ချစ်မိပြန်ပြီ မမမြိုင် ( Comp...

By morA_nyein

255K 22.6K 1.5K

‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.20... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
..
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန္း ၁၅
အခန္း ၁၆
အခန္း ၁၇
အခန္း ၁၈
အခန္း ၁၉
အခန္း ၂၀
မမၿမိဳင္ဆီသို႔
အခန္း ၂၁
အခန္း ၂၂
အခန္း ၂၃
အခန္း ၂၄
အခန္း ၂၅
အခန္း ၂၆
အခန္း ၂၇
အခန္း ၂၈
အခန္း ၂၉
အခန္း ၃၀
အခန္း ၃၁
အခန္း ၃၃
အခန္း ၃၄
အခန္း ၃၅
အခန္း ၃၆
အခန္း ၃၇
အခန္း ၃၈
အခန္း ၃၉
အခန္း ၄၀
အခန္း ၄၁
အခန္း ၄၂
အခန္း ၄၃
အခန္း ၄၄
အခန္း ၄၅
အခန္း ၄၆
အခန္း ၄၇ ( ဇာတ္သိမ္းခန္း )
.. 100K ..
မမမြိုင် character
ညိုလေး character
Attention plz‼️

အခန္း ၃၂

4.5K 446 47
By morA_nyein

" မမၿမိဳင္ နဲ႔ အျပင္ကို အတူတူ ျပန္သြားလို႔ရၿပီေပါ့ေနာ္ ။ ဒီေန႔ အျပင္သြားရမွာေပါ့ေနာ္ ။ ခ်စ္သူျဖစ္တဲ့ အမွတ္တရေလးနဲ႔ အျပင္အတူတူ သြားရမွာေပါ့ေနာ္ ။ ဟုတ္လား မမၿမိဳင္ ။ အဲ့လိုလား ဟင္ ။ "

အတည္ျပဳခ်က္မ်ားနွင့္ ေမးခြန္းမ်ားဟာ မ်ားျပားေနေတာ့သည္ေၾကာင့္ ဘယ္အခ်က္ကို အတည္ျပဳလို႔ ဘယ္ေမးခြန္းကို ေျဖရပါ့မလဲ ၿမိဳင္ မသိေတာ့ ။

ၿမိဳင္ သိသည္က မိမိ၏ ခ်စ္သူအသစ္ေလးမွာ ေပ်ာ္ေနရွာသည္ ။ မိမိနွင့္ လက္တြဲခြင့္ရလို႔ ဝမ္းသာေနရွာသည္ ။ မိမိရဲ႕ အခ်စ္ကို ရရိွခဲ့လို႔ ၾကည္ႏူးေနရွာသည္ ။ ခ်စ္သူအသစ္ေလး၏ မ်က္နွာကို ၾကည့္မိတိုင္း အေျဖေပၚသည္ ။

ဤသည္ကား မိမိကို ခ်စ္ျမတ္နိုးေသာ မ်က္ဝန္းညိဳ နွင့္ အၿပံဳးတို႔သာ ျဖစ္သည္ ။

" မင္း အရမ္းေပ်ာ္ေနလား ဟင္ ။ "

" ေပ်ာ္တာေပါ့ မမၿမိဳင္ရဲ႕ ။ "

" အင္း ။ မေန႔ကတည္းက တို႔ ရိပ္မိပါတယ္ ။ "

္" ဒီေလာက္ေလးမွ မရိပ္မိရင္လည္း မမၿမိဳင္ က မမၿမိဳင္ မဟုတ္ေလာက္ေတာ့ဘူး ေလ ။ "

ညိဳေလး၏ စကားေၾကာင့္ ၿမိဳင္ဟာ တိတ္ဆိတ္သြားသည္ ။ မွန္တင္ခံုေပၚမွာ ထိုင္ၿပီး အလွျပင္ေနတဲ့ ၿမိဳင္ဟာ မိမိ၏ ကုတင္ေပၚမွာ ထိုင္ေနေသာ ခ်စ္သူညိဳေလးအား ေလးလံစြာၾကည့္မိသည္ ။ ၿပီးေနာက္ တီးတိုးစြာျဖင့္ ဆိုသည္ ။

" ဟုတ္တယ္ ။ မေန႔ညက မမၿမိဳင္က မမၿမိဳင္ မဟုတ္ခဲ့ဘူး ။ တို႔သိတဲ့ ၿမိဳင္က တို႔တစ္ခါမွ မေတြ႕မျမင္ဖူးတဲ့ ၿမိဳင္ ျဖစ္ခဲ့တယ္ ။ "

" မမၿမိဳင္ ေျပာတာေတြကို ကြၽန္မ နားမလည္ဘဲ ရႈပ္သြားျပန္ၿပီ ။ ဘာပဲျဖစ္ေနပါေစ ။ မမၿမိဳင္က ကြၽန္မ ခ်စ္တဲ့ မမၿမိဳင္ ဆိုတာေတာ့ မမွားေလာက္ပါဘူး ။ "

ထိုစကားေၾကာင့္ ၿမိဳင္ ၿပံဳးမိသည္ ။

" လာပါဦး ဒီအနားကို ။ "

" နွစ္ခါေခၚစရာမလိုပါဘူး ။ အခုပဲ မမၿမိဳင္ဆီကို အေျပးလာၿပီ ။ "

ဟု ေျပာၿပီး ၿမိဳင့္အနားသို႔ သြားသည္ ။ ခံုေပၚမွာထိုင္ေနေသာ ၿမိဳင္ဟာ ညိဳေလးရဲ႕ ခါးကိုဖက္တြယ္ကာျဖင့္ မိမိ၏ ေပါင္ေပၚမွာ ထိုင္ဖို႔ ေျပာသည္ ။

" ဒီမွာ ထိုင္ ။ "

" အို မမၿမိဳင္ကလည္း ။ ကြၽန္မ ခႏၶာကိုယ္နဲ႔ ေလးေနပါ့ဦးမယ္ ။ "

" မင္းလို ပိန္နာရိုးက ဘယ္နားကို ေလးမွာလဲ ။ ကဲ ထိုင္စမ္းပါ ။ "

ဆိုကာျဖင့္ ညိဳေလးရဲ႕ တင္ပါးအား ေျဖာင္းခနဲျမည္ေအာင္ ခ်လိုက္ေတာ့သည္ ။

" အေမ့ ။ "

နာက်င္မိသျဖင့္ ေအာ္လိုက္မိသည္ ။ ညိဳေလးဟာ မိမိ၏တင္ပါးကို အသာပြတ္ကာျဖင့္ နႈတ္ခမ္းသားကို ေထာ္ေနေအာင္ စူထားသည္ ။

ထိုအျပဳအမူေလးကို အသည္းတယားယား ျဖစ္ေနသူကား ၿမိဳင္ ။ ၿမိဳင္ဟာ မ်က္လံုးေလးပိတ္သည္အထိ သေဘာက်ေအာင္ ရယ္မိရင္း သူမ ရိုက္မိေသာ တင္ပါးလံုးလံုးေလးအား အသာပြတ္ေပးမိေတာ့သည္ ။

" နာသြားလား ဟင္ ။ "

" နာတာေပါ့ လူဆိုးမႀကီးရဲ႕ ။ ကိုယ့္လက္သံအေၾကာင္းကို မသိတာလည္း မဟုတ္ဘူး ။ ဖင္ကို ႀကိမ္းသြားတာပဲ ။ ဟြန္႔ ။ "

" ဥံဳဖြ ဥံဳဖြ ။ "

တင္ပါးလံုးလံုးေလးအား ပြတ္ၿမဲပြတ္ဆဲပါပင္ ။ ခဏအၾကာ၌ ညိဳေလးဟာ ၿမိဳင့္ရဲ႕ ေပါင္ေပၚသို႔ ထိုင္ခ်လိုက္ေတာ့သည္ ။

" ေနသာထိုင္သာ ရိွလိုက္တာ ။ မမၿမိဳင္က လံုးႀကီးေပါက္လွမို႔လို႔လား မသိဘူး ။ "

" အလံုးမႀကီးေတာ့ေရာ ေနသာထိုင္သာ မရိွဘူးလား ။ "

" ဒါဟာ ဘယ္ေတာ့မွ မျဖစ္နိုင္တဲ့ ကိစၥႀကီးပါ ။ "

ညိဳေလးသာ မိမိေသတြင္းကို ကိုယ္တိုင္မတူး ။ ၿမိဳင့္အား အပိုင္ခ်ဳပ္တတ္ေသးသည္ ။ ညိဳေလးရဲ႕ ခါးသြယ္သြယ္အား အပိုင္သိမ္းပိုက္ထားသည့္ ၿမိဳင္ ။ ၿမိဳင္ဟာ ညိဳေလးအား မလႊတ္ခ်င္ခဲ့ေတာ့ေပ ။

" ကေန႔ ဘယ္သြားမွာလဲ ဟင္ မမၿမိဳင္ ။ "

" မင္းကို ဘိုင္စကုပ္ လိုက္ျပမယ္ ။ ေနာက္ၿပီး တစ္ခုခု သြားစားၾကမယ္ ။ "

" ေကာင္းတယ္ ေကာင္းတယ္ ။ ဘိုင္စကုပ္ ၾကည့္ခ်င္ေနတာ ဟိုးတစ္ေခါက္တည္းက ။ တစ္ခါမွ မၾကည့္ဖူးဘူးေလ ။ "

" ဒါ့ေၾကာင့္ လိုက္ျပမယ္ ေျပာတာေပါ့ အခ်စ္ကေလးရဲ႕ ။ "

" အို အခ်စ္ကေလးတဲ့ ။ ကြၽန္မက မမၿမိဳင္အပိုင္ဆိုတာကို ေၾကညာေနတာလား ဟင္ ။ "

" အားက်မခံ ျပန္ေၾကညာလိုက္ေပါ့ ။ မမၿမိဳင္က ညိဳေလး အပိုင္ပါလို႔ေလ ။ "

ခ်စ္ၾကည္ႏူး တစ္တီတူး ၾကင္စဦး ဇနီးေမာင္နွံလို႔ ေနနဲ႔လ ေ႐ႊနဲ႔ျမပမာ အတိုင္အေဖာက္ညီေနၾကျပန္သည္ ။

တစ္ခ်ိန္က ေတြ႕ဆံုလိုက္တိုင္းမွာ ရန္ျဖစ္ေနၾကတဲ့ ၿမိဳင္ နွင့္ ညိဳေလးတို႔ မဟုတ္ဘဲ ။ ယခုမူ မ်က္နွာခ်င္းဆိုင္လိုက္တိုင္း အခ်စ္မ်ား ေနွာင္ဖြဲ႕ေနၾကသည္ ။

" ေၾသာ္ ။ တို႔ မင္းကို ေပးစရာရိွတယ္ ။ "

" ဘာမ်ားလဲ ဟင္ ။ မမၿမိဳင္ ။ "

ညိဳေလးအား သူမ ေပါင္ေပၚ၌ ထိုင္ခိုင္းၿမဲ ထိုင္ခိုင္းထားဆဲ ။ ၿမိဳင္ဟာ မွန္တင္ခံုေပၚက ယြန္းေသတၱာဗူး ေသးေသးေလးအား လွမ္းယူလိုက္သည္ ။ ၿပီးေနာက္ ေ႐ႊဆြဲႀကိဳးေလး တစ္ခုကို ယူလိုက္သည္ ။ ေလာ့ကတ္သီးေလးမွာ မည့္သည့္အား ပံုေဖာ္ထားမွန္း ၿမိဳင္ မသိေပမယ့္ ေသခ်ာသည္အား ပန္းပြင့္တစ္ပြင့္ျဖစ္သည္ ။ ထိုပန္းပြင့္အား ၿမိဳင္ မသိ ။

" ဒါေလး ။ မင္းကို ေပးခ်င္တယ္ ။ "

" မမၿမိဳင္ရယ္ ။ မမၿမိဳင္က ကြၽန္မကို ေဟာဒီ့နားကပ္ေလးလည္း ေပးထားၿပီးၿပီေလ ။ ဒါကိုပါ ကြၽန္မ လက္ခံရရင္ အားနာလို႔ ေသေတာ့မွာပဲ ။ "

" အို အခ်စ္ကေလးရယ္ ။ ခ်စ္တဲ့သူေတြ ျဖစ္ေနၾကၿပီပဲ ။

ဒီေ႐ႊဆြဲႀကိဳးေလးကလည္း တို႔ ငယ္ငယ္က ဝတ္ခဲ့တဲ့ ဆြဲႀကိဳးေလးေလ ။ မင္းကို လက္ေဆာင္ေပးတာ ။ တစ္ရက္ျပည့္ခါနီး ခ်စ္သက္လက္ေဆာင္ေပါ့ကြယ္ ။ "

" မမၿမိဳင္ကေတာ့ေလ ။ "

ညိဳေလးဟာ တစ္စံုတစ္ခုအား ေတြးမိ၍ ဝမ္းနည္းမိသည္ ။ ၿမိဳင္ဟာ ခ်စ္ၿပီဆိုလ်ွင္လည္း ေရွ႕ေရး ေနာက္ေရးမ်ားကို မၾကည့္ ။ အခ်စ္တစ္ခုသာ ၾကည့္သည့္ မိန္းမျဖစ္သည္ ။

ကိုျမင့္ေမာင္ကိုလည္း အခ်စ္တစ္ခုတည္းနဲ႔ လက္ထပ္ယူခဲ့ျခင္းျဖစ္သည္ ။ ၿမိဳင္ဟာ ျပည့္စံုေနပါလ်က္ မိခင္ရဲ႕ အေမြ ၊ ပစၥည္းဥစၥာမ်ားကို မက္ေမာျခင္းမရိွဘဲ ကိုျမင့္ေမာင္ အညတညနဲ႔ လမ္းေဘးက တဲစုတ္ေလးမွာ ေနရလည္း ျဖစ္သည္ဟူ၍ လက္ထပ္ယူခဲ့ျခင္းပင္ ။

ၿမိဳင္ဟာ ခ်စ္ျခင္းေမတၱာကို ရူးသြပ္ေနတဲ့ မိန္းမ ။ ခ်စ္ျခင္းေမတၱာကို မက္ေမာေနတဲ့ မိန္းမ ။ ထိုမိန္းမကို ခ်စ္ေပးမယ့္သူ ေပၚလာခဲ့သည္ေၾကာင့္ ၿမိဳင္ဟာ ထိုသူရဲ႕အခ်စ္ကိုပါ ရူးသြပ္ေနခဲ့ေတာ့သည္ ။

" ဘာေတြဝမ္းနည္းေနတာတုန္း အခ်စ္ကေလးရဲ႕ ။ "

" ကြၽန္မ သိခ်င္ေနတာ ။ အခု မမၿမိဳင္ဆီက အခ်စ္ခံေနရၿပီလား ဆိုတာကိုေလ ။ "

" ဘာလို႔ ဒီေမးခြန္းကို ေမးရတာလဲ ။ "

" ကိုကိုျမင့္ကို မမၿမိဳင္ ခ်စ္သလိုမ်ိဳး ။ ကြၽန္မလည္း အခ်စ္ခံေနရၿပီလား ဆိုတာ ။ "

ၿမိဳင္ဟာ တစ္ခ်က္မ်ွ တိတ္ဆိတ္သြားသည္ ။ ၿပီးေနာက္ ေလးနက္စြာ ေျပာသည္ ။

" ကိုျမင့္ေမာင္ကို ခ်စ္သလိုမ်ိဳး မင္းကို ခ်စ္မိသြားရင္ ။ တို႔ အနားက ထြက္ေျပးသြားမွာ သိပ္ေၾကာက္တယ္ ။ "

" ကြၽန္မ ထြက္မေျပးပါဘူး ။ ၿပီးေတာ့ အခုအခ်စ္ေတြနဲ႔လည္း ကြၽန္မ လံုေလာက္ေနၿပီ မမၿမိဳင္ ။

မမၿမိဳင္သာ ကြၽန္မ အနားမွာ ရိွေနေပးေနာ္ ။ အခု ဒီဆြဲႀကိဳးေလး ဆြဲေပးေတာ့ေလ ။ "

သူမရဲ႕စကားေၾကာင့္ ၿမိဳင့္အား ဝမ္းနည္းခြင့္မျပဳ ။ ၿမိဳင္ ဝမ္းနည္းရင္ ကမာၻပ်က္ေလာက္တဲ့အထိကို ေၾကာက္သည္ ။

လက္ထဲက ေ႐ႊဆြဲႀကိဳးကို ေငးၾကည့္ေနမိသည့္ ၿမိဳင္ ။ ေလာ့ကတ္သီးေလး ပံုစံအား ဖမ္းယူေနေပမယ့္လို႔ ဖမ္းယူေလ ေဝးေဝးေရာက္ေလ ျဖစ္ေလခဲ့သည္ ။

ညိဳေလး၏ လည္တိုင္သည္ ေ႐ႊဆြဲႀကိဳးေလးအား ေစာင့္ေမ်ွာ္လ်က္ပင္ ။

အသာတၾကည္ျဖင့္ ထိုေ႐ႊဆြဲကံုးအား ဆြဲေပးလိုက္သည္ ။ ရင္ဘက္မို႔မို႔ေလးေပၚမွာ ေလာ့ကတ္သီးေလး ေနရာယူထားေခ်ၿပီ ။ ၿမိဳင္ဟာ သူမရဲ႕အခ်စ္ကေလးအား မွန္ထဲမွၾကည့္ကာ ၾကည္ႏူးမိသည္ ။

ေနာက္ဆံုးေတာ့ အခ်စ္ကို အသစ္တဖန္ ရွာေတြ႕ခဲ့ၿပီ ။ မေမ်ွာ္လင့္ထားေသာ ခ်စ္ျခင္းမ်ိဳးကို ရွာေတြ႕ခဲ့သည္ေၾကာင့္ ေၾကာက္လည္းေၾကာက္မိသလို ။ အံ့ၾသမွင္သက္မိခဲ့သည္ ။

" ကိုျမင့္ေမာင္ ေစာင့္ေနေတာ့မယ္ ထင္ရဲ႕ ။ မနက္စာ သြားစားရေအာင္ကြာ ။ "

" ဟုတ္ကဲ့ မမၿမိဳင္ ။ "

ညိဳေလး နွင့္ ၿမိဳင္တို႔ဟာ စံအိမ္ေတာ္ရိွ လူမ်ား နားလည္မႈမလြဲေစရန္အတြက္ ပံုမွန္အတိုင္း ဟန္ေဆာင္ေနထိုင္ျဖစ္ခဲ့သည္ ။ တကယ္ဆို ကိုျမင့္ေမာင္ကိုယ္တိုင္ကပါ သူမတို႔ နွစ္ေယာက္အား ညီအစ္မမ်ားကဲ့သို႔ ရင္းနွီးေစခ်င္ခဲ့သည္ ။

ထမင္းစားပြဲဝိုင္းမွာ ကိုျမင့္ေမာင္ဟာ အဆင္သင့္ေစာင့္ဆိုင္းေနသည္ ။ ညိဳေလး နွင့္ မမၿမိဳင္ တို႔သည္ ခပ္ခြာခြာျဖင့္ ထမင္းစားခန္းထဲသို႔ ဝင္လာေခ်ၿပီ ။

" ၿမိဳင္ နဲ႔ ညိဳေလးေတာင္ ေရာက္ၿပီပဲ ။ ကေန႔ အိပ္ရာထ ေနာက္က်ၾကတာလား ။ "

" ဟုတ္တယ္ ကိုျမင့္ေမာင္ ။ ကြၽန္မ နည္းနည္း ေခါင္းမူးေနလို႔ ။ "

" ဟုတ္တယ္ေပါ့ ။ ၿမိဳင္လည္း ပင္ပန္းေနရွာမွာေပါ့ ။

ေၾသာ္ ဒါနဲ႔ ။ ညိဳေလးေရာ သက္သာရဲ႕လား ။ ဝိုင္ေတြ ေသာက္ထားတာဆိုေတာ့ အဆင္မွေျပရဲ႕လား ။ တစ္ခါမွ မေသာက္ဖူးဘူး မဟုတ္လား ။ "

" ကြၽန္မ ေတာင္းပန္ပါတယ္ ကိုကိုျမင့္ ။ ကိုကိုျမင့္ ေသာက္ေနတာကို ျမင္ဖူးေပမယ့္ အခ်ိဳရည္ေတြလို႔ပဲ ထင္ခဲ့မိတာ ။ အဲ့တာ အခ်ိဳရည္နဲ႔မွားၿပီး ေသာက္မိသြားတာပါ ။

ကြၽန္မေၾကာင့္ မ်က္နွာပ်က္ခဲ့ရရင္ ေတာင္းပန္ပါတယ္ ကိုကိုျမင့္ ။ "

" အို ။ မင္း ေတာင္းပန္စရာ မလိုပါဘူး ။ "

ထိုစကားကို လႊတ္ခနဲ ေျပာမိသူမွာ ၿမိဳင္ ။ မိမိရဲ႕အခ်စ္ကေလးမွာ ထိုသို႔ ေတာင္းပန္ေနသည့္ပံုကို ကာကြယ္လိုစိတ္ျဖင့္ ဝင္ေျပာမိေပမယ့္ ထိုေနရာမွာ မေျပာသင့္မွန္း ၿမိဳင္ နားလည္သည္ ။

ကိုျမင့္ေမာင္ဟာ ၿမိဳင့္အား မ်က္ခံုးပင့္၍ လွမ္းၾကည့္သည္ ။ ၿမိဳင္ဟာဟမိမိအား မၾကည္ျဖဴသျဖင့္ ေျပာလိုက္ေသာစကားဟု ကိုျမင့္ေမာင္ ထင္မိသည္ ။ ၿပီးေနာက္ ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ ညိဳေလးကို လွည့္ၾကည့္ရင္း စကားျပန္ေျပာသည္ ။

" ေတာင္းပန္စရာ မလိုပါဘူး ညိဳေလးရယ္ ။ ကိုကိုျမင့္ နားလည္ပါတယ္ ။ "

အရွည္အရွည္ေတြ ထပ္ျဖစ္လာမွာဆိုးသည္ေၾကာင့္ ၿမိဳင္ဟာ စားပြဲေပၚက ေပါင္မုန္႔တစ္ခ်ပ္ကိုယူၿပီး စေတာ္ဘယ္ရီယို သုတ္ကာ စားေသာက္ေနေတာ့သည္ ။

မစားရတာၾကာလွၿပီးျဖစ္တဲ့ ဗိုလ္စာကို စားေနရသည္ေၾကာင့္ ၿမိဳင့္မ်က္နွာဟာ ၿပံဳးလို႔႐ႊင္လို႔သာပင္ ။ ၿပံဳး႐ႊင္ေနေသာ မ်က္နွာလွလွေလးအား ကိုျမင့္ေမာင္ မသိေအာင္ ၊ မရိပ္မိေအာင္ ခိုးၾကည့္ေနမိသည့္မွာ ၿမိဳင့္ရဲ႕အခ်စ္ကေလးသာ ျဖစ္သည္ ။

" ကေန႔ ဘရိတ္ဖက္စာက အေတာ္စားေကာင္းေနပါကလား ။ "

" မမၿမိဳင္အႀကိဳက္ ဗိုလ္စာမို႔လို႔ ျဖစ္ပါလိမ့္မယ္ ။ "

" မင္းေၾကာင့္ ေတာစာေတြပဲ စားေနရတာ ။ အဲ့သေလာက္ေတာ့ အလိုက္သိေပါ့ ။ "

လင္ေယာက္်ားတစ္ေယာက္လံုးကို အေရွ႕မွာ ထားၿပီး နွစ္ဦးသား တိတ္တခိုးျဖင့္ ခ်စ္ၾကည္ႏူးၾကသည္ ။ ကိုျမင့္ေမာင္ အျမင္မွာေတာ့ ရန္စကားေျပာေနၾကသည္ဟု ထင္ရေပမယ့္ တကယ္တမ္းေတာ့ ထိုသို႔မဟုတ္ ။ သူမတို႔နွစ္ဦး၏ မ်က္နွာေပးမ်ားဟာ ပံုမွန္အတိုင္းမဟုတ္ဘဲ မသိမသာ ၿပံဳးေယာင္သန္းေနသည္ ။ ထိုအခ်က္ကိုေတာ့ ကိုျမင့္ေမာင္ သတိမျပဳမိ ။

" ဒါျဖင့္ ။ ၿမိဳင္ အျပင္သြားစရာ ရိွေသးလား ။ "

" ရိွတယ္ ကိုျမင့္ေမာင္ ။ ကြၽန္မ ဝယ္စရာေတြရိွလို႔ ။ သူ႔ကို အိတ္ဆြဲေခၚသြားမလို႔ေလ ။ "

" ဘာပဲျဖစ္ျဖစ္ပါ ။ ၿမိဳင္တို႔ နွစ္ေယာက္ အခုလိုမ်ိဳး တရင္းတနွီး ရိွေနတာကို ျမင္ရေတာ့ အစ္ကို ၾကည္ႏူးမိပါရဲ႕ ။ "

" တရင္းတနွီး ။ အင္းေပါ့ ။ ရွင္ ျဖစ္ေစခ်င္သလို ျဖစ္ပါေစ ။ "

မိမိ ေျပာလိုေသာစကားကို မေျပာေတာ့ဘဲ ကိုျမင့္ေမာင္အတြက္ ဆုေတာင္းေပးခဲ့သည္ ။

ထိုလူသံုးဦးသာ မနက္စာ လက္ဆံုစားၾကၿပီး ကိုျမင့္ေမာင္ဟာ သူ႔ရာထူးအတြက္ လိုအပ္ေသာ အေထာက္အပံ့ကို ၿမိဳင့္ဆီမွ အကူအညီေတာင္းသည္ ။ ေယာက္်ားတစ္ေယာက္ ျဖစ္ေပမယ့္လို႔ ၿမိဳင့္ကိုသာ မွီခိုအားကိုးမိတဲ့ ကိုျမင့္ေမာင္လို ေယာက္်ားမ်ိဳးကို လင္ေတာ္မိသည့္အတြက္ အနည္းငယ္မ်ွ ေနာက္တရမိသည္ ။

သို႔ေပတည္း ၁၈ နွစ္ေက်ာ္မွ သံေယာဇဥ္ကို လက္ရိွခ်စ္သူမိန္းကေလးအတြက္ မနႈတ္ဆက္ခ်င္ပါ ။ သံေယာဇဥ္ တြယ္တာမိေသးသည္ ။

ထို႔ေၾကာင့္ ကိုျမင့္ေမာင္ရဲ႕ ရာထူးရာခံအတြက္ အေထာက္အပံ့ေပးဖို႔အတြက္ ေခါင္းၿငိမ့္ျဖစ္ခဲ့ပါေတာ့သည္ ။

X X X X X

ဘိုင္စကုပ္ၾကည့္ဖို႔အတြက္ ရထားလံုး စီးလာၾကေသာ ၿမိဳင္ နွင့္ ညိဳေလး ။ ညိဳေလးဟာ ၿမိဳင့္ရဲ႕မ်က္နွာကို စူးနစ္စြာ ၾကည့္ေနသည္ ။ ျမင္းခြာသံ ၊ ျမင္းဟီသံ ၊ ျခဴသံ စေသာအသံမ်ားကို ညိဳေလး မၾကားမိ ။ သူမ ၾကားမိသည္မွာ ၿမိဳင့္ရဲ႕ အသက္ရွဴသံ ။ ၿမိဳင့္ရဲ႕ အသက္ရွဴသံသည္သာ အသက္ရွင္ေနေသာ ခံစားခ်က္မ်ားကို ရေစသည္ ။

" ေမၿမိဳ႕က အေတာ္လွတာပဲေနာ္ ။ "

" မမၿမိဳင္ရဲ႕ အလွကိုေတာ့ ဘယ္မွီပါ့မလဲ ။ "

" ဒါျဖင့္ရင္ တို႔အလွကို မွီေလာက္မယ့္အရာက ဘာမ်ားျဖစ္မလဲ ။ "

" အခုခ်ိန္ထိေတာ့ မေတြ႕ေသးပါဘူး ။ ဒါေပမယ့္ အခုလက္ရိွမွာေတာ့ မမၿမိဳင္က အလွဆံုးပဲ ။ "

" ေတာ္တယ္ ။ ဒါကို မင္း ေကာင္းေကာင္းသိသားပဲ ။ "

" မမၿမိဳင္ ။ "

ထိုစကားက ေလးနက္ေသာေလသံနွင့္ ေခၚလိုက္ေသာ စကားျဖစ္သည္ ။ ၿပီးေနာက္ ႐ႊန္းလဲ့ေသာ မ်က္ဝန္းညိဳမ်ားနွင့္ ၾကည့္လိုက္သည္ေၾကာင့္ ၿမိဳင္ ရင္ခုန္ရၿပီ ။

" ဘာ ဘာျဖစ္လို႔ အဲ့သလိုႀကီး ၾကည့္ေနရတာလဲ ဟင္ ။ "

" ဘာလို႔လဲ ။ ၾကည့္လို႔မရဘူး ။ "

" အင္း မရဘူး ။ မင္း ဒီအတိုင္းသာ ဆက္ၾကည့္ေနမယ္ဆိုရင္ တို႔နွလံုးသားေလး မၾကာခင္မွာ ေပါက္ကြဲရလိမ့္မယ္ ။ "

" အို ဒီလိုဆိုေတာ့ မျဖစ္ပါဘူး ။ ကြၽန္မကို ခ်စ္မိေနတဲ့ နွလံုးသားေလး ေပါက္ကြဲသြားရင္ ။ အိုအို မေတြးရဲစရာပဲ ။ အဲ့သလို မၾကည့္ေတာ့ဘူးေနာ္ ။ "

ဟု ေျပာၿပီး မ်က္လံုးကို အရက္သမား အမူသမားလို က်ဥ္းကာစုလိုက္သည္ေၾကာင့္ ၿမိဳင္ တစ္ေယာက္ ခြက္ထိုးခြက္လန္ ရယ္ေခ်ေတာ့ၿပီ ။

ငယ္႐ြယ္ႏုနယ္ေသာ ဆယ္ေက်ာ္သက္ဘဝရဲ႕ အခ်စ္တစ္ခုကို ျပန္လည္ရရိွခဲ့သည္ေၾကာင့္ ေပ်ာ္႐ႊင္ခဲ့ပါသည္ ။ ၿမိဳင္ဟာ မိန္းမပ်ိဳေလးတစ္ေယာက္ကဲ့သို႔ အခ်စ္တစ္ခုကို ရူးသြပ္ေနသည္ ။ အခ်စ္ေၾကာင့္ ျဖစ္လာတဲ့ ေပ်ာ္႐ြင္မႈေတြၾကားမွာ သာယာမိေနသည္ ။

ညိဳေလးေၾကာင့္ ျဖစ္လာေသာ ေပ်ာ္႐ႊင္မႈကို နွစ္သက္မိသည္ ။

" ေ႐ႊဆြဲႀကိဳးေလး နဲ႔ မင္းက သိပ္လွတာပဲ ။ "

ေ႐ႊရင္လႊာမွာ ေဝွ႔လႊဲေနေသာ ေ႐ႊဆြဲႀကိဳးကုိ ၾကည့္ၿပီး ေျပာလိုက္သည့္ ၿမိဳင္ ။

" မမၿမိဳင္ရဲ႕ အခ်စ္ေတြေၾကာင့္ လွတာမ်ိဳး ျဖစ္ပါလိမ့္မယ္ ။ "

ၿမိဳင့္ရဲ႕လက္ဖဝါးႏုႏုကို အသာကိုင္ၿပီး ေျပဳလိုက္သည့္ သိုးေပါက္ေလး ။ သိုးေပါက္ေလးရဲ႕ အၾကည့္မ်ားဟာ အခ်စ္ဆိုေသာ မ်က္ရည္႐ႊဲႀကီးမ်ားနွင့္ ျပည့္နွက္ေနေပသည္ ။

ထို႔နွင့္အတူတူ ၿမိဳင္နွင့္ ညိဳေလးတို႔လည္း ဘိုင္စကုပ္ အတူတူၾကည့္ျဖစ္ခဲ့ၾကသည္ ။ ခ်စ္ျခင္းေမတၱာကို ေဖာ္ၫႊန္းျပထားေသာ ဓာတ္ရွင္ဇာတ္လမ္းျဖစ္သည္ေၾကာင့္ ရုံတြင္းရိွ ပရိတ္သတ္မ်ား အပါအဝင္ သူမတို႔နွစ္ဦးကပါ စိတ္ဝင္တစား ၾကည့္ရႈျဖစ္ခဲ့ၾကေခ်ၿပီ ။

" အခ်စ္ကိုေဖာ္ျပထားတာ သိပ္လွတာပဲေနာ္ မမၿမိဳင္ ။ ဒီလိုအခ်စ္မ်ိဳး အျပင္မွာ ရိွရင္ သိပ္ေကာင္းမွာပဲေနာ္ ။ "

" မင္းအတြက္ အေကာင္းဆံုး ႀကိဳးစားေပးပါ့မယ္ ။ တို႔ ရိွေနေပးမယ္ေလ ။ "

" မမၿမိဳင္ရဲ႕ ရင္ထဲကလာတဲ့ ခံစားခ်က္နဲ႔ အရိွကိုအရိွအတိုင္းပဲ ခ်စ္ေပးပါ ။ ဒီအခ်စ္ေတြနဲ႔တင္ ကြၽန္မ လံုေလာက္ပါၿပီ ။ "

" တို႔ေတာ့ မလံုေလာက္ဘူး ။ မင္းဆီက ခ်စ္ျခင္းေမတၱာကို ဒီ့ထက္ပိုၿပီး လိုခ်င္မက္ေမာမိတယ္ ။ အမ်ားႀကီး ။ အမ်ားႀကီး အခ်စ္ခံခ်င္တယ္ ။ "

" ဟုတ္ ဟုတ္ကဲ့ မမၿမိဳင္ ။ အမ်ားႀကီး ခ်စ္ေပးမယ္ ။ "

ပလက္ေဖာင္းေပၚမွာ လမ္းေလ်ွာက္ေနၾကတဲ့ သူမတို႔နွစ္ေယာက္ ။ တစ္ေယာက္နွင့္တစ္ေယာက္ လက္တြဲျခင္းမရိွခဲ့ၾက ။ ၿမိဳင္သည္ေတာ့ ညိဳေလးရဲ႕စကားေၾကာင့္ ရွက္မိၿပီး ေခါင္းေလးငုံ႔ကာ လက္သည္းအခ်င္းခ်င္း ပြတ္တိုက္မိေခ်ၿပီ ။

ၿမိဳင္ဟာ အခ်စ္ခံရေတာ့မည့္ ခံစားခ်က္အတြက္ ရင္ခုန္မိေနသည္ ။ ထပ္တူက်မည့္ အခ်စ္မ်ိဳး ၊ တူညီမည့္ အခ်စ္မ်ိဳးကို ၿမိဳင္ မက္ေမာသည္ ။ မိမိခ်စ္သလို မိမိကိုယ္လည္း ခ်စ္ေစခ်င္သည္ ။

" ေၾသာ္ ။ မင္းနဲ႔အတူတူ လုပ္ခ်င္တာေလး တစ္ခုရိွတယ္ ။ "

" ဘာမ်ားလဲ မမၿမိဳင္ ။ "

ထိုအခ်ိန္၌ ၿမိဳင္ဟာ အေဆာက္အအံုတစ္ခုထဲသို႔ ခ်ဳိးဝင္သြားေတာ့မည္ကို ညိဳေလး သတိထားမိလိုက္သည္ ။

" မမၿမိဳင္ ။ အဲ့တာ ဘာလဲဟင္ ။ "

" Hotel ေလ ။ "

" ဟို ဟိုဘာႀကီး ။ "

" Hotel Hotel ... "

" ဟိုလတယ္ ။ အဲ့တာ လူေတြအိပ္တဲ့ေနရာ မဟုတ္ဘူးလား ဟင္ ။ "

" ဟုတ္တယ္ေလ ။ ဘာျဖစ္လို႔လဲ ။ "

ဘာမွမျဖစ္သလို ၿမိဳင့္ရဲ႕အေျပာေၾကာင့္ ညိဳေလးတစ္ေယာက္ ပါးစပ္အေဟာင္းသားျဖစ္ကာျဖင့္ သူမရဲ႕ရင္ဘက္အား လက္နွစ္ဖက္ျဖင့္ အုပ္ထားခဲ့ေတာ့သည္ ။

" အို ။ အိုး မမၿမိဳင္ရယ္ ။ ခ်စ္သူျဖစ္တာ မေန႔ညကမွေလ ။ တကယ္ဆို တစ္ရက္ေတာင္ ရိွေသးတာမဟုတ္ဘူး ။ မမၿမိဳင္က ကြၽန္မကို စားေတာ့မလို႔လားလို႔ ။ "

" ဟမ္ ။ "

" ဟမ္ မေနပါနဲ႔ ။ ကြၽန္မ အဆင္သင့္ျဖစ္တဲ့ေန႔က်ရင္ ေနာက္တစ္ေခါက္ ျပန္လာမယ္ေလေနာ္ ။ အဲ့အခ်ိန္မွ ႀကိဳက္သေလာက္ စားပါ မမၿမိဳင္ရယ္ ။ "

ေတာင္းေတာင္းပန္ပန္နွင့္ ေျပာေနရွာသည့္ ညိဳေလးေၾကာင့္ ၿမိဳင္ရဲ႕မ်က္ခံုးတစ္ဖက္ ပင့္တက္မိသည္ ။

" မင္း ဘာေတြေျပာေနတာလဲ ။ "

" အခုမွ မသိခ်င္ေယာင္ေဆာင္ေနတာပဲ ။

မေန႔ညက နမ္းမိရံုနဲ႔တင္ ဒီလိုပံုစံနဲ႔ လက္စားေခ်မလို႔ မဟုတ္လား ။ လက္စားေခ်မယ္ဆိုရင္လည္း ကြၽန္မ အဆင္သင့္ ျဖစ္မယ့္ေန႔ကို ေစာင့္ပါ မမၿမိဳင္ ။ အဲ့ေန႔က်ရင္ ကြၽန္မကိုယ္တိုင္ ဒီဟိုလတယ္ႀကီးဆီကို ေခၚလာခဲ့မယ္ ။

အခုေတာ့ စံအိမ္ ျပန္ၾကရေအာင္ မမၿမိဳင္ ။ "

" ဘာလို႔ျပန္မွာလဲ ။ "

" အို မမၿမိဳင္ ။ ကြၽန္မ အဆင့္သင့္မျဖစ္တာကို အတင္းအက်ပ္ လုပ္မလို႔လား ။ ဒါမ်ိဳးေတာ့ မရဘူးေနာ္ ။ ခ်စ္တာက ခ်စ္တာပဲ ။ အလိုမလိုက္နိုင္ပါဘူး ။ "

" ဘုရားေရ ။ မင္း ဘာေတြေျပာေနတာလဲ ။ ကိုယ့္ဘာသာကိုယ္ စိတ္ကူးယဥ္ၿပီး အစားခံခ်င္ေနၿပီးေတာ့ ။ မင္း အေတာ္ဆိုးတာပဲကြာ ။ "

" ဟြန္႔ေနာ္ ။ စိတ္ကူးယဥ္တယ္ပဲ ရိွရဦးမယ္ ။ ဒါျဖင့္ရင္ ဘာျပဳလို႔ ဒီဟိုလတယ္ႀကီးကို ေခၚလာရတာလဲလို႔ ။ "

" ကိုကာကိုလာ ေသာက္မလို႔ ေခၚလာတာေလ ။ "

" ဟမ္ ။ ကိုကို ကိုလာ ။ အို ။ "

" ဒီမယ္ ။ မင္းကို စားရေအာင္ ဘယ္လိုစားရမလဲ သိတာမဟုတ္ဘူး ။ "

" အမယ္ေနာ္ ။ ကြၽန္မလည္း မစားတတ္ပါဘူးလို႔ ။ "

" ေအး ။ ငါတို႔ နွစ္ေယာက္လံုး ဘယ္လိုစားရမလဲ မသိၾကဘူး ။ အဲ့ေတာ့ စားတတ္ေအာင္သာ ေလ့လာထားေတာ့ ။

အခုေတာ့ ကိုကာကိုလာ သြားေသာက္မယ္ ။ လိုက္ခဲ့ေခ် ။ "

" ဟုတ္ ဟုတ္ကဲ့ ။ "

Hotel မွာ CocaCola ေသာက္ဖို႔ ေခၚခဲ့ျခင္းရယ္သာ ျဖစ္သည္ ။

X X X X X

morA_nyein
8.1.2023














" မမမြိုင် နဲ့ အပြင်ကို အတူတူ ပြန်သွားလို့ရပြီပေါ့နော် ။ ဒီနေ့ အပြင်သွားရမှာပေါ့နော် ။ ချစ်သူဖြစ်တဲ့ အမှတ်တရလေးနဲ့ အပြင်အတူတူ သွားရမှာပေါ့နော် ။ ဟုတ်လား မမမြိုင် ။ အဲ့လိုလား ဟင် ။ "

အတည်ပြုချက်များနှင့် မေးခွန်းများဟာ များပြားနေတော့သည်ကြောင့် ဘယ်အချက်ကို အတည်ပြုလို့ ဘယ်မေးခွန်းကို ဖြေရပါ့မလဲ မြိုင် မသိတော့ ။

မြိုင် သိသည်က မိမိ၏ ချစ်သူအသစ်လေးမှာ ပျော်နေရှာသည် ။ မိမိနှင့် လက်တွဲခွင့်ရလို့ ဝမ်းသာနေရှာသည် ။ မိမိရဲ့ အချစ်ကို ရရှိခဲ့လို့ ကြည်နူးနေရှာသည် ။ ချစ်သူအသစ်လေး၏ မျက်နှာကို ကြည့်မိတိုင်း အဖြေပေါ်သည် ။

ဤသည်ကား မိမိကို ချစ်မြတ်နိုးသော မျက်ဝန်းညို နှင့် အပြုံးတို့သာ ဖြစ်သည် ။

" မင်း အရမ်းပျော်နေလား ဟင် ။ "

" ပျော်တာပေါ့ မမမြိုင်ရဲ့ ။ "

" အင်း ။ မနေ့ကတည်းက တို့ ရိပ်မိပါတယ် ။ "

်" ဒီလောက်လေးမှ မရိပ်မိရင်လည်း မမမြိုင် က မမမြိုင် မဟုတ်လောက်တော့ဘူး လေ ။ "

ညိုလေး၏ စကားကြောင့် မြိုင်ဟာ တိတ်ဆိတ်သွားသည် ။ မှန်တင်ခုံပေါ်မှာ ထိုင်ပြီး အလှပြင်နေတဲ့ မြိုင်ဟာ မိမိ၏ ကုတင်ပေါ်မှာ ထိုင်နေသော ချစ်သူညိုလေးအား လေးလံစွာကြည့်မိသည် ။ ပြီးနောက် တီးတိုးစွာဖြင့် ဆိုသည် ။

" ဟုတ်တယ် ။ မနေ့ညက မမမြိုင်က မမမြိုင် မဟုတ်ခဲ့ဘူး ။ တို့သိတဲ့ မြိုင်က တို့တစ်ခါမှ မတွေ့မမြင်ဖူးတဲ့ မြိုင် ဖြစ်ခဲ့တယ် ။ "

" မမမြိုင် ပြောတာတွေကို ကျွန်မ နားမလည်ဘဲ ရှုပ်သွားပြန်ပြီ ။ ဘာပဲဖြစ်နေပါစေ ။ မမမြိုင်က ကျွန်မ ချစ်တဲ့ မမမြိုင် ဆိုတာတော့ မမှားလောက်ပါဘူး ။ "

ထိုစကားကြောင့် မြိုင် ပြုံးမိသည် ။

" လာပါဦး ဒီအနားကို ။ "

" နှစ်ခါခေါ်စရာမလိုပါဘူး ။ အခုပဲ မမမြိုင်ဆီကို အပြေးလာပြီ ။ "

ဟု ပြောပြီး မြိုင့်အနားသို့ သွားသည် ။ ခုံပေါ်မှာထိုင်နေသော မြိုင်ဟာ ညိုလေးရဲ့ ခါးကိုဖက်တွယ်ကာဖြင့် မိမိ၏ ပေါင်ပေါ်မှာ ထိုင်ဖို့ ပြောသည် ။

" ဒီမှာ ထိုင် ။ "

" အို မမမြိုင်ကလည်း ။ ကျွန်မ ခန္ဓာကိုယ်နဲ့ လေးနေပါ့ဦးမယ် ။ "

" မင်းလို ပိန်နာရိုးက ဘယ်နားကို လေးမှာလဲ ။ ကဲ ထိုင်စမ်းပါ ။ "

ဆိုကာဖြင့် ညိုလေးရဲ့ တင်ပါးအား ဖြောင်းခနဲမြည်အောင် ချလိုက်တော့သည် ။

" အမေ့ ။ "

နာကျင်မိသဖြင့် အော်လိုက်မိသည် ။ ညိုလေးဟာ မိမိ၏တင်ပါးကို အသာပွတ်ကာဖြင့် နှုတ်ခမ်းသားကို ထော်နေအောင် စူထားသည် ။

ထိုအပြုအမူလေးကို အသည်းတယားယား ဖြစ်နေသူကား မြိုင် ။ မြိုင်ဟာ မျက်လုံးလေးပိတ်သည်အထိ သဘောကျအောင် ရယ်မိရင်း သူမ ရိုက်မိသော တင်ပါးလုံးလုံးလေးအား အသာပွတ်ပေးမိတော့သည် ။

" နာသွားလား ဟင် ။ "

" နာတာပေါ့ လူဆိုးမကြီးရဲ့ ။ ကိုယ့်လက်သံအကြောင်းကို မသိတာလည်း မဟုတ်ဘူး ။ ဖင်ကို ကြိမ်းသွားတာပဲ ။ ဟွန့် ။ "

" ဥုံဖွ ဥုံဖွ ။ "

တင်ပါးလုံးလုံးလေးအား ပွတ်မြဲပွတ်ဆဲပါပင် ။ ခဏအကြာ၌ ညိုလေးဟာ မြိုင့်ရဲ့ ပေါင်ပေါ်သို့ ထိုင်ချလိုက်တော့သည် ။

" နေသာထိုင်သာ ရှိလိုက်တာ ။ မမမြိုင်က လုံးကြီးပေါက်လှမို့လို့လား မသိဘူး ။ "

" အလုံးမကြီးတော့ရော နေသာထိုင်သာ မရှိဘူးလား ။ "

" ဒါဟာ ဘယ်တော့မှ မဖြစ်နိုင်တဲ့ ကိစ္စကြီးပါ ။ "

ညိုလေးသာ မိမိသေတွင်းကို ကိုယ်တိုင်မတူး ။ မြိုင့်အား အပိုင်ချုပ်တတ်သေးသည် ။ ညိုလေးရဲ့ ခါးသွယ်သွယ်အား အပိုင်သိမ်းပိုက်ထားသည့် မြိုင် ။ မြိုင်ဟာ ညိုလေးအား မလွှတ်ချင်ခဲ့တော့ပေ ။

" ကနေ့ ဘယ်သွားမှာလဲ ဟင် မမမြိုင် ။ "

" မင်းကို ဘိုင်စကုပ် လိုက်ပြမယ် ။ နောက်ပြီး တစ်ခုခု သွားစားကြမယ် ။ "

" ကောင်းတယ် ကောင်းတယ် ။ ဘိုင်စကုပ် ကြည့်ချင်နေတာ ဟိုးတစ်ခေါက်တည်းက ။ တစ်ခါမှ မကြည့်ဖူးဘူးလေ ။ "

" ဒါ့ကြောင့် လိုက်ပြမယ် ပြောတာပေါ့ အချစ်ကလေးရဲ့ ။ "

" အို အချစ်ကလေးတဲ့ ။ ကျွန်မက မမမြိုင်အပိုင်ဆိုတာကို ကြေညာနေတာလား ဟင် ။ "

" အားကျမခံ ပြန်ကြေညာလိုက်ပေါ့ ။ မမမြိုင်က ညိုလေး အပိုင်ပါလို့လေ ။ "

ချစ်ကြည်နူး တစ်တီတူး ကြင်စဦး ဇနီးမောင်နှံလို့ နေနဲ့လ ရွှေနဲ့မြပမာ အတိုင်အဖောက်ညီနေကြပြန်သည် ။

တစ်ချိန်က တွေ့ဆုံလိုက်တိုင်းမှာ ရန်ဖြစ်နေကြတဲ့ မြိုင် နှင့် ညိုလေးတို့ မဟုတ်ဘဲ ။ ယခုမူ မျက်နှာချင်းဆိုင်လိုက်တိုင်း အချစ်များ နှောင်ဖွဲ့နေကြသည် ။

" သြော် ။ တို့ မင်းကို ပေးစရာရှိတယ် ။ "

" ဘာများလဲ ဟင် ။ မမမြိုင် ။ "

ညိုလေးအား သူမ ပေါင်ပေါ်၌ ထိုင်ခိုင်းမြဲ ထိုင်ခိုင်းထားဆဲ ။ မြိုင်ဟာ မှန်တင်ခုံပေါ်က ယွန်းသေတ္တာဗူး သေးသေးလေးအား လှမ်းယူလိုက်သည် ။ ပြီးနောက် ရွှေဆွဲကြိုးလေး တစ်ခုကို ယူလိုက်သည် ။ လော့ကတ်သီးလေးမှာ မည့်သည့်အား ပုံဖော်ထားမှန်း မြိုင် မသိပေမယ့် သေချာသည်အား ပန်းပွင့်တစ်ပွင့်ဖြစ်သည် ။ ထိုပန်းပွင့်အား မြိုင် မသိ ။

" ဒါလေး ။ မင်းကို ပေးချင်တယ် ။ "

" မမမြိုင်ရယ် ။ မမမြိုင်က ကျွန်မကို ဟောဒီ့နားကပ်လေးလည်း ပေးထားပြီးပြီလေ ။ ဒါကိုပါ ကျွန်မ လက်ခံရရင် အားနာလို့ သေတော့မှာပဲ ။ "

" အို အချစ်ကလေးရယ် ။ ချစ်တဲ့သူတွေ ဖြစ်နေကြပြီပဲ ။

ဒီရွှေဆွဲကြိုးလေးကလည်း တို့ ငယ်ငယ်က ဝတ်ခဲ့တဲ့ ဆွဲကြိုးလေးလေ ။ မင်းကို လက်ဆောင်ပေးတာ ။ တစ်ရက်ပြည့်ခါနီး ချစ်သက်လက်ဆောင်ပေါ့ကွယ် ။ "

" မမမြိုင်ကတော့လေ ။ "

ညိုလေးဟာ တစ်စုံတစ်ခုအား တွေးမိ၍ ဝမ်းနည်းမိသည် ။ မြိုင်ဟာ ချစ်ပြီဆိုလျှင်လည်း ရှေ့ရေး နောက်ရေးများကို မကြည့် ။ အချစ်တစ်ခုသာ ကြည့်သည့် မိန်းမဖြစ်သည် ။

ကိုမြင့်မောင်ကိုလည်း အချစ်တစ်ခုတည်းနဲ့ လက်ထပ်ယူခဲ့ခြင်းဖြစ်သည် ။ မြိုင်ဟာ ပြည့်စုံနေပါလျက် မိခင်ရဲ့ အမွေ ၊ ပစ္စည်းဥစ္စာများကို မက်မောခြင်းမရှိဘဲ ကိုမြင့်မောင် အညတညနဲ့ လမ်းဘေးက တဲစုတ်လေးမှာ နေရလည်း ဖြစ်သည်ဟူ၍ လက်ထပ်ယူခဲ့ခြင်းပင် ။

မြိုင်ဟာ ချစ်ခြင်းမေတ္တာကို ရူးသွပ်နေတဲ့ မိန်းမ ။ ချစ်ခြင်းမေတ္တာကို မက်မောနေတဲ့ မိန်းမ ။ ထိုမိန်းမကို ချစ်ပေးမယ့်သူ ပေါ်လာခဲ့သည်ကြောင့် မြိုင်ဟာ ထိုသူရဲ့အချစ်ကိုပါ ရူးသွပ်နေခဲ့တော့သည် ။

" ဘာတွေဝမ်းနည်းနေတာတုန်း အချစ်ကလေးရဲ့ ။ "

" ကျွန်မ သိချင်နေတာ ။ အခု မမမြိုင်ဆီက အချစ်ခံနေရပြီလား ဆိုတာကိုလေ ။ "

" ဘာလို့ ဒီမေးခွန်းကို မေးရတာလဲ ။ "

" ကိုကိုမြင့်ကို မမမြိုင် ချစ်သလိုမျိုး ။ ကျွန်မလည်း အချစ်ခံနေရပြီလား ဆိုတာ ။ "

မြိုင်ဟာ တစ်ချက်မျှ တိတ်ဆိတ်သွားသည် ။ ပြီးနောက် လေးနက်စွာ ပြောသည် ။

" ကိုမြင့်မောင်ကို ချစ်သလိုမျိုး မင်းကို ချစ်မိသွားရင် ။ တို့ အနားက ထွက်ပြေးသွားမှာ သိပ်ကြောက်တယ် ။ "

" ကျွန်မ ထွက်မပြေးပါဘူး ။ ပြီးတော့ အခုအချစ်တွေနဲ့လည်း ကျွန်မ လုံလောက်နေပြီ မမမြိုင် ။

မမမြိုင်သာ ကျွန်မ အနားမှာ ရှိနေပေးနော် ။ အခု ဒီဆွဲကြိုးလေး ဆွဲပေးတော့လေ ။ "

သူမရဲ့စကားကြောင့် မြိုင့်အား ဝမ်းနည်းခွင့်မပြု ။ မြိုင် ဝမ်းနည်းရင် ကမ္ဘာပျက်လောက်တဲ့အထိကို ကြောက်သည် ။

လက်ထဲက ရွှေဆွဲကြိုးကို ငေးကြည့်နေမိသည့် မြိုင် ။ လော့ကတ်သီးလေး ပုံစံအား ဖမ်းယူနေပေမယ့်လို့ ဖမ်းယူလေ ဝေးဝေးရောက်လေ ဖြစ်လေခဲ့သည် ။

ညိုလေး၏ လည်တိုင်သည် ရွှေဆွဲကြိုးလေးအား စောင့်မျှော်လျက်ပင် ။

အသာတကြည်ဖြင့် ထိုရွှေဆွဲကုံးအား ဆွဲပေးလိုက်သည် ။ ရင်ဘက်မို့မို့လေးပေါ်မှာ လော့ကတ်သီးလေး နေရာယူထားချေပြီ ။ မြိုင်ဟာ သူမရဲ့အချစ်ကလေးအား မှန်ထဲမှကြည့်ကာ ကြည်နူးမိသည် ။

နောက်ဆုံးတော့ အချစ်ကို အသစ်တဖန် ရှာတွေ့ခဲ့ပြီ ။ မမျှော်လင့်ထားသော ချစ်ခြင်းမျိုးကို ရှာတွေ့ခဲ့သည်ကြောင့် ကြောက်လည်းကြောက်မိသလို ။ အံ့သြမှင်သက်မိခဲ့သည် ။

" ကိုမြင့်မောင် စောင့်နေတော့မယ် ထင်ရဲ့ ။ မနက်စာ သွားစားရအောင်ကွာ ။ "

" ဟုတ်ကဲ့ မမမြိုင် ။ "

ညိုလေး နှင့် မြိုင်တို့ဟာ စံအိမ်တော်ရှိ လူများ နားလည်မှုမလွဲစေရန်အတွက် ပုံမှန်အတိုင်း ဟန်ဆောင်နေထိုင်ဖြစ်ခဲ့သည် ။ တကယ်ဆို ကိုမြင့်မောင်ကိုယ်တိုင်ကပါ သူမတို့ နှစ်ယောက်အား ညီအစ်မများကဲ့သို့ ရင်းနှီးစေချင်ခဲ့သည် ။

ထမင်းစားပွဲဝိုင်းမှာ ကိုမြင့်မောင်ဟာ အဆင်သင့်စောင့်ဆိုင်းနေသည် ။ ညိုလေး နှင့် မမမြိုင် တို့သည် ခပ်ခွာခွာဖြင့် ထမင်းစားခန်းထဲသို့ ဝင်လာချေပြီ ။

" မြိုင် နဲ့ ညိုလေးတောင် ရောက်ပြီပဲ ။ ကနေ့ အိပ်ရာထ နောက်ကျကြတာလား ။ "

" ဟုတ်တယ် ကိုမြင့်မောင် ။ ကျွန်မ နည်းနည်း ခေါင်းမူးနေလို့ ။ "

" ဟုတ်တယ်ပေါ့ ။ မြိုင်လည်း ပင်ပန်းနေရှာမှာပေါ့ ။

သြော် ဒါနဲ့ ။ ညိုလေးရော သက်သာရဲ့လား ။ ဝိုင်တွေ သောက်ထားတာဆိုတော့ အဆင်မှပြေရဲ့လား ။ တစ်ခါမှ မသောက်ဖူးဘူး မဟုတ်လား ။ "

" ကျွန်မ တောင်းပန်ပါတယ် ကိုကိုမြင့် ။ ကိုကိုမြင့် သောက်နေတာကို မြင်ဖူးပေမယ့် အချိုရည်တွေလို့ပဲ ထင်ခဲ့မိတာ ။ အဲ့တာ အချိုရည်နဲ့မှားပြီး သောက်မိသွားတာပါ ။

ကျွန်မကြောင့် မျက်နှာပျက်ခဲ့ရရင် တောင်းပန်ပါတယ် ကိုကိုမြင့် ။ "

" အို ။ မင်း တောင်းပန်စရာ မလိုပါဘူး ။ "

ထိုစကားကို လွှတ်ခနဲ ပြောမိသူမှာ မြိုင် ။ မိမိရဲ့အချစ်ကလေးမှာ ထိုသို့ တောင်းပန်နေသည့်ပုံကို ကာကွယ်လိုစိတ်ဖြင့် ဝင်ပြောမိပေမယ့် ထိုနေရာမှာ မပြောသင့်မှန်း မြိုင် နားလည်သည် ။

ကိုမြင့်မောင်ဟာ မြိုင့်အား မျက်ခုံးပင့်၍ လှမ်းကြည့်သည် ။ မြိုင်ဟာဟမိမိအား မကြည်ဖြူသဖြင့် ပြောလိုက်သောစကားဟု ကိုမြင့်မောင် ထင်မိသည် ။ ပြီးနောက် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ညိုလေးကို လှည့်ကြည့်ရင်း စကားပြန်ပြောသည် ။

" တောင်းပန်စရာ မလိုပါဘူး ညိုလေးရယ် ။ ကိုကိုမြင့် နားလည်ပါတယ် ။ "

အရှည်အရှည်တွေ ထပ်ဖြစ်လာမှာဆိုးသည်ကြောင့် မြိုင်ဟာ စားပွဲပေါ်က ပေါင်မုန့်တစ်ချပ်ကိုယူပြီး စတော်ဘယ်ရီယို သုတ်ကာ စားသောက်နေတော့သည် ။

မစားရတာကြာလှပြီးဖြစ်တဲ့ ဗိုလ်စာကို စားနေရသည်ကြောင့် မြိုင့်မျက်နှာဟာ ပြုံးလို့ရွှင်လို့သာပင် ။ ပြုံးရွှင်နေသော မျက်နှာလှလှလေးအား ကိုမြင့်မောင် မသိအောင် ၊ မရိပ်မိအောင် ခိုးကြည့်နေမိသည့်မှာ မြိုင့်ရဲ့အချစ်ကလေးသာ ဖြစ်သည် ။

" ကနေ့ ဘရိတ်ဖက်စာက အတော်စားကောင်းနေပါကလား ။ "

" မမမြိုင်အကြိုက် ဗိုလ်စာမို့လို့ ဖြစ်ပါလိမ့်မယ် ။ "

" မင်းကြောင့် တောစာတွေပဲ စားနေရတာ ။ အဲ့သလောက်တော့ အလိုက်သိပေါ့ ။ "

လင်ယောက်ျားတစ်ယောက်လုံးကို အရှေ့မှာ ထားပြီး နှစ်ဦးသား တိတ်တခိုးဖြင့် ချစ်ကြည်နူးကြသည် ။ ကိုမြင့်မောင် အမြင်မှာတော့ ရန်စကားပြောနေကြသည်ဟု ထင်ရပေမယ့် တကယ်တမ်းတော့ ထိုသို့မဟုတ် ။ သူမတို့နှစ်ဦး၏ မျက်နှာပေးများဟာ ပုံမှန်အတိုင်းမဟုတ်ဘဲ မသိမသာ ပြုံးယောင်သန်းနေသည် ။ ထိုအချက်ကိုတော့ ကိုမြင့်မောင် သတိမပြုမိ ။

" ဒါဖြင့် ။ မြိုင် အပြင်သွားစရာ ရှိသေးလား ။ "

" ရှိတယ် ကိုမြင့်မောင် ။ ကျွန်မ ဝယ်စရာတွေရှိလို့ ။ သူ့ကို အိတ်ဆွဲခေါ်သွားမလို့လေ ။ "

" ဘာပဲဖြစ်ဖြစ်ပါ ။ မြိုင်တို့ နှစ်ယောက် အခုလိုမျိုး တရင်းတနှီး ရှိနေတာကို မြင်ရတော့ အစ်ကို ကြည်နူးမိပါရဲ့ ။ "

" တရင်းတနှီး ။ အင်းပေါ့ ။ ရှင် ဖြစ်စေချင်သလို ဖြစ်ပါစေ ။ "

မိမိ ပြောလိုသောစကားကို မပြောတော့ဘဲ ကိုမြင့်မောင်အတွက် ဆုတောင်းပေးခဲ့သည် ။

ထိုလူသုံးဦးသာ မနက်စာ လက်ဆုံစားကြပြီး ကိုမြင့်မောင်ဟာ သူ့ရာထူးအတွက် လိုအပ်သော အထောက်အပံ့ကို မြိုင့်ဆီမှ အကူအညီတောင်းသည် ။ ယောက်ျားတစ်ယောက် ဖြစ်ပေမယ့်လို့ မြိုင့်ကိုသာ မှီခိုအားကိုးမိတဲ့ ကိုမြင့်မောင်လို ယောက်ျားမျိုးကို လင်တော်မိသည့်အတွက် အနည်းငယ်မျှ နောက်တရမိသည် ။

သို့ပေတည်း ၁၈ နှစ်ကျော်မှ သံယောဇဉ်ကို လက်ရှိချစ်သူမိန်းကလေးအတွက် မနှုတ်ဆက်ချင်ပါ ။ သံယောဇဉ် တွယ်တာမိသေးသည် ။

ထို့ကြောင့် ကိုမြင့်မောင်ရဲ့ ရာထူးရာခံအတွက် အထောက်အပံ့ပေးဖို့အတွက် ခေါင်းငြိမ့်ဖြစ်ခဲ့ပါတော့သည် ။

X X X X X

ဘိုင်စကုပ်ကြည့်ဖို့အတွက် ရထားလုံး စီးလာကြသော မြိုင် နှင့် ညိုလေး ။ ညိုလေးဟာ မြိုင့်ရဲ့မျက်နှာကို စူးနစ်စွာ ကြည့်နေသည် ။ မြင်းခွာသံ ၊ မြင်းဟီသံ ၊ ခြူသံ စသောအသံများကို ညိုလေး မကြားမိ ။ သူမ ကြားမိသည်မှာ မြိုင့်ရဲ့ အသက်ရှူသံ ။ မြိုင့်ရဲ့ အသက်ရှူသံသည်သာ အသက်ရှင်နေသော ခံစားချက်များကို ရစေသည် ။

" မေမြို့က အတော်လှတာပဲနော် ။ "

" မမမြိုင်ရဲ့ အလှကိုတော့ ဘယ်မှီပါ့မလဲ ။ "

" ဒါဖြင့်ရင် တို့အလှကို မှီလောက်မယ့်အရာက ဘာများဖြစ်မလဲ ။ "

" အခုချိန်ထိတော့ မတွေ့သေးပါဘူး ။ ဒါပေမယ့် အခုလက်ရှိမှာတော့ မမမြိုင်က အလှဆုံးပဲ ။ "

" တော်တယ် ။ ဒါကို မင်း ကောင်းကောင်းသိသားပဲ ။ "

" မမမြိုင် ။ "

ထိုစကားက လေးနက်သောလေသံနှင့် ခေါ်လိုက်သော စကားဖြစ်သည် ။ ပြီးနောက် ရွှန်းလဲ့သော မျက်ဝန်းညိုများနှင့် ကြည့်လိုက်သည်ကြောင့် မြိုင် ရင်ခုန်ရပြီ ။

" ဘာ ဘာဖြစ်လို့ အဲ့သလိုကြီး ကြည့်နေရတာလဲ ဟင် ။ "

" ဘာလို့လဲ ။ ကြည့်လို့မရဘူး ။ "

" အင်း မရဘူး ။ မင်း ဒီအတိုင်းသာ ဆက်ကြည့်နေမယ်ဆိုရင် တို့နှလုံးသားလေး မကြာခင်မှာ ပေါက်ကွဲရလိမ့်မယ် ။ "

" အို ဒီလိုဆိုတော့ မဖြစ်ပါဘူး ။ ကျွန်မကို ချစ်မိနေတဲ့ နှလုံးသားလေး ပေါက်ကွဲသွားရင် ။ အိုအို မတွေးရဲစရာပဲ ။ အဲ့သလို မကြည့်တော့ဘူးနော် ။ "

ဟု ပြောပြီး မျက်လုံးကို အရက်သမား အမူသမားလို ကျဉ်းကာစုလိုက်သည်ကြောင့် မြိုင် တစ်ယောက် ခွက်ထိုးခွက်လန် ရယ်ချေတော့ပြီ ။

ငယ်ရွယ်နုနယ်သော ဆယ်ကျော်သက်ဘဝရဲ့ အချစ်တစ်ခုကို ပြန်လည်ရရှိခဲ့သည်ကြောင့် ပျော်ရွှင်ခဲ့ပါသည် ။ မြိုင်ဟာ မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ အချစ်တစ်ခုကို ရူးသွပ်နေသည် ။ အချစ်ကြောင့် ဖြစ်လာတဲ့ ပျော်ရွင်မှုတွေကြားမှာ သာယာမိနေသည် ။

ညိုလေးကြောင့် ဖြစ်လာသော ပျော်ရွှင်မှုကို နှစ်သက်မိသည် ။

" ရွှေဆွဲကြိုးလေး နဲ့ မင်းက သိပ်လှတာပဲ ။ "

ရွှေရင်လွှာမှာ ဝှေ့လွှဲနေသော ရွှေဆွဲကြိုးကို ကြည့်ပြီး ပြောလိုက်သည့် မြိုင် ။

" မမမြိုင်ရဲ့ အချစ်တွေကြောင့် လှတာမျိုး ဖြစ်ပါလိမ့်မယ် ။ "

မြိုင့်ရဲ့လက်ဖဝါးနုနုကို အသာကိုင်ပြီး ပြေုလိုက်သည့် သိုးပေါက်လေး ။ သိုးပေါက်လေးရဲ့ အကြည့်များဟာ အချစ်ဆိုသော မျက်ရည်ရွှဲကြီးများနှင့် ပြည့်နှက်နေပေသည် ။

ထို့နှင့်အတူတူ မြိုင်နှင့် ညိုလေးတို့လည်း ဘိုင်စကုပ် အတူတူကြည့်ဖြစ်ခဲ့ကြသည် ။ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းပြထားသော ဓာတ်ရှင်ဇာတ်လမ်းဖြစ်သည်ကြောင့် ရုံတွင်းရှိ ပရိတ်သတ်များ အပါအဝင် သူမတို့နှစ်ဦးကပါ စိတ်ဝင်တစား ကြည့်ရှုဖြစ်ခဲ့ကြချေပြီ ။

" အချစ်ကိုဖော်ပြထားတာ သိပ်လှတာပဲနော် မမမြိုင် ။ ဒီလိုအချစ်မျိုး အပြင်မှာ ရှိရင် သိပ်ကောင်းမှာပဲနော် ။ "

" မင်းအတွက် အကောင်းဆုံး ကြိုးစားပေးပါ့မယ် ။ တို့ ရှိနေပေးမယ်လေ ။ "

" မမမြိုင်ရဲ့ ရင်ထဲကလာတဲ့ ခံစားချက်နဲ့ အရှိကိုအရှိအတိုင်းပဲ ချစ်ပေးပါ ။ ဒီအချစ်တွေနဲ့တင် ကျွန်မ လုံလောက်ပါပြီ ။ "

" တို့တော့ မလုံလောက်ဘူး ။ မင်းဆီက ချစ်ခြင်းမေတ္တာကို ဒီ့ထက်ပိုပြီး လိုချင်မက်မောမိတယ် ။ အများကြီး ။ အများကြီး အချစ်ခံချင်တယ် ။ "

" ဟုတ် ဟုတ်ကဲ့ မမမြိုင် ။ အများကြီး ချစ်ပေးမယ် ။ "

ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေကြတဲ့ သူမတို့နှစ်ယောက် ။ တစ်ယောက်နှင့်တစ်ယောက် လက်တွဲခြင်းမရှိခဲ့ကြ ။ မြိုင်သည်တော့ ညိုလေးရဲ့စကားကြောင့် ရှက်မိပြီး ခေါင်းလေးငုံ့ကာ လက်သည်းအချင်းချင်း ပွတ်တိုက်မိချေပြီ ။

မြိုင်ဟာ အချစ်ခံရတော့မည့် ခံစားချက်အတွက် ရင်ခုန်မိနေသည် ။ ထပ်တူကျမည့် အချစ်မျိုး ၊ တူညီမည့် အချစ်မျိုးကို မြိုင် မက်မောသည် ။ မိမိချစ်သလို မိမိကိုယ်လည်း ချစ်စေချင်သည် ။

" သြော် ။ မင်းနဲ့အတူတူ လုပ်ချင်တာလေး တစ်ခုရှိတယ် ။ "

" ဘာများလဲ မမမြိုင် ။ "

ထိုအချိန်၌ မြိုင်ဟာ အဆောက်အအုံတစ်ခုထဲသို့ ချိုးဝင်သွားတော့မည်ကို ညိုလေး သတိထားမိလိုက်သည် ။

" မမမြိုင် ။ အဲ့တာ ဘာလဲဟင် ။ "

" Hotel လေ ။ "

" ဟို ဟိုဘာကြီး ။ "

" Hotel Hotel ... "

" ဟိုလတယ် ။ အဲ့တာ လူတွေအိပ်တဲ့နေရာ မဟုတ်ဘူးလား ဟင် ။ "

" ဟုတ်တယ်လေ ။ ဘာဖြစ်လို့လဲ ။ "

ဘာမှမဖြစ်သလို မြိုင့်ရဲ့အပြောကြောင့် ညိုလေးတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်ကာဖြင့် သူမရဲ့ရင်ဘက်အား လက်နှစ်ဖက်ဖြင့် အုပ်ထားခဲ့တော့သည် ။

" အို ။ အိုး မမမြိုင်ရယ် ။ ချစ်သူဖြစ်တာ မနေ့ညကမှလေ ။ တကယ်ဆို တစ်ရက်တောင် ရှိသေးတာမဟုတ်ဘူး ။ မမမြိုင်က ကျွန်မကို စားတော့မလို့လားလို့ ။ "

" ဟမ် ။ "

" ဟမ် မနေပါနဲ့ ။ ကျွန်မ အဆင်သင့်ဖြစ်တဲ့နေ့ကျရင် နောက်တစ်ခေါက် ပြန်လာမယ်လေနော် ။ အဲ့အချိန်မှ ကြိုက်သလောက် စားပါ မမမြိုင်ရယ် ။ "

တောင်းတောင်းပန်ပန်နှင့် ပြောနေရှာသည့် ညိုလေးကြောင့် မြိုင်ရဲ့မျက်ခုံးတစ်ဖက် ပင့်တက်မိသည် ။

" မင်း ဘာတွေပြောနေတာလဲ ။ "

" အခုမှ မသိချင်ယောင်ဆောင်နေတာပဲ ။

မနေ့ညက နမ်းမိရုံနဲ့တင် ဒီလိုပုံစံနဲ့ လက်စားချေမလို့ မဟုတ်လား ။ လက်စားချေမယ်ဆိုရင်လည်း ကျွန်မ အဆင်သင့် ဖြစ်မယ့်နေ့ကို စောင့်ပါ မမမြိုင် ။ အဲ့နေ့ကျရင် ကျွန်မကိုယ်တိုင် ဒီဟိုလတယ်ကြီးဆီကို ခေါ်လာခဲ့မယ် ။

အခုတော့ စံအိမ် ပြန်ကြရအောင် မမမြိုင် ။ "

" ဘာလို့ပြန်မှာလဲ ။ "

" အို မမမြိုင် ။ ကျွန်မ အဆင့်သင့်မဖြစ်တာကို အတင်းအကျပ် လုပ်မလို့လား ။ ဒါမျိုးတော့ မရဘူးနော် ။ ချစ်တာက ချစ်တာပဲ ။ အလိုမလိုက်နိုင်ပါဘူး ။ "

" ဘုရားရေ ။ မင်း ဘာတွေပြောနေတာလဲ ။ ကိုယ့်ဘာသာကိုယ် စိတ်ကူးယဉ်ပြီး အစားခံချင်နေပြီးတော့ ။ မင်း အတော်ဆိုးတာပဲကွာ ။ "

" ဟွန့်နော် ။ စိတ်ကူးယဉ်တယ်ပဲ ရှိရဦးမယ် ။ ဒါဖြင့်ရင် ဘာပြုလို့ ဒီဟိုလတယ်ကြီးကို ခေါ်လာရတာလဲလို့ ။ "

" ကိုကာကိုလာ သောက်မလို့ ခေါ်လာတာလေ ။ "

" ဟမ် ။ ကိုကို ကိုလာ ။ အို ။ "

" ဒီမယ် ။ မင်းကို စားရအောင် ဘယ်လိုစားရမလဲ သိတာမဟုတ်ဘူး ။ "

" အမယ်နော် ။ ကျွန်မလည်း မစားတတ်ပါဘူးလို့ ။ "

" အေး ။ ငါတို့ နှစ်ယောက်လုံး ဘယ်လိုစားရမလဲ မသိကြဘူး ။ အဲ့တော့ စားတတ်အောင်သာ လေ့လာထားတော့ ။

အခုတော့ ကိုကာကိုလာ သွားသောက်မယ် ။ လိုက်ခဲ့ချေ ။ "

" ဟုတ် ဟုတ်ကဲ့ ။ "

Hotel မှာ CocaCola သောက်ဖို့ ခေါ်ခဲ့ခြင်းရယ်သာ ဖြစ်သည် ။

X X X X X

morA_nyein
8.1.2023

Continue Reading

You'll Also Like

36K 4.3K 14
တို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ
78.8K 6.1K 116
wp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြေ...
359K 32.6K 49
မည်သူတစ်ဦးတစ်ယောက်မှ ရည်ရွယ်ခြင်းမရှိ ကျွန်တော်၏ စိတ်ကူးသက်သက်ပင်ဖြစ်သည်။
13.1K 686 5
မိန္​းက​ေလးႏွစ္​​ေယာက္​ၾကားက အခ်စ္​အ​ေၾကာင္​း ပံု​ေဖာ္​ထားတာပါGirl×Girl ႐ုပ္​႐ွင္​သ႐ုပ္​​ေဆာင္​ အဆို​ေတာ္​"ပိုးကု​ေဋမမ" ဘဝမွာ မၾကံဳဖူးတဲ့အခ်စ္​ဆိုတာဟ...