Chapter 221 - တိုက်ပွဲပြီးဆုံးခြင်း အခြေအနေ
အဲ့ဒီအချိန်မှာ ပထမခံစစ်မြို့တော်ကို လာတိုက်ခိုက်တဲ့ နတ်ဆိုးမိစ္ဆာများ အားလုံး နီးပါး အသတ်ခံလိုက်ရတယ်။
ယန်ချီက နတ်ဆိုးမိစ္ဆာတွေအနောက်ကို လိုက်လံ သတ်ဖြတ်နေခဲ့တယ်။
ယန်ချီကြောင့် နတ်ဆိုးမိစ္ဆာဘယ်လောက်များများ အသတ်ခံလိုက်ရလဲ မသိခဲ့ဘူး။
အစစ်အမှန်နဂါးရဲ့ စွမ်းအားက တကယ်ကို ကြောက်မက်ဖွယ်ကောင်းတာပါ။
ယန်ချီအနေနဲ့ ဆက်ပြီး သတ်ဖြတ်ချင်ပေမယ့် အစစ်အမှန်နဂါးစွမ်းအားက ပျောက်ကွယ်သွားခဲ့တော့တယ်။
သူ့ခန္ဓာကိုယ်ထဲက ချီစွမ်းအားတွေကလည်း ဆယ်ပုံကိုးပုံလောက် ကုန်ဆုံးသွားခဲ့ရတယ်။
ယန်ချီလည်း ဘာမှဆက်မလုပ်တော့ပဲ ဓါးဆွဲထုတ်မှတ်တွေကို စစ်ဆေးကြည့်လိုက်တယ်။
“ဓါးဆွဲထုတ်မှတ် သန်း ၁၀၀”
သူ ဒီလောက် နတ်ဆိုးမိစ္ဆာတွေကို သတ်ခဲ့ပေမယ့်လည်း ဓါးဆွဲထုတ်မှတ်က သန်းတစ်ရာပဲ ရှိသေးတာကို မြင်တော့ အံ့အားသင့်သွားခဲ့ရတယ်။
သူ့အနေနဲ့ အနည်းဆုံးတော့ သိန်းချီတဲ့ နတ်ဆိုးမိစ္ဆာတွေကို သတ်ဖြတ်ခဲ့ပေမယ့် ဘာကြောင့်များ ဓါးဆွဲထုတ်မှတ်တွေက မတိုးခဲ့တာလဲ ဆိုတာကို နားမလည်ခဲ့ပါဘူး။
“စနစ် ဘာတွေ ဖြစ်နေတာလဲ”
“ပိုင်ရှင် ဓါးဆွဲထုတ်မှတ်တွေကို ယာယီ တွက်ချက်ခြင်း မရှိပါဘူး”
စနစ်ရဲ့ အသံကို ကြားလိုက်ပြီးနောက် ယန်ချီက လက်ခံဖို့ အသင့်မဖြစ်ခဲ့ပါဘူး။
နတ်ဆိုးမိစ္ဆာတွေက ပြန်ဆုတ်သွားတာ အလွန်လျင်မြန်တာပဲလို့ တွေးနေခဲ့တယ်။ နတ်ဆိုးမိစ္ဆာတွေက သေဆုံးမှု ထိခိုက်ဒဏ်ရာ ရမှုတွေ များရှိခဲ့ပေမယ့် သူတို့ရဲ့ အားအင်ကို များစွာ ထိခိုက်ခြင်း မရှိပါဘူး။
နောက်ဆုံးတော့ သူက ပထမခံစစ်မြို့တော်ဆီကို ဖြေးညှင်းစွာ ပြန်လာခဲ့တယ်။
သူက ပထမခံစစ်မြို့တော်တံတိုင်းအရှေ့ရောက်တဲ့အခါ ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ အပျက်အစီးတွေကို ကြည့်လိုက်တယ်။ နဂါးတိုင်းပြည်ရဲ့ အစွမ်းအထက်ဆုံး ကာကွယ်ရေးခံစစ်က နတ်ဆိုးနဂါးတွေရဲ့ တိုက်ခိုက်မှုမှာ ပြိုကျခဲ့ရတယ်။
အဲ့ဒီနောက်တော့ သူက ပထမခံစစ်မြို့တော်ထဲကို ဝင်လာခဲ့တယ်။
စစ်သူကြီးဘတာအို ဦးဆောင်ပြီး ဒီတိုက်ပွဲမှာ လူသားတွေဖက်က ဘယ်လောက်ကျရှုံးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ စစ်ဆေးနေခဲ့တယ်။
သိုင်းပညာရှင်က တစ်သိန်းလောက် ကျရှုံးခဲ့ပြီး စစ်သားတွေအနေနဲ့ တသန်းထိ မြင့်မားခဲ့တယ်။
ဒီလောက်အရေအတွက်က မည်သူကိုမဆို ဝမ်းနည်းစိတ်မကောင်းဖြစ်စေခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ နတ်ဆိုးမိစ္ဆာတွေလိုပဲ အားနည်းသွားတဲ့အထိတော့ မဖြစ်ခဲ့ဘူး။
အင်ပါယာ ဟီယီနဲ့ စစ်သူကြီးတွေက ယန်ချီဆီကို လျင်မြန်စွာ လျှောက်လာပြီးနောက် ယန်ချီကို လေးနက်စွာ အရိုအသေပေးလိုက်ကြတယ်။
“မဟာ ဧကရာဇ် ယန်ချီ”
ဝိဉာဉ်ဘုရင်(မဟာ ဧကရာဇ်)ဆိုတာ ဘိုးဘေးဆရာအဆင့်ထက် များစွာ မြင့်မားတဲ့ အဆင့်တစ်ခုပါ။
“ကျွန်တော်က ဝိဉာဉ်ဘုရင် မဟုတ်သေးပါဘူး။ ကျွန်တော် အစစ်အမှန်နဂါးရဲ့စွမ်းအားကို နာရီဝက်သာ အသုံးပြုနိုင်တာပါ”
ယန်ချီက ပြောလိုက်တယ်။
အင်ပါယာဟီယီနဲ့ စစ်သူကြီးတွေက ဒီစကားကို ကြားတဲ့အခါ သူတို့တွေက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ယုံကြည့်ရမလားဆိုပြီး တွေးနေခဲ့တယ်။
ယန်ချီက ဝိဉာဉ်ဘုရင်အဆင့်မဟုတ်မှန်း ယုံကြည်ချင်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုလုပ်ပြီး အစစ်အမှန်နဂါးရဲ့စွမ်းအားကို ဘယ်လိုလုပ်ပြီး သုံးနိုင်မှာလဲ။ ဒါက မဖြစ်နိုင်ဘူးလေ။
တဖက်ကလည်း မယုံပါဘူး။ ယန်ချီလို အသက်အရွယ်နဲ့ ဒီလောကရဲ့ အစွမ်းအထက်ဆုံးပါရမီရှင်ဖြစ်ပေမယ့် ဒီလို အဆင့်ရောက်အောင် ကျင့်ကြံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
သူတို့တွေ ဆက်မစဉ်းစားကြတော့ပါဘူး။
သူတို့သိတာတော့ ယန်ချီက နဂါးတိုင်းပြည်တစ်ခုလုံးရဲ့ သူရဲကောင်းဆိုတာကိုပါ။ ယန်ချီသာ မရှိခဲ့လျှင် နဂါးတိုင်းပြည်က နတ်ဆိုးမိစ္ဆာတွေရဲ့ သံသယဖြစ်စရာ မလိုပဲ ဖျက်ဆီးပစ်ခံရမှာ သေချာပါတယ်။
ယန်ချီက အလောင်းကောင်တွေ ပုံထားတာကို ကြည့်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် ရင်ထဲ လေးလံသွားခဲ့ပြီး မျက်လုံးအစုံကို မှိတ်ထားလိုက်တယ်။
အင်ပါယာက သူ့ကို လူတွေက ဘာကြောင့် ဒီလောကမှာ အသက်ရှင်လဲလို့ မေးခဲ့တာကို ပြန်အမှတ်ရခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက သူ ပြန်မဖြေနိုင်ခဲ့ဘူး။
နောက်ပိုင်းမှာ သူက အင်ပါယာကျောင်းတော်မှာ စစ်သူကြီး တျန်းဟီယွမ်ကို တိုက်ခိုက်ခဲ့စဉ်က သူ အင်ပါယာကို ပြောခဲ့တယ်။
“လူတွေက ဒီလောကမှာ ဘာအတွက် အသက်ရှင်တာလဲဆိုတဲ့ မေးခွန်းကို ဖြေဆိုခဲ့တယ်။
လူသားတွေက ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ။ သိုင်းပညာရှင်ဖြစ်စေ သာမန်လူသားပင်ဖြစ်ပါစေ နတ်ဆိုးမိစ္ဆာတွေနဲ့ ပြည့်နှက်နေတဲ့ ဒီလောကကြီးမှာ အသက်ရှင်ချင်ရုံသာ ဖြစ်ပါတယ်။
ယန်ချီသာမဟုတ် အင်ပါယာဟီယီနဲ့ စစ်သူကြီးတွေလည်း ဒီမြင်ကွင်းကို ကြည့်ပြီး စိတ်ထဲ လေးထံတာကြောင့် စကားဆက်မပြောနိုင်ကြဘူး။
ယန်ချီ ထွက်လာခင်က သူတို့တွေက နတ်ဆိုးမိစ္ဆာတွေနဲ့ သေသွားတဲ့အထိ တိုက်ခိုက်သွားမှာပါ။ သူတို့တွေရဲ့ စွမ်းအားက နှင်းလွင်ပြင်နတ်ဆိုးနယ်မြေက နတ်ဆိုးမိစ္ဆာတွေကို အနိုင်မတိုက်ခိုက်နိုင်ဘူးဆိုတာ သိပါတယ်။
ဒါပေမယ့် သူတို့တွေက အသက်သေသွားပါစေ နဂါးတိုင်းပြည်ကို စောင့်ရှောက်ရမမယ့် တာဝန်ရှိနေတယ်။
နောက်ပိုင်းတော့ ယန်ချီ ရောက်လာခဲ့တယ်။
အစစ်အမှန်နဂါးတစ်ကောင်ရဲ့ စွမ်းအားက သူ့ခန္ဓာကိုယ် တစ်ခုလုံး ဖုံးလွှမ်းနေခဲ့တဲ့အချိန်တုန်းက သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို ဖော်ပြမယ့် စကားလုံးတောင် မရှိခဲ့ဘူး။
အစစ်အမှန်နဂါးတစ်ကောင်ရဲ့စွမ်းအား ဖုံးလွှမ်းနေတဲ့ ယန်ချီရဲ့ စွမ်းဆောင်ရည်ကို သူတို့ သိတာကြောင့် ဖြစ်ပါတယ်။
သိုင်းပညာရှင်တွေနဲ့ စစ်သားတွေအားလုံး စိတ်လှုပ်ရှားနေကြတယ်။ ယန်ချီ ရောက်ရှိလာခြင်းက သူတို့တွေကို သေတွင်းထဲကနေ ဆွဲထုတ်ခံလိုက်ရသလို ဖြစ်သွားခဲ့တယ်။
ယန်ချီက မျက်လုံးကို ဖွင့်လိုက်ပြီး အလောင်းပုံကြီးကို နောက်တစ်ကြိမ် ကြည့်လိုက်တယ်။ ဒီလို သွေးထွက်သံယိုဖြစ်နေတဲ့ အငွေ့အသက်က ပထမခံစစ်မြို့တော်ရဲ့ နေရာတိုင်းကို အချိန်အတော်ကြာအောင် ပျံ့နှံ့နေခဲ့တယ်။
“ဟား ဟား ”
သူက ရုတ်တရက် ပြုံးလိုက်မိတယ်။
သူက ရယ်မောလိုက်ပေမယ့် သူ့မျက်နှာထက်မှာတော့ အဆုံးမဲ့ ဝမ်းနည်းမှုတွေ ပေါ်လွင်နေခဲ့တယ်။ သူက စိတ်ထဲကနေ မြည်တမ်းလိုက်တယ်။
“မင်းကတော့ အောင်မြင်ရလိမ့်မယ်။ ဒါပေမယ့် အရိုးတွေ ထောင်သောင်းချီကတော့ အရိုးကျလိမ့်မယ်”
🐼🐼🐼🐼🐼🐼🐼🐼
Chapter 222 - ယန်ချီရဲ့ အစီအစဉ်
ပထမခံစစ်မြို့တော်တံတိုင်းကတော့ ပြိုကျသွားခဲ့တယ်။
အဲ့ဒီအချိန်မှာ ယန်ချီ ရောက်လာပြီး နတ်ဆိုးမိစ္ဆာတွေကို လိုက်ခံသတ်ဖြတ်နေခဲ့တယ်။
ဒီတိုက်ပွဲသတင်းက အင်ပါယာမြို့တော်သာမက နဂါးတိုင်းပြည်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တယ်။
နဂါးတိုင်းပြည်ရဲ့ အခြေစိုက်စခန်းရှစ်ခုက ယန်ချီရဲ့ အကြောင်းကို သိရှိသွားကြတယ်။
နဂါးတိုင်းပြည်ရဲ့ အစွမ်းအထက်ဆုံး စစ်သည်တော်က ပြောင်းလဲသွားခဲ့တယ်။
မူလက နဂါးတိုင်းပြည်ရဲ့ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးစွမ်းအားပိုင်ဆိုင်သူက အင်ပါယာ ဖြစ်ပေမယ့် အခုတော့ ယန်ချီ ဖြစ်လာခဲ့ပါပြီ။
အင်ပါယာနန်းတော် ခန်းမကြီး အတွင်း. . . . ။
အင်ပါယာဟီယီ၊ ယန်ချီနဲ့ စစ်သူကြီးတွေအားလုံးက ခန်းမထဲမှာ စုစည်းနေခဲ့တယ်။
“ဒီတစ်ကြိမ်မှာ နတ်ဆိုးမိစ္ဆာတွေက ရှုံးနိမ့်သွားပေမယ့် သူတို့ရဲ့ စွမ်းအားကို များစွာ ထိခိုက်သွားတာ မဟုတ်ဘူး။ ငါတို့အနေနဲ့ ပထမခံစစ်တံတိုင်းကို ဖြစ်နိုင်သမျှ ပြန်တည်ဆောက်သင့်တယ်”
အင်ပါယာ ဟီယီက ပြောလိုက်တယ်။
စစ်သူကြီးတွေအားလုံးက ခေါင်းညိတ်သဘောတူလိုက်ကြတယ်။
“ကျွန်တော့်မှာ အစီအစဉ် တစ်ခု ရှိတယ်”
အချိန်အတော်တော်များများမှာ စကားမပြောပဲ နေခဲ့တဲ့ယန်ချီက ရုတ်တရက်ပြောလိုက်တယ်။
အင်ပါယာဟီယီနဲ့ စစ်သူကြီးတွေအားလုံးက ယန်ချီကို မျှော်လင့်တကြီး ကြည့်လိုက်ကြတယ်။
“ဘာအစီအစဉ်များလဲ”
“ကျွန်တော် အခြေစိုက်စခန်းတွေကို သွားပြီး အဲ့ဒီက စစ်သည်တွေကို ဦးဆောင်ပြီး နတ်ဆိုးမိစ္ဆာတွေကို ဖျက်ဆီးပစ်မယ်။ အခြားအခြေစိုက်စခန်းတွေက နတ်ဆိုးမိစ္ဆာတွေ ပျက်စီးသွားရင် နဂါးတိုင်းပြည်က စစ်သည်တွေအားလုံး စုစည်းပြီး နှင်းလွင်ပြင်နတ်ဆိုးတွေကို တိုက်ခိုက်မယ်”
ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။
ဒီစကားသံတွေကို ကြားလိုက်တော့ အင်ပါယာဟီယီနဲ့ စစ်သူကြီးတွေအားလုံး ကျောက်ရုပ်အလား ဖြစ်သွားကြတယ်။
“ဒီအစီအစဉ်က .. . ”
ယန်ချီ ဦးဆောင်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။
နတ်ဆိုးတွေအနေနဲ့ ပထမခံစစ်တိုက်ခိုက်ခံရမှုကြောင့် လူသားတွေအနေနဲ့ ဒီလိုမျိုး တိုက်ခိုက်လိမ့်မယ်လို့ စဉ်းစားမိမှာ မဟုတ်ပါဘူး။
“ဒါဆိုရင် ယန်ချီ ဒီအစီအစဉ်အတိုင်း မင်းဆောင်ရွက်လိုက်”
အင်ပါယာက ယန်ချီရဲ့ အစီအစဉ်ကို သဘောတူလိုက်တယ်။ သူက အစောပိုင်းမှာ ယန်ချီကို အင်ပါယာ ယန်ချီလို့ ခေါ်ချင်ပေမယ့် ယန်ချီက သူ့ကို ဒီလို ခေါ်တာ မကြိုက်ပါဘူး။
“ဟုတ်ကဲ့ ကောင်းပါပြီ”
ယန်ချီက ပြန်ဖြေလိုက်တယ်။
“အခုချက်ချင်းပင် အခြေစိုက်စခန်းက မြို့တော် အရှင်တွေကို အသိပေးလိုက်မယ်”
အင်ပါယာ ဟီယီက ပြောလိုက်တယ်။
ယန်ချီလည်း အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ထွက်သွားခဲ့တယ်။
သူ ပထမဆုံးသွားရောက်မယ် အခြေစိုက်စခန်းကတော့ အရှေ့တောင် အခြေစိုက်စခန်း ပါ။
အရှေ့တောင်အခြေစိုက်စခန်းက လင်ဟိုင်အခြေစိုက်စခန်းထက်များစွာ ကြီးမားပါတယ်။
ဒီအခြေစိုက်စခန်းမှာ မြို့ကြီးတွေနဲ့ မြို့ငယ်လေးတွေ တစ်ဒါဇင်ကျော် ရှိပြီး လင်ဟိုင်အခြေစိုက်စခန်းအုပ်ချုပ်မှုအောက်ရှိ နယ်မြေထက် ပိုပြီး ကျယ်ဝန်းပါတယ်။
အရှေ့တောင်အခြေစိုက်စခန်းရဲ့ အဓိကမြို့ကြီးကို အရှေ့တောင် မြို့တော်လို့ ခေါ်ဆိုကြတယ်။
အရှေ့တောင်အခြေစိုက်စခန်းရဲ့ အစွမ်းအထက်ဆုံး စစ်သည်တော်က အလယ်အလတ်ရှေးဦးဆရာအဆင့် ဖြစ်တဲ့ ဖွန်ချန်ပါ။
အရှေ့တောင်မြို့တော် အရှင်ဖြစ်သူ ဖွန်ချန်က လင်ဟိုင်အခြေစိုက်စခန်းက သိုင်းအရှင်သခင် ရှုမူလိုပဲ စောင့်ရှောက်သူ တစ်ယောက် ပါ။
ယန်ချီလည်း အဆောတလျင်ထွက်သွားခဲ့တယ်။
သူက အထူးဘတ်စ်ကားကို မစီးခဲ့ပါဘူး။ ဒါကြောင့် သူက အရှေ့တောင် မြို့တော်ဆီကို ခရီးသည်တင်အဝေးပြေးကားနဲ့ လိုက်လာခဲ့တယ်။
ဒီခရီးစဉ်အတွင်းမှာ ကားများစွာ ပြောင်းလဲပြီး စီးခဲ့ရတယ်။
ဒီလောကမှာ လေယဉ်မရှိတဲ့အတွက် အနည်းငယ်တော့ အချိန်ကြန့်ကြာသွားခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ဘတ်စ်ကားက အမည်မသိ နေရာတစ်ခုမှာ ရပ်သွားခဲ့တယ်။ ကြည့်ရတာ နောက်တစ်ကြိမ် ကားပြောင်းစီးရဦးမယ်တူနေပုံပါ။
ယန်ချီက အရှေ့တောင်အခြေစိုက်စခန်းကို သွားတဲ့ ခရီးက အတော်ကို အလုပ်ရှုပ်တာဘဲလို့ တွေးပြီး ခါးသီးစွာ ပြုံးလိုက်မိတယ်။
သူလည်း နောက်ကားတစီးပေါ်တက်ပြီးနောက်. . . .။
သူ့ထိုင်ရမယ့်နေရာကို ရှာတွေ့လိုက်တယ်။
ဒီကားပေါ်မှာတော့ သာမန်လူတွေနဲ့ပြည့်နှက်နေခဲ့တယ်။
သူတို့တွေ လိုက်စီးနင်းမယ် ဒီကားပေါ်မှာ နဂါးတိုင်းပြည်ရဲ့ နာမည်ကျော် အင်ပါယာ ယန်ချီတစ်ယောက် ပါလာလိမ့်မယ်လို့ မှန်းဆမိမှာ မဟုတ်ပါဘူး။
ယန်ချီလည်း သူတို့တွေကို သူက အင်ပါယာယန်ချီပါလို့ မပြောပါဘူး။ ပြောရင်လည်း ယုံကြည်မှာ မဟုတ်ဘူးဆိုတာ သိတာကြောင့် ပါ။
အဲ့ဒီအချိန်မှာပဲ ကားပေါ်ကို သူ့အသက်အရွယ်လောက်ရှိတဲ့ မိန်းကလေးတစ်ဦးတက်လာခဲ့တယ်။
ဒီမိန်းကလေးက အလွန်လှပပြီး သူမရဲ့ ဝတ်စားဆင်ယင်မှုကလည်း အလွန် လိုက်ဖက်မှု ရှိပါတယ်။ သူမရဲ့ အလှက ကားပေါ်က မည်သူမှ မယှဉ်နိုင်ပါဘူး။
ယန်ချီအနေနဲ့ မမျှော်လင့်မိတာက ဒီမိန်းကလေးက သိုင်းပညာရှင်တစ်ယောက် ဖြစ်နေခဲ့တာကိုပါ။
ပြီးတော့ သူမက အလယ်အလတ်သိုင်းဆရာအဆင့် ရှိပါတယ်။
ဒီလို အသက်နှစ်ဆယ်နဲ့ သူမက အလယ်အလတ်သိုင်းဆရာအဆင့်ကိုေ ရာက်နေတာဆိုတော့ သူမက ပါရမီရှင်တွေကြားထဲက ပါရမီရှင် တစ်ယောက်ပါပဲ။
“ရှင် ဘာကို ကြည့်နေတာလဲ”
ရုတ်တရက် မကျေနပ်တဲ့ အသံတစ်သံကို ယန်ချီ ကြားလိုက်တယ်။
ယန်ချီက သတိပြန်ဝင်လာခဲ့တော့ အဲ့ဒီမိန်းကလေးက သူ့ကို ကြည့်နေတာကို သိလိုက်ပြီး သူမရဲ့ အမူအယာက ဒေါသထွက်နေတာကို မြင်လိုက်တယ်။
“အဲ. . .” ဒီမိန်းကလေးကတော့ သူ့ကို အထင်လွဲနေပြီဆိုတာ ယန်ချီ ထင်လိုက်မိတယ်။
“မင်း ငါ့ကို မကြည့်ပဲနဲ့ ငါက မင်းကို ကြည့်နေတယ်လို့ မင်း ဘယ်လို သိတာလဲ”
ယန်ချီက တရုတ်ဂန္တဝင်စကားတစ်ခွန်းကို ပြောလိုက်တယ်။
ယန်ချီရဲ့စကားတွေကို ကြားပြီးနောက် အဲ့ဒီမိန်းကလေးက ပိုပြီး ဒေါသထွက်သွားခဲ့တယ်။
“ရှင်က ကျွန်မလို့ လူကို ဒီလိုပြောရဲတယ်ပေါ့”
🐼🐼🐼🐼🐼🐼🐼🐼
Chapter 223 - ခရီး ထွက်ခွာခြင်း
ဒီမိန်းကလေးရဲ့ နာမည်က ဖွန်လီဖြစ်ပြီး သူမက ယန်ချီကို တင်းမာစွာ ကြည့်နေခဲ့တယ်။
ကားထဲက လူတိုင်းက ဒီအခြေအနေကို သတိပြုမိပြီး သူတို့တွေက ဘာများ ဆက်ဖြစ်မလဲလို့ စိတ်ဝင်တစား ကြည့်နေခဲ့တယ်။
ယန်ချီအနေနဲ့ ဖွန်လီကို ဂရုမစိုက်ချင်စိတ် မရှိပါဘူး။
သူက ဒီလို မောက်မာတဲ့ မိန်းကလေးမျိုးနဲ့ စကားပြောရတာ တကယ်ကို ပျင်းစရာ ကောင်းတယ်လို့ ခံစားမိပါတယ်။
ဒီမိန်းကလေးက သူမတို့ မျိုးဆက်တွေကြားမှာ ပါရမီရှင်တစ်ယောက်ဖြစ်ပေမယ့် သူနဲ့ဆိုရင်တော့ များစွာ ကွာဟပါတယ်။
ဒါပေမယ့်လည်း ဖွန်လီက ယန်ချီ ဥပေက္ခာပြုထားတာကို မြင်ပေမယ့်လည်း အရှုံးမပေးသေးပါဘူး။
ယန်ချီက သူမရဲ့ မေးခွန်းကို ပြန်မဖြေတာကိုမြင်တော့ သူမက ပိုပြီး မျက်မှောင်ကြုတ်သွားခဲ့တယ်။
“ကျွန်မ ရှင့်ကို မေးနေတယ်လေ။ ရှင်က ကျွန်မကို ဘာလို့ ဒီလို ပြောရဲတာလဲ”
“ရှင် ဘယ်လို ဖြေမလဲ သိချင်တယ်”
ဖွန်လီက ယန်ချီကို စူးစိုက်ကြည့်လိုက်ပြီး သူမရဲ့ခန္ဓာကိုယ်ကနေ ချီစွမ်းအင်ကို ထုတ်လွတ်လိုက်တော့ ကားထဲမှာရှိတဲ့ လူတွေအပေါ်ကို ဖိအားသက်ရောက်သွားခဲ့တယ်။
“ချီစွမ်းအား. . . သိုင်းပညာရှင်ပဲ. . . ”
ကားထဲက လူတိုင်းက သာမန်လူတွေ ဖြစ်တာကြောင့် ဒီဖိအားကို မခံနိုင်ပဲ မျက်နှာတွေ ဖြူဖျော့သွားခဲ့တယ်။
သူတို့တွေအနေနဲ့ ဒီလိုနဲ့ သူတို့အရှေ့မှာ ချီစွမ်းအင်ကို ထုတ်လွှတ်နိုင်တဲ့ သိုင်းပညာရှင်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။
ဖွန်လီက ကားပေါ်က လူတွေရဲ့ အမူအယာကို သတိပြုမိပါတယ်။ သူမက ဂုဏ်ယူဝင့်ကြွားတဲ့ အမူအယာနဲ့ ယန်ချီကို စိုက်ကြည့်လိုက်တယ်။ သူက ဒီအချိန်မှာ ယန်ချီရဲ့ မျက်နှာမှာ အံ့အားသင့်မှုတွေ ရှိနေလိမ့်မယ်ဆိုတာ သိပါတယ်။
ဒါပေမယ့်လည်း သူမရဲ့ အကြည့်တွေက ယန်ချီရဲ့ မျက်နှာဆီကို ရောက်တဲ့အခါမှာ သူမ အံ့အားသင့်သွားခဲ့ရတယ်။
ဘာကြောင့်လဲဆိုတော့ ယန်ချီရဲ့ အမူအယာက သူမဆီကနေ ထုတ်လွှတ်တဲ့ ဖိအားဒဏ်ကို ဘာမှ မခံစားရတဲ့ အသွင်နဲ့ ဘာမှ ပြောင်းလဲခြင်းမရှိပါဘူး။
ဒါကို မြင်လိုက်တော့ ဖွန်လီတစ်ယောက် တိတ်တဆိတ်အံ့အားသင့်သွားခဲ့တယ်။
“ဒီလူလည်း သိုင်းပညာရှင် တစ်ယောက်လား မဖြစ်နိုင်ဘူးထင်တယ်”
ဖွန်လီက သူမအဖေ သူမကို ပြောခဲ့ဖူးတာကို ပြန်အမှတ်ရလိုက်မိပါတယ်။ အစွမ်းထက်တဲ့ လူတွေထက်ပိုပြီး အစွမ်းထက်တဲ့သူ ရှိသလို တောင်တတောင်ထက်ပိုပြီး မြင့်တဲ့ တောင်ဆိုတာ အမြဲတမ်း ရှိတက်ပါတယ်။
“ရှင်က သိုင်းပညာရှင်လား”
ဖွန်လီက ယန်ချီကို ကြည့်လိုက်တော့ ယန်ချီက နောက်ကျောမှာ ဓါးတစ်ချောင်းကို လွယ်ထားတာကို သိလိုက်တယ်။
ဒီစကားကို ကြားတော့ ကားထဲက လူတိုင်းက ယန်ချီကို ကြည့်လိုက်ကြတယ်။ သူတို့တွေအားလုံးက ယန်ချီကို ဘယ်လိုဖြေမလဲဆိုတာ သိချင်နေခဲ့ကြတယ်။
“အင်း ဟုတ်တယ်လို့ ပြောလို့ရပါတယ်”
ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။
သူက ဖွန်လီကို ဂရုမစိုက်ပါဘူး။ ဒါပေမယ့်လည်း သူ့မှာ အကြောင်းပြချက် သောင်းခြောက်ထောင်ရှိနေခဲ့တယ်။ ဒါကြောင့် သူက အဖြေကို တိတိကျကျမဖြေခဲ့ဘူး။
“အင်း ဟုတ်တယ်လို့ ပြောလို့ရပါတယ်”
ယန်ချီရဲ့ အဖြေက ဖွန်လီနဲ့ ကားထဲက လူတိုင်းကို အံ့အားသင့်သွားစေခဲ့တယ်။ ဒါက ဘယ်လိုအဖြေကြီးလဲ။
ဖွန်လီက ဒေါသထွက်သွားခဲ့တယ်။
သူမအနေနဲ့ ယန်ချီလို မောက်မာတဲ့လူမျိုးကို တခါမှ မမြင်ဖူးပါဘူး။
ဒါပေမယ့်. . . .။
သူမက ယန်ချီအနေနဲ့ သူမရဲ့ နောက်ခံကို သိဖို့ မထိုက်တန်တာကြောင့် သူမရဲ့ အကြောင်းကို မပြောပြခဲ့ဘူး။
“အားလုံးပဲ ဒီလမ်းက အရှေ့တောင်မြို့တော်ဆီကို တိုက်ရိုက်ရောက်ပေမယ့် လူသူကင်းမဲ့တဲ့ နယ်မြေကို ဖြတ်သွားရလိမ့်မယ်။ အဲ့ဒီလူသူကင်းမဲ့တဲ့ နယ်မြေမှာ ဓါးမြတွေ ရှိတယ်လို့ သတင်းထွက်နေတယ်။ မင်းတို့အားလုံးအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်”
ကားမောင်းသမားက ကားထဲက လူတိုင်းက ပြောဆိုလိုက်တယ်။
ကားထဲမှာ ရှိနေတဲ့ လူတိုင်းက သာမန်လူတွေ ဖြစ်ကြတယ်။ ကားမောင်းသမားရဲ့ စကားတွေကို ကြားတဲ့အခါ ခရီးသည်တွေက ချက်ချင်းပဲ အိပ်နေတာကနေ နိုးလာကြတယ်။
ဖွန်လီကတော့ ပြုံးနေခဲ့တယ်။
သူမက ချီစွမ်းအင်ကို ထုတ်လွှတ်ပြလိုက်တာကြောင့် အခုဆိုရင် သူမကို လူတိုင်းက သိုင်းပညာရှင်မှန်း သိခဲ့တယ်။
“မစိုးရိမ်ပါနဲ့။ ဓါးမြတွေနဲ့ ရင်ဆိုင်ရင် အားလုံးကို ကျွန်မ ကာကွယ်ပေးမယ်”
ပြောလိုက်ပြီးနောက် ဖွန်လီက ယန်ချီကို တက်ကြွစွာနဲ့ ကြည့်လိုက်တယ်။
ယန်ချီရဲ့ မျက်နှာကတော့ တည်ငြိမ်နေခဲ့တယ်။
ဘတ်စ်ကားက လူသူကင်းမဲ့တဲ့နယ်မြေက ဖြတ်သွားခဲ့ပြီး ဓါးမြတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ ဖွန်လီမပါလဲ သူက ဒီလမ်းကြောင်းကို ရွေးချယ်မှာ ဖြစ်ပါတယ်။
ကားပေါ်က ခရီးသည်တွေကတော့ ဖွန်လီရဲ့ စကားကို ကြားတဲ့အခါ သူတို့တွေက သက်ပြင်းချလိုက်မိကြတယ်။ ဘာပဲ ဖြစ်ဖြစ် ဖွန်လီက ချီစွမ်းအင်ကို ထွတ်လွှတ်နိုင်တဲ့ အစွမ်းထက်တဲ့ သူတစ်ယောက် ဖြစ်နေခဲ့တယ်လေ။
ချီစွမ်းအင်ကို ထုတ်လွှတ်နိုင်တယ်ဆိုတော့ အနည်းငယ် မူလသိုင်းဆရာအဆင့် ဖြစ်နိုင်ပါတယ်။
ဒီလို အစွမ်းထက်တဲ့ သူမျိုးက ဓါးမြတွေကို မကြောက်တဲ့အပြင် သူတို့တွေကို ကာကွယ်ပေးဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။
ဘတ်စ်ကားက ဆက်လက်မောင်းနှင်လာခဲ့တယ်။
အသေအချာပါပဲ။ ကားက လူသူကင်းမဲ့တဲ့ နယ်မြေတွေကို ဖြတ်သန်းခဲ့ရတယ်။
လူသူကင်းမဲ့တဲ့ နယ်မြေတွေမှာ ကန္တရမြေတွေနဲ့ ခြောက်ကပ်နေခဲ့တယ်။
ခရီးသည်တွေကတော့ ဓါးမြတွေနဲ့ မရင်ဆိုင်မိဖို့ မျှော်လင့်နေခဲ့ကြတယ်။ ကားထဲမှာ အစွမ်းထက်တဲ့ သိုင်းသမား တစ်ယောက်ပါပေမယ့်လည်း မရင်ဆိုင်မိရင် အကောင်းဆုံး ပါပဲ။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 224 - ဓါးမြတွေနဲ့ တွေ့ဆုံခြင်း
ဖွန်လီက သူမဘေးက ယန်ချီကို ကြည့်လိုက်တယ်။
ဒီကောင်နဲ့အတူ ထိုင်ရခြင်းအတွက် သူမကိုယ်သူမ စဉ်းစားရအောင်ကို ဖြစ်နေခဲ့တယ်။
“ဟေး ရှင် အရှေ့တောင် အခြေစိုက်စခန်းကို ဘာသွားလုပ်မလို့လဲ”
ယန်ချီရဲ့ အကြည့်တွေက ကားပြတင်းမှန်တွေကနေ တဆင့် အပြင်ကို ကြည့်နေပြီး သူမရဲ့ စကားကို လျစ်လျူရှုထားလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။
ဒါကို မြင်တော့ ဖွန်လီတစ်ယောက် ပိုပြီးဒေါသထွက်သွားခဲ့တယ်။
သူမက ယန်ချီကို တစ်ခုခု ထပ်ပြောတော့မယ့် အချိန်မှာ ဘတ်စ်ကားက ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။
ကားထဲက ခရီးသည်တွေ အံ့အားသင့်သွားခဲ့ပြီး ဘာတွေ ဖြစ်နေလဲဆိုတာ နားမလည်ခဲ့ကြဘူး။
သူတို့တွေက ကားမောင်းသမားကို ကြည့်လိုက်ကြတော့ တစ်ကိုယ်လုံး ထိန်းမရအောင် တုန်လှုပ်နေခဲ့ပြီး ချွေးတွေတောင် ရွဲနေတာကို မြင်လိုက်ရပါတယ်။
“လူသူကင်းမဲ့တဲ့ နယ်မြေက ဓါးမြတွေ. . .”
စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ ကားမောင်းသမားက ပြောလိုက်တယ်။
ဘတ်စ်ကားအရှေ့မှာ လူ ဆယ်ယောက်ကျော် ရပ်နေကြပြီး သူတို့ရဲ့ လက်ထဲမှာ ဓါးတွေ သေနတ်တွေနဲ့ တုတ်တွေကို ကိုင်ဆောင်ထားကြတယ်။
“ကားပေါ်ဆင်းစမ်း ကားပေါ်က ဆင်းစမ်း”
ရုတ်တရက် ဓါးမြတစ်ယောက်က ကားပေါ်က လူတိုင်းကို ကျယ်လောင်စွာ အမိန့်ပေးလိုက်တယ်။
ယန်ချီနဲ့ ဖွန်လီတို့မှတပါး ကားပေါ်မှာ ရှိတဲ့ လူတွေက သာမန်လူတွေ ဖြစ်ကြတယ်။ သူတို့တွေက ဒီလို အခြေအနေကို မမြင်ဖူးကြတဲ့အတွက် နာခံစွာနဲ့ ကားပေါ်ကနေ ဆင်းလိုက်ကြတယ်။
ကားပေါ်က လူတွေ အောက်ဆင်းကြပြီးနောက် သူတို့တွေက လူသူကင်းမဲ့တဲ့ နယ်မြေက ဓါးမြတွေကို ကြည့်လိုက်ပြီး ထိတ်လန့်သွားကြတယ်။
ဖွန်လီက အေးစက်စက် ပြုံးလိုက်တယ်။
“မကြောက်ပါနဲ့။ အားလုံးကို ကျွန်မ ပြောထားတယ်လေ။ ကျွန်မ အားလုံးကို ကာကွယ်ပေးမယ်”
ဒီစကားတွေကို ကြားတော့ အားလုံးက ဖွန်လီကို ကြည့်လိုက်ကြပြီး ဖွန်လီက အစွမ်းထက် သိုင်းပညာရှင် တစ်ယောက်ဆိုတာ သူတို့ ဘာကြောင့်များမေ့နေရတာလဲ။
လူသူကင်းမဲ့တဲ့နယ်မြေက ဓါးမြတွေအနေနဲ့ အနည်းငယ်တော့ အံ့အားသင့်သွားခဲ့တယ်။ ဖွန်လီက ဒီလို ပြောဆိုလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားမိဘူးလေ။
“သူမက သိုင်းပညာရှင်လား”
ရုတ်တရက် သန်မာတဲ့ လူတစ်ယောက်က ပခုံးပေါ်မှာ တင်းပုတ်တစ်ခုကို ထမ်းလာပြီး ရှေ့ထွက်လာခဲ့တယ်။
အဲ့ဒီလူက သိုင်းပညာရှင်တစ်ယောက် မဟုတ်ပေမယ့်လည်း သူ့ရဲ့ခန္ဓာကိုယ် တည်ဆောင်ပုံအရ သာမန်လူ လေးယောက်ငါးယောက်လောက်က သူ့ပြိုင်ဖက် မဖြစ်နိုင်ပါဘူး။
အဲ့ဒီလူက တင်းပုတ်ကိုလက်ထဲမှာ ဝှေ့ယမ်းလိုက်တော့ တဝှီးဝှီး မြည်သံ ထွက်ပေါ်လာခဲ့တယ်။
“မင်း ဘာပြောတာလဲ”
အဲ့ဒီလူက ဖွန်လီကို အထင်သေးစွာ ကြည့်ပြီး မေးလိုက်တယ်။
လူတိုင်းက ခက်ထန်တဲ့ တင်းပုတ်ကိုင်လူရဲ့ အကြည့်ကို မြင်လိုက်ပြီးနောက် သူတို့ရဲ့ မျက်နှာထက်ှာ ကြောက်ရွံ့မှုတွေ ပေါ်လာခဲ့ပြီး သူတို့တွေက ဖွန်လီကို အားကိုးတကြီး ကြည့်လိုက်ကြတယ်။
ဖွန်လီရဲ့ မျက်နှာပေါ်မှာတော့ အပြုံးတစ်ပွင့်ပေါ်လာခဲ့တယ်။
သူမက အလယ်အလတ် သိုင်းဆရာအဆင့် တစ်ယောက်ဖြစ်ပြီး သူမအရှေ့က တင်းပုတ်ကိုင်ထားတဲ့လူဆိုတာ သူမအတွက်တော့ တကယ်ကို ပုရွက်ဆိတ်တစ်ကောင်သာသာပါပဲ။
“ဒီကိုလာခဲ့ ရှင့်ကို သတ်ပေးမယ်”
ဖွန်လီက အဲ့ဒီလူကို ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။
ဒီမြင်ကွင်းကို မြင်တော့ တင်းပုတ်ကိုင်ထားတဲ့ လူရဲ့ မျက်လုံး ကျုံ့သွားခဲ့ပြီး သူက အံကို တင်းတင်းကြိမ်ပြီး ပြောလိုက်တယ်။
“သေချင်နေတာပဲ”
စကားသံဆုံးသွားတာနဲ့ တင်းပုတ်ကိုင်ထားတဲ့ လူက ဖွန်လီဆီကို ပြေးဝင်လာခဲ့တယ်။
ဖွန်လီက အေးစက်စက်ပြုံးလိုက်တယ်။ သူမက သူမဆီကို ပြေးဝင်လာတဲ့ လူကို ကြည့်ပြီး ဒီလူဘာကြောင့် သေချင်မှန်း သူမ နားမလည်ခဲ့ဘူး။
သူမက လက်ဝါးကို ပြင်လိုက်ပြီး နတ်ဆိုးဝံပုလွေတစ်ကောင်ရဲ့ စွမ်းအားက သူမရဲ့လက်ဝါးဆီကနေ ထွက်ပေါ်လာခဲ့တယ်။
နတ်ဆိုးဝံပုလွေရဲ့ စွမ်းအားက အလွန်လျင်မြန်စွာနဲ့ သူမဆီကို ချဉ်းကပ်လာတဲ့ လူဆီကို ချက်ချင်းရောက်ရှိသွားခဲ့တယ်။
အဲ့ဒီလူက နတ်ဆိုးဝံပုလွေရဲ့ စွမ်းအားကို မြင်လိုက်တော့ မိုးကြိုး အပစ်ခံလိုက်ရသလို အလွန်တရာ ကြောက်လန့်သွားတယ်။
ဒါပေမယ့်လည်း ဒီလူက သာမန်လူတစ်ယောက်ဖြစ်တာဆိုတော့ အလွန်လျင်မြန်တဲ့ နတ်ဆိုးဝံပုလွေရဲ့ စွမ်းအားကို ရှောင်တိမ်းဖို့က မဖြစ်နိုင်ပါဘူး။
“ဘာ.. ..”
နတ်ဆိုးဝံပုလွေရဲ့ စွမ်းအားက အဲ့ဒီလူရဲ့ ခန္ဓာကိုယ်ပေါ်ကို ပြင်းထန်စွာ ကျရောက်သွားခဲ့ပြီး တင်းပုတ်ကိုင်ထားတဲ့လူရဲ့ ခန္ဓာကိုယ်ကို ထွင်းဖောက်သွားခဲ့တယ်။
“ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာလဲ”
လူသူကင်းမဲ့တဲ့နယ်မြေက ဓါးမြတွေအနေနဲ့ တင်းပုတ်ကိုင်ထားတဲ့သူ သေဆုံးသွားတာကို မြင်တော့ သူတို့တွေက အလွန်ကြောက်လန့်သွားကြတယ်။
သူတို့တွေက ဖွန်လီရဲ့ လက်ဖဝါးကနေ ထွက်ပေါ်လာတဲ့ နတ်ဆိုးဝံပုလွေရဲ့စွမ်းအားကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြတာကြောင့် သူတို့အရှေ့မှာ ရှိနေတဲ့လူက သိုင်းပညာရှင်မှန်း သိလိုက်ကြတယ်။
ဒီအကြောင်းကို တွေးလိုက်ပြီး လူသူကင်းမဲ့တဲ့ နယ်မြေက ဓါးမြတွေအနေနဲ့ ဝိဉာဉ်လွင့်လုမတက် ကြောက်လန့်သွားကြတယ်။
သူတို့တွေက သာမန်လူတွေသာ ဖြစ်ကြပြီး အခုလို သိုင်းဆရာအဆင့် သိုင်းပညာရှင်နဲ့ မရင်ဆိုင်ဘူးပါဘူး။
ခရီးသည်တွေကတော့ ပျော်ရွှင်သွားကြတယ်။
သူတို့တွေက ဖွန်လီရှိနေသရွှေ့ ဓါးမြတွေရဲ့ ညှဉ်းပန်းနှိပ်စက်ခံရမှုကို စိုးရိမ်စရာ မလိုကြောင့်း သိရှိကြတယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 225 - ငါက အရှေ့တောင်အခြေစိုက်စခန်းမှူးရဲ့ သမီးပဲ
ဖွန်လီက တင်းပုတ်ကိုင်ထားတဲ့ လူကို အနိုင်ယူပြလိုက်ပြီး ယန်ချီကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်နေခဲ့တယ်။
ဒါပေမယ့်လည်း ယန်ချီရဲ့ မျက်နှာက တည်ငြိမ်နေတာကိုတော့ သူမ မမျှော်လင့်ခဲ့ဘူး။
အဲ့ဒီအချိန်မှာတော့ လူသူကင်းမဲ့တဲ့နယ်မြေက ဓါးမြတွေက ဖွန်လီကို ကြောက်လန့်စွာကြည့်နေခဲ့ကြတယ်။
သိုင်းဆရာအဆင့် သိုင်းပညာရှင်တစ်ယောက် သူတို့အရှေ့မှာ ပေါ်လာတာဆိုတော့သူတို့တွေ မကြောက်ရွံ့ပဲ မနေပါဘူး။
“သိုင်းဆရာအဆင့် သိုင်းပညာရှင်တစ်ယောက် ဒီကားနဲ့ပါလာလိမ့်မယ်လို့ မမျှော်လင့်မိဘူး”
ရုတ်တရက် အေးစက်စက်အသံတစ်ခုကို လူတိုင်းကြားလိုက်ရတယ်။
လူတိုင်းက ဒီအသံကို ကြားတော့ ထိတ်လန့်သွားကြတယ်။
“ခေါင်းဆောင်ရောက်လာပြီ”
လူသူကင်းမဲ့တဲ့နယ်မြေက ဓါးမြတွေအနေနဲ့ ပျော်ရွှင်သွားကြတယ်။
လူသူကင်းမဲ့တဲ့ နယ်မြေက ဓါးမြတွေ ဘေးကပ်ရပ်လိုက်ကြပြီး ပိန်ပါးပြီး မျက်နှာဖြူလျော့နေတဲ့လူတစ်ယောက် ထွက်လာတာကို အားလုံး မြင်လိုက်ကြတယ်။
လျှောက်လှမ်းနေတဲ့ လူကို ကြည့်ပြီး ယန်ချီကအနည်းငယ် အံ့အားသင့်သွားခဲ့တယ်။ ဒီလူကတကယ်ကို အဆင့်မြင့် သိုင်းဆရာအဆင့် ဖြစ်နေခဲ့တယ်။
ဓါးမြတွေရဲ့ ခေါင်းဆောင်က အဆင့်မြင့် သိုင်းဆရာအဆင့်ဖြစ်နေမယ်လို့ သူ မမျှော်လင့်ထားပေမယ့် ဘယ်သူပဲဖြစ်ဖြစ် သူနဲ့ မသက်ဆိုင်ပါဘူး။
ဖွန်လီကတော့ ဒီလူရဲ့ ကျင့်စဉ်အဆင့်ကို မမြင်နိုင်ပါဘူး။ သူမက ဓါးမြခေါင်းဆောင်ကို သာမန်လူလို့သာ ထင်နေခဲ့တယ်။
ခရီးသည်တွေအားလုံးကလည်း သူမလိုပဲ ထင်နေခဲ့ကြတယ်။
ဓါးမြခေါင်းဆောင်က ဖွန်လီကို ပြုံးပြလိုက်တယ်။
“မင်းက သိုင်းပညာရှင်တစ်ယောက် ဖြစ်နေရင်တောင်မှ ဒီနေ့ မင်း မလွတ်မြောက်နိုင်တော့ဘူး”
“ရှင့်ကို ကြည့်ရတာ အရမ်း ယုံကြည်မှု ရှိနေတာပဲ”
ဖွန်လီက ပြုံးလိုက်တယ်။
ချက်ချင်းပင် သူမက လက်ဝါးပြင်ပြီး တိုက်ကွက်ထုတ်လိုက်တယ်။
လက်ဝါးဆီမှာ နတ်ဆိုးဝံပုလွေနှစ်ကောင်ရဲ့ စွမ်းအားက စုစည်းလာခဲ့တယ်။
ဖွန်လီရဲ့ လက်ဝါးပေါ်မှာ စုစည်းနေတဲ့ နတ်ဆိုးဝံပုလွေနှစ်ကောင်ရဲ့ စွမ်းအားကို မြင်တော့ ခရီးသည်တွေအားလုံး အံ့အားသင့်သွားကြတယ်။
“နတ်ဆိုးဝံပုလွေနှစ်ကောင်ရဲ့ စွမ်းအား အလယ်အလတ် သိုင်းဆရာအဆင့် ”
ရုတ်တရက် သူတို့အားလုံး ပျော်ရွှင်သွားကြတယ်။
ဖွန်လီရဲ့ အမြင်အရ သူမရဲ့ လက်ဖဝါးမှာ စုစည်းထားတဲ့ နတ်ဆိုးဝံပုလွေနှစ်ကောင်ရဲ့ စွမ်းအားက ဒီဓါးမြခေါင်းဆောင်ကို သေချင်စိတ်ပေါက်အောင် ခြောက်လန့်ပစ်ဖို့ လုံလောက်တယ်လို့ ထင်မိခဲ့တယ်။
ဒါပေမယ့်လည်း ဓါးမြခေါင်းဆောင်ကတော့ မျက်နှာပေါ်မှာ ဘာကြောက်ရွံ့တဲ့ အမူအယာကိုမှ မပြသတဲ့အပြင် အေးစက်စက်အပြုံးသာ ပြုံးနေတာကိုတော့ သူမ မမျှော်လင့်မိပါဘူး။
“အလယ်အလတ်သိုင်းဆရာအဆင့် တကယ်ကောင်းတယ်” ဓါးမြခေါင်းဆောင်က ဖွန်လီကို အထင်သေးစွာကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “ဒါပေမယ့် အဲ့ဒီစွမ်းအားလောက်နဲ့ မလုံလောက်သေးဘူး”
စကားသံဆုံးသွားတဲ့အခါ ဓါးမြခေါင်းဆောင်က လက်ဝါးကို ဝှေ့ယမ်းလိုက်တယ်။
သူ့ရဲ့ လက်ဝါးထက်မှာ နတ်ဆိုးဝံပုလွေသုံးကောင် စုစည်းနေတာကို အားလုံး မြင်တွေ့နေခဲ့ရပါတယ်။
“ဘာ. . ”
ဖွန်လီတစ်ယောက် အံ့အားသင့်သွားခဲ့တယ်။
“သုံး. . နတ်ဆိုးဝံပုလွေ သုံးကောင်လား.. . .”
သူမအရှေ့က ဓါးမြခေါင်းဆောင်က အဆင့်မြင့်သိုင်းဆရာအဆင့် ဖြစ်နေလိမ့်မယ်လို့ သူမ မယုံကြည့်နိုင်ခဲ့ဘူး။
ဖွန်လီအနောက်က ခရီးသည်တွေလည်း ကြောက်လန့်သွားကြပြီး သူတို့မျက်နှာတွေက စာရွက်ဖြူနီးပါး ဖြူဖျော့သွားကြတယ်။
လူသူကင်းမဲ့တဲ့ နယ်မြေက ဓါးမြတွေကလည်း အထင်သေးစွာနှာခေါင်းရှုံ့လိုက်ကြတယ်။ သူတို့ရဲ့ ခေါင်းဆောင်ရောက်လာခြင်းကြောင့် သူတို့တွေအနေနဲ့ကြောက်လန့်ဖို့ မလိုတော့ပါဘူး။
ဖွန်လီလည်း ဓါးမြခေါင်းဆောင်လက်ဝါးပေါ်က နတ်ဆိုးဝံပုလွေသုံးကောင်ရဲ့ စွမ်းအားကို ကြည့်လိုက်တယ်။ သူမရဲ့ အလယ်အလတ်သိုင်းဆရာအဆင့် စွမ်းအားနဲ့ အဆင့်မြင့်သိုင်းဆရာအဆင့်ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်။
“ဘယ်လိုလဲ” ဓါးမြခေါင်းဆောင်က ဖွန်လီကို အေးစက်စက်ပြုံးပြလိုက်ပြီး ဆက်ပြောလိုက်တယ်။ “မင်းက ငါ့လူတွေကို သတ်လိုက်တာဆိုတော့ ငါ့လူတွေအတွက် ငါက လက်စားပြန်ချေပေးရမှာပေါ့”
ဖွန်လီက ဘာဆက်လုပ်ရမှန်း မသိခဲ့ဘူး။ သူမက ထိတ်လန့်နေခဲ့တယ်။
သူမအနေနဲ့ ဒီတစ်ကြိမ်က ထိတ်လန့်ဖွယ်အကောင်းဆုံး အချိန်ဖြစ်ခဲ့တယ်။
ရုတ်တရက် သူမက တစ်ခုခုကို စဉ်းစားလိုက်မိသလိုနဲ့ မျက်လုံးက ဖျတ်ခနဲ့ လက်သွားခဲ့တယ်။
သူမက အိတ်ကပ်ထဲကနေ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်တယ်။
“တံဆိပ် ကြယ်နှစ်ပွင့် ရိုးရိုးနဂါးတံဆိပ်”
“ရှင်က ကျွန်မကို ဘာလုပ်နိုင်မှာလဲ ။ ကျွန်မအဖေက အရှေ့တောင်မြို့တော်ရဲ့ အရှင် ဖွန်ချန်ပဲ”
ဖွန်လီက ဓါးမြခေါင်းဆောင်ကို ပြောလိုက်တယ်။
သူမက ဒီတံဆိပ်ကို ဘယ်လိုဖြစ်ပြီး မေ့ရတာလဲဆိုပြီး အံ့သြနေခဲ့တယ်။
ကြယ်နှစ်ပွင့် ရိုးရိုးနဂါးတံဆိပ်က သူမအဖေ သူမကို ပေးထားတာ ဖြစ်ပါတယ်။ သူမ အန္တရယ်နဲ့ ကြုံတွေ့လာရင် သူမက ဒီတံဆိပ်ပြားကို ထုတ်ပြလိုက်တာနဲ့ သူမအနောက်မှာ အလယ်အလတ်ရှေးဦးဆရာအဆင့် တစ်ယောက် ရှိတယ်ဆိုတာ အားလုံး သိကြလိမ့်မယ်။
ဓါးမြခေါင်းဆောင်နဲ့ ဓါးမြတွေလည်း ဖွန်လီလက်ထဲက ကြယ်နှစ်ပွင့် ရိုးရိုးနဂါးတံဆိပ်ပြားကို ကြည့်ပြီး သူတို့ရဲ့ မျက်လုံးတွေ ကျုံ့သွားခဲ့ကြတယ်။
ဒီတံဆိပ်ပြားက ကြယ်နှစ်ပွင့် ရိုးရိုးနဂါးတံဆိပ်ပြားမှန်း သူတို့ သိပါတယ်။
ဒီတံဆိပ်ပြားက အလယ်အလတ်ရှေးဦးဆရာအဆင့်ကို ကိုယ်စားပြုပြီး အသက်နှစ်ဆယ်တောင် ပြည့်ပုံမရသေးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက်ထဲမှာ ပေါ်လာခဲ့တယ်။
ဒါကို ကြည့်ခြင်းအားဖြင့် သူတို့အရှေ့က မိန်းကလေးက အရှေ့တောင်မြို့တော်ရဲ့ အရှင်ဖြစ်သူ ဖိန်ချန်ရဲ့ သမီးဖြစ်တယ်လို့ ယုံကြည်နိုင်ပါတယ်။