နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်း...

By Azure5549

45.1K 4.2K 54

ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဥ်းချုပ်
Ch 1 to 5
Ch 6 to 10
Ch 11 to 15
Ch 16 to 20
Ch 21 to 25
Ch 26 to 30
Ch 31 to 35
Ch 36 to 40
Ch 41 to 45
Ch 46 to 50
Ch 51 to 55
Ch 56 to 60
Ch 61 to 65
Ch 66 to 70
Ch 71 to 75
Ch 76 to 80
Ch 81 to 85
Ch 86 to 90
Ch 91 to 95
Ch 96 to 100
Ch 101 to 105
Ch 106 to 110
Ch 111 to 115
Ch 116 to 120
Ch 121 to 125
Ch 126 to 130
Ch 131 to 135
Ch 136 to 140
Ch 141 to 145
Ch 146 to 150
အပိုင်း ၁၅၁ မှ ၁၅၅
အပိုင်း ၁၅၆ မှ ၁၆၀
အပိုင်း ၁၆၁ မှ ၁၆၅
အပိုင်း ၁၆၆ မှ ၁၇၀
အပိုင်း ၁၇၁ မှ ၁၇၅
Ch 176 to 180
Ch 181 to 185
Ch 186 to 190
Ch 191 to 195
Ch 196 to 200
Ch 201 to 205
Ch 206 to 210
Ch 211 to 215
Ch 216 to 220
Ch 221 to 225
Ch 226 to 230
Ch 231 to 235
Ch 231 to 235
Ch 236 to 240
Ch 241 to 245
Ch 246 to 250
Ch 251 to 255
Ch 256 to 260
Ch 261 to 265
Ch 266 to 270
Ch 271 to 275
Ch 276 to 280
Ch 281 to 285
Ch 286 to 290
Ch 291 to 295
Ch 296 to 300
Ch 301 to 305
Ch 306 to 310
Ch 311 to 315
Ch 321 to 325
Ch 326 to 330
Ch 331 to 335
Ch 336 to 340
Ch 341 to 345
Ch 346 to 350
Ch 351 to 355
Ch 356 to 360
Ch 361 to 365
Ch 366 to 370
Ch 371 to 375
Ch 376 to 380
Ch 381 to 385
Ch 386 to 390
Ch 391 to 395
Ch 396 to 400
Ch 401 to 405
Ch 406 to 410
Ch 411 to 415
Ch 416 to 420
Ch 421 to 425
Ch 426 to 430
Ch 431 to 435
Ch 436 to 440
Ch 441 to 445
Ch 446 to 450
Ch 451 to 455
Ch 456 to 460
Ch 461 to 465
Ch 466 to 470
Ch 471 to 475
Ch 476 to 480
Ch 481 to 485
Ch 486 to 490
Ch 491 to 495
Ch 496 to 500
Ch 501 to 505
Ch 506 to 510
Ch 511 to 515
Ch 516 to 520
Ch 521 to 525
Ch 526 to 530
Ch 531 to 535
Ch 536 to 540
Ch 541 to 545
Ch 546 to 550
Ch 551 to Ch 555
Ch 556 to Ch 560
Ch 561 to Ch 565
Ch 566 to Ch 570
Ch 571 to Ch 575
Ch 576 to Ch 580
Ch 581 to 585
Ch 586 to 590
Ch 591 to 595
Ch 596 to 600
Ch 601 to 605
Ch 606 to 610
Ch 611 to 615
Ch 616 to 620
Ch 621 to 625
Ch 626 to 630
Ch 631 to 635
Ch 636 to 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
စာဖတ်သူများကို အနူးအညွတ်တောင်းပန်ခြင်း
756 - 760
761 - 765
766 - 770
771 - 775
776 - 780
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
781 - 785
786 - 790
791 - 795
တစ်ခုပြောချင်လို့ပါရှင့်
hello
hello

Ch 316 to 320

246 27 0
By Azure5549


Chapter 316 - ကျွန်တော်က အဆင့် သုံး စိတ်ဝိဉာဉ်သခင်အဆင့်ပါ

ပဉ္စမအကြီးအကဲရဲ့ စကားတွေကို ကြားပြီးနောက် မိသားစုခေါင်းဆောင်ယ န်ရှင်းဟီနဲ့ အကြီးအကဲတွေက အံ့အားသင့်သွားခဲ့တယ်။

ဒါ တကယ်ကို ဖြစ်နိုင်တာလား“”

“ဟားဟား ဒါက လုံးဝကို မဖြစ်နိုင်ဘူး”

မဟာအကြီးအကဲ ယန်ခွန်က အေးစက်စက် လှောင်ပြောလိုက်တယ်။

အကြီးအကဲတွေလည်း ဆက်ပြီး စကားမပြောကြတော့ပါဘူး။ ယန်ချီ ဒီနေရာကို ရောက်လာပြီးမှသာ သူ့ရဲ့ ကျင့်စဉ်အဆင့်ကို စစ်ဆေးကြမှာပါ။

တတိယ အကြီးအကဲကတော့ ယန်ချီရဲ့ အခန်းအရှေ့ကို ရောက်လာခဲ့တယ်။

“သား မင်း အထဲမှာလား”

ဓါးဆွဲထုတ်လေ့ကျင့်နေတဲ့ယန်ချီက ဓါးဆွဲထုတ်တာကို ရပ်တန့်လိုက်ပြီး တံခါးဆီကို လျှောက်လာပြီး ဖွင့်လိုက်တယ်။

“အဖေ ဘာများ ကိစ္စရှိလို့လဲ”

ယန်ချီရဲ့ မျက်နှာမှာတော့ နားမလည်နိုင်မှုတွေ ရှိနေခဲ့တယ်။

ယန်ခိုင်ကတော့ ပြုံးရွှင်စွာနဲ့ ပြောလိုက်တယ်။ “မင်း ယန်ယွင်ကို အနိုင်ယူလိုက်တဲ့အကြောင်းငါတို့ သိပြီးပြီ။ ပြီးတော့ မင်းက လူသားအဆင့် အလယ်အလတ် စိတ်ဝိဉာဉ်လက်နက် မိုးမခဓါးကို နိုးထစေနိုင်တာကိုရောပေါ့။ မိသားစုခေါင်းဆောင်က မင်းကို ခန်းမထဲ လာပြီး စစ်ဆေးဖို့ ငါကို တောင်းဆိုနေတယ်”

ယန်ချီက ဒီစကားတွေကို ကြားတဲ့အခါ အပြင်ကို ထွက်လာခဲ့တယ်။

သူ မငြင်းဆန်တော့ပါဘူး။

အခုအချိန်မှာ သူ့အနေနဲ့ ငြင်းဆန်လို့ မရဘူးဆိုတာ သိပါတယ်။

ဘာပဲဖြစ်ဖြစ်သူက အဆင့် သုံး စိတ်ဝိဉာဉ်သခင်အဆင့် ရောက်နေပြီလေ။

ချက်ချင်းပင် ယန်ချီက ယန်ခိုင်နဲ့အတူ ခန်းမထဲ လိုက်သွားခဲ့တယ်။

ခန်းမထဲက အကြီးအကဲအားလုံးက ယန်ချီ ဝင်လာတာကို မြင်တော့ ဝိုင်းကြည့်လိုက်ကြတယ်။

မဟာအကြီးအကဲ ယန်ခွန်ရဲ့ ကတော့ မှုန်ကုပ်ကုပ်အမူအယာနဲ့ ကြည့်နေခဲ့တယ်။

“ယန်ချီ မင်းရောက်လာပြီလား”

“ဟုတ်ကဲ့ပါ မိသားစုခေါင်းဆောင်”

အဓိက ထိုင်ခုံမှာ ထိုင်နေတဲ့ လူက ယန်မျိုးနွယ်ရဲ့ မိသားစုခေါင်းဆောင် အဆင့် လေးဆယ် စိတ်ဝိဉာဉ်ဘုရင်အဆင့် ယန်မျိုးနွယ်က အစွမ်းအထက်ဆုံး လူတစ်ဦးဖြစ်တဲ့ ယန်ရှင်းဟီမှန်း သိလိုက်တယ်။

“ယန်ချီ မင်းက မင်းရဲ့ အစွမ်းကို ဖုံးကွယ်ထားတာလား”

“အဲ့ဒါက. . .”

ယန်ချီလည်း ခေါင်းညိတ်လိုက်တယ်။

“အခုဆိုရင် ငါတို့တွေက မင်းအတွက် မင်းရဲ့ ကျင့်စဉ်အဆင့်ကို စမ်းသပ်မယ်”

မိသားစုခေါင်းဆောင်က ယန်ချီကို ပြောလိုက်တယ်။

မိသားစုခေါင်းဆောင်အနေနဲ့ ယန်ချီနဲ့ ပတ်သတ်ပြီး မျှော်လင့်ချက်အချို့ရှိထားပါတယ်။ သူ့ရဲ့ အမြင်အရ ယန်ချီက စိတ်ဝိဉာဉ်ဆရာ ဖြစ်လာနိုင်ပါတယ်။

စိတ်ဝိဉာဉ်ဆရာတွေမှာ စိတ်ဝိဉာဉ်လက်နက် နှစ်ခု ရှိကြပါတယ်။ နောက်တစ်လကြာရင် လင်ဂိုဏ်းက မြေတိမ်တိုက်မြို့ကိုလာပြီး တပည့်လာရွေးကြမှာပါ။ ဒီတော့ သူတို့ ယန်မျိုးနွယ်အတွက်ပိုပြီး မျှော်လင့်ချက်ရှိပါတယ်။

ယန်ချီလည်း ငြင်းဆန်မနေတော့ပါဘူး။

မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲတွေအားလုံး ထရပ်လိုက်ကြပြီး ယန်ချီကို ကျင့်စဉ်အဆင့် စမ်းသပ်တဲ့ ကျောက်တုံးအရှေ့ကို ခေါ်သွားခဲ့တယ်။

ကျင့်စဉ်စမ်းသပ်တဲ့ ကောက်တုံးထိပ်မှာတော့ အပြာရောင် ကျောက်မျက်တစ်လုံး ရှိနေပြီး အဲ့ဒီအပြာရောင်ကျောက်မျက်ကနေ လင်းလင်းလက်လက် အရောင်တွေက ကောင်းကင်ယံထိ လင်းလက်နေခဲ့တယ်။

“ယန်ချီ မင်းရဲ့ လက်ကို ဒီပေါ်တင်လိုက်”

မိသားစုခေါင်းဆောင် ယန်ရှင်းဟီက ပြောလိုက်တယ်။

ယန်ချီက သူ့ညာဖက်ကို ဆန့်လိုက်ပြီး အပြာရောက်ကျောက်တုံးကို ထိလိုက်တဲ့အခါ အပြာရောက်ကျောက်မျက်ကနေပြီး အရောင်တွေ ပိုလင်းလက်လာခဲ့တယ်။

“အဆင့် သုံး စိတ်ဝိဉာဉ်သခင်”

“လူသားအဆင့် အလယ်အလတ် စိတ်ဝိဉာဉ်လက်နက် မိုးမခဓါး”

အပြာရောင်ကျောက်မျက်ရဲ့ အောက်မှာ ရှိတဲ့ ကျောက်တုံးကနေ စာနှစ်ကြောင်းပေါ်လာခဲ့တယ်။

“အဆင့်သုံး စိတ်ဝိဉာဉ်သခင်လား”

မိသားစုခေါင်းဆောင် ယန်ရှင်းဟီနဲ့ အကြီးအကဲတွေအားလုံး အံ့သြမှင်သက်သွားခဲ့ပြီး ယန်ချီကို တကယ်ပဲ အဆင့် သုံး စိတ်ဝိဉာဉ်သခင်အဆင့်ပဲ ရှိလိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။

ယန်ချီက အဆင့် သုံးစိတ်ဝိဉာဉ်သခင်အဆင့်နဲ့ ဘယ်လိုလုပ်ပြီး စိတ်ဝိဉာဉ်အဆင့် ရှစ်ရှိတဲ့ ယန်ယွင်ကို အနိုင်တိုက်နိုင်ရတာလဲ။

“မဖြစ်နိုင်ဘူး။ လုံးဝကို မဖြစ်နိုင်ဘူး”

ရုတ်တရက် မဟာအကြီးအကဲ ယန်ခွန်က ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။

သူ့သားဖြစ်သူ ယန်ယွင်က အဆင့် ရှစ် စိတ်ဝိဉာဉ်သခင်ဖြစ်ပြီး စိတ်ဝိဉာဉ်လက်နက်ကလည်း လူသားအဆင့် အဆင့်မြင့် အဖျားသုံးခုဓါးလေ။ ဘယ်လိုလုပ်ပြီး ယန်ချီက အနိုင်ယူသွားတာလဲ။

မိသားစုခေါင်းဆောင် ယန်ရှင်းဟီနဲ့ အကြီးအကဲတွေ အားလုံးလည်း အလွန်တရာကို နားမလည်နိုင်ဖြစ်နေခဲ့ပြီး ယန်ချီကို အံ့သြမှင်သက်စွာ ကြည့်နေခဲ့တယ်။

“ကျွန်တော်က အဆင့် သုံး စိတ်ဝိဉာဉ်သခင်လေ။ အဆင့် ရှစ် စိတ်ဝိဉာဉ်သခင်အဆင့်ကို အနိုင်ယူနိုင်တာ အံ့အားသင့်စရာ မလိုဘူးမဟုတ်လား”

ယန်ချီက မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲတွေအားလုံးကို ကြည့်ပြီး ပြောလိုက်တယ်။

အဆင့် သုံးစိတ်ဝိဉာဉ်သခင်က အဆင့် ရှစ် စိတ်ဝိဉာဉ်သခင်ကို အနိုင်ယူတာလေ။

စိတ်ဝိဉာဉ်လက်နက်တွေကို အဆင့်တွေ ခွဲထားပါတယ်။

လူသားအဆင့် ၊ သေမျိုးအဆင့်၊ အဝါရောင်အဆင့်၊ ဆန်းကြယ်အဆင့်၊ မြေကမ္ဘာအဆင့်နဲ့ ကောင်းကင်အဆင့်ပါ။

“ယန်ချီ မင်းရဲ့ ဓါးကို လျှပ်တပြတ် အမြန်နဲ့ ဆွဲထုတ်လိုက်တယ်လို့ ငါ ကြားခဲ့တယ်။ ယန်မျိုးနွယ်လူငယ်တွေတောင်မှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ဘူးတဲ့။ သူတို့တွေ မြင်လိုက်တော့ မင်းဓါးက ယန်ယွင်ရဲ့ လည်ချောင်းကို ထောက်ထားပြီးတဲ့။ အဲ့ဒါ ငါတို့ကို ပြနိုင်မလား”

မိသားစုခေါင်းဆောင် ယန်ရှင်းဟီက ယန်ချီကို ကြည့်ပြီးမေးလိုက်တယ်။

ယန်ချီလည်း စက္ကန့်အနည်းငယ်လောက်ကြာအောင် တိတ်ကျသွားပြီးနောက် ခေါင်းညိတ်လိုက်တယ်။

🐼🐼🐼🐼🐼🐼🐼🐼

Chapter 317 - ရက်နှစ်ဆယ် ဆက်တိုက် ဓါးဆွဲထုတ်ခြင်း

မိသားစုခေါင်းဆောင် ယန်ရှင်းဟီနဲ့ အကြီးအကဲတွေအားလုံးက ယန်ချီ သဘောတူလိုက်တာကို မြင်တော့ သူတို့တွေက ယန်ချီကို ဝိုင်းကြည့်နေခဲ့ကြတယ်။

ယန်ချီက သူ့လက်ကို ခါးမှာ ချိတ်ဆွဲထားတဲ့ နှစ်ဆယ်စင်တီမီတာ ရှည်တဲ့ ဓါးငယ်လေးရဲ့ လက်ကိုင်ရိုးပေါ်ကိုတင်လိုက်တယ်။

“ဓါးဆွဲထုတ် ပိုင်းဖြတ်ခြင်း”

ရုတ်တရက် ယန်ချီက ဓါးကို ဆယ်ဆတိုးမြင့်ပြီး ဆွဲထုတ်လိုက်တယ်။

“ဟူး. . .”

မိသားစုခေါင်းဆောင် ယန်ရှင်းဟီ နဲ့ အကြီးအကဲတွေက ဒီလောက်လျင်မြန်တဲ့ အမြန်နှုန်းကို မြင်တော့ ပင့်သက်ရှိုက်မိလိုက်ကြတယ်။

ဒီမြင်ကွင်းကိုမြင်ပြီးနောက်မှာ သူတို့အားလုံးက နောက်ဆုံးမှာ ယန်ချီတစ်ယောက် ယန်ယွင်ကို ဘာကြောင့် အနိုင်ရခဲ့လဲဆိုတာကို နားလည်သွားခဲ့တယ်။

ဒါပေမယ့် ..  သူတို့တွေ နားမလည်နိုင်တာတွေ ရှိပါသေးတယ်။

သူတို့ရဲ့ အမြင်အရ ယန်ချီအနေနဲ့ ဒီလောက် အမြန်နှုန်းနဲ့ ဓါးကို ဆွဲထုတ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

ဖြစ်နိုင်တာ့ ယန်ချီ အသုံးပြုနေတာက စိတ်ဝိဉာဉ်နည်းစနစ်လား။

ဒါပေမယ့် သူတို့တွေက ယန်ချီအသုံးပြုလိုက်တာ စိတ်ဝိဉာဉ်နည်းစနစ်နဲ့ မတူမှန်း သိလိုက်တယ်။ ဒါပေမယ့်လည်း ယန်ချီက ခါးမှာ ချိတ်ဆွဲထားသော နှစ်ဆယ်စင်တီမီတာ ရှည်တဲ့ ဓါးငယ်လေးကို လျှပ်စီးလို့ အမြန်နှုန်းနဲ့ ဆွဲထုတ်ခဲ့တယ်။

အရင်လောကမှာတုန်းက နည်းစနစ်ဆိုတာ သိုင်းနည်းစနစ်တွေကို ပြောတာပါ။ ဒီ စိတ်ဝိဉာဉ်ကုန်းမြေမှာတော့ စိတ်ဝိဉာဉ်နည်းစနစ်လို့ သုံးပါတယ်။

ဒီ ဓါးဆွဲထုတ်ပိုင်းဖြတ်တဲ့ နည်းစနစ်က ကောင်းကင်အဆင့် စိတ်ဝိဉာဉ် နည်းစနစ်များလား။

မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲတွေရဲ့ လက်ရှိအနေအထားနဲ့ သူတို့တွေက ကောင်းကင်အဆင့် စိတ်ဝိဉာဉ်နည်းစနစ်ကို မြင်တောင် မမြင်ဖူးပါဘူး။

ဒါကြောင့် မိသားစုခေါင်းဆောင် ယန်ရှင်းဟီနဲ့ အကြီးအကဲတွေက ယန်ချီကို အနည်းငယ် ဆန်းကြယ်တယ်လို့ ခံစားမိသွားကြတယ်။

“ယန်ချီ အခုဆိုရင် မင်းက စိတ်ဝိဉာဉ်နိုးထခဲ့ပြီး နောင်ကျရင် မျိုးနွယ်ထဲမှာ ကောင်းကောင်းလေ့ကျင့်ပါ”

မိသားစုခေါင်းဆောင် ယန်ရှင်းဟီ က ယန်ချီကို ပြောလိုက်တယ်။

ယန်ချီလည်း ခေါင်းညိတ်လိုက်တယ်။

တကယ်တမ်းလည်း သူက ကြိုးစားပန်းစားလေ့ကျင့်နေခဲ့ပါပြီ။

ဒါမှ မဟုတ်ရင် သူက ဘယ်လိုလုပ်ပြီး ဝင့်ကြွားနိုင်မှာလဲ။

သူ့အနေနဲ့ ဓါးကို ကြိုးစားပြီး ဆွဲထုတ်မယ်လို့ တွေးထားခဲ့တယ်။ ဖြစ်နိုင်မယ်ဆိုရင် သာလွန်ကောင်းကင်အဆင့် ဓါးအကြိမ်များစွာ ဆွဲထုတ်ခြင်း ရဲ့ ဒုတိယအဆင့် ဓါးအကြိမ်တစ်သိန်း ဆွဲထုတ်ခြင်းကို အောင်မြင်ချင်နေခဲ့တယ်။

ဓါးအကြိမ်တစ်သိန်း ဆွဲထုတ်ပြီးရင် သူက ဝိဉာဉ်ဆရာ အဆင့်ကို ရောက်သွားနိုင်ပါတယ်။

အထူးဓါးဆွဲထုတ်ခြင်းနည်းစနစ် ဆယ်ဆတိုးမြင့်ခြင်းသာ ရှိသေးပေမယ့်လည်း ယန်ချီအနေနဲ့ စိတ်ဝိဉာဉ်ကုန်းမြေမှာ ဓါးဆွဲထုတ်ရတာ ပိုပြီး မြန်ဆန်ပါတယ်။

ဥပမာအနေနဲ့ အကြိမ် တစ်သောင်းဆွဲထုတ်ခဲ့စဉ်က သူ့အနေနဲ့ ရက်အနည်းငယ်သာ အချိန်ကုန်ခဲ့တယ်။

အဲ့ဒီနောက်မှာတော့ မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲတွေအားလုံး ထွက်သွားကြပါတော့တယ်။

“သား တလကြာပြီးရင် လင်ဂိုဏ်းက တပည့်အသစ်ရွေးချယ်ဖို့အတွက် မြေတိမ်တိုက်မြို့ကိုလာလိမ့်မယ်။ အဲ့ဒါကြောင့် မြေတိမ်တိုက်စိန်ခေါ်ကွင်းမှာ မျိုးနွယ်ကြီးသုံးခုက ယှဉ်ပြိုင်ကြလိမ့်မယ်”

ယန်ခိုင်က ယန်ချီကို ပြောလိုက်တယ်။

ယန်ချီအနေနဲ့ လင်ဂိုဏ်းကို ဝင်ဖို့ အခွင့်အရေးမရှိဘူးဆိုတာ ယန်ခိုင်သိပေမယ့်လည်း ယန်ချီကို ကြိုးစားပန်းစားလေ့ကျင့်ဖို့ တွန်းအားပေးတဲ့အနေနဲ့ ပြောလိုက်ပါတယ်။

ယန်ချီကတော့ ယန်ခိုင်ရဲ့ စကားတွေကို ကြားပြီးနောက် မျက်လုံးအစုံ လင်းလက်သွားခဲ့တယ်။

“လင်ဂိုဏ်းလား.. . ”

ကောင်းကင်ကြယ်အင်ပါယာထဲမှာ လင်ဂိုဏ်းဆိုတာ အစွမ်းအထက်ဆုံးဂိုဏ်းတစ်ခုဆိုတာ သူ့ရဲ့ မှတ်ဉာဏ်တွေအရ သိလိုက်တယ်။

ကောင်းကင်ကြယ်အင်ပါယာဆိုတာက သူ့နေတဲ့ တိုင်းပြည်ဖြစ်ပြီး မြေတိမ်တိုက်မြို့လို မြို့တွေက ကောင်းကင်ကြယ်အင်ပါယာထဲမှာ ဘယ်လောက်ရှိမှန်း သူမ သိပါဘူး။

လင်ဂိုဏ်းကို ဝင်ရောက်ခြင်းက သူ့အတွက် အခွင့်အရေးကောင်းတစ်ခုဆိုတာ သိပြီး အမြင့်ပိုင်းကို တဖြေးဖြေးချင်း ခရီးဆက်နိုင်ပါတယ်။

“ကျွန်တော် သိပါပြီး အဖ”

ပြောဆိုပြီးနောက် ယန်ချီက သူ့အခန်းဆီကိုသာ ပြန်လာခဲ့တယ်။

သူ့အခန်းထဲ ပြန်ရောက်ပြီးနောက်ယန်ချီက ဓါးကို လျင်မြန်စွာ ဆွဲထုတ်နေခဲ့တယ်။

အထူးဓါးဆွဲထုတ်ခြင်း ဆယ်ဆတိုးမြင့်ခြင်းကို အသုံးပြုနေတာကြောင့် အမြန်နှုန်းက အလွန်တရာကို မြန်ဆန်နေခဲ့တယ်။

တလအတွင်းမှာ သူ့အနေနဲ့ သာလွန်ကောင်းကင်အဆင့် ဓါးအကြိမ်သန်းပေါင်းများစွာ ဆွဲထုတ်ခြင်း ဒုတိယအဆင့်ကို အောင်မြင်သွားလိမ့်မယ်လို့ ခံစားမိနေခဲ့တယ်။

ဒီဆယ်ရက်အတွင်းမှာ သူက ဓါးအကြိမ်နှစ်သောင်းလောက် ဆွဲထုတ်နိုင်ခဲ့တယ်။

အထူးဓါးဆွဲထုတ်ခြင်း ဆယ်ဆ တိုးမြင်ခြင်းကို အဆ နှစ်ဆယ် တိုးမြင်ခြင်းအဖြစ် အဆင့်မြင့်တင်ဖို့ ဓါးဆွဲထုတ်မှတ် နှစ်သောင်းလိုအပ်ပါတယ်။

အခုဆိုရင် သူ့ရဲ့ ဓါးဆွဲထုတ်မှတ်က သုံးသောင်းရှိနေပါပြီ။

ယန်ချီလည်း ဘာမှ စဉ်းစားမနေတော့ပဲ အထူးဓါးဆွဲထုတ်ခြင်းနည်းစနစ် ဆယ်ဆတိုးမြင့်ခြင်းကို အဆနှစ်ဆယ် တိုးမြင့်ခြင်းအဖြစ် အဆင့်မြင့်တင်လိုက်တယ်။

ဒီလို လုပ်လိုက်မယ်ဆိုရင် ယန်ချီအနေနဲ့ အရင်ကကြိုးစားတာထက်ပိုပြီး နှစ်ဆ အကျိုးရရှိသွားမှာပါ။

နောက်ထပ် ဆယ်ရက်ခန့် ကြာပြီးနောက် ယန်ချီရဲ့ ဓါးဆွဲထုတ်တဲ့ အကြိမ်အရေအတွက်က ကိုးသောင်းကို ရောက်လာခဲ့တယ်။

သူ့အနေနဲ့ ဒုတိယအဆင့်ကို အောင်မြင်ဖို့အတွက် အကြိမ် တစ်သောင်းသာ လိုပါတော့တယ်။

ဒီ ရက်နှစ်ဆယ်အတွင်းမှာ ယန်ချီစားသောက်ဖို့အတွက် အစားအသောက်တွေကို အစေခံတွေက ယန်ချီအခန်းအရှေ့ကို ပို့ပေးထားခဲ့တယ်။

ယန်ချီလည်း သူ့ရဲ့ အချက်အလက်ဇယားကို ဖွင့် စစ်လိုက်တယ်။

“ပိုင်ရှင် ယန်ချီ”

“အသက် ဆယ့်ခြောက်နှစ် ”

“ကျင့်စဉ်အဆင့် အဆင့် တစ်ဆယ် စိတ်ဝိဉာဉ်သခင်”

“စိတ်ဝိဉာဉ်လက်နက် မိုးမခဓါး”

“ဆက်နွယ်မှုလက်နက် ဓါးငယ်လေး ( ဓါးဆွဲထုတ်မှတ် တစ်သိန်းသုံးပြီး ဆီရိယပ်သားသတ်ဓါးအဖြစ် အဆင့် မြင့်တင်နိုင်တယ်)”

“သိုင်းနည်းစနစ် ဓါးဆွဲထုတ်ပိုင်းဖြတ်ခြင်း( ဓါးဆွဲထုတ်မှတ် ငါးသောင်းသုံးပြီး အဆနှစ်ဆယ်အဖြစ် အဆင့်မြင့်တင်နိုင်)”

“ကျင့်ကြံခြင်းနည်းစနစ် ဓါးအကြိမ်သန်းပေါင်းများစွာ ဆွဲထုတ်ခြင်း၊ အထူးဓါးဆွဲထုတ်ခြင်း(ဓါးဆွဲထုတ်မှတ် တစ်သိန်းသုံးပြီး အဆ သုံးဆယ် တိုးမြင့်ခြင်းအဖြစ် အဆင့် မြင့်တင်နိုင်တယ်)”

“ဓါးဆွဲထုတ်မှတ် ကိုးသောင်း. . .”

🐼🐼🐼🐼🐼🐼🐼🐼

Chapter 318 - စိတ်ဝိဉာဉ်ဆရာအဆင့် ကို ချိုးဖြတ်တက်ရောက်ခြင်း

သူ့အနေနဲ့ ဒုတိယအဆင့် ကို အောင်မြင်ဖို့ အကြိမ် တစ်သောင်းသာ လိုပါတော့တယ်။

ယန်ချီအနေနဲ့ ဒုတိယအဆင့်ကို ဖြစ်နိုင်သမျှ အောင်မြင်ချင်နေခဲ့တယ်။

အခုဆိုရင် သူက အဆင့် တစ်ဆယ် စိတ်ဝိဉာဉ်သခင်အဆင့် ကို ရောက်ရှိနေပါပြီ။

“စနစ်က တော်တော် ကောင်းတာပဲ”

“ငါ့မှာ စနစ် ရှိနေတယ်လို့ ဘယ်လို ပြောရမှာလဲ”

သူရဲ့ အဆင့် တက်နှုန်းက ကြောက်စရာ ကောင်းနေခဲ့တယ်။

အဲ့ဒီနောက်မှာတော့ ထပ်ပြီး စဉ်းစားမနေတော့ပဲ သူ့ဓါးကို ဆွဲထုတ်လိုက်ပါတယ်။

နောက်ဆုံး ကျန်တဲ့ အကြိမ်တစ်သောင်းကိုသာ အောင်မြင်သွားခဲ့ရင် သူ့အနေနဲ့ စိတ်ဝိဉာဉ်သခင်အဆင့်ကနေ စိတ်ဝိဉာဉ်ဆရာအဆင့်ကို အဆင့်ချိုးဖြတ်သွားသင့်တယ်။

အဲ့ဒီအချိန်မှာပဲ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် တိမ်လွှာနဂါးဓါးကလည်း သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစည်းနိုင်မှာ့ပါ။

ဒီအကြောင်းကို တွေးမိပြီး ယန်ချီရဲ့ စိတ်ခံစားချက်တွေ ကောင်းမွန်နေခဲ့တယ်။

“ဒုတိယအဆင့် အောင်မြင်ရမယ်”

ယန်ချီက ဓါးကို အရူးအမူး ဆွဲထုတ်နေခဲ့ပါတယ်။

သုံးရက်ခန့် ကြာသွားပြီးနောက် . . .။

“အကြိမ် ၉၉၉၉၇ ”

“အကြိမ် ၉၉၉၉၈ ”

“အကြိမ် ၉၉၉၉၉ ”

သာလွန်ကောင်းကင်အဆင့် ဓါးအကြိမ်သန်းပေါင်းများစွာ ဆွဲထုတ်ခြင်းရဲ့ ဒုတိယအဆင့် ဓါးအကြိမ် တစ်သိန်း ဆွဲထုတ်ခြင်းကို အောင်မြင်ဖို့အတွက် နောက်ဆုံး တစ်ကြိမ်သာ လိုပါတော့တယ်။

ယန်ချီတစ်ယောက် အသက်ကို ပြင်းပြင်းရှုသွင်းလိုက်ပြီးနောက် ခါးမှာ ချိတ်ဆွဲထားတဲ့ ဓါးအိမ်ထဲကနေ နှစ်ဆယ်စင်တီမီတာ ရှည်တဲ့ ဓါးငယ်လေးကို ဆွဲထုတ်လိုက်တယ်။

“ဒင် ဒုတိယအဆင့် ဓါးအကြိမ် တစ်သိန်း ဆွဲထုတ်တာ အောင်မြင်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ အထူးရတနာသေတ္တာတစ်လုံးကို ရရှိပါတယ်”

“စိတ်ဝိဉာဉ်ဆရာအဆင့်ကို ချိုးဖြတ်သွားတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်”

စနစ်ရဲ့ အသံတွေကို  ကြားပြီးနောက် ယန်ချီတစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားမိသွားတယ်။

စိတ်ဝိဉာဉ်ဆရာအဆင့် ဆိုတာ အဆင့် ဆယ့်တစ်ကနေ အဆင့် နှစ်ဆယ်အထိ သူတွေကို သတ်မှတ်ထားတာ ပါ။

အခုဆိုရင် သူ့မှာ စိတ်ဝိဉာဉ်လက်နက် နှစ် ခု ရှိနိုင်ပါပြီ။

“ဒင် ပိုင်ရှင်အနေနဲ့ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် တိမ်လွှာနဂါး
ဓါးကို ပေါင်းစည်းမှာလား”

“ပေါင်းစည်းမယ်”

“ပေါင်းစည်းခြင်း အောင်မြင်ပါတယ်”

စက္ကန့်အနည်းငယ်အကြာမှာတော့ ယန်ချီရဲ့ စိတ်ထဲမှာ စနစ်ရဲ့ အသံထွက်ပေါ်လာတာကို ကြားလိုက်ပါတယ်။

“တိမ်လွှာနဂါးဓါးက ပေါင်းစည်းသွားတာ အောင်မြင်သွားပြီလား”

ယန်ချီလည်း ဒီစိတ်ဝိဉာဉ်လက်နက်ကို ဆင့်ခေါ်ဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး။

ဓါးငယ်လေးနဲ့ တိမ်လွှာနဂါးဓါးတို့က သူ့ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်နေကြတယ်။

တိမ်လွှာနဂါးဓါးကို ကြည့်ပြီး ယန်ချီတစ်ယောက် အနည်းငယ် အံ့အာသင့်နေခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ ဒီ တိမ်လွှာနဂါးဓါးက တကယ်ကို ကြောက်မက်ဖွယ်ကောင်းနေတာကြောင့်ပါ။

ဒီဓါးရဲ့ ပတ်လည်မှာ ခြေသည်းငါးခုပါတဲ့ ရွှေရောင်နဂါးကိုးကောင်ကလှည့်ပတ်နေပြီး ဆန်းကြယ်တဲ့နဂါးသံတွေ ထွက်ပေါ်နေခဲ့တာကြောင့် အလွန်တရာကို လွမ်းမိုးနိုင်စွမ်း ရှိလွန်းတဲ့ ဓါးတစ်ချောင်းပါ။

“ဒါက ကောင်းကင်အဆင့် အဆင့် မြင့် စိတ်ဝိဉာဉ်လက်နက်ရဲ့ စွမ်းအားလား”

တကယ်တော့ စိတ်ဝိဉာဉ်ဆိုတာ ရုပ်ဝတ္ထုအစစ်အမှန်ပဲ ပုံရိပ်ယောင်ပါ။

ယန်ချီအနေနဲ့ သူသာ အိမ်တစ်လုံးကို အမှုန့်အဖြစ် တိမ်လွှာနဂါး ဓါးချက် တစ်ချက်ထဲနဲ့ ခုတ်ပိုင်းနိုင်လိမ့်မယ်လို့ ခံစားမိနေခဲ့တယ်။

“အင်း တိမ်လွှာနဂါးဓါးရဲ့ အစွမ်းကို စမ်းသပ်ကြည့်ဖို့ နေရာ တစ်ခုတော့ ရှာရဦးမှာပဲ”

အခုအချိန်က ညရောက်နေခဲ့ပြီး ယန်ချီက ဓါးကို နှစ်ဆယ့်သုံးရက်လောက် မရပ်မနားဆွဲထုတ်နေခဲ့တာကြောင့် သူ့ခန္ဓာကိုယ်နဲ့ စိတ်က အနည်းငယ် ပင်ပန်းနေခဲ့ပါပြီ။

ဒါကြောင့် ယန်ချီက ရေချိုးပြီးနောက် နှစ်ခြိုက်စွာ အိပ်စက်လိုက်ပါတယ်။

နောက်တစ်နေ့ နေရောင် ထွက်ပေါ်လာခဲ့ပြီး သူ့အခန်း ပြတင်းပေါက်ကနေ တောက်ပတဲ့ နေရောင်က အခန်းထဲကို ဖြာကျလာခဲ့တယ်။

အဲ့ဒီတော့ ယန်ချီက အိပ်ရာကနေ ထပြီး ရေချိုးသန့်စင်ကာ အပြင်ကို ထွက်ဖို့ အသင့်ဖြစ်နေခဲ့တယ်။

သူအခန်းထဲကနေ ထွက်လာပြီးနောက် လမ်းတလျှောက်မှာရှိတဲ့ ယန်မျိုးနွယ် လူငယ်တွေကို သူ့ကို ထိတ်လန့်စွာ ကြည့်နေခဲ့ကြတယ်။

ဒီအပြုအမူတွေက ယန်ချီအနေနဲ့ ယန်ယွင်ကို အနိုင်ရခဲ့လို့ ဖြစ်မှန်း သိပါတယ်။

ဒီလူတွေက အားနည်းသူကို အနိုင်ကျင့်ကြပြီး အားကြီးသူကို ကြောက်လန့်ကြတယ်။ ပြီးတော့ ခွေးတွေလို ဖားလျားကြတယ်။

ယန်ချီသည် အဆင့် ဆယ့်တစ် စိတ်ဝိဉာဉ်ဆရာအဆင့်အတွက်  မဟုတ်လျှင် ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် တိမ်လွှာနဂါးဓါးကို ဆင့်ခေါ်ပြီး မကြောက်သေးတဲ့လူတွေကို ဝိဉာဉ်ကို ဆယ်ပိုင်းပိုင်းပြီး သုံးပိုင်းကို ကောင်းကင်ထိ လွင့်အောင် လုပ်ပြီး ခုနှစ်ပိုင်းကို မြေပေါ် လူးလိမ့်စေမှာပါ။

သိပ်မကြာခင်မှာပဲ သူက ယန်မျိုးနွယ်ဝန်းထဲကနေ ထွက်လာခဲ့ပါတယ်။

လင်ဂိုဏ်းက တပည့်အသစ်တွေ ရွေးချယ်ဖို့အတွက် မြေတိမ်တိုက်မြို့ကို လာဖို့ ခြောက်ရက်သာ လိုသေးသော်လည်း သူ့အနေနဲ့ စိုးရိမ်နေခြင်းမရှိပါဘူး။

ယန်ချီအနေနဲ့ လူသူကင်းမဲ့တဲ့ တောင်ကုန်းတစ်ခုပေါ်သွားပြီး တိမ်လွှာနဂါးဓါးရဲ့ စွမ်းအားကို စမ်းသပ်ချင်နေခဲ့တယ်။

မြေတိမ်တိုက်မြို့ ယွင် တောင်တန်း…။

ယွင်တောင်တန်းက ယန်ချီတစ်ယောက် ဟင်းလင်းပြင်လှိုဏ်ခေါင်းကနေ ဖြတ်သန်းလာခဲ့တဲ့ နေရာတစ်ခုပါ။

သူ့အနေနဲ့ ဒီလို ရင်နှီးတဲ့ နေရာတစ်ခုကို ပြန်သွားရလိမ့်မယ်လို့ မမျှော်လင့်ထားမိပါဘူး။

ဒီတောင်တန်းမှာ ငှက်တွေက တေးဆိုနေပြီး ပန်းရနံ့တွေက သင်းထုံ့ကြိုင်ကာ ချောင်းရေတွေကလည်း တသွင်သွင် စီးဆင်းနေပါတယ်။

ဒါပေမယ့် ယန်ချီက ဒီနေရာမှာ လူတွေကို တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားမိပါဘူး။

တောင်တန်းကိုရောက်တော့ ယန်ချီက ညစ်ပေနေပြီး ပိန်ပါးကာ အသက်ခုနှစ်ဆယ်လောက်ရှိတဲ့ အဖိုးအို တစ်ဦးကို မြင်လိုက်ရတယ်။

ဒီအဖိုးအိုကို ကြည့်ရတာ တစ်နှစ်လောက် ရေမချိုးထားပုံရပြီး သူ့အဝတ်အစားတွေကလည်း စုတ်ပြဲနေပါတယ်။

ဒီအဖိုးအိုက သူ့ကို စကားလှမ်းပြောလိမ့်မယ်လို့ သူ လုံးဝကို မထင်ထားမိပါဘူး။

“ဂျူနီယာလေး  မင်းက စိတ်ဝိဉာဉ်ဆရာအဆင့်လား”

“ဟုတ်ပါတယ် ဒါက အံ့အားသင့်စရာ မရှိပါဘူး”

ယန်ချီက ပြန်ပြောလိုက်တယ်။

🐼🐼🐼🐼🐼🐼🐼

Chapter 319 - စိတ်ဝိဉာဉ်လက်နက် ကိုးခုနဲ့ အဖိုးအို

“ဒါပေ့ါ”

အဖိုးအိုနဲ့ စကားပြောပြီးနောက် ယန်ချီက သူ့မှာ အထူးရတနာသေတ္တာတစ်လုံး ရှိသေးတာကို အမှတ်ရလိုကတယ်။

မနေ့တုန်းက သူ့အနေနဲ့ သာလွန်ကောင်းကင်အဆင့် ဓါးအကြိမ်သန်းပေါင်းများစွာ ဆွဲထုတ်ခြင်း ဒုတိယအဆင့် ဓါးအကြိမ် တစ်သိန်း ဆွဲထုတ်ခြင်းကို အောင်မြင်သွားပြီးနောက် အထူးရတနာ သေတ္တာတစ်လုံးရရှိခဲ့တယ်။

မနေ့တုန်းက သူ့အနေနဲ့ အလွန်ပင်ပန်းခဲ့တယ်။ တိမ်လွှာနဂါးဓါးနဲ့ ပေါင်းစည်းပြီးနောက် သူက အိပ်ယာထဲမှာ အိပ်စက်အနားယူခဲ့တာကြောင့် ဒီအကြောင်းတွေကို မေ့လျော့နေခဲ့တယ်။

ဒါကြောင့် ယန်ချီလည်း သေတ္တာထဲ ဘာများပါနေမလဲဆိုပြီး အထူးရတနာသေတ္တာကိုဖွင့်ကြည့်လိုက်တယ်။

“အဝါရောင်အဆင့် အဆင့်မြင့်အမြန်နှုန်းနည်းစနစ် လှိုင်းစီးခြင်းကိုယ့်ဖော့ပညာကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏပြုပါတယ်။”

“အဝါရောင်အဆင့် အဆင့်မြင့် အမြန်နှုန်း နည်းစနစ်လား”

ယန်ချီက မဆိုးဘူးလို့ တွေးမိလိုက်တယ်။

သာလွန်ကောင်းကင်အဆင့် ဓါးစွမ်းရည်နဲ့ဆိုရင် သူ့အနေနဲ့ ဒီနည်းစနစ်ကို နားမလည်စရာ ကြောင်း မရှိပါဘူး။

စိတ်ဝိဉာဉ်ကုန်းမြေကြီးမှာ သိုင်းနည်းစနစ်တွေကို လူသားအဆင့် စိတ်ဝိဉာဉ်နည်းစနစ်၊ သေမျိုးအဆင့် စိတ်ဝိဉာဉ်နည်းစနစ်၊ အဝါရောင်အဆင့် စိတ်ဝိဉာဉ်နည်းစနစ်၊ ဆန်းကြယ်အဆင့် စိတ်ဝိဉာဉ်နည်းစနစ်၊ မြေကမ္ဘာအဆင့် စိတ်ဝိဉာဉ်နည်းစနစ်နဲက ကောင်းကင်အဆင့် စိတ်ဝိဉာဉ်နည်းစနစ်ဆိုပြီး စိတ်ဝိဉာဉ်လက်နက်အဆင့်တွေကို ခွဲခြားထားသလို သတ်မှတ်ထားပါတယ်။

အဆင့် တစ်ခုစီတိုင်းမှာ အဆင့် နိမ့်၊ အလယ်အလတ်အဆင့် နဲ့ အဆင့်မြင့်ဆိုပြီး ထပ်မံ ခွဲခြားထားတယ်။

သူ့မှာ ဓါးဆွဲထုတ်မှတ် တစ်သိန်း ကျန်ပါသေးတယ်။

ဆက်နွယ်မှုလက်နက် ဓါးငယ်လေးကို ဆီရိယပ်သားသတ်သားအဖြစ် အဆင့်မြင့်တင်ဖို့အတွက် ဓါးဆွဲထုတ်မှတ် တစ်သိန်း လိုအပ်တယ်ဆိုပေမယ့် အဆင့်မြင့်တင်ဖို့ စောင့်ဆိုင်းရဦးမှာပါ။ ဘာလို့လဲဆိုတော့ သူ့အရှေ့မှာ ညစ်ပေနေတဲ့ အဖိုးအို ရှိနေတယ်လေ။

ညစ်ပေနေတဲ့အဖိုးအိုက ယန်ချီကို တွေဝေငေးမောစွာ ကြည့်နေခဲ့တယ်။

“ကောင်လေး ငါ ဘယ်သူလဲ မင်းသိလား”

ယန်ချီလည်း ဒီစကားကို ကြားတော့ အံ့သြမှင်သက်နေခဲ့တယ်။

အဖိုးအိုရဲ့ခန္ဓာကိုယ်ကနေ မည်သည့် စွမ်းအားလှုပ်ရှားမှုကိုမှ မတွေ့ရတာကြောင့် ဖြစ်နိုင်ချေက နှစ်ခု ရှိနိုင်တယ်။

တစ်ခုကတော့ ဒီအဖိုးအိုအနေနဲ့ သာမန်လူတစ်ယောက်ဖြစ်ပြီး ခြေတလုံးအိမ်တိုင်တစ်ယောက် ဖြစ်နိုင်တယ်။

နောက်တစ်ခုကတော့ ဒီအဖိုးအိုက အလွန် အစွမ်းထက်တာကြောင့် သူ့အနေနဲ့ အဖိုးအိုဆီကနေ မည်သည့်စွမ်းအားကိုမှ မမြင်နိုင်ခြင်းပါ။

စက္ကန့်အနည်းငယ်အကြာ တိတ်ဆိတ်သွားပြီးနောက် ဒီညစ်ပေနေတဲ့ အဖိုးအိုက သာမန်လူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ ဒီလို စကားမျိုး ပြောမှာ မဟုတ်ဘူး။

အဖိုးအိုက ယန်ချီတစ်ယောက် စကားပြန်မပြောတာကို မြင်လိုက်တော့ ပြုံးလိုက်တယ်။

“ကောင်လေး ငါ မင်းကို အမှန်အတိုင်း ပြောပြမယ်။ ဒီအဖိုးအိုက ကောင်းကင်ကြယ်အင်ပါယာမှာ အစွမ်းအထက်ဆုံး လူတစ်ယောက်ပဲ။ လင်ဂိုဏ်းက ဂိုဏ်းချုပ်တောင်မှ ငါကို တွေ့ရင် သူ့က ငါ့ကို ဦးလေးလို့ ခေါ်ရမှာ။ ကောင်းကင်ကြယ်အင်ပါယာတောင်မှ ငါ့ကို တွေ့ရင် လေးစားမှုကို ပြသရမှာ”

“အာ . .”

ဒီအဖိုးအိုက ဒီလို ပြောလိမ့်မယ်လို့ ယန်ချီက မမျှော်လင့်မိပါဘူး။

သူ့အနေနဲ့ ဒီအဖိုးအိုကို အစွမ်းထက် စိတ်ဝိဉာဉ်ပညာရှင်လို့ ယုံကြည်ခဲ့ပေမယ့်လည်း ဒီအဖိုးအိုပြောတာကိုတော့ အကုန်လုံး မယုံကြည်နိုင်ပါဘူး။

“ကောင်လေး မင်းရဲ့နာမည်က ဘာလဲ”

“ယန်ချီ”

ယန်ချီက သူ့နာမည်ကို အမှန်အတိုင်း ပြောလိုက်တယ်။ သူ့အနေနဲ့ လိမ်ပြောစရာ အကြောင်း မရှိဘူးလေ။

“ယန်ချီလား”

အဖိုးအိုက ခေါင်းညိတ်လိုက်ပြီး အတွေးထဲ နှစ်မြောသွားခဲ့တယ်။

“ဒီနာမည်က မဆိုးပါဘူး။ မင်းက စိတ်ဝိဉာဉ်ဆရာအဆင့် မှတ်လား ။ မင်းရဲ့ စိတ်ဝိဉာဉ်လက်နက်ကို ပြပါဦး”

အဖိုးအိုရဲ့ စကားကို ကြားပြီးနောက် ယန်ချီတစ်ယောက် အနည်းငယ် အံ့အားသင့်သွားခဲ့တယ်။ အဖိုးအိုက သူ့ကို တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ စိတ်ဝိဉာဉ်ဆရာအဆင့်မှန်း သိနေမယ်လို့ မမျှော်လင့်ခဲ့မိပါဘူး။

ယန်ချီလည်း သူ့အရှေ့မှာ ရှိတဲ့ အဖိုးအိုက ရန်သူတစ်ယောက် မဖြစ်နိုင်မှန်း သိလိုက်တယ်။

“မစိုးရိမ်ပါနဲ့။ မင်းက သိပ်မဆိုးဘူးလို့ ငါထင်မိတယ်။ မင်းကိုငါ တပည့်တစ်ယောက်အဖြစ် လက်ခံချင်လို့ပါ”

အဖိုးအိုက ယန်ချီကို ပြုံးပြီး ပြော လိုက်တယ်။

ယန်ချီလည်း ဒီစကားကို ကြားတော့ တိတ်တဆိတ် သက်ပြင်းချလိုက်မိတယ်။

သူ့အနေနဲ့ တိမ်လွှာနဂါးဓါးရဲ့ စွမ်းအားကို စမ်းသပ်ဖို့ နေရာတစ်ခုရှာဖို့ ရောက်လာတာပါ။ ဒါပေမယ့်လည်း မမျှော်လင့်တာတွေ ဖြစ်လာခဲ့တယ်။

“စီနီယာ ဘာကြောင့် မင်းရဲ့ စိတ်ဝိဉာဉ်လက်နက်ကို အရင်မပြတာလဲ”

ယန်ချီလည်း အဖိုးအိုကို ကြည့် ပြီး ပြောလိုက်တယ်။

အဖိုးအိုက ပြုံးလိုက်ပြီး ယန်ချီကို ဆန်းကြယ်သလိုအမူအယာနဲ့ ကြည့်လိုက်တယ်။ ပြီးမှ ဖြေးညှင်းစွာ ပြောလိုက်တယ်။ “မင်းက င့ါစိတ်ဝိဉာဉ်လက်နက်ကို တကယ် ကြည့်ချင်တာလား”

“ဟုတ်ကဲ့ပါ စီနီယာ ”

ယန်ချီလည်း လေးပင်စွာ ခေါင်းညိတ်လိုက်တယ်။

“မင်းက အလွန် သိချင်စိတ်ပြင်းပြနေမှတော့ ငါက မင်းဆန္ဒကို ဖြည့်ပေးရမှာပေါ့”

စကားသံဆုံးသွားတာနဲ့ အဖိုးအိုရဲ့ ခန္ဓာကိုယ်ထဲကနေ ကြက်သွေးရောင်ဓါးတစ်စင်း ထွက်ပေါ်လာခဲ့တယ်။

ဒီကြက်သွေးရောင်ဓါးက တကယ်အစစ်နီးပါး ဖြစ်နေခဲ့တယ်။

ဒီလက်နက်က အဖိုးအိုနဲ့ ဆက်သွယ်ထားတဲ့ လက်နက်ဆိုတာ ထင်ရှားပါတယ်။

ဒီ ကြက်သွေးရောင်ဓါးရှည်ရဲ့ ပတ်လည်မှာ စိတ်ဝိဉာဉ်လက်နက် ကိုးခုက ရုတ်တရက် ပေါ်လာခဲ့တယ်။

စိတ်ဝိဉာဉ်လက်နက် ကိုးခုက လူသားအဆင့် တစ်ခု၊ သေမျိုးအဆင့် နှစ်ခု၊ အဝါရောင်အဆင့် တစ်ခု၊ ဆန်းကြယ်အဆင့် နှစ်ခု၊ မြေကမ္ဘာအဆင့် နှစ်ခုနဲ့ ကောင်းကင်အဆင့် တစ်ခုပါ။

🐼🐼🐼🐼🐼🐼🐼🐼

Chapter 320

ကြက်သွေးရောင်ဓါးရှည်ကို စိတ်ဝိဉာဉ်လက်နက် ကိုးခုက ဝိုင်းရံထားတယ်။

လူသားအဆင့် စိတ်ဝိဉာဉ်လက်နက် တစ်ခု၊ သေမျိုးအဆင့် လက်နက် နှစ်ခု၊ အဝါရောင်အဆင့် လက်နက် တစ်ခု၊ ဆန်းကြယ်အဆင့် လက်နက် နှစ်ခု၊ မြေကမ္ဘာအဆင့် လက်နက် နှစ်ခုနဲ့ ကောင်းကင်အဆင့် လက်နက် တစ်ခုပါ။

လူသားအဆင့် စိတ်ဝိဉာဉ်လက်နက်က အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် တိမ်တိုက်ဓါးပါ။

သေမျိုးအဆင့် စိတ်ဝိဉာဉ်လက်နက် နှစ်ခုကတော့ အလယ်အလတ်စိတ်ဝိဉာဉ်လက်နက်တွေဖြစ်ပြီး မီးကြာပွတ်နဲ့ သွေးမိုးဓါးတို့ဖြစ်ပါတယ်။

ဆန်းကြယ်အဆင့် လက်နက်သုံးခုမှာ နှစ်ခုက အလယ်အလတ်ဖြစ်ပြီး တစ်ခုက အဆင့်မြင့်စိတ်ဝိဉာဉ်လက်နက်ပါ။ သွေးသောက်ဓါး၊ တိုက်ပွဲဆာလောင်သူ တူနဲ့ လတံဆိပ်သေနတ်တို့ဖြစ်ကြတယ်။

မြေကမ္ဘာအဆင့် စိတ်ဝိဉာဉ်လက်နက် နှစ်ခုကတော့ အလယ်အလတ် အဆင့်စိတ်ဝိဉာဉ်လက်နက်တွေ ဖြစ်ကြပြီး လေမျိုးဝံပုလွေနဲ့ ငွေစန္ဒာငှက်တို့ပါ။

ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်ကတော့ အဆင့်နိမ့်ဖြစ်ပြီး အစွမ်းထက် နတ်ဆိုးဘုရင် ကျားပါ။

ပြီးတော့ ဒီကြက်သွေးရောင်ဓါးရှည်ကို သတ်ဖြတ်သူ ဓါးလို့ ခေါ်ပါတယ်။

စိတ်ဝိဉာဉ်လက်နက်ဆိုတာက လက်နက်တွေသာ မဟုတ်ပါဘူး။ စိတ်ဝိဉာဉ်ကုန်းမြေမှာ ရှိတဲ့ တိရိစ္ဆာန်တွေ၊ အရာအားလုံးတွေက စိတ်ဝိဉာဉ်လက်နက် ဖြစ်လာနိုင်တယ်။

စိတ်ဝိဉာဉ်လက်နက်လို လက်နက်တွေကို အသုံးပြုသူက အမိန့်ပေးတိုက်ခိုက်ခိုင်းလို့ရသလို သားရဲစိတ်ဝိဉာဉ်တွေကိုလည်း လက်နက်အဖြစ် ခန္ဓာကိုယ်နဲ့ ပေါင်းစည်းနိုင်ပါတယ်။

သတ်ဖြတ်သူဓါးပတ်လည်က စိတ်ဝိဉာဉ်လက်နက်တွေကို မြင်ပြီးနောက် ယန်ချီတစ်ယောက် ထိတ်လန့်သွားခဲ့၇တယ်။

သူ့အနေနဲ့ ဒီအဖိုးအိုက ရိုးရှင်းသူ တစ်ယောက် မဟုတ်ဟု မှန်းဆမိပေမယ့်လည်း ဒီအဖိုးအိုက စိတ်ဝိဉာဉ်အင်ပါယာအဆင့် လို့ သူ လုံးဝကို မမျှော်လင့်မိပါဘူး။

အဖိုးအိုက ပြုံးလိုက်ပြီး ယန်ချီကို ကြည့်လိုက်တယ်။

“ကောင်လေး ကောင်းကင်ကြယ်အင်ပါယာက ဒီအဖိုးအိုကို သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာလို့ အမြဲတမ်းခေါ်တယ်။ ဘာကြောင့်လဲဆိုတော့ ငါ့ဘဝမှာ သတ္တဝါတွေ အသက်ကို များစွာ သတ်ခဲ့လို့ပဲ။ ဘယ်လောက်သတ်ခဲ့မှန်းတောင် မသိဘူး”

ယန်ချီတစ်ယောက် တိတ်တဆိတ် ထိတ်လန့်သွားခဲ့တယ်။

စိတ်ဝိဉာဉ်အင်ပါယာအဆင့်နဲ့ ရင်ဆိုင်မိရင် သူ့အနေနဲ့ ဘယ်လိုမှ အသက်ရှင်လွှတ်မြောက်ဖို့ အခွင့်အရေး မရှိပါဘူး။

“ကဲ ဘယ်လိုလဲ မင်းရဲ့ စိတ်ဝိဉာဉ်လက်နက်ကို ပြသဖို့ အချိန်ရောက်ပြီ”

အဖိုးအိုက ယန်ချီကို ကြည့်ပြီး ပြောလိုက်တယ်။

ယန်ချီလည်း ဒီစကားကို ကြားတော့ သူ့ခါးမှာ ရှိတဲ့ နှစ်ဆယ်မီတာ ရှည်တဲ့ ဓါးငယ်လေးကို ဆွဲထုတ်လိုက်တယ်။

ရုတ်တရက် လူသားအဆင့် အလယ်အလတ် စိတ်ဝိဉာဉ်လက်နက် ဓါးငယ်လေးနဲ့ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် တိမ်လွှာနဂါးဓါးက ပေါ်လာခဲ့တယ်။

တိမ်လွှာနဂါးဓါးပေါ်မှာ ခြေသည်းငါးခုပါတဲ့ ရွှေရောင်နဂါးကိုးကောင် လှည့်ပတ်နေခဲ့ပြီး ဆန်းကြယ်တဲ့ အသံတွေကို ထုတ်လွှတ်နေခဲ့တယ်။

အဲ့ဒီအခါမှာ သတ်ဖြတ်သူဓါးပတ်လည်မှာ ဝန်းရံနေတဲ့ စိတ်ဝိဉာဉ်လက်နက် ကိုးခုက ဆန်းကြယ်တဲ့ နဂါးအသံကြောင့် တုန်လှုပ်နေကြတယ်။

“ဒါ. . .”

အဖိုးအိုရဲ့ မျက်လုံးက ကျုံ့သွားခဲ့ပြီး သူ့အနေနဲ့ ဘယ်တော့မှ မဖြစ်နိုင်တာ တစ်ခုကို မြင်လိုက်ရသလို ခံစားမိလိုက်တယ်။

“ကောင်းကင်အဆင့် အဆင့် မြင့် စိတ်ဝိဉာဉ်လက်နက် တိမ်လွှာနဂါးဓါး ဒါက မဖြစ်နိုင်ဘူး။ ဘယ်လိုမှကို မဖြစ်နိုင်ဘူး”

အဖိုးအိုက ယန်ချီမှာ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် တိမ်လွှာနဂါးဓါး ကိုပိုင်ဆိုင်လိမ့်မယ်လို့ မမျှော်လင့်ထားတဲ့အတွက် သူ အမြင်များမှားနေသလားလို့ တွေးလိုက်မိတယ်။

ချက်ချင်းပင် အဖိုးအိုက မျက်လုံးတွေကို ပွတ်သပ်ပေမယ့် ရလဒ်ကတော့ မပြောင်းလဲသွားပါဘူး။

နှစ်ဆယ်စင်တီမီတာ ရှည်တဲ့ ဓါးငယ်လေးပေါ်မှာ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် တိမ်လွှာနဂါးဓါး ပေါ်လာလိမ့်မယ်လို့ သူ လုံးဝ မမျှော်လင့်မိပါဘူး။

“ကောင်းလေး မင်းက ဘယ်သူလဲ”

အဖိုးအိုက ယန်ချီကို အံ့သြမှင်သက်စွာ ကြည့်နေခဲ့တယ်။ သူ့အနေနဲ့ ဒီလို အစွမ်းထက် စိတ်ဝိဉာဉ်လက်နက်တစ်ခုက ဒီလို ချောင်ကျတဲ့ နေရာမှာ ပေါ်လာလိမ့်မယ်လို့ ဘယ်လိုမှ မထင်ထားမိပါဘူး။

ဒါက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်လေ။

ကောင်းကင်ကြယ်အင်ပါယာ တစ်ခုလုံးမျာ ကောင်းကင်အဆင့် အဆင့်မြင့်လက်နက်ဆိုတာ အတော်ကို ထူးခြားတဲ့ အနေအထားမှာ ရှိတာပါ။

“ကျွန်တော်က ယန်ချီပါ”

ယန်ချီလည်း ဒီအဖိုးအိုအနေနဲ့ ထိတ်လန့်သွားမယ်ဆိုတာ သိပါတယ်။

“ငါပြောတာက မင်းရဲ့ အကြောင်းကို ပြောတာ”

“ကျွန်တော်က သေးငယ်တဲ့ မျုိးနွယ်လေးက လူငယ်တစ်ယောက်ပါ”

ယန်ချီလည်း ပြောလိုက်တယ်။

ယန်ချီရဲ့ စကားတွေကို ကြားပြီးနောက် အဖိုးအိုက တိတ်တဆိတ် အံ့အားသင့်သွားမိတယ်။ ဒီလို ချောင်ကျကျနေရာလေးမှာ အစွမ်းထက်တဲ့ စိတ်ဝိဉာဉ်လက်နက်က ထွက်ပေါ်လာနိုင်သလား။

စိတ်ဝိဉာဉ်ဆရာတစ်ယောက်ရဲ့ ပထမဆုံးစိတ်ဝိဉာဉ်လက်နက်က နိုးထလာခြင်းကနေ ရရှိပြီးနောက်ထပ် စိတ်ဝိဉာဉ်လက်နက်တွေကို ဖမ်းယူသိမ်းသွင်းရမှာပါ။

စိတ်ဝိဉာဉ်ကုန်းမြေမှာ မရေမတွက်နိုင်တဲ့ လက်နက်စိတ်ဝိဉာဉ်တောအုပ်တွေ ရှိတယ်။ မင်းသာ စိတ်ဝိဉာဉ်လက်နက်ကို အလိုရှိရင် အဲ့ဒီကို သွားရမယ်။ ဒါပေမယ့်လည်း စိတ်ဝိဉာဉ်လက်နက် တောအုပ်က အလွန်ကြောက်စရာ ကောင်းတယ်။ အဲ့ဒီနေရာကို တားမြစ်နယ်မြေလို့ ခေါ်ကြတာ မဆန်းကြယ်ပါဘူး။

အချိန်အတော်ကြာပြီးနောက် အဖိုးအိုက သူ့ရဲ့ အာရုံတွေကို ပြန်စုစည်းလိုက်တယ်။

“ယန်ချီ သူငယ်ချင်း လုပ်ကြမလား”

အဖိုးအိုက ယန်ချီကို ပြောလိုက်တယ်။

“သူငယ်ချင်းလား” ယန်ချီက အဖိုးအိုကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။ “ကျွန်တော်တို့ အသက်အရွယ်နဲ့ သူငယ်ချင်းဖြစ်ဖို့ မသင့်တော်ဘူး”

“အဲ့ဒါက ဘာမှမဖြစ်ဘူး။ အသက်တွေကို မေ့ထားလိုက်”

အဖိုးအိုက ပြုံးပြီး ဆက်ပြောလိုက်တယ်။ “မင်းရဲ့ ပါရမီအကြောင်းကို မင်း သေချာမသိလို့။ ဒီစိတ်ဝိဉာဉ်ကုန်းမြေတစ်ခုလုံးမှာ မင်းရဲ့ ပါရမီက အတော် ရှားပါးတာ”

Continue Reading

You'll Also Like

2.3M 316K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
164K 23.5K 93
💞Complete💞 system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနေ...
344K 55.3K 65
Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transmigration Cannon Fodder's Record of Count...