[[Completed]] နိဒါန်းပျိုးခဲ့...

Від MyTreasuresForYou

11.3K 1.3K 75

🔶️'နိဂုံးချုပ်သွားခဲ့ပြီ' ရဲ့ အဆက်ဝတ္ထုဖြစ်တာ​ကြောင့်မို့ ​ကျေးဇူးပြုပြီး ပထမဝတ္ထုကိုအရင်ဖတ်​ပေးပါ​နော်။ 'န... Більше

ဝတ္ထုအ​ကြောင်း ဝတၳဳအကြောင်း
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၃၇) ဇာတ်သိမ်းပိုင်း

အခန်း (၃၂)

177 26 1
Від MyTreasuresForYou

လီလီ

နင် အိမ်မှာလား။

စာက အာ့တ်လက်စ်ဆီက။ ဒါကြောင့် ကျွန်မ အဲ့ဒါကို တုံ့ပြန်လိုက်တယ်။

တစ်မိနစ်လောက်တော့ရှိဦးမယ်ပေါ့နော်။ ဘာလို့လဲ။

ကျွန်မအမ်မီ့ရဲ့ကလေးပစ္စည်းအိတ်ထဲ အစားအသောက်တွေကိုထုပ်ပိုးထည့်ပြီးတဲ့နောက် အခန်းပတ်ပတ်လည်သုတ်ချေတင်သွားရင်း သူမအတွက် လဲစရာအဝတ်တစ်စုံဆွဲလာလိုက်တယ်။ အာဟာရမှုန့်ဘူးတစ်ဘူး ပစ်ထည့်လိုက်တယ်။ ကျွန်မက နို့မတိုက်တော့လို့လေ။ ပြီးတော့ သူမကိုကောက်ချီပြီး "သမီးက ရွိုင်းလီကိုသွားတွေ့ဖို့အဆင်သင့်ဖြစ်နေပြီလား"

အမ်မီက ရွိုင်းလီရဲ့နာမည်ကြားတော့ ပြုံးလိုက်တယ်။

ကျွန်မ သူမကို ဒီမနက် အယ်လီဆာ့ဆီကနေသွားခေါ်လာတော့ သူမရယ်၊ မာရှယ်ရယ်ကို ရွိုင်းလ်နဲ့ဖြစ်ပျက်ခဲ့သမျှအားလုံးပြောပြဖြစ်ခဲ့တယ်။ ကျွန်မဆီပို့တဲ့စာတွေ ကျွန်မရဲ့ရှေ့နေကိုပြလိုက်တာ ပါးနပ်တာပဲလို့ အယ်လီဆာကသဘောတူတယ်။ ကျွန်မတို့တွေ ရွိုင်းလ်နဲ့အတည်ပေါက်ကြီးထိုင်ဆန္ဒထုတ်ဖော်ဆွေးနွေးကြဖို့အချိန်ကျပြီလို့လည်း သူမကသဘောတူတယ်။ ကျွန်မကြောင့်ကြစိတ်လှုပ်ရှားနေမိတာ။ ဒါပေမဲ့လည်း သူမနဲ့မာရှယ်တို့ ကျွန်မရဲ့ကျောထောက်နောက်ခံအဖြစ်ရှိနေကြမှန်း သိထားရတာက အင်မတန်မှကိုစိတ်အေးသက်သာရှိစေတယ်။

ကျွန်မတို့တွေ တံခါးမကြီးဆီရောက်ရောက်ချင်းပဲ တံခါးခေါက်သံတစ်သံထွက်လာတယ်။ ကျွန်မ ချောင်းကြည့်ပေါက်ကနေတစ်ချက်ကြည့်လိုက်ပြီး အဲ့ဒီမှာ အာ့တ်လက်စ်ရပ်နေတာတွေ့လိုက်ရလို့ စိတ်သက်သာရာရမိသွားတယ်။ ဒါပေမဲ့ ဂျော့ရှ်ကတော့ သူနဲ့အတူရှိမနေဘူး။ ဒီတော့ ချက်ချင်းကို ကျွန်မရဲ့နှလုံးသားနင့်ခနဲဖြစ်သွားရတယ်။ သူက အာ့တ်လက်စ်ကိုကျော်ပြီး သူ့အဖေနဲ့နေဖို့ တကယ်ကြီးရွေးချယ်ခဲ့တာလား။ ကျွန်မတံခါးကိုလွှဲဖွင့်လိုက်တယ်။

"ဘာဖြစ်လို့လဲ။ ဂျော့ရှ်ရော"

အာ့တ်လက်စ်က ပြုံးတယ်။ သူ့အပြုံးထဲကအာမခံချက်က ကျွန်မကိုစိတ်သက်သာရာရတာတွေနဲ့ ချက်ချင်းပြည့်နှက်သွားစေတယ်။ "အဆင်ပြေပါတယ်။ သူက ငါ့အိမ်မှာ"

ကျွန်မလေမှုတ်ထုတ်လိုက်ပြီး "သြော်။ ဒါဆို နင်က ဘာလို့ဒီရောက်လာတာလဲ"

"ငါက ငါ့စားသောက်ဆိုင်ကိုသွားမလို့လေ။ ငါဖြတ်မောင်းသွားတုန်း အပေါ်လေးပြေးတက်ပြီး တစ်ချက်အလစ်ဖက်သွားလိုက်မလား တွေးမိသွားလို့"

ကျွန်မပြုံးလိုက်တယ်။ ပြီးတော့ သူက ကျွန်မအတွက်တံခါးကိုကိုင်ဖွင့်ပေးထားတယ်။ သူ့ခမျာ ကျွန်မကိုပြည့်ပြည့်ဝဝတစ်ချက်မဖက်ပေးလိုက်နိုင်ရှာပါဘူး။ ကျွန်မက အမ်မာဆန်ကို ခါးတစ်ခွင်ချီထားလို့လေ။ ဒါနဲ့ သူက ကျွန်မခေါင်းဘေးခြမ်းကို ခပ်သွက်သွက်တစ်ချက်နမ်းလာတယ်။ "လူညာကြီး။ ငါ့တိုက်ခန်းက နင်သွားတဲ့လမ်းမှာရှိနေတာမှ မဟုတ်ဘဲကို။ ပြီးတော့ တနင်္ဂနွေနေ့ကြီးလေ__ နင့်စားသောက်ဆိုင်ပိတ်တာပေါ့"

"ချက်ကျလက်ကျရှိချက်ပဲ" လို့ သူကပြောရင်း ကျွန်မထောက်ပြတာကိုပုတ်ထုတ်လိုက်တယ်။ "နင်ဘယ်သွားမလို့လဲ"

"အယ်လီဆာရဲ့အိမ်လေ။ ငါတို့တွေ ဒီည သူတို့နဲ့ညစာစားကြမှာရယ်" ကျွန်မ ကလေးပစ္စည်းအိတ်ကို ကျွန်မပခုံးမှာလွယ်လိုက်တယ်။ ဒါပေမဲ့ သူက ကျွန်မဆီကအဲ့ဒါကိုယူလိုက်တယ်။

"ငါ နင့်ကိုအပြင်လိုက်ပို့ပေးမယ်" သူက ကလေးပစ္စည်းအိတ်ကို သူ့ပခုံးပေါ်တစောင်းသိုင်းလွယ်လိုက်တယ်။ အမ်မီက သူ့ဆီလက်လှမ်းလိုက်တယ်လေ။ သူမ ကျွန်မလက်မောင်းတွေထဲကနေ သူ့ဆီလိုလိုချင်ချင်ကြီးပြောင်းသွားချင်နေတဲ့အခါ ကျွန်မတို့နှစ်ယောက်လုံး နည်းနည်းတော့အံ့အားသင့်သွားမိကြခဲ့တယ်လို့ ထင်တာပဲ။ သူမက သူမခေါင်းကိုသူ့ရင်ဘတ်မှာတိုးမှီလိုက်ပြီး အဲ့ဒီလိုလုပ်လိုက်တာကိုမြင်လိုက်ရတာက ကျွန်မကိုစက္ကန့်ပိုင်းလောက် တန့်သွားစေတယ်။ အဲ့ဒါက အာ့တ်လက်စ်ကိုလည်း တစ်ချက်တန့်သွားစေတယ်လေ။ ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ သူက ကျွန်မကိုပြုံးပြလာပြီး ကျွန်မကားဆီစဆင်းလာခဲ့ကြတယ်။ သူက လမ်းတစ်လျှောက်လုံး ကျွန်မလက်ကိုကိုင်ထားခဲ့တယ်။

ကျွန်မ သူ့ဆီကနေ အမ်မီ့ကိုယူပြီး သူမရဲ့ကားထိုင်ခုံထဲအထိန်းကြိုးနဲ့သိုင်းပတ်ပေးထားလိုက်တယ်။ ကျွန်မတို့တွေ နောက်ဆုံးတော့ အာ့တ်လက်စ်က ကျွန်မကိုတကယ့်ပွေ့ဖက်တာတစ်ခုပေးနိုင်မယ့် အနေအထားမျိုးရောက်လာခဲ့ကြပြီ။ ဒါကြောင့် သူက ကျွန်မကိုသူ့ဆီဆွဲလိုက်တယ်။ သူ့ပွေ့ဖက်မှုက စကားဝိုင်းတစ်ခုလုံးပြောဖြစ်ခဲ့ကြသလို ခံစားရစေတယ်။ သူက ကျွန်မကို သူခွန်အားတွေလိုအပ်နေသလိုခံစားရစေတဲ့ပုံမျိုးနဲ့ ပွေ့ဖက်ထားတယ်__ ကျွန်မရဲ့တစ်စိတ်တစ်ပိုင်းကို သူနဲ့အတူတူယူသွားချင်နေသလိုမျိုးပေါ့။ "နင်ဘယ်ကိုထပ်သွားဦးမလို့လဲ" လို့ ကျွန်မ သူ့ကိုမေးရင်း ပြန်ဆွဲခွာလိုက်တယ်။

"ငါ ငါ့စားသောက်ဆိုင်ကိုတကယ်သွားမလို့ပါ" လို့ သူကပြောလာတယ်။ "ငါ ဆက်တန်ကို အဲ့ဒီမှာ ငါနဲ့တွေ့ဖို့ ဖိတ်ထားတယ်။ ငါတို့တွေ ဂျော့ရှ်နဲ့ပတ်သက်ပြီး တစ်ချက်လောက်အလေးအနက်ထားဆွေးနွေးပြောဆိုကြဖို့ လိုနေပြီ။ ပြီးတော့ ငါ အဲ့ဒါကို ငါနဲ့သူမပဲရှိနေတုန်းမှာ လုပ်ချင်တယ်။ သူမက ပွဲကြည့်ပရိသတ်အပေါ်မှီပြီးပိုကြီးထွားလာချင်တာမျိုး။ ဒီတော့ ငါက သူမကို အဲ့ဒါမျိုးတစ်ခုပေးဖို့ ငြင်းဆန်တယ်လေ"

"ဝိုး။ ငါက တကယ်တော့ အယ်လီဆာတို့အိမ်ဘက်ကိုသွားပြီး ငါလုပ်ချင်တယ်လို့နင့်ကိုပြောခဲ့တဲ့ ရွိုင်းလ်ကိုထိုင်ပြီးဆန္ဒထုတ်ဖော်ပြတာသွားလုပ်မလို့။ ဒါက ဘာလဲ။ ပြဿနာတွေရှင်းကြတဲ့တနင်္ဂနွေနေ့များလား"

အာ့တ်လက်စ်က ခပ်ဖွဖွလေးရယ်လိုက်တယ်။ "မျှော်လင့်ရတာပဲ"

ကျွန်မသူ့ကိုနမ်းလိုက်ပြီး "ကံကောင်းပါစေ"

သူက ကြင်ကြင်နာနာပြုံးလိုက်တယ်။ "နင်ရောပဲ။ လုံခြုံဘေးကင်းပါစေ။ ပြီးတော့ နင်ခေါ်လို့ရပြီဆိုတာနဲ့ ငါ့ဆီဖုန်းခေါ်လိုက်နော်" သူက သူ့နှုတ်ခမ်းနဲ့ကျွန်မနှုတ်ခမ်းကို နောက်ဆုံးတစ်ခေါက်ဖိကပ်လိုက်တယ်။ အဲ့ဒီနောက် သူပြန်ဆွဲခွာလိုက်တော့ "ကိုယ်မင်းကိုချစ်တယ်၊ ဘေဘ်"လို့ ပြောလာတယ်။

သူက သူ့ကားဆီလျှောက်သွားတယ်။ ပြီးတော့ သူ့စကားလုံးတွေက ကျွန်မကိုဘာလို့အရမ်းပျာယာခတ်သွားစေမှန်း မသိပါဘူးရှင်။ ဒါပေမဲ့လည်း ကျွန်မကားထဲဝင်လိုက်တဲ့အချိန်မှာ ပြုံးနေခဲ့တယ်ရှင့်။ 'ကိုယ်မင်းကိုချစ်တယ်၊ ဘေဘ်'တဲ့လေ။ ကျွန်မကားမောင်းထွက်လာခဲ့တဲ့အချိန်မှာ ပြုံးနေတုန်းပဲရှိသေးတယ်။ ကျွန်မရဲ့ကောင်းမွန်နေတဲ့စိတ်အခြေအနေကြောင့် ကျွန်မအံ့အားသင့်မိတယ်။ ကျွန်မဘာလုပ်ဖို့သွားနေတယ်ဆိုတာကိုထောက်ရင်လေ။ အဲ့ဒါက စီစဉ်ထားတဲ့ထိုင်ဆန္ဒထုတ်ဖော်တာထက် သဘောဝကျကျကြားဝင်စွက်ဖက်ပစ်လိုက်တာမျိုးနဲ့ ပိုတူနေတဲ့ဟာကို။ ကျွန်မက အယ်လီဆာနဲ့မာရှယ်တို့ဆီ ညနေစာစားဖို့သွားမှာပဲ။ ဒါပေမဲ့ ရွိုင်းလ်ကတော့ ကျွန်မအဲ့ဒီကို ရည်ရွယ်ချက်တစ်ခုနဲ့ဦးတည်လာနေမှန်း မသိရှာဘူးလေ။

###

"လာဇအာနီရာလား" လို့ မာရှယ်တံခါးမကြီးကိုဖွင့်လိုက်တာနဲ့ ကျွန်မမေးလိုက်တယ်။ ကျွန်မကြက်သွန်ဖြူနဲ့ခရမ်းချဉ်သီးနံ့ကို လျှောက်လမ်းကနေ ရနေပြီရယ်။

"အယ်လီဆာရဲ့အကြိုက်ဆုံးဟာလေ" လို့ သူကပြောရင်း ကျွန်မနောက်ကျောဘက်ဆီ တံခါးပိတ်လိုက်တယ်။ သူက အမ်မီ့ကိုလှမ်းယူလိုက်ပြီး "ဦးဦးမာရှယ့်ဆီကိုလာပါဦး" လို့ သူမကိုသူ့ဆီဆွဲရင်း ပြောလိုက်တယ်။

သူ သူမကိုမျက်နှာဘေးတစ်ခုလုပ်ပြလိုက်တာနဲ့ သူမက တခစ်ခစ်ရယ်တော့တာပဲ။ မာရှယ်က အမ်မီ့သဘောကျနှစ်ခြိုက်တဲ့သူတွေထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ မာရှယ့်ကိုမချစ်တဲ့ကလေးတစ်ယောက်ရှာဖို့ကလည်း ဝန်ပိလိမ့်မယ်ထင်ပါရဲ့။ "အယ်လီဆာ မီးဖိုချောင်ထဲမှာလား"

မာရှယ်ကခေါင်းညိတ်လိုက်ပြီး "အင်း။ သူလည်း အဲ့ဒီမှာပဲ" လို့ တီးတိုးပြောတယ်။ "ငါတို့တွေ မင်းလာမယ်ဆိုတာကို ပြောမထားဘူး"

"ဟုတ်ပြီ" အမ်မီ့ပစ္စည်းအိတ်ကို ချပြီး မီးဖိုချောင်ဘက်ထွက်လာခဲ့တယ်။ ရွိုင်းလ်နဲ့အယ်လီဆာတို့ရဲ့အမေက ကျွန်မဖြတ်သွားတော့ ဧည့်ခန်းထဲမှာရွိုင်းလီနဲ့ထိုင်နေတယ်။ ကျွန်မသူမကိုလက်ဝှေ့ယမ်းပြလိုက်ပြီး သူမကပြုံးပြလာတယ်။ ဒါပေမဲ့ ကျွန်မစကားစမြည်ပြောဖို့ ရပ်မနေတော့ဘူး။ အယ်လီဆာကိုရှာဖို့ထွက်သွားလိုက်တယ်။

ကျွန်မမီးဖိုချောင်တံခါးပေါက်ကနေဖြတ်ဝင်လာတော့ ရွိုင်းလ်တစ်ယောက် ဘားပေါ်မှီကိုင်းပြီး အယ်လီဆာနဲ့စကားစမြည်ပြောနေတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ ကျွန်မနဲ့မျက်လုံးချင်းဆုံလိုက်တာနဲ့ သူ့ကျောရိုးတွေတောင့်တင်းသွားပြီး ခပ်မတ်မတ်ရပ်လိုက်တယ်။

ကျွန်မတစ်စက်လေးမှ မတုံ့ပြန်လိုက်ဘူး။ ရွိုင်းလ်တစ်ယောက် ကျွန်မအပေါ်မှာ ဘယ်လိုထိန်းချုပ်မှုမျိုးမှ လုပ်ထားနိုင်တယ်လို့ တွေးထင်မိမသွားစေချင်တော့ဘူး။

အယ်လီဆာက ကျွန်မကိုမျှော်နေခဲ့တာ။ သူမက ကျွန်မကို ခေါင်းတစ်ချက်ညိတ်ပြပြီး အသိအမှတ်ပြုလာတယ်။ အဲ့ဒီနောက် လာဇအာနီရာကို အိုဗန်ထဲထည့်ပိတ်လိုက်တယ်။ "လုံးဝအချိန်ကိုက်ပဲ" သူမက အိုးကိုင်တဲ့လက်နှီးကို ကောင်တာပေါ်ချပြီး စားပွဲပေါ်ထိုးပြလာတယ်။ "ငါတို့တွေ အဆင်သင့်ဖြစ်တဲ့အထိဆို (၄၅)မိနစ်အချိန်ရတယ်" လို့ သူမကပြောပြီး ကျွန်မနဲ့ရွိုင်းလ်တို့နှစ်ယောက်စလုံးကို စားပွဲဘက်ခေါ်လာတယ်။

"ဒါက ဘာလဲ" လို့ ရွိုင်းလ်ကမေးတယ်။ သူက ကျွန်မတို့နှစ်ယောက်ကြား အပြန်ပြန်အလှန်လှန်ကြည့်နေတယ်လေ။

"စကားပြောဆိုဆွေးနွေးကြတာတစ်ခုပါပဲ" လို့ အယ်လီဆာက ပြောပြီး သူ့ကို အတင်းထိုင်ခိုင်းတယ်။ ရွိုင်းလ်က သူ့မျက်လုံးတွေကိုအပေါ်ပင့်လှန်ပြလိုက်တယ်။ ဒါပေမဲ့ ကျွန်မနဲ့အယ်လီဆာတို့နှစ်ယောက်လုံးရဲ့မျက်နှာချင်းဆိုင်မှာ အင်တင်တင်နဲ့တော့ ဝင်ထိုင်လိုက်ပါတယ်။ သူက သူ့ထိုင်ခုံမှာကျောမှီချလိုက်ပြီး ရင်ဘတ်ပေါ်လက်ကိုပိုက်ထားတယ်။ အယ်လီဆာက ကျွန်မကိုလှမ်းကြည့်ပြီး စကားပြောဖို့အခွင့်အရေးပေးလာတယ်။

အခုချိန်မှာ ကျွန်မဘာလို့မကြောက်မလန့်ဖြစ်နေမိလဲဆိုတာ မသေချာဘူး။ အာ့တ်လက်စ် ရွိုင်းလ်နဲ့စကားပြောဆိုဆွေးနွေးတာတစ်ခုလုပ်ခဲ့ပြီးနှင့်တာက ကျွန်မရဲ့ပူပန်သောကအများစုကို စိတ်ချလက်ချဖြစ်စေခဲ့တာကြောင့် ဖြစ်ချင်ဖြစ်မယ်။ အယ်လီဆာနဲ့မာရှယ်တို့ တိုက်ခန်းထဲမှာ ကျွန်မတို့နဲ့အတူတူရှိနေကြတာကလည်း ကာကွယ်စောင့်ရှောက်မှုအလွှာတစ်ထပ်လို ခံစားရတယ်။ ပြီးတော့ ရွိုင်းလ်ရဲ့အမေ၊ သူမက ဘာတွေဖြစ်လာတော့မယ်မှန်း မသိဘူးဆိုတာတောင်မှပေါ့နော်။ ရွိုင်းလ်က သူ့အမေအနားမှာရှိနေတဲ့အချိန်ဆို သူ့အပြုအမူတွေကို ထိန်းထိန်းသိမ်းသိမ်းရှိတတ်တယ်။ ဒါကြောင့် သူမရှိနေတာအတွက် ကျွန်မကျေးဇူးတင်မိတယ်။

အခုချိန်မှာ ကျွန်မကိုဘယ်အရာက ခွန်အားတွေပေးစွမ်းလာလာ အဲ့ဒါကိုထိုင်ပြီးမေးခွန်းထုတ်နေမှာ မဟုတ်ဘူးရယ်။ ကျွန်မ အဲ့ဒါကိုအခွင့်ကောင်းယူပစ်မှာ။ "ရှင်က ကျွန်မ ကျွန်မရဲ့ရှေ့နေကိုစကားပြောခဲ့လားလို့ မနေ့က မေးခဲ့တယ်" ကျွန်မရွိုင်းလ်ကိုပြောလိုက်တယ်။ "ကျွန်မပြောခဲ့တယ်။ သူမက အကြံဉာဏ်တွေပေးလာတယ်"

ရွိုင်းလ်က သူ့အောက်နှုတ်ခမ်းကို စက္ကန့်ပိုင်းလောက် ကိုက်ဝါးနေတယ်။ အဲ့ဒီနောက် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး သူနားထောင်နေကြောင်းပြလာတယ်။

"ကျွန်မရှင့်ကို အမျက်ဒေါသကိုင်တွယ်ဖြေရှင်းရေးကုထုံးခံယူစေချင်တယ်"

ကျွန်မပါးစပ်ကနေ အဲ့ဒီစကားလုံးတွေထွက်သွားတာနဲ့ ရွိုင်းလ်ကရယ်တယ်။ သူက မတ်တပ်ထရပ်ပြီး သူ့ထိုင်ခုံကိုတွန်းပစ်ရင်း ဒီစကားဝိုင်းကိုအဆုံးသတ်လိုက်ဖို့ပြင်တယ်။ ဒါပေမဲ့ သူအဲ့ဒီလိုလုပ်လိုက်တာနဲ့ အယ်လီဆာက "ထိုင်ပါ၊ ကျေးဇူးပြုပြီး"

ရွိုင်းလ်က သူမကိုကြည့်လိုက်တယ်။ အဲ့ဒီနောက် ကျွန်မကိုကြည့်တယ်။ ပြီးတော့ သူမကိုပြန်ကြည့်တယ်။ ဘာတွေဖြစ်နေမှန်း သူစိတ်ထဲမှတ်ယူနှလုံးသွင်းနေတုန်း စက္ကန့်တွေအများကြီးကုန်လွန်သွားတယ်။ အခုချိန်မှာ သူ့စိတ်ထဲလှည့်ဖျားခံရသလိုခံစားနေပုံပဲ။ ဒါပေမဲ့ ကျွန်မဒီမှာရောက်နေတာ သူ့ကိုစာနာပေးဖို့မဟုတ်သလို သူ့ညီမကလည်း အဲ့ဒီလိုလုပ်ပေးမလို့ရောက်နေတာမဟုတ်ဘူး။

ရွိုင်းလ်က အယ်လီဆာကိုချစ်ပြီးလေးစားတယ်။ ဒီတော့ နောက်ဆုံး သူ့နေရာမှာသူပြန်ထိုင်လိုက်တယ်။ လောလောဆယ်ဒေါသတွေထွက်နေပေမဲ့လို့ပေါ့။

"ရှင်အမျက်ဒေါသကိုင်တွယ်ဖြေရှင်းရေးကုထုံးခံယူနေတဲ့ကာလတစ်လျှောက်မှာ ရှင့်ရဲ့အမ်မာဆန်နဲ့အလည်အပတ်တွေကို ဒီမှာပဲလုပ်ဖို့၊ ဒါမှမဟုတ်လည်း မာရှယ်နဲ့အယ်လီဆာတို့ရှိနေတဲ့ တစ်နေရာရာမှာပဲလုပ်ဖို့ ကျွန်မပိုဖြစ်စေချင်တယ်"

ရွိုင်းလ်က သူ့မျက်လုံးတွေကိုအယ်လီဆာဆီချာခနဲလှည့်ကြည့်လိုက်တယ်။ သူ သူမဆီပစ်လွှတ်လိုက်တဲ့ သစ္စာအဖောက်ခံရတဲ့အကြည့်က ကျွန်မတို့အတိတ်ရဲ့အနေအထားတစ်ခုတုန်းကဆိုရင် ကျွန်မချမ်းစိမ့်သွားမိမှာပဲ။ ဒါပေမဲ့ အခုအချိန်မှာတော့ အဲ့ဒီအကြည့်က ကျွန်မအတွက် ဘာမှမဟုတ်တော့ဘူး။

ကျွန်မဆက်ပြောလိုက်တယ်။ "ကျွန်မအပေါ်ပြုမူဆက်ဆံသွားမယ့် ရှင့်အပြုအမူတွေအပေါ်မူတည်ပြီး ရှင့်ကို ဘေးကကြီးကြပ်ပေးမယ့်သူ မပါဘဲ ကလေးမလေးတွေနဲ့အလည်အပတ်လုပ်ဖို့ ကျွန်မတို့စိတ်ထဲသက်တောင့်သက်သာဖြစ်လာတဲ့အချိန်ကျရင် ကျွန်မတို့တွေ မိသားစုတစ်ခုအဖြစ်ဆုံးဖြတ်လိုက်ကြမယ်"

"ကလေးမလေးတွေ" ရွိုင်းလ်က အယ်လီဆာကိုကြည့်ပြီး ယုံရခက်နေရင်းသံယောင်လိုက်ပြောလိုက်တယ်။ "ငါက ငါ့တူမအရင်းနားမှာ လုံခြုံစိတ်ချထားလို့မရဘူးလို့ နင့်စိတ်ထဲယုံကြည်လက်ခံလာအောင် သူမလုပ်ခဲ့တာလား" သူ့အသံက အခုဆိုပိုပြီးကျယ်လာပြီ။

မီးဖိုချောင်တံခါးက လွှဲအဖွင့်ခံလိုက်ရတယ်။ ပြီးတဲ့နောက် မာရှယ်ဝင်လာတယ်။ သူက စားပွဲထိပ်မှာနေရာယူလိုက်ပြီး ရွိုင်းလ်ဆီကနေ အယ်လီဆာကိုကြည့်လိုက်တယ်။ "မင်းအမေက ကလေးမလေးတွေနဲ့ဧည့်ခန်းထဲမှာရှိနေတယ်နော်" လို့ သူက အယ်လီဆာကိုပြောလိုက်ပြီး "ငါ ဘာတွေများလွတ်သွားပြီလဲ"

"မင်း ဒါကိုသိနေခဲ့တာလား" လို့ ရွိုင်းလ်က မာရှယ့်ကိုမေးလိုက်တယ်။

မာရှယ်က သူ့ကိုတစ်စက္ကန့်လောက်စိုက်ကြည့်လိုက်တယ်။ အဲ့ဒီနောက် အရှေ့ဘက်ဆီကိုယ်ကိုကိုင်းလာပြီး "မင်းပြီးခဲ့တဲ့အပတ်က ဒေါသကိုမချုပ်တည်းနိုင်တော့ဘဲ လီလီ့ကိုနံရံမှာ ဖိကပ်ထားခဲ့တာကို ငါသိနေတယ်လို့လား။ ဒါမှမဟုတ် မင်း သူမဆီပို့ခဲ့တဲ့စာတွေကို သိနေတယ်လို့လား။ ဒါမှမဟုတ် သူမက သူမရဲ့ရှေ့နေကိုစကားပြောဖြစ်ခဲ့တယ်လို့ပြောတော့ မင်းလုပ်ခဲ့တဲ့ခြိမ်းခြောက်တာတွေကိုလား"

ရွိုင်းလ်က မာရှယ့်ကို ဗလာသက်သက်ကြည့်နေခဲ့တယ်။ သူ့မျက်နှာကနီရဲနေတယ်။ ဒါပေမဲ့ သူက ချက်ချင်းမတုံ့ပြန်လာခဲ့ဘူး။ သူဟာ ချောင်ပိတ်မိနေပြီ။ ပြီးတော့ အဲ့ဒါကို သူသိတယ်။ "ေ-ာက်ကျိုးနည်း ကြားဝင်စွက်ဖက်မှုကြီးပဲ" လို့ ရွိုင်းလ်က ရေရွတ်လိုက်ရင်း ခေါင်းခါနေတယ်။ သူက မခံမရပ်နိုင်တာရယ်၊ စိတ်တွေတိုတာရယ်၊ နည်းနည်းသစ္စာအဖောက်ခံရသလိုရယ် ခံစားနေရတယ်။ နားလည်ပေးလို့ရပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့သဘောတူတာဖြစ်ဖြစ်၊ ဒါမှမဟုတ် သူ့ဘဝထဲမှာကျန်ရှိနေတဲ့ ပတ်သက်ဆက်နွယ်မှုနည်းနည်းပါးပါးကို အက်သွားအောင်လုပ်ပစ်တာဖြစ်ဖြစ် တစ်ခုခုကိုရွေးချယ်နိုင်တယ်။

ရွိုင်းလ်က ကျွန်မကို စိတ်မပါတဲ့အကြည့်နဲ့လှမ်းညှပ်ထားသလို စိုက်ကြည့်လာတယ်။ "ဘာရှိသေးလဲ" လို့ သူကမေးတယ်။ သူ့ကိုယ်သူဟုတ်လှပြီလို့ဘဝင်ခိုက်နေသလို တော်တော်လေးဖြစ်ရင်းပေါ့။

"ကျွန်မရှင့်ကိုလုံလောက်တာထက်ပိုပြီးမျက်နှာသာပေးထားခဲ့ပြီးပြီ၊ ရွိုင်းလ်။ ကျွန်မပေးထားခဲ့မှန်းလည်း ရှင်သိပါတယ်။ ဒါပေမဲ့ ဒီကနေ ရှေ့ဆက်ပြီးတော့ အမ်မာဆန်က ကျွန်မအတွက်ဘယ်လိုအရေးပါမှန်း ကျေးဇူးပြုပြီးသိထားပေးစမ်းပါ။ ရှင် ကျွန်မကိုဖြစ်ဖြစ်၊ ကျွန်မသမီးကိုဖြစ်ဖြစ် ခြိမ်းခြောက်တာ၊ ဒါမှဟုတ် ထိခိုက်နာကျင်အောင်တစ်ခုခုလုပ်လာတာရှိရင် ကျွန်မပိုင်သမျှအကုန်ရောင်းပြီး ရှင်နဲ့တရားခွင်မှာရင်ဆိုင်ပစ်လိုက်မယ်"

"ပြီးတော့ ငါက သူမကိုကူညီပေးဦးမှာ" လို့ အယ်လီဆာက ပြောတယ်။ "ငါနင့်ကိုချစ်ပါတယ်။ ဒါပေမဲ့ ငါ သူမကိုကူညီမှာပဲ"

ရွိုင်းလ်ရဲ့မေးရိုးက တလှုပ်လှုပ်ဖြစ်နေတယ်။ သူ့မျက်နှာထားက ဘာခံစားချက်မှမရှိတဲ့ပုံမျိုးဖြစ်နေတာကလွဲရင်ပေါ့။ သူက အယ်လီဆာကိုကြည့်တယ်။ အဲ့ဒီနောက် မာရှယ်ကိုကြည့်လိုက်တယ်။ အခန်းထဲမှာရှိနေတဲ့အားပြိုင်မှုကြီးက သိသာထင်ရှားနေတယ်။ ဒါပေမဲ့ ပံ့ပိုးထောက်ပံ့မှုကြီးကလည်း အသိအသာ၊ အထင်အရှားကြီးရှိနေတယ်။ ကျွန်မငိုချပစ်လို့ရတယ်၊ သူတို့ကိုအရမ်းကျေးဇူးတင်လွန်းလို့လေ။

သူတို့လိုလူမျိုးတွေမရှိကြတဲ့ အကြမ်းဖက်ခံသားကောင်တွေအားလုံးအတွက် ကျွန်မငိုလိုက်လို့ရနေပါပြီနော်။

ရွိုင်းလ်က ရှည်ကြာတဲ့နှလုံးတစ်ခုန်စာအကြာလောက် အရာအားလုံးပေါ်စိတ်မချမ်းမမြေ့ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်မလိုချင်တဲ့အနေအထားရောက်တဲ့အထိ ကျွန်မလုပ်ခဲ့ပြီးပြီ။ ပြီးတော့ ညှိနှိုင်းနေဖို့နေရာမရှိမှန်း သိသာအောင်လည်း အဲ့ဒါကိုလုပ်ခဲ့ပြီးပြီ။

သူက နောက်ဆုံးတော့ စားပွဲခုံကနေလှစ်ခနဲပြန်ထပြီး မတ်တပ်ရပ်လိုက်တယ်။ သူ့လက်တွေကို သူ့တင်ပါးတွေပေါ်တင်လိုက်ပြီး ကြမ်းပြင်ကိုငေးစိုက်ကြည့်နေတယ်။ အဲ့ဒီနောက် မီးဖိုချောင်တံခါးဘက်ထွက်မသွားခင် အသက်အရှည်ကြီးရှူသွင်းလိုက်တယ်။ သူက ထွက်မသွားခင် ကျွန်မတို့ဘက်ပြန်ကြည့်လာတယ်။ ဒါပေမဲ့ ကျွန်မတို့တစ်ယောက်နဲ့မှ အကြည့်ချင်းဆုံမသွားဘူး။ "ငါ ဒီအပတ်ကြာသပတေးနေ့ အလုပ်နားတယ်။ မင်းတို့ဒီမှာအမ်မာဆန်ရှိနေတာသေချာအောင် လုပ်ပေးချင်မယ်ဆိုရင် ငါ ဒီကို(၁၀)နာရီကျရောက်မယ်"

သူထွက်သွားတယ်။ ပြီးတော့ သူထွက်သွားတာလိုက်တာနဲ့ ကျွန်မရဲ့သံချပ်ကာအကာအရံက လဲပြိုဆင်းသွားပြီး ကျွန်မ ခြေပစ်လက်ပစ်ဖြစ်သွားတော့တယ်။ အယ်လီဆာက သူမလက်တွေကိုကျွန်မဆီပတ်ထွေးလာတယ်။ ဒါပေမဲ့ ကျွန်မစိတ်မကြည်မသာဖြစ်နေလို့ ငိုနေတာမဟုတ်ပါဘူး။ ကျွန်မငိုတယ်ဆိုတာ အရမ်း၊ အရမ်းကို စိတ်သက်သာရာရသွားလို့ပါပဲ။ ကျွန်မတို့တွေ အရေးပါအရာရောက်တဲ့တစ်ခုခုကို ပြီးမြောက်အောင်မြင်သွားခဲ့ကြသလို တကယ်ကြီးခံစားရတယ်။ "နင်တို့နှစ်ယောက်သာမရှိရင် ငါဘာလုပ်ရမယ်မှန်း မသိဘူး" လို့ အယ်လီဆာကိုဖက်ထားရင်း ကျွန်မ မျက်ရည်တွေကြားကပြောလိုက်တယ်။

သူမက သူမလက်နဲ့ကျွန်မဆံပင်ပေါ်ဖြတ်ပြေးသွားလိုက်ပြီး ပြောလာတယ်။ "နင်တော့ တော်တော်လေးစိတ်မချမ်းမမြေ့ဖြစ်နေမှာပေါ့၊ လီလီရယ်"

ကျွန်မတို့နှစ်ယောက် စပြီးရယ်မောလိုက်ကြတယ်။ ဘာရယ်ကြောင့်မှန်းတော့ မသိပါဘူး။ ။

Last edited date @ wattpad - 10.6.2023

Продовжити читання

Вам також сподобається

228K 22.5K 72
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
17.7K 1.2K 19
Paid Gp ရှိပါသည်။ Female strong lead ကို ဖတ်ချင်ပါက ဤ novelကိုဖတ်လိုက်ပါ။ တို့mc မမရဲ့ face slapping စကေးတွေနဲ့ အပြောစကေးတွေကိုမြင်ပြီးတာနဲ့ ကြွေသွား...
143K 15K 88
ဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ...
474K 56.8K 72
[ NGVM©2019 ] Original Author - @melo_marl မင်းသားကိုး ရှယုဟုန်နဲ့ တတိယအဆင့်အိမ်တော်၏သမီး ဘိုင်ချင်းရုန်တို့ရဲ့ ပြီးပြည့်စုံတဲ့အချစ်ဇာတ်လမ်းလေးဖြစ်လာ...