Chapter 346 - မင်းသမီး စွေကျူရဲ့ အံ့အားသင့်မှု
ဒီအချိန်မှာ တစ်စုံတစ်ယောက်ရဲ့ စကားသံကို ကြားရလိမ့်မယ်လို့ မမျှော်လင့်ထားတဲ့အတွက် မင်းသမီးစွေကျူနဲ့ နတ်ဆိုးမိစ္ဆာတွေ အံံအားသင့်သွားခဲ့ကြတယ်။
သူတို့အားလုံး အသံထွက်ပေါ်ရာဆီကို ကြည့်လိုက်ကြတယ်။
အဲ့ဒီအချိန်ကျမှ အသက် ဆယ့်ခြောက်နှစ် ဆယ်ခုနှစ်နှစ်လောက် ရှိပုံရတဲ့လူငယ်လေးတစ်ဦး သူတို့ဆီကိုလျှောက်လာတာ မြင်လိုက်ရတယ်။
ဒီလူငယ်လေးရဲ့မျက်နှာက ကျောက်စိမ်းအလား ချော့မွေ့နေခဲ့ပြီး စိတ်ထားပြည့်ဝပုံရကာ နတ်ဆိုးမိစ္ဆာတွေကို စိတ်ထဲမထားပုံရပြီး မျက်နှာအမူအယာက တည်ငြိမ်နေခဲ့တယ်။
ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေအားလုံးက သူတို့ဆီကို လျှောက်လာနေတဲ့ လူငယ်လေးကို အထင်သေးစွာ ကြည့်နေခဲ့ကြတယ်။
“လူသား . . . ”
ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေရဲ့ အမြင်မှာတော့ ယန်ချီက သေဖို့ ရောက်လာတယ်လို့ မြင်နေခဲ့ကြတယ်။
“သူလား . .. ”
မင်းသမီးစွေကျူက ယန်ချီကို မြင်လိုက်တော့ တိတ်တဆိတ် အံ့အားသင့်သွားခဲ့ရတယ်
ယန်ချီလည်း မင်းသမီးစွေကျူဘေးကို လျှောက်လာခဲ့တယ်။
သူက ဝိုင်းထားတဲ့နတ်ဆိုးမိစ္ဆာတွေကို မျက်လုံးမှေးပြီး ကြည့်လိုက်တယ်။
“မင်းတို့တွေ ကိုယ့်ကိုယ်ကို သတ်သေစမ်း”
ယန်ချီက ရာချီတဲ့ မူလနတ်ဆိုးစစ်သည် တွေကို ညင်သာစွာ ပြောလိုက်တယ်။
“ဟူး. . . .”
ဒီစကားကို ကြားတော့ ရာချီတဲ့ မူလနတ်ဆိုးစစ်သည်တွေ အားလုံး ပင့်သက်ရှိုက်မိလိုက်ကြတယ်။ သူတို့အားလုံးက ယန်ချီ ဒီလို စကားမျိုး ပြောလိမ့်မယ်လို့ မမျှော်လင့်ထားဘူးလေ။
ယန်ချီရဲ့ ဘေးမှာ ရှိနေတဲ့ မင်းသမီးစွေကျူလည်း မျက်နှာပေါ်မှာ အံ့အားသင့်နေတဲ့ အမူအယာတွေပေါ်လာတဲ့အထိ ဖြစ်သွားခဲ့ရတယ်။
ဒီလူက နတ်ဆိုးမိစ္ဆာများနဲ့ ရင်ဆိုင်မိတာတောင်မှ ဒီလောက် တည်ငြိမ်နေလိမ့်မယ်လို့ သူမ လုံးဝကို မထင်ထားမိပါဘူး။
သူမအရှေ့ကလူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူမက ရဲရင့်ဖို့ လိုပါသေးတယ်။
ဒါပေမယ့်လည်း မင်းသမီးစွေကျူက ဒီအချိန်မှာ ဒါတွေကို တွေးနေဖို့ အချိန်မရှိပါဘူး။ သူမက ဒီအခက်အခဲကြားကနေ ဖြတ်ကျော်ဖို့ လှုပ်ရှားရတော့မှာပါ။
“လူသား မင်းက ငါတို့ကို ကိုယ့်ကိုယ်ကို သတ်သေခိုင်း လိုက်တာလား”
ရာချီတဲ့ မူလနတ်ဆိုး စစ်သည်တွေက ယန်ချီကို စူးစိုက်ကြည့်နေခဲ့ကြတယ်။ ယန်ချီပြောလိုက်တဲ့ စကားကြောင့် သူတို့တွေကို ကြောက်အမ်းသွားစေခဲ့တယ်။
“အင်း ”
ယန်ချီက စကားထပ်မပြောချင်သလိုနဲ့ ခေါင်းညိတ်လိုက်တယ်။
“ဟား ဟားဟား”
ရုတ်တရက် ရာချီတဲ့ မူလနတ်ဆိုးစစ်သည်တွေအားလုံး မွေးကတည်းကနေ အခုအချိန်မတိုင်ခင်အထိ ဒီလို ရယ်စရာ ကောင်းတဲ့ စကားမျိုးကို မကြားဖူးသလို အားပါးတရ ရယ်မောလိုက်ကြတယ်။
“ဒီစကားထဲမှာ ဘာများရယ်စရာပါလို့လဲ”
ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေကို မျက်လုံးမှေးကြည့်ကာ မေးလိုက်တယ်
ယန်ချီက အလွန်တည်ငြိမ်နေတာကို မြင်တော့ ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေအားလုံး မကျေမနပ် ဖြစ်နေခဲ့တယ်။ သူတို့တွေက ယန်ချီကို ဒေါသပြင်းစွာ ကြည့်လိုက်ကြတယ်။
“ဒီကောင်ကို သတ်စမ်း”
ရုတ်တရက် မူလနတ်ဆိုးစစ်သည် နှစ်ဆယ်ကျော်က ယန်ချီဆီကို ပြေးဝင်လာခဲ့တယ်။
မူလနတ်ဆိုးစစ်သည် နှစ်ဆယ်ကျော်ဆိုတာ ယန်ချီရဲ့ အရှေ့မှာတော့ သနားစရာ ကောင်းလောက်အောင် ဘာမှ မဟုတ်ခဲ့ပါဘူး။
ယန်ချီအနေနဲ့ ဆန်းကြယ်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်နည်းစနစ်ကို စမ်းသပ်ချင်နေတာနဲ့ အတော်ပဲ ဖြစ်သွားခဲ့တယ်။
“ဝိဉာဉ်ဖမ်းယူခြင်းနည်းစနစ်”
မူလနတ်ဆိုးစစ်သည် နှစ်ဆယ်ကျော်က ယန်ချီနဲ့ မင်းသမီးစွေကျူအရှေ့ ရောက်လာတဲ့အခါ ယန်ချီက နောက်ကျောမှာ လွယ်ထားတဲ့ ဓါးအိမ်ထဲက ခုနှစ်စင်ကြယ်မှော်ဓါးကို ဆွဲထုတ်လိုက်တယ်။
ခုနှစ်စင်ကြယ်မှော်ဓါးပေါ်မှာ ကြောက်မက်ဖွယ်ဓါးအလင်းတစ်ခု စုစည်းလာခဲ့တယ်။
“ဝိဉာဉ်ဖမ်းယူခြင်းနည်းစနစ်”
အသံဆုံးသွားတာနဲ့ ဓါးက ပိုင်းချလာခဲ့တယ်။
ဆန်းကြယ်အဆင့် အဆင့်မြင့်စိတ်ဝိဉာဉ်နည်းစနစ် ဝိဉာဉ်ဖမ်း ယူခြင်းနည်းစနစ်။
ခုနှစ်စင်ကြယ်မှော်ဓါးက ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တဲ့အခါ ကြောက်မက်ဖွယ်ကောင်းတဲ့ဓါးအလင်းက နက်မှောင်တဲ့ စိတ်ဝိဉာဉ်စွမ်းအားနဲ့ ရောယှက်ပြီး မူလနတ်ဆိုးစစ်သည်တွေဆီကို ပျံသန်းသွားခဲ့တယ်။
ဒီမြင်ကွင်းကို မြင်တော့ မူလနတ်ဆိုးစစ်သည်နှစ်ဆယ်ကျော်က ထိတ်လန့်သွားခဲ့ကြတယ်။ ယန်ချီက ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးချက်ကို ပိုင်းဖြတ်နိုင်လိမ့်မယ်လို့ သူတို့တွေ ဘယ်လိုလုပ်ပြီး ထင်ထားမှာလဲ။
မင်းသမီးစွေကျူလည်းပဲ အံ့အားသင့်နေခဲ့တယ်။
“ဒါက ဆန်းကြယ်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်နည်းစနစ် ဝိဉာဉ်ဖမ်းယူခြင်းနည်းစနစ်လား”
“ဖူး .. . ”
ရုတ်တရက် မူလနတ်ဆိုးစစ်သည်နှစ်ဆယ်ကျော်ရဲ့ ခန္ဓာကိုယ်တွေ နှစ်ပိုင်း ပြတ်သွားခဲ့ရတယ်။
ဘယ်လိုလုပ်ပြီ းဖြစ်နိုင်မှာလဲ။
ကျန်တဲ့ နတ်ဆိုးမိစ္ဆာတွေလည်း ဒီမြင်ကွင်းကို မြင်တော့ သူတို့အားလုံး ကြောက်လန့်သွားကြတယ်။
မင်းသမီးစွေကျူလည်း အံ့အားသင့်သွားခဲ့တယ်။
ယန်ချီရဲ့ ကြောက်မက်ဖွယ်ကောင်းမှုကို သူမ ဘယ်လိုမှ မမှန်းဆရဲပါဘူး။ သူလည်း ဆန်းကြယ်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်နည်းစနစ်ကို အမှန်တကယ် လေ့ကျင့်ခဲ့သူဖြစ်ပြီး ယန်ချီလောက် အောင်မြင် မရသေးပါဘူး။
“ဒါက ဘယ်လောက်တောင် အစွမ်းထက်လိုက်တာလဲ”
ဒါက ပထမဆုံးအကြိမ်အဖြစ် မြင့်မားတဲ့ တောင်တစ်တောင်ထက် ပိုပြီး မြင့်တဲ့ တောင်တစ်လုံးကိုမြင်လိုက်ရသလို မင်းသမီးစွေကျူ ခံစားလိုက်ရတယ်။
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 347 - ကျန်တဲ့ နတ်ဆိုးမိစ္ဆာတွေကို သတ်ဖြတ်ခြင်း
“နတ်ဆိုးမိစ္ဆာ ၂၂ ကောင်ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် + ၆၆၀၀”
ယန်ချီရဲ့ စိတ်ထဲမှာ စနစ်ရဲ့ အသံကို ကြားလိုက်ရတယ်။
ယန်ချီကတော့ သူ့အရှေ့မှာ ကျန်နေသေးတဲ့ လက်ကျန် နတ်ဆိုးမိစ္ဆာတွေကို မျက်စီမှေးကြည့်ပြီး တည်ငြိမ်နေခဲ့ပါတယ်။
ကျန်နေသေးတဲ့ နတ်ဆိုးမိစ္ဆာတွေအားလုံး ထိတ်လန့်သွားခဲ့ကြတယ်။
ဘာကြောင့် လဲဆိုတော့ ယန်ချီပြသခဲ့တဲ့ စွမ်းအားကို ကြောက်ရွံ့ရုံသာမက ပိုပြီးအရေးကြီးတာကတော့ ယန်ချီရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေတဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့် သူတို့တွေကို အသက်ရှုရ ကျပ်စေတာကြောင်ပါ။
ရုတ်တရက် ကျန်နေသေးတဲ့ နတ်ဆိုးမိစ္ဆာ ၈၀ က တကယ်ကိုပဲ ထွက်ပြေးဖို့ ရွေးချယ်ခဲ့ကြတယ်။
ဒါပေမယ့်လည်း သူတို့မှာ ခြေထောက် ဆယ်ချောင်း မပါတာက သနားဖို့ ကောင်းနေခဲ့ပြီး သူတို့တွေအနေနဲ့ ထွက်ပြေးလွတ်မြောက်ဖို့ လုံးဝကို မဖြစ်နိုင်ပါဘူး။
“ဓါးဆွဲထုတ်ပိုင်းဖြတ်ခြင်း”
ရုတ်တရက် ရာချီတဲ့ ဓါးအလင်းတွေက ခုနှစ်စင်ကြယ် မှော်ဓါးဆီကနေ ထွက်ပေါ်လာခဲ့တယ်။
ထွက်ပြေးသွားတဲ့ နတ်ဆိုးမိစ္ဆာ ၈၀ က ကြောက်မက်ဖွယ် ဓါးအလင်းတွေ ထိမှန်သွားကြပြီး ဒီလောကကနေ အမြဲတမ်း ပျောက်ကွယ်သွားခဲ့တယ်။
“မူလနတ်ဆိုးစစ်သည် ၈၂ ကောင်ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် + ၂၄၆၀၀”
အတော်အတန်များပြားတဲ့ ဓါးဆွဲထုတ်မှတ်တွေကြောင့် ယန်ချီ အသင့်အတင့် စိတ်ကျေနပ်သွားခဲ့တယ်။
ချက်ချင်းပင် သူက ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေရဲ့ ခေါင်းထဲကနေ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကို ထုတ်ယူလိုက်ပြီး အိတ်ထဲ ထည့်လိုက်တယ်။
သူ့ဘေးမှာ ရပ်နေခဲ့တဲ့ မင်းသမီးစွေကျူကတော့ ဒီမြင်ကွင်းကို မြင်ကာ ကျောက်ရုပ်အလား ဖြစ်နေခဲ့ပြီး သူမရဲ့ပါးစပ်က အဟောင့်သားဖြစ်နေခဲ့ရတယ်။
ဒီမြင်ကွင်းက သူမရဲ့ တစ်သက်တာမှာ ထိတ်လန့်ဖို့ အကောင်းဆုံး မြင်ကွင်းတစ်ခုပါ။
“နင်. . နင် ဘယ်သူလဲ”
မင်းသမီး စွေကျူက ယန်ချီကို ထိတ်လန့်စွာ ကြည့်ပြီးမေးလိုက်တယ်။
“ယန်ချီ”
ယန်ချီကတော့ သူ့အကြောင်းကို ဘာမှ ကွယ်ဝှက်ထားစရာ မလိုတဲ့ သဘောနဲ့ နာမည်ကို အမှန်အတိုင်း ပြောလိုက်တယ်။
“ယန်ချီလား”
မင်းသမီးစွေကျူက ခဏလောက် စဉ်းစားလိုက်ပြီးနောက် သူမအနေနဲ့ ဒီနာမည်ကို တခါမှ မကြားဖူးကြောင့် သိလိုက်တယ်။
“ဒါဆိုရင် နင်က စိတ်ဝိဉာဉ်ပညာရှင် ဘယ်အဆင့်လဲ”
မင်းသမီး စွေကျူက ယန်ချီရဲ့လက်ထဲက ခုနှစ်စင်ကြယ်မှော်ဓါးကို ကြည့်ပြီး တိတ်ဆိတ် ထိတ်လန့်နေခဲ့တယ်။ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ဓါးက လူပြည်က လက်နက်မဟုတ်ပဲ ငရဲပြည်က လက်နက်လားဆိုပြီး ခံစားနေခဲ့ရတယ်။
“အဆင့် ၁၆ စိတ်ဝိဉာဉ်ဆရာ အဆင့်လေ”
ယန်ချီက သူ့ရဲ့ အဆင့်ကို အမှန်အတိုင်း ပြောလိုကတယ်။
“အင်း ”
ယန်ချီက ပြောပြီးနောက် သူ့ရဲ့ အဆင့်က သူပြောတာထက် အနည်းငယ်ပိုပြီး အစွမ်းထက်နေတယ်လို့ ခံစားမိတာကြောင့် စစ်ဆေးကြည့်လိုက်တယ်။
“ကျင့်စဉ်အဆင့် အဆင့် ၁၈ စိတ်ဝိဉာဉ်ဆရာ အဆင့် ”
“ငါက အဆင့် ၁၆ စိတ်ဝိဉာဉ်ဆရာအဆင့်ပါ။ အခုတော့ အဆင့် ၁၈ စိတ်ဝိဉာဉ်ဆရာအဆင့်ပေါ့”
ယန်ချီက မင်းသမီး စွေကျူကို ပြောလိုက်တယ်။
ဒါက အဆင့် နှစ်ဆင့်သာ ကွာတဲ့အတွက် ဘာမှ မဟုတ်ဘူးလို့ သူတွေးနေခဲ့တယ်။
“အဆင့် ၁၈ စိတ်ဝိဉာဉ်ဆရာ အဆင့်လား”
မင်းသမီးစွေကျူတစ်ယောက် အံ့အားသင့်သွားခဲ့တယ်။
ယန်ချီတစ်ယောက် နတ်ဆိုးမိစ္ဆာတွေကို သုတ်သင်လိုက်တဲ့အချိန် အစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပြသခဲ့ပြီး ဆန်းကြယ်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်နည်းစနစ် ဝိဉာဉ်ဖမ်းယူခြင်းနည်းစနစ်ကိုပါ အသုံးပြုခဲ့တယ်။
သူက တကယ်ကို အဆင့်၁၈ စိတ်ဝိဉာဉ်ဆရာဆိုရင် ဘယ်လိုလုပ်ပြီးဆန်းကြယ်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်နည်းစနစ် ဝိဉာဉ်ဖမ်းယူခြင်းကို ကျင့်ကြံနိုင်ရတာလဲ။
“နင်. . . နင်က တကယ်ကို အဆင့် ၁၈ စိတ်ဝိဉာဉ်ဆရာ အဆင့်လား”
မင်းသမီးစွေကျူက ယန်ချီကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိတယ်။
“ငါက မင်းကို ရယ်စရာ ပြောနေတယ် ထင်နေလို့လား”
မင်းသမီး စွေကျူက ဒီစကားကို ကြားတော့ သူမရဲ့ ဖြူလွှတဲ့ မျက်နှာထက်မှာ အံ့အားသင့်တဲ့အမူအယာ ပေါ်လာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူမက ယန်ချီရဲ့ ပြိုင်ဖက် မဖြစ်နိုင်ကြောင်း သိတာကြောင့်ပါ။
“ဒီနေရာက နတ်ဆိုးတောင်တန်း အပြင်ဖက် နယ်မြေမှာပဲ ရှိပါသေးတယ်။ ငါက မင်းသမီးတစ်ယောက်ဆိုပေမယ့်လည်း ငါ့အရှေ့က လူက ငါ့ကို ဒေါသထွက်အောင်လုပ်ရင်တော့ သတ်ပစ်လိုက်သင့်တယ်”
သူမက ယန်ချီရဲ့ ရဲရင့်မှုအတွက် သံသယ မရှိပါဘူး။ သူမရဲ့ အမြင်အရ ယန်ချီရဲ့ ရဲရင့်မှုက ကောင်းကင်လောက်ကို မြင့်နေတယ်လေ။
“ဒါဆိုရင် စီနီယာ နင့်ရဲ့ စိတ်ဝိဉာဉ်လက်နက်ကို ပြနိုင်မလား”
အချိန်အတော်ကြာပြီးနောက် မင်းသမီး စွေကျူက ယန်ချီကို မေးလိုက်တယ်။
“ဘာမှ မဟုတ်ပါဘူး မကြည့်ချင်ပါနဲ့”
“ဘာကြောင့်လဲ”
“ဘာကြောင့်လဲဆိုတော့ ” ယန်ချီက ခဏလောက် စဉ်းစားလိုက်ပြီး ဆက်ပြောလိုက်တယ်။ “ငါ နင့်ကို မပြချင်လို့ပေါ့”
ယန်ချီက မင်းသမီးစွေကျူကို အနည်းငယ် ရယ်စရာ ကောင်းတယ်လို့ ခံစားမိနေခဲ့တယ်။ သူမနဲ့ သူက သေချာ မသိသေးပဲနဲ့ ဘယ်လိုဖြစ်ပြီး စိတ်ဝိဉာဉ်လက်နက်ကို ပြသရမှာလဲ။
မင်းသမီး စွေကျူက ဆက်ပြီး မမေးတော့ပါဘူး။
“ဒါနဲ့ စကားမစပ် ကျွန်မ နာမည် ယီယုပါ”
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 348 - အဆင့် နှစ် နတ်ဆိုးသားရဲ အနက်ရောင် နတ်ဆိုးဝံပုလွေ
ယန်ချီကတော့ မင်းသမီး စွေကျူရဲ့ နာမည်ကို စိတ်မဝင်စားခဲ့ပါဘူး။
“သွားကြစို့ ”
ယန်ချီက မင်းသမီး စွေကျူကို ပြောလိုက်တယ်။
ယီယုလည်း အံ့အားသင့်သွားခဲ့တယ်။ “စီနီယာ ကျွန်မတို့တွေ အဖွဲ့တစ်ခု ဖွဲ့ရအောင်လေ”
“မင်းသဘောပဲ”
ယန်ချီလည်း ဘာမှ မပြောချင်တော့ပါဘူး။
ပြောဆိုပြီးနောက် ယန်ချီက နတ်ဆိုးသားရဲတွေနဲ့ နတ်ဆိုးမိစ္ဆာတွေကို ဆက်လက် ရှာဖွေနေခဲ့တယ်။
ယီယုကတော့ ယန်ချီရဲ့ နောက်ကျောကို ကြည့်နေခဲ့တယ်။
သူမကတော့ စိတ်ထဲမှာ အလွန်တရာကို ရှုပ်ထွေးနေခဲ့တယ်။ ကောင်းကင်ကြယ်အင်ပါယာမြို့တော်ရဲ့ အစွမ်းအထက်ဆုံး ပါရမီရှင်တစ်ယောက်ဖြစ်တဲ့သူမက မောက်မာတက်ပါတယ်။
ဒါပေမယ့် သူမက ယန်ချီနဲ့ ရင်ဆိုင်မိတော့ သူမရဲ့ ဂုဏ်သိက္ခာတွေ ပြိုကျသွားခဲ့ပါပြီ။
ထပ်ပြီးတွေးတောမနေတော့ပဲ ယီယုက ယန်ချီနောက်ကို လျင်မြန်စွာ လိုက်သွားခဲ့တယ်။
လက်ရှိမှာတော့ ယန်ချီက သူ ဘယ်လောက် အစွမ်းထက်နေလဲ ဆိုတာ မသိပါဘူး။ သူမှာ လူသားအဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် တိုက်ပွဲမီးတောက်ကြောင်နဲ့ ကောင်းကင်အဆင့် အဆင့်မြင့် လက်နက် တိမ်လွှာနဂါးဓါးတို့ ရှိနေပါပြီ။
ဒီလက်နက်နှစ်ခုက အလွန် ကြောက်ဖို့ ကောင်းမှန်းတော့ သိပါတယ်။
“အား ကယ်ကြပါဦး”
ယန်ချီနဲ့ ယီယုတို့နှစ်ယောက် နတ်ဆိုးမိစ္ဆာတွေနဲ့ နတ်ဆိုးသားရဲတွေကို ရှာဖွေနေစဉ်မှာပဲ ခြောက်ခြားဖွယ် အကူအညီတောင်းသံတွေကို ကြားလိုက်ရတယ်။
ယန်ချီနဲ့ ယီယုတို့လည်း အသံထွက်ပေါ်ရာကို လျင်မြန်စွာ ပြေးလွှားသွားကြတယ်။
အဲ့ဒီအခါမှာ မျက်နှာမှာ ထိတ်လန့်မှုအပြည့်နဲ့ လူငယ်ဆယ်ယောက်ကျော်က ပြေးလွှားနေကြတာကို မြင်လိုက်ရတယ်။
လူငယ် ဆယ်ယောက်ကျော်ရဲ့ အနောက်မှာတော့ သားရဲတစ်ကောင်က လိုက်နေခဲ့တယ်။
ဒီသားရဲက ငါးမီတာကျော် ရှည်လျားပြီး တစ်ကိုယ်လုံး အနက်ရောင်ဖြစ်နေကာ ဦးချိုပါတဲ့ နဂါးတစ်ကောင်လိုနဲ့တူတာကြောင့် တကယ်ကို ကြောက်စရာ ကောင်းပုံရပါတယ်။
“အဆင့်နှစ် နတ်ဆိုးသားရဲ အနက်ရောင် နတ်ဆိုးဝံပုလွေပဲ”
ယီယုရဲ့ စိတ်ထဲ တုန်လှုပ်သွားခဲ့တယ်။
“အား. . ”
ရုတ်တရက် အနက်ရောင်နတ်ဆိုးဝံပုလွေရဲ့ လက်သည်းတွေက လူငယ်နှစ်ယောက်ကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲလိုက်တယ်။
“စီနီယာ ကျွန်မတို့ ဘာဆက်လုပ်သင့်လဲ”
ယီယုရဲ့ ဖြူလွလွ မျက်နှာ ထက်မှာတော့ ထိတ်လန့်မှုတွေ ပေါ်လွင့်လာခဲ့တယ်။
ယီယုရဲ့ စကားကို ကြားပြီးနောက် ယန်ချီက မထူးခြားသလို ပြုံးလိုက်မိတယ်။ သူက ဒီကောင်က အဆင့် ၂ နတ်ဆိုးသားရဲပဲလေ။ ဘာများ ဖြစ်လို့လဲလို့ တွေးလိုက်တယ်။
ကျန်တဲ့ လူငယ်လေးတွေက ယန်ချီနဲ့ ယီယုတို့အနောက်ကို ပြေးလွှားသွားကြတယ်။ သူတို့တွေက ယန်ချီတို့ အနောက်မှာ ကွယ်ရပ်နေတာ မဟုတ်ပဲ ဆက်လက်ပြေးလွှားသွားကြတယ်။
ဒါကြောင့် အဆင့် နှစ် နတ်ဆိုးသားရဲ အနက်ရောင် နတ်ဆိုးဝံပုလွေလည်း ယန်ချီနဲ့ ယီယုတို့အရှေ့ကို ရောက်လာခဲ့တယ်။
ယီယုက အဆင့် ၂၂ စိတ်ဝိဉာဉ်ဆရာသခင်ဖြစ်ပေမယ့်လည်း အနက်ရောင်နတ်ဆိုးဝံပုလွေရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ စွမ်းအားလှုပ်ရှားမှုတွေအရ သူမအနေနဲ့ ဒီနတ်ဆိုးသားရဲရဲ့ ပြိုင်ဖက်မဖြစ်နိုင်မှန်း သိပါတယ်။
သူမ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေချိန်မှာ ယန်ချီက အရှေ့ကို အရှိန်ပြင်းစွာ ပြေးထွက်သွားခဲ့တယ်။
“အဝါရောင် အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်နည်းစနစ် လှိုင်းစီးခြင်း ကိုယ့်ဖော့ပညာ”
ပြေးထွက်သွားတဲ့ ယန်ချီရဲ့ နောက်ကျောကို စူးစိုက်ကြည့်ပြီး ယီယုရဲ့ စိတ်ထဲ တုန်လှုပ်သွားခဲ့ပြန်တယ်။
ယန်ချီက အဆင့်နှစ် နတ်ဆိုးသားရဲ အနက်ရောင်နတ်ဆိုး ဝံပုလွေဆီကို ပြေးဝင်သွားအခါ သူက ခုနှစ်စင်ကြယ်မှော်ဓါးကို တခါထဲ ဆွဲထုတ်လိုက်တယ်။
“ဝိဉာဉ်ဖမ်းယူခြင်းနည်းစနစ်”
“ထွက်လာစမ်း”
ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးအလင်းတစ်ခု ထွက်ပေါ်လာခဲ့တယ်။
ဓါးအလင်းက အနက်ရောင်နတ်ဆိုးဝံပုလွေရဲ့ ပတ်လည်မှာ ရှိတဲ့ မီတာ အနည်းငယ်အတွင်းကသစ်ပင်တွေကိုပါ ပိုင်းဖြတ်သွားခဲ့တယ်။ ဒီမြင်ကွင်းက အလွန်တရာကို ထိတ်လန့်ဖို့ ကောင်းနေခဲ့တယ်။
“ဝေါင်း”
ဒါပေမယ့် အဆင့် ၂ နတ်ဆိုးသားရဲ အနက်ရောင် နတ်ဆိုးဝံပုလွေရဲ့ ခြောက်ခြားဖွယ် အော်မြည်သံ ထွက်ပေါ်လာပြီးနောက် သူ့ခန္ဓာကိုယ်က အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားပြီး ကြောက်စရာ ကောင်းစွာ သေဆုံးသွားခဲ့တယ်။
ယန်ချီကတော့ အဆင့် နှစ် နတ်ဆိုးသားရဲ့ အနက်ရောင်နတ်ဆိုးဝံပုလွေရဲ့ ဦးခေါင်းဆီကို ဖြေးညှင်းစွာ လျှောက်သွားပြီး အပြာရောင်စိတ်ဝိဉာဉ်ပုံဆောင်ခဲကို ထုတ်ယူလိုက်တယ်။
ယီယုကတော့ ထိတ်လန့်နေမှုကြောင့် ဘာစကားမှ မပြောနိုင်ခဲ့ပါဘူး။ သူမရဲ့ အမြင်အရ ယန်ချီဆိုတာ ဒီလောကမှာ အစွမ်းအထက်ဆုံးပါရမီရှင်တစ်ယောက်လို မြင်နေခဲ့ပါပြီ။
သူ သတ်လိုက်တဲ့ နတ်ဆိုးသားရဲ့ အဆင့်နှစ် နတ်ဆိုးသားရဲလေ။
ဒီအတွေးတွေကို တွေးမိတော့ ရုတ်တရက် ယီယုရဲ့ စိတ်ထဲ အလွန်တရာကို ထိတ်လန့်သွားခဲ့ရတယ်။
“ဒီ စိတ်ဝိဉာဉ်ပုံဆောင်ခဲက ဘာကြောင့် အပြာရောင် ဖြစ်နေတာလဲ”
ယန်ချီက ယီယုကို ကြည့်ပြီးမေးလိုက်တယ်။ အခြား စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေက အဝါရောင်လေ။
“စီနီယာ အဆင့် တစ် စိတ်ဝိဉာဉ်ပုံဆောင်ခဲက အဝါရောင်၊ အဆင့် နှစ် စိတ်ဝိဉာဉ်ပုံဆောင်ခဲက အပြာရောင်နဲ့ အဆင့်သုံး စိတ်ဝိဉာဉ်ပုံဆောင်ခဲက စိမ်းပြာရောင် ရှိတယ်လေ”
“အဆင့် နှစ် စိတ်ဝိဉာဉ်ပုံဆောင်ခဲက အဆင့် တစ် စိတ်ဝိဉာဉ်ပုံဆောင်ခဲ အခု တစ်ရာနဲ့ ညီမျှတယ်”
ယီယုရဲ့ စကားတွေကို ကြားပြီးနောက် ယန်ချီတစ်ယောက် နားလည်လိုက်တယ်။
“အခု မင်းမှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ဘယ်လောက် ရှိပြီလဲ”
ယန်ချီက ယီယုကို ကြည့်ပြီးမေးလိုက်တယ်။
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 349 - အဆင့် သုံး နတ်ဆိုးသားရဲ
ယီယုတစ်ယောက် ယန်ချီရဲ့ မေးခွန်းကြောင့် အံ့အားသင့်သွားပြီး ယန်ချီကို ရှက်ရွံ့စွာနဲ့ ကြည့်လိုက်တယ်။
“စီနီယာ ကျွန်မဆီမှာ အဆင့် တစ် စိတ်ဝိဉာဉ်ပုံဆောင်ခဲ အခု ၂၀ ပဲ ရှိပါသေးတယ်”
“အိုး အိုး”
ယန်ချီ ခေါင်းညိတ်လိုက်တယ်။
“ဝေါင်း”
ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းတဲ့ ဟိန်းဟောက်သံ တစ်ခုကို ယန်ချီနဲ့ ယီယုတို့နှစ်ယောက် ကြားလိုက်ကြတယ်။
ယန်ချီနဲ့ ယီယုတို့နှစ်ယောက်လည်း အသံထွက်ပေါ်ရာဆီကို အပြေးအလွှား သွားကြည့်လိုက်ကြတယ်။
သူတို့တွေက နတ်ဆိုးမျောက်ဝံတစ်ကောင် ဟိန်းဟောက်နေတာ မြင်လိုက်ရတယ်။
ဒီနတ်ဆိုးမျောက်ဝံက ပေများစွာ မြင့်မား ပြီး တစ်ကိုယ်လုံးက မဲမှောင်နေတော့ ကြည့်ရတာ ကြောက်လန့်စရာ ကောင်းပုံပါပဲ။
“အဆင့် သုံး နတ်ဆိုးသားရဲ နတ်ဆိုးမျောက်ဝံ”
နတ်ဆိုးမျောက်ဝံကို ကြည့်ရင်း ယီယုရဲ့ မျက်နှာက ဖြူလျော့သွားခဲ့တယ်။
“အဆင့် သုံး နတ်ဆိုးသားရဲလား”
ယန်ချီကတော့ သူ့ရဲ့ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားနဲ့ဆိုရင် အဆင့် သုံး နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ဖို့က မခက်ခဲလောက်ဘူးလို့ တွေးလိုက်မိပြီး အေးစက်စက် ပြုံးလိုက်တယ်။
ယီယုက ယန်ချီကို အားကိုးတကြီး လှမ်းကြည့်လိုက်တော့ ယန်ချီတစ်ယောက် သူ့အရှေ့မှာ နတ်ဆိုးမျောက်ဝံကို မမြင်သလို အမူအယာမပျက် ရှိနေခဲ့တယ်။
“စီနီယာ ဒီကောင်က အဆင့်သုံးနတ်ဆိုးသားရဲ နတ်ဆိုးမျောက်ဝံနော်”
ယီယုက ယန်ချီကို တီးတိုးပြောလိုက်တယ်။
“အင်း အဆင်ပြေပါတယ်။ သူက အဆင့်သုံးနတ်ဆိုးသားရဲပဲလေ”
ယန်ချီက ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။
ယီယုကတော့ ယန်ချီရဲ့ မျက်နှာပေါ်က မထူးခြားတဲ့ အမူအယာကို ကြည့်ပြီး မှင်သက်နေခဲ့တယ်။
ယန်ချီက အဆင့် သုံး နတ်ဆိုးသားရဲနဲ့ ရင်ဆိုင်မိချိန်တောင်မှ ဒီလောက် တည်ငြိမ်နိုင်လိမ့်မယ်လို့ ယီယုအနေနဲ့ မထင်မိပါဘူး။
ဒါက အဆင့် သုံး နတ်ဆိုးသားရဲလေ။
“ဝေါင်း”
ရုတ်တရက် နတ်ဆိုးမျောက်ဝံက သူ့ရင်ဘတ်ကို အရူးအမူး ပုတ်ပြီး ဟိန်းဟောက်လိုက်တယ်။ ဒီမြင်ကွင်းကို မြင်သူတိုင်း ကြောက်လန့်မိမှာ အသေအချာပါပဲ။
ဒီ နတ်ဆိုးမျောက်ဝံက ယန်ချီနဲ့ ယီယုတို့ကို စတင်တိုက်ခိုက်တော့မှပါ။
“ဝှစ် ”
ဓါးဆွဲထုတ်သံကို ကြားလိုက်ရပြီးနောက် ယီယုရဲ့ မျက်လုံးထဲမှာ ကြောက်မက်ဖွယ်ဓါးအလင်းတစ်ခုကို ရုတ်တရက် မြင်လိုက်ရတယ်။
ယီယုက တွေဝေငေးမောစွာနဲ့ယန်ချီရဲ့ လက်ထဲက ခုနှစ်စင်ကြယ်မှော်ဓါးကို ကြည့်လိုက်တယ်။
ယန်ချီရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ခုနှစ်စင်ကြယ်မှော်ဓါးက အနည်းငယ် တုန်ခါနေခဲ့တယ်။
ခုနှစ်စင်ကြယ်မှော်ဓါးရဲ့ ဘယ်ညာနှစ်ဖက်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ဝိဉာဉ်လက်နက် နှစ်ခုပေါ်လာခဲ့တယ်။
“မြေကြီး အဆင့် အနက်ရောင်ရောင် ကွင်းသုံးကွင်း”
“ကောင်းကင်အဆင့် အနီရောင် ကွင်းသုံးကွင်း”
စိတ်ဝိဉာဉ်လက်နက်ရဲ့ ကွင်းအရေအတွက်တွေ အရောင်တွေက အဆင့်တွေကို ကိုယ်စားပြုပါတယ်။
လူသားအဆင့် စိတ်ဝိဉာဉ်လက်နက်က အဝါရောင်။
သေမျိုးအဆင့် စိတ်ဝိဉာဉ်လက်နက်က အပြာရောင်။
အဝါရောင် အဆင့် စိတ်ဝိဉာဉ်လက်နက်က စိမ်းပြာရောင်။
ဆန်းကြယ်အဆင့် စိတ်ဝိဉာဉ်လက်နက်က ခရမ်းရောင်။
မြေကမ္ဘာအဆင့် စိတ်ဝိဉာဉ်လက်နက်က အနက်ရောင်။
ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်က အနီရောင်။
ခုနှစ်စင်ကြယ်ဓါးရဲ့ ဘယ်ညာနှစ်ဖက်မှာ ထွက်ပေါ်လာတဲ့ စိတ်ဝိဉာဉ်လက်နက်ကို ကြည့်ပြီး ယီယုတစ်ယောက် အံ့သြမှင်သက်နေပြီး ပါးစပ်အဟောင့်သား ဖြစ်နေခဲ့တယ်။
“မြေကမ္ဘာအဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်။ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်”
“ဒါက ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာလဲ”
ယီယုရဲ့ အမြင်အရ ယန်ချီမှာ ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ဝိဉာဉ်လက်နက်တွေ ပိုင်ဆိုင်လိမ့်မယ်လို့ မထင်ထားပါဘူး။
သူမ မြင်တဲ့ အတိုင်း ယန်ချီရဲ့ စိတ်ဝိဉာဉ်လက်နက်တွေက မြေကမ္ဘာအဆင့် အဆင့်မြင့်နဲ့ ကောင်းကင်အဆင့် အဆင့်မြင့်တွေ ဖြစ်နေတယ်လေ။
သူမက ယန်ချီရဲ့ မျက်နှာကို ကြောက်လန့်စွာဖြင့် ကြည့်လိုက်ပေမယ့် ယန်ချီရဲ့မျက်နှာ အမူအယာကတော့ တည်ငြိမ်နေတာကို မြင်လိုက်ရတယ်။
ဒီလို ကြောက်မက်ဖွယ် ကောင်းတဲ့ စိတ်ဝိဉာဉ်လက်နက်တွေ ရှိပေမယ့်လည်း သူ့ရဲ့ မျက်နှာထက်မှာ ဂုဏ်ယူမှုတွေကို မမြင်ရပါဘူး။ ယန်ချီနဲ့ နှိုင်းယှဉ်ရင် သူမက ကောင်းကင်နဲ့ မြေကြီးထက်တောင်မက ကွာခြားလွန်းတယ်လို့ ခံစားမိနေခဲ့တယ်။
အဆင့် သုံး နတ်ဆိုးသားရဲ နတ်ဆိုးမျောက်ဝံက ယန်ချီနဲ့ ယီယုကို အချိန်မရွေး တိုက်ခိုက်ဖို့အတွက် အေးစက်စက် ကြည့်နေခဲ့တယ်။
“လာစမ်းပါ ” ယန်ချီက နတ်ဆိုးမျောက်ဝံကို လှောင်ပြောင်လိုက်တယ်။ “မင်း ဘာကို စောင့်နေတာလဲ”
နတ်ဆိုးမျောက်ဝံက ယန်ချီရဲ့ လှောင်ပြောနေမှုကို နားလည်တော့ ဒေါသအကြီးအကျယ် ထွက်သွားခဲ့တယ်။ သူက ရင်ဘတ်ကို အကြိမ်အနည်းငယ်လောက် ပုတ်ပြီးနောက် ယန်ချီနဲ့ယီယုဆီကို ပြေးဝင်လာခဲ့တယ်။
နတ်ဆိုးမျောက်ဝံက ဘေးမှာ ရှိတဲ့ သစ်ပင်တွေကို တစ်ပင်ပြီး တစ်ပင် ပိုင်းဖြတ်ပြီး ယန်ချီဆီကို ပြေးဝင်လာခဲ့တယ်။
ယန်ချီက နှာခေါင်းရှုံ့လိုက်ပြီး လက်ထဲက ခုနှစ်စင်ကြယ်မှော်ဓါးကို မြောက်လိုက်တယ်။
အဲ့ဒီနောက် ဓါးကို ရုတ်တရက် ပိုင်းချလိုက်တယ်။
တိုက်ပွဲမီးတောက် ကြောင်နဲ့ တိမ်လွာနဂါးဓါးတို့က အဆင့် သုံး နတ်ဆိုးသားရဲ နတ်ဆိုးမျောက်ဝံဆီကို ပြေးဝင်သွားခဲ့တယ်။
ယန်ချီက လက်ရှိမှာ အဆင့် ၁၈ စိတ်ဝိဉာဉ်ဆရာ အဆင့်ဆိုပေမယ့် တိုက်ပွဲမီးတောက်ကြောင်နဲ့ တိမ်လွာနဂါးဓါးတို့က တကယ်ကို ကြောက်မက်ဖွယ် ကောင်းနေခဲ့တယ်။
အဆင့် သုံးနတ်ဆိုးသားရဲ နတ်ဆိုး မျောက်ဝံက ကြောက်မက်ဖွယ်ကောင်းနေပေမယ့်လည်း သူ့ရဲ့ အမြန်နှုန်းက အလွန် နှေးကွေးပါတယ်။ ဒါကြောင့် သူ့ဆီကို ပြေးဝင်လာတဲ့ တိုက်ပွဲမီးတောက်ကြောင်နဲ့ တိမ်လွှာနဂါးဓါးတို့ကို မရှောင်တိမ်းနိုင်ခဲ့ပါဘူး။
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 350 - စမ်းသပ်မှု ပြီးဆုံးခြင်း
တိုက်ပွဲမီးတောက်ကြောင်နဲ့ တိမ်လွှာနဂါးဓါးတို့က အဆင့်သုံး နတ်ဆိုးသားရဲ နတ်ဆိုးမျောက်ဝံရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားတဲ့အခါ နတ်ဆိုးမျောက်ဝံဆီကနေ ခြောက်ခြားဖွယ် အော်မြည်သံထွက်ပေါ်လာခဲ့တယ်။
အော်မြည်သံတွေက အလွန်ခြောက်ခြားဖွယ်ကောင်းနေခဲ့ပြီး ကြားရတဲ့သူတွေကို ထိတ်လန့်တုန်လှုပ်စေပါတယ်။
ဘေးမှာ ရှိနေတဲ့ယီယုတစ်ယောက် ဒီမြင်ကွင်းကို ကြည့်ပြီး ပင့်သက်ရှိုက်မိလိုက်တယ်။
နတ်ဆိုးမျောက်ဝံရဲ့ ခန္ဓာကိုယ်ကို တိုက်ပွဲ မီးတောက်ကြောင်က လောင်းကျွမ်းစေခဲ့ပြီး တိမ်လွှာနဂါးဓါးက ခုတ်ဖြတ်နေတဲ့ မြင်ကွင်းကို သူမ မြင်တွေ့ခဲ့ရတယ်။
“ဒါက မြေကမ္ဘာအဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်နဲ့ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်တွေရဲ့ အစွမ်းလား”
“ဝေါင်း”
အဆင့်သုံး နတ်ဆိုးသားရဲ နတ်ဆိုးမျောက်ဝံကတော့ ခြောက်ခြားဖွယ် အော်မြည်နေတုန်းပါပဲ။
ဒီမြင်ကွင်းကို ကြည့်ပြီး ယီယုရဲ့ ဖြူဖျော့နေတဲ့ မျက်နှာထက်မှာ အလွန်တရာ အံ့အားသင့်မှုတွေ ထွက်ပေါ်လာခဲ့တယ်။
အဆင့်သုံး နတ်ဆိုးသားရဲတစ်ကောင်က ဒီလိုမျိုး အသတ်ခံရလိမ့်မယ်လို့ သူမ မမျှော်လင့်မိပါဘူး။
“ဝုန်း . .”
ကျယ်လောင်တဲ့ လဲပြိုသံကြီး ထွက်ပေါ်လာပြီးနောက် အဆင့်သုံး နတ်ဆိုးသားရဲ နတ်ဆိုးမျောက်ဝံက ဒီလောက ကနေ ပျောက်ကွယ်သွားခဲ့တယ်။
ယန်ချီလည်း အဆင့်သုံး နတ်ဆိုးသားရဲ့ နတ်ဆိုးမျောက်ဝံအရှေ့ကို ဖြေးညှင်းစွာ လျှောက်သွားပြီး ဦးခေါင်းထဲက စိမ်းပြာရောင် စိတ်ဝိဉာဉ်ပုံဆောင်ခဲကို ထုတ်ယူလိုက်တယ်။
“စီနီယာ ရှင်က တကယ်ကို အံ့အားသင့်စရာပဲ”
ယီယုက ယန်ချီကို လှိုက်လှိုက်လှဲလှဲ ပြောလိုက်တယ်။
ယန်ချီကတော့ တည်ငြိမ်စွာနဲ့ ယီယုကို ပြန်ပြောလိုက်တယ်။
“အင်း သိပ်အစွမ်းထက်တယ်လို့ ပြောလို့ မရသေးဘူး”
ယီယုတစ်ယောက် ဒီစကားကို ကြားတော့ မှင်သက်သွားခဲ့တယ်။ ယန်ချီမှာ အစွမ်းထက် စွမ်းအားတွေ ရှိပေမယ့်လည်း အလွန်နှိမ့်ချတက်လိမ့်ယမ်လို့ သူမ မမျှော်လင့်မိထားပါဘူး။
“ဒါနဲ့ စကားမစပ် ဒီစိမ်းပြာရောင်စိတ်ဝိဉာဉ်ပုံဆောင်ခဲကို မင်းကို ပေးမယ်”
ယန်ချီက လက်ထဲမှာ ရှိနေတဲ့ စိမ်းပြာရောင် စိတ်ဝိဉာဉ်ပုံဆောင်ခဲကို ယီယုဆီ ကမ်းပေးလိုက်တယ်။
ယီယုလည်း မှင်သက်သွားခဲ့ပြန်တယ်။ ယန်ချီတစ်ယောက် ဒီလို လုပ်ဆောင်လိမ့်မယ်လို့ သူမ မမျှော်လင့်မိဘူးလေ။
“စီနီယာ . . ကျွန်မ . .”
ယီယုက ယန်ချီကို တစ်ခုခု ပြောချင်ပေမယ့်လည်း သူမ ဘာဆက်ပြောရမှန်း မသိခဲ့ပါဘူး။
သူမက ယန်ချီကမ်းပေးတဲ့ စိမ်းပြာရောင်စိတ်ဝိဉာဉ်ပုံဆောင်ခဲကို ယူလိုက်တယ်။
စိမ်းပြာရောင်စိတ်ဝိဉာဉ်ပုံဆောင်ခဲဆိုတာ အဆင့် သုံးနတ်ဆိုးမိစ္ဆာဒါမှမဟုတ် အဆင့်သုံးနတ်ဆိုးသားရဲတွေမှာသာ ရှိတာပါ။
စိမ်းပြာရောင်စိတ်ဝိဉာဉ်ပုံဆောင်ခဲတစ်ခုက အဆင့် တစ် စိတ်ဝိဉာဉ်ပုံဆောင်ခဲ အခု ၃၀၀ နဲ့ ညီမျှပါတယ်။
“ကျေးဇူးတင်ပါတယ် စီနီယာ ”
ယီယုက ယန်ချီကို ပြောလိုက်ပေမယ့် ယန်ချီရဲ့ မျက်နှာကတော တည်ငြိမ်နေဆဲပါပဲ။
ချက်ချင်းပင် သူနဲ့ ယီယုတို့က နတ်ဆိုးတွေကို ဆက်လက်ရှာဖွေခဲ့ကြတယ်။
သုံးရက်ခန့် ကြာသွားပြီးနောက်. . . ။
ယီယုက စိမ်းပြာရောင်စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်ခုနဲ့ အဝါရောင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၃၀၀ ကို ပိုင်ဆိုင်ခဲ့ပါပြီ။
ယန်ချီကတော့ စိမ်းပြာရောင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်ခု၊ အပြာရောင်စိတ်ဝိဉာဉ်ပုံဆောင်ခဲတစ်ခုနဲ့ အဝါရောင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ အခု ၅၀၀ ပိုင်ဆိုင်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ သူက ဓါးဆွဲထုတ်မှတ် ၅ သန်းကိုလည်း ရရှိခဲ့ပါတယ်။
“စီနီယာ စမ်းသပ်မှုက ပြီးဆုံးတော့မယ်။ ပြန်ထွက်ကြစို့”
ယီယုက ယန်ချီကို ပြောလိုက်တယ်။
ယန်ချီက ခေါင်းညိတ်လိုက်ပြီး နတ်ဆိုးတောင်တန်းအခြေကို ဦးတည်လျှောက်သွားကြတယ်။
နတ်ဆိုးတောင်တန်းကနေ ထွက်လာကြပြီးနောက် နတ်ဆိုးတောင်တန်းအခြေမှာ လူငယ်မျိုးဆက်များစွာက ပြန်လည်ရောက်ရှိနေကြတယ်။
အဖိုးအိုက ပြန်လည်ရောက်ရှိလာတဲ့ လူငယ်တွေ ရရှိခဲ့တဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကို စတင်ရေတွက်နေခဲ့တယ်။
“လင်းချန် အဝါရောင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅၀”
အဖိုးအိုရဲ့ အသံ ဆုံးသွားတဲ့အခါ လူတိုင်းက ရုတ်တရက် ထိတ်လန့်သွားကြတယ်။
“အိုး ဘုရားရေ သူက အမှန်တကယ်ကို အဝါရောင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅၀ ရခဲ့တာလား။ တကယ်ကို ကြောက်ဖို့ကောင်းတာပဲ”
“ငါဆို အဝါရောင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၅ ခုပဲ ရခဲ့တယ်။ လင်းချန်က ဘယ်လို ပါရမီရှင်မျိုးပါလိမ့်”
“သူကတော့ နာမည်ကြီးဦးမှာပဲ။ လင်းချန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကောင်းကင်နဲ့ မြေပြင်လောက် ကွာတာပဲ”
လူငယ်တွေက ရရှိကြတဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲအကြောင်း ပြောဆိုနေစဉ်မှာပဲ အံ့အားသင့်တဲ့ အသံတစ်ခုကို အားလုံး ကြားလိုက်ရတယ်။
“မင်းသမီး စွေကျူ ရောက်လာပြီ”
သူ ပြောပြီးချိန်မှာပဲ လူငယ်မျိုးဆက်တွေက အသံထွက်ပေါ်ရာကို မျှော်ကြည့်လိုက်ကြတယ်။
သူတို့တွေက မင်းသမီးစွေကျူနဲ့ ယန်ချီတို့ ဖြေးညှင်းစွာ လျှောက်လာတာကို မြင်လိုက်ရတယ်။
“မင်းသမီးစွေကျူက စိတ်ဝိဉာဉ်ပုံဆောင်ခဲ ဘယ်လောက်ရနိုင်မလဲ မသိဘူး”
“အင်း သူမက အတော်များများ ရမှာပေါ့”
“မင်းသမီးစွေကျူဘေး ရောက်ဖို့က တကယ်ကို ခက်ခဲတယ်”
လူငယ်မျိုးဆက်သစ်တွေက ယန်ချီနဲ့ မင်းသမီးစွေကျူတို့ နှစ်ယောက် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ဘယ်လောက်ရနိုင်မလဲဆိုပြီး မှန်းဆနေကြတယ်။
ယန်ချီနဲ့ မင်းသမီးစွေကျူတို့လည်း အဖိုးအိုအရှေ့ကို လျှောက်လာခဲ့တယ်။