𝗢𝗻𝗹𝘆 𝘆𝗼𝘂
By lin_lizi
2.5K 287 33
"ငါ့မှာ မင်းတစ်ယောက်တည်းပဲ ရှိတယ်" "ကျွန်တော့်မှာလည်း ဒိုယောင်းတစ်ယောက်တည်းပဲ ရှိတာ" More
1
2
3
4
5
6
7
8
10
11
12
13
14
Final
9
230 29 2
By lin_lizi
*အဲ့တာအတွက် စိတ်မပူပါနဲ့ ခင်ဗျာ Mr.Jeong ရဲ့
အာမခံပေးမှုကြောင့် Scholarship ရုတ်သိမ်းမယ့်
ကိစ္စကို ချက်ချင်းပဲ ပြန်လည် ညှိယူခဲ့ပါတယ် *
စာရွက်ပေါ်မှာ ချရေးနေတဲ့အရာတွေမှာ အာရုံကစိုက်မရပဲ
နေ့လည်က မထင်မှတ်ပဲ ကြားခဲ့ရတဲ့ စကားဝိုင်းက
ဦးနှောက်ထဲ ၀င်လာနေသည်
Jeong Jaehyun က ဘာအတွက်ကြောင့် ဒီလို
မျိုးတွေ လုပ်ခဲ့ရတာလဲ
ကိုယ်နဲ့လည်း သွေးသားမတော်စပ် တဲ့ လူတစ်ယောက်
အတွက် ဘယ်လိုယုံကြည်ချက်တွေနဲ့ အာမခံပေးခဲ့ရတာလဲ
အဲ့ဒါတင်မကသေး ဟိုသုံးယောက် သူ့ကို ရုတ်တရက်
လာရောက်တောင်းပန်ခဲ့တဲ့ ကိစ္စတွေကလည်း
Jeong Jaehyun နဲ့ ဆက်စပ်နေသလား သူမပြော
တတ်  အဲ့ဒီသုံးဦးနဲ့ haneulရဲ့ မိဘတွေကို ပေးတွေ့ခဲ့ပြီး
ဒိုယောင်းနဲ့ မဆိုင်ကြောင်း ရှင်းပြခဲ့တယ် ဆိုတာမျိုးလည်း ဒိုယောင်း တစွန်းတစ ကြားလိုက်မိတယ်
သူ ဒီအကြောင်းအရာတွေကို တမင်နားထောင်လာတာ
မျိုးမဟုတ်ရပါ ဖြစ်နိုင်ရင် ဒီလိုမျိုး ရှုပ်ထွေးစရာတွေနဲ့
သူက အကင်းဆုံး နေချင်နေတဲ့သူ
ဒါပေမယ့် haneul ရဲ့ အုပ်ထိန်းသူတွေက စကား
ပြောချင်ပါတယ်ဆိုတဲ့ အခေါ်ကြောင့် သူ မဖြစ်မနေ
သွားခဲ့ရရင်း ဒါတွေကို တိုက်ဆိုင်စွာ ကြားလာခဲ့ရတာ
"Doyoung"
"..."
"ခနထိုင်မယ်"
ခေါင်းအသာငြိမ့်ပြလိုက်တော့ ၀င်ရောက်ထိုင်ရင်းကနေ
ပြုံးပြလာတဲ့ အပြုံးမှာ အားနာခြင်းတွေပါတယ်ဆိုတာ
ဒိုယောင်း သတိထားမိလိုက်ပါတယ် ဘာအတွက်ကြောင့်
လာတယ် ဆိုတာလည်း သူ သိလိုက်ပါတယ်
"ငါ တောင်းပန်-"
"မတောင်းပန်နဲ့ "
"ဟင့်အင်း သေချာပေါက် တောင်းပန်ရမှာပေါ့ ငါက"
"မင်းက ငါ့အပေါ် အမှားလုပ်ထားလို့လား
တောင်းပန်တယ်ဆိုတာ တောင်းပန်ရမယ့် ကိစ္စရှိမှပေါ့"
"သေချာပေါက် တောင်းပန်ရမယ့်ကိစ္စတွေရှိတာပေါ့
တောင်းပန်ရုံနဲ့တင် မလုံလောက်တဲ့ကိစ္စတွေ
ဒီအတောအတွင်းမှာ မင်းဖြစ်ပျက်ခဲ့တာတွေ
မာမီ  မင်းကို ကျောင်းထိ ပြသနာရှာတာတွေ
ဟိုသုံးကောင်နဲ့ပါ ငြိတာတွေ နောက်ပြီး
ဆေးရုံကို လာတိုင်း မာမီ့လူတွေ -"
"တော်ပါတော့ "
ဘယ်လိုကြောင့် haneulက သူသတိမေ့နေစဉ်က
ကိစ္စရပ်တွေကို သိနေရတာလဲ သူမသိ
haneul ရဲ့ အုပ်ထိန်းသူတွေက ဒါတွေကို သေချာပေါက်
ပေးသိမှာ မဟုတ်တဲ့ သူမျိုးတွေဆိုတာ သူသိပါတယ်
"အရေးအကြီးဆုံးက မင်းရဲ့ Scholarship
ရုတ်သိမ်းခံရတော့မလို့ ဖြစ်ခဲ့တယ် "
"ဒါတွေ အကုန် မင်းအိမ်က ငါ့ကိုသေချာပေါက်
တောင်းပန်ပြီးခဲ့ပြီ ဒါ့ကြောင့် မင်းကပါတော်ပါတော့"
"ဒိုယောင်းရ ဒါတွေအကုန် ငါ့ရဲ့မဆင်မခြင် လုပ်မိခဲ့
တာကနေ ဖြစ်လာတဲ့ အကျိုးဆက်တွေကို မင်းက
ကြားကနေ ခံခဲ့ရတာ ပြီးတော့ ငါက ဒါတွေကို
ဘာမှမသိလိုက်ပဲ တခြားနေရာသစ်မှာ အဆင်ပြေပြေ
အေးအေးလူလူနဲ့ နေမိဦးမှာ မင်းကပါ ဒီလိုမျိုးတွေ
ခံစားခဲ့ရမယ် ငါ မတွေးမိခဲ့ဘူး ငါ -"
"..."
"Jaehyun shi ကသာ မင်းဖြစ်ပျက်ခဲ့တာမှန်သမျှ
ငါ့ကို မပြောပြခဲ့ရင် ငါက ဘာတခုမှ မသိလိုက်ပဲ ဆေးရုံက
ဆင်းပြီးတာနဲ့ မိဘတွေ စီစဉ်ပေးတဲ့အတိုင်း
ဒီကနေ အေးအေးလူလူထွက်သွား‌ေန‌ေတာ့မှာ "
"..."
" အဲ့ဒါကြောင့် ကျောင်းရဲ့ website တွေကရော
ကျောင်းပိုင်သတင်းစာ တခြားနေရာတွေကနေပါ
ဒီအရာတွေကို ပြန်လည် ဖြေရှင်းဖို့ ငါလုပ်ပြီးပြီ
ဘာမှမဆိုင်ပဲ အထင်အမြင်မှားခံရတာတွေကို သေချာ
‌ပေါက် ငါဖြေရှင်းပေးမှာမို့ မင်းဒီထက်ပိုပြီး မပင်ပန်း
ရဖို့ ငါတောင်းပန်ပါတယ် "
စကားတွေ ပြောပြီးနောက်မှာတော့ haneulက
နှုတ်ဆက်ရင်း ပြန်သွားခဲ့ပေမယ့် စကားတချို့က
သူ့ရဲ့ ခေါင်းထဲမှာ တဝဲလည်လည်ပင်
မတွေ့ဖို့ ဆုံးဖြတ်ထားပေမယ့် Jeong Jaehyun ကို
သွားတွေ့ပြီး စကားပြောဖို့ လိုအပ်နေပြီ
_______________________________________
"hyung "
"..."
"ကျွန်တော့်ဆီ လာတာလား"
"အင်း အားလား"
"ဒါပေါ့ ကျွန်တော် "
"မင်း ရူးနေလား"
"..."
"ရုတ်တရက်ကြီး လာရှာတာ ဒီလိုမျိုး ပြောဖို့လား
Kim Doyoung "
"မင်း အားနေတာလား သူများအပူကို ကိုယ့်အပူလုပ်
နေရတဲ့အထိ မင်းမှာ ငြိမ်ငြိမ်နေတတ်တဲ့ အကျင့်မျိုး
မရှိဘူးလား  "
"ဘာတွေပြောနေဝာာလဲ ခင်ဗျား"
Jaehyun က စိတ်ထဲကနေသာ ကြိတ်ဆုတောင်းနေရ
တယ် သူလုပ်ပေးထားတာတွေ ကို သိနေတာမဟုတ်ပါစေ
နဲ့ ဆိုပြ‌ီး ဒါပေမယ့်...
"ဘာဖြစ်လို့ အဲ့လိုမျိုးတွေ လုပ်ခဲ့ရတာလဲ
ငါ့ကို လူတွေရှေ့မှာ ငါ့ဘက်ကနေ နေပေးခဲ့တာနဲ့တင်
ငါက ငါက ကျေးဇူးတင်နေရပြီကို မင်းက ဘာလို့
ဒိလိုမျိုး အစကနေအဆုံး ငါ့ရဲ့အုပ်ထိန်းသူလိုမျိုး
ဘာလို့ လုပ်နေရတာလဲ မင်းအားနေတာလား
သူများအပူကို ကိုယ့်အပူ လုပ်နေရတဲ့အထိ မင်းမှာ
အချိန်တွေပေါများနေတာလား
ငါမင်းကို ကျေးဇူးမတင်ချင်တော့ဘူး ရှင်းရဲ့လား
ကျေးဇူးပြုပြီး ဒီလိုမျိုးတွေ မလုပ်ပါနဲ့ "
"လုပ်ရမယ် Kim Doyoung "
"ရူးနေလား!"
"ရူးနေတာ ခင်ဗျား  ခင်ဗျားကို ပြန်မေးရမှာ
တိတ်တဆိတ်ဖြေရှင်း နှစ်ကိုယ်ကြားတောင်းပန် ပြီးတာကို
အကုန် ပြေလည်သွားပြီ ထင် နေတဲ့ ခင်ဗျားကို
ကျွန်တော် တော်တော်လေး စိတ်ကုန်တယ် Kim
Doyoung ! ပတ်၀န်းကျင်ကို ခင်ဗျား ဂရုမစိုက်ပေမယ့်
ကျွန်တော် ဂရုစိုက်တယ် ! ခုကတည်းက သေချာအောင်
လူတိုင်းကို အမှန်ကို မရှင်းပြရင် ခင်ဗျားနောက်ကြ
တခြားမှာပါ ဒီပြသနာတွေကြောင့် ပြန်ပြီး ပြသနာတက်နိုင်တယ်ဆိုတာ
ခင်ဗျား နားမလည်ဘူးလားး ကိုယ်ဒိလောက်ဖြစ်နေတာ
တောင် တခြားသူ ဘက်ကနေ တွေးပြီး ဒါတွေကို
လျှောချဖို့ တွေးနေတဲ့ ခင်ဗျားကမှ ရူးနေတာမဟုတ်ဘူး
လား! လူတိုင်းကို ခင်ဗျားလို မှတ်မနေနဲ့ "
"မင်းနဲ့ငါက အခြေအနေမတူဘူးလေ Jaehyun
မင်းကဒိလိုမျိုးတွေ ဖြေရှင်းလို့ရနိုင်တယ် ဆိုပြီး
ဒေါသထွက်ပေးနေပေမယ့် ငါက မင်းလိုမျိုး လိုက်လုပ်
နိုင်မယ့် အခွင့်အရေးရှိလို့လား နောက်ပြီး
ဒါတွေက ငါ့ပြသနာတွေ မင်းနဲ့ ဘာတွေများပက်သက်
နေလို့လဲ "
Jeong Jaehyun က အသံထွက်တောင်ရယ်မိသည်
နောက်ဆုံးမှာ ဒီလိုစကားပဲ လား
"လူကို မနာ နာအောင်လည်း ပြောတတ်သေးတာပဲ
အဲ့လိုမျိုး စွမ်းရည်ကို ကျွန်တော့်အတွက် အသုံးချနေတာ
ချည်းမဟုတ်ပဲ တခြားနေရာမှာလည်း အသူံးချကြည့်
ပါဦး "
"..."
"ဘာမှ မဆိုင်ပဲ ဆွဲထည့်
ခံနေရတာကို ကျွန်တော်က ဒီတိုင်း ကြည့်မနေနိုင်လို့
ဖြေရှင်းပေးလိုက်တာပဲ လို့ ဘာလို့များ
Kim Doyoung က မတွေးပေးရတာလဲ "
"မတွေးပေးနိုင်ဘူး Jaehyun  မင်းကငါ့ထက်ငယ်
တယ် မင်းမှာ လုပ်စရာတွေလည်း အများကြီးရှိမှာ
ရှေ့ဆက်ရမယ့်အရာတွေရော  ရည်မှန်းချက်တွေ..
ကိုယ်နဲ့မသိ သွေးမတော်သားမစပ် နဲ့ လူတစ်ယောက်
ကို အာမခံပေးရတဲ့အထိ ယုံကြည်မှုတွေပေးနေတာ
မင်းကိုပါ ထိခိုက်လာနိုင်တာ မင်းမတွေးမိဘူးလားးး
အကယ်၍ ငါကသာ အဲ့လိုလူမျိုးဖြစ်
နေခဲ့တာဆို မင်းကဘယ်လ်ုလုပ်မှာလဲ
မင်းက မစိုးရိမ်ပေမယ့် ငါက စိုးရိမ်တယ်
ကိုယ်မသိတဲ့လူတစ်ယောက်ကို ဘာကြောင့် အဲ့
လောက်တောင် ယုံကြည်ပေးနေပြီး ကူညီပေးနေရတာလဲ
Jaehyun   မင်းမှာကောင်းမွန်တဲ့ဘ၀ ရှိတယ်လို့
ငါထင်တယ် ကိုယ်နဲ့မဆိုင်တဲ့ အရာတွေကြောင့်
အဲ့တာကို အပျက်စီး မခံပါနဲ့ ကျေးဇူးပြုပြီး "
တကယ်ကို ရိုးစင်းပါတယ်
အရင်လိုမျိုး မင်းလိုချင်တာ ရှိတယ်မလားဆိုပြီးတောင်
စွပ်စွဲလာခြင်းမျိုး ရှိမနေပဲ ဒီလိုမျိုးတွေ ပြောလာ၏
အဲ့လူက အဲ့လိုမျိုး ရိုးစင်းနေလို့ အရာအားလုံးက
အနိုင်ကျင့်ချင်နေကြတာ ဖြစ်လိမ့်မယ်
"မင်းရဲ့ ဒီလုပ်ရက်တွေနဲ့ပက်သက်ပြီး ငါတခုခု
ပြန်ဆပ်ချင်တယ် ငါအတတ်နိုင်ဆုံး ကြိုးစားပေးမယ်"
"အင်း စဉ်းစားပေးမယ်"
"ဟင်"
"ဘာလဲ ကျွန်တော် တကယ်လိုအပ်နေတာရှိလား
စဉ်းစားမယ်လေ မရဘူးလား"
"ရတယ် ဒါဆို "
ခေါင်းတစ်ချက်ညိမ့်ပြပြီးတာနဲ့ လှည့်ပြန်တော့မယ့်လူကို
မြင်တော့ အလျင်စလို လှမ်းခေါ်မိလိုက်သည်
"ဒါနဲ့ "
"အင်း"
"ဒါနဲ့ ဟို စိုး အဟမ်း"
"စိုးရိမ်တယ် ဆိုတာမျိုး ကြားလိုက်တယ်
ကျွန်တော့်ကို စိုးရိမ်တာလား"
"ဟို မင်းက Jeno သူငယ်ချင်းလေ မင်းက Jenoလိုပဲ
လူတိုင်းကို ကူညီတတ်ပုံရတယ် ဒါပေမယ့် မင်းတို့က
ကလေးတွေပဲ ရှိသေးတာ အရောင်ညစ်တွေနဲ့ ကြုံရမှာစိုးလို့ ဒါကြောင့် ငါ စိုးရိမ်တယ်ပြောတာ"
ပြောချင်ရာတွေပြောပြီး ထွက်သွားတဲ့သူက တော့
ညာတာပါတေးနဲ့ ထွက်သွား၏ ကျန်ခဲ့တဲ့ Jaehyun
မှာသာ ကြောင်တောင်တောင်ဖြစ်နေ၏
ကလေးပဲရှိသေးတာ? အရောင်ညစ်တွေနဲ့ ကြုံတာ?
"ကျစ် ကလေး မဟုတ်ပါဘူးဆို"
ဒီလောက်ဆို ခပ်ဝေးဝေးကို ရောက်လောက်မှာ မဟုတ်
လောက်ဘူး တွက်ဆ ကာ အမြန် ပြေးလိုက်သွားရ၏
"Kim Doyoung "
ရပ်နေတာကို မြင်ရ‌တော့ အနားကို သွားရပ်လိုက်တော့ မှ
ဒိုယောင်းရပ်နေရတဲ့ အကြောင်းအရင်းကို သူသိသွား၏
"Doyoung"
"Yoon oh"
သူတို့ရှေ့မှာ ရပ်နေတဲ့ သူက ဒိုယောင်းကိုတလှည့်
ဂျယ်ဟျွန်းကို တလှည့် အနည်းငယ်အံ့အားသင့်သလို
ကြည့်ရင်း နာမည်တို့ကို
ရေရွတ်လိုက်တော့ ဒိုယောင်းက ဂျယ်ဟျွန်းကို လှည့်
ကြည့်လာခဲ့သည်
"Yoon oh?"
Doyoung ရဲ့ မျက်နှာအမူအယာဟာ တဖြည်းဖြည်း
ပြောင်းလဲလာခဲ့တာကို ဂျယ်ဟျွန်း ရိပ်မိတော့
သူ့ရဲ့ လက်ဖျားတွေပါ အေးစက်လာခဲ့သည်
"မင်းက - "
Doyoung က စကားတောင်ဆုံးအောင်မပြောတော့ပဲ
သူတို့နားကနေ ထွက်ပြေးသွားတော့ ၏
ထွက်ပြေးမယ့် နောက်ကို လ်ုက်သွားမယ့်သူကို ဂျယ်ဟျွန်းက
လှမ်းဆွဲလိုက်ရင်း
"hyung  သူ အချိန်လိုသေးတယ်"
"ဒါဆို Yoon oh မင်းလည်း ငါနဲ့ စကားပြောဖို့
လိုနေပြ‌ီ ထင်တယ် "
_______________________________________
♥️ ဖတ်ရတာ အဆင်ပြေဖို့ မျှော်လင့်ပါတယ်
Continue Reading
You'll Also Like
581K 8.9K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
33.4K 2.8K 11
5.3K 457 23
နယူးနှစ်ကိုယ်ကွဲလေးရေးချင်လာလို့ မုန်တိုင်းမပါပါပု ဟီးးးး🥺💙
1.1M 37.6K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...