💗 နှလုံးသားမှာ အချစ်ရှိသည် 💗
Part - 9 ( 9/jan)
ဒီနေ့ အရီးနော်မွှေး နဲ့ ရွှေသားတို့ တစ်ဖက်ရွာမှာ အလှူသွားကူကြတာမို့ စောကလယ်တစ်ယောက် လွတ်လပ်ရေးကို အပြည့်အဝ ရနေသည်။ အိမ်မှာ ကာလသားတွေနဲ့ ထန်းရည်ဝိုင်းသောက်နေကြရင်း တခြားလူတွေက ထန်းရည်စိုက် ၊ အမြည်းစိုက်နဲ့ စောကလယ်က ကပ်စေးလေ.....အဲ့တော့ သူက ဖန်ခွက်နဲ့ ကွပ်ပျစ်စိုက်သည်တဲ့လေ။
စောကလယ်က ရွာမှာ လက်ဝှေ့လက်ရည်အကောင်းဆုံးဆိုတော့ တော်ရုံက ယှဥ်မပြောရဲကြဘူး။ အညာမှာလဲ သူတို့မိသားစုရောက်လာတာ ဆရာတော်ကြောင့်။ ဒကာရင်းလဲဖြစ် အမိုးက သိမ်ထပ်ပေးခဲ့တော့ မယ်တော်ဆိုပြီး အနားခေါ်ထားတာ။
အလှူမှာလဲ ရွှေသားနဲ့ အရီးနော်မွှေးက ကူလုပ်ပေးနေပေမယ့် အဲ့ရွာက မခင်သက်နဲ့အရီးက မတည့်ဘူး။ မျက်စောင်းတထိုးထိုး စောင်းတချိတ်ချိတ်နဲ့ ဖြစ်နေကြတာ။
" အလှူလာလုပ်ပေးတာက နည်းနည်း.... ယူပြန်မှာကများများပါအေ။ "
" မြို့သူကို ချွေးမတော်ရတယ်ဆိုပြီး ဘဝင်ကမြင့်ချင်သေး..... ကိုယ့်သား မယားကြောက်ဖြစ်တော့ အရှက်ကိုကွဲရော။ "
ဒီတစ်ခါတော့ ရွှေသားက ဆတ်ခနဲ လှည့်ကြည့်လာသည်။ ဒါ ကျိန်းသေကိုယ့်ကိုပြောနေတာ အသိသာကြီးလေ။
" ဟဲ့ ပါးစပ်မပိတ်တဲ့ ကောင်ညှင်းငါးချိတ်မ.....နင်က ဘာကောင်မလဲ.....ညည်းလာခဲ့စမ်း။ "
အရီးနော်မွှေးက စိတ်ဆတ်တယ်လေ။ ထကြမ်းတော့တာ။ တစ်ဖက်ကနေ မခင်သက်ကလဲ ထလာတာပဲ.....အနားရောက်လာပြီး ပါးစပ်ဟမလို့ပဲ ပြင်သေး အရီးနော်မွှေးက ပါးကိုဖြောင်းခနဲ ရိုက်ချပစ်သည်။
" ဟယ်.....အဖွားကြီး....ငါ့ရွာလာပြီး ငါ့ရိုက်တယ်ပေါ့လေ......။ "
" ငါ့အစ်မကိုများ စောက်အဖွားကြီးက....."
ဘေးကနေ ရှေ့တိုးထွက်လာတဲ့ မခင်သက်ညီမ မခင်မြတ်။ ရွှေသားပုဝါတို့က ထရပ်ပြီး ပါးကိုတီးထုတ်ပစ်တာ ဖြောင်းခနဲကို သွားပါကျွတ်မတတ်။ သူများရွာသွားပြီး တက်ညီလက်ညီ ပွဲသွားကြမ်းနေတဲ့ ယောက္ခမနဲ့ချွေးမပါအေ....။
" ကိုကြီးစော.....ကိုကြီးစော....."
ခြံဝိုင်းထဲ ဒရောသောပါး ပြေးဝင်လာသည့် မောင်ထစ်.....နာမည်ရင်းကတော့ မောင်ချစ်ပါပဲ ။ စကားထစ်လွန်းလို့ မောင်ချစ်ကနေ သူ့ခမျာ မောင်ထစ်ဖြစ်သွားတာ။ စောကလယ် ထန်းရည်ခွက်လေးကိုင်ရင်း ဘာပြောမလဲ နားထောင်နေ၏။
" ဟို.....ရွှေ....ရွှေ..... ရွှေသား....."
" ဟမ်.....ငါ့မိန်းမလား ....ပြန်လာပြီလား....ဟေ့ကောင်တွေ....ဟေ့ကောင်တွေ သိမ်း....သိမ်း .."
စောကလယ် ကပျာကယာ ခွက်တွေထသိမ်းသလို ကာလသားတွေခမျာလဲ ပြေးရမလို ပုန်းရမလိုတွေနဲ့ ဖရိုဖရဲ ဖြစ်ကုန်တာ။ အေးလေ.....ဘယ်ကောင်မှ ကြက်စာမမိချင်ဘူး မဟုတ်လား။ မောင်ထစ်ခမျာလဲ စောကလယ်တို့ကို လိုက်ဆွဲရင်း လက်တကာကာ အထစ်အထစ်နဲ့ တားရှာတယ်။
" မ.....မ.....မဟုတ်.....ဘူး "
စောကလယ် လက်ထဲဖန်ခွက်လေးတွေကိုင်ရင်း ဟင်ခနဲ ဖြစ်သွားသည်။
" ဟမ်....မဟုတ်ဘူးလား....."
" ဟု....ဟုတ်.....ဟုတ်တယ်"
" ဟာ.....ချီးပဲ ဒီကောင်ကတော့ .....ဟုတ်တယ်ဆို သိမ်းမှပေါ့ ....."
အကုန် ပြန်ပြီးတက်သုတ်ရိုက်သွားချက်က ဖိနပ်ကိုလက်စွပ်ပြီး ပြေးမယ့်သူနဲ့... မူးမူးရူးရူး ပုဆိုးကျွတ်ကျမတတ်ကို မနည်းဆွဲထားရတဲ့သူနဲ့ပါဆို။
" မ.....မဟု.... ဟုတ်ဘူး...."
" ဟာ.....နှမပေးရယ်.....ကဲ! "
စောကလယ်က စနေသားပီပီစိတ်ကမရှည်။ မောင်ထစ်ကို ဖင်ကနေဆောင့်ကန်ပစ်တော့မှ စကားက ဖြောင့်ခနဲထွက်လာတော့တာ။
" အမလေး...... မရွှေသား ရန်ဖြစ်လို့ပါ...."
စောကလယ် ပိုပြာယာခတ်သွားသလို....
" ဘာ....ငါ့မိန်းမရန်ဖြစ်တယ်....ဘယ်သူနဲ့လဲ....ဘာဖြစ်သွားသေးလဲ "
" သူ....သူက.....တီး....တီးတာဗျ ။ မ....မခင်....မြတ်.....သွား....သွား....ကျွတ်သွား... တ...တယ်။ "
ဟယ်....စောကလယ် ရင်တွေတုန်သွား၏။ ဘုရား.....ဘုရား သူလျော်ရရင် ဒုက္ခ။ မသိချင်ယောင် ဆောင်နေလိုက်ရင် ကောင်းမလား။ မဖြစ်သေးပါဘူး..... သူ့မိန်းမ မျှော်နေရှာမှာ။
@@@@@@@@@@
စောကလယ်ခမျာ အူယားဖားယားနဲ့ လိုက်တော့လိုက်လာပါရဲ့.....ရင်ကခပ်ထိတ်ထိတ်။ တစ်လမ်းလုံးလဲ အလျော်တောင်းရင် ဘယ်လိုလုပ်ရပါ့ဆိုတာလဲ တွေးလာပြီးသား။ ဘယ့်နှယ့်.... သူများရွာမှာ လူစွာလုပ်ရတယ်လို့။
သူကြီးအိမ်ရောက်တော့ အိမ်ရှေ့က တန်းလျားမှာ အတူထိုင်နေကြတဲ့ အမိုး နဲ့ ရွှေသား။ မျက်နှာချင်းဆိုင်မှာက မခင်သက်တို့။
" ရွှေသား......အမိုး....."
ရွှေသားပုဝါက စောကလယ်ကိုတစ်ချက်ကြည့်ရင်း ဝုန်းခနဲ ထရပ်လိုက်သလို တစ်ဖက်မှာရပ်နေတဲ့ ရွာက ကာလသားအုပ်စုကို လက်ညိုးငေါက်ငေါက်ထိုးပစ်တယ်။
" ဟဲ့.....စောနက ငါ့ကို မိန်းကလေးမို့ပေါ့ကွာဆိုပြီး ပြောတဲ့ ကတုံးကောင်....နင် အခုထွက်လာခဲ့လေ....ငါ့ယောကျာ်းရောက်လာပြီ... လာယှဥ်ထိုးမယ်လေ။ "
ငိ....အားကိုးတတ်လိုက်တာ မိန်းမရယ်။
" ကိုကို့.....ဘာလုပ်နေတာလဲ ။ တစ်ကွက်လောက်ပြလိုက်လေ...."
သူကြီးက အတော်တင်းနေပြီမို့ ထအော်သည်။
" စောကလယ်......မင်းမိန်းမ ကို မင်းပြောစမ်း။ ကိုယ့်မိန်းမကိုယ် မနိုင်ဘူးလား....."
" ဟင့်အင်း...."
တကယ်ကြီး ခေါင်းယမ်းပြတော့ သူကြီးခမျာ ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားရရှာတယ်။ ဒါပေမယ့် သူကြီးပီပီ ဟိတ်ဟန်က ရှိရသေးတာဆိုတော့.....
" အေး......မင်းမနိုင်ရင် ငါကိုင်မယ်။ "
" အံမာ.....ကိုင်ကြည့်လေ။ ပါးချပစ်မှာနော်။ "
ရွှေသားပုဝါတို့က လင်အားကိုးနဲ့ ဘယ်သူ့မှကြောက်တာမဟုတ်ဘူး။ စောကလယ်ကလဲ သူ့မိန်းမကို ကိုင်မယ်ဘာညာဆိုတော့ မျက်နှာကတည်သွားပြီလေ...စနေသား နေတက်ရေတက်မှာမွေးထားတာ စိတ်ကြီးတယ်။
" ဟာ....ငါက ထိပ်တုံးခတ်မယ်ပြောတာကွ။ "
စောကလယ် ပြာပြာသလဲ ဖြစ်သွား၏။
" သူကြီးနော်.....ကျုပ်မိန်းမကို ဘာကိစ္စ ထိပ်တုံးခတ်မှာတုန်း။ ရန်ဖြစ်တာက အမိုးဆီကနေ စ တာဆို....ခတ်ချင်းခတ် အမိုးကိုပဲခတ်ပေါ့။ "
" ဟယ်....သေနာလေး "
အရီးနော်မွှေး ထဆဲချင်လဲ ဆဲချင်စရာလေ။ အမေ့နို့ဖိုးတွေ ဆပ်နေတာကိုး။
" မဟုတ်ပါဘူး အမိုးရယ်....ရွှေသားက နုနုလေးလေဗျာ။ "
သူ့တစ်ယောက်ထဲ ကွက်နုနေတာလေ။ သူ့မိန်းမကကျ အပီတွယ်ထားတာ ဟိုက သွားတစ်ချောင်းဆိူ နဲ့သွားတာ သူကြီးအိမ်လဲရောက် တန်းကျွတ်တာပဲ။
" ဒီမှာ သူကြီး....ထိပ်တုံးခတ်ရအောင် ကိုလိုနီခေတ်များ ထင်နေသလား....ဟမ်။ ကျမကို ထိရဲရင် ထိကြည့်လိုက်လေ....သူကြီးမပြောနဲ့ သူကြီးတို့တစ်ရွာလူံးလဲ ရွှေသားပုဝါတို့က မကြောက်ဘူး။ သူကြီးမှတ်ထားဖို့က ကျမအတွက် ကျမလင်ရှိတယ်.. သဘောပေါက်။ "
စောကလယ် မျက်နှာက စပ်ဖြီးဖြီး နှင့် အချစ်ခိုးတွေ ဝေကုန်၏။ သူ့စိတ်ထဲတော့ တွေးလိုက်မိသေးတာ....သြော် ငါ့မိန်းမလေး ငါ့အတော် အားကိုးရှာသားပေါ့။ ခပ်တည်တည်ပဲ.....ရင်ကိုမသိမသာတောင် ကော့မိသလိုလို...တစ်ခွန်းထဲ မိန်းမနောက်က ညာသံပေးပစ်တာ။
" ငါ့မိန်းမကို ထိရဲရင်ထိကြည့်စမ်း....."
ဒါပေါ့....မြှောက်ပေး ဂွေးတက်အောင် က တယ်ဆိုတာ။ ဒါပေမယ့် သူကြီးခြံဝိုင်းထိပ်ကနေ ရောက်လာလာချင်း ထဟောက်လိုက်တဲ့ ဆရာတော့်အသံက ပိုပြင်းတယ်။
" ထိရုံမကဘူး....ဟေ့.....ရန်ဖြစ်တဲ့လေးယောက်လုံး ကျောင်းမှာ အရိုက်ခံဖို့ပြင်။ "
@@@@@@@@@@@
ရွာဦးကျောင်း......။
ဆရာတော့်ကြိမ်လုံးသံက တရွှမ်းရွှမ်းကို မြည်နေအောင် ချတာမို့ အရင်အရိုက်ခံရတဲ့ မခင်သက်တို့ ညီအစ်မဆို မျက်ရည်လည်ရွဲ။ ဆရာတော့်ဆီရောက်ရင် ကျောင်းမှာ ကြိမ်လုံးကို အသင့်ဆောင်ထားတာပဲ သုံးမျိုး။ မောင်ဖြူ ၊ မောင်နီ ၊ ထားဝယ်ကြိမ်.... အဲ့သုံးမျိုးထဲက ကိုယ့်ရိုက်မယ့်ကြိမ်လုံးကို ကိုယ့်ဘာသာရွေးပေးရတော့ ဘယ်လောက် ရင်နာစရာကောင်းသလဲ တွေးသာကြည့်တော့။
အရိုက်ခံရတော့လဲ သူရိုက်ဖို့ကို ကြီးသောငယ်သော နားမလည်ဘူး....ကျောင်းတိုင်ကြီးဖက်ထားပေးရသေးတာ။ ရွှေသားခမျာလဲ ကြောက်လွန်းလို့ လက်ဖျားလေးတွေဆိုအေးစက်ပြီး တဟီးဟီးငိုနေတော့ စောကလယ်ဆို သူ့မိန်းမ ကြည့်ပြီး ဖင်ထိုင်ကိုမကျဘူး။
" မလုပ်ပါနဲ့ အရှင်ဘုရား.......တပည့်တော်မိန်းမက ငယ်သေးလို့ပါ။ "
" တပည့်တော်ပဲ အစားရိုက်ခံမယ်လေ.....မရဘူးလားဘုရား။ "
" တပည့်တော်မှာ ဒီမိန်းမလေးပဲ ရှိတာပါဘုရား။ ဒေါသရှေ့ထားရင် မှားတတ်ပါတယ် ။ "
ဆရာတော်က မရဘူး.....ရွှေသားကို တိုင်ဖက်ထားခိုင်းတာ မဖက်တော့ ထရိုက်တော့တာပဲ။ စောကလယ်ခမျာလဲ ဆရာတော်နဲ့ မိန်းမကြား ဟိုကာလိုက် ဒီကွယ်ပေးလိုက်နဲ့ သူ့ပါရောအရိုက်ခံရတာ မနာနိုင်ရှာဘူး။
" ဒကာ....ဖယ်စမ်း"
" မလုပ်ပါနဲ့ဘုရား......တပည့်တော်ကို သနားပါဦး။ "
! ရွှမ်း.....ရွှမ်း !
" အားလား.....အရှင်ဘုရား လွန်မယ်လေ။ "
ဆူးကြားကဘူးခါးဆိုတာမျိုးပဲ ဆရာတော်ကလှမ်းရိုက် သူက ကာ.....ရွှေသားကလဲ နောက်ကနေ သူ့ခါးကြီးဆွဲကိုင်ရင်း တအအနဲ့ လိုက်ကွယ်တယ်။ နောက်ဆုံး ကြားကနေ ဟိုဒီလှည့်တာများတော့.......။
" ဟယ်......ဗုံလုံသီးတော့ "
မခင်သက်က ဘေးကနေရပ်ကြည့်နေရာကနေ ယောင်ပြီးထအော်တယ်။ ဟုတ်တယ်လေ......ပုဆိုးကို ကွင်းလုံးကျွတ်ကျတာ အောက်က မိမွေးတိုင်း ဖမွေးတိုင်းနဲ့ ဆရာတော်ဆို ပါးစပ်အဟောင်းသား။ ဆရာတော်လဲ မျက်နှာပူလို့ထင်ပါရဲ့.....ပြန်လွှတ်လိုက်ပေးရှာတယ်။ စောကလယ်ကိုလဲ အပြစ်မဆိုသာဘူးလေ.....သူလဲ မယားရန်ဖြစ်တယ်ဆိုလို့ ပြေးလာတာ..... မေ့သွားတယ်ထင်ပါ့။
-------------------
ဆရာတော်က မခင်မြတ် သွားကျိုးတာကို ဆေးဖိုးသွားလျော်ပေးလိုက်ဆိုလို့ စောကလယ်တစ်ယောက် ထွက်လာတာပဲ။ မခင်မြတ်တို့ ခြံဝိုင်းဝရောက်တာနဲ့ မခင်သက်က သူ့ညီမ ကို လှမ်းခေါ်တယ်.....။
" ခင်မြတ်ရေ......ဗုံလုံသီးလာပြီဟေ့။ အလျော်လာပေးတာနေမယ်။ "
စောကလယ် မကြည်သလို ကြည့်ပစ်တယ်။ လျော်ပေးရမယ်ဆိုထဲက မကြည်ရတဲ့အထဲ သူတို့ကတစ်မျိုး။
" ကဲ.....အလျော်လာပေးတာမဟုတ်လား....ပေး။ "
မခင်မြတ်က လက်ဝါးလေးဖြန့်တောင်းလာတော့ စောကလယ် သွားလေးစိပြီး ဟီးခနဲရယ်ပြလိုက်တယ်။
" ဟဲ့....ပေးလေ။ "
" သြော်....ပေးလိုက်ပြီလေ....အဟီး....."
ဟမ်.....မခင်မြတ် နားမလည်ပဲ အူလည်လည်ကြည့်နေတော့ စောကလယ်က အဖြီးသားရယ်ရင်း သူ့ရှေ့သွားကို ထိုးပြတယ်။ ဟုတ်ပ.....သွားတစ်ချောင်းကျိုးနေတာ။
" နင် သွားကျိူးနေတာလား....ဘာလဲ နင့်မိန်းမ ပါးရိုက်လိုက်တာလား ဟုတ်လား။"
" ဟာဗျာ.....ဘယ်ကသာ ။ ကျုပ်ချိုးလာတာ...."
" ဟေ....."
" ဟုတ်တယ်လေ......အလျော်ပေးဖို့မှ ပိုက်ဆံမရှိတာ.....ညီတူညီမျှပေါ့....ကျုပ်မိန်းမကြောင့် ခင်ဗျား သွားတစ်ချောင်းကျိုးတယ်.....ခု ကျုပ်သွားတစ်ချောင်းကျိုးပြီး အလျော်ပေးလိုက်ပြီ.....ကျေပြီနော်။ "
" ဟယ်.....အဲ့လိုရမလား။."
" ရပါတယ်ဗျာ......ထားလိုက်စမ်းပါ ။ ကျုပ်လျော်ပြီးပြီနော်.... ပြန်ပြီ။ "
စောကလယ် ပိုက်ဆံမရှိဘူးဆိုတာ ဘယ်သူကယုံမှာလဲ.....ဖြစ်မှမဖြစ်နိုင်တာ။ မခင်မြတ်ဆိုလဲ ဟုတ်နိုးနိူး မဟုတ်သလိုလိုနဲ့ ကျန်ခဲ့တာ။ စောကလယ်က သိတဲ့အတိုင်း ကပ်စေးလေ.....သူ့အိတ်ထဲက ပိုက်ဆံမထွက်ရင် ပြီးတာပဲ။ သွား မကလို့ ဘာဖြစ်ဖြစ်...အဓိက ပိုက်ဆံမကုန်ဖို့။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 10
Author - အနမ်းခြွေ
အေးတယ်နော်....လည်ချောင်းတွေနာကြမယ် ဂရုစိုက်ကြပါ။
💗 ႏွလံုးသားမွာ အခ်စ္ရိွသည္ 💗
Part - 9
ဒီေန့ အရီးေနာ္ေမႊး နဲ႔ ေရႊသားတို႔ တစ္ဖက္ရြာမွာ အလႉသြားကူၾကတာမို႔ ေစာကလယ္တစ္ေယာက္ လြတ္လပ္ေရးကို အျပည့္အဝ ရေနသည္။ အိမ္မွာ ကာလသားေတြနဲ႔ ထန္းရည္ဝိုင္းေသာက္ေနၾကရင္း တျခားလူေတြက ထန္းရည္စိုက္ ၊ အျမည္းစိုက္နဲ႔ ေစာကလယ္က ကပ္ေစးေလ.....အဲ့ေတာ့ သူက ဖန္ခြက္နဲ႔ ကြပ္ပ်စ္စိုက္သည္တဲ့ေလ။
ေစာကလယ္က ရြာမွာ လက္ေဝ႔ွလက္ရည္အေကာင္းဆံုးဆိုေတာ့ ေတာ္ရံုက ယွဥ္မေျပာရဲၾကဘူး။ အညာမွာလဲ သူတို႔မိသားစုေရာက္လာတာ ဆရာေတာ္ေၾကာင့္။ ဒကာရင္းလဲျဖစ္ အမိုးက သိမ္ထပ္ေပးခဲ့ေတာ့ မယ္ေတာ္ဆိုၿပီး အနားေခၚထားတာ။
အလႉမွာလဲ ေရႊသားနဲ႔ အရီးေနာ္ေမႊးက ကူလုပ္ေပးေနေပမယ့္ အဲ့ရြာက မခင္သက္နဲ႔အရီးက မတည့္ဘူး။ မ်က္ေစာင္းတထိုးထိုး ေစာင္းတခ်ိတ္ခ်ိတ္နဲ႔ ျဖစ္ေနၾကတာ။
" အလႉလာလုပ္ေပးတာက နည္းနည္း.... ယူျပန္မွာကမ်ားမ်ားပါေအ။ "
" ၿမိဳ႔သူကို ေခြၽးမေတာ္ရတယ္ဆိုၿပီး ဘဝင္ကျမင့္ခ်င္ေသး..... ကိုယ့္သား မယားေၾကာက္ျဖစ္ေတာ့ အရွက္ကိုကြဲေရာ။ "
ဒီတစ္ခါေတာ့ ေရႊသားက ဆတ္ခနဲ လွည့္ၾကည့္လာသည္။ ဒါ က်ိန္းေသကိုယ့္ကိုေျပာေနတာ အသိသာႀကီးေလ။
" ဟဲ့ ပါးစပ္မပိတ္တဲ့ ေကာင္ၫွင္းငါးခ်ိတ္မ.....နင္က ဘာေကာင္မလဲ.....ညည္းလာခဲ့စမ္း။ "
အရီးေနာ္ေမႊးက စိတ္ဆတ္တယ္ေလ။ ထၾကမ္းေတာ့တာ။ တစ္ဖက္ကေန မခင္သက္ကလဲ ထလာတာပဲ.....အနားေရာက္လာၿပီး ပါးစပ္ဟမလို႔ပဲ ျပင္ေသး အရီးေနာ္ေမႊးက ပါးကိုေျဖာင္းခနဲ ရိုက္ခ်ပစ္သည္။
" ဟယ္.....အဖြားႀကီး....ငါ့ရြာလာၿပီး ငါ့ရိုက္တယ္ေပါ့ေလ......။ "
" ငါ့အစ္မကိုမ်ား ေစာက္အဖြားႀကီးက....."
ေဘးကေန ေရ႔ွတိုးထြက္လာတဲ့ မခင္သက္ညီမ မခင္ျမတ္။ ေရႊသားပုဝါတို႔က ထရပ္ၿပီး ပါးကိုတီးထုတ္ပစ္တာ ေျဖာင္းခနဲကို သြားပါကြၽတ္မတတ္။ သူမ်ားရြာသြားၿပီး တက္ညီလက္ညီ ပြဲသြားၾကမ္းေနတဲ့ ေယာကၡမနဲ႔ေခြၽးမပါေအ....။
" ကိုႀကီးေစာ.....ကိုႀကီးေစာ....."
ၿခံဝိုင္းထဲ ဒေရာေသာပါး ေျပးဝင္လာသည့္ ေမာင္ထစ္.....နာမည္ရင္းကေတာ့ ေမာင္ခ်စ္ပါပဲ ။ စကားထစ္လြန္းလို႔ ေမာင္ခ်စ္ကေန သူ႔ခမ်ာ ေမာင္ထစ္ျဖစ္သြားတာ။ ေစာကလယ္ ထန္းရည္ခြက္ေလးကိုင္ရင္း ဘာေျပာမလဲ နားေထာင္ေန၏။
" ဟို.....ေရႊ....ေရႊ..... ေရႊသား....."
" ဟမ္.....ငါ့မိန္းမလား ....ျပန္လာၿပီလား....ေဟ့ေကာင္ေတြ....ေဟ့ေကာင္ေတြ သိမ္း....သိမ္း .."
ေစာကလယ္ ကပ်ာကယာ ခြက္ေတြထသိမ္းသလို ကာလသားေတြခမ်ာလဲ ေျပးရမလို ပုန္းရမလိုေတြနဲ႔ ဖရိုဖရဲ ျဖစ္ကုန္တာ။ ေအးေလ.....ဘယ္ေကာင္မွ ၾကက္စာမမိခ်င္ဘူး မဟုတ္လား။ ေမာင္ထစ္ခမ်ာလဲ ေစာကလယ္တို႔ကို လိုက္ဆြဲရင္း လက္တကာကာ အထစ္အထစ္နဲ႔ တားရွာတယ္။
" မ.....မ.....မဟုတ္.....ဘူး "
ေစာကလယ္ လက္ထဲဖန္ခြက္ေလးေတြကိုင္ရင္း ဟင္ခနဲ ျဖစ္သြားသည္။
" ဟမ္....မဟုတ္ဘူးလား....."
" ဟု....ဟုတ္.....ဟုတ္တယ္"
" ဟာ.....ခ်ီးပဲ ဒီေကာင္ကေတာ့ .....ဟုတ္တယ္ဆို သိမ္းမွေပါ့ ....."
အကုန္ ျပန္ၿပီးတက္သုတ္ရိုက္သြားခ်က္က ဖိနပ္ကိုလက္စြပ္ၿပီး ေျပးမယ့္သူနဲ႔... မူးမူးရူးရူး ပုဆိုးကြၽတ္က်မတတ္ကို မနည္းဆြဲထားရတဲ့သူနဲ႔ပါဆို။
" မ.....မဟု.... ဟုတ္ဘူး...."
" ဟာ.....ႏွမေပးရယ္.....ကဲ! "
ေစာကလယ္က စေနသားပီပီစိတ္ကမရွည္။ ေမာင္ထစ္ကို ဖင္ကေနေဆာင့္ကန္ပစ္ေတာ့မွ စကားက ေျဖာင့္ခနဲထြက္လာေတာ့တာ။
" အမေလး...... မေရႊသား ရန္ျဖစ္လို႔ပါ...."
ေစာကလယ္ ပိုျပာယာခတ္သြားသလို....
" ဘာ....ငါ့မိန္းမရန္ျဖစ္တယ္....ဘယ္သူနဲ႔လဲ....ဘာျဖစ္သြားေသးလဲ "
" သူ....သူက.....တီး....တီးတာဗ် ။ မ....မခင္....ျမတ္.....သြား....သြား....ကြၽတ္သြား... တ...တယ္။ "
ဟယ္....ေစာကလယ္ ရင္ေတြတုန္သြား၏။ ဘုရား.....ဘုရား သူေလ်ာ္ရရင္ ဒုကၡ။ မသိခ်င္ေယာင္ ေဆာင္ေနလိုက္ရင္ ေကာင္းမလား။ မျဖစ္ေသးပါဘူး..... သူ႔မိန္းမ ေမ်ွာ္ေနရွာမွာ။
@@@@@@@@@@
ေစာကလယ္ခမ်ာ အူယားဖားယားနဲ႔ လိုက္ေတာ့လိုက္လာပါရဲ့.....ရင္ကခပ္ထိတ္ထိတ္။ တစ္လမ္းလံုးလဲ အေလ်ာ္ေတာင္းရင္ ဘယ္လိုလုပ္ရပါ့ဆိုတာလဲ ေတြးလာၿပီးသား။ ဘယ့္ႏွယ့္.... သူမ်ားရြာမွာ လူစြာလုပ္ရတယ္လို႔။
သူႀကီးအိမ္ေရာက္ေတာ့ အိမ္ေရ႔ွက တန္းလ်ားမွာ အတူထိုင္ေနၾကတဲ့ အမိုး နဲ႔ ေရႊသား။ မ်က္ႏွာခ်င္းဆိုင္မွာက မခင္သက္တို႔။
" ေရႊသား......အမိုး....."
ေရႊသားပုဝါက ေစာကလယ္ကိုတစ္ခ်က္ၾကည့္ရင္း ဝုန္းခနဲ ထရပ္လိုက္သလို တစ္ဖက္မွာရပ္ေနတဲ့ ရြာက ကာလသားအုပ္စုကို လက္ညိုးေငါက္ေငါက္ထိုးပစ္တယ္။
" ဟဲ့.....ေစာနက ငါ့ကို မိန္းကေလးမို႔ေပါ့ကြာဆိုၿပီး ေျပာတဲ့ ကတံုးေကာင္....နင္ အခုထြက္လာခဲ့ေလ....ငါ့ေယာက်ာ္းေရာက္လာၿပီ... လာယွဥ္ထိုးမယ္ေလ။ "
ငိ....အားကိုးတတ္လိုက္တာ မိန္းမရယ္။
" ကိုကို႔.....ဘာလုပ္ေနတာလဲ ။ တစ္ကြက္ေလာက္ျပလိုက္ေလ...."
သူႀကီးက အေတာ္တင္းေနၿပီမို႔ ထေအာ္သည္။
" ေစာကလယ္......မင္းမိန္းမ ကို မင္းေျပာစမ္း။ ကိုယ့္မိန္းမကိုယ္ မႏိုင္ဘူးလား....."
" ဟင့္အင္း...."
တကယ္ႀကီး ေခါင္းယမ္းျပေတာ့ သူႀကီးခမ်ာ ဘာဆက္ေျပာရမွန္းမသိ ျဖစ္သြားရရွာတယ္။ ဒါေပမယ့္ သူႀကီးပီပီ ဟိတ္ဟန္က ရိွရေသးတာဆိုေတာ့.....
" ေအး......မင္းမႏိုင္ရင္ ငါကိုင္မယ္။ "
" အံမာ.....ကိုင္ၾကည့္ေလ။ ပါးခ်ပစ္မွာေနာ္။ "
ေရႊသားပုဝါတို႔က လင္အားကိုးနဲ႔ ဘယ္သူ႔မွေၾကာက္တာမဟုတ္ဘူး။ ေစာကလယ္ကလဲ သူ႔မိန္းမကို ကိုင္မယ္ဘာညာဆိုေတာ့ မ်က္ႏွာကတည္သြားၿပီေလ...စေနသား ေနတက္ေရတက္မွာေမြးထားတာ စိတ္ႀကီးတယ္။
" ဟာ....ငါက ထိပ္တံုးခတ္မယ္ေျပာတာကြ။ "
ေစာကလယ္ ျပာျပာသလဲ ျဖစ္သြား၏။
" သူႀကီးေနာ္.....က်ဳပ္မိန္းမကို ဘာကိစၥ ထိပ္တံုးခတ္မွာတုန္း။ ရန္ျဖစ္တာက အမိုးဆီကေန စ တာဆို....ခတ္ခ်င္းခတ္ အမိုးကိုပဲခတ္ေပါ့။ "
" ဟယ္....ေသနာေလး "
အရီးေနာ္ေမႊး ထဆဲခ်င္လဲ ဆဲခ်င္စရာေလ။ အေမ့ႏို႔ဖိုးေတြ ဆပ္ေနတာကိုး။
" မဟုတ္ပါဘူး အမိုးရယ္....ေရႊသားက ႏုႏုေလးေလဗ်ာ။ "
သူ႔တစ္ေယာက္ထဲ ကြက္ႏုေနတာေလ။ သူ႔မိန္းမကက် အပီတြယ္ထားတာ ဟိုက သြားတစ္ေခ်ာင္းဆိူ နဲ႔သြားတာ သူႀကီးအိမ္လဲေရာက္ တန္းကြၽတ္တာပဲ။
" ဒီမွာ သူႀကီး....ထိပ္တံုးခတ္ရေအာင္ ကိုလိုနီေခတ္မ်ား ထင္ေနသလား....ဟမ္။ က်မကို ထိရဲရင္ ထိၾကည့္လိုက္ေလ....သူႀကီးမေျပာနဲ႔ သူႀကီးတို႔တစ္ရြာလူံးလဲ ေရႊသားပုဝါတို႔က မေၾကာက္ဘူး။ သူႀကီးမွတ္ထားဖို႔က က်မအတြက္ က်မလင္ရိွတယ္.. သေဘာေပါက္။ "
ေစာကလယ္ မ်က္ႏွာက စပ္ၿဖီးၿဖီး ႏွင့္ အခ်စ္ခိုးေတြ ေဝကုန္၏။ သူ႔စိတ္ထဲေတာ့ ေတြးလိုက္မိေသးတာ....ေၾသာ္ ငါ့မိန္းမေလး ငါ့အေတာ္ အားကိုးရွာသားေပါ့။ ခပ္တည္တည္ပဲ.....ရင္ကိုမသိမသာေတာင္ ေကာ့မိသလိုလို...တစ္ခြန္းထဲ မိန္းမေနာက္က ညာသံေပးပစ္တာ။
" ငါ့မိန္းမကို ထိရဲရင္ထိၾကည့္စမ္း....."
ဒါေပါ့....ေျမႇာက္ေပး ေဂြးတက္ေအာင္ က တယ္ဆိုတာ။ ဒါေပမယ့္ သူႀကီးၿခံဝိုင္းထိပ္ကေန ေရာက္လာလာခ်င္း ထေဟာက္လိုက္တဲ့ ဆရာေတာ့္အသံက ပိုျပင္းတယ္။
" ထိရံုမကဘူး....ေဟ့.....ရန္ျဖစ္တဲ့ေလးေယာက္လံုး ေက်ာင္းမွာ အရိုက္ခံဖို႔ျပင္။ "
@@@@@@@@@@@
ရြာၪီးေက်ာင္း......။
ဆရာေတာ့္ႀကိမ္လံုးသံက တရႊမ္းရႊမ္းကို ျမည္ေနေအာင္ ခ်တာမို႔ အရင္အရိုက္ခံရတဲ့ မခင္သက္တို႔ ညီအစ္မဆို မ်က္ရည္လည္ရြဲ။ ဆရာေတာ့္ဆီေရာက္ရင္ ေက်ာင္းမွာ ႀကိမ္လံုးကို အသင့္ေဆာင္ထားတာပဲ သံုးမ်ိဳး။ ေမာင္ျဖဴ ၊ ေမာင္နီ ၊ ထားဝယ္ႀကိမ္.... အဲ့သံုးမ်ိဳးထဲက ကိုယ့္ရိုက္မယ့္ႀကိမ္လံုးကို ကိုယ့္ဘာသာေရြးေပးရေတာ့ ဘယ္ေလာက္ ရင္နာစရာေကာင္းသလဲ ေတြးသာၾကည့္ေတာ့။
အရိုက္ခံရေတာ့လဲ သူရိုက္ဖို႔ကို ႀကီးေသာငယ္ေသာ နားမလည္ဘူး....ေက်ာင္းတိုင္ႀကီးဖက္ထားေပးရေသးတာ။ ေရႊသားခမ်ာလဲ ေၾကာက္လြန္းလို႔ လက္ဖ်ားေလးေတြဆိုေအးစက္ၿပီး တဟီးဟီးငိုေနေတာ့ ေစာကလယ္ဆို သူ႔မိန္းမ ၾကည့္ၿပီး ဖင္ထိုင္ကိုမက်ဘူး။
" မလုပ္ပါနဲ႔ အရွင္ဘုရား.......တပည့္ေတာ္မိန္းမက ငယ္ေသးလို႔ပါ။ "
" တပည့္ေတာ္ပဲ အစားရိုက္ခံမယ္ေလ.....မရဘူးလားဘုရား။ "
" တပည့္ေတာ္မွာ ဒီမိန္းမေလးပဲ ရိွတာပါဘုရား။ ေဒါသေရ႔ွထားရင္ မွားတတ္ပါတယ္ ။ "
ဆရာေတာ္က မရဘူး.....ေရႊသားကို တိုင္ဖက္ထားခိုင္းတာ မဖက္ေတာ့ ထရိုက္ေတာ့တာပဲ။ ေစာကလယ္ခမ်ာလဲ ဆရာေတာ္နဲ႔ မိန္းမၾကား ဟိုကာလိုက္ ဒီကြယ္ေပးလိုက္နဲ႔ သူ႔ပါေရာအရိုက္ခံရတာ မနာႏိုင္ရွာဘူး။
" ဒကာ....ဖယ္စမ္း"
" မလုပ္ပါနဲ႔ဘုရား......တပည့္ေတာ္ကို သနားပါၪီး။ "
! ရႊမ္း.....ရႊမ္း !
" အားလား.....အရွင္ဘုရား လြန္မယ္ေလ။ "
ဆူးၾကားကဘူးခါးဆိုတာမ်ိဳးပဲ ဆရာေတာ္ကလွမ္းရိုက္ သူက ကာ.....ေရႊသားကလဲ ေနာက္ကေန သူ႔ခါးႀကီးဆြဲကိုင္ရင္း တအအနဲ႔ လိုက္ကြယ္တယ္။ ေနာက္ဆံုး ၾကားကေန ဟိုဒီလွည့္တာမ်ားေတာ့.......။
" ဟယ္......ဗံုလံုသီးေတာ့ "
မခင္သက္က ေဘးကေနရပ္ၾကည့္ေနရာကေန ေယာင္ၿပီးထေအာ္တယ္။ ဟုတ္တယ္ေလ......ပုဆိုးကို ကြင္းလံုးကြၽတ္က်တာ ေအာက္က မိေမြးတိုင္း ဖေမြးတိုင္းနဲ႔ ဆရာေတာ္ဆို ပါးစပ္အေဟာင္းသား။ ဆရာေတာ္လဲ မ်က္ႏွာပူလို႔ထင္ပါရဲ့.....ျပန္လႊတ္လိုက္ေပးရွာတယ္။ ေစာကလယ္ကိုလဲ အျပစ္မဆိုသာဘူးေလ.....သူလဲ မယားရန္ျဖစ္တယ္ဆိုလို႔ ေျပးလာတာ..... ေမ့သြားတယ္ထင္ပါ့။
-------------------
ဆရာေတာ္က မခင္ျမတ္ သြားက်ိဳးတာကို ေဆးဖိုးသြားေလ်ာ္ေပးလိုက္ဆိုလို႔ ေစာကလယ္တစ္ေယာက္ ထြက္လာတာပဲ။ မခင္ျမတ္တို႔ ၿခံဝိုင္းဝေရာက္တာနဲ႔ မခင္သက္က သူ႔ညီမ ကို လွမ္းေခၚတယ္.....။
" ခင္ျမတ္ေရ......ဗံုလံုသီးလာၿပီေဟ့။ အေလ်ာ္လာေပးတာေနမယ္။ "
ေစာကလယ္ မၾကည္သလို ၾကည့္ပစ္တယ္။ ေလ်ာ္ေပးရမယ္ဆိုထဲက မၾကည္ရတဲ့အထဲ သူတို႔ကတစ္မ်ိဳး။
" ကဲ.....အေလ်ာ္လာေပးတာမဟုတ္လား....ေပး။ "
မခင္ျမတ္က လက္ဝါးေလးျဖန္႔ေတာင္းလာေတာ့ ေစာကလယ္ သြားေလးစိၿပီး ဟီးခနဲရယ္ျပလိုက္တယ္။
" ဟဲ့....ေပးေလ။ "
" ေၾသာ္....ေပးလိုက္ၿပီေလ....အဟီး....."
ဟမ္.....မခင္ျမတ္ နားမလည္ပဲ အူလည္လည္ၾကည့္ေနေတာ့ ေစာကလယ္က အၿဖီးသားရယ္ရင္း သူ႔ေရ႔ွသြားကို ထိုးျပတယ္။ ဟုတ္ပ.....သြားတစ္ေခ်ာင္းက်ိဳးေနတာ။
" နင္ သြားက်ိူးေနတာလား....ဘာလဲ နင့္မိန္းမ ပါးရိုက္လိုက္တာလား ဟုတ္လား။"
" ဟာဗ်ာ.....ဘယ္ကသာ ။ က်ဳပ္ခ်ိဳးလာတာ...."
" ေဟ....."
" ဟုတ္တယ္ေလ......အေလ်ာ္ေပးဖို႔မွ ပိုက္ဆံမရိွတာ.....ညီတူညီမ်ွေပါ့....က်ဳပ္မိန္းမေၾကာင့္ ခင္ဗ်ား သြားတစ္ေခ်ာင္းက်ိဳးတယ္.....ခု က်ဳပ္သြားတစ္ေခ်ာင္းက်ိဳးၿပီး အေလ်ာ္ေပးလိုက္ၿပီ.....ေက်ၿပီေနာ္။ "
" ဟယ္.....အဲ့လိုရမလား။."
" ရပါတယ္ဗ်ာ......ထားလိုက္စမ္းပါ ။ က်ဳပ္ေလ်ာ္ၿပီးၿပီေနာ္.... ျပန္ၿပီ။ "
ေစာကလယ္ ပိုက္ဆံမရိွဘူးဆိုတာ ဘယ္သူကယံုမွာလဲ.....ျဖစ္မွမျဖစ္ႏိုင္တာ။ မခင္ျမတ္ဆိုလဲ ဟုတ္ႏိုးႏိူး မဟုတ္သလိုလိုနဲ႔ က်န္ခဲ့တာ။ ေစာကလယ္က သိတဲ့အတိုင္း ကပ္ေစးေလ.....သူ႔အိတ္ထဲက ပိုက္ဆံမထြက္ရင္ ၿပီးတာပဲ။ သြား မကလို႔ ဘာျဖစ္ျဖစ္...အဓိက ပိုက္ဆံမကုန္ဖို႔။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 10
Author - အနမ္းေႁခြ
ေအးတယ္ေနာ္....လည္ေခ်ာင္းေတြနာၾကမယ္ ဂရုစိုက္ၾကပါ။