခေါင်းငုံ့နေတဲ့ရှင်းမြတ်ဒီပါမသိလိုက်ပေ။

..............................

ရွာနောက်ကမန်ကျည်းပင်အောက်ထိုင်နေတဲ့
ရှင်းမြတ်ဒီပါကို ချုံပုတ်အကွယ်မှချမ်းမြေ့ချောင်းကြည့်ရင်း
ပြုံးနေသည်မှာ အချိန်ကာလအားဖြင့်တစ်နာရီရှိနေပြီ။

ချမ်းမြေ့ရောက်မလာသေးလို့
ဘေးဘီဝဲယာကြည့်နေပုံက အသည်းငယ်တဲ့ယုန်ကလေးလို။
လူသွားလူလာပြတ်လို့ ကြောက်ရွံ့နေဟန်လည်းပေါ်သည်။
သို့ပေသည့် ချမ်းမြေ့ရောက်ကြောင်း
ရှင်းမြတ်ဒီပါကို ကိုယ်ထင်ပြလို့မရသေး။
ချမ်းမြေ့က အချိန်ကောင်းကိုစောင့်နေတာ။
ဒိထက်ပိုပြီးမှောင်လာမဲ့အချိန်ကိုပေါ့။

ထိုလူက ချမ်းမြေ့မလာမချင်းစောင့်နေမှာမှန်း
ချမ်းမြေ့သိတယ်။ဒါကြောင့်လည်း
ခုချိန်ထိစိတ်အေးလက်အေးနေနိုင်တာ။

နေလုံးကြီးကတောင်နှစ်လုံးကြား
ကွယ်ပျောက်သွားချိန်မှာတော့ပတ်ဝန်းကျင်က
သိသိသာသာမှောင်လာချေပြီ။
အနွေးထည်မဝတ်လာမိလို့ ချမ်းနေတဲ့လူကြီးလေးကတော့
အနွေးဓာတ်ရရန်လက်ဖဝါးအချင်းချင်းပွတ်တိုက်နေ၏။

ချမ်းမြေ့စောင့်နေတဲ့အချိန်ကိုရောက်ပြီ...

ချုံပုတ်အကွယ်မှထလိုက်တဲ့အထိ
ရှင်းမြတ်ဒီပါကမသိသေး။
အနီးနားရောက်သွားမှ ခြေသံကြားဟန်ဖြင့်
လှည့်ကြည့်လာသည်က မှုန်ဝါးဝါးအလင်းရောင်အောက်မှာ
မျက်လုံးပြူးလေးနှင့်။

''ရောက်လာပြီလား ကိုယ်စောင့်နေတာကြာပြီ"

''ကျုပ်သိတယ်"

''အမ်"

''တောင်းပန်ပါတယ်"

ဒုတ်

ဇက်ပိုးအုပ်လိုက်သံနှင့်အတူ ရင်ခွင်ထဲခွေကျလာတဲ့
အေးစက်စက်ခန္ဓာကိုယ်။
အရွယ်နဲ့မလိုက်သေးသွယ်နေတဲ့ခန္ဓာကိုယ်လေးကို
လက်နှစ်ဖက်နှင့်ခပ်တင်းတင်းပွေ့ဖက်ရင်း
ချမ်းမြေ့က အသံထွက်အောင်ပင်အော်ရယ်၏။

တကယ်တမ်းတော့ ချမ်းမြေ့ကခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်လိုက်တာ။
ချမ်းမြေ့သာ ရှင်းမြတ်ဒီပါကိုခိုးပြေးလိုက်ရင်
ကိုယ်ချစ်တဲ့သူကိုပိုင်ဆိုင်ရတဲ့အပြင်
တစ်ဖက်မှာလည်း အစ်မအတွက်လက်စားချေရာရောက်တယ်လေ။

သိကြတဲ့အတိုင်း ချမ်းမြေ့က
နာမည်နဲ့မလိုက်အငြိုးကြီးတဲ့ကောင်လေး...

.................................

ဒန်တန့်တန်

Zawgyi

အရပ္ရွစ္မ်က္ႏွာကိုမၾကည့္ပါဘဲ
ဦးတည္ရာလမ္းကိုသာ ခပ္မတ္မတ္ေလွ်ာက္ေနတဲ့
ကိုရွင္းကိုၾကည့္ၿပီး ဘယ္ကစကားစရမလဲဆိုတာ
ဆုျမတ္သြယ္မသိေတာ့။
ခါတိုင္းက သူမကိုသက္သက္မဲ့စကားမေျပာခ်င္လို႔
လ်စ္လ်ဴရႈထားေပမဲ့ ခုကစိတ္နဲ႕ကိုယ္နဲ႕မကပ္သလို။
ဘယ္ေလာက္ေတာင္စိတ္နဲ႕ကိုယ္မကပ္သလဲမသိ
အေအးေၾကာက္ပါတယ္ဆိုတဲ့သူက
အကၤ်ီအျဖဴလက္ျပတ္ကေလးႏွင့္။

''ကိုရွင္း...ကိုရွင္းျမတ္ဒီပါ"

''ဟင္...ဟင္"

အလန့္တၾကားႏွင့္သူမကို ျပဴးေၾကာင္ၾကည့္လာပုံက
အမွန္တကယ္အသက္မရွိတဲ့အ႐ုပ္ေလး
ခုမွအသက္ဝင္လာသလို။

''ေနမေကာင္းဘူးလားဟင္...မ်က္ႏွာလည္းမေကာင္းဘူး"

ဘာျဖစ္လို႔မ်က္ႏွာမေကာင္းလည္းဆိုတာ
အိမ္နီးခ်င္းျဖစ္တဲ့ဆုျမတ္သြယ္အဖို႔
မသိစရာ အေၾကာင္းမရွိ။
သိသိရက္နဲ႕ပင္ အေၾကာင္းမရွိအေၾကာင္းရွာကာ
သူမေျဗာင္ေမးလိုက္သည္။

''ကိုယ္ေနေကာင္းပါတယ္၊
စိတ္ပူေပးလို႔ေက်းဇူးပဲေနာ္"

''တကယ္ေရာဟုတ္လို႔လား"

ေျပာေျပာဆိုဆို ဆုျမတ္သြယ္လက္က
ရွင္းျမတ္ဒီပါနဖူးဆီသို႔႐ြယ္လာသျဖင့္
ရွင္းျမတ္ဒီပါက အေနာက္သို႔ခႏၶာကိုယ္ေစာင္းလိုက္သည္။
ေလထဲလက္တန္းလန္းႏွင့္ဆုျမတ္သြယ္က
အနည္းငယ္ၾကာမွ ရွက္သြားဟန္ျဖင့္ခပ္ဖြဖြရယ္လိုက္သည္။

''တကယ္ဆို ခ်မ္းေျမ့တို႔ဖက္ကအလြန္မဟုတ္လား၊
ဘာလို႔ကိုရွင္းကစိတ္ဆင္းရဲေနရတာလဲ"

ထိုစကားကို ေဒၚျမတ္ေဌးေရွ႕သြားေျပာလွ်င္
သူမမ်က္ႏွာသာေပးခံရမွာေသခ်ာေပမဲ့
ခုေတာ့ လူမွားကာေျပာမိေပၿပီ။
ရွင္းျမတ္ဒီပါရဲ႕ေျပာင္းလဲလာတဲ့အၾကည့္ေတြကို
မသိပါဘဲ သူမကျပစ္တင္စကားဆက္ဆိုေလသည္။

''ငယ္ကတည္းက ခ်မ္းေျမ့ကနည္းနည္းေလးမွ
အက်င့္မေကာင္းတာ၊
ဒီလိုေတာ့မေျပာခ်င္ေပမဲ့ အမွန္လည္းအစ္မေပ်ာ္႐ႊင္က
အေျခာက္ပဲဟာကို၊ဘာေတြနာေနမွန္းမသိဘူး"

''စကားေျပာဆင္ျခင္ပါ ဆုျမတ္သြယ္"

''ရွင္"

ၾကားေနက်အသံခ်ိဳခ်ိဳမဟုတ္ပါဘဲ
မာန္ပါတဲ့အသံေၾကာင့္ ဆုျမတ္သြယ္က
ရွင္းျမတ္ဒီပါကို ေၾကာင္အစြာေမာ့ၾကည့္ေနမိ၏။
ၾကည္လင္ေအးခ်မ္းတဲ့မ်က္ႏွာေလးက
ခုခ်ိန္မွာေတာ့ မ်က္ႏွာမသာေပ။

''အသြယ့္ေျပာတဲ့ထဲ အမွားပါသြားလို႔လားဟင္"

မ်က္ေတာင္ေလးေတြတဖ်တ္ဖ်တ္ခတ္ကာ
မ်က္ႏွာငယ္ေလးႏွင့္ သူမဆိုလိုက္ေတာ့
ရွင္းျမတ္ဒီပါက ေလပူေတြတစ္ခ်က္မႈတ္ထုတ္ကာ
တစ္ဖက္သို႔မ်က္ႏွာလႊဲသြားေလသည္။

''အတင္းေျပာတဲ့သူေတြကို ကိုယ္သေဘာမက်ဘဴး"

''ရွင္"

''100%မွန္ကန္ေနပါေစ၊
ကာယကံရွင္ရဲ႕ကြယ္ရာမွာေျပာရင္ အတင္းပဲ
ဆုျမတ္သြယ္၊ၿပီးေတာ့
အျဖစ္မွန္ကိုမသိပါဘဲ ကိုယ့္အျမင္တစ္ခုတည္းနဲ႕
တစ္ဖက္သားကိုမစြပ္စြဲပါနဲ႕"

ေျပာခ်င္ရာေျပာၿပီး ထြက္သြားပါေသာ
ကိုရွင္းေက်ာျပင္ကိုေငးၾကည့္ရင္း
ဆုျမတ္သြယ္မွာ မည္သို႔မွ်နားမလည္နိုင္။

ကိုရွင္းက သူမကိုသေဘာထားေသးသိမ္ၿပီး
အတင္းတုပ္တတ္တဲ့မိန္းကေလးလို႔ထင္သြားသည္မွာ
ေသခ်ာသေလာက္ရွိသည္။
ဒါေၾကာင့္လည္း ခုနကစကားေတြကိုဆိုသြားျခင္းမဟုတ္လား။

ဘယ္အရာကိုမွလိုက္ၿပီးမေတြးနိုင္တဲ့အတြက္
ေခါင္းတဗ်င္းဗ်င္းကုပ္ရင္းသာ
ကိုရွင္းအေနာက္ကိုေျပးလိုက္ရသည္။

.....................................

ၾကည္ႏူးကိုေက်ာင္းမပို႔တာ ဒီေန႕ဆိုသုံးရက္ရွိၿပီ။

အခါတိုင္းလိုလိုရယ္သံေတြဆူညံေနတဲ့အိမ္ေလးက
ခုမ်ားေတာ့တိတ္ဆိတ္ေနသည္မွာ သုသန္တစျပင္လို။
ျပသနာေတြျဖစ္သည့္ေန႕ကတည္းက
တိတ္ဆိတ္မႈေတြစတင္ခဲ့တာ။

အမယ္အိုႏွင့္႐ႊင္လန္းက
ခ်မ္းေျမ့ႏွင့္ေပ်ာ္႐ႊင့္ကို အရိပ္တၾကည့္ၾကည့္ႏွင့္။
ခ်မ္းေျမ့စိတ္ေဖာက္ၿပီး အရင္တစ္ခါလို
ထင္းေခ်ာင္းဆြဲၿပီးထြက္သြားမွာေၾကာက္ရသလို
လူမျမင္တဲ့ေခ်ာင္ကြယ္ရာေလးမွာ
ဘယ္သူမွမၾကားေအာင္ ေပ်ာ္႐ႊင္က်ိတ္ငိုေနမည္လည္း
စိုးေနရသည္။

အိမ္ရဲ႕ဆည္းလည္းေလးၾကည္ႏူးကလည္း
ခ်မ္းေျမ့ရဲ႕တစ္ဖက္ျခမ္းႏွင့္စိမ္းသက္လွသည္ျဖစ္ရာ
ေၾကာက္႐ြံ႕ေန၍ စကားပင္ဟုတ္တိပတ္တိမေျပာ။

ျပသနာေတြျဖစ္ၿပီးေနာက္ေန႕ ေပ်ာ္႐ႊင္က
ရည္းစားစာေတြအထပ္လိုက္ကိုမီးထဲထည့္ရွို႔တာျမင္ေတာ့
မသိမသာသက္ျပင္းခ်မိၾကသည္။
ခ်မ္းေျမ့ကေတာ့ ေပ်ာ္႐ႊင့္မ်က္ႏွာတၾကည့္ၾကည့္ႏွင့္၊
သူ႕ကိုေၾကာက္ေနတဲ့ၾကည္ႏူးကိုလည္း
ေခ်ာ့ေမာ့ဖို႔ရန္သတိမရ။

တစ္ခါတေလ လူစုံတဲ့ထမင္းဝိုင္းမွာ
အမယ္အိုႏွင့္႐ႊင္လန္းကရယ္ေမာေစရန္
ဟာသေတြေျပာလာေပမဲ့ ဝတ္ေက်တန္းေက်ပင္
မည္သူမွရယ္ေမာမလာေတာ့
အရွက္ေျပကိုယ္တိုင္သာရယ္ခဲ့ရတာ အႀကိမ္ႀကိမ္။

အမယ္အိုႏွင့္႐ႊင္လန္းစိတ္ပူေနသလို
ေပ်ာ္႐ႊင့္မွာလည္း မေအးခ်မ္းေပ။
ခ်မ္းေျမ့အေၾကာင္း သူမသိသည္။
အရွက္ခြဲခံရတဲ့ကာယကံရွင္သူမက
ဒီကိစၥကိုမျဖစ္ခဲ့သလို၊မသိသလိုေက်ာ္သြားနိုင္ေပမဲ့
ခ်မ္းေျမ့ကေတာ့ သူမလိုမဟုတ္။

ဒါေၾကာင့္လည္း အေမနဲ႕မမနည္းတူ
ခ်မ္းေျမ့ကိုသူမမ်က္ေျခမျပတ္ေစာင့္ၾကည့္ေနခဲ့တာ။
ခုလည္း ဘာေတြေတြးေနလဲမသိတဲ့ေမာင္ျဖစ္သူက
ထင္းပုံေပၚမွာမိန့္မိန့္ႀကီးထိုင္လ်က္။

ခ်မ္းေျမ့က ငယ္ကတည္းက
အၿငိဳးႀကီးလြန္းတဲ့ေကာင္ေလး။
သူ႕ကိုအျပစ္ျပဳမိရင္
အထိနာေအာင္ျပန္လုပ္တတ္တဲ့လူမ်ိဳး။

ခ်မ္းေျမ့ကိုေငးၾကည့္ရင္းေပ်ာ္႐ႊင္သက္ျပင္းခ်မိသည္။
ခုတစ္ႀကိမ္ေရာေပါင္းရင္ သူမသက္ျပင္းခ်တာ
အေခါက္ေပါင္းတစ္ရာေက်ာ္ေပၿပီ။

...............................

''ၾကည္ႏူး ၿပီးရင္လာေတာ့'

ခ်မ္းေျမ့စကားေၾကာင့္ အျဖဴအစိမ္းဝတ္ထားတဲ့
အႏူးကအိမ္ေပၚမွေျပးဆင္းလာကာ
သူစီးေနက်ေနရာမွာဝင္ထိုင္ေလသည္။
ဦးေလးခ်စ္တဲ့တူဆိုေတာ့လည္း
တစ္ခါေခ်ာ့လိုက္တာႏွင့္ေပ်ာ့က်သြားသည္မွာ
ၿပဳံး႐ႊင္ေနတဲ့သနပ္ခါးေဖြးေဖြးနဲ႕မ်က္ႏွာကသက္ေသ။

''တကယ္ပဲ ဘယ္သူမွမလိုက္ရဘူးလား"

ခ်မ္းေျမ့ကိုစိတ္မခ်လိဳ႕႐ႊင္လန္းပါလိုက္သြားခ်င္ေပမဲ့
မနက္ကတည္းက ခ်မ္းေျမ့ကသူတစ္ေယာက္တည္း
ၾကည္ႏူးကိုေက်ာင္းလိုက္ပို႔မည္ဆိုလာျခင္း။

''ငါကေလးမဟုတ္ေတာ့ပါဘူး မမရယ္၊
အက်ိဳးနဲ႕အေၾကာင္း ငါခြဲျခားတတ္ပါတယ္"

''နင္ကေလးမဟုတ္ေတာ့လို႔ေပါ့ ေကာင္စုတ္ေလးရဲ႕"

''စိတ္ခ် ငါ့အစ္မ၊
ကြၽန္ေတာ္ဘာမွမလုပ္ဘူး"

''အဲ့ေကာင္ေလးနဲ႕ပတ္သက္ၿပီး ငါဘယ္လိုမွမခံစားရေတာ့တာမို႔
စိတ္ပူရေအာင္မလုပ္နဲ႕ ခ်မ္းေျမ့"

ေလးရက္ေျမာက္ေန႕မွာေတာ့ အိမ္ကေလးက
အရင္လိုမဟုတ္ေသးေပမဲ့စိုေျပစျပဳလာ၏။
မ်က္ႏွာေလးေတြ႐ႊင္ကာ ၾကည္လင္လာၾကသည္။

''ေအးပါ...ဒါဆိုအႏူးကိုေက်ာင္းလိုက္ပို႔လိုက္ဦးမယ္"

''ေအး..ဂ႐ုတစိုက္လည္းေမာင္းသြားအုံး"

ဆိုင္ကယ္ဇက္ကိုလက္တစ္ဖက္တည္းႏွင့္ထိန္းရင္းႏွင့္
တစ္ဖက္ကအစ္မႏွစ္ေယာက္ကို တာ့တာေျပာင္းျပန္ျပသြားေလသည္။
႐ႊင္လန္းႏွင့္ေပ်ာ္႐ႊင္ တစ္ေယာက္ႏွင့္တစ္ေယာက္ၾကည့္ကာ
တိုးဖြဖြရယ္မိၾက၏။

.......................

''ခ်မ္းခ်မ္း တာ့တာ"

တာ့တာျပရင္းေက်ာင္းထဲဝင္သြားတဲ့အႏူးကို
ခ်မ္းေျမ့ကၿပဳံးကာၾကည့္ေန၏။
မ်က္စိေရွ႕မွအႏူးေပ်ာက္သြားတဲ့အထိ
ခ်မ္းေျမ့ေက်ာင္းေရွ႕ကမခြာေသး။
တစ္ေယာက္ေသာသူကိုေစာင့္ကာ
တစ္ခ်ိဳ႕ေသာစကားေတြဆိုရေပဦးမည္မဟုတ္လား။

ခ်မ္းေျမ့ေစာင့္ေနတာ15မိနစ္ေလာက္ၾကာမွ
လမ္းသြယ္သြယ္မွေကြ႕ခ်ိဳးကာေလွ်ာက္လာတဲ့
လူႏွစ္ေယာက္ေၾကာင့္
ခ်မ္းေျမ့မ်က္ခုံးေတြ မသိမသာတြန့္ခ်ိဳးသြားသည္။
သို႔ေသာ္ မည္မွ်မွမၾကာလိုက္၊
တစ္စုံတရာစဥ္းစားမိသြားဟန္ျဖင့္ ႏႈတ္ခမ္းပါးေတြက
ၿပဳံးေယာင္သန္းလာ၏။

ျဖည္းျဖည္းသာသာလမ္းေလွ်ာက္လာတဲ့ရွင္းျမတ္က
ေက်ာင္းဆိုင္းဘုတ္ေရွ႕ရပ္ေနေသာခ်မ္းေျမ့ကို
ျမင္သြားကာ မယုံၾကည္ဟန္ျဖင့္ျပဴးၾကည့္လာသည္။
ခ်မ္းေျမ့မွန္းေသခ်ာသြားမွ အနားသို႔ခပ္ျမန္ျမန္ေလွ်ာက္လာသည္။

''ခ်မ္းေျမ့"

''ေျပာစရာစကားရွိလို႔ ခင္ဗ်ားကိုက်ဳပ္ေစာင့္တာ"

အေနာက္မွာကပ္ပါလာတဲ့ဆုျမတ္သြယ္ကို
ခ်မ္းေျမ့ၾကည့္ကာ မခ်ိဳမခ်ဥ္ၿပဳံးလာ၏။

''ဟို...ကိုရွင္းတို႔ေျပာစရာစကားရွိတယ္ဆိုရင္
အသြယ့္အရင္သြားႏွင့္မယ္ေနာ္"

ခ်မ္းေျမ့ကိုတစ္ခ်က္ၾကည့္ယုံႏွင့္
သူမကိုအျမင္မၾကည္မွန္း ဆုျမတ္သြယ္သိသည္။
ဒါေၾကာင့္မို႔လည္း အလိုက္တသိေရွာင္ေပးျခင္းသာ။

''ခင္ဗ်ားမွာ ေျပာစရာစကားမရွိဘူးလား"

''ဟင္"

''ခင္ဗ်ားညီလုပ္ခဲ့တာေတြအတြက္
အားနာစိတ္ေလးေတာင္ မျဖစ္မိဘူးလား"

''ကိုယ္...ကိုယ္ေတာင္းပန္ပါတယ္ခ်မ္းေျမ့၊
ကိုယ့္ညီနဲ႕ကိုယ့္အေမေၾကာင့္ ျပသနာေတြျဖစ္ခဲ့ရလို႔
ကိုယ္ကပဲအႏူးအၫႊတ္ေတာင္းပန္ပါရေစ"

ရွင္းျမတ္ဒီပါရဲ႕မ်က္ဝန္းထဲက အားနာရိပ္ေတြကိုျမင္ေတာ့
ခ်မ္းေျမ့မ်က္ဝန္းေတြကအေရာင္လက္သြား၏။

သူလိုခ်င္တာဒါပဲ...

''ဘယ္လိုလုပ္မလဲ...ခင္ဗ်ားရဲ႕ေတာင္းပန္မႈကက်ဳပ္အတြက္
နည္းနည္းေလးမွေတာင္စိတ္သက္သာရာမရေစဘူး"

''ကိုယ္...ကိုယ္"

''ခဏေနက်ေက်ာင္းတက္ေတာ့မွာမဟုတ္လား၊
က်ဳပ္ကခင္ဗ်ားနဲ႕စကားအမ်ားႀကီးေျပာစရာရွိေသးတာ၊
ဒီလိုလုပ္မလား...ညေနက်႐ြာအေနာက္ကမန္က်ည္းပင္ကိုလာခဲ့ေလ၊က်ဳပ္တို႔ေတြ ေအးေဆးစကားေျပာၾကတာေပါ့"

သူေျပာလိုက္တဲ့စကားေတြက က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိတာ
ခ်မ္းေျမ့သိတယ္။ဆိုေပမဲ့လည္း သူ႕စကားကို
တစ္ဖက္လူလက္ခံမွာကိုလည္းသူသိၿပီးသား။
ဘာလို႔ဆို ရွင္းျမတ္ဒီပါကခ်မ္းေျမ့ဆီက
ခြင့္လႊတ္မႈကိုေတာင္းခံခ်င္ေနတာမို႔။

''ဘယ္လိုလဲ"

''ကိုယ္...ကိုယ္"

''ကိုယ္လာခဲ့မယ္"

ခ်မ္းေျမ့က ရွင္းျမတ္ဒီပါရဲ႕စကားၾကားေတာ့
လူယုတ္မာၿပဳံး ၿပဳံးလာေလသည္။
ထိုသည္ကိုေတာ့ ေခါင္းငုံ႕ေနတဲ့ရွင္းျမတ္ဒီပါမသိလိုက္ေပ။

..............................

႐ြာေနာက္ကမန္က်ည္းပင္ေအာက္ထိုင္ေနတဲ့
ရွင္းျမတ္ဒီပါကို ခ်ဳံပုတ္အကြယ္မွခ်မ္းေျမ့ေခ်ာင္းၾကည့္ရင္း
ၿပဳံးေနသည္မွာ အခ်ိန္ကာလအားျဖင့္တစ္နာရီရွိေနၿပီ။

ခ်မ္းေျမ့ေရာက္မလာေသးလို႔
ေဘးဘီဝဲယာၾကည့္ေနပုံက အသည္းငယ္တဲ့ယုန္ကေလးလို။
လူသြားလူလာျပတ္လို႔ ေၾကာက္႐ြံ႕ေနဟန္လည္းေပၚသည္။
သို႔ေပသည့္ ခ်မ္းေျမ့ေရာက္ေၾကာင္း
ရွင္းျမတ္ဒီပါကို ကိုယ္ထင္ျပလို႔မရေသး။
ခ်မ္းေျမ့က အခ်ိန္ေကာင္းကိုေစာင့္ေနတာ။
ဒိထက္ပိုၿပီးေမွာင္လာမဲ့အခ်ိန္ကိုေပါ့။

ထိုလူက ခ်မ္းေျမ့မလာမခ်င္းေစာင့္ေနမွာမွန္း
ခ်မ္းေျမ့သိတယ္။ဒါေၾကာင့္လည္း
ခုခ်ိန္ထိစိတ္ေအးလက္ေအးေနနိုင္တာ။

ေနလုံးႀကီးကေတာင္ႏွစ္လုံးၾကား
ကြယ္ေပ်ာက္သြားခ်ိန္မွာေတာ့ပတ္ဝန္းက်င္က
သိသိသာသာေမွာင္လာေခ်ၿပီ။
အႏြေးထည္မဝတ္လာမိလို႔ ခ်မ္းေနတဲ့လူႀကီးေလးကေတာ့
အႏြေးဓာတ္ရရန္လက္ဖဝါးအခ်င္းခ်င္းပြတ္တိုက္ေန၏။

ခ်မ္းေျမ့ေစာင့္ေနတဲ့အခ်ိန္ကိုေရာက္ၿပီ...

ခ်ဳံပုတ္အကြယ္မွထလိုက္တဲ့အထိ
ရွင္းျမတ္ဒီပါကမသိေသး။
အနီးနားေရာက္သြားမွ ေျခသံၾကားဟန္ျဖင့္
လွည့္ၾကည့္လာသည္က မႈန္ဝါးဝါးအလင္းေရာင္ေအာက္မွာ
မ်က္လုံးျပဴးေလးႏွင့္။

''ေရာက္လာၿပီလား ကိုယ္ေစာင့္ေနတာၾကာၿပီ"

''က်ဳပ္သိတယ္"

''အမ္"

''ေတာင္းပန္ပါတယ္"

ဒုတ္

ဇက္ပိုးအုပ္လိုက္သံႏွင့္အတူ ရင္ခြင္ထဲေခြက်လာတဲ့
ေအးစက္စက္ခႏၶာကိုယ္။
အ႐ြယ္နဲ႕မလိုက္ေသးသြယ္ေနတဲ့ခႏၶာကိုယ္ေလးကို
လက္ႏွစ္ဖက္ႏွင့္ခပ္တင္းတင္းေပြ႕ဖက္ရင္း
ခ်မ္းေျမ့က အသံထြက္ေအာင္ပင္ေအာ္ရယ္၏။

တကယ္တမ္းေတာ့ ခ်မ္းေျမ့ကခဲတစ္လုံးနဲ႕ငွက္ႏွစ္ေကာင္ပစ္လိုက္တာ။
ခ်မ္းေျမ့သာ ရွင္းျမတ္ဒီပါကိုခိုးေျပးလိုက္ရင္
ကိုယ္ခ်စ္တဲ့သူကိုပိုင္ဆိုင္ရတဲ့အျပင္
တစ္ဖက္မွာလည္း အစ္မအတြက္လက္စားေခ်ရာေရာက္တယ္ေလ။

သိၾကတဲ့အတိုင္း ခ်မ္းေျမ့က
နာမည္နဲ႕မလိုက္အၿငိဳးႀကီးတဲ့ေကာင္ေလး...

.................................

ဒန္တန့္တန္



Continue Reading

You'll Also Like

400K 11.6K 29
တော်ဝင်ဂုဏ် + ရှေးဆန်သူ
181K 21.9K 124
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
6.2M 377K 54
Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပါ။ ကန့္လန့္ဆန္ေသာအခ်စ္၏ Extra 2 ကိုအရင္ဖ...
122K 15.6K 97
ဝမ်မိသားစု၏ ကလေးသတို့သမီးလောင်းဖြစ်သည့် ဆုဝန်သည် ခိုအီငါးလေး(koi )ဖြစ်သည်။ ဆုဝန်က ဝမ်မိသားစုသို့ ဝင်ရောက်ပြီးနောက် ခင်ပွန်းလောင်း ဝမ်လော့ရှန်းသည် ရွှ...