နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်း...

By Azure5549

45.2K 4.2K 54

ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဥ်းချုပ်
Ch 1 to 5
Ch 6 to 10
Ch 11 to 15
Ch 16 to 20
Ch 21 to 25
Ch 26 to 30
Ch 31 to 35
Ch 36 to 40
Ch 41 to 45
Ch 46 to 50
Ch 51 to 55
Ch 56 to 60
Ch 61 to 65
Ch 66 to 70
Ch 71 to 75
Ch 76 to 80
Ch 81 to 85
Ch 86 to 90
Ch 91 to 95
Ch 96 to 100
Ch 101 to 105
Ch 106 to 110
Ch 111 to 115
Ch 116 to 120
Ch 121 to 125
Ch 126 to 130
Ch 131 to 135
Ch 136 to 140
Ch 141 to 145
Ch 146 to 150
အပိုင်း ၁၅၁ မှ ၁၅၅
အပိုင်း ၁၅၆ မှ ၁၆၀
အပိုင်း ၁၆၁ မှ ၁၆၅
အပိုင်း ၁၆၆ မှ ၁၇၀
အပိုင်း ၁၇၁ မှ ၁၇၅
Ch 176 to 180
Ch 181 to 185
Ch 186 to 190
Ch 191 to 195
Ch 196 to 200
Ch 201 to 205
Ch 206 to 210
Ch 211 to 215
Ch 216 to 220
Ch 221 to 225
Ch 226 to 230
Ch 231 to 235
Ch 231 to 235
Ch 236 to 240
Ch 241 to 245
Ch 246 to 250
Ch 251 to 255
Ch 261 to 265
Ch 266 to 270
Ch 271 to 275
Ch 276 to 280
Ch 281 to 285
Ch 286 to 290
Ch 291 to 295
Ch 296 to 300
Ch 301 to 305
Ch 306 to 310
Ch 311 to 315
Ch 316 to 320
Ch 321 to 325
Ch 326 to 330
Ch 331 to 335
Ch 336 to 340
Ch 341 to 345
Ch 346 to 350
Ch 351 to 355
Ch 356 to 360
Ch 361 to 365
Ch 366 to 370
Ch 371 to 375
Ch 376 to 380
Ch 381 to 385
Ch 386 to 390
Ch 391 to 395
Ch 396 to 400
Ch 401 to 405
Ch 406 to 410
Ch 411 to 415
Ch 416 to 420
Ch 421 to 425
Ch 426 to 430
Ch 431 to 435
Ch 436 to 440
Ch 441 to 445
Ch 446 to 450
Ch 451 to 455
Ch 456 to 460
Ch 461 to 465
Ch 466 to 470
Ch 471 to 475
Ch 476 to 480
Ch 481 to 485
Ch 486 to 490
Ch 491 to 495
Ch 496 to 500
Ch 501 to 505
Ch 506 to 510
Ch 511 to 515
Ch 516 to 520
Ch 521 to 525
Ch 526 to 530
Ch 531 to 535
Ch 536 to 540
Ch 541 to 545
Ch 546 to 550
Ch 551 to Ch 555
Ch 556 to Ch 560
Ch 561 to Ch 565
Ch 566 to Ch 570
Ch 571 to Ch 575
Ch 576 to Ch 580
Ch 581 to 585
Ch 586 to 590
Ch 591 to 595
Ch 596 to 600
Ch 601 to 605
Ch 606 to 610
Ch 611 to 615
Ch 616 to 620
Ch 621 to 625
Ch 626 to 630
Ch 631 to 635
Ch 636 to 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
စာဖတ်သူများကို အနူးအညွတ်တောင်းပန်ခြင်း
756 - 760
761 - 765
766 - 770
771 - 775
776 - 780
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
781 - 785
786 - 790
791 - 795
တစ်ခုပြောချင်လို့ပါရှင့်
hello
hello

Ch 256 to 260

281 28 0
By Azure5549


Chapter 256 - လက်ရည်စမ်းခြင်း ၁

စားသောက်ဆိုင်ထဲက လူတိုင်း ယန်ချီကို ကြည့်ပြီး အလွန်တရာ ကြောက်ရွံ့ဖွယ်ခံစားချက်ကို ပေးစွမ်းပေမယ့် တိတ်တဆိတ် သက်ပြင်းချလိုက်မိတယ်။

ဒါပေမယ့် ယန်ချီက ဘိုးဘေးဆရာအဆင့် တစ်ယောက်ကို ပြစ်မှားခဲ့တာကြောင့် သေခြင်းတရားကို ရှာဖွေနေတာက သံသယ ဝင်စရာ မလိုပါဘူး။

“ဟုတ်တယ်လေ။ ဆရာသခင်အဆင့်ကိုတောင် မပြစ်မှားသင့်မှာတော့ ဘိုးဘေးဆရာအဆင့်ဆိုရင် တော့. . . .။

ဒါပေမယ့်လည်း ယန်ချီရဲ့ မျက်နှာကတော့ ဘာမှ မဖြစ်ခဲ့သလို အလွန်တည်ငြိမ်နေခဲ့တာကိုတော့ မမျှော်လင့်မိပါဘူး။

ယန်ချီကတော့ ခဏလောက် စဉ်းစားနေခဲ့ပုံရနေတယ်။

သူက ကောင်းကင်ဘုံ ကြယ်အင်ပါယာ ရှဂျူယောင်ကို ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်တယ်။

“မင်းက အလယ်အလတ် ဘိုးဘေးဆရာအဆင့်ပဲ။ ငါကတော့ မင်း ငါ့ကို စကားပြောဖို့ အဆင့်မမှီဘူးထင်တယ်”

ယန်ချီက အံ့အားသင့်သလို ပြောလိုက်တယ်။

မျှော်လင့်ထားတဲ့အတိုင်း ယန်ချီက ဒီလို စကားကို ပြောလိုက်တော့ စားသောက်ဆိုင်ထဲက လူတိုင်း ကြောက်အမ်းသွားကြပြီး အံ့သြမှင်သက်နေခဲ့တယ်။

သူတို့တွေ တကယ်ကို ထိတ်လန့်သွားကြတာ ဖြစ်သွားတယ်။

“အလယ်အလတ်ဘိုးဘေးဆရာအဆင့်က စကားပြောဖို့အတွက် အဆင့် မမှီဘူးလား”

ချက်ချင်းပဲ စားသောက်ဆိုင်ထဲက လူတွေအားလုံး ဒီအဖြစ်အပျက်ကို အိမ်မက်တစ်ခုလို ထင်နေတာကြောင့် အိမ်မက်ကနေ နိုးဖို့အတွက် ကိုယ့်ပါးကိုယ် ရိုက်လိုက်ကြတယ်။

ဒီအဖြစ်အပျက်က အိမ်မက်မဟုတ်ရင် တခါမှ မဖြစ်ပျက်ဖူးတဲ့ မြင်ကွင်းတစ်ခုလည်း ဖြစ်ခဲ့တယ်။

ဒါပေမယ့်လည်း ကောင်းကင်ဘုံကြယ်အင်ပါယာက ဒေါသထွက်ရမယ့်အစား ရယ်မောနေခဲ့တယ်။

သူက ယန်ချီကို အလွန်ထူးချွန်တဲ့ပါရမီရှင်တစ်ယောက်မှန်း သိပါတယ်။

ဒါကြောင့်လည်း ယန်ချီက လောကကာကွယ်ရေးမြို့တော်ကို အင်ပါယာဟီယီနဲ့ လိုက်လာနိုင်တာပေါ့။

ဒီလူက မည်သည့်အရှိန်အဝါကိုမှ  မထုတ်လွှတ်ထားပေမယ့်လည်း သူကတော့ ကောင်းကင်ဘုံကြယ်အင်ပါယာဆိုတဲ့ ဂုဏ်ပုဒ်ကို ပြသရမှပါ။

“ပြောစမ်းပါဦး မင်းက ဘယ်သူလဲ”

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်က ယန်ချီကို အထင်သေးစွာ ကြည့်ပြီး မေးလိုက်တယ်။

ယန်ချီက ကောင်းကင်ကို အန်တုနိုင်လောက်တဲ့ ပါရမီရှင်ဖြစ်ပါစေ သူ့အနေနဲ့ ချက်ချင်းကို အခါတစ်ထောင်လောက်သတ်နိုင်တယ်ဆိုတာ ရှဂျူယောင်အနေနဲ့ သိနေခဲ့တယ်။

ဒါပေမယ့် သူက မလုပ်ချင်သေးပါဘူး။

“ငါ ဘယ်သူလဲ ဟုတ်လား”

ယန်ချီက ပြုံးလိုက်တယ်။

စားသောက်ဆိုင်ထဲက လူတွေလည်း ယန်ချီကို ကြည့်လိုက်ကြတယ်။ သူတို့တွေလည်း ကောင်းကင်ဘုံကြယ်အင်ပါယာကို ဒီလို ပြောရဲတဲ့ ယန်ချီဘယ်သူလဲဆိုတာ သိချင်နေခဲ့ကြတယ်။

“ငါက မင်း မပြစ်မှားသင့်တဲ့ သူ တစ်ယောက်လေ”

စားသောက်ဆိုင်ထဲက လူအားလုံး ယန်ချီရဲ့ စကားကို ကြားတဲ့အခါ မိုးကြိုးအပစ်ခံလိုက်ရသလို ခံစားလိုက်မိတယ်။

“အလယ်အလတ်ဘိုးဘေးဆရာအဆင့် တစ်ယောက်ကို ဒီလို ပဲ ပြောလိုက်တာလား”

လူတိုင်းက ဒီမြင်ကွင်းက သူတို့ရဲ့ တစ်သက်တာမှာ ထိတ်လန့်ဖွယ်အကောင်းဆုံး မြင်ကွင်းဆိုတာ ကျိန်ဆိုရဲပါတယ်။

အစောပိုင်းမှာ ကောင်းကင်ဘုံကြယ်အင်ပါယာက အရှိန်အဝါကို ပြသချင်ခဲ့ပြီး ဝင့်ကြွားချင်ခဲ့ပေမယ့် ဒီအချိန်မှာတော့ ရှဂျူယောင်ရဲ့ အမူအယာက ပျက်သွားပါတော့တယ်။

သူက ကောင်းကင်ဘုံကြယ်အင်ပါယာလေ။

ဘယ်အချိန်ကများ ဘယ်သူက ဒီလို စကားမျိုး သူ့ကို ပြောရဲလို့လဲ။

လောကမဟာမိတ်အစည်းအဝေးမကျင်းပမီ အချိန်အတွင်းမှာ ယန်ချီအနေနဲ့ အကြိမ်ထောင်ပေါင်းများစွာ သေသင့်နေပါပြီ။

စားသောက်ဆိုင်ထဲက လူတိုင်းကတော့ ယန်ချီကို အရူးတစ်ယောက်လို့ထင်နေခဲ့ကြတယ်။

ဒါပေမယ့်လည်း ယန်ချီက အမှန်တရားတွေကို ပြောနေတာပါ။

အခုဆိုရင် သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက ဂျင် သန်း ၁၃၀ ကို ရောက်ရှိနေခဲ့ပြီး မူလဝိဉာဉ်ဘုရင်အဆင့်ကို ရောက်ဖို့ ဂျင် သန်း ၂၀ သာ လိုပါတော့တယ်။

အလယ်အလတ်ဘိုးဘေးဆရာအဆင့်ကို သူက ဂရုစိုက်စရာလား။

“ဟီယီ ငါ  အခု သူ့ကို သတ်ချင်တယ်။ မင်း ကန့်ကွက်မှာလား”

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်က အင်ပါယာ ဟီယီကို ကြည့်ပြီး မေးလိုက်တယ်။

“မင်းသဘောအတိုင်းပဲ”

အင်ပါယာဟီယီကတော့ တည်ငြိမ်စွာ ပြန်ပြောလိုက်တယ်။

ဒီစကားကို ကြားတော့ အင်ပါယာ ဟီယီတစ်ယောက် အေးစက်စက်ပြုံးလိုက်တယ်။

သူက သူ့လက်ချောင်းတွေကို မြှောက်လိုက်တယ်။

လက်ချောင်းတွေရဲ့ ထိပ်မှာတော့ ကြောက်လန့်ဖွယ် ချီစွမ်းအားတွေ စုစည်းလာခဲ့တယ်။

စားသောက်ဆိုင်ထဲက လူအားလုံးက ယန်ချီတစ်ယောက် ဒုက္ခရောက်တော့မယ်ဆိုတာ သိပေမယ့် မသနားခဲ့ကြပါဘူး။ ယန်ချီကိုယ်တိုင်က ဒီလို ဖြစ်အောင် ပြုမူနေထိုင်ခဲ့တာလေ။

ရုတ်တရက် ကောင်းကင်ဘုံကြယ်အင်ပါယာက ယန်ချီဆီကို လက်ချောင်းတွေနဲ့ တိုက်ခိုက်လိုက်တယ်။ လက်ချောင်းတွေကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ ချီစွမ်းအားက ယန်ချီဆီကို မိုးကြိုးလို ပြေးဝင်သွားခဲ့တယ်။

ဒီအမြန်နှုန်းက အလွန် မြန်ဆန်ပါတယ်။

ချက်ချင်းဆိုသလို ယန်ချီနဲ့ ဆံပင်တချောင်းသာ အကွာအဝေးကို ရောက်သွားခဲ့တယ်။

🐼🐼🐼🐼🐼🐼🐼🐼

Chapter 257 - လက်ရည်စမ်းခြင်း ၂

ယန်ချီသေတော့မလို့ အားလုံးက ထင်နေကြချိန်မှာ ယန်ချီက ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။

လူတိုင်းရဲ့ အမြင်မှာတော့ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့တယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ လက်ချောင်းက အောက်ကို စိုက်ဆင်းလာပြီး စားသောက်ဆိုင်နံရံကို ထိမှန်သွားခဲ့တယ်။

ရုတ်တရက် စားသောက်ဆိုင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ရတယ်။

“ပြေးကြဟေ့ စားသောက်ဆိုင်ပြီး ပြိုကျတော့မယ်”

စားသောက်ဆိုင်ထဲက လူတိုင်း ထိတ်လန့်သွားကြပြီး စားသောက်ဆိုင်အပြင်ကို ပြေးထွက်သွားကြတယ်။

ကံကောင်းထောက်မစွာနဲ့ စားသောက်ဆိုင်နဲ့ ဟိုတယ်တို့က အဆောက်အဦးတစ်ခုထဲ မဟုတ်ခဲ့ပါဘူး။ အဲ့ဒီလိုမဟုတ်ရင် ဟိုတယ်တစ်ခုလုံး ပြိုကျပျက်စီးသွားနိုင်သည်အထိ ဘိုးဘေးဆရာအဆင့် တစ်ယောက်ရဲ့ တိုက်ခိုက်မှုက တကယ်ကို ကြောက်မက်ဖွယ်ကောင်းနေခဲ့တယ်။

စားသောက်ဆိုင်ထဲက လူတိုင်း အပြင်ကို ထွက်ပြေးသွားကြပြီးနောက် သူတို့တွေက ကျယ်လောင်တဲ့ အသံတစ်သံကို ကြားလိုက်ရပြီး စားသောက်ဆိုင်ကြီးက အမှုန်တွေအဖြစ်ပြိုကျပျက်စီးသွားတာကို မြင်လိုက်ရတယ်။

ဒီအချိန်မှာတော့ လူတွေ တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့တွေကြားမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်လာတော့မယ်ဆိုတာကို သိလိုက်ကြတယ်။

သူတို့တွေဆိုတာ အခြားလူတွေမဟုတ်ပဲ ယန်ချီနဲ့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်တို့ ပါပဲ။

“မင်းရဲ့ လှုပ်ရှားမှုက အရမ်း မြန်ဆန်နေမယ်လို့ မမျှော်လင့်မိဘူး”

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်က ယန်ချီကို နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်။

ဒီမတိုင်ခင်က သူ့အနေနဲ့ ယန်ချီကို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်လို့ တွေးထားခဲ့ပေမယ့် ယန်ချီကို အစွမ်းထက် သိုင်းပညာရှင်တစ်ယောက်လို့ မထင်ထားခဲ့မိပါဘူး။

ဒါပေမယ့်လည်း ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်က ယန်ချီအနေနဲ့ သူ့ထက်ပိုပြီး ပိုတော်တဲ့ လူတစ်ယောက်လို့တော့ မထင်မိပါဘူး။

“ဒီနေရာက လောကကာကွယ်ရေးမြို့တော်ပဲ။ ငါတို့တွေ မြေပြင်မှာ တိုက်ခိုက်မယ်ဆိုရင် ဒီမြို့တော် ပျက်စီးသွားလိမ့်မယ်။ လေထဲမှာ တိုက်ခိုက်ကြမယ်”

စကားဆုံးသွားတာနဲ့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်က လေထဲ ခုန်တက်လိုက်တယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်က လေထဲ ခုန်တက်သွားတဲ့အခါ ယန်ချီလည်း လိုက်ပါခုန်တက်သွားပြီး လေထဲမှာ ရောက်ရှိသွားတယ်။

အခုအချိန်က မနက်ခင်းပိုင်းဆိုတော့ နေရောင်က လင်းလက်တောက်ပနေခဲ့တယ်။

မရေမတွက်နိုင်တဲ့ လူတွေက ဒီမြင်ကွင်းကို မြင်တော့ သူတို့ရဲ့ မျက်နှာထက်မှာ အံ့အားသင့်မှုတွေ ပြည့်နှက်နေခဲ့တယ်။

“ကြောက်မက်ဖွယ်တိုက်ပွဲကြီး တစ်ခု စတော့မှာလား”

“ဒီလူနှစ်ယောက်က ဘယ်သူတွေလဲ”

“ငါလည်း မသိဘူး။ ဒီလောကကာကွယ်ရေးမြို့ထဲက လူတွေမဟုတ်တာ သေချာတယ်။ ငယ်ရွယ်တဲ့ လူငယ်ကိုကြည့်ရတာ သူက ဘယ်လိုလုပ်ပြီး ပျံနိုင်တာလဲ”

“ဘိုးဘေးဆရာအဆင့် သိုင်းပညာရှင်တွေသာ လောကမဟာမိတ်အစည်းအဝေးမှာ ပါဝင်နိုင်တယ် မှတ်လား”

မြေပြင်က လူတိုင်းအနေနဲ့ ယန်ချီနဲ့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်တို့ရဲ့ နောက်ခံတွေကို မှန်းဆနေကြတယ်။

ရုတ်တရက် ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်က ခန္ဓာကိုယ် တစ်ခုလုံးလှုပ်ရှားလိုက်တော့ သူ့ခန္ဓာကိုယ်မှာ သာမန်နဂါးနှစ်ကောင်ရဲ့ စွမ်းအားတွေ ပေါ်လာခဲ့တယ်။

“ဟူး . .”

အောက်ကနေ ဒီတိုက်ပွဲကို စောင့်ကြည့်နေကြတဲ့လူတိုင်း ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်ရဲ့ သာမန်နဂါးနှစ်ကောင် စွမ်းအားကို မြင်လိုက်ကြတော့ ပင့်သက်ရှိုက်မိလိုက်ကြတယ်။

“အလယ်အလတ် ဘိုးဘေးဆရာအဆင့်ပဲ. . .”

လောကမဟာမိတ်အစည်းအဝေးက မကြာခင်မှာ ကျင်းပတော့မယ်ဆိုတာ လောကကာကွယ်ရေးမြို့တော်မှာ နေကြတဲ့ သူတို့အားလုံး သိကြတယ်။ ဒီကြောက်မက်ဖွယ်ကောင်းတဲ့ အလယ်အလတ် ဘိုးဘေးဆရာအဆင့်က လောကမဟာမိတ်အစည်းအဝေးကို တက်ဖို့ ရောက်လာတာ ဖြစ်နိုင်တယ်။

“ဒီလူက အလယ်အလတ် ဘိုးဘေးဆရာအဆင့် မဟုတ်ဘူးလား”

“မဖြစ်နိုင်ဘူး။ သူက ငါ့ထက်တောင် အသက်မကြီးသေးဘူး။ ဘယ်လိုအစွမ်းထက်တဲ့ ပါရမီရှင်ဖြစ်ပါစေ ဒီအသက်အရွယ်နဲ့ ဘိုးဘေးဆရာအဆင့်ကို ရောက်ဖို့ ကျင့်ကြံဖို့က မဖြစ်နိုင်ဘူး”

“ဟုတ်တယ် သူသာ အလယ်အလတ်ဘိုးဘေးဆရာအဆင့်ဆိုရင် ငါ့ ဆံပင်နဲ့ ထောက်ပြီး ကင်းမြီးကောက်ထောင်ပြမယ်”

မြေပြင်မှာ ရှိနေတဲ့လူတိုင်းက ယန်ချီကို အလယ်အလတ်ဘိုးဘေးဆရာအဆင့် အဖြစ် မယုံကြည်ကြတဲ့အပြင် ဘိုးဘေးဆရာအဆင့်လို့တောင် မထင်ကြပါဘူး။

ဘာပဲဖြစ်ဖြစ် ဘိုးဘေးဆရာအဆင့်ဆိုတာ လူများစွာ မောမကြည့်ရဲတဲ့ အဆင့်အတန်းတစ်ခုလေ။

“မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပြစမ်းပါ”

လေထဲမှာ ရပ်နေတဲ့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်က မီတာ တစ်ရာ အကွာအဝေးမှာ ရှိတဲ့ ယန်ချီကို ကြည့်ပြီး ပြောလိုက်တယ်။

သူ့ရဲ့ အသံမှာ ချီစွမ်းအင်တွေ ပါဝင်နေခဲ့ပြီး အဝေးကို ပျံ့နှံ့သွားခဲ့တော့ မရေမတွက်နိုင်တဲ့လူတွေက ဒီအသံကို ကြားလိုက်ကြတယ်။

အချိန်သိပ်မကြာခင်မှာပဲ မြေပြင်ကနေ စောင့်ကြည့်သူတွေ ပိုပိုများလာခဲ့တယ်။

လူတိုင်းက ယန်ချီကို ကြည့်နေကြပြီး ယန်ချီက ဘယ်လို တိုက်ခိုက်ရေးစွမ်းအားမျိုး ပြသမလဲဆိုတာကိုလည်း သိချင်နေကြတယ်။

“ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းအားလား. . .”

ယန်ချီက ပြုံးလိုက်တယ်။

ချက်ချင်းဆိုသလို သာမန်နဂါးနှစ်ကောင်ရဲ့ စွမ်းအားက သူ့ခန္ဓာကိုယ်ပတ်လည်မှာ လွှမ်းခြုံလာခဲ့တယ်။

🐼🐼🐼🐼🐼🐼🐼🐼🐼🐼

Chapter 258 - ဘိုးဘေးဆရာအဆင့်တွေရဲ့ ထိတ်လန့်ဖွယ် တိုက်ပွဲ

ယန်ချီထုတ်လွှတ်လိုက်တဲ့ နဂါးနှစ်ကောင်ရဲ့ စွမ်းအားကို မြင်လိုက်တော့ မြေပြင်ကနေ ကြည့်နေတဲ့ လူတိုင်း မိုးကြိုးအပစ်ခံလိုက်ရသလို ဖြစ်သွားကြတယ်။

သူတို့တွေရဲ့ မျက်လုံးအစုံက သူတို့တသက်တာမှာ အပြူးကျယ်ဆုံးဖြစ်ခဲ့ပြီး သူတို့ရဲ့ အဟောင့်သားဖြစ်နေတဲ့ ပါးစပ်တွေကလည်း ငန်းဥကိုတောင် မျိုချနိုင်စွမ်းရှိသည်အထိ ဟနေခဲ့ကြတယ်။

သူတို့တွေအနေနဲ့ သူတို့တသက်တာမှာ တခါမှ မဖြစ်ပွားခဲ့တဲ့ အရာတစ်ခုကို မြင်လိုက်ရသလိုပါပဲ။

“သူ. . သူကလည်း အလယ်အလတ်ဘိုးဘေးဆရာအဆင့်လား”

“အိုး ဘုရားရေ ဒီအလယ်အလတ်ဘိုးဘေးဆရာအဆင့်က လူငယ်တစ်ယောက်သာသာ မဟုတ်လား”

“ဘယ်လိုလုပ်ပြီး သူ့ရဲ့ အသက်အရွယ်နဲ့ အလယ်အလတ်ဘိုးဘေးဆရာအဆင့်ကို ကျင့်ကြံဖို့က မဖြစ်နိုင်ဘူးလေ”

ယန်ချီရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ လွှမ်းခြုံနေတဲ့ နဂါးနှစ်ကောင်ရဲ့စွမ်းအားက မြေပြင်က လူတွေအားလုံးကို များစွာ အကျိုးသက်ရောက်မှု ဖြစ်စေခဲ့တယ်။

သူတို့တွေသာမက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် လည်း အံ့အားသင့်ခဲ့ရတယ်။

ယန်ချီကို အလယ်အလတ်ဘိုးဘေးဆရာအဆင့် တစ်ယောက်လို့ သူ့အနေနဲ့ ဘယ်လိုမှာ မထင်မိခဲ့ပါဘူး။

“မင်း. .  မင်း ဘယ်လိုလုပ်ပြီး အလယ်အလတ် ဘိုးဘေးဆရာအဆင့် ဖြစ်နိုင်မှာလဲ”

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ယန်ချီကို ထိတ်လန့်စွာ ကြည့်ပြီး ပြောလိုက်မိတယ်။

ဘယ်လိုပဲ ကြည့်ကြည့် ယန်ချီက အသက် နှစ်ဆယ်ပတ်ဝန်းကျင်သာ ရှိပုံရပါသေးတယ်။

သူ့အနေနဲ့ ကောင်းကင်ဘုံကြယ်အင်ပါယာ မှာ အချိန်များစွာ နေခဲ့လို့များလား။ ဘိုးဘေးဆရာအဆင့်တွေက ဒီလောက်တော့ လွယ်ကူသွားတာလဲ။

“ဒီမေးခွန်းလား ငါတော့ ဒီမေးခွန်းကို ဖြေနိုင်မယ်မထင်ဘူး”

ယန်ချီက ပေါ့ပါးစွာ ပြောလိုက်တယ်။

ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့တယ်။

မြေပြင်က အခြေအနေကလည်း တဖြေးဖြေး တည်ငြိမ်လာခဲ့တယ်။

လူတိုင်းအနေနဲ့ ဘိုးဘေးဆရာအဆင့် တိုက်ပွဲက မကြာခင်မှာ စတော့မယ်ဆိုတာ သိကြပြီး ဒီလို တိုက်ပွဲမျိုးဆိုတာ ဘယ်တော့မှ မေ့လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။

ဒါကြောင့် သူတို့ရဲ့ မျက်လုံးတွေကို သာမန်ထက်ပိုပြီး ပြူးကျယ်ထားပြီး လှုပ်ရှားမှု သေးသေးလေးကိုတောင် အလွတ်မပေးချင်ခဲ့ကြပါဘူး။

“ဟား ဟား”

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ရုတ်တရက် နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်။ “မင်းက အလယ်အလတ်အင်ပါယာအဆင့် ဖြစ်တယ်ဆိုတိုင်း ငါ့ကို နိုင်မယ်များ ထင်နေတာလား”

“မင်းရဲ့ ခန္ဓာကိုယ်မှာ လွှမ်းခြုံနေတဲ့ နဂါးနှစ်ကောင်ရဲ့ စွမ်းအားကို ကြည့်ရတာ မင်းအနေနဲ့ မကြာသေးခင်ကမှ အလယ်အလတ်ဘိုးဘေးဆရာအဆင့်ကို ချိုးဖြတ်ခဲ့ပုံပဲ။ ဟုတ်တယ် မှတ်လား”

အလယ်အလတ်ဘိုးဘေးဆရာအဆင့်ကို ချိုးဖြတ်လိုက်ပြီးဆိုရင် တိုက်ခိုက်ရေးစွမ်းအားက ဂျင် သန်း ၆၀ သာ ရှိပါတယ်။

ယန်ချီ စကားပြန်မပြောတာကို မြင်တော့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က သူပြောတာ မှန်မှန်း သိလိုက်ပြီး သူ့မျက်နှာပေါ်မှာ မောက်မာတဲ့ အငွေ့အသက်တွေ ဖြတ်ပြေးသွားခဲ့တယ်။

“ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဂျင် သန်း ၈၀ ရှိတယ်။ ဘယ်လိုဖြစ်ဖြစ် မင်းက ငါ့ပြိုင်ဖက် မဖြစ်နိုင်ဘူး”

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ယန်ချီကို လှောင်ပြောင်ပြောဆိုလိုက်တယ်။

ယန်ချီက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် ရဲ့ မျက်နှာပေါ်က လှောင်ပြောင်မှုတွေကို ကြည့်ပြီး သူက တိတ်တဆိတ်ခေါင်းခါလိုက်တယ်။

အလွန်မြင့်မားတဲ့ နေရာတိုင်း အေးတယ်လို့ မဆိုလိုပါဘူး။

ဂုဏ်သရေမြင့်မားတဲ့ ဘိုးဘေးဆရာအဆင့်တစ်ယောက်အနေနဲ့ ဒီလို အမူအကျင့်မျိုး မရှိသင့်ပါဘူး။

ဒါပေမယ့်လည်း သူက အန္တိမခန္ဓာကိုယ် အဆင့်လေးနဲ့ နတ်ဆိုးပိုင်းဖြတ်သူဓါးကို ချက်ချင်း အသုံးမပြုသေးပါဘူး။

ဘာကြောင့်လဲဆိုတော့ တိုက်ခိုက်ရေးစွမ်းအား ဂျင် သန်း ၈၀ ရဲ့တိုက်ခိုက်မှုအောက်မှာ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအား ဂျင် သန်း ၆၀ က ဘယ်လောက်ထိ ခုခံနိုင်မလဲဆိုတာ သိချင်ပါသေးတယ်။

“မင်း ငါ့ကို မတိုက်ခိုက်ရဲပါဘူး”

ယန်ချီက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် ကို ကြည့်ပြီး ပြောလိုက်တယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် တစ်ယောက် စဉ်းစားမရ ဖြစ်သွားခဲ့တယ်။

“ငါ မင်းကို မတိုက်ခိုက်ရဲဘူးလို့ ဘယ်သူ ပြောလဲ”

“မင်း ငါ့ကို တိုက်ခိုက်ရဲရင် ဒီလို အဓိပ္ပါယ်မရှိတာတွေ ပြောနေမှာ မဟုတ်ဘူးလေ”

ယန်ချီက မေးခွန်း ပြန်ထုတ်လိုက်တယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ဒီစကားတွေကို ကြားတော့ သူ့ရဲ့ မျက်လုံးအစုံ ကျုံ့သွားခဲ့ပြီး အလွန်ဒေါသထွက်သွားကာ သူ့ရဲ့ ဦးခေါင်းထက်ကနေ အငွေ့တွေ ထွက်လာသလို ခံစားလိုက်ရတယ်။

“ဘုန်း”

သူက လက်သီးတစ်ချက်ကို ယန်ချီဆီ ပြင်းထန်စွာ ထိုးလွှတ်လိုက်တယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် ရဲ့ လက်သီးမှာ နဂါးနှစ်ကောင်ရဲ့ စွမ်းအား ရုတ်တရက် ပေါ်လာခဲ့တယ်။

“တိုက်ပွဲကတော့ စပြီဟေ့”

မြေပြင်ကနေ စောင့်ကြည်နေကြတဲ့ လူတိုင်းရဲ့ မျက်နှာထက်မှာ လေးနက်သွားခဲ့ပြီး စိတ်လှုပ်ရှားတဲ့ အမူအယာတွေ ပေါ်လာခဲ့တယ်။ သူတို့တွေအနေနဲ့ ဘိုးဘေးဆရာအဆင့်တို့ကြားက တိုက်ပွဲကို မမြင်ဖူးပါဘူး။

ဘေးမှာ ရပ်နေတဲ့ အင်ပါယာ ဟီယီက ယန်ချီရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းကောင်းသိနေတယ်။ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် အနေနဲ့ ယန်ချီရဲ့ ပြိုင်ဖက်မဖြစ်နိုင်ဘူးဆိုတာကိုလည်း သူ သိပါတယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် ရဲ့ လက်သီးကနေ ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ နဂါးနှစ်ကောင်ရဲ့ စွမ်းအားက ဖြတ်သန်းသွားတဲ့ လေဟာနယ်တွေကိုတောင် ကွဲကျေခဲ့ပြီး အလွန်တရာ မြန်ဆန်နေတော့ ကြည့်နေတဲ့လူတွေကို ကြောက်ရွံ့သွားစေခဲ့တယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က လက်သီးတစ်ချက် ထိုးလွှတ်လိုက်သလို ယန်ချီကလည်း လက်သီးတစ်ချက် ပြန်ထိုးလိုက်တယ်။

တူညီစွာနဲ့ ယန်ချီရဲ့လက်သီးဆီကနေ နဂါးနှစ်ကောင်ရဲ့ စွမ်းအားက လှိုင်းလုံးသဖွယ် ပြေးထွက်လာခဲ့တယ်။

🐼🐼🐼🐼🐼🐼🐼🐼🐼

Chapter 259 - နဂါးလေးကောင်ရဲ့စွမ်းအား

မြေပြင်ပေါ်က မရေမတွက်နိုင်တဲ့ လူတွေက ယန်ချီနဲ့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် တို့ စတင်တိုက်ခိုက်လိုက်တာကို မြင်တော့ သူတို့ရဲ့ မျက်လုံးတွေကို ဝိုင်းစက်စွာ ပြူးထားလိုက်ကြတယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က နဂါးနှစ်ကောင်ရဲ့ စွမ်းအားကို ထုတ်လွှတ်လိုက်သလို ယန်ချီကလည်း နဂါးနှစ်ကောင်ရဲ့ စွမ်းအားကို ထုတ်လွှတ်လိုက်ပါတယ်။

နဂါးလေးကောင်ရဲ့စွမ်းအားတွေက လေထဲမှာ ပျံသန်းသွားကြတယ်။

နဂါးတွေကနေ ထွက်ပေါ်လာတဲ့ အသံကြောင့် မြေပြင်ကနေ ကြည့်နေတဲ့ လူတိုင်း နားအူသွားကြရတယ်။

ဒါပေမယ့်လည်း သူတို့ရဲ့ မျက်လုံးအစုံကိုတော့ သာမန်ထက်ပိုပြီးဆယ်ဆ ပြူးကျယ်ထားခဲ့ကြတယ်။ နှစ်ဖက်ကနေ ထုတ်လွှတ်လိုက်တဲ့ စွမ်းအားတွေက အသီးသီးရင်ဆိုင်မိသွားကြပါတော့တယ်။

“ဝုန်း ”

ရုတ်တရက် လေထဲကနေ ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ်လာခဲ့ပါတယ်။

ဒီရင်ဆိုင်မှုကြောင့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသလို မြေပြင်တောင်မှ တုန်ခါသွားခဲ့တယ်။

နဂါးလေးကောင်ရဲ့ စွမ်းအားက လေထဲမှာ အချင်းချင်း ရင်ဆိုင်မိသွားကြတယ်။

နဂါးလေးကောင် ရင်ဆိုင်မိတဲ့ နေရာရဲ့ မီတာ တရာ ဝန်းကျင်မှာ လေဟာနယ်တွေ အက်ကွဲသွားခဲ့ရတယ်။

မြေပြင်မှာ ရှိနေတဲ့ လူတိုင်းက ဒီမြင်ကွင်းကို ကြည့်ပြီး ထိတ်လန့်နေကြရတယ်။

“ဒါတွေက ဘိုးဘေးဆရာအဆင့်တွေရဲ့ စွမ်းအားလား”

သူတို့တွေက ဘိုးဘေးဆရာအဆင့်တွေကို လူသားတွေကို ကျော်ဖြတ်ပြီး နတ်ဘုရားတွေအလား ခံစားရစေခဲ့တယ်။

ဒီအချိန်အထိ နဂါးလေးကောင်ရဲ့ စွမ်းအားက လေထဲမှာ ရင်ဆိုင်မိကြတုန်းရှိနေဆဲပါ။

ဒါပေမယ့်လည်း ယန်ချီက သူ ထုတ်လွှတ်လိုက်တဲ့ နဂါးနှစ်ကောင်ရဲ့ စွမ်းအားက ပြိုင်ဖက်ထုတ်လွှတ်တဲ့ နဂါးနှစ်ကောင်ရဲ့ စွမ်းအားနဲ့တူမှာ မဟုတ်မှန်း သိပါတယ်။

ဘာပဲဖြစ်ဖြစ် သူက တိုက်ခိုက်ရေးစွမ်းအား ဂျင် သန်း ၆၀ ကိုသာ ထုတ်သုံးထားပါတယ်။

အသေအချာပါပဲ။ စက္ကန့်အနည်းငယ်လောက်အကြာမှာတော့ ယန်ချီထုတ်လွှတ်ခဲ့တဲ့ နှဂါးနှစ်ကောင်ရဲ့ စွမ်းအားက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် ထုတ်လွှတ်ခဲ့တဲ့ စွမ်းအားကြောင့် ပျောက်ကွယ်သွားခဲ့ပါတယ်။

လက်ကျန်စွမ်းအားတွေက ယန်ချီဆီကို ဆက်လက်ပျံသန်းလာနေခဲ့တယ်။

ကံကောင်းထောက်မစွာနဲ့ ယန်ချီရဲ့ အမြန်နှုန်းက လွန်စွာ မြန်ဆန်နေခဲ့တယ်။

သူက သူ့ဆီကို ပြေးဝင်လာတဲ့ နဂါးနှစ်ကောင်ရဲ့ စွမ်းအားလက်ကျန်ကို ရှောင်တိမ်းလိုက်တယ်။

မြေပြင်မှာ ကြည့်နေတဲ့လူတွေက ဒီအခြေအနေကို မြင်တော့ တစ်ကိုယ်လုံး ချွေးပြန်သွားကြတယ်။

သူတို့တွေရဲ့ အမြင်မှာတော့ ဘိုးဘေးဆရာအဆင့်တွေက တကယ်ကို ကြောက်မက်ဖွယ်ကောင်းပြီး အလျဉ်းသင့်သလို တိုက်ခိုက်မှုတစ်ခုက သူတို့ရဲ့ အသက်ကို နှုတ်ယူနိုင်စွမ်း ရှိမှန်း ခံစားလိုက်ရတယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်  ယန်ချီကို နှာခေါင်းရှုံ့ပြီး ကြည့်လိုက်တယ်။

“အရှုံးပေးပြီးလား မင်းမှာ တိုက်ခိုက်ရေးစွမ်းအား ဂျင် သန်း ၆၀ ပဲရှိတယ်။ မင်းက ငါ့ ပြိုင်ဖက် မဖြစ်နိုင်ဘူး”

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် အနေနဲ့ ယန်ချီကို အလယ်အလတ်ဘိုးဘေးဆရာအဆင့်မှန်း သိပြီးနောက် ယန်ချီကို မသတ်နိုင်မှန်း သူ သိလိုက်တယ်။

နတ်ဆိုးမိစ္ဆာတွေနဲ့ ပြည့်နှက်နေတဲ့ ဒီလောကကြီးမှာ ဘိုးဘေးဆရာအဆင့်ဆိုတာ လူသားတွေအတွက် ရတနာတစ်ပါးပါပဲ။ သူ့အနေနဲ့ စားသောက်ဆိုင်ထဲမှာ ရှိတုန်းက ယန်ချီကို ကောင်းကင်ရဲ့ အမြင့်ကို မသိတဲ့ လူငယ်တစ်ယောက်လို့ ထင်ခဲ့မိပါတယ်။

ဒါပေမယ့် သူ မသတ်နိုင်ပေမယ့် အနိုင်ယူနိုင်ပါသေးတယ်။ သူ့အနေနဲ့ ယန်ချီကို ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ရန်စဖို့ မသင့်ကြောင်း သိစေလိုပါတယ်။

“တခါတလေမှာ မင်း မျက်လုံးထဲမှာ မြင်နေရတာက ” ယန်ချီက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်ကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “အမှန်တရားတွေ မဖြစ်နိုင်ဘူး”

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ဒီစကားကို ကြားတော့ နှာခေါင်းရှုံလိုက်တယ်။

သူက ယန်ချီ ဆိုလိုတာကို နားမလည်ခဲ့ပေမယ့် ယန်ချီပြောတာက ဘယ်လောက်တောင် ရယ်စရာ ကောင်းတယ်ဆိုတာ တွေးနေခဲ့တယ်။

သူက ကြီးကျယ်ခမ်းနားသူ တစ်ယောက်လေ။

ယန်ချီက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် ကို ကြောက်ရွံ့အောင်လုပ်ဖို့အတွက် သူ့မျက်လုံးတွေနဲ့ မြင်တွေ့နေရတာတွေက အမှန်မဟုတ်ဘူးလို့ ပြောခဲ့ပုံပါပဲ။

“ဒါဆိုရင်လည်း ငါ မြင်တာတွေက အမှန်ဖြစ်သွားအောင် မင်းကိုငါ အနိုင်ယူပြမယ်”

စကားသံ ဆုံးသွားတာနဲ့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က အရှိန်တင်ပြီး ယန်ချီဆီကို ပျံသန်းသွားခဲ့တယ်။ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံနေတဲ့ နဂါးနှစ်ကောင်ရဲ့ စွမ်းအားက ကြောက်မက်ဖွယ် နဂါးအော်မြည်သံတွေ ထွက်ပေါ်နေခဲ့တယ်။

ဒီအလျင်နှုန်းကို ကြည့်ပြီး ယန်ချီက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် အနေနဲ့ သာလွန်ကောင်းကင်အဆင့် အမြန်နှုန်းနည်းစနစ် တစ်ခုခုကို ကျင့်ကြံထားမှန်း သိလိုက်ပြီး အဆင့်တစ်ခုကို ရောက်နေမှန်းလည်း သိလိုကတယ်။ ဒါပေမယ့်လည်း ဒီအလျင်က သူ့အတွက် မြန်တယ်လို့ မဆိုနိုင်ပါဘူး။

သူလည်း သာလွန်ကောင်းကင်အဆင့် ကောင်းကင်ခြေလှမ်းနည်းစနစ်ကို လေ့ကျင့်ထားခဲ့ပြီး အန္တိမခန္ဓာကိုယ် အဆင့်လေးကို ရောက်နေတာဆိုတော့ သူ့ခန္ဓာကိုယ်ရဲ့ စွမ်းအားတွေကို ပုံမှန်ကျင့်ကြံသူတွေထက် ပိုပြီး မြန်ဆန်စေပါတယ်။

ဒီအချိန်မှာတော့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ယန်ချီနဲ့ အနည်းငယ်သာ ကွာဝေးပါတော့တယ်။

ချက်ချင်းဆိုသလို ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ယန်ချီဘေးကို ရောက်လာခဲ့တယ်။

သူ့လက်သီးပေါ်မှာ နဂါးနှစ်ကောင်ရဲ့ စွမ်းအားက စုစည်းလာခဲ့ပြီး လွှမ်းမိုးနိုင်လွန်းတဲ့ ခံစားချက်ကို ပေးစွမ်းပါတယ်။

“ဘုန်း”

သူက လက်သီးနဲ့ ယန်ချီကို ထိုးလိုက်ပါတယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ယန်ချီနဲ့ နီးကပ်နေတာကြောင့် ယန်ချီအနေနဲ့ ဒီလက်သီးချက်ကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူးဆိုတာ သိလိုက်တယ်။

မြေပြင်က လူတိုင်းလည်း ထိတ်လန့်နေခဲ့ကြတယ်။ဒ

“ယန်ချီက အထိုးခံရတော့မှာလား”

နဂါးနှစ်ကောင်ရဲ့စွမ်းအားနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ လက်သီးချက်က ယန်ချီနဲ့ ဆံပင်တစ်ချောင်းစာသာ ဝေးပါတော့တယ်။

မြေပြင်က လူတိုင်းက ယန်ချီက ဒီလက်သီးချက် ထိမှန်သွားပြီး ရှောင်တိမ်းနိုင်မယ်လို့ မထင်ကြပါူဘး။

“ဟူး. . ”

မြေပြင်က လူတိုင်း ထိတ်လန့်စွာနဲ့ ပင့်သက်ရှိုက်မိလိုက်ကြတယ်။

ဒီလောက်အကွာအဝေးဆိုရင် သူတို့ရဲ့ အမြင်အရ ယန်ချီက အလယ်အလတ် ဘိုးဘေးဆရာအဆင့်ပဲ ဖြစ်ပါစေ ရှောင်တိမ်းဖို့က မဖြစ်နိုင်တော့ပါဘူး။

ယန်ချီရဲ့ အမြန်နှုန်းက ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းလို့လဲ

သူတို့တွေရဲ့ မှန်းဆနိုင်တာရဲ့ အလွန်မှာလား။

မြေပြင်က လူတွေသာမက လေထဲမှာ ရှိနေတဲ့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် လည်း ထိတ်လန့်သွားခဲ့ရတယ်။

ဒီလောက်ပဲ ကွာဟတော့တာတောင် ယန်ချီက သူ့တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်လိမ့်မယ်လို့ သူ မမှန်းဆမိခဲ့ပါဘူး။

ဒီအချိန်မှာတော့ ယန်ချီက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် ရဲ့ ဘယ်ဖက်ကို ရောက်နေခဲ့တယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ယန်ချီကို ထိတ်လန့်စွာ ကြည့်လိုက်ပြီး ပြောလိုက်မိတယ်။ “မင်းရဲ့ အလျင်က ဘာလို့ ဒီလောက်မြန်နေရတာလဲ”

“မင်းရဲ့ တိုက်ခိုက်မှုက မဆိုးပါဘူး”

ယန်ချီရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားခဲ့ပြီး သူ့မျက်နှာထက်မှာ အပြုံးယောင်ယောင်လေး ပေါ်လာခဲ့တယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ယန်ချီရဲ့ မျက်နှာပေါ်က အမူအယာကို ကြည့်ပြီး သူ့အမူအယာက အလွန်တရာ အေးစက်သွားခဲ့တယ်။

“မင်းနဲ့ ငါ့ကြားက ကွာဟမှုကို မင်း မသိသေးဘူးလား”

ကောင်းကင်ဘုံကြယ်အင်ပါယာ က ယန်ချီကို အေးစက်စက်ပြောလိုက်တယ်။

“မင်းနဲ့ ငါ့ကြားက ကွာဟချက်လား”

ယန်ချီက ပြုံးလိုက်ပြီး ပြောလိုက်တယ်။ “ဒါဆိုရင် မင်းနဲ့ငါ့ကြားက ကွာဟချက်ကို မင်း မြင်အောင် ငါ ပြမယ်လေ”

တိုက်ခိုက်ရေးစွမ်းအား ဂျင် သန်း ၈၀ နဲ့ သန်း ၆၀ တို့ကြားက မကျော်လွန်နိုင်ဘူးဆိုတာ ယန်ချီ သိသွားခဲ့ပါပြီ။

ဒါပေမယ့်လည်း အခု ယန်ချီက အန္တိမခန္ဓာကိုယ်ကို သုံးဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။

ရုတ်တရက် ယန်ချီတစ်ကိုယ်လုံး လှုပ်ရှားလိုက်တယ်။

ကြောက်မက်ဖွယ်ကောင်းတဲ့ ချီစွမ်းအားတွေက ရွှေရောင်လူသားအလား လေထဲမှာ ပျံ့ကျဲနေတော့ အလွန်တရာ ထိတ်လန့်ဖို့ ကောင်းနေခဲ့တယ်။

ယန်ချီတစ်ကိုယ်လုံး နောက်ထပ် နဂါးနက်လေးကောင်ရဲ့စွမ်းအားက လွှမ်းခြုံလာခဲ့တယ်။

“အိုး ဘုရားရေ  .. ”

မြေပြင်ကနေ ကြည့်နေတဲ့ လူတိုင်း ယန်ချီတစ်ကိုယ်လုံးကို လွှမ်းခြုံနေတဲ့ နဂါးခြောက်ကောင်ရဲ့စွမ်းအားကို ကြည့်ပြီး သူတို့အားလုံး အာမေဋိတ်သံတွေ ထွက်ပေါ်လာခဲ့တယ်။

“နဂါးနက်လေးကောင်ရဲ့စွမ်းအား”

“အန္တိမခန္ဓာကိုယ်. . .”

“အန္တိမခန္ဓာကိုယ်နဲ့ မွေးဖွားလာသူ . . ”

ဒီလူငယ်လေးက သူတို့လောက် မကြီးသေးပေမယ့် အလယ်အလတ်ဘိုးဘေးဆရာအဆင့် ဖြစ်ရုံမက အန္တိမခန္ဓာကိုယ်နဲ့တောင် မွေးဖွားလာသူမှန်း သူတို့တွေ အိမ်မက်တောင် မက်မိမှာ မဟုတ်ပါဘူး။

အန္တိမခန္ဓာကိုယ်ဆိုတာ ကျင့်ကြံလို့ မရပါဘူး။

ဒါက မွေးရာပါ ပါရမီတစ်ခု ဖြစ်နေတယ်။

လေထဲမှာ ရှိနေတဲ့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ယန်ချီရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံနေတဲ့ နဂါးလေးကောင်ရဲ့ စွမ်းအားကို မြင်လိုက်တဲ့အခါ သူ ထိတ်လန့်သွားခဲ့ပြန်တယ်။

နဂါးနက်လေးကောင်နဲ့ အလယ်အလတ် ဘိုးဘေးဆရာအဆင့်ဆိုတော့ ဆိုတော့ ယန်ချီရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဂျင် သန်း ၁၀၀ ပေါ့။

ရုတ်တရက် ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် တစ်ယောက် ဦးခေါင်းကနေ ခြေဖျားအထိ ချွေးတွေ ပြန်လာခဲ့တယ်။

“ယန်ချီက အန္တိမခန္ဓာကိုယ် အဆင့်လေးနဲ့ အလယ်အလတ်ဘိုးဘေးဆရာအဆင့်လား”

“အခု ” ယန်ချီက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်ကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။ “ငါတို့ကြားက ကွာဟချက်ကို မင်း သိပြီလား”

ဒီအချိန်ကျမှ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ယန်ချီပြောခဲ့တဲ့ မင်း မျက်လုံးနဲ့ မြင်တွေ့နေတာတွေက အမှန်မဟုတ်ဘူးဆိုတဲ့ စကားကို နောက်ဆုံးမှာ နားလည်လိုက်တယ်။

မြေပြင်ကနေ ကြည့်နေကြတဲ့လူတိုင်းလည်း မိုးကြိုးငါးစင်းလောက် အပြစ်ခံလိုက်ရသလို ကျောက်ရုပ်အလားဖြစ်နေခဲ့ပြီး အချိန်အတော်ကြာတဲ့အထိ သတိပြန်မဝင်လာသေးပါဘူး။

လေထဲမှာတော့. . . ယန်ချီတစ်ကိုယ်လုံး နဂါးခြောက်ကောင်ရဲ့ စွမ်းအား လွှမ်းခြုံနေခဲ့ပြီး တောက်ပစွာ လင်းလက်နေခဲ့ကာ အံ့အားသင့်ဖွယ်ကောင်းပါတယ်။

“ဘယ်လိုလဲ ” ယန်ချီက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်ကို ကြည့်ပြီး ပြောလိုက်ပြန်တယ်။ “ငါတို့တွေ ဆက်တိုက်ဖို့ လိုသေးလား”

နဖူးကနေ ချွေးတွေ အဆက်မပြတ်စီးကျနေတဲ့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် လည်း ဘယ်လိုလုပ်ပြီး ယန်ချီကို တိုက်ခိုက်ရဲတော့မှာလဲ။

ယန်ချီရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဂျင် သန်း ၁၀၀ ရှိနေတယ်လေ။

သူက ယန်ချီမှာ တိုက်ခိုက်ရေးစွမ်းအား ဂျင် သန်း ၁၃၀ ရှိတယ်ဆိုတာ မသိလို့ပေါ့။ သိများနေရင် သူ့မျက်နှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ မသိပါဘူး။

🐼🐼🐼🐼🐼🐼🐼🐼🐼🐼

Chapter 260 - လောကမဟာမိတ်အစည်းအဝေး စတင်ခြင်း

မြေပြင်ကနေ ကြည့်နေတဲ့ လူတွေက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်ကို ကြည့်နေကြတယ်။

သူတို့အားလုံးက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် အနေနဲ့ ယန်ချီကို တိုက်ခိုက်ချင်သေးလားဆိုတာ သိချင်နေခဲ့ကြတယ်။

ယန်ချီကတော့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် ကို စိုက်ကြည့်နေခဲ့တယ်။

“ငါ . . ငါ အရှုံးပေးတယ်”

စက္ကန့်အနည်းငယ်အကြာမှာတော့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ယန်ချီကို ပြောလိုက်တယ်။ စကားပြောပြီးနောက် သူ့အသွင်က လေပိန်ရှုံ့နေတဲ့ ဘော်လုံးတစ်လုံးလို ဖြစ်သွားခဲ့တယ်။

မြေပြင်ပေါ်က ကြည့်နေတဲ့ လူအားလုံးက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် ရဲ့ စကားကြောင့် ဘာမှ မအံ့သြမိပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် သူ့ပြိုင်ဖက်က တိုက်ခိုက်ရေးစွမ်းအား ဂျင် သန်း ၁၀၀ ကိုပိုင်ဆိုင်ထားတယ်လေ။

သူတို့တွေအားလုံးက လောကကာကွယ်ရေးမြို့တော်မှတပါး ကျန်တဲ့ ဒေသတွေမှာ အစွမ်းထက် သိုင်းပညာရှင်တွေ မရှိတော့ဘူးလို့ ထင်ခဲ့ကြပေမယ့် အခုတော့ သူတို့တွေ နားလည်သွားကြတယ်။

သူတို့တွေအနေနဲ့ ဒီလောကမှာ ရှိနေတဲ့ သိုင်းပညာရှင်တွေကို လျော့တွက်ခဲ့တာ ထင်ရှားပါတယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က အရှုံးပေးပြီးနောက် ယန်ချီရဲ့ခန္ဓာကိုယ်မှာ လွှမ်းခြုံနေတဲ့ နဂါးတွေရဲ့ စွမ်းအားက ပျောက်ကွယ်သွားခဲ့တယ်။

ယန်ချီလည်း လေထဲကနေ မြေပေါ်ကို ဆင်းသက်လိုက်တယ်။

မြေပြင်ပေါ်က လူတွေက ဖယ်ပေးလိုက်ကြပြီး သူတို့ရဲ့ မျက်နှာထက်မှာတော့ လေးစားမှုတွေ၊ ကြောက်ရွံ့မှုတွေနဲ့ အားကျမှုတွေ ပြည့်နှက်နေခဲ့တယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် လည်း မြေပေါ်ကို ဆင်းသက်လာခဲ့တယ်။

သူက ယန်ချီရဲ့ နောက်ကျောကို ကြည့်လိုက်ပြီး အံကြိတ်က အနောက်ကနေ လိုက်သွားခဲ့တယ်။

ယန်ချီနဲ့ အင်ပါယာ ဟီယီတို့လည်း ဟိုတယ်ဆီ ပြန်လာခဲ့ကြတယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က သူတို့နောက်ကနေ လိုက်လာကို မြင်လိုက်တော့ ယန်ချီတစ်ယောက် နားမလည်နိုင် ဖြစ်သွားခဲ့ရတယ်။

“မင်း ဘာများ လုပ်စရာ ရှိသေးလို့လဲ”

ယန်ချီက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် ကို ကြည့်လိုက်ပြီး မေးလိုက်တယ်။

“ငါ. .  ငါ နည်းနည်း သိချင်လို့ပါ”

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ယန်ချီကို အနည်းငယ် ကြောက်ရွံ့စွာ ကြည့်ပြီး ပြောလိုက်တယ်။ ယန်ချီရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ လွှမ်းခြုံနေတဲ့ နဂါးလေးကောင်ရဲ့ စွမ်းအားက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် ရဲ့ စိတ်ထဲမှာ ရေးထွင်းခံထားရသလို စွဲကျန်နေခဲ့တယ်။

“လာခဲ့လေ ပြောကြတာပေါ့”

ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။

ဒီဟိုတယ်က လောကတခွင်မှ ဘိုးဘေးဆရာအဆင့်တွေ တည်းခိုဖို့အတွက် ဖွင့်လှစ်ထားတဲ့ ဟိုတယ်တစ်ခုပါ။ အလွန်တရာ စျေးကြီးတဲ့ ပစ္စည်းတွေနဲ့ စီခြယ်ထားတဲ့ အခန်းကြီးတွေ ရှိပါတယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ယန်ချီတို့နဲ့အတူ အခန်းထဲ ဝင်လာခဲ့တယ်။

ယန်ချီက သူ့ကို ထိုင်ခိုင်းလိုက်ပြီးနောက် ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ယန်ချီကို မေးလိုက်တယ်။

“မင်းနာမည်ကို သိလို့ရမလား .. ”

“ယန်ချီ”

ယန်ချီအနေနဲ့ သူ့နာမည်ကို အမှန်အတိုင်းပြောလိုက်တယ်။ သူ့အနေနဲ့ ဘာမှ ကွယ်ဝှက်ထားစရာ အကြောင်း မရှိဘူးလေ။

“ယန်ချီလား. . ”

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် အနေနဲ့ ဒီနာမည်ကို ကြားဖူးတာ မကြာသေးဘူးလို့ ခံစားမိပြီး တွေးမိလိုက်တယ်။

ခဏလောက်အကြာမှာတော့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ဆိုဖာပေါ်ကနေ ရုတ်တရက်ခုန်ထပြီး ယန်ချီကို ထိတ်လန့်စွာ ကြည့်လိုက်တယ်။

“မင်းက နဂါးတိုင်းပြည်က သိုင်းပညာရှင်တွေ စစ်သားတွေကို ဦးဆောင်ပြီး နဂါးတိုင်းပြည်ရဲ့ အကြီးဆုံး နတ်ဆိုးနယ်မြေဖြစ်တဲ့ နှင်းနတ်ဆိုးနယ်မြေကို ဖျက်ဆီးခဲ့တဲ့ အင်ပါယာ ယန်ချီလား”

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် ရဲ့ စကားတွေကိုနားထောင်ပြီး ယန်ချီလည်း အနည်းငယ် အံ့သြမှင်သက်သွားခဲ့တယ်။ သူက ဒီလောက် များစွာ ကျော်ကြားမှန်း မထင်မိခဲ့ဘူးလေ။

သူ့နာမည်ကို အခြားတိုင်းပြည်တွေကပါ သိကြမယ်လို့ သူက မထင်ခဲ့မိဘူးလေ။

ခဏကြာအောင် အံ့သြမှင်သက်ပြီးနောက် ယန်ချီက ခေါင်းညိတ်လိုက်တယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က တံတွေးကို မြိုချလိုက်ပြီး သူလည်း ယန်ချီကို ဒီလောက် အစွမ်းထက်နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိပါဘူး။

“ရှဂျူယောင် မင်း ဒီလောကမဟာမိတ်အစည်းအဝေးလုပ်ရတဲ့ အကြောင်းရင်းကို သိလား”

အင်ပါယာ ဟီယီက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် ကို ရုတ်တရက်မေးလိုက်တယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က အရှုံးပေးပြီးနောက် အင်ပါယာဟီယီတစ်ယောက် အလွန်ပျော်ရွှင်နေခဲ့တယ်။ အင်ပါယာ ရှဂျူယောင်နဲ့ ရင်ဆိုင်ရတဲ့အခါ သူက အခုလို အံ့ကြိတ် တောင့်ခံစရာ မလိုတော့ပါဘူး။

ဘာပဲဖြစ်ဖြစ် သူတို့ကြားက အမုန်းတရားက နက်ရှိုင်းမှု မရှိခဲ့ပဲ ဒါတွေက သူတို့တွေ ငယ်ရွယ်စဉ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စလေ။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ခေါင်းခါပြလိုက်တယ်။ “ငါလည်း အသေးစိတ်တော့ မသိဘူး။ ဒါပေမယ့် ငါ့မှန်းဆချက်အရဆိုရင် ဒီကိစ္စက နတ်ဘုရားသချိုင်းနတ်ဆိုးပင်လယ်နဲ့ ပတ်သတ်လိမ့်မယ်ထင်တယ်”

“ငါလည်း ဒီလိုပဲ တွေးမိတယ်။ ကံကောင်းထောက်မစွာနဲ့ ပြီးခဲ့တဲ့ တစ်ကြိမ်က နတ်ဘုရားသချိုင်းနတ်ဆိုးပင်လယ်က ငါတို့ လောကမဟာမိတ်မြို့တော်ကို လာတိုက်ခိုက်ခဲ့ပေမယ့် ခုခံနိုင်ခဲ့တယ်။ ဒီလိုမှမဟုတ်ရင်တော့ လောကကြီးတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်”

အင်ပါယာ ဟီယီက ပြောလိုက်ပြီး သက်ပြင်းချလိုက်မိတယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် က ပြုံးပြီး ပြောလိုက်တယ်။ “ငါတို့ လူသားတွေမှာ အဆင့်မြင့် ဘိုးဘေးဆရာအဆင့် သုံးဦးရှိတယ်လေ။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဂျင်သန်း ၁၄၀ လောက်ရှိကြတယ်။ သူတို့တွေက လောကကာကွယ်ရေးမြို့တော်မှာ နေထိုင်တဲ့အတွက် လောကကာကွယ်ရေးမြို့တော်က အလွယ်တကူတော့ ချိုးဖောက်မခံရနိုင်ပါဘူး”

ဘေးကနေ နားထောင်နေတဲ့ ယန်ချီက ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် ပြောတဲ့ စကားတွေကို ကြားပြီး တိတ်တဆိတ် အံ့အားသင့်နေခဲ့တယ်။

အဆင့်မြင့် ဘိုးဘေးဆရာသခင်သုံးဦးက ဂျင် သန်း ၁၄၀ ဆိုတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ကြတာလား။

မူလဝိဉာဉ်ဘုရင်တစ်ယောက်ရဲ့ အခြေခံတိုက်ခိုက်ရေးစွမ်းအားက ဂျင် သန်း ၁၅၀ ကို ပိုင်ဆိုင်ကြတယ်။ ယန်ချီကတော့ အဆင့်မြင့် ဘိုးဘေးဆရာသခင်သုံးဦးရဲ့ စွမ်းအားက အားနည်းနေသေးတယ်လို့ ခံစားမိတယ်။

“ပြောဖို့က ခက်တယ်။ လောကကာကွယ်ရေးမြို့တော်မှာ လူသားတွေရဲ့ အထူးချွန်ဆုံး တပ်ဖွဲ့တွေကို စုစည်းထားတယ်ဆိုပေမယ့် နတ်ဘုရားသချိုင်း နတ်ဆိုးပင်လယ်က နတ်ဆိုးမိစ္ဆာတွေက တကယ်ကို ကြောက်မက်ဖွယ်ကောင်းတယ်”

အင်ပါယာ ဟီယီက ပြောလိုက်တယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် လည်း ခေါင်းညိတ်သဘောတူလိုက်တယ်။ နတ်ဘုရားသချိုင်းနတ်ဆိုးပင်လယ်က နတ်ဆိုးမိစ္ဆာတွေက ဒီလောကမှာ ကြောက်မက်ဖွယ်အကောင်းဆုံးဆိုတာ လူတိုင်း သိကြတာပေါ့။

အဲ့ဒီနေရာက နတ်ဆိုးမိစ္ဆာတွေမှတပါး ကျန်တဲ့ သတ္တဝါတွေအားလုံးကို ကန့်သတ်ထားတဲ့ နယ်မြေတစ်ခုပါ။

ဒီလို စကားစမြည်ပြောနေရင်းနဲ့ အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့တယ်။

နောက်ဆုံးမှာတော့ လောကမဟာမိတ်အစည်းအဝေးက စတင်ကျင်းပမယ့်နေ့ကို ရောက်လာပါပြီ။

ယန်ချီ၊ အင်ပါယာ ဟီယီနဲ့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် တို့က လောကခန်းမဆီကို အတူတကွ လျှောက်လာခဲ့ကြတယ်။

လောကခန်းမကို လျှောက်လှမ်းရမယ့် လမ်းတလျှောက်မှာ ကောဇောနီခင်းထားပြီး ဘေးမှာတော့ စစ်သားတွေ တန်းစီရပ်နေခဲ့ကြတယ်။

လောကခန်းမဆီကို လူများစွာလည်း ရောက်ရှိနေကြတယ်။

ဒီအချိန်မှာတော့ လောကခန်းမထဲမှာ ဘိုးဘေးဆရာအဆင့် တစ်ဒါဇင်လောက် ရောက်ရှိထိုင်နေခဲ့ပါပြီ။

လူသားတွေ အားလုံးပေါင်းရင် ဆယ်ဘီလျံလောက်ရှိပါတယ်။

ဒါပေမယ့်လည်း ဘိုးဘေးဆရာအဆင့်က တစ်ဒါဇင်ကျော်သာ ရှိတာပါ။

ဒါကို ကြည့်ခြင်းအားဖြင့် ဘိုးဘေးဆရာအဆင့် တစ်ယောက်ဖြစ်ဖို့ ဘယ်လောက်ထိ ခက်ခဲတယ်ဆိုတာ မှန်းဆကြည့်လို့ရပါတယ်။

ဘိုးဘေးဆရာအဆင့်တွေက တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်နေကြတာကြောင့် သူတို့တွေက တစ်ယောက်နဲ့ တစ်ယောက် သိကြတာ ထင်ရှားပါတယ်။

ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် နဲ့ အင်ပါယာ ဟီယီတို့ အတူတကွ ခန်းမထဲကို ဝင်လာတာကို မြင်တော့ ခန်းမထဲက ဘိုးဘေးဆရာအဆင့်တွေရဲ့ မျက်နှာမှာ အံ့အားသင့်မှုတွေ ဖြစ်သွားခဲ့ရတယ်။

အင်ပါယာဟီယီနဲ့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် တို့က တစ်ယောက်နဲ့ တစ်ယောက် အတိုက်အခံ ပြောဆိုတက်ကြမှန်း သူတို့တွေ သိပါတယ်။ သူတို့တွေက .. . .။

မကြာမီမှာပဲ သူတို့တွေက ယန်ချီကို သတိပြုမိလိုက်တယ်။

ခန်းမထဲက ဘိုးဘေးဆရာအဆင့်တွေရဲ့ မျက်နှာက ပိုပြီး အံ့အားသင့်သွားခဲ့ရတယ်။ သူတို့ရဲ့ အမြင်မှာတော့ယန်ချီက အသက်နှစ်ဆယ်သာ ရှိသေးတဲ့ လူငယ်လေး တစ်ဦးပါ။

ဘယ်လိုဖြစ်ပြီး သူက လောကခန်းမထဲကို ဝင်ရောက်နိုင်တာလဲ။

“ဟီယီ သူက. . .. ”

ဘိုးဘေးဆရာအဆင့် တွေက လှမ်းကြည့်လိုက်ပြီး အင်ပါယာ ဟီယီကို သိချင်စိတ်နဲ့ မေးလိုက်ကြတယ်။

“ငါ မင်းတို့အားလုံးကို သူနဲ့ မိတ်ဆက်ပေးပါရစေ။ သူ့နာမည်က ယန်ချီပါ။ သူက ငါတို့ နဂါးတိုင်းပြည်က အစွမ်းထက်ဆုံး ဘိုးဘေးဆရာအဆင့် တစ်ယောက်ပါ”

ဘိုးဘေးဆရာအဆင့်တွေက အင်ပါယာဟီယီရဲ့ စကားသံကို ကြားလိုက်တော့ တွေးမိလိုက်ကြတယ်။

စက္ကန့်အနည်းငယ်အကြာမှာတော့ သူတို့အားလုံး အမှတ်ရလိုက်တယ်။

သိပ်မကြာသေးခင်တုန်းက အဆင့်မြင့်ဘိုးဘေးဆရာအဆင့် သုံးဦးထဲက တစ်ဦးဖြစ်တဲ့ ကြယ်ပျံအရှင်သခင်ကြီးက ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့တယ်။ အဲ့ဒီကြေညာချက်မှာ ပါတာကတော့ အင်ပါယာ ယန်ချီက နဂါးတိုင်းပြည်က တပ်ဖွဲ့တွေအားလုံးကို ဦးဆောင်ပြီး နှင်းနယ်မြေမှာ ရှိတဲ့ အကြီးဆုံး နတ်ဆိုးနယ်မြေကို ဖျက်ဆီးခဲ့တဲ့ သတင်းပါ။

“အင်ပါယာ ယန်ချီကို ကြည့်ရတာ အရမ်း ငယ်သေးပုံရတယ်”

“အင်ပါယာ ယန်ချီ မင်းက မူလဘိုးဘေးဆရာအဆင့်လား”

မူလအင်ပါယာ တစ်ယောက်က ယန်ချီကို ကြည့်ပြီး မေးလိုက်တယ်။

ယန်ချီ၊ အင်ပါယာ ဟီယီနဲ့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် တို့က လောကကာကွယ်ရေးမြို့တော်ကို စောစီးစွာ ရောက်နေတာကြောင့် ဒီမူလအင်ပါယာက ယန်ချီတို့ရဲ့ လေထဲက တိုက်ပွဲကို မမြင်တွေ့ခဲ့ရပါဘူး။

အင်ပါယာတွေအားလုံးကလည်း ယန်ချီကို ကြည့်လိုက်ကြတယ်။

တကယ်တော့ သူတို့တွေလည်း ယန်ချီရဲ့ အဖြေကို မလိုအပ်ပါဘူး။ သူတို့တွေက ယန်ချီကို မူလဘိုးဘေးဆရာအဆင့်မှန်း ထင်နေကြတယ်လေ။

“ငါက အလယ်အလတ်ဘိုးဘေးဆရာအဆင့်ပါ”

ယန်ချီက ပြောလိုက်တယ်။

“ဘာ .. . ”

အင်ပါယာတွေအားလုံး ယန်ချီရဲ့ စကားကို ကြားလိုက်ပြီးနောက်မှာ သူတို့အားလုံး အံ့သြမှင်သက်သွားကြတယ်။

သူတို့တွေထဲက ဘယ်သူမှ ယန်ချီကို အလယ်အလတ် ဘိုးဘေးဆရာအဆင့် အမှန်တကယ်ဖြစ်နေလိမ့်မယ်လို့ မတွေးမိကြပါဘူး။

အင်ပါယာတွေရဲ့ မျက်နှာပေါ်က အံ့အားသင့်နေတဲ့ အမူအယာကို ကြည့်ပြီး ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင် တစ်ယောက် ကူကယ်ရာမဲ့စွာနဲ့ ကိုယ့်ကိုယ်ကို ပြုံးလိုက်မိပါတယ်။ သူတို့တွေသာ ယန်ချီရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားကို သိခဲ့မယ်ဆိုရင် ဒီလို အံ့အားသင့်နေဦးမလားဆိုတာ သူတွေးနေခဲ့မိတယ်။

ခန်းမထဲက အင်ပါယာ တစ်ဒါဇင်ကျော်မှာ သုံးယောက်ကသာ အလယ်အလတ်ဘိုးဘေးဆရာအဆင့်ဖြစ်ပြီး ကန်တဲ့ ဆယ့်နှစ်ယောက်က မူလဘိုးဘေးဆရာအဆင့်တွေ ဖြစ်ကြတယ်လေ။

အခု ယန်ချီပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် အလယ်အလတ် ဘိုးဘေးဆရာအဆင့် လေးဦးဖြစ်သွားပြီးပေါ့။

ယန်ချီက ပြုံးပြီး ပြောလိုက်ပြန်တယ်။

“ငါက အလယ်အလတ်ဘိုးဘေးဆရာအဆင့်တစ်ယောက်ပါ။ ဒါက အံ့အားသင့်စရာ မဟုတ်ဘူးမှတ်လား”

Continue Reading

You'll Also Like

112K 15.6K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
25K 4.8K 125
အိုအာဗီရဲ့မြန်မာဘာသာပြန် credit အပြည့်အစုံမပေးတာက CRမိမှာကြောက်လို့ပါ။စာရေးသူတွေရဲ့နာမည်ကိုပျက်စေလိုခြင်းအလျင်းမရှိပါ။ဝတ္ထုကို Eလိုဖတ်ချင်ပါက ကိုယ့်ဆ...
571K 91.9K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
23.9K 2.4K 38
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...