ကာလ႐ွည္ၾကာ လိုက္႐ွာေနခဲ့ရသည့္ ကိစၥတစ္ရပ္က မိမိဧ။္ေ႐ွ႕႐ွိ ေသတၱာေလးထဲတြင္ ႐ွိေနသည္ဟု သိရေသာအခါ အိုင္းဆက္မေစာင့္ဆိုင္းႏုိင္ေတာ့။ ခပ္ျမန္ျမန္ပင္ဖြင့္၍ ေသတၱာထဲ႐ွိ သားေရအဖံုးျဖင့္ ဖံုးအုပ္ထားသည့္ စာအုပ္ေလးကိုဆဲြထုတ္လိုက္သည္။ အာေမဋိတ္ပင္မျပဳႏိုင္ေလာက္ေအာင္ ဒ႑ာရီလာသတၱဝါႀကီးဧ။္ ပံုကား Kingsley ဆဲြခဲ့သည့္ ပံုႏွင့္ ထပ္တူညီလြန္းလွသည္။
"ေတြ႔လား အ႐ွင့္သား။ အခု ကြၽန္ေတာ္မ်ိဳးကို ယံုၿပီမဟုတ္လား။ ကြၽန္ေတာ္မ်ိဳးက..."
မွတ္တမ္းမွဴးႀကီး႐ွိေနသည္ကို ႐ုတ္တရက္ေမ့ေလ်ာ့သြားပံုရသည့္ Kingsley က သူသည္ တစ္ျခားေနရာကလာခဲ့ေၾကာင္းကို ထုတ္ေျပာမိလုဆဲဆဲျဖစ္သြားၿပီး အေဆာတလ်င္ပင္ျပန္ထိန္းလို႔ေနသည္။ သို႔ေသာ္ မွတ္တမ္းမွဴးႀကီးကေတာ့ Kingsley အား အံ့ၾသတႀကီး စူးစိုက္ၾကည့္ေနဆဲ။ အေၾကာင္းမွာ မိမိကဲ့သို႔ ေတာ္ဝင္မင္းသားတစ္ပါးဧ။္ ပခံုးကို တဖ်တ္ဖ်တ္႐ိုက္၍ ေျပာေနျခင္းေၾကာင့္ပင္။
ထို႔ေၾကာင့္ Kingsley ဧ။္လက္ကို အသာတြန္းထုတ္ကာ စားပဲြေအာက္သို႔ ေလ်ွာခ်ေစၿပီးေနာက္ လက္ဖဝါးခ်င္းထပ္၍ တင္းၾကပ္စြာဆုပ္ကိုင္ထားကာ မိမိဧ။္ေပါင္ေပၚ တင္ထားလိုက္ေသာအခါ ႐ုန္းကန္လာၿပီးလႊတ္မေပးေလေတာ့ ထပ္မ႐ုန္းေတာ့။ ထိုအစား ေခ်ာင္းဟန္႔သံမ်ား အႀကိမ္ႀကိမ္ေပးလာသည္။
"ေခ်ာင္းဆိုးေနေလသလား စစ္သူႀကီး"
"မဟုတ္...အဟမ္း လည္ပင္း...လည္ပင္းနည္းနည္းေျခာက္ေနလို႔"
မွတ္တမ္းမွဴးဧ။္အေမးကို ကေယာင္ကတမ္းေျဖဆိုေနသည့္ Kingsley ေၾကာင့္ အိုင္းဆက္မွာ သားေရဖံုးစာအုပ္ေပၚမွ အၾကည့္မခြာျဖစ္သည့္တိုင္ အျပံဳးတို႔ကေတာ့ထြက္ေပၚလာသည္။ သို္႔ေသာ္ထိုအျပံဳးတို႔က မာတန္ဘုရင္ဧ။္႐ုပ္ပံုကားခ်ပ္ကိုျမင္သည္အခါ တစ္မဟုတ္ျခင္း ေပ်ာက္ကြယ္သြားရဧ။္။ ေရႊေရာင္တဖိတ္ဖိတ္ေတာက္ေနေသာ ခန္႔ညားလွသည့္ ဝတ္ရံု႐ွည္ႀကီးကို ဝတ္ဆင္ထားေသာ အိမ္မက္ထဲကလူ၊ ထိုလူဧ။္ ဝတ္စားဆင္ယင္မႈမွာ ယခုမာတန္ဘုရင္ႀကီးဧ။္ ႐ုပ္ပံုကားခ်ပ္ထဲကပံုႏွင့္ ထပ္တူညီသည္။
* အိပ္မက္ထဲကလူက မာတန္ဘုရင္ႀကီးျဖစ္ေနေရာ့သလား ။ ဂူထဲကေက်ာက္႐ုပ္တုကေရာ မာတန္ဘုရင္ႀကီးက သူဧ။္အသက္ႏွင့္ လဲလွယ္ဆင့္ေခၚခဲ့သည့္ နတ္ျမင္းပ်ံေပလား *
အိပ္မက္ထဲမွ အေၾကာင္းအရာမ်ား ျပန္ျမင္လာသည့္အခါ မက္လိုက္တုိင္းခံစားရသည့္ လႈိက္ေမာမႈကပ္ပါလာၿပီး ရင္တစ္ခုလံုး တင္းၾကပ္နာက်င္လာသည္မွာ ေယာင္ယမ္း၍ အာေမဋိတ္ပါထြက္မိသည္အထိ။
"အ႐ွင့္သား ဘာျဖစ္လို႔လဲ"
"အ႐ွင့္သား "
"ဘာမွမျဖစ္ေပဘူး။ မွတ္တမ္းမွဴးႀကီး ဒီေသတၱာထဲကအေၾကာင္းအရာေတြကို အျပင္မယူသြားရင္ရၿပီမဟုတ္လား။"
"မွန္ပါတယ္ အ႐ွင့္သား။ အခ်ိန္ေပးၾကည့္႐ွဴေတာ္မူပါ ။အခုကေတာ့ ကြၽန္ေတာ္မ်ိဳးရဲ႕ အပင္ငယ္ေလးေတြကို သြားၾကည့္႐ႈခြင့္ျပဳလွည့္ပါ"
မွတ္တမ္းမွဴးက ဤကဲ့သို႔ဆိုလာကာ အျပင္ဘက္႐ွိသူဧ။္ ပန္းဥယ်ာဥ္ငယ္ေလး႐ွိရာသို႔ ထြက္သြားခဲ့သည္။
"လက္ကိုလႊတ္ပါဦး အ႐ွင့္သား"
"မႀကိဳက္ေရာ့သလား Kingsley"
"အဟမ္း မွတ္တမ္းပါ အေၾကာင္းအရာေတြကို အျပင္ယူသြားလို႔မရဘူးဆိုေတာ့ ကြၽန္ေတာ္မ်ိဳးတို႔ ဒီတုိင္းမွတ္ရမွာလား။ မာတန္ဘုရင္သြားေနက်ဂူ႐ွိရာ ခန္႔မွန္းထားတဲ့ေျမပံုေတြပါပါတယ္။"
"တစ္ခါတည္းနဲ႔ မွတ္မိရေအာင္ ငါ အဲ့ဒီေလာက္မွတ္ဥာဏ္မေကာင္းေပဘူး "
"ကြၽန္ေတာ္မ်ိဳးတို႔ေခတ္မွာဆိုရင္ မိုဘိုင္းဖုန္းေတြဆိုတာ႐ွိတယ္။ အဲ့ဒီမွာပါတဲ့ Function တစ္ခုက ျမင္ကြင္းေတြ၊လူေတြကို ႐ုပ္ပံုကားခ်ပ္အျဖစ္ မွတ္တမ္းတင္လို႔ ႐ိုက္လိုက္ယံုပဲ အဲ့ဒီကေန ဖုန္းတစ္လံုးေလာက္ ရႏုိင္မယ္ဆိုရင္..."
"ဒီမွာမ႐ွိတဲ့အရာဝထၳဳတခုကို ျပန္တမ္းတေနလို႔ ဘာမွမထူးေပဘူး Kingsley"
လာခဲ့ရာကာလတစ္ခုဆီက အေၾကာင္းကို အျမဲႏႈိင္းယွဥ္ ေျပာေနျခင္းမွာ ထိုကာလကို သတိရတမ္းတေနသည္ဆိုသည့္ အဓိပၸယ္ပင္ျဖစ္ျခင္းေၾကာင့္ အလိုမက်စြာ အုိင္းဆက္ေျပာမိလိုက္သည့္ အသံကအနည္းငယ္ဆတ္သြားခဲ့ျခင္းေၾကာင့္လားမသိ Kingsley က လွည့္ၾကည့္လာသည္။
"ကြၽန္ေတာ္မ်ိဳးက အ႐ွင့္သားလိုခ်င္ေနတဲ့ အရာတစ္ခုကို တစ္ခါတည္းသိမ္းယူႏုိင္တဲ့ နည္းလမ္းမ်ိဳး တစ္ဖက္ေခတ္မွာ ႐ွိေနေၾကာင္း ေျပာျပလိုတာပါ။ အ႐ွင့္သား သေဘာမက်ဘူးဆိုရင္...."
"ဟုတ္တယ္ ငါသေဘာမက်ေရာ့ဘူး။ ဘယ္အခ်ိန္မွာမ်ား မင္းငါ့ေ႐ွ႕ေမွာက္ကေန ႐ုတ္တရက္ေပ်ာက္ကြယ္ၿပီး တစ္ဖက္ကို ျပန္သြားေလလိမ့္မလဲကို ပူပန္တယ္၊ ဒါေၾကာင့္ မင္း အဲ့ဒီကာလကို တစ္ႀကိမ္ျပန္တမ္းတသတိရတုိင္း ငါ့ႏွလံုးသား တစ္ႀကိမ္နာက်င္ရေပတယ္"
"............"
"စိတ္ဆိုးသြားေရာ့သလား Kingsley ။ မင္းလဲ မင္းရဲ႕အမ်ိဳးအေဆြေတြကို သတိရေပလိမ့့္မွာကို ငါေမ့သြားေရာ့တယ္"
"မဟုတ္ပါဘူး အ႐ွင့္သား ။ ကြၽန္ေတာ္မ်ိဳးစိတ္မဆိုးပါဘူး။ မာတန္ဘုရင္ႀကီးနဲ႔ ဒ႑ာရီလာသတၱဝါႀကီးရဲ႕အေၾကာင္းေတြကေတာ့ ကြၽန္ေတာ္မ်ိဳးေရာအ႐ွင့္သားပါ သိၿပီးသားေတြဆိုေတာ့ ျပသာနာမ႐ွိေပမယ့္ မာတန္ဘုရင္သြားခဲ့တယ္ဆိုတဲ့ ခန္႔မွန္းလမ္းေၾကာင္းကိုေတာ့ အရွင့္သား ဆႏၵ႐ွိတိုင္း ထုတ္ၾကည့္လို႔ရေအာင္ ကြၽန္ေတာ္မိ်ဳး ၾကံဆေပးပါမယ္"
"ဘယ္လိုမ်ား မင္းေတြးထားေရာ့သလဲ"
"ကြၽန္ေတာ္မ်ိဳးက ပံုဆဲြတဲ့ေနရာမွာေတာ္တယ္ေလ။ ဒီတစ္ညလံုး မွတ္တမ္းေဆာင္မွာ႐ွိမွာဆိုေတာ့ ေျမပံုဆဲြယူထားဖို႔အခ်ိန္လံုေလာက္ပါတယ္"
ထို႔ေနာက္ စာရြက္ေပၚတြင္ လမ္းေၾကာင္းျပေျမပံုအား စတင္ဆြဲေနသည့္ Kingsley ဧ။္အာရံုမေထြျပားေစရန္ တိုးတိတ္စြာေနရင္းက ဥယ်ာဥ္ထဲမွေန၍ မိမိတို႔ထံလွမ္းၾကည့္ေနသည့္ မွတ္တမ္းမွဴးဧ။္အနား အိုင္းဆက္ထြက္လာခဲ့သည္။
"အျပင္မွာ ရာသီဥတုေအးလွပါတယ္ အ႐ွင့္သား "
"မွတ္တမ္းမွဴးႀကီးေတာင္ ဒီရာသီဥတုထဲ အဆင္ေျပေျပေနႏုိင္ေနတာပဲ"
"ကြၽန္ေတာ္မ်ိဳးကို ေျပာစရာ႐ွိလိမ့္ေလမလား"
"လိပ္ျပာႀကီးကိုထိကိုင္ႏုိင္သူက ပစၥဳပၸန္ကာလကေန အတိတ္ကိုေရာက္လာၿပီး တုိင္းျပည္ရဲ႕ၾကမၼာဆိုးက ကာကြယ္ေပးမယ့္သူဆိုတဲ့ အေဟာအတိုင္း အဲ့ဒီလူက မိုခီတာမွာထြက္ေပၚေနတယ္ဆိုရင္ မွတ္တမ္းမွဴးႀကီး ယံုၾကည္ႏိုင္ေရာ့မလား"
"ကြၽန္ေတာ္မ်ိဳးတို႔ေနထုိင္ေနရာ မိုခီတာမွာမျဖစ္ႏိုင္တဲ့ ကိစၥရပ္ဆိုတာ မ႐ွိသေလာက္ပါပဲ အ႐ွင့္သား။ အ႐ွင့္သားေျပာတဲ့သူနဲ႔ ကြၽန္ေတာ္မ်ိဳးထင္မွတ္ထားတဲ့လူနဲ႔ ထပ္တူက်မက်ဆိုတာပဲ ကြၽန္ေတာ္မ်ိဳးသိခ်င္လွပါတယ္"
"မွတ္တမ္းမွဴးႀကီးက ဘယ္သူလို႔ထင္ေရာ့သလဲ"
"အရင္တုန္းကပံုစံနဲ႔ လံုးဝျခားနားသြားတဲ့သူ အျခားတစ္ဦးတစ္ေယာက္လို ေျပာင္းလဲလာတဲ့သူဆိုတာ ဘယ္သူမွန္းကြၽန္ေတာ္မ်ိဳးထုတ္မေျပာလဲ အ႐ွင့္သားသိလွည့္မွာပါ"
".............."
"အ႐ွင့္သား ျပန္မေျဖဘူးဆိုေတာ့ ကြၽန္ေတာ္မ်ိဳးတို႔သိထားတဲ့သူက တစ္ဦးတည္းျဖစ္ေနတယ္ထင္ပါတယ္။ "
"သူေရာက္႐ွိလာတဲ့အေပၚကိုေရာ မွတ္တမ္းမွဴးႀကီးဘယ္လိုေတြးထားေရာ့သလဲ"
"ကြၽန္ေတာ္မ်ိဳးရဲ႕ ဘဝသက္တမ္းတစ္ခုလံုး မိုခီတာမွာပဲျမႇပ္ႏွံထားသူပါ။ အ႐ွင္မင္းႀကီးရဲ႕ငယ္ဘဝကတည္းက ႐ွိေနခဲ့သူမို႔ ကြၽန္ေတာ္မ်ိဳးအတြက္ကေတာ့ ေကာင္းေသာေရာက္ျခင္းနဲ႔ ေရာက္လာၿပီး မိုခီတာကို ၾကမၼာဆိုးက်ေရာက္မယ့္အေရးက ကယ္တင္ႏုိင္မယ့္သူ၊ အ႐ွင့္သားကို ျပံဳးေပ်ာ္ေစမယ့္သူဆိုရင္ ကုိယ္စြမ္းဥာဏ္စြမ္း႐ွိသေလာက္ ႀကိဳဆိုလွည့္မွာပါ။"
ထိုသို႔ေသာစကားလံုးေၾကာင့္ အုိင္းဆက္ႏွစ္ၿခိဳက္စြာျပံဳးမိသြားရဧ။္။ မိမိအားငယ္စဥ္ကတည္းက ခ်ီပိုးတတ္သူ၊ သူတတ္ေျမာက္ရာေမွာ္အစြမ္းျဖင့္ ပန္းေလးေတြပြင့္ေစကာ ျပသေစခဲ့သူ မွတ္တမ္းမွဴးအားလဲ အိုင္းဆက္ပိုမိုခင္တြယ္တာေတာ့ အမွန္တရားပင္ျဖစ္သည္။ မ်က္လံုးထဲဝင္ေရာက္လာသည့္ ပန္းေလးတစ္ပြင့္ဧ။္ ပြင့္ခ်ပ္လႊာေလးကို ပြတ္သပ္ကိုင္တြယ္ကာ ေတြးေနမိရာက မွတ္တမ္းမွဴးေမးခြန္းတခုအား ၾကားသည့္အခါ လႈပ္႐ွားမႈမွန္သမ်ွက ရပ္တန္႔သြားရသည္။
"စစ္သူႀကီးကို ေမတၱာသက္ဝင္ေနတာလား အ႐ွင့္သား"
"..........."
"ဘယ္လိုမ်ားသိေလသလဲလို႔ အ႐ွင့္သားေတြးေနမယ္ထင္တယ္"
"မွန္ေပတယ္။ ဘယ္လိုမ်ားသိေနေရာ့သလဲ"
"အ႐ွင့္သားရဲ႕ မ်က္လံုးေတြကေနတစ္ဆင့္ ႏွလံုးသားကိုျမင္ရတယ္။ စစ္သူႀကီးကိုၾကည့္တဲ့ အ႐ွင့္သားရဲ႕အၾကည့္ကေနတစ္ဆင့္ ႏွစ္သက္ျမတ္ႏိုးမႈေတြကို ကြၽန္ေတာ္မ်ိဳးသိျမင္ႏုိင္ခဲ့ပါတယ္။ ပိုၿပီးေသခ်ာတဲ့အခ်က္က ကြၽန္ေတာ္မ်ိဳးထံလာရာလမ္းမွာ လိပ္ျပာႀကီးက စစ္သူႀကီးပခံုးေပၚလာနားတာကို ေတြ႔လိုက္ရတာပါ။ ထပ္ၿပီးေတာ့မမွားဘူးဆိုရင္ အ႐ွင့္သားရဲ႕ေမြးေန႔မွာ လိပ္ျပာႀကီးကို ထိကိုင္ႏုိင္ခဲ့သူလဲျဖစ္ေပလိမ့္မယ္"
"Kingsley အေပၚကို ေမတၱာသက္ဝင္မိတာမွန္ပါတယ္။ တစ္ကယ့္ Kingsley မဟုတ္တဲ့ ပစၥဳပၸန္ကလာခဲ့သူ Kingsley ကိုေပါ့။ တစ္ကယ္ပဲသူက ၾကင္ယာေတာ္ျဖစ္ႏုိင္ေရာ့မလား"
"မ်ိဳးတူခ်စ္ခင္သက္ဝင္မႈရဲ႕ အေဟာကိုအ႐ွင့္သားသိထားၿပီးၿပီလို႔ ကြၽန္ေတာ္မ်ိဳးထင္ပါတယ္"
"ေတာ္ဝင္မ်ိဳးႏြယ္က မ်ိဳးတူကိုေပါင္းဖက္ရင္ အဲ့ဒီတုိင္းျပည္ဟာ ေသေၾကမႈေတြ၊ ေဘးဒုကၡေတြၾကံဳေတြ႔ရၿပီး တုိင္းသူျပည္သားေတြ အပါအဝင္တုိင္းျပည္တစ္ခုလံုး ပ်က္သုန္းရပါမယ္တဲ့။ ဒါေပမဲ့ ျဖစ္ခဲ့ဖူးေရာ့သလား"
"ဘာကိုေမးခ်င္တာပါလဲ အ႐ွင့္သား"
"နမိတ္အေဟာ႐ွိခဲ့ေပမယ့္ တစ္ကယ္ပဲျဖစ္ခဲ့ဖူးတဲ့တုိင္းျပည္ ႐ွိေနခဲ့ေရာ့သလား သိခ်င္တာပါ။"
"ကြၽန္ေတာ္မ်ိဳးသိထားတဲ့အခုထိ မ်ိဳးတူေပါင္းဖက္မႈက မ႐ွိခဲ့ပါဘူး။"
"ဘယ္လိုလုပ္သင့္ေပသလဲ မွတ္တမ္းမွဴးႀကီး"
"စစ္သူႀကီးကို စြန္႔လႊတ္ႏုိင္ပါသလား အ႐ွင့္သား"
"စိတ္ကူးနဲ႔ေတာင္ မစြန္႔လႊတ္ႏုိင္ေပဘူး "
"ဒါဆို အ႐ွင့္သားကို ဘယ္လိုလုပ္ပါစသျဖင့္ ကြၽန္ေတာ္မ်ိဳးေျပာျပလို႔မရပါဘူး။ ဒါေၾကာင့္ ကုိယ့္ကုိယ္ကိုယ္ ျပန္သံုးသပ္လွည့္ပါ။ အရာအားလံုးနဲ႔ ယွဥ္ၿပိဳင္ေရြးရမယ္၊ ဒုကၡေတြ ရင္ဆုိင္ရမယ္ဆိုရင္ေတာင္ စစ္သူႀကီးကိုပဲေရြးခ်ယ္မယ္ဆိုတာ မွန္ကန္ေလသလားလို႔ သံုးသပ္လွည့္ပါ။"
"ေမြးဖြားလာစဥ္ကတည္းက သူတစ္ဦးတည္းအေပၚကုိပဲ ေမတၱာသက္ဝင္ခ်စ္ျမတ္ႏိုးမိလို႔ လက္လႊတ္ေပးလိုက္ဖို႔ မေတြးႏုိင္ေပဘူး။ သူနဲ႔ယွဥ္ေရြးရမယ္ဆို အသက္ကစလို႔ အေဆာင္အေယာင္ေတြအထိ အကုန္စြန္႔လႊတ္ႏုိင္ေပတယ္"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ရာသီဥတုခ်မ္းေအးျခင္းေၾကာင့္အျပင္ အစြန္အဖ်ားနယ္ေျမတစ္ခုျဖစ္၍ ေနဝင္သည္ႏွင့္ တိတ္ဆိတ္ျခင္းကႀကီးစိုးသည္။ မိုခီတာ၊အန္ခ်ီ၊ ကီရာတိုစသည့္ တုိင္းျပည္ေအာက္တြင္မဟုတ္ပဲ သီးသန္႔နယ္ေျမအျဖစ္ ခဲြထြက္ေနထုိင္သူမ်ား ၁၀၀ခန္႔ စုဆည္းေနထိုင္သည့္ ထိုရြာေလးက စိုက္ပ်ိဳးေရးျဖင့္ အသက္ေမြးဝမ္းေၾကာင္းျပဳသည္။ တစ္ေန႔တာလံုးပင္ပန္းလွသည့္အတြက္ ေနဝင္သြားကတည္းက အိပ္ရာဝင္ကုန္ၾကသည့္ ရြာသူ၊ရြာသားမ်ားက သန္းေခါင္ယံအခ်ိန္တြင္ သူတို႔ရြာထံ ဦးတည္ပ်ံသန္းလာသည့္ အရာႀကီးကိုေတာ့ မသိ႐ွိခဲ့ၾကေပ။
ထိုအရာႀကီးမွာ သတၱဝါႀကီးတစ္ေကာင္ျဖစ္ၿပီး သူထြက္ေပၚလာရာ လိႈဏ္ဂူဧ။္အျပင္ဘက္သို႔ေရာက္သည္အခါ ေတာင္ပံတစ္ခ်က္ခတ္ယံုမ်ွျဖင့္ ေရျပင္ႀကီးထဲမွ ေရမ်ားခ်ိဳင့္ဝင္သြားယံုမက ျဖတ္သန္းခဲ့ရာ ေတာနက္ထဲ႐ွိ အပင္ေတြမွာ ေလျပင္းတုိက္ခတ္ခံရသလို ယမ္းခါသြားသည့္အထိ အ႐ွိန္ပါသည္။ ထိုသတၱဝါၾကီး ရြာအစပ္ေျမျပင္သို႔ သက္ဆင္းလိုက္ခ်ိန္မွာေတာ့ သိမ့္ခနဲတုန္ခါသြားျခင္းေၾကာင့္ အိပ္ေပ်ာ္ေနသူ လူတစ္ခ်ိဳ႕ပင္ လန္႔ႏိုးရေခ်သည္။
သို႔ေသာ္ ဘာရယ္မွန္း ေသခ်ာမသိ၍ကတစ္ေၾကာင္း၊ ပင္ပန္းေနၾကသူမ်ားမို႔ ဆက္အိပ္လိုက္ရာက ထိုရြာဧ။္ ကံၾကမၼာဆိုးႀကီးက စတင္လာေတာ့သည္။ ထိုသတၱဝါႀကီးမွာ ပါးစပ္မွ မီးမ်ားမႈတ္ထုတ္၍ စိုက္ခင္းမ်ား၊တိရစၦာန္မ်ားအား ခ်က္ခ်င္းမီးေလာင္ပ်က္ဆီးေစၿပီး ေနအိမ္ေတြကိုပါ မီးစဲြေလာင္ျခင္းေၾကာင့္ ေၾကာက္လန္႔တၾကား ေအာ္ဟစ္ေျပးထြက္လာၾကသည့္ လူေတြထံသို႔ ေခတၱၾကည့္ေနခဲ့ၿပီးေနာက္ ေျခဦးတည့္ရာေျပးကုန္ၾကသည့္ လူေတြေနာက္ပ်ံဝဲလိုက္ပါကာ တစ္ဦးျခင္းကို လ်ွာျဖင့္သိမ္းယူ၍ စတင္စားေသာက္ေတာ့သည္။
ထိုအခ်ိန္မွာပင္ ရြာသားတစ္ဦးလဲႊပစ္လိုက္သည့္ လွံတစ္ေခ်ာင္းက သတၱဝါႀကီးဧ။္ေက်ာျပင္သို႔ ဝင္လာေသာ္ျငား ဓား၊လွံမေပါက္ေသာ အေၾကးခြံမ်ားေၾကာင့္ စိုက္ဝင္ျခင္းမ႐ွိပဲ ကန္ထြက္သြားခဲ့သည္။ ရြာသားမွာလဲ ခ်ာခနဲလွည့္ၾကည့္လာသည့္သတၱဝါႀကီးက သူ႔ထံသို႔တစ္လွမ္းျခင္းလာေသာအခါ ေျပးဖို႔ကိုပင္ သတိမရေတာ့စြာ ေၾကာက္စိတ္မႊန္၍ ေနရာမွာပင္ ဖင္ထုိင္လ်က္က်သြားခဲ့ရဧ။္။ ခဏအၾကာတြင္ေတာ့ သတိဝင္လာသည့္အလား ေအာ္ရန္ျပင္လိုက္သည့္တုိင္ ေအာ္သံကားထြက္မလာေတာ့ေခ်။
အဘယ္ေၾကာင့္ဆိုေသာ္ သတၱဝါႀကီးဧ။္ ႀကီးမားလွေသာ ေျဖဖဝါးေအာက္တြင္ စိစိညက္ညက္ေၾကေအာင္ ဖိနင္းခံလိုက္ရလို႔ပင္ျဖစ္သည္။ စိုက္ပ်ိဳးေရးျဖင့္ အသက္ေမြးဝမ္းေၾကာင္းျပဳၿပီး ေအးခ်မ္းေနသည့္ ထိုရြာေလးမွာ တဒဂၤေလးမွာပင္ အသက္႐ွင္က်န္သူမ႐ွိ မီးေလာင္ျပင္တစ္ခုအျဖစ္နဲ႔သာ က်န္ခဲ့ရေတာ့ဧ။္။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
စိတ္ႀကိဳက္အိပ္လိုက္ရျခင္းေၾကာင့္ စိတ္ၾကည္ၾကည္လင္လင္ႏွင့္ပင္ ေကာင္းယံအိပ္ရာႏိုးလာသည္။ မေန႔ညကမွတ္တမ္းေဆာင္မွာ အ႐ွင့္သားႏွင့္အတူ ႐ွိခဲ့ၾကၿပီးေနာက္ မိုးလင္းမွအိမ္ျပန္လာကာ အိပ္ရာဝင္ခဲ့ရာက ညေနေစာင္းလုဆဲဆဲမွ အိပ္ရာႏိုးေတာ့သည္။ ခါးတစ္ဝက္ထိေလ်ွာက်ေနသည့္ေစာင္ကို ခပ္တင္းတင္းယူျခံဳကာ တဖက္သို႔ေစာင္းလိုက္ၿပီးေနာက္ မိမိဧ။္လက္တစ္ဖက္သို႔ အၾကည့္ေရာက္သြားရသည္။
"အ႐ွင့္သားက ငါ့လက္ကိုဆုပ္ကိုင္ထားခဲ့ပါလား"
ႏႈတ္မွပင္ခပ္တိုးတိုးေရရြတ္မိၿပီး မင္းသားအိုင္းဆက္ ဆုပ္ကိုင္ထားခဲ့ေသာ မိမိလက္ကိုျပန္ၾကည့္ကာ ယမန္ေန႔ညက အထိအေတြ႔ေလးကို ျပန္ခံစားမိေနသလိုပင္။ ေႏြးေထြးၿပီး မာန္အျပည့္႐ွိသည့္ လက္ဖဝါးတစ္ဖက္ထဲေရာက္႐ွိေနခဲ့ရသည့္ ထိုခံစားခ်က္။ သတိဝင္လာခ်ိန္မွာေတာ့ မိမိမွာလက္ဖဝါးကို ႏႈတ္ခမ္းဖ်ားတင္ေတ့၍ ၾကည္ႏူးေနသည့္ဟန္ပန္။ အလန္႔တၾကားျဖင့္မ်က္ႏွာကို ကိုင္ၾကည့္လိုက္သည့္အခါတြင္ေတာ့...
"ဘုရားေရ ငါျပံဳးၿဖီးေနတာပဲ"
ဟုတ္သည္ ။ မ်က္ႏွာတစ္ျပင္လံုးက တြန့္လိမ္ေနျပီး ႐ွိသမ်ွသြားအကုန္ေပၚေအာင္ ျပံဳးေနသည္မွာ ပါးစပ္နားရြက္တက္ခ်ိတ္ေတာ့မတတ္။
"စစ္သူႀကီး"
"အေမေရ!!"
အနားနားကပ္၍ ထြက္ေပၚလာေသာအသံေၾကာင့္ လန္႔ေအာ္ကာကုန္း႐ုန္းထလုိက္ေတာ့ ကုတင္ေဘးနားမွာရပ္ေနသည့္ Land။
"စစ္သူႀကီး ဘာေတြေပ်ာ္ေနတာလဲ"
"အသံမေပးပဲ ဘာလုပ္တာတုန္း"
"ေခၚေနတာကို စစ္သူႀကီးကမၾကားဘူးေလ။ လက္ဖဝါးကိုေျမႇာက္ၾကည့္လိုက္၊ နမ္းလိုက္၊႐ွံု႔လိုက္နဲ႔"
"ဘာလာလုပ္တာလဲ Land"
"ညေနစာလာပို႔တာပါ စစ္သူႀကီးက ၾကက္ကင္ႀကိဳက္တယ္မဟုတ္လား။ အ႐ွင့္သားကပို႔ခိုင္းထားတာ"
"သူေရာ"
"နယ္ေျမငယ္ေလးတစ္ခုမွာ အျဖစ္အပ်က္တခုေပၚလာလို႔ သြားၾကည့္တယ္။ စစ္သူႀကီးကို လာၾကည့္ေသးတယ္။အိပ္ေနလို႔မေခၚသြားေတာ့ဘူးတဲ့"
"ငါ ကုိယ္လက္သန္႔စင္ၿပီးရင္ စားမယ္။ မင္းလဲတူတူစား"
ခပ္ျမန္ျမန္ကိုယ္လက္သန္႔စက္ကာ အက်ီတစ္ထည္ လဲယူဝတ္ဆင္ေနခ်ိန္တစ္ေလ်ွာက္ Land ဧ။္အၾကည့္က Kingsley ဧ။္ ခါးေပၚ႐ွိ ဒဏ္ရာႀကီး ဒဏ္ရာကိုသာေငးၾကည့္ေနသည္။ မင္းသားအိုင္းဆက္သည္လည္း ထိုဒဏ္ရာကို စိတ္မေကာင္းသည့္ဟန္ပန္ျဖင့္ ေငးၾကည့္ဖူးသည္ကို သတိရသြားမိေတာ့ Land ထံသို႔ စကားစလိုက္သည္။
"ဒီ ဒဏ္ရာအေၾကာင္းေတာင္ ငါမမွတ္မိေတာ့ဘူး။ အ႐ွင့္သားလဲ ဒီဒဏ္ရာၾကည့္ၿပီး ငိုင္သြားဖူးတယ္။ ျပန္ေျပာျပပါလား"
"အဲ့ဒီဒဏ္ရာက အ႐ွင့္သားကိုဝင္ကယ္ရင္း စစ္သူႀကီးရခဲ့တာေလ။ ဓားျပေတြေသာင္းက်န္းလို႔ ရြာေလးတစ္ရြာကိုသြားကူတာ လာမွာကိုႀကိဳသိေနတဲ့ ဓားျပတစ္ေယာက္ ရြာသားဟန္ေဆာင္ၿပီး အ႐ွင့္သားအလစ္အငိုက္မွာ ဓားႀကီးႏွင့္ခုတ္ပစ္လိုက္တာ"
"အင္း...အဲ့ဒီေတာ့.."
"အ႐ွင့္သားက ေက်ာေပးထားလို႔ ေ႐ွာင္ဖို႔မလြယ္ခ်ိန္မွာ စစ္သူႀကီးကလဲ ဓားမကိုင္ထားတဲ့အခ်ိန္ဆိုေတာ့ အ႐ွင့္သားကိုယ္စားဝင္ခံေပးလိုက္တာ အဲ့ဒီဓားကေတာ္ေတာ္နက္နက္စိုက္ဝင္သြားတာ ဓားက ခါးမွာတန္းလန္းႀကီးျဖစ္ေနခဲ့တာ"
"ဟာ Kingsley ေတာ္ေတာ္နာမွာပဲ အဲ....ငါေတာ္ေတာ္နာခဲ့မွာပဲ"
"စစ္သူႀကီးက စိတ္မာတယ္။ တစ္ခ်က္ေအာ္လိုက္တာကလဲြလို႔ ေနာက္ထပ္အသံမထြက္ေတာ့ဘူး။ ဒဏ္ရာကအရမ္းနက္လို႔ အ႐ွိန္နဲ႔အဖ်ားေတြဝင္ႁပီး အိပ္ရာေပၚလဲသြားတာ အၾကာႀကီးပဲ။ အဲ့ဒီကတည္းက အ႐ွင့္သားမွာ သူ႔ကိုကာကြယ္ရင္း စစ္သူႀကီးဒဏ္ရာထပ္ရမွာကို စိုးရိမ္ေနတာကို ျမားကထပ္မွန္ေသးတယ္"
ထို႔ေၾကာင့္ ဒဏ္ရာအမာရြတ္ကိုျမင္စဥ္က မင္းသားအိုင္းဆက္ မ်က္ႏွာပ်က္သြားတာျဖစ္လိမ့္မည္။ Land ျပန္သြားၿပီးေနာက္ ျပတင္းေပါက္နားရပ္ကာ မနက္ျဖန္ကစၿပီးျပန္သင္ရေတာ့မယ့္ ဓားေရးႏွင့္ျမားပစ္အေၾကာင္းေတြးေတာေနရာက နားထဲသို႔ျမင္းခြာသံ ခပ္သဲ့သဲ့ဝင္ေရာက္လာသည္မို႔ အသံထြက္ေပၚလာရာ လမ္းမဆီသို႔ အၾကည့္ေရာက္သြားခဲ့သည္။
ေငြမ်ွင္ေရာင္ျမင္းျဖဴႀကီးထက္က အျဖဴေရာင္ဝတ္စံုႏွင့္ ေရႊေရာင္ဝတ္ရံု႐ွည္ႀကီး ဝတ္ဆင္ထားေသာ မင္းသားအိုင္းဆက္၊ လိပ္ျပာႀကီးကပခံုးထက္တြင္ နားေနကာ ျမင္းဇက္ႀကိဳးကိုဆဲြ၊ ခပ္မတ္မတ္ ကိုယ္ေနဟန္ထားျဖင့္ သံခ်ပ္ကာစစ္မက္မ်ားျခံရံကာ ျဖည္းညႇင္းစြာျပန္လာေနသည္။ မိမိဧ။္ေနအိမ္ကား လမ္းမဆီမွလွမ္းျမင္ရသလို မိမိကလဲျပတင္ေပါက္မွတစ္ဆင့္ ျမင္ေနရသည္မို႔ လွမ္းၾကည့္လာသည့္ မင္းသားအိုင္းဆက္ႏွင့္ အၾကည့္ခ်င္းဆံုသည္။
သိမ္ေမြ႔စြာျပံဳးျပလာသည့္ အျပံဳးေအာက္မွာ ႏွလံုးခုန္သံက ဒုတ္ခနဲ။ တစ္ခ်က္သာခုန္သည္ဟု ထင္မိေသာ္လည္း ဗရမ္းဗတာလႈိက္ခုန္လာေသာအခါ တစ္စံုတစ္ခုကို သတိျပဳမိလာသည္။ ထိုအရာကေတာ့ မိမိဧ။္ႏွလံုးသားသည္ အ႐ွင့္သားထံတြင္ ဝပ္တြားသက္ဆင္းသြားခဲ့ျခင္းပင္ျဖစ္ဧ။္
5000 words
Unicode
ကာလရှည်ကြာ လိုက်ရှာနေခဲ့ရသည့် ကိစ္စတစ်ရပ်က မိမိဧ။်ရှေ့ရှိ သေတ္တာလေးထဲတွင် ရှိနေသည်ဟု သိရသောအခါ အိုင်းဆက်မစောင့်ဆိုင်းနိုင်တော့။ ခပ်မြန်မြန်ပင်ဖွင့်၍ သေတ္တာထဲရှိ သားရေအဖုံးဖြင့် ဖုံးအုပ်ထားသည့် စာအုပ်လေးကိုဆွဲထုတ်လိုက်သည်။ အာမေဋိတ်ပင်မပြုနိုင်လောက်အောင် ဒဏ္ဍာရီလာသတ္တဝါကြီးဧ။် ပုံကား Kingsley ဆွဲခဲ့သည့် ပုံနှင့် ထပ်တူညီလွန်းလှသည်။
"တွေ့လား အရှင့်သား။ အခု ကျွန်တော်မျိုးကို ယုံပြီမဟုတ်လား။ ကျွန်တော်မျိုးက..."
မှတ်တမ်းမှူးကြီးရှိနေသည်ကို ရုတ်တရက်မေ့လျော့သွားပုံရသည့် Kingsley က သူသည် တစ်ခြားနေရာကလာခဲ့ကြောင်းကို ထုတ်ပြောမိလုဆဲဆဲဖြစ်သွားပြီး အဆောတလျင်ပင်ပြန်ထိန်းလို့နေသည်။ သို့သော် မှတ်တမ်းမှူးကြီးကတော့ Kingsley အား အံ့သြတကြီး စူးစိုက်ကြည့်နေဆဲ။ အကြောင်းမှာ မိမိကဲ့သို့ တော်ဝင်မင်းသားတစ်ပါးဧ။် ပခုံးကို တဖျတ်ဖျတ်ရိုက်၍ ပြောနေခြင်းကြောင့်ပင်။
ထို့ကြောင့် Kingsley ဧ။်လက်ကို အသာတွန်းထုတ်ကာ စားပွဲအောက်သို့ လျှောချစေပြီးနောက် လက်ဖဝါးချင်းထပ်၍ တင်းကြပ်စွာဆုပ်ကိုင်ထားကာ မိမိဧ။်ပေါင်ပေါ် တင်ထားလိုက်သောအခါ ရုန်းကန်လာပြီးလွှတ်မပေးလေတော့ ထပ်မရုန်းတော့။ ထိုအစား ချောင်းဟန့်သံများ အကြိမ်ကြိမ်ပေးလာသည်။
"ချောင်းဆိုးနေလေသလား စစ်သူကြီး"
"မဟုတ်...အဟမ်း လည်ပင်း...လည်ပင်းနည်းနည်းခြောက်နေလို့"
မှတ်တမ်းမှူးဧ။်အမေးကို ကယောင်ကတမ်းဖြေဆိုနေသည့် Kingsley ကြောင့် အိုင်းဆက်မှာ သားရေဖုံးစာအုပ်ပေါ်မှ အကြည့်မခွာဖြစ်သည့်တိုင် အပြုံးတို့ကတော့ထွက်ပေါ်လာသည်။ သို့်သော်ထိုအပြုံးတို့က မာတန်ဘုရင်ဧ။်ရုပ်ပုံကားချပ်ကိုမြင်သည်အခါ တစ်မဟုတ်ခြင်း ပျောက်ကွယ်သွားရဧ။်။ ရွှေရောင်တဖိတ်ဖိတ်တောက်နေသော ခန့်ညားလှသည့် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသော အိမ်မက်ထဲကလူ၊ ထိုလူဧ။် ဝတ်စားဆင်ယင်မှုမှာ ယခုမာတန်ဘုရင်ကြီးဧ။် ရုပ်ပုံကားချပ်ထဲကပုံနှင့် ထပ်တူညီသည်။
* အိပ်မက်ထဲကလူက မာတန်ဘုရင်ကြီးဖြစ်နေရော့သလား ။ ဂူထဲကကျောက်ရုပ်တုကရော မာတန်ဘုရင်ကြီးက သူဧ။်အသက်နှင့် လဲလှယ်ဆင့်ခေါ်ခဲ့သည့် နတ်မြင်းပျံပေလား *
အိပ်မက်ထဲမှ အကြောင်းအရာများ ပြန်မြင်လာသည့်အခါ မက်လိုက်တိုင်းခံစားရသည့် လှိုက်မောမှုကပ်ပါလာပြီး ရင်တစ်ခုလုံး တင်းကြပ်နာကျင်လာသည်မှာ ယောင်ယမ်း၍ အာမေဋိတ်ပါထွက်မိသည်အထိ။
"အရှင့်သား ဘာဖြစ်လို့လဲ"
"အရှင့်သား "
"ဘာမှမဖြစ်ပေဘူး။ မှတ်တမ်းမှူးကြီး ဒီသေတ္တာထဲကအကြောင်းအရာတွေကို အပြင်မယူသွားရင်ရပြီမဟုတ်လား။"
"မှန်ပါတယ် အရှင့်သား။ အချိန်ပေးကြည့်ရှူတော်မူပါ ။အခုကတော့ ကျွန်တော်မျိုးရဲ့ အပင်ငယ်လေးတွေကို သွားကြည့်ရှုခွင့်ပြုလှည့်ပါ"
မှတ်တမ်းမှူးက ဤကဲ့သို့ဆိုလာကာ အပြင်ဘက်ရှိသူဧ။် ပန်းဥယျာဉ်ငယ်လေးရှိရာသို့ ထွက်သွားခဲ့သည်။
"လက်ကိုလွှတ်ပါဦး အရှင့်သား"
"မကြိုက်ရော့သလား Kingsley"
"အဟမ်း မှတ်တမ်းပါ အကြောင်းအရာတွေကို အပြင်ယူသွားလို့မရဘူးဆိုတော့ ကျွန်တော်မျိုးတို့ ဒီတိုင်းမှတ်ရမှာလား။ မာတန်ဘုရင်သွားနေကျဂူရှိရာ ခန့်မှန်းထားတဲ့မြေပုံတွေပါပါတယ်။"
"တစ်ခါတည်းနဲ့ မှတ်မိရအောင် ငါ အဲ့ဒီလောက်မှတ်ဉာဏ်မကောင်းပေဘူး "
"ကျွန်တော်မျိုးတို့ခေတ်မှာဆိုရင် မိုဘိုင်းဖုန်းတွေဆိုတာရှိတယ်။ အဲ့ဒီမှာပါတဲ့ Function တစ်ခုက မြင်ကွင်းတွေ၊လူတွေကို ရုပ်ပုံကားချပ်အဖြစ် မှတ်တမ်းတင်လို့ ရိုက်လိုက်ယုံပဲ အဲ့ဒီကနေ ဖုန်းတစ်လုံးလောက် ရနိုင်မယ်ဆိုရင်..."
"ဒီမှာမရှိတဲ့အရာဝထ္ထုတခုကို ပြန်တမ်းတနေလို့ ဘာမှမထူးပေဘူး Kingsley"
လာခဲ့ရာကာလတစ်ခုဆီက အကြောင်းကို အမြဲနှိုင်းယှဉ် ပြောနေခြင်းမှာ ထိုကာလကို သတိရတမ်းတနေသည်ဆိုသည့် အဓိပ္ပယ်ပင်ဖြစ်ခြင်းကြောင့် အလိုမကျစွာ အိုင်းဆက်ပြောမိလိုက်သည့် အသံကအနည်းငယ်ဆတ်သွားခဲ့ခြင်းကြောင့်လားမသိ Kingsley က လှည့်ကြည့်လာသည်။
"ကျွန်တော်မျိုးက အရှင့်သားလိုချင်နေတဲ့ အရာတစ်ခုကို တစ်ခါတည်းသိမ်းယူနိုင်တဲ့ နည်းလမ်းမျိုး တစ်ဖက်ခေတ်မှာ ရှိနေကြောင်း ပြောပြလိုတာပါ။ အရှင့်သား သဘောမကျဘူးဆိုရင်...."
"ဟုတ်တယ် ငါသဘောမကျရော့ဘူး။ ဘယ်အချိန်မှာများ မင်းငါ့ရှေ့မှောက်ကနေ ရုတ်တရက်ပျောက်ကွယ်ပြီး တစ်ဖက်ကို ပြန်သွားလေလိမ့်မလဲကို ပူပန်တယ်၊ ဒါကြောင့် မင်း အဲ့ဒီကာလကို တစ်ကြိမ်ပြန်တမ်းတသတိရတိုင်း ငါ့နှလုံးသား တစ်ကြိမ်နာကျင်ရပေတယ်"
"............"
"စိတ်ဆိုးသွားရော့သလား Kingsley ။ မင်းလဲ မင်းရဲ့အမျိုးအဆွေတွေကို သတိရပေလိမ့်မှာကို ငါမေ့သွားရော့တယ်"
"မဟုတ်ပါဘူး အရှင့်သား ။ ကျွန်တော်မျိုးစိတ်မဆိုးပါဘူး။ မာတန်ဘုရင်ကြီးနဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးရဲ့အကြောင်းတွေကတော့ ကျွန်တော်မျိုးရောအရှင့်သားပါ သိပြီးသားတွေဆိုတော့ ပြသာနာမရှိပေမယ့် မာတန်ဘုရင်သွားခဲ့တယ်ဆိုတဲ့ ခန့်မှန်းလမ်းကြောင်းကိုတော့ အရှင့်သား ဆန္ဒရှိတိုင်း ထုတ်ကြည့်လို့ရအောင် ကျွန်တော်မျိုး ကြံဆပေးပါမယ်"
"ဘယ်လိုများ မင်းတွေးထားရော့သလဲ"
"ကျွန်တော်မျိုးက ပုံဆွဲတဲ့နေရာမှာတော်တယ်လေ။ ဒီတစ်ညလုံး မှတ်တမ်းဆောင်မှာရှိမှာဆိုတော့ မြေပုံဆွဲယူထားဖို့အချိန်လုံလောက်ပါတယ်"
ထို့နောက် စာရွက်ပေါ်တွင် လမ်းကြောင်းပြမြေပုံအား စတင်ဆွဲနေသည့် Kingsley ဧ။်အာရုံမထွေပြားစေရန် တိုးတိတ်စွာနေရင်းက ဥယျာဉ်ထဲမှနေ၍ မိမိတို့ထံလှမ်းကြည့်နေသည့် မှတ်တမ်းမှူးဧ။်အနား အိုင်းဆက်ထွက်လာခဲ့သည်။
"အပြင်မှာ ရာသီဥတုအေးလှပါတယ် အရှင့်သား "
"မှတ်တမ်းမှူးကြီးတောင် ဒီရာသီဥတုထဲ အဆင်ပြေပြေနေနိုင်နေတာပဲ"
"ကျွန်တော်မျိုးကို ပြောစရာရှိလိမ့်လေမလား"
"လိပ်ပြာကြီးကိုထိကိုင်နိုင်သူက ပစ္စုပ္ပန်ကာလကနေ အတိတ်ကိုရောက်လာပြီး တိုင်းပြည်ရဲ့ကြမ္မာဆိုးက ကာကွယ်ပေးမယ့်သူဆိုတဲ့ အဟောအတိုင်း အဲ့ဒီလူက မိုခီတာမှာထွက်ပေါ်နေတယ်ဆိုရင် မှတ်တမ်းမှူးကြီး ယုံကြည်နိုင်ရော့မလား"
"ကျွန်တော်မျိုးတို့နေထိုင်နေရာ မိုခီတာမှာမဖြစ်နိုင်တဲ့ ကိစ္စရပ်ဆိုတာ မရှိသလောက်ပါပဲ အရှင့်သား။ အရှင့်သားပြောတဲ့သူနဲ့ ကျွန်တော်မျိုးထင်မှတ်ထားတဲ့လူနဲ့ ထပ်တူကျမကျဆိုတာပဲ ကျွန်တော်မျိုးသိချင်လှပါတယ်"
"မှတ်တမ်းမှူးကြီးက ဘယ်သူလို့ထင်ရော့သလဲ"
"အရင်တုန်းကပုံစံနဲ့ လုံးဝခြားနားသွားတဲ့သူ အခြားတစ်ဦးတစ်ယောက်လို ပြောင်းလဲလာတဲ့သူဆိုတာ ဘယ်သူမှန်းကျွန်တော်မျိုးထုတ်မပြောလဲ အရှင့်သားသိလှည့်မှာပါ"
".............."
"အရှင့်သား ပြန်မဖြေဘူးဆိုတော့ ကျွန်တော်မျိုးတို့သိထားတဲ့သူက တစ်ဦးတည်းဖြစ်နေတယ်ထင်ပါတယ်။ "
"သူရောက်ရှိလာတဲ့အပေါ်ကိုရော မှတ်တမ်းမှူးကြီးဘယ်လိုတွေးထားရော့သလဲ"
"ကျွန်တော်မျိုးရဲ့ ဘဝသက်တမ်းတစ်ခုလုံး မိုခီတာမှာပဲမြှပ်နှံထားသူပါ။ အရှင်မင်းကြီးရဲ့ငယ်ဘဝကတည်းက ရှိနေခဲ့သူမို့ ကျွန်တော်မျိုးအတွက်ကတော့ ကောင်းသောရောက်ခြင်းနဲ့ ရောက်လာပြီး မိုခီတာကို ကြမ္မာဆိုးကျရောက်မယ့်အရေးက ကယ်တင်နိုင်မယ့်သူ၊ အရှင့်သားကို ပြုံးပျော်စေမယ့်သူဆိုရင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုဆိုလှည့်မှာပါ။"
ထိုသို့သောစကားလုံးကြောင့် အိုင်းဆက်နှစ်ခြိုက်စွာပြုံးမိသွားရဧ။်။ မိမိအားငယ်စဉ်ကတည်းက ချီပိုးတတ်သူ၊ သူတတ်မြောက်ရာမှော်အစွမ်းဖြင့် ပန်းလေးတွေပွင့်စေကာ ပြသစေခဲ့သူ မှတ်တမ်းမှူးအားလဲ အိုင်းဆက်ပိုမိုခင်တွယ်တာတော့ အမှန်တရားပင်ဖြစ်သည်။ မျက်လုံးထဲဝင်ရောက်လာသည့် ပန်းလေးတစ်ပွင့်ဧ။် ပွင့်ချပ်လွှာလေးကို ပွတ်သပ်ကိုင်တွယ်ကာ တွေးနေမိရာက မှတ်တမ်းမှူးမေးခွန်းတခုအား ကြားသည့်အခါ လှုပ်ရှားမှုမှန်သမျှက ရပ်တန့်သွားရသည်။
"စစ်သူကြီးကို မေတ္တာသက်ဝင်နေတာလား အရှင့်သား"
"..........."
"ဘယ်လိုများသိလေသလဲလို့ အရှင့်သားတွေးနေမယ်ထင်တယ်"
"မှန်ပေတယ်။ ဘယ်လိုများသိနေရော့သလဲ"
"အရှင့်သားရဲ့ မျက်လုံးတွေကနေတစ်ဆင့် နှလုံးသားကိုမြင်ရတယ်။ စစ်သူကြီးကိုကြည့်တဲ့ အရှင့်သားရဲ့အကြည့်ကနေတစ်ဆင့် နှစ်သက်မြတ်နိုးမှုတွေကို ကျွန်တော်မျိုးသိမြင်နိုင်ခဲ့ပါတယ်။ ပိုပြီးသေချာတဲ့အချက်က ကျွန်တော်မျိုးထံလာရာလမ်းမှာ လိပ်ပြာကြီးက စစ်သူကြီးပခုံးပေါ်လာနားတာကို တွေ့လိုက်ရတာပါ။ ထပ်ပြီးတော့မမှားဘူးဆိုရင် အရှင့်သားရဲ့မွေးနေ့မှာ လိပ်ပြာကြီးကို ထိကိုင်နိုင်ခဲ့သူလဲဖြစ်ပေလိမ့်မယ်"
"Kingsley အပေါ်ကို မေတ္တာသက်ဝင်မိတာမှန်ပါတယ်။ တစ်ကယ့် Kingsley မဟုတ်တဲ့ ပစ္စုပ္ပန်ကလာခဲ့သူ Kingsley ကိုပေါ့။ တစ်ကယ်ပဲသူက ကြင်ယာတော်ဖြစ်နိုင်ရော့မလား"
"မျိုးတူချစ်ခင်သက်ဝင်မှုရဲ့ အဟောကိုအရှင့်သားသိထားပြီးပြီလို့ ကျွန်တော်မျိုးထင်ပါတယ်"
"တော်ဝင်မျိုးနွယ်က မျိုးတူကိုပေါင်းဖက်ရင် အဲ့ဒီတိုင်းပြည်ဟာ သေကြေမှုတွေ၊ ဘေးဒုက္ခတွေကြုံတွေ့ရပြီး တိုင်းသူပြည်သားတွေ အပါအဝင်တိုင်းပြည်တစ်ခုလုံး ပျက်သုန်းရပါမယ်တဲ့။ ဒါပေမဲ့ ဖြစ်ခဲ့ဖူးရော့သလား"
"ဘာကိုမေးချင်တာပါလဲ အရှင့်သား"
"နမိတ်အဟောရှိခဲ့ပေမယ့် တစ်ကယ်ပဲဖြစ်ခဲ့ဖူးတဲ့တိုင်းပြည် ရှိနေခဲ့ရော့သလား သိချင်တာပါ။"
"ကျွန်တော်မျိုးသိထားတဲ့အခုထိ မျိုးတူပေါင်းဖက်မှုက မရှိခဲ့ပါဘူး။"
"ဘယ်လိုလုပ်သင့်ပေသလဲ မှတ်တမ်းမှူးကြီး"
"စစ်သူကြီးကို စွန့်လွှတ်နိုင်ပါသလား အရှင့်သား"
"စိတ်ကူးနဲ့တောင် မစွန့်လွှတ်နိုင်ပေဘူး "
"ဒါဆို အရှင့်သားကို ဘယ်လိုလုပ်ပါစသဖြင့် ကျွန်တော်မျိုးပြောပြလို့မရပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်လှည့်ပါ။ အရာအားလုံးနဲ့ ယှဉ်ပြိုင်ရွေးရမယ်၊ ဒုက္ခတွေ ရင်ဆိုင်ရမယ်ဆိုရင်တောင် စစ်သူကြီးကိုပဲရွေးချယ်မယ်ဆိုတာ မှန်ကန်လေသလားလို့ သုံးသပ်လှည့်ပါ။"
"မွေးဖွားလာစဉ်ကတည်းက သူတစ်ဦးတည်းအပေါ်ကိုပဲ မေတ္တာသက်ဝင်ချစ်မြတ်နိုးမိလို့ လက်လွှတ်ပေးလိုက်ဖို့ မတွေးနိုင်ပေဘူး။ သူနဲ့ယှဉ်ရွေးရမယ်ဆို အသက်ကစလို့ အဆောင်အယောင်တွေအထိ အကုန်စွန့်လွှတ်နိုင်ပေတယ်"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ရာသီဥတုချမ်းအေးခြင်းကြောင့်အပြင် အစွန်အဖျားနယ်မြေတစ်ခုဖြစ်၍ နေဝင်သည်နှင့် တိတ်ဆိတ်ခြင်းကကြီးစိုးသည်။ မိုခီတာ၊အန်ချီ၊ ကီရာတိုစသည့် တိုင်းပြည်အောက်တွင်မဟုတ်ပဲ သီးသန့်နယ်မြေအဖြစ် ခွဲထွက်နေထိုင်သူများ ၁၀၀ခန့် စုဆည်းနေထိုင်သည့် ထိုရွာလေးက စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုသည်။ တစ်နေ့တာလုံးပင်ပန်းလှသည့်အတွက် နေဝင်သွားကတည်းက အိပ်ရာဝင်ကုန်ကြသည့် ရွာသူ၊ရွာသားများက သန်းခေါင်ယံအချိန်တွင် သူတို့ရွာထံ ဦးတည်ပျံသန်းလာသည့် အရာကြီးကိုတော့ မသိရှိခဲ့ကြပေ။
ထိုအရာကြီးမှာ သတ္တဝါကြီးတစ်ကောင်ဖြစ်ပြီး သူထွက်ပေါ်လာရာ လှိုဏ်ဂူဧ။်အပြင်ဘက်သို့ရောက်သည်အခါ တောင်ပံတစ်ချက်ခတ်ယုံမျှဖြင့် ရေပြင်ကြီးထဲမှ ရေများချိုင့်ဝင်သွားယုံမက ဖြတ်သန်းခဲ့ရာ တောနက်ထဲရှိ အပင်တွေမှာ လေပြင်းတိုက်ခတ်ခံရသလို ယမ်းခါသွားသည့်အထိ အရှိန်ပါသည်။ ထိုသတ္တဝါကြီး ရွာအစပ်မြေပြင်သို့ သက်ဆင်းလိုက်ချိန်မှာတော့ သိမ့်ခနဲတုန်ခါသွားခြင်းကြောင့် အိပ်ပျော်နေသူ လူတစ်ချို့ပင် လန့်နိုးရချေသည်။
သို့သော် ဘာရယ်မှန်း သေချာမသိ၍ကတစ်ကြောင်း၊ ပင်ပန်းနေကြသူများမို့ ဆက်အိပ်လိုက်ရာက ထိုရွာဧ။် ကံကြမ္မာဆိုးကြီးက စတင်လာတော့သည်။ ထိုသတ္တဝါကြီးမှာ ပါးစပ်မှ မီးများမှုတ်ထုတ်၍ စိုက်ခင်းများ၊တိရစ္ဆာန်များအား ချက်ချင်းမီးလောင်ပျက်ဆီးစေပြီး နေအိမ်တွေကိုပါ မီးစွဲလောင်ခြင်းကြောင့် ကြောက်လန့်တကြား အော်ဟစ်ပြေးထွက်လာကြသည့် လူတွေထံသို့ ခေတ္တကြည့်နေခဲ့ပြီးနောက် ခြေဦးတည့်ရာပြေးကုန်ကြသည့် လူတွေနောက်ပျံဝဲလိုက်ပါကာ တစ်ဦးခြင်းကို လျှာဖြင့်သိမ်းယူ၍ စတင်စားသောက်တော့သည်။
ထိုအချိန်မှာပင် ရွာသားတစ်ဦးလွဲှပစ်လိုက်သည့် လှံတစ်ချောင်းက သတ္တဝါကြီးဧ။်ကျောပြင်သို့ ဝင်လာသော်ငြား ဓား၊လှံမပေါက်သော အကြေးခွံများကြောင့် စိုက်ဝင်ခြင်းမရှိပဲ ကန်ထွက်သွားခဲ့သည်။ ရွာသားမှာလဲ ချာခနဲလှည့်ကြည့်လာသည့်သတ္တဝါကြီးက သူ့ထံသို့တစ်လှမ်းခြင်းလာသောအခါ ပြေးဖို့ကိုပင် သတိမရတော့စွာ ကြောက်စိတ်မွှန်၍ နေရာမှာပင် ဖင်ထိုင်လျက်ကျသွားခဲ့ရဧ။်။ ခဏအကြာတွင်တော့ သတိဝင်လာသည့်အလား အော်ရန်ပြင်လိုက်သည့်တိုင် အော်သံကားထွက်မလာတော့ချေ။
အဘယ်ကြောင့်ဆိုသော် သတ္တဝါကြီးဧ။် ကြီးမားလှသော ဖြေဖဝါးအောက်တွင် စိစိညက်ညက်ကြေအောင် ဖိနင်းခံလိုက်ရလို့ပင်ဖြစ်သည်။ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး အေးချမ်းနေသည့် ထိုရွာလေးမှာ တဒင်္ဂလေးမှာပင် အသက်ရှင်ကျန်သူမရှိ မီးလောင်ပြင်တစ်ခုအဖြစ်နဲ့သာ ကျန်ခဲ့ရတော့ဧ။်။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
စိတ်ကြိုက်အိပ်လိုက်ရခြင်းကြောင့် စိတ်ကြည်ကြည်လင်လင်နှင့်ပင် ကောင်းယံအိပ်ရာနိုးလာသည်။ မနေ့ညကမှတ်တမ်းဆောင်မှာ အရှင့်သားနှင့်အတူ ရှိခဲ့ကြပြီးနောက် မိုးလင်းမှအိမ်ပြန်လာကာ အိပ်ရာဝင်ခဲ့ရာက ညနေစောင်းလုဆဲဆဲမှ အိပ်ရာနိုးတော့သည်။ ခါးတစ်ဝက်ထိလျှောကျနေသည့်စောင်ကို ခပ်တင်းတင်းယူခြုံကာ တဖက်သို့စောင်းလိုက်ပြီးနောက် မိမိဧ။်လက်တစ်ဖက်သို့ အကြည့်ရောက်သွားရသည်။
"အရှင့်သားက ငါ့လက်ကိုဆုပ်ကိုင်ထားခဲ့ပါလား"
နှုတ်မှပင်ခပ်တိုးတိုးရေရွတ်မိပြီး မင်းသားအိုင်းဆက် ဆုပ်ကိုင်ထားခဲ့သော မိမိလက်ကိုပြန်ကြည့်ကာ ယမန်နေ့ညက အထိအတွေ့လေးကို ပြန်ခံစားမိနေသလိုပင်။ နွေးထွေးပြီး မာန်အပြည့်ရှိသည့် လက်ဖဝါးတစ်ဖက်ထဲရောက်ရှိနေခဲ့ရသည့် ထိုခံစားချက်။ သတိဝင်လာချိန်မှာတော့ မိမိမှာလက်ဖဝါးကို နှုတ်ခမ်းဖျားတင်တေ့၍ ကြည်နူးနေသည့်ဟန်ပန်။ အလန့်တကြားဖြင့်မျက်နှာကို ကိုင်ကြည့်လိုက်သည့်အခါတွင်တော့...
"ဘုရားရေ ငါပြုံးဖြီးနေတာပဲ"
ဟုတ်သည် ။ မျက်နှာတစ်ပြင်လုံးက တွန့်လိမ်နေပြီး ရှိသမျှသွားအကုန်ပေါ်အောင် ပြုံးနေသည်မှာ ပါးစပ်နားရွက်တက်ချိတ်တော့မတတ်။
"စစ်သူကြီး"
"အမေရေ!!"
အနားနားကပ်၍ ထွက်ပေါ်လာသောအသံကြောင့် လန့်အော်ကာကုန်းရုန်းထလိုက်တော့ ကုတင်ဘေးနားမှာရပ်နေသည့် Land။
"စစ်သူကြီး ဘာတွေပျော်နေတာလဲ"
"အသံမပေးပဲ ဘာလုပ်တာတုန်း"
"ခေါ်နေတာကို စစ်သူကြီးကမကြားဘူးလေ။ လက်ဖဝါးကိုမြှောက်ကြည့်လိုက်၊ နမ်းလိုက်၊ရှုံ့လိုက်နဲ့"
"ဘာလာလုပ်တာလဲ Land"
"ညနေစာလာပို့တာပါ စစ်သူကြီးက ကြက်ကင်ကြိုက်တယ်မဟုတ်လား။ အရှင့်သားကပို့ခိုင်းထားတာ"
"သူရော"
"နယ်မြေငယ်လေးတစ်ခုမှာ အဖြစ်အပျက်တခုပေါ်လာလို့ သွားကြည့်တယ်။ စစ်သူကြီးကို လာကြည့်သေးတယ်။အိပ်နေလို့မခေါ်သွားတော့ဘူးတဲ့"
"ငါ ကိုယ်လက်သန့်စင်ပြီးရင် စားမယ်။ မင်းလဲတူတူစား"
ခပ်မြန်မြန်ကိုယ်လက်သန့်စက်ကာ အကျီတစ်ထည် လဲယူဝတ်ဆင်နေချိန်တစ်လျှောက် Land ဧ။်အကြည့်က Kingsley ဧ။် ခါးပေါ်ရှိ ဒဏ်ရာကြီး ဒဏ်ရာကိုသာငေးကြည့်နေသည်။ မင်းသားအိုင်းဆက်သည်လည်း ထိုဒဏ်ရာကို စိတ်မကောင်းသည့်ဟန်ပန်ဖြင့် ငေးကြည့်ဖူးသည်ကို သတိရသွားမိတော့ Land ထံသို့ စကားစလိုက်သည်။
"ဒီ ဒဏ်ရာအကြောင်းတောင် ငါမမှတ်မိတော့ဘူး။ အရှင့်သားလဲ ဒီဒဏ်ရာကြည့်ပြီး ငိုင်သွားဖူးတယ်။ ပြန်ပြောပြပါလား"
"အဲ့ဒီဒဏ်ရာက အရှင့်သားကိုဝင်ကယ်ရင်း စစ်သူကြီးရခဲ့တာလေ။ ဓားပြတွေသောင်းကျန်းလို့ ရွာလေးတစ်ရွာကိုသွားကူတာ လာမှာကိုကြိုသိနေတဲ့ ဓားပြတစ်ယောက် ရွာသားဟန်ဆောင်ပြီး အရှင့်သားအလစ်အငိုက်မှာ ဓားကြီးနှင့်ခုတ်ပစ်လိုက်တာ"
"အင်း...အဲ့ဒီတော့.."
"အရှင့်သားက ကျောပေးထားလို့ ရှောင်ဖို့မလွယ်ချိန်မှာ စစ်သူကြီးကလဲ ဓားမကိုင်ထားတဲ့အချိန်ဆိုတော့ အရှင့်သားကိုယ်စားဝင်ခံပေးလိုက်တာ အဲ့ဒီဓားကတော်တော်နက်နက်စိုက်ဝင်သွားတာ ဓားက ခါးမှာတန်းလန်းကြီးဖြစ်နေခဲ့တာ"
"ဟာ Kingsley တော်တော်နာမှာပဲ အဲ....ငါတော်တော်နာခဲ့မှာပဲ"
"စစ်သူကြီးက စိတ်မာတယ်။ တစ်ချက်အော်လိုက်တာကလွဲလို့ နောက်ထပ်အသံမထွက်တော့ဘူး။ ဒဏ်ရာကအရမ်းနက်လို့ အရှိန်နဲ့အဖျားတွေဝင်ပြီး အိပ်ရာပေါ်လဲသွားတာ အကြာကြီးပဲ။ အဲ့ဒီကတည်းက အရှင့်သားမှာ သူ့ကိုကာကွယ်ရင်း စစ်သူကြီးဒဏ်ရာထပ်ရမှာကို စိုးရိမ်နေတာကို မြားကထပ်မှန်သေးတယ်"
ထို့ကြောင့် ဒဏ်ရာအမာရွတ်ကိုမြင်စဉ်က မင်းသားအိုင်းဆက် မျက်နှာပျက်သွားတာဖြစ်လိမ့်မည်။ Land ပြန်သွားပြီးနောက် ပြတင်းပေါက်နားရပ်ကာ မနက်ဖြန်ကစပြီးပြန်သင်ရတော့မယ့် ဓားရေးနှင့်မြားပစ်အကြောင်းတွေးတောနေရာက နားထဲသို့မြင်းခွာသံ ခပ်သဲ့သဲ့ဝင်ရောက်လာသည်မို့ အသံထွက်ပေါ်လာရာ လမ်းမဆီသို့ အကြည့်ရောက်သွားခဲ့သည်။
ငွေမျှင်ရောင်မြင်းဖြူကြီးထက်က အဖြူရောင်ဝတ်စုံနှင့် ရွှေရောင်ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားသော မင်းသားအိုင်းဆက်၊ လိပ်ပြာကြီးကပခုံးထက်တွင် နားနေကာ မြင်းဇက်ကြိုးကိုဆွဲ၊ ခပ်မတ်မတ် ကိုယ်နေဟန်ထားဖြင့် သံချပ်ကာစစ်မက်များခြံရံကာ ဖြည်းညှင်းစွာပြန်လာနေသည်။ မိမိဧ။်နေအိမ်ကား လမ်းမဆီမှလှမ်းမြင်ရသလို မိမိကလဲပြတင်ပေါက်မှတစ်ဆင့် မြင်နေရသည်မို့ လှမ်းကြည့်လာသည့် မင်းသားအိုင်းဆက်နှင့် အကြည့်ချင်းဆုံသည်။
သိမ်မွေ့စွာပြုံးပြလာသည့် အပြုံးအောက်မှာ နှလုံးခုန်သံက ဒုတ်ခနဲ။ တစ်ချက်သာခုန်သည်ဟု ထင်မိသော်လည်း ဗရမ်းဗတာလှိုက်ခုန်လာသောအခါ တစ်စုံတစ်ခုကို သတိပြုမိလာသည်။ ထိုအရာကတော့ မိမိဧ။်နှလုံးသားသည် အရှင့်သားထံတွင် ဝပ်တွားသက်ဆင်းသွားခဲ့ခြင်းပင်ဖြစ်ဧ။်
5000 words