LOVE, BEAUTY AND DEATH/JAYWON/

By thaw_thaw_bhone

1.5K 196 57

-JAYWON- More

🌼
1
2
3
5
6
7
8

4

92 22 12
By thaw_thaw_bhone

Unicode

"ဒုမင်းသားပျောက်နေတဲ့ကိစ္စကိုဘယ်လိုလုပ်ကြမှာလဲ"

ဒေါသထွက်နေတဲ့ မင်းကြီးရဲ့လေသံက ငြိမ်သက်နေတဲ့ ကျားတစ်ကောင်ကိုတောင် တုန်လှုပ်စေနိုင်စွမ်း ရှိလောက်မည်ထင်၏။

"ကျွန်တော်တို့ရှာနေပါတယ် မင်းကြီး"

"မင်းတို့ရှာနေတယ်ဟုတ်လား? ဘာကိုရှာတာလဲ ရက်သတ္တတစ်ပတ်တောင်ကျော်လာခဲ့ပြီး သတင်းအစအနတောင်မရသေးဘူးမလား စိတ်ပျက်ဖို့ကောင်းလိုက်တာ"

"ကျွန်တော်တို့လည်းရှာ...."

"တိတ်ကြစမ်း!!!!!!!"

မှူးမတ်တို့နဲ့ရဲ့တုန်လှုပ်နေတဲ့အသံတွေက မင်းကြီးရဲ့ဒေါသမာန်အပြည့်ပါတဲ့အသံအောက် ပြားပြား၀ပ်ကုန်ကြ၏။

"ခမည်းတော်"

ဆိုးရွားလှတဲ့အခြေအနေ မစတင်ခင်မှာ ရှောက်ရှိလာတဲ့ အိမ်ရှေ့စံမင်းသားကိုတော့ မင်းကြီးကလွဲ အားလုံးက ကျေးဇူးတင်နေကြသည်။

"အိမ်ရှေ့စံ ညီတော်ရဲ့သတင်းဘာကြားသလဲ"

"ကျွန်တော်နဲ့‌နှစ်ယောက်ထဲပြောရအောင်ပါ"

"ကောင်းပြီ အကုန်ထွက်သွားကြ"

အားလုံးထွက်သွားတော့မှ အိမ်ရှေ့စံမင်းသားက မင်းကြီးရဲ့အနားကိုလျှောက်လှမ်းလာသည်။

"သားတော်က ဘာပြောချင်လို့လဲ"

"ဒုမင်းသားကို ခနလောက်လွှတ်ထားပေးပါ"

"ဟမ်"

"သူကထွက်ပြေးသွားတာမဟုတ်ပါဘူး ခမည်းတော် ဒီတိုင်း အပြင်လောကကြီးကိုသိချင်ရုံပါ"

"ဒါဆိုလည်းပြောသွားလို့ရ...."

"သူ့ရဲ့ကိုယ်ပိုင်အစွမ်းအစကို သိမြင်လာဖို့အတွက် သူကြိုးစားချင်နေတာ လွှတ်ထားပေးလိုက်ပါ"

"ဒါပေမယ့် ဟိုအကြောင်းသိသွားရင်ဘယ်လိုလုပ်ပါ့မလဲ"

"သိတော့လည်း လက်ခံရမှာပေါ့ အမုန်းတရားတွေ ထားနေတာက စိတ်ညစ်ဖွယ်ရာကောင်းပါတယ် သူ့နည်းသူ့ဟန်နဲ့ဖြေရှင်းပါလိမ့်မယ် ယုံကြည်ပေးလိုက်ရအောင်"

အိမ်ရှေ့စံကထိုသို့ပြောတော့ မင်းကြီးကသက်ပြင်းတစ်ချက်ချသည်။

"အင်းလေ......ခမည်းတော်လွှတ်ထားမပေးနိုင်ပေမယ့် စောင့်ကြည့်တာပေါ့"

"ကျေးဇူးကြီးမားလှပါတယ်"

_______

"မိတ်ဆွေ.... Jungwonရော"

"သူ နေ့လည်စာအတွက်ပြင်ဆင်နေတယ်"

"မင်းက မကူညီပေးဘူးလား"

"ငါကူညီဖို့လိုတာလား"

"အိုး သူများအိမ်မှာ အခန့်အသင့်လေးနေပြီး သူများချက်ကြွေးတာကိုစားနေတာပဲ ငါသာဆိုရင်တစ်ရက်တောင်မထားချင်ဘူး"

Sunooက ခနဲ့သလိုပြောပြီး သူ့သူငယ်ချင်းရှိရာ မီးဖိုဆောင်သို့ ၀င်သွား၏။

အခုလို တစ်ပတ်ကျော်လောက်အတူနေအပြီးမှာ Jayက Jungwonအကြောင်း အများကြီးသိလာရသည်။ ပြီးတော့သူ့ကိုတစ်ခုခုဖုံးကွယ်ထားတာကိုလည်း သိတယ်။ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက သူ့ကိုထိခိုက်အောင်မလုပ်ဟု ယုံကြည်နေတာကြောင့်.....အမှန်တိုင်း၀န်ခံရရင် သူဟာ ဒီတစိမ်းယောကျာ်းအပေါ် သံယောစဉ်ရှိနေသည်။ ညီလေးတစ်ယောက်လို ဒါမှမဟုတ် အဲ့ထက်လည်း ပိုရင်ပိုနိုင်သည်။

"မင်းက သူစားဖို့ဘာလို့များချက်ပြုတ်ပေးနေတာလဲ တကယ်ဆိုရင် သူကမင်းဆီမှာ အလကားနေ နေတာလေ"

"ဘာပဲဖြစ်ဖြစ် ဒီလောက်လေးကအပန်းမကြီးပါဘူး"

"ငါတော့ ဒီလူကိုသဘောမကျပါဘူး"

Sunoo က မျက်နှာကိုမဲ့ပစ်လိုက်ရင်းပြောတော့ Jungwon က နှုတ်ခမ်းပါးတို့ကိုကွေးညွတ်ကာပြုံးလိုက်သည်။

"ကျွန်တော်ကတော့သဘောကျတယ်"

Jungwonက စိတ်ကူးယဉ်သလိုတွေးဆကာပြောလာတော့ Sunooသူ့ရဲ့မျက်နှာကို နှစ်ဆပိုမဲ့လိုက်ပြီး မယုံသလိုကြည့်လိုက်သည်။

"ဘာဖြစ်တယ်"

"ဘာလဲ...ဒီတိုင်း ပုံစံကိုသဘောကျရုံပါပဲ"

"ဟင်း ငါတော့ရင်လေးတယ် တစ်ခုခုဖြစ်သွားမှာကို မစိုးရိမ်ဘူးလားဟမ်"

"ဘာမှစိုးရိမ်စရာမရှိပါဘူး အကိုရယ်"

Sunooက သက်ပြင်းရှည်တစ်ချက်ကိုချကာ လှည့်ထွက်လာသည်။ ဘယ်လိုပြောပြောလဲ သူက ကောင်းတယ်ပဲသတ်မှတ်ထားမှတော့ နား၀င်မည်မဟုတ်တော့ပေ။

"ကျွန်တော်ဟာ အရှင့်ကိုအစောကြီးထဲက နှစ်သက်သဘောကျနေခဲ့တာမို့ ဘယ်လိုလုပ်ရပါ့ အကိုရယ်"

.............

ဒီနှစ်ရဲ့ နွေရာသီက လွန်ခဲ့တဲ့နှစ်တွေထက် ပိုအဓိပ္ပာယ်ရှိတယ်လို့ Jungwonတွေးနေမိတယ်။ ဒါဟာ မင်းသားJayကြောင့်ပဲလား ပိုပြီးလတ်ဆတ်နေတဲ့ဂျုံခင်းရနံ့ကြောင်းလားတော့မသိပါဘူး။ ဒေစီခင်း‌ကလည်းလှလှပပလေးပွင့်နေပြီမို့ ဒီထက်ကောင်းတာဘာရှိတော့မလဲ။ ပြီးတော့အဲ့ဒေစီတွေကို သူနဲ့အတူ ပျိုးထောင်သူက မင်းသားလေ။ မင်းသားမသိအောင် မှော်အစွမ်းတွေခိုးသုံးရတာကလဲ ရင်ခုန်စရာကောင်းပြီး တိတ်တခိုးချစ်နေရတာကလည်း ရင်ခုန်စရာကောင်းတယ်။ သူကတကယ်အံ့အြဖို့ကောင်းလွန်းတယ်။ မင်းသားနဲ့ပတ်သတ်လာရင်ဘာလို့များ ခုလိုဖြစ်နေရတာလဲမသိတော့ပါဘူး။ ဒါကလူတွေပြောနေကြတဲ့ အသက်ထက်အောင်ချစ်တယ်ဆိုတာမျိုးပဲဖြစ်မယ်ထင်ပါတယ်။

"Jungwon...."

ညင်ညင်သာသာခေါ်လိုက်တဲ့ ထိုအသံနောက်မှာ နွေးထွေးမှုများ တစိုးတစပါ၀င်သည်။ မင်းသားက သူ့အပေါ်ဆို သိပ်ကြင်နာလွန်းနေတာ နှစ်သက်ပေမယ့် အတုအယောင်တွေသာဖြစ်နေခဲ့ရင် ဘယ်လိုလုပ်ရပါ့။

"ဟုတ်ကဲ့အရှင်...."

"အရှင်လို့မခေါ်လဲရပါတယ်ဆိုကွာ"

"မဟုတ်တာပဲ ကျွန်တော်က...."

"ထပ်ပြီးမသင့်တော်ပြန်ဘူးမလား"

"တောင်းပန်ပါတယ်"

"ဒီနေ့ အပြင်ကိုလမ်းလျှောက်ထွက်မလား"

"ဘယ်ကိုလဲ"

"မင်းစိုက်ထားတဲ့ ဒေစီပန်းတွေပွင့်နေပြီလေ အဲ့ကိုသွားရအောင်လား?"

"အရှင့်သဘောပါပဲ"

သာယာတဲ့နေ့လည်ခင်းလေးကိုဖြတ်သန်းပြီး မှောင်ရီပျိုးတဲ့ ညနေခင်းအချိန်မှာ အိပ်အပြင်ဘက်သို့ ထွက်လာကြသည်။

ငှက်ငယ်တို့ရဲ့အိပ်တန်းတက်ချိန်မို့ အုပ်လိုက်ပျံသန်းနေကြပုံက သိပ်ကိုလှပသည်။ လေစိမ်းတွေတိုက်နေပါသော်လည်း ချမ်းစိမ့်မနေတာဟာ နှလုံးသားရဲ့အနွေးဓာတ်ကြောင့်ပင်ဖြစ်ဟန်တူပါသည်။

ဒေစီပန်းခင်းကြီးက ဖြူဖွေးလို့လှပလွန်းသည်။ လတ်ဆတ်တဲ့ဂျုံနံ့တွေကိုပျောက်ကွယ်စေနိုင်တဲ့အထိ ဤပန်းတို့ကမွှေးသည်။

ပန်းခင်းထဲမယ် လိပ်ပြာများနဲ့ဆော့ကစားနေသော ဖြူလွှလွှပုံရိပ်ကို Jayကထပ်ကာတလဲလဲ ကြည့်နေမိသည်။ အခုချိန်မှာပန်းတွေထက်ဒါကပိုပြီး လှပနေသလိုပါပဲရယ်။

ဒေစီပန်းတစ်ပွင့်ကို သူခူးလိုက်တယ်။ ပြီးတော့ သူ့ရဲ့မျက်လုံးတွေနဲ့ Jungwonရဲ့ မျက်လုံးလှလှတွေကိုဆုံစည်းလိုက်တယ်။ ဒေစီပန်းလေးကို အမြတ်တနိုးနမ်းရှိုက်လိုက်ပြီး Jungwonကိုဖြေးညင်းစွာလှမ်းပေးလိုက်တယ်။

အဲ့နေ့ရဲ့ညမှာ သူရဲ့မှတ်စုစာအုပ်ငယ်ထဲ စာကြောင်းတစ်ချို့ကိုရေးခြစ်လိုက်တယ်။

ဒေစီဖြူတွေကိုနမ်းရှိုက်ရင်း
ရိုးသားစွာ၀န်ခံရမည်ဆိုလျှင်တော့ဖြင့်
ကျွန်ုပ်သည် တစ်စုံတစ်ယောက်အား ရင်ခုန်မိနေပြီးဖြစ်သည်။

______________________________________

အကြာကြီးပျောက်သွားမိလို့အများကြီးတောင်းပန်ပါတယ်။ ဒီကြားထဲ ကိစ္စတွေအများကြီးဖြစ်သွားခဲ့တာမို့ပါ။

အချစ်ရေးလဲအဆင်မပြေ၊ မိသားစုကလဲ အပို၀ယ်ထားတဲ့မြေကွက်တွေနဲ့အိမ်ဆောက်ထားတာတွေ အဖျက်ခံလိုက်ရပါတယ် အများကြီးစိတ်အဆင်မပြေသွားလို့ ဘာမှမရေးဖြစ်တော့တာပါ။ အစက လုံးဝမရေးတော့ဖို့စဉ်းစားမိပေမယ့် အခုတော့ စိတ်သက်သာအောင်လုပ်နေတာမို့ အကောင်းဆုံးကြိုးစားသွားပါ့မယ်။

ကျန်းမာရေးဂရုစိုက်ကြပါဗျာ့။ သတိလဲထားပြီးနေကြပါ။ အစစအရာရာဂရုစိုက်ကြပါနော်။♡

-ttb-
#tbc

ZawGyi

"ဒုမင္းသားေပ်ာက္ေနတဲ့ကိစၥကိုဘယ္လိုလုပ္ၾကမွာလဲ"

ေဒါသထြက္ေနတဲ့ မင္းႀကီးရဲ့ေလသံက ၿငိမ္သက္ေနတဲ့ က်ားတစ္ေကာင္ကိုေတာင္ တုန္လႈပ္ေစႏိုင္စြမ္း ရိွေလာက္မည္ထင္၏။

"ကြၽန္ေတာ္တို႔ရွာေနပါတယ္ မင္းႀကီး"

"မင္းတို႔ရွာေနတယ္ဟုတ္လား? ဘာကိုရွာတာလဲ ရက္သတၲတစ္ပတ္ေတာင္ေက်ာ္လာခဲ့ၿပီး သတင္းအစအနေတာင္မရေသးဘူးမလား စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ"

"ကြၽန္ေတာ္တို႔လည္းရွာ...."

"တိတ္ၾကစမ္း!!!!!!!"

မွဴးမတ္တို႔နဲ႔ရဲ့တုန္လႈပ္ေနတဲ့အသံေတြက မင္းႀကီးရဲ့ေဒါသမာန္အျပၫ့္ပါတဲ့အသံေအာက္ ျပားျပား၀ပ္ကုန္ၾက၏။

"ခမည္းေတာ္"

ဆိုးရြားလွတဲ့အေျခအေန မစတင္ခင္မွာ ေရွာက္ရိွလာတဲ့ အိမ္ေရ႔ွစံမင္းသားကိုေတာ့ မင္းႀကီးကလြဲ အားလံုးက ေက်းဇူးတင္ေနၾကသည္။

"အိမ္ေရ႔ွစံ ညီေတာ္ရဲ့သတင္းဘာၾကားသလဲ"

"ကြၽန္ေတာ္နဲ႔‌ႏွစ္ေယာက္ထဲေျပာရေအာင္ပါ"

"ေကာင္းၿပီ အကုန္ထြက္သြားၾက"

အားလံုးထြက္သြားေတာ့မွ အိမ္ေရ႔ွစံမင္းသားက မင္းႀကီးရဲ့အနားကိုေလ်ွာက္လွမ္းလာသည္။

"သားေတာ္က ဘာေျပာခ်င္လို႔လဲ"

"ဒုမင္းသားကို ခနေလာက္လႊတ္ထားေပးပါ"

"ဟမ္"

"သူကထြက္ေျပးသြားတာမဟုတ္ပါဘူး ခမည္းေတာ္ ဒီတိုင္း အျပင္ေလာကႀကီးကိုသိခ်င္ရံုပါ"

"ဒါဆိုလည္းေျပာသြားလို႔ရ...."

"သူ႔ရဲ့ကိုယ္ပိုင္အစြမ္းအစကို သိျမင္လာဖို႔အတြက္ သူႀကိဳးစားခ်င္ေနတာ လႊတ္ထားေပးလိုက္ပါ"

"ဒါေပမယ့္ ဟိုအေၾကာင္းသိသြားရင္ဘယ္လိုလုပ္ပါ့မလဲ"

"သိေတာ့လည္း လက္ခံရမွာေပါ့ အမုန္းတရားေတြ ထားေနတာက စိတ္ညစ္ဖြယ္ရာေကာင္းပါတယ္ သူ႔နည္းသူ႔ဟန္နဲ႔ေျဖရွင္းပါလိမ့္မယ္ ယံုၾကည္ေပးလိုက္ရေအာင္"

အိမ္ေရ႔ွစံကထိုသို႔ေျပာေတာ့ မင္းႀကီးကသက္ျပင္းတစ္ခ်က္ခ်သည္။

"အင္းေလ......ခမည္းေတာ္လႊတ္ထားမေပးႏိုင္ေပမယ့္ ေစာင့္ၾကၫ့္တာေပါ့"

"ေက်းဇူးႀကီးမားလွပါတယ္"

___

"မိတ္ေဆြ.... Jungwonေရာ"

"သူ ေန့လည္စာအတြက္ျပင္ဆင္ေနတယ္"

"မင္းက မကူညီေပးဘူးလား"

"ငါကူညီဖို႔လိုတာလား"

"အိုး သူမ်ားအိမ္မွာ အခန႔္အသင့္ေလးေနၿပီး သူမ်ားခ်က္ေႂကြးတာကိုစားေနတာပဲ ငါသာဆိုရင္တစ္ရက္ေတာင္မထားခ်င္ဘူး"

Sunooက ခနဲ႔သလိုေျပာၿပီး သူ႔သူငယ္ခ်င္းရိွရာ မီးဖိုေဆာင္သို႔ ၀င္သြား၏။

အခုလို တစ္ပတ္ေက်ာ္ေလာက္အတူေနအၿပီးမွာ Jayက Jungwonအေၾကာင္း အမ်ားႀကီးသိလာရသည္။ ၿပီးေတာ့သူ႔ကိုတစ္ခုခုဖံုးကြယ္ထားတာကိုလည္း သိတယ္။ ဘာပဲျဖစ္ျဖစ္ ဒီေကာင္ေလးက သူ႔ကိုထိခိုက္ေအာင္မလုပ္ဟု ယံုၾကည္ေနတာေၾကာင့္.....အမွန္တိုင္း၀န္ခံရရင္ သူဟာ ဒီတစိမ္းေယာက်ာ္းအေပၚ သံေယာစဉ္ရိွေနသည္။ ညီေလးတစ္ေယာက္လို ဒါမွမဟုတ္ အဲ့ထက္လည္း ပိုရင္ပိုႏိုင္သည္။

"မင္းက သူစားဖို႔ဘာလို႔မ်ားခ်က္ျပဳတ္ေပးေနတာလဲ တကယ္ဆိုရင္ သူကမင္းဆီမွာ အလကားေန ေနတာေလ"

"ဘာပဲျဖစ္ျဖစ္ ဒီေလာက္ေလးကအပန္းမႀကီးပါဘူး"

"ငါေတာ့ ဒီလူကိုသေဘာမက်ပါဘူး"

Sunoo က မ်က္ႏွာကိုမဲ့ပစ္လိုက္ရင္းေျပာေတာ့ Jungwon က ႏႈတ္ခမ္းပါးတို႔ကိုေကြးၫြတ္ကာၿပံဳးလိုက္သည္။

"ကြၽန္ေတာ္ကေတာ့သေဘာက်တယ္"

Jungwonက စိတ္ကူးယဉ္သလိုေတြးဆကာေျပာလာေတာ့ Sunooသူ႔ရဲ့မ်က္ႏွာကို ႏွစ္ဆပိုမဲ့လိုက္ၿပီး မယံုသလိုၾကၫ့္လိုက္သည္။

"ဘာျဖစ္တယ္"

"ဘာလဲ...ဒီတိုင္း ပံုစံကိုသေဘာက်ရံုပါပဲ"

"ဟင္း ငါေတာ့ရင္ေလးတယ္ တစ္ခုခုျဖစ္သြားမွာကို မစိုးရိမ္ဘူးလားဟမ္"

"ဘာမွစိုးရိမ္စရာမရိွပါဘူး အကိုရယ္"

Sunooက သက္ျပင္းရွည္တစ္ခ်က္ကိုခ်ကာ လွၫ့္ထြက္လာသည္။ ဘယ္လိုေျပာေျပာလဲ သူက ေကာင္းတယ္ပဲသတ္မွတ္ထားမွေတာ့ နား၀င္မည္မဟုတ္ေတာ့ေပ။

"ကြၽန္ေတာ္ဟာ အရွင့္ကိုအေစာႀကီးထဲက ႏွစ္သက္သေဘာက်ေနခဲ့တာမို႔ ဘယ္လိုလုပ္ရပါ့ အကိုရယ္"

.............

ဒီႏွစ္ရဲ့ ေနြရာသီက လြန္ခဲ့တဲ့ႏွစ္ေတြထက္ ပိုအဓိပၸာယ္ရိွတယ္လို႔ Jungwonေတြးေနမိတယ္။ ဒါဟာ မင္းသားJayေၾကာင့္ပဲလား ပိုၿပီးလတ္ဆတ္ေနတဲ့ဂ်ံဳခင္းရနံ႔ေၾကာင္းလားေတာ့မသိပါဘူး။ ေဒစီခင္း‌ကလည္းလွလွပပေလးပြင့္ေနၿပီမို႔ ဒီထက္ေကာင္းတာဘာရိွေတာ့မလဲ။ ၿပီးေတာ့အဲ့ေဒစီေတြကို သူနဲ႔အတူ ပ်ိဳးေထာင္သူက မင္းသားေလ။ မင္းသားမသိေအာင္ ေမွာ္အစြမ္းေတြခိုးသံုးရတာကလဲ ရင္ခုန္စရာေကာင္းၿပီး တိတ္တခိုးခ်စ္ေနရတာကလည္း ရင္ခုန္စရာေကာင္းတယ္။ သူကတကယ္အံ့ၾအဖို႔ေကာင္းလြန္းတယ္။ မင္းသားနဲ႔ပတ္သတ္လာရင္ဘာလို႔မ်ား ခုလိုျဖစ္ေနရတာလဲမသိေတာ့ပါဘူး။ ဒါကလူေတြေျပာေနၾကတဲ့ အသက္ထက္ေအာင္ခ်စ္တယ္ဆိုတာမ်ိဳးပဲျဖစ္မယ္ထင္ပါတယ္။

"Jungwon...."

ညင္ညင္သာသာေခၚလိုက္တဲ့ ထိုအသံေနာက္မွာ ေနြးေထြးမႈမ်ား တစိုးတစပါ၀င္သည္။ မင္းသားက သူ႔အေပၚဆို သိပ္ၾကင္နာလြန္းေနတာ ႏွစ္သက္ေပမယ့္ အတုအေယာင္ေတြသာျဖစ္ေနခဲ့ရင္ ဘယ္လိုလုပ္ရပါ့။

"ဟုတ္ကဲ့အရွင္...."

"အရွင္လို႔မေခၚလဲရပါတယ္ဆိုကြာ"

"မဟုတ္တာပဲ ကြၽန္ေတာ္က...."

"ထပ္ၿပီးမသင့္ေတာ္ျပန္ဘူးမလား"

"ေတာင္းပန္ပါတယ္"

"ဒီေန့ အျပင္ကိုလမ္းေလ်ွာက္ထြက္မလား"

"ဘယ္ကိုလဲ"

"မင္းစိုက္ထားတဲ့ ေဒစီပန္းေတြပြင့္ေနၿပီေလ အဲ့ကိုသြားရေအာင္လား?"

"အရွင့္သေဘာပါပဲ"

သာယာတဲ့ေန့လည္ခင္းေလးကိုျဖတ္သန္းၿပီး ေမွာင္ရီပ်ိဳးတဲ့ ညေနခင္းအခ်ိန္မွာ အိပ္အျပင္ဘက္သို႔ ထြက္လာၾကသည္။

ငွက္ငယ္တို႔ရဲ့အိပ္တန္းတက္ခ်ိန္မို႔ အုပ္လိုက္ပ်ံသန္းေနၾကပံုက သိပ္ကိုလွပသည္။ ေလစိမ္းေတြတိုက္ေနပါေသာ္လည္း ခ်မ္းစိမ့္မေနတာဟာ ႏွလံုးသားရဲ့အေနြးဓာတ္ေၾကာင့္ပင္ျဖစ္ဟန္တူပါသည္။ေဒစီပန္းခင္းႀကီးက ျဖဴေဖြးလို႔လွပလြန္းသည္။ လတ္ဆတ္တဲ့ဂ်ံဳနံ႔ေတြကိုေပ်ာက္ကြယ္ေစႏိုင္တဲ့အထိ ဤပန္းတို႔ကေမႊးသည္။

ပန္းခင္းထဲမယ္ လိပ္ျပာမ်ားနဲ႔ေဆာ့ကစားေနေသာ ျဖဴလႊလႊပံုရိပ္ကို Jayကထပ္ကာတလဲလဲ ၾကၫ့္ေနမိသည္။ အခုခ်ိန္မွာပန္းေတြထက္ဒါကပိုၿပီး လွပေနသလိုပါပဲရယ္။

ေဒစီပန္းတစ္ပြင့္ကို သူခူးလိုက္တယ္။ ၿပီးေတာ့ သူ႔ရဲ့မ်က္လံုးေတြနဲ႔ Jungwonရဲ့ မ်က္လံုးလွလွေတြကိုဆံုစည္းလိုက္တယ္။ ေဒစီပန္းေလးကို အျမတ္တႏိုးနမ္းရိႈက္လိုက္ၿပီး Jungwonကိုေျဖးညင္းစြာလွမ္းေပးလိုက္တယ္။

အဲ့ေန့ရဲ့ညမွာ သူရဲ့မွတ္စုစာအုပ္ငယ္ထဲ စာေၾကာင္းတစ္ခ်ိဳ႕ကိုေရးျခစ္လိုက္တယ္။

ေဒစီျဖဴေတြကိုနမ္းရိႈက္ရင္း
ရိုးသားစြာ၀န္ခံရမည္ဆိုလ်ွင္ေတာ့ျဖင့္
ကြၽႏ္ုပ္သည္ တစ္စံုတစ္ေယာက္အား ရင္ခုန္မိေနၿပီးျဖစ္သည္။

__

အၾကာႀကီးေပ်ာက္သြားမိလို႔အမ်ားႀကီးေတာင္းပန္ပါတယ္။ ဒီၾကားထဲ ကိစၥေတြအမ်ားႀကီးျဖစ္သြားခဲ့တာမို႔ပါ။

အခ်စ္ေရးလဲအဆင္မေျပ၊ မိသားစုကလဲ အပို၀ယ္ထားတဲ့ေျမကြက္ေတြနဲ႔အိမ္ေဆာက္ထားတာေတြ အဖ်က္ခံလိုက္ရပါတယ္ အမ်ားႀကီးစိတ္အဆင္မေျပသြားလို႔ ဘာမွမေရးျဖစ္ေတာ့တာပါ။ အစက လံုးဝမေရးေတာ့ဖို႔စဉ္းစားမိေပမယ့္ အခုေတာ့ စိတ္သက္သာေအာင္လုပ္ေနတာမို႔ အေကာင္းဆံုးႀကိဳးစားသြားပါ့မယ္။

က်န္းမာေရးဂရုစိုက္ၾကပါဗ်ာ့။ သတိလဲထားၿပီးေနၾကပါ။ အစစအရာရာဂရုစိုက္ၾကပါေနာ္။♡

Continue Reading

You'll Also Like

1.5M 26.2K 54
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
793K 47.7K 120
Y/N L/N is an enigma. An outgoing, cheerful, smiley teenage boy. Happy, sociable, excitable. A hidden gem in the rough of Japan's younger soccer pl...
1.7M 62.6K 43
" Wtf is wrong with you, can't you sleep peacefully " " I-Its pain..ning d-down there, I can't...s-sleep " " JUST SLEEP QUIETLY & LET ME ALSO SLEEP...
2M 57.6K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...