LORD OF ALL {Ongoing}

By _nayyyyy_

19.3K 1.3K 71

The contents of this story are written only with the writer's thoughts and ideas, and do not want to hurt or... More

CHAPTER - 1 [Unicode]
CHAPTER - 1 [Zawgyi]
CHAPTER - 2 [Unicode]
CHAPTER - 2 [Zawgyi]
CHAPTER - 3 [Unicode]
CHAPTER - 3 [Zawgyi]
CHAPTER - 4 [Unicode]
CHAPTER - 4 [Zawgyi]
CHAPTER - 5 [Unicode]
CHAPTER - 5 [Zawgyi]
CHAPTER - 6 [Unicode]
CHAPTER - 6 [Zawgyi]
CHAPTER - 7 [Zawgyi]
CHAPTER - 8 [Unicode]
CHAPTER - 8 [Zawgyi]
CHAPTER - 9 [Unicode]
CHAPTER - 9 [Zawgyi]
CHAPTER - 10 [Unicode]
CHAPTER - 10 [Zawgyi]
CHAPTER - 11 [Unicode]
CHAPTER - 11 [Zawgyi]
CHAPTER - 12 [Unicode]
CHAPTER - 12 [Zawgyi]
CHAPTER - 13 [Unicode]
CHAPTER - 13 [Zawgyi]
CHAPTER -14 [Unicode]
CHAPTER - 14 [Zawgyi]
CHAPTER - 15 [Unicode]
CHAPTER - 15 [Zawgyi]
CHAPTER - 16 [Unicode]
CHAPTER - 16 [Zawgyi]
CHAPTER - 17 [Unicode]
CHAPTER - 17 [Zawgyi]
CHAPTER - 18 [Unicode]
CHAPTER - 18 [Zawgyi]
CHAPTER - 19 [Unicode]
CHAPTER - 19 [Zawgyi]
CHAPTER - 20 [Unicode]
CHAPTER -20 [Zawgyi]
CHAPTER - 21 [Unicode]
CHAPTER - 21 [Zawgyi]
CHAPTER - 22 [Unicode]
CHAPTER - 22 [Zawgyi]

CHAPTER - 7 [Unicode]

477 43 0
By _nayyyyy_

တောက်ပြောင်နေသော ကြွေသားခင်းထားသည့်လျှောက်လမ်းထက်၌ တစ်လှမ်းချင်းလျှောက်လှမ်းလာသော Frederick ၏ခြေလှမ်းများကြောင့် အရာအားလုံးတိတ်ဆိတ်သွားသလို

ဖြတ်သွားရာလမ်းတစ်လျှောက် လုံခြုံရေးယူနေကြသည့် လူများကလည်း သိသိသာသာအရိုအသေပြုကြ၏။

ထိုလုံခြုံရေးများသည် ယူကရိန်းနိုင်ငံ ဝန်ကြီးချုပ်၏ လူများဖြစ်သည့်တိုင်အောင်ပေါ့

Denmark နိုင်ငံသား Frederick Hansen ဆိုတာဘယ်လိုလူမျိုးမလို့လဲ

နိုင်ငံရေးသမားများ၊စီးပွားရေးသမားများ
အားလုံးကို လက်ခုပ်ထဲကရေလို သွန်ချင်သွန် ‌မှောက်ချင်မှောက် ပြောင်းပြန်ဖြစ်အောင် လုပ်ဆောင်နိုင်သောလူတစ်ယောက်

Europeတစ်ခွင် အာဏာရှိသူတိုင်းက
သူနှင့်ကင်းလွတ်သူဟူ၍မရှိ။

Frederick လက်အောက်မှထွက်သည့် လက်နက်မျိုးစုံ၊‌စစ်ဘက်ဆိုင်ရာသုံး ပစ္စည်းအားလုံးက
အားလုံးထက်သာလွန်နေတာမလို့ အထက်ပိုင်းသက်ဆိုင်ရာတွေက သူ့ကိုချည်းကပ်ကြတာမထူးဆန်း။

အထူးသဖြင့် စစ်နှင့်ကင်းလွတ်မှုမရှိဘဲ
အမြဲလက်နက်၊တိုက်ပွဲများနှင့်သာ
လည်ပင်းဖက်ပေါင်းနေရသည့် Ukraine,Afghanistan,Iran,Israle ....
စသည့်နိုင်ငံများက ပိုဆိုး၏။

အကျိူးလို၍ ညောင်ရေသွန်းပြီး ချည်းကပ်သူများရှိသလို အချိန်မရွေးရိုက်ချပုတ်ခတ်ပြီး အောက်ဆွဲချဖို့စောင့်နေသူများကလည်း ဒုနဲ့ဒေး

သို့ပေမယ့် Frederickဆိုတာ ဒီနေရာကိုလွယ်လွယ်နဲ့ရောက်ခဲ့တာမဟုတ်သည့်အတွက် တစ်ခဏလေးနဲ့ ယိုင်နဲ့သွားမည့်သူမဟုတ်။

ယိုင်နဲ့သွားလို့မရအောင်ကို သူ့အာဏာကနေရာတိုင်းမှာသက်ရောက်နေသလို
သူစေခိုင်းလိုက်တာနဲ့ သူ့ခြေရင်းမှာပြားပြားဝပ်လာကြမယ့် လူတွေကလည်း နိုင်ငံတိုင်း၏အကြီးပိုင်းဆိုင်ရာတွေချည်းသာ။

သူကိုယ်တိုင်ဝင်မဖြေရှင်းရင်တောင် အားလုံးကိုထိန်းချုပ်ဖို့ သူ့ရဲ့လက်ရုံးနှစ်ယောက်ဖြစ်တဲ့ Evan နဲ့ Silas ကသူ့ဘေးနားမှာ အသင့်ရှိနေခဲ့ပြီးသား

ဒါကြောင့် အရာအားလုံးကိုဆောင်ရွက်ဖို့ဆိုတာ သူ့ရဲ့အမိန့်တစ်ခုပဲလိုအပ်တာ

မတရားမှုဘက်မှာ မနေထိုင်သလို
တရားမျှတခြင်းမှာလည်း ပါဝင်မှုမရှိ။

တကယ်တော့ Frederick Hansen ဆိုတာတောဘုရင်ခြင်္သေ့လို အရှိန်အဝါနဲ့ အားလုံးကို ဦးကျိုးစေနိုင်တဲ့Lord

Frederick ၏အတွေး၊‌‌ ခြေလှမ်းများကို ဘယ်သူကမှခန့်မှန်း၍မရ။
သူကိုယ်တိုင်သာလျှင်သိနိုင်၏။

///////////////////////////////////////

"Frederick Hansen ရောက်လာပါပြီ"

အကြောင်းလာကြားသည့် လက်ရုံးတစ်ယောက်ကြောင့် prime ministerက ခေါင်းငြိမ့်ပြလိုက်၏။

ထို့နောက်ဝင်လာမည့်သူအားအရိုအသေပြုဖို့ရာ ထိုင်ရာမှထရပ်လိုက်ပြီးနောက် ငြိမ်သက်နေ၏။

မကြာလိုက်။
ဖွင့်ဟသွားသည့်တံခါးမှတစ်ဆင့်
ယူကရိန်းနိုင်ငံ၏ဝန်ကြီးချုပ်တောင်အရိုအသေပေးရသည့် Frederick Hansen
ဆိုသူကဝင်ရောက်လာတော့သည်။

"လာ ကြွပါ"

ပြာပြာသလဲလဲ အပြုအမူများနှင့်လောကွတ်ချော်လိုက်သည့်စကားမှန်းသိသာသွားသော်လည်း Frederick ကခေါင်းတစ်ချက်သာညိတ်ပြလာကာ နေရာ၌‌ ခြေချိတ်ပြီးဝင်ထိုင်လိုက်သည်။

ထို့နောက်စားပွဲပေါ်၌တင်ထားသည့် cig‌arette တစ်လိပ်ကိုယူကာ တစ်ရှိုက် ရှိုက်လိုက်၏။

"ကျွန်တော်တို့မတွေ့ဖြစ်တာတောင်ကြာပြီပဲ"

Prime Ministerက စကားပြောနေသည့်တိုင် Frederickဘက်ကဘာစကားမှထွက်
မလာသေး။

ပြောနေသည့် prime ministerက
အနည်းငယ်တော့မျက်နှာပျက်သွား၏။

သို့ပါသော်လည်း အပြုံးတော့မပျက်။
ပျက်ယွင်းနေသည့်မျက်နှာအား အတင်းလုပ်ယူ၍ပြုံးထားရသည်မှာ သိသိသာသာ။

"ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"

ရိုရိုကျိုးကျိုးမေးနေသည့် prime minister၏မျက်နှာက အခြေအနေမလှတော့

တကယ်တော့ frederick က သူ့ထက်သုံးနှစ်လောက်ငယ်ကာ သူ့ထက်ငယ်သူအား ဦးညွတ်ပြောနေရသည်မို့ သူ့အတွက်ကသိက္ခာကျသလိုခံစားနေရလေသည်။

ဤသည်ကို Frederick ကလည်းသိပုံပေါ်၏။

ဟက်!!

နှုတ်ခမ်းပါးတို့တစ်ချက်တွန့်ကွေးလိုက်ကာ

"Partyကိုရောက်နေတယ်ဆိုတဲ့အကြောင်းကြားမိလို့ပါ။ဝန်ကြီးချုပ်ကြီးက ရှောင်နေတာဆိုတော့ ကျွန်တော်ကပဲ ကိုယ်တိုင်လာရတာပေါ့"

"ဟားး ဟားး မဟုတ်ပါဘူး။တကယ်တော့
ဒီနေ့ Frederick မလာဘူးလို့ပဲထင်ထားတာ"

အေးစက်စက်စကားသံကြောင့် prime ministerက စကား‌လမ်းကြောင်းပြောင်းလိုက်၏။

ရယ်မောကာ ပြောဆိုလိုက်သော်လည်း ရှေ့မှတည်တံ့နေသူကြောင့် အရယ်တို့ကကြာကြာမခံလိုက်။

ထိုလူကိုမြင်နေလျှင်တောင် အလိုလိုရှိန်နေရသည့်အထဲ တည်တံ့သွားသည့်အခါမှာတော့
‌ခြေကုပ်သွားရစမြဲ။

"ဘာရယ်မဟုတ်ပါဘူး။သတိပေးစရာလေးရှိလို့လာရင်းနဲ့
ဒီတစ်ခေါက် ထုတ်မယ့်လေယာဉ်အသစ်ကို Israle ဘက်ကဦးသွားပြီဆိုတာပါလာပြောတာ"

"ကျွန်တော်တို့ဘက်ကဈေးပိုပေးပါ့မယ်။အဆင်ပြေရင်စာချုပ်ကို သူတို့အစားကျွန်တော်တို့ကိုလွှဲပြောင်းပေးဖို့.."

"ကျွန်တော်က အဲ့လိုလူမျိုးမဟုတ်တာ ခင်ဗျားသိမှာပါ။ပြီးတော့အရင်တစ်ခေါက်က ..."

ဆက်မပြောလာတော့ဘဲ သိတယ်မလား ဆိုသည့်ပုံစံဖြင့်ကြည့်လာသည့်Frederick ကြောင့် အပြစ်လုပ်ထားမိသူတစ်ယောက်လို prime minister ခေါင်းငုံ့မိသွား၏။

"ကျွန်တော့်ဘက်က ခင်ဗျားတို့ကို အချင်းချင်းလေးစားသမှုနဲ့ ခင်ဗျားတို့ဘက်က လိုအပ်သလောက် ထုတ်လုပ်ပေးနေတာ။ဒါပေမယ့် အခုနောက်ပိုင်းမလိုအပ်တဲ့သတင်းတွေကြားနေရတာက အဆင်မပြေဘူး"

မီးစွဲနေသည့် ဆေးလိပ်ပြာကိုတစ်ချက်တောက်ချလိုက်ပြီး Frederick က‌ အေးစက်စက်ပြုံးပြ၏။

"ကျွန်တော်စည်း‌ကျော်မိလို့တောင်းပန်ပါတယ်။"

"ကိုယ့်အခြေအနေကိုယ်သိတာကောင်းပါတယ်။
အဲ့တော့ ဘာလုပ်လုပ်သိတာမလို့
လိုတာထက်ပိုပြီးဇောင်းမကြွစေဖို့
လာသတိပေးတာ။ "

ပြောပြီးတာနှင့် ချိတ်ထားသည့်ခြေထောက်ကိုဖြုတ်ချကာ ထိုင်ရာမှထလိုက်တော့
prime ministerကပါလိုက်ထကာ Frederick အားအလိုလိုဦးညွတ်လျက်သား

"မလိုအပ်တဲ့သတင်းတွေထပ်ပြန့်လာရင် ရောင်းဝယ်ခွင့်စာချုပ်ကို ဖျက်သိမ်းဖို့က တရားဝင်သွားလိမ့်မယ်"

စကားအဆုံးမှာတော့ အသံမထွက်ဘဲခေါင်းညိတ်ပြလာသည့် ဝန်ကြီးချုပ်အားကြည့်လိုက်၏။

Frederick ပြောလိုက်သည့်စကားများကြောင့် ခံပြင်းနေမှာ သေချာ၏။

သို့သော်မတတ်နိုင်။

သူထုတ်လုပ်သည့် ပစ္စည်းများကို
နောက်ကွယ်မှာပြန်လည်ရောင်းဝယ်ဖောက်‌ကားနေပါသည်ဆိုသည့် လုပ်ရပ်များက Frederick Hansen အားစော်ကားတာနှင့်တူပါ၏။

///////////////////////////

"Mrs.Susan က $15billionနဲ့ လေလံနိုင်သွားပါပြီ"

ဖြောင်း!!ဖြောင်း!! ဖြောင်း!!

ကျယ်လောင်သော လက်ခုပ်သံများထွက်လာပြီးနောက် လူများသည့် ရှေ့ရှိဝိုင်ခွက်များအားကိုင်ကာ လေလံနိုင်သွားသည့်သူအား ဂုဏ်ပြုရန် ပြင်ဆင်ကြ၏။

ဝိုင်ခွက်ကိုဆွဲကိုင်ကာမြှောက်ပြီးသိပ်မကြာလိုက်
လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည့်
ဝှစ်ခနဲဟုသည့်အသံတစ်ခုနှင့် အတူ

ထိုလေလံနိုင်သွားသည့်အမျိုးသမီး၏ ဘေးရှိbodygurd၏ ခေါင်းထဲသို့ ကျည်ဆံတစ်ခုကထိုးဖောက်ဝင်ရောက်သွားတော့သည်။

အချစ်များစွာဖြင့်
နေး

29.12.2022(10hr07min)

(နေး - Ukraine ရောက်နေတဲ့အပိုင်းက မပြီးသေးပါဘူး။‌ နောက်တစ်ပိုင်းမှပြီးမှာပါ။
ဖတ်ရတာ ဆန့်တငင်ငင်ကြီးဖြစ်နေမှာသိပေမယ့် ဒီလောက်နဲ့ပဲဖြတ်လိုက်ပါ့မယ်နော်။ဘာလို့ဆို နောက်တစ်ပိုင်းကြတော့ Ianအခန်းကို ဦးစားပေးရေးချင်လို့ပါ။
မနက်ဖြန်နောက်တစ်ပိုင်းတင်ပေးပါ့မယ်)

///////////////////////////
/////////////////////////////////////////////////////////////////

Continue Reading

You'll Also Like

378K 68.9K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
259K 24.9K 189
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
49.5K 6K 200
အပိုင်း ၁၂၈၁ မှ ၁၇၇၃ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလ...
998K 77.1K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest