ချစ်တယ်ကြမ်းမယ်

By user630072251433

9.9K 271 16

ကျွန်မကတစ်ခုလပ်ပါဦး... ဒါပေမဲ့ ကျွန်မကအသက်နှစ်ဆယ်သာသာ ရှိသေးတဲ့ ကြောက်တတ်တဲ့ကောင်မလေးတယောက်ပါ တစ်ခုခုဆိုငိုဖ... More

{ part - 2 }

{ part - 1 }

7K 160 5
By user630072251433

💛💛အပိုင်း-၁💛💛
"မင်းနဲ့ငါကွာရှင်းရအောင်နုငယ်"

"ဟင်..."

နုငယ်နားထဲမိုးကြိုးပြစ်ချလိုက်သလို
ပြင်းထန်လှသည့်စကားတစ်ခွန်း...

မယုံကြည်နိုင်စွာကိုကို့ကိုမော့ကြည့်တော့
အေးစက်လွန်းတဲ့မျက်နှာကယခင်ကနုငယ်ပေါ်
အလွန်ချစ်ခဲ့တဲ့နုငယ်ရဲ့ခင်ပွန်း"မင်းကြည်သာ"
မဟုတ်တဲ့အတိုင်းအေးစက်ခက်ထန်နေခဲ့သည်။

နီထွေးသောနှုပ်ခမ်းတွေကတလှုပ်လှုပ်ဖြင့်
တုန်ယင်လာရပြီးခါးထောက်ကာရပ်နေသော
ကိုကို့၏လက်ကိုနုငယ်ထိပ်လန့်စွာ
ဆုပ်ကိုင်လိုက်ကာ...

"ကိုကိုဘာဖြစ်တာလဲဟင်
နုငယ်အပေါ်ဘာမကျေနပ်တာရှိလို့လဲ
ပြောပါကိုကို...နုငယ်ပြင်ပါ့မယ်
ကိုကိုမကြိုက်တဲ့ဟာတွေအားလုံးနုငယ်ပြင်ပါ့မယ်"

"ငါမင်းကိုစိတ်ကုန်သွားပြီနုငယ်"

"ရှင်...."

ကိုကိုကနုငယ်၏လက်တွေကိုရက်စက်စွာ
ဖြုတ်ချလိုက်သည်။
ပြတ်သားတော့မယ်ဆိုတဲ့အရိပ်ယောင်တွေက
ကိုကို့မျက်နှာမှာထင်ဟပ်နေကာမျက်ရည်ဥတွေက
နုနယ်တဲ့နုငယ်ပါးပြင်ပေါ်ကိုတလိမ့်လိမ့်စီးကျလာခဲ့
ရသည်။

"ငါတို့ဒီမှာပဲလမ်းခွဲကြတာပေါ့နုငယ်"

"ကိုကို ...ကိုကိုခဏနေပါအုံး
အဟင့်...ဟင့် ကိုကို"

နုငယ်မရှက်ရွံနိုင်တော့ပြီ...
ကိုကို့ကိုနုငယ်သိပ်ချစ်တယ်...
မိသားစုတွေတယောက်မှမရှိတော့တဲ့
နုငယ်ဘဝမှာကိုကို့ကိုထပ်ပြီးအဆုံးရှုံးမခံနိုင်ဘူး...

"ကိုကို ဟီး ...ဟီး
ကိုကိုနုငယ်ကိုမထားသွားပါနဲ့!!!"

ကျောခိုင်းကာအိမ်လေးထဲကထွက်သွားတဲ့ကိုကို့နောက်ကို
နုငယ်ပြေးလိုက်လာခဲ့ရာဖိနပ်မပါတံခြေဖဝါးတွေက
ခဲချွန်ချွန်နဲ့ထိုးခွဲခြင်းခံလိုက်ရလေသည်။
သွေးစိမ်းရှင်ရှင်ထွက်ပြီးသေမတတ်နာကျင်
နေရတာတောင်မှနုငယ်မမှု့နိုင်ပဲကိုကို့ကိုတားဖို့မမှီမှာ
ကြောက်တဲ့စိတ်နဲ့ပြေးလိုက်လာခဲ့တော့
ရင်တစ်ခုလုံးကိုအစိမ်းလိုက်ခွဲလိုက်သော
မြင်ကွင်းကြီးတစ်ခါကနုငယ်ကိုကြိုဆိုနေခဲ့သည်။

ကိုကို့လက်ကိုသိပ်လှတဲ့မမတယောက်က
မာန်ဝင့်စွာချိတ်တွယ်ကာနုငယ်ကိုပြုံးပြီးလှည့်ကြည့်သည်။
ထိုအပြုံးတွေကသိပ်ကြောက်ဖို့ကောင်းတယ်...
သူမကကိုကိုနုငယ်ကိုထားသွားဖို့ဆုံးဖြတ်ချက်ကို
အဓိကတွန်းအားပေးခဲ့တဲ့အရာ...

"အဟင့် ဟင့်.. ..ကိုကို ..."

နုငယ်ခြေထောက်လေးတွေရှေ့ဆက်မတိုးနိုင်တော့ပဲ
နောက်သို့သာတရွေ့ရွေ့ဆုပ်၍ခလေးတယောက်လို
ရှိုက်ငိုမိသည်။
ကိုကိုနုငယ်ကိုပြစ်ခွာသွားပြီ...
ကိုကိုနုငယ်ကိုစွန့်ပြစ်သွားပြီ...
ကိုကိုနုငယ်ကိုထားသွားခဲ့ပြီ...

မုန်းတယ်...ကိုကို့ကိုမုန်းတယ်...
အဲ့မိန်းမကိုလဲမုန်းတယ်...

တရိပ်ရိပ်ထွက်ခွာသွားသောကားကိုငေးကြည့်ရင်း
နုငယ်ငိုရှိုက်ရင်းကထိုနေရာ၌တင်ခွေခနဲလဲကျ
သတိလစ်သွားခဲ့ရသည်။
နုငယ်အသက်၁၈နှစ်မှာလက်ထပ်ခဲ့ပြီး
အသက်၁၉နှစ်မှာတစ်ခုလပ်​တယောက်ဖြစ်ခဲ့ရတယ်
နပ်စ်သင်တန်းကိုအလုပ်တဖက်နဲ့တက်နေရတဲ့
နုငယ်အတွက်လောကကြီးကစိန်ခေါ်စရာတွေ
အပြည့်နဲ့ဖြစ်ခဲ့ရသည်။

💛💛💛💛💛

( တစ်နှစ်ခန့်ကြာသော်)

"တီးရို ...တီးရို...."

ကြီးမားလှသောဆေးရုံကြီး၏အရှေ့က
အရေးပေါ်ဆေးရုံကားသံကြီးတစ်ခု...

"ဆေးရုံအုပ်ကြီးရဲ့သား ဒဏ်ရာရလာတယ်"

"ဟင်...ဘယ်မှာလဲ...ဘယ်မှာလဲ"

"ဟိုမှာဝင်လာနေကြပြီ"

ဆရာဝန်တယောက်၏အကြောင်းကြားသံကြောင့်
နပ်စ်မလေးတွေဆရာဝန်မလေးတွေအားလုံး
ဝရုန်းသုန်းကားပြေးသွားကြည့်ကြသော်လည်း
ကောင်တာမှာဆေးစားရင်းပေးနေတဲ့နုငယ်ဆိုတဲ့
သူမကတော့စိတ်ဝင်စားခြင်းမရှိစွာ
လတ်မှတ်ထိုးနေသည်။

သူမဘေးကနပ်စ်မလေးကြည်ပြာမှာတော့
စိတ်ဝင်စားသလိုခေါင်းလေးမျှော်ကြည့်၍ ...

"ဟဲ့ ဆေးရုံအုပ်ကြီးရဲ့သား
ဒဏ်ရာရလာတယ်တဲ့"

"နင်ကြည့်ချင်ရင်သွားကြည့်လေ "

"ဟာ မကြည့်ရဲပါဘူး
သူကအရမ်းဆိုးတယ်တဲ့ဟ"

ဝိုင်းစက်တဲ့နုငယ်မျက်ဝန်းလေးများက
မော့လာခဲ့ကာဝင်းဝါစိုပြေတဲ့ပါးကွပ်လေးနှစ်ခုနဲ့
မျက်နှာလေးကဝင်းဖန့်ဖန့်...
ဆိုးဆေးမတင်ထားတဲ့နှုပ်ခမ်းလေးက
သဘာဝအတိုင်းနီထွေးနေပြီး...

"ပိုက်ဆံရှိသားသမီးတိုင်းကဒီလိုပါပဲ
အဲ့တော့...ငါတို့မိန်းခလေးတွေဘက်ကပဲထိန်းရမှာပေါ့

"အင် နင်ပြောတာလဲမှန်ပါတယ်
ဒါပေမဲ့အညှီရှိရင်ယင်အုံတာကသဘာဝပဲမို့လား"

"အဲ့ဒီယင်ထဲနင်မပါအောက်ဂရုစိုက်မကြည်ပြာ"

"အဟီး...နင်ကလည်းသူကအားကိုးချင်စရာကြီး
ပြီးတော့ဦးညိုးကအရမ်းစကားပြောကောင်းတာ"

"နေပါအုံးနင်ကဦးညိုးလို့ခေါ်ရအောင်
သူကဘယ်အရွယ်လောက်မိုလို့လည်း"

"၃၅"

"ဟင် ငါတို့နဲ့ဆယ့်ငါးနှစ်တောင်ကွာတာပေါ့"

"အေ....ချောတာတော့အသေချောတယ်ဟ
ငါဆေးရုံဖွင့်ပွဲမှာတစ်ခါ...
ဆေးရုံဆယ်နှစ်ပြည့်အထိန်းမှတ်ပွဲမှာတစ်ခါ
တွေ့ဖူးတယ်....
အနားမှာမိန်းခလေးကတော့မော်ဒယ်လေးတွေကြည့်
ရှယ်တွဲတာ"

"နင်လဲကြောက်လို့ပဲနော်ကြည်ပြာ
သူ့မိသားစုအကြောင်းရောသိပြီးပြီလား"

နုငယ်ရွဲ့၍မေးလိုက်ပေမဲ့ကြည်ပြာကတကယ်ပင်
ခေါင်းကြီးညိမ့်၍...

"သိတာပေါ့ဟ..သူ့အမေကဆေးရုံအုပ်ကြီးဒေါ်ထိပ်ထားခင်
သူ့အဖေကပညာရေးသံတမာန်ဦးသီဟ
သူ့ညီမကမော်ဒယ်သရုပ်ဆောင်မိုးမခပန်း"

"ဟင်..!."

နုငယ်မိုးမခပန်းဆိုတဲ့အမည်ကြောင့်
တစ်ကိုယ်လုံးသွေးခုန်နှုန်းများရပ်တန့်သွားသည့်
အလားတောင့်တင်းသွားရကာ
ကြည်ပြာ့ကိုအထိပ်တလန့်မော့ကြည့်လိုက်မိသည်။

"နင်...နင်ပြောတာကမိုးမခပန်းဟုတ်လား"

"အင်းလေ...နင်အံ့သြသွားတယ်မို့လား အဟီး
အပြင်မှာဆိုအရမ်းလှတာဟ သူ့လဲငါတွေ့ဖူးတယ်"

"ကြည်ပြာ..."

"ဟင်..."

နုငယ်မျက်နှာကသွေးမရှိတော့သည့်အလား
ချက်ချင်းဖြူစုတ်သွားတာမို့ကြည်ပြာကြောင်သွားရသည်။
မေ့ထားခဲ့တဲ့အတိတ်တွေအသိအာရုံထဲတစ်ရစပ်ပြန်
မြင်နေရတဲ့နုငယ် တုန်ယင်သောလက်တွေဖြင့်
နုငယ်လက်ကိုဖမ်းဆုပ်လိုက်ပြီး...

"အဲ့ဒီမိုးမခပန်းဆိုတဲ့သူ့ယောင်္ကျားနာမည်က..."

"ဪ...သူ့ယောင်္ကျားလား
မင်းကြည်သာလေသူလဲချောတယ်"

"ခွမ်း!"

"ဟယ်!...နုငယ်!"

နုငယ်ထိပ်လန့်စွာနောက်ဆုပ်လိုက်၍ဖန်ကွဲစတစ်ခုက
ကြမ်းပြင်ပေါ်ပြုတ်ကျကာ...
ကြွေမွသွားရသည်။

လွန်ခဲ့သောတစ်နှစ်ကနုငယ်ခွဲခဲ့ဖူးတဲ့မင်္ဂလာဓာတ်ပုံ
လေးကလည်းဒီလိုပဲကြွေမွခဲ့ဖူးလေသည်။

"နုငယ် နင်ရရဲ့လားဘာဖြစ်တာလည်း"

"ငါ...ငါခဏအပြင်သွားလိုက်အုံးမယ်..."

နုငယ်အပြင်သွားဖို့ခြေဦးပြင်နေစဉ်မှာပင်
နုငယ်၏အထက်ဆရာဝန်ရောက်လာကာ...

"ဒီမှာဘာလုပ်နေတာလဲနုငယ်
ငါ​ရှာနေတာကြာပြီ သွား...ဆေးပစ္စည်းနဲ့လိုအပ်တာတွေ
သွားယူခဲ့ဆေးရုံအုပ်ကြီးရဲ့သားကို
သွားကြည့်ပေးရမယ်"

"ရှင်...."

"မြန်မြန်လုပ်လေ!"

နုငယ်ငြင်းဖို့လည်းအချိန်မရပဲကိုယ့်အထက်ဆရာဝန်
ကခိုင်းတာမို့မျက်နှာလေးညိုးကာခပ်သွက်သွက်
လိုအပ်တာတွေကိုပြေးယူရသည်။
ရေစက်ဆိုးကဖြတ်ရခက်ပြီး
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုတာကို
နုငယ်ဒီနေ့သိလိုက်ရပေသည်။

💛💛💛💛💛

"ငါ့သားကိုဘယ်သူကခေါင်းရိုက်ခွဲခုတ်ရဲတာလည်း
အဲ့ကောင်ကိုငါဒီတိုင်းမထားဘူး
ငါတရားစွဲမယ်!"

ဆေးရုံအုပ်ကြီးဒေါ်ထိပ်ထားခင်ခါးကြီးထောက်၍
ဒေါသမာန်ပြင်းနေတာမို့မည်သူမှမလှုပ်ရဲကြပေ။

သူဝတ်ထားတဲ့အနောက်တိုင်းအင်္ကျီကိုသေချာချွတ်နေတဲ့
ညိုးကတော့မိခင်ကိုရောတခြားသူတွေကိုရော
ဂရုမစိုက်သလိုပင်သူ့ဒဏ်ရာအားလက်ဖြင့်တချက်စမ်း
ကြည့်သည်။
သွေးစေးတွေကလက်ချောင်းမှာကပ်ပါလာကာ
ညိုးထိုသွေးတွေကိုငုံ့ကြည့်ပြီး
ချောမွေ့ရှင်းသန့်တဲ့မျက်နှာကတည်ကျသွား၍...

"ကျစ်..."

"မာမီ..."

"ဟင် ဘာလဲ ဘာလဲသား"

"မာမီပြောစရာရှိရင်လဲအပြင်ထွက်ပြော
ကျွန်တော်စိတ်ရှုပ်တယ် နားငြီးတယ်"

ဒေါ်ထိပ်ထားခင်တချက်ထဲတိတ်သွားရသည်။
သားကိုရတနာလိုဖူးဖူးမှုတ်ချစ်သူမို့ဘာအပြစ်မှမဆိုပဲ
သူ့လူတွေကိုမျက်ရိပ်ပြကာအခန်းပြင်သို့ထွက်
သွားသည်။

ညိုးသွေးထွက်နေတဲ့ဒဏ်ရာကိုကြည့်၍ညိုစိမ့်ထူအမ်း
တဲ့နှုပ်ခမ်းတွေကတချက်ကျစ်သပ်ပြီး...

"ငါ့အတွက်တာဝန်ကျဆရာဝန်ကဘယ်မှာလဲ"

"လာပါပြီရှင့် ခုပဲလာနေပါပြီ"

သူဘားမှမပြောတော့ပဲကုတင်ပေါ်တက်ကာ
လှဲနေလိုက်သည်။
ခွဲစိတ်ခန်းမို့အပေါ်တည့်တည့်မှာမီးဆိုင်ကြီးရှိနေကာ
ပိုးသတ်ဆေးအနံ့ပြင်းထန်လွန်း၍သူမျက်ဝန်းတွေ
မှိတ်ကာအနားယူနေမိသည်။
ထိုချိန်မှာပင်ခြေသံသဲ့သဲ့နဲ့လုအချို့သူ့နား
ကပ်လာတာသိသော်လည်းသူမျက်စိမဖွင့်ပဲ
သူတို့ဆေးထည့်ပေးတာကိုသာစောင့်စားနေလိုက်သည်။

"အိပ်နေတာလား"

"မသိဘူး စောနကတော့တာဝန်ကျဆရာဝန်ကို
မေးနေတယ်"

တီးတိုးပြောနေကြတဲ့စကားတွေကြောင့်
ညိုးနှုပ်ခမ်းတွေကိုအသာလှုပ်ပြီးပြုံးလိုက်သည်။
သူနိုးနတောသိ၍လားမသိ...
အားလုံးတိတ်ကျသွားသည်။

"ဖြည်းဖြည်းလုပ် ငါ့ဒဏ်ရာနည်းနည်းလေး
စပ်တာနဲ့အားလုံးအလုပ်ပြုတ်မယ်"

တစ်လုံးခြင်းပြောလိုက်တဲ့သူ့စကားကြောင့်
အားလုံးလှုပ်လှပြ်ခြားခြားဖြစ်ကုန်ကာ...

"ဟုတ်ကဲ့ ကျွန်တော်တို့အတက်နိုင်ဆုံးလုပ်ပါ့မယ်"

တုန်ရီနေတဲ့တာဝန်ကျဆရာဝန်ကညှင်သာစွာ
အရက်ပြန်လေးနဲ့သုပ်နေပေမဲ့ ...
သေးသွယ်သောလက်လေးတဖက်ကတော့
အရက်ပြန်ကိုခပ်ရွှဲရွှဲလူး၍...သူ့ခေါင်းကနှစ်လက်မ
မျှကွဲနေတဲ့ထိုဒဏ်ရာကိုဖိကပ်လိုက်သည်။

"အား!"

အသဲခိုက်မတတ်စပ်သွားသည်ကြောင့်
ညိုးအော်လဲအော်ကာ
မျက်စိဖွင့်၍ထိုတရားခံလက်ကိုဆွဲဖမ်းလိုက်သည်။

သူ့လက်တစ်ဆုပ်စာလေးတောင်မရှိသော
ထိုလက်ပိုင်ရှင်ကိုမော့ကြည့်တော့maskတပ်ထား၍
သူခပ်ကြမ်းကြမ်းပင်လှမ်းဆွဲဖယ်လိုက်တော့
ပေါ်လာတဲ့မျက်နှာလေးကသနပ်ခါးလေး
နှစ်ဖက်နဲ့နုထွေးဝင်းဝါနေပြီချစ်ဖို့ကောင်းလွန်းလှ၍
သူမှင်သက်သွားမိကာ...

"မင်း..."

နီထွေးနေတဲ့နှုပ်ခမ်းလေးကကြောက်လန့်မှု့ကြောင့်
တုန်ယင်နေပေမဲ့မျက်လုံးတွေကတော့သူ့ကို
မုန်းတီစွာကြည့်နေ၍..

"မင်းကဘာလဲ"

💛💛💛💛💛
Part-2ဆက်ရန်
#ချစ်တယ်ကြမ်းမယ်💛
#အချစ်များဦးထံအပ်နှင်းပြီး💛💛
#စက္ကန့်ပျို(လွန်းကျူးလစ်)

#####################

💛💛အပိုင်း-၁💛💛

"ဟင်..."



ဆုပ်ကိုင်လိုက်ကာ...

"ကိုကိုဘာဖြစ်တာလဲဟင်


"ရှင်...."

ဖြုတ်ချလိုက်သည်။
ရသည်။


အဟင့်...ဟင့် ကိုကို"


"ကိုကို ဟီး ...ဟီး



"အဟင့် ဟင့်.. ..ကိုကို ..."

ရှိုက်ငိုမိသည်။


သတိလစ်သွားခဲ့ရသည်။

💛💛💛💛💛

( တစ်နှစ်ခန့်ကြာသော်)

"တီးရို ...တီးရို...."



"ဟင်...ဘယ်မှာလဲ...ဘယ်မှာလဲ"

"ဟိုမှာဝင်လာနေကြပြီ"

လတ်မှတ်ထိုးနေသည်။


ဒဏ်ရာရလာတယ်တဲ့"


"ဟာ မကြည့်ရဲပါဘူး
သူကအရမ်းဆိုးတယ်တဲ့ဟ"







"၃၅"


တွေ့ဖူးတယ်....
ရှယ်တွဲတာ"


ခေါင်းကြီးညိမ့်၍...


"ဟင်..!."




"ကြည်ပြာ..."

"ဟင်..."



"ဪ...သူ့ယောင်္ကျားလား

"ခွမ်း!"

"ဟယ်!...နုငယ်!"

ကြွေမွသွားရသည်။





သွားကြည့်ပေးရမယ်"

"ရှင်...."

"မြန်မြန်လုပ်လေ!"


💛💛💛💛💛

ငါတရားစွဲမယ်!"


ကြည့်သည်။

"ကျစ်..."

"မာမီ..."

"ဟင် ဘာလဲ ဘာလဲသား"


သွားသည်။




လှဲနေလိုက်သည်။

"အိပ်နေတာလား"

မေးနေတယ်"

သူနိုးနတောသိ၍လားမသိ...


အားလုံးလှုပ်လှပ်ြခြားခြားဖြစ်ကုန်ကာ...



"အား!"

ညိုးအော်လဲအော်ကာ

သူမှင်သက်သွားမိကာ...

"မင်း..."

မုန်းတီစွာကြည့်နေ၍..

"မင်းကဘာလဲ"

💛💛💛💛💛
Part-2ဆက်ရန်
#ချစ်တယ်ကြမ်းမယ်💛

Continue Reading

You'll Also Like

1M 88.2K 138
This is the continuation of short story collection 'Love me thoda aur '.
731K 18.3K 55
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
1.8M 103K 89
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...