တိတ်ဆိတ်နေတဲ့လမ်းထဲမှာ
သူ့ကားဝင်လာတော့ ကားအသံ
ကျယ်က ညဘက်အချိန်အခါဖြစ်နေ
တော့ တစ်လမ်းလုံးကိုပို၍ပင် လွှမ်းမိုး
သွားသည်။နည်းနည်းလောက်ထပ်
မောင်းရင် အိမ်ကိုရောက်ပြီ။
ညနက်နေပြီဖြစ်၍လည်း တစ်လမ်း
လုံးကတိတ်ဆိတ်လျက် အသွား
အလာမရှိ။ဒီလမ်းထဲကသူတွေ
ကတော့ သူ့ပြိုင်ကားအသံကို
အသားကျနေလောက်ပါရဲ့။ကျွန်
တော်တို့ပတ်ဝန်းကျင်ကိုအနှောက်
အယှက်နည်းနည်းပေးပါမယ်။
ကားထဲမှာတော့ သူ့phoneနဲ့join
ပြီးrepeatလုပ်ကာဖွင့်ထားတဲ့
ဦးလှိုင်ရဲ့"လူမသိသူမသိ"သီချင်းက
ပြန့်နှံ့လို့နေသည်။ဒီသီချင်းကို သူ
အခုတစ်လောfavouriteဖြစ်နေလား
တော့မသိ ကားမောင်းတိုင်းတစ်ချိန်
လုံးဖွင့်ထားပြီး ကျွန်တော့်မှာဘယ်
သွားသွားအမြဲ နားထောင်နေရသည်။
ကျွန်တော့်ကို ပြောချင်နေတာကိုများ
သီချင်းနဲ့ပြောနေ တာလား
"မင်းကြောင့် အသည်းလည်း
ခဏခဏကွဲပါတယ်" ဆိုတဲ့စာသား
နေရာရောက်တိုင်းလည်း ကျွန်တော့်မှာ
ကားထဲမှာ ထိုင်ရမလိုထရမလိုပင်။
ခြံရှေ့မှာကိုစစ်ကြောင်း ကားရပ်လိုက်
ချိန် ပိတ်ထားတဲ့ ခြံတံခါးဆီကို ကားမီးအလင်းရောင်က တန်းပြီးကျရောက်သွားသည်။
" ကျွန်တော် ခြံတံခါးသွားဖွင့်လိုက်မယ်"
ခါးပါတ်ကိုဖြုတ်ပြီး ကားတံခါးကို
ဖွင့်မယ်လုပ်တော့ သူက ကျနော့်
လက်ကိုပြန်ဆွဲလိုက်သည်။
" ထိုင် နေ"
ပြီးတာနဲ့ ခါးပတ်ကိုဖြုတ်ပြီး သူ့ဘက်ကကားတံခါးကို ဖွင့်ကာ အပြင်ထွက်
သွားတဲ့သူကို ကားထဲကနေပဲကြည့်ရင်း။
ခြံတံခါးသံဗန်းကိုဆွဲဖွင့်နေတဲ့ သူ
ကို ကားထဲကနေကြည့်ရင်း အပြုံးတို့ကလည်း ကျွန်တော့်နှုတ်ခမ်းထက်ဆီမှာ။
မွေးနေ့မှာ ကျွန်တော်က အခွင့်ထူးခံ
ပုဂ္ဂိုလ် ဖြစ်နေတော့တာပဲ။
ခြံတံခါး ဖွင့်ပြီးတော့ ကားထဲပြန်ဝင်
လာပြီး သူကကားကို ခြံထဲမောင်း
၀င် ပြီး အိမ်ရှေ့ဆင်ဝင်အောက်မှာ
ရပ်တန့်လိုက်သည်။
ကားထဲကနေ ကျွန်တော်တို့ထွက်လာ
ကြသည့်အချိန် ပတ်ဝန်းကျင်မှာ
အမှောင်ထုက ကြီးစိုးနေပြီး ဆောင်းလေအေးများကကျွန်တော့် ဆီကိုပြင်းပြင်းထန်ထန် ရိုက်ခတ်လာသည်။ ဆောင်း၀င်ခါစဆိုတော့ ရာသီဥတုက
အေးစပြုနေပြီလေ။
ခြံတစ်ခါး သွားပြန်ပိတ်နေတဲ့ သူကို
အိမ်တံခါးမကြီးရှေ့မှာ ရပ်စောင့်ရင်း
ကျွန်တော်အိမ်ထဲကိုမြန်မြန်ဝင်ချင်နေပြီ။
အိပ်ရာထဲမှာ စောင်ခြုံပြီးချက်ချင်း
သွားကွေးနေ ချင်ပြီလေ
။ ညကလည်း နက်၍နေပြီ။
" ကိုကို အိမ်တံခါးမြန်မြန်ဖွင့်ပေးတော့
ကျနော်ချမ်းနေပြီ"
ခြံတံခါး သွားပိတ်ပြီးတာနဲ့
ကိုစစ်ကြောင်းက ကျနော့်ဆီကို
လျှောက်လာပြီးကျွန်တော့် လက်တဖက်ကို ဆုပ်ကိုင်လာသည်။
" မွေးနေ့ လက်ဆောင်ယူမယ်ဆို"
" ယူမယ်လေ အိမ်ထဲရောက်ရင်ပေး
အခုအိမ်တံခါးဖွင့်ပေးတော့ ကျွန်တော်
ချမ်းနေပြီလို့"
အိမ်တံခါး ဖွင့်ပေးမယ်ထင်သော်လည်း
ကိုစစ်ကြောင်းကကျွန်တော့် လက်ကို
ဆွဲပြီး အိမ်ဘေးဖက်ကို ပြန်လျှောက်လာသည်မို့ နားမလည်နိုင်ဘဲနဲ့သူဆွဲ
ခေါ်လာသည့်နောက်ကိုပဲလိုက်
လာရသည်။ ကျွန်တော့်ကိုလက်ဆောင်
ပေးဖို့မဟုတ်ဘူးလား။ အိမ်ထဲမဝင်ဘဲနဲ့ ဘယ်ကိုသွားနေတာလဲ။
အိမ် ဘေးကမီးတွေပါပိတ်ထား
သည်မို့ ခြံထဲမှာ ခြံတံတိုင်းက မီး
အလင်းရောင်မှအပအလင်းမရှိသည်မို့
သူ့လက်ကိုပဲ သေချာဆုပ်ကိုင်ပြီး
လိုက်လာရသည်။အမှောင်ထုကြောင့် အောက်ခြေကိုသေချာမမြင်ရတာမို့
ဂရုစိုက်ပြီးလျှောက်နေတုန်း အိမ်ဘေး
မှာ အသစ်ဆောက်ထားသည့်
ကားရုံအရှေ့မှာ သူကရပ်လိုက်သည်။
ပြီးတာနဲ့ လက်ထဲကremote key
တစ်ခုကိုဖွင့်ပြီး သူနှိပ်လိုက်ချိန်
ထွက်လာသည့်ကားမြည်သံနောက်မှာ
ကားရှေ့မီးကလင်းလာသည်နှင့်အတူ
ကျွန်တော်ကိုယ့်ပါးစပ်ကိုယ် လက်
နဲ့ပြန်ပိတ်မိတော့မတတ် ဖြစ်သွားတော့မတတ်ပင်။
တအားကြီး အံ့ဩသွားတာတော့
မဟုတ်ပေမယ့်ထင်တော့ မထင်ထားဘူးလေ။
" မွေးနေ့ လက်ဆောင်"
" အဲဒါ ကျွန်တော့်အတွက် တစ်ကယ်ကြီး"
" အင်း ကြိုက်ရဲ့လား"
ကျွန်တော့်
မှာ ဘာမှပြန်မပြောနိုင်တော့။
ဒီလိုကားမျိုးကျွန်တော့် လစာဆယ်
နှစ်စာလောက်ဆိုရင်တောင် ၀ယ်နိုင်မှာမဟုတ်ဘူး။ကိုသားကြီးနဲ့အစ်မ မဟေ
သီတို့ရဲ့Showroomကို သူသွားတိုင်း
ကျွန်တော် ကလည်းအမြဲပါသည်မို့
မဝယ်နိုင်သည့် ကားတွေကိုလိုက်ကြည့်ရင်းCar Model တွေကိုနည်း နည်းပါးပါးတော့ သိနေပြီလေ။
သူကျွန်တော့်ကို လက်ဆောင်ပေးတိုင်း
အဖြူရောင်တွေပဲအများဆုံး ပေးတတ်
သည့်အတိုင်း BMW X6 White Colour။ဘေးမှာရပ်ထားတာက သူ
အလုပ်သွားရင်စီးတဲ့ကား Black
Colour။
နေရာမှာပဲ မလှုပ်မယှက်နဲ့ ငြိမ်ရပ်နေ
ဆဲဖြစ်သည့်ကျွန်တော့်လက်ကို သူကပဲဆွဲကိုင်လျက် ကားအနား ခေါ်လာပေး
သည်။
ကားမောင်းသူဘက်က တံခါးကိုဖွင့်ပြီး
ကျွန်တော့်ကို အထဲသို့ဝင်ထိုင်
စေသည့်အချိန် ကျွန်တော့်မှာ ငြိမ်သက်နေလျက်ပင် စိတ်နဲ့လူမကပ်နိုင်သေး။
ပြီးတာနဲ့ တဖက်ခြမ်းကlover seat
မှာ သူက၀င်ထိုင်လို့နေသည်အထိ
ကျနော့်မှာ ဘာစကားမှမပြောနိုင်။ ကျွန်တော်က ကားထက် ဆိုင်ကယ်စီး
ရတာကိုပိုကြိုက်ပေမယ့် ဒီလိုရတော့
လည်း မပျော်တဲ့သူဆိုတာ ရှိပါ့မလား။ကျွန်တော်လည်း ကားမောင်းသင်ချင်
နေတာပဲလေ။
ဒါပေမယ့်လည်း ဒါကြီးကတော့
တန်ဖိုးကြီးလွန်းပါတယ် ကျွန်တော်
လက်ခံဖို့မရဲဘူး။ကျွန်တော် နဲ့လည်းမလိုက်ဖက်ဘူး။
" အရင်ဆုံး ကားစက်နှိုးကြည့်လိုက်"
သူသင်ပေးထားတာကို လက်တွေ့စမ်း
ခိုင်းနေသည်။
" ဘာဖြစ်နေတာလဲ မျက်နှာလေးက
ကိုယ့်လက်ဆောင်ကို သဘောမကျ
ဘူးလား"
" မဟုတ်ပါဘူး ကျွန်တော်မှ ကားမောင်း
မတတ်တာ"
" အခုလည်းအခြေခံလောက် ရနေပြီ
လေ ကျွမ်းလာအောင် ကိုယ်သင်ပေး
မှာပေါ့။ အလုပ်ပိတ်ရက်တိုင်း
ကားမောင်းသင်ကြမယ် ။ညဘက်လည်း သင်လို့ရတယ်"
သူကတက်တက်ကြွကြွ ပြောနေပေမယ့် ကျွန်တော်က တွေဝေနေဆဲပင်။
ဒီလောက်က သူ့အတွက်ဘာမှမဟုတ်
ပေမဲ့ ကျွန်တော့်မှာတော့ လက်ခံဖို့
အတွက် အများကြီး၀န်လေးနေရသည်။
တစ်ခဏကြာသည်အထိ ကျွန်တော်ဘာစကားမှမပြောနိုင်ပဲ ကိုယ့်အတွေးနဲ့
ကိုယ် စဉ်းစားခန်းဖွင့်နေမိချိန်
သူကလည်း ကျနော်ကိုပဲကြည့်
ရင်း အသံတိတ်နေပေးနေသည်။
ကျွန်တော် သဘောမကျမှာကို သူက
ပြန်ပြီးစိုးရိမ်နေတော့ ကျွန်တော့်မှာ
တခြားပြောစရာစကားတွေ ရှိနိုင်ပါ
တော့မလား။
နီးကပ်နေတဲ့ သူ့ မျက်နှာကို
ပြန်ကြည့်မိရင်း နှစ်ကိုယ်ကြားမှာ
ဝေးကွာနေတဲ့အကွာအဝေးမှာ...
သူ့ကိုဖက်ထားချင်လှတာမို့သူ့ရင်ခွင်ကို လိုအပ်နေသည့်အချိန်မို့ သူထိုင်နေတဲ့
ဘက်ကို ပြောင်းရွှေ့ကာ သူ့ပေါင်
ပေါ်မှာ နေရာယူကာ ၀င်ထိုင်လိုက်သည်။
"ခင်ဗျားပေးတဲ့ လက်ဆောင်ကို
သဘောကျပါတယ် ဒါပေမဲ့တစ်အား
တန်ဖိုးကြီးနေတယ်။ကျနော်က ကိုကို့လို အလုပ်ကို ကားနဲ့သွားရတာလည်း
မဟုတ်ဘူး။ကျွန်တော် ကားမောင်း
သင်ချင်တယ်လို့ပြောလိုက်လို့လား။ဒီအတိုင်းကိုကို့ကားနဲ့ပဲ သင်ပေးဖို့ပြောတာ"
ကိုစစ်ကြောင်းရဲ့ လည်ပင်းကို
သိုင်းဖက်ကာ နှစ်ကိုယ်ကြားမှာ နေရာ
လွတ်မရှိသည်အထိပူးကပ်ပြီး
သူ့ပခုံးတစ်ဖက်ပေါ် မျက်နှာတိုးကပ်
လိုက်တော့လည်း ဘာမှမပြောဘဲနဲ့ကျွန်တော့်ကို အလိုက်သင့်ပြန်ဖက်ထားပေး
သည်။
"ကိုယ့်ကားနဲ့ကိုယ်သင်တာ ပိုပြီးတော့
မကောင်းဘူးလား။ပြီးတော့ ကိုယ်က အကြံအစည်နဲ့၀ယ်ပေးတာ နောက်ပိုင်း အပြင်သွားတဲ့အခါ ၀န်း ကားမောင်း
ကျွမ်းသွားလို့ရှိရင် ကိုယ်မမောင်း
တော့ဘူးလေ မင်း မောင်းတာပဲကိုယ်
လိုက်စီးတော့မယ်။ကိုယ် သက်သာ
တာပေါ့"
သူ့မျက်နှာကို ငေးရင်း ကျွန်တော့်မှာ
အသံတိတ် သက်ပြင်းချရင်း
စဥ်းစားနေရ ဆဲပင်။
ကျွန်တော် မငြင်း
နိုင်အောင် ဘယ်လိုပြောရမလဲဆိုတာ
သူကသိပြီးသား။တစ်ကယ်လဲ
ကျွန်တော် ကားမောင်းသင်ချင်တယ်
ဆိုတာ သူမမောင်းနိုင်တဲ့အခါမျိုး
ဆို သူ့အတွက်အကူအညီများ
ဖြစ်မလားလို့ပါ။
သူ့အပေါ်မှာထိုင်ရင်းတစ်ခဏ ငြိမ်
သက်နေရရင်းပင် ကျွန်တော့်မှာ
ပြောစရာစကားတွေ ပျောက်ရှရသည်။
" ခင်ဗျား ကျနော့်ကို ပြန်လက်ခံ
ပေးပြီး ခွင့်လွှတ်ပေးတာနဲ့တင် ရနေ
ပါပြီ။အခုလို အရင်ကအတိုင်းပဲ
ကျွန်တော့်အပေါ် အရမ်းကောင်း
ပေးနေတော့ ကိုယ့်ကိုယ့်ကို ပိုပြီး
အပြစ်ရှိတယ်လို့ပဲ ခံစားနေရတယ်"
တစ်ကယ်ကို ကျွန်တော့်ရင်ထဲကလာတဲ့
စကားပါ။
သူကျွန်တော့်ကို ပြန်ပြီးလက်ခံ
ပေးလိုက်တာကိုက ကျွန်တော့်အတွက်
တန်ဖိုး အကြီးမားဆုံးလက်ဆောင်
ဖြစ်နေပြီ။
" ကိုကို ကျွန်တော့်အပေါ်မှာ မကျေနပ်သေးတာမျိုးတွေ တကယ်ပဲနည်းနည်း
လေးမှတောင် မရှိတော့ဘူးလား"
သူ့မျက်နှာကို သေချာမကြည့်ရဲဘဲ
ပြောလိုက်တဲ့ ကျွန်တော့်ရဲ့စကားသံ
တိုးတိုး။
သူ့ကို မချင့်မရဲကြည့်ပြီး အားတင်းကာ
မေးလိုက်တဲ့ကျွန်တော့်ရဲ့စကားသံအဆုံးနောက်မှာ
ကိုစစ်ကြောင်းကသူ့လည်ပင်းကို
ဖက်တွယ်ထားတဲ့ ကျွန်တော့်လက်တစ်ဖက်
ကို ဆွဲယူပြီး သူ့လက်တွေထဲ
ဆုပ်ကိုင်လိုက်သည်။
"မင်းကို လက်လွှတ်ပေးနိုင်စွမ်း
ကိုယ့်မှာ ဘယ်တုန်းကမှမရှိခဲ့ဘူး
ထင်တယ်"
ကျွန်တော်မေးလိုက်တာက တစ်ခြား
ခပ်အေးအေးပင် သူပြန်ဖြေတာက
တစ် ခြားစီဖြစ်နေလျက်
သူ့ မျက်နှာက တည်နေလျက်ပင်။
"ကိုယ်တို့ဝေးသွားကြတဲ့အချိန်မှာ
ကိုယ် အမြဲတမ်းစဥ်းစားနေမိတာ
တစ်ခုပဲရှိတယ်။ကိုယ့်ကြောင့် မင်း
စိတ်ဒုက္ခရောက်ရတယ် ကိုယ့်မျက်နှာ
ကိုမမြင်ချင်တော့ လောက်အောင်
ကိုယ်နဲ့အဝေး မှာနေချင်တယ်ဆိုရင် လက်လွှတ်ပေးလိုက်ရမှာက ကိုယ်
လုပ်သင့်တဲ့အရာပဲလို့ အမြဲတမ်း
တွေးနေခဲ့တယ်။ဒါပေမယ့်အဲဒီအတွေး
တွေက မင်းကိုပြန်တွေ့လိုက်ရတဲ့
အချိန်မှာပဲ ကိုယ့်ကိုယ်ကိုလှောင်ရယ်
ချင်မိလောက်တဲ့အထိ အသုံးမ၀င်ဘူး
ဆိုတာသိခဲ့ရတယ်"
ကျွန်တော့်လက်တွေကို ကိုစစ်ကြောင်း
က ပို၍ပင် တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်လိုက်သည်။
"ကိုယ့်ဆီမှာမင်းကို စွန့်လွှတ်ပေးချင်
တဲ့စိတ်ဘယ်တုန်းကမှ မရှိခဲ့ဘူး။
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မင်းကို
ကိုယ့်အပိုင်အဖြစ်နဲ့ သိမ်းထားချင်တယ်"
အလေးအနက်ပြောနေတဲ့ သူ့စကားတွေ
ကိုနားထောင်ရင်း သူ့မျက်နှာကို
ကြည့်ရင်း .....
ကျွန်တော့် ရင်ထဲမှာ တစ်သိမ့်သိမ့်
နဲ့ သူကကျွန်တော့်ကိုအဲ့ဒီလောက်ထိ
ချစ်တာမို့ ပျော်တယ်ဆိုတာထက်
၀မ်းနည်းစိတ်ကပိုများသည့် ခံစား
ချက်တွေရောထွေးစုပြုံရသည်။
ကျွန်တော်ဘာတစ်ခွန်းမှ ထပ်မေးဖို့မလိုတော့ပါ။
သူ့ အချစ်ကကျွန်တော်နဲ့ ထိုက်တန်ပါရဲ့လား။
လူတစ်ယောက်ကို စချစ်နေတဲ့အချိန်မှာ
သူဘာလုပ်လုပ်အကောင်းမြင်နိုင်ပေမဲ့
အချစ်တွေလျော့သွားတဲ့အခါကျရင်
တော့ အသေးအဖွဲလေးကအစ အပြစ်
မြင်လာတတ်ကြတယ်တဲ့။
ကျွန်တော်က ဒီလောက်အချိုးမပြေခဲ့
တာတွေပဲလုပ်ခဲ့တာတောင် သူ့မှာ
တစ်ကယ်ပဲ ကျွန်တော့်ကိုအပြစ်မြင်
တဲ့စိတ်ဆိုတာ မရှိခဲ့ဘူးထင်ပါတယ်။
"ချစ်တယ် ခင်ဗျားကို ကျွန်တော်
တစ်အားချစ်တာပဲ"
မျက်ရည်မကျတော့ပါဘူး။
ကျွန်တော် ဘယ်တော့မှထပ်ပြီး
ပျော့ညံ့နေတော့မှာ မဟုတ်ဘူး။
ထပ်တလဲလဲ ဝန်ခံနေမိတဲ့ ကျွန်တော့်
ရဲ့စကားသံအဆုံး အကြည့်ချင်းဆုံနေ
လျက် သူက ကျွန်တော့်ပါးပြင်ကို
တစ်ဖွဖွ ပွတ်သပ်ပြီး သူ့အကြည့်တွေ
ကကျွန်တော့် နှုတ်ခမ်းဆီကို ရောက်
ရှိလာပြီးတဲ့နောက်။
တစ်ချိန်ထဲမှာပဲ ထပ်တူကျသွားတဲ့
နှုတ်ခမ်းတွေ။သူ့ရဲ့ အင်္ကျီကို
ခပ်တင်း တင်းဆုပ်ကိုင်ထားမိရင်း
တစ်ရှိုက်မက်မက်နမ်းနေတဲ့သူ့ရဲ့
အနမ်းတွေကို ခံယူရင်း သူပေးတဲ့
အနမ်းတွေအောက် မှာကျနော်ကျရှုံး
ရသည်။ကျွန်တော့် အင်္ကျီထဲကိုလျှို၀င်
လာတဲ့ သူ့ရဲ့လက်။အသက်ရှုဖို့ လိုအပ်
လာချိန်မှပဲ ကျွန်တော့် နှုတ်ခမ်းတွေကိုအလွတ်ပေးပြီးသူ့ရဲ့အကြည့်တွေက
ကျွန်တော့် လည်ပင်းဆီသို့ရောက်သွားသည်။
ကျွန်တော် ဝတ်ထားသည့် ရှပ်အင်္ကျီ
ရဲ့လည်ပင်းကို ပုခုံးကညှပ်ရိုးပေါ်သည်
အထိဆွဲချပြီး သူ့အကြည့်တွေက
အဲ့ဒီ နေရာမှာပဲရစ်ဝဲလို့။
" အရောင်တွေ မှိန်သွားပြီပဲ"
ပြောပြီးတာနဲ့ ကျွန်တော့် အင်္ကျီ ကို
ပို၍ဆွဲချပြီး ပခုံးသားတွေဆီကို
သူ့နှုတ်ခမ်းတွေ ဖိကပ်လာသည်။
အရောင်မှိန်မှိန်သာကျန်တော့သည့်
သူပေးထားတဲ့အမှတ်အသားများကို
အနမ်းပေးပြီးနောက် ထပ်မံ၍ အ
သစ်တွေဖြစ်အောင်ပြုလုပ်နေချိန်
သူ့အင်္ကျီ ကို ကိုင်ထားသည့်ကျနော့်
လက်တွေ ပို၍တင်းကျပ်သွားရသည်။
ကျွန်တော့်ကို အမှတ်အသားတွေ
ပေးရတာ သူတအားသဘောကျ
တယ်လေ။ဒါပေမဲ့ မြင်သာတဲ့နေရာ
မှာတော့တစ်ခါမှမလုပ်ဘူး။
"ကိုကို"
" ဆောရီး နာသွားလား ကိုယ်စိတ်
နည်းနည်းလွတ်သွားတယ်"
" မဟုတ်ဘူး မ မနာပါဘူး"
ယောင်ယမ်းပြီး သူ့ကိုခေါ်လိုက်မိချိန်
ခေါင်းပြန်မော့လာပြီး သူထိတွေ့ခဲ့သည်
ကျွန်တော့်လည်ပင်းသားတွေကို
တစ်ချက်ပြန်ကြည့်လျက်
ကျွန်တော့် အင်္ကျီကို သေချာပြန်ပြင်
ပေးပြီး သူ့လက်မှာပတ်ထားတဲ့ နာရီကိုငုံ့ကြည့်လိုက်တယ်။
" နောက်ကျနေပြီ အိမ်ပြန်ပို့ပေးမယ်"
သူ့ စကားကိုကြားတော့အလို မကျ
သည့်စိတ်ကြောင့် ကျွန်တော် အလျင်
အမြန်ပင်။
"ပြောတော့ ဒီည အိမ်ပြန်မပို့ဘူးဆို"
ကျွန်တော့်ကို ဖက်ထားလျက်ပင်
အကျီကို ပြန်ပြင်ပေးလျက်
ကျွန်တော့်နဖူး ပေါ်ကျနေသည့် ဆံပင်
တွေကိုပါတစ် ဖွဖွကိုင်လျက် သပ်သပ်
ရပ်ရပ်ဖြစ်အောင် ပြန်လုပ်ပေးနေသည်။
" ကိုယ် စတာ။ပြန်ပို့ပေးမယ် ညီလေး
က၀န်းမပြန်မလာမချင်း မအိပ်ဘူးဆို
ညီလေးအိမ်မှာ မအိပ်ပဲစောင့်နေမှာ
ပေါ့ ပြန်ပို့ပေးမှရမယ်"
" ပြန်မပို့လည်း ရ ရပါတယ်"
သူ့အကြည့်တွေ ပြောင်းလဲသွား
ချိန် ကျွန်တော့်နှုတ်ခမ်းပါးတွေကလည်း
ကျေနပ်စွာနဲ့ပြုံးယောင်သန်းလို့။
" ဒီနေ့ည အငယ်လေးကို သွားခေါ်ပြီး
အိမ်မှာသိပ်ထားပေးလိုက်လို့ မေမီကို
ပြန်တဲ့အချိန်တုန်းက မှာလိုက်တယ်။
ညီလေးကို မေမီသူ့အိမ်မှာ ပေးအိပ်
လိမ့်မယ် အငယ်လေးက သူ့အစ်မတွေ
နဲ့ဆိုရင်ရတယ်"
"အဲ့ဒီလိုလား"
" ဟုတ်တယ်"
ကျွန်တော့် စကားကိုကြားတော့
သူကလည်း ကျေနပ်နေသွားလိုပင်။
" အဲ့ဒါဆိုရင်တော့ ကိုယ်ကပျော်တာပေါ့။
ဒီည တစ်ယောက်ထဲမအိပ်ရတော့ဘူး"
စကားပြောနေရင်းနဲ့ သူက
သူ့ခေါင်းကို ကိုင်လိုက်သည်မို့
" ကိုကို ဘာဖြစ်လို့လဲ"
" ကိုယ်နည်းနည်းမူးနေပြီ ထင်တယ်"
" မူးနေပြီ "
"အင်း အိမ်ထဲဝင်ကြရအောင်"
barမှာ ကိုဝဏ္ဏတိုက်လိုက်တဲ့
တစ်ခွက်ကိုပဲ သူသောက်ထားတာ။
ကိုဝဏ္ဏ ဘာတွေစပ်ထားလည်း
မသိပါဘူး တစ်ခွက်သောက်ရုံနဲ့ ကိုစစ်ကြောင်းတောင် မူးနေပြီဆိုတော့ ကျွန်တော်သာဆိုရင်ဒီအချိန် မှောက်နေလောက်ပြီ။
ချက်ချင်းပင် ကားတံခါးကိုသူဖွင့်လိုက်သော်လည်းကျွန်တော် မဆင်းပဲနဲ့
သူ့အပေါ်မှာပဲထိုင်နေမိသည်။
"အခု အိမ်ထဲဝင်တော့မလို့လားကိုကို"
သူက ကျတော့်ကိုစူးစိုက်၍
ပြန်ကြည့်လာပြီး အနားကိုပို၍
တိုးကပ်လာလျက်။
"မ၀င်ချင်လို့လား"
"အဲ့လို မဟုတ်"
" ဒီည၀န်းက အိပ်မပြန်ဘူးဆိုတော့
ကားထဲမှာ မလွတ်လပ်ဘူး ကိုယ့်အခန်း
ထဲ သွားရအောင်"
ကျွန်တော့် နားသယ်စပ်အနားကို
နှစ်ကိုယ်ထဲကြားရုံ ခပ်တိုးတိုး
သူပြောလိုက်ချိန်။
သူ့စကားကြောင့် ကျွန်တော်
ဘာမှပြန်မပြောနိုင်တော့ပဲ ခန္ဓာကိုယ်
တစ်ခုလုံး တောင့်တောင့်ကြီး ဖြစ်သွားရ
ရင်း သူဆွဲခေါ်ရာအနောက်ကို
ပါသွားရသည်။
သူကျွန်တော့်ကို တစ်ခါမှဒီလိုမပြော
ဖူးပါ။သူတစ်ကယ်ပဲမူးနေပြီထင်ပါတယ်။
-------
ကားထဲကနေထွက်လို့အပြီး ကျွန်တော့်
လက်ကိုဆွဲကာ သူကခေါ်လာလျက်ပင်
သော့ခတ်ထားသည့် အိမ်တံခါးကို
ဖွင့်ကာ အိမ်အထဲရောက်တာနဲ့
ဧည့်ခန်းကမီးတွေကို သူက
ဖွင့်လိုက်သည်။
ဆုပ်ကိုင်ထားတဲ့ကျွန်တော့် လက်တွေ
ကိုတော့မလွှတ်ပေး။
ကျွန်တော့်လက်ကိုဆွဲကိုင်ထားလျက်ပင်
အိမ်အပေါ်ထပ်ကိုတက်ဖို့
အရှေ့ကနေခပ်မြန်မြန်သွားနေရာမှ
ကိုစစ်ကြောင်းက ရုတ်တရက် ရပ်တန့်
လိုက်သည်မို့ အနောက်ကနေ
သူ့ကျောပြင််နှင့်ကျွန်တော့် နဖူး
တိုက်မိသွားရသည်။
ကိုယ့်နဖူးကိုယ်ပြန်ကိုင်နေတုန်း
သူက အနောက်ကိုလှည့်လာရင်း
ကျနော့်ကိုငုံ့မိုးကြည့်လာပေမယ့်
တစ်ခဏကြာသည်အထိ ဘာစကားမှ
မပြောတာမို့ ကျွန်တော်ကပဲ သူ့
မျက်နှာကိုလိုက်ကြည့်မိရင်း။
" ဘာဖြစ်လို့လဲ ကိုကို"
" ကိုယ်တစ်ကယ်မူးနေပြီ ထင်တယ်
ဟိုကောင် ၀ဏ္ဏ"
သူ့ခေါင်းကိုကိုင်ပြီးသူ မျက်နှာပုံစံက စိတ်ပျက်နေသလိုပင်။
" တအားမူးနေလို့လား ကိုကို
လမ်းလျှောက်နိုင်သေးလား ကျွန်တော်
တွဲပေးရမလား"
" အဲ့ဒီလောက်တော့ မဟုတ်သေးဘူး
ကိုယ့်ကိုအအေးတစ်ဗူးလောက်
သွားယူပေး"
" အအေးလား သွားယူပေးမယ်
ဒီမှာပဲခဏစောင့်နေနော်"
"အင်း"
" ဒီမှာပဲစောင့်နေနော်"
ကိုစစ်ကြောင်းကျနော့်လက်ကိုလွှတ်ပေးလိုက်တော့ စိတ်မချစွာနဲ့ တချက်
ပြန်ကြည့်ရင်း မီးဖိုချောင်ဘက်ကို
မပြေးရုံတမယ် ခြေလှမ်းလာခဲ့
လိုက်သည်။
ရေခဲသေတ္တာကိုဖွင့်လိုက်ပြီး လိမ္မော်
ဓါတ်ပါသည့် အချိုရည်ဘူးတဗူးကို
လက်လှမ်းယူပြီးမှ ကျနော်ဝယ်
ထည့်ပေးထားသည့် သံပရာသီးတွေကို
တွေ့တော့အအေးဘူးကိုပြန်ချလိုက်
ပြီး သံပုရာသီးကိုပဲယူကာ ရေခဲ
သေတ္တာကို ပြန်ပိတ်လိုက်သည်။
အမူးပြေဖို့ဆိုရင် သံပရာရည်က
အ ကောင်းဆုံးပဲလေ။
သံပုရာရည်ဖျော်ပြီး တာနဲ့
ရေကအေးနေပြီးသားမို့ ရေခဲမထည့်
တော့ပဲ သံပရာရေခွက်ကိုကိုင်ပြီး
မီးဖိုချောင်ထဲကအမြန်
ပြန်ထွက်လာလိုက်သည်။
လှေကားရင်းအောက်ကို ရောက်တော့
သူ့ကိုမတွေ့တော့။ဧည့်ခန်းကို
ကြည့်လိုက်တော့လည်း အရိပ်အယောင်တောင်မရှိ။ သံပုရာရည်ဖျော်နေတာမို့
အချိန်နည်းနည်းကြာသွားတယ်။
သူမစောင့်နိုင်လို့ အပေါ်ထပ်တက်
သွားပြီထင်တယ်။
လှေကားတွေအပေါ်အမြန်ပြေးတက်ရင်း
သူ့အနောက်ကို လိုက်ရသည်။
အပေါ်ထပ်ရောက်တာနဲ့ အခန်းတံခါး
ဖွင့်ပြီး အခန်းထဲလှည့်ပတ်ရှာသော်လည်း
သူ့ကိုမတွေ့တာမို့ သံပုရာရည်ခွက်
ကိုကုတင်ဘေးက စားပွဲပေါ်တင်လိုက်
ချိန် ရေချိုးခန်းထဲကနေ ရေကျသံ
တွေကို ကြားလိုက်ရသည်။
" ကိုကို"
"ကိုကို...ကိုစစ်ကြောင်း"
အခန်းတစ်ခါးကို ထပ်ခါထုလိုက်ပြီး
ကျွန်တော်
ခေါ်လိုက်ပေမယ့် သူကပြန်မထူး။
ဘာလုပ်နေတာလဲ သူရေချိုးနေ
တာများလား။
အပြင်မထွက်ခင်တုန်းကလည်း
တခါချိုးပြီးပြီလေ။ ရာသီဥတုက
ဒီလောက်အေးနေတာ ဒီအချိန်ကြီး
ဘာဖြစ်လို့ ရေထပ်ချိုးတာလဲ။
အအေးပတ်တော့မှာပဲ။
သူတော်တော်လေး မူးနေပြီထင်ပါတယ်။
"ကိုကို မြန်မြန်လုပ်နော် အအေးပတ်
မယ် ရေပူနဲ့ချိုး"
ရေချိုးခန်း အပြင်ဘက်ကနေပဲ
အော်ပြောခဲ့လိုက်ပြီးဘီရိုထဲကနေ
သူရေချိုးပြီးရင် အဆင်သင့်၀တ်ရ
အောင် အဝတ်အစားတွေကို သွား
ယူပေးလိုက်သည်။ အင်္ကျီလက်ရှည်
တစ်ထည်နဲ့ ဘောင်းဘီအရှည်တစ်
ထည်ကိုယူပြီး ဘီရိုကိုပြန်ပိတ်လိုက်
ချိန်
သူကလည်း ရေချိုးခန်းထဲကနေ
ထွက်လာတာနဲ့ကွက်တိပင်။
" အေးတယ်"
" အေးမှာပေါ့ ဒီအချိန်ကြီးရေချိုး
တာကို ဒီမှာအဝတ်အစား မြန်မြန်
ဝတ်လိုက်"
ကျနော်ကမ်းပေးလိုက်တဲ့ အ၀တ်
အစားတွေကိုယူပြီးသူက တဘတ်နဲ့
ရေတွေကိုသုတ်ကာ အင်္ကျီလက်ရှည်ကို
အရင်ဝတ်လိုက်သည်။ ပြီးတာနဲ့
အောက်ပိုင်းကို သဘတ်ပတ်ထား
လျက်ပင် အထဲကနေဘောင်းဘီရှည်
ကိုစွပ်ထည့်၍ ၀တ်နေချိန် ဘာရယ်
မဟုတ်ကျနော်မျက်နှာလွှဲလိုက်မိသည်။
သူဘောင်းဘီ၀တ်လို့ပြီးသွားတော့
မျက်နှာကိုပြန်လှည့်ကာ သဘတ်တွေ
ကိုယူပြီး သူ့အနားကပ်လျက် အင်္ကျီကြယ်သီးတွေ မတပ်ရသေးသည်မို့
အောက်ဆုံးကြယ်သီးကနေစပြီး တပ်ပေးလိုက်ရသည်။ တကယ်ပါပဲ။ ဘာစိတ်ကူးပေါက်ပြီး ညကြီးမင်းကြီး
ရေထချိုးရတာလဲ။
သူက ငြိမ်သက်စွာပဲနေနေပြီး
ထိပ်ဆုံးကြယ်သီးတစ်လုံးကို တပ်လိူ့
အပြီး သူ့မျက်နှာကိုမော့ကြည့်လိုက်တော့
သူက ကျွန်တော့်ကိုစူးစိုက်ကြည့်
နေပြီး အနားကပ်ကာခေါင်းငုံ့လာ
လျက်ကျွန်တော့်ရဲ့ဘယ်ဘက်ပါးကို
နစ်ဝင်သွားသည်အထိ နမ်းလိုက်သည်။
သူ့ကို စကားပြောဖို့ ပြင်လိုက်
ချိန်မှာပဲ နောက်ထပ်ညာဘက်ပါးဆီကို
သူ့နှုတ်ခမ်းကဖိကပ်လို့။
ကျွန်တော့်မှာ မျက်နှာတွေပူလာမိ
သလိုမျိုးပြောမည့်စကားတွေတောင်
မေ့ကုန်ပြီး ရုတ်တရက်စဉ်းစားမရ
ဖြစ်သွားသည်အထိပင်။
"ဟိုဟာ နောက်ခါဒီအချိန် ရေမချိုး
နဲ့နော်ကိုကို"
ရေချိုးပြီးခါစ သူ့ဆံပင်တွေကို
လက်နဲ့ခါပြီး သူ့မျက်နှာက အသာပြုံးနေသည်။
"အမူးနည်းနည်း ပြေသွားပြီ"
"အမူးပြေရအောင် ရေချိုးတာလား"
"အင်း"
သူ့ မျက်နှာကအခုမှ အနည်းငယ်ပြန်လည် ကြည်လင်လာသည်။ခါ
တိုင်းလည်း သောက်တာများသွား
ရင်မူးနေတာမျိုးတွေရှိတာပဲ။ဒီနေ့မှ
ဘာဖြစ်လို့ ဒီလောက်တောင်မှ
ချက်ချင်းအမူးပြေချင်နေရတာလဲ။ ရာသီဥတုက အေးနေပီကို။
" ဒါကိုယ့် အတွက်လား"
"အွန်း"
စားပွဲပေါ်မှာတင်ထားတဲ့ သံပရာရည်
ကို ကိုစစ်ကြောင်းက သွားယူသောက်နေသည်။
ကျွန်တော်လည်း အဝတ်အစားတွေ
လဲဖို့ ဘီရိုဆီ ပြန်လျှောက်လာပြီး
အောက်ဆုံးအကန့် မှာထားထားတဲ့
ကျွန်တော့်အဝတ်အစား တွေအနည်း
ငယ်ရှိပေမဲ့သူ့အ၀တ်အစားတွေကိုပဲ
၀တ်ဖို့ယူလိုက်သည်။
သူ့အင်္ကျီနဲ့ဘောင်းဘီ တစ်စုံ
ကို ရင်ခွင်ထဲမှာ ပိုက်ပြီး ဒီဘက်ပြန်
လှည့်လိုက်တော့ ကိုစစ်ကြောင်းက
ကုတင်အပေါ်မှာထိုင်ပြီး ကျွန်တော့်
ကိုအေးအေးဆေးဆေး ကြည့်လို့နေတော့။
" ဟို ကျနော်လည်း အဝတ်အစားတွေ
လဲလိုက်ဦးမယ်"
"အင်း လဲလေ"
အ၀တ်အစားတွေကို ပိုက်ထားလျက်
ပင်သူ့ကို မျက်နှာလွှဲပြီး ရေချိုးခန်းထဲ အလျင်အမြန် ဝင်လာခဲ့လိုက်ရသည်။
သူကတော့ အေးအေးဆေးဆေး
ပေမဲ့ကျွန်တော်ကတော့ သူ့ရှေ့မှာ အဝတ်အစားလဲဖို့ ဘယ်လိုမှမ၀ံ့ရဲပါ။
ရေချိုးခန်းကမှန်ရှေ့မှာ ရပ်ရင်း
အင်္ကျီလည်ပင်းကို အနည်းငယ်ဆွဲချကာကြည့်လိုက်တော့ သူပေးထားသည့် အသစ်စက်စက် အနီရောင်အမှတ်
အသားတွေကကျွန်တော့် ပခုံးသား
တွေမှာ နေရာယူလို့နေတော့သည်။
ကျေနပ်စွာပင်ပြုံးမိရင်း အမြန်ပင်အဝတ်အစားလဲဖို့ပြင်ရသည်။
ကျွန်တော် ရေချိုးခန်းထဲဝင်တာ
နည်းနည်းအချိန်ကြာသွားတယ်။
သူမစောင့်နိုင်တော့ဘူးထင်ပါတယ်။
အ၀တ် အစားလဲပြီး ရေချိုးခန်းထဲ
ကနေ ပြန်ထွက်လာတော့ သူက
ကုတင်ပေါ်မှာ စောင်ခြုံပြီးလှဲ
လို့နေလေပြီ။ဒီလောက်အအေးကြိုက်
တဲ့သူက အဲကွန်းတောင်ပိတ်ထားပြီး
ရေချိုးပြီး အေးနေလို့ထင်ပါ့။
" ဘာဖြစ်လို့ ဒီလောက်ကြာနေတာလဲ
ဒီကိုလာ"
သူခြုံထားသည့်စောင်ကို ဟပေးပြီး
ကျနော့်ကို လှမ်းခေါ်နေသည်မို့
စိတ်ရောလူပါ အပြေးသွားပြီးကုတင်
ပေါ်တက်ကာသူ့ ရင်ခွင်ထဲမှာ
၀င်နေလိုက်ရသည်။
" အဝတ်အစားသွားလဲတာ ဘာဖြစ်လို့
ဒီလောက်တောင် ကြာနေတာလဲ"
" မျက်နှာသစ်နေတာ နည်းနည်း
ကြာသွားတယ်"
" မျက်နှာတစ်ခါသစ်တာ အရင်ကအဲဒီလောက် မကြာပါဘူး။လက်တွေက
အေးစက်နေတာပဲ ရေတွေဘယ်
လောက်တောင် ကိုင်လာတာလဲ။
ကိုယ်တောင်နွေးသွားပြီ"
အေးစက်နေတဲ့ ကျွန်တော့်လက်တွေ
ကို နွေးနေတဲ့သူ့လက်တွေနဲ့ဆုပ်ကိုင်
ပြီး အနွေးဓာတ်ကိုကူးစေသည်။
ပြီးတာနဲ့ ကျွန်တော့်ကို စောင်ပုံထဲ
ထည့်ပြီး သေချာခြုံပေးလျက်
သူ့ရင်ခွင်ထဲမှာ ဖက်ထားလျက်ပင်။
" အိပ်တော့ မနက်ကျရင် အလုပ်
မနောက်ကျရအောင် အိမ်ကိုစောစော
ပြန်ပို့ပေးမယ်"
"ကိုကို အိပ်တော့မို့လား"
"အင်း အိပ်တော့ နောက်ကျနေပြီ"
သူက ခပ်အေးအေးပင်ပြန်ပြောရင်း
ကျနော်ကိုဖက်ထားကာ မျက်လုံး
တွေမှိတ်လျက် အိပ်ဖို့ပြင်နေပြီ။
မဟုတ်ဘူး တစ်ကယ်ကြီးအိပ်နေတာ။
သူ့ရင်ခွင်ထဲက စောင်ပုံထဲကနေ
ခေါင်းတိုးထွက်ကာ မော့ကြည့်မိရင်း
ကျွန်တော့်မှာ ဘာဆက်ပြောရမည်
မသိတော့အောင်ပေ။
ဘာလဲ လူကိုပြောချင်သလိုပြောထားပြီး တကယ်ကြီးအိပ်နေပီလား။ ဒီအတိုင်း
မူးပြီးတော့များပြောလိုက်တာလား။
ဒါမှမဟုတ်ကျွန်တော့်ကို အားနာနေ
တာလား။
မျက်လုံးတွေမှိတ်ထားတဲ့ သူရဲ့
မျက်နှာကို အတော်ကြာသည်အထိ
အသံတိတ် ငေးကြည့်နေမိရင်းနဲ့ပဲ။
"ကိုကို"
"အင်း"
ကျွန်တော့်လက်တွေက စောင်ပုံထဲ
ကနေတစ်ဖြည်းဖြည်းဆီတိုးလျက်
သူ့အင်္ကျီကိုယောင်ယမ်းပြီး ဆုပ်ကိုင်
မိသွားသည်။
စကားတစ်ခွန်း ဆက်ပြောဖို့
ကိုတောင် မနည်းကြိုးစားနေရပြီး
မျက်နှာပူနေရသည့်စိတ်ကို ဖြေဖျောက်
နေရတာ သိပ်တော့မလွယ်ကူ။
"ကိုကို"
"မအိပ်သေးဘူးလား ပြောလေ
ဘာပြောဖို့လဲ"
ကျွန်တော့်ကို ပို၍တင်းကျပ်စွာဖက်
လာပြီး စကားပြန်ပြောလာပေမယ့်
မျက်လုံးတွေကတော့ မဖွင့်လာ။
သူ့အင်္ကျီကိုဆုပ်ကိုင်ထားတဲ့
ကျွန်တော့်လက်သီးဆုပ်က ပို၍
တင်းကျပ်သွားပြီး စိတ်ဆုံးဖြတ်ကာ မျက်လုံးစုံမှိတ်ချလိုက်သည်။
" တစ်ခါတစ်လေ အလုပ်နောက်ကျလဲ
ဖြစ်ပါတယ်"
မတိုးမကျယ် ခပ်ပြတ်ပြတ်ပြောလိုက်
သည့် ကျွန်တော့်ရဲ့ အသံနောက်မှာ
သူမျက်လုံးတွေပွင့်လာသည်။
တစ်ခဏအကြာ ကျွန်တော့်ကို
ဖက်ထားရာကနေပါ ဖယ်လိုက်ပြီး
လက်တစ်ဖက်ထောက်ကာ ကျွန်တော့်
ကိုငုံ့မိုးကြည့်လာတော့ သူ့ မျက်နှာ
ကိုမကြည့်ရဲတော့ပဲ ဒီတစ်ခါအသံ
တိတ်သွားရသည်က ကျွန်တော်ပင်။
အခန်းထဲမှာ ညမီးအလင်းရောင်
သာ ထွန်းထားပြီး ပတ်ဝန်းကျင်တစ်ခွင် ပကတိတိတ်ဆိတ်နေပေမယ့် ကျွန်တော့်ရင်ခုန်သံတွေကတော့ ကိုယ်တိုင်ပြန်
ကြားရလောက်တဲ့အထိ ဝုန်းဒိုင်းကြဲနေသည်။
သူက တစ်ခဏကြာသည်အထိ
စကားမပြောပဲကျွန်တော့် မျက်နှာကို
သာ စူးစိုက်ကြည့်နေတော့ ကျွန်တော်
ဘာမှဆက်မပြောရဲတော့။
" အေးအေးဆေးဆေး ပေးအိပ်နေတာ
ကို မအိပ်ဘဲနဲ့ဘာဖြစ်ချင်နေတာလဲ"
မျက်နှာတည်နေလျက် ကျွန်တော့်ပါးတစ်ဖက်ကို သူ့လက်နဲ့ခပ်ဖွဖွပွတ်သပ်
လာတဲ့အထိအတွေ့။
" ကိုယ်မေးနေတယ်လေ ၀န်း"
သူနဲ့ မျက်လုံးချင်းဆုံတဲ့အချိန် စကား
တစ်ခွန်းထွက်ဖို့ကိုတောင် မျက်နှာပူ
လွန်းစွာနဲ့ ကြိုးစားယူရသည်။
" ကားပေါ်မှာတုန်းက"
"အင်း ဘာဖြစ်လို့လဲ ကားပေါ်မှာ"
ကျွန်တော့်မျက်နှာအနားပို၍ကပ်ကာ
ငုံ့မိုးလျက် ပါးပြင်ကိုတစ်ဖွဖွ ပွတ်သပ်
နေလျက်ပင်။သူဘာဖြစ်နေတာလဲ
ဒီနေရာမှာ ကျွန်တော်မကျွမ်းကျင်မှန်း
သိရက်နဲ့ ကျွန်တော့်ဘက်က အရင်စတာကို
လိုချင်နေတာလား။
"ဆက်ပြောလေ မင်းပြောမှ
ကိုယ်သိမှာပေါ့"
သူ့မျက်နှာကိုကြည့်ပြီး ဆက်ပြောဖို့
တော့ဘယ်လိုမှမရဲတာမို့ သူခြုံထား
ပေးသည့်စောင်ကို ခေါင်းထိဆွဲတင်ပြီး ကိုယ့်မျက်နှာကိုယ် စောင်အောက်မှာ
ဖုံးလိုက်မိသည်။
"ကားပေါ်မှာ... မ မလွတ်လပ်....
အခန်းထဲသွားမယ်ဆို"
"အင်း အဲ့ဒီတော့"
" ကိုကို....လိုချင်တယ်ဆိုရင်"
" ကိုယ်လိုချင်တယ်ဆိုရင် ဘာဖြစ်လဲ"
ကျွန်တော့်မှာ ဘာဆက်ပြောရတော့
မည်ဆိုတာ ဘယ်လိုမှမသိတော့ပေ။
ဒီလောက်ထိ အရဲစွန့်ပြီးသူ့အတွက်
ပြောနေရတာတောင်မှ မျက်နှာပူလွန်းလို့ ကျွန်တော်ရဲ့limitကိုကျော်နေပြီ။
ကျွန်တော် ဒီလောက်ပြောပေးနေ
တာတောင်မှ သူဘာဖြစ်လို့မသိချင်
ယောင်ဆောင် နေတာလဲ။
စိတ်ထဲနည်းနည်းမသင်္ကာ ဖြစ်လာတာ
မို့ မျက်နှာကိုဖုံးထားသည့်စောင်ကို
မျက်လုံးနှစ်လုံးပေါ်သည်အထိပဲ
လက်နှစ်ဖက်နဲ့ ဖြေးဖြေးစီဆွဲချရင်း
ခိုးကြည့်လိုက်တော့ အသံမထွက်အောင်ကြိတ်ရယ်နေသည့် မျက်နှာကြီးကို
တွေ့လိုက်ရသည်။
"ကိုကို ကိုကို့"
ကျွန်တော့်မျက်နှာကိုကြည့်ပြီး သဘော
တစ်ကျနဲ့ သူရယ်နေတာမှ နှစ်နှစ်
ခြိုက်ခြိုက်ပင်။
" ကိုယ်ပြောချင်တာက ကားပေါ်မှာ
ဘယ်လိုလုပ်ပြီး လွတ်လွတ်လပ်လပ်
အိပ်လို့ရမှာလဲ အခန်းထဲရောက်မှ
ကုတင်ပေါ်မှာ ကျယ်ကျယ်ဝန်း၀န်းလေး အားရပါးရ ဖက်ပြီးတော့ အိပ်လို့
ရမှာပေါ့။အဲ့ဒါကိုပြောတာလေ
ကလေးက ဘာတွေလိုက်တွေးနေတာလဲ"
"ကိုစစ်ကြောင်း ခင်ဗျား"
ဒေါသထွက်သည့်စိတ်ထက် မျက်နှာ
တွေနီရဲတက်လာလောက်အောင်အထိ
ရှက်သည့်စိတ်က ပိုနေတာမို့ လုပ်မိလုပ်
ရာနဲ့ပဲ သူ့လက်မောင်းကို ထုရိုက်လိုက်မိသည်။ကျွန်တော်က သူ့လက်မောင်း
ကိုထုရိုက်နေသော်လည်း ပန်းနဲ့ပေါက်
နေသည့်အလားကျွန်တော့် ရှက်နေ
သည်ကို ရယ်၍မပြီးနိုင်တော့ဘဲ
တော်တော်လေးသဘောကျနေသည်။
ကျွန်တော့်ကို စလိုက်ရတာ တော်တော်
ပျော်နေတယ်ထင်ပါ့။
သူ့ အပြုံးတွေကိုတွေ့ရတော့လည်း
သူ့ လက်မောင်းတစ်ဖက်ကို ထုရိုက်နေ
တဲ့ကျွန်တော့် လက်တွေရပ်တန့်သွားရ
သည်။
စိတ်ဆိုးချင်ပေမယ့်လည်း ယောက်ျား
လေးတန်မဲ့ ရှက်နေရပေမဲ့လည်း
မျက်နှာမလွှဲနိုင်တော့ပါဘူး။
" ကျွန်တော့်ကို စလိုက်ရတာ ခင်ဗျား
တော်တော် ပျော်နေလား"
" စတာမဟုတ်ဘူး ကျီစားတာ"
" အဲဒါအတူတူပဲပေါ့လို့"
ပြုံးရယ်နေလျက်ပင်
ကျွန်တော့် ဆံပင်တွေကိုသူက ခပ်ကြမ်းကြမ်းဆွဲဖွလိုက်သည်။
" ကိုယ့်ကို စိတ်မဆိုးဘူးလား"
" မဆိုးပါဘူး"
နီးကပ်နေတဲ့ အနေအထားမှာစကားသံ
တွေတိတ်ဆိတ်သွားလျက်
တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်း
ဆုံနေလျက်ပင် ကျွန်တော့် ရင်ခုန်သံ
တွေက များစွာမငြိမ်မသက်ဖြစ်နေရ
သည်မှာ။
အရင်ကကျွန်တော်ဆိုရင်တော့ စိတ်ဆိုး
မှာအသေအချာပဲ။သူက ကျနော်ကိုစိတ်ဆိုးစေချင်လို့လား။စိတ်ဆိုးတယ်
ဆိုရင် ခင်ဗျားက ချော့မလို့လား။
တစ်ခဏအကြာသူက ကျွန်တော့်ကို
ငုံ့မိုးနေရာမှ အကြည့်လွှဲလိုက်ပြီး
စောင်ကိုကျနော့်လည်ပင်းအထိဖုံးအောင်
ပြန်လည် ခြုံပေးလာသည်။
" အရမ်းအသည်းယားစရာ ကောင်းနေ
လို့ အခုစလိုက်ရင် တော်ရုံနဲ့ရပ်နိုင်တော့
မယ်မထင်ဘူး။ကားပေါ်ကဆင်းထဲက
ချမ်းတယ်လို့အော်နေပြီးတော့ အဝတ်
တွေကို ဖယ်စေချင်လို့လား"
ကျွန်တော့်နဖူးက မြတ်မြတ်နိုးနိုးနဲ့
နူးညံ့စွာအနမ်းပေးလာသည့် သူနှုတ်ခမ်းကြောင့် နွေးခနဲပင်။
"ပြီးတော့ မွေးနေ့မှာပင်ပန်းအောင်
လုပ်ဖို့ စိတ်ကူးမရှိဘူး။အဲ့ဒါကြောင့်
ကိုယ့်အတွက်ပဲစဉ်းစားမနေပဲနဲ့ အိပ်ပျော်
အောင် အိပ်တော့"
သူဘာဖြစ်လို့ ရေချိုးလိုက်လဲဆိုတာ
ကျွန်တော် သေချာသိသွားပြီ။
စောင်ကိုသေချာခြုံပေးပြီး နဖူးကို
အနမ်းတချက်ပေးကာ အိပ်ခိုင်း
နေသူကိုငြိမ်ငြိမ်သက်သက် ကြည့်
ရင်း ရင်ထဲမှာ တစ်သိမ့်သိမ့်နဲ့
ခံစားမိရင်း
သူက ကျွန်တော့်အပေါ် အနိုင်ယူလို
စိတ်မရှိဘဲ အရင်ကထက်ပင်ပို၍
နွေးထွေးဆဲ နွေးထွေးမြဲ။
အဘက်ဘက်က မပြည့်စုံတာတွေ
များတဲ့ကျွန်တော့်ကို သူက ပြည့်ပြည့်
စုံစုံချစ်ပေးနေဆဲပင်။
"ကိုစစ်ကြောင်း"
"အင်း"
"ကျွန်တော့် ရှေ့မှာပဲ ခဏကလိုအပြုံး
မျိုးနဲ့ပြုံးနော်"
သူ့လည်ပင်းကို ကျွန်တော့်လက်နှစ်ဖက်နဲ့တွယ်ချိတ်လိုက်ပြီး မျက်နှာနှစ်ခုကိုပို၍နီးကပ်စေကာ။
" ကျွန်တော်ကလွဲပြီး တစ်ခြားသူတွေ
ခင်ဗျားကိုငေးကြည့်မှာကို မလိုချင်လို့။
ကိုကို့အပြုံးတွေကို ကျွန်တော်တယောက်တည်း အပိုင်သိမ်းထားချင်လို့"
စကားဆုံးတာနဲ့ သူ့ခေါင်းကို ဆွဲချ
လိုက်ပြီး နှုတ်ခမ်းတွေကိုထိတွေ့စေ
လိုက်လျက် ကျွန်တော်ကျေနပ်သည်
အထိ အနမ်းပေးပြီးမှသူ့ကို လွှတ်
ပေးလိုက်သည်။
ဒီနှစ်ဆောင်းတွင်းက ဘယ်လောက်ပဲ
အချမ်းဓါတ်ပိုနေပါစေ တင်းကျပ်စွာ
ဖက်ထားပေးတဲ့ တစ်စုံတစ်ယောက်ရဲ့
ရင်ခွင်ထဲမှာ ကျွန်တော်ကတော့ အပူ
အပင်ကင်းစွာနဲ့ နွေးနွေးထွေးထွေး
အိပ်စက် အနားယူနိုင်တယ်လေ။
သူကကျွန်တော့်ရဲ့ စိုးရိမ်စိတ်တွေ စိတ်
မလုံခြုံမှုတွေကို ဖြေဖျောက်ပေးနိုင်တဲ့
ကျွန်တော့်ရဲ့ သောကကင်းမဲ့ဇုန်။
7.1.23
8:19PM
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
တိတ္ဆိတ္ေနတဲ့လမ္းထဲမွာ
ကိုကို႔ကားဝင္လာေတာ့ ကားအသံ
က်ယ္က ညဘက္အခ်ိန္အခါျဖစ္ေန
ေတာ့ တစ္လမ္းလုံးကိုပို၍ပင္ လႊမ္းမိုး
သြားသည္။နည္းနည္းေလာက္ထပ္
ေမာင္းရင္ အိမ္ကိုေရာက္ၿပီ။
ညနက္ေနၿပီျဖစ္၍လည္း တစ္လမ္း
လုံးကတိတ္ဆိတ္လ်က္ အသြား
အလာမ႐ွိ။ဒီလမ္းထဲကသူေတြ
ကေတာ့ ကိုကို႔ၿပိဳင္ကားအသံကို
အသားက်ေနေလာက္ပါရဲ႕။
ကားထဲမွာေတာ့ ကိုကို႔phoneနဲ႔join
ၿပီးrepeatလုပ္ကာဖြင့္ထားတဲ့
ဦးလိႈင္ရဲ႕"လူမသိသူမသိ"သီခ်င္းက
ျပန္႔ႏွံ႔လို႔ေနသည္။ဒီ သီခ်င္းကိုသူ
အခုတစ္ေလာfavouriteျဖစ္ေနလား
ေတာ့မသိ ကားေမာင္းတိုင္းတစ္ခ်ိန္
လုံးဖြင့္ထားၿပီး ကြၽန္ေတာ္႕မွာဘယ္
သြားသြားအၿမဲ နားေထာင္ေနရသည္။
ကြၽန္ေတာ္႕ကို ေျပာခ်င္ေနတာကိုမ်ား
သီခ်င္းနဲ႔ေျပာေန တာလား
"မင္းေၾကာင့္ အသည္းလည္း
ခဏခဏကြဲပါတယ္" ဆိုတဲ့စာသား
ေနရာေရာက္တိုင္းလည္း ကြၽန္ေတာ္႕မွာ
ကားထဲမွာ ထိုင္ရမလိုထရမလိုပင္။
ျခံေ႐ွ႕မွာကိုစစ္ေၾကာင္း ကားရပ္လိုက္
ခ်ိန္ ပိတ္ထားတဲ့ ျခံတံခါးဆီကို ကားမီးအလင္းေရာင္က တန္းၿပီးက်ေရာက္သြားသည္။
" ကြၽန္ေတာ္ ျခံတံခါးသြားဖြင့္လိုက္မယ္"
ခါးပါတ္ကိုျဖဳတ္ၿပီး ကားတံခါးကို
ဖြင့္မယ္လုပ္ေတာ့ သူက က်ေနာ့္
လက္ကိုျပန္ဆြဲလိုက္သည္။
" ထိုင္ ေန"
ၿပီးတာနဲ႔ ခါးပတ္ကိုျဖဳတ္ၿပီး သူ႕ဘက္ကကားတံခါးကို ဖြင့္ကာ အျပင္ထြက္
သြားတဲ့သူကို ကားထဲကေနပဲၾကည့္ရင္း။
ျခံတံခါးသံဗန္းကိုဆြဲဖြင့္ေနတဲ့ ကိုကို႔
ကို ကားထဲကေနၾကည့္ရင္း အျပဳံးတို႔ကလည္း က်န္ေတာ့္ႏႈတ္ခမ္းထက္ဆီမွာ။
ေမြးေန႔မွာ ကြၽန္ေတာ္က အခြင့္ထူးခံ
ပုဂၢိဳလ္ ျဖစ္ေနေတာ့တာပဲ။
ျခံတံခါး ဖြင့္ၿပီးေတာ့ ကားထဲျပန္ဝင္
လာၿပီး ကိုကိုကကားကို ျခံထဲေမာင္း
၀င္ ၿပီး အိမ္ေ႐ွ႕ဆင္ဝင္ေအာက္မွာ
ရပ္တန္႔လိုက္သည္။
ကားထဲကေန က်ေနာ္တို႔ထြက္လာ
ၾကသည့္အခ်ိန္ ပတ္ဝန္းက်င္မွာ
အေမွာင္ထုက ႀကီးစိုးေနၿပီး ေဆာင္းေလေအးမ်ားက က်ေနာ္႕ဆီကိုျပင္းျပင္းထန္ထန္ ႐ိုက္ခတ္လာသည္။ ေဆာင္း၀င္ခါစဆိုေတာ့ ရာသီဥတုက
ေအးစျပဳေနၿပီေလ။
ျခံတစ္ခါး သြားျပန္ပိတ္ေနတဲ့ သူကို
အိမ္တံခါးမႀကီးေ႐ွ႕မွာ ရပ္ေစာင့္ရင္း
က်ေနာ္ အိမ္ထဲကိုျမန္ျမန္ဝင္ခ်င္ေနၿပီ။
အိပ္ရာထဲမွာ ေစာင္ျခဳံၿပီးခ်က္ခ်င္း
သြားေကြးေန ခ်င္ၿပီေလ
။ ညကလည္း နက္၍ေနၿပီ။
" ကိုကို အိမ္တံခါးျမန္ျမန္ဖြင့္ေပးေတာ့
က်ေနာ္ခ်မ္းေနၿပီ"
ျခံတံခါး သြားပိတ္ၿပီးတာနဲ႔
ကိုစစ္ေၾကာင္းက က်ေနာ္႕ဆီကို
ေလွ်ာက္လာၿပီး က်ေနာ့္လက္တဖက္ကို ဆုပ္ကိုင္လာသည္။
" ေမြးေန႔ လက္ေဆာင္ယူမယ္ဆို"
" ယူမယ္ေလ အိမ္ထဲေရာက္ရင္ေပး
အခုအိမ္တံခါးဖြင့္ေပးေတာ့ ကြၽန္ေတာ္
ခ်မ္းေနၿပီလို႔"
အိမ္တံခါး ဖြင့္ေပးမယ္ထင္ေသာ္လည္း
ကိုစစ္ေၾကာင္းကကြၽန္ေတာ္႕ လက္ကို
ဆြဲၿပီး အိမ္ေဘးဖက္ကို ျပန္ေလွ်ာက္လာသည္မို႔ နားမလည္ႏိုင္ဘဲနဲ႔ကိုကိုဆြဲ
ေခၚလာသည့္ေနာက္ကိုပဲလိုက္
လာရသည္။ က်ေနာ္႕ကိုလက္ေဆာင္
ေပးဖို႔မဟုတ္ဘူးလား။ အိမ္ထဲမဝင္ဘဲနဲ႔ ဘယ္ကိုသြားေနတာလဲ။
အိမ္ ေဘးကမီးေတြပါပိတ္ထား
သည္မို႔ ျခံထဲမွာ ျခံတံတိုင္းက မီး
အလင္းေရာင္မွအပအလင္းမ႐ွိသည္မို႔
ကိုကို႔လက္ကိုပဲ ေသခ်ာဆုပ္ကိုင္ၿပီး
လိုက္လာရသည္။အေမွာင္ထုေၾကာင့္ ေအာက္ေျခကိုေသခ်ာမျမင္ရတာမို႔
ဂ႐ုစိုက္ၿပီးေလွ်ာက္ေနတုန္း အိမ္ေဘး
မွာ အသစ္ေဆာက္ထားသည့္
ကား႐ုံအေ႐ွ႕မွာ ကိုကိုကရပ္လိုက္သည္။
ၿပီးတာနဲ႔ လက္ထဲကremote key
တစ္ခုကိုဖြင့္ၿပီး သူႏွိပ္လိုက္ခ်ိန္
ထြက္လာသည့္ကားျမည္သံေနာက္မွာ
ကားေ႐ွ႕မီးကလင္းလာသည္ႏွင့္အတူ
ကြၽန္ေတာ္ကိုယ့္ပါးစပ္ကိုယ္ လက္
နဲ႔ျပန္ပိတ္မိေတာ့မတတ္ ျဖစ္သြားေတာ့မတတ္ပင္။
တအားႀကီး အံ့ဩသြားတာေတာ့
မဟုတ္ေပမယ့္ထင္ေတာ့ မထင္ထားဘူးေလ။
" ေမြးေန႔ လက္ေဆာင္"
" အဲဒါ ကြၽန္ေတာ့္အတြက္ တစ္ကယ္ႀကီး"
" အင္း ႀကိဳက္ရဲ႕လား"
က်ေနာ့္မွာ ဘာမွျပန္မေျပာႏိုင္ေတာ့။
ဒီလိုကားမ်ိဳးကြၽန္ေတာ္႕ လစာဆယ္
ႏွစ္စာေလာက္ဆိုရင္ေတာင္ ၀ယ္ႏိုင္မွာမဟုတ္ဘူး။ကိုသားႀကီးနဲ႔အစ္မ မေဟ
သီတို႔ရဲ႕Showroomကို ကိုကိုသြားတိုင္းကြၽန္ေတာ္ ကလည္းအၿမဲပါသည္မို႔
က်ေနာ္မဝယ္ႏိုင္သည့္ ကားေတြကိုလိုက္ၾကည့္ရင္းCar Model ေတြကိုနည္း နည္းပါးပါးေတာ့ သိေနၿပီေလ။
သူက်ေနာ့္ကို လက္ေဆာင္ေပးတိုင္း
အျဖဴေရာင္ေတြပဲအမ်ားဆုံး ေပးတတ္
သည့္အတိုင္း BMW X6 White Colour။ေဘးမွာရပ္ထားတာက ကိုကိုအလုပ္သြားရင္စီးတဲ့ကား Black
Colour။
ေနရာမွာပဲ မလႈပ္မယွက္နဲ႔ ၿငိမ္ရပ္ေန
ဆဲျဖစ္သည့္ကြၽန္ေတာ္႕လက္ကို သူကပဲဆြဲကိုင္လ်က္ ကားအနား ေခၚလာေပး
သည္။
ကားေမာင္းသူဘက္က တံခါးကိုဖြင့္ၿပီး
ကြၽန္ေတာ္႕ကို အထဲသို႔ဝင္ထိုင္
ေစသည့္အခ်ိန္ က်ေနာ့္မွာ ၿငိမ္သက္ေနလ်က္ပင္ စိတ္နဲ႔လူမကပ္ႏိုင္ေသး။
ၿပီးတာနဲ႔ တဖက္ျခမ္းကlover seat
မွာ သူက၀င္ထိုင္လို႔ေနသည္အထိ
က်ေနာ့္မွာ ဘာစကားမွမေျပာႏိုင္။ ကြၽန္ေတာ္က ကားထက္ ဆိုင္ကယ္စီး
ရတာကိုပိုႀကိဳက္ေပမယ့္ ဒီလိုရေတာ့
လည္း မေပ်ာ္တဲ့သူဆိုတာ ႐ွိပါ့မလား။ကြၽန္ေတာ္လည္း ကားေမာင္းသင္ခ်င္
ေနတာပဲေလ။
ဒါေပမယ့္လည္း ဒါႀကီးကေတာ့
တန္ဖိုးႀကီးလြန္းပါတယ္ ကြၽန္ေတာ္
လက္ခံဖို႔မရဲဘူး။ကြၽန္ေတာ္ နဲ႔လည္းမလိုက္ဖက္ဘူး။
" အရင္ဆုံး ကားစက္ႏိႈးၾကည့္လိုက္"
သူသင္ေပးထားတာကို လက္ေတြ႕စမ္း
ခိုင္းေနသည္။
" ဘာျဖစ္ေနတာလဲ မ်က္ႏွာေလးက
ကိုယ့္လက္ေဆာင္ကို သေဘာမက်
ဘူးလား"
" မဟုတ္ပါဘူး ကြၽန္ေတာ္မွ ကားေမာင္း
မတတ္တာ"
" အခုလည္းအေျခခံေလာက္ ရေနၿပီ
ေလ ကြၽမ္းလာေအာင္ ကိုယ္သင္ေပး
မွာေပါ့။ အလုပ္ပိတ္ရက္တိုင္း
ကားေမာင္းသင္ၾကမယ္ ။ညဘက္လည္း သင္လို႔ရတယ္"
သူကတက္တက္ႂကြႂကြ ေျပာေနေပမယ့္ ကြၽန္ေတာ္က ေတြေဝေနဆဲပင္။
ဒီေလာက္က သူ႕အတြက္ဘာမွမဟုတ္
ေပမဲ့ ကြၽန္ေတာ္႕မွာေတာ့ လက္ခံဖို႔
အတြက္ အမ်ားႀကီး၀န္ေလးေနရသည္။
တစ္ခဏၾကာသည္အထိ ကြၽန္ေတာ္ဘာစကားမွမေျပာႏိုင္ပဲ ကိုယ့္အေတြးနဲ႔
ကိုယ္ စဥ္းစားခန္းဖြင့္ေနမိခ်ိန္
ကိုကိုကလည္း က်ေနာ္ကိုပဲၾကည့္
ရင္း အသံတိတ္ေနေပးေနသည္။
ကြၽန္ေတာ္ သေဘာမက်မွာကို သူက
ျပန္ၿပီးစိုးရိမ္ေနေတာ့ ကြၽန္ေတာ္႕မွာ
တျခားေျပာစရာစကားေတြ ႐ွိႏိုင္ပါ
ေတာ့မလား။
နီးကပ္ေနတဲ့ ကိုကို႔ မ်က္ႏွာကို
ျပန္ၾကည့္မိရင္း ႏွစ္ကိုယ္ၾကားမွာ
ေဝးကြာေနတဲ့အကြာအေဝးမွာ...
သူ႕ကိုဖက္ထားခ်င္လွတာမို႔သူ႕ရင္ခြင္ကို လိုအပ္ေနသည့္အခ်ိန္မို႔ သူထိုင္ေနတဲ့
ဘက္ကို ေျပာင္းေ႐ႊ႕ကာ ကိုကို႔ေပါင္
ေပၚမွာ ေနရာယူကာ ၀င္ထိုင္လိုက္သည္။
"ခင္ဗ်ားေပးတဲ့ လက္ေဆာင္ကို
သေဘာက်ပါတယ္ ဒါေပမဲ့တစ္အား
တန္ဖိုးႀကီးေနတယ္။က်ေနာ္က ကိုကို႔လို အလုပ္ကို ကားနဲ႔သြားရတာလည္း
မဟုတ္ဘူး။ကြၽန္ေတာ္ ကားေမာင္း
သင္ခ်င္တယ္လို႔ေျပာလိုက္လို႔လား။ဒီအတိုင္းကိုကို႔ကားနဲ႔ပဲ သင္ေပးဖို႔ေျပာတာ"
ကိုစစ္ေၾကာင္းရဲ႕ လည္ပင္းကို
သိုင္းဖက္ကာ ႏွစ္ကိုယ္ၾကားမွာ ေနရာ
လြတ္မ႐ွိသည္အထိပူးကပ္ၿပီး
သူ႕ပခုံးတစ္ဖက္ေပၚ မ်က္ႏွာတိုးကပ္
လိုက္ေတာ့လည္း ဘာမွမေျပာဘဲနဲ႔ကြၽန္ေတာ္႕ကို အလိုက္သင့္ျပန္ဖက္ထားေပး
သည္။
"ကိုယ့္ကားနဲ႔ကိုယ္သင္တာ ပိုၿပီးေတာ့
မေကာင္းဘူးလား။ၿပီးေတာ့ ကိုယ္က အၾကံအစည္နဲ႔၀ယ္ေပးတာ ေနာက္ပိုင္း အျပင္သြားတဲ့အခါ ၀န္း ကားေမာင္း
ကြၽမ္းသြားလို႔႐ွိရင္ ကိုယ္မေမာင္း
ေတာ့ဘူးေလ မင္း ေမာင္းတာပဲကိုယ္
လိုက္စီးေတာ့မယ္။ကိုယ္ သက္သာ
တာေပါ့"
ကိုကို႔ မ်က္ႏွာကို ေငးရင္း ကြၽန္ေတာ္႕မွာ အသံတိတ္ သက္ျပင္းခ်ရင္း
စဥ္းစားေနရ ဆဲပင္။
ကြၽန္ေတာ္ မျငင္း
ႏိုင္ေအာင္ ဘယ္လိုေျပာရမလဲဆိုတာ
သူကသိၿပီးသား။တစ္ကယ္လဲ
ကြၽန္ေတာ္ ကားေမာင္းသင္ခ်င္တယ္
ဆိုတာ သူမေမာင္းႏိုင္တဲ့အခါမ်ိဳး
ဆို သူ႕အတြက္အကူအညီမ်ား
ျဖစ္မလားလို႔ပါ။
သူ႕အေပၚမွာထိုင္ရင္းတစ္ခဏ ၿငိမ္
သက္ေနရရင္းပင္ ကြၽန္ေတာ္႕မွာ
ေျပာစရာစကားေတြ ေပ်ာက္႐ွရသည္။
" ခင္ဗ်ား က်ေနာ့္ကို ျပန္လက္ခံ
ေပးၿပီး ခြင့္လႊတ္ေပးတာနဲ႔တင္ ရေန
ပါၿပီ။အခုလို အရင္ကအတိုင္းပဲ
ကြၽန္ေတာ္႕အေပၚ အရမ္းေကာင္း
ေပးေနေတာ့ ကိုယ့္ကိုယ့္ကို ပိုၿပီး
အျပစ္႐ွိတယ္လို႔ပဲ ခံစားေနရတယ္"
တစ္ကယ္ကို ကြၽန္ေတာ္႕ရင္ထဲကလာတဲ့
စကားပါ။
သူကြၽန္ေတာ္႕ကို ျပန္ၿပီးလက္ခံ
ေပးလိုက္တာကိုက ကြၽန္ေတာ္႕အတြက္
တန္ဖိုး အႀကီးမားဆုံးလက္ေဆာင္ျဖစ္ေနၿပီ။
" ကိုကို ကြၽန္ေတာ္႕အေပၚမွာ မေက်နပ္ေသးတာမ်ိဳးေတြ တကယ္ပဲနည္းနည္း
ေလးမွေတာင္ မ႐ွိေတာ့ဘူးလား"
သူ႕မ်က္ႏွာကို ေသခ်ာမၾကည့္ရဲဘဲ
ေျပာလိုက္တဲ့ က်ေနာ့္ရဲ႕စကားသံ
တိုးတိုး။
သူ႕ကို မခ်င့္မရဲၾကည့္ၿပီး အားတင္းကာ
ေမးလိုက္တဲ့ကြၽန္ေတာ္႕ရဲ႕စကားသံအဆုံးေနာက္မွာ
ကိုစစ္ေၾကာင္းကသူ႕လည္ပင္းကို
ဖက္တြယ္ထားတဲ့ ကြၽန္ေတာ္႕လက္တစ္ဖက္
ကို ဆြဲယူၿပီး သူ႕လက္ေတြထဲ
ဆုပ္ကိုင္လိုက္သည္။
"မင္းကို လက္လႊတ္ေပးႏိုင္စြမ္း
ကိုယ့္မွာ ဘယ္တုန္းကမွမ႐ွိခဲ့ဘူး
ထင္တယ္"
ကြၽန္ေတာ္ေမးလိုက္တာက တစ္ျခား
ခပ္ေအးေအးပင္ သူျပန္ေျဖတာက
တစ္ ျခားစီျဖစ္ေနလ်က္
သူ႕ မ်က္ႏွာက တည္ေနလ်က္ပင္။
"ကိုယ္တို႔ေဝးသြားၾကတဲ့အခ်ိန္မွာ
ကိုယ္ အၿမဲတမ္းစဥ္းစားေနမိတာ
တစ္ခုပဲ႐ွိတယ္။ကိုယ့္ေၾကာင့္ မင္း
စိတ္ဒုကၡေရာက္ရတယ္ ကိုယ့္မ်က္ႏွာ
ကိုမျမင္ခ်င္ေတာ့ ေလာက္ေအာင္
ကိုယ္နဲ႔အေဝး မွာေနခ်င္တယ္ဆိုရင္ လက္လႊတ္ေပးလိုက္ရမွာက ကိုယ္
လုပ္သင့္တဲ့အရာပဲလို႔ အၿမဲတမ္း
ေတြးေနခဲ့တယ္။ဒါေပမယ့္အဲဒီအေတြး
ေတြက မင္းကိုျပန္ေတြ႕လိုက္ရတဲ့
အခ်ိန္မွာပဲ ကိုယ့္ကိုယ္ကိုေလွာင္ရယ္
ခ်င္မိေလာက္တဲ့အထိ အသုံးမ၀င္ဘူး
ဆိုတာသိခဲ့ရတယ္"
ကြၽန္ေတာ္႕လက္ေတြကို ကိုစစ္ေၾကာင္း
က ပို၍ပင္ တင္းတင္းၾကပ္ၾကပ္
ဆုပ္ကိုင္လိုက္သည္။
"ကိုယ့္ဆီမွာမင္းကို စြန္႔လႊတ္ေပးခ်င္
တဲ့စိတ္ဘယ္တုန္းကမွ မ႐ွိခဲ့ဘူး။
ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ မင္းကို
ကိုယ့္အပိုင္အျဖစ္နဲ႔ သိမ္းထားခ်င္တယ္"
အေလးအနက္ေျပာေနတဲ့ သူ႕စကားေတြ
ကိုနားေထာင္ရင္း သူ႕မ်က္ႏွာကို
ၾကည့္ရင္း .....
ကြၽန္ေတာ္႕ ရင္ထဲမွာ တစ္သိမ့္သိမ့္
နဲ႔ သူကကြၽန္ေတာ္႕ကိုအဲ့ဒီေလာက္ထိ
ခ်စ္တာမို႔ ေပ်ာ္တယ္ဆိုတာထက္
၀မ္းနည္းစိတ္ကပိုမ်ားသည့္ ခံစား
ခ်က္ေတြေရာေထြးစုျပဳံရသည္။
ကြၽန္ေတာ္ဘာတစ္ခြန္းမွ ထပ္ေမးဖို႔မလိုေတာ့ပါ။
သူ႕ အခ်စ္ကကြၽန္ေတာ္နဲ႔ ထိုက္တန္ပါရဲ႕လား။
လူတစ္ေယာက္ကို စခ်စ္ေနတဲ့အခ်ိန္မွာ
သူဘာလုပ္လုပ္အေကာင္းျမင္ႏိုင္ေပမဲ့
အခ်စ္ေတြေလ်ာ့သြားတဲ့အခါက်ရင္
ေတာ့ အေသးအဖြဲေလးကအစ အျပစ္
ျမင္လာတတ္ၾကတယ္တဲ့။
ကြၽန္ေတာ္က ဒီေလာက္အခ်ိဳးမေျပခဲ့
တာေတြပဲလုပ္ခဲ့တာေတာင္ ကိုကို႔မွာ
တစ္ကယ္ပဲ ကြၽန္ေတာ္႕ကိုအျပစ္ျမင္
တဲ့စိတ္ဆိုတာ မ႐ွိခဲ့ဘူးထင္ပါတယ္။
"ခ်စ္တယ္ ကိုကို႔ကို ကြၽန္ေတာ္
တစ္အားခ်စ္တာပဲ"
မ်က္ရည္မက်ေတာ့ပါဘူး။
ကြၽန္ေတာ္ ဘယ္ေတာ့မွထပ္ၿပီး
ေပ်ာ့ညံ့ေနေတာ့မွာ မဟုတ္ဘူး။
ထပ္တလဲလဲ ဝန္ခံေနမိတဲ့ ကြၽန္ေတာ္႕
ရဲ႕စကားသံအဆုံး အၾကည့္ခ်င္းဆုံေန
လ်က္ ကိုကိုက က်ေနာ့္ပါးျပင္ကို
တစ္ဖြဖြ ပြတ္သပ္ၿပီး သူ႕အၾကည့္ေတြ
ကကြၽန္ေတာ္႕ ႏႈတ္ခမ္းဆီကို ေရာက္
႐ွိလာၿပီးတဲ့ေနာက္။
တစ္ခ်ိန္ထဲမွာပဲ ထပ္တူက်သြားတဲ့
ႏႈတ္ခမ္းေတြ။ကိုကို႔ရဲ႕ အက်ႌကို
ခပ္တင္း တင္းဆုပ္ကိုင္ထားမိရင္း
တစ္႐ိႈက္မက္မက္နမ္းေနတဲ့သူ႕ရဲ႕
အနမ္းေတြကို ခံယူရင္း ကိုကိုေပးတဲ့
အနမ္းေတြေအာက္ မွာက်ေနာ္က်႐ႈံး
ရသည္။ကြၽန္ေတာ္႕ အက်ႌထဲကိုလွ်ိဳ၀င္
လာတဲ့ သူ႕ရဲ႕လက္။အသက္႐ႈဖို႔ လိုအပ္
လာခ်ိန္မွပဲ ကြၽန္ေတာ္႕ ႏႈတ္ခမ္းေတြကိုအလြတ္ေပးၿပီးကိုကို႔ရဲ႕အၾကည့္ေတြက
ကြၽန္ေတာ္႕ လည္ပင္းဆီသို႔ေရာက္သြားသည္။
ကြၽန္ေတာ္ ဝတ္ထားသည့္ ႐ွပ္အက်ႌ
ရဲ႕လည္ပင္းကို ပုခုံးကညႇပ္႐ိုးေပၚသည္
အထိဆြဲခ်ၿပီး ကိုကို႔အၾကည့္ေတြက
အဲ့ဒီ ေနရာမွာပဲရစ္ဝဲလို႔။
" အေရာင္ေတြ မွိန္သြားၿပီပဲ"
ေျပာၿပီးတာနဲ႔ ကြၽန္ေတာ္႕ အက်ႌ ကို
ပို၍ဆြဲခ်ၿပီး ပခုံးသားေတြဆီကို
သူ႕ႏႈတ္ခမ္းေတြ ဖိကပ္လာသည္။
အေရာင္မွိန္မွိန္သာက်န္ေတာ့သည့္
သူေပးထားတဲ့အမွတ္အသားမ်ားကို
အနမ္းေပးၿပီးေနာက္ ထပ္မံ၍ အ
သစ္ေတြျဖစ္ေအာင္ျပဳလုပ္ေနခ်ိန္
ကိုကို႔ အက်ႌ ကို ကိုင္ထားသည့္က်ေနာ့္
လက္ေတြ ပို၍တင္းက်ပ္သြားရသည္။
ကြၽန္ေတာ္႕ကို အမွတ္အသားေတြ
ေပးရတာ သူတအားသေဘာက်
တယ္ေလ။ဒါေပမဲ့ ျမင္သာတဲ့ေနရာ
မွာေတာ့တစ္ခါမွမလုပ္ဘူး။
"ကိုကို"
" ေဆာရီး နာသြားလား ကိုယ္စိတ္
နည္းနည္းလြတ္သြားတယ္"
" မဟုတ္ဘူး မ မနာပါဘူး"
ေယာင္ယမ္းၿပီး သူ႕ကိုေခၚလိုက္မိခ်ိန္
ေခါင္းျပန္ေမာ့လာၿပီး သူထိေတြ႕ခဲ့သည္
ကြၽန္ေတာ္႕လည္ပင္းသားေတြကို
တစ္ခ်က္ျပန္ၾကည့္လ်က္
ကြၽန္ေတာ္႕ အက်ႌကို ေသခ်ာျပန္ျပင္
ေပးၿပီး သူ႕လက္မွာပတ္ထားတဲ့ နာရီကိုငုံ႔ၾကည့္လိုက္တယ္။
" ေနာက္က်ေနၿပီ အိမ္ျပန္ပို႔ေပးမယ္"
သူ႕ စကားကိုၾကားေတာ့အလို မက်
သည့္စိတ္ေၾကာင့္ က်ေတာ္ အလ်င္
အျမန္ပင္။
"ေျပာေတာ့ ဒီည အိမ္ျပန္မပို႔ဘူးဆို"
ကြၽန္ေတာ္႕ကို ဖက္ထားလ်က္ပင္
အက်ီကို ျပန္ျပင္ေပးလ်က္
ကြၽန္ေတာ္႕နဖူး ေပၚက်ေနသည့္ ဆံပင္
ေတြကိုပါတစ္ ဖြဖြကိုင္လ်က္ သပ္သပ္
ရပ္ရပ္ျဖစ္ေအာင္ ျပန္လုပ္ေပးေနသည္။
" ကိုယ္ စတာ။ျပန္ပို႔ေပးမယ္ ညီေလး
က၀န္းမျပန္မလာမခ်င္း မအိပ္ဘူးဆို
ညီေလးအိမ္မွာ မအိပ္ပဲေစာင့္ေနမွာ
ေပါ့ ျပန္ပို႔ေပးမွရမယ္"
" ျပန္မပို႔လည္း ရ ရပါတယ္"
ကိုကိုအၾကည့္ေတြ ေျပာင္းလဲသြား
ခ်ိန္ က်ေနာ့္ႏႈတ္ခမ္းပါးေတြကလည္း
ေက်နပ္စြာနဲ႔ျပဳံးေယာင္သန္းလို႔။
" ဒီေန႔ည အငယ္ေလးကို သြားေခၚၿပီး
အိမ္မွာသိပ္ထားေပးလိုက္လို႔ ေမမီကို
ျပန္တဲ့အခ်ိန္တုန္းက မွာလိုက္တယ္။
ညီေလးကို ေမမီသူ႕အိမ္မွာ ေပးအိပ္
လိမ့္မယ္ အငယ္ေလးက သူ႕အစ္မေတြ
နဲ႔ဆိုရင္ရတယ္"
"အဲ့ဒီလိုလား"
" ဟုတ္တယ္"
ကြၽန္ေတာ္႕ စကားကိုၾကားေတာ့
သူကလည္း ေက်နပ္ေနသြားလိုပင္။
" အဲ့ဒါဆိုရင္ေတာ့ ကိုယ္ကေပ်ာ္တာေပါ့။
ဒီည တစ္ေယာက္ထဲမအိပ္ရေတာ့ဘူး"
စကားေျပာေနရင္းနဲ႔ ကိုကိုက
သူ႕ေခါင္းကို ကိုင္လိုက္သည္မို႔
" ကိုကို ဘာျဖစ္လို႔လဲ"
" ကိုယ္နည္းနည္းမူးေနၿပီ ထင္တယ္"
" မူးေနၿပီ "
"အင္း အိမ္ထဲဝင္ၾကရေအာင္"
barမွာ ကိုဝဏၰတိုက္လိုက္တဲ့
တစ္ခြက္ကိုပဲ သူေသာက္ထားတာ။
ကိုဝဏၰ ဘာေတြစပ္ထားလည္း
မသိပါဘူး တစ္ခြက္ေသာက္႐ုံနဲ႔ ကိုစစ္ေၾကာင္းေတာင္ မူးေနၿပီဆိုေတာ့ ကြၽန္ေတာ္သာဆိုရင္ဒီအခ်ိန္ ေမွာက္ေနေလာက္ၿပီ။
ခ်က္ခ်င္းပင္ ကားတံခါးကိုသူဖြင့္လိုက္ေသာ္လည္းကြၽန္ေတာ္ မဆင္းပဲနဲ႔
သူ႕အေပၚမွာပဲထိုင္ေနမိသည္။
"အခု အိမ္ထဲဝင္ေတာ့မလို႔လားကိုကို"
သူက က်ေတာ္႕ကိုစူးစိုက္၍
ျပန္ၾကည့္လာၿပီး အနားကိုပို၍
တိုးကပ္လာလ်က္။
"မ၀င္ခ်င္လို႔လား"
"အဲ့လို မဟုတ္"
" ဒီည၀န္းက အိပ္မျပန္ဘူးဆိုေတာ့
ကားထဲမွာ မလြတ္လပ္ဘူး ကိုယ့္အခန္း
ထဲ သြားရေအာင္"
ကြၽန္ေတာ္႕ နားသယ္စပ္အနားကို
ႏွစ္ကိုယ္ထဲၾကား႐ုံ ခပ္တိုးတိုး
သူေျပာလိုက္ခ်ိန္။
ကိုကို႔စကားေၾကာင့္ ကြၽန္ေတာ္
ဘာမွျပန္မေျပာႏိုင္ေတာ့ပဲ ခႏၶာကိုယ္
တစ္ခုလုံး ေတာင့္ေတာင့္ႀကီး ျဖစ္သြားရ
ရင္း ကိုကိုဆြဲေခၚရာအေနာက္ကို
ပါသြားရသည္။
သူကြၽန္ေတာ္႕ကို တစ္ခါမွဒီလိုမေျပာ
ဖူးပါ။သူတစ္ကယ္ပဲမူးေနၿပီထင္ပါတယ္။
-------
ကားထဲကေနထြက္လို႔အၿပီး က်ေနာ့္
လက္ကိုဆြဲကာ ကိုကိုကေခၚလာလ်က္ပင္
ေသာ့ခတ္ထားသည့္ အိမ္တံခါးကို
ဖြင့္ကာ အိမ္အထဲေရာက္တာနဲ႔
ဧည့္ခန္းကမီးေတြကို ကိုကိုက
ဖြင့္လိုက္သည္။
ဆုပ္ကိုင္ထားတဲ့ကြၽန္ေတာ္႕ လက္ေတြ
ကိုေတာ့မလႊတ္ေပး။
က်ေနာ္လက္ကိုဆြဲကိုင္ထားလ်က္ပင္
အိမ္အေပၚထပ္ကိုတက္ဖို႔
အေ႐ွ႕ကေနခပ္ျမန္ျမန္သြားေနရာမွ
ကိုစစ္ေၾကာင္းက ႐ုတ္တရက္ ရပ္တန္႔
လိုက္သည္မို႔ အေနာက္ကေန
ကိုကို႔ေက်ာျပင္္ႏွင့္ က်ေနာ္နဖူး
တိုက္မိသြားရသည္။
ကိုယ့္နဖူးကိုယ္ျပန္ကိုင္ေနတုန္း
ကိုကိုက အေနာက္ကိုလွည့္လာရင္း
က်ေနာ္႕ကိုငုံ႔မိုးၾကည့္လာေပမယ့္
တစ္ခဏၾကာသည္အထိ ဘာစကားမွ
မေျပာတာမို႔ ကြၽန္ေတာ္ကပဲ သူ႕
မ်က္ႏွာကိုလိုက္ၾကည့္မိရင္း။
" ဘာျဖစ္လို႔လဲ ကိုကို"
" ကိုယ္တစ္ကယ္မူးေနၿပီ ထင္တယ္
ဟိုေကာင္ ၀ဏၰ"
သူ႕ေခါင္းကိုကိုင္ၿပီးကိုကို႔ မ်က္ႏွာပုံစံက စိတ္ပ်က္ေနသလိုပင္။
" တအားမူးေနလို႔လား ကိုကို
လမ္းေလွ်ာက္ႏိုင္ေသးလား ကြၽန္ေတာ္
တြဲေပးရမလား"
" အဲ့ဒီေလာက္ေတာ့ မဟုတ္ေသးဘူး
ကိုယ့္ကိုအေအးတစ္ဗူးေလာက္
သြားယူေပး"
" အေအးလား သြားယူေပးမယ္
ဒီမွာပဲခဏေစာင့္ေနေနာ္"
"အင္း"
" ဒီမွာပဲေစာင့္ေနေနာ္"
ကိုစစ္ေၾကာင္းက်ေနာ္႕လက္ကိုလႊတ္ေပးလိုက္ေတာ့ စိတ္မခ်စြာနဲ႔ တခ်က္
ျပန္ၾကည့္ရင္း မီးဖိုေခ်ာင္ဘက္ကို
မေျပး႐ုံတမယ္ ေျခလွမ္းလာခဲ့
လိုက္သည္။
ေရခဲေသတၱာကိုဖြင့္လိုက္ၿပီး လိေမၼာ္
ဓါတ္ပါသည့္ အခ်ိဳရည္ဘူးတဗူးကို
လက္လွမ္းယူၿပီးမွ က်ေနာ္ဝယ္
ထည့္ေပးထားသည့္ သံပရာသီးေတြကို
ေတြ႕ေတာ့အေအးဘူးကိုျပန္ခ်လိုက္
ၿပီး သံပုရာသီးကိုပဲယူကာ ေရခဲ
ေသတၱာကို ျပန္ပိတ္လိုက္သည္။
အမူးေျပဖို႔ဆိုရင္ သံပရာရည္က
အ ေကာင္းဆုံးပဲေလ။
သံပုရာရည္ေဖ်ာ္ၿပီး တာနဲ႔
ေရကေအးေနၿပီးသားမို႔ ေရခဲမထည့္
ေတာ့ပဲ သံပရာေရခြက္ကိုကိုင္ၿပီး
မီးဖိုေခ်ာင္ထဲကအျမန္
ျပန္ထြက္လာလိုက္သည္။
ေလွကားရင္းေအာက္ကို ေရာက္ေတာ့
ကိုကို႔ကိုမေတြ႕ေတာ့။ဧည့္ခန္းကို
ၾကည့္လိုက္ေတာ့လည္း အရိပ္အေယာင္ေတာင္မ႐ွိ။ သံပုရာရည္ေဖ်ာ္ေနတာမို႔
အခ်ိန္နည္းနည္းၾကာသြားတယ္။
သူမေစာင့္ႏိုင္လို႔ အေပၚထပ္တက္
သြားၿပီထင္တယ္။
ေလွကားေတြအေပၚအျမန္ေျပးတက္ရင္း
သူ႕အေနာက္ကို လိုက္ရသည္။
အေပၚထပ္ေရာက္တာနဲ႔ အခန္းတံခါး
ဖြင့္ၿပီး အခန္းထဲလွည့္ပတ္႐ွာေသာ္လည္း
ကိုကို႔ကိုမေတြ႕တာမို႔ သံပုရာရည္ခြက္
ကိုကုတင္ေဘးက စားပြဲေပၚတင္လိုက္
ခ်ိန္ ေရခ်ိဳးခန္းထဲကေန ေရက်သံ
ေတြကို ၾကားလိုက္ရသည္။
" ကိုကို"
"ကိုကို...ကိုစစ္ေၾကာင္း"
အခန္းတစ္ခါးကို ထပ္ခါထုလိုက္ၿပီး က်ေနာ္
ေခၚလိုက္ေပမယ့္ သူကျပန္မထူး။
ဘာလုပ္ေနတာလဲ ကိုကိုေရခ်ိဳးေန
တာမ်ားလား။
အျပင္မထြက္ခင္တုန္းကလည္း
တခါခ်ိဳးၿပီးၿပီေလ။ ရာသီဥတုက
ဒီေလာက္ေအးေနတာ ဒီအခ်ိန္ႀကီး
ဘာျဖစ္လို႔ ေရထပ္ခ်ိဳးတာလဲ။
အေအးပတ္ေတာ့မွာပဲ။
သူေတာ္ေတာ္ေလး မူးေနၿပီထင္ပါတယ္။
"ကိုကို ျမန္ျမန္လုပ္ေနာ္ အေအးပတ္
မယ္ ေရပူနဲ႔ခ်ိဳး"
ေရခ်ိဳးခန္း အျပင္ဘက္ကေနပဲ
ေအာ္ေျပာခဲ့လိုက္ၿပီးဘီ႐ိုထဲကေန
သူေရခ်ိဳးၿပီးရင္ အဆင္သင့္၀တ္ရ
ေအာင္ အဝတ္အစားေတြကို သြား
ယူေပးလိုက္သည္။ အက်ႌလက္႐ွည္
တစ္ထည္နဲ႔ ေဘာင္းဘီအ႐ွည္တစ္
ထည္ကိုယူၿပီး ဘီ႐ိုကိုျပန္ပိတ္လိုက္
ခ်ိန္
ကိုကိုကလည္း ေရခ်ိဳးခန္းထဲကေန
ထြက္လာတာနဲ႔ကြက္တိပင္။
" ေအးတယ္"
" ေအးမွာေပါ့ ဒီအခ်ိန္ႀကီးေရခ်ိဳး
တာကို ဒီမွာအဝတ္အစား ျမန္ျမန္
ဝတ္လိုက္"
က်ေနာ္ကမ္းေပးလိုက္တဲ့ အ၀တ္
အစားေတြကိုယူၿပီးသူက တဘတ္နဲ႔
ေရေတြကိုသုတ္ကာ အက်ႌလက္႐ွည္ကို
အရင္ဝတ္လိုက္သည္။ ၿပီးတာနဲ႔
ေအာက္ပိုင္းကို သဘတ္ပတ္ထား
လ်က္ပင္ အထဲကေနေဘာင္းဘီ႐ွည္
ကိုစြပ္ထည့္၍ ၀တ္ေနခ်ိန္ ဘာရယ္
မဟုတ္က်ေနာ္မ်က္ႏွာလႊဲလိုက္မိသည္။
သူေဘာင္းဘီ၀တ္လို႔ၿပီးသြားေတာ့
မ်က္ႏွာကိုျပန္လွည့္ကာ သဘတ္ေတြ
ကိုယူၿပီး ကိုကို႔အနားကပ္လ်က္ အက်ႌၾကယ္သီးေတြ မတပ္ရေသးသည္မို႔
ေအာက္ဆုံးၾကယ္သီးကေနစၿပီး တပ္ေပးလိုက္ရသည္။ တကယ္ပါပဲ။ ဘာစိတ္ကူးေပါက္ၿပီး ညႀကီးမင္းႀကီး
ေရထခ်ိဳးရတာလဲ။
ကိုကိုက ၿငိမ္သက္စြာပဲေနေနၿပီး
ထိပ္ဆုံးၾကယ္သီးတစ္လုံးကို တပ္လိူ႕
အၿပီး သူ႕မ်က္ႏွာကိုေမာ့ၾကည့္လိုက္ေတာ့
ကိုကိုက က်ေနာ္႕ကိုစူးစိုက္ၾကည့္
ေနၿပီး အနားကပ္ကာေခါင္းငုံ႔လာ
လ်က္က်ေနာ္ရဲ႕ဘယ္ဘက္ပါးကို
နစ္ဝင္သြားသည္အထိ နမ္းလိုက္သည္။
က်ေနာ္သူ႕ကို စကားေျပာဖို႔ ျပင္လိုက္
ခ်ိန္မွာပဲ ေနာက္ထပ္ညာဘက္ပါးဆီကို
သူ႕ႏႈတ္ခမ္းကဖိကပ္လို႔။
ကြၽန္ေတာ္႕မွာ မ်က္ႏွာေတြပူလာမိ
သလိုမ်ိဳးေျပာမည့္စကားေတြေတာင္
ေမ့ကုန္ၿပီး ႐ုတ္တရက္စဥ္းစားမရ
ျဖစ္သြားသည္အထိပင္။
"ဟိုဟာ ေနာက္ခါဒီအခ်ိန္ ေရမခ်ိဳး
နဲ႔ေနာ္ကိုကို"
ေရခ်ိဳးၿပီးခါစ သူ႕ဆံပင္ေတြကို
လက္နဲ႔ခါၿပီး သူ႕မ်က္ႏွာက အသာျပဳံးေနသည္။
"အမူးနည္းနည္း ေျပသြားၿပီ"
"အမူးေျပရေအာင္ ေရခ်ိဳးတာလား"
"အင္း"
ကိုကို႔ မ်က္ႏွာကအခုမွ အနည္းငယ္ျပန္လည္ ၾကည္လင္လာသည္။ခါ
တိုင္းလည္း ေသာက္တာမ်ားသြား
ရင္မူးေနတာမ်ိဳးေတြ႐ွိတာပဲ။ဒီေန႔မွ
ဘာျဖစ္လို႔ ဒီေလာက္ေတာင္မွ
ခ်က္ခ်င္းအမူးေျပခ်င္ေနရတာလဲ။ ရာသီဥတုက ေအးေနပီကို။
" ဒါကိုယ့္ အတြက္လား"
"အြန္း"
စားပြဲေပၚမွာတင္ထားတဲ့ သံပရာရည္
ကို ကိုယ္စစ္ေၾကာင္းက သြားယူေသာက္ေနသည္။
ကြၽန္ေတာ္လည္း အဝတ္အစားေတြ
လဲဖို႔ ဘီ႐ိုဆီ ျပန္ေလွ်ာက္လာၿပီး
ေအာက္ဆုံးအကန္႔ မွာထားထားတဲ့
ကြၽန္ေတာ္႕အဝတ္အစား ေတြအနည္း
ငယ္႐ွိေပမဲ့သူ႕အ၀တ္အစားေတြကိုပဲ
၀တ္ဖို႔ယူလိုက္သည္။
သူ႕အက်ႌနဲ႔ေဘာင္းဘီ တစ္စုံ
ကို ရင္ခြင္ထဲမွာ ပိုက္ၿပီး ဒီဘက္ျပန္
လွည့္လိုက္ေတာ့ ကိုစစ္ေၾကာင္းက
ကုတင္အေပၚမွာထိုင္ၿပီး ကြၽန္ေတာ္႕
ကိုေအးေအးေဆးေဆး ၾကည့္လို႔ေနေတာ့။
" ဟို က်ေနာ္လည္း အဝတ္အစားေတြ
လဲလိုက္ဦးမယ္"
"အင္း လဲေလ"
အ၀တ္အစားေတြကို ပိုက္ထားလ်က္
ပင္သူ႕ကို မ်က္ႏွာလႊဲၿပီး ေရခ်ိဳးခန္းထဲ အလ်င္အျမန္ ဝင္လာခဲ့လိုက္ရသည္။
ကိုကိုကေတာ့ ေအးေအးေဆးေဆး
ေပမဲ့ကြၽန္ေတာ္ကေတာ့ သူ႕ေ႐ွ႕မွာ အဝတ္အစားလဲဖို႔ ဘယ္လိုမွမဝံ့ရဲပါ။
ေရခ်ိဳးခန္းကမွန္ေ႐ွ႕မွာ ရပ္ရင္း
အက်ႌလည္ပင္းကို အနည္းငယ္ဆြဲခ်ကာၾကည့္လိုက္ေတာ့ ကိုကိုေပးထားသည့္ အသစ္စက္စက္ အနီေရာင္အမွတ္
အသားေတြကကြၽန္ေတာ္႕ ပခုံးသား
ေတြမွာ ေနရာယူလို႔ေနေတာ့သည္။
ေက်နပ္စြာပင္ျပဳံးမိရင္း အျမန္ပင္အဝတ္အစားလဲဖို႔ျပင္ရသည္။
ကြၽန္ေတာ္ ေရခ်ိဳးခန္းထဲဝင္တာ
နည္းနည္းအခ်ိန္ၾကာသြားတယ္။
သူမေစာင့္ႏိုင္ေတာ့ဘူးထင္ပါတယ္။
အ၀တ္ အစားလဲၿပီး ေရခ်ိဳးခန္းထဲ
ကေန ျပန္ထြက္လာေတာ့ ကိုကိုက
ကုတင္ေပၚမွာ ေစာင္ျခဳံၿပီးလွဲ
လို႔ေနေလၿပီ။ဒီေလာက္အေအးႀကိဳက္
တဲ့သူက အဲကြန္းေတာင္ပိတ္ထားၿပီး
ေရခ်ိဳးၿပီး ေအးေနလို႔ထင္ပါ့။
" ဘာျဖစ္လို႔ ဒီေလာက္ၾကာေနတာလဲ
ဒီကိုလာ"
သူျခဳံထားသည့္ေစာင္ကို ဟေပးၿပီး
က်ေနာ့္ကို လွမ္းေခၚေနသည္မို႔
စိတ္ေရာလူပါ အေျပးသြားၿပီးကုတင္
ေပၚတက္ကာကိုကို႔ ရင္ခြင္ထဲမွာ
၀င္ေနလိုက္ရသည္။
" အဝတ္အစားသြားလဲတာ ဘာျဖစ္လို႔
ဒီေလာက္ေတာင္ ၾကာေနတာလဲ"
" မ်က္ႏွာသစ္ေနတာ နည္းနည္း
ၾကာသြားတယ္"
" မ်က္ႏွာတစ္ခါသစ္တာ အရင္ကအဲဒီေလာက္ မၾကာပါဘူး။လက္ေတြက
ေအးစက္ေနတာပဲ ေရေတြဘယ္
ေလာက္ေတာင္ ကိုင္လာတာလဲ။
ကိုယ္ေတာင္ေႏြးသြားၿပီ"
ေအးစက္ေနတဲ့ ကြၽန္ေတာ္႕လက္ေတြ
ကို ေႏြးေနတဲ့သူ႕လက္ေတြနဲ႔ဆုပ္ကိုင္
ၿပီး အေႏြးဓာတ္ကိုကူးေစသည္။
ၿပီးတာနဲ႔ ကြၽန္ေတာ္႕ကို ေစာင္ပုံထဲ
ထည့္ၿပီး ေသခ်ာျခဳံေပးလ်က္
သူ႕ရင္ခြင္ထဲမွာ ဖက္ထားလ်က္ပင္။
" အိပ္ေတာ့ မနက္က်ရင္ အလုပ္
မေနာက္က်ရေအာင္ အိမ္ကိုေစာေစာ
ျပန္ပို႔ေပးမယ္"
"ကိုကို အိပ္ေတာ့မို႔လား"
"အင္း အိပ္ေတာ့ ေနာက္က်ေနၿပီ"
သူက ခပ္ေအးေအးပင္ျပန္ေျပာရင္း
က်ေနာ္ကိုဖက္ထားကာ မ်က္လုံး
ေတြမွိတ္လ်က္ အိပ္ဖို႔ျပင္ေနၿပီ။
မဟုတ္ဘူး တစ္ကယ္ႀကီးအိပ္ေနတာ။
သူ႕ရင္ခြင္ထဲက ေစာင္ပုံထဲကေန
ေခါင္းတိုးထြက္ကာ ေမာ့ၾကည့္မိရင္း
ကြၽန္ေတာ္႕မွာ ဘာဆက္ေျပာရမည္
မသိေတာ့ေအာင္ေပ။
ဘာလဲ လူကိုေျပာခ်င္သလိုေျပာထားၿပီး တကယ္ႀကီးအိပ္ေနပီလား။ ဒီအတိုင္း
မူးၿပီးေတာ့မ်ားေျပာလိုက္တာလား။
ဒါမွမဟုတ္ က်ေနာ္႕ကို အားနာေန
တာလား။
မ်က္လုံးေတြမွိတ္ထားတဲ့ သူရဲ႕
မ်က္ႏွာကို အေတာ္ၾကာသည္အထိ
အသံတိတ္ ေငးၾကည့္ေနမိရင္းနဲ႔ပဲ။
"ကိုကို"
"အင္း"
ကြၽန္ေတာ္႕လက္ေတြက ေစာင္ပုံထဲ
ကေနတစ္ျဖည္းျဖည္းဆီတိုးလ်က္
သူ႕အက်ႌကိုေယာင္ယမ္းၿပီး ဆုပ္ကိုင္
မိသြားသည္။
စကားတစ္ခြန္း ဆက္ေျပာဖို႔
ကိုေတာင္ မနည္းႀကိဳးစားေနရၿပီး
မ်က္ႏွာပူေနရသည့္စိတ္ကို ေျဖေဖ်ာက္
ေနရတာ သိပ္ေတာ့မလြယ္ကူ။
"ကိုကို"
"မအိပ္ေသးဘူးလား ေျပာေလ
ဘာေျပာဖို႔လဲ"
ကြၽန္ေတာ္႕ကို ပို၍တင္းက်ပ္စြာဖက္
လာၿပီး စကားျပန္ေျပာလာေပမယ့္
မ်က္လုံးေတြကေတာ့ မဖြင့္လာ။
သူ႕အက်ႌကိုဆုပ္ကိုင္ထားတဲ့
ကြၽန္ေတာ္႕လက္သီးဆုပ္က ပို၍
တင္းက်ပ္သြားၿပီး စိတ္ဆုံးျဖတ္ကာ မ်က္လုံးစုံမွိတ္ခ်လိုက္သည္။
" တစ္ခါတစ္ေလ အလုပ္ေနာက္က်လဲ
ျဖစ္ပါတယ္"
မတိုးမက်ယ္ ခပ္ျပတ္ျပတ္ေျပာလိုက္
သည့္ ကြၽန္ေတာ္႕ရဲ႕ အသံေနာက္မွာ
သူမ်က္လုံးေတြပြင့္လာသည္။
တစ္ခဏအၾကာ ကြၽန္ေတာ္႕ကို
ဖက္ထားရာကေနပါ ဖယ္လိုက္ၿပီး
လက္တစ္ဖက္ေထာက္ကာ ကြၽန္ေတာ္႕
ကိုငုံ႔မိုးၾကည့္လာေတာ့ ကိုကို႔ မ်က္ႏွာ
ကိုမၾကည့္ရဲေတာ့ပဲ ဒီတစ္ခါအသံ
တိတ္သြားရသည္က ကြၽန္ေတာ္ပင္။
အခန္းထဲမွာ ညမီးအလင္းေရာင္
သာ ထြန္းထားၿပီး ပတ္ဝန္းက်င္တစ္ခြင္ ပကတိတိတ္ဆိတ္ေနေပမယ့္ ကြၽန္ေတာ္႕ရင္ခုန္သံေတြကေတာ့ ကိုယ္တိုင္ျပန္
ၾကားရေလာက္တဲ့အထိ ဝုန္းဒိုင္းႀကဲေနသည္။
ကိုကိုက တစ္ခဏၾကာသည္အထိ
စကားမေျပာပဲကြၽန္ေတာ္႕ မ်က္ႏွာကို
သာ စူးစိုက္ၾကည့္ေနေတာ့ ကြၽန္ေတာ္
ဘာမွဆက္မေျပာရဲေတာ့။
" ေအးေအးေဆးေဆး ေပးအိပ္ေနတာ
ကို မအိပ္ဘဲနဲ႔ဘာျဖစ္ခ်င္ေနတာလဲ"
မ်က္ႏွာတည္ေနလ်က္ ကြၽန္ေတာ္႕ပါးတစ္ဖက္ကို သူ႕လက္နဲ႔ခပ္ဖြဖြပြတ္သပ္
လာတဲ့အထိအေတြ႕။
" ကိုယ္ေမးေနတယ္ေလ ၀န္း"
သူနဲ႔ မ်က္လုံးခ်င္းဆုံတဲ့အခ်ိန္ စကား
တစ္ခြန္းထြက္ဖို႔ကိုေတာင္ မ်က္ႏွာပူ
လြန္းစြာနဲ႔ ႀကိဳးစားယူရသည္။
" ကားေပၚမွာတုန္းက"
"အင္း ဘာျဖစ္လို႔လဲ ကားေပၚမွာ"
ကြၽန္ေတာ္႕မ်က္ႏွာအနားပို၍ကပ္ကာ
ငုံ႔မိုးလ်က္ ပါးျပင္ကိုတစ္ဖြဖြ ပြတ္သပ္
ေနလ်က္ပင္။သူဘာျဖစ္ေနတာလဲ
ဒီေနရာမွာ ကြၽန္ေတာ္မကြၽမ္းက်င္မွန္း
သိရက္နဲ႔ က်ေနာ့္ဘက္က အရင္စတာကို
လိုခ်င္ေနတာလား။
"ဆက္ေျပာေလ မင္းေျပာမွ
ကိုယ္သိမွာေပါ့"
သူ႕မ်က္ႏွာကိုၾကည့္ၿပီး ဆက္ေျပာဖို႔
ေတာ့ဘယ္လိုမွမရဲတာမို႔ သူျခဳံထား
ေပးသည့္ေစာင္ကို ေခါင္းထိဆြဲတင္ၿပီး ကိုယ့္မ်က္ႏွာကိုယ္ ေစာင္ေအာက္မွာ
ဖုံးလိုက္မိသည္။
"ကားေပၚမွာ... မ မလြတ္လပ္....
အခန္းထဲသြားမယ္ဆို"
"အင္း အဲ့ဒီေတာ့"
" ကိုကို....လိုခ်င္တယ္ဆိုရင္"
" ကိုယ္လိုခ်င္တယ္ဆိုရင္ ဘာျဖစ္လဲ"
ကြၽန္ေတာ္႕မွာ ဘာဆက္ေျပာရေတာ့
မည္ဆိုတာ ဘယ္လိုမွမသိေတာ့ေပ။
ဒီေလာက္ထိ အရဲစြန္႔ၿပီးသူ႕အတြက္
ေျပာေနရတာေတာင္မွ မ်က္ႏွာပူလြန္းလို႔ ကြၽန္ေတာ္ရဲ႕limitကိုေက်ာ္ေနၿပီ။
ကြၽန္ေတာ္ ဒီေလာက္ေျပာေပးေန
တာေတာင္မွ သူဘာျဖစ္လို႔မသိခ်င္
ေယာင္ေဆာင္ ေနတာလဲ။
စိတ္ထဲနည္းနည္းမသကၤာ ျဖစ္လာတာ
မို႔ မ်က္ႏွာကိုဖုံးထားသည့္ေစာင္ကို
မ်က္လုံးႏွစ္လုံးေပၚသည္အထိပဲ
လက္ႏွစ္ဖက္နဲ႔ ေျဖးေျဖးစီဆြဲခ်ရင္း
ခိုးၾကည့္လိုက္ေတာ့ အသံမထြက္ေအာင္ႀကိတ္ရယ္ေနသည့္ မ်က္ႏွာႀကီးကို
ေတြ႕လိုက္ရသည္။
"ကိုကို ကိုကို႔"
ကြၽန္ေတာ္႕မ်က္ႏွာကိုၾကည့္ၿပီး သေဘာ
တစ္က်နဲ႔ သူရယ္ေနတာမွ ႏွစ္ႏွစ္
ၿခိဳက္ၿခိဳက္ပင္။
" ကိုယ္ေျပာခ်င္တာက ကားေပၚမွာ
ဘယ္လိုလုပ္ၿပီး လြတ္လြတ္လပ္လပ္
အိပ္လို႔ရမွာလဲ အခန္းထဲေရာက္မွ
ကုတင္ေပၚမွာ က်ယ္က်ယ္ဝန္း၀န္းေလး အားရပါးရ ဖက္ၿပီးေတာ့ အိပ္လို႔
ရမွာေပါ့။အဲ့ဒါကိုေျပာတာေလ
ကေလးက ဘာေတြလိုက္ေတြးေနတာလဲ"
"ကိုစစ္ေၾကာင္း ခင္ဗ်ား"
ေဒါသထြက္သည့္စိတ္ထက္ မ်က္ႏွာ
ေတြနီရဲတက္လာေလာက္ေအာင္အထိ
႐ွက္သည့္စိတ္က ပိုေနတာမို႔ လုပ္မိလုပ္
ရာနဲ႔ပဲ သူ႕လက္ေမာင္းကို ထု႐ိုက္လိုက္မိသည္။ကြၽန္ေတာ္က သူ႕လက္ေမာင္း
ကိုထု႐ိုက္ေနေသာ္လည္း ပန္းနဲ႔ေပါက္
ေနသည့္အလားကြၽန္ေတာ္႕ ႐ွက္ေန
သည္ကို ရယ္၍မၿပီးႏိုင္ေတာ့ဘဲ
ေတာ္ေတာ္ေလးသေဘာက်ေနသည္။
ကြၽန္ေတာ္႕ကို စလိုက္ရတာ ေတာ္ေတာ္
ေပ်ာ္ေနတယ္ထင္ပါ့။
ကိုကို႔ အျပဳံးေတြကိုေတြ႕ရေတာ့လည္း
သူ႕ လက္ေမာင္းတစ္ဖက္ကို ထု႐ိုက္ေန
တဲ့ကြၽန္ေတာ္႕ လက္ေတြရပ္တန္႔သြားရ
သည္။
စိတ္ဆိုးခ်င္ေပမယ့္လည္း ေယာက်္ား
ေလးတန္မဲ့ ႐ွက္ေနရေပမဲ့လည္း
မ်က္ႏွာမလႊဲႏိုင္ေတာ့ပါဘူး။
" ကြၽန္ေတာ္႕ကို စလိုက္ရတာ ခင္ဗ်ား
ေတာ္ေတာ္ ေပ်ာ္ေနလား"
" စတာမဟုတ္ဘူး ၾကည္စားတာ"
" အဲဒါအတူတူပဲေပါ့လို႔"
ျပဳံးရယ္ေနလ်က္ပင္
ကြၽန္ေတာ္႕ ဆံပင္ေတြကိုသူက ခပ္ၾကမ္းၾကမ္းဆြဲဖြလိုက္သည္။
" ကိုယ့္ကို စိတ္မဆိုးဘူးလား"
" မဆိုးပါဘူး"
နီးကပ္ေနတဲ့ အေနအထားမွာစကားသံ
ေတြတိတ္ဆိတ္သြားလ်က္
တစ္ေယာက္နဲ႔တစ္ေယာက္ အၾကည့္ခ်င္း
ဆုံေနလ်က္ပင္ ကြၽန္ေတာ္႕ ရင္ခုန္သံ
ေတြက မ်ားစြာမၿငိမ္မသက္ျဖစ္ေနရ
သည္မွာ။
အရင္ကကြၽန္ေတာ္ဆိုရင္ေတာ့ စိတ္ဆိုး
မွာအေသအခ်ာပဲ။ကိုကိုက က်ေနာ္ကိုစိတ္ဆိုးေစခ်င္လို႔လား။စိတ္ဆိုးတယ္
ဆိုရင္ ကိုကိုက ေခ်ာ့မလို႔လား။
တစ္ခဏအၾကာသူက ကြၽန္ေတာ္႕ကို
ငုံ႔မိုးေနရာမွ အၾကည့္လႊဲလိုက္ၿပီး
ေစာင္ကိုက်ေနာ့္လည္ပင္းအထိဖုံးေအာင္
ျပန္လည္ ျခဳံေပးလာသည္။
" အရမ္းအသည္းယားစရာ ေကာင္းေန
လို႔ အခုစလိုက္ရင္ ေတာ္႐ုံနဲ႔ရပ္ႏိုင္ေတာ့
မယ္မထင္ဘူး။ကားေပၚကဆင္းထဲက
ခ်မ္းတယ္လို႔ေအာ္ေနၿပီးေတာ့ အဝတ္
ေတြကို ဖယ္ေစခ်င္လို႔လား"
ကြၽန္ေတာ္႕နဖူးက ျမတ္ျမတ္ႏိုးႏိုးနဲ႔
ႏူးညံ့စြာအနမ္းေပးလာသည့္ သူႏႈတ္ခမ္းေၾကာင့္ ေႏြးခနဲပင္။
"ၿပီးေတာ့ ေမြးေန႔မွာပင္ပန္းေအာင္
လုပ္ဖို႔ စိတ္ကူးမ႐ွိဘူး။အဲ့ဒါေၾကာင့္
ကိုယ့္အတြက္ပဲစဥ္းစားမေနပဲနဲ႔ အိပ္ေပ်ာ္
ေအာင္ အိပ္ေတာ့"
သူဘာျဖစ္လို႔ ေရခ်ိဳးလိုက္လဲဆိုတာ
ကြၽန္ေတာ္ ေသခ်ာသိသြားၿပီ။
ေစာင္ကိုေသခ်ာျခဳံေပးၿပီး နဖူးကို
အနမ္းတခ်က္ေပးကာ အိပ္ခိုင္း
ေနသူကိုၿငိမ္ၿငိမ္သက္သက္ ၾကည့္
ရင္း ရင္ထဲမွာ တစ္သိမ့္သိမ့္နဲ႔
ခံစားမိရင္း
ကိုကိုက ကြၽန္ေတာ္႕အေပၚ အႏိုင္ယူလို
စိတ္မ႐ွိဘဲ အရင္ကထက္ပင္ပို၍
ေႏြးေထြးဆဲ ေႏြးေထြးၿမဲ။
အဘက္ဘက္က မျပည့္စုံတာေတြ
မ်ားတဲ့ကြၽန္ေတာ္႕ကို သူက ျပည့္ျပည့္
စုံစုံခ်စ္ေပးေနဆဲပင္။
"ကိုစစ္ေၾကာင္း"
"အင္း"
"ကြၽန္ေတာ္႕ ေ႐ွ႕မွာပဲ ခဏကလိုအျပဳံး
မ်ိဳးနဲ႔ျပဳံးေနာ္"
သူ႕လည္ပင္းကို ကြၽန္ေတာ္႕လက္ႏွစ္ဖက္နဲ႔တြယ္ခ်ိတ္လိုက္ၿပီး မ်က္ႏွာႏွစ္ခုကိုပို၍နီးကပ္ေစကာ။
" ကြၽန္ေတာ္ကလြဲၿပီး တစ္ျခားသူေတြ
ကိုကို႔ကိုေငးၾကည့္မွာကို မလိုခ်င္လို႔။
ကိုကို႔အျပဳံးေတြကို ကြၽန္ေတာ္တေယာက္တည္း အပိုင္သိမ္းထားခ်င္လို႔"
စကားဆုံးတာနဲ႔ ကိုကို႔ေခါင္းကို ဆြဲခ်
လိုက္ၿပီး ႏႈတ္ခမ္းေတြကိုထိေတြ႕ေစ
လိုက္လ်က္ ကြၽန္ေတာ္ေက်နပ္သည္
အထိ အနမ္းေပးၿပီးမွကိုကို႔ကို လႊတ္
ေပးလိုက္သည္။
ဒီႏွစ္ေဆာင္းတြင္းက ဘယ္ေလာက္ပဲ
အခ်မ္းဓါတ္ပိုေနပါေစ တင္းက်ပ္စြာ
ဖက္ထားေပးတဲ့ တစ္စုံတစ္ေယာက္ရဲ႕
ရင္ခြင္ထဲမွာ ကြၽန္ေတာ္ကေတာ့ အပူ
အပင္ကင္းစြာနဲ႔ ေႏြးေႏြးေထြးေထြး
အိပ္စက္ အနားယူႏိုင္တယ္ေလ။
သူကကြၽန္ေတာ္႕ရဲ႕ စိုးရိမ္စိတ္ေတြ စိတ္
မလုံျခဳံမႈေတြကို ေျဖေဖ်ာက္ေပးႏိုင္တဲ့
ကြၽန္ေတာ္႕ရဲ႕ ေသာကကင္းမဲ့ဇုန္။
7.1.23
8:19PM
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••