မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူ...

By suekhatpann

264K 13.8K 1.1K

🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-10
Part-11
Part-12
Part-13
Part- 14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part- 33
Part-34
Part -35
Part- 36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part- 79
Part-80
Part-81
Part-82

Part-9

2.9K 122 5
By suekhatpann

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၉)

"ပန်ပန်..."

နားခိုင်းသည့်အချိန်၌ အအိပ်လွန်ပြီး အိပ်စာတွေမလုပ်ခဲ့ရမိသဖြင့် အသဲအသန်စာကုန်းရေးနေသည့်ပန်ပန် ဝေယံ့ခေါ်သံကြောင့် မျက်မှောင်ကြီးကိုကျုံ့ထားမိလျက်..

"ဘာလဲ..."

"နင့်ကိုငါကြိုက်တယ်.."

"အင်း..."

လူကအိမ်စာပြီးဖို့သာ စိတ်ရောက်နေတော့ ဝေယံဘာပြောလိုက်ရမှန်း သေချာမသိဘဲပြီးပြီးရော ခေါင်းညိတ်ပြီး စာသာဆက်ရေးနေသည်။ ဝေယံက သူမရှေ့ကို ဘတ်ခနဲ့ဝင်ထိုင်လိုက်ရင်း

"ငါပြောတာကြားလား.."

"ကြားတယ်.. ပြော.."

"ဒါဖြင့် ငါဘာပြောလိုက်လဲ.."

"အမ်....ဟိုဟာ.."

ဇဝေဇဝဝါဖြစ်သွားပြီး စာရေးနေသည့်လက်က တန့်သွားသည်။ ဝေယံ့ကိုကြည့်လိုက်တော့ မျက်နှာကအပိုးမကျိုး။ ဒီကောင်ကရုပ်ချောသလို အမြဲတမ်းလည်း ပြောင်စပ်စပ်နှင့်။ မျက်နှာထားတည်တာတောင်မရှိသလောက်ပဲ။

"Sorry နင်ဘာပြောလိုက်သလဲ ပြန်ပြောပါလား"

ဝေယံကဘာမှမပြောဘဲ သူမကိုကြည့်ပြီး

"ရော့..."

"ဟင်.. ဘာလဲ.."

လက်ထဲထိုးပေးလာသည့်စာအိတ်တစ်ခုကြောင့် ပန်ပန်ကြောင်အမ်းအမ်းနှင့်ယူလိုက်သည်။ ဝေယံက ပြုံးစိစိနှင့်

"ရည်းစားစာ.."

"ဘာ..."

"နင့်ကိုရည်းစားစာပေးတာလေ.."

ပန်ပန်မျက်နှာလေးရဲတက်သွားတော့သည်။ ရုတ်တရက်မို့ လူကလည်းထူပူကာဘာပြန်ပြောရမှန်းမသိအောင်ဖြစ်နေရသည်။ ဝေယံ ဒီလောက်အတင့်ရဲလိမ့်မည်ဟု ထင်မှမထားဘဲ။ အခုလည်း ခပ်တည်တည်ပင်

"ငါ့ကိုဘယ်တော့ စာပြန်မှာလဲ.."

"ဘာကိုလဲ.. ငါကဘာကိုစာပြန်ရမှာတုန်း.."

"နင်ငါ့ဆီကစာလက်ခံလိုက်ပြီလေ ပြန်မှရမှာပေါ့.."

ကြည့်စမ်း.. ဒီကောင်သက်သက်လူလည်ကျနေတာ။ ပန်ပန်စိတ်တိုသွားပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် မျက်လုံးတောင့်၌ ဖျပ်ခနဲ့ မြင်လိုက်သည်က ကေဇင်။

ခေါင်းထဲလက်ခနဲ့ပေါ်သွားသည့်အကြံက တစ်ချိန်လုံး သူမကိုစိတ်ဒုက္ခပေးနေသည့် ကေဇင်မကို တနုံ့နုံ့လောင်မြိုက်နေအောင် လုပ်ပစ်ချင်သည့်စိတ်..။

ဝေယံကိုအသေအလဲကြိုက်ပြီး ဝေယံ့အမေလာလျှင်လည်း ကပ်ဖားရပ်ဖားလုပ်တတ်သည့် ကေဇင်မကို ပညာပေးချင်စိတ်က အတွေးထဲ လျက်တပြိုက်ဝင်လာလေတော့ပန်ပန်တမင်ပြုံးလိုက်ပြီး

"အင်း.. ဟုတ်ပြီ ငါနင့်ကိုဒီတစ်ပတ်အတွင်း စာပြန်ပေးမယ်.."

"ဟင်.. နင်တကယ်ပြောတာနော်.. ငါလိုချင်တဲ့အဖြေပေးမှာလား"

"အင်း.. နင်ပေးတဲ့ရည်းစားစာကိုငါဖတ်ပြီး ရင်ခုန်လာခဲ့ရင်တော့ ပေးသင့်ပေးရမှာပေါ့"

စာရွက်ကိုမြှောက်ရင်း ကေဇင်မ ကြားအောင်ကိုလေသံမြင့်ပြီးပြောလိုက်သည်။ ပန်ပန် လက်ထဲကစာအိတ်ကိုကြည့်ပြီး ကေဇင်မ မျက်နှာပုပ်သိုးသွားသည်မှာ မြင်မကောင်းအောင်ပင်။ မျောက်အိုကြီး သံပရာသီးကိုက်မိသလို ဖြစ်ပျက်သွားသည့်မျက်နှာကိုကြည့်ပြီး ပန်ပန် သဘောကျလိုက်သည်ဖြစ်ခြင်း..။

ငါနဲ့များလာယှဉ်ရဲသေးတယ် ကေဇင်မရယ်
ဉာဏ်မကောင်းတာချင်းအတူတူ ငါကနင့်ထက် ရုပ်ပိုချောတော့ တစ်ပန်းသာတယ် အဟင်း..

စိတ်ထဲကဆိုရင်း ကြိတ်ပြီးပီတိဖြစ်မိသည်မှာလည်းမပြောနှင့်။ ဒီဟာမကို အနိုင်ယူရသည့်ခံစားချက်က လေညှင်းခံနေသလိုပဲ တစိမ့်စိမ့်နှင့် ခံစားလို့ကောင်းလိုက်တာနော်...။

ရုပ်ပျက်ဆင်းပျက်ကို မျက်နှာပျက်သွားသော ကေဇင်မကိုကြည့်ပြီး တစ်နေကုန် အူမြူးနေလိုက်တာများ တစ်ချက်တစ်ချက် တခစ်ခစ်နှင့် ထရယ်လိုက်မိသေးပါရဲ့။

သို့သော် ဒါကပြသာနာကြီးတစ်ခုဖြစ်လာစေမည်မှန်း ကလေးအတွေးတွေနှင့် ပန်ပန်ဘယ်သိခဲ့မည်လဲ။ တကယ်ဆိုရင် ပန်ပန်ဝေယံ့ဆီက စာကိုလက်ခံလိုက်ခြင်းက အမြဲသူမကိုဒုက္ခပေးဖို့ကြံစည်နေတတ်သည့်ကေဇင်မကိုအနိုင်ယူဖို့အတွက်သာ။ ပန်ပန့်အတွေးတွေက ရိုးစင်းခဲ့ပါသည်။  ဝေယံ့ကိုမကြိုက်သော်လည်း ဝေယံ့ကိုဖျတ်ဖျတ်လူးကြိုက်နေသည့်ကေဇင်မကြောင့် ကြိုက်ချင်ဟန်ဆောင်ပြီး တမင်ကိုလုပ်ပြကာ အနိုင်ပိုင်းလိုက်ခြင်းပင်။ သို့သော်ငြာလည်း..

"မုဒိတာပန်ရည်းစားထားတယ်..."

ဆိုသည့်သတင်းကာ စည်းကမ်းတင်းကျပ်သည့် အဆောင်ထဲ၌ အတော့်ကိုဂယက်ထသွားတော့သည်။ ဆရာမကြီးကိုယ်တိုင် ပန်ပန့်ကိုခေါ်မေးရသည်အထိ အခြေအနေကကြီးထွားကုန်သည်။

"ဒါကဘယ်လိုဖြစ်သလဲမုဒိတာပန် နင်နဲ့ဝေယံ ကြိုက်နေကြတယ်ဟုတ်လား.."

"ဟင့်အင်း.. မဟုတ်ပါဘူး ဆရာမကြီး."

ပန်ပန်အထိတ်တလန့်ငြင်းဆန်ဖို့ကြိုးစားသည့်တိုင် ဆရာမကြီးကာ အလွန်စိတ်ဆိုးနေသော မျက်နှာထားနှင့်

"နင်.. ငါ့ကိုမညာနဲ့စမ်း.. ဝေယံနင့်ကိုပေးတဲ့ ရည်းစားစာ ငါရပြီးပြီ.."

"ဟင်.."

ဆရာမကြီးစကားကြားတော့ ပန်ပန်လည်း လန့်သွားရသည်။ တကယ်လည်း ဝေယံ့စာက ဆရာမကြီးလက်ထဲရောက်နေပြီဖြစ်သည်။ ပန်ပန်အံ့ဩသင့်သွားလျက်

"ဒါဘယ်လိုလုပ်ဆရာမကြီးဆီ ရောက်နေသလဲ ပန်ပန့်အိတ်ထဲမှာပဲ ထည့်ထားတာကို.."

"အေ.. ညည်းရည်းစားထားနေတယ်လို့ ငါ့ကိုကေဇင်လာပြောလို့ ဟုတ်မဟုတ် ညည်းအိတ်ထဲ စစ်ဆေးကြည့်လိုက်တာပဲ ပန်ပန်.."

ကြည့်စမ်း.. ကေဇင်မ ဘယ်လောက်တောင် ယုတ်ပဲ့သလဲ။ ဝေယံသာသူ့ကိုစာပေးကြည့်ပါလား..။ တိတ်တိတ်လေးသိမ်းထားပြီးကို ခိုးယွလိုက်မယ် ဖြစ်ခြင်း။ အခုတော့ မစားရသည့်အမဲ သဲနှင့်ကို တမင်ဖြန်းပက်လိုက်သည်။

တောက်.. သောက်ကျင့်မကောင်းတဲ့ကောင်မ။

ပန်ပန်ဒေါသတွေထွက်ပြီး စိတ်ထဲကနေ ကျိန်ဆဲမိသည်။ တကယ်က ကေဇင်မဒီလောက်အထိ လုပ်လာလိမ့်မည်ဟု တွေးမထားသည့်ပန်ပန်အမှားပင်။ တစ်ယောက်ကိုတစ်ယောက် မကျေမနပ်နှင့် မုန်းနေရင်တောင် ဒီလိုအထိလုပ်စရာလိုလို့လား။ ဘယ်လောက်ထိပြသာနာကြီးသွားနိုင်လဲဆိုတာ မသိတာလည်းမဟုတ်။

စိတ်ကောင်းမရှိမှန်းသိပေမဲ့ အနည်းဆုံးတော့ လူစိတ်လေးရှိမယ်ထင်ထားတာကို ဒီကောင်မကကိုးရီးယားကားထဲကမင်းသားကို တစ်ဖက်သတ်လိုက်ကြိုက်တဲ့မိန်းမအထာမျိုး ဖမ်းနေတာပဲ။ အော်လီအော်လက်မ...။

"မုဒိတာပန်.. နင်ဘာပြောချင်သေးလဲ.."

မျက်နှာပျက်နေသည့်ပန်ပန်ကိုကြည့်ပြီး ဆရာမကြီးက စိတ်ဆိုးစွာမေးလာသည်။ ပန်ပန် မှင်သေသေနှင့်ပင်

"ပန်ပန် ရည်းစားမထားဘူး.."

"ဘာ..ဒီလောက်လက်ပူးလက်ကြပ်မိတာတောင်  နင်ငါ့ကိုဗြောင်လိမ်နေသလား.. ဟမ်"

"ဝေယံကရည်းစားစာပေးတာကို ပန်ပန်ယူလိုက်တာပဲရှိတယ်လေ ဒါကရည်းစားထားတာမှ မဟုတ်တာကို.."

ဂျစ်ကန်ကန်နှင့်ဆိုလိုက်သည့်ပန်ပန့်စကားက ဆရာမကြီးကို ပိုဒေါသထွက်စေကာ..

"ငါ့ရှေ့လာပြီးစကားကိုကပ်ဖဲ့ပြီးမပြောနဲ့ ပန်ပန် ငါ့အဆောင်စည်းကမ်းကို နင်သိတယ်နော် ဒီအဆောင်မှာ ယောင်္ကျားနဲ့မိန်းမ မလိုအပ်ဘဲ စကားတောင်မပြောရဘူး ရည်းစားထားတယ်ဆိုတာ အကြီးမားဆုံးအပြစ်ပဲ ငါလုံးဝခွင့်မလွတ်ဘူး"

"ရည်းစားမဟုတ်သေးပါဘူးဆို.."

"တိတ်စမ်း.. ဒါဆိုညည်းကဘာကိစ္စစာကို လက်ခံယူရသလဲ.."

ပန်ပန်နှုတ်ဆိတ်ကာ ခေါင်းငုံ့မိသည်။ ဒီအတွက် ပြောစရာစကားမှမရှိဘဲ။ အပြင်ဘက်တွင် ဆယ်တန်းကျောင်းသားတွေအပြင် ကိုးတန်းကျောင်းသားတွေကပါ ကွက်ကြည့်ကွက်ကြည့်လုပ်နေသောကြောင့် ရှက်စိတ်ဖြင့် လူကအေးစက်တောင့်တင်းနေတော့သည်။

"ညည်းမရှက်ဘူးလား မုဒိတာပန်.. လူကစာသာမရတာ ရည်းစားကထားချင်နေပြီ ဒီအရွယ်နဲ့ နန့်ချင်နေတယ် နင်ဘာအသုံးကျလဲ.."

ဆရာမကြီးကာ နာအောင်ပြောတတ်ပါသည်။ စကားပြောကြမ်းပေမဲ့ စေတနာပါသည်ဟုပဲဆိုဆို ကြားရသူအဖို့နားခါးလှ၏။ ထိန်းထားသည့်ကြားမှ မျက်ရည်တွေက ရစ်ဝဲချင်လာသည်။

"နင့်အမေကို နင်မသနားဘူးလား နင့်ကိုစာရစေချင်လို့ သူ့မှာမရှိမဲ့ရှိမဲ့လေးစုပြီးလာထားရတယ် သူ့ခမျာဘယ်လောက်ပင်ပန်းနေရလဲ နင်တကယ်မသိတတ်ဘူးပဲ ငါကဘယ်သူ့ကိုမှ အကြွေးနဲ့လက်မခံဘူးမုဒိတာပန် နင့်အမေကိုတော့ သနားလို့ အရစ်ကျနဲ့လက်ခံပေးခဲ့တယ်..ဒါကိုနင်က စာကြိုးစားမယ်မရှိဘူး စိတ်ကကစားနေပြီ တောက်.."

ဒါက.. စေတနာနှင့်ပြောဆိုဆုံးမခြင်းလား။ ဒါမှမဟုတ် ပန်ပန့်အခြေအနေကို လူတွေကြားထဲ ဖော်ပြလိုက်သည်လား။ ငယ်ရွယ်ပြီး အသိတရားနည်းပါးသည့်အရွယ်အတွက် ဒါကိုစေတနာစကားဟုတော့ ဘယ်လိုမှလက်သင့်မခံနိုင်ပါ။

မျက်ရည်တွေ ရစ်ဝဲနေသည့်မျက်ဝန်းတွေနှင့် ဘေးဘီဝဲယာကိုကြည့်လိုက်တော့ ကျောင်းသားတွေက ဒီနားပဲစုရုံးစုရုံးနှင့် ပန်ပန့်ကိုစိတ်ဝင်တစားကြည့်နေကြသည်မှာ မသိလျှင် မျောက်ပွဲပြနေသကဲ့သို့ပင်။

လှောင်ရယ်နေကြမည်လား။ သနားသလိုကြည့်နေမည်လား..။ မုန့်ဟင်းခါးသည်ရဲ့သမီးက သူဌေးသားဆီက ရည်းစားစာလက်ခံရသည်ကို အထူးအဆန်းဖြစ်နေကြမည်လား..။ သေချာသည်က သူမကိုကြည့်နေသည့်ထိုလူအုပ်ထဲ၌ ကေဇင်မပါမှာတော့မလွဲချေ။

ဒါကိုတွေးမိတော့ရင်ထဲနင့်ခနဲ့ခံစားရပြီး ခံစားချက်တွေကဘယ်လိုဖြစ်သွားရမှန်းမသိပါ။ အမှားအမှန်လည်းမသိတော့ပါ။ ငယ်ရွယ်သည့်စိတ်ကြောင့် ခံပြင်းမှုတွေနှင့် အရွဲ့တိုက်လိုစိတ်သာ ပိုကြီးထွားလာသည်။

ခဏနေတော့ ဆရာမကြီးခေါ်ခိုင်းလိုက်သဖြင့် အမေရောက်လာသည်။ အဖြစ်အပျက်တွေကို သိတော့ ဒေါ်မိုးမှာရှက်လွန်းသဖြင့် ဆရာမကြီးကို တတွတ်တွတ်သာတောင်းပန်တော့သည်။ ပန်ပန်ကာ အမေ့ဘေးတွင် မတုန်မလှုပ်ပင် ရပ်နေမိသည်။

"အားတော့နာပါတယ်မမိုး မုဒိတာပန်ကို ဒီအဆောင်မှာဆက်ထားဖို့ မဖြစ်နိုင်တော့ဘူး"

"မလုပ်ပါနဲ့ ဆရာမကြီးရယ်.. ကျွန်မသမီးကို ကျွန်မသေချာဆုံးမပါ့မယ် နောက်နောင်ဒီလိုမဖြစ်အောင် တာဝန်ယူပေးမှာမို့ တစ်ခါလောက်တော့ အခွင့်အရေးပေးပါနော်.."

အမေကမျက်ရည်တစမ်းစမ်းနှင့် တောင်းပန်၏။ ဆရာမကြီးကာ ပြတ်လှသည်။ သူ့အဆောင်၏တင်းကျပ်သောစည်းကမ်းအရ ပန်ပန်ကို လက်မခံနိုင်တော့ကြောင်းသာ မျက်နှာထားမာမာနှင့်ဆိုသည်။

ပန်ပန်လည်း ဘယ်လိုမှမခံမရပ်ဖြစ်လာပြီး

"မနေနဲ့ဆိုလည်း ပန်ပန်မနေဘူးပေါ့ဆရာမကြီး"

"ဟဲ့.. သမီး နင်ဘာပြောလိုက်သလဲ.."

အမေက ဒေါသတကြီးထဆိုသည်။ ပန်ပန် အမေ့ကိုဂရုမစိုက်ဘဲ ဆရာမကြီးကိုသာ မှင်သေသေကြည့်လိုက်ပြီး

"ရည်းစားစာလက်ခံမိလို့ ပန်ပန်ကစည်းကမ်းချိုးဖောက်ပြီး အပြစ်ရှိတယ်ဆိုရင် ရည်းစားစာပေးတဲ့ဝေယံကရော အပြစ်မရှိဘူးလား.. ဒီကိစ္စမှာ ပန်ပန်ပဲမှားတယ်လို့ထင်နေတဲ့ဆရာမကြီးအမြင်က မျက်နှာကြီးရာဟင်းဖတ်မပါလွန်းဘူးလား"

"ဘာပြောတယ်..."

"သမီး...."

အမေကတားဖို့ကြိုးစားသော်လည်း နဂိုကမှ မမှန်ဘူးထင်ရင် ဘယ်သူ့ကိုမဆိုပြန်ကန်ပြောတတ်သောပန်ပန့်ကို တားမရခဲ့ပါ.။

"ဝေယံ့ကိုခေါ်ဆူတာလည်းမတွေ့ဘူးနော်.. သူ့မိဘတွေလာခေါ်သွားတာပဲမြင်တယ် စည်းကမ်းဖောက်တာချင်းအတူတူတောင် ပန်ပန်ကပဲ ဘာလို့ပိုးစိုးပက်စက်အပြောခံနေရသလဲ ဘာလဲ ပန်ပန်က မုန့်ဟင်းခါးသည်သမီးဖြစ်ပြီး ဝေယံကသူဌေးသားဖြစ်နေလို့လားဟင်.."

ပန်ပန့်စကားကြောင့် ဆရာမကြီးမျက်နှာမှာ နီရဲသွားသည်။ ဒေါသတွေလည်း ထွက်သွားလျက်

"မုဒိတာပန်.. နင်ကများငါ့ကိုဒီလိုပြောရဲတယ် အလိုတော် ရိုင်းလှချည်လား ငါဘယ်လိုဆရာမလည်းဆိုတာ တစ်မြို့လုံးသိတယ်နားလည်လား"

"ပန်ပန်သိတာကတော့ ဆရာမကြီးဆုံးဖြတ်တာမတရားဘူးပဲ ဆရာမကြီးသာ တသတ်မတ်ကျရင် ပန်ပန့်ကိုပဲ ဖိမပြောဘူး ဝေယံ့ကိုပါ ခေါ်ဆူရမှာပဲလေ ခုတော့ အပြစ်ချင်းအတူတောင် မျက်နှာမွဲတဲ့ ပန်ပန်ကဖိပြောခံရတယ်.."

"သမီး နင်တော်လိုက်တော့.  ဆရာမကြီးကို မစော်ကားနဲ့ .. ဆရာမကြီးရယ် သမီးကိုယ်စား ကျွန်မတောင်းပန်ပါတယ်"

အမေကဝင်တောင်းပန်ရင်း ပန်ပန်ကိုတစ်ချက်ရိုက်လိုက်၏။ ပန်ပန်ကတော့ လုံးဝမလျှော့။ မျက်နှာကို မာဆတ်ဆတ်ပင်ချီထားသည်။

"ဝေယံ့ကိစ္စသူ့မိဘနဲ့ ဆက်ဆွေးနွေးမှာမို့ ညည်းနဲ့ဘာမှမဆိုင်ဘူး မုဒိတာပန် ဝေယံလည်း သူ့အပြစ်သူခံရမှာပဲ..ဆရာမကြီးမှာခွဲခြားတတ်တဲ့ စိတ်မရှိဘူး"

"ဟုတ်လား.. ဒါဆိုပန်ပန့်ကိုတော့လူကြားထဲ အရှက်ရအောင်ပြောဆိုတယ် ဝေယံကတော့ လူကွယ်ရာမှာ တိတ်တိတ်လေးပဲ ဆူမယ်ပေါ့ ပန်ပန်တို့နှစ်ယောက်မှာ ဘယ်သူကအပြစ်ပိုကြီးသလဲ.. အဟင်း.. ဟုတ်တယ် ပန်ပန်ပဲနေမှာပေါ့ ပန်ပန်ကဆင်းရဲတယ်လေ.."

ပန်ပန့်စကားတွေကြောင့် ဆရာမကြီး၏မျက်နှာပျက်သွားသည်။ သိက္ခာကိုအစော်ကားခံရ၍ စိတ်ဆိုးသွားသော်လည်း ထိန်းလိုက်ပုံရသည်။

"မုဒိတာပန်. သမီးစကားကိုဆင်ခြင်ပြောစမ်း.. အခုသမီးထင်သလို သမီးကဆင်းရဲလို့ ဆရာမကြီးက အပြစ်ပိုပြောနေတာမဟုတ်ဘူး ဝေယံကောင်းကင်လည်း စည်းကမ်းချိုးဖောက်တဲ့အတွက် ထိုက်သင့်တဲ့အပြစ်ခံရမှာပါ.."

"ဟုတ်ကဲ့.. ဒါဖြင့် ပန်ပန်စောင့်ကြည့်နေမယ် ပန်ပန့်ကို အဆောင်ကထုတ်လိုက်တယ်ဆိုရင် ဝေယံလည်း ဒီထက်မနည်းတဲ့အပြစ်ရမယ်လို့ ယုံကြည်ပါတယ် မဟုတ်ရင် ပန်ပန်က ဆရာမကြီးမျက်နှာလိုက်ပြီး ဆုံးဖြတ်တဲ့ကိစ္စကိုအားလုံးသိအောင် ဖွပစ်လိုက်မယ်.."

"ဘာပြောတယ်..."

"ပန်ပန်.. ဆရာမကြီးအပေါ် ပြောမှားဆိုမှား ရှိခဲ့ရင်တောင်းပန်ပါတယ် အပြစ်လုပ်ခဲ့မိရင်လည်း တောင်းပန်ပါတယ် အခုပန်ပန်အဆောင်က ထွက်ရတော့မှာမို့ အဝတ်သွားသိမ်းလိုက်ပါမယ် ခွင့်ပြုပါဦးရှင့်.."

ပန်ပန်က အကြောတင်းလှသည်။ ဆရာမကြီးကိုလက်အုပ်ချီကန်တော့လျက် နေရာမှဆတ်ခနဲ့ ထွက်လာလိုက်သည်။ ဝိုင်းကြည့်နေကြသည့်လူတွေကိုလည်း တစ်ချက်မှဂရုမစိုက်။ မျက်နှာကိုချီလျက်နှင့်ပင် ကျော်ဖြတ်ခဲ့သည်။

မုဒိတာပန်ရဲ့သောက်ကြောက အာ့လိုတင်းတာ။ အမေနှင့် ဆရာမကြီးဟာ ပါးစပ်အဟောင်းသားပင်ကျန်ခဲ့ပါရဲ့......။
...................... ................. ................ .............

"ဖြောင်း... ဖြောင်း..."

အမေ့ရဲ့တံမြက်စည်းရိုးဟာ ပန်ပန့်ကိုယ်ပေါ် အဆက်မပြတ်ကျလာတော့သည်။ နာလွန်းတော့ မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလာရင်း..

"အီးဟီး... နာတယ်.."

"အေ.. ငါနင့်ကို အသေသတ်မှာ မအေကို အရှက်ခွဲတဲ့ဟာမ တောက်.."

"ဖြောင်း...."

"အီး ဟီး.. ဟီး.."

ဒေါ်မိုး၏ရှက်ဒေါသတွေဟာ မထိန်းနိုင်တော့ပါ။ အိမ်ရောက်သည်နှင့် တွေ့ရာတံမြက်စည်းတစ်ချောင်းဖြင့် သမီးဖြစ်သူကိုအသေရိုက်တော့သည်။

"ဟမ်.. မအေကမရှိတဲ့ကြားကနေကို အငတ်ခံပြီး အဆောင်ထားပေးတယ် ကောင်းကောင်းမနေဘူး ရည်းစားကခိုးထားသေးတယ်.."

"ရည်းစားမဟုတ်ပါဘူးဆို အီးဟီး.."

"တောက်.. နင်ရည်းစားထားတဲ့ကိစ္စ တစ်ရပ်ကွက်လုံးပြန့်နေပြီသိလားနင်မရှက်ပေမဲ့ ငါရှက်တယ်မုဒိတာပန် ဘယ်မျက်နှာနဲ့ ငါစျေးရောင်းစားရတော့မှာလဲ .."

ဒေါ်မိုးဟာ ပြောလည်းပြော၊ လက်ကလည်း အဆတ်မပြတ်ကိုရိုက်နေရင်း စိတ်မထိန်းနိုင်ဘဲ ကြမ်းကြမ်းတမ်းတမ်းတွေ ပြောမိတော့၏။

"နင်အရှက်မရှိဘူးလား.. ဒီလောက်တောင် နင်လင်လိုချင်နေရင် ငါလင်ပေးစားပစ်မယ် ကျောင်းမတက်တော့နဲ့.."

"အဟင့်.. ဟင့်..."

"သွား.. နင်ကြိုက်တဲ့လင်နောက်သာလိုက်သွား.. ငါ့အိမ်မှာမနေနဲ့တော့နင့်မျက်နှာကိုမမြင်ချင်ဘူး  ဒီလောက်တောင် ငါ့ကိုဒုက္ခပေးတဲ့ဟာမ.."

ကျိုးကြေနေသည့်တံမြက်စည်းကိုဝုန်းခနဲ့ပစ်ချရင်း ဒေါသတွေနှင့် ဆိုလိုက်သည့်ဒေါ်မိုးစကားဟာ ဆယ်ကျော်သက်အရွယ်လေး၏ အရိုင်းစိတ်ကို လှုံ့ဆော်လိုက်သကဲ့သို့ပင် ဖြစ်သွားသည်။

ပန်ပန်က ငိုနေရင်းနှင့် မျက်ရည်ကိုဆတ်ခနဲ့ခါထုတ်ပစ်ရင်း

"မနေဘူး.. သွားမယ်.. "

"ငါ့ကို ပြန်ခံပြောနေသေးတယ် ဖြောင်း.."

လက်က နာရင်းကိုဖြောင်းခနဲ့အုပ်လိုက်တော့ ပန်ပန်ကအော်ဟစ်လိုက်ရင်း

"မရိုက်နဲ့တော့ နာတယ် အမေရဲ့.."

"နင့်ကိုငါက အသေတောင်သတ်ချင်တယ် ဘာတစ်ခုမှသောက်သုံးမကျတဲ့အပြင် ငါ့ကို တစ်ခုပြီး တစ်ခုဒုက္ခပေးတယ် မွေးထားရတာ ငါဝမ်းနာတာပဲ အဖက်တင်တယ်.. "

"အမေ့ကိုရော ဘယ်သူကမွေးခိုင်းလို့လဲ .."

"ဘာ..."

ဒေါ်မိုးစိတ််မထိန်းနိုင်တော့ပါ။ တံမြက်စည်းနောက်တစ်ချောင်းကိုပြန်ကောက်လာပြီးနောက်  ဆက်ကာဆက်ကာ ရိုက်တော့သည်။

"အရိုင်းအစိုင်းမ.. နင့်ကိုငါကျွေးမွေးထားလို့ ဒီအရွယ်ထိရောက်လာတာကို ကျေးဇူးတွေ ဆပ်ပြနေတယ်ဟုတ်လား.."

"မကျွေးချင်ရင် မမွေးနဲ့ပေါ့ အီး ဟီး.."

"ဘာ.. ငါဒီနေ့ နင့်ကိုအရှင်မထားဘူး ကဲဟာ.. ဖြောင်း"

ဒေါ်မိုးမှာ စိတ်မထိန်းနိုင်တော့ဘဲ သမီးကို ရိုက်မိပြန်သည်။ ဒေါသမျက်ရည်တွေလည်း တပေါက်ပေါက်ကျလာလျက်..

"မအေကို ပြောခံပြောနေလိုက်တာများ ငရဲမကြောက်ဘာမကြောက်နဲ့ အရိုင်းအစိုင်းမ နင့်ကိုမွေးမိတာကိုက မှားပါတယ်.."

"အီးဟီး.. အာ့တာဆိုလည်း တစ်ခါတည်းသာ သတ်လိုက်.."

ပန်ပန်ကာ ဆယ်ကျော်သက်စိတ်ရိုင်းဝင်သည့်အရွယ်။ နဂိုကမှ အင်မတန်အကြောတင်းပြီး ပြန်ခံပြောတတ်သူမို့ ဒီစကားတွေကြားတွေ ပိုဆိုးသည်။ ခံပြင်းစိတ်တွေရုန်းကြွလာကာ

"မနေဘူး.. အမေနဲ့ မနေဘူး လမ်းပေါ်တက် ကားတိုက်သေပစ်တာမှကောင်းမယ် အီးဟီး.."

"ဘာပြောတယ်.."

သမီးကပြောရခက်လေ ဒေါ်မိုးကပိုဒေါသထွက်လေဖြစ်တော့ရာ သမီးကိုဆွဲရိုက်ပြန်သည်။ ပန်ပန်ကလည်း အမေ့လက်မှအတင်းရုန်းလျက်

"မရိုက်တော့နဲ့ပါဆို... တော်တော့.."

"မတော်နိုင်ဘူး.. ညည်းကိုညည်းဘာထင်လို့ ငါ့ကိုပြန်ခံပြောနေရသလဲ ဒီအရွယ်နဲ့ယွထပြီး ရည်းစားထားချင်တဲ့ဦး.. ဖြောင်း.."

"အ.. အမေနော် ပန်ပန်ကိုအာ့လိုမပြောနဲ့.."

"ပြောတယ် နင်အရှက်မရှိလို့ကိုပြောတယ် ဒီလောက်ယောင်္ကျားလိုချင်ရင် တစ်ခါတည်း လိုက်သွားတော့ ငါ့အိမ်မှာမနေနဲ့ နင့်ကိုအိမ်မှာခေါ်ထားရတာ ငါရှက်တယ်.."

ဒေါ်မိုး၏အားနည်းချက်တစ်ခုက သားသမီးကိုအနုနည်းထက် အကြမ်းနည်းသာသုံးပြီး ဆုံးမတတ်ခြင်းပင်။ ဒေါသတွေ ထွက်လာပြီဆိုလျှင် စကားတွေကြမ်းကြမ်းတွေပြောပြီး ပြောချင်ရာပြောလိုက်မိခြင်းပင်။ တစ်ခါတလေ ဆဲဆိုတာလေးလည်းပါ၏။ တကယ်က အမေပဲ။ ကိုယ့်သားသမီးကိုမချစ်ဘဲနေမည်လား။ ချစ်လွန်းလို့လည်း နာတတ်အောင် ပြောလိုက်မိခြင်းသာ။ ရင်ထဲကပါသည့်စကားမှမဟုတ်သည်ပဲ။

သို့သော် ဆယ်ကျော်သက်အရွယ် စိတ်ရိုင်းတွေများချိန်၌ မိဘ၏စေတနာကိုမြင်နိုင်မည်မှာ မဟုတ်ပါ။ အော်ကြီးဟစ်ကျယ်ဆဲဆိုခံရလေတော့ မိန်းကလေးပီပီရှက်လာသည်။ ခံပြင်းစိတ်တွေ ရုန်းကြွကာ ဖြစ်ချင်ရာဖြစ် လုပ်ပစ်တတ်သည်။ တစ်နည်းအားဖြင့် မခံချင်စိတ်နှင့်အရွဲ့တိုက်မိခြင်းပင်။

"မနေဘူး အမေ့အိမ်လုံးဝမနေဘူး.."

အခုလည်းပန်ပန်သည်မခံမရပ်စွာအော်ဟစ်ရင်း  အိမ်ထဲမှပြေးထွက်သွားတော့သည်။ ဒေါ်မိုး ဒေါသတွေနှင့်ကျန်ခဲ့သည်။

လူကဒေါသမပြေသေးတော့ ပန်ပန်ဘယ်ထွက်သွားလည်း ဂရုမစိုက်ဘဲပစ်ထားလိုက်၏။ သို့သော် ည(၇)နာရီအထိ ပန်ပန်ပြန်မလာသေးတော့ နည်းနည်းစိတ်ပူစပြုလာသည်။

"ဒီကောင်မလေး ဘာလို့အခုထက်ထိမလာသေးသလဲ.. "

မှောင်မည်းစပြုလာပြီဖြစ်သည့်အပြင်ဘက်ကို လှမ်းကြည့်ရင်း ဒေါ်မိုးစိုးရိမ်စွာဆိုမိ၏။ အငယ်ကောင်ကလည်း သူ့ဦးလေးကိုအလုပ်ကူလုပ်ဖို့ထည့်ပေးလိုက်သည်မို့ ဒီနေ့အိမ်မှာရှိမနေပါ။ ထို့ကြောင့် (၈)နာရီထိုးလုအချိန်ထိ ပန်ပန် ပြန်မလာသေးတော့ ဒေါ်မိုးမှာတစ်ယောက်တည်းကို ပြာယာခတ်လာရသည်။

"တောက်.. အတော်ဒုက္ခပေးတဲ့ကောင်မလေး.."

"လုံးလုံးလာ နင့်သခင်မကိုသွားရှာမယ်.."

ကရုဏာဒေါသတွေနှင့်ဆိုရင်း ဒေါ်မိုး ဓာတ်မီးကိုယူလျက် လုံးလုံးကိုခေါ်ကာအိမ်အပြင်ကို ထွက်လာခဲ့လိုက်သည်။ ဒီလမ်းက လမ်းသွယ်လေးမို့ လမ်းမီးက သိပ်မရှိပါ။ ဒေါ်မိုးတို့အိမ်ဘက်ခြမ်းက ဓာတ်တိုင်တွေရဲ့မီးက ယဲ့ယဲ့လေးမျှသာ လင်းသည်။ ဒီအတိုင်းဆို နဂိုက မျက်စိမှုန်တာနဲ့ ဘာမှမြင်ရမှာမဟုတ်ပါ။

"ဟင်း... ဒီကောင်မလေး တကယ်ပြောရခက်ပါတယ် ဘယ်ရောက်နေသလဲ.."

ဒေါသတွေလည်းပြေသွားတော့ သက်ပြင်းတချချနှင့် ဒေါ်မိုးစိုးရိမ်သောကတွေပွါးများကာ သမီးဖြစ်သူကို ရပ်ကွက်အနှံ့လိုက်ရှာရတော့၏။ ဘာမှမသိရှာသည့်လုံးလုံးကတော့ တစ်ရပ်ကွက်လုံးအနှံ့ထွက်လည်ရလို့ ပျော်နေတော့သည်။

ဘယ်မှာမှရှာမတွေ့တော့ ဒေါ်မိုးထူပူလာသည်။ ညကလည်း(၉)နာရီထိုးလုပြီ။ ညနေကမိုးရွာထားတော့ လမ်းတွေကစိုစွတ်တွေ လူအသွားအလာလည်း ခြောက်ကပ်နေပြီဖြစ်သည်။

ပန်ပန်ဘယ်ရောက်နေသလဲ...။

ပန်ပန်သွားတတ်သည့်နေရာအနှံ့လိုက်ရှာသည့်တိုင်မတွေ့တော့ အိမ်ပြန်လာခဲ့သည်။ အိမ်မှာများရောက်နေပြီလားဆိုတော့လည်းမရှိ။

"ဒုက္ခပါပဲ ဒီကလေးမ အခုထိမလာသေးဘူး"

သောကတွေကြောင့် လူကဘာလုပ်ရမှန်းမသိတော့ပါ။ ရပ်ကွက်ရုံးပဲတိုင်ရမှာလား.. ရဲစခန်းပဲသွားရမှာလား ထူပူနေခိုက်...

"တီ... တီ..."

ဖုန်းမြည်လာသဖြင့်ကိုင်လိုက်တော့ ဆရာမ မသက်တို့အိမ်ကဖြစ်သည်။

"အစ်မမိုးရေ.. ပန်ပန် ကျွန်မတို့အိမ်ကိုရောက်နေပါတယ်နော် လမ်းမှာတွေ့လိုက်ခေါ်ထားလိုက်တယ်"

"ဟင်ဟုတ်လား.. ကျွန်မအခုပဲ လာခေါ်ပါ့မယ် ဆရာမရယ်.."

"နေနေ.. ဒီတစ်ညတော့ ကလေးကိုဒီမှာအိပ်ခိုင်းလိုက်ဦး ကျွန်မလည်းသူနဲ့စကားပြောချင်သေးတယ် အစ်မစိတ်ပူနေမှာစိုးလို့ လှမ်းဆက်ပေးတာပါ.."

ဆရာမမသက်က သူမတို့သားအမိတွေပြသာနာဖြစ်မှန်းသိနေပုံရသည်။ ထို့ကြောင့် ပန်ပန့်ကို တမင်ညအိပ်ခိုင်းပြီး ဆိုဆုံးမမလားမသိပါ။ မည်သို့ပင်ဖြစ်စေ ဆရာမမသက်တို့အိမ်မှာရှိနေတယ်ဆိုတော့ ဒေါ်မိုးလည်းစိတ်အေးသွားရကာ သက်ပြင်းချနိုင်တော့သည်။

"ဟုတ်ကဲ့ပါ.. ဒါဖြင့် ဆရာမဒါဆိုလည်း ဆရာမကိုပဲအားနာနာနဲ့ အကူအညီတောင်းပါတယ်.."

"စိတ်အေးအေးနဲ့သာအိပ်နော် အစ်မ ပန်ပန်အတွက်စိတ်မပူနဲ့.."

ဆရာမမသက်က သူမကိုဖျောင်းဖျသွားသေး၏။ ဒေါ်မိုးလည်း ဖုန်းချပြီး အတော်ကြာသည်အထိငိုင်နေမိသည်။

ရပ်ကွက်ပတ်ခဲ့သည်မို့ မောသွားသည့်လုံးလုံးက တခူးခူးနှင့်အိပ်ပျော်သွားသည့်တိုင် ဒေါ်မိုးကတော့ တော်တော်နှင့်အိပ်မပျော်နိုင်။

ဒီသမီးအဆိုးတစ်ယောက်ကြောင့် သောကတွေ နှင့် စိတ်တွေမောပန်းနေမိလျက်....။

ဆက်ရန်
ဆူးခတ်ပန်း

Zawgyi

"မုန္႔ဟင္းခါးတစ္ပြဲ၊ ေမတၱာျဖဴးပါ
အခ်စ္မေပါ့ေစနဲ႔...."

အပိုင္း(၉)

"ပန္ပန္..."

နားခိုင္းသည့္အခ်ိန္၌ အအိပ္လြန္ၿပီး အိပ္စာေတြမလုပ္ခဲ့ရမိသျဖင့္ အသဲအသန္စာကုန္းေရးေနသည့္ပန္ပန္ ေဝယံ့ေခၚသံေၾကာင့္ မ်က္ေမွာင္ႀကီးကိုက်ဳံ႕ထားမိလ်က္..

"ဘာလဲ..."

"နင့္ကိုငါႀကိဳက္တယ္.."

"အင္း..."

လူကအိမ္စာၿပီးဖို႔သာ စိတ္ေရာက္ေနေတာ့ ေဝယံဘာေျပာလိုက္ရမွန္း ေသခ်ာမသိဘဲၿပီးၿပီးေရာ ေခါင္းညိတ္ၿပီး စာသာဆက္ေရးေနသည္။ ေဝယံက သူမေရွ႕ကို ဘတ္ခနဲ႔ဝင္ထိုင္လိုက္ရင္း

"ငါေျပာတာၾကားလား.."

"ၾကားတယ္.. ေျပာ.."

"ဒါျဖင့္ ငါဘာေျပာလိုက္လဲ.."

"အမ္....ဟိုဟာ.."

ဇေဝဇဝဝါျဖစ္သြားၿပီး စာေရးေနသည့္လက္က တန္႔သြားသည္။ ေဝယံ့ကိုၾကည့္လိုက္ေတာ့ မ်က္ႏွာကအပိုးမက်ိဳး။ ဒီေကာင္က႐ုပ္ေခ်ာသလို အၿမဲတမ္းလည္း ေျပာင္စပ္စပ္ႏွင့္။ မ်က္ႏွာထားတည္တာေတာင္မရွိသေလာက္ပဲ။

"Sorry နင္ဘာေျပာလိုက္သလဲ ျပန္ေျပာပါလား"

ေဝယံကဘာမွမေျပာဘဲ သူမကိုၾကည့္ၿပီး

"ေရာ့..."

"ဟင္.. ဘာလဲ.."

လက္ထဲထိုးေပးလာသည့္စာအိတ္တစ္ခုေၾကာင့္ ပန္ပန္ေၾကာင္အမ္းအမ္းႏွင့္ယူလိုက္သည္။ ေဝယံက ၿပဳံးစိစိႏွင့္

"ရည္းစားစာ.."

"ဘာ..."

"နင့္ကိုရည္းစားစာေပးတာေလ.."

ပန္ပန္မ်က္ႏွာေလးရဲတက္သြားေတာ့သည္။ ႐ုတ္တရက္မို႔ လူကလည္းထူပူကာဘာျပန္ေျပာရမွန္းမသိေအာင္ျဖစ္ေနရသည္။ ေဝယံ ဒီေလာက္အတင့္ရဲလိမ့္မည္ဟု ထင္မွမထားဘဲ။ အခုလည္း ခပ္တည္တည္ပင္

"ငါ့ကိုဘယ္ေတာ့ စာျပန္မွာလဲ.."

"ဘာကိုလဲ.. ငါကဘာကိုစာျပန္ရမွာတုန္း.."

"နင္ငါ့ဆီကစာလက္ခံလိုက္ၿပီေလ ျပန္မွရမွာေပါ့.."

ၾကည့္စမ္း.. ဒီေကာင္သက္သက္လူလည္က်ေနတာ။ ပန္ပန္စိတ္တိုသြားၿပီး တစ္ခုခုေျပာရန္ ျပင္လိုက္စဥ္မွာပင္ မ်က္လုံးေတာင့္၌ ဖ်ပ္ခနဲ႔ ျမင္လိုက္သည္က ေကဇင္။

ေခါင္းထဲလက္ခနဲ႔ေပၚသြားသည့္အႀကံက တစ္ခ်ိန္လုံး သူမကိုစိတ္ဒုကၡေပးေနသည့္ ေကဇင္မကို တႏုံ႔ႏုံ႔ေလာင္ၿမိဳက္ေနေအာင္ လုပ္ပစ္ခ်င္သည့္စိတ္..။

ေဝယံကိုအေသအလဲႀကိဳက္ၿပီး ေဝယံ့အေမလာလွ်င္လည္း ကပ္ဖားရပ္ဖားလုပ္တတ္သည့္ ေကဇင္မကို ပညာေပးခ်င္စိတ္က အေတြးထဲ လ်က္တၿပိဳက္ဝင္လာေလေတာ့ပန္ပန္တမင္ၿပဳံးလိုက္ၿပီး

"အင္း.. ဟုတ္ၿပီ ငါနင့္ကိုဒီတစ္ပတ္အတြင္း စာျပန္ေပးမယ္.."

"ဟင္.. နင္တကယ္ေျပာတာေနာ္.. ငါလိုခ်င္တဲ့အေျဖေပးမွာလား"

"အင္း.. နင္ေပးတဲ့ရည္းစားစာကိုငါဖတ္ၿပီး ရင္ခုန္လာခဲ့ရင္ေတာ့ ေပးသင့္ေပးရမွာေပါ့"

စာ႐ြက္ကိုေျမႇာက္ရင္း ေကဇင္မ ၾကားေအာင္ကိုေလသံျမင့္ၿပီးေျပာလိုက္သည္။ ပန္ပန္ လက္ထဲကစာအိတ္ကိုၾကည့္ၿပီး ေကဇင္မ မ်က္ႏွာပုပ္သိုးသြားသည္မွာ ျမင္မေကာင္းေအာင္ပင္။ ေမ်ာက္အိုႀကီး သံပရာသီးကိုက္မိသလို ျဖစ္ပ်က္သြားသည့္မ်က္ႏွာကိုၾကည့္ၿပီး ပန္ပန္ သေဘာက်လိုက္သည္ျဖစ္ျခင္း..။

ငါနဲ႔မ်ားလာယွဥ္ရဲေသးတယ္ ေကဇင္မရယ္
ဉာဏ္မေကာင္းတာခ်င္းအတူတူ ငါကနင့္ထက္ ႐ုပ္ပိုေခ်ာေတာ့ တစ္ပန္းသာတယ္ အဟင္း..

စိတ္ထဲကဆိုရင္း ႀကိတ္ၿပီးပီတိျဖစ္မိသည္မွာလည္းမေျပာႏွင့္။ ဒီဟာမကို အႏိုင္ယူရသည့္ခံစားခ်က္က ေလညႇင္းခံေနသလိုပဲ တစိမ့္စိမ့္ႏွင့္ ခံစားလို႔ေကာင္းလိုက္တာေနာ္...။

႐ုပ္ပ်က္ဆင္းပ်က္ကို မ်က္ႏွာပ်က္သြားေသာ ေကဇင္မကိုၾကည့္ၿပီး တစ္ေနကုန္ အူျမဴးေနလိုက္တာမ်ား တစ္ခ်က္တစ္ခ်က္ တခစ္ခစ္ႏွင့္ ထရယ္လိုက္မိေသးပါရဲ႕။

သို႔ေသာ္ ဒါကျပသာနာႀကီးတစ္ခုျဖစ္လာေစမည္မွန္း ကေလးအေတြးေတြႏွင့္ ပန္ပန္ဘယ္သိခဲ့မည္လဲ။ တကယ္ဆိုရင္ ပန္ပန္ေဝယံ့ဆီက စာကိုလက္ခံလိုက္ျခင္းက အၿမဲသူမကိုဒုကၡေပးဖို႔ႀကံစည္ေနတတ္သည့္ေကဇင္မကိုအႏိုင္ယူဖို႔အတြက္သာ။ ပန္ပန္႔အေတြးေတြက ႐ိုးစင္းခဲ့ပါသည္။ ေဝယံ့ကိုမႀကိဳက္ေသာ္လည္း ေဝယံ့ကိုဖ်တ္ဖ်တ္လူးႀကိဳက္ေနသည့္ေကဇင္မေၾကာင့္ ႀကိဳက္ခ်င္ဟန္ေဆာင္ၿပီး တမင္ကိုလုပ္ျပကာ အႏိုင္ပိုင္းလိုက္ျခင္းပင္။ သို႔ေသာ္ျငာလည္း..

"မုဒိတာပန္ရည္းစားထားတယ္..."

ဆိုသည့္သတင္းကာ စည္းကမ္းတင္းက်ပ္သည့္ အေဆာင္ထဲ၌ အေတာ့္ကိုဂယက္ထသြားေတာ့သည္။ ဆရာမႀကီးကိုယ္တိုင္ ပန္ပန္႔ကိုေခၚေမးရသည္အထိ အေျခအေနကႀကီးထြားကုန္သည္။

"ဒါကဘယ္လိုျဖစ္သလဲမုဒိတာပန္ နင္နဲ႔ေဝယံ ႀကိဳက္ေနၾကတယ္ဟုတ္လား.."

"ဟင့္အင္း.. မဟုတ္ပါဘူး ဆရာမႀကီး."

ပန္ပန္အထိတ္တလန္႔ျငင္းဆန္ဖို႔ႀကိဳးစားသည့္တိုင္ ဆရာမႀကီးကာ အလြန္စိတ္ဆိုးေနေသာ မ်က္ႏွာထားႏွင့္

"နင္.. ငါ့ကိုမညာနဲ႔စမ္း.. ေဝယံနင့္ကိုေပးတဲ့ ရည္းစားစာ ငါရၿပီးၿပီ.."

"ဟင္.."

ဆရာမႀကီးစကားၾကားေတာ့ ပန္ပန္လည္း လန္႔သြားရသည္။ တကယ္လည္း ေဝယံ့စာက ဆရာမႀကီးလက္ထဲေရာက္ေနၿပီျဖစ္သည္။ ပန္ပန္အံ့ဩသင့္သြားလ်က္

"ဒါဘယ္လိုလုပ္ဆရာမႀကီးဆီ ေရာက္ေနသလဲ ပန္ပန္႔အိတ္ထဲမွာပဲ ထည့္ထားတာကို.."

"ေအ.. ညည္းရည္းစားထားေနတယ္လို႔ ငါ့ကိုေကဇင္လာေျပာလို႔ ဟုတ္မဟုတ္ ညည္းအိတ္ထဲ စစ္ေဆးၾကည့္လိုက္တာပဲ ပန္ပန္.."

ၾကည့္စမ္း.. ေကဇင္မ ဘယ္ေလာက္ေတာင္ ယုတ္ပဲ့သလဲ။ ေဝယံသာသူ႔ကိုစာေပးၾကည့္ပါလား..။ တိတ္တိတ္ေလးသိမ္းထားၿပီးကို ခိုးယြလိုက္မယ္ ျဖစ္ျခင္း။ အခုေတာ့ မစားရသည့္အမဲ သဲႏွင့္ကို တမင္ျဖန္းပက္လိုက္သည္။

ေတာက္.. ေသာက္က်င့္မေကာင္းတဲ့ေကာင္မ။

ပန္ပန္ေဒါသေတြထြက္ၿပီး စိတ္ထဲကေန က်ိန္ဆဲမိသည္။ တကယ္က ေကဇင္မဒီေလာက္အထိ လုပ္လာလိမ့္မည္ဟု ေတြးမထားသည့္ပန္ပန္အမွားပင္။ တစ္ေယာက္ကိုတစ္ေယာက္ မေက်မနပ္ႏွင့္ မုန္းေနရင္ေတာင္ ဒီလိုအထိလုပ္စရာလိုလို႔လား။ ဘယ္ေလာက္ထိျပသာနာႀကီးသြားႏိုင္လဲဆိုတာ မသိတာလည္းမဟုတ္။

စိတ္ေကာင္းမရွိမွန္းသိေပမဲ့ အနည္းဆုံးေတာ့ လူစိတ္ေလးရွိမယ္ထင္ထားတာကို ဒီေကာင္မကကိုးရီးယားကားထဲကမင္းသားကို တစ္ဖက္သတ္လိုက္ႀကိဳက္တဲ့မိန္းမအထာမ်ိဳး ဖမ္းေနတာပဲ။ ေအာ္လီေအာ္လက္မ...။

"မုဒိတာပန္.. နင္ဘာေျပာခ်င္ေသးလဲ.."

မ်က္ႏွာပ်က္ေနသည့္ပန္ပန္ကိုၾကည့္ၿပီး ဆရာမႀကီးက စိတ္ဆိုးစြာေမးလာသည္။ ပန္ပန္ မွင္ေသေသႏွင့္ပင္

"ပန္ပန္ ရည္းစားမထားဘူး.."

"ဘာ..ဒီေလာက္လက္ပူးလက္ၾကပ္မိတာေတာင္  နင္ငါ့ကိုေျဗာင္လိမ္ေနသလား.. ဟမ္"

"ေဝယံကရည္းစားစာေပးတာကို ပန္ပန္ယူလိုက္တာပဲရွိတယ္ေလ ဒါကရည္းစားထားတာမွ မဟုတ္တာကို.."

ဂ်စ္ကန္ကန္ႏွင့္ဆိုလိုက္သည့္ပန္ပန္႔စကားက ဆရာမႀကီးကို ပိုေဒါသထြက္ေစကာ..

"ငါ့ေရွ႕လာၿပီးစကားကိုကပ္ဖဲ့ၿပီးမေျပာနဲ႔ ပန္ပန္ ငါ့အေဆာင္စည္းကမ္းကို နင္သိတယ္ေနာ္ ဒီအေဆာင္မွာ ေယာက်ၤားနဲ႔မိန္းမ မလိုအပ္ဘဲ စကားေတာင္မေျပာရဘူး ရည္းစားထားတယ္ဆိုတာ အႀကီးမားဆုံးအျပစ္ပဲ ငါလုံးဝခြင့္မလြတ္ဘူး"

"ရည္းစားမဟုတ္ေသးပါဘူးဆို.."

"တိတ္စမ္း.. ဒါဆိုညည္းကဘာကိစၥစာကို လက္ခံယူရသလဲ.."

ပန္ပန္ႏႈတ္ဆိတ္ကာ ေခါင္းငုံ႔မိသည္။ ဒီအတြက္ ေျပာစရာစကားမွမရွိဘဲ။ အျပင္ဘက္တြင္ ဆယ္တန္းေက်ာင္းသားေတြအျပင္ ကိုးတန္းေက်ာင္းသားေတြကပါ ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနေသာေၾကာင့္ ရွက္စိတ္ျဖင့္ လူကေအးစက္ေတာင့္တင္းေနေတာ့သည္။

"ညည္းမရွက္ဘူးလား မုဒိတာပန္.. လူကစာသာမရတာ ရည္းစားကထားခ်င္ေနၿပီ ဒီအ႐ြယ္နဲ႔ နန္႔ခ်င္ေနတယ္ နင္ဘာအသုံးက်လဲ.."

ဆရာမႀကီးကာ နာေအာင္ေျပာတတ္ပါသည္။ စကားေျပာၾကမ္းေပမဲ့ ေစတနာပါသည္ဟုပဲဆိုဆို ၾကားရသူအဖို႔နားခါးလွ၏။ ထိန္းထားသည့္ၾကားမွ မ်က္ရည္ေတြက ရစ္ဝဲခ်င္လာသည္။

"နင့္အေမကို နင္မသနားဘူးလား နင့္ကိုစာရေစခ်င္လို႔ သူ႔မွာမရွိမဲ့ရွိမဲ့ေလးစုၿပီးလာထားရတယ္ သူ႔ခမ်ာဘယ္ေလာက္ပင္ပန္းေနရလဲ နင္တကယ္မသိတတ္ဘူးပဲ ငါကဘယ္သူ႔ကိုမွ အေႂကြးနဲ႔လက္မခံဘူးမုဒိတာပန္ နင့္အေမကိုေတာ့ သနားလို႔ အရစ္က်နဲ႔လက္ခံေပးခဲ့တယ္..ဒါကိုနင္က စာႀကိဳးစားမယ္မရွိဘူး စိတ္ကကစားေနၿပီ ေတာက္.."

ဒါက.. ေစတနာႏွင့္ေျပာဆိုဆုံးမျခင္းလား။ ဒါမွမဟုတ္ ပန္ပန္႔အေျခအေနကို လူေတြၾကားထဲ ေဖာ္ျပလိုက္သည္လား။ ငယ္႐ြယ္ၿပီး အသိတရားနည္းပါးသည့္အ႐ြယ္အတြက္ ဒါကိုေစတနာစကားဟုေတာ့ ဘယ္လိုမွလက္သင့္မခံႏိုင္ပါ။

မ်က္ရည္ေတြ ရစ္ဝဲေနသည့္မ်က္ဝန္းေတြႏွင့္ ေဘးဘီဝဲယာကိုၾကည့္လိုက္ေတာ့ ေက်ာင္းသားေတြက ဒီနားပဲစု႐ုံးစု႐ုံးႏွင့္ ပန္ပန္႔ကိုစိတ္ဝင္တစားၾကည့္ေနၾကသည္မွာ မသိလွ်င္ ေမ်ာက္ပြဲျပေနသကဲ့သို႔ပင္။

ေလွာင္ရယ္ေနၾကမည္လား။ သနားသလိုၾကည့္ေနမည္လား..။ မုန္႔ဟင္းခါးသည္ရဲ႕သမီးက သူေဌးသားဆီက ရည္းစားစာလက္ခံရသည္ကို အထူးအဆန္းျဖစ္ေနၾကမည္လား..။ ေသခ်ာသည္က သူမကိုၾကည့္ေနသည့္ထိုလူအုပ္ထဲ၌ ေကဇင္မပါမွာေတာ့မလြဲေခ်။

ဒါကိုေတြးမိေတာ့ရင္ထဲနင့္ခနဲ႔ခံစားရၿပီး ခံစားခ်က္ေတြကဘယ္လိုျဖစ္သြားရမွန္းမသိပါ။ အမွားအမွန္လည္းမသိေတာ့ပါ။ ငယ္႐ြယ္သည့္စိတ္ေၾကာင့္ ခံျပင္းမႈေတြႏွင့္ အ႐ြဲ႕တိုက္လိုစိတ္သာ ပိုႀကီးထြားလာသည္။

ခဏေနေတာ့ ဆရာမႀကီးေခၚခိုင္းလိုက္သျဖင့္ အေမေရာက္လာသည္။ အျဖစ္အပ်က္ေတြကို သိေတာ့ ေဒၚမိုးမွာရွက္လြန္းသျဖင့္ ဆရာမႀကီးကို တတြတ္တြတ္သာေတာင္းပန္ေတာ့သည္။ ပန္ပန္ကာ အေမ့ေဘးတြင္ မတုန္မလႈပ္ပင္ ရပ္ေနမိသည္။

"အားေတာ့နာပါတယ္မမိုး မုဒိတာပန္ကို ဒီအေဆာင္မွာဆက္ထားဖို႔ မျဖစ္ႏိုင္ေတာ့ဘူး"

"မလုပ္ပါနဲ႔ ဆရာမႀကီးရယ္.. ကြၽန္မသမီးကို ကြၽန္မေသခ်ာဆုံးမပါ့မယ္ ေနာက္ေနာင္ဒီလိုမျဖစ္ေအာင္ တာဝန္ယူေပးမွာမို႔ တစ္ခါေလာက္ေတာ့ အခြင့္အေရးေပးပါေနာ္.."

အေမကမ်က္ရည္တစမ္းစမ္းႏွင့္ ေတာင္းပန္၏။ ဆရာမႀကီးကာ ျပတ္လွသည္။ သူ႔အေဆာင္၏တင္းက်ပ္ေသာစည္းကမ္းအရ ပန္ပန္ကို လက္မခံႏိုင္ေတာ့ေၾကာင္းသာ မ်က္ႏွာထားမာမာႏွင့္ဆိုသည္။

ပန္ပန္လည္း ဘယ္လိုမွမခံမရပ္ျဖစ္လာၿပီး

"မေနနဲ႔ဆိုလည္း ပန္ပန္မေနဘူးေပါ့ဆရာမႀကီး"

"ဟဲ့.. သမီး နင္ဘာေျပာလိုက္သလဲ.."

အေမက ေဒါသတႀကီးထဆိုသည္။ ပန္ပန္ အေမ့ကိုဂ႐ုမစိုက္ဘဲ ဆရာမႀကီးကိုသာ မွင္ေသေသၾကည့္လိုက္ၿပီး

"ရည္းစားစာလက္ခံမိလို႔ ပန္ပန္ကစည္းကမ္းခ်ိဳးေဖာက္ၿပီး အျပစ္ရွိတယ္ဆိုရင္ ရည္းစားစာေပးတဲ့ေဝယံကေရာ အျပစ္မရွိဘူးလား.. ဒီကိစၥမွာ ပန္ပန္ပဲမွားတယ္လို႔ထင္ေနတဲ့ဆရာမႀကီးအျမင္က မ်က္ႏွာႀကီးရာဟင္းဖတ္မပါလြန္းဘူးလား"

"ဘာေျပာတယ္..."

"သမီး...."

အေမကတားဖို႔ႀကိဳးစားေသာ္လည္း နဂိုကမွ မမွန္ဘူးထင္ရင္ ဘယ္သူ႔ကိုမဆိုျပန္ကန္ေျပာတတ္ေသာပန္ပန္႔ကို တားမရခဲ့ပါ.။

"ေဝယံ့ကိုေခၚဆူတာလည္းမေတြ႕ဘူးေနာ္.. သူ႔မိဘေတြလာေခၚသြားတာပဲျမင္တယ္ စည္းကမ္းေဖာက္တာခ်င္းအတူတူေတာင္ ပန္ပန္ကပဲ ဘာလို႔ပိုးစိုးပက္စက္အေျပာခံေနရသလဲ ဘာလဲ ပန္ပန္က မုန္႔ဟင္းခါးသည္သမီးျဖစ္ၿပီး ေဝယံကသူေဌးသားျဖစ္ေနလို႔လားဟင္.."

ပန္ပန္႔စကားေၾကာင့္ ဆရာမႀကီးမ်က္ႏွာမွာ နီရဲသြားသည္။ ေဒါသေတြလည္း ထြက္သြားလ်က္

"မုဒိတာပန္.. နင္ကမ်ားငါ့ကိုဒီလိုေျပာရဲတယ္ အလိုေတာ္ ႐ိုင္းလွခ်ည္လား ငါဘယ္လိုဆရာမလည္းဆိုတာ တစ္ၿမိဳ႕လုံးသိတယ္နားလည္လား"

"ပန္ပန္သိတာကေတာ့ ဆရာမႀကီးဆုံးျဖတ္တာမတရားဘူးပဲ ဆရာမႀကီးသာ တသတ္မတ္က်ရင္ ပန္ပန္႔ကိုပဲ ဖိမေျပာဘူး ေဝယံ့ကိုပါ ေခၚဆူရမွာပဲေလ ခုေတာ့ အျပစ္ခ်င္းအတူေတာင္ မ်က္ႏွာမြဲတဲ့ ပန္ပန္ကဖိေျပာခံရတယ္.."

"သမီး နင္ေတာ္လိုက္ေတာ့.  ဆရာမႀကီးကို မေစာ္ကားနဲ႔ .. ဆရာမႀကီးရယ္ သမီးကိုယ္စား ကြၽန္မေတာင္းပန္ပါတယ္"

အေမကဝင္ေတာင္းပန္ရင္း ပန္ပန္ကိုတစ္ခ်က္႐ိုက္လိုက္၏။ ပန္ပန္ကေတာ့ လုံးဝမေလွ်ာ့။ မ်က္ႏွာကို မာဆတ္ဆတ္ပင္ခ်ီထားသည္။

"ေဝယံ့ကိစၥသူ႔မိဘနဲ႔ ဆက္ေဆြးေႏြးမွာမို႔ ညည္းနဲ႔ဘာမွမဆိုင္ဘူး မုဒိတာပန္ ေဝယံလည္း သူ႔အျပစ္သူခံရမွာပဲ..ဆရာမႀကီးမွာခြဲျခားတတ္တဲ့ စိတ္မရွိဘူး"

"ဟုတ္လား.. ဒါဆိုပန္ပန္႔ကိုေတာ့လူၾကားထဲ အရွက္ရေအာင္ေျပာဆိုတယ္ ေဝယံကေတာ့ လူကြယ္ရာမွာ တိတ္တိတ္ေလးပဲ ဆူမယ္ေပါ့ ပန္ပန္တို႔ႏွစ္ေယာက္မွာ ဘယ္သူကအျပစ္ပိုႀကီးသလဲ.. အဟင္း.. ဟုတ္တယ္ ပန္ပန္ပဲေနမွာေပါ့ ပန္ပန္ကဆင္းရဲတယ္ေလ.."

ပန္ပန္႔စကားေတြေၾကာင့္ ဆရာမႀကီး၏မ်က္ႏွာပ်က္သြားသည္။ သိကၡာကိုအေစာ္ကားခံရ၍ စိတ္ဆိုးသြားေသာ္လည္း ထိန္းလိုက္ပုံရသည္။

"မုဒိတာပန္. သမီးစကားကိုဆင္ျခင္ေျပာစမ္း.. အခုသမီးထင္သလို သမီးကဆင္းရဲလို႔ ဆရာမႀကီးက အျပစ္ပိုေျပာေနတာမဟုတ္ဘူး ေဝယံေကာင္းကင္လည္း စည္းကမ္းခ်ိဳးေဖာက္တဲ့အတြက္ ထိုက္သင့္တဲ့အျပစ္ခံရမွာပါ.."

"ဟုတ္ကဲ့.. ဒါျဖင့္ ပန္ပန္ေစာင့္ၾကည့္ေနမယ္ ပန္ပန္႔ကို အေဆာင္ကထုတ္လိုက္တယ္ဆိုရင္ ေဝယံလည္း ဒီထက္မနည္းတဲ့အျပစ္ရမယ္လို႔ ယုံၾကည္ပါတယ္ မဟုတ္ရင္ ပန္ပန္က ဆရာမႀကီးမ်က္ႏွာလိုက္ၿပီး ဆုံးျဖတ္တဲ့ကိစၥကိုအားလုံးသိေအာင္ ဖြပစ္လိုက္မယ္.."

"ဘာေျပာတယ္..."

"ပန္ပန္.. ဆရာမႀကီးအေပၚ ေျပာမွားဆိုမွား ရွိခဲ့ရင္ေတာင္းပန္ပါတယ္ အျပစ္လုပ္ခဲ့မိရင္လည္း ေတာင္းပန္ပါတယ္ အခုပန္ပန္အေဆာင္က ထြက္ရေတာ့မွာမို႔ အဝတ္သြားသိမ္းလိုက္ပါမယ္ ခြင့္ျပဳပါဦးရွင့္.."

ပန္ပန္က အေၾကာတင္းလွသည္။ ဆရာမႀကီးကိုလက္အုပ္ခ်ီကန္ေတာ့လ်က္ ေနရာမွဆတ္ခနဲ႔ ထြက္လာလိုက္သည္။ ဝိုင္းၾကည့္ေနၾကသည့္လူေတြကိုလည္း တစ္ခ်က္မွဂ႐ုမစိုက္။ မ်က္ႏွာကိုခ်ီလ်က္ႏွင့္ပင္ ေက်ာ္ျဖတ္ခဲ့သည္။

မုဒိတာပန္ရဲ႕ေသာက္ေၾကာက အာ့လိုတင္းတာ။ အေမႏွင့္ ဆရာမႀကီးဟာ ပါးစပ္အေဟာင္းသားပင္က်န္ခဲ့ပါရဲ႕......။
...................... ................. ................ .............

"ေျဖာင္း... ေျဖာင္း..."

အေမ့ရဲ႕တံျမက္စည္း႐ိုးဟာ ပန္ပန္႔ကိုယ္ေပၚ အဆက္မျပတ္က်လာေတာ့သည္။ နာလြန္းေတာ့ မ်က္ရည္ေတြက ပိုးပိုးေပါက္ေပါက္က်လာရင္း..

"အီးဟီး... နာတယ္.."

"ေအ.. ငါနင့္ကို အေသသတ္မွာ မေအကို အရွက္ခြဲတဲ့ဟာမ ေတာက္.."

"ေျဖာင္း...."

"အီး ဟီး.. ဟီး.."

ေဒၚမိုး၏ရွက္ေဒါသေတြဟာ မထိန္းႏိုင္ေတာ့ပါ။ အိမ္ေရာက္သည္ႏွင့္ ေတြ႕ရာတံျမက္စည္းတစ္ေခ်ာင္းျဖင့္ သမီးျဖစ္သူကိုအေသ႐ိုက္ေတာ့သည္။

"ဟမ္.. မေအကမရွိတဲ့ၾကားကေနကို အငတ္ခံၿပီး အေဆာင္ထားေပးတယ္ ေကာင္းေကာင္းမေနဘူး ရည္းစားကခိုးထားေသးတယ္.."

"ရည္းစားမဟုတ္ပါဘူးဆို အီးဟီး.."

"ေတာက္.. နင္ရည္းစားထားတဲ့ကိစၥ တစ္ရပ္ကြက္လုံးျပန္႔ေနၿပီသိလားနင္မရွက္ေပမဲ့ ငါရွက္တယ္မုဒိတာပန္ ဘယ္မ်က္ႏွာနဲ႔ ငါေစ်းေရာင္းစားရေတာ့မွာလဲ .."

ေဒၚမိုးဟာ ေျပာလည္းေျပာ၊ လက္ကလည္း အဆတ္မျပတ္ကို႐ိုက္ေနရင္း စိတ္မထိန္းႏိုင္ဘဲ ၾကမ္းၾကမ္းတမ္းတမ္းေတြ ေျပာမိေတာ့၏။

"နင္အရွက္မရွိဘူးလား.. ဒီေလာက္ေတာင္ နင္လင္လိုခ်င္ေနရင္ ငါလင္ေပးစားပစ္မယ္ ေက်ာင္းမတက္ေတာ့နဲ႔.."

"အဟင့္.. ဟင့္..."

"သြား.. နင္ႀကိဳက္တဲ့လင္ေနာက္သာလိုက္သြား.. ငါ့အိမ္မွာမေနနဲ႔ေတာ့နင့္မ်က္ႏွာကိုမျမင္ခ်င္ဘူး  ဒီေလာက္ေတာင္ ငါ့ကိုဒုကၡေပးတဲ့ဟာမ.."

က်ိဳးေၾကေနသည့္တံျမက္စည္းကိုဝုန္းခနဲ႔ပစ္ခ်ရင္း ေဒါသေတြႏွင့္ ဆိုလိုက္သည့္ေဒၚမိုးစကားဟာ ဆယ္ေက်ာ္သက္အ႐ြယ္ေလး၏ အ႐ိုင္းစိတ္ကို လႈံ႕ေဆာ္လိုက္သကဲ့သို႔ပင္ ျဖစ္သြားသည္။

ပန္ပန္က ငိုေနရင္းႏွင့္ မ်က္ရည္ကိုဆတ္ခနဲ႔ခါထုတ္ပစ္ရင္း

"မေနဘူး.. သြားမယ္.. "

"ငါ့ကို ျပန္ခံေျပာေနေသးတယ္ ေျဖာင္း.."

လက္က နာရင္းကိုေျဖာင္းခနဲ႔အုပ္လိုက္ေတာ့ ပန္ပန္ကေအာ္ဟစ္လိုက္ရင္း

"မ႐ိုက္နဲ႔ေတာ့ နာတယ္ အေမရဲ႕.."

"နင့္ကိုငါက အေသေတာင္သတ္ခ်င္တယ္ ဘာတစ္ခုမွေသာက္သုံးမက်တဲ့အျပင္ ငါ့ကို တစ္ခုၿပီး တစ္ခုဒုကၡေပးတယ္ ေမြးထားရတာ ငါဝမ္းနာတာပဲ အဖက္တင္တယ္.. "

"အေမ့ကိုေရာ ဘယ္သူကေမြးခိုင္းလို႔လဲ .."

"ဘာ..."

ေဒၚမိုးစိတ္္မထိန္းႏိုင္ေတာ့ပါ။ တံျမက္စည္းေနာက္တစ္ေခ်ာင္းကိုျပန္ေကာက္လာၿပီးေနာက္  ဆက္ကာဆက္ကာ ႐ိုက္ေတာ့သည္။

"အ႐ိုင္းအစိုင္းမ.. နင့္ကိုငါေကြၽးေမြးထားလို႔ ဒီအ႐ြယ္ထိေရာက္လာတာကို ေက်းဇူးေတြ ဆပ္ျပေနတယ္ဟုတ္လား.."

"မေကြၽးခ်င္ရင္ မေမြးနဲ႔ေပါ့ အီး ဟီး.."

"ဘာ.. ငါဒီေန႔ နင့္ကိုအရွင္မထားဘူး ကဲဟာ.. ေျဖာင္း"

ေဒၚမိုးမွာ စိတ္မထိန္းႏိုင္ေတာ့ဘဲ သမီးကို ႐ိုက္မိျပန္သည္။ ေဒါသမ်က္ရည္ေတြလည္း တေပါက္ေပါက္က်လာလ်က္..

"မေအကို ေျပာခံေျပာေနလိုက္တာမ်ား ငရဲမေၾကာက္ဘာမေၾကာက္နဲ႔ အ႐ိုင္းအစိုင္းမ နင့္ကိုေမြးမိတာကိုက မွားပါတယ္.."

"အီးဟီး.. အာ့တာဆိုလည္း တစ္ခါတည္းသာ သတ္လိုက္.."

ပန္ပန္ကာ ဆယ္ေက်ာ္သက္စိတ္႐ိုင္းဝင္သည့္အ႐ြယ္။ နဂိုကမွ အင္မတန္အေၾကာတင္းၿပီး ျပန္ခံေျပာတတ္သူမို႔ ဒီစကားေတြၾကားေတြ ပိုဆိုးသည္။ ခံျပင္းစိတ္ေတြ႐ုန္းႂကြလာကာ

"မေနဘူး.. အေမနဲ႔ မေနဘူး လမ္းေပၚတက္ ကားတိုက္ေသပစ္တာမွေကာင္းမယ္ အီးဟီး.."

"ဘာေျပာတယ္.."

သမီးကေျပာရခက္ေလ ေဒၚမိုးကပိုေဒါသထြက္ေလျဖစ္ေတာ့ရာ သမီးကိုဆြဲ႐ိုက္ျပန္သည္။ ပန္ပန္ကလည္း အေမ့လက္မွအတင္း႐ုန္းလ်က္

"မ႐ိုက္ေတာ့နဲ႔ပါဆို... ေတာ္ေတာ့.."

"မေတာ္ႏိုင္ဘူး.. ညည္းကိုညည္းဘာထင္လို႔ ငါ့ကိုျပန္ခံေျပာေနရသလဲ ဒီအ႐ြယ္နဲ႔ယြထၿပီး ရည္းစားထားခ်င္တဲ့ဦး.. ေျဖာင္း.."

"အ.. အေမေနာ္ ပန္ပန္ကိုအာ့လိုမေျပာနဲ႔.."

"ေျပာတယ္ နင္အရွက္မရွိလို႔ကိုေျပာတယ္ ဒီေလာက္ေယာက်ၤားလိုခ်င္ရင္ တစ္ခါတည္း လိုက္သြားေတာ့ ငါ့အိမ္မွာမေနနဲ႔ နင့္ကိုအိမ္မွာေခၚထားရတာ ငါရွက္တယ္.."

ေဒၚမိုး၏အားနည္းခ်က္တစ္ခုက သားသမီးကိုအႏုနည္းထက္ အၾကမ္းနည္းသာသုံးၿပီး ဆုံးမတတ္ျခင္းပင္။ ေဒါသေတြ ထြက္လာၿပီဆိုလွ်င္ စကားေတြၾကမ္းၾကမ္းေတြေျပာၿပီး ေျပာခ်င္ရာေျပာလိုက္မိျခင္းပင္။ တစ္ခါတေလ ဆဲဆိုတာေလးလည္းပါ၏။ တကယ္က အေမပဲ။ ကိုယ့္သားသမီးကိုမခ်စ္ဘဲေနမည္လား။ ခ်စ္လြန္းလို႔လည္း နာတတ္ေအာင္ ေျပာလိုက္မိျခင္းသာ။ ရင္ထဲကပါသည့္စကားမွမဟုတ္သည္ပဲ။

သို႔ေသာ္ ဆယ္ေက်ာ္သက္အ႐ြယ္ စိတ္႐ိုင္းေတြမ်ားခ်ိန္၌ မိဘ၏ေစတနာကိုျမင္ႏိုင္မည္မွာ မဟုတ္ပါ။ ေအာ္ႀကီးဟစ္က်ယ္ဆဲဆိုခံရေလေတာ့ မိန္းကေလးပီပီရွက္လာသည္။ ခံျပင္းစိတ္ေတြ ႐ုန္းႂကြကာ ျဖစ္ခ်င္ရာျဖစ္ လုပ္ပစ္တတ္သည္။ တစ္နည္းအားျဖင့္ မခံခ်င္စိတ္ႏွင့္အ႐ြဲ႕တိုက္မိျခင္းပင္။

"မေနဘူး အေမ့အိမ္လုံးဝမေနဘူး.."

အခုလည္းပန္ပန္သည္မခံမရပ္စြာေအာ္ဟစ္ရင္း  အိမ္ထဲမွေျပးထြက္သြားေတာ့သည္။ ေဒၚမိုး ေဒါသေတြႏွင့္က်န္ခဲ့သည္။

လူကေဒါသမေျပေသးေတာ့ ပန္ပန္ဘယ္ထြက္သြားလည္း ဂ႐ုမစိုက္ဘဲပစ္ထားလိုက္၏။ သို႔ေသာ္ ည(၇)နာရီအထိ ပန္ပန္ျပန္မလာေသးေတာ့ နည္းနည္းစိတ္ပူစျပဳလာသည္။

"ဒီေကာင္မေလး ဘာလို႔အခုထက္ထိမလာေသးသလဲ.. "

ေမွာင္မည္းစျပဳလာၿပီျဖစ္သည့္အျပင္ဘက္ကို လွမ္းၾကည့္ရင္း ေဒၚမိုးစိုးရိမ္စြာဆိုမိ၏။ အငယ္ေကာင္ကလည္း သူ႔ဦးေလးကိုအလုပ္ကူလုပ္ဖို႔ထည့္ေပးလိုက္သည္မို႔ ဒီေန႔အိမ္မွာရွိမေနပါ။ ထို႔ေၾကာင့္ (၈)နာရီထိုးလုအခ်ိန္ထိ ပန္ပန္ ျပန္မလာေသးေတာ့ ေဒၚမိုးမွာတစ္ေယာက္တည္းကို ျပာယာခတ္လာရသည္။

"ေတာက္.. အေတာ္ဒုကၡေပးတဲ့ေကာင္မေလး.."

"လုံးလုံးလာ နင့္သခင္မကိုသြားရွာမယ္.."

က႐ုဏာေဒါသေတြႏွင့္ဆိုရင္း ေဒၚမိုး ဓာတ္မီးကိုယူလ်က္ လုံးလုံးကိုေခၚကာအိမ္အျပင္ကို ထြက္လာခဲ့လိုက္သည္။ ဒီလမ္းက လမ္းသြယ္ေလးမို႔ လမ္းမီးက သိပ္မရွိပါ။ ေဒၚမိုးတို႔အိမ္ဘက္ျခမ္းက ဓာတ္တိုင္ေတြရဲ႕မီးက ယဲ့ယဲ့ေလးမွ်သာ လင္းသည္။ ဒီအတိုင္းဆို နဂိုက မ်က္စိမႈန္တာနဲ႔ ဘာမွျမင္ရမွာမဟုတ္ပါ။

"ဟင္း... ဒီေကာင္မေလး တကယ္ေျပာရခက္ပါတယ္ ဘယ္ေရာက္ေနသလဲ.."

ေဒါသေတြလည္းေျပသြားေတာ့ သက္ျပင္းတခ်ခ်ႏွင့္ ေဒၚမိုးစိုးရိမ္ေသာကေတြပြါးမ်ားကာ သမီးျဖစ္သူကို ရပ္ကြက္အႏွံ႔လိုက္ရွာရေတာ့၏။ ဘာမွမသိရွာသည့္လုံးလုံးကေတာ့ တစ္ရပ္ကြက္လုံးအႏွံ႔ထြက္လည္ရလို႔ ေပ်ာ္ေနေတာ့သည္။

ဘယ္မွာမွရွာမေတြ႕ေတာ့ ေဒၚမိုးထူပူလာသည္။ ညကလည္း(၉)နာရီထိုးလုၿပီ။ ညေနကမိုး႐ြာထားေတာ့ လမ္းေတြကစိုစြတ္ေတြ လူအသြားအလာလည္း ေျခာက္ကပ္ေနၿပီျဖစ္သည္။

ပန္ပန္ဘယ္ေရာက္ေနသလဲ...။

ပန္ပန္သြားတတ္သည့္ေနရာအႏွံ႔လိုက္ရွာသည့္တိုင္မေတြ႕ေတာ့ အိမ္ျပန္လာခဲ့သည္။ အိမ္မွာမ်ားေရာက္ေနၿပီလားဆိုေတာ့လည္းမရွိ။

"ဒုကၡပါပဲ ဒီကေလးမ အခုထိမလာေသးဘူး"

ေသာကေတြေၾကာင့္ လူကဘာလုပ္ရမွန္းမသိေတာ့ပါ။ ရပ္ကြက္႐ုံးပဲတိုင္ရမွာလား.. ရဲစခန္းပဲသြားရမွာလား ထူပူေနခိုက္...

"တီ... တီ..."

ဖုန္းျမည္လာသျဖင့္ကိုင္လိုက္ေတာ့ ဆရာမ မသက္တို႔အိမ္ကျဖစ္သည္။

"အစ္မမိုးေရ.. ပန္ပန္ ကြၽန္မတို႔အိမ္ကိုေရာက္ေနပါတယ္ေနာ္ လမ္းမွာေတြ႕လိုက္ေခၚထားလိုက္တယ္"

"ဟင္ဟုတ္လား.. ကြၽန္မအခုပဲ လာေခၚပါ့မယ္ ဆရာမရယ္.."

"ေနေန.. ဒီတစ္ညေတာ့ ကေလးကိုဒီမွာအိပ္ခိုင္းလိုက္ဦး ကြၽန္မလည္းသူနဲ႔စကားေျပာခ်င္ေသးတယ္ အစ္မစိတ္ပူေနမွာစိုးလို႔ လွမ္းဆက္ေပးတာပါ.."

ဆရာမမသက္က သူမတို႔သားအမိေတြျပသာနာျဖစ္မွန္းသိေနပုံရသည္။ ထို႔ေၾကာင့္ ပန္ပန္႔ကို တမင္ညအိပ္ခိုင္းၿပီး ဆိုဆုံးမမလားမသိပါ။ မည္သို႔ပင္ျဖစ္ေစ ဆရာမမသက္တို႔အိမ္မွာရွိေနတယ္ဆိုေတာ့ ေဒၚမိုးလည္းစိတ္ေအးသြားရကာ သက္ျပင္းခ်ႏိုင္ေတာ့သည္။

"ဟုတ္ကဲ့ပါ.. ဒါျဖင့္ ဆရာမဒါဆိုလည္း ဆရာမကိုပဲအားနာနာနဲ႔ အကူအညီေတာင္းပါတယ္.."

"စိတ္ေအးေအးနဲ႔သာအိပ္ေနာ္ အစ္မ ပန္ပန္အတြက္စိတ္မပူနဲ႔.."

ဆရာမမသက္က သူမကိုေဖ်ာင္းဖ်သြားေသး၏။ ေဒၚမိုးလည္း ဖုန္းခ်ၿပီး အေတာ္ၾကာသည္အထိငိုင္ေနမိသည္။

ရပ္ကြက္ပတ္ခဲ့သည္မို႔ ေမာသြားသည့္လုံးလုံးက တခူးခူးႏွင့္အိပ္ေပ်ာ္သြားသည့္တိုင္ ေဒၚမိုးကေတာ့ ေတာ္ေတာ္ႏွင့္အိပ္မေပ်ာ္ႏိုင္။

ဒီသမီးအဆိုးတစ္ေယာက္ေၾကာင့္ ေသာကေတြ ႏွင့္ စိတ္ေတြေမာပန္းေနမိလ်က္....။

ဆက္ရန္
ဆူးခတ္ပန္း

Continue Reading

You'll Also Like

418K 16K 34
အချစ်ဆိုတာကို ပုံမဖော်နိုင်သေးခင်မှာပဲ သူမနဲ့သားလေးက ကျွန်တော့်ဘ၀ထဲ ၀င်လာခဲ့တယ် ❤️ အခ်စ္ဆိုတာကို ပုံမေဖာ္ႏိုင္ေသးခင္မွာပဲ သူမနဲ႔သားေလးက ကြၽန္ေတာ့္ဘ၀ထ...
6.2K 290 31
"ေနာက္ေက်ာက ဓားမထုိးနဲ႕ အရမ္းရြံ႕တယ္...အရမ္းမုန္းတယ္...ခင္ဗ်ားက ရုပ္ေလးလွသေလာက္ စိတ္ဓာတ္က ရြံစရာေကာင္းလြန္းတယ္...' "ဘာ..ဘာျဖစ္လုိ႕လဲ..." ေက နားမလည္ေသ...
147K 4.4K 48
ငါ့ဇနီး နေရာကို အစားဝင်လာတဲ့ မင်း က ဘယ်သူလဲ
5.1K 221 85
ဒါဟာ ဇာတ်လမ်းတစ်ပုဒ်မဟုတ်ခဲ့ဘူး ဝတ္ထုတစ်ပုဒ်လဲမဟုတ်ခဲ့ဘူး ကဗျာတစ်ပုဒ်လဲမဟုတ်ခဲ့လည်း ဒီလောကကြီးထဲမှာပဲ ရှင်သန်နေဆဲ လူနှစ်ယောက်အကြောင်းကို ရေးသားထား...