After Marrying the Lord of th...

By mi_xian_xian

18.3K 2.9K 373

လုရင်ကျုံတွင် ငယ်ငယ်ကတည်းနှင့် ထူးခြားသည့် ကိုယ်ခန္ဓာရှိကာ ကံဆိုးမှုအား ခါးစည်းခံခဲ့ရ၏။ပယောဂဆရာကြီးတစ်ယောက်၏... More

Description
Chapter 2 မြမီးအိမ်အဖွဲ့အစည်း
Chapter 3Two-faced Buddha
Chapter 4 ချူပန့်ရန်
Chapter 5 စိန်လက်စွပ်
Chapter 6 အေးစက်စက်ရနံ့
Chapter 7 သက်တော်ရှည်သော့ခလောက်
Chapter 8 စွဲလန်းဥစ္စာ
Chapter 9 သွေးမြူ
Chapter 10 Meet Again
Chapter 11 First Meeting
Chapter 12 ထူးဆန်းတဲ့ဖွားဖွား
Chapter 13 မိုချာလက်တေး
Chapter 14 ရှန့်တုံးအရက်ဘား
Chapter 15 သောက်ကြမယ်
Chapter 16 ထောင်ချောက်
Chapter 17 လိုက်လံစုံစမ်းခြင်း(၁)
Chapter 17 လိုက်လံစုံစမ်းခြင်း(၂)
Chapter 17 လိုက်လံစုံစမ်းခြင်း(၃)
Chapter 18 မျက်နှာဖုံး
ဟာသ

Chapter 1 မင်္ဂလာဆောင်

1.9K 289 45
By mi_xian_xian

မင်္ဂလာဆောင်

"လုရင်ကျုံ မင့်ရဲ့ဝမ်းတွင်းကံကြမ္မာဆိုးကြီးကို ဖျောက်ဖျက်ဖို့က နည်းတစ်နည်းပဲရှိတယ်။တစ်စ္ဆေမင်္ဂဆောင်ပဲ။အဆိပ်ကိုအဆိပ်နဲ့တိုက်တယ်လို့ပဲ ပြောရမှာပေါ့ ၊ ငါသေချာပေါက် မင့်အတွက် လှလှပပ လက်ရဲဇက်ရဲ တစ္ဆေမချောချောလေး ရှာပေးပါမယ်လေး"
မုတ်ဆိတ်မွေးရှည်နှင့် ဆရာကြီးက ကတိပေးလေရဲ့။

ထိုဆရာကြီးသည် ဘယ်သောအခါမှ စကားအား လေးလေးနက်နက်ပြောသည်မရှိလေရာ ငယ်ငယ်ရွယ်ရွယ် လုရင်ကျုံလေးက 'လှလှပပ လက်ရဲဇက်ရဲ တစ္ဆေမချောချောလေး' ဟူသော စကားအား အလိုလိုပင် လျစ်လျူရှု၍ မေးလိုက်သည်။
"တကယ်ရော အလုပ်ဖြစ်မှာလား?"

"တကယ်ပါဆိုနေ ၊ ဒီဆရာကြီးက မင့်ကို ဘယ်တုန်းကလိမ်ဖူးလို့လဲ ၊ မင်း နောက်ကျ ကောင်းမွန်မွန် အိပ်လို့ရတော့မှာ"

__ __ဒီလိုနဲ့ တစ္ဆေမင်္ဂလာဆောင် ဖြစ်လာရတာပဲ။

အခမ်းအနားအတွက် ပြင်ဆင်ရတာကလဲ နှစ်ဝက်တောင်ကြာတယ် ၊ ဟိုဆရာကြီးကလည်း တစ်လျှောက်လုံး တစ်ခုပြီးတစ်ခု စီစဉ်နေလိုက်တာ တစ္ဆေပွဲတော်လို့ ခေါ်တဲ့ ပြဿဒါးရက် ရောက်တဲ့ထိ။

ထိုနေ့ရောက်သော် လုရင်ကျုံလေးသည် ပိတ်ထားသည့် မှန်ပြတင်းပေါက်ရှေ့၌ မတ်တပ်ရပ်လိုက်သည်။အလွယ်ငယ်ရွယ်သေးသည်ဖြစ်ရာ ပြတင်းပေါက်မှသာတစ်ဆင့် ကြည့်ရှုနေခဲ့၏။မိုးရေစက်များက မှန်သားပြင်အား ထိမှန်ရိုက်ခတ်လျက် ၊ ကောင်းကင်ကြီးလည်းမှုန်မှိုင်းနေကာ ခြံဝင်းလည်း လူသူများနှင့် ‌ပြည့်နှက်နေသည်။တိတ်ဆိတ်နေသည့် ကျီးကန်းအုပ်ကြီးပမာ။ မကြာပါ ၊ တွတ်တိုးတွတ်တိုး တီးတိုးသံများက ပြတင်းချပ်ကြားအား ဖြတ်သန်းလာခဲ့သည်။

"ကြားပြီးပြီလား?ဒီကလေးက အရမ်းသနား‌စရာကောင်းတယ်။သူ့ငယ်ငယ်လေးကတည်းနဲ့ သရဲ တစ္ဆေပေါင်းစုံ လိုက်ဖမ်းစားတာခံနေရတာတဲ့"

"ငါ့အထင်တော့ နောက်နှစ်ထိတောင် သူမရှင်လောက်ဘူး။နှမြောစရာပဲ ၊ ဒီလောက်လှတဲ့ ကလေးလေး"

"တစ္ဆေမင်္ဂ‌လာဆောင်ကရော ဘာအသုံးဝင်မှာမို့လဲ? တစ္ဆေက ဘယ်လောက်ပဲ အားကြီးကြမ်းကြုတ်တယ်ပြောပြော သူ့ဝမ်းတွင်းကြမ္မာဆိုးကြီးကိုတော့ ဘယ်ဖိထားနိုင်ပါ့မလဲဟယ်"

"....."

ပယောဂဆရာကြီးက မိဘများ လိုက်ပါ၍ မရကြောင်း အထူးသတိပေးလိုက်သည်။နှုတ်ဆက်ကြသောအခါတွင် အမေဖြစ်သူက သူ့လက်လေးအား ကိုင်လိုက်သည်။မျက်ဝန်းတွင် မျက်ရည်စများ ဝေ့နေသော်လည်း ချက်ချင်းဆိုသလို ခေါင်းလွဲ၍ လက်ဖမိုးနှင့် မျက်ရည်များ သုတ်ကာ သားဖြစ်သူအား ပြုံးပြလိုက်လေ၏။
"မြန်မြန် ပြန်လာခဲ့နော်"

*******

လုရင်ကျုံ အနီတောက်တောက် ရွှေရောင်ကွပ် ဝတ်စုံအား ပြောင်းလဲဆင်းမြန်ကာ အဝေးတစ်နေရာမှ လူအုပ်ကြီးရှိရာသို့ သွားလိုက်သည်။

အဝတ်စားများ ၊ စက္ကူနှင့် လုပ်ထားသည့် ကျောက်သံပတ္တမြား ရတနာများ ၊ လိုက်ပါပို့ဆောင်သူ တစ်ရှည်တစ်လျား နှင့် မိုးသည်းထန်စွာ ရွာသွန်းလျက်။ထင်ထင်ရှားရှား လုရင်ကျုံ ဘေးနားတွင် လူများရှိသော်လည်း သူ့စိတ်ထဲ အဖော်မဲ့သလိုခံစားနေရသည်။ရှေးဟောင်းစံအိမ်ရှိရာ သွားနေသည်မဟုတ်ပဲ မရဏတစ်ဖက်ကမ်း သို့ လှမ်းနေသလိုပင်။

အဝေးမှ စံအိမ်ကြီးအား မြင်ရသည်ထိ တောင်ကြားလမ်းတစ်လျှောက် မည်မျှကြာအောင် လမ်းလျှောက်ခဲ့ကြမှန်း သူမသိတော့ပေ။

စံအိမ်ကြီးသည် စွန့်ပစ်ခံထားရသည်မှာ နှစ်ရှည်လများ ကြာနေပြီ ဖြစ်ပြီး အလွန်တရာမှလည်း တိတ်ဆိတ် ခြောက်ကပ်နေသေးသည်။ တံခါးဝ၌လည်း ခန်းဆီးစများအား ဖောက်ထွင်းလျက် နီရဲရဲ မီးအိမ်များ တို့လို့တွဲလောင်း ကျနေသည်မှာ မြူထူကြားမှ သွေးများ စီးကျနေသလိုပင်။

အခမ်းအနား ဆရာကြီးက တံခါးအား တွန်းဖွင့်လိုက်ရာ စူးရှရှ စူးဝါးဝါး အသံကြီးမည်လျက် ပွင့်သွားခဲ့သည်။

လေတစ်ဖြူးဖြူး တိုက်ခတ်နေသည့် စင်္ကြံလမ်းမှ ရှေ့သို့တက်လှမ်းလျက် ၊ လူတန်းကြီးလည်း မဆုံးသေး ၊ တံခါးကြီးလည်း ပွင့်လျက် - စံအိမ်တွင်းတွင်တော့ နီရဲရဲနှင့် တောက်ပနေလေ၏။

" 囍 " ဟူသည့် စကားလုံးကြီး အလယ်တွင်နေရာတွင် ရေးထားသည့် မီးပုံးနီများအား မြင့်မြင့်မားမား ချိတ်ဆွဲထားသည်။အလယ်တွင် *ထျန်းတိစားပွဲကြီး ရှစ်လုံးရှိကာ နီရဲရဲ စားပွဲခင်းများ ခင်းထား၏။ဖယောင်းတိုင်နီများလည်း စားပွဲပေါ် နေရာယူလျက် အသီးသီး တောက်လောက်နေကြသည်။အစွန်းနှစ်ဖက်တွင်တော့ သူ့မိဘနှစ်ပါးအတွက် ရည်ရွယ်၍ စက္ကူလူရုပ်နှစ်ရုပ် ချထားကာ ပတ်ပတ်လည် ဧည့်သည်များအားလုံးလည်း တိုချည်ရှည်ချည် သရဲမျက်နှာဖုံးများ ဝတ်ဆင်ထားလျက် ၊ လုရင်ကျုံအား ကျယ်လောင်စွာ ရယ်မောပြ၍ လက်ခုပ်ဩဘာပေးကြသည်။

မည်သူမှ မထင်ထားသည်ကတော့ ဒီဆရာသခင်က တကယ်ကြီး စိတ်ချမရခြင်းပင်။သူရှာတွေ့လာသည့် ထူးခြားဆန်းကြယ် တစ္ဆေကြီးမှာ ဤဆရာသခင်ကိုယ်တိုင်ပင် မူလအစအန မသိပါသည့် တစ္ဆေကြီး ဖြစ်နေ၏။ဓာတ်ပုံလည်းမရှိ ၊ ကမ္မည်းချပ်ပြားတောင် မရှိ။ *နတ်သမီးနှင့် အခမ်းအနားစီစဉ်သူ ဆရာသခင် မည်သို့မျှ အော်ခေါ်ခေါ် ပေါ်မလာပေ။

[*ဤနတ်သမီးကား လူအယောင်ဆောင်တည်း]

လုရင်ကျုံမှာ ထိုနားတွင်ရပ်လျက် အရင်းအနှီးပင် ရှုံးသေးသည်။

အခမ်းနားလည်း ပြင်ပြီးပြီ ၊ မွေးသက္ကရာဇ်လည်း တိုက်ပြီးပြီ ၊ တစ္ဆေကောင်လည်း ကြိုက်မကြိုက် ဆူညံသံအချို့တော့ လုပ်ကိုလုပ်ပြရမယ်လေ။အခုက အဲ့လိုလည်း မဟုတ်ဘူးရော။

ကိုယ်ထင်လည်းမပြလာ ၊ သဘောတူကြောင်းလည်း အေးစက်စက်လက်ကြီးနဲ့ လာမကိုင်လာ ၊ မကျေနပ်ဖြစ်တယ်ဆိုလည်း မင်္ဂလာဆောင်က လူတိုင်းကို လာလည်းမသတ်။

သို့သော် ဤကဲ့သို့ မတ်တပ်ကြီးပဲ ရပ်နေလျှင်လည်း မဟုတ်သေးပြန်။လုရင်ကျုံသည် ဆန့်ကျင်ဘက် ဟာလာဟင်းလင်းကြီးအား မျက်နှာချင်းဆိုင်၍ လေးလေးနက်နက် ဦးညွှတ်လိုက်လေ၏။ကောင်းကင်နဲ့ မြေကြီးအား ကန်တော့သည်။မိဘအား ကန်တော့သည်။ အချင်းချင်းကန်တော့သည်။

ဖယောင်းတိုင်မီးများ တဖျတ်ဖျတ် တောက်ပလျက် ၊ 囍 ပါသည့် မီးပုံးနီကြီးများလည်း သူ့တို့ ခေါင်းထက် မြင့်မြင့်မားမား ချိတ်ဆွဲလျက်ပင်။နတ်သမီးသည် ရုတ်တရက် အသံတိတ်သွားသည် ၊ လုရင်ကျုံ ခေါင်းမော့ကြည့်လိုက်သောအခါ ဆရာသခင်ကြီးလည်း ခြေလှမ်းအနည်းငယ်မျှ နောက်သို့ဆုတ်နေလေ၏။မျက်နှာတွင်လည်း သွေးရောင်မရှိ ‌ဖြူဖျော့ဖျော့နှင့် နောက်ခဏအတွင်း မူးမေ့လဲသွားတော့မလိုပင်။ထိုဆရာကြီးသည် ဒူးထောက်ချလိုက်ကာ ကြောက်လန့်တကြားနှင့် တခါတလဲလဲ ရှိခိုးဦးညွှတ်မှုပြုနေသည်။စုပြုံနေသည့် လူအုပ်ကြီးအား ကြည့်လိုက်ရာ လုရင်ကျုံတစ်ယောက် သူတို့၏ မျက်နှာများအား မမြင်နိုင်သော်လည်း ကြောက်စရာကောင်းလှသည့် တိတ်ဆိတ်မှုကတော့ လွှမ်းမိုးနေ၏။

ကြောက်စရာကြီး

စကားနဲ့တောင် ဖော်ပြလို့မရအောင် ကြောက်စရာကောင်းတယ်။

ဘာတွေဖြစ်နေတာလဲ? လုရင်ကျုံ အနည်းငယ် ပဟေဠိ ဖြစ်နေသည် ၊ သူ့ခေါင်းပြန်ငုံ့လိုက်သောအခါ သူ့လည်ပင်းတွင် သက်တော်ရှည် သော့ခလောက်ကြိုးလေး ပေါ်လာခဲ့သည်။

သော့ခလောက်လေးသည် အေးတိအေးစက်နှင့် သေးငယ်ကာ သိမ်မွေ့လှသည်။ အချက်ပြမှု သေးသေး‌ ‌လေးတောင်မရှိ ၊ တောင်နှင့် ပင်လယ်များ ပိုင်းခြားထားသကဲ့သို့ အသက်မဲ့ဆိတ်ငြိမ်လှ၏။

လုရင်ကျုံ ပြန်ထွက်လာခဲ့တဲ့ထိ ထို တစ္ဆေကြီးက လုံးဝကို မပေါ်လာခဲ့။

အိမ်ပြန်လမ်းတွင် ဆရာသခင်ကြီးနှင့် နတ်သမီးတို့ တစ်လမ်းလုံး ပေါက်တတ်ကရ မရပ်မနား စကားပြောလာခဲ့ကြ၏။လုရင်ကျုံ မည်သို့မျှ မေးမေး တစ်လုံးလေးတောင် မပြောပြကြပေ။

အိမ်ပြန်ရောက်သော် သူ့အမေက သူ့အားဖက်၍ ပျော်ရွှင်စွာ ငိုလေသည်။အံကြိတ်ရင်းနှင့်လည်း ပြောလာခဲ့သည်။
"နည်းလမ်းတွေအများကြီးရှိတယ် သား ၊ ဘာကံကြမ္မာဆိုးလဲ ၊ သားက အသက်ရှင်နေဦးမှာ"

လုမေမေသည် အလွန်ဉာဏ်ထက်ကာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ရှိသူပင်။သူ့ကိုယ်သူ အရင် စိတ်ခိုင်ခိုင်ထား၍ နောက်ထပ် နည်းလမ်း အသစ်များ ထပ်ရှာပြန်လေရဲ့။

လုရင်ကျုံ ပါးချိုင့်လေးများပေါ်လာခဲ့သည် ၊ လက်ထဲ၌လည်း သက်တော်ရှည် သော့ခလောက်ဆွဲကြိုးအား တင်းတင်းကြပ်အောင် ဆုပ်ထားလျက် အောက်နှုတ်ခမ်းအား တင်းကြပ်ကြပ် ကိုက်လိုက်လေ၏။သူ မကြောက်ပါဘူး ၊ နည်းနည်းလေး ဝမ်းနည်းရုံလေး။

သားတော့ အငြင်းခံခဲ့ရပုံပဲမေမေ......

သို့သော် အငြင်းခံရသည်ဟု ပြောရအောင်လည်း ထူးဆန်းလှ၏ ၊ အဲ့နောက်ပိုင်းကတည်းနှင့် သူ့အိမ်မက်တိုင်းမှာ အေးအေးချမ်းချမ်းဖြစ်သွားခဲ့သည်။

*********

ဆယ့်သုံးနှစ် ကြာသော်

လုရင်ကျုံ ကျောပိုးအိတ်ကြီးအား သယ်လျက် တောင်မြောက် ဘယ်ညာ ကြည့်လိုက်သည်။ခပ်ဖျော့ဖျော့ နေရောင်က သူ့မျက်လုံးအား လာထိုးနေလေရဲ့။

ဆယ်နှစ်ကျော်မျှ ကြာပြီးသော် လှလှပပ ကလေးလေးသည်လည်း အရွယ်ရောက်လာခဲ့ပြီ။အရပ်လည်းရှည်လာကာ ဖြောင့်ဖြောင့်တောင့်တောင့် နောက်ကျော ၊ လန်းဆန်းတက်ကြွသည့် သွင်ပြင်နှင့် အလွန့်အလွန်မှ ချောမောနေလေရဲ့။ကင်မရာပင်လျှင် သူ့မျက်နှာပေါ်မှ ချွေးပေါက်များအား ရှာမရချေ။မဂ္ဂဇင်း cover photo မှ လူတစ်ယောက် လျှောက်ထွက်လာသကဲ့သို့ပင် ချောမောလှသည်။မြင်သူများပင်လျှင် မနေနိုင်ပဲ ထပ်ခါထပ်ခါ လည်ပြန် ငေးကြည့်ရပေမည်။

မပြောပြလျှင် သူ့လို‌ကောင်ချောလေးက နေ့စဉ်နေ့တိုင်း သရဲတစ္ဆေများ လိုက်လံဖမ်းဆီး ဖြေရှင်းနေကြောင်း စိတ်ထဲတွေးတောင် တွေးထားမည် မဟုတ်ချေ။

မည်သူမျှ ထင်ထားမည်မဟုတ်။ငယ်ငယ်ရွယ်ရွယ် သရဲလိုက်ဖမ်းခံနေရသည်မှတစ်ဆင့် ထိပ်သီးပယောဂဆရာလေးတောင် ဖြစ်လာလိုက်သေးသည်။

သိပ်မဝေးသည့် တုံးရန် အဆောက်အဦးမှာ နံရံများ အလွှာလိုက် ကွာကျလျက် အိုဟောင်းလို့ နေပေသည်။

တိုက်နံပါတ်၅ ၏ သုံးထပ်မြောက်၌ တစ္ဆေအလွန် ခြောက်နေပါကြောင်း သူ့ထံ request ပို့ထားသည်။

အဆောက်အဦးထဲ ဝင်၍ အပေါ်ထပ်သို့ တက်သွားသောအခါ ရောင်စုံကာလာ အဝတ်စားနှင့် အန်တီ တစ်ယောက် လာကြိုလေ၏။

"ဒီနေရာပဲ"
ထိုအန်တီကြီးသည် တုန်တုန်ယီယီနှင့် ကော်ရိုက်ဒါ အစွန်းတွင် ရပ်လျက် ခြေလှမ်းတစ်လှမ်းမျှပင် မလှမ်း။
"ဒီ*အိပ်ခ်ျချိန်း တယ်လီဖုန်းက ‌ညတိုင်းညတိုင်း သူ့ဘာသာ ထထမည်နေတာ"

[*Public Telephone ကိုပြောတာပါ။]

"အားရီ သက်ဆိုင်ရာ တာဝန်ယူသူတွေကို ရှာသင့်တယ်မဟုတ်ဘူးလား?"
လုရင်ကျုံမေးလိုက်သည်။

"ဒါပေမယ့်လည်း ဝိုင်ယာကြိုးပြတ်သွားတာက နှစ်အတော်ကြာနေပြီလေ ၊ အခုခေတ်မှာ ဘယ်သူမှလည်း အိပ်ခ်ျချိန်းဖုန်းမှ မသုံးကြတော့တာ"

တစ်ခုခုလိုမျိုးအသံပဲ။ ချက်ချင်း လုရင်ကျုံ ဤနေရာ၌ တစ်ညနေရန် ဆုံးဖြတ်လိုက်တော့သည်။

ဤအလွှာ၏ အခန်း၃၀၂သည် တံခါးခတ်ထားလျက်။အန်တီကြီးသည် သူ့လက်ထဲ ကြေးနီနံ့ဆွဲသည်ထိ သော့တွဲကိုင်လျက် အချိန်ဆွဲနေပြီးနောက် အခန်းနံပါတ် ၃၀၂၏ သော့တံအား ထုတ်ယူလိုက်သည်။

လုရင်ကျုံအား သော့လှမ်းပေးသည့်အခါ ထိုအန်တီကြီးသည် ရုတ်တရက် ဆိုလိုက်လေ၏။
"လုရင်ကျုံ အချိန်ကျလာပြီ"

လုရင်ကျုံက ကြောင်တောင်တောင်နှင့်။
"ဟမ်? ဘာပြောလိုက်တာလဲ?"

ရလာဒ်အနေနှင့်ကတော့ ထိုအန်တီကြီး သာ၍ စိတ်ရှုတ်သွားဟန်နှင့် သူ့လက်သူပွတ်သပ်ရင်း လုရင်ကျုံ့အား မေးလာခဲ့၏။
"အခုစကားပြောလိုက်မိလို့လား?"

အန်တီကြီး ထွက်သွားပြီးသည့်နောက် လုရင်ကျုံ့ အခန်း၃၀၂အား သော့ဖွင့်လိုက်သည်။အထဲတွင် အိပ်ခန်းနှစ်ခန်း ၊ ဧည့်ခန်းတစ်ခန်းနှင့် မပျက်စီးသေးသော်လည်း ဖုန်အလိမ်းလိမ်းထပ်နေသည့် ပရိဘောဂတို့ ရှိလေ၏။ဤအလွှာရှိ အသံလုံမှုမှာ မကောင်းလှချေ ၊ လင်မယားရန်ဖြစ်သံ ၊ ကာတွန်းကားကြည့်သံ ၊ ချက်ပြုတ်နေသည့်အသံ ၊ ပန်းကန်ဆေးနေသည့်အသံ စသဖြင့် အသံပလံပေါင်းစုံ ဟထားသည့် တံခါးကြားမှ စီးဝင်လာလျက် ၊ တကယ့်ကို အခြေခံလူတန်းစားများ သောင်းပြောင်းစုထွေးရာပင်။လုရင်ကျုံ တံခါးထပ်ဖွင့်ကာ သရဲခြောက်သည့် တယ်လီဖုန်း ရှိနေသည့် ခန်းမအား ကြည့်ကြည့်လိုက်သည်။ကော်ရိုက်ဒါမှ သူခိုးကာသည့် သံဇကာကတော့ သံချေးတက်လျက် ၊ အပြင်ဘက်၌ နေကလည်း ကျစ်ကျစ်တောက် ပူနေသေး၏။ပန်းနှင့်အပင်ငယ်များ လေထဲ ယိမ်းကာနွဲ့ကာနှင့် အဝေးမှမူကြိုထဲ၌ ကလေးငယ်များ ပြေးလွှားနေသည်ကိုပင် မြင်နိုင်သည်။

လုရင်ကျုံ ဂါထာတစ်ပုဒ် ရွတ်လိုက်ရာ အလိုလို လေများ တိုက်ခတ်လာပြီး ကြမ်း‌ပြင်ပေါ်ရှိ ဖုန်အမှုန်များကိုပင် လှဲကျင်းသွားသေးသည်။လုံးဝကို သဘာဝကျကျလေးပင်။အနည်းငယ် ခပ်ကြမ်းကြမ်းမျှ တစ်ဘုံးဘုံးထုလိုက်လေရာ TV လည်း သုံးလို့ရသွား၏။လုရင်ကျုံတစ်ယောက် အားလူးကြော်ကိုင်လျက် ဆိုဖာတွင်ထိုင်၍ စားတစ်လှည့် ကြည့်တစ်လှည့် TV ကြည့်လေတော့သည်။

ကြည့်နေရင်း ရုတ်တရက် ရင်ဘတ်ပေါ်ရှိ သက်တော်ရှည် သော့ခလောက်ဆွဲသီးအား လုရင်ကျုံ ကိုင်လိုက်၏။ဆယ့်သုံးနှစ်တောင် ကြာသွားလေပြီ ၊ သော့ခလောက်ဆွဲသီးလေးလည်း ယခုထက်ထိ အေးစက်စက်နှင့်။ဤ သော့ခလောက်ဆွဲသီးလေးတစ်ခုသာ တစ္ဆေမင်္ဂလာဆောင်မှ ကျန်ခဲ့သည့် အထောက်အထား ဖြစ်တော့သည်။ထိုဆွဲကြိုးအား ထည့်မတွက်လျှင် ၊ မင်္ဂလာဆောင်မှာ သူတွေးထားသည့်အတိုင်း ဖြစ်မြောက်သွားသည်ဟု လုရင်ကျုံတစ်ယောက် ထင်မိတော့မည်။

လုရင်ကျုံ ညသန်းခေါင်ယံထိ စောင့်လိုက်၏။

အပြင်ဘက်တွင် အလွန်တိတ်ဆိတ်နေ၍ အခန်းတွင်း၌ တစ်ရွေ့ရွေ့‌ ရွှေ့နေသည့် နာရီသံတစ်ခုသာလျှင် ကြားရသည်။

နာရီလက်တံက တစ်နာရီခွဲပြီဖြစ်ကြောင်း ညွှန်ပြနေ၏ ၊ အပြင်ဘက်ကျီးအုပ်မှလည်း ညို့မှိုင်းမှိုင်း ကျီးအာသံများ ထွက်ပေါ်လာလျက်။လုရင်ကျုံ လှည့်ပတ်ကြည့်ရာ ကြောင်တစ်ကောင်၏ လင်းလင်းတောက် မျက်လုံးများနှင့် ဆုံသွားရသည်။ထိုကြောင်နက်ကြီးသည် အခန်းကော်ရိုက်ဒါရှိ လက်ရန်းပေါ် အမြီးမြှောက် လမ်းလျှောက်နေရင်း သူ့ဘက်ခေါင်းလှည့်၍ ရန်ထောင်လာသေးသည်။

နှစ်နာရီ တိတိတွင် လုရင်ကျုံ ထလိုက်ကာ တံခါးမကြီးအား မျက်နှာမူလိုက်သည်။

ကြောင်နက်ကြီးမှလည်း တစ်ခုခုအား ခံစားမိသဖြင့် တံခါးဘက်အား ဦးတည်၍ အမွေးများထောင်လျက်။ခဏလောက် ကြာပြီးနောက် ထိုခံစားချက်ကြီး ပိုဆိုးလာကာ ၊ ကြောင်နက်ကြီး ပြေးထွက်သွား တော့သည်။ပြတင်းအပြင်၌ လသည် တိမ်များနှင့် ဖုံးကွယ်လျက်ရှိပြီး လေများ တစ်သုန်သုန် တိုက်ခတ်နေ၏။ရိုးတံကျဲ သစ်ကိုင်းသစ်ခက်များသည် ခန်းစီးစပေါ်တွင် သရဲတစ္ဆေပမာ အရိပ်ထင်ဟတ်လျက် ၊ ကျယ်ကျယ်လောင်လောင် ဖုန်းမြည်သံ ထွက်ပေါ်လာခဲ့သည်။

လုရင်ကျုံ ပြေးထွက်၍ ချက်ချင်း ထိုအိပ်ခ်ျချိန်းဖုန်းအား သွားပြေးကိုင်၏။

တစ်ခြားတစ်ဖက်မှ ပြာနှမ်းနှမ်း အက်ကွဲကွဲ အသံကြီးနှင့်။
"......လုရင်ကျုံ အချိန်ကျပြီ"

လုရင်ကျုံလည်း ပြန်ပြောပစ်သည်။
"မင့်အချိန်ပဲ ကျမှာ"

ထို့နောက် ချက်ချင်း ထိုတယ်လီဖုန်းအား အဆောင်ကပ်လိုက်သည်။ထိုအဆောင်မှတစ်ဆင့် မီးခိုးအငွေ့များ ထွက်လာပြီး စူးရှရှ ကြောက်လန့်စရာအော်သံကြီးနှင့်အတူ မြူထပ်ဖြစ်သွား၏။

ထိုသရဲ မလွတ်မြောက်နိုင်သေးခင် လုရင်ကျုံ ထိုသရဲအား ရိုက်ချပစ်သည်!

ထို့နောက် ယင်စွမ်းအင် အကျွင်းများ ကျန်မကျန် သေချာစေရန် ဖုန်းထုတ်၍ စစ်ဆေးလိုက်၏။သောက်ရမ်းကို လွယ်တယ် ၊ ထုံးစံအတိုင်း သူလွယ်လွယ်လေးပဲ ဖြေရှင်းလိုက်ရတယ်လေ။

နောက်တစ်နေ့မနက်တွင်တော့ လုရင်ကျုံ စောစောနိုးလာကာ ပစ္စည်းများ ထုတ်ပိုး၍ အိမ်ပြန်ရန် ပြင်လိုက်သည်။

အန်တီကြီးသည် သူ့နောက် တစ်ကောက်ကောက် လိုက်လျက် အော်ပြောလာလေ၏။
"မစ်စတာလု ၊ ဆရာသခင်ကြီးလု ! အဲ့ဟာကြီး ပြန်မလာမှာ သေချာရဲ့လား! "

"လုံးဝသေချာတယ်"
လုရင်ကျုံ ပျင်းပျင်းရိရိနှင့် လက်ဝေ့ယမ်းပြရင်း ပြောလိုက်တော့သည်။

******

လုရင်ကျုံနေသည့်နေရာသည် အနည်းငယ် အစွန်ကျ၏။မြို့လည်ခေါင်မှ မိနစ်လေးဆယ်ခန့် ကားစီး၍ သွားရသည်။အိမ်ဟောင်းကြီးတွင် နေထိုင်သည်ပင်။အုပ်နံရံ၏ အပြင်ဘက်မှာ မီးခိုးရောင်ဖြစ်၍ တစ်ခါမျှပင် ဆေးမသုတ်။မီးခိုးရောင်ချည်းမှ လွဲ၍ နောက်ထပ်‌အရောင်များကတော့ မီး‌ခိုးရောင်ထက်ရင့်သည့် အင်္ကျီများဖြစ်ပြီး အပြင်ဘက်စင်ထက် တစ်လွှင့်လွှင့် ချိတ်ဆွဲထားသည်။

လူအများ၏အမြင်တွင် လုရင်ကျုံက အတော်လေးချမ်းသာသည်ဟု ထင်ကြ၏။အဆုံးတော့ လုရင်ကျုံသည် မကောင်းဆိုးဝါးနှင်သည့် အသိုင်းအဝိုင်းတွင် ထိပ်သီး ‌ပယောဂဆရာဖြစ်သည်လေ ၊ လူဘယ်လောက်တောင်မှ သူ့ထံလာပြီး ခယလိုက်ကြသလဲ။

သို့သော် အမှန်တကယ်တော့ သူ့ဘဝက အလွန်ကို ရိုးရှင်းလှပြီး ဘာဆိုဘာမှလည်းမရှိပေ။ပြင်ဆင်ခြယ်သခြင်း နည်းလှသည့် အိမ်ဟောင်းကြီးထဲ ပရိဘောဂ အနည်းငယ်နှင့် သူတစ်ယောက်တည်းသာနေထိုင်၏။အဝတ်စားများကလည်း အဖြူရောင် ရှပ်ကော်လံမဟုတ်လျှင် ဆွယ်တာများသာဖြစ်ပြီး စားစရာလည်း တစ်စေ့မှမရှိချေ။တစ်ခါတစ်ရံကျလည်း စစ်မှုထမ်းဟောင်းအိုကြီးများကဲ့သို့ ကျန်းမာရေး လက်ဖက်ရည်ကိုသာ တစ်ငုံ့စီသောက်ရင်း ညနက်သည်ထိ နေ၏။သူ အမြဲသွားတတ်သည်နေရာမှာလည်း အောက်ထပ်မှ convenient စတိုးဆိုင်နှင့် မီတာငါးရာအကွာမှ စာအုပ်ဆိုင်သာ ရှိသည်။

စာအုပ်ဆိုင် ပိုင်ရှင်ကြီးသည် လုရင်ကျုံအား အမြဲမြင်နေရ၍ ဤလူငယ်လေးသည် အမြဲလိုလို နာမည်မကြီးသည့် သည်းထိတ်ရင်ဖို ၊ သဘာဝလွန် ၊ မှုခင်း စသည့်နှင့် ပတ်သက်ဆက်စပ်သည့် စာအုပ်များ ဖတ်လေ့ရှိကြောင်းပင် အမှတ်ရလို့နေချေပြီ။တစ်ခါတစ်ရံ စာဖတ်၍ ပင်ပန်းသွားလျှင် ရှေ့ဆံပင်အား နဖူးထိကွယ် မောက်ချ၍ တစ်ရေးအိပ်လိုက်သေး၏။‌ကျောဘက် ကော်လံနေရာမှတစ်ဆင့် သွယ်လျလျ လည်တိုင်လေးလည်း ပေါ်လျက်ရှိပြီး အသားအရေမှာလည်း နေရောင်ထဲတွင် နှင်းကဲ့သို့ ဖြူဖွေးဥနေသည်။

ဆိုင်ရှင်ကြီးသည် အနည်းငယ်မျှ တွေဝေနေပြီးနောက် တစ်ခါမေးကြည့်ဖူးသေး၏။
" ကောင်လေး ဘာအလုပ်လုပ်လဲ?မင့်မှာ ပုံမှန် အလုပ်မရှိဘူးလား?"

အနည်းမူးနောက်၍ အိပ်ငိုက်နေသည့် လုရင်ကျုံက လေးကန်ထိုင်းမှိုင်းစွာနှင့် ပြန်ဖြေလိုက်သည်။
"အန္တရာယ်များတဲ့အလုပ်ပါ"

"အိုး"
လောပန်ကပြောလေ၏။
"ဒါဆို မင်းက ငွေတိုးကြီးချေးစားတာပေါ့"
ပြောရင်းဆိုရင်း ကြောက်လန့်တကြီးနှင့် ပိုက်ဆံအိတ်ကိုပင် ခပ်ဝေးဝေးစားပွဲပေါ်တင်လိုက်သေး၏။

လုရင်ကျုံ : "......"

သူအိမ်ပြန်ရောက်ရောက်ချင်း နို့ခဲလေးက အမြီးလေးတစ်ထောင်ထောင်နှင့် သူ့အား ကြိုဆိုလာ၏။နို့ခဲလေးဆိုသည်မှာ ကြောင်မလေးတစ်ကောင်ဖြစ်၍ လုရင်ကျုံ၏ ခြေထောက်အား စိတ်လိုအားရ ပွတ်သပ်နေ၏။

"ညောင်~~~~"

ထိုအခါမှ အိမ်၌ ကြောင်စာမလောက်တော့မှန်း လုရင်ကျုံ သတိရသွားသည်။သူ ကြောင်လေး၏ မေးစေ့အား ပွတ်သပ်ပေးပြီးနောက် အောက်ထပ် convenient စတိုးဆိုင်သို့ ဆင်းလေ၏။

စတိုးဆိုင်မှာ မီးဖွင့်ထားဆဲ ဖြစ်ပြီး ကျောင်းသား အချို့လည်း အထဲ၌ အမဲသားလုံးများ စားနေကြသည်။ကြောင်စာ ၊ အေးခဲထားသည့် အမြန်ချက် အစားအစာထုပ် ပေါင်းစုံ နှင့် နေ့စဉ်သုံး တောက်တိုမယ်ရပစ္စည်းများ အကုန်လုံးအား လုရင်ကျုံဆွဲထုတ်ပြီး ကောင်တာပေါ် ဘေလ်ရှင်းရန် တင်လိုက်သည်။

convenient စတိုး၏ အရောင်းစာရေးလေးမှာ ထန်ရှောင်ချန့် ဟုခေါ်သည့် ကောင်မလေးဖြစ်ပြီး သူ့အားမြင်တိုင်း မျက်လုံးလေးများ တောက်ပသွားတတ်သည်။ပိုနီတေးလ် ချည်ထားပြီး ဖဲကြိုးလေးကလည်း ခေါင်းနောက်မှ တစ်စွန်းတစ်စ ထွက်ပေါ်နေသေး၏။ဘားကုဒ်အား စကင်ဖတ်နေရင်း ဆိုလာခဲ့သည်။
"ရှင်....အခုတလော အချိန်အားလား?"

မျက်တောင်များ တစ်ဖျတ်ဖျတ်ခတ်နေပြီး ခေါင်းမော့၍ပင် သူ့အား မကြည့်လာရဲ။
"ကျွန်မကြားတာ အက်ရှင်ကားသစ် ရုံတင်တော့မှာတဲ့ ၊ လိုင်းပေါ်က review တွေလည်း အရမ်းကောင်းတယ်"

လုရင်ကျုံ ပြုံးလိုက်၏။
"အခုတော့ ငါမအားဘူး ၊ အလုပ်နည်းနည်းလေးကြပ်နေတယ်"

"အင်းပါ....."

ထန်ရှောင်ချန့် နည်းနည်းလေး စိတ်ပျက်သွားကာ နားသယ်စပ်မှ ဆံပင်များအား ပွတ်သပ်လိုက်သည်။
"ကိစ္စမရှိပါဘူး ၊ အလုပ်ကတကယ် ပိုအရေးကြီးတာပေါ့ ၊ ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်သင့်တယ်နော်။စကားမစပ် ငါးအသားလုံးတွေရော ယူဦးမလား?"

"ယူမယ်"

ထန်ရှောင်ချန့် ပူနွေးနွေး ငါးအသားလုံးထုပ်အား ကမ်းပေးလာသည်။မျက်လုံးမှာလည်း တောက်ပလျက် သို့သော် အဆုံးတော့ ရိုးရိုးလေးသာ ပြောလိုက်လေ၏။
"ဂရုစိုက်ပါ ၊ ပူနေတုန်းပဲ "

လုရင်ကျုံ အိတ်ကြီးနှစ်အိတ်အား သယ်ရင်း ထန်ရှောင်ချန့်အား နှုတ်ဆက်လိုက်သည်။

စတိုင်းဆိုင်၏ တံခါးပေါက်ပွင့်သွားချိန် ဂျူလိုင်လ၏ လေပူများ တိုက်ခတ်လာခဲ့ပြီး အပြင်ဘက် အပူလိုင်းမှာလည်း လူအများစကားသံများနှင့် ရောနှော ဆူညံလျက် ထန်ရှောင်ချန့်၏ စကားသံအား မကြားရသေးခင်အထိ။
"မစ်စတာလု အချိန်ကျပြီ"

လုရင်ကျုံ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

သို့သော် ထန်ရှောင်ချန့်ကတော့ ဘေလ်စာရင်းများ ရှင်းရာတွင်သာ ခေါင်းငုံ့နေလျက်။

သူအိမ်ပြန်ရောက်သောအခါ နို့ခဲလေးက တညောင်ညောင်အော်ရင်း သူ့အားစောင့်နေလေပြီ။လုရင်ကျုံ ကြောင်ခေါင်းလေးအား ပုတ်ပေးလိုက်ကာ ကြောင်စာ အဟောင်းနှင့် အသစ်အား ရောကျွေးလိုက်သည်။တုံးအအကြောင်ကတော့ ပျော်ရွှင်တကြီးစားလျက် သူ့အား ညင်သာသည့် အသံလေးပင်ပြုလာသေး၏။

လွန်ခဲ့သည့်နှစ်ရက်ကစ၍ သူ အိပ်ယာဝင် နောက်ကျလာသည်။အမှန်တော့ ညရောက်လာသည်နှင့် လုရင်ကျုံ အိပ်မပျော်ခြင်းဖြစ်လေ၏။နွားနို့တစ်ခွက်အား နွေးကာ စာဖတ်ရင်း သောက်လိုက်သည်။ပိုဖတ်လေ ပိုပြီးနိုးနေလေပင်။

သူ၏ အိပ်သည့်အချိန်ကာလ အတော်ပင် နည်းပါးနေသည် ကြက်အိပ်ကြက်နိုး မဟုတ်လျှင် တစ်ခဏမျှ ငိုက်တာတွေချည်း။မနေ့ညကလည်း လေး၊ငါးနာရီသာ အိပ်ရ‌ပြီး ယခုလည်း အိပ်ပျော်နိုင်ရန် ကြိုးစားနေခြင်းဖြစ်၏။အမှန်တကယ်တော့လည်း ယခုအခြေအနေက ငယ်ငယ်တုန်းလောက်တော့ မဆိုးလှပေ။တစ္ဆေမင်္ဂလာဆောင် မတိုင်ခင်ကဆိုလျှင် လုံးဝပင် အိပ်လို့မရ။

အချိန်တစ်ချို့ကြာပြီး နောက်ဆုံးတော့ လုရင်ကျုံတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်ပျော်သွားလေတော့သည်။သို့သော် သူမျက်လုံးဖွင့်လိုက်သည့်အခါ မျက်လုံးထဲတွင် မဲမှောင်နေ၏။လေထုကလည်း အေးစက်လို့နေသည်။

လုရင်ကျုံ ခေါင်းရှုတ်ရှုတ်နှင့် မီးဖွင့်ရန်လက်ဆန့်လိုက်ချိန် ညာဘက် လက်ဖမိုးသည် ရုတ်တရက် တစ်ခုခုအား ရိုက်မိလိုက်၏။နံရံလိုမျိုး မာတောင့်တောင့်နဲ့ အေးစက်စက်ကြီးရော။

လုရင်ကျုံ ကြောင်အနေပြီးနောက် လက်ဆန့်၍ စမ်းတဝါးဝါး ပြုလိုက်သည်။လေးဖက်လေးတန် နံရံများက သူ့လှုပ်ရှားမှုများအား ဟန့်တားလျက်။ဒူးထောက်ရန် ကြိုးစားကြည့်သော်လည်း ထောက်လို့မရပြန်။သူ့အား အကျဉ်းချထားကြသည့် ဤလှောင်အိမ်သည် လှဲအိပ်လို့သာရ၏။ခပ်ပြင်းပြင်းမျှ ခေါက်ကြည့်သော်လည်း သစ်သားအား ခေါက်နေရသကဲ့သို့ တုံးပိတ်ပိတ် အသံသာထွက်လာခဲ့သည်။တစ်ခဏမျှ ကြာပြီးသည့်နောက် လုရင်ကျုံတစ်ယောက် မောင်းသံ ဗုံသံများ ကြားလိုက်ရတော့သည်။

သူ လေးဖက်လေးတန်အား သေချာဂရုတစိုက်နှင့် ပြန်စမ်းကြည့်ပြန်ရာ ရုတ်တရက် စိတ်ထဲ နားလည်သွားလေ၏။

ဒီအနေအထား ၊ ဒီအနေအထားက ခေါင်းတလားကြီး!

ပြီးတော့ သူက ပိတ်ခံထားရသေးတယ် ၊ မှောင်မဲပြီး အသက်ရှူကြပ်လိုက်တဲ့ ခေါင်းတလား။

အပြင်ဘက်မှ ပိုပို၍ တက်ဝင်လှုပ်ရှားလာသည့် မောင်းသံ ဗုံသံတို့ကိုသာ ကြားရ၏။*ဆော်နနှဲ မှုတ်သံများ ၊လူထု အော်ဟစ်သံများ ရယ်မောသံများ ထို့နောက် ရုတ်တရက် စူးရှရှ နားကန်းမတတ် အသံကြီး ထွက်ပေါ်လာခဲ့သည်။

မှင်စာတစ်ကောင်သည် အသံမြှင့်၍ ကျယ်လောင်စွာနှင့် အော်ဟစ်လိုက်လေ၏။
"အချိန်ကျလာပြီ_____!"

ထိုအချိန်တွင် သူ့ရင်ဘတ်ပေါ်မှ သက်ရှည်သော့ခလောက် ဆွဲသီးလေးက နှစ်များစွာအတွင်း ပထမဆုံး ပြောင်းလဲလာခဲ့သည် - အလွန့်အလွန် ပူလောင်လာခဲ့ပြီး အလင်းရောင်ထွက်မတတ်ပင် ပူပြင်းလာခဲ့တော့သည်။

--------------------------------------

"囍" စကားလုံးပါတဲ့ မီးပုံးနီ

喜欢 -ရှီဟွမ်း(သဘောကျတယ်) ဆိုတဲ့ စကားက ရှီ(喜)ကို ယူထားတာပါ။ရှီ(喜) တစ်ခုတည်းရဲ့ မူရင်းအဓိပ္ပာယ်က ပီတိဖြာပျော်ရွှင်ဝမ်းသာတာကို ဆိုလိုပါတယ်။ "囍" စကားလုံးက ရှီ(喜)ဆိုတဲ့စကားလုံးကို နှစ်ခုပေါင်းလိုက်တာပါ။ အိမ်နှစ်အိမ်ရဲ့ ပျော်ရွှင်ဝမ်းသာစရာကိစ္စ ပေါင်းစည်းခြင်းဆိုတဲ့ သဘောနဲ့ ပေါင်းပြီး "囍" ဆိုတဲ့စာလုံးဖြစ်တည်လာပါတယ်။သူ့အသံထွက်လည်း "ရှီ" ပါပဲ။
.

.

.

ထျန်းတိစားပွဲ(天地桌)

အတိအကျ ဘာသာပြန်ရရင်တော့ ကောင်းကင် ၊ မြေကြီး ကန်တော့ပွဲပါ။မင်္ဂလာဆောင်မှာ တိုင်တည်ဖို့အတွက် သက်ဆိုင်ရာ နတ်မင်းကြီးတွေ ၊ နတ်သခင်တွေ ၊ ဖူးစာရေးရာ ၊ ကောင်းချီးမင်္ဂလာ ဘာညာသရကာ သက်ဆိုင်ရာ နတ်တွေအကုန်လုံးကို ပင့်ပြီး ကန်တော့ပွဲ ထိုးထားတဲ့စားပွဲပါ။သာမာန်အားဖြင့်တော့ စားပွဲက တစ်လုံးဆိုပေမယ့် ဒီဝတ္ထုထဲတစ္ဆမေင်္ဂလာဆောင်မှာက ရှစ်လုံးလို့ဆိုထားပါတယ်။အစီအမံအရလား ပင့်ဖိတ်တဲ့နတ်တွေ များတော့ ထိုင်ရကြပ်မှာစိုးလို့ တိုးထားတာ‌လား တော့ ကိုယ်မသိပါဘူး။
.

.

.

.

သက်တော်ရှည် သော့ခလောက်ဆွဲကြိုး

长命锁 - ချန်မင့်ဆော်

ချန်(长) - long
မင့် (命) - အသက်
ဆော် (锁) - 🔒

ပေါင်းလိုက်ရင် သက်တော်ရှည် သော့ခလောက်ပါ။ဒါ့မယ့်သူက ဆွဲသီးပုံစံလမို့ ဆွဲကြိုး ၊ ဆွဲသီးလို့ပါ ထည့်ပြန်ထားပါတယ်။အဓိပ္ပာယ်ကတော့ ဥပမာ အသက်တစ်ရာတန်းဆိုရင် အသက်တစ်ရာစေ့နေရအောင်လို့ လျော့မသွားအောင်လို့ ပစ္စည်းတွေသိမ်းသလို သော့ခတ်သိမ်းထားတယ် ဆိုတဲ့သဘောပါ။အဓိကတော့ ကလေးအရွယ်တွေကို တရုတ်မိဘတွေက ရိုးရာအရ အဲ့လိုဆွဲသီးပုံစံလေး လုပ်ပြီးပန်ပေးကြပါတယ်။

တစ္ဆမေင်္ဂလာဆောင်မှာ တစ္ဆကေပေါ်မလာပဲ သော့ခလောက်ဆွဲကြိုးလေးပဲ ပေးလာခဲ့တယ်ဆိုတာက လုရင်ကျုံက အရမ်းငယ်သေးတယ်ဆိုတဲ့သဘောရောက်ပါတယ်။ကိုယ့်အထင်တော့ ငါးနှစ်သားလောက်ပဲရှိဦးမယ်။လုရင်ကျုံက အရမ်းငယ်သေးလို့ တစ္ဆကြေီးက လက်မထပ်သေးပဲ လျာထားတယ် သို့မဟုတ် စေ့စပ်တယ်ဆိုတဲ့ သဘောယူဆလို့ရပါတယ်။ဘေးအန္တရာယ်ကင်းပြီး အသက်ရှည်စေချင်တဲ့သဘောလည်း ပါတာပေါ့။ အဲ့ဒါကို လုရင်ကျုံလေးက တစ္ဆပေါ်မလာလို့ဆိုပြီး အငြင်းခံရတယ်ထင်နေပါရော။
.

.

.

ဆော်နနှဲ

ကိုယ်တော့ အဲ့နှဲသံကြီး မကြိုက်ပါဘူး ၊ စူးပြဲကွဲနေတာပဲ :⁠'⁠(

----------------------------------------

Xian - ကိုယ်ဖြည်းဖြည်းချင်းစီ ပြန်ပေးပါမယ်နော်။စကားအသုံးအနှုန်း နည်းနည်းရှုတ်တဲ့အပြင် မသိတဲ့ ပစ္စည်းပစ္စယတွေက ပါသေးတာမို့။

E tran နဲ့ Chinese နဲ့က တစ်ချို့နေရာတွေ လုံးဝကွဲနေတယ် ဥပမာ - ပစ္စည်းတွေ ၊ နာမည်တွေပေါ့။

E tran တစ်ခုတည်း ကြည့်ပြန်ရတာ လုံးဝအဆင်မပြေလို့ပါ။တရုတ်စာ မတတ်တခေါက်နဲ့ ဟိုဘက်ဒီဘက်ပြေးနေရတာမို့။

ပြီးတော့ စာလုံးရေလည်း တော်တော်များတယ်။တစ်ပိုင်းတည်းကို 4000 နီးနီး ဆိုတော့။ဖြည်းဖြည်းချင်းစီ on going လိုက်ပေးပါမယ်လို့ စောင့်ပေးကြပါရှင်။

အစက ဒီလဝက်ကနေ လကုန်အထိ အမှီ on going လိုက်ပေးမယ် လုပ်ထားပေမယ့် ဒီလို tranရပုံနဲ့ဆိုရင်တော့ လကုန်ရင်တောင် on going မမှီမှာစိုးရတယ်။လကုန်တာနဲ့ နောက်တစ်ပုဒ် စပြီး လက်ရှိဟာလည်း ဖြတ်ချင်တာမို့ တင်ပေးလိုက်တာပါ။

လပ်ဖ်ပြူ ဘိုင့်😗❤️
.

.

.

.

.

.

.

.
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
.

.

.

.

.

.

.
မဂၤလာေဆာင္

"လုရင္က်ံဳ မင့္ရဲ့ဝမ္းတြင္းကံၾကမၼာဆိုးႀကီးကို ေဖ်ာက္ဖ်က္ဖို႔က နည္းတစ္နည္းပဲရိွတယ္။တစၧေမဂၤေဆာင္ပဲ။အဆိပ္ကိုအဆိပ္နဲ႔တိုက္တယ္လို႔ပဲ ေျပာရမွာေပါ့ ၊ ငါေသခ်ာေပါက္ မင့္အတြက္ လွလွပပ လက္ရဲဇက္ရဲ တစၧေမေခ်ာေခ်ာေလး ရွာေပးပါမယ္ေလး"
မုတ္ဆိတ္ေမြးရွည္ႏွင့္ ဆရာႀကီးက ကတိေပးေလရဲ့။

ထိုဆရာႀကီးသည္ ဘယ္ေသာအခါမွ စကားအား ေလးေလးနက္နက္ေျပာသည္မရိွေလရာ ငယ္ငယ္ရြယ္ရြယ္ လုရင္က်ံဳေလးက 'လွလွပပ လက္ရဲဇက္ရဲ တစၧေမေခ်ာေခ်ာေလး' ဟူေသာ စကားအား အလိုလိုပင္ လ်စ္လ်ူရႈ၍ ေမးလိုက္သည္။
"တကယ္ေရာ အလုပ္ျဖစ္မွာလား?"

"တကယ္ပါဆိုေန ၊ ဒီဆရာႀကီးက မင့္ကို ဘယ္တုန္းကလိမ္ဖူးလို႔လဲ ၊ မင္း ေနာက္က် ေကာင္းမြန္မြန္ အိပ္လို႔ရေတာ့မွာ"

__ __ဒီလိုနဲ႔ တစၧေမဂၤလာေဆာင္ ျဖစ္လာရတာပဲ။

အခမ္းအနားအတြက္ ျပင္ဆင္ရတာကလဲ ႏွစ္ဝက္ေတာင္ၾကာတယ္ ၊ ဟိုဆရာႀကီးကလည္း တစ္ေလ်ွာက္လံုး တစ္ခုၿပီးတစ္ခု စီစဉ္ေနလိုက္တာ ‌တစၧေပြဲေတာ္လို႔ ေခၚတဲ့ ျပႆဒါးရက္ ေရာက္တဲ့ထိ။

ထိုေန့ေရာက္ေသာ္ လုရင္က်ံဳေလးသည္ ပိတ္ထားသၫ့္ မွန္ျပတင္းေပါက္ေရ႔ွ၌ မတ္တပ္ရပ္လိုက္သည္။အလြယ္ငယ္ရြယ္ေသးသည္ျဖစ္ရာ ျပတင္းေပါက္မွသာတစ္ဆင့္ ၾကၫ့္ရႈေနခဲ့၏။မိုးေရစက္မ်ားက မွန္သားျပင္အား ထိမွန္ရိုက္ခတ္လ်က္ ၊ ေကာင္းကင္ႀကီးလည္းမႈန္မိႈင္းေနကာ ၿခံဝင္းလည္း လူသူမ်ားႏွင့္ ‌ျပၫ့္ႏွက္ေနသည္။တိတ္ဆိတ္ေနသၫ့္ က်ီးကန္းအုပ္ႀကီးပမာ။ မၾကာပါ ၊ တြတ္တိုးတြတ္တိုး တီးတိုးသံမ်ားက ျပတင္းခ်ပ္ၾကားအား ျဖတ္သန္းလာခဲ့သည္။

"ၾကားၿပီးၿပီလား?ဒီကေလးက အရမ္းသနား‌စရာေကာင္းတယ္။သူ႔ငယ္ငယ္ေလးကတည္းနဲ႔ သရဲတ‌စၧေပါင္းစံု လိုက္ဖမ္းစားတာခံေနရတာတဲ့"

"ငါ့အထင္ေတာ့ ေနာက္ႏွစ္ထိေတာင္ သူမရွင္ေလာက္ဘူး။ႏွေျမာစရာပဲ ၊ ဒီေလာက္လွတဲ့ ကေလးေလး"

"တစၧေမဂၤ‌လာေဆာင္ကေရာ ဘာအသံုးဝင္မွာမို႔လဲ? တစၧေက ဘယ္ေလာက္ပဲ အားႀကီးၾကမ္းၾကဳတ္တယ္ေျပာေျပာ သူ႔ဝမ္းတြင္းၾကမၼာဆိုးႀကီးကိုေတာ့ ဘယ္ဖိထားႏိုင္ပါ့မလဲဟယ္"

"....."

ပေယာဂဆရာႀကီးက မိဘမ်ား လိုက္ပါ၍ မရေၾကာင္း အထူးသတိေပးလိုက္သည္။ႏႈတ္ဆက္ၾကေသာအခါတြင္ အေမျဖစ္သူက သူ႔လက္ေလးအား ကိုင္လိုက္သည္။မ်က္ဝန္းတြင္ မ်က္ရည္စမ်ား ေဝ့ေနေသာ္လည္း ခ်က္ခ်င္းဆိုသလို ေခါင္းလြဲ၍ လက္ဖမိုးႏွင့္ မ်က္ရည္မ်ား သုတ္ကာ သားျဖစ္သူအား ၿပံဳးျပလိုက္ေလ၏။
"ျမန္ျမန္ ျပန္လာခဲ့ေနာ္"

*******

လုရင္က်ံဳ အနီေတာက္ေတာက္ ေရႊေရာင္ကြပ္ ဝတ္စံုအား ေျပာင္းလဲဆင္းျမန္ကာ အေဝးတစ္ေနရာမွ လူအုပ္ႀကီးရိွရာသို႔ သြားလိုက္သည္။

အဝတ္စားမ်ား ၊ စကၠူႏွင့္ လုပ္ထားသၫ့္ ေက်ာက္သံပတၲျမား ရတနာမ်ား ၊ လိုက္ပါပို႔ေဆာင္သူ တစ္ရွည္တစ္လ်ား ႏွင့္ မိုးသည္းထန္စြာ ရြာသြန္းလ်က္။ထင္ထင္ရွားရွား လုရင္က်ံဳ ေဘးနားတြင္ လူမ်ားရိွေသာ္လည္း သူ႔စိတ္ထဲ အေဖာ္မဲ့သလိုခံစားေနရသည္။ေရွးေဟာင္းစံအိမ္ရိွရာ သြားေနသည္မဟုတ္ပဲ မရဏတစ္ဖက္ကမ္း သို႔ လွမ္းေနသလိုပင္။

အေဝးမွ စံအိမ္ႀကီးအား ျမင္ရသည္ထိ ေတာင္ၾကားလမ္းတစ္ေလ်ွာက္ မည္မ်ွၾကာေအာင္ လမ္းေလ်ွာက္ခဲ့ၾကမွန္း သူမသိေတာ့ေပ။

စံအိမ္ႀကီးသည္ စြန႔္ပစ္ခံထားရသည္မွာ ႏွစ္ရွည္လမ်ား ၾကာေနၿပီ ျဖစ္ၿပီး အလြန္တရာမွလည္း တိတ္ဆိတ္ ေျခာက္ကပ္ေနေသးသည္။ တံခါးဝ၌လည္း ခန္းဆီးစမ်ားအား ေဖာက္ထြင္းလ်က္ နီရဲရဲ မီးအိမ္မ်ား တို႔လို႔တြဲေလာင္း က်ေနသည္မွာ ျမဴထူၾကားမွ ေသြးမ်ား စီးက်ေနသလိုပင္။

အခမ္းအနား ဆရာႀကီးက တံခါးအား တြန္းဖြင့္လိုက္ရာ စူးရွရွ စူးဝါးဝါး အသံႀကီးမည္လ်က္ ပြင့္သြားခဲ့သည္။

ေလတစ္ျဖဴးျဖဴး တိုက္ခတ္ေနသၫ့္ စႄကၤံလမ္းမွ ေရ႔ွသို႔တက္လွမ္းလ်က္ ၊ လူတန္းႀကီးလည္း မဆံုးေသး ၊ တံခါးႀကီးလည္း ပြင့္လ်က္ - စံအိမ္တြင္းတြင္ေတာ့ နီရဲရဲႏွင့္ ေတာက္ပေနေလ၏။

" 囍 " ဟူသၫ့္ စကားလံုးႀကီး အလယ္တြင္ေနရာတြင္ ေရးထားသၫ့္ မီးပံုးနီမ်ားအား ျမင့္ျမင့္မားမား ခ်ိတ္ဆြဲထားသည္။အလယ္တြင္ *ထ်န္းတိစားပြဲႀကီး ရွစ္လံုးရိွကာ နီရဲရဲ စားပြဲခင္းမ်ား ခင္းထား၏။ဖေယာင္းတိုင္နီမ်ားလည္း စားပြဲေပၚ ေနရာယူလ်က္ အသီးသီး ေတာက္ေလာက္ေနၾကသည္။အစြန္းႏွစ္ဖက္တြင္ေတာ့ သူ႔မိဘႏွစ္ပါးအတြက္ ရည္ရြယ္၍ စကၠူလူရုပ္ႏွစ္ရုပ္ ခ်ထားကာ ပတ္ပတ္လည္ ဧၫ့္သည္မ်ားအားလံုးလည္း တိုခ်ည္ရွည္ခ်ည္ သရဲမ်က္ႏွာဖံုးမ်ား ဝတ္ဆင္ထားလ်က္ ၊ လုရင္က်ံဳအား က်ယ္ေလာင္စြာ ရယ္ေမာျပ၍ လက္ခုပ္ဩဘာေပးၾကသည္။

မည္သူမွ မထင္ထားသည္ကေတာ့ ဒီဆရာသခင္က တကယ္ႀကီး စိတ္ခ်မရျခင္းပင္။သူရွာေတြ့လာသၫ့္ ထူးျခားဆန္းၾကယ္ တစၧေႀကီးမွာ ဤဆရာသခင္ကိုယ္တိုင္ပင္ မူလအစအန မသိပါသၫ့္ တစၧေႀကီး ျဖစ္ေန၏။ဓာတ္ပံုလည္းမရိွ ၊ ကမၼည္းခ်ပ္ျပားေတာင္ မရိွ။ *နတ္သမီးႏွင့္ အခမ္းအနားစီစဉ္သူ ဆရာသခင္ မည္သို႔မ်ွ ေအာ္ေခၚေခၚ ေပၚမလာေပ။

[*ဤနတ္သမီးကား လူအေယာင္ေဆာင္တည္း]

လုရင္က်ံဳမွာ ထိုနားတြင္ရပ္လ်က္ အရင္းအႏွီးပင္ ရႈံးေသးသည္။

အခမ္းနားလည္း ျပင္ၿပီးၿပီ ၊ ေမြးသကၠရာဇ္လည္း တိုက္ၿပီးၿပီ ၊ တစၧေကာင္လည္း ႀကိဳက္မႀကိဳက္ ဆူညံသံအခ်ိဳ႕ေတာ့ လုပ္ကိုလုပ္ျပရမယ္ေလ။အခုက အဲ့လိုလည္း မဟုတ္ဘူးေရာ။

ကိုယ္ထင္လည္းမျပလာ ၊ သေဘာတူေၾကာင္းလည္း ေအးစက္စက္လက္ႀကီးနဲ႔ လာမကိုင္လာ ၊ မေက်နပ္ျဖစ္တယ္ဆိုလည္း မဂၤလာေဆာင္က လူတိုင္းကို လာလည္းမသတ္။

သို႔ေသာ္ ဤကဲ့သို႔ မတ္တပ္ႀကီးပဲ ရပ္ေနလ်ွင္လည္း မဟုတ္ေသးျပန္။လုရင္က်ံဳသည္ ဆန႔္က်င္ဘက္ ဟာလာဟင္းလင္းႀကီးအား မ်က္ႏွာခ်င္းဆိုင္၍ ေလးေလးနက္နက္ ဦးၫႊတ္လိုက္ေလ၏။ေကာင္းကင္နဲ႔ ေျမၾကီးအား ကန္ေတာ့သည္။မိဘအား ကန္ေတာ့သည္။ အခ်င္းခ်င္းကန္ေတာ့သည္။

ဖေယာင္းတိုင္မီးမ်ား တဖ်တ္ဖ်တ္ ေတာက္ပလ်က္ ၊ 囍 ပါသၫ့္ မီးပံုးနီႀကီးမ်ားလည္း သူ႔တို႔ ေခါင္းထက္ ျမင့္ျမင့္မားမား ခ်ိတ္ဆြဲလ်က္ပင္။နတ္သမီးသည္ ရုတ္တရက္ အသံတိတ္သြားသည္ ၊ လုရင္က်ံဳ ေခါင္းေမာ့ၾကၫ့္လိုက္ေသာအခါ ဆရာသခင္ႀကီးလည္း ေျခလွမ္းအနည္းငယ္မ်ွ ေနာက္သို႔ဆုတ္ေနေလ၏။မ်က္ႏွာတြင္လည္း ေသြးေရာင္မရိွ ‌ျဖဴေဖ်ာ့ေဖ်ာ့ႏွင့္ ေနာက္ခဏအတြင္း မူးေမ့လဲသြားေတာ့မလိုပင္။ထိုဆရာႀကီးသည္ ဒူးေထာက္ခ်လိုက္ကာ ေၾကာက္လန႔္တၾကားႏွင့္ တခါတလဲလဲ ရိွခိုးဦးၫႊတ္မႈျပဳေနသည္။စုၿပံဳေနသၫ့္ လူအုပ္ႀကီးအား ၾကၫ့္လိုက္ရာ လုရင္က်ံဳတစ္ေယာက္ သူတို႔၏ မ်က္ႏွာမ်ားအား မျမင္ႏိုင္ေသာ္လည္း ေၾကာက္စရာေကာင္းလွသၫ့္ တိတ္ဆိတ္မႈကေတာ့ လႊမ္းမိုးေန၏။

ေၾကာက္စရာႀကီး

စကားနဲ႔ေတာင္ ေဖာ္ျပလို႔မရေအာင္ ေၾကာက္စရာေကာင္းတယ္။

ဘာေတျြဖစ္ေနတာလဲ? လုရင္က်ံဳ အနည္းငယ္ ပေဟဠိ ျဖစ္ေနသည္ ၊ သူ႔ေခါင္းျပန္ငံု႔လိုက္ေသာအခါ သူ႔လည္ပင္းတြင္ သက္ေတာ္ရွည္ ေသာ့ခေလာက္ႀကိဳးေလး ေပၚလာခဲ့သည္။

ေသာ့ခေလာက္ေလးသည္ ေအးတိေအးစက္ႏွင့္ ေသးငယ္ကာ သိမ္ေမြ့လွသည္။ အခ်က္ျပမႈ ေသးေသး‌ ‌ေလးေတာင္မရိွ ၊ ေတာင္ႏွင့္ ပင္လယ္မ်ား ပိုင္းျခားထားသကဲ့သို႔ အသက္မဲ့ဆိတ္ၿငိမ္လွ၏။

လုရင္က်ံဳ ျပန္ထြက္လာခဲ့တဲ့ထိ ထိုတစၧေႀကီးက လံုးဝကို မေပၚလာခဲ့။

အိမ္ျပန္လမ္းတြင္ ဆရာသခင္ႀကီးႏွင့္ နတ္သမီးတို႔ တစ္လမ္းလံုး ေပါက္တတ္ကရ မရပ္မနား စကားေျပာလာခဲ့ၾက၏။လုရင္က်ံဳ မည္သို႔မ်ွ ေမးေမး တစ္လံုးေလးေတာင္ မေျပာျပၾကေပ။

အိမ္ျပန္ေရာက္ေသာ္ သူ႔အေမက သူ႔အားဖက္၍ ေပ်ာ္ရႊင္စြာ ငိုေလသည္။အံႀကိတ္ရင္းႏွင့္လည္း ေျပာလာခဲ့သည္။
"နည္းလမ္းေတြအမ်ားႀကီးရိွတယ္ သား ၊ ဘာကံၾကမၼာဆိုးလဲ ၊ သားက အသက္ရွင္ေနဦးမွာ"

လုေမေမသည္ အလြန္ဉာဏ္ထက္ကာ က်ိဳးေၾကာင္းဆင္ျခင္ႏိုင္စြမ္း ရိွသူပင္။သူ႔ကိုယ္သူ အရင္ စိတ္ခိုင္ခိုင္ထား၍ ေနာက္ထပ္ နည္းလမ္း အသစ္မ်ား ထပ္ရွာျပန္ေလရဲ့။

လုရင္က်ံဳ ပါးခ်ိဳင့္ေလးမ်ားေပၚလာခဲ့သည္ ၊ လက္ထဲ၌လည္း သက္ေတာ္ရွည္ ေသာ့ခေလာက္ဆြဲႀကိဳးအား တင္းတင္းၾကပ္ေအာင္ ဆုပ္ထားလ်က္ ေအာက္ႏႈတ္ခမ္းအား တင္းၾကပ္ၾကပ္ ကိုက္လိုက္ေလ၏။သူ မေၾကာက္ပါဘူး ၊ နည္းနည္းေလး ဝမ္းနည္းရံုေလး။

သားေတာ့ အျငင္းခံခဲ့ရပံုပဲေမေမ......

သို႔ေသာ္ အျငင္းခံရသည္ဟု ေျပာရေအာင္လည္း ထူးဆန္းလွ၏ ၊ အဲ့ေနာက္ပိုင္းကတည္းႏွင့္ သူ႔အိမ္မက္တိုင္းမွာ ေအးေအးခ်မ္းခ်မ္းျဖစ္သြားခဲ့သည္။

*********

ဆယ့္သံုးႏွစ္ ၾကာေသာ္

လုရင္က်ံဳ ေက်ာပိုးအိတ္ႀကီးအား သယ္လ်က္ ေတာင္ေျမာက္ ဘယ္ညာ ၾကၫ့္လိုက္သည္။ခပ္ေဖ်ာ့ေဖ်ာ့ ေနေရာင္က သူ႔မ်က္လံုးအား လာထိုးေနေလရဲ့။

ဆယ္ႏွစ္ေက်ာ္မ်ွ ၾကာၿပီးေသာ္ လွလွပပ ကေလးေလးသည္လည္း အရြယ္ေရာက္လာခဲ့ၿပီ။အရပ္လည္းရွည္လာကာ ေျဖာင့္ေျဖာင့္ေတာင့္ေတာင့္ ေနာက္ေက်ာ ၊ လန္းဆန္းတက္ႂကြသၫ့္ သြင္ျပင္ႏွင့္ အလြန႔္အလြန္မွ ေခ်ာေမာေနေလရဲ့။ကင္မရာပင္လ်ွင္ သူ႔မ်က္ႏွာေပၚမွ ေခြၽးေပါက္မ်ားအား ရွာမရေခ်။မဂၢဇင္း cover photo မွ လူတစ္ေယာက္ ေလ်ွာက္ထြက္လာသကဲ့သို႔ပင္ ေခ်ာေမာလွသည္။ျမင္သူမ်ားပင္လ်ွင္ မေနႏိုင္ပဲ ထပ္ခါထပ္ခါ လည္ျပန္ ေငးၾကၫ့္ရေပမည္။

မေျပာျပလ်ွင္ သူ႔လို‌ေကာင္ေခ်ာေလးက ေန့စဉ္ေန့တိုင္း သရဲတစၧေမ်ား လိုက္လံဖမ္းဆီး ေျဖရွင္းေနေၾကာင္း စိတ္ထဲေတြးေတာင္ ေတြးထားမည္ မဟုတ္ေခ်။

မည္သူမ်ွ ထင္ထားမည္မဟုတ္။ငယ္ငယ္ရြယ္ရြယ္ သရဲလိုက္ဖမ္းခံေနသည္မွတစ္ဆင့္ ထိပ္သီးပေယာဂဆရာေလးေတာင္ ျဖစ္လာလိုက္ေသးသည္။

သိပ္မေဝးသၫ့္ တံုးရန္ အေဆာက္အဦးမွာ နံရံမ်ား အလႊာလိုက္ ကြာက်လ်က္ အိုေဟာင္းလို႔ ေနေပသည္။

တိုက္နံပါတ္၅ ၏ သံုးထပ္ေျမာက္၌ တစၧေအလြန္ ေျခာက္ေနပါေၾကာင္း သူ႔ထံ request ပို႔ထားသည္။

အေဆာက္အဦးထဲ ဝင္၍ အေပၚထပ္သို႔ တက္သြားေသာအခါ ေရာင္စံုကာလာ အဝတ္စားႏွင့္ အန္တီ တစ္ေယာက္ လာႀကိဳေလ၏။

"ဒီေနရာပဲ"
ထိုအန္တီႀကီးသည္ တုန္တုန္ယီယီႏွင့္ ေကာ္ရိုက္ဒါ အစြန္းတြင္ ရပ္လ်က္ ေျခလွမ္းတစ္လွမ္းမ်ွပင္ မလွမ္း။
"ဒီ*အိပ္ခ်္ခ်ိန္း တယ္လီဖုန္းက ‌ညတိုင္းညတိုင္း သူ႔ဘာသာ ထထမည္ေနတာ"

[*Public Telephone ကိုေျပာတာပါ။]

"အားရီ သက္ဆိုင္ရာ တာဝန္ယူသူေတြကို ရွာသင့္တယ္မဟုတ္ဘူးလား?"
လုရင္က်ံဳေမးလိုက္သည္။

"ဒါေပမယ့္လည္း ဝိုင္ယာႀကိဳးျပတ္သြားတာက ႏွစ္အေတာ္ၾကာေနၿပီေလ ၊ အခုေခတ္မွာ ဘယ္သူမွလည္း အိပ္ခ္်ခ်ိန္းဖုန္းမွ မသံုးၾကေတာ့တာ"

တစ္ခုခုလိုမ်ိဳးအသံပဲ။ ခ်က္ခ်င္း လုရင္က်ံဳ ဤေနရာ၌ တစ္ညေနရန္ ဆံုးျဖတ္လိုက္ေတာ့သည္။

ဤအလႊာ၏ အခန္း၃၀၂သည္ တံခါးခတ္ထားလ်က္။အန္တီႀကီးသည္ သူ႔လက္ထဲ ေၾကးနီနံ႔ဆြဲသည္ထိ ေသာ့တြဲကိုင္လ်က္ အခ်ိန္ဆြဲေနၿပီးေနာက္ အခန္းနံပါတ္ ၃၀၂၏ ေသာ့တံအား ထုတ္ယူလိုက္သည္။

လုရင္က်ံဳအား ေသာ့လွမ္းေပးသၫ့္အခါ ထိုအန္တီႀကီးသည္ ရုတ္တရက္ ဆိုလိုက္ေလ၏။
"လုရင္က်ံဳ အခ်ိန္က်လာၿပီ"

လုရင္က်ံဳက ေၾကာင္ေတာင္ေတာင္ႏွင့္။
"ဟမ္? ဘာေျပာလိုက္တာလဲ?"

ရလာဒ္အေနႏွင့္ကေတာ့ ထိုအန္တီႀကီး သာ၍ စိတ္ရႈတ္သြားဟန္ႏွင့္ သူ႔လက္သူပြတ္သပ္ရင္း လုရင္က်ံဳ႔အား ေမးလာခဲ့၏။
"အခုစကားေျပာလိုက္မိလို႔လား?"

အန္တီႀကီး ထြက္သြားၿပီးသၫ့္ေနာက္ လုရင္က်ံဳ႔ အခန္း၃၀၂အား ေသာ့ဖြင့္လိုက္သည္။အထဲတြင္ အိပ္ခန္းႏွစ္ခန္း ၊ ဧၫ့္ခန္းတစ္ခန္းႏွင့္ မပ်က္စီးေသးေသာ္လည္း ဖုန္အလိမ္းလိမ္းထပ္ေနသၫ့္ ပရိေဘာဂတို႔ ရိွေလ၏။ဤအလႊာရိွ အသံလံုမႈမွာ မေကာင္းလွေခ် ၊ လင္မယားရန္ျဖစ္သံ ၊ ကာတြန္းကားၾကၫ့္သံ ၊ ခ်က္ျပဳတ္ေနသၫ့္အသံ ၊ ပန္းကန္ေဆးေနသၫ့္အသံ စသျဖင့္ အသံပလံေပါင္းစံု ဟထားသၫ့္ တံခါးၾကားမွ စီးဝင္လာလ်က္ ၊ တကယ့္ကို အေျခခံလူတန္းစားမ်ား ေသာင္းေျပာင္းစုေထြးရာပင္။လုရင္က်ံဳ တံခါးထပ္ဖြင့္ကာ သရဲေျခာက္သၫ့္ တယ္လီဖုန္း ရိွေနသၫ့္ ခန္းမအား ၾကၫ့္ၾကၫ့္လိုက္သည္။ေကာ္ရိုက္ဒါမွ သူခိုးကာသၫ့္ သံဇကာကေတာ့ သံေခ်းတက္လ်က္ ၊ အျပင္ဘက္၌ ေနကလည္း က်စ္က်စ္ေတာက္ ပူေနေသး၏။ပန္းႏွင့္အပင္ငယ္မ်ား ေလထဲ ယိမ္းကာႏြဲ႔ကာႏွင့္ အေဝးမွမူႀကိဳထဲ၌ ကေလးငယ္မ်ား ေျပးလႊားေနသည္ကိုပင္ ျမင္ႏိုင္သည္။

လုရင္က်ံဳ ဂါထာတစ္ပုဒ္ ရြတ္လိုက္ရာ အလိုလို ေလမ်ား တိုက္ခတ္လာၿပီး ၾကမ္း‌ျပင္ေပၚရိွ ဖုန္အမႈန္မ်ားကိုပင္ လွဲက်င္းသြားေသးသည္။လံုးဝကို သဘာဝက်က်ေလးပင္။အနည္းငယ္ ခပ္ၾကမ္းၾကမ္းမ်ွ တစ္ဘံုးဘံုးထုလိုက္ေလရာ TV လည္း သံုးလို႔ရသြား၏။လုရင္က်ံဳတစ္ေယာက္ အားလူးေၾကာ္ကိုင္လ်က္ ဆိုဖာတြင္ထိုင္၍ စားတစ္လွၫ့္ ၾကၫ့္တစ္လွၫ့္ TV ၾကၫ့္ေလေတာ့သည္။

ၾကၫ့္ေနရင္း ရုတ္တရက္ ရင္ဘတ္ေပၚရိွ သက္ေတာ္ရွည္ ေသာ့ခေလာက္ဆြဲသီးအား လုရင္က်ံဳ ကိုင္လိုက္၏။ဆယ့္သံုးႏွစ္ေတာင္ ၾကာသြားေလၿပီ ၊ ေသာ့ခေလာက္ဆြဲသီးေလးလည္း ယခုထက္ထိ ေအးစက္စက္ႏွင့္။ဤ ေသာ့ခေလာက္ဆြဲသီးေလးတစ္ခုသာ တစၧေမဂၤလာေဆာင္မွ က်န္ခဲ့သၫ့္ အေထာက္အထား ျဖစ္ေတာ့သည္။ထိုဆြဲႀကိဳးအား ထၫ့္မတြက္လ်ွင္ ၊ မဂၤလာေဆာင္မွာ သူေတြးထားသၫ့္အတိုင္း ျဖစ္ေျမာက္သြားသည္ဟု လုရင္က်ံဳတစ္ေယာက္ ထင္မိေတာ့မည္။

လုရင္က်ံဳ ညသန္းေခါင္ယံထိ ေစာင့္လိုက္၏။

အျပင္ဘက္တြင္ အလြန္တိတ္ဆိတ္ေန၍ အခန္းတြင္း၌ တစ္ေရြ့ေရြ့‌ ေရႊ့ေနသၫ့္ နာရီသံတစ္ခုသာလ်ွင္ ၾကားရသည္။

နာရီလက္တံက တစ္နာရီခြဲၿပီျဖစ္ေၾကာင္း ၫႊန္ျပေန၏ ၊ အျပင္ဘက္က်ီးအုပ္မွလည္း ညို႔မိႈင္းမိႈင္း က်ီးအာသံမ်ား ထြက္ေပၚလာလ်က္။လုရင္က်ံဳ လွၫ့္ပတ္ၾကၫ့္ရာ ေၾကာင္တစ္ေကာင္၏ လင္းလင္းေတာက္ မ်က္လံုးမ်ားႏွင့္ ဆံုသြားရသည္။ထိုေၾကာင္နက္ႀကီးသည္ အခန္းေကာ္ရိုက္ဒါရိွ လက္ရန္းေပၚ အၿမီးေျမႇာက္ လမ္းေလ်ွာက္ေနရင္း သူ႔ဘက္ေခါင္းလွၫ့္၍ ရန္ေထာင္လာေသးသည္။

ႏွစ္နာရီ တိတိတြင္ လုရင္က်ံဳ ထလိုက္ကာ တံခါးမႀကီးအား မ်က္ႏွာမူလိုက္သည္။

ေၾကာင္နက္ႀကီးမွလည္း တစ္ခုခုအား ခံစားမိသျဖင့္ တံခါးဘက္အား ဦးတည္၍ အေမြးမ်ားေထာင္လ်က္။ခဏေလာက္ ၾကာၿပီးေနာက္ ထိုခံစားခ်က္ႀကီး ပိုဆိုးလာကာ ၊ ေၾကာင္နက္ႀကီး ေျပးထြက္သြား ေတာ့သည္။ျပတင္းအျပင္၌ လသည္ တိမ္မ်ားႏွင့္ ဖံုးကြယ္လ်က္ရိွၿပီး ေလမ်ား တစ္သုန္သုန္ တိုက္ခတ္ေန၏။ရိုးတံက်ဲ သစ္ကိုင္းသစ္ခက္မ်ားသည္ ခန္းစီးစေပၚတြင္ သရဲတစၧေပမာ အရိပ္ထင္ဟတ္လ်က္ ၊ က်ယ္က်ယ္ေလာင္ေလာင္ ဖုန္းျမည္သံ ထြက္ေပၚလာခဲ့သည္။

လုရင္က်ံဳ ေျပးထြက္၍ ခ်က္ခ်င္း ထိုအိပ္ခ္်ခ်ိန္းဖုန္းအား သြားေျပးကိုင္၏။

တစ္ျခားတစ္ဖက္မွ ျပာႏွမ္းႏွမ္း အက္ကြဲကြဲ အသံႀကီးႏွင့္။
"......လုရင္က်ံဳ အခ်ိန္က်ၿပီ"

လုရင္က်ံဳလည္း ျပန္ေျပာပစ္သည္။
"မင့္အခ်ိန္ပဲ က်မွာ"

ထို႔ေနာက္ ခ်က္ခ်င္း ထိုတယ္လီဖုန္းအား အေဆာင္ကပ္လိုက္သည္။ထိုအေဆာင္မွတစ္ဆင့္ မီးခိုးအေငြ့မ်ား ထြက္လာၿပီး စူးရွရွ ေၾကာက္လန႔္စရာေအာ္သံႀကီးႏွင့္အတူ ျမဴထပ္ျဖစ္သြား၏။

ထိုသရဲ မလြတ္ေျမာက္ႏိုင္ေသးခင္ လုရင္က်ံဳ ထိုသရဲအား ရိုက္ခ်ပစ္သည္!

ထို႔ေနာက္ ယင္စြမ္းအင္ အကြၽင္းမ်ား က်န္မက်န္ ေသခ်ာေစရန္ ဖုန္းထုတ္၍ စစ္ေဆးလိုက္၏။ေသာက္ရမ္းကို လြယ္တယ္ ၊ ထံုးစံအတိုင္း သူလြယ္လြယ္ေလးပဲ ေျဖရွင္းလိုက္ရတယ္ေလ။

ေနာက္တစ္ေန့မနက္တြင္ေတာ့ လုရင္က်ံဳ ေစာေစာႏိုးလာကာ ပစၥည္းမ်ား ထုတ္ပိုး၍ အိမ္ျပန္ရန္ ျပင္လိုက္သည္။

အန္တီႀကီးသည္ သူ႔ေနာက္ တစ္ေကာက္ေကာက္ လိုက္လ်က္ ေအာ္ေျပာလာေလ၏။
"မစ္စတာလု ၊ ဆရာသခင္ႀကီးလု ! အဲ့ဟာႀကီး ျပန္မလာမွာ ေသခ်ာရဲ့လား! "

"လံုးဝေသခ်ာတယ္"
လုရင္က်ံဳ ပ်င္းပ်င္းရိရိႏွင့္ လက္ေဝ့ယမ္းျပရင္း ေျပာလိုက္ေတာ့သည္။

******

လုရင္က်ံဳေနသၫ့္ေနရာသည္ အနည္းငယ္ အစြန္က်၏။ၿမိဳ႔လည္ေခါင္မွ မိနစ္ေလးဆယ္ခန႔္ ကားစီး၍ သြားရသည္။အိမ္ေဟာင္းႀကီးတြင္ ေနထိုင္သည္ပင္။အုပ္နံရံ၏ အျပင္ဘက္မွာ မီးခိုးေရာင္ျဖစ္၍ တစ္ခါမ်ွပင္ ေဆးမသုတ္။မီးခိုးေရာင္ခ်ည္းမွ လြဲ၍ ေနာက္ထပ္‌အေရာင္မ်ားကေတာ့ မီး‌ခိုးေရာင္ထက္ရင့္သၫ့္ အက်ႌမ်ားျဖစ္ၿပီး အျပင္ဘက္စင္ထက္ တစ္လႊင့္လႊင့္ ခ်ိတ္ဆြဲထားသည္။

လူအမ်ား၏အျမင္တြင္ လုရင္က်ံဳက အေတာ္ေလးခ်မ္းသာသည္ဟု ထင္ၾက၏။အဆံုးေတာ့ လုရင္က်ံဳသည္ မေကာင္းဆိုးဝါးႏွင္သၫ့္ အသိုင္းအဝိုင္းတြင္ ထိပ္သီး ‌ပေယာဂဆရာျဖစ္သည္ေလ ၊ လူဘယ္ေလာက္ေတာင္မွ သူ႔ထံလာၿပီး ခယလိုက္ၾကသလဲ။

သို႔ေသာ္ အမွန္တကယ္ေတာ့ သူ႔ဘဝက အလြန္ကို ရိုးရွင္းလွၿပီး ဘာဆိုဘာမွလည္းမရိွေပ။ျပင္ဆင္ျခယ္သျခင္း နည္းလွသၫ့္ အိမ္ေဟာင္းႀကီးထဲ ပရိေဘာဂ အနည္းငယ္ႏွင့္ သူတစ္ေယာက္တည္းသာေနထိုင္၏။အဝတ္စားမ်ားကလည္း အျဖဴေရာင္ ရွပ္ေကာ္လံမဟုတ္လ်ွင္ ဆြယ္တာမ်ားသာျဖစ္ၿပီး စားစရာလည္း တစ္ေစ့မွမရိွေခ်။တစ္ခါတစ္ရံက်လည္း စစ္မႈထမ္းေဟာင္းအိုႀကီးမ်ားကဲ့သို႔ က်န္းမာေရး လက္ဖက္ရည္ကိုသာ တစ္ငံု႔စီေသာက္ရင္း ညနက္သည္ထိ ေန၏။သူ အၿမဲသြားတတ္သည္ေနရာမွာလည္း ေအာက္ထပ္မွ convenient စတိုးဆိုင္ႏွင့္ မီတာငါးရာအကြာမွ စာအုပ္ဆိုင္သာ ရိွသည္။

စာအုပ္ဆိုင္ ပိုင္ရွင္ႀကီးသည္ လုရင္က်ံဳအား အၿမဲျမင္ေနရ၍ ဤလူငယ္ေလးသည္ အၿမဲလိုလို နာမည္မႀကီးသၫ့္ သည္းထိတ္ရင္ဖို ၊ သဘာဝလြန္ ၊ မႈခင္း စသၫ့္ႏွင့္ ပတ္သက္ဆက္စပ္သၫ့္ စာအုပ္မ်ား ဖတ္ေလ့ရိွေၾကာင္းပင္ အမွတ္ရလို႔ေနေခ်ၿပီ။တစ္ခါတစ္ရံ စာဖတ္၍ ပင္ပန္းသြားလ်ွင္ ေရ႔ွဆံပင္အား နဖူးထိကြယ္ ေမာက္ခ်၍ တစ္ေရးအိပ္လိုက္ေသး၏။‌ေက်ာဘက္ ေကာ္လံေနရာမွတစ္ဆင့္ သြယ္လ်လ် လည္တိုင္ေလးလည္း ေပၚလ်က္ရိွၿပီး အသားအေရမွာလည္း ေနေရာင္ထဲတြင္ ႏွင္းကဲ့သို႔ ျဖဴေဖြးဥေနသည္။

ဆိုင္ရွင္ႀကီးသည္ အနည္းငယ္မ်ွ ေတြေဝေနၿပီးေနာက္ တစ္ခါေမးၾကၫ့္ဖူးေသး၏။
" ေကာင္ေလး ဘာအလုပ္လုပ္လဲ?မင့္မွာ ပံုမွန္ အလုပ္မရိွဘူးလား?"

အနည္းမူးေနာက္၍ အိပ္ငိုက္ေနသၫ့္ လုရင္က်ံဳက ေလးကန္ထိုင္းမိႈင္းစြာႏွင့္ ျပန္ေျဖလိုက္သည္။
"အႏၲရာယ္မ်ားတဲ့အလုပ္ပါ"

"အိုး"
ေလာပန္ကေျပာေလ၏။
"ဒါဆို မင္းက ေငြတိုးႀကီးေခ်းစားတာေပါ့"
ေျပာရင္းဆိုရင္း ေၾကာက္လန႔္တႀကီးႏွင့္ ပိုက္ဆံအိတ္ကိုပင္ ခပ္ေဝးေဝးစားပြဲေပၚတင္လိုက္ေသး၏။

လုရင္က်ံဳ : "......"

သူအိမ္ျပန္ေရာက္ေရာက္ခ်င္း ႏို႔ခဲေလးက အၿမီးေလးတစ္ေထာင္ေထာင္ႏွင့္ သူ႔အား ႀကိဳဆိုလာ၏။ႏို႔ခဲေလးဆိုသည္မွာ ေၾကာင္မေလးတစ္ေကာင္ျဖစ္၍ လုရင္က်ံဳ၏ ေျခေထာက္အား စိတ္လိုအားရ ပြတ္သပ္ေန၏။

"ေညာင္~~~~"

ထိုအခါမွ အိမ္၌ ေၾကာင္စာမေလာက္ေတာ့မွန္း လုရင္က်ံဳ သတိရသြားသည္။သူ ေၾကာင္ေလး၏ ေမးေစ့အား ပြတ္သပ္ေပးၿပီးေနာက္ ေအာက္ထပ္ convenient စတိုးဆိုင္သို႔ ဆင္းေလ၏။

စတိုးဆိုင္မွာ မီးဖြင့္ထားဆဲ ျဖစ္ၿပီး ေက်ာင္းသား အခ်ိဳ႕လည္း အထဲ၌ အမဲသားလံုးမ်ား စားေနၾကသည္။ေၾကာင္စာ ၊ ေအးခဲထားသၫ့္ အျမန္ခ်က္ အစားအစာထုပ္ ေပါင္းစံု ႏွင့္ ေန့စဉ္သံုး ေတာက္တိုမယ္ရပစၥည္းမ်ား အကုန္လံုးအား လုရင္က်ံဳဆြဲထုတ္ၿပီး ေကာင္တာေပၚ ေဘလ္ရွင္းရန္ တင္လိုက္သည္။

convenient စတိုး၏ အေရာင္းစာေရးေလးမွာ ထန္ေရွာင္ခ်န႔္ ဟုေခၚသၫ့္ ေကာင္မေလးျဖစ္ၿပီး သူ႔အားျမင္တိုင္း မ်က္လံုးေလးမ်ား ေတာက္ပသြားတတ္သည္။ပိုနီေတးလ္ ခ်ည္ထားၿပီး ဖဲႀကိဳးေလးကလည္း ေခါင္းေနာက္မွ တစ္စြန္းတစ္စ ထြက္ေပၚေနေသး၏။ဘားကုဒ္အား စကင္ဖတ္ေနရင္း ဆိုလာခဲ့သည္။
"မင္း....အခုတေလာ အခ်ိန္အားလား?"

မ်က္ေတာင္မ်ား တစ္ဖ်တ္ဖ်တ္ခတ္ေနၿပီး ေခါင္းေမာ့၍ပင္ သူ႔အား မၾကၫ့္လာရဲ။
"ငါၾကားတာ အက္ရွင္ကားသစ္ ရံုတင္ေတာ့မွာတဲ့ ၊ လိုင္းေပၚက review ေတြလည္း အရမ္းေကာင္းတယ္"

လုရင္က်ံဳ ၿပံဳးလိုက္၏။
"အခုေတာ့ ငါမအားဘူး ၊ အလုပ္နည္းနည္းေလးၾကပ္ေနတယ္"

"အင္းပါ....."

ထန္ေရွာင္ခ်န႔္ နည္းနည္းေလး စိတ္ပ်က္သြားကာ နားသယ္စပ္မွ ဆံပင္မ်ားအား ပြတ္သပ္လိုက္သည္။
"ကိစၥမရိွပါဘူး ၊ အလုပ္ကတကယ္ ပိုအေရးႀကီးတာေပါ့ ၊ ခႏၶာကိုယ္ကိုလည္း ဂရုစိုက္သင့္တယ္ေနာ္။စကားမစပ္ ငါးအသားလံုးေတြေရာ ယူဦးမလား?"

"ယူမယ္"

ထန္ေရွာင္ခ်န႔္ ပူေနြးေနြး ငါးအသားလံုးထုပ္အား ကမ္းေပးလာသည္။မ်က္လံုးမွာလည္း ေတာက္ပလ်က္ သို႔ေသာ္ အဆံုးေတာ့ ရိုးရိုးေလးသာ ေျပာလိုက္ေလ၏။
"ဂရုစိုက္ပါ ၊ ပူေနတုန္းပဲ "

လုရင္က်ံဳ အိတ္ႀကီးႏွစ္အိတ္အား သယ္ရင္း ထန္ေရွာင္ခ်န္႔အား ႏႈတ္ဆက္လိုက္သည္။

စတိုင္းဆိုင္၏ တံခါးေပါက္ပြင့္သြားခ်ိန္ ဂ်ူလိုင္လ၏ ေလပူမ်ား တိုက္ခတ္လာခဲ့ၿပီး အျပင္ဘက္ အပူလိုင္းမွာလည္း လူအမ်ားစကားသံမ်ားႏွင့္ ေရာေနွာ ဆူညံလ်က္ ထန္ေရွာင္ခ်န္႔၏ စကားသံအား မၾကားရေသးခင္အထိ။
"မစ္စတာလု အခ်ိန္က်ၿပီ"

လုရင္က်ံဳ ရုတ္တရက္ လွၫ့္ၾကၫ့္လိုက္သည္။

သို႔ေသာ္ ထန္ေရွာင္ခ်န္႔ကေတာ့ ေဘလ္စာရင္းမ်ား ရွင္းရာတြင္သာ ေခါင္းငံု႔ေနလ်က္။

သူအိမ္ျပန္ေရာက္ေသာအခါ ႏို႔ခဲေလးက တေညာင္ေညာင္ေအာ္ရင္း သူ႔အားေစာင့္ေနေလၿပီ။လုရင္က်ံဳ ေၾကာင္ေခါင္းေလးအား ပုတ္ေပးလိုက္ကာ ေၾကာင္စာ အေဟာင္းႏွင့္ အသစ္အား ေရာေကြၽးလိုက္သည္။တံုးအအေၾကာင္ကေတာ့ ေပ်ာ္ရႊင္တႀကီးစားလ်က္ သူ႔အား ညင္သာသၫ့္ အသံေလးပင္ျပဳလာေသး၏။

လြန္ခဲ့သၫ့္ႏွစ္ရက္ကစ၍ သူ အိပ္ယာဝင္ ေနာက္က်လာသည္။အမွန္ေတာ့ ညေရာက္လာသည္ႏွင့္ လုရင္က်ံဳ အိပ္မေပ်ာ္ျခင္းျဖစ္ေလ၏။ႏြားႏို႔တစ္ခြက္အား ေနြးကာ စာဖတ္ရင္း ေသာက္လိုက္သည္။ပိုဖတ္ေလ ပိုၿပီးႏိုးေနေလပင္။

သူ၏ အိပ္သၫ့္အခ်ိန္ကာလ အေတာ္ပင္ နည္းပါးေနသည္ ၾကက္အိပ္ၾကက္ႏိုး မဟုတ္လ်ွင္ တစ္ခဏမ်ွ ငိုက္တာေတြခ်ည္း။မေန့ညကလည္း ေလး၊ငါးနာရီသာ အိပ္ရ‌ၿပီး ယခုလည္း အိပ္ေပ်ာ္ႏိုင္ရန္ ႀကိဳးစားေနျခင္းျဖစ္၏။အမွန္တကယ္ေတာ့လည္း ယခုအေျခအေနက ငယ္ငယ္တုန္းေလာက္ေတာ့ မဆိုးလွေပ။တစၧေမဂၤလာေဆာင္ မတိုင္ခင္ကဆိုလ်ွင္ လံုးဝပင္ အိပ္လို႔မရ။

အခ်ိန္တစ္ခ်ိဳ႕ၾကာၿပီး ေနာက္ဆံုးေတာ့ လုရင္က်ံဳတစ္ေယာက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ႀကီးကို အိပ္ေပ်ာ္သြားေလေတာ့သည္။သို႔ေသာ္ သူမ်က္လံုးဖြင့္လိုက္သည့္အခါ မ်က္လံုးထဲတြင္ မဲေမွာင္ေန၏။ေလထုကလည္း ေအးစက္လို႔ေနသည္။

လုရင္က်ံဳ ေခါင္းရႈတ္ရႈတ္ႏွင့္ မီးဖြင့္ရန္လက္ဆန႔္လိုက္ခ်ိန္ ညာဘက္ လက္ဖမိုးသည္ ရုတ္တရက္ တစ္ခုခုအား ရိုက္မိလိုက္၏။နံရံလိုမ်ိဳး မာေတာင့္ေတာင့္နဲ႔ ေအးစက္စက္ႀကီးေရာ။

လုရင္က်ံဳ ေၾကာင္အေနၿပီးေနာက္ လက္ဆန႔္၍ စမ္းတဝါးဝါး ျပဳလိုက္သည္။ေလးဖက္ေလးတန္ နံရံမ်ားက သူ႔လႈပ္ရွားမႈမ်ားအား ဟန႔္တားလ်က္။ဒူးေထာက္ရန္ ႀကိဳးစားၾကၫ့္ေသာ္လည္း ေထာက္လို႔မရျပန္။သူ႔အား အက်ဉ္းခ်ထားၾကသၫ့္ ဤေလွာင္အိမ္သည္ လွဲအိပ္လို႔သာရ၏။ခပ္ျပင္းျပင္းမ်ွ ေခါက္ၾကၫ့္ေသာ္လည္း သစ္သားအား ေခါက္ေနရသကဲ့သို႔ တံုးပိတ္ပိတ္ အသံသာထြက္လာခဲ့သည္။တစ္ခဏမ်ွ ၾကာၿပီးသၫ့္ေနာက္ လုရင္က်ံဳတစ္ေယာက္ ေမာင္းသံ ဗံုသံမ်ား ၾကားလိုက္ရေတာ့သည္။

သူ ေလးဖက္ေလးတန္အား ေသခ်ာဂရုတစိုက္ႏွင့္ ျပန္စမ္းၾကၫ့္ျပန္ရာ ရုတ္တရက္ စိတ္ထဲ နားလည္သြားေလ၏။

ဒီအေနအထား ၊ ဒီအေနအထားက ေခါင္းတလားႀကီး!

ၿပီးေတာ့ သူက ပိတ္ခံထားရေသးတယ္ ၊ ေမွာင္မဲၿပီး အသက္ရႉၾကပ္လိုက္တဲ့ ေခါင္းတလား။

အျပင္ဘက္မွ ပိုပို၍ တက္ဝင္လႈပ္ရွားလာသၫ့္ ေမာင္းသံ ဗံုသံတို႔ကိုသာ ၾကားရ၏။*ေဆာ္နႏွဲ မႈတ္သံမ်ား ၊လူထု ေအာ္ဟစ္သံမ်ား ရယ္ေမာသံမ်ား ထို႔ေနာက္ ရုတ္တရက္ စူးရွရွ နားကန္းမတတ္ အသံႀကီး ထြက္ေပၚလာခဲ့သည္။

မွင္စာတစ္ေကာင္သည္ အသံျမႇင့္၍ က်ယ္ေလာင္စြာႏွင့္ ေအာ္ဟစ္လိုက္ေလ၏။
"အခ်ိန္က်လာၿပီ_____!"

ထိုအခ်ိန္တြင္ သူ႔ရင္ဘတ္ေပၚမွ သက္ရွည္ေသာ့ခေလာက္ ဆြဲသီးေလးက ႏွစ္မ်ားစြာအတြင္း ပထမဆံုး ေျပာင္းလဲလာခဲ့သည္ - အလြန႔္အလြန္ ပူေလာင္လာခဲ့ၿပီး အလင္းေရာင္ထြက္မတတ္ပင္ ပူျပင္းလာခဲ့ေတာ့သည္။

--------------------------------------

"囍" စကားလံုးပါတဲ့ မီးပံုးနီ

喜欢 -ရွီဟြမ္း(သေဘာက်တယ္) ဆိုတဲ့ စကားက ရွီ(喜)ကို ယူထားတာပါ။ရွီ(喜) တစ္ခုတည္းရဲ့ မူရင္းအဓိပၸာယ္က ပီတိျဖာေပ်ာ္ရႊင္ဝမ္းသာတာကို ဆိုလိုပါတယ္။ "囍" စကားလံုးက ရွီ(喜)ဆိုတဲ့စကားလံုးကို ႏွစ္ခုေပါင္းလိုက္တာပါ။ အိမ္ႏွစ္အိမ္ရဲ့ ေပ်ာ္ရႊင္ဝမ္းသာစရာကိစၥ ေပါင္းစည္းျခင္းဆိုတဲ့ သေဘာနဲ႔ ေပါင္းၿပီး "囍" ဆိုတဲ့စာလံုးျဖစ္တည္လာပါတယ္။သူ႔အသံထြက္လည္း "ရွီ" ပါပဲ။

.

.

.

ထ်န္းတိစားပြဲ(天地桌)

အတိအက် ဘာသာျပန္ရရင္ေတာ့ ေကာင္းကင္ ၊ ေျမၾကီး ကန္ေတာ့ပြဲပါ။မဂၤလာေဆာင္မွာ တိုင္တည္ဖို႔အတြက္ သက္ဆိုင္ရာ နတ္မင္းႀကီးေတြ ၊ နတ္သခင္ေတြ ၊ ဖူးစာေရးရာ ၊ ေကာင္းခ်ီးမဂၤလာ ဘာညာသရကာ သက္ဆိုင္ရာ နတ္ေတြအကုန္လံုးကို ပင့္ၿပီး ကန္ေတာ့ပြဲ ထိုးထားတဲ့စားပြဲပါ။သာမာန္အားျဖင့္ေတာ့ စားပြဲက တစ္လံုးဆိုေပမယ့္ ဒီဝတၴုထဲတစၧေမဂၤလာေဆာင္မွာက ရွစ္လံုးလို႔ဆိုထားပါတယ္။အစီအမံအရလား ပင့္ဖိတ္တဲ့နတ္ေတြ မ်ားေတာ့ ထိုင္ရၾကပ္မွာစိုးလို႔ တိုးထားတာ‌လား ေတာ့ ကိုယ္မသိပါဘူး။
.

.

.

သက္ေတာ္ရွည္ ေသာ့ခေလာက္ဆြဲႀကိဳး

长命锁 - ခ်န္မင့္ေဆာ္

ခ်န္(长) - long
မင့္ (命) - အသက္
ေဆာ္ (锁) - 🔒

ေပါင္းလိုက္ရင္ သက္ေတာ္ရွည္ ေသာ့ခေလာက္ပါ။ဒါ့မယ့္သူက ဆြဲသီးပံုစံလမို႔ ဆြဲႀကိဳး ၊ ဆြဲသီးလို႔ပါ ထၫ့္ျပန္ထားပါတယ္။အဓိပၸာယ္ကေတာ့ ဥပမာ အသက္တစ္ရာတန္းဆိုရင္ အသက္တစ္ရာေစ့ေနရေအာင္လို႔ ေလ်ာ့မသြားေအာင္လို႔ ပစၥည္းေတြသိမ္းသလို ေသာ့ခတ္သိမ္းထားတယ္ ဆိုတဲ့သေဘာပါ။အဓိကေတာ့ ကေလးအရြယ္ေတြကို တရုတ္မိဘေတြက ရိုးရာအရ အဲ့လိုဆြဲသီးပံုစံေလး လုပ္ၿပီးပန္ေပးၾကပါတယ္။

တစၧေမဂၤလာေဆာင္မွာ တစၧေကေပၚမလာပဲ ေသာ့ခေလာက္ဆြဲႀကိဳးေလးပဲ ေပးလာခဲ့တယ္ဆိုတာက လုရင္က်ံဳက အရမ္းငယ္ေသးတယ္ဆိုတဲ့သေဘာေရာက္ပါတယ္။ကိုယ့္အထင္ေတာ့ ငါးႏွစ္သားေလာက္ပဲရိွဦးမယ္။လုရင္က်ံဳက အရမ္းငယ္ေသးလို႔ တစၧေႀကီးက လက္မထပ္ေသးပဲ လ်ာထားတယ္ သို႔မဟုတ္ ေစ့စပ္တယ္ဆိုတဲ့ သေဘာယူဆလို႔ရပါတယ္။ေဘးအႏၲရာယ္ကင္းၿပီး အသက္ရွည္ေစခ်င္တဲ့သေဘာလည္း ပါတာေပါ့။ အဲ့ဒါကို လုရင္က်ံဳေလးက တစၧေပၚမလာလို႔ဆိုၿပီး အျငင္းခံရတယ္ထင္ေနပါေရာ။
.

.

.

ေဆာ္နႏွဲ

ကိုယ္ေတာ့ အဲ့ႏွဲသံႀကီး မႀကိဳက္ပါဘူး ၊ စူးၿပဲကြဲေနတာပဲ :⁠'⁠(

----------------------------------------

Xian - ကိုယ္ျဖည္းျဖည္းခ်င္းစီ ျပန္ေပးပါမယ္ေနာ္။စကားအသံုးအႏႈန္း နည္းနည္းရႈတ္တဲ့အျပင္ မသိတဲ့ ပစၥည္းပစၥယေတြက ပါေသးတာမို႔။

E tran နဲ႔ Chinese နဲ႔က တစ္ခ်ိဳ႕ေနရာေတြ လံုးဝကြဲေနတယ္ ဥပမာ - ပစၥည္းေတြ ၊ နာမည္ေတြေပါ့။

E tran တစ္ခုတည္း ၾကၫ့္ျပန္ရတာ လံုးဝအဆင္မေျပလို႔ပါ။တရုတ္စာ မတတ္တေခါက္နဲ႔ ဟိုဘက္ဒီဘက္ေျပးေနရတာမို႔။

ၿပီးေတာ့ စာလံုးေရလည္း ေတာ္ေတာ္မ်ားတယ္။တစ္ပိုင္းတည္းကို 4000 နီးနီး ဆိုေတာ့။ျဖည္းျဖည္းခ်င္းစီ on going လိုက္ေပးပါမယ္လို႔ ေစာင့္ေပးၾကပါရွင္။

အစက ဒီလဝက္ကေန လကုန္အထိ အမွီ on going လိုက္ေပးမယ္ လုပ္ထားေပမယ့္ ဒီလို tranရပံုနဲ႔ဆိုရင္ေတာ့ လကုန္ရင္ေတာင္ on going မမွီမွာစိုးရတယ္။လကုန္တာနဲ႔ ေနာက္တစ္ပုဒ္ စၿပီး လက္ရိွဟာလည္း ျဖတ္ခ်င္တာမို႔ တင္ေပးလိုက္တာပါ။

လပ္ဖ္ျပဴ ဘိုင့္😗❤️

Continue Reading

You'll Also Like

1.4M 60.2K 95
!!ORIGINAL STORY!! Chae-hee, a Korean woman who escaped her past pains by moving to America. Enjoying her life working hard in a cafe, and if she was...
50.9K 1.2K 180
Disclaimer : This is not my story. No plagiarism intended. The credit goes to original author. ◆◇◆◇◆◇◆◇ The entire Yunzhou knew that the Ye Family h...
24.2K 979 10
Oc female Jackson x Hermes x Apollo x Ares
468K 18.8K 124
SYPNOSIS Reading Purifying Love made Rachelle D'magiba feel very insulted. The ending that the author had written didn't go well with her expectation...