ချစ်ခြင်းတည်စေ

By Hsu_Lynn_Nge

71.5K 2.9K 204

Seme~အဂ္ဂခွန်းပိုင် Uke~ခန့်ညားလွန်းမောင် မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ခန့်ညားလွန်းမောင်။အဒေါ်မိသားစုရဲ့နှိပ်စက်မှုဒ... More

Part~1
Part~2
Part~3
Part~4
Part~5
Part~6
Part~7
Part~8
Part~9
Part-10
Part-11
Part~12
Part~13
Part-14
Part-15
Part~16
Part~17
Part~18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-38
Part-39
Part-40(Completed)

Part-37

629 26 6
By Hsu_Lynn_Nge

                     ခေတ်ဟန်က သူ့နာမည်နှင့် ‌ခေါ်ကာပြေးလာသော ရာရာ့အား အနားရောက်သည်နှင့် ပွေ့ချီပြီး မွေ့ယမ်းပစ်လိုက်သောအခါ ကလေးငယ်ကတခစ်ခစ်ရယ်နေသည်။ရာရာ့ကို အောက်သို့ပြန်ချပြီး၍ သနပ်ခါးဖြင့်၀လုံးဝိုင်းထားသော ပါးနှစ်ဖက်ကိုတရွှတ်ရွှတ်နမ်းပစ်လိုက်သောအခါ မျက်စောင်းလှလှလေးကဒိုင်းခနဲ။


                   သူ့ရှေ့မှ ကလေးသေးသေးလေးအား တမြတ်တနိုးချစ်ရပါသည်။

"ဖြေနိုင်လား ကလေးလေး"

             သွားဖြဲပြီးရယ်ပြနေသော ဆယ်တန်းကျောင်းသားလေးသည် ကလေးပေါက်စလေးနှင့်ပင်တူလှသည်။ခေတ်ဟန်ကမေးတော့ ခေါင်းကိုအဆက်မပြတ်ညိမ့်ပြပြီး လက်‌သုံးချောင်းထောင်ပြလာသည်။မျက်နှာလေးသည်လည်း မော့ချီလျက်။


"အနည်းဆုံးသုံးခုမှန်းတယ် ဟီး"





"ကိုယ့်ကလေးလေးကတော်လိုက်တာကွာ"


"တော်တဲ့သူကိုဆုပေးသင့်တယ်မလား၊ဘာပေးမှာလဲ ပြော"



"အမလေး ရာရာရေ ငါကနင့်အမေပါဟဲ့၊ငါတစ်ယောက်လုံးကိုကျမမြင်ဘူး၊သူ့ဦးခေတ်အနားပဲကပ်နေတယ်"


                ဘေးနားက ခါးထောက်၍ မျက်စောင်းထိုးကာပြောလာသော မိခင်ဖြစ်သူအား ခုမှမြင်သွားပုံပင်။သူ့အမေဆူကာမှ ဟီးခနဲရယ်ပြကာ မိခင်၏လက်မောင်းကိုပြေးချိတ်လေသည်။


"မေမေကရော သားကိုဘာပေးမှာလဲ"


"မေမေ့သားလေးပျော်မယ်ဆိုတဲ့အရာမှန်သမျှ မေမေခွင့်ပြုပေးမယ်၊ဘယ်အရာကိုပဲလုပ်လုပ် ယုံကြည်ချက်ရှိရှိနဲ့လုပ်၊သားကိုယ်သားယုံကြည်မှုပိုရှိလာအောင် မေမေကနောက်ကနေအမြဲတမ်းအားပေးနေမယ်၊မေမေ့မှာပိုင်ဆိုင်တာဘာမှမရှိတဲ့အတွက် မေမေ့သားပျော်ဖို့ဆို အကုန်လုပ်ပေးမယ်၊မေမေပေးနိုင်တာက သားအတွက် ပျော်ရွှင်မှုနဲ့မေတ္တာပဲရှိတယ်"



"မေမေ့ကိုချစ်တယ်နော် အီးးဟီးး"


                ဒီကလေးသည် မေတ္တာတရားအကြောင်းပြောလိုက်လျှင် ငိုသည်ချည်းသာဖြစ်သည်။မေမေသည် သူ့ရင်ခွင်ထဲ၀င်၍ငိုနေသော သား၏ခေါင်းလေးအား ခပ်ဖွဖွလေးပွတ်ပေးရှာသည်။သားအမိနှစ်ယောက်လုံး၏မျက်၀န်းအိမ်တို့တွင်ကား ကြည်နူးမျက်ရည်တို့ကတသွင်သွင်။



             ထိုသားအမိနှစ်ယောက်ကိုကြည့်ရင်း ခေတ်ဟန်ပါမျက်ရည်ဝဲလာသည်။‌မေမေသည် အသက်ရှင်နေသည့်တိုင် ခေတ်ဟန်အား ဘယ်တုန်းကမှချစ်သည်ဟု မခံစားခဲ့ရဖူးပေ။ရေသေလိုတည်ငြိမ်နေတတ်သော မေမေ့မျက်နှာတွင် ခေတ်ဟန်လိုချင်သော မေတ္တာတရားများမရှိပေ။မေမေလည်း သူ့အားတစ်ခါလေးမှမပွေ့ဖက်ဖူးသလို သူကိုယ်တိုင်ကလည်း မေမေ့အား ပွေ့ဖက်ဖို့ကိုပင်မဝံ့ရဲခဲ့။သူဆယ်တန်းကို ဂုဏ်ထူးခြောက်ဘာသာဖြင့် အောင်ခဲ့စဉ်ကပင် သူ့အားချီးကျူးစကားမပြောခဲ့။မိတ်ကပ်သာလိမ်းတတ်ပြီး တည်ငြိမ်နေတတ်သော မေမေ့မျက်နှာအား သနပ်ခါးလိမ်းကာ အေးချမ်းစေချင်သည်။မေမေ့၏ပြုံးနေသော မျက်နှာလေးအားကြည့်ချင်မိသည်။မေမေ့အား ချစ်ကြောင်း ပြောပြဖူးချင်ပါသည်။



"သားကြီး စိတ်မကောင်းမဖြစ်နဲ့နော်၊မေမေတို့ရှိတယ်"


                ဒေါ်နှင်းပြည့်ရာသည် ခေတ်ဟန်ပုခုံးလေးအားခပ်ဖွဖွပုတ်ကာပြောရှာသည်။ရာရာက ခေတ်ဟန်၏အင်္ကျီစလေးအားကိုင်ကာ ငိုမဲ့မဲ့လေးဖြင့်ကြည့်နေသည်။



"ကျွန်တော်ဘာမှမဖြစ်ပါဘူး မေမေရဲ့၊အသေးလေးကလည်း ငိုမဲ့မဲ့လုပ်မနေနဲ့၊ကိုယ်ဘာမှမဖြစ်ဘူး ဟုတ်ပြီလား"



                သူချော့မှ ရာရာ့မျက်နှာလေးပုံမှန်ပြန်ဖြစ်သွားသည်။ရာရာက သူ့ဆရာမဆီသွားချင်သည်ဟုဂျီနေသဖြင့် ခေတ်ဟန်ကလိုက်ပို့ရသည်။မေမေက သူလုပ်စရာရှိသည်ဟုဆိုကာ ပြန်သွားနှင့်‌ပြီ။


"ဦး ကျွန်တော့်ကိုဘာပေးမှာလဲ"


"ကလေးကဘာလိုချင်လို့လဲ"


               သူမေးသောအခါ ကလေးက မျက်လုံးလေးထောင့်ကပ်ပြီးစဉ်းစားနေသည်။ခဏအကြာမှ....


"မောင်မောင့်ဆီသွားမယ်၊လိုက်ပို့ပေး နော် ဦး"


"ဟုတ်ပါပြီဗျာ၊ကိုယ်အားတဲ့ရက်လိုက်ပို့မယ် နော် အသေးလေး"


"ဘာသေးတာလဲ၊မသေးဘူးဗျ ကြီးနေပြီ"


              သူ့အားအသေးလေးဟုပြော၍ ထအော်တော့သည်။ရာရာက သူ့အားအသေးလေးဟုခေါ်လျှင် နည်းနည်းလေးမှမကြိုက်ပေ။ခေတ်ဟန်ကလည်း မကြိုက်လျှင်ပိုစချင်သည်။

"ပြပါဦး ကြီးနေတာလေးကြည့်ချင်လို့"


" -ီးပဲရမယ်"


"ရတာယူမယ်"



"ခင်ဗျား! နှာဘူးပဲ"

"ဟ! ယောက်ျားပဲကွ! ဘူးရင်ဘူး မဘူးရင်ဒူးနှစ်မျိုးပဲရှိတယ်"


                ခေတ်ဟန်အားတည်ငြိမ်မည်ဟု ရာရာထင်ခဲ့သမျှ မှားလေပြီ။အခုလည်း ရာရာ့အားပြုံးစစမျက်နှာပေးဖြင့် တစ်လမ်းလုံးလိုက်စနေသည်။ရာရာက စိတ်ဆိုးပြီး ထဆဲတာကိုပင် သဘောအကျကြီးကျနေသည်။"ဒေါက်တာလေးက လူကြီးဆန်ပြီးတည်ငြိမ်လိုက်တာ"ဟုပြောပြီး သူတို့သမီးများနှင့် အောင်သွယ်ပေးချင်နေကြသော အဒေါ်ကြီးများအား ခေတ်ဟန်၏လက်ရှိပုံစံအားခေါ်၍ပြချင်သည်။ရာရာ့အားစလိုက် ရာရာကလိုက်ရိုက်လျှင်ပြေးလိုက်ဖြင့် ခေတ်ဟန်တစ်ယောက်တည်းအော်ရယ်နေရင်း လိမ်ဖည်လိမ်ဖည်ဖြင့် အိမ်ပြန်ရောက်သွားလေသည်။


****

ညအခါ လသာနေသောအချိန်တွင် ရာရာတို့အိမ်၌လူစည်ကားနေသည်။လူကြီးများတော့မဟုတ်။ရာရာနှင့်ကစားဖော်ကစားဖက် ကလေးများသာဖြစ်သည်။ရာရာစာမေးပွဲပြီးပြီဖြစ်၍ ကလေးများကလာစုနေခြင်းဖြစ်သည်။ဒေါ်နှင်းပြည့်ရာက ဝိုင်းဖွဲ့ပြီးထိုင်နေကြသော သူတို့အတွက် မုန့်များ လက်ဖက်သုပ်များလာချပေးပြီး အိပ်သွားလေပြီ။


"ဦးခေတ် သီချင်းဆိုပြ"


"ကလေးကလည်း နောက်မှဆိုပြမယ်လေ နော်"


"မရဘူး အခုဆိုပြ"

            ရာရာ့မျက်နှာစတင်စူပုတ်တော့မည်ဖြစ်၍ ခေတ်ဟန်ဂစ်တာသွားယူရသည်။မဟုတ်လျှင် တစ်ညလုံးလိုက်ချော့နေရမည်မှာအမှန်ပင်။ခဏအကြာတွင် ခေတ်ဟန် ဂစ်တာယူပြီးပြန်လာသည်။ကလေးများသည်လည်း ငြိမ်သက်စွာနားထောင်နေပြီး ကလေးခေါင်းဆောင်ကြီးမှာ တင်ပလ္လင်ခွေ၍ထိုင်နေသည်။


               ခေတ်ဟန်၏လက်ချောင်းတို့သည် စတင်လှုပ်ရှားသွားသည်။ဆေးထိုးအပ်ကိုင်သော လက်ချောင်းရှည်သွယ်သွယ်တို့၏‌ကစားမှုအောက်တွင် ဂစ်တာကြိုးလေးများသည် သခင့်အလိုကျစည်းချက်ညီပေးရသည်။လူနာများအား ချိုသာစွာ၊ကြင်နာစွာပြောဆိုတတ်သော နှုတ်ခမ်းတို့သည် သံစဉ်တစ်ခုကိုရွတ်ဆိုနေသည်။


"မွန်းကြပ်တဲ့နှလုံးသားထဲ ချစ်ခြင်းရဲ့အလင်းရောင် ဆောင်ကြဉ်းပေးပါ....

သိပ်လှတဲ့အပြုံးလေးအောက် ငါ့မျှော်လင့်ချက်တို့ နားခိုနိုင်စေဖို့ အခွင့်ပေးပါတော့....


သိပ်ချစ်တဲ့အကြောင်းလေးကြားချင်တယ်... ငါ့ဘ၀နဲ့ရင်းပြီးတောင်းဆိုမယ်.....

မင်းသိတဲ့အတိုင်းပဲပြောပြလိုက်ပါ ချစ်သူရယ်...တို့တစ်ယောက်တည်းကြားမယ့်စကားသံနဲ့ နှုတ်ခမ်းပါးလေးလှုပ်ခတ်သွားရုံနဲ့....တိုးတိုးလေးပဲ မင်းပြောပြလိုက်ပါအချစ်ရယ်....

မွန်းကြပ်တဲ့နှလုံးသားထဲ ချစ်ခြင်းရဲ့လေညှင်းကိုဆောင်ကြဉ်းပေးပါ.....

ရှက်တတ်တဲ့ပါးလေးများ ငါ့အနမ်းများအတွက် နားခိုနိုင်စေဖို့ အခွင့်ပေးပါတော့.....

သိပ်ချစ်တဲ့အကြောင်းလေးကြားချင်တယ်... ငါ့ဘ၀နဲ့ရင်းပြီးတောင်းဆိုမယ်.....

မင်းသိတဲ့အတိုင်းပဲပြောပြလိုက်ပါ ချစ်သူရယ်...တို့တစ်ယောက်တည်းကြားမယ့်စကားသံနဲ့ နှုတ်ခမ်းပါးလေးလှုပ်ခတ်သွားရုံနဲ့....တိုးတိုးလေးပဲ မင်းပြောပြလိုက်ပါအချစ်ရယ်....


သိပ်ချစ်တဲ့အကြောင်းလေးကြားချင်တယ်... ငါ့ဘ၀နဲ့ရင်းပြီးတောင်းဆိုမယ်.....

မင်းသိတဲ့အတိုင်းပဲပြောပြလိုက်ပါ အချစ်‌လေးရယ်...တို့တစ်ယောက်တည်းကြားမယ့်စကားသံနဲ့ အချစ်နှုတ်ခမ်းလေးလှုပ်ခတ်သွားရုံနဲ့....တိုးတိုးလေးပဲ မင်းပြောပြလိုက်ပါအချစ်ရယ်...."



                သီချင်းသံဆုံးသွားသည်နှင့် ထွက်လာသော လက်ခုပ်သံသေးသေးလေးများ။သူလှည့်ကြည့်လိုက်သည့်အခါ သူ့ကလေးကတော့ အိပ်ပျော်နေလေပြီ။ကျန်သည့်ကလေးများလည်း ပြန်သွားကြပြီဖြစ်သည်။ခေတ်ဟန်လည်း ရာရာ့အားချီကာ အခန်းထဲသို့ခေါ်သွားပြီး စောင်လေးသေချာခြုံပေးလိုက်သည်။


"အိပ်မက်လှလှ‌မက်ပါစေ ကိုယ့်ကလေးငယ်"


#Hsu Lynn Nge
#အခုမှစရေးတာဖြစ်လို့မှားတာရှိရင်ထောက်ပြကြပါဗျ။အကောင်းဆုံးကြိုးစားထားပါတယ်ဗျ။


*ကတိပျက်သွားလို့ တောင်းပန်ပါတယ်နော်။တကယ် ဘယ်လိုမှကိုမအားလို့ပါ🤧


Zawgyi

                     ေခတ္ဟန္က သူ႔နာမည္ႏွင့္ ‌ေခၚကာေျပးလာေသာ ရာရာ့အား အနားေရာက္သည္ႏွင့္ ေပြ႕ခ်ီၿပီး ေမြ႕ယမ္းပစ္လိုက္ေသာအခါ ကေလးငယ္ကတခစ္ခစ္ရယ္ေနသည္။ရာရာ့ကို ေအာက္သို႔ျပန္ခ်ၿပီး၍ သနပ္ခါးျဖင့္၀လုံးဝိုင္းထားေသာ ပါးႏွစ္ဖက္ကိုတ႐ႊတ္႐ႊတ္နမ္းပစ္လိုက္ေသာအခါ မ်က္ေစာင္းလွလွေလးကဒိုင္းခနဲ။


                   သူ႔ေရွ႕မွ ကေလးေသးေသးေလးအား တျမတ္တႏိုးခ်စ္ရပါသည္။

"ေျဖႏိုင္လား ကေလးေလး"

             သြားၿဖဲၿပီးရယ္ျပေနေသာ ဆယ္တန္းေက်ာင္းသားေလးသည္ ကေလးေပါက္စေလးႏွင့္ပင္တူလွသည္။ေခတ္ဟန္ကေမးေတာ့ ေခါင္းကိုအဆက္မျပတ္ညိမ့္ျပၿပီး လက္‌သုံးေခ်ာင္းေထာင္ျပလာသည္။မ်က္ႏွာေလးသည္လည္း ေမာ့ခ်ီလ်က္။


"အနည္းဆုံးသုံးခုမွန္းတယ္ ဟီး"





"ကိုယ့္ကေလးေလးကေတာ္လိုက္တာကြာ"


"ေတာ္တဲ့သူကိုဆုေပးသင့္တယ္မလား၊ဘာေပးမွာလဲ ေျပာ"



"အမေလး ရာရာေရ ငါကနင့္အေမပါဟဲ့၊ငါတစ္ေယာက္လုံးကိုက်မျမင္ဘူး၊သူ႔ဦးေခတ္အနားပဲကပ္ေနတယ္"


                ေဘးနားက ခါးေထာက္၍ မ်က္ေစာင္းထိုးကာေျပာလာေသာ မိခင္ျဖစ္သူအား ခုမွျမင္သြားပုံပင္။သူ႔အေမဆူကာမွ ဟီးခနဲရယ္ျပကာ မိခင္၏လက္ေမာင္းကိုေျပးခ်ိတ္ေလသည္။


"ေမေမကေရာ သားကိုဘာေပးမွာလဲ"


"ေမေမ့သားေလးေပ်ာ္မယ္ဆိုတဲ့အရာမွန္သမွ် ေမေမခြင့္ျပဳေပးမယ္၊ဘယ္အရာကိုပဲလုပ္လုပ္ ယုံၾကည္ခ်က္ရွိရွိနဲ႔လုပ္၊သားကိုယ္သားယုံၾကည္မႈပိုရွိလာေအာင္ ေမေမကေနာက္ကေနအၿမဲတမ္းအားေပးေနမယ္၊ေမေမ့မွာပိုင္ဆိုင္တာဘာမွမရွိတဲ့အတြက္ ေမေမ့သားေပ်ာ္ဖို႔ဆို အကုန္လုပ္ေပးမယ္၊ေမေမေပးႏိုင္တာက သားအတြက္ ေပ်ာ္႐ႊင္မႈနဲ႔ေမတၱာပဲရွိတယ္"



"ေမေမ့ကိုခ်စ္တယ္ေနာ္ အီးးဟီးး"


                ဒီကေလးသည္ ေမတၱာတရားအေၾကာင္းေျပာလိုက္လွ်င္ ငိုသည္ခ်ည္းသာျဖစ္သည္။ေမေမသည္ သူ႔ရင္ခြင္ထဲ၀င္၍ငိုေနေသာ သား၏ေခါင္းေလးအား ခပ္ဖြဖြေလးပြတ္ေပးရွာသည္။သားအမိႏွစ္ေယာက္လုံး၏မ်က္၀န္းအိမ္တို႔တြင္ကား ၾကည္ႏူးမ်က္ရည္တို႔ကတသြင္သြင္။



             ထိုသားအမိႏွစ္ေယာက္ကိုၾကည့္ရင္း ေခတ္ဟန္ပါမ်က္ရည္ဝဲလာသည္။‌ေမေမသည္ အသက္ရွင္ေနသည့္တိုင္ ေခတ္ဟန္အား ဘယ္တုန္းကမွခ်စ္သည္ဟု မခံစားခဲ့ရဖူးေပ။ေရေသလိုတည္ၿငိမ္ေနတတ္ေသာ ေမေမ့မ်က္ႏွာတြင္ ေခတ္ဟန္လိုခ်င္ေသာ ေမတၱာတရားမ်ားမရွိေပ။ေမေမလည္း သူ႔အားတစ္ခါေလးမွမေပြ႕ဖက္ဖူးသလို သူကိုယ္တိုင္ကလည္း ေမေမ့အား ေပြ႕ဖက္ဖို႔ကိုပင္မဝံ့ရဲခဲ့။သူဆယ္တန္းကို ဂုဏ္ထူးေျခာက္ဘာသာျဖင့္ ေအာင္ခဲ့စဥ္ကပင္ သူ႔အားခ်ီးက်ဴးစကားမေျပာခဲ့။မိတ္ကပ္သာလိမ္းတတ္ၿပီး တည္ၿငိမ္ေနတတ္ေသာ ေမေမ့မ်က္ႏွာအား သနပ္ခါးလိမ္းကာ ေအးခ်မ္းေစခ်င္သည္။ေမေမ့၏ၿပဳံးေနေသာ မ်က္ႏွာေလးအားၾကည့္ခ်င္မိသည္။ေမေမ့အား ခ်စ္ေၾကာင္း ေျပာျပဖူးခ်င္ပါသည္။



"သားႀကီး စိတ္မေကာင္းမျဖစ္နဲ႔ေနာ္၊ေမေမတို႔ရွိတယ္"


                ေဒၚႏွင္းျပည့္ရာသည္ ေခတ္ဟန္ပုခုံးေလးအားခပ္ဖြဖြပုတ္ကာေျပာရွာသည္။ရာရာက ေခတ္ဟန္၏အက်ႌစေလးအားကိုင္ကာ ငိုမဲ့မဲ့ေလးျဖင့္ၾကည့္ေနသည္။



"ကြၽန္ေတာ္ဘာမွမျဖစ္ပါဘူး ေမေမရဲ႕၊အေသးေလးကလည္း ငိုမဲ့မဲ့လုပ္မေနနဲ႔၊ကိုယ္ဘာမွမျဖစ္ဘူး ဟုတ္ၿပီလား"



                သူေခ်ာ့မွ ရာရာ့မ်က္ႏွာေလးပုံမွန္ျပန္ျဖစ္သြားသည္။ရာရာက သူ႔ဆရာမဆီသြားခ်င္သည္ဟုဂ်ီေနသျဖင့္ ေခတ္ဟန္ကလိုက္ပို႔ရသည္။ေမေမက သူလုပ္စရာရွိသည္ဟုဆိုကာ ျပန္သြားႏွင့္‌ၿပီ။


"ဦး ကြၽန္ေတာ့္ကိုဘာေပးမွာလဲ"


"ကေလးကဘာလိုခ်င္လို႔လဲ"


               သူေမးေသာအခါ ကေလးက မ်က္လုံးေလးေထာင့္ကပ္ၿပီးစဥ္းစားေနသည္။ခဏအၾကာမွ....


"ေမာင္ေမာင့္ဆီသြားမယ္၊လိုက္ပို႔ေပး ေနာ္ ဦး"


"ဟုတ္ပါၿပီဗ်ာ၊ကိုယ္အားတဲ့ရက္လိုက္ပို႔မယ္ ေနာ္ အေသးေလး"


"ဘာေသးတာလဲ၊မေသးဘူးဗ် ႀကီးေနၿပီ"


              သူ႔အားအေသးေလးဟုေျပာ၍ ထေအာ္ေတာ့သည္။ရာရာက သူ႔အားအေသးေလးဟုေခၚလွ်င္ နည္းနည္းေလးမွမႀကိဳက္ေပ။ေခတ္ဟန္ကလည္း မႀကိဳက္လွ်င္ပိုစခ်င္သည္။

"ျပပါဦး ႀကီးေနတာေလးၾကည့္ခ်င္လို႔"


" -ီးပဲရမယ္"


"ရတာယူမယ္"



"ခင္ဗ်ား! ႏွာဘူးပဲ"

"ဟ! ေယာက္်ားပဲကြ! ဘူးရင္ဘူး မဘူးရင္ဒူးႏွစ္မ်ိဳးပဲရွိတယ္"


                ေခတ္ဟန္အားတည္ၿငိမ္မည္ဟု ရာရာထင္ခဲ့သမွ် မွားေလၿပီ။အခုလည္း ရာရာ့အားၿပဳံးစစမ်က္ႏွာေပးျဖင့္ တစ္လမ္းလုံးလိုက္စေနသည္။ရာရာက စိတ္ဆိုးၿပီး ထဆဲတာကိုပင္ သေဘာအက်ႀကီးက်ေနသည္။"ေဒါက္တာေလးက လူႀကီးဆန္ၿပီးတည္ၿငိမ္လိုက္တာ"ဟုေျပာၿပီး သူတို႔သမီးမ်ားႏွင့္ ေအာင္သြယ္ေပးခ်င္ေနၾကေသာ အေဒၚႀကီးမ်ားအား ေခတ္ဟန္၏လက္ရွိပုံစံအားေခၚ၍ျပခ်င္သည္။ရာရာ့အားစလိုက္ ရာရာကလိုက္႐ိုက္လွ်င္ေျပးလိုက္ျဖင့္ ေခတ္ဟန္တစ္ေယာက္တည္းေအာ္ရယ္ေနရင္း လိမ္ဖည္လိမ္ဖည္ျဖင့္ အိမ္ျပန္ေရာက္သြားေလသည္။


****

ညအခါ လသာေနေသာအခ်ိန္တြင္ ရာရာတို႔အိမ္၌လူစည္ကားေနသည္။လူႀကီးမ်ားေတာ့မဟုတ္။ရာရာႏွင့္ကစားေဖာ္ကစားဖက္ ကေလးမ်ားသာျဖစ္သည္။ရာရာစာေမးပြဲၿပီးၿပီျဖစ္၍ ကေလးမ်ားကလာစုေနျခင္းျဖစ္သည္။ေဒၚႏွင္းျပည့္ရာက ဝိုင္းဖြဲ႕ၿပီးထိုင္ေနၾကေသာ သူတို႔အတြက္ မုန႔္မ်ား လက္ဖက္သုပ္မ်ားလာခ်ေပးၿပီး အိပ္သြားေလၿပီ။


"ဦးေခတ္ သီခ်င္းဆိုျပ"


"ကေလးကလည္း ေနာက္မွဆိုျပမယ္ေလ ေနာ္"


"မရဘူး အခုဆိုျပ"

            ရာရာ့မ်က္ႏွာစတင္စူပုတ္ေတာ့မည္ျဖစ္၍ ေခတ္ဟန္ဂစ္တာသြားယူရသည္။မဟုတ္လွ်င္ တစ္ညလုံးလိုက္ေခ်ာ့ေနရမည္မွာအမွန္ပင္။ခဏအၾကာတြင္ ေခတ္ဟန္ ဂစ္တာယူၿပီးျပန္လာသည္။ကေလးမ်ားသည္လည္း ၿငိမ္သက္စြာနားေထာင္ေနၿပီး ကေလးေခါင္းေဆာင္ႀကီးမွာ တင္ပလႅင္ေခြ၍ထိုင္ေနသည္။


               ေခတ္ဟန္၏လက္ေခ်ာင္းတို႔သည္ စတင္လႈပ္ရွားသြားသည္။ေဆးထိုးအပ္ကိုင္ေသာ လက္ေခ်ာင္းရွည္သြယ္သြယ္တို႔၏‌ကစားမႈေအာက္တြင္ ဂစ္တာႀကိဳးေလးမ်ားသည္ သခင့္အလိုက်စည္းခ်က္ညီေပးရသည္။လူနာမ်ားအား ခ်ိဳသာစြာ၊ၾကင္နာစြာေျပာဆိုတတ္ေသာ ႏႈတ္ခမ္းတို႔သည္ သံစဥ္တစ္ခုကို႐ြတ္ဆိုေနသည္။


"မြန္းၾကပ္တဲ့ႏွလုံးသားထဲ ခ်စ္ျခင္းရဲ႕အလင္းေရာင္ ေဆာင္ၾကဥ္းေပးပါ....

သိပ္လွတဲ့အၿပဳံးေလးေအာက္ ငါ့ေမွ်ာ္လင့္ခ်က္တို႔ နားခိုႏိုင္ေစဖို႔ အခြင့္ေပးပါေတာ့....


သိပ္ခ်စ္တဲ့အေၾကာင္းေလးၾကားခ်င္တယ္... ငါ့ဘ၀နဲ႔ရင္းၿပီးေတာင္းဆိုမယ္.....

မင္းသိတဲ့အတိုင္းပဲေျပာျပလိုက္ပါ ခ်စ္သူရယ္...တို႔တစ္ေယာက္တည္းၾကားမယ့္စကားသံနဲ႔ ႏႈတ္ခမ္းပါးေလးလႈပ္ခတ္သြား႐ုံနဲ႔....တိုးတိုးေလးပဲ မင္းေျပာျပလိုက္ပါအခ်စ္ရယ္....

မြန္းၾကပ္တဲ့ႏွလုံးသားထဲ ခ်စ္ျခင္းရဲ႕ေလညႇင္းကိုေဆာင္ၾကဥ္းေပးပါ.....

ရွက္တတ္တဲ့ပါးေလးမ်ား ငါ့အနမ္းမ်ားအတြက္ နားခိုႏိုင္ေစဖို႔ အခြင့္ေပးပါေတာ့.....

သိပ္ခ်စ္တဲ့အေၾကာင္းေလးၾကားခ်င္တယ္... ငါ့ဘ၀နဲ႔ရင္းၿပီးေတာင္းဆိုမယ္.....

မင္းသိတဲ့အတိုင္းပဲေျပာျပလိုက္ပါ ခ်စ္သူရယ္...တို႔တစ္ေယာက္တည္းၾကားမယ့္စကားသံနဲ႔ ႏႈတ္ခမ္းပါးေလးလႈပ္ခတ္သြား႐ုံနဲ႔....တိုးတိုးေလးပဲ မင္းေျပာျပလိုက္ပါအခ်စ္ရယ္....


သိပ္ခ်စ္တဲ့အေၾကာင္းေလးၾကားခ်င္တယ္... ငါ့ဘ၀နဲ႔ရင္းၿပီးေတာင္းဆိုမယ္.....

မင္းသိတဲ့အတိုင္းပဲေျပာျပလိုက္ပါ အခ်စ္‌ေလးရယ္...တို႔တစ္ေယာက္တည္းၾကားမယ့္စကားသံနဲ႔ အခ်စ္ႏႈတ္ခမ္းေလးလႈပ္ခတ္သြား႐ုံနဲ႔....တိုးတိုးေလးပဲ မင္းေျပာျပလိုက္ပါအခ်စ္ရယ္...."



                သီခ်င္းသံဆုံးသြားသည္ႏွင့္ ထြက္လာေသာ လက္ခုပ္သံေသးေသးေလးမ်ား။သူလွည့္ၾကည့္လိုက္သည့္အခါ သူ႔ကေလးကေတာ့ အိပ္ေပ်ာ္ေနေလၿပီ။က်န္သည့္ကေလးမ်ားလည္း ျပန္သြားၾကၿပီျဖစ္သည္။ေခတ္ဟန္လည္း ရာရာ့အားခ်ီကာ အခန္းထဲသို႔ေခၚသြားၿပီး ေစာင္ေလးေသခ်ာၿခဳံေပးလိုက္သည္။


"အိပ္မက္လွလွ‌မက္ပါေစ ကိုယ့္ကေလးငယ္"


#Hsu Lynn Nge
#အခုမွစေရးတာျဖစ္လို႔မွားတာရွိရင္ေထာက္ျပၾကပါဗ်။အေကာင္းဆုံးႀကိဳးစားထားပါတယ္ဗ်။


*ကတိပ်က္သြားလို႔ ေတာင္းပန္ပါတယ္ေနာ္။တကယ္ ဘယ္လိုမွကိုမအားလို႔ပါ🤧


Continue Reading

You'll Also Like

816K 120K 136
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...
346K 34.9K 108
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
971K 50.9K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
332K 26.4K 29
Mini Story Uni Life Style Sweet Romance