ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက...

De Scarletanemone

129K 20.8K 488

Start date - 26.9.2021 Novel name - After marrying the evil god Author - Fu Bai Qu Status in COO - 104+ 12 ex... Mai multe

မိတ်ဆက် ( မိတ္ဆက္)
အပိုင်းတစ်
အပိုင်းနှစ်
အပိုင်းသုံး
အပိုင်းလေး
အပိုင်းငါး
အပိုင်းခြောက်
အပိုင်းခုနှစ်
အပိုင်းရှစ်
အပိုင်းကိုး
အပိုင်းတစ်ဆယ်
အပိုင်းဆယ့်တစ်
အပိုင်းဆယ့်နှစ်
အပိုင်းဆယ့်သုံး
အပိုင်းဆယ့်လေး
အပိုင်းဆယ့်ငါး
အပိုင်းဆယ့်ခြောက်
အပိုင်းဆယ့်ခုနှစ်
အပိုင်းဆယ့်ရှစ်
အပိုင်းနှစ်ဆယ်
အပိုင်းနှစ်ဆယ့်တစ်
အပိုင်းနှစ်ဆယ့်နှစ်
အပိုင်းနှစ်ဆယ့်နှစ်(ဒုတိယပိုင်း)
အပိုင်းနှစ်ဆယ့်သုံး
အပိုင်းနှစ်ဆယ့်လေး (ပထမပိုင်း)
အပိုင်းနှစ်ဆယ့်လေး(ဒုတိယပိုင်း)
အပိုင်းနှစ်ဆယ့်ငါး ( ပထမပိုင်း )
အပိုင်းနှစ်ဆယ့်ငါး ( ဒုတိယပိုင်း )
အပိုင်းနှစ်ဆယ့်ခြောက် ( ပထမပိုင်း )
အပိုင်းနှစ်ဆယ့်ခြောက် ( ဒုတိယပိုင်း )
အပိုင်းနှစ်ဆယ့်ခုနှစ်
အပိုင်းနှစ်ဆယ့်ရှစ်
အပိုင်းနှစ်ဆယ့်ကိုး
အပိုင်းသုံးဆယ်
အပိုင်းသုံးဆယ့်တစ်
အပိုင်းသုံးဆယ့်တစ် ( ဒုတိယပိုင်း )
အပိုင်းသုံးဆယ့်နှစ်(ပထမပိုင်း)
အပိုင်းသုံးဆယ့်နှစ် (ဒုတိယပိုင်း)
အပိုင်းသုံးဆယ့်သုံး
အပိုင်းသုံးဆယ့်လေး
အပိုင်းသုံးဆယ့်လေး(ဒုတိယပိုင်း)
အပိုင်းသုံးဆယ့်ငါး(ပထမပိုင်း)
အပိုင်းသုံးဆယ့်ငါး(ဒုတိယပိုင်း)
Notice
အပိုင်းသုံးဆယ့်ခြောက်(ပထမပိုင်း)
အပိုင်းသုံးဆယ့်ခြောက်(ဒုတိယပိုင်း)
အပိုင်းသုံးဆယ့်ခုနှစ်(ပထမပိုင်း)
အပိုင်းသုံးဆယ့်ခုနှစ်(ဒုတိယပိုင်း)
အပိုင်းသုံးဆယ့်ခုနှစ်(တတိယပိုင်း)
အပိုင်းသုံးဆယ့်ရှစ်(ပထမပိုင်း)
အပိုင်းသုံးဆယ့်ရှစ်(ဒုတိယပိုင်း)
အပိုင်းသုံးဆယ့်ကိုး (ပထမပိုင်း)
အပိုင်းသုံးဆယ့်ကိုး(ဒုတိယပိုင်း)
အပိုင်းသုံးဆယ့်ကိုး(တတိယပိုင်း)
အပိုင်းလေးဆယ်
အပိုင်းလေးဆယ့်တစ်(ပထမပိုင်း)
အပိုင်းလေးဆယ့်တစ်(ဒုတိယပိုင်း)
အပိုင်းလေးဆယ့်နှစ်
အပိုင်းလေးဆယ့်သုံး(ပထမပိုင်း)
အပိုင်းလေးဆယ့်သုံး(ဒုတိယပိုင်း)
အပိုင်းလေးဆယ့်သုံး(တတိယပိုင်း)
အပိုင်းလေးဆယ့်လေး
အပိုင်းလေးဆယ့်ငါး (ပထမပိုင်း)
အပိုင်းလေးဆယ့်‌ငါး (ဒုတိယပိုင်း)
အပိုင်းလေးဆယ့်ခြောက် (ပထမပိုင်း)
အပိုင်းလေးဆယ့်ခြောက်(ဒုတိယပိုင်း)
အပိုင်းလေးဆယ့်ခုနှစ်(ပထမပိုင်း)
အပိုင်းလေးဆယ့်ခုနှစ် (ဒုတိယပိုင်း)
အပိုင်းလေးဆယ့်ရှစ်
အပိုင်းလေးဆယ့်ကိုး(ပထမပိုင်း)
အပိုင်းလေးဆယ့်ကိုး(ဒုတိယပိုင်း)
အပိုင်းငါးဆယ်(ပထမပိုင်း)
အပိုင်းငါးဆယ် (ဒုတိယပိုင်း)

အပိုင်းဆယ့်ကိုး

1.7K 303 10
De Scarletanemone

Burmese Translation of "After Marrying The Male God".

Translator - ဂွေ့

(၁၉) လက်စွပ်
_____________________

"ငါတို့က အရမ်းဆင်းရဲတာ"

_____

ချီပိုင်ချာတစ်ခဏလောက်တော့ ဘာမှမတုန့်ပြန်ပေ။ ဖူမင်ယယ်က တကယ်ကြီးလူမဟုတ်မှန်း သူမျှော်လင့်မထားခဲ့ပေ။

သူ မသိလိုက်ဘဲမေးမိသွားသည်။
"ဘာကိုလုပ်မှာလဲ?"

ဖူမင်ယယ်က ပြန်ဖြေ၏။
"မင်းကို"

ချီပိုင်ချာမျက်လုံးတွေပြူးသွားသည်။
"ကျွန်တော့်ကို?"

"ဟုတ်တယ်"
ဖူမင်ယယ်က သူ့ကိုအေးစက်စွာကြည့်လိုက်သည်။
"ကိုယ်ကြည့်ရတာတော့ မင်းက ဆေးလိမ်းတာရော အစားရှောင်တာရောကို စိတ်ဝင်စားတဲ့ပုံမပေါ်ဘူး။ မင်းကြည့်ရတာ အဆင်ပြေနေတဲ့ပုံပါပဲ။ အဲ့ဒါကို အခုမှကြောက်ရကောင်းမှန်းသိတာလား? လှဲလိုက်"
နောက်ဆုံးကနှစ်လုံးက အမိန့်ပေးသည့်လေသံနှင့်ဖြစ်ကာ သူက ပြောရင်းဆိုရင်း ချီပိုင်ချာဆီသွားကာ ညအိပ်ဝတ်စုံကို ဆွဲချလိုက်သည်။

ချီပိုင်ချာက ချက်ချင်းပဲ ဘေးသို့လှိမ့်လိုက်ကာ စောင်ကို ခေါင်းမြီးခြုံလိုက်၏။
"ကျွန်တော် အိပ်တော့မှာ"

ဖူမင်ယယ်က စောင်ကိုလှန်ချင်သော်လည်း ချီပိုင်ချာက အသေဆုပ်ထားကာ လွှတ်မပေးပေ။

"ချီပိုင်ချာ!"
ဖူမင်ယယ်က အသံနက်နက်ဖြင့်ခေါ်လိုက်သည်။
"ဘာလို့ပုန်းနေတာလဲ?"

ချီပိုင်ချာက မလှုပ်ပေ။

ဖူမင်ယယ်က လေသံကိုလျှော့ကာ ချော့ရပြန်သည်။
"ကိုယ်က မင်းကိုခြောက်နေတာပါ။ ဘယ်လိုလုပ်ပြီး မင်းရဲ့ကျန်းမာရေးကို ဂရုမစိုက်ဘဲနေမလဲ? ခုနကဆေးလိမ်းလိုက်ရင် ပိုကောင်းသွားမှာပါဆို။ အဲလိုမလုပ်ပါနဲ့။ မင်းအဆင်မပြေရင် ကိုယ်လည်းမပြေဘူး"

"နာတာရှည်နာတာက ခဏနာတာထက်ပိုဆိုးတယ်။ ကိုယ်မင်းကိုမရယ်ဘူးလု့ိကတိပေးတယ်"

"ချာချာရာ စကားနားထောင်စမ်းပါကွာ"

ဖူမင်ယယ်ဘယ်လိုပဲချော့ချော့ လူရွယ်ကတော့ပုန်းမြဲပုန်းဆဲဖြစ်ကာ အသံတောင်မထွက်။

"အိုကေ အိုကေ ကိုယ်မင်းကို မနှောင့်ယှက်တော့ဘူး။ မြန်မြန်ထွက်လာခဲ့တော့။ မင်းဒီလိုဆက်နေနေရင် မွန်းလိမ့်မယ်။"
ဖူမင်ယယ်သက်ပြင်းချသည်။

ချီပိုင်ချာက ဘာမှမတုန့်ပြန်တာမို့ ဖူမင်ယယ်က အဲ့ဒါကို အခွင့်ကောင်းယူကာ စောင်ကိုဆွဲလှန်လိုက်တာ အောင်မြင်သွားသည်။

သူ မြင်လိုက်ရတာကြောင့် ပြုံးသွား၏။

လူရွယ်ကမျက်လုံးတွေကိုမှိတ်ကာ အိပ်မောကျနေလေပြီ။ စောင်ထဲမှာ အချိန်အတော်ကြာအောင်နေလိုက်သည်မို့ သူ့မျက်နှာဖြူဖြူလေးက နီရဲနေကာ တစ်ချက်လောက်ကိုက်ချင်စိတ်ကို ထိန်းမရနိုင်ဖြစ်စေသည်။ သူ့မျက်တောင်ကော့တွေက အောက်သို့အရိပ်ထင်ကာ ကျနေသည်။

ဖူမင်ယယ်တစ်ယောက် ခေတ္တမျှကြည့်နေရင်း ရယ်လိုက်မိသည်။
"ကြည့်ရတာ ငါပြောသမျှ လေထဲကိုပဲ လွင့်သွားပုံပဲ"

"ကြည့်ပါဉီး မင်းလေးကတော့"
ဖူမင်ယယ်က ချီပိုင်ချာ၏ မျက်နှာကိုညှစ်လိုက်သည်။
"မင်းကို စနိုးဝှိုက်လို့ပြောရမလား? အိပ်နေတဲ့အလှလေးလို့ခေါ်ရမလား?"

ချီပိုင်ချာက မျက်မှောင်ကျုံ့သွားသော်ငြား နိုးမလာပေ။

"သူတကယ်ကြီးအိပ်ပျော်နေတာလား?"
ဖူမင်ယယ်တွေးလိုက်မိသည်။
"ဟန်ဆောင်နေတာ မဟုတ်ဘူးပေါ့"

သူ့ဘေးက အမျိုးသားငယ်ကတော့ နှုတ်ဆိတ်လျှက်။

ဖူမင်ယယ်ခဏလောက်တော့စောင့်နေလိုက်သည်။ လူငယ်၏အသက်ရှူသံတွေပုံမှန်ဖြစ်သွားမှ အင်္ကျီတွေကို ငြင်သာစွာချွတ်တော့၏။ယ

သူကဘာကိုစောင့်နေရမှာလဲ? သေချာပေါက် ချာချာ့ကို အိပ်ပျော်နေတုန်းမှာ ပြုစုပေးချင်သည်လေ။

သူမမျှော်လင့်ထားသည်က သူပထမခြေလှမ်း လှမ်းပြီးစမှာတင် လူငယ်က ကျွမ်းကျင်စွာပင် သူ့လက်မောင်းတစ်ဖက်က သူ့ခါးကိုဖက်ပြီး သူ့ခြေထောက်တစ်ဖက်က သူ့အပေါ်သို့ခွလိုက်သည်။

ဖူမင်ယယ်ကို ရပ်တန့်သွားစေ၏။

ဖူမင်ယယ်: "ချာချာ?"

ချီပိုင်ချာက ငြိမ်သက်နေကာ ဘာစကားမှမပြော။

ဖူမင်ယယ်က မသင်္ကာစွာ ငုံ့ကြည့်လိုက်သည်။
"မင်းအိပ်ပျော်ချင်ယောင်ဆောင်နေတယ်လို့ကိုယ်ထင်နေတာ"

ချီပိုင်ချာက အိပ်ရင်းလည်းသူ့ကိုဖက်သော်လည်း သူ့ပုံစံက ဒီလောက်ကြီးထိတော့မရဲတင်း။ ထိုအစား သူက ယုန်လေးလို သူ့ရင်ခွင်ထဲတွင် ဝပ်နေခြင်းမျိုးဖြစ်သည်။

တစ်ဖက်တွင်တော့ ဖူမင်ယယ်က ဒါမျိုးလုပ်တတ်သည်။ သူကအရမ်းလေးလွန်းသည်ဟု ချီပိုင်ချာတွေးမိသော်လည်း တွန်းဖယ်ပစ်တာမျိုးတော့မလုပ်။ ဒီလိုပုံစံမျိုးနှင့် သူ အသားကျနေလေပြီ။

ဖူမင်ယယ်က ချီပိုင်ချာ၏ ခြေထောက်ကို ဖယ်ဖို့ပြင်လိုက်သော်လည်း အမျိုးသားက လျှင်မြန်စွာပင် ပြန်ဖိလိုက်ကာ ပို၍ တင်းနေအောင်ဖက်ထားတော့သည်။ ဖူမင်ယယ် ခဏခဏလုပ်သော်လည်း ကျဆုံးသည်ကသာများနေ၏။
သူ သက်ပြင်းချလိုက်ပြီး လူငယ်ကို သူ့ရင်ခွင်ထဲသို့သာထည့်လိုက်တော့သည်။

သူက အမျိုးသား၏ နှာဖူးကို နမ်းလိုက်၏။
"ဂွတ်နိုက်"
________

"ဂွတ်မောနင်း"

ပေးနေကျ မနက်ခင်းအနမ်းကိုပေးပြီးနောက် ချီပိုင်ချာက ဖူမင်ယယ်ကိုနှုတ်ဆက်လိုက်သည်။
"ကျွန်တော်သွားတော့မယ်။ တာ့တာ"

ဖူမင်ယယ်က ခေါင်းငြိမ့်ပြလိုက်၏။
"ညမှတွေ့မယ်"

ချီပိုင်ချာကျောင်းသို့ရောက်သည်နှင့် ဒီနေ့ ပုံမှန်နေ့တွေနှင့်မတူဘဲ ကွဲပြားနေကြောင်း သတိထားလိုက်မိသည်။

များစွာသော ဇိမ်ခံကားများနှင့် ကားပေါင်းများစွာက ကျောင်း၏ လွတ်နေသော ကားပါကင်တွင်ထိုးထားကြပြီး အနက်ရောင်ဝတ်စုံပြည့်နှင့် သက်တော်စောင့်များက ကျောင်းသားများနှင့် ဆရာဆရာမများကို အနားကပ်ခွင့်မပေးကြပေ။ တချို့တွေက ကင်မရာများကိုသယ်ထားကြပြီး တချို့ကတော့ခေါင်းငုံ့ကာ လျှို့ဝှက်ကင်မရာများကိုရှာနေကြသည်။ ကျောင်းက ကိုယ်ပိုင်ကျောင်းတစ်ခုဖြစ်သော်လည်း မင်းစိုးရာဇာသူကြွယ်များတက်သည့်ကျောင်းတော့မဟုတ်။ အများစုမှာ အထက်တန်း သို့ လူလတ်တန်းစားမိသားစုများမှ ဖြစ်သည်။ ကျောင်းသားအနည်းငယ်၏ မိဘများလောက်ကသာ ကိန်းကြီးခန်းကြီးနိုင်စွာ လာကြိုကြခြင်းများပြုလုပ်ကြသည်။

ခေါင်းဆောင်တွေဘာတွေများရောက်နေလို့လား?

ထိုအရာက ကျောပိုးအိတ်လွယ်ကာဖြတ်သွားသော ကျောင်းသားအများစုကို စိတ်ဝင်စားစေသည်။ ကျောင်းသားတွေက အခန်းထဲတွင် အငြိမ်မနေကြတော့ဘဲ ကော်ရစ်တာမှာလမ်းသလားကာ စိတ်ဝင်တစားကြည့်ရှုနေကြသည်။

ချီပိုင်ချာကတော့ တစ်ချက်မျှကြည့်ကာ သူ့အခန်းဆီသို့တက်လာတော့ သူ့ကျောင်းသားတွေကလည်းကော်ရစ်ဒါကို လှမ်းကြည့်နေကြသည်အားတွေ့လိုက်ရတော့သည်။  သူတံခါးကိုနှစ်ချက်ခေါက်လိုက်၏။

လှုပ်ရှားမှုအသံကိုကြားတော့ သူတို့ချက်ချင်းခေါင်းလှည့်လာတာ နာခံစွာပင်နှုတ်ဆက်ကြ၏။
"မင်္ဂလာနံနက်ခင်းပါ ဆရာချီ"

"မင်းတို့အားလုံး ဘာရပ်ပြီးကြည့်နေကြတာလဲ?"
ချီပိုင်ချာက သူတို့ကို သတိပေးလိုက်၏။
"အခုက မနက်ခင်းစာဖတ်ချိန်ဆိုတော့ အတန်းထဲကိုသွားကြတော့"

"အို့"
ကျောင်းသားတွေလည်းအလျှိုလျှို အတန်းထဲသို့ ဝင်ကုန်ကြကာ နေရာအသီးသီးတွင်ထိုင်ပြီး စာအုပ်များကိုဖွင့်လိုက်ကြသော်လည်း စာဖတ်ဖို့စိတ်မပါကြသည်ကတော့ သိသာလှသည်။

ကျောင်းသားတစ်ယောက်က ထိန်းမထားနိုင်တော့ပေ။
"ဆရာချီ....ကျွန်တော်တို့ကြားတာတော့ ကျောင်းကို ရသစုံရှိုးတစ်ခုအတွက် ရိုက်ကွင်းလုပ်မယ်တဲ့။ လွန်ခဲ့တဲ့ရက်တွေတုန်းက ကျောင်းအုပ်ကြီးရုံးခန်းနားကနေ ဖြတ်သွားတဲ့သူတွေက ကြားလိုက်တာ။  ရုပ်ရှင်ရိုက်ဖို့သဘောတူကြောင်းဆွေးနွေးနေကြတယ်တဲ့။ တကယ်ကြီးလားမသိဘူး"

"ငါမြင်လိုက်တယ်။ ရှိုးနာမည်က ကားပေါ်မှာရေးထားတယ်။ "မပြီးဆုံးသောငယ်ရွယ်မှု"တဲ့။ ငါ ဟိုရက်ကမှသတိထားကြည့်မိတာ သူတို့က ဧည့်သည်တွေအများကြီးခေါ်ပေမယ့် ဘယ်သူတွေကိုခေါ်မလဲဆိုတာကိုတော့ မသိကြဘူးတဲ့"

"အဲ့ကျ ငါတို့က နာမည်ကြီးတွေအများကြီးကို တွေ့ရတော့မှာပေါ့? ကျင်းယန်လည်း Sမြို့တော်ကိုရောက်နေတယ်မလား? သူရော လာရိုက်မှာလားမသိဘူး။ ငါတော့ ကျင်းယန်ကောကောကို အကောင်လိုက်ကြီးတွေ့ရတော့မယ်။ လက်မှတိသွားတောင်းလို့တောင်ရပါ့မလားမသိဘူး"

ဆွေးနွေးနေကြတာက စိတ်အားထက်သန်နေကြပုံများ စာဖတ်ဖို့တောင်မေ့နေကြလေရဲ့။ ကျောင်းသားတွေက နာမည်ကြီးတွေနှင့် ပထမဆုံးတွေ့ရမှာမို့ အတော်လေးစိတ်လှုပ်ရှားနေကြသည်။

့လူတွေ၏ သဘောသဘာဝအရ ချီပိုင်ချာလွှတ်ပေးထားလိုက်သည်။ ဒီနေ့အခြေအနေအရ ဆရာမတချို့တောင် စိတ်လှုပ်ရှားနေကြတာမို့ ကျောင်းသားတွေစာကိုစိတ်ဝင်စားရန်ကတော့ မဖြစ်နိုင်ပေ။

ကျောင်းသားတွေ၏ စာလေ့လာမှုကို မထိခိုက်စေရန် အလို့ငှာ ရိုက်ကူးရေးအဖွဲ့သားများက ဘယ်သူမှမရှိသည့် မြောက်ဖက်ကျောင်းဆောင်ကိုရွေးချယ်လိုက်ကြသော်လည်း ကလေးတွေကတော့ သတင်းတွေကြောင့် သိချင်စိတ်ပြင်းပြနေကြဆဲပင်။

ကျောင်းသားတွေဆွေးနွေးနေကြတုန်း မိန်းမလှလေးတစ်ယောက်က ကျောပိုးအိတ်လေးလွယ်ကာ အတန်းထဲသို့ဝင်လာ၏။

အတန်းလည်းခေတ္တမျှငြိမ်သွားပြီးနောက် ခေါင်းစဉ္ပြောင်းသွားကြ၏။

"ကျွမ့်ကျင်းရီပြန်လာပြီဟေ့!"

"ကျွမ့်ကျင်းရီ နင်အဆင်ပြေရဲ့လား?"

မိန်းကလေးငယ်တချို့က သူမနားသို့ပြုံသွားကာ စိတ်ပူကြောင်းကိုဖော်ပြနေကြသည်။

"အဲ့နေက နင့်ကြောင့် ငါတို့လန့်တာ သေတော့မယ်"

ကျွမ့်ကျင်းရီက မနေ့ကတစ်နေ့လုံးကျောင်းမလာခဲ့ပေ။ အိမ်မှာတစ်နေ့လုံးနားနေခဲ့သည်မို့ ခံစားချက်က ပိုတည်ငြိမ်လာခဲ့သည်။

သူမက သူမခုံသို့သူမ ဝင်ထိုင်လိုက်ရင်း လွယ်အိတ်လေးကိုချကာ အနားက သူငယ်ချင်းတွေကိုပြုံးပြလိုက်၏။
"ငါအဆင်ပြေပါတယ်။ ကျေးဇူးပါ"

ထို့နောက် သူမကထကာ ချီပိုင်ချာထံသို့ဉီးညွတ်လိုက်သည်။
"သမီးကိုကယ်ပေးလို့ကျေးဇူးပါ ဆရာချီ"
မနေ့က သူမ၏ မှတ်ဉာဏ်တွေအရ သူမ အနောက်ကနေ ရိုက်ခံရတာကိုပဲ မှတ်မိပြီး ဘာကိုမှ သတိမရတော့ပေ။ သို့သော် သူမမိဘတွေပြောစကားအရတော့ ဆရာချီက သူမကို အချိန်မှီကယ်တင်လိုက်နိုင်ပြီး သူမကိုအိမ်ကိုတောင် ပြန်ပို့ပေးခဲ့သည်တဲ့။ ကျောင်းရောက်လျှင် သေချာကျေးဇူးတင်ရမည်တဲ့။

ချီပိုင်ချာက ခပ်ဖျော့ဖျော့လေးပြုံးလိုက်သည်။
"သမီးအဆင်ပြေရင် ပြီးတာပါပဲ"

ကျောင်းသားတွေအားလုံးကြောင်သွားကြသည်။
"အဲ့ကျ ကျွမ့်ကျင်းရီကို ဆရာချီက ကယ်လိုက်တာပေါ့"

"ဆရာချီက မိုက်တယ်ဟေ့"

အတန်းထဲက စကားများသော ကောင်လေးအချို့က သူ့ကိုချီးကျူးကြတော့သည်။

"ကဲ တော်ပြီ။ ဆရာ့ကိုချီးကျူးတာက မင်းတို့စာမေးပွဲမှာ အမှတ်တစ်ရာရတာလောက်မကောင်းဘူး"
ချီပိုင်ချာက ခေါင်းခါ၏။

သူကအမြဲပေါင်းသင်းရလွယ်သူမို့ ကျောင်းသားတွေ၏ ဆရာအနေနှင့်ရော သူငယ်ချင်းအနေနှင့်ရော နေနိင်၏။

မြီးကောင်ပေါက်များကလည်း သူ့ကိုမကြောက်ဘဲ အတင်းတောင် တူတူပြောနိုင်သေးသည်။

"ဒါနဲ့ ဆရာချီ ဟွမ့်မုန်ကျားပြောတာတော့ ဆရာဟိုရက်က ဆရာ့ချစ်ချစ်အတွက် ကိတ်မုန်ဝယ်နေတာ တွေ့တယ်တဲ့။ ဝါး ဆရာချီဘယ်တုန်းက လက်ထပ်လိုက်တာလဲ?"

"ဟုတ်တယ် ဆရာချီက တအားနုတော့ သူက ငါတိူ့နဲ့ သိပ်မကွာလောက်ဘူး"

ချီပိုင်ချာကတော့တွေးနေ၏။
"ငါကမင်းတို့ထက်အသက်အများကြီး ကြီးတယ်"

လောလောဆယ်သူ့ပုံစံက အသက်၂၇နှစ်အရွယ်ကို အခြေခံပြီးဖန်တီးထားတာဖြစ်သော်ငြား သူကိုယ်တိုင်ကလည်းငယ်သေးတာမို့ ပင်ကိုယ်ထက်ပိုငယ်သည့်ပုံပေါက်နေပေသည်။

တကယ့်နှင်းနတ်ဘုရား၏ ခန္ဓာကိုယ်မှာ ၁၇နှစ်အရွဟ်ဖြစ်ကာ သူနှင်းတွေထဲက ဖြစ်တည်လာကတည်းက ထိုပုံစံပင်ဖြစ်ပြီး ဘယ်တော့မှ မပြောင်းခဲ့ပေ။ ရှေးခေတ်တုန်းကတော့ ၁၇နှစ်ဆို ရုံးတော်ကို တရားဝင် တင်ခွင့် ရှိခဲ့ပေမယ့် အခုခေတ်မှာတော့ ကမ္ဘာကြီးပေါ်တွင်လွတ်လွတ်လပ်ဘပ်လျှောက်သွားဖို့အသက်မပြည့်သေးသလိုဖြစ်နေသည်မို့ သူ့ပုံစံကို ပြောင်းလဲထားရခြင်းပင်။

ကောင်မလေးတစ်ယောက်ကမေးလိုက်၏။
"ဆရာချီ့လက်မှာ ဘာလို့လက်ထပ်လက်စွပ်ဝတ်မထားတာလဲဟင်"

ချီပိူင်ချာ၏ လက်တွေကရှည်သွယ်ဖြူဖွေးပြီးအတော်လှသည်။ သို့သော် ထိုလက်တွေတွင် ဘာအဆင်တန်ဆာမှ မပါခဲ့။ လက်တွေက လှလွန်းသည်မို့ ဘာအဆင်တန်ဆာမှဆင်ရန် မလိုအပ်သော်လည်း လက်ထပ်လက်စွပ်ကတော့ တစ်မျိုးတစ်မည်ပင်။ ချီပိုင်ချာက လက်ထပ်လက်စွပ်ကို ဘယ်တော့မှ မဝတ်သည်မို့ ကျောင်းသားတွေက သူ့ကို အိမ်ထောင်မကျသေးဘူးဟုထင်နေကြသည်။

ချီပိုင်ချာက သူ့လက်တွေကိုကြည့်ကာ ပြုံးလိုက်သည်။

တကယ်တော့ သူတို့တွင် လက်ထပ်လက်စွပ်ရှိသည်။

လက်ထပ်လက်စွပ်အကြောင်းကိုတွေးမိတော့ ပြောစရာ ဇာတ်လမ်းတစ်ခုရှိခဲ့တာကိုလည်း သူတွေးမိသည်။

လက်မထပ်ခင်က လက်ထပ်ခြင်းသည် အလွန်အဓိပ္ပါယ်ရှိသောအရာဟု သူတို့နှစ်ဉီးလုံး သဘောတူခဲ့ကြသည်။ အပြန်အလှန်ပေးအပ်ရမည့် လက်ထပ်လက်စွပ်တွင် ကိုယ်ပိူင်အဓိပ္ပါယ်တစ်ခုရှိသင့်ပြီး လုပ်ပြီးသားအရာတစ်ခုကို အသင့်ကောက်စွပ်တာမျိုး မဖြစ်သင့်ပေ။ ပုံမှန်စိန်ထည်တွေကတော့ သူတို့အတွက် မထူးဆန်း။ အဓိပ္ပါယ်ရှိနေသရွေ့ မြက်လက်စွပ်ဆိုရင်တောင် ဖြစ်သည်။

ထို့ကြောင့်နှစ်ဉီးသား တစ်ယောက်ကိုယ်တစ်ယောက် စပရိုက်လုပ်ရန် အချိန်၁လကြာခဲ့သည်။

ဖူမင်ယယ်က သူ့ကို ထာဝရသန့်စင်သောအချစ်ဆိုတာကို ကိုယ်သားပြုသည့် ရေသူမမျက်ရည်တစ်ခုပေးမယ်မှန်း ချီပိုင်ချာ ထင်မထားခဲ့ပေ။

ပင်လယ်ရေနက်ပိုင်းတွင် မျက်ရည်တွေကနေ ပုလဲဖြစ်စေနိုင်သော ရေသူမတွေရှိသည်ဆိုသော ကောလဟာလရှိခဲ့သည်။  ပုံမှန်ဆို ရေသူမတွေက နှလုံးသားကင်းမဲ့တတ်သော်လည်း သူတို့ချစ်မိသွားကြလျှင်တော့ သူတို့အချစ်ကဘယ်တော့မှမပြောင်းလဲဘဲ အင်မတန်သန့်စင်လေသည်။ သူတို့အချစ်ကိုနားလည်သွားသည့်အချိန်တွင် မျက်ရည်တစ်စက်ကျတတ်ကြသည်။  အဆိုပါ အချစ်မျက်ရည်မီ ဖြစ်သောပုလဲသည် အလွန်တောက်ပချောမွေ့ကာ ရေစက်ပုံသဏ္ဍာန်ရှိပြီး အဖိုးဖြတ်၍ မရပေ။

ရေသူမ မျက်ရည်များက တစ်ခါတစ်ရံ ရတနာရှာသည့်လှေများ သို့ ပင်လယ်ထဲငါးဖမ်းသွားသည့် တံငါသည်များမှတစ်ဆင့် ဈေးကွက်ထဲသို့ဈေးကြီးကြီးဖြင့် ပျံ့နှံ့သွားပြီး တော်ဝင်သွေးများအတွက် အဆင်တန်ဆာတစ်မျိုးဖြစ်လာခဲ့သည်။

လှပသော ဒဏ္ဍာရီတစ်ခုဖြစ်သော်လည်း လူတွေကတော့ ထိုဒဏ္ဍာရီကို ဒဏ္ဍာရီဟုသာယုံကြည်ကြပြီး အဖိူးတန်ပူလဲများကို ရေသူမတွေ၏ မျက်ရည်ဟုခေါ်ကာ ရေသူမတွေ၏ သစ္စာမပျက်သော အချစ်ကို ကိုယ်စားပြုကြလေသည်။

ထို့ကြောင့် ဆိုးယုတ်ခြင်းနတ်ဘုရားသည် ပင်လယ်အောက်ခြေထဲအထိ ကိုယ်တိုင်ဆင်းကာ ရေသူမတစ်ယောက်နှင့် အပေးအယူတစ်ခုထားခဲ့သည်။ ပုလဲအတွက် သူမ၏ ဆုတောင်းကိုဖြည့်ဆည်းပေးမည် ဟူ၍။

ရေသူမက ပြောခဲ့သည်။
"ရေသူမတစ်ယောက်ရဲ့ သက်တမ်းက နှစ်သုံးရာရှည်တယ်။ ဒါပေမယ့် ကျွန်မချစ်တဲ့လူသားကတော့ နှစ်တစ်ရာပဲအသက်ရှင်မှာ။ အရှင်သူ့ရဲ့ သက်တမ်းကို နှစ်သုံးရာအထိ ဆွဲဆန့်ပေးနိုင်မလား?"

ဆိုးယုတ်ခြင်းနတ်ဘုရားနှုတ်ဆိတ်နေမိသည်။ ပြီးမှ ရိုးသားစွာ ပြန်ဖြေ၏။
"မရဘူး"
သက်တမ်းတွေကို သဘာဝတရားက ဆုံးဖြတ်သည်။ သူသာ သက်တမ်းကိုတိုးနိုင်မည်ဆိုလျှင် ချာချာ့အခြေအနေအတွက် ခေါင်းကိုက်စရာမလိုပေ။

ရေသူမလေးကပြုံးလိုက်သည်။ စိတ်တော့မပျက်။ သူမက ထပ်ပြောပြန်၏။
"ဒါဆိုလည်း ကျွန်မရဲ့သက်တမ်းကို နှစ်တစ်ရာပဲဖြစ်သွားအောင် ကူညီပါ"

"သူ ကျွန်မနဲ့ အတူ မရှင်သန်နိုင်ရင် ကျွန်မကပဲ သူနဲ့အတူ အိုမင်းပြီး အတူတူသေပါ့မယ်။ အဲ့ဒါကလည်း အဲ့လောက်တော့မဆိုးပါဘူး"

ဆိုးယုတ်ခြင်းနတ်ဘုရားပင် ထိုစကားကြောင့် တခဏမျှ စိတ်ထဲထိရှသွားရသည်။

ဖြစ်နိုင်တာကတော့ သူသည်လည်း ချာချာနှင့်အတူ အိုမင်းနိုင်သည်။ ဒီကမ္ဘာတွင် ချာချာအနားသာရှိလျှင် ဘာမှ လွဲချော်လိမ့်မည်မဟုတ်။

သို့သော် နတ်ဘုရားတစ်ပါးက ကိုယ့်ကိုယ်ကိုယ် သတ်သေ၍မရပေ။

ဆိုးယုတ်သောအတွေးတွေက ဘယ်တော့မှပျောက်သွားမှာမဟုတ်။ သူ ထာဝရအိပ်စက်နိုင်သော်လည်း မသေနိုင်။ ဆိုးယုတ်ခြင်းနတ်ဘုရား၏ မြောက်မြားစွာသော မှတ်ဉာဏ်များထဲတွင် ကိုယ့်ကိုယ်ကိုယ်သတ်သေမည့်ပုံစံနှင့် နတ်ဘုရားတစ်ပါးရှိခဲ့သည်။ သူကိုယ်တိုင်တောင် အတော်လေးအထင်ကြီးခဲ့မိသေးသည်။

သို့သော် ထိုသူဘယ်သူလဲ? ဘာကြောင့်သူ့ကိုယ်သူဖျက်စီးရသလဲဆိုသည့်ကိစ္စကိုတော့ သူမမှတ်မိတော့ပေ။ ကြည့်ရတာ သူအကြာကြီးအိက်လိုက်လို့ထင်။ ရှုပ်ထွေးနေတော့သည်။

ဖူမင်ယယ်တစ်ယောက် ရေသူမ မျက်ရည်ကိုရခဲ့ကာ ချီပိုင်ချာအတွင် လက်စွပ်လုပ်ပေးနိုင်ခဲ့သည်။

သူတို့မင်္ဂလာပွဲက အတော်ခမ်းနားခဲ့သည်။ သေချာကာကွယ်ထားပြီး လူလုံးထွက်မပြခဲ့သည့် ချီပိုင်ချာကလွဲလို့ အရာအားလုံးပြောစမှတ်တွင်ခဲ့သည်။ ရေသူမမျက်ရည်လက်စွပ်ကလည်း အတော်လေးအုတ်အော်သောင်းနင်းဖြစ်စေသည်မို့ ဓာတ်ပုံတွေက အင်တာနက်မှာရော သတင်းစာမှာပါ ပလူပျံနေခဲ့သည်။

ချီပိုင်ချာတစ်ယောက် သေချာပေါက် အပြင်ကိုထုတ်မဝတ်တော့ပေ။ မဟုတ်လျှင် သူ့ဖြစ်တည်မှု ပေါ်သွားနိုင်ကာ ဒုက္ခများနိုင်သည်။

ထိုအရာက ရေသူမမျက်ရည်ဆိုတာ ချီပိုင်ချာ အတပ်သိသည်။  သူ ဖူမင်ယယ်ကို လက်စွပ်ဘယ်ကရလဲမေးတော့ ဖူမင်ယယ်က ခပ်တည်တည်ပင်
"ပင်လယ်ဘေးကကောက်လာတာ။ ပုံစံက ရေသူမ မျက်ရည်နဲ့တူလို့လေ။ ရေသူမမျက်ရည်ရဲ့အဓိပ္ပါယ်ကိုစဉ်းစားမိသွားတာ။ အဲ့ဲဒါကြောင့်မင်းကိုပေးဖို့ဆုံးးဖြတ်လိုက်တာ"

ချီပိုင်ချာက သူ့ကိုဒေါသတကြီးထုတော့သည်။
"မစ္စတာဖူ ခင်ဗျား တအား ပစ်စလက်ခတ်နိုင်တာပဲ"

"မင်းပြောတော့ အဓိပ္ပါယ်ကပဲအရေးကြီးတာ။ တန်ဖိုးက အရေးမပါဘူးဆို"
ဖူမင်ယယ်က အလွန်ရိုးသားလေသည်။

ရေသူမ၏ ဆုတောင်းက ဆိုးယုတ်သောအတွေးလည်းမဟုတ်သလို ဆိုးယုတ်ခြင်းနတ်ဘုရား၏ တာဝန်အတွင်းတွင်လည်းမဟုတ်သည်မို့ ထိုအတွက် သူ ကောင်းကင်ဘုံမှ မိုးကြိုးဒဏ်ကိုခံခဲ့ရသေးသည်။ မိုးကြိုးက သူ့ကို မနာကျင်စေ၊ ယားပင်မယားစေသော်လည်း ပေးဆပ်ရသည့်တန်ဖိုးမရှိဟုတော့ ပြော၍မရပေ။ ချာချာ့အတွက်သာ မဟုတ်လျှင် သူဒါမျိုးလုပ်မည်မဟုတ်။ ဒါတွေကို မစ္စတာချီဆီ ပြောမပြနိုင်တာ နှမျောစရာ။

ချီပိုင်ချာကတော့ သူအလျှောက်ကောင်းသည်မို့လွှတ်ပေးလိုက်သည်။

ဒီလက်စွပ်က အဖိုးတန်သည်။ သာမန်လက်စွပ်တွေတွင် ထပ်တူညီစွာလဲလှယ်နိုင်သည့်တန်ဖိုးမရှိပေ။ ထိူအကြောင်းကို ခဏတွေးပြီးတော့ သူက မစ္စတာဖူအတွက် လက်ထပ်လက်စွပ်ကို နဂါးပုလဲအား ပြန်ပေးခဲ့လေသည်။

ရှေးခေတ်က သားရဲတွေများစွာရှိခဲ့ပြီး နှင်းနတ်ဘုရားက မိစ္ဆာနဂါးတစ်ကောင်ကိုနှိမ်နင်းခဲ့သည်။ ပထမဆုံးအနိုင်ရခဲ့သဘ့် သားကောင်ဖြစ်သည်မို့ ထူးခြားသည့်အားလျှော်စွာ နဂါး၏ မျက်လုံးကိုဖောက်ပြီး သူ့ထံတွင် နှစ်ပေါင်းမရေတွက်နိုင်အောင် သိမ်းထားခဲ့သည်။

နဂါးပုလဲ၏ အသွင်မှာ သာမန်ကျောက်မျက်တွေထက် ပိုလှပြီး ချီပိုင်ချာကလည်း ရတနာတစ်ပါးလိုနှစိသက်သည်။ ဂရုတစိုက်ရှိသည့်ပစ္စည်းများသည် အဓိပ္ပါယ်လည်းရှိသည်။ ထို့အပြင် မစ္စတာဖူက ဒါကို နဂါးပုလဲဟု သိမှာမဟုတ်။ ထိုစဉ္က မစ္စတာဖူတစ်ယောက် ထူးဆန်းစွာတုန့်ပြန်ခဲ့သည်။
" မင်း ဒါကို ဘယ်က ရတာလဲ?"

ချီပိုင်ချာက ဂရုမစိုက်ချင်ယောင်ဆောင်ကာ
"ငယ်ငယ်က ကောက်ရတဲ့ကျောက်လေးပါ"

"အရင်က ကျွန်တော် တန်ဖိုးအထားဆုံး ကစားစရာလေးမို့ အဓိပ္ပါယ်ရှိပါတယ်"

ဖူမင်ယယ် : "ဒါပေါ့"

ဖူမင်ယယ်တစ်ယောက် မိဘမဲ့ဂေဟာတွင် ကစားစရာမရှိသည့် ချာချာပိစိလေးက ဖန်တုံးတစ်ခုကိုကောက်ယူကာ ကစားစရာအဖြစ်ဖြင့် မြတ်နိုးခဲ့ရသည်ကို တွေးမိသွားတော့သည်။ ဒီလိုသာဆို ချာချာက သူ့ကိုအရေးကြီးဆုံးအရာကိုပေးခဲ့တာပဲ။ ဒီကျောက်က ရှေးဟောင်းကျောင်းလုံတစ်ခုမဟုတ်ခဲ့ရင်ပေါ့။

ချာချာကတော့ ဒါကိုဘာမှန်းသေချာပေါက်သိမှာမဟုတ်။

ထို့ကြောင့်ဖူမင်ယယ်လည်း လက်ထပ်လက်စွပ်ကိုမဝတ်နိုင်ခဲ့ပေ။ ချာချာပေးသည့်အရာက အတော်လေးအားပြင်းသည့်အရာတစ်ခုဖြစ်ကာ ဘယ်လိုသာမန်လူကမှ မျက်လုံးကြီးကို လက်တွင်ဝတ်ပြီးဂုဏ်ယူကြမှာမဟုတ်ပေ။ ထို ကျောင်းလုံကလည်း တစ်သက်စာနောင်တတွေနှင့်သေဆုံးခဲ့သည်မို့ ဖူမင်ယယ်က ရုပ်ဆိုးတာတွေကိုမကြိုက်ပေ။

အခုတော့ကျောင်းသားတွေက စပ်စုကြပြီမို့ ချီပိုင်ချာက ဟာသလေးသာပြောခဲ့သည်။

"ဘာလို့ဆို ဆရာတို့က အရမ်းဆင်းရဲတော့လက်စွပ်မဝယ်နိုင်ဘူးလေ။ ရုံးတက်ပြီးပဲ လက်မှတ်ထိုးခဲ့ရတာ"

TN : ကျောင်းလုံဆိုတာ နဂါးနဲ့တူတဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်မျိုးပါတဲ့။

   
Zawgyi

Burmese Translation of "After Marrying The Male God".

Translator - ေဂြ႕

(၁၉) လက္စြပ္
_____________________

"ငါတို႔က အရမ္းဆင္းရဲတာ"

_____

ခ်ီပိုင္ခ်ာတစ္ခဏေလာက္ေတာ့ ဘာမွမတုန႔္ျပန္ေပ။ ဖူမင္ယယ္က တကယ္ႀကီးလူမဟုတ္မွန္း သူေမွ်ာ္လင့္မထားခဲ့ေပ။

သူ မသိလိုက္ဘဲေမးမိသြားသည္။
"ဘာကိုလုပ္မွာလဲ?"

ဖူမင္ယယ္က ျပန္ေျဖ၏။
"မင္းကို"

ခ်ီပိုင္ခ်ာမ်က္လုံးေတြျပဴးသြားသည္။
"ကြၽန္ေတာ့္ကို?"

"ဟုတ္တယ္"
ဖူမင္ယယ္က သူ႔ကိုေအးစက္စြာၾကည့္လိုက္သည္။
"ကိုယ္ၾကည့္ရတာေတာ့ မင္းက ေဆးလိမ္းတာေရာ အစားေရွာင္တာေရာကို စိတ္ဝင္စားတဲ့ပုံမေပၚဘူး။ မင္းၾကည့္ရတာ အဆင္ေျပေနတဲ့ပုံပါပဲ။ အဲ့ဒါကို အခုမွေၾကာက္ရေကာင္းမွန္းသိတာလား? လွဲလိုက္"
ေနာက္ဆုံးကႏွစ္လုံးက အမိန႔္ေပးသည့္ေလသံႏွင့္ျဖစ္ကာ သူက ေျပာရင္းဆိုရင္း ခ်ီပိုင္ခ်ာဆီသြားကာ ညအိပ္ဝတ္စုံကို ဆြဲခ်လိုက္သည္။

ခ်ီပိုင္ခ်ာက ခ်က္ခ်င္းပဲ ေဘးသို႔လွိမ့္လိုက္ကာ ေစာင္ကို ေခါင္းၿမီးၿခဳံလိုက္၏။
"ကြၽန္ေတာ္ အိပ္ေတာ့မွာ"

ဖူမင္ယယ္က ေစာင္ကိုလွန္ခ်င္ေသာ္လည္း ခ်ီပိုင္ခ်ာက အေသဆုပ္ထားကာ လႊတ္မေပးေပ။

"ခ်ီပိုင္ခ်ာ!"
ဖူမင္ယယ္က အသံနက္နက္ျဖင့္ေခၚလိုက္သည္။
"ဘာလို႔ပုန္းေနတာလဲ?"

ခ်ီပိုင္ခ်ာက မလႈပ္ေပ။

ဖူမင္ယယ္က ေလသံကိုေလွ်ာ့ကာ ေခ်ာ့ရျပန္သည္။
"ကိုယ္က မင္းကိုေျခာက္ေနတာပါ။ ဘယ္လိုလုပ္ၿပီး မင္းရဲ႕က်န္းမာေရးကို ဂ႐ုမစိုက္ဘဲေနမလဲ? ခုနကေဆးလိမ္းလိုက္ရင္ ပိုေကာင္းသြားမွာပါဆို။ အဲလိုမလုပ္ပါနဲ႔။ မင္းအဆင္မေျပရင္ ကိုယ္လည္းမေျပဘူး"

"နာတာရွည္နာတာက ခဏနာတာထက္ပိုဆိုးတယ္။ ကိုယ္မင္းကိုမရယ္ဘူးလု႔ိကတိေပးတယ္"

"ခ်ာခ်ာရာ စကားနားေထာင္စမ္းပါကြာ"

ဖူမင္ယယ္ဘယ္လိုပဲေခ်ာ့ေခ်ာ့ လူ႐ြယ္ကေတာ့ပုန္းၿမဲပုန္းဆဲျဖစ္ကာ အသံေတာင္မထြက္။

"အိုေက အိုေက ကိုယ္မင္းကို မေႏွာင့္ယွက္ေတာ့ဘူး။ ျမန္ျမန္ထြက္လာခဲ့ေတာ့။ မင္းဒီလိုဆက္ေနေနရင္ မြန္းလိမ့္မယ္။"
ဖူမင္ယယ္သက္ျပင္းခ်သည္။

ခ်ီပိုင္ခ်ာက ဘာမွမတုန႔္ျပန္တာမို႔ ဖူမင္ယယ္က အဲ့ဒါကို အခြင့္ေကာင္းယူကာ ေစာင္ကိုဆြဲလွန္လိုက္တာ ေအာင္ျမင္သြားသည္။

သူ ျမင္လိုက္ရတာေၾကာင့္ ၿပဳံးသြား၏။

လူ႐ြယ္ကမ်က္လုံးေတြကိုမွိတ္ကာ အိပ္ေမာက်ေနေလၿပီ။ ေစာင္ထဲမွာ အခ်ိန္အေတာ္ၾကာေအာင္ေနလိုက္သည္မို႔ သူ႔မ်က္ႏွာျဖဴျဖဴေလးက နီရဲေနကာ တစ္ခ်က္ေလာက္ကိုက္ခ်င္စိတ္ကို ထိန္းမရႏိုင္ျဖစ္ေစသည္။ သူ႔မ်က္ေတာင္ေကာ့ေတြက ေအာက္သို႔အရိပ္ထင္ကာ က်ေနသည္။

ဖူမင္ယယ္တစ္ေယာက္ ေခတၱမွ်ၾကည့္ေနရင္း ရယ္လိုက္မိသည္။
"ၾကည့္ရတာ ငါေျပာသမွ် ေလထဲကိုပဲ လြင့္သြားပုံပဲ"

"ၾကည့္ပါဉီး မင္းေလးကေတာ့"
ဖူမင္ယယ္က ခ်ီပိုင္ခ်ာ၏ မ်က္ႏွာကိုညႇစ္လိုက္သည္။
"မင္းကို စႏိုးဝႈိက္လို႔ေျပာရမလား? အိပ္ေနတဲ့အလွေလးလို႔ေခၚရမလား?"

ခ်ီပိုင္ခ်ာက မ်က္ေမွာင္က်ဳံ႕သြားေသာ္ျငား ႏိုးမလာေပ။

"သူတကယ္ႀကီးအိပ္ေပ်ာ္ေနတာလား?"
ဖူမင္ယယ္ေတြးလိုက္မိသည္။
"ဟန္ေဆာင္ေနတာ မဟုတ္ဘူးေပါ့"

သူ႔ေဘးက အမ်ိဳးသားငယ္ကေတာ့ ႏႈတ္ဆိတ္လွ်က္။

ဖူမင္ယယ္ခဏေလာက္ေတာ့ေစာင့္ေနလိုက္သည္။ လူငယ္၏အသက္ရႉသံေတြပုံမွန္ျဖစ္သြားမွ အက်ႌေတြကို ျငင္သာစြာခြၽတ္ေတာ့၏။ယ

သူကဘာကိုေစာင့္ေနရမွာလဲ? ေသခ်ာေပါက္ ခ်ာခ်ာ့ကို အိပ္ေပ်ာ္ေနတုန္းမွာ ျပဳစုေပးခ်င္သည္ေလ။

သူမေမွ်ာ္လင့္ထားသည္က သူပထမေျခလွမ္း လွမ္းၿပီးစမွာတင္ လူငယ္က ကြၽမ္းက်င္စြာပင္ သူ႔လက္ေမာင္းတစ္ဖက္က သူ႔ခါးကိုဖက္ၿပီး သူ႔ေျခေထာက္တစ္ဖက္က သူ႔အေပၚသို႔ခြလိုက္သည္။

ဖူမင္ယယ္ကို ရပ္တန႔္သြားေစ၏။

ဖူမင္ယယ္: "ခ်ာခ်ာ?"

ခ်ီပိုင္ခ်ာက ၿငိမ္သက္ေနကာ ဘာစကားမွမေျပာ။

ဖူမင္ယယ္က မသကၤာစြာ ငုံ႔ၾကည့္လိုက္သည္။
"မင္းအိပ္ေပ်ာ္ခ်င္ေယာင္ေဆာင္ေနတယ္လို႔ကိုယ္ထင္ေနတာ"

ခ်ီပိုင္ခ်ာက အိပ္ရင္းလည္းသူ႔ကိုဖက္ေသာ္လည္း သူ႔ပုံစံက ဒီေလာက္ႀကီးထိေတာ့မရဲတင္း။ ထိုအစား သူက ယုန္ေလးလို သူ႔ရင္ခြင္ထဲတြင္ ဝပ္ေနျခင္းမ်ိဳးျဖစ္သည္။

တစ္ဖက္တြင္ေတာ့ ဖူမင္ယယ္က ဒါမ်ိဳးလုပ္တတ္သည္။ သူကအရမ္းေလးလြန္းသည္ဟု ခ်ီပိုင္ခ်ာေတြးမိေသာ္လည္း တြန္းဖယ္ပစ္တာမ်ိဳးေတာ့မလုပ္။ ဒီလိုပုံစံမ်ိဳးႏွင့္ သူ အသားက်ေနေလၿပီ။

ဖူမင္ယယ္က ခ်ီပိုင္ခ်ာ၏ ေျခေထာက္ကို ဖယ္ဖို႔ျပင္လိုက္ေသာ္လည္း အမ်ိဳးသားက လွ်င္ျမန္စြာပင္ ျပန္ဖိလိုက္ကာ ပို၍ တင္းေနေအာင္ဖက္ထားေတာ့သည္။ ဖူမင္ယယ္ ခဏခဏလုပ္ေသာ္လည္း က်ဆုံးသည္ကသာမ်ားေန၏။
သူ သက္ျပင္းခ်လိုက္ၿပီး လူငယ္ကို သူ႔ရင္ခြင္ထဲသို႔သာထည့္လိုက္ေတာ့သည္။

သူက အမ်ိဳးသား၏ ႏွာဖူးကို နမ္းလိုက္၏။
"ဂြတ္ႏိုက္"
________

"ဂြတ္ေမာနင္း"

ေပးေနက် မနက္ခင္းအနမ္းကိုေပးၿပီးေနာက္ ခ်ီပိုင္ခ်ာက ဖူမင္ယယ္ကိုႏႈတ္ဆက္လိုက္သည္။
"ကြၽန္ေတာ္သြားေတာ့မယ္။ တာ့တာ"

ဖူမင္ယယ္က ေခါင္းၿငိမ့္ျပလိုက္၏။
"ညမွေတြ႕မယ္"

ခ်ီပိုင္ခ်ာေက်ာင္းသို႔ေရာက္သည္ႏွင့္ ဒီေန႔ ပုံမွန္ေန႔ေတြႏွင့္မတူဘဲ ကြဲျပားေနေၾကာင္း သတိထားလိုက္မိသည္။

မ်ားစြာေသာ ဇိမ္ခံကားမ်ားႏွင့္ ကားေပါင္းမ်ားစြာက ေက်ာင္း၏ လြတ္ေနေသာ ကားပါကင္တြင္ထိုးထားၾကၿပီး အနက္ေရာင္ဝတ္စုံျပည့္ႏွင့္ သက္ေတာ္ေစာင့္မ်ားက ေက်ာင္းသားမ်ားႏွင့္ ဆရာဆရာမမ်ားကို အနားကပ္ခြင့္မေပးၾကေပ။ တခ်ိဳ႕ေတြက ကင္မရာမ်ားကိုသယ္ထားၾကၿပီး တခ်ိဳ႕ကေတာ့ေခါင္းငုံ႔ကာ လွ်ိဳ႕ဝွက္ကင္မရာမ်ားကိုရွာေနၾကသည္။ ေက်ာင္းက ကိုယ္ပိုင္ေက်ာင္းတစ္ခုျဖစ္ေသာ္လည္း မင္းစိုးရာဇာသူႂကြယ္မ်ားတက္သည့္ေက်ာင္းေတာ့မဟုတ္။ အမ်ားစုမွာ အထက္တန္း သို႔ လူလတ္တန္းစားမိသားစုမ်ားမွ ျဖစ္သည္။ ေက်ာင္းသားအနည္းငယ္၏ မိဘမ်ားေလာက္ကသာ ကိန္းႀကီးခန္းႀကီးႏိုင္စြာ လာႀကိဳၾကျခင္းမ်ားျပဳလုပ္ၾကသည္။

ေခါင္းေဆာင္ေတြဘာေတြမ်ားေရာက္ေနလို႔လား?

ထိုအရာက ေက်ာပိုးအိတ္လြယ္ကာျဖတ္သြားေသာ ေက်ာင္းသားအမ်ားစုကို စိတ္ဝင္စားေစသည္။ ေက်ာင္းသားေတြက အခန္းထဲတြင္ အၿငိမ္မေနၾကေတာ့ဘဲ ေကာ္ရစ္တာမွာလမ္းသလားကာ စိတ္ဝင္တစားၾကည့္ရႈေနၾကသည္။

ခ်ီပိုင္ခ်ာကေတာ့ တစ္ခ်က္မွ်ၾကည့္ကာ သူ႔အခန္းဆီသို႔တက္လာေတာ့ သူ႔ေက်ာင္းသားေတြကလည္းေကာ္ရစ္ဒါကို လွမ္းၾကည့္ေနၾကသည္အားေတြ႕လိုက္ရေတာ့သည္။  သူတံခါးကိုႏွစ္ခ်က္ေခါက္လိုက္၏။

လႈပ္ရွားမႈအသံကိုၾကားေတာ့ သူတို႔ခ်က္ခ်င္းေခါင္းလွည့္လာတာ နာခံစြာပင္ႏႈတ္ဆက္ၾက၏။
"မဂၤလာနံနက္ခင္းပါ ဆရာခ်ီ"

"မင္းတို႔အားလုံး ဘာရပ္ၿပီးၾကည့္ေနၾကတာလဲ?"
ခ်ီပိုင္ခ်ာက သူတို႔ကို သတိေပးလိုက္၏။
"အခုက မနက္ခင္းစာဖတ္ခ်ိန္ဆိုေတာ့ အတန္းထဲကိုသြားၾကေတာ့"

"အို႔"
ေက်ာင္းသားေတြလည္းအလွ်ိဳလွ်ိဳ အတန္းထဲသို႔ ဝင္ကုန္ၾကကာ ေနရာအသီးသီးတြင္ထိုင္ၿပီး စာအုပ္မ်ားကိုဖြင့္လိုက္ၾကေသာ္လည္း စာဖတ္ဖို႔စိတ္မပါၾကသည္ကေတာ့ သိသာလွသည္။

ေက်ာင္းသားတစ္ေယာက္က ထိန္းမထားႏိုင္ေတာ့ေပ။
"ဆရာခ်ီ....ကြၽန္ေတာ္တို႔ၾကားတာေတာ့ ေက်ာင္းကို ရသစုံရႈိးတစ္ခုအတြက္ ႐ိုက္ကြင္းလုပ္မယ္တဲ့။ လြန္ခဲ့တဲ့ရက္ေတြတုန္းက ေက်ာင္းအုပ္ႀကီး႐ုံးခန္းနားကေန ျဖတ္သြားတဲ့သူေတြက ၾကားလိုက္တာ။  ႐ုပ္ရွင္႐ိုက္ဖို႔သေဘာတူေၾကာင္းေဆြးေႏြးေနၾကတယ္တဲ့။ တကယ္ႀကီးလားမသိဘူး"

"ငါျမင္လိုက္တယ္။ ရႈိးနာမည္က ကားေပၚမွာေရးထားတယ္။ "မၿပီးဆုံးေသာငယ္႐ြယ္မႈ"တဲ့။ ငါ ဟိုရက္ကမွသတိထားၾကည့္မိတာ သူတို႔က ဧည့္သည္ေတြအမ်ားႀကီးေခၚေပမယ့္ ဘယ္သူေတြကိုေခၚမလဲဆိုတာကိုေတာ့ မသိၾကဘူးတဲ့"

"အဲ့က် ငါတို႔က နာမည္ႀကီးေတြအမ်ားႀကီးကို ေတြ႕ရေတာ့မွာေပါ့? က်င္းယန္လည္း Sၿမိဳ႕ေတာ္ကိုေရာက္ေနတယ္မလား? သူေရာ လာ႐ိုက္မွာလားမသိဘူး။ ငါေတာ့ က်င္းယန္ေကာေကာကို အေကာင္လိုက္ႀကီးေတြ႕ရေတာ့မယ္။ လက္မွတိသြားေတာင္းလို႔ေတာင္ရပါ့မလားမသိဘူး"

ေဆြးေႏြးေနၾကတာက စိတ္အားထက္သန္ေနၾကပုံမ်ား စာဖတ္ဖို႔ေတာင္ေမ့ေနၾကေလရဲ႕။ ေက်ာင္းသားေတြက နာမည္ႀကီးေတြႏွင့္ ပထမဆုံးေတြ႕ရမွာမို႔ အေတာ္ေလးစိတ္လႈပ္ရွားေနၾကသည္။

့လူေတြ၏ သေဘာသဘာဝအရ ခ်ီပိုင္ခ်ာလႊတ္ေပးထားလိုက္သည္။ ဒီေန႔အေျခအေနအရ ဆရာမတခ်ိဳ႕ေတာင္ စိတ္လႈပ္ရွားေနၾကတာမို႔ ေက်ာင္းသားေတြစာကိုစိတ္ဝင္စားရန္ကေတာ့ မျဖစ္ႏိုင္ေပ။

ေက်ာင္းသားေတြ၏ စာေလ့လာမႈကို မထိခိုက္ေစရန္ အလို႔ငွာ ႐ိုက္ကူးေရးအဖြဲ႕သားမ်ားက ဘယ္သူမွမရွိသည့္ ေျမာက္ဖက္ေက်ာင္းေဆာင္ကိုေ႐ြးခ်ယ္လိုက္ၾကေသာ္လည္း ကေလးေတြကေတာ့ သတင္းေတြေၾကာင့္ သိခ်င္စိတ္ျပင္းျပေနၾကဆဲပင္။

ေက်ာင္းသားေတြေဆြးေႏြးေနၾကတုန္း မိန္းမလွေလးတစ္ေယာက္က ေက်ာပိုးအိတ္ေလးလြယ္ကာ အတန္းထဲသို႔ဝင္လာ၏။

အတန္းလည္းေခတၱမွ်ၿငိမ္သြားၿပီးေနာက္ ေခါင္းစၪၸျောင္းသြားၾက၏။

"ကြၽမ့္က်င္းရီျပန္လာၿပီေဟ့!"

"ကြၽမ့္က်င္းရီ နင္အဆင္ေျပရဲ႕လား?"

မိန္းကေလးငယ္တခ်ိဳ႕က သူမနားသို႔ၿပဳံသြားကာ စိတ္ပူေၾကာင္းကိုေဖာ္ျပေနၾကသည္။

"အဲ့ေနက နင့္ေၾကာင့္ ငါတို႔လန႔္တာ ေသေတာ့မယ္"

ကြၽမ့္က်င္းရီက မေန႔ကတစ္ေန႔လုံးေက်ာင္းမလာခဲ့ေပ။ အိမ္မွာတစ္ေန႔လုံးနားေနခဲ့သည္မို႔ ခံစားခ်က္က ပိုတည္ၿငိမ္လာခဲ့သည္။

သူမက သူမခုံသို႔သူမ ဝင္ထိုင္လိုက္ရင္း လြယ္အိတ္ေလးကိုခ်ကာ အနားက သူငယ္ခ်င္းေတြကိုၿပဳံးျပလိုက္၏။
"ငါအဆင္ေျပပါတယ္။ ေက်းဇူးပါ"

ထို႔ေနာက္ သူမကထကာ ခ်ီပိုင္ခ်ာထံသို႔ဉီးၫြတ္လိုက္သည္။
"သမီးကိုကယ္ေပးလို႔ေက်းဇူးပါ ဆရာခ်ီ"
မေန႔က သူမ၏ မွတ္ဉာဏ္ေတြအရ သူမ အေနာက္ကေန ႐ိုက္ခံရတာကိုပဲ မွတ္မိၿပီး ဘာကိုမွ သတိမရေတာ့ေပ။ သို႔ေသာ္ သူမမိဘေတြေျပာစကားအရေတာ့ ဆရာခ်ီက သူမကို အခ်ိန္မွီကယ္တင္လိုက္ႏိုင္ၿပီး သူမကိုအိမ္ကိုေတာင္ ျပန္ပို႔ေပးခဲ့သည္တဲ့။ ေက်ာင္းေရာက္လွ်င္ ေသခ်ာေက်းဇူးတင္ရမည္တဲ့။

ခ်ီပိုင္ခ်ာက ခပ္ေဖ်ာ့ေဖ်ာ့ေလးၿပဳံးလိုက္သည္။
"သမီးအဆင္ေျပရင္ ၿပီးတာပါပဲ"

ေက်ာင္းသားေတြအားလုံးေၾကာင္သြားၾကသည္။
"အဲ့က် ကြၽမ့္က်င္းရီကို ဆရာခ်ီက ကယ္လိုက္တာေပါ့"

"ဆရာခ်ီက မိုက္တယ္ေဟ့"

အတန္းထဲက စကားမ်ားေသာ ေကာင္ေလးအခ်ိဳ႕က သူ႔ကိုခ်ီးက်ဴးၾကေတာ့သည္။

"ကဲ ေတာ္ၿပီ။ ဆရာ့ကိုခ်ီးက်ဴးတာက မင္းတို႔စာေမးပြဲမွာ အမွတ္တစ္ရာရတာေလာက္မေကာင္းဘူး"
ခ်ီပိုင္ခ်ာက ေခါင္းခါ၏။

သူကအၿမဲေပါင္းသင္းရလြယ္သူမို႔ ေက်ာင္းသားေတြ၏ ဆရာအေနႏွင့္ေရာ သူငယ္ခ်င္းအေနႏွင့္ေရာ ေနနိင္၏။

ၿမီးေကာင္ေပါက္မ်ားကလည္း သူ႔ကိုမေၾကာက္ဘဲ အတင္းေတာင္ တူတူေျပာႏိုင္ေသးသည္။

"ဒါနဲ႔ ဆရာခ်ီ ဟြမ့္မုန္က်ားေျပာတာေတာ့ ဆရာဟိုရက္က ဆရာ့ခ်စ္ခ်စ္အတြက္ ကိတ္မုန္ဝယ္ေနတာ ေတြ႕တယ္တဲ့။ ဝါး ဆရာခ်ီဘယ္တုန္းက လက္ထပ္လိုက္တာလဲ?"

"ဟုတ္တယ္ ဆရာခ်ီက တအားႏုေတာ့ သူက ငါတိူ႔နဲ႔ သိပ္မကြာေလာက္ဘူး"

ခ်ီပိုင္ခ်ာကေတာ့ေတြးေန၏။
"ငါကမင္းတို႔ထက္အသက္အမ်ားႀကီး ႀကီးတယ္"

ေလာေလာဆယ္သူ႔ပုံစံက အသက္၂၇ႏွစ္အ႐ြယ္ကို အေျခခံၿပီးဖန္တီးထားတာျဖစ္ေသာ္ျငား သူကိုယ္တိုင္ကလည္းငယ္ေသးတာမို႔ ပင္ကိုယ္ထက္ပိုငယ္သည့္ပုံေပါက္ေနေပသည္။

တကယ့္ႏွင္းနတ္ဘုရား၏ ခႏၶာကိုယ္မွာ ၁၇ႏွစ္အ႐ြဟ္ျဖစ္ကာ သူႏွင္းေတြထဲက ျဖစ္တည္လာကတည္းက ထိုပုံစံပင္ျဖစ္ၿပီး ဘယ္ေတာ့မွ မေျပာင္းခဲ့ေပ။ ေရွးေခတ္တုန္းကေတာ့ ၁၇ႏွစ္ဆို ႐ုံးေတာ္ကို တရားဝင္ တင္ခြင့္ ရွိခဲ့ေပမယ့္ အခုေခတ္မွာေတာ့ ကမာၻႀကီးေပၚတြင္လြတ္လြတ္လပ္ဘပ္ေလွ်ာက္သြားဖို႔အသက္မျပည့္ေသးသလိုျဖစ္ေနသည္မို႔ သူ႔ပုံစံကို ေျပာင္းလဲထားရျခင္းပင္။

ေကာင္မေလးတစ္ေယာက္ကေမးလိုက္၏။
"ဆရာခ်ီ႕လက္မွာ ဘာလို႔လက္ထပ္လက္စြပ္ဝတ္မထားတာလဲဟင္"

ခ်ီပိူင္ခ်ာ၏ လက္ေတြကရွည္သြယ္ျဖဴေဖြးၿပီးအေတာ္လွသည္။ သို႔ေသာ္ ထိုလက္ေတြတြင္ ဘာအဆင္တန္ဆာမွ မပါခဲ့။ လက္ေတြက လွလြန္းသည္မို႔ ဘာအဆင္တန္ဆာမွဆင္ရန္ မလိုအပ္ေသာ္လည္း လက္ထပ္လက္စြပ္ကေတာ့ တစ္မ်ိဳးတစ္မည္ပင္။ ခ်ီပိုင္ခ်ာက လက္ထပ္လက္စြပ္ကို ဘယ္ေတာ့မွ မဝတ္သည္မို႔ ေက်ာင္းသားေတြက သူ႔ကို အိမ္ေထာင္မက်ေသးဘူးဟုထင္ေနၾကသည္။

ခ်ီပိုင္ခ်ာက သူ႔လက္ေတြကိုၾကည့္ကာ ၿပဳံးလိုက္သည္။

တကယ္ေတာ့ သူတို႔တြင္ လက္ထပ္လက္စြပ္ရွိသည္။

လက္ထပ္လက္စြပ္အေၾကာင္းကိုေတြးမိေတာ့ ေျပာစရာ ဇာတ္လမ္းတစ္ခုရွိခဲ့တာကိုလည္း သူေတြးမိသည္။

လက္မထပ္ခင္က လက္ထပ္ျခင္းသည္ အလြန္အဓိပၸါယ္ရွိေသာအရာဟု သူတို႔ႏွစ္ဉီးလုံး သေဘာတူခဲ့ၾကသည္။ အျပန္အလွန္ေပးအပ္ရမည့္ လက္ထပ္လက္စြပ္တြင္ ကိုယ္ပိူင္အဓိပၸါယ္တစ္ခုရွိသင့္ၿပီး လုပ္ၿပီးသားအရာတစ္ခုကို အသင့္ေကာက္စြပ္တာမ်ိဳး မျဖစ္သင့္ေပ။ ပုံမွန္စိန္ထည္ေတြကေတာ့ သူတို႔အတြက္ မထူးဆန္း။ အဓိပၸါယ္ရွိေနသေ႐ြ႕ ျမက္လက္စြပ္ဆိုရင္ေတာင္ ျဖစ္သည္။

ထို႔ေၾကာင့္ႏွစ္ဉီးသား တစ္ေယာက္ကိုယ္တစ္ေယာက္ စပ႐ိုက္လုပ္ရန္ အခ်ိန္၁လၾကာခဲ့သည္။

ဖူမင္ယယ္က သူ႔ကို ထာဝရသန႔္စင္ေသာအခ်စ္ဆိုတာကို ကိုယ္သားျပဳသည့္ ေရသူမမ်က္ရည္တစ္ခုေပးမယ္မွန္း ခ်ီပိုင္ခ်ာ ထင္မထားခဲ့ေပ။

ပင္လယ္ေရနက္ပိုင္းတြင္ မ်က္ရည္ေတြကေန ပုလဲျဖစ္ေစႏိုင္ေသာ ေရသူမေတြရွိသည္ဆိုေသာ ေကာလဟာလရွိခဲ့သည္။  ပုံမွန္ဆို ေရသူမေတြက ႏွလုံးသားကင္းမဲ့တတ္ေသာ္လည္း သူတို႔ခ်စ္မိသြားၾကလွ်င္ေတာ့ သူတို႔အခ်စ္ကဘယ္ေတာ့မွမေျပာင္းလဲဘဲ အင္မတန္သန႔္စင္ေလသည္။ သူတို႔အခ်စ္ကိုနားလည္သြားသည့္အခ်ိန္တြင္ မ်က္ရည္တစ္စက္က်တတ္ၾကသည္။  အဆိုပါ အခ်စ္မ်က္ရည္မီ ျဖစ္ေသာပုလဲသည္ အလြန္ေတာက္ပေခ်ာေမြ႕ကာ ေရစက္ပုံသ႑ာန္ရွိၿပီး အဖိုးျဖတ္၍ မရေပ။

ေရသူမ မ်က္ရည္မ်ားက တစ္ခါတစ္ရံ ရတနာရွာသည့္ေလွမ်ား သို႔ ပင္လယ္ထဲငါးဖမ္းသြားသည့္ တံငါသည္မ်ားမွတစ္ဆင့္ ေဈးကြက္ထဲသို႔ေဈးႀကီးႀကီးျဖင့္ ပ်ံ႕ႏွံ႔သြားၿပီး ေတာ္ဝင္ေသြးမ်ားအတြက္ အဆင္တန္ဆာတစ္မ်ိဳးျဖစ္လာခဲ့သည္။

လွပေသာ ဒ႑ာရီတစ္ခုျဖစ္ေသာ္လည္း လူေတြကေတာ့ ထိုဒ႑ာရီကို ဒ႑ာရီဟုသာယုံၾကည္ၾကၿပီး အဖိူးတန္ပူလဲမ်ားကို ေရသူမေတြ၏ မ်က္ရည္ဟုေခၚကာ ေရသူမေတြ၏ သစၥာမပ်က္ေသာ အခ်စ္ကို ကိုယ္စားျပဳၾကေလသည္။

ထို႔ေၾကာင့္ ဆိုးယုတ္ျခင္းနတ္ဘုရားသည္ ပင္လယ္ေအာက္ေျခထဲအထိ ကိုယ္တိုင္ဆင္းကာ ေရသူမတစ္ေယာက္ႏွင့္ အေပးအယူတစ္ခုထားခဲ့သည္။ ပုလဲအတြက္ သူမ၏ ဆုေတာင္းကိုျဖည့္ဆည္းေပးမည္ ဟူ၍။

ေရသူမက ေျပာခဲ့သည္။
"ေရသူမတစ္ေယာက္ရဲ႕ သက္တမ္းက ႏွစ္သုံးရာရွည္တယ္။ ဒါေပမယ့္ ကြၽန္မခ်စ္တဲ့လူသားကေတာ့ ႏွစ္တစ္ရာပဲအသက္ရွင္မွာ။ အရွင္သူ႔ရဲ႕ သက္တမ္းကို ႏွစ္သုံးရာအထိ ဆြဲဆန႔္ေပးႏိုင္မလား?"

ဆိုးယုတ္ျခင္းနတ္ဘုရားႏႈတ္ဆိတ္ေနမိသည္။ ၿပီးမွ ႐ိုးသားစြာ ျပန္ေျဖ၏။
"မရဘူး"
သက္တမ္းေတြကို သဘာဝတရားက ဆုံးျဖတ္သည္။ သူသာ သက္တမ္းကိုတိုးႏိုင္မည္ဆိုလွ်င္ ခ်ာခ်ာ့အေျခအေနအတြက္ ေခါင္းကိုက္စရာမလိုေပ။

ေရသူမေလးကၿပဳံးလိုက္သည္။ စိတ္ေတာ့မပ်က္။ သူမက ထပ္ေျပာျပန္၏။
"ဒါဆိုလည္း ကြၽန္မရဲ႕သက္တမ္းကို ႏွစ္တစ္ရာပဲျဖစ္သြားေအာင္ ကူညီပါ"

"သူ ကြၽန္မနဲ႔ အတူ မရွင္သန္ႏိုင္ရင္ ကြၽန္မကပဲ သူနဲ႔အတူ အိုမင္းၿပီး အတူတူေသပါ့မယ္။ အဲ့ဒါကလည္း အဲ့ေလာက္ေတာ့မဆိုးပါဘူး"

ဆိုးယုတ္ျခင္းနတ္ဘုရားပင္ ထိုစကားေၾကာင့္ တခဏမွ် စိတ္ထဲထိရွသြားရသည္။

ျဖစ္ႏိုင္တာကေတာ့ သူသည္လည္း ခ်ာခ်ာႏွင့္အတူ အိုမင္းႏိုင္သည္။ ဒီကမာၻတြင္ ခ်ာခ်ာအနားသာရွိလွ်င္ ဘာမွ လြဲေခ်ာ္လိမ့္မည္မဟုတ္။

သို႔ေသာ္ နတ္ဘုရားတစ္ပါးက ကိုယ့္ကိုယ္ကိုယ္ သတ္ေသ၍မရေပ။

ဆိုးယုတ္ေသာအေတြးေတြက ဘယ္ေတာ့မွေပ်ာက္သြားမွာမဟုတ္။ သူ ထာဝရအိပ္စက္ႏိုင္ေသာ္လည္း မေသႏိုင္။ ဆိုးယုတ္ျခင္းနတ္ဘုရား၏ ေျမာက္ျမားစြာေသာ မွတ္ဉာဏ္မ်ားထဲတြင္ ကိုယ့္ကိုယ္ကိုယ္သတ္ေသမည့္ပုံစံႏွင့္ နတ္ဘုရားတစ္ပါးရွိခဲ့သည္။ သူကိုယ္တိုင္ေတာင္ အေတာ္ေလးအထင္ႀကီးခဲ့မိေသးသည္။

သို႔ေသာ္ ထိုသူဘယ္သူလဲ? ဘာေၾကာင့္သူ႔ကိုယ္သူဖ်က္စီးရသလဲဆိုသည့္ကိစၥကိုေတာ့ သူမမွတ္မိေတာ့ေပ။ ၾကည့္ရတာ သူအၾကာႀကီးအိက္လိုက္လို႔ထင္။ ရႈပ္ေထြးေနေတာ့သည္။

ဖူမင္ယယ္တစ္ေယာက္ ေရသူမ မ်က္ရည္ကိုရခဲ့ကာ ခ်ီပိုင္ခ်ာအတြင္ လက္စြပ္လုပ္ေပးႏိုင္ခဲ့သည္။

သူတို႔မဂၤလာပြဲက အေတာ္ခမ္းနားခဲ့သည္။ ေသခ်ာကာကြယ္ထားၿပီး လူလုံးထြက္မျပခဲ့သည့္ ခ်ီပိုင္ခ်ာကလြဲလို႔ အရာအားလုံးေျပာစမွတ္တြင္ခဲ့သည္။ ေရသူမမ်က္ရည္လက္စြပ္ကလည္း အေတာ္ေလးအုတ္ေအာ္ေသာင္းနင္းျဖစ္ေစသည္မို႔ ဓာတ္ပုံေတြက အင္တာနက္မွာေရာ သတင္းစာမွာပါ ပလူပ်ံေနခဲ့သည္။

ခ်ီပိုင္ခ်ာတစ္ေယာက္ ေသခ်ာေပါက္ အျပင္ကိုထုတ္မဝတ္ေတာ့ေပ။ မဟုတ္လွ်င္ သူ႔ျဖစ္တည္မႈ ေပၚသြားႏိုင္ကာ ဒုကၡမ်ားႏိုင္သည္။

ထိုအရာက ေရသူမမ်က္ရည္ဆိုတာ ခ်ီပိုင္ခ်ာ အတပ္သိသည္။  သူ ဖူမင္ယယ္ကို လက္စြပ္ဘယ္ကရလဲေမးေတာ့ ဖူမင္ယယ္က ခပ္တည္တည္ပင္
"ပင္လယ္ေဘးကေကာက္လာတာ။ ပုံစံက ေရသူမ မ်က္ရည္နဲ႔တူလို႔ေလ။ ေရသူမမ်က္ရည္ရဲ႕အဓိပၸါယ္ကိုစဥ္းစားမိသြားတာ။ အဲ့ဲဒါေၾကာင့္မင္းကိုေပးဖို႔ဆုံးးျဖတ္လိုက္တာ"

ခ်ီပိုင္ခ်ာက သူ႔ကိုေဒါသတႀကီးထုေတာ့သည္။
"မစၥတာဖူ ခင္ဗ်ား တအား ပစ္စလက္ခတ္ႏိုင္တာပဲ"

"မင္းေျပာေတာ့ အဓိပၸါယ္ကပဲအေရးႀကီးတာ။ တန္ဖိုးက အေရးမပါဘူးဆို"
ဖူမင္ယယ္က အလြန္႐ိုးသားေလသည္။

ေရသူမ၏ ဆုေတာင္းက ဆိုးယုတ္ေသာအေတြးလည္းမဟုတ္သလို ဆိုးယုတ္ျခင္းနတ္ဘုရား၏ တာဝန္အတြင္းတြင္လည္းမဟုတ္သည္မို႔ ထိုအတြက္ သူ ေကာင္းကင္ဘုံမွ မိုးႀကိဳးဒဏ္ကိုခံခဲ့ရေသးသည္။ မိုးႀကိဳးက သူ႔ကို မနာက်င္ေစ၊ ယားပင္မယားေစေသာ္လည္း ေပးဆပ္ရသည့္တန္ဖိုးမရွိဟုေတာ့ ေျပာ၍မရေပ။ ခ်ာခ်ာ့အတြက္သာ မဟုတ္လွ်င္ သူဒါမ်ိဳးလုပ္မည္မဟုတ္။ ဒါေတြကို မစၥတာခ်ီဆီ ေျပာမျပႏိုင္တာ ႏွေမ်ာစရာ။

ခ်ီပိုင္ခ်ာကေတာ့ သူအေလွ်ာက္ေကာင္းသည္မို႔လႊတ္ေပးလိုက္သည္။

ဒီလက္စြပ္က အဖိုးတန္သည္။ သာမန္လက္စြပ္ေတြတြင္ ထပ္တူညီစြာလဲလွယ္ႏိုင္သည့္တန္ဖိုးမရွိေပ။ ထိူအေၾကာင္းကို ခဏေတြးၿပီးေတာ့ သူက မစၥတာဖူအတြက္ လက္ထပ္လက္စြပ္ကို နဂါးပုလဲအား ျပန္ေပးခဲ့ေလသည္။

ေရွးေခတ္က သားရဲေတြမ်ားစြာရွိခဲ့ၿပီး ႏွင္းနတ္ဘုရားက မိစာၦနဂါးတစ္ေကာင္ကိုႏွိမ္နင္းခဲ့သည္။ ပထမဆုံးအႏိုင္ရခဲ့သဘ့္ သားေကာင္ျဖစ္သည္မို႔ ထူးျခားသည့္အားေလွ်ာ္စြာ နဂါး၏ မ်က္လုံးကိုေဖာက္ၿပီး သူ႔ထံတြင္ ႏွစ္ေပါင္းမေရတြက္ႏိုင္ေအာင္ သိမ္းထားခဲ့သည္။

နဂါးပုလဲ၏ အသြင္မွာ သာမန္ေက်ာက္မ်က္ေတြထက္ ပိုလွၿပီး ခ်ီပိုင္ခ်ာကလည္း ရတနာတစ္ပါးလိုႏွစိသက္သည္။ ဂ႐ုတစိုက္ရွိသည့္ပစၥည္းမ်ားသည္ အဓိပၸါယ္လည္းရွိသည္။ ထို႔အျပင္ မစၥတာဖူက ဒါကို နဂါးပုလဲဟု သိမွာမဟုတ္။ ထိုစၪၠ မစၥတာဖူတစ္ေယာက္ ထူးဆန္းစြာတုန႔္ျပန္ခဲ့သည္။
" မင္း ဒါကို ဘယ္က ရတာလဲ?"

ခ်ီပိုင္ခ်ာက ဂ႐ုမစိုက္ခ်င္ေယာင္ေဆာင္ကာ
"ငယ္ငယ္က ေကာက္ရတဲ့ေက်ာက္ေလးပါ"

"အရင္က ကြၽန္ေတာ္ တန္ဖိုးအထားဆုံး ကစားစရာေလးမို႔ အဓိပၸါယ္ရွိပါတယ္"

ဖူမင္ယယ္ : "ဒါေပါ့"

ဖူမင္ယယ္တစ္ေယာက္ မိဘမဲ့ေဂဟာတြင္ ကစားစရာမရွိသည့္ ခ်ာခ်ာပိစိေလးက ဖန္တုံးတစ္ခုကိုေကာက္ယူကာ ကစားစရာအျဖစ္ျဖင့္ ျမတ္ႏိုးခဲ့ရသည္ကို ေတြးမိသြားေတာ့သည္။ ဒီလိုသာဆို ခ်ာခ်ာက သူ႔ကိုအေရးႀကီးဆုံးအရာကိုေပးခဲ့တာပဲ။ ဒီေက်ာက္က ေရွးေဟာင္းေက်ာင္းလုံတစ္ခုမဟုတ္ခဲ့ရင္ေပါ့။

ခ်ာခ်ာကေတာ့ ဒါကိုဘာမွန္းေသခ်ာေပါက္သိမွာမဟုတ္။

ထို႔ေၾကာင့္ဖူမင္ယယ္လည္း လက္ထပ္လက္စြပ္ကိုမဝတ္ႏိုင္ခဲ့ေပ။ ခ်ာခ်ာေပးသည့္အရာက အေတာ္ေလးအားျပင္းသည့္အရာတစ္ခုျဖစ္ကာ ဘယ္လိုသာမန္လူကမွ မ်က္လုံးႀကီးကို လက္တြင္ဝတ္ၿပီးဂုဏ္ယူၾကမွာမဟုတ္ေပ။ ထို ေက်ာင္းလုံကလည္း တစ္သက္စာေနာင္တေတြႏွင့္ေသဆုံးခဲ့သည္မို႔ ဖူမင္ယယ္က ႐ုပ္ဆိုးတာေတြကိုမႀကိဳက္ေပ။

အခုေတာ့ေက်ာင္းသားေတြက စပ္စုၾကၿပီမို႔ ခ်ီပိုင္ခ်ာက ဟာသေလးသာေျပာခဲ့သည္။

"ဘာလို႔ဆို ဆရာတို႔က အရမ္းဆင္းရဲေတာ့လက္စြပ္မဝယ္ႏိုင္ဘူးေလ။ ႐ုံးတက္ၿပီးပဲ လက္မွတ္ထိုးခဲ့ရတာ"

TN : ေက်ာင္းလုံဆိုတာ နဂါးနဲ႔တူတဲ့ ဒ႑ာရီလာသတၱဝါတစ္မ်ိဳးပါတဲ့။

   

Continuă lectura

O să-ți placă și

1M 53.8K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.1M 88.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.2M 43.3K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
155K 7.9K 33
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...