Rose & Garden
Bởi AEChitgs
9.4K 577 12
အပယ်ခံတစ်ယောက်ကို လိုက်တွယ်ကပ်နေတဲ့ ဒီကျောင်းဂုဏ်ဆောင်သူလေးပီကေကို ငါဘယ်လိုခွာထုတ်သင့်လဲ အပယ္ခံတစ္ေယာက္ကို လိ... Xem Thêm
Ep 1
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Final
Ep 2
727 47 0
Bởi AEChitgs
Unicode
ဘယ်သူထင်ထားမှာလဲ။ကိုယ့်လိုပဲ ဖြတ်လျှောက်တစ်ယောက်လို့ထင်ထားတဲ့ကောင်မလေးတစ်ယောက်က လူတွေရဲ့သဘောကျရတဲ့ကျောင်းဂုဏ်ပုဒ်ဆောင်သူလေးဆိုတာကို။အခုသူက လူတိုင်းရဲ့အကြည့်ကိုရယူထားပြီး အရင်ကအပယ်ခံတွေရဲ့နေ့လယ်စာခုံတန်းကိုရောက်နေတဲ့အပြင် ငါ့ရဲ့‌ရှေ့ မှာ သူမဟာ ပန်းတွေကိုဘယ်လိုနှစ်သက်ချစ်ခင်ကြောင်းပြောနေတယ်။လူတွေက ငါ့ကို ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေကြတယ်။သေချာတာကတော့ ငါ့လိုလူမျိုးက ကျောင်းမှာရှိတယ်ဆိုတာကိုလား ဒါမဟုတ် သူမက ငါ့လိုလူမျိုးကို ဘယ်လိုသိရတာလဲဆိုတဲ့ မေးခွန်းတွေနဲ့လား။ ဖြစ်ပုံကဒီလိုပါ ပုံမှန်နေ့ရက်တွေလို ကန်တင်းကကျွေးတဲ့နေ့လယ်စာနဲ့အတူ ကိုယ့်လိုအပယ်ခံတွေထိုင်နေတဲ့ ခုံတန်းမှာ ထိုင်နေပင်မယ့် သူမက ငါ့ကိုတွေ့တွေ့ချင်း မနေ့ကအဆင်ပြေရဲ့လားဆိုပြီးမေးလာတယ်။ ကျောင်းက လူတွေက သူမကိုခင်မင်စွာနှုတ်ဆက်သွားတာကြောင့် သူမဟာငါ့လိုအတူတူပဲဆိုတဲ့ စကားကိုရုတ်သိမ်းမိတယ် ပြီးတော့ လူတွေရဲ့ "နှင်းဆီလို ကျောင်းဂုဏ်ပုဒ်ဆောင်သူကြီးက ဘာလို့ ဒီအပယ်ခံခုံတန်းကိုရောက်ရတာလဲ"ဆိုတဲ့ စကားတွေကြောင့် နှင်းဆီပွင့်ဆိုတဲ့ကောင်မလေးက သူမဘဝတင်မဟုတ် သူများဇာတ်လမ်းတွေထဲမှာပါ နေရာကောင်းရထားတဲ့ ဇာတ်ကောင်တစ်ယောက်ဆိုတာသိလိုက်ရတယ်။ ငါလည်း သိချင်တယ် ဘာလို့ သူမက ဒီခုံတန်းမှာရောက်နေပြီး ငါစိတ်မဝင်စားတဲ့ပန်းတွေအကြောင်းကိုပြောနေရတာလဲလို့ပေါ့။ ငါနားထောင်ချင်လားလို့ရော သူမမေးဖူးရဲ့လား။ ငါကရော သူမကို ပန်းတွေအကြောင်းစိတ်မဝင်စားဘူးဆိုတာပြောဖူးလား ဒါမဟုတ် ငါပြောပြီး ဆက်နားမထောင်ချင်ကြောင်းငြင်းလိုက်သင့်လား။
"ဒါကြောင့် ငါ့နာမည်က နှင်းဆီပွင့်တဲ့ ငါကိုယ်တိုင်ပေးထားတာလေ သုံးနှစ်သမီးအရွယ်လောက်ကပေါ့"
ဒါပေါ့ ရှိပြီးသား နှင်းဆီပန်းကိုအလွယ်တကူ နာမည်ယူပေးထားကတည်းက သုံးနှစ်သမီးအရွယ်ပေးထားတယ်ဆိုတာ အံ့ဩစရာမရှိပါ။
"ဒါနဲ့ နင့်နာမည်လေးကို ငါကြိုက်တယ် ပန်းယဉ်လှိုင်တဲ့ လှလိုက်တာ ပန်းဥယျာဉ်ထဲပန်းတွေသင်းနံ့ကြိုင်လှိုင်နေတာကိုဖွဲ့ပေးထားတာလား"
အမှန်တိုင်းပြောရရင် သူမပြောနေတာတွေကို ငါနားမလည်ဘူး။အလယ်တန်းမြန်မာစာတောင်ခက်ခဲနေတဲ့ငါ့အတွက် နာမည်ဖွဲ့ပေး‌ထားပုံကိုမေးနေတယ်ဆိုတော့ ငါဘယ်လိုဖြေသင့်လဲ။အမှန်တိုင်းပဲဖြေလိုက်သင့်လား။
"ငါ့ကိုယ်ငါလူမှန်းတောင်မသိခင်ကတည်းက အပေးခံထားရတာပါ"
‌"အော်....."
သူမပြောစရာစကားတွေပျောက်သွားတဲ့ပုံစံဖြင့် "အော်"တစ်လုံးသာပြောလာပြီး ပြုံးပြလာတယ်။ငါပြန်ပြုံးသင့်လား။အင်းလေ ပြုံးတာဘာခက်လဲ သွားစိရုံပဲမလား။
"ငါနင့်ကိုမနှောက်ယှက်တော့ပါဘူး ငါ့သွားလိုက်အုန်းမယ် ဘိုင်...."
"အင်း"
ငါပြုံးပြတာကို သူမရဲ့မျက်နှာက ရုပ်ဆိုးသတ္တဝါတစ်ကောင်မြင်လိုက်ရသလို ဘာလို့မဲ့သွားရတာလဲ။
"နင့်ပုံစံကကြောက်ဖို့ကောင်းလိုက်တာ နင်ကတကယ်ကိုကံကောင်းတာပဲ နှင်းဆီကနင့်ကိုစကားလာပြော‌တယ်ဆိုတော့ လူတွေကလည်း နင့်ကိုကြည့်နေကြတယ် နင်ဒီခုံတန်းကနေလွတ်မြောက်တော့မယ်ထင်တယ်"
ဘေးကတစ်ယောက်ကို ငါ့ဘက်တိုးပြီးပြောလာတဲ့စကားတွေကြောင့် ဘာလဲဆိုတဲ့အကြည့်ကြည့်ပေးလိုက်တော့ ဟိုဘက်ပြန်တိုးသွားတယ်။အနီးနားဝိုင်းကလူတွေကလည်း ငါ့ကိုတချက်ချက်လှည့်ကြည့်ပြီး ပြုံးပြလာကြတယ်။ငါသွားစိပေးလိုက်တော့ သူတို့စီက မျက်နှာကြီးမဲ့သွားပြီးပြုံးပြလာကာခေါင်းညိတ်ပြီး ပြန်လှည့်သွားကြတယ်။
Zawgyi
‌"အော်....."
"အင်း"
Đọc tiếp
Bạn Cũng Sẽ Thích
7.3K 348 9
အန်တီအရွယ်မို့ အန်တီလို့ခေါ်လိုက်မိတာပါ
18.5K 553 21
မိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ
57.7K 2.5K 29
"ကျောက်​မြတ်တွေတောင်အရှုံးပေးရတဲ့ထိလှတဲ့ မောင့်ရဲ့ရတနာသူ"
2.1M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...