Chapter 236 - ထိုးဖောက်ဝင်ရောက်လာသူ
စွန့်ပစ်ခံမြို့လေးမှာ နတ်ဆိုးမိစ္ဆာတစ်သိန်းက လူသားတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်။
အခြားသူတွေက ဒီမြင်ကွင်းကို မြင်လိုက်မယ်ဆိုရင် သူတို့တသက်လုံးမေ့တော့မှာ မဟုတ်ပါဘူး။
ယန်ချီက မြေပြင်ပေါ်မှာ လဲပြိုနေတဲ့ နတ်ဆိုးမိစ္ဆာအလောင်းတွေကို ကြည့်ပြီး လက်ထဲက နတ်ဆိုးပိုင်းဖြတ်သူဓါးကို နောက်ကျောရှိဓါးအိမ်ထဲ ပြန်ထည့်လိုက်တယ်။ အဲ့ဒီနောက်တော့ ဖြေးညှင်းစွာ ပြန်ထွက်သွားခဲ့တယ်။
သူက မူလနတ်ဆိုးအရှင်လေး သုံးကောင်ကို သတ်ခဲ့ပေမယ့် အဲ့ဒါက မလုံလောက်သေးမှန်း သူ သိပါတယ်။
သိပ်မကြာခင်မှာပဲ သူက ဟန်ချန်မြို့ဆီကို ပြန်ရောက်လာခဲ့တယ်။
“အင်ပါယာ ယန်ချီ အခြေအနေ ဘယ်လိုလဲ”
ရှောင်ရှန်းက ယန်ချီကို လေးစားစွာနဲ့ မေးလိုက်တယ်။
“ဟန်ချန်မြို့ပြင်က နတ်ဆိုးမိစ္ဆာတွေကိုတော့ ငါအကုန် သတ်ပစ်လိုက်ပြီ”
ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။
ရှောင်ရှန်းနဲ့ ဆရာသခင်များစွာက ဒီသတင်းကို ကြားတဲ့အခါ အလွန်တရာ ပျော်ရွှင်သွားကြတယ်။ ယန်ချီက ဒီလောက်များပြားတဲ့ နတ်ဆိုးမိစ္ဆာတွေကို သတ်ဖြတ်ခဲ့ခြင်းအပေါ်ကိုတော့ သူတို့ မအံ့သြခဲ့ဘူး။
ဘာကြောင့်လဲဆိုတော့ သူတို့အရှေ့မှာ ရပ်နေတဲ့ သူက နဂါးတိုင်းပြည်မှာ အစွမ်းအထက်ဆုံးသိုင်းပညာရှင်ဖြစ်တဲ့ အင်ပါယာ ယန်ချီ ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။
“အရှင်ရှောင်ရှန်း ”
ရုတ်တရက် ထိတ်လန့်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်။
ရှောင်ရှန်းနဲ့ ဆရာသခင်များစွာက အသံထွက်ပေါ်ရာကို ကြည့်လိုက်တော့ သိုင်းပညာရှင်တစ်ယောက် အဆောတလျင် ပြေးလာတာကို မြင်လိုက်ရပါတယ်။
အဲ့ဒီသိုင်းပညာရှင်ရဲ့ မျက်နှာထက်မှာတော့ အလွန်တရာ ထိတ်လန့်မှုတွေ ပေါ်လွင့်နေခဲ့တယ်။
တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်နေတာ သေချာနေပါပြီ။
“ဘာတွေ ဖြစ်နေလို့လဲ”
ရှောင်ရှန်းကလည်း အဆောတလျင်မေးလိုက်တယ်။
“ဟန်ချန်မှာ အလယ်အလတ်နတ်ဆိုးအရှင်လေး ပေါ်ထွက်လာလို့ပါ”
“ဘာ. .”
ရှောင်ရှန်းနဲ့ အခြားဆရာသခင်များစွာ က အံ့အားသင့်သွားခဲ့တယ်။
အလယ်အလတ်နတ်ဆိုးအရှင်လေးက ဟန်ချန်မှာ ပေါ်ထွက်လာတာလား။
“အရှင်ရှောင်ရှန်း မြန်မြန်ပြန်သွားမှာ ဖြစ်မယ်။ အလယ်အလတ်နတ်ဆိုးအရှင်လေးက အရူးအမူး သတ်ဖြတ်နေတာ.။ လူများစွာလည်းသေဆုံးကုန်ပြီ။ သွေးတွေကလည်း မြစ်အလား ပြန့်ကျဲနေတာ”
အဲ့ဒီသိုင်းပညာရှင်က ငိုကြွေးလုနီးပါး ဖြစ်နေခဲ့တယ်။
ရှောင်ရှန်းနဲ့ အခြားဆရာသခင်များစွာက ထိတ်လန့်သွားကြတယ်။ သူတို့တွေက ယန်ချီကို ချက်ချင်း ကြည့်လိုက်ကြပေမယ့် ယန်ချီက သူရပ်နေတဲ့ နေရာကနေ ပျောက်ကွယ်သွားတာကို မြင်လိုက်ကြတယ်။
. . . . ..
ဟန်ချန်မြို့တွင်း . .. ။
“ဘာ. . ”
ထိတ်လန့်ဖွယ်အသံတွေက အတော်အသတ်အောင်ကို ထွက်ပေါ်နေခဲ့တယ်။
သွေးညှိနံ့တွေကလည်း နေရာအနှံ့ကို ပျံ့နှံ့နေခဲ့တယ်။
လမ်းမများထက်မှာလည်း လက်မောင်းတွေ ခြေထောက်အပြတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။
မရေမတွက်နိုင်တဲ့ လူတွေက ခါးသီးစွာ ငိုကြွေးနေကြတယ်။
သူတို့တွေအနေနဲ့ မသေချင်သေးပါဘူး။
ဒါပေမယ့်လည်း သူတို့တွေအရှေ့မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အလယ်အလတ်နတ်ဆိုးအရှင်လေးက ရောက်နေတာဆိုတော့ သူတို့တွေ ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မှာလဲ။
“ရူးမိုက်တဲ့ လူသားတွေ. မင်းတို့တွေက ဘာကို ကြောက်နေတာလဲ”
အလယ်အလတ်နတ်ဆိုးလေးက အေးစက်စက်ပြုံးပြီး ပြောဆိုနေခဲ့တယ်။
ရုတ်တရက် လူဒါဇင်ကျော်လောက်က အလယ်အလတ်နတ်ဆိုးအရှင်လေးကြောင့် ရက်ရက်စက်စက် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားခဲ့တယ်။
လူရာချီက ဒီမြင်ကွင်းကို ကြည့်ပြီး သူတို့ခန္ဓာကိုယ်ထဲက အားအင်တွေ တစ်ခုခုကြောင့် စိမ့်ထွက်သွားသလို ခံစားလိုက်ရပြီး ဒူးတွေ ခွေကျသွားခဲ့တယ်။
မြေပြင်ပေါ်မှာလည်း လူများစွာရဲ့ အလောင်းတွေလည်း ရှိနေခဲ့တယ်။
အလယ်အလတ်နတ်ဆိုးအရှင်လေးကို သတ်ဖို့လာတဲ့ သိုင်းပညာရှင်တွေကလည်း အသတ်ခံလိုက်ရပါပြီ။
အလယ်အလတ်နတ်ဆိုးအရှင်လေးဆိုတာ ဟန်ချန်တမြို့လုံးကို သတ်ပစ်ဖို့ လုံလောက်ပါတယ်။
ရာနဲ့ ချီတဲ့ လူတွေရဲ့ မျက်နှာထက်မှာ စိတ်ပျက်အားနည်းမှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီး သူတို့တွေက အလယ်အလတ်နတ်ဆိုးအရှင်လေးနဲ့ နီးကပ်စွာ ရှိနေတာကြောင့် အသက်ရှင်လွတ်မြောက်ဖို့ အခွင့်အရေးမရှိတာကို သိကြတယ်။
“မေမေ သား ကြောက်တယ်”
“မကြောက်နဲ့ အမေတို့ကို ကယ်ဖို့ တစ်ယောက်ယောက် လာလိမ့်မယ်”
ဒီကလေးငယ်လေးရဲ့ ငိုကြွေးသံက ရာချီတဲ့ လူတွေကြားမှာ ပျံ့နှံ့သွားခဲ့တယ်။
ဟန်ချန်မှာ အစွမ်းအထက်ဆုံးက အလယ်အလတ် သိုင်းအရှင်သခင်အဆင့်သာ ရှိပြီး အလယ်အလတ်နတ်ဆိုးအရှင်လေးနဲ့ ရင်ဆိုင်တဲ့အခါကျရင် ချက်ချင်း အသတ်ခံရနိုင်ပါတယ်။
ဒီလို အချိန်မျိုးမှာ ဘယ်သူကမှား သူတို့တွေကို လာကယ်တင်ဦးမှာလဲ။
ဒါမှမဟုတ် သူတို့တစ်သက်တာမှာ နောက်ဆုံး မျှော်လင့်ချက်အဖြစ် အလယ်အလတ်နတ်ဆိုးအရှင်လေးကို သတ်ပစ်ဖို့ ကောင်းကင်ဘုံကနေ အစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက် စေလွှတ်ဖို့ မျှော်လင့်တဲ့ အချိန်လည်း ဖြစ်ပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်လေးက သူ့အရှေ့က လူရာချီကို ကြည့်ပြီး သူက အားပါးတရ ရယ်မောလိုက်တယ်။
သူ့အနေနဲ့ အလွန်စိတ်ဝင်စားနေတဲ့အတွက် ဖြစ်ပါတယ်။
“ရူးမိုက်တဲ့ လူသားတွေ မင်းတို့ စိတ်ထဲမှာ အကြောက်တရားတွေနဲ့ ပြည့်နှက်နေတယ်မှတ်လား။ မကြာခင်မှာ မင်းတို့တွေ ကြောက်ကြမှာ မဟုတ်ဘူး”
အလယ်အလတ်နတ်ဆိုးအရှင်လေးရဲ့ မျက်နှာကပိုပြီး တင်းမာခက်ထန်သွားပြီး ပြောလိုက်တယ်။ “ဘာလို့လဲဆိုတော့ မင်းတို့တွေက သေဆုံးတော့မှာမို့လို့ပဲ…..”
အဲ့ဒီနောက် အလယ်အလတ်နတ်ဆိုးအရှင်လေးက သူ့အရှေ့က လူရာချီကို လက်သီးနဲ့ ထိုးလိုက်တယ်။
နတ်ဆိုးချီတွေနဲ့ ဖွဲ့စည်းထားတဲ့ လက်သီးက မိုးလေမုန်တိုင်းတစ်ခုအလား ထွက်ပေါ်လာခဲ့တယ်။
ရာချီတဲ့ လူတွေက အလယ်အလတ်နတ်ဆိုးအရှင်လေးက သူတို့ကို တိုက်ခိုက်လိုက်ပြီး ဖြစ်ကြောင့် မြင်လိုက်ကြတယ်။
ဒါကြောင့် သူတို့တွေက မျက်လုံးကို မှိတ်လိုက်ကြတယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 237 - ဖားယားသူများ
ရာချီတဲ့ လူတွေက သူတို့အသက်က မကြာခင်မှာ ဒီလောကကနေ ပျောက်ကွယ်သွားတော့မယ်ဆိုတာ သိကြတယ်။
ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးမိစ္ဆာကြီးရဲ့ လက်သီးက ရာချီတဲ့ လူတွေ ရှိနေတဲ့ နေရာကို ထိတော့မယ့်အချိန်မှာ. . .။
အဲ့ဒီလို အခိုက်အတန့်မှာ. . .။
ရာချီတဲ့ လူတွေအရှေ့မှာ လူတစ်ယောက်ပေါ်လာခဲ့တယ်။
သူကတော့ ယန်ချီပါ။
နတ်ဆိုးချီကနေ ဖြစ်ပေါ်လာတဲ့ လက်သီးအရိပ်ကြီးက ယန်ချီနဲ့ နီးကပ်နေခဲ့ပြီ။
ယန်ချီက လက်နဲ့ ပုံမှန်အတိုင်းပုတ်လိုက်တယ်။
ကြောက်စရာ ကောင်းတဲ့နတ်ဆိုးချီလက်သီးအရိပ်ကြီးကို လက်နဲ့ ပုတ်လိုက်တဲ့အခါ နတ်ဆိုးချီလက်သီးအရိပ်ကြီးက လုံးဝကို ပျောက်ကွယ်သွားခဲ့တယ်။
ဒါ. . .
အလယ်အလတ်နတ်ဆိုးအရှင်လေး ထိတ်လန့်သွားခဲ့တယ်။
အမြင်များမှားနေသလားဆိုကာ တွေးလိုက်ပြီး သူက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပေမယ့် အမြင်မမှားကြောင်း တွေ့လိုက်ရပါတယ်။
ရာချီတဲ့ လူတွေကလည်း သူတို့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ကြတယ်။
သူတို့တွေ ဘာကြောင့် မသေဆုံးလဲဆိုတာကို သိချင်တာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူတို့အရှေ့မှာ ရပ်နေတဲ့ ယန်ချီကို မြင်လိုက်ရပါတယ်။
“သခင်လေးက ဒီကို ရောက်လာပြီး ငါတို့ကို ကယ်တင်နေပြီဟေ့”
ရာချီတဲ့ လူတွေက အလွန်တရာကို စိတ်လှုပ်ရှားသွားခဲ့တယ်။
သေခြင်းရှင်ခြင်း အစွန်းနားမှာ လျှောက်လှမ်းနေရတဲ့ မည်သူမဆို စိတ်လှုပ်ရှားကြမှာ အသေအချာပါပဲ။
အလယ်အလတ်နတ်ဆိုးအရှင်လေးက ယန်ချီကို ကြည့်လိုက်တယ်။
သူ့ရဲ့ ပင်ကိုယ်သိစိတ်ကနေ ယန်ချီကို ကြောက်စရာ ကောင်းတဲ့လူသား သိုင်းပညာရှင်တစ်ယောက်မှန်း ပြောနေခဲ့တယ်။
“လူသား မင်းကအလွန် အစွမ်းထက်တာလား”
“ငါ့ကို ပြောစမ်းပါ မင်းတို့ နတ်ဆိုးမိစ္ဆာတွေ ဘာကြောင့် ဒီမှာ ပေါ်ထွက်လာတာလဲ”
ယန်ချီရဲ့ မျက်နှာက တည်ငြိမ်နေခဲ့တယ်။
အစောပိုင်းမှာ ယန်ချီအနေနဲ့ ဟန်ချန်မြို့ပြင်မှာ မူလနတ်ဆိုးအရှင်လေးတွေ ဘာကြောင့် ရောက်လာတာလဲဆိုတာကို အနည်းငယ် စဉ်းစားမရ ဖြစ်ခဲ့တယ်။ အခုတစ်ကြိမ်မှာတော့ အလယ်အလတ်နတ်ဆိုးအရှင်လေးက ဟန်ချန်မြို့ထဲမှာ ပေါ်ထွက်လာတာဆိုတော့ သူက ပိုပြီး သိချင်စိတ် ဖြစ်နေပါတယ်။
“ဟား ဟား ”
အလယ်အလတ်နတ်ဆိုးအရှင်လေးက ယန်ချီကို ကြည့်ပြီး အေးစက်စက်ပြုံးလိုက်တယ်။
“ဒီမှာ ရှိတဲ့ သိုင်းပညာရှင်တစ်ယောက်အနေနဲ့ မင်းမသိဘူးလား။ ငါတို့တွေက ဒီနေရာကို ချိုးဖြတ်ပြီးရင် အရှေ့တောင် အခြေစိုက်စခန်းကို တိုက်ခိုက်မှာ”
အလယ်အလတ်နတ်ဆိုးအရှင်လေးရဲ့ စကားတွေကို ကြားပြီးနောက် ယန်ချီတစ်ယောက် နားလည်လိုက်တယ်။
ဒါပေမယ့်လည်း ဒီအလယ်အလတ်နတ်ဆိုးအရှင်လေးက ဒုတိယအဆင့်သာ ရှိပါတယ်။ သူ့ရဲ့ စွမ်းအားက ကြောက်ဖို့ ကောင်းပေမယ့် ဒီနေရာကို ယန်ချီရောက်လာလိမ့်မယ်လို့ သူမှန်းဆမိမှာ မဟုတ်ပါဘူး။
အလယ်အလတ်နတ်ဆိုးအရှင်လေးသာ အဆင့်ငါးအထိ စဉ်းစားနိုင်တယ်ဆိုရင် ဟန်ချန်မှာ ဘယ်တော့မှာ ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။
“လူသား မင်းရဲ့ ကျင့်စဉ်အဆင့်ကို ပြောစမ်းပါ”
အလယ်အလတ်နတ်ဆိုးအရှင်လေးက အရင်ဆုံး မလှုပ်ရှားချင်ပါဘူး။ သူက ယန်ချီကို ဘယ်အဆင့် လူသားသိုင်းပညာရှင်မှန်း သိချင်နေခဲ့တယ်။
“ငါ့ အဆင့်လား” ယန်ချီက မနီးမဝေးမှာ ရှိတဲ့ အလယ်အလတ်နတ်ဆိုးအရှင်လေးကို မျက်လုံးမှေးကာ ကြည့်လိုက်ပြီး ပြောလိုက်တယ်။ “မင်း သိဖို့ မထိုက်တန်ဘူး”
စကားသံဆုံးသွားနဲ့ သူက လက်သီးနဲ့ ထိုးဖို့ ပြင်လိုက်တယ်။
လက်သီးပေါ်မှာတော့ ကြောက်လန့်ဖွယ် ချီစွမ်းအားတွေ စုစည်းလာခဲ့တယ်။
“ဘုန်း”
ချက်ချင်းပဲ ယန်ချီရဲ့ လက်သီးချက်က အလယ်အလတ် နတ်ဆိုးအရှင်လေးဆီကို ထိုးနှက်တိုက်ခိုက်လိုက်တယ်။
အလယ်အလတ်နတ်ဆိုးအရှင်လေးတစ်ယောက် အံ့အားသင့်သွားခဲ့တယ်။
ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ လက်သီးက. ..။
သူက ယန်ချီကို အစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက်ဆိုတာ တွေးထားပေမယ့် ဒီလောက်တောင် ထိတ်လန့်ဖွယ်ကောင်းတဲ့ သိုင်းပညာရှင်အဖြစ် မမျှော်လင့်မိပါဘူး။
ဒါပေမဲ့. . .ဒီလက်သီးချက်ကို သူ ခုခံနိုင်မယ်ဆိုတာ သိပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်လေးလည်း လက်သီးနဲ့ ပြန်ထိုးပြီး ခုခံလိုက်တယ်။
ထိတ်လန့်ဖွယ်လက်သီးနှစ်ခုက ပျံသန်း လာခဲ့ကြတယ်။
ချီစွမ်းအင်လက်သီးအရိပ်ကြီးနဲ့ နတ်ဆိုးစွမ်းအင် လက်သီးအရိပ်ကြီးနှစ်ခုက ပြင်းထန်စွာ ရင်ဆိုင်မိသွားကြတယ်။
ဒါပေမဲ့ ချက်ချင်းပင် နတ်ဆိုးချီလက်သီးအရိပ်ကြီးက ပျောက်ကွယ်သွားခဲ့တယ်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အလယ်အလတ်နတ်ဆိုးအရှင်လေးက ထိတ်လန့်သွားခဲ့တယ်။
“ဘာ. .”
ကြောက်မက်ဖွယ်ချီစွမ်းအင်လက်သီးချက်က အလယ်အလတ်နတ်ဆိုးအရှင်လေးဆီကို ဆက်လက်ပြေးဝင်သွားပြီး ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့တယ်။
အလယ်အလတ်နတ်ဆိုးအရှင်လေးကတော့ လက်သီးချက်ကြောင့် အစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားခဲ့တယ်။
အလယ်အလတ်နတ်ဆိုးအရှင်လေးရဲ့ ထိတ်လန့်ဖွယ်အလောင်းကောင်ကို ကြည့်ပြီး ယန်ချီက နှာခေါင်းရှုံ့လိုက်တယ်။
“ရယ်စရာ ကောင်းလိုက်တဲ့ကောင်ပဲ”
“ဝိုး. . .”
ရုတ်တရက် ရာချီတဲ့ လူတွေရဲ့ ဝမ်းသာအားရ အော်ဟစ်နေသံက မရပ်တန့်တော့ပါဘူး။
“သခင်လေးက အရမ်း အံ့သြဖို့ကောင်းတာပဲ”
“အိုး ဘုရားရေ အလယ်အလတ်နတ်ဆိုးအရှင်လေးက တစ်စက္ကန့်ထဲနဲ့ ဒီလိုပဲ သတ်လိုက်တယ်။ ဒီသိုင်းပညာရှင်က ဘယ်သူလဲ မသိဘူး”
“ဘာပဲဖြစ်ဖြစ် ငါတို့ ဟန်ချန်မှာ ဒီလို အစွမ်းထက်တဲ့ လူ မရှိဘူးလေ”
အဲ့ဒီအချိန်မှာ ရှောင်ရှန်းနဲ့ ဆရာသခင်များစွာက အပြေးအလွှားရောက်လာခဲ့တယ်။
သူတို့တွေက အရင်တုန်းက ယန်ချီကို ဒီမှာ ရှိမယ်လို့ မှန်းဆခဲ့ပြီး ယန်ချီတစ်ယောက် ဒီမှာ တကယ်တမ်း ရှိနေတာကို မြင်ရပြီး အလယ်အလတ်နတ်ဆိုးအရှင်လေးကို အသတ်ခံလိုက်ရတာ မြင်တဲ့အခါ သူတို့တွေက တိတ်တဆိတ်သက်ပြင်းလိုက်ကြပြီး သူတို့ရဲ့ လည်ချောင်းကနေ ခုန်ထွက်လုမတက် နှလုံးကလည်း ပြန်ကျသွားခဲ့တယ်။
“အင်ပါယာယန်ချီ မင်းက နဂါးတိုင်းပြည်ရဲ့ တိုက်ပွဲဝင်စွမ်းအားမှာ အစွမ်းအထက်ဆုံးတစ်ယောက်ဖြစ်တာ ထိုက်တန်ပါတယ်”
ရှောင်ရှန်းနဲ့ ဆရာသခင်များစွာက ယန်ချီလေးကို လျင်မြန်စွာ လျှောက်လာပြီး ပါးလျက်နားလျက် လုပ်တက်တဲ့ ခွေးတွေလိုပြုမူနေကြတယ်။
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 238 - မင်းတို့ထဲမှာ ဘယ်သူ အစွမ်းပိုထက်လဲ
“ ယန်ချီ. . . အင်ပါယာ ယန်ချီလား. .”
ရာချီတဲ့ လူတွေအားလုံး အံ့အားသင့်သွားကြတယ်။
သူတို့တွေက အင်ပါယာ ယန်ချီဆိုတဲ့ နာမည်ကို ကြားဖူးပါတယ်။ သူက နဂါးတိုင်းပြည်ရဲ့ တိုက်ခိုက်ရေးစွမ်းအားမှာ နံပါတ်တစ်ပဲလေ။
ဒါဆိုရင် ဒဏ္ဍာရီလာ အင်ပါယာယန်ချီက သူတို့တွေကို ကယ်တင်ခဲ့တာပေါ့။
ဒါကြောင့် လူတွေအားလုံး ကျောက်ရုပ်အလားဖြစ်ခဲ့ကြပြီး သူတို့ရဲ့ ပါးစပ်တွေ အဟောင်းသားဖြစ်နေခဲ့တယ်။
“အခုဆို ဟန်ချန်မှာ နတ်ဆိုးမိစ္ဆာတွေက မရှိတော့ ငါလည်း ထွက်သွားတော့မယ်”
ယန်ချီက ရှောင်ရှန်းကို ပြောလိုက်တယ်။
ရှောင်ရှန်းက လေးပင်စွာ ခေါင်းညိတ်လိုက်တယ်။
ရုတ်တရက် ယန်ချီက သာမန်နဂါးတစ်ကောင်ရဲ့ စွမ်းအားအပေါ်ကို တက်လှမ်းပြီး လေထဲ ပျောက်ကွယ်သွားခဲ့တယ်။
ယန်ချီထွက်သွားတာကို ကြည့်ပြီး လူအားလုံးက နေရာမှာတင် ကျောက်ရုပ်အလား အံ့သြမှင်သက်နေတဲ့ အသွင်နဲ့ ကျန်နေခဲ့တယ်။
အဲ့ဒီနောက်တော့ ယန်ချီလည်း အရှေ့တောင်အခြေစိုက်စခန်းအဓိကမြို့ကြီးဖြစ်တဲ့ အရှေ့တောင်မြို့တော်ကို ပြန်ရောက်လာခဲ့တယ်။
ပြန်ရောက်တာနဲ့ သူက အရှေ့တောင် အခြေစိုက်စခန်း ကောင်စီခန်းမဆီကို လျှောက်လာခဲ့တယ်။
ခန်းမထဲမှာတော့ ဥက္ကဌ ဖွန်ချန်က အဖွဲ့ဝင်တွေနဲ့ အချို့ကိစ္စတွေကို ပြောဆိုနေကြတယ်။
သူတို့အားလုံးက ယန်ချီ ခန်းမထဲ ဝင်လာတာကို မြင်တဲ့အခါ စကားပြောတာကို ရပ်တန့်ပြီး ထိုင်ခုံကနေ ထပြီး ကြိုဆိုလိုက်ကြတယ်။
“အင်ပါယာယန်ချီ”
စစ်သူကြီး ဖွန်ချန်နဲ့ အဖွဲ့ဝင်တွေက ယန်ချီကို အရိုအသေပေးလိုက်ကြတယ်။
“အင်ပါယာ ယန်ချီ ကျေးဇူးပြုပြီး ထိုင်ပါခင်ဗျာ”
စစ်သူကြီး ဖွန်ချန်က သူ့ထိုင်ခုံကို ယန်ချီအားထိုင်ခိုင်းလိုက်တယ်။
ယန်ချီက ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။
သူက ထိုင်ပြီးနောက် ခန်းမထဲက လူတွေကို ပြောလိုက်တယ်။
“ဟန်ချန်က နတ်ဆိုးမိစ္ဆာတွေကိုတော့ ငါရှင်းလင်းခဲ့ပြီးပြီ။ အလယ်အလတ်နတ်ဆိုးအရှင်လေးတစ်ကောင်၊ မူလနတ်ဆိုးအရှင်လေး သုံးကောင်နဲ့ နတ်ဆိုးမိစ္ဆာ တစ်သိန်းကျော်လောက်ရှိမယ်”
“ငါတို့ရဲ့ အဓိက ရည်မှန်းချက်က အရှေ့တောင် အခြေစိုက်စခန်းအပြင်ဖက်က အကြီးဆုံး နတ်ဆိုးနယ်မြေဖြစ်တဲ့ ကြယ်ပျံတောင်ကုန်း နတ်ဆိုးနယ်မြေကို ရှင်းထုတ်ဖို့ပဲ”
စစ်သူကြီး ဖွန်ချန်နဲ့ အဖွဲ့ဝင်တွေက အံ့အားသင့်သွားကြတယ်။
အချိန်တိုလေးအတွင်းမှာ နတ်ဆိုးမိစ္ဆာများစွာ အသတ်ခံခဲ့ရပါတယ်။ ပြီးတော့ အလယ်အလတ်နတ်ဆိုးအရှင်လေးတောင် ပါသေးတယ်။
“ဒါက အင်ပါယာ တစ်ယောက်ရဲ့ စွမ်းအားလား…”
“အင်ပါယာ ယန်ချီ အခုဆိုရင် ကျွန်တော်တို့တွေ ကြယ်ပျံတောင်ကုန်းနတ်ဆိုးနယ်မြေနဲ့ အဆုံးအဖြတ်တိုက်ပွဲ တိုက်သင့်ပြီ”
စစ်သူကြီးဖွန်ချန်က ယန်ချီကို ပြောလိုက်တယ်။
ယန်ချီက ဒီနည်းလမ်းက ပိုကောင်းတယ်လို့ ထင်မိလိုက်တယ်။ အခုအချိန်ထက်ကောင်းတဲ့ အချိန်မရှိတော့ပါဘူး။
“ဒါဆိုရင် နောက်သုံးရက်ကြာရင်တိုက်ခိုက်မယ်”
ယန်ချီက ပြောလိုက်တယ်။
ခန်းမထဲက အဖွဲ့ဝင်တွေအားလုံး ခေါင်းညိတ်သဘောတူလိုက်ကြတယ်။
သုံးရက်အတွင်းမှာ အရှေ့တောင်အခြေစိုက်စခန်းက စစ်တပ်တွေကို ဖြန့်ကျက်နေရာချနေခဲ့တယ်။
မရေမတွက်နိုင်တဲ့ စစ်တပ်တွေနဲက သိုင်းပညာရှင်တွေက အပြင်ဖက် ခံစစ်တံတိုင်းဆီကို အပြေးအလွှား ချီတက်လာနေခဲ့တယ်။
အရှေ့တောင် အခြေစိုက်စခန်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေကလည်း အထိတ်တလန့်ဖြစ်ခဲ့ကြတယ်။ သူတို့တွေက ကြယ်ပျံတောင်ကုန်းနတ်ဆိုးနယ်မြေက နတ်ဆိုးမိစ္ဆာတွေ အပြင်ဖက်ခံစစ်တံတိုင်းကို တိုက်ခိုက်တော့မယ်လို့ ထင်ခဲ့ကြတယ်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်။
သုံးရက်ဆိုတော့ အချိန်က ခဏလေးနဲ့ကုန်ဆုံးသွားခဲ့တယ်။
ပြီးခဲ့တဲ့ သုံးရက်အတွင်း အရေးကြီးတဲ့ နေရာတွေမှာ စောင့်ကြပ်နေတဲ့ တပ်ဖွဲ့တွေက လွဲပြီး အရှေ့တောင်အခြေစိုက်စခန်းမှာ ရှိတဲ့ သိုင်းပညာရှင်တွေ စစ်သည်တွေအားလုံးကို စုစည်းထားခဲ့တယ်။
စစ်သားတပ်ဖွဲ့တွေနဲ့ သိုင်းပညာရှင်တပ်ဖွဲ့တွေ. . . .။
သူတို့တွေက ကြယ်ပျံတောင်ကုန်းနတ်ဆိုးနယ်မြေမှာ နတ်ဆိုးမိစ္ဆာတွေက အစွမ်းကုန်လာရောက်တိုက်ခိုက်တော့မယ်လို့ ထင်လိုက်ကြတယ်။
“အရှေ့တောင် အခြေစိုက်စခန်းက စစ်သည်အပေါင်းတို့ ….။ မင်းတို့အားလုံး ကအရှေ့တောင် အခြေစိုက်စခန်းက လူအားလုံးရဲ့ စံပြတွေပဲ။ ဒီတစ်ကြိမ်မှာ ငါတို့တွေက ကြယ်ပျံတောင်ကုန်းက နတ်ဆိုးမိစ္ဆာတွေကို သွားရောက်တိုက်ခိုက်ကြမယ်”
စစ်သူကြီး ဖွန်ချန်က ကျယ်လောင်စွာေ အ်ာဟစ်လိုက်တယ်။
စစ်သား ဆယ်သန်းကျော်နဲ့ သိုင်းပညာရှင် သိန်းကျော်က အံ့သြမှင်သက်ကုန်ကြတယ်။
“ကြယ်ပျံတောင်ကုန်းနတ်ဆိုးနယ်မြေကို သွားရောက်သွားခိုက်မလို့လား”
“သွားရောက်တိုက်ခိုက်မှာလား”
သွားရောက်တိုက်ခိုက်တယ်ဆိုတာ သူတို့တွေ မမျှော်လင့်တဲ့ စကား ဖြစ်ပါတယ်။
“မင်းတို့အားလုံး ကြောက်နေကြသလား”
စစ်သူကြီး ဖွန်ချန်က နောက်တစ်ကြိမ် ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်တယ်။
“မကြောက်ဘူး .. . ”
“မကြောက်ဘူး .. . ”
“မကြောက်ဘူး .. . ”
သိုင်းပညာရှင်တွေနဲ့ စစ်သားတွေအားလုံးက ဟစ်အော်လိုက်ကြတယ်။
“စစ်ထွက်မယ်.. . ”
စစ်သူကြီး ဖွန်ချန်ရဲ့ အမိန့်နဲ့အတူ စစ်ထွက်ရာမှာ အချက်ပေးဗုံ ထောင်ကျော်က ကျယ်လောင်စွာ မြည်ဟီးလာခဲ့တယ်။
ဗုံပေါင်းများစွာရဲ့ တီးခတ်မှုကတုန်ခါနေခဲ့တယ်။
စစ်သားဆယ်သန်းကျော်နဲ့ သိုင်းပညာရှင်တွေက အရှေ့တောင်အခြေစိုက်စခန်းအပြင်က အကြီးမားဆုံး နတ်ဆိုးနယ်မြေဖြစ်တဲ့ ကြယ်ပျံတောင်ကုန်းနတ်ဆိုးနယ်မြေဆီကို ချီတက်ခဲ့ကြပြီ။
ဒီသတင်းကို ကြယ်ပျံတောင်ကုန်းနတ်ဆိုးနယ်မြေက နတ်ဆိုးမိစ္ဆာတွေက ကြားသိခဲ့တယ်။
ဒါကြောင့် သန်းချီတဲ့ နတ်ဆိုးမိစ္ဆာတွေက စုစည်းလာခဲ့တယ်။
ကောင်းကင်မှာလည်း တိမ်စိုက်တွေ တဖြေးဖြေးထူထပ်လာခဲ့ပြီး မိုးခြိမ်းသံတွေတောင် ထွက်ပေါ်နေခဲ့တယ်။
ဆယ်ရက်ကြာအောင် ချီတက်ခဲ့ကြပြီးနောက် သူတို့တွေက ကြယ်ပျံတောင်ကုန်းနတ်ဆိုးနယ်မြေကို ရောက်ရှိခဲ့တယ်။ နောက်ဆုံးမှာတော့ တစ်ဖက်နဲ့ တစ်ဖက် ရင်ဆိုင်တွေ့ခဲ့တယ်။
စစ်ပွဲမဖြစ်မီ အခြေအနေက အလွန်တရာကို တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။
ယန်ချီက သူ့အရှေ့က တိမ်စိုင်မဲနဲ့တူတဲ့ နတ်ဆိုးမိစ္ဆာတွေကို ကြည့်လိုက်ပြီး ဖြေးညှင်းစွာ အရှေ့ကို လျှောက်လာခဲ့တယ်။
“မင်းတို့တွေထဲမှာ သာမန်ထက်ပိုပြီး အစွမ်းထက်တဲ့သူ မရှိဘူးလား”
သူက နတ်ဆိုးမိစ္ဆာသန်းချီအရှေ့မှာ စကားကို ညင်သာစွာ ပြောလိုက်တယ်။
သူ့အသံက သိပ်မကျယ်ပေမယ့် နတ်ဆိုးမိစ္ဆာအားလုံး ကြားဖို့ လုံလောက်ပါတယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 239 - ဘိုးဘေးဆရာအဆင့်
ယန်ချီရဲ့ အသံက အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းတာကြောင့် သန်းချီတဲ့ နတ်ဆိုးမိစ္ဆာတွေအားလုံး ဒီကြောက်လန့်ဖွယ်ဖိအားကို ခံစားလိုက်တယ်။
“ဟန်ချန်မှာတုန်းက ငါ မင်းတို့ အဖွဲ့သားတွေအများကြီးကို သတ်ခဲ့တယ်။ ဒါပေမယ့် ဘာကြောင့်မင်းတို့ ငြိမ်နေကြတာလဲ”
ယန်ချီက သူ့အရှေ့မှာ ရှိနေတဲ့ သန်းချီတဲ့ နတ်ဆိုးမိစ္ဆာတွေကို မထီမဲ့မြင်ကြည့်ကာ ပြောလိုက်တယ်။ “မင်းတို့တွေ ငါ့ကို ဘာမှ မလုပ်နိုင်ပါဘူး”
သန်းချီတဲ့ နတ်ဆိုးမိစ္ဆာတွေက ယန်ချီရဲ့ စကားသံကို ကြားတဲ့အခါ သူတို့အားလုံး စိတ်ဆိုးဒေါသထွက်သွားကြတယ်။ သန်းချီတဲ့ နတ်ဆိုးမိစ္ဆာတွေရဲ့ ဒေါသတကြီ ထုတ်လွှတ်လိုက်တဲ့ နတ်ဆိုးအရှိန်အဝါက ကောင်းကင်ကြီးကို မဲမှောင်သွားစေခဲ့တယ်။
“ဟား ဟာ းဟား ဟား ”
ရုတ်တရက် မိုးခြိမ်းသံလို ရယ်သံကြီး ထွက်ပေါ်လာခဲ့တယ်။
ရယ်သံနဲ့အတူ ခုနှစ်မီတာလောက်မြင့်တဲ့ နတ်ဆိုးမိစ္ဆာကြီးကခြေတစ်လှမ်းထဲနဲ့ ထွက်ပေါ်လာခဲ့့တယ်။
အဲ့ဒီ နတ်ဆိုးမိစ္ဆာက လက်ထဲမှာ မီးတောက်နေတဲ့ အနီရောင် ဓါးကြီးကို ကိုင်ထားပြီး အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းနေခဲ့တယ်။
အဲ့ဒီနတ်ဆိုးမိစ္ဆာကို ကြည့်ပြီး သိုင်းပညာရှင်တွေနဲ့ စစ်သားတွေအားလုံး ထိတ်လန့်သွားခဲ့ကြတယ်။
ဘာကြောင့်လဲဆိုတော့ ဒီနတ်ဆိုးမိစ္ဆာရဲ့ မျက်လုံးအရောင်က အနက်ရင့်ရောင်နဲ့ အဖြူရောင်အစပ်ဆိုတော့ အဆင့်မြင့် နတ်ဆိုးအရှင်လေး ဖြစ်တာကြောင့် ပါ။
ဒီနတ်ဆိုးမိစ္ဆာက ကြယ်ပျံနတ်ဆိုးနယ်မြေရဲ့ ခေါင်းဆောင်ဆိုတာ သံသယ ဝင်စရာ မလိုပါဘူး။
“လူသား မင်းက ဟန်ချန်မှာ ငါတို့လူတွေအများကြီးကို သတ်လိုက်တယ်။ မင်းဘာပြောပြော ငါတို့ ယုံမယ်များ ထင်နေတာလား”
အဆင့်မြင့် နတ်ဆိုးအရှင်လေးက ယန်ချီကို အထင်သေးစွာ ကြည့်လိုက်တယ်။
ဒီလို အသက်အရွယ်နဲ့ လူသားတစ်ယောက်က အလွန်ငယ်ရွယ်မှန်း သူ သိပါတယ်။ ဒီလူသားရဲ့ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတွေ များစွာ ရှိပေမယ့် သူနဲ့ဆိုရင် အလှမ်းကွာဝေးပါတယ်။
လူသားတွေက သူတိုရဲ့ အားနည်းပုံကို ဖုံးကွယ်ထားလို့ မရပါဘူး။
“မင်း ဘယ်လို ထင်လို့လဲ” ယန်ချီက အဆင့်မြင့် နတ်ဆိုးအရှင်လေးကို အထင်သေးစွာ ပြန်ကြည့်လိုက်ပြီးပြောလိုက်တယ်။ “မင်းအနေနဲ့ ဒီအကြောင်းကို ယုံဖို့ လိုတယ်”
ယန်ချီရဲ့ စကားတွေကို ကြားပြီးနောက်မှာ သန်းချီတဲ့ နတ်ဆိုးမိစ္ဆာတွေက ဟိန်းဟောက်လိုက်ကြတယ်။ ဒီလူသားက သူတို့နတ်ဆိုးမိစ္ဆာခေါင်းဆောင်ကို ဘယ်လို စကားမျိုး ပြောရဲတာလဲ။
“လူသား ငါမင်းကို တိုက်ကွက်တစ်ခုထဲနဲ့ သတ်လို့ရတယ်ဆိုတာ သိလား”
အဆင့်မြင့်နတ်ဆိုးအရှင်လေးက ယန်ချီကို တင်းမာခက်ထန်စွာ ကြည့်လိုက်တယ်။
သူ့အနေနဲ့ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ခဏအတွင်းမှာကို ယန်ချီအား အကြိမ်ထောင်ချီ သတ်နိုင်ပါတယ်။
“မင်းငါ့ကို တကွက်ထဲနဲ့ သတ်ဖြတ်နိုင်တယ်လို့ ထင်ရင် မင်းငါ့ကို လေထဲမှာ တိုက်ခိုက်ရဲလား”
ယန်ချီက အဆင့်မြင့်နတ်ဆိုးအရှင်လေးကို ကြည့်ပြီးပြောလိုက်တယ်။
“ဘာလို့ မတိုက်ရဲရမှာလဲ”
အဆင့်မြင့်နတ်ဆိုးအရှင်လေးက နှာခေါင်းရှုံ့လိုက်ပြီး သူ့ခန္ဓာကိုယ်က နတ်ဆိုးအရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး လေထဲ ပျံတက်သွားခဲ့တယ်။
အဆင့်မြင့်နတ်ဆိုးအရှင်လေး လေထဲ ပျံတက်သွားတာကို မြင်တော့ ယန်ချီက တိတ်တဆိတ်ပြုံးလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရည်မှန်းချက် အောင်မြင်သွားခဲ့ပြီလေ။
ပထမဦးဆုံးအနေနဲ့ ဒီအဆင့်မြင့်နတ်ဆိုးအရှင်လေးကို အရင် သုတ်သင်ရမှာ ဖြစ်ပါတယ်။
အဲ့ဒီအခါကျရင် သန်းချီတဲ့ နတ်ဆိုးမိစ္ဆာတွေက တိုက်ပွဲဝင်စိတ်ဆုံးရှုံးကုန်မှာ ဖြစ်ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် သူတို့လူသားတွေအနေနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုကို လျော့ချနိုင်မှာ ပါ။
အဆင့်မြင့်နတ်ဆိုးအရှင်လေးက လေထဲ ရောက်သွားတဲ့အခါ ယန်ချီကလည်းလေထဲ ခုန်တက်လိုက်တယ်။
အဲ့ဒီအချိန်မှာတော့ လူသားတွေရော နတ်ဆိုးမိစ္ဆာတွေရော ခေါင်းတွေမော့ပြီး လေထဲကတိုက်ပွဲကို စောင့်ကြည့်ကြတယ်။
“လူသား ကြည့်ရတာ မင်းက ငါထင်ထားတာထက်ပိုပြီး တော်မယ့်ပုံပဲ”
ယန်ချီက အခုအချိန်မှာ အဆင့်မြင့်နတ်ဆိုးအရှင်လေးနဲ့ အဓိပ္ပါယ်မရှိတာတွေ ပြောမနေချင်တော့ပါဘူး။ သူ့အနေနဲ့ အဆင့်မြင့်နတ်ဆိုးအရှင်လေးကို စိတ်ဆိုးဒေါသထွက်အောင် လုပ်ခဲ့ပြီးပါပြီ။
အခုဆိုရင် အဆင့်မြင့်နတ်ဆိုးအရှင်လေးက သူ့ကို ဒေါသထွက်နေခဲ့ပြီ။ ဒါကြောင့် အဆင့်မြင့်နတ်ဆိုးအရှင်လေးနဲ့ စကားထပ်ပြောစရာ အကြောင်းမရှိတော့ပါဘူး။
“ရွှီး. . ”
လေထဲမှာ အေးစက်စက်အလင်းတစ်ခုဖျတ်ခနဲ လက်သွားခဲ့တယ်။
ယန်ချီက နတ်ဆိုးပိုင်းဖြတ်သူဓါးကို ဓါးအိမ်ထဲကနေ ဆွဲထုတ်လိုက်ခြင်းပါ။
နတ်ဆိုးပိုင်းဖြတ်သူ ဓါးက ဓါးအိမ်ထဲကနေ ထွက်လာစဉ်မှာပဲ လွှမ်းမိုးနိုင်လွန်းတဲ့ ဓါးအလင်းက ထွက်ပေါ်လာခဲ့တယ်။
နတ်ဆိုးပိုင်းဖြတ်သူ ဓါးကို ကြည့်ပြီး အဆင့်မြင့် နတ်ဆိုးအရှင်လေးရဲ့ မျက်လုံးတွေ ချက်ချင်း ကျုံ့သွားခဲ့ပြီး သူ့ရဲ့ နက်မှောင်တဲ့ မျက်နှာမှာ လောဘအရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့တယ်။
“လူသား မင်းရဲ့ ဓါးက အရမ်းကောင်းတာပဲ”
“ဟုတ်လို့လား”
ယန်ချီက ပြုံးလိုက်တယ်။
ရုတ်တရက် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို လှုပ်ရှားလိုက်တယ်။
ချက်ချင်းပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သာမန်နဂါးရဲ့ စွမ်းအားတွေ လွှမ်းခြုံသွားခဲ့တယ်။
အဆင့်မြင့်နတ်ဆိုးအရှင်လေးကယန်ချီတစ်ကိုယ်လုံးလွှမ်းခြုံနေတဲ့ သာမန်နဂါးရဲ့စွမ်းအားကို မြင်ပြီးနောက် စိတ်ဝိဉာဉ်လွင့်ထွက်သွားမတက် ဖြစ်သွားခဲ့တယ်။
“သာမန်နဂါးရဲ့ စွမ်းအား ဒါ . . လူသား အင်ပါယာ ပဲ”
အဆင့်မြင့်နတ်ဆိုးအရှင်လေးက ထိတ်လန့်တကြားဖြစ်သွားပြီး ချက်ချင်း နောက်ပြန်ဆုတ်လိုက်တယ်။
ဒါပေမယ့်လည်း ယန်ချီက လက်ထဲမှာ ကိုင်ထားတဲ့ နတ်ဆိုးပိုင်းဖြတ်သူဓါးနဲ့အတူ အရှေ့ကို တက်သွားခဲ့တယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 240 - ခေါင်များကို ရွေးသတ်ခြင်း
မြေပြင်ကနေ ကြည့်နေကြတဲ့ နတ်ဆိုးမိစ္ဆာ သန်းချီက ယန်ချီတစ်ကိုယ်လုံး လွှမ်းခြုံနေတဲ့ သာမန်နဂါးရဲ့ စွမ်းအားတွေကို မြင်တော့ သူတို့တွေအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြတယ်။
အရှေ့တောင်အခြေစိုက်စခန်းက အဖွဲ့ဝင်တွေမှတပါး ကျန်တဲ့ သိုင်းပညာရှင်တွေနဲ့ စစ်သားတွေကလည်း သူတို့နဲ့အတူ ဘိုးဘေးဆရာအဆင့် တစ်ဦးပါလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။
ဘိုးဘေးဆရာအဆင့်ဆိုတာက နဂါးတိုင်းပြည်မှာ နှစ်ယောက်ထဲ ရှိတာလေ။
ဖြစ်နိုင်တာတော့. . ။
သိုင်းပညာရှင်တွေနဲ့ စစ်သားတွေ ထိတ်လန့်သွားကြတယ်။
“သူက အင်ပါယာ ယန်ချီလား”
ဒီအကြောင်းကို တွေးမိလိုက်တော့ သိုင်းပညာရှင်နဲ့ စစ်သားတွေအားလုံး စိတ်လှုပ်ရှားသွားခဲ့ကြတယ်။
လေထဲမှာတော့. . .။
အဆင့်မြင့်နတ်ဆိုးအရှင်လေးရဲ့ အလျင်က ဘယ်လိုလုပ်ပြီး ယန်ချီရဲ့ အလျင်ကို ယှဉ်နိုင်မှာလဲ။
ချက်ချင်းပဲ ယန်ချီက အဆင့်မြင့် နတ်ဆိုးအရှင်လေးအရှေ့ကို ရောက်သွားခဲ့တယ်။
ယန်ချီက လက်ထဲမှာ ကိုင်ထားတဲ့ နတ်ဆိုးပိုင်းဖြတ်သူဓါးနဲ့ အဆင့်မြင့်နတ်ဆိုးအရှင်လေးကို ပိုင်းဖြတ်လိုက်တယ်။
နတ်ဆိုးပိုင်းဖြတ်သူဓါးဆီကနေ ထွက်ပေါ်လာတဲ့ ဓါးအလင်းက လေဟနယ်ကိုတောင် အက်ကွဲစေခဲ့ပြီး ဒီမြင်ကွင်းက လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေခဲ့တယ်။
အဆင့်မြင့်နတ်ဆိုးအရှင်လေးက ဒီလို ဓါးအလင်း သူ့ကို တိုက်ခိုက်တာကို မြင်လိုက်တဲ့အခါ သူက ဝိဉာဉ်လွင့်ထွက်သွားမတက် ကြောက်လန့်သွားခဲ့တယ်။
“ဘာ .. .”
ကြောက်မက်ဖွယ်ဓါးအလင်းက သူ့ခန္ဓာကိုယ်ကို မထိခင်မှာ အဆင့်မြင့်နတ်ဆိုးအရှင်လေးက ကျယ်လောင်စွာ ဟစ်အော်မိလိုက်တယ်။
ဘာကြောင့်လဲဆိုတော့ သူ့အသက်ကို မကြာခင်မှာ ဆုံးရှုံးတော့မယ်ဆိုတာ သိတာကြောင့် ဖြစ်ပါတယ်။
ကြောက်မက်ဖွယ်ဓါးအလင်းက အဆင့်မြင့်နတ်ဆိုးအရှင်လေးရဲ့ ခန္ဓာကိုယ်ကို ထိသွားတဲ့အခါ အဆင့်မြင့်နတ်ဆိုးအရျင်လေးရဲ့ ခန္ဓာကိုယ်က ဒီကြောက်မက်ဖွယ်ကောင်းတဲ့ဓါးအလင်းကြောင့် အစိတ်ပိုင်းပေါင်း တစ်ထောင်လောက် ဖြစ်သွားခဲ့တယ်။
ဒီတိုက်ပွဲကို စောင့်ကြည့်နေကြတဲ့ နတ်ဆိုးမိစ္ဆာသန်းချီကလည်း မိုးကြိုးငါးစင်း အပစ်ခံလိုက်ရပြီး ရေခဲလှိုဏ်ဂူထဲ ရောက်သွားသလို ခံစားမိလိုက်တယ်။
“နတ်ဆိုးအရှင်”
“အသတ်ခံလိုက်ရပြီလား”
“အင်ပါယာ ယန်ချီ အရမ်း အစွမ်းထက်တာပဲ”
စစ်သူကြီး ဖွန်ချန်က ကြွေးကြော်လိုက်တယ်။ သူလည်း အလွန်တရာကို စိတ်လှုပ်ရှားနေခဲ့တယ်။
“အင်ပါယာ ယန်ချီ”
“အင်ပါယာ ယန်ချီ”
“အင်ပါယာ ယန်ချီ”
သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေအားလုံးလည်း ကြွေးကြော်ကြတော့တယ်။
ယန်ချီရောက်ရှိလာမှုက သူတို့တွေကို အဆုံးမရှိတဲ့ ယုံကြည်မှုကို ရရှိစေပြီး ဒီလို ကြယ်ပျံတောင်ကုန်းနတ်ဆိုးအရှင်ကို ချက်ချင်း သတ်လိုက်တာဆိုရင်တော့ ပိုပြီး အားတက်သွားခဲ့တယ်။
ဒီလို လုပ်ဆောင်ချက်က သိုင်းပညာရှင်တွေနဲ့ စစ်သားတွေကို ပိုပြီး တိုက်ခိုက်ချင်စိတ်တွေကို မြင့်တင်ပေးခဲ့တယ်။
ထောင်ပေါင်းများစွာသော လူတွေရဲ့ ဟစ်ကြွေးသံက ကောင်ကင်ယံထိ ထိုးတက်သွားခဲ့တယ်။
ကြယ်ပျံတောင်ကုန်းနတ်ဆိုးနယ်မြေက သန်းချီတဲ့ နတ်ဆိုးမိစ္ဆာတွေကတော့ ဝိဉာဉ်လွင့်မတက် ကြောက်လန့်သွားကြတယ်။
ယန်ချီက လေထဲကနေ ပြန်ဆင်းလာခဲ့တယ်။
သူက ညင်သာစွာ အမိန့်ပေးလိုက်တယ်။
“သတ်ဖြတ်စမ်း .. ”
ရုတ်တရက် စစ်သည်ဆယ်သန်းကျော်နဲ့ သိုင်းပညာရှင် တစ်သိန်းကျော်တို့က ကြယ်ပျံတောင်ကုန်းနတ်ဆိုးမယ်မြေက နတ်ဆိုးမိစ္ဆာတွေကို တဟုန်ထိုးတိုက်ခိုက်ကြတော့တယ်။
နှစ်ဦးနှစ်ဖက်က စတင်ပြီး ရင်ဆိုင်တိုက်ခိုက်ကြတော့တယ်။
ယန်ချီလည်း မြေပေါ်ကို ဆင်းလာခဲ့တယ်။
အဆင့်မြင့် နတ်ဆိုးအရှင်လေးကို သူ သတ်ဖြတ်လိုက်ပေမယ့် အလယ်အလတ်နတ်ဆိုးအရှင်လေး သုံးကောင်နဲ့ မူလနတ်ဆိုးအရှင်လေး ကိုးကောင် ကျန်ပါသေးတယ်။
အရင်ဆုံး သူ့အနေနဲ့ သူတို့တွေကို သတ်ဖြတ်ပစ်ရမှာ ဖြစ်ပါတယ်။
“ထွက်လာစမ်း ”
နတ်ဆိုးပိုင်းဖြတ်သူ ဓါးဆီကနေ ပေတစ်ထောင်ရှည်တဲ့ ဓါးအလင်း ထွက်ပေါ်လာခဲ့တယ်။
သူ သွားတဲ့ နေရာတိုင်းမှာ နတ်ဆိုးမိစ္ဆာတွေကို ရက်စက်စွာ သုတ်သင်ပစ်ခဲ့တယ်။
နတ်ဆိုးမိစ္ဆာတွေရဲ့ ခန္ဓာကိုယ်ကလည်း နှစ်ပိုင်းပြတ်ပြီး ကျန်ခဲ့တယ်။
သိုင်းပညာရှင်တွေနဲ့ စစ်သားတွေရဲ့ မျက်လုံးထဲမှာတော့ ယန်ချီက ဘုံကိုးခုက စစ်နတ်ဘုရားတစ်ပါးအလား ပြိုင်ဘက်ကင်းနေပါတယ်။
နတ်ဆိုးမိစ္ဆာတွေရဲ့ မျက်လုံးထဲမှာတော့ ယန်ချီက ငရဲပြည်က လာတဲ့ ငရဲသား တစ်ဦးအလား ကြောက်မက်ဖွယ်ကောင်းနေခဲ့တယ်။
နောက်ဆုံးမှာတော့ ယန်ချီက အလယ်အလတ်နတ်ဆိုးအရှင်လေး တစ်ကောင်ကို ရှာတွေ့ခဲ့တယ်။
အဲ့ဒီအလယ်အလတ်နတ်ဆိုးအရှင်လေးက သိုင်းပညာရှင် တစ်ဒါဇင်ကျော်ကို သတ်ဖြတ်နေချိန်ဖြစ်ပါတယ်။
ဒါဇင်များစွာသော သိုင်းပညာရှင်တွေက ဒီအလယ်အလတ်နတ်ဆိုးအရှင်လေးရဲ့ လက်သည်းချက်အောက်မှာ သေဆုံးခဲ့ရပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်လေးက သူ့အာရုံတွေကို ပြန်စုစည်းပြီးတဲ့အချိန်မှာ ယန်ချီက သူ့အရှေ့ရောက်နေတာကို သိလိုက်တယ်။
အဲ့ဒီအချိန်မှာပဲ အလယ်အလတ်နတ်ဆိုးအရှင်လေးရဲ့ ကြောက်ရွံ့မှုကို မည်သည့်စကားလုံးနဲ့မှ ဖော်ပြနိုင်စွမ်း မရှိပါဘူး။
မဆိုင်းမတွပဲ အလယ်အလတ်နတ်ဆိုးအရှင်လေးက ထွက်ပြေးလွတ်မြောက်ဖို့ ပြင်လိုက်တယ်။
အလယ်အလတ်နတ်ဆိုးအရျင်လေးက ဘယ်လောက်ပင် မြန်နေပါစေ သနားဖို့ ကောင်းပါတယ်။ သူက ပေတစ်ထောင်ရှည်တဲ့ ဓါးအလင်းကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။
ဘိုးဘေးဆရာအဆင့် ဆိုတာ ဘာလဲ .. ။
ဘိုးဘေးဆရာအဆင့်ဆိုတာ လောကကြီးကို ဖိနှိပ်နိုင်စွမ်း ရှိသူတွေ ဖြစ်ပါတယ်။
ပြိုင်ဖက်ကင်းတိုက်ခိုက်ရေးစွမ်းအား လုံးဝကို ကျော်လွှားမရနိုင်တဲ့ တည်ရှိမှုက နတ်ဆိုးမိစ္ဆာတွေကိုကြောက်လန့်စေခဲ့တယ်။
ကိုးရက်တိုင်တိုင် တိမ်တွေကနေ မိုးရေတွေ ရွာချခဲ့တယ်။
အလယ်အလတ်နတ်ဆိုးအရှင်လေးက ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးအလင်းကြောင့် သေဆုံးသွားခဲ့တယ်။
ကြယ်ပျံတောင်ကုန်း နတ်ဆိုးနယ်မြေရဲ့ အရှင်ဆိုတာ နတ်ဆိုးမိစ္ဆာတွေအတွက် ကောင်းကင်ကြီးကို ထောက်ပံ့ပေးထားတဲ့ ကျောက်စိမ်းဖြူတိုင်ကြီးအလား၊ ပင်လယ်ရေကို ကာဆီးပေးထားတဲ့ ခရမ်းရွှေရောင် တံတိုင်းကြီးအလားနဲ့ တူပါတယ်။
ခေါင်းဆောင်တွေ ကျရှုံးပြီးနောက် နတ်ဆိုးမိစ္ဆာတွေရဲ့ တိုက်ပွဲဝင်စိတ်တွေက လျော့နည်းသွားခဲ့တယ်။
သိုင်းပညာရှင်နဲ့ စစ်သားတွေအားလုံးက ပိုပိုရဲရင့်ပြီး တိုက်ခိုက်ကြတော့တယ်။