ချစ်မိပြန်ပြီ မမမြိုင် ( Comp...

By morA_nyein

253K 22.6K 1.5K

‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.20... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
..
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန္း ၁၅
အခန္း ၁၆
အခန္း ၁၇
အခန္း ၁၈
အခန္း ၁၉
အခန္း ၂၀
မမၿမိဳင္ဆီသို႔
အခန္း ၂၁
အခန္း ၂၂
အခန္း ၂၃
အခန္း ၂၄
အခန္း ၂၅
အခန္း ၂၆
အခန္း ၂၇
အခန္း ၂၈
အခန္း ၂၉
အခန္း ၃၀
အခန္း ၃၂
အခန္း ၃၃
အခန္း ၃၄
အခန္း ၃၅
အခန္း ၃၆
အခန္း ၃၇
အခန္း ၃၈
အခန္း ၃၉
အခန္း ၄၀
အခန္း ၄၁
အခန္း ၄၂
အခန္း ၄၃
အခန္း ၄၄
အခန္း ၄၅
အခန္း ၄၆
အခန္း ၄၇ ( ဇာတ္သိမ္းခန္း )
.. 100K ..
မမမြိုင် character
ညိုလေး character
Attention plz‼️

အခန္း ၃၁

4.7K 489 83
By morA_nyein

ဒီရင္ခြင္ထဲကို ၿမိဳင္ဟာ အမွတ္မထင္ ေရာက္လာခဲ့ၿပီ ။ ဝိုင္ေသာက္ထားမိသည့္အရိွန္ေၾကာင့္ ရင္ထဲမွာ ပူေလာင္ေနရမည့္အစား ေႏြးေထြးလ်က္ရိွေနသည္ဟု ခံစားရသည္ ။

ေဆာင္းရဲ႕အေအးဒါဏ္ကို ကေန႔ညသန္းေခါင္ယံမွာေတာ့ ေခတၱမ်ွ တြန္းလွန္နိုင္ခဲ့ၿပီ ျဖစ္သည္ ။

" ကြၽန္မ နွလံုးခုန္နႈန္းေတြ ျမန္ၿပီး ေသေတာ့မယ္ ထင္တယ္ မမၿမိဳင္ ။ "

ၿမိဳင့္ရဲ႕ ေက်ာျပင္ေပၚသို႔ အမွတ္မထင္ က်ေရာက္လာသည့္ ညိဳေလးရဲ႕ လက္ ။ ဒီဖက္တြယ္မႈဟာ ေႏြးေထြးသည္ဟု ၿမိဳင္ ခံစားရသည္ ။ ညိဳေလး နွလံုးခုန္နႈန္း နွင့္ မိမိရဲ႕ နွလံုးခုန္နႈန္းကို နႈိင္းယွဥ္ၾကည့္ရာမွာ ထပ္တူက်ေနသည္ဟု ၿမိဳင္ ခံစားရသည္ ။

ဒါ ။ ဒါ ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ ။
သူခိုး လူမိသလို လန္႔သြားရံုေလးပါ ။
ဟုတ္တယ္ ၿမိဳင္ ။
နင္ လန္႔သြားလို႔ ရင္တုန္တာ ။

ၿမိဳင္ဟာ မိမိရဲ႕ ရင္ခုန္သံကို သေဘာမတူနိုင္ ။ လက္မခံႏုိင္ခဲ့ ။

ေနာက္တစ္ႀကိမ္ ခ်စ္မိျပန္ၿပီ ဆိုတဲ့ အျဖစ္မ်ိဳးကို ၿမိဳင္ မလိုခ်င္ ။ မိန္းမတစ္ေယာက္ကို ခ်စ္မိျပန္တဲ့ အျဖစ္ ။ ပိုဆိုးသည္ကား ဤမိန္းမမွာ မိမိလင္၏ အငယ္အေနွာင္းတစ္ေယာက္ ျဖစ္ေနေသာေၾကာင့္ ခ်စ္မိဖို႔အတြက္ ဝန္ေလးမိသည္ ။ ေၾကာက္႐ြံမိသည္ ။

" လႊတ္စမ္းပါ ။ "

" ကြၽန္မ ရင္ခြင္ထဲကို မမၿမိဳင္ အရင္ေရာက္လာခဲ့တာပါ ။ ဒါကို ၾကည္ၾကည္ျဖဴျဖဴ လႊတ္ေပးစရာလား ဟင္ ။ "

ဖက္ထားသည္မွာ ခပ္ဖြဖြေလးမ်ွသာ ။ တကယ္ဆို ညိဳေလးရဲ႕ ရင္ခြင္ထဲက ထြက္ခ်င္သပဆို အလြယ္တကူ ထြက္နိုင္သည္ ။ သို႔ေပတည္း ထိုရင္ခြင္ထဲက ၿမိဳင္ မထြက္မိ ။

" လႊတ္လို႔ ေျပာေနတယ္ေလ ။ လႊတ္စမ္း ။ "

" ကြၽန္မ ရင္ခုန္သံေတြကို ၾကားရတယ္ မဟုတ္လား မမၿမိဳင္ ။ "

" အို မၾကားခ်င္ဘူး ။ "

" ေသခ်ာေလး နားေထာင္ၾကည့္စမ္းပါဦး မမၿမိဳင္ ။ ဒီရင္ခုန္သံေတြကေလ ကြၽန္မဘဝမွာ ပထမဆံုးအႀကိမ္ ခ်စ္မိလာတဲ့ ရင္ခုန္သံေတြပဲ ။ ဒီ ရင္ခုန္သံေတြကို ခ်စ္မိတယ္ ။ မမၿမိဳင္ အတြက္ ျဖစ္လာတဲ့ ဒီရင္ခုန္သံေတြကို ကြၽန္မ ခ်စ္မိတယ္ ။ "

" ေတာ္စမ္းပါ ။ "

ၿမိဳင္ဟာ ထိုတစ္ခါမွ ေႏြးေထြးရာ ရင္ခြင္ထဲက ထြက္ခြာလိုက္မိသည္ ။ ရုတ္တရက္ ဆိုသလို ေအးစက္သြားတဲ့ ေလဟာနယ္ကို ၿမိဳင္ ေရာ ညိဳေလး ပါ ခံစားလိုက္ရေတာ့သည္ ။

ၿမိဳင္ဟာ ကုတင္ေဘးမွာ မတ္တပ္ရပ္ေနခ်ိန္ ညိဳေလးသည္လည္း လွဲေနရာမွ ထလာေတာ့သည္ ။ အနည္းငယ္မ်ွေတာ့ ေခါင္းမူးေနသည္ ။ သူမ ဘာျဖစ္သြားမွန္း သူမ မသိ ။ နဖူးထိပ္ကလည္း စပ္ျဖင္းျဖင္း အထိအေတြ႕ကို ခံစားမိခဲ့ရသည္ ။

" အား ။ ဘာလို႔ အဲ့သေလာက္ ေခါင္းမူးေနရတာ မသိပါဘူး မမၿမိဳင္ရယ္ ။

ကြၽန္မ ဘာျဖစ္သြားတာလဲ ဟင္ ။ "

" အရက္မူးမွေတာ့ ကြၽဲခိုးေပါၿပီေပါ့ ။ မင္း ဘာျဖစ္မွန္းေတာင္ မင္း မသိဘူးလား ။ "

" မသိလို႔ ေမးမိေနတာေပါ့ မမၿမိဳင္ ။ ေခါင္းကလည္း အရမ္းမူးတာပဲ ။ ရင္ထဲမွာလည္း ပူေလာင္ေနေရာ ။ "

" ဟြန္႔ ။ ပြဲေတာ္မွာ ဝိုင္ေတြမတရား ေသာက္ထားတာေလ ။ မူးရူးၿပီး ျမင္လို႔ကို မေကာင္းဘူး ။ တို႔မွာ ေပ်ာ္ရမယ္လို႔ ထင္ကာရိွေသး ။ မင္းေၾကာင့္ တို႔အေပ်ာ္ေတြ ပ်က္ရတယ္ ။ "

" ဟမ္ ။ ဝိုင္ ။ မဟုတ္ေသးပါဘူး ။ ကြၽန္မ ကြၽန္မ အခ်ိဳရည္ေသာက္ေနတာပါ ။ "

" ကိုယ္စီးတဲ့ျမင္း အထီးမွန္း မသိ ။ အမမွန္း မသိနဲ႔ ။ အို တကယ္ပါပဲေနာ္ ။ သိပ္စိတ္ပ်က္ဖို႔ေကာင္းတာပဲ ။ "

နဖူးထိပ္ကို အသာကိုင္ၿပီး အတိတ္ကို ျပန္ေဖာ္ေနသည့္ ညိဳေလး ။ သို႔ေပတည္း ထိုျဖစ္ရပ္မ်ားဟာ သူမ ဦးေနွာက္ထဲသို႔ ဘာတစ္ခုမွ ဝင္လာျခင္းမရိွ ။

" ဒါဆို မမၿမိဳင္က ကြၽန္မကို စိတ္ပူလို႔ လာေခ်ာင္းတာေပါ့ေနာ္ ။ "

" အမေလး ဘုရားဘုရား ။ ျဖစ္စရာလား ။ ဒုကၡပါပဲေနာ္ ။ "

ဟုတ္ပါသည္ ။ ညိဳေလးအား စိတ္ပူမိခဲ့သည္ ။ ထို႔ေၾကာင့္ပင္ လာေခ်ာင္းမိသည္ ။ သူခိုးလူမိသြားသည့္ ၿမိဳင္ကေတာ့ အရွက္ႀကီးရွက္မိ၍ ပါးျပင္နွစ္ဖက္မွာ နီျမန္းေနသည္ ။

" ေၾသာ္ ။ ကြၽန္မကို စိတ္ပူလို႔ မဟုတ္ဘူးပဲ ။ "

" အေရးမပါတာေတြပဲ ။ တို႔ သြားမယ္ ။ "

" ခဏေလးပါ မမၿမိဳင္ ။ "

ထြက္သြားေတာ့မည့္ ၿမိဳင့္ရဲ႕ လက္တစ္ဖက္ကို ဆြဲယူလိုက္ရာမွ အရိွန္အဟုန္ေတြဟာ အင္မတန္မွ မ်ားျပားလြန္းသည္ေၾကာင့္ ညိဳေလးရဲ႕ ရင္ခြင္ထဲကို ေနာက္တစ္ႀကိမ္ ဘုတ္ခနဲ ျပဳတ္က်သြားျပန္သည္ ။

" အို ။ "

ၿမိဳင္ဟာ ညိဳေလး၏ ရင္ခြင္ထဲမွာ ။

" မင္းနွယ့္ ။ ဘာ့ေၾကာင့္ အဲ့သေလာက္ေတာက္ အားႀကီးေနရတာလဲ ။ လႊတ္စမ္းပါ ။ "

" မလႊတ္နိုင္ေတာ့ဘူး မမၿမိဳင္ ။ ကြၽန္မကို ပစ္မွားခြင့္ေပးပါ ။ "

" ဘာ ။ "

လ်ွင္ျမန္စြာျဖင့္ ခႏၶာကိုယ္အား တစ္ပတ္လည္ကာျဖင့္ ၿမိဳင့္ေက်ာျပင္ကို ႏူးညံ့အိစက္ေနေသာ ဖဲေမြ႕ယာနဲ႔ ထိကပ္ေစလိုက္ေတာ့သည္ ။

" အမေလး ။ မင္း ။ မင္း ဘာလုပ္တာလဲ ။ "

" မိန္းမခ်င္းေတာင္ ဆြဲလမ္းရတဲ့အထိ ဘာ့ေၾကာင့္ ညႇိဳ႕ခ်က္ေတြနဲ႔ ျပဳစားရတာလဲ မမၿမိဳင္ ။ "

ၿမိဳင့္ရဲ႕မ်က္နွာနဲ႔ အနီးဆံုး ကပ္လိုက္မိသည္ ။ ၿမိဳင္ဟာ တြန္းဖယ္ျခင္းမရိွ ။ နႈတ္ဖ်ားကသာ သူ႔ကိုလႊတ္ေပးဖို႔ တသြင္သြင္ ေျပာေနရွာသည္ ။

ပံုမွန္အခ်ိန္ဆို လက္ပါမက်န္ ေျခေထာက္ေရာပါတဲ့ ၿမိဳင္ဟာ ထိုေနရာမွာ ကိုယ့္အားကိုယ္ကိုးဖို႔ သိပ္စိတ္မဝင္စားလွ ။ ၿမိဳင္ဟာ ၿငိမ္ခ်က္သား ေကာင္းေနသည္ ။

" တို႔ အေပၚက ဖယ္စမ္းပါ ။ ဖယ္လို႔ ေျပာေနတယ္ ။ "

ၿမိဳင့္စကားမ်ားကို စိတ္မဝင္စား ။ ၿမိဳင့္နဖူးျပင္ ၊ နားသည္စ ရိွ ဆံမ်ွင္ေတြအား လက္ေခ်ာင္းမ်ားနွင့္ သိမ္းယူေနမိသည့္ ညိဳေလး ။ ညိဳေလးဟာ ဝင္းဝါေသာ ၿမိဳင့္ရဲ႕ မ်က္နွာကို ရီေဝေသာအၾကည့္ေတြနွင့္ ေငးၾကည့္ေနဆဲပင္ ။

ထိုအထိအေတြ႕ကို ၿမိဳင္ သေဘာက်မိသည္ ။ မိမိအားၾကည့္ေသာ အညိဳေရာင္အၾကည့္ေတြကို ၿမိဳင္ ေက်နပ္မိသည္ ။

" ကိုကိုျမင့္ကို မနာလိုလိုက္တာ ။ "

ေနာက္ေျပာလာမည့္ စကားလံုးမ်ားကို ၿမိဳင္တစ္ေယာက္ နားစြင့္မိေနသည္ ။

" မမၿမိဳင္ရဲ႕ အခ်စ္ေတြကို သူတစ္ေယာက္တည္း အပိုင္သိမ္းထားတယ္ ။ အဲ့အခ်စ္ေတြကို ကြၽန္မလည္း သိမ္းထားခ်င္တယ္ ။

ကြၽန္မကိုေရာ ေပးလို႔မရဘူးလား ဟင္ ။ "

" မင္းကုိ ပါးရိုက္မိေတာ့မယ္ ထင္တယ္ ။ "

ညိဳေလးဟာ ခ်စ္ၿပံဳးေလးနဲ႔ တစ္ခ်က္ရယ္မိသည္ ။ ထိုျဖစ္စဥ္ကို သူခိုးတစ္ေယာက္လို ေငးေမာေနမိသည္မွာ ၿမိဳင္ ။

ၿမိဳင့္ရဲ႕ လက္ဖဝါးကို အသာကိုင္ၿပီး သူမ ပါးျပင္ေပၚ ထိကပ္ေစခဲ့သည့္အခ်ိန္ ၿမိဳင့္ရဲ႕ ရင္ခုန္သံဟာ သာမာန္လူတစ္ေယာက္ရဲ႕ ရင္ခုန္သံနွင့္ တူညီမႈမရိွေတာ့ဘဲ ေျဗာင္းဆန္ေနခဲ့ေတာ့သည္ ။

" မမၿမိဳင္ ရိုက္လြန္းလို႔ ကြၽန္မ ပါးေတြလည္း ဖူးေရာင္ေနၿပီ ။ ဒီမိန္းမကို မသနားဘူးလား ဟင္ ။ "

" မသနားနိုင္ပါဘူး ။ ဘာမိန္းမျဖစ္လို႔ သနားရမွာလဲ ။ "

" မမၿမိဳင္ မိန္းမေတာ္ခ်င္တဲ့ ။ မိန္းမ ျဖစ္လာမွာေပါ့ ။ "

" ေသလိုက္စမ္း ။ အငယ္အေနွာင္းကမ်ား ။ နွစ္ထပ္ကြမ္း အငယ္အေနွာင္း ျဖစ္ခ်င္ေနသလားပဲ ။ အံ့ၾသပါ့ဟယ္ ။ "

" အင္း ။ ျဖစ္ခ်င္တယ္ ။ မမၿမိဳင္ရဲ႕ အငယ္အေနွာင္း ျဖစ္ခ်င္တယ္ ။ "

" ဘာ ။ မင္း ဘာမဟုတ္တာေတြ ေလ်ွာက္ေျပာေနသလဲ ။ ဖယ္စမ္း ။ အခုခ်က္ခ်င္းဖယ္ ။ "

" မဖယ္ခ်င္ဘူး ။

ကြၽန္မ ။ ကြၽန္မ မမၿမိဳင္ရဲ႕ အငယ္အေနွာင္း ျဖစ္ခ်င္တယ္ ။ မမၿမိဳင္ရဲ႕ မယားငယ္ ျဖစ္ခ်င္တယ္ ။ "

" ဘာ ။ မင္း မင္း တိတ္စမ္း ။ ထပ္ ထပ္မေျပာနဲ႔ ။ "

" ကိုကိုျမင့္ရဲ႕ မယားငယ္ ဆိုတဲ့ ဂုဏ္ပုဒ္ကို ကြၽန္မ မနွစ္သက္ခဲ့ေပမယ့္ ။ မမၿမိဳင္ရဲ႕ မယားငယ္ ဆိုတဲ့ ဂုဏ္ပုဒ္ကို ကြၽန္မ နွစ္သက္တယ္ ။ ကြၽန္မ လိုခ်င္တယ္ မမၿမိဳင္ ။

ကိုကိုျမင့္ မသိေအာင္ တိတ္တိတ္ကေလး ခ်စ္ၾကမယ္ေလ ေနာ္ ။ "

ထူးဆန္းစြာျဖင့္ ထိုစကားအေျပာမွာ ၿမိဳင္ဟာ တိတ္ဆိတ္ေနသည္ ။ ေတြးေနမိသည္ ။

ၿမိဳင္သိေသာ ၿမိဳင္ဟာ ထိုသို႔မဟုတ္ ။ ဒီစကားကိုၾကားၿပီးၿပီးခ်င္း အသည္းခိုက္ေအာင္ ရန္ေတြ႕ေလာက္မည္ ။ က်ိန္းေသေပါက္ ညိဳေလးကို ေနာက္တစ္ႀကိမ္ ပါးခ်လိမ့္မည္ ။

ယခုမူ ၿမိဳင္သိေသာ ၿမိဳင္ဟာ တိတ္ဆိတ္ၿငိမ္သက္ေနသည္ ။ ၿမိဳင္သည္ ၿမိဳင္မဟုတ္ေသာ ၿမိဳင္ ျဖစ္ေနၿပီ ။ ၿမိဳင္ သိေသာ ၿမိဳင္ မပီသေတာ့ ။

ၿမိဳင့္ရဲ႕ သားငယ္အိမ္ဟာ ဂနာမၿငိမ္ လႈပ္ရွားေနသည္ ။ ညိဳေလးရဲ႕ ရီရီေဝေဝအၾကည့္ေတြဟာ ဂနာမၿငိမ္ေသာ ၿမိဳင့္မ်က္ဝန္းညိဳေတြကို လိုက္ဖမ္းေနသည္ ။

" ေတြးမိရံုနဲ႔တင္ စိတ္လႈပ္ရွားတယ္ မဟုတ္လား မမၿမိဳင္ ။ ကြၽန္မေတာ့ ရင္ေတြခုန္ေနတယ္ ။ မမၿမိဳင္ ခံစားၾကည့္ပါလား ။ "

ၿမိဳင့္ရဲ႕လက္ကိုအသာဆြဲလို႔ မိမိ၏ ဘယ္ဘက္ရင္အံုနားလို႔ ထိကပ္ေစခဲ့ေတာ့သည္ ။

တဒုတ္ ဒုတ္ မဟုတ္ဘဲ အဆက္မျပတ္ခုန္ျမည္ေနတဲ့ ရင္ခုန္သံ ။ ထိုရင္ခုန္သံေတြရဲ႕ သံခ်က္ေတြကို ၿမိဳင္ မေရတြက္နိုင္ ။ ၿမိဳင္ ေရတြက္နိုင္သည္ကား မိမိ၏ ရင္ခုန္သံ ။ မိမိ၏ ရင္ခုန္သံမွာလည္း ညိဳေလးနည္းတူ ခုန္ေပါက္ေနရွာသည္ ။

" ခံစားမိလား ဟင္ မမၿမိဳင္ ။ မမၿမိဳင္ ခံစားမိတယ္ မဟုတ္လား ။ "

" ဟင့္အင္း ။ "

အခ်စ္ဆိုတဲ့ ဆြဲေခၚရာေနာက္ကို ၿမိဳင္ မလိုက္ခ်င္ေတာ့ ။ ညိဳေလး ရဲ႕ အခ်စ္စြမ္းအားေနာက္ကို ၿမိဳင္ မလိုက္ခ်င္သည္ကား ပုိမွန္မည္ ။

" အေျဖသိခ်င္လို႔ မ်က္ဝန္းေတြမွာ ရွာၾကည့္တာ မမၿမိဳင္ရဲ႕ အေျဖကို ကြၽန္မ သိရၿပီေလ ။

မ်က္ဝန္းညိဳေတြထဲမွာ အေျဖေပၚေနတာေတာင္ ဘာလို႔ ညာေနရတာလဲ မမၿမိဳင္ ။ "

" တို႔ မညာဘူး ။ မင္း ေျပာတာေတြကို တို႔ နားမလည္ဘူး ။ "

" ဒါျဖင့္လည္း မမၿမိဳင္ နားလည္ေအာင္ ကြၽန္မ ေျပာျပမယ္ေနာ္ ။ "

" မေျပာစမ္းနဲ႔ ။ "

" မမၿမိဳင္ ကြၽန္မကိုလည္း ခ်စ္မိျပန္ၿပီ ။ "

" မေျပာနဲ႔လို႔ ေျပာေနတယ္ မဟုတ္လား ။ "

" ခ်စ္မိျပန္ၿပီ ။ ဟုတ္တယ္ မလား မမၿမိဳင္ ။ မမၿမိဳင္က ထပ္ခ်စ္မိမွာကို ေၾကာက္ေနတာ ။ "

" မင္း မဟုတ္တာေတြ ေလ်ွာက္မေျပာစမ္းနဲ႔ ။ "

" ဒါဆို ကြၽန္မကို မခ်စ္ဘူးလား ။ "

" မခ်စ္ဘူး ။ ေသတဲ့အထိ မခ်စ္နိုင္ဘူး ။ "

" မမၿမိဳင္ ညာေနတာ ။ မမၿမိဳင္သာ ကြၽန္မကို မခ်စ္ရင္ ဒီလိုပံုစံနဲ႔ ဘယ္ေနပါ့မလဲ ။ ၿပီးေတာ့ ကိုကိုျမင့္ကို ၾကည့္တဲ့ အၾကည့္ေတြနဲ႔ ကြၽန္မကို ဘယ္ၾကည့္ပါ့မလဲ ။

မ်က္ဝန္းေတြက ခ်စ္တဲ့အေၾကာင္းေတြ ဝန္ခံေနၿပီ မမၿမိဳင္ ။ "

" မျဖစ္နိုင္ဘူး ။ "

ညိဳေလးဟာ ၿမိဳင့္ရဲ႕ပါးျပင္အား ကိုင္လိုက္ေတာ့လည္း ၿမိဳင္ဟာ ၿငိမ္ခံၿမဲ ၿငိမ္ခံေနဆဲပင္ ျဖစ္ေနသည္ ။ မည္သို႔ေသာ တုန္႔ျပန္ရမည္ကို ၿမိဳင္ မသိ ။ ထိုအခ်ိန္မွာ ၿမိဳင္ဟာ ၿမိဳင္မဟုတ္ခဲ့ ။

မိမိကို ၿမိဳင္တစ္ေယာက္ ခ်စ္မိျပန္ၿပီ ဆိုသည္အား ညိဳေလး သိလိုက္ၿပီ ။ အခြင့္အေရးကို ေကာင္းေကာင္းႀကီး အသံုးခ်ခဲ့မိသည္ေၾကာင့္ ညိဳေလး ၿပံဳးမိသည္ ။ သေဘာက်မိသည္ ။

" သိပ္ခ်စ္တာပဲ မမၿမိဳင္ရယ္ ။ "

ဆိုေသာစကားကို တီးတိုးမ်ွေျပာၿပီး ၿမိဳင့္ရဲ႕ ေ႐ႊလည္တိုင္အား အနမ္းမိုးမ်ား ႐ြာသြန္းမိေတာ့သည္ ။

ရင္ေတြပန္းေတြတုန္ကာျဖင့္ ညိဳေလးရဲ႕ ပုခံုးအား တင္းၾကပ္စြာ ကိုင္ထားမိသည့္ ၿမိဳင့္ရဲ႕လက္ေခ်ာင္းမ်ား ။ ညိဳေလးရဲ႕ အနမ္းမ်ားၾကားမွာ ၿမိဳင္တစ္ေယာက္ အသက္ပင္ မရွဴခ်င္မိေတာ့ ။ မိမိကိုယ္တိုင္ေတာင္ မသိမထားဘဲ ညိဳေလးအတြက္ ေ႐ႊလည္တိုင္အား ပို၍ေမာ့ေပးမိေတာ့သည္ ။

အနမ္းတစ္ပြင့္ရဲ႕ အထိအေတြ႕ဟာ ကိုျမင့္ေမာင္နွင့္ ဆင္တူလွသည္ ။ ၿမိဳင္ဟာ အိမ္ေထာင္သည္မိန္းမ ျဖစ္ပါလ်က္နွင့္ လင္ေယာက္်ား၏ ခ်စ္ျခင္းေမတၱာကို မခံစားခဲ့ရသည္မွာ ၁၂ နွစ္ ေက်ာ္ခန္႔မ်ွ ရိွခဲ့ၿပီ ။

ကေန႔ညအဖို႔ေတာ့ ၿမိဳင့္အတြက္ နိဗၺာန္ဘံုသာျဖစ္သည္ ။

မ်က္ဝန္းေတြ ေမွးစင္းၿပီး ထိုအနမ္းမ်ားကို ၾကည္ျဖဴစြာ လက္ခံေနမိသည့္ ၿမိဳင္ ။ ညိဳေလး၏ နွာဖ်ားဝမွ ထြက္လာေသာ ေလသံမ်ားကိုပါ နားစြင့္မိသည္ အထိ ။ အသက္ရွဴသံမ်ားကိုပါ တစ္ခ်က္ခ်င္း ေရတြက္ေနသည္ ။

နႈတ္ခမ္းဖ်ားနွင့္ ထိေတြ႕လိုက္ေသာ အခ်ိန္တိုင္းမွာ ၿမိဳင့္ရင္ထဲ လႈိက္ခဲ့ရသည္ ။ ညႇိဳ႕အားေကာင္းတဲ့ အနမ္းမ်ားၾကားထဲမွာ ၿမိဳင္ဟာ ေသလုေမ်ာပါး ျဖစ္ရေတာ့မည္ ။

ကိုျမင့္ေမာင္ဆီမွ တပည့္တစ္ပါးကဲ့သို႔ ပညာေတြယူခဲ့တဲ့ ညိဳေလးဟာ ၿမိဳင့္ရဲ႕လည္တိုင္ေလးအား နွစ္ၿခိဳက္စြာ အနမ္းေပးေနရွာသည္ ။ လင္ေယာက္်ားရဲ႕ တရားဝင္ဇနီးကို ရင္နွင့္အမ်ွ ခ်စ္မိၿပီး အခ်စ္ကိုေဖာ္ျပနိုင္မည့္ ထိုအနမ္းမ်ိဳးကို ေပးရနိုင္လိမ့္မည္ဟု တစ္ႀကိမ္တစ္ခါမွ သူမ မေတြးဖူးခဲ့ ။

ေတြးမိမည္ဆိုရင္ေတာင္ ပါးရိုက္ခံရမည့္အေျခအေနသာ ျဖစ္သြားလိမ့္မည္ဟု ေတြးမိမည္ ။

ကေန႔ညအဖို႔ေတာ့ သူမတို႔၏ ရင္ခုန္သံမ်ားကို အခ်စ္ညရင္ခုန္သံ အျဖစ္ တင္စားလိုက္ခ်င္ပါသည္ ။

X X X X X

ညလယ္ခင္းမွစ၍ မနက္အေစာပိုင္းအထိ ၿမိဳင့္ရဲ႕ ရင္ခြင္ထဲမွာ သိုးေပါက္ေလးတစ္ေယာက္ ၿငိမ္ခ်က္ေကာင္း၍ အိပ္ေကာင္းေနခဲ့သည္ ။ ထိုသိုးေပါက္ေလးအား ရင္ခြင္ထဲက ထြက္သြားခြင့္မေပးသည့္ ၿမိဳင့္ရဲ႕လက္မ်ားဟာ တင္းၾကပ္ေနသည္ ။

ငယ္စဥ္အခါက မမႀကီး နွင့္ အတူတူအိပ္ဖူးခဲ့ေပမယ့္လို႔ ထိုသို႔ နီးကပ္မႈမ်ိဳးဟာ ၿမိဳင္ သေဘာမက် ။ ၿမိဳင္ငယ္ေလး အိပ္ပုတ္ႀကီးလို႔သာ မမႀကီးရဲ႕ ရင္ခြင္ထဲသို႔ ေရာက္ခ်င္ေရာက္သြားမည္ ။ သူမ ရင္ခြင္ထဲသို႔ေတာ့ အေရာက္မခံ ။ ၿမိဳင္ဟာ မမႀကီးအေပၚမွာဆို ခ်စ္ေၾကာက္ရိုေသသလို အရမ္းလည္း ဆိုးသည္ ။ မမႀကီးသာ မိခင္ျဖစ္သလို ။ မမႀကီးသာ ဖခင္ျဖစ္သည္ ။

အသိစိတ္ဝင္လာၿပီး မ်က္ဝန္းမ်ား ဖြင့္ဟလာခဲ့သည့္ ၿမိဳင္ ။ မိမိရဲ႕ ရင္ခြင္ထဲမွာ တစ္စံုတစ္ေယာက္ ရိွေနသည္ ဆိုသည္အား ၿမိဳင္ ရိပ္စားမိသည္ ။

ဤသည္မွာ မိမိကို သိပ္ခ်စ္မိေနတဲ့ သိုးေပါက္ေလးျဖစ္သည္အား ၿမိဳင္ သိလိုက္ရၿပီ ။ ရုတ္တရက္ဆိုသလို ၿမိဳင္ဟာ တုန္လႈပ္သြားခဲ့ေပမယ့္ မေန႔ညက အေျခအေနကို ၿမိဳင္ သတိရမိခဲ့သည္ ။

မိမိ၏လည္တိုင္အား နွလံုးသားတစ္စံု ေပါက္ကြဲလုမတက္ နမ္းရႈိက္ေနခဲ့ ညိဳေလးရဲ႕ ပံုရိပ္အား ျပန္ျမင္ေယာင္မိခဲ့သည္ေၾကာင့္ ရင္ခုန္မိခဲ့ျပန္ၿပီ ။

သိုးေပါက္ေလး ေျပာသလို ။
သူ႔ကိုလည္း ခ်စ္မိျပန္ၿပီလား ။
ဒါဆို ကိုျမင့္ေမာင္ေရာ ။
ကိုျမင့္ေမာင္ကိုေရာ ခ်စ္ေသးရဲ႕လား ။

မိမိ၏ အေတြးမ်ားၾကားမွာ မိမိကိုယ္တိုင္ နစ္မြန္းေနရသည္ ။ ၿမိဳင္ဟာ လင္ေယာက္်ား၏ အငယ္အေနွာင္းနဲ႔ ယခုလို ခ်စ္ႀကိဳးဖလွယ္မိခဲ့သည္ေၾကာင့္ မိမိကိုယ္ကိုယ္ အျပစ္ရိွမိေနသည္ဟု ခံစားရသည္ ။

သို႔ေပတည္း ။ ညိဳေလးကို မခ်စ္ဘူးလား ဆိုလည္း မဟုတ္ျပန္ဘူး ။ ညိဳေလးကိုလည္း ခ်စ္မိသည္ ။ ဒီအခ်က္အား သူမ လက္ခံခ်င္မိၿပီ ။

" နိုးလာၿပီလား မမၿမိဳင္ ။ "

အသံၾကားမိသည္ေၾကာင့္ ညိဳေလးအား ငံု႔ၾကည့္မိသည္ ။ ႐ႊန္းလဲ့ေဝဆာေသာ အၾကည့္မ်ားနွင့္ ညိဳေလးရဲ႕ မ်က္ဝန္းေတြကို ရင္ခုန္မိျပန္ၿပီ ။

" မမၿမိဳင္ ။ ဘာေတြေတြးေနတာလဲ ဟင္ ။ "

" ကိုျမင့္ေမာင္ အေၾကာင္းေပါ့ ။ တို႔ မင္းနဲ႔ မင္းနဲ႔ ဒီအေျခအေနဆိုတာကို ကိုျမင့္ေမာင္ သိသြားမွာ တို႔ သိပ္ေၾကာက္တယ္ ။ "

" မမၿမိဳင္ ေၾကာက္ေနတာသလို ကြၽန္မလည္း ေၾကာက္မိသည္ ။

ကိုကိုျမင့္ မသိေအာင္ ကြၽန္မတို႔ ခ်စ္ၾကမယ္ေလ ။ ေနာ္ မမၿမိဳင္ ။ "

တိတ္ဆိတ္စြာျဖင့္ ေခါင္းၿငိမ့္မိခဲ့သည္ ။ ၿမိဳင္ဟာ ကိုျမင့္ေမာင္ မသိေအာင္ ညိဳေလးနွင့္ တိတ္တိတ္ပုန္း ခ်စ္ခ်င္မိေသးသည္ ။

မိမိအား အလိုလိုက္ ေခါင္းၿငိမ့္ေပးခဲ့သည့္ ၿမိဳင့္အား အသည္းယားလာမိျပန္ၿပီ ။

" ဒါနဲ႔ မမၿမိဳင္ ကြၽန္မကို အေျဖမေပးရေသးဘူးေနာ္ ။ "

" ဘာအေျဖလဲ ။ ဘာကိုေျပာခ်င္တာလဲ ။ "

" ခ်စ္တယ္ဆိုတဲ့ အေျဖေလ ။ အခုဆို ကြၽန္မတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္မိေနၾကတဲ့ အေျခအေနမ်ိဳးမွာ ေရာက္ေနၿပီ ။ ဒါေပမယ့္ မမၿမိဳင့္ရဲ႕ အတည္ျပဳမႈကို မၾကားရေသးဘူး ။ "

" အို ။ မင္းပဲ မ်က္ဝန္းေတြထဲမွာ အေျဖရွာေတြ႕ခဲ့တယ္ဆို ။ အဲ့တာ အေျဖပဲေပါ့ ။ "

" မ်က္ဝန္းထဲမွာ အေျဖေတြ႕ခဲ့တာ မွန္တယ္ ။ ဒါေပမယ့္ ခ်စ္တယ္ဆိုတဲ့ စကားသံကိုေတာ့ ၾကားခ်င္တာေပါ့လို႔ ။

ေျပာေပးလို႔ မရဘူးလား ဟင္ ။ "

မ်က္နွာငယ္ေလးနဲ႔ ေတာင္းဆိုေနရွာသည္ ခ်စ္သူအသစ္ေလးေၾကာင့္ အူးယားအသည္းယား ျဖစ္လာမိသည္ ။

" မေျပာခ်င္ပါဘူး ။ "

" မမၿမိဳင္ ။ လုပ္ပါ ။ တစ္ခြန္းတည္း ။ တိုးတိုးေလး ေျပာလည္း ေက်နပ္တာမို႔လို႔ ။ တစ္ခြန္းတည္းပဲ ။ ေနာ္ ။ ေနာ္လို႔ ။ "

" မင္း အရမ္းဆိုးတာပဲ ။ "

" ကေလးဆိုးေလးကို အလိုလိုက္ေပးပါ မမၿမိဳင္ ။ ေနာ္ ။ "

" တကယ့္ အေနွာက္ေလးပဲ ။ တိုးတိုးေလး ေျပာမယ္ ။ ေသခ်ာနားေထာင္ ။ "

" ဟုတ္ မမၿမိဳင္ ။ ေသခ်ာနားေထာင္မယ္ ။ "

ခ်စ္တယ္ ဆိုတဲ့ စကားေလးနွစ္လံုးကို ေျပာဖို႔ ၿမိဳင္ဟာ ဝန္ေလးမိေနသည္ ။ သို႔ေပတည္း သိုးေပါက္ေလးမွာ ထိုစကားကို ၾကားလ်ွင္ ေပ်ာ္႐ႊင္ရမည္ ဆိုသည္ကို သိေနသည္ ျဖစ္ေသာေၾကာင့္ အသက္ျပင္းျပင္းရွဴ၍ တီးတိုးစံာ ေျပာမိခဲ့ပါသည္ ။

" ခ်စ္ တယ္ ။ "

ေလသံတိုးတိုးေလးနဲ႔ ေျပာလာတဲ့ ခ်စ္တယ္ ဆိုေသာ စကားနွစ္ခြန္းေၾကာင့္ ညိဳေလး အေက်နပ္ႀကီး ၿပံဳးရယ္မိသည္ ။ ၾကမ္းျပင္ေပၚမွာ ထၿပီး ခုန္ေပါက္ခ်င္ေပမယ့္လို႔ ၿမိဳင့္ရင္ထဲက မထြက္ခ်င္သည္ေၾကာင့္ ရင္ခြင္ထဲမွာသာ ဝမ္းသာေနရွာသည္ ။

" ခ်စ္တယ္ဆိုတဲ့ ေလသံတိုးတိုးေလးက ဒီနွလံုးသားကိုေတာင္ ထိတယ္ သိလား ။ "

" ဟင့္အင္း ။ မသိခ်င္ပါဘူး ။ "

" မမၿမိဳင္က မသိခ်င္တာႀကီးပဲ ။ "

ၿမိဳင့္ရဲ႕လည္တိုင္အား ေနာက္ထပ္အနမ္းေပးဖို႔ လုပ္ေတာ့ ၿမိဳင္က ဟန္႔တားမိလိုက္သည္ ။

" အို ။ ေတာ္ၿပီေလကြယ္ ။ ညကလည္း အၾကာႀကီး နမ္းထားတဲ့ ဟာကို ။ "

" ေၾသာ္ ။ အဲ့လိုလား ။ ဒါျဖင့္လည္း ပါးကိုပဲ နမ္းလိုက္မယ္ေလ ေနာ္ ။ "

" မင္း သေဘာ ။ "

" ကြၽန္မ သေဘာဆို ။ နႈတ္ခမ္းရာ မထင္က်န္တဲ့ေနရာ ရိွမယ္ မထင္ေတာ့ပါဘူး ။ "

" အို ။ မင္းေနာ္ ။ "

" ဒါ့ေၾကာင့္ ပါးေလးကိုပဲ နမ္းမယ္ ေနာ္ ။ "

ဟု ေျပာၿပီး ဒူးေထာက္ခစားေစသည့္ မွဲ႔ ရိွေသာ ညာဘက္ပါးျပင္ေလးဆီသို႔ အနမ္းတစ္ပြင့္ ေပးလုိက္ပါေတာ့သည္ ။

ၿမိဳင့္ရဲ႕ ရင္ခုန္သံဟာ ၁၂ နွစ္ေက်ာ္ ကာလအတြင္း စံခ်ိန္တင္ေလာက္ေသာ ရင္ခုန္သံမ်ိဳး ျဖစ္ေနရွာသည္ ။

ထိုရင္ခုန္သံကို လႈံ႕ေဆာ္သူမွာ ညိဳေလးသာ ျဖစ္သည္ ။

X X X X X

morA_nyein
1.1.2023

ဒီအတိုင္းပဲ အိပ္ခဲ့ၾကတာ ။ မယ္ေတာ္ႀကီး နွစ္ပါးကို ဇြတ္မေပးစားနဲ႔ဦး :'(
















ဒီရင်ခွင်ထဲကို မြိုင်ဟာ အမှတ်မထင် ရောက်လာခဲ့ပြီ ။ ဝိုင်သောက်ထားမိသည့်အရှိန်ကြောင့် ရင်ထဲမှာ ပူလောင်နေရမည့်အစား နွေးထွေးလျက်ရှိနေသည်ဟု ခံစားရသည် ။

ဆောင်းရဲ့အအေးဒါဏ်ကို ကနေ့ညသန်းခေါင်ယံမှာတော့ ခေတ္တမျှ တွန်းလှန်နိုင်ခဲ့ပြီ ဖြစ်သည် ။

" ကျွန်မ နှလုံးခုန်နှုန်းတွေ မြန်ပြီး သေတော့မယ် ထင်တယ် မမမြိုင် ။ "

မြိုင့်ရဲ့ ကျောပြင်ပေါ်သို့ အမှတ်မထင် ကျရောက်လာသည့် ညိုလေးရဲ့ လက် ။ ဒီဖက်တွယ်မှုဟာ နွေးထွေးသည်ဟု မြိုင် ခံစားရသည် ။ ညိုလေး နှလုံးခုန်နှုန်း နှင့် မိမိရဲ့ နှလုံးခုန်နှုန်းကို နှိုင်းယှဉ်ကြည့်ရာမှာ ထပ်တူကျနေသည်ဟု မြိုင် ခံစားရသည် ။

ဒါ ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။
သူခိုး လူမိသလို လန့်သွားရုံလေးပါ ။
ဟုတ်တယ် မြိုင် ။
နင် လန့်သွားလို့ ရင်တုန်တာ ။

မြိုင်ဟာ မိမိရဲ့ ရင်ခုန်သံကို သဘောမတူနိုင် ။ လက်မခံနိုင်ခဲ့ ။

နောက်တစ်ကြိမ် ချစ်မိပြန်ပြီ ဆိုတဲ့ အဖြစ်မျိုးကို မြိုင် မလိုချင် ။ မိန်းမတစ်ယောက်ကို ချစ်မိပြန်တဲ့ အဖြစ် ။ ပိုဆိုးသည်ကား ဤမိန်းမမှာ မိမိလင်၏ အငယ်အနှောင်းတစ်ယောက် ဖြစ်နေသောကြောင့် ချစ်မိဖို့အတွက် ဝန်လေးမိသည် ။ ကြောက်ရွံမိသည် ။

" လွှတ်စမ်းပါ ။ "

" ကျွန်မ ရင်ခွင်ထဲကို မမမြိုင် အရင်ရောက်လာခဲ့တာပါ ။ ဒါကို ကြည်ကြည်ဖြူဖြူ လွှတ်ပေးစရာလား ဟင် ။ "

ဖက်ထားသည်မှာ ခပ်ဖွဖွလေးမျှသာ ။ တကယ်ဆို ညိုလေးရဲ့ ရင်ခွင်ထဲက ထွက်ချင်သပဆို အလွယ်တကူ ထွက်နိုင်သည် ။ သို့ပေတည်း ထိုရင်ခွင်ထဲက မြိုင် မထွက်မိ ။

" လွှတ်လို့ ပြောနေတယ်လေ ။ လွှတ်စမ်း ။ "

" ကျွန်မ ရင်ခုန်သံတွေကို ကြားရတယ် မဟုတ်လား မမမြိုင် ။ "

" အို မကြားချင်ဘူး ။ "

" သေချာလေး နားထောင်ကြည့်စမ်းပါဦး မမမြိုင် ။ ဒီရင်ခုန်သံတွေကလေ ကျွန်မဘဝမှာ ပထမဆုံးအကြိမ် ချစ်မိလာတဲ့ ရင်ခုန်သံတွေပဲ ။ ဒီ ရင်ခုန်သံတွေကို ချစ်မိတယ် ။ မမမြိုင် အတွက် ဖြစ်လာတဲ့ ဒီရင်ခုန်သံတွေကို ကျွန်မ ချစ်မိတယ် ။ "

" တော်စမ်းပါ ။ "

မြိုင်ဟာ ထိုတစ်ခါမှ နွေးထွေးရာ ရင်ခွင်ထဲက ထွက်ခွာလိုက်မိသည် ။ ရုတ်တရက် ဆိုသလို အေးစက်သွားတဲ့ လေဟာနယ်ကို မြိုင် ရော ညိုလေး ပါ ခံစားလိုက်ရတော့သည် ။

မြိုင်ဟာ ကုတင်ဘေးမှာ မတ်တပ်ရပ်နေချိန် ညိုလေးသည်လည်း လှဲနေရာမှ ထလာတော့သည် ။ အနည်းငယ်မျှတော့ ခေါင်းမူးနေသည် ။ သူမ ဘာဖြစ်သွားမှန်း သူမ မသိ ။ နဖူးထိပ်ကလည်း စပ်ဖြင်းဖြင်း အထိအတွေ့ကို ခံစားမိခဲ့ရသည် ။

" အား ။ ဘာလို့ အဲ့သလောက် ခေါင်းမူးနေရတာ မသိပါဘူး မမမြိုင်ရယ် ။

ကျွန်မ ဘာဖြစ်သွားတာလဲ ဟင် ။ "

" အရက်မူးမှတော့ ကျွဲခိုးပေါပြီပေါ့ ။ မင်း ဘာဖြစ်မှန်းတောင် မင်း မသိဘူးလား ။ "

" မသိလို့ မေးမိနေတာပေါ့ မမမြိုင် ။ ခေါင်းကလည်း အရမ်းမူးတာပဲ ။ ရင်ထဲမှာလည်း ပူလောင်နေရော ။ "

" ဟွန့် ။ ပွဲတော်မှာ ဝိုင်တွေမတရား သောက်ထားတာလေ ။ မူးရူးပြီး မြင်လို့ကို မကောင်းဘူး ။ တို့မှာ ပျော်ရမယ်လို့ ထင်ကာရှိသေး ။ မင်းကြောင့် တို့အပျော်တွေ ပျက်ရတယ် ။ "

" ဟမ် ။ ဝိုင် ။ မဟုတ်သေးပါဘူး ။ ကျွန်မ ကျွန်မ အချိုရည်သောက်နေတာပါ ။ "

" ကိုယ်စီးတဲ့မြင်း အထီးမှန်း မသိ ။ အမမှန်း မသိနဲ့ ။ အို တကယ်ပါပဲနော် ။ သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ ။ "

နဖူးထိပ်ကို အသာကိုင်ပြီး အတိတ်ကို ပြန်ဖော်နေသည့် ညိုလေး ။ သို့ပေတည်း ထိုဖြစ်ရပ်များဟာ သူမ ဦးနှောက်ထဲသို့ ဘာတစ်ခုမှ ဝင်လာခြင်းမရှိ ။

" ဒါဆို မမမြိုင်က ကျွန်မကို စိတ်ပူလို့ လာချောင်းတာပေါ့နော် ။ "

" အမလေး ဘုရားဘုရား ။ ဖြစ်စရာလား ။ ဒုက္ခပါပဲနော် ။ "

ဟုတ်ပါသည် ။ ညိုလေးအား စိတ်ပူမိခဲ့သည် ။ ထို့ကြောင့်ပင် လာချောင်းမိသည် ။ သူခိုးလူမိသွားသည့် မြိုင်ကတော့ အရှက်ကြီးရှက်မိ၍ ပါးပြင်နှစ်ဖက်မှာ နီမြန်းနေသည် ။

" သြော် ။ ကျွန်မကို စိတ်ပူလို့ မဟုတ်ဘူးပဲ ။ "

" အရေးမပါတာတွေပဲ ။ တို့ သွားမယ် ။ "

" ခဏလေးပါ မမမြိုင် ။ "

ထွက်သွားတော့မည့် မြိုင့်ရဲ့ လက်တစ်ဖက်ကို ဆွဲယူလိုက်ရာမှ အရှိန်အဟုန်တွေဟာ အင်မတန်မှ များပြားလွန်းသည်ကြောင့် ညိုလေးရဲ့ ရင်ခွင်ထဲကို နောက်တစ်ကြိမ် ဘုတ်ခနဲ ပြုတ်ကျသွားပြန်သည် ။

" အို ။ "

မြိုင်ဟာ ညိုလေး၏ ရင်ခွင်ထဲမှာ ။

" မင်းနှယ့် ။ ဘာ့ကြောင့် အဲ့သလောက်တောက် အားကြီးနေရတာလဲ ။ လွှတ်စမ်းပါ ။ "

" မလွှတ်နိုင်တော့ဘူး မမမြိုင် ။ ကျွန်မကို ပစ်မှားခွင့်ပေးပါ ။ "

" ဘာ ။ "

လျှင်မြန်စွာဖြင့် ခန္ဓာကိုယ်အား တစ်ပတ်လည်ကာဖြင့် မြိုင့်ကျောပြင်ကို နူးညံ့အိစက်နေသော ဖဲမွေ့ယာနဲ့ ထိကပ်စေလိုက်တော့သည် ။

" အမလေး ။ မင်း ။ မင်း ဘာလုပ်တာလဲ ။ "

" မိန်းမချင်းတောင် ဆွဲလမ်းရတဲ့အထိ ဘာ့ကြောင့် ညှို့ချက်တွေနဲ့ ပြုစားရတာလဲ မမမြိုင် ။ "

မြိုင့်ရဲ့မျက်နှာနဲ့ အနီးဆုံး ကပ်လိုက်မိသည် ။ မြိုင်ဟာ တွန်းဖယ်ခြင်းမရှိ ။ နှုတ်ဖျားကသာ သူ့ကိုလွှတ်ပေးဖို့ တသွင်သွင် ပြောနေရှာသည် ။

ပုံမှန်အချိန်ဆို လက်ပါမကျန် ခြေထောက်ရောပါတဲ့ မြိုင်ဟာ ထိုနေရာမှာ ကိုယ့်အားကိုယ်ကိုးဖို့ သိပ်စိတ်မဝင်စားလှ ။ မြိုင်ဟာ ငြိမ်ချက်သား ကောင်းနေသည် ။

" တို့ အပေါ်က ဖယ်စမ်းပါ ။ ဖယ်လို့ ပြောနေတယ် ။ "

မြိုင့်စကားများကို စိတ်မဝင်စား ။ မြိုင့်နဖူးပြင် ၊ နားသည်စ ရှိ ဆံမျှင်တွေအား လက်ချောင်းများနှင့် သိမ်းယူနေမိသည့် ညိုလေး ။ ညိုလေးဟာ ဝင်းဝါသော မြိုင့်ရဲ့ မျက်နှာကို ရီဝေသောအကြည့်တွေနှင့် ငေးကြည့်နေဆဲပင် ။

ထိုအထိအတွေ့ကို မြိုင် သဘောကျမိသည် ။ မိမိအားကြည့်သော အညိုရောင်အကြည့်တွေကို မြိုင် ကျေနပ်မိသည် ။

" ကိုကိုမြင့်ကို မနာလိုလိုက်တာ ။ "

နောက်ပြောလာမည့် စကားလုံးများကို မြိုင်တစ်ယောက် နားစွင့်မိနေသည် ။

" မမမြိုင်ရဲ့ အချစ်တွေကို သူတစ်ယောက်တည်း အပိုင်သိမ်းထားတယ် ။ အဲ့အချစ်တွေကို ကျွန်မလည်း သိမ်းထားချင်တယ် ။

ကျွန်မကိုရော ပေးလို့မရဘူးလား ဟင် ။ "

" မင်းကို ပါးရိုက်မိတော့မယ် ထင်တယ် ။ "

ညိုလေးဟာ ချစ်ပြုံးလေးနဲ့ တစ်ချက်ရယ်မိသည် ။ ထိုဖြစ်စဉ်ကို သူခိုးတစ်ယောက်လို ငေးမောနေမိသည်မှာ မြိုင် ။

မြိုင့်ရဲ့ လက်ဖဝါးကို အသာကိုင်ပြီး သူမ ပါးပြင်ပေါ် ထိကပ်စေခဲ့သည့်အချိန် မြိုင့်ရဲ့ ရင်ခုန်သံဟာ သာမာန်လူတစ်ယောက်ရဲ့ ရင်ခုန်သံနှင့် တူညီမှုမရှိတော့ဘဲ ဗြောင်းဆန်နေခဲ့တော့သည် ။

" မမမြိုင် ရိုက်လွန်းလို့ ကျွန်မ ပါးတွေလည်း ဖူးရောင်နေပြီ ။ ဒီမိန်းမကို မသနားဘူးလား ဟင် ။ "

" မသနားနိုင်ပါဘူး ။ ဘာမိန်းမဖြစ်လို့ သနားရမှာလဲ ။ "

" မမမြိုင် မိန်းမတော်ချင်တဲ့ ။ မိန်းမ ဖြစ်လာမှာပေါ့ ။ "

" သေလိုက်စမ်း ။ အငယ်အနှောင်းကများ ။ နှစ်ထပ်ကွမ်း အငယ်အနှောင်း ဖြစ်ချင်နေသလားပဲ ။ အံ့သြပါ့ဟယ် ။ "

" အင်း ။ ဖြစ်ချင်တယ် ။ မမမြိုင်ရဲ့ အငယ်အနှောင်း ဖြစ်ချင်တယ် ။ "

" ဘာ ။ မင်း ဘာမဟုတ်တာတွေ လျှောက်ပြောနေသလဲ ။ ဖယ်စမ်း ။ အခုချက်ချင်းဖယ် ။ "

" မဖယ်ချင်ဘူး ။

ကျွန်မ ။ ကျွန်မ မမမြိုင်ရဲ့ အငယ်အနှောင်း ဖြစ်ချင်တယ် ။ မမမြိုင်ရဲ့ မယားငယ် ဖြစ်ချင်တယ် ။ "

" ဘာ ။ မင်း မင်း တိတ်စမ်း ။ ထပ် ထပ်မပြောနဲ့ ။ "

" ကိုကိုမြင့်ရဲ့ မယားငယ် ဆိုတဲ့ ဂုဏ်ပုဒ်ကို ကျွန်မ မနှစ်သက်ခဲ့ပေမယ့် ။ မမမြိုင်ရဲ့ မယားငယ် ဆိုတဲ့ ဂုဏ်ပုဒ်ကို ကျွန်မ နှစ်သက်တယ် ။ ကျွန်မ လိုချင်တယ် မမမြိုင် ။

ကိုကိုမြင့် မသိအောင် တိတ်တိတ်ကလေး ချစ်ကြမယ်လေ နော် ။ "

ထူးဆန်းစွာဖြင့် ထိုစကားအပြောမှာ မြိုင်ဟာ တိတ်ဆိတ်နေသည် ။ တွေးနေမိသည် ။

မြိုင်သိသော မြိုင်ဟာ ထိုသို့မဟုတ် ။ ဒီစကားကိုကြားပြီးပြီးချင်း အသည်းခိုက်အောင် ရန်တွေ့လောက်မည် ။ ကျိန်းသေပေါက် ညိုလေးကို နောက်တစ်ကြိမ် ပါးချလိမ့်မည် ။

ယခုမူ မြိုင်သိသော မြိုင်ဟာ တိတ်ဆိတ်ငြိမ်သက်နေသည် ။ မြိုင်သည် မြိုင်မဟုတ်သော မြိုင် ဖြစ်နေပြီ ။ မြိုင် သိသော မြိုင် မပီသတော့ ။

မြိုင့်ရဲ့ သားငယ်အိမ်ဟာ ဂနာမငြိမ် လှုပ်ရှားနေသည် ။ ညိုလေးရဲ့ ရီရီဝေဝေအကြည့်တွေဟာ ဂနာမငြိမ်သော မြိုင့်မျက်ဝန်းညိုတွေကို လိုက်ဖမ်းနေသည် ။

" တွေးမိရုံနဲ့တင် စိတ်လှုပ်ရှားတယ် မဟုတ်လား မမမြိုင် ။ ကျွန်မတော့ ရင်တွေခုန်နေတယ် ။ မမမြိုင် ခံစားကြည့်ပါလား ။ "

မြိုင့်ရဲ့လက်ကိုအသာဆွဲလို့ မိမိ၏ ဘယ်ဘက်ရင်အုံနားလို့ ထိကပ်စေခဲ့တော့သည် ။

တဒုတ် ဒုတ် မဟုတ်ဘဲ အဆက်မပြတ်ခုန်မြည်နေတဲ့ ရင်ခုန်သံ ။ ထိုရင်ခုန်သံတွေရဲ့ သံချက်တွေကို မြိုင် မရေတွက်နိုင် ။ မြိုင် ရေတွက်နိုင်သည်ကား မိမိ၏ ရင်ခုန်သံ ။ မိမိ၏ ရင်ခုန်သံမှာလည်း ညိုလေးနည်းတူ ခုန်ပေါက်နေရှာသည် ။

" ခံစားမိလား ဟင် မမမြိုင် ။ မမမြိုင် ခံစားမိတယ် မဟုတ်လား ။ "

" ဟင့်အင်း ။ "

အချစ်ဆိုတဲ့ ဆွဲခေါ်ရာနောက်ကို မြိုင် မလိုက်ချင်တော့ ။ ညိုလေး ရဲ့ အချစ်စွမ်းအားနောက်ကို မြိုင် မလိုက်ချင်သည်ကား ပိုမှန်မည် ။

" အဖြေသိချင်လို့ မျက်ဝန်းတွေမှာ ရှာကြည့်တာ မမမြိုင်ရဲ့ အဖြေကို ကျွန်မ သိရပြီလေ ။

မျက်ဝန်းညိုတွေထဲမှာ အဖြေပေါ်နေတာတောင် ဘာလို့ ညာနေရတာလဲ မမမြိုင် ။ "

" တို့ မညာဘူး ။ မင်း ပြောတာတွေကို တို့ နားမလည်ဘူး ။ "

" ဒါဖြင့်လည်း မမမြိုင် နားလည်အောင် ကျွန်မ ပြောပြမယ်နော် ။ "

" မပြောစမ်းနဲ့ ။ "

" မမမြိုင် ကျွန်မကိုလည်း ချစ်မိပြန်ပြီ ။ "

" မပြောနဲ့လို့ ပြောနေတယ် မဟုတ်လား ။ "

" ချစ်မိပြန်ပြီ ။ ဟုတ်တယ် မလား မမမြိုင် ။ မမမြိုင်က ထပ်ချစ်မိမှာကို ကြောက်နေတာ ။ "

" မင်း မဟုတ်တာတွေ လျှောက်မပြောစမ်းနဲ့ ။ "

" ဒါဆို ကျွန်မကို မချစ်ဘူးလား ။ "

" မချစ်ဘူး ။ သေတဲ့အထိ မချစ်နိုင်ဘူး ။ "

" မမမြိုင် ညာနေတာ ။ မမမြိုင်သာ ကျွန်မကို မချစ်ရင် ဒီလိုပုံစံနဲ့ ဘယ်နေပါ့မလဲ ။ ပြီးတော့ ကိုကိုမြင့်ကို ကြည့်တဲ့ အကြည့်တွေနဲ့ ကျွန်မကို ဘယ်ကြည့်ပါ့မလဲ ။

မျက်ဝန်းတွေက ချစ်တဲ့အကြောင်းတွေ ဝန်ခံနေပြီ မမမြိုင် ။ "

" မဖြစ်နိုင်ဘူး ။ "

ညိုလေးဟာ မြိုင့်ရဲ့ပါးပြင်အား ကိုင်လိုက်တော့လည်း မြိုင်ဟာ ငြိမ်ခံမြဲ ငြိမ်ခံနေဆဲပင် ဖြစ်နေသည် ။ မည်သို့သော တုန့်ပြန်ရမည်ကို မြိုင် မသိ ။ ထိုအချိန်မှာ မြိုင်ဟာ မြိုင်မဟုတ်ခဲ့ ။

မိမိကို မြိုင်တစ်ယောက် ချစ်မိပြန်ပြီ ဆိုသည်အား ညိုလေး သိလိုက်ပြီ ။ အခွင့်အရေးကို ကောင်းကောင်းကြီး အသုံးချခဲ့မိသည်ကြောင့် ညိုလေး ပြုံးမိသည် ။ သဘောကျမိသည် ။

" သိပ်ချစ်တာပဲ မမမြိုင်ရယ် ။ "

ဆိုသောစကားကို တီးတိုးမျှပြောပြီး မြိုင့်ရဲ့ ရွှေလည်တိုင်အား အနမ်းမိုးများ ရွာသွန်းမိတော့သည် ။

ရင်တွေပန်းတွေတုန်ကာဖြင့် ညိုလေးရဲ့ ပုခုံးအား တင်းကြပ်စွာ ကိုင်ထားမိသည့် မြိုင့်ရဲ့လက်ချောင်းများ ။ ညိုလေးရဲ့ အနမ်းများကြားမှာ မြိုင်တစ်ယောက် အသက်ပင် မရှူချင်မိတော့ ။ မိမိကိုယ်တိုင်တောင် မသိမထားဘဲ ညိုလေးအတွက် ရွှေလည်တိုင်အား ပို၍မော့ပေးမိတော့သည် ။

အနမ်းတစ်ပွင့်ရဲ့ အထိအတွေ့ဟာ ကိုမြင့်မောင်နှင့် ဆင်တူလှသည် ။ မြိုင်ဟာ အိမ်ထောင်သည်မိန်းမ ဖြစ်ပါလျက်နှင့် လင်ယောက်ျား၏ ချစ်ခြင်းမေတ္တာကို မခံစားခဲ့ရသည်မှာ ၁၂ နှစ် ကျော်ခန့်မျှ ရှိခဲ့ပြီ ။

ကနေ့ညအဖို့တော့ မြိုင့်အတွက် နိဗ္ဗာန်ဘုံသာဖြစ်သည် ။

မျက်ဝန်းတွေ မှေးစင်းပြီး ထိုအနမ်းများကို ကြည်ဖြူစွာ လက်ခံနေမိသည့် မြိုင် ။ ညိုလေး၏ နှာဖျားဝမှ ထွက်လာသော လေသံများကိုပါ နားစွင့်မိသည် အထိ ။ အသက်ရှူသံများကိုပါ တစ်ချက်ချင်း ရေတွက်နေသည် ။

နှုတ်ခမ်းဖျားနှင့် ထိတွေ့လိုက်သော အချိန်တိုင်းမှာ မြိုင့်ရင်ထဲ လှိုက်ခဲ့ရသည် ။ ညှို့အားကောင်းတဲ့ အနမ်းများကြားထဲမှာ မြိုင်ဟာ သေလုမျောပါး ဖြစ်ရတော့မည် ။

ကိုမြင့်မောင်ဆီမှ တပည့်တစ်ပါးကဲ့သို့ ပညာတွေယူခဲ့တဲ့ ညိုလေးဟာ မြိုင့်ရဲ့လည်တိုင်လေးအား နှစ်ခြိုက်စွာ အနမ်းပေးနေရှာသည် ။ လင်ယောက်ျားရဲ့ တရားဝင်ဇနီးကို ရင်နှင့်အမျှ ချစ်မိပြီး အချစ်ကိုဖော်ပြနိုင်မည့် ထိုအနမ်းမျိုးကို ပေးရနိုင်လိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ သူမ မတွေးဖူးခဲ့ ။

တွေးမိမည်ဆိုရင်တောင် ပါးရိုက်ခံရမည့်အခြေအနေသာ ဖြစ်သွားလိမ့်မည်ဟု တွေးမိမည် ။

ကနေ့ညအဖို့တော့ သူမတို့၏ ရင်ခုန်သံများကို အချစ်ညရင်ခုန်သံ အဖြစ် တင်စားလိုက်ချင်ပါသည် ။

X X X X X

ညလယ်ခင်းမှစ၍ မနက်အစောပိုင်းအထိ မြိုင့်ရဲ့ ရင်ခွင်ထဲမှာ သိုးပေါက်လေးတစ်ယောက် ငြိမ်ချက်ကောင်း၍ အိပ်ကောင်းနေခဲ့သည် ။ ထိုသိုးပေါက်လေးအား ရင်ခွင်ထဲက ထွက်သွားခွင့်မပေးသည့် မြိုင့်ရဲ့လက်များဟာ တင်းကြပ်နေသည် ။

ငယ်စဉ်အခါက မမကြီး နှင့် အတူတူအိပ်ဖူးခဲ့ပေမယ့်လို့ ထိုသို့ နီးကပ်မှုမျိုးဟာ မြိုင် သဘောမကျ ။ မြိုင်ငယ်လေး အိပ်ပုတ်ကြီးလို့သာ မမကြီးရဲ့ ရင်ခွင်ထဲသို့ ရောက်ချင်ရောက်သွားမည် ။ သူမ ရင်ခွင်ထဲသို့တော့ အရောက်မခံ ။ မြိုင်ဟာ မမကြီးအပေါ်မှာဆို ချစ်ကြောက်ရိုသေသလို အရမ်းလည်း ဆိုးသည် ။ မမကြီးသာ မိခင်ဖြစ်သလို ။ မမကြီးသာ ဖခင်ဖြစ်သည် ။

အသိစိတ်ဝင်လာပြီး မျက်ဝန်းများ ဖွင့်ဟလာခဲ့သည့် မြိုင် ။ မိမိရဲ့ ရင်ခွင်ထဲမှာ တစ်စုံတစ်ယောက် ရှိနေသည် ဆိုသည်အား မြိုင် ရိပ်စားမိသည် ။

ဤသည်မှာ မိမိကို သိပ်ချစ်မိနေတဲ့ သိုးပေါက်လေးဖြစ်သည်အား မြိုင် သိလိုက်ရပြီ ။ ရုတ်တရက်ဆိုသလို မြိုင်ဟာ တုန်လှုပ်သွားခဲ့ပေမယ့် မနေ့ညက အခြေအနေကို မြိုင် သတိရမိခဲ့သည် ။

မိမိ၏လည်တိုင်အား နှလုံးသားတစ်စုံ ပေါက်ကွဲလုမတက် နမ်းရှိုက်နေခဲ့ ညိုလေးရဲ့ ပုံရိပ်အား ပြန်မြင်ယောင်မိခဲ့သည်ကြောင့် ရင်ခုန်မိခဲ့ပြန်ပြီ ။

သိုးပေါက်လေး ပြောသလို ။
သူ့ကိုလည်း ချစ်မိပြန်ပြီလား ။
ဒါဆို ကိုမြင့်မောင်ရော ။
ကိုမြင့်မောင်ကိုရော ချစ်သေးရဲ့လား ။

မိမိ၏ အတွေးများကြားမှာ မိမိကိုယ်တိုင် နစ်မွန်းနေရသည် ။ မြိုင်ဟာ လင်ယောက်ျား၏ အငယ်အနှောင်းနဲ့ ယခုလို ချစ်ကြိုးဖလှယ်မိခဲ့သည်ကြောင့် မိမိကိုယ်ကိုယ် အပြစ်ရှိမိနေသည်ဟု ခံစားရသည် ။

သို့ပေတည်း ။ ညိုလေးကို မချစ်ဘူးလား ဆိုလည်း မဟုတ်ပြန်ဘူး ။ ညိုလေးကိုလည်း ချစ်မိသည် ။ ဒီအချက်အား သူမ လက်ခံချင်မိပြီ ။

" နိုးလာပြီလား မမမြိုင် ။ "

အသံကြားမိသည်ကြောင့် ညိုလေးအား ငုံ့ကြည့်မိသည် ။ ရွှန်းလဲ့ဝေဆာသော အကြည့်များနှင့် ညိုလေးရဲ့ မျက်ဝန်းတွေကို ရင်ခုန်မိပြန်ပြီ ။

" မမမြိုင် ။ ဘာတွေတွေးနေတာလဲ ဟင် ။ "

" ကိုမြင့်မောင် အကြောင်းပေါ့ ။ တို့ မင်းနဲ့ မင်းနဲ့ ဒီအခြေအနေဆိုတာကို ကိုမြင့်မောင် သိသွားမှာ တို့ သိပ်ကြောက်တယ် ။ "

" မမမြိုင် ကြောက်နေတာသလို ကျွန်မလည်း ကြောက်မိသည် ။

ကိုကိုမြင့် မသိအောင် ကျွန်မတို့ ချစ်ကြမယ်လေ ။ နော် မမမြိုင် ။ "

တိတ်ဆိတ်စွာဖြင့် ခေါင်းငြိမ့်မိခဲ့သည် ။ မြိုင်ဟာ ကိုမြင့်မောင် မသိအောင် ညိုလေးနှင့် တိတ်တိတ်ပုန်း ချစ်ချင်မိသေးသည် ။

မိမိအား အလိုလိုက် ခေါင်းငြိမ့်ပေးခဲ့သည့် မြိုင့်အား အသည်းယားလာမိပြန်ပြီ ။

" ဒါနဲ့ မမမြိုင် ကျွန်မကို အဖြေမပေးရသေးဘူးနော် ။ "

" ဘာအဖြေလဲ ။ ဘာကိုပြောချင်တာလဲ ။ "

" ချစ်တယ်ဆိုတဲ့ အဖြေလေ ။ အခုဆို ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် ချစ်မိနေကြတဲ့ အခြေအနေမျိုးမှာ ရောက်နေပြီ ။ ဒါပေမယ့် မမမြိုင့်ရဲ့ အတည်ပြုမှုကို မကြားရသေးဘူး ။ "

" အို ။ မင်းပဲ မျက်ဝန်းတွေထဲမှာ အဖြေရှာတွေ့ခဲ့တယ်ဆို ။ အဲ့တာ အဖြေပဲပေါ့ ။ "

" မျက်ဝန်းထဲမှာ အဖြေတွေ့ခဲ့တာ မှန်တယ် ။ ဒါပေမယ့် ချစ်တယ်ဆိုတဲ့ စကားသံကိုတော့ ကြားချင်တာပေါ့လို့ ။

ပြောပေးလို့ မရဘူးလား ဟင် ။ "

မျက်နှာငယ်လေးနဲ့ တောင်းဆိုနေရှာသည် ချစ်သူအသစ်လေးကြောင့် အူးယားအသည်းယား ဖြစ်လာမိသည် ။

" မပြောချင်ပါဘူး ။ "

" မမမြိုင် ။ လုပ်ပါ ။ တစ်ခွန်းတည်း ။ တိုးတိုးလေး ပြောလည်း ကျေနပ်တာမို့လို့ ။ တစ်ခွန်းတည်းပဲ ။ နော် ။ နော်လို့ ။ "

" မင်း အရမ်းဆိုးတာပဲ ။ "

" ကလေးဆိုးလေးကို အလိုလိုက်ပေးပါ မမမြိုင် ။ နော် ။ "

" တကယ့် အနှောက်လေးပဲ ။ တိုးတိုးလေး ပြောမယ် ။ သေချာနားထောင် ။ "

" ဟုတ် မမမြိုင် ။ သေချာနားထောင်မယ် ။ "

ချစ်တယ် ဆိုတဲ့ စကားလေးနှစ်လုံးကို ပြောဖို့ မြိုင်ဟာ ဝန်လေးမိနေသည် ။ သို့ပေတည်း သိုးပေါက်လေးမှာ ထိုစကားကို ကြားလျှင် ပျော်ရွှင်ရမည် ဆိုသည်ကို သိနေသည် ဖြစ်သောကြောင့် အသက်ပြင်းပြင်းရှူ၍ တီးတိုးစာံ ပြောမိခဲ့ပါသည် ။

" ချစ် တယ် ။ "

လေသံတိုးတိုးလေးနဲ့ ပြောလာတဲ့ ချစ်တယ် ဆိုသော စကားနှစ်ခွန်းကြောင့် ညိုလေး အကျေနပ်ကြီး ပြုံးရယ်မိသည် ။ ကြမ်းပြင်ပေါ်မှာ ထပြီး ခုန်ပေါက်ချင်ပေမယ့်လို့ မြိုင့်ရင်ထဲက မထွက်ချင်သည်ကြောင့် ရင်ခွင်ထဲမှာသာ ဝမ်းသာနေရှာသည် ။

" ချစ်တယ်ဆိုတဲ့ လေသံတိုးတိုးလေးက ဒီနှလုံးသားကိုတောင် ထိတယ် သိလား ။ "

" ဟင့်အင်း ။ မသိချင်ပါဘူး ။ "

" မမမြိုင်က မသိချင်တာကြီးပဲ ။ "

မြိုင့်ရဲ့လည်တိုင်အား နောက်ထပ်အနမ်းပေးဖို့ လုပ်တော့ မြိုင်က ဟန့်တားမိလိုက်သည် ။

" အို ။ တော်ပြီလေကွယ် ။ ညကလည်း အကြာကြီး နမ်းထားတဲ့ ဟာကို ။ "

" သြော် ။ အဲ့လိုလား ။ ဒါဖြင့်လည်း ပါးကိုပဲ နမ်းလိုက်မယ်လေ နော် ။ "

" မင်း သဘော ။ "

" ကျွန်မ သဘောဆို ။ နှုတ်ခမ်းရာ မထင်ကျန်တဲ့နေရာ ရှိမယ် မထင်တော့ပါဘူး ။ "

" အို ။ မင်းနော် ။ "

" ဒါ့ကြောင့် ပါးလေးကိုပဲ နမ်းမယ် နော် ။ "

ဟု ပြောပြီး ဒူးထောက်ခစားစေသည့် မှဲ့ ရှိသော ညာဘက်ပါးပြင်လေးဆီသို့ အနမ်းတစ်ပွင့် ပေးလိုက်ပါတော့သည် ။

မြိုင့်ရဲ့ ရင်ခုန်သံဟာ ၁၂ နှစ်ကျော် ကာလအတွင်း စံချိန်တင်လောက်သော ရင်ခုန်သံမျိုး ဖြစ်နေရှာသည် ။

ထိုရင်ခုန်သံကို လှုံ့ဆော်သူမှာ ညိုလေးသာ ဖြစ်သည် ။

X X X X X

morA_nyein
1.1.2023

ဒီအတိုင်းပဲ အိပ်ခဲ့ကြတာ ။ မယ်တော်ကြီး နှစ်ပါးကို ဇွတ်မပေးစားနဲ့ဦး :'(

Continue Reading

You'll Also Like

5.2M 710K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
224K 14.2K 33
မချစ်ရင်နေပါ... မုန်းတော့မမုန်းလိုက်နဲ့....
4.4M 353K 87
(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်း...
2.7M 308K 110
(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own sto...