One Short 💌

By JeonMyat-01

11.5K 839 163

ထပ်တူကျခဲ့ပါသော အခမ်းနားဆုံးသော ချစ်ခြင်းမေတ္တာများ....။ ထပ်တူကျခဲ့ပါသော အခမ်းနားဆုံးသော ချစ်ခြင်းမေတ္တာများ... More

[October 13]🎂❤
We are broken!
secret lover 💗🖤
Sir JEon

KoKo & Koo Koo

1.6K 130 39
By JeonMyat-01

ကျေးရွာထဲမှ ရွာမျက်နှာဖုံး၊ရွာထဲတွင်အရေး
ပါအရာရောက်သည့်အကြီးအကဲရဲ့ သားဖြစ်သူသည်
နှစ်ဆယ့်တစ်နှစ်အရွယ်ရှိပြီဖြစ်သော
ဂျွန်ဂျောင်ကု ပင်ဖြစ်သည်။
အသက်ငယ်သလောက်စီးပွားရေးတွင်
မိဘတွေခြေရာနင်းကာ အိမ်တွင်ငွေကြေးများကို
သူသာ စီမံခန့်ခွဲခဲ့တာ၊
ငွေကြေးကြွယ်ဝသလောက် လူငယ်ဖြစ်သော်ငြား
ကပ်စေးနည်းသည့်နေရာတွင်တော့ ပါရမီပါသည်။

သောက်သောက်စားစားတွေမရှိ၊ အချိန်တိုင်း
ဂဏန်းပေါင်းစက်တစ်ခုဖြင့်တွက်ချက်တတ်သည်။
ငွေကြေးစကားပဲပြောသည်၊ ကျန်တာသူသိပ်စိတ်
မဝင်စားသော်လည်း တနေ့တွင်တော့
သူ၏အိမ်နဲ့မျက်နှာချင်းဆိုင်မှ ပျိုတိုင်းကြိုက်သည့်
နှင်းဆီခိုင်လှလှလေး ပတ်ခ်ဂျီမင် အားကပ်စေးနဲ
ကော်တရာကြီးက ခိုးပြေးသွားပြီဆိုသည့်
သတင်းသည်အတော်လေးပွတ်လောရိုက်ကုန်တော့သည်။

တကယ်တော့ နှင်းဆီခိုင်လှလှလေးကို
ခိုးပြေးရန်အတွက်ကြိုစီစဥ်ခဲ့တာ 1နှစ်နီးပါး။
တင့်တောင်းတင့်တယ် တင်တောင်းယူချင်ခဲ့ပေမယ့်
ဂျီမင်အဖေသည် ကပ်စေးနဲ ကော်တရာလေးကို
တစ်စက်လေးတောင်မှ ကြည့်မရခဲ့၊
ဒါကြောင့်ပဲ နှင်းဆီခိုင်လေးကိုလဲစိတ်မချတော့
တာကြောင့် ကပ်စေးနဲလေးသည်
" အကို့ကို ခိုးပြေးရန် " ဆိုသည့်စုဗူးထဲမှ
ငွေတွေကိုထုတ်ယူကာ မြို့တတ်ကာ အိမ်တစ်လုံး
ဝယ်ယူခဲ့သည်။
ကပ်စေးနဲလေးကံကောင်းသည်ပဲပြောရမလား။
ထိုအိမ်သည် စျေးတန်သည်ထပ်ပင်ပို၍
တန်လွန်းနေသည်။
ကြီးမားလှပကာ သိပ်မကျယ်လွန်းသော
ခြံကြီးထဲတွင် လူမနေတာလဲကြာလောက်ပြီထင်သည်။
အို ရှည်ရှည်ဝေးဝေးတွေမတွေးချင်၊
ဒီလောက်စျေးတန်တန်နဲ့ရတာ ကံကောင်းတာပဲ။

မဂ်လာဦးအိမ်ကြီးထဲတွင် ပူပူနွေးနွေး
ခိုးပြေးလာသော ကောင်လေးနှစ်ယောက်သည်
မွေ့ယာဖြူဖြူထူထူအိအိအပေါ်တွင် ချစ်တင်းနှီးနှောနေခဲ့သည်။

" ကိုကို.... "

တိုးဖျော့လွန်းသည့်အသံငယ်သည်
နားရွက်ဖျားဆီတွင်ဖြတ်သန်းပြေးသွားကာ
အသက်ရှုသံပြင်းပြင်းကိုလဲ ကြားနေရသည်။

" ကူး...ငယ်...! "

နားရွက်ဖျားလေးကို လျှာဖျားနဲ့ထိတွေ့လာချိန်တွင်တော့
အကို့ကျောပြင်သည် မွေ့ယာနဲ့မထိကပ်တော့ချေ။

" Oh shitttt... !! "

" ကူးငယ်...ဖြည်းဖြည်း..."

" မရတော့ဘူး အကို..."

ကူးငယ်ရဲ့ကျောပြင်ကို အားနဲ့ဖက်တွယ်ထားမိသည်။
အကိုသည်ချွေးတွေဖြင့်လဲ မွေ့ယာပေါ်တွင်ရွှဲစိုနေသည်။

" တော်ရအောင်..."

" ဟင့်အင်း..."

တားမရဆီးမရပါဘဲ။
ကောင်းခန်းရောက်နေပြီမို့ဒီချိန်ကြမှ
ဘယ်လိုလုပ် တော်ရအောင်လဲ။

" ကျွီ.....!! "

မီးတွေမှိတ်ထားသည့် မှောင်နေသည့်အခန်းရဲ့
တံခါးသည် အလိုအလျောက်ပွင့်သွားခြင်းဖြစ်သည်။
အိပ်ရာပေါ်မှကောင်လေးနှစ်ယောက်သည်တော့
သတိမထားမိခဲ့ကြပေ။

" ကိုကို...ကျွန်တော်.....ပိုပြီး...."

ကူးငယ်သည် ထိန်းမရသိမ်းမရဖြင့် အကို့
ခန္ဓာကိုယ် သေးသေးသွယ်သွယ်လေးအား
ဆွဲကာ အိပ်ရာပေါ်မှောက်ချလိုက်သည်။

" ကူး...မင်းများနေပြီနော်...."

မလှုပ်နိုင်မယှက်နိုင်တော့သော အကို့အသံ
သေးသေးလေးသည် ကူးငယ်ကိုပို၍
ဆွဲဆောင်နေသလိုပင်။
ကျောပြင်ဖွေးဖွေးလေးအား ကျောရိုးတစ်လျှောက်
အစုံအဆန်ထိတွေ့နမ်းရှိုက်သည်၊
မရုန်းနိုင်ခဲ့ဘူး၊ ရုန်းလဲမရုန်းချင်ခဲ့ဘူး။

" ခနလေးပဲ... လေ...နော်.. ကိုကို.."

" အင်းမ်...! "

နှုတ်ခမ်းပါးတွေနဲ့ထိတွေ့လာတိုင်း ကိုကိုက
ငြင်းဆန်ဖို့ရာအကြောင်းပြချက်တွေမဲ့သွားတော့သည်မို့
ဖြစ်ချင်ရာဖြစ် ကူးအလိုကိုသာလိုက်မိနေတော့သည်။

" ချစ်တယ် ကိုကို..."

" ကျွီ....! "

အလိုအလျောက်ပွင့်သွားသော အခန်းတံခါးသည်
ယခုတွင်ထပ်မံ၍ အလို​အလျောက်ပင်ပြန်လည်
ပိတ်သွားခဲ့သည်။
ကောင်လေးနှစ်ယောက်တော့ ကောင်းခန်းရောက်နေကြတုန်း။

" သိပ်ဆိုးတယ် ကူးစုတ်..."

" ဆိုးလဲ ချစ်တာပဲမလား... "

" ဖြည်း..ဖြည်း...ပါဆို..."

စိတ်ရှိတိုင်းကိုကြမ်းရမ်းနေတော့
ကိုကို့မာန်မဲသံလေးသည် ကူးပြုံးမိပြန်သည်။

" ချစ်လို့..."

" မဆိုင်လိုက်တာ..."

ညဦးပိုင်းမှစ၍ လှုပ်ရှားနေခဲ့တာ ညဥ့်နက်ပိုင်း
ရောက်မှသာ ပင်ပန်းစွာဖြင့်ပြီးစီးခဲ့သည်။
ကိုကိုကတော့ အသက်ကိုမှန်မှန်ရှုကာ ကွေးကွေးလေး။

" ရေချိူးချင်တယ်..."

" ချိုးပေးမယ်လေ ကိုကိုအမောပြေသွားပြီလား "

" ဟင့်အင်း... မင်းက အားကြီးနဲ့..."

" ရှက်စရာကောင်းတာတွေကို ပြန်မပြောရဘူးလေ "

" တော်သေးတာပေါ့ ရှက်များမရှက်တတ်ရင်
ငါမိုးလင်းသွားနိုင်တယ် "

" ဟော...ကိုကိုကပြောရင်ကျွန်တော်က
အကောင်အထည်ဖော်ချင်လာရော..."

" တော်တော့ ရေချိုးပေး ပြီးရင်ငါအိပ်တော့မယ် "

ကျွန်တော့်ယောက်ျားလှလှလေးအား ပွေ့ချီကာ
ရေချိုးခန်းထဲ ခေါ်လာခဲ့ရသည်။

" ငြိမ်ငြိမ်နေ...ကျွန်တော်လုပ်ပေးမယ်.."

ရေပန်းအောက်က အကို့ကို ဆပ်ပြာရည်တွေဖြင့်
သေချာရေချိုးပေးရသည်။
အကုန်လုံး ကူးလက်၊ကူးခြေ။

" ကျွီ....!!! "

ထပ်မံ၍တံခါးပွင့်သံသည် အတော်ကိုအသံရှည်
ဆွဲကာ မြည်နေသံကြောင့်Jiminရော ကူးငယ်ပါ
နားရွက်လေးထောင်လာကြသည်။

" တံခါးတွေမပိတ်ထားဘူးလား ကူးငယ်? "

" မပိတ်မိဘူးလားမသိဘူး  "

" သွားသွား...တံခါးတွေသွားပိတ်တော့
အကိုလဲ အက်ျီဝတ်တော့မယ် "

" ဟုတ်ကဲ့..."

ရေချိုးခန်းထဲမှထွက်ကာ အခန်းတံခါးကို
ကူးက ထပိတ်သည်၊
ပိတ်ထားသည်လို့ခံစားမိပေမဲ့၊ သိပ်မမှတ်မိတာကြောင့်
လျစ်လျူရှုခဲ့သည်။
ကိုကိုကတော့အက်ျီတွေကိုထုတ်ယူဝတ်ကာ
ကူးကတော့ အခန်းပြတင်းပေါက်တွေကိုပါ
အကုန်လိုက်ပိတ်သည်။

" အိမ်က လူမနေတာကြာပြီထင်တယ်နော် ကူး..."

" ဟုတ်တယ် လွန်ခဲ့တဲ့နှစ်ရက်ကတောင်
လူငှားပြီးဒီအိမ်ကိုရှင်းခိုင်းထားပေမယ့် အဲ့လူတွေက
နောက်ရက်ကျဖျားနေကြလို့တဲ့ အပြီးမသတ်ခဲ့
နိုင်ကြဘူး "

" အဲ့ဒါကြောင့်ထင်တယ် ဒီမှာဖုန်တွေ..."

ပြတင်းပေါက်ဘောင်ပေါ်ကဖုန်တွေကို
လက်ညိုးလေးဖြင့်တို့၍ လက်ညိုးလေးထောင်ပြလာသည်။

" မနက်ကျမှ ဒီဖုန်တွေရော တစ်အိမ်လုံးကိုပါ
ကူး ကသန့်ရှင်းရေးလုပ်ပေးမယ် ခုတော့
အိပ်ရအောင်နော်..... "

အကို့ပုခုံးလေးကိုဆွဲလှည့်ကာ အိပ်ရာဆီသို့
ခေါ်ဆောင်လာခဲ့သည်။

ပြတင်းပေါက်တွေပိတ်ထားတာတောင်
အကိုနဲ့ကူး နှစိယောက်ကြားထဲ ဖြတ်တိုက်သွားသော
အေးစက်စက်လေတွေကို ဂျီမင်ခံစားမိခဲ့သည်။
မသိမသာလေးမဟုတ်၊သိသာလွန်းလှသည်မို့
စိမ့်ခနဲ့ပါပဲ၊

" ချမ်းလိုက်တာ..."

" ချမ်းရင် ကူးက ဖက်ထားမှာပေါ့ "

ကပ်စေးနဲကော်တရာသည် ဒါမျိုးဆို
သိပ်လက်သွက်သည်၊ ကိုကို့အနားသို့တိုးကပ်ကာ
ကိုကို့ခေါင်းလေးအောက် ကူးလက်မောင်းလေး
နေရာယူကာ ကိုကို့ကိုခပ်တင်းတင်းလေးဖက်၍
မွေ့ယာထူထူလေးကိုဆွဲခြုံလိုက်သည်။

အချိန်သည် ညနှစ်နာရီ။

ချမ်းစိမ့်စိမ့်အငွေ့အသက်တွေနဲ့အတူ
ကူးငယ် ရင်ခွင်ထဲအိပ်မောကျနေခဲ့သည်။

" တီး...တောင်! "

" တီး...တောင်! "

" တီး...တောင်! "

ဆက်တိုက်မြည်နေသော ဘဲလ်သံသည်
အိမ်ကြီးထဲတွင် ညအချိန်မို့အတော်လေး
ကျယ်လောင်သည်။

" ကူး...ကူးငယ်...! "

အိပ်ချင်မူးတူး ဖြင့် ကူးငယ်ကိုနှိုးရတော့သည်။
ကူးငယ်သည်လည်းဘယ်လောက်တောင်
အိပ်မောကျနေသလဲမသိ၊ ဆူညံနေသောဘဲလ်သံ
ကိုတောင်မနှိုးနိုင်၊ မနည်းနှိုးရသည်။

" ထဦး... ကူးရဲ့..."

" ကိုကိုကလဲဗျာ ကူးပင်ပန်းနေပြီ
နောက်ညမှလေ နော်..."

" ဘာတွေလျှောက်ပြောနေတာလဲ
ခြံပြင်က ဘဲလ်တီးနေတာမကြားဘူးလား
ရွာကလူကြီးတွေ လိုက်လာပြီလားမသိဘူး "

ဒီတော့မှ ကူးငယ်သည်မျက်လုံးတွေပွင့်တော့သည်။

" ဟင်...ဘယ်မှာလဲ..."

" ထကြည့်ဦး..."

" ငါ့နှယ် ဒုက္ခပါပဲ... "

ငြူစူစူဖြင့်အိပ်ရာပေါ်မှ ထကာ
ပြတင်းပေါက် တံခါးတချပ်ကိုဖွင့်ဟ၍
ခြံတံခါးဆီ လှမ်းကြည့်လိုက်သည်။
ရာသီဥတုကလဲ ချမ်းစိမ့်စိမ့်မို့လက်လေးနှစ်ဖက်ကို
ပိုက်ကာအနွေးဓာတ်ယူရင်း ပြတင်းပေါက်ဆီသို့
ရောက်လာတော့သည်။

" ရွာကလူတွေမဟုတ်ပါဘူး..."

" ဒါဆို ဘယ်သူတွေလဲ..."

ကိုကိုသည် စိတ်ဝင်စားစွာဖြင့် ကူးငယ်အနားမှ
ခြံပြင်ကိုလှမ်းကြည့်သည်။

အမျိုးသားတစ်ဦးရယ်၊အမျိုးသမီးတစ်ဦးက
အနှီးဖြင့်ကလေးတစ်ယောက်ကိုထွေးပိုက်ကာ
ဘေးတွင်လဲ ကလေးတစ်ယောက်ကိုလက်ဆွဲလျက်။

" ဘယ်သူတွေလဲ အဲ့ဒါ... "

" မသိဘူးလေ အချိန်မတော်ကြီးသူများအိမ်ရှေ့
ဘဲလ်လာတီးနေတယ် "

" အကြောင်းရှိလို့နေမှာပေါ့ ကူးရယ်
သွားကြည့်ရအောင်.... "

" မကြည့်ချင်ပါဘူး ဓားပြတွေဘာတွေဖြစ်နေရင်
ဘယ်လိုလုပ်မလဲ "

ဒီကပ်စေးနဲသည် ဥစ္စာ ခြောက်သည်ကလဲ
မဟားတရား။

" ဓားပြတွေက ဘဲလ်တီးပါ့မလားကူးရဲ့..."

" ပြောလို့ရမလား မြို့ပေါ်မှာက အဆန်းတွေကြီး..
လာပါ ကိုကိုရယ် ပြန်အိပ်ရအောင် ... "

" နေပါဦး ဟိုမှာကြည့်လိုက် ဟိုအမကြီး
  လက်ထဲမှာလဲ ကလေးနဲ့ တစ်ခုခု
  အကူအညီတောင်းချင်လိူ့လဲ ဖြစ်နိုင်တာပဲ
  လာပါ သွားကြည့်ရအောင်..... "

" မကြည့်ချင်ပါဘူးဆိုဗျာ ကိုကိုကလဲ "

" ကူး...ကူးကလဲ.."

နှုတ်ခမ်းတထော်ထော်နဲ့ ကူးလက်လေးကို
ဆွဲကာလှုပ်ရမ်း၍ ကိုကိုက မဟုတ်တာတွေကို
ပူဆာနေပြန်သည်။

" သဘောသဘော "

စူပုတ်ပုတ်ဖြင့်က်ိုကိုနဲ့အတူ ခြံထဲသို့ပင်
ဆင်းလာခဲ့ရတော့ သည်။

" ဘာကိစ္စရှိလို့လဲခင်ဗျ..."

" ဟို...ခရီးကအပြန်လမ်းမှာ ကားပျက်သွားလို့
ဒီမှာ တစ်ညလို့တည်းလို့ရမလားခင်ဗျ..."

အမျိုးသားကြီးရဲ့ အသံသြသြသည်
တိတ်ဆိတ်လွန်းနေသည့်ညအချိန်ထဲတွင်
အေးစက်စက်။

" ရ...ရပါ..."

စကားတွေမဆုံးခင် ခါးဆီကအက်ျီစကို
မသိမသာလာဆွဲသော ကူးကြောင့်ကူးကို
လှည့်ကြည့်မိသည်။

" ဘာလဲ ကူး..."

" မဖြစ်ဘူးနော်ကိုကို ဒီတခါတော့ ကူးပြောတာကို
နားထောင် "

" ဘာလို့မဖြစ်တာလဲ ညကြီးမင်းကြီး
သူတို့လဲ အခက်တွေ့နေလောက်တယ် ကူးရဲ့
ကလေးတွေလဲ ပါနေတာကို... "

ကလေးတွေဆိုမှ အမျိုးသမီးကြီးလက်ထဲမှ
အနှီးထုပ်ကလေးနဲ့ဘေးတွင်ရပ်နေသော
ကလေးကို ကူးကြည့်မိသည်။

" နော် ကူး...ဒီတစ်ညထဲပဲကို...
ခွင့်ပြုလိုက်ပါ "

" မသိတော့ဘူး ကိုကိုကြိုက်တာလုပ်တော့ "

" လာပါ..ဝင်ခဲ့ကြပါ..."

ပြုံးပြုံးလေး နဲ့သဘောမနောကောင်း
လွန်းနေသော ကိုကို့ကို ကူးစိတ်ဆိုးချင်နေပြီ။
ဘာမှန်းရေရေရာရာမသိပါဘဲ ထိုသူစိမ်းမိသားစုအား
အိမ်ထဲသို့ခေါ်လာခဲ့သည်။

" ဒီအခန်းမှာပဲ နေလိုက်ကြနော်...
ဒီဘေးအခန်းမှာတော့ ကျွန်တော်တို့ရှိတယ် "

" နှစ်ယောက်ထဲ နေကြတာလား..."

အမျိုးသားကြီးရဲ့စကားသံတွေသည်
အိမ်ကြီးထဲ ဟိန်းခနဲ့ပါပဲ။
နီးနီးလေးရှိနေတာကို ဘာလို့များ
ဒီလောက်ထိအသံက ကျယ်နေရတာတုန်း။

" ဟုတ်တယ် ဒါဆိုအနားယူလိုက်ကြပါဦး..."

စကားတွေရှည်နေမှာစိုး၍ ကူးသည်မျက်မှောင်
ကြုတ်ကာစကားစဖြတ်ပြီးကိုကို့လက်ကိုဆွဲကာ
အခန်းထဲပြန်လာခဲ့သည်။

" ရပ်စမ်း...!!!!! "

ခုနကထက်ပို၍ကျယ်လောင်သော
အေးစက်စက်အသံကြီးကြောင့် ကူးတို့ခြေလှမ်းတွေ
ရပ်တန့်ကာ ကြက်သီးမွှေးညင်းတွေပင် ထကုန်သည်။

" အခုချက်ချင်း ရပ်လိုက်ကြစမ်း...!! "

" ဘာ...ဘာဖြစ်လို့လဲခင်ဗျ..."

ကိုကိုသည်လဲ ကြောင်အသွားတာမို့
စကားတွေပင် ထစ်ကုန်တော့သည်။

" ဒီအိမ်ကို ဘာလာလုပ်ကြတာလဲ...! "

" ဘာလုပ်ရမှာလဲ ယောက်ျားခိုးလာတာ...!
မဟုတ်သေးပါဘူး ခင်ဗျားတို့က သူများအိမ်လဲ
လာတည်းသေးတယ် စကားပြောတာတွေက
အာဏာသံတွေနဲ့..."

ကူးသည်စိတ်တိုစွာဖြင့် ထိုအမျိုးသားကြီးနဲ့
မျက်နှာချင်းဆိုင်လိုက်သည် ၊
ကိုကို့လက်တွေကိုတော့ တင်းနေအောင်
ကိုင်ထားတုန်း။

" ဒါငါ့အိမ်...!! "

" ကြည့်စမ်း သူများအိမ်ပေါ်တတ်ပြီး
အပိုင်စီးဖို့ကြံနေတာပဲ ဂျွန်ဂျောင်ဂုကိုဘာမှတ်နေလဲ
ဒါမျိုးတော့မရဘူး...! "

" ကူး...ကူး..."

" ကိုကိုအသာနေ ! မြို့သားတွေကဒီလိုပဲ
ရိုးရိုးသားသား ဆိုတာကိုမရှိဘူး...
အကုန်လုံး ကလိမ်ကကျစ် တွေ.. "

" အခုချက်ချင်း ထွက်သွား....!!"

" ဘာလို့ထွက်သွားရမှာလဲ ဒါကျုပ်အိမ်
ထွက်သွားချင်းသွား ခင်ဗျားတို့ကသွားရမှာလေ "

ထိုအမျိုးသားကြီးသည် ဒေါသတွေ
ထွက်ကာ မျက်နှာတွင် အကြောတွေတင်းလျက်။
ဘေးက အမျိုးသမီးကြီးနဲ့ ဘေးတွင်ရပ်နေသော
ကလေးသည်လည်း ငြိမ်သက်ကာ မျက်တောင်မခတ်
မျက်နှာသေကြီးတွေဖြင့်ရပ်နေကြသည်။

" ဒီမှာ ခင်ဗျားတို့ဒီလူကို မပြောကြတော့ဘူးလား
သူများအိမ်ပေါ်တတ်ပြီးတော့များဗျာ ဘယ်နှယ့် "

" ကူး...တော်...တော်..ရအောင်..."

" ကိုကိုကလဲ ဘာလို့တော်ရမှာလဲ
သူလွန်တာလား ကူးလွန်တာလားပြော ...! "

ကူးသည်စိတ်တိုတိုဖြင့်နောက်ပါးဆီမှ
ကူးလက်မောင်းကိုကိုင်ဆွဲထားသော ကိုကို့ကိုလဲ
ရန်ရှာနေပြန်သေးသည်။

" သူ့...သူတို့ကိုကြည့်ဦး..."

" ကြည့်တယ်လေ ဘာဖြစ်လို့တုန်း ကြည့်တယ် "

ကူးသည်ထိုအမျိုးသားကြီးရဲ့မျက်နှာနားသို့
အတင်းကပ်ကာ ရွဲ့နေပြန်သည်၊
ကပ်စေးနဲတာတင်မဟုတ်၊ နှုတ်သီးခေါင်းလျှာပါး
ဖြင့်တအား ရန်လိုသေးသည်။

" မဟုတ်ဘူး...ခြေ...ခြေထောက်ကိုကြည့်..."

" ဘာလို့ခြေထောက်ကို ကြည့်ရ....! "

စကားတွေမဆက်နိုင်တော့၊
ကူးမျက်လုံးတွေပြူးကာ ဆံပင်တွေပင်
ထောင်ကုန်တော့သည်၊

ထိုအမျိုးသားကြီးရဲ့ခြေထောက်တွေသည်
ပြောင်းပြန်ကြီး၊ မျက်နှာချင်းဆိုင် အနေအထားမှာ
ရှိနေခဲ့တာကို ထိုလူတွေရဲ့ ခြေထောက်မှ
ခြေဖဝါးသည် အနောက်ဘက်သို့လှည့်နေခဲ့သည်။

" ဘာ...ဘာဖြစ်နေတာလဲ ဒါကြီးက..."

" လူ...လူတွေမဟုတ်ကြဘူး...ထင်တယ်..."

" ဒါ...ဒါဆို ဘာတွေလဲဟင်.."

" သ..သရဲတွေထင်တယ်..."

" အား..! "

စကားတောင်မဆုံးသေး အသံပြဲကြီးနဲ့ထအော်ကာ
Jiminကိုရှေ့သို့ပို့၍ သူကတော့Jiminရဲ့
အနောက်ဘက်တွင်ပုန်းရပ်ကာ နေရာယူပေတော့သည်။

အရမ်းကို အားကိုးရသည့်ယောက်ျားပါပဲ။

" ထွက်သွားကြ...ငါ့အိမ်က..!! "

ထိုအမျိုးသားရဲ့အသံနက်ကြီးသည် အိမ်ကြီးထဲ
ဟိန်းခနဲ့ လေအေးတေွလဲတိုက်ခတ်နေသည့်အပြင်
မရင်းနှီးသည့်ဒီအိမ်ကြီးသည်လည်းအခုမှ
ကြောက်စရာကောင်းနေတော့သည်။

" မြို့ပေါ်က သရဲတွေက ဒီလိုလဲ
အနုကြမ်းစီးတာပဲလား... "

" ကူးစုတ် တိတ်စမ်း..."

ကိုကို့အနောက်မှာသာကြောက်လို့ဒူးတုန်နေတာ
အနောက်ကနေပြီး နှုတ်ခမ်းတထော်ထော်နဲ့
ရန်လုပ်နေပုံသည် မြင်မကောင်း။

" လာခဲ့စမ်း..!!! "

ထိုလူသည် ကပ်စေးနဲကော်တရာအား
ဆောင့်ဆွဲကာ နံရံဆီတွင်ကပ်ကာ လည်ပင်းအား
အံကြိတ်ညှစ်ထားတော့သည်။

" အမလေး သေပါပြီဗျ..."

" စကားတွေအရမ်းများတဲ့ကောင် သေဖို့သာပြင်..."

" အဟွတ်... အဟွတ်..."

" တောင်းပန်ပါတယ် တောင်းပန်ပါတယ် ...
ထွက်သွားဆို ထွက်သွားပါ့မယ် သူ့ကိုတော့လွှတ်
လွှတ်ပေးပါ..."

ကိုကိုသည်တုန်ယင်စွာဖြင့် လက်အုပ်ချီကာ
ထိုအမျိုးသားသရဲကြီးအား တောင်းပန်တိုးလျှိုးနေပုံသည်မျက်ရည်လေးတွေဝဲလျက်။

" ဒါဆို ခုချက်ချင်း ဒီအိမ်ကထွက်သွား..!!! "

" သွားပါ့မယ် သွားမှာမို့...ဒီလိုမလုပ်ပါနဲ့..."

ဒီကောင်လေးဇောနဲ့သာ စကားတွေကိုတရစပ်ပြော
နေခဲ့တာ တကယ်တော့အကိုသည်လဲကြောက်လွန်း၍
လိပ်ပြာတွေပါလွင့်ချင်နေပြီ။

" ထွက်သွား..!!! "

ထိုသရဲကြီးသည် ကူးရဲ့လည်ပင်းအားဖျစ်ညှစ်
ကိုင်ကာ Jiminရှေ့သို့ရောက်သည်ထိပင်
ပစ်ချကိုင်ပေါက်ပစ်လိုက်တော့သည်။

" အမလေး..ငါ့နှယ် သေတော့မှာပဲ..."

" ထ..ထ...ကူး ငါတို့ဒီကထွက်သွားမှရတော့မယ်..."

အကိုသည်ကူးကိုဆွဲကာ အပေါ်ထပ်လှေကားမှ
အောက်ထပ်ဆီသို့လက်ဆွဲပြေးတော့သည်။

လှေကားထစ်တွေကို ကူးငယ်လက်ကို
ဆွဲရင်းပြေးလာတော့ လှေကားထစ်တွေကို
တတ်လာသောအမျိုးသမီးသည် လေးဖက်
ထောက်လျက် လက်တွေခြေထောက်တွေသည်လည်းပြောင်းပြန်ကြီး။

" အား...!!! "

Jimin နောက်ပါးကကူးအော်သံက
နားတွေပင်ကွဲထွက်တော့မည်။
သိပ်ကြောက်တတ်ပုံမပေါ်ပါဘူး၊
ParkJiminအနောက်ကနေ၍ ဒူးတွေပင်
တုန်နေတော့သည်။

အသည်းအသန်ပဲလှေကားထစ်တွေကို
ပြန်တတ်တော့မျက်နှာကျက်တွေပေါ်မှာ
ကလေးတွေကလျှောက်သွားနေကြပြန်သည်။
တစ်ခစ်ခစ်ရယ်သံတွေနဲ့ငိုသံကျယ်တွေဟာလည်း
ရူးချင်စိတ်ပင်ပေါက်လာအောင်ထိ။

" ကိုကို....ကူးတို့ဘယ်လိုလုပ်ကြမလဲ...
ဒီမှာပဲသေရတော့မှာလားဟင်...မဂ်လာတောင်
မဆောင်ရသေးဘူးလေကိုကိုရဲ့....
ဒီအိမ်ကိုလဲပိုက်ဆံတွေနဲ့ဝယ်ထားရတာ...
ကုန်ပါပြီငါ့ပိုက်ဆံလေးတွေရယ်.... "

အသက်လုပြီးသာပြေးနေရတာ သကောင့်သားက
သူ့ပိုက်ဆံကိုတွက်ကာနှမြောတသသ
ဖြစ်နေသေးသည်။

" တိတ်စိမ်း....မင်းကတစ်မျိုး...
ငါတို့ဘယ်လိုပြေးရမလဲသာတွေးပူစမ်းပါ ....! "

ကိုကိုသည်ချွေးတွေလည်းတစ်ကိုယ်လုံးရွှဲနစ်နေပြီ၊
ကူးငယ်ကိုလဲစိတ်မရှည်တော့ ထပ်မံ၍
ထိုလှေကားကနေဆင်းပြေးရန်ကြိုးစားကြပြန်သည်။

" ကိုကို့ကိုပဲ ကြည့်ကြားလား...
ဘယ်ကိုမှလျှောက်မကြည့်နဲ့..."

ကူးငယ်အားသတိပေးပြီးနောက်တွင်
ဆံပင်ဖားလျားနဲ့အမျိုးသမီးရှိရာ
ထိုလှေကားကနေကူးလက်တွေကိုဆွဲပြီး
ပြေးဆင်းလာခဲ့သည်။

" အား....!!! "

ပြေးလဲပြေး ၊ မျက်လုံးတွေကိုလဲစုံမှိတ်ပြီး
အသံကုန်အော်ဟစ်ကာထိုအိမ်ကြီးထဲမှ
Jiminရော ကူးငယ်ပါထွက်ပြေးလာခဲ့တော့သည်။

" တော်ပါသေးရဲ့....အခုမှပဲ...အခုမှပဲ..."

မောဟိုက်လွန်းစွာဖြင့်ဖိနပ်မပါပါဘဲ ခြံပြင်တွင်
Jiminရောကူးပါ ငုတ်တုတ်လေးတွေထိုင်နေခဲ့ကြသည်။
အချိန်သည် မနက်လေးနာရီ။
ဝေလီဝေလင်းမို့ ညကလောက်တော့
ကြောက်စရာမကောင်းတော့ဟုထင်ရသည်၊
ဒီနေရာက ကူးတို့နဲ့လည်းစိမ်းသည်မို့
ဘယ်သွားလို့ဘယ်လာရမယ်မှန်းမသိပါပဲ၊
နှစ်ယောက်စလုံးငြိမ်သက်စွာဖြင့်ထိုင်နေခဲ့ရသည်။

ညကအဖြစ်အပျက်တွေအပေါ် နှစ်ယောက်လုံး
ကြောက်လန့်သွားတာကြောင့်လဲပါမည်။

" ဒီမှာ...ဘာလုပ်နေကြတာလဲကောင်လေးတို့..."

ဖြတ်သွားဖြတ်လာဟုထင်ရသည့်
လူတစ်ယောက်ကကူးငယ်တို့ရဲ့ထူးဆန်းနေသည့်
ပုံလေးတွေကြောငိ့ထင်ပါရဲ့သိချင်စိတ်နဲ့
လာမေးမြန်းနေသည်၊သို့သော်လူစိမ်းဆိုရင်ကို
ကြောက်နေရသည်၊ဓားပြမှန်းမသိ၊သရဲမှန်းမသိ၊
မြို့ပေါ်ကအရာတွေများသိပ်ကြောက်စရာ
ကောင်းပါသည်။

" လူစိမ်းတွေထင်လို့မေးကြည့်တာပါ...ကိုယ်က
ဒီတစ်လမ်းကျော်ကလေ...အကြောင်းမရှိရင်
တခြားနေရာမှာသွားထိုင်ကြပါလား...ဒီနေရာကြီးက "

ထိုလူရဲ့ပြောဆိုမှုတွေကြောင့်Jimin
စိတ်ဝင်စားသွားတော့သည်၊ဒီနေရာအကြောင်းကို
သိနေပုံပေါ်သည်၊အကူအညီတောင်းသင့်ရင်လည်း
တောင်းရမည်လေ။

" မဂ်လာပါ...ကျွန်တော်တို့မနေ့ညကမှ
ဒီအိမ်ကိုစရောက်တာပါ...ဒါပေမယ့်..."

" ကိုယ်သဘောပေါက်ပြီ...ဟုတ်တယ်...
ဒီအိမ်ရဲ့အရင်ပိုင်ရှင်တွေက ကားမှောက်ပြီး
တစ်မိသားစုလုံးဆုံးသွားကြတာ....အဲ့ဒါခုထိကို
အစွဲတွေနဲ့မကျွတ်ပဲ ဒီမှာရှိနေကြပုံပဲ...."

" ကြားရတာ ကျောချမ်းလာပြီကိုကိုရယ်..."

" လာလေညီလေးတို့ ဟိုဘက်ကိုသွားထိုင်ရအောင် "

လမ်းအနည်းငယ်လျှောက်လိုက်တော့
ကော်ဖီဆိုင်တစ်ဆိုင်နဲ့တွေ့ကာထိုဆိုင်တွင်
ထိုင်ရင်းဖြစ်ကြောင်းကုန်စင်ကိုJiminက
ထိုလူအားရှင်းပြခဲ့သည်။

" စိတ်မကောင်းပါဘူး... အခုမှပူပူနွေးနွေး
လက်ထပ်ထားတဲ့စုံတွဲလေးရေ...."

" တကယ်ပါပဲ ဒီလိုသာဆိုကျွန်တော်တို့ရွာကိုပဲ
ပြန်ရတော့မလိုဖြစ်နေပြီရယ်.... "

" ကိုကို...ဒါဆိုကျွန်တော်အိမ်ကရော..."

" သေမလိုဖြစ်လာတာတောင်
မမှတ်သေးဘူးလား ကူး "

" ကျွန်တော်တစ်နှစ်တောင်စုထားရတဲ့
ငွေတွေလေ နှမြောတာပေါ့ဗျာ..."

" နှမြောရင်မင်းကျန်ခဲ့ ငါပြန်မယ်... "

" ကိုကိုနော်...ကူးကအိမ်ထောင်ဦးစီးလေ
ကူးသွားတဲ့နေရာကိုကိုလိုက်ရမှာပဲ...."

" အရူးစကားမပြောနဲ့....မင်းဟာမင်းပဲသွား
ငါကငါ့မိဘအိမ်ပြန်မယ်..."

" ကိုကိုနော်..."

ပူပူနွေးနွေးအတွဲရဲဲ့ တစ်ယောက်တစ်ခွန်း
အချေအတင်ဖြစ်နေသည်ကိုထိုလူကကော်ဖီလေး
သောက်ရင်းသာငြိမ်ရင်းနားထောင်နေသည်။

" မင်းကလေ...ကိုယ့်အသက်ထက်တောင်
အဲ့ပိုက်ဆံကိုပိုမက်နေတာပဲ...ဖေဖေပြောတာမှန်တယ်
မင်းကပိုက်ဆံကလွဲရင် ဘာတစ်ခုမှမသိတဲ့ကောင်! "

" ကိုကိုနော် ကူးကိုအဲ့လိုမပြောနဲ့..."

" တော်...ဒီတရက်နဲ့တင်မင်းကိုငါစိတ်ကုန်တယ်
ဘယ့်နှယ်... လူ့အသက်ထက်အဲ့အိမ်တန်ဖိုးက
ပိုကြီးတယ်ထင်ရင်လည်းမင်းနေခဲ့ငါပြန်မယ်...
ပြီးတော့ မင်းလိုငွေကလွဲရင်ဘာမှမသိတဲ့သူကိုလဲ
ဆက်မပေါင်းတော့ဘူး... "

" ဟာ...! "

" အဲ့...အဲ့လိုတွေတော့မလုပ်ကြပါနဲ့...အခုမှ
ခိုးပြေးလာကြတာမလား...ဘယ်လိုလုပ်ကွဲမယ်တွေပါ
ပြောနေရတာလဲဗျာ...ညီလေးကလည်း
အကြီးပြောစကားကိုနားထောင်လေကွာ..."

ချက်ချင်းလက်ငင်းပါပဲ၊ နှုတ်ခမ်းကို
နှစ်တောင်လောက်ဆူထော်ကာငိုမဲ့မဲ့ဖြစ်သွားသော
ကူးငယ်မျက်နှာသည်ရွာထဲကကလေးတွေကိုပင်
ပြေးမြင်မိသည်။

" ကိုကိုဘာသိလို့လဲ...ကူးငယ်တို့ရဲ့
ပထမဆုံးညရဲ့ အမှတ်တရလေးတွေရှိနေခဲ့တဲ့
နေရာလေ ဘယ်လိုလုပ်ချန်ထားခဲ့နိုင်မှာလဲ....
ငွေမက်တယ်ဆိုပြီးပဲ ကူးကိုအနျိုငျကငြျ့ပွောနတေော့တယျ "

" ဘယ်...ဘယ်သိမလဲရှင်းအောင်မှမပြောတာကို "

" ကိုကို့ကိုစိတ်ကောက်တယ်... မခေါ်နဲ့..."

အသက်နှစ်ဆယ်ကိုမသိမသာကျော်သေးသည့်
ကလေးကိုယောကျ်ားတော်ထားရတော့လည်း
ငိုမဲ့မဲ့ဖြစ်သွားသည့်ကလေးမျက်နှာကို
ပြန်ချော့ရန်အရှိန်ယူရတော့သည်။

" ဆောရီးပါ...ကိုကိုကသိမှမသိတာကိူ...."

" သွား...မခေါ်နဲ့..."

" ဆောရီးနော်...စိတ်ကောက်ပြေ..."

" ဒါဆို မွှေးမွှေးပေး...ကူးကို..."

" အို...ဘေးမှာသူများနဲ့..."

" Bro ခဏလောက်ဟိုဘက်လှည့်နေပေးပါလား..
ကျွန်တော်ကိုကို့ဆီက မွှေးမွှေးလိုချင်လို့..."

မသိချင်ယောင်ဆောင်နေလည်းမရပါ၊
အတင်းတွေဟိုဘက်လှည့်ခိုင်းနေတော့
ထပ်မံ၍မသိချင်ယောင်ဆောင်ကာဟိုဘက်
လှည့်ပေးလိုက်ရသည်။

" ကိုကိုမြန်မြန်ပေး..."

" အင့်..."

ပါးဖောင်းဖောင်းလေးတွေကို နှုတ်ခမ်းထူထူလေးတွေနဲ့
ထိကပ်နမ်းလိုက်တော့မုန့်ရသွားသည့်
ကလေးတစ်ယောက်လိုသဘောတွေကျကာ
ရှေ့သွားကြီး နှစ်ချောင်းကပြူးထွက်လာတော့သည်။

" ဒါဆို..အခုညီလေးတို့ကရွာပဲပြန်ကြတော့မှာလား "

" ဟုတ်တယ်...ရွာပဲပြန်တော့မယ်..."

" အင်းပါ...ကိုယ်ဘာကူညီပေးရဦးမလဲ..."

" ဟို...ကျွန်တော့်ကိုဖုန်းလေးပေးဆက်လို့ရမလား
ဖုန်းတွေရောပိုက်ဆံအိတ်တွေပါဟိုမှာကျန်ခဲ့လို့..."

" ရတာပေါ့..."

ဖုန်းကိုကမ်းပေးလိုက်တော့ ကူးကပဲသူ၏
ရွာကမိဘများကိုအကူအညီတောင်းကာအိမ်က
ကားကိုလာခေါ်ပေးပါ ဟုသာမှာလိုက်သည်။
ရွာမှာတော့လူကြီးတွေဘယ်လိုရှိနေမလဲမသိ၊
မြို့ပေါ်ကိုခိုးပြေးသွားကြသော အတွဲကတော့
တစ်ညလုံးကို သရဲနဲ့စိန်ပြေးလိုက်တမ်း
ကစားခဲ့ရသည်။

" အဆင်ပြေရဲ့လား...ကူးငယ်..."

" လာခေါ်မယ်တဲ့...အိမ်က..."

" အင်းပါ..."

" ဒါဆိုကိုယ်လဲပြန်တော့မယ်လေ
အလုပ်လေးရှိသေးလို့ "

" ဟုတ်ကဲ့ကူညီပေးတဲ့အတွက်လဲကျေးဇူးပါပဲ..."

ထိုသူစိမ်းလူသည်နှုတ်ဆက်ပြီးသည်နဲ့
ထိုဆိုင်လေးမှထွက်သွားခဲ့သည်။
ကူးငယ်နဲ့ကိုကိုကတော့ထိုဆိုင်လေးတွင်သာ
ထိုင်ရင်းအိမ်ကလာခေါ်မည့်ကားကိုစောင့်နေခဲ့ကြသည်။

" ဟင်...ကူးရဲ့လည်ပင်းမှာညိုမဲစွဲသွားတာပဲ "

" ကိုကိုနာတယ်..."

သရဲကြီးရဲ့လက်ချက်ကြောင့် ကူးလည်ပင်းတွင်
လက်ချောင်းရာတွေဖြင့်ညိုမဲစွဲနေသည်ကို အခုမှပဲ
Jiminသတိထားမိတော့သည်။

ကိုကိုပြောမှ သတိရကာပိုပိုကဲကဲလေးနာပြပြီး
ချွဲလိုက်သေးသည်။ထိုစဥ်လည်ပင်းကို
တွေးမိသွားချိန်တွင်တော့မျက်လုံးတွေသည်
ကျွတ်ထွက်မတတ်အောင်ကိုပြူးကျယ်သွားတော့သည်။

" ဆွဲကြိုး...ကူးရဲ့ပလက်တီနမ်ဆွဲကြိုးကြီး...!! "

" ဟာ...အဲ့ဒါ..ဖေဖေဝယ်ပေးထားတဲ့ဟာ...
ဘာ်လောက်တောင်စျေးကြီးလိုက်သလဲဒီလိုကြိုးမျိုး
ရွာထဲမှာဘယ်သူမှတောင်ဝတ်ဖူးတာမဟုတ်ဘူး...
သွားပါပြီ...ကုန်ပါပြီ...ကိုကို....."

မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကူးငယ်တို့
သွေးတွေတတ်ကာကော်ဖီဆိုင်မှရှုဆေးဗူးတွေပါ
တောင်းပြီးရှုခိုင်းရတော့သည်။
အိမ်လဲဆုံးပိုက်ဆံတွေနဲ့ လက်ဝတ်လက်စားတွေပါ
ဆုံးတော့ ကူးငယ်တစ်ယောက်စိတ်နဲ့လူနဲ့ပါ
မကပ်တော့၊ ရွာကိုပြန်ရောက်တော့လည်း
သူ့သွေးတိုးရောဂါကိုအတော်လေးကုလိုက်ရသည်။

ကပ်စေးနဲလေးမလား၊ သူ့ဗဇသူ့စရိုက်အတိုင်းမို့
ဘာတွေပဲ ဆုံးရှုံးသွားပါစေ၊ ပြန်ရှာလို့ရသည်
အတွေးနဲ့သာ ရှုဆေးဗူးကြီးတကိုင်ကိုင်နဲ့
ဂဏန်းပေါင်းစက်တစ်လုံးကိုင်ရင်း တွက်ချက်
အလုပ်လုပ်ရတော့သည်။

ပစ္စည်းတွေငွေကြေးတွေဟာပြန်ရှာရပေမယ့်
ကိုကိုကတော့ထိုထဲတွင်မပါဝင်ပါ။
ကိုကိုနဲ့အနာဂတ်တွေရှေ့ရေးတွေရှိသေးသည်မလား၊
ကပ်စေးနဲနှစ်ထပ်ကွမ်းဆုကိုယူပြီး ကိုကိုနဲ့ကူးငယ်တို့တဲ့အနာဂတ်တွေပိုက်ဆံတွေကြိုးစားရှာလိုက်ပါဦးမည်။

[ ကိုကိုဟာ ကူးငယ်ဘဝရဲ့အဖိုးတန်ဆုံးသော
ဆုလာဘ်တစ်ခုပါ....ကပ်စေးနည်းတာက
နည်းတာပေမယ့် ကိုကို့ကိုတော့ သိပ်ချစ်ရပါသည်....]

ပုံ/ ကပ်စေးနည်းနှစ်ထပ်ကွမ်းကူးကူးငယ် ။

-------------------------------

ဒါလေးက Draft ထဲမှာရှိနေတာကြာပြီ
ဒီနေ့မှ သတိရလို့လက်စလေးသတ်လိုက်တာ
ဘာပဲဖြစ်ဖြစ် အပျင်းပြေကြအောင်.... ။



ဝယ်ယူခဲ့သည်။
ထိုအိမ်သည် ဈေးတန်သည်ထပ်ပင်ပို၍
တန်လွန်းနေသည်။
ဒီလောက်ဈေးတန်တန်နဲ့ရတာ ကံကောင်းတာပဲ။


" ကိုကို.... "


" ကူး...ငယ်...! "


" Oh shitttt... !! "

" ကူးငယ်...ဖြည်းဖြည်း..."

" မရတော့ဘူး အကို..."


" တော်ရအောင်..."

" ဟင့်အင်း..."

တားမရဆီးမရပါဘဲ။

" ကျွီ.....!! "

သတိမထားမိခဲ့ကြပေ။




ဆွဲဆောင်နေသလိုပင်။

" ခနလေးပဲ... လေ...နော်.. ကိုကို.."

" အင်းမ်...! "


" ချစ်တယ် ကိုကို..."

" ကျွီ....! "

ပိတ်သွားခဲ့သည်။

" သိပ်ဆိုးတယ် ကူးစုတ်..."

" ဆိုးလဲ ချစ်တာပဲမလား... "

" ဖြည်း..ဖြည်း...ပါဆို..."


" ချစ်လို့..."

" မဆိုင်လိုက်တာ..."


" ရေချိုးချင်တယ်..."









သေချာရေချိုးပေးရသည်။

" ကျွီ....!!! "



" မပိတ်မိဘူးလားမသိဘူး "


" ဟုတ်ကဲ့..."

ကူးက ထပိတ်သည်၊
လျစ်လျူရှုခဲ့သည်။
အကုန်လိုက်ပိတ်သည်။


နိုင်ကြဘူး "



အိပ်ရအောင်နော်..... "

ခေါ်ဆောင်လာခဲ့သည်။

စိမ့်ခနဲ့ပါပဲ၊

" ချမ်းလိုက်တာ..."



အချိန်သည် ညနှစ်နာရီ။


" တီး...တောင်! "

" တီး...တောင်! "

" တီး...တောင်! "

ကျယ်လောင်သည်။

" ကူး...ကူးငယ်...! "


" ထဦး... ကူးရဲ့..."

နောက်ညမှလေ နော်..."



" ဟင်...ဘယ်မှာလဲ..."

" ထကြည့်ဦး..."

" ငါ့နှယ် ဒုက္ခပါပဲ... "

ရောက်လာတော့သည်။

" ရွာကလူတွေမဟုတ်ပါဘူး..."

" ဒါဆို ဘယ်သူတွေလဲ..."



" ဘယ်သူတွေလဲ အဲ့ဒါ... "

ဘဲလ်လာတီးနေတယ် "

သွားကြည့်ရအောင်.... "

ဘယ်လိုလုပ်မလဲ "

မဟားတရား။



အကူအညီတောင်းချင်လို့လဲ ဖြစ်နိုင်တာပဲ
လာပါ သွားကြည့်ရအောင်..... "


" ကူး...ကူးကလဲ.."

ပူဆာနေပြန်သည်။

" သဘောသဘော "

စူပုတ်ပုတ်ဖြင့်က်ိုကိုနဲ့အတူ ခြံထဲသို့ပင်
ဆင်းလာခဲ့ရတော့ သည်။



အေးစက်စက်။

" ရ...ရပါ..."

လှည့်ကြည့်မိသည်။

" ဘာလဲ ကူး..."

နားထောင် "

ကလေးတွေလဲ ပါနေတာကို... "


ခွင့်ပြုလိုက်ပါ "


" လာပါ..ဝင်ခဲ့ကြပါ..."






အခန်းထဲပြန်လာခဲ့သည်။

" ရပ်စမ်း...!!!!! "



" ဘာ...ဘာဖြစ်လို့လဲခင်ဗျ..."



အာဏာသံတွေနဲ့..."

ကိုင်ထားတုန်း။

" ဒါငါ့အိမ်...!! "

ဒါမျိုးတော့မရဘူး...! "

" ကူး...ကူး..."






" ကူး...တော်...တော်..ရအောင်..."


ရန်ရှာနေပြန်သေးသည်။

" သူ့...သူတို့ကိုကြည့်ဦး..."





ထောင်ကုန်တော့သည်၊




" ဒါ...ဒါဆို ဘာတွေလဲဟင်.."

" သ..သရဲတွေထင်တယ်..."

" အား..! "



" ထွက်သွားကြ...ငါ့အိမ်က..!! "

ဟိန်းခနဲ့ လေအေးတေွလဲတိုက်ခတ်နေသည့်အပြင်

အနုကြမ်းစီးတာပဲလား... "

" ကူးစုတ် တိတ်စမ်း..."


" လာခဲ့စမ်း..!!! "


" အမလေး သေပါပြီဗျ..."


" အဟွတ်... အဟွတ်..."

လွှတ်ပေးပါ..."





" ထွက်သွား..!!! "






" အား...!!! "

တုန်နေတော့သည်။



ဖြစ်နေသေးသည်။




ပြေးဆင်းလာခဲ့သည်။

" အား....!!! "






ကောင်းပါသည်။


တောင်းရမည်လေ။









" သေမလိုဖြစ်လာတာတောင်
မမှတ်သေးဘူးလား ကူး "





" ကိုကိုနော်..."

ပူပူနွေးနွေးအတွဲရဲ့ တစ်ယောက်တစ်ခွန်း



ဆက်မပေါင်းတော့ဘူး... "

" ဟာ...! "


ပြေးမြင်မိသည်။

ငွေမက်တယ်ဆိုပြီးပဲ ကူးကိုအနျိုငျကငြျ့ပွောနတေော့တယျ "



ကလေးကိုယောက်ျားတော်ထားရတော့လည်း

" ဆောရီးပါ...ကိုကိုကသိမှမသိတာကို...."

" သွား...မခေါ်နဲ့..."



" အို...ဘေးမှာသူများနဲ့..."


လှည့်ပေးလိုက်ရသည်။

" ကိုကိုမြန်မြန်ပေး..."

" အင့်..."






" ရတာပေါ့..."

ကစားခဲ့ရသည်။

" အဆင်ပြေရဲ့လား...ကူးငယ်..."

" လာခေါ်မယ်တဲ့...အိမ်က..."

" အင်းပါ..."

အလုပ်လေးရှိသေးလို့ "




" ကိုကိုနာတယ်..."


ချွဲလိုက်သေးသည်။ထိုစဉ်လည်ပင်းကို
စမ်းကြည့်ရင်းမွကူးငယ်တဈခုခုက်ိဳ


ဘ်ာလောက်တောင်ဈေးကြီးလိုက်သလဲဒီလိုကြိုးမျိုး


ကျိုကိုကလညျးဘာမှအထှအေထူးတှမေပွောတော့။
အလုပ်လုပ်ရတော့သည်။




-------------------------------


Continue Reading

You'll Also Like

12.8K 1.3K 4
Deception is one of the quickest way to gain little things and lose big things.
3.2K 260 8
အဖြူနဲ့အမဲလို ဆန့်ကျင်ဘက် ပြောင်းပြန်ချစ်ခြင်းတရားတွေနဲ့❤️
1.9M 83.2K 127
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC