ချစ်ခြင်းတည်စေ

By Hsu_Lynn_Nge

71.5K 2.9K 204

Seme~အဂ္ဂခွန်းပိုင် Uke~ခန့်ညားလွန်းမောင် မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ခန့်ညားလွန်းမောင်။အဒေါ်မိသားစုရဲ့နှိပ်စက်မှုဒ... More

Part~1
Part~2
Part~3
Part~4
Part~5
Part~6
Part~7
Part~8
Part~9
Part-10
Part-11
Part~12
Part~13
Part-14
Part-15
Part~16
Part~17
Part~18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-39
Part-40(Completed)

Part-38

702 24 2
By Hsu_Lynn_Nge

                    ဟူဒီအနက်ရောင်အပြင် တစ်ကိုယ်လုံးနက်စွေးစွာ၀တ်ဆင်ထားသော ခပ်ငယ်ငယ်လူငယ်လေးတစ်ယောက်သည် ကားလမ်းမကြီး၏တစ်ဖက်ခြမ်းတွင် ခေါင်းငုံ့ကာဘေးကပ်လျှက်လမ်းလျှောက်နေသည်။နှုတ်ခမ်းတွင် စုတ်ပြဲဒဏ်ရာအချို့ရှိနေသည်။နာနေသောနှုတ်ခမ်းထောင့်ရှိဒဏ်ရာအား လက်ဖြင့်ထိလိုက်ပြီးနောက် ကျစ်ခနဲစုပ်သတ်လိုက်ခြင်းနှင့်အတူ မျက်မှောင်ကျုံ့သွား၏။ထိုအချိန်တွင် အချိန်ကိုက်၀င်လာသော ဖုန်းသည် မျက်မှောင်တို့အားအလိုလိုပြေလျော့စေ၏။

“ဟယ်လို! မေမေ ဘာဖြစ်လို့လဲ”


“သား အခုဘယ်မှာလဲ၊မေမေတို့အရေးကြီးနေလို့ အခုပြန်လာခဲ့နော် သား”


             ‌စကားပြောလျှင် အေးဆေးတည်ငြိမ်စွာစကားပြောတတ်သော မေမေ့၏အသံတွင်စိုးရိမ်မှုများရောနှောနေသည်။


"ဘာဖြစ်လို့လဲ မေမေ"


"ကိုအဂ္ဂဟန်နဲ့ ‌မခွန်းတို့ကို သားသိတယ်မဟုတ်လား၊သူတို့မှာ အသက်အန္တရာယ်ရှိနေတယ်၊သူတို့အခုပဲ ပြန်သွားကြတယ်၊အဲ့ဒါ သားကိုနောက်ကနေလိုက်ကြည့်စေချင်လို့...."



"ဪ ဟုတ်၊သားအခုပဲ......"


ကျွီ! ဒုန်း!!!!


                သူ့စကားပင်မဆုံးသေး။လမ်းကြားထဲမှ အရှိန်ဖြင့်ထွက်လာသော ကုန်ကားတစ်စီးသည် ခပ်မှန်မှန်မောင်းလာသော ကားနက်ကလေးအား ၀င်တိုက်ပြီးသည့်နောက်တွင် ကားနက်ကလေးသည် သုံးပတ်မျှလိမ့်သွားလေသည်။ကုန်ကားသည် ထိုနေရာနှင့်မနီးမဝေးသို့မောင်းသွားသည့်အချိန် မဟာသည် ကားနက်ကလေး၏ဘေးသို့အမြန်သွားလိုက်သည်။ကားထဲတွင် အသက်ရှင်သည့်သူရှိမရှိ ကြည့်လိုက်သောအခါ သူ့မိဘများပြောသော ဦးအဂ္ဂဟန်နှင့် ဒေါ်ခွန်းသနွယ်တို့ဇနီးမောင်နှံနှစ်ယောက်အား သွေးအလိမ်းလိမ်းဖြင့်တွေ့မြင်လိုက်ရသည်။နှစ်ယောက်လုံးအသက်မရှိကြတော့ပေ။သို့သော် တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားဆဲပင်။


                  ထိုအချိန်တွင် ခြေသံတချို့ကြားလိုက်ရသဖြင့် ကားနောက်တွင်ကွယ်လိုက်သည်။စကားသံများပါကြားလာရ၍ videoရိုက်ကူးရန် ကင်မရာအားဖွင့်ထားလိုက်သည်။


“နှစ်ယောက်လုံးသေသွားပြီထင်တယ်”


“အပျက် အပျက်နဲ့နှာခေါင်းသွေးအထွက်မခံနိုင်ဘူး၊လုပ်မယ့်လုပ် တစ်ခါတည်းအပြတ်လုပ်လိုက်တာပဲကောင်းတယ်”


“ဟိုကောင်လေးကိုရော ဘယ်လိုလုပ်ကြမလဲ”


“ဘယ်လိုလုပ်ရမလဲ၊အဲ့ကောင်လေးကဘာမှသိမှာမဟုတ်ဘူး၊လာ သွားမယ်၊ကြာရင်မကောင်းဘူး”



               လူနှစ်ယောက်ထွက်သွားပြီးသည့်နောက်တွင်  videoအားအဆုံးသတ်လိုက်သည်။မဟာ မသိလိုက်သည်ကထိုနေရာတွင် လွင့်ကျနေခဲ့သော ဓာတ်ပုံလေးတစ်ပုံရှိနေခဲ့သည်။


              မဟာ ထွက်သွားပြီးသည့်နောက် တစ်နေရာအရောက်တွင် သူ တစ်ခုသတိရသွားသည်။CCTV!! သူထိုနေရာသို့ပြန်သွားလိုက်ပြီး ဘေးဘက်သို့ကြည့်လိုက်သည်။ကံကောင်းသည်က ထိုနေရာတွင် CCTVတစ်ခုရှိနေ၏။CCTVတပ်ဆင်ထားသည့်နေရာနှင့် မနီးမဝေးရှိ CCTVများအားထိန်းချုပ်ထားသည့်နေရာသို့သွားလိုက်သည်။ထိုနေရာ၏ အစောင့်အား လက်ဖက်ရည်ဖိုးဟုဆို၍ ပိုက်ဆံအနည်းငယ်ပေးပြီးနောက် ထိုအခန်းထဲသို့၀င်ခဲ့သည်။




                 CCTVမှတ်တမ်းများအား ပြန်ကြည့်ပြီး ထိုအချိန်က ဖြစ်ပျက်ခဲ့သည့်ပုံရိပ်များထဲမှ မတော်တဆမှုဖြစ်ပြီးသည့်အချိန်၊သူမရောက်ခင်အချိန်အထိ မှတ်တမ်းများအားဖျက်ပစ်လိုက်ပြီး ရှေ့အပိုင်းများအား သူ့memory stickထဲသို့ပြောင်းထည့်လိုက်ပြီး ရှိသမျှမှတ်တမ်းအကုန်ဖျက်ပစ်လိုက်သည်။ထို့အပြင် ထိုနေရာ၏အစောင့်ကိုလည်း ထိုနေ့က CCTVမှတ်တမ်းအား ‌မေးလာခဲ့သူရှိလျှင် CCTVပျက်သွားသည်ဟုပြောရန်ပြောခဲ့ဖို့လည်း သူမမေ့ခဲ့။ထို့ပြင် တာ၀န်သိပြည်သူတစ်ယောက်အနေဖြင့် ရဲစခန်းအားအကြောင်းကြားခဲ့သည်။


»»»»»»

“သားရယ် မေမေတို့စိတ်ပူနေတာ၊ပြောနေရင်းရုတ်တရက်ကြီး ဖုန်းချသွားလို့...၊ကိုအဂ္ဂနဲ့မခွန်းတို့ကလေ တစ်ယောက်မှဖုန်းမကိုင်ကြဘူး”



              သူပြန်ရောက်ရောက်ချင်း ထိုင်နေရာမှထကာ သူ့လက်အားကိုင်ပြီး စိုးရိမ်တကြီးပြောလာသော မေမေ။မေမေသာသိလျှင် စိတ်မကောင်းဖြစ်မည်စိုးသော်လည်း ပြောမှဖြစ်မည့် အခြေအနေမို့ သူပြောကိုပြောရမည်။


“ဖေဖေနဲ့ မေမေကို ကျွန်တော်ပြောစရာရှိတယ်၊အချိန်တစ်ခုအထိ ဒီကိစ္စကိုလျှို့ဝှက်ထားပေးပါ”



              ဖေဖေနှင့်မေမေသည် သူ့စကားကြောင့် မျက်ခုံးများပင့်သွားသည်။သူထိုင်နေရာမှ ရှေ့သို့အနည်းငယ်တိုးလိုက်ပြီး လေသံကိုနှိမ့်ပြောလိုက်သည်။



“ဦးအဂ္ဂဟန်နဲ့ ဒေါ်ခွန်းသနွယ်တို့နှစ်ယောက်လုံး ကားတိုက်ခံရပြီးတော့ ဆုံးသွားပြီ”



ဟမ်!!

ဘယ်လို!!!


              ဖေဖေသည် စာရင်းလုပ်နေရာမှအံ့ဩတကြီးမော့ကြည့်လာ၏။မေမေသည် ရင်ဘက်အားဖိလျက်။


“ဒီမှာပါ၊ လုပ်ကြံတဲ့သူတွေပါတဲ့အပိုင်းကို ကျွန်တော်ကိုယ်တိုင်ရိုက်လာခဲ့တာ၊ကျန်တဲ့ရှေ့ပိုင်းကတော့ CCTVကပါ”


“သားက ဘယ်လိုလုပ်...”


        
“မေမေ ကျွန်တော့်ကိုဖုန်းဆက်တဲ့အချိန်က ယာဉ်တိုက်မှုဖြစ်ခဲ့တယ်၊အဲ့ဒါကြောင့်ဖုန်းကျသွားတာလည်း မသိလိုက်ဘူး၊အနားကိုသေချာသွားကြည့်တော့မှ သူတို့နှစ်ယောက်ဖြစ်နေတာ”

သူ့လက်ထဲမှ memory stickအား ဖေဖေ့laptopနှင့်joinပေးလိုက်သည်။ဒုန်း!!ဆိုသော အသံနှင့်အတူ မေမေနှင့်ဖေဖေ၏မျက်လုံးများသည် သိသိသာသာကိုပြူးကျယ်သွား၏။ထို့နောက် သူ့ဖုန်းအားထုတ်ပေးလိုက်ပြီး......


“ဒီအထဲကလူနှစ်ယောက်က ဘယ်သူလဲဆိုတာတော့ ကျွန်တော်မသိဘူး၊ဖေဖေနဲ့မေမေကတော့သိမယ်ထင်တယ်”



ဟင်!!

                   သူ့ဖုန်းအားယူကြည့်ပြီးနောက်တွင် ဖေဖေနှင့်မေမေထံမှ အာမေဋိတ်သံသည် ရှေ့ဆင့်နောက်ဆင့်ထွက်လာ၏။



“ဖြစ်မှဖြစ်ရလေ! လူယုံသတ်လို့သေတယ်ဆိုတာဒါမျိုးပေါ့”


“အင်း သ‌ဗ္ဗေသတ္တာ ကမ္မသကာပဲပေါ့”


              မေမေကယူကြုံးမရစွာ ရင်ဘက်ကိုဖိလျှက် မျက်ရည်ဝဲကာပြောရှာသည်။ဖေဖေကတော့ သက်ပြင်းချလျှက် တရားသဘောအားဆင်ခြင်၏။


“သား ဒါတွေကိုသေချာသိမ်းထားနော်”


“ဟုတ်ကဲ့ မေမေ၊ကျွန်တော်သေချာသိမ်းထားပါ့မယ်”



»»»»»»»»»»»»»

“မင်း ဘယ်လိုလုပ်ဖို့စိတ်ကူးလဲ အဂ္ဂ”

               ဧည့်ခန်းတွင် မဟာသည် အဂ္ဂ၏မိဘများအကြောင်းပြောပြနေရင်းမှ မေးလိုက်ခြင်းဖြစ်သည်။ထိုအခါ အဂ္ဂက ကျဆင်းလာသော မျက်ရည်တို့အားသုတ်ပစ်ကာ.....

“လက်စားချေမယ်၊ထောင်ထဲကိုပို့ပစ်ပြီးတော့.....”


“ထောင်ထဲကိုပို့ပစ်တာကတော့ဟုတ်ပါပြီ၊ဒါပေမဲ့ ဒီအမှုကိုပိတ်ပစ်လိုက်တာကြာပြီနော်၊လွယ်မယ်လို့တော့ ငါမထင်ဘူး”


“Money is the second god!ငွေရှိရင်ဘာမဆိုဖြစ်တယ်၊ငွေသာရှိနေရင် ဥပဒေကိုလက်တစ်လုံးခြားကစားလိုက်လို့ရတယ်”

“ဘာပဲဖြစ်ဖြစ် ဖင်ယားသမှုပိုင်မှပြုတာအကောင်းဆုံးပဲကွ”


“ဟ မင်းကငါ့ကိုဖင်ယားတယ်လို့ပြောချင်တာလား၊မင်းနဲ့ငါနဲ့ by oneထိုးမလား ဟေ့ကောင်!”


              အဂ္ဂကရှူးရှူးရှားရှားဖြင့် ပြောလာသောအခါ မဟာသည် ပြုံးစိစိလုပ်ကာ အဂ္ဂအနားတိုးလာပြီး.......


“ထိုးမယ်လေ နှုတ်ခမ်းနဲ့...မွ မွ ပြွတ်စ်!”


“ဒီငါ ိုးမသားကတော့.....”


                   သူတို့နှစ်ယောက် စကားများနေကြချိန်တွင် သုတနှင့် လွန်းသည် ကိတ်မုန့်တစ်ယောက်တစ်ပန်းကန်စီယူလာကြသည်။မဟာနှင့်အဂ္ဂတို့ စကားပြောနေကြစဉ်အတွင်း သုတတို့နှစ်ယောက်က ဘယ်သူ့ချောကလက်ကိတ်ကပိုကောင်းလဲပြိုင်နေကြခြင်းဖြစ်သည်။သုတသည် လွန်းထံမှ ချောကလက်ကိတ်လုပ်နည်းကို သင်ပြီးသည့်အချိန်မှစ၍ မြောက်ကြွမြောက်ကြွဖြစ်နေခြင်းဖြစ်သည်။


“ကိုကို ကျွန်တော်ချောကလက်ကိတ်လုပ်လာတယ်၊စားမယ်မလား”

“ကိုယ့်ကောင်လေးက ကိုယ့်အတွက်လုပ်လာတာပဲ၊စားရမှာပေါ့”


                  လွန်းက ကိတ်ပန်းကန်လေးအား အဂ္ဂရှေ့သို့ချပေးလိုက်သည့်အခါ သုတကလည်း အားကျမခံ မဟာ့ရှေ့သို့ ကိတ်ပန်းကန်လေးချကာ......


“အစ်ကို့အတွက် ကျွန်တော်ရည်ရွယ်ပြီးလုပ်လာတာ.....”


              အကြည့်များက “မစားလို့မရဘူး၊မကောင်းလည်းစားရမယ်”ဟုပြောနေသယောင်။မျက်နှာလေးကသာပြုံးနေသော်လည်း မျက်လုံးများက ကိတ်မုန့်ကိုမျက်စောင်းထိုးပြနေသည်။“စားလေ အခုထိမစားသေးဘဲဘာလုပ်နေတာလဲ”ဆိုသည့်သဘော။


“ကိုယ့်ပေါက်စလေးက ကိုယ့်အတွက်ရည်ရွယ်ပြီးလုပ်ပေးလာတာကို စားရမှာပေါ့”



“ဟီးဟီး ဟုတ်၊စားနော် အစ်ကို”


“ဟာ မစားနဲ့နော် အစ်ကို၊အစ်ကိုသုတကလေ သူ့မုန့်သူမြည်းကြည့်ပြီးတော့ မျက်နှာကြီးရှုံ့မဲ့သွားတာ၊ပြီးတော့သူကပြောသေးတယ်၊မကောင်း ခွေးကျွေးဆိုလားပဲ”


ဟင်!


ကိတ်ကလေးကိုခပ်ပြီး ပါးစပ်ထဲသွင်းရန်ကြံနေစဉ် လွန်းစကားကြောင့် ကိတ်မုန့်ဇွန်းလေးသည် လေထဲမှာတန်းလန်းဖြစ်သွားသည်။မဟာသည် သုတကိုတစ်လှည့် ချောကလက်ကိတ်ကလေးကိုတစ်လှည့်ကြည့်နေရှာသည်။ထိုအခါကျမှ သုတကပျာပျာသလဲ ခြေတကာကာ လက်တကာကာဖြင့်ရှင်းပြသည်။


“ဟာ! အစ်ကို အဲ့လိုမဟုတ်ဘူးနော်၊အဲ့လိုမဟုတ်ဘူး၊ဟေ့ကောင်! အမောင် မင်းအဲ့လိုပြောလိုက်တော့ အစ်ကိုကဘာဖြစ်သွားလဲ”



                    မဟာ့ကိုရှင်းပြနေရင်း လွန်းဘက်ကိုမြှားဦးလှည့်လာသည့်အခါ အဂ္ဂက......


“ခွေးဖြစ်သွားတာပေါ့ကွာ! ဟားဟား.....”


           အဂ္ဂရယ်လို့ပင်မဆုံးသေး မဟာ့လက်ထဲရှိကိတ်မုန့်ပန်းကန်သည် အဂ္ဂမျက်နှာသို့ဝှီးခနဲ။

ခွီးးးဟားးဟားး

             သုတကရယ်သည့်အခါ လွန်းသည် အဂ္ဂလက်ထဲရှိကိတ်ပန်းကန်အား ဘာမပြောညာမပြောဆွဲယူကာ သုတ၏မျက်နှာသို့ အားဖြင့် ဖက်ခနဲကပ်ချလိုက်လေသည်။သုတအားထိသောအခါ မဟာက သုတ၏မျက်နှာမှ ခရင်မ်များအား လက်ဖြင့်ယူကာ လွန်းမျက်နှာသို့သုတ်ချလိုက်‌သည်။အဂ္ဂကလည်း သူ့မျက်နှာရှိ ခရင်မ်များအားယူကာ မဟာ့မျက်နှာသို့အားရပါးရသုတ်လိုက်လေသည်။လေးယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက် ခရင်မ်များဖြင့်သုတ်ကာ ရယ်မောနေကြသည်။ထိုနေ့သည်ကာ သူတို့လေးယောက်လုံးအတွက် Happy Creamy Dayလေးဖြစ်သွားပါတော့သည်




#Hsu Lynn Nge
#အခုမှစရေးတာဖြစ်လို့မှားတာရှိရင်ထောက်ပြကြပါဗျ။အကောင်းဆုံးကြိုးစားထားပါတယ်ဗျ။


**ဟီး များများရေးပေးထားတယ်နော်ಠ⁠◡⁠ಠ

Zawgyi

                    ဟူဒီအနက္ေရာင္အျပင္ တစ္ကိုယ္လုံးနက္ေစြးစြာ၀တ္ဆင္ထားေသာ ခပ္ငယ္ငယ္လူငယ္ေလးတစ္ေယာက္သည္ ကားလမ္းမႀကီး၏တစ္ဖက္ျခမ္းတြင္ ေခါင္းငုံ႔ကာေဘးကပ္လွ်က္လမ္းေလွ်ာက္ေနသည္။ႏႈတ္ခမ္းတြင္ စုတ္ၿပဲဒဏ္ရာအခ်ိဳ႕ရွိေနသည္။နာေနေသာႏႈတ္ခမ္းေထာင့္ရွိဒဏ္ရာအား လက္ျဖင့္ထိလိုက္ၿပီးေနာက္ က်စ္ခနဲစုပ္သတ္လိုက္ျခင္းႏွင့္အတူ မ်က္ေမွာင္က်ဳံ႕သြား၏။ထိုအခ်ိန္တြင္ အခ်ိန္ကိုက္၀င္လာေသာ ဖုန္းသည္ မ်က္ေမွာင္တို႔အားအလိုလိုေျပေလ်ာ့ေစ၏။

“ဟယ္လို! ေမေမ ဘာျဖစ္လို႔လဲ”


“သား အခုဘယ္မွာလဲ၊ေမေမတို႔အေရးႀကီးေနလို႔ အခုျပန္လာခဲ့ေနာ္ သား”


             ‌စကားေျပာလွ်င္ ေအးေဆးတည္ၿငိမ္စြာစကားေျပာတတ္ေသာ ေမေမ့၏အသံတြင္စိုးရိမ္မႈမ်ားေရာေႏွာေနသည္။


"ဘာျဖစ္လို႔လဲ ေမေမ"


"ကိုအဂၢဟန္နဲ႔ ‌မခြန္းတို႔ကို သားသိတယ္မဟုတ္လား၊သူတို႔မွာ အသက္အႏၲရာယ္ရွိေနတယ္၊သူတို႔အခုပဲ ျပန္သြားၾကတယ္၊အဲ့ဒါ သားကိုေနာက္ကေနလိုက္ၾကည့္ေစခ်င္လို႔...."



"ဪ ဟုတ္၊သားအခုပဲ......"


ကြၽီ! ဒုန္း!!!!


                သူ႔စကားပင္မဆုံးေသး။လမ္းၾကားထဲမွ အရွိန္ျဖင့္ထြက္လာေသာ ကုန္ကားတစ္စီးသည္ ခပ္မွန္မွန္ေမာင္းလာေသာ ကားနက္ကေလးအား ၀င္တိုက္ၿပီးသည့္ေနာက္တြင္ ကားနက္ကေလးသည္ သုံးပတ္မွ်လိမ့္သြားေလသည္။ကုန္ကားသည္ ထိုေနရာႏွင့္မနီးမေဝးသို႔ေမာင္းသြားသည့္အခ်ိန္ မဟာသည္ ကားနက္ကေလး၏ေဘးသို႔အျမန္သြားလိုက္သည္။ကားထဲတြင္ အသက္ရွင္သည့္သူရွိမရွိ ၾကည့္လိုက္ေသာအခါ သူ႔မိဘမ်ားေျပာေသာ ဦးအဂၢဟန္ႏွင့္ ေဒၚခြန္းသႏြယ္တို႔ဇနီးေမာင္ႏွံႏွစ္ေယာက္အား ေသြးအလိမ္းလိမ္းျဖင့္ေတြ႕ျမင္လိုက္ရသည္။ႏွစ္ေယာက္လုံးအသက္မရွိၾကေတာ့ေပ။သို႔ေသာ္ တစ္ေယာက္လက္ကိုတစ္ေယာက္ဆုပ္ကိုင္ထားဆဲပင္။


                  ထိုအခ်ိန္တြင္ ေျခသံတခ်ိဳ႕ၾကားလိုက္ရသျဖင့္ ကားေနာက္တြင္ကြယ္လိုက္သည္။စကားသံမ်ားပါၾကားလာရ၍ video႐ိုက္ကူးရန္ ကင္မရာအားဖြင့္ထားလိုက္သည္။


“ႏွစ္ေယာက္လုံးေသသြားၿပီထင္တယ္”


“အပ်က္ အပ်က္နဲ႔ႏွာေခါင္းေသြးအထြက္မခံႏိုင္ဘူး၊လုပ္မယ့္လုပ္ တစ္ခါတည္းအျပတ္လုပ္လိုက္တာပဲေကာင္းတယ္”


“ဟိုေကာင္ေလးကိုေရာ ဘယ္လိုလုပ္ၾကမလဲ”


“ဘယ္လိုလုပ္ရမလဲ၊အဲ့ေကာင္ေလးကဘာမွသိမွာမဟုတ္ဘူး၊လာ သြားမယ္၊ၾကာရင္မေကာင္းဘူး”



               လူႏွစ္ေယာက္ထြက္သြားၿပီးသည့္ေနာက္တြင္  videoအားအဆုံးသတ္လိုက္သည္။မဟာ မသိလိုက္သည္ကထိုေနရာတြင္ လြင့္က်ေနခဲ့ေသာ ဓာတ္ပုံေလးတစ္ပုံရွိေနခဲ့သည္။


              မဟာ ထြက္သြားၿပီးသည့္ေနာက္ တစ္ေနရာအေရာက္တြင္ သူ တစ္ခုသတိရသြားသည္။CCTV!! သူထိုေနရာသို႔ျပန္သြားလိုက္ၿပီး ေဘးဘက္သို႔ၾကည့္လိုက္သည္။ကံေကာင္းသည္က ထိုေနရာတြင္ CCTVတစ္ခုရွိေန၏။CCTVတပ္ဆင္ထားသည့္ေနရာႏွင့္ မနီးမေဝးရွိ CCTVမ်ားအားထိန္းခ်ဳပ္ထားသည့္ေနရာသို႔သြားလိုက္သည္။ထိုေနရာ၏ အေစာင့္အား လက္ဖက္ရည္ဖိုးဟုဆို၍ ပိုက္ဆံအနည္းငယ္ေပးၿပီးေနာက္ ထိုအခန္းထဲသို႔၀င္ခဲ့သည္။




                 CCTVမွတ္တမ္းမ်ားအား ျပန္ၾကည့္ၿပီး ထိုအခ်ိန္က ျဖစ္ပ်က္ခဲ့သည့္ပုံရိပ္မ်ားထဲမွ မေတာ္တဆမႈျဖစ္ၿပီးသည့္အခ်ိန္၊သူမေရာက္ခင္အခ်ိန္အထိ မွတ္တမ္းမ်ားအားဖ်က္ပစ္လိုက္ၿပီး ေရွ႕အပိုင္းမ်ားအား သူ႔memory stickထဲသို႔ေျပာင္းထည့္လိုက္ၿပီး ရွိသမွ်မွတ္တမ္းအကုန္ဖ်က္ပစ္လိုက္သည္။ထို႔အျပင္ ထိုေနရာ၏အေစာင့္ကိုလည္း ထိုေန႔က CCTVမွတ္တမ္းအား ‌ေမးလာခဲ့သူရွိလွ်င္ CCTVပ်က္သြားသည္ဟုေျပာရန္ေျပာခဲ့ဖို႔လည္း သူမေမ့ခဲ့။ထို႔ျပင္ တာ၀န္သိျပည္သူတစ္ေယာက္အေနျဖင့္ ရဲစခန္းအားအေၾကာင္းၾကားခဲ့သည္။


»»»»»»

“သားရယ္ ေမေမတို႔စိတ္ပူေနတာ၊ေျပာေနရင္း႐ုတ္တရက္ႀကီး ဖုန္းခ်သြားလို႔...၊ကိုအဂၢနဲ႔မခြန္းတို႔ကေလ တစ္ေယာက္မွဖုန္းမကိုင္ၾကဘူး”



              သူျပန္ေရာက္ေရာက္ခ်င္း ထိုင္ေနရာမွထကာ သူ႔လက္အားကိုင္ၿပီး စိုးရိမ္တႀကီးေျပာလာေသာ ေမေမ။ေမေမသာသိလွ်င္ စိတ္မေကာင္းျဖစ္မည္စိုးေသာ္လည္း ေျပာမွျဖစ္မည့္ အေျခအေနမို႔ သူေျပာကိုေျပာရမည္။


“ေဖေဖနဲ႔ ေမေမကို ကြၽန္ေတာ္ေျပာစရာရွိတယ္၊အခ်ိန္တစ္ခုအထိ ဒီကိစၥကိုလွ်ိဳ႕ဝွက္ထားေပးပါ”



              ေဖေဖႏွင့္ေမေမသည္ သူ႔စကားေၾကာင့္ မ်က္ခုံးမ်ားပင့္သြားသည္။သူထိုင္ေနရာမွ ေရွ႕သို႔အနည္းငယ္တိုးလိုက္ၿပီး ေလသံကိုႏွိမ့္ေျပာလိုက္သည္။



“ဦးအဂၢဟန္နဲ႔ ေဒၚခြန္းသႏြယ္တို႔ႏွစ္ေယာက္လုံး ကားတိုက္ခံရၿပီးေတာ့ ဆုံးသြားၿပီ”



ဟမ္!!

ဘယ္လို!!!


              ေဖေဖသည္ စာရင္းလုပ္ေနရာမွအံ့ဩတႀကီးေမာ့ၾကည့္လာ၏။ေမေမသည္ ရင္ဘက္အားဖိလ်က္။


“ဒီမွာပါ၊ လုပ္ႀကံတဲ့သူေတြပါတဲ့အပိုင္းကို ကြၽန္ေတာ္ကိုယ္တိုင္႐ိုက္လာခဲ့တာ၊က်န္တဲ့ေရွ႕ပိုင္းကေတာ့ CCTVကပါ”


“သားက ဘယ္လိုလုပ္...”


        
“ေမေမ ကြၽန္ေတာ့္ကိုဖုန္းဆက္တဲ့အခ်ိန္က ယာဥ္တိုက္မႈျဖစ္ခဲ့တယ္၊အဲ့ဒါေၾကာင့္ဖုန္းက်သြားတာလည္း မသိလိုက္ဘူး၊အနားကိုေသခ်ာသြားၾကည့္ေတာ့မွ သူတို႔ႏွစ္ေယာက္ျဖစ္ေနတာ”

သူ႔လက္ထဲမွ memory stickအား ေဖေဖ့laptopႏွင့္joinေပးလိုက္သည္။ဒုန္း!!ဆိုေသာ အသံႏွင့္အတူ ေမေမႏွင့္ေဖေဖ၏မ်က္လုံးမ်ားသည္ သိသိသာသာကိုျပဴးက်ယ္သြား၏။ထို႔ေနာက္ သူ႔ဖုန္းအားထုတ္ေပးလိုက္ၿပီး......


“ဒီအထဲကလူႏွစ္ေယာက္က ဘယ္သူလဲဆိုတာေတာ့ ကြၽန္ေတာ္မသိဘူး၊ေဖေဖနဲ႔ေမေမကေတာ့သိမယ္ထင္တယ္”



ဟင္!!

                   သူ႔ဖုန္းအားယူၾကည့္ၿပီးေနာက္တြင္ ေဖေဖႏွင့္ေမေမထံမွ အာေမဋိတ္သံသည္ ေရွ႕ဆင့္ေနာက္ဆင့္ထြက္လာ၏။


“ျဖစ္မွျဖစ္ရေလ! လူယုံသတ္လို႔ေသတယ္ဆိုတာဒါမ်ိဳးေပါ့”


“အင္း သ‌ေဗၺသတၱာ ကမၼသကာပဲေပါ့”


              ေမေမကယူႀကဳံးမရစြာ ရင္ဘက္ကိုဖိလွ်က္ မ်က္ရည္ဝဲကာေျပာရွာသည္။ေဖေဖကေတာ့ သက္ျပင္းခ်လွ်က္ တရားသေဘာအားဆင္ျခင္၏။


“သား ဒါေတြကိုေသခ်ာသိမ္းထားေနာ္”


“ဟုတ္ကဲ့ ေမေမ၊ကြၽန္ေတာ္ေသခ်ာသိမ္းထားပါ့မယ္”



»»»»»»»»»»»»»

“မင္း ဘယ္လိုလုပ္ဖို႔စိတ္ကူးလဲ အဂၢ”

               ဧည့္ခန္းတြင္ မဟာသည္ အဂၢ၏မိဘမ်ားအေၾကာင္းေျပာျပေနရင္းမွ ေမးလိုက္ျခင္းျဖစ္သည္။ထိုအခါ အဂၢက က်ဆင္းလာေသာ မ်က္ရည္တို႔အားသုတ္ပစ္ကာ.....

“လက္စားေခ်မယ္၊ေထာင္ထဲကိုပို႔ပစ္ၿပီးေတာ့.....”


“ေထာင္ထဲကိုပို႔ပစ္တာကေတာ့ဟုတ္ပါၿပီ၊ဒါေပမဲ့ ဒီအမႈကိုပိတ္ပစ္လိုက္တာၾကာၿပီေနာ္၊လြယ္မယ္လို႔ေတာ့ ငါမထင္ဘူး”


“Money is the second god!ေငြရွိရင္ဘာမဆိုျဖစ္တယ္၊ေငြသာရွိေနရင္ ဥပေဒကိုလက္တစ္လုံးျခားကစားလိုက္လို႔ရတယ္”

“ဘာပဲျဖစ္ျဖစ္ ဖင္ယားသမႈပိုင္မွျပဳတာအေကာင္းဆုံးပဲကြ”


“ဟ မင္းကငါ့ကိုဖင္ယားတယ္လို႔ေျပာခ်င္တာလား၊မင္းနဲ႔ငါနဲ႔ by oneထိုးမလား ေဟ့ေကာင္!”


              အဂၢကရႉးရႉးရွားရွားျဖင့္ ေျပာလာေသာအခါ မဟာသည္ ၿပဳံးစိစိလုပ္ကာ အဂၢအနားတိုးလာၿပီး.......


“ထိုးမယ္ေလ ႏႈတ္ခမ္းနဲ႔...မြ မြ ႁပြတ္စ္!”


“ဒီငါ ိုးမသားကေတာ့.....”


                   သူတို႔ႏွစ္ေယာက္ စကားမ်ားေနၾကခ်ိန္တြင္ သုတႏွင့္ လြန္းသည္ ကိတ္မုန႔္တစ္ေယာက္တစ္ပန္းကန္စီယူလာၾကသည္။မဟာႏွင့္အဂၢတို႔ စကားေျပာေနၾကစဥ္အတြင္း သုတတို႔ႏွစ္ေယာက္က ဘယ္သူ႔ေခ်ာကလက္ကိတ္ကပိုေကာင္းလဲၿပိဳင္ေနၾကျခင္းျဖစ္သည္။သုတသည္ လြန္းထံမွ ေခ်ာကလက္ကိတ္လုပ္နည္းကို သင္ၿပီးသည့္အခ်ိန္မွစ၍ ေျမာက္ႂကြေျမာက္ႂကြျဖစ္ေနျခင္းျဖစ္သည္။


“ကိုကို ကြၽန္ေတာ္ေခ်ာကလက္ကိတ္လုပ္လာတယ္၊စားမယ္မလား”

“ကိုယ့္ေကာင္ေလးက ကိုယ့္အတြက္လုပ္လာတာပဲ၊စားရမွာေပါ့”


                  လြန္းက ကိတ္ပန္းကန္ေလးအား အဂၢေရွ႕သို႔ခ်ေပးလိုက္သည့္အခါ သုတကလည္း အားက်မခံ မဟာ့ေရွ႕သို႔ ကိတ္ပန္းကန္ေလးခ်ကာ......


“အစ္ကို႔အတြက္ ကြၽန္ေတာ္ရည္႐ြယ္ၿပီးလုပ္လာတာ.....”


              အၾကည့္မ်ားက “မစားလို႔မရဘူး၊မေကာင္းလည္းစားရမယ္”ဟုေျပာေနသေယာင္။မ်က္ႏွာေလးကသာၿပဳံးေနေသာ္လည္း မ်က္လုံးမ်ားက ကိတ္မုန႔္ကိုမ်က္ေစာင္းထိုးျပေနသည္။“စားေလ အခုထိမစားေသးဘဲဘာလုပ္ေနတာလဲ”ဆိုသည့္သေဘာ။


“ကိုယ့္ေပါက္စေလးက ကိုယ့္အတြက္ရည္႐ြယ္ၿပီးလုပ္ေပးလာတာကို စားရမွာေပါ့”



“ဟီးဟီး ဟုတ္၊စားေနာ္ အစ္ကို”


“ဟာ မစားနဲ႔ေနာ္ အစ္ကို၊အစ္ကိုသုတကေလ သူ႔မုန႔္သူျမည္းၾကည့္ၿပီးေတာ့ မ်က္ႏွာႀကီးရႈံ႕မဲ့သြားတာ၊ၿပီးေတာ့သူကေျပာေသးတယ္၊မေကာင္း ေခြးေကြၽးဆိုလားပဲ”


ဟင္!


ကိတ္ကေလးကိုခပ္ၿပီး ပါးစပ္ထဲသြင္းရန္ႀကံေနစဥ္ လြန္းစကားေၾကာင့္ ကိတ္မုန႔္ဇြန္းေလးသည္ ေလထဲမွာတန္းလန္းျဖစ္သြားသည္။မဟာသည္ သုတကိုတစ္လွည့္ ေခ်ာကလက္ကိတ္ကေလးကိုတစ္လွည့္ၾကည့္ေနရွာသည္။ထိုအခါက်မွ သုတကပ်ာပ်ာသလဲ ေျခတကာကာ လက္တကာကာျဖင့္ရွင္းျပသည္။


“ဟာ! အစ္ကို အဲ့လိုမဟုတ္ဘူးေနာ္၊အဲ့လိုမဟုတ္ဘူး၊ေဟ့ေကာင္! အေမာင္ မင္းအဲ့လိုေျပာလိုက္ေတာ့ အစ္ကိုကဘာျဖစ္သြားလဲ”



                    မဟာ့ကိုရွင္းျပေနရင္း လြန္းဘက္ကိုျမႇားဦးလွည့္လာသည့္အခါ အဂၢက......


“ေခြးျဖစ္သြားတာေပါ့ကြာ! ဟားဟား.....”


           အဂၢရယ္လို႔ပင္မဆုံးေသး မဟာ့လက္ထဲရွိကိတ္မုန႔္ပန္းကန္သည္ အဂၢမ်က္ႏွာသို႔ဝွီးခနဲ။

ခြီးးးဟားးဟားး

             သုတကရယ္သည့္အခါ လြန္းသည္ အဂၢလက္ထဲရွိကိတ္ပန္းကန္အား ဘာမေျပာညာမေျပာဆြဲယူကာ သုတ၏မ်က္ႏွာသို႔ အားျဖင့္ ဖက္ခနဲကပ္ခ်လိုက္ေလသည္။သုတအားထိေသာအခါ မဟာက သုတ၏မ်က္ႏွာမွ ခရင္မ္မ်ားအား လက္ျဖင့္ယူကာ လြန္းမ်က္ႏွာသို႔သုတ္ခ်လိုက္‌သည္။အဂၢကလည္း သူ႔မ်က္ႏွာရွိ ခရင္မ္မ်ားအားယူကာ မဟာ့မ်က္ႏွာသို႔အားရပါးရသုတ္လိုက္ေလသည္။ေလးေယာက္လုံး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ခရင္မ္မ်ားျဖင့္သုတ္ကာ ရယ္ေမာေနၾကသည္။ထိုေန႔သည္ကာ သူတို႔ေလးေယာက္လုံးအတြက္ Happy Creamy Dayေလးျဖစ္သြားပါေတာ့သည္




#Hsu Lynn Nge
#အခုမွစေရးတာျဖစ္လို႔မွားတာရွိရင္ေထာက္ျပၾကပါဗ်။အေကာင္းဆုံးႀကိဳးစားထားပါတယ္ဗ်။


**ဟီး မ်ားမ်ားေရးေပးထားတယ္ေနာ္ಠ⁠◡⁠ಠ

Continue Reading

You'll Also Like

347K 34.9K 109
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
751K 8.1K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
217K 8.2K 38
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
815K 79.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.