Chapter 91 - ပထမဦးဆုံး ပြိုင်ပွဲ
ယန်ချီက သူ့ဆီပြေးဝင်လာတဲ့ အလယ်အလတ်နတ်ဆိုးအရှင်သခင်ကို ကြည့်နေပေမယ့် သူ့မျက်နှာထက်မှာတော့ တည်ငြိမ်နေခဲ့ပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်သခင်ရဲ့ လက်ထဲက တူက အလေးချိန် ဂျင် တစ်သောင်းလေးပါတယ်။ ဒီတူနဲ့သာ တစ်ယောက်ယောက်ကို ရိုက်နှက်မိလိုက်ရင် အကျိုးဆက်ကတော့ မတွေးရဲစရာပါပဲ။
ယန်ချီက အလယ်အလတ်နတ်ဆိုးအရှင်သခင်ကို စူးစိုက်ကြည့်နေခဲ့ပါတယ်။
သူ့ရဲ့ လက်ကတော့ နောက်ကျောမှာ လွယ်ထားတဲ့ ဆေဘာဓါးရဲ့ လက်ကိုင်ဆီ ရောက်နေခဲ့ပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်သခင်က သူနဲ့ ခြေလှမ်းအနည်းငယ်ပဲ ဝေးတော့မယ့်အချိန်မှာ ယန်ချီရဲ့ မျက်လုံးတွေကနေ လက်ခနဲ ဖြစ်သွားခဲ့ပါတယ်။
“ဆေဘာဓါးကို ဆွဲထုတ်ခြင်း . . . .”
“ဝှစ်”
ကြောက်မက်ဖွယ်ကောင်းတဲ့ ဆေဘာအလင်းတစ်ခုက တစ္ဆေငိုညည်းသံဓါးဆီကနေ ထွက်ပေါ်လာခဲ့ပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်သခင်က ကြောက်မက်ဖွယ်ကောင်းတဲ့ ဆေဘာအလင်းကို မြင်လိုက်တဲ့အခါ ကြောက်လန့်စိတ်ကြောင့် သူ့မျက်နှာကဖြူလျော့သွားခဲ့ပါတယ်။
သူက လျင်မြန်စွာနဲ့ နတ်ဆိုးစွမ်းအားတွေကို တူဆီပို့လွှတ်လိုက်တော့ တူဆီကနေ နတ်ဆိုးစွမ်အားတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
ဆေဘာအလင်းနဲ့ နတ်ဆိုးစွမ်းအား. . .. ။
အဲ့ဒီနှစ်ခုက လေထဲမှာ ရင်ဆိုင်မိသွားကြပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်သခင်က အစောပိုင်းမှာ သူ့ရဲ့ နတ်ဆိုးစွမ်းအားတွေကို သုံးပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဆေဘာဓါးအလင်းကို ခုခံချင်ခဲ့ပါတယ်။
ကံမကောင်းစွာနဲ့ တစ္ဆေငိုညည်းသံဓါးနဲ့ ပေါင်းစပ်ခြင်းအဆင့် တစ်ရဲ့ ဓါးအလင်းတို့က ဟန်ပြမဟုတ်ပါဘူး။
ဆေဘာဓါးအလင်းနဲ့ နတ်ဆိုးစွမ်းအားတို့ ရင်ဆိုင်မိကြတဲ့အချိန်မှာ နတ်ဆိုးစွမ်းအားက လုံးဝကို ကွဲကျေသွားခဲ့ပြီး အစအနပါမကျန် ပျောက်ကွယ်သွားခဲ့ပါတယ်။
ဆေဘာဓါးအလင်းရဲ့ လက်ကျန် စွမ်းအားတွေက အလယ်အလတ်နတ်ဆိုးအရှင်သခင်ဆီကို လှိုင်းလုံးကြီး သဖွယ် ပြေးဝင်သွားခဲ့ပါတယ်။
ဆေဘာဓါးအလင်းရဲ့ လက်ကျန်စွမ်းအားတွေက အလယ်အလတ်နတ်ဆိုးအရှင်သခင်ဆီကို ထိမှန်သွားတာနဲ့အတူ ယန်ချီကလည်း အရှေ့ကို တစ်လှမ်းတက်လိုက်ပါတယ်။ စိတ်ဝိဉာဉ်ခန္ဓာကိုယ်ရဲ့ အမြန်နှုန်းက သူ့ကို လေပြင်းတိုက်ခတ်သည့်အလား မြန်ဆန်စေပါတယ်။
မျက်စီတမှတ်အတွင်းမှာပဲ သူက အလယ်အလတ်နတ်ဆိုးအရှင်သခင်ရဲ့ အရှေ့ကို ရောက်သွားခဲ့ပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်သခင်က သူနဲ့ အလွန်နီးကပ်နေပါပြီ။ ဒါ့အပြင် နတ်ဆိုးက ဓါးအလင်းရဲ့ လက်ကျန် စွမ်းအားတွေကို ခုခံနေတာကြောင့် အခြားဘာကိုမှ ဂရုမပြုနိုင်ပါဘူး။
ဒါကြောင့် ယန်ချီရဲ့ ချဉ်းကပ်လာမှုကို မမြင်ခဲ့ပါဘူး။
ယန်ချီက သူ့ရဲ့လက်ကို လေထဲမြှောက်လိုက်ပြီး ဓါးကို ပိုင်းချလိုက်တဲ့အခါ အလယ်အလတ်နတ်ဆိုးအရှင်သခင်က သိလိုက်ပေမယ့်လည်း တုန့်ပြန်ဖို့ အလွန်နောက်ကျသွားခဲ့ပါပြီ။
“ဝှစ်”
ဓါးအလင်းတစ်ခုက ဖျတ်ခနဲ့ လက်သွားခဲ့ပြီး အလယ်အလတ်နတ်ဆိုးအရှင်သခင်ရဲ့ ဦးခေါင်းက ခန္ဓာကိုယ်ကနေ ကင်းကွာသွားခဲ့ပါတယ်။
“အလယ်အလတ်နတ်ဆိုးအရှင်သခင်ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် + ၃၀၀၀၀၀”
အပြင်ဖက်ခံစစ်တံတိုင်းပေါ်ရှိစစ်သားတွေက ယန်ချီတစ်ယောက် အလယ်အလတ်နတ်ဆိုးအရှင်သခင်ကို အလွယ်တကူ သတ်နိုင်လိုက်တာကိုမြင်တော့ သူတို့တွေ အံ့အားသင့်သွားကြပါတယ်။
“သိုင်းအရှင်သခင် ယန်ချီ မင်း လုပ်နိုင်ခဲ့ပြီ”
“သိုင်းအရှင်သခင် ယန်ချီ မင်း လုပ်နိုင်ခဲ့ပြီ”
“သိုင်းအရှင်သခင် ယန်ချီ မင်း လုပ်နိုင်ခဲ့ပြီ”
သိုင်းပညာရှင်တွေနဲ့ စစ်သားတွေ ကြွေးကြော်လိုက်ကြပါတယ်။
ဒီလို ရုတ်တရက် ကြွေးကြော်သံတွေက ကောင်းကင်နဲ့ မြေပြင်ကြားမှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့ပါတယ်။
ကျန်တဲ့ နတ်ဆိုးမိစ္ဆာတွေလည်း အလယ်အလတ်နတ်ဆိုးအရှင်သခင်က ဒီလို လို သေဆုံးသွားတာ မြင်တော့ သူတို့အားလုံး အနည်းငယ် အံ့အားသင့်သွားခဲ့ပါတယ်။
သူတို့တွေက အပြင်ဖက်ခံစစ်တံတိုင်းပေါ်က ကြွေးကြော်သံတွေကို ကြားတဲ့အခါ သူတို့တွေ ပိုပြီး အံ့အားသင့်သွားခဲ့ပါတယ်။
“ယန်ချီက သိုင်းအရှင်သခင် အဆင့်လား”
“သူတို့အရှေ့က ဒီလူသားက လူသား သိုင်းအရှင်သခင်အဆင့်ဖြစ်နိုင်ပါ့မလား”
ဒီအကြောင်းကို တွေးမိလိုက်တော့ နတ်ဆိုးမိစ္ဆာတွေ အနည်းငယ် ထိတ်လန့်သွားခဲ့ပါတယ်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ လူသားရဲ့ ကျင့်စဉ်အမြန်နှုန်းအရ သူ့အသက်အရွယ်နဲ့ သိုင်းအရှင်သခင်အဆင့် ဖြစ်မလာနိုင်ပါဘူး”
အဆင့်မြင့် နတ်ဆိုးအရှင်သခင်က အေးတိအေးစက် အော်ဟစ်လိုက်တယ်။
သူတို့ရဲ့ အမြင်အရ ဒီလူသားတွေက ယန်ချီကို သိုင်းအရှင်သခင်လို့ ခေါ်တာက သူတို့ကို ကြောက်လန့်စေဖိ့ ဖြစ်နိုင်ပါတယ်။
“ဘယ်သူ လာဦးမှာလဲ”
ရုတ်တရက် ယန်ချီက သူ့အရှေ့က နတ်ဆိုးမိစ္ဆာတွေကို ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။ သူက စကားလုံး အနည်းငယ်ကိုသာ ပြောပေမယ့် အဲ့ဒီစကားတွေထဲမှာ အဆုံးမရှိတဲ့ အရှိန်အဝါတွေ ပါဝင်နေခဲ့ပါတယ်။
“ငါ လာခဲ့မယ်”
နောက်ထပ် အလယ်အလတ်အဆင့် နတ်ဆိုးအရှင်သခင် တစ်ယောက်က သေခြင်းတရားကိုေ ကြာက်ရွံ့ခြင်းမရှိပဲ အရှေ့ကို ထွက်လာခဲ့ပါတယ်။
“မလုံလောက်သေးဘူး”
ယန်ချီက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုကတယ်။ “ငါက မင်းတို့အားလုံးနဲ့ တိုက်ချင်နေတာ”
“ဘယ်လို.. . . ”
ဒီစကားတွေကို ကြားလိုက်တဲ့အခါ နတ်ဆိုးမိစ္ဆာတွေသာမက ယန်ချီအနောက်က သိုင်းပညာရှင်ကိုးယောက်ကလည်း အံ့အားသင့်သွားခဲ့ပါတယ်။ ဘာကိစ္စပဲ ဖြစ်ဖြစ် ယန်ချီက ဒီလို စကားမျိုး ပြောလိမ့်မယ်လို့ မမျှော်လင့်မိကြဘူးလေ။
“လူသား မင်း ဘာပြောတာလဲ”
အလယ်အလတ်နတ်ဆိုးအရှင်သခင်က ယန်ချီကို စူးစိုက်ကြည့်လိုက်ပါတယ်။
“ငါပြောတာက ” ယန်ချီက လေးနက်တဲ့ လေသံနဲ့ ဆက်ပြောလိုက်ပါတယ်။ သူက နွားသိုးနှစ်ကောင်ရဲ့ စွမ်းအားကို ကောင်းကင်ပြင်ဆီ ပစ်လွှတ်ပြီး ဆက်ပြောလိုက်တယ်။ “ငါ မင်းတို့အားလုံးနဲ့ တိုက်ခိုက်ချင်တာ … ”
သူကရဲ့ ကြီးစိုးတဲ့ စိတ်ဆန္ဒက အလွန်ကြီးစိုးပြီး ကြောက်မက်ဖွယ်ကောင်းပါတယ်။
ဒါပေမယ့်လည်း သိုင်းပညာရှင်တွေနဲ့ အပြင်ဘက်ခံစစ်တံတိုင်းပေးက စစ်သည်တွေက ယန်ချီထုတ်လွှတ်လိုက်တဲ့ နွားသိုးနှစ်ကောင်ရဲ့ စွမ်းအားကို မြင်ပြီးနောက်မှာ နေရာမှာတင် ကျောက်ရုပ်အလား ဖြစ်ကုန်ကြပါတယ်။
“ယန်ချီက သိုင်းအရှင်သခင်အဆင့်မဟုတ်ဘူးလား”
“နွားသိုးတွေရဲ့ စွမ်းအား. . . ”
နွားသိုးနှစ်ကောင်ရဲ့ စွမ်းအားက အလယ်အလတ်အဆင့် ဆရာသခင်အဆင့်သာ ရှိပါတယ်။
ယန်ချီအနောက်က သိုင်းပညာရှင် ကိုးယောက်က အံ့သားသင့်နေခဲ့ပါတယ်။ ယန်ချီက အလယ်အလတ်အဆင့် ဆရာသခင်အဆင့်သာ ရှိသေးတာလား။
နတ်ဆိုးမိစ္ဆာတွေက ယန်ချီထုတ်လွှတ်လိုက်တဲ့ နွားသိုးနှစ်ကောင်ရဲ့ စွမ်းအားကို မြင်ပြီးနောက်မှာ သူတို့တွေ ယုံကြည်မှုရှိသလို ခံစားမိလိုက်ပါတယ်။
ဒီလူသားက အလယ်အလတ်ဆရာသခင်အဆင့်ပဲဆိုတာ သိလိုက်ကြပါတယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 92 - မလုံလောက်သေးဘူး
အလယ်အလတ်နတ်ဆိုးအရှင်သခင် အဆင့် နတ်ဆိုးမိစ္ဆာတစ်ကောင်က အရှေ့ကို လျှောက်ထွက်လာပြီး ယန်ချီကို အထင်သေးစွာ ကြည့်လိုက်ပါတယ်။
“လူသား ငါက မင်းကို သိုင်းအရှင်သခင်အဆင့်လို့ ထင်နေတာ။ မင်းက အလယ်အလတ်ဆရာသခင်အဆင့်လို့ ငါ မမျှော်လင့်မိဘူး”
အလယ်အလတ်နတ်ဆိုးအရှင်သခင် ရဲ့စွမ်းအားက အလယ်အလတ်အဆင့် ဆရာသခင်နဲ့ ညီမျှပါတယ်။
“ငါက အလယ်အလတ်အဆင့် ဆရာသခင် မဟုတ်ဘူး။ ငါက မူလဆရာသခင်အဆင့်ပဲ” ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်ပါတယ်။
ယန်ချီအနောက်မှာ ရပ်နေတဲ့ သိုင်းပညာရှင်ကိုးဦးလုံးက လင်ဟိုင်အခြေစိုက်စခန်းက ဖြစ်ပါတယ်။ သူတို့တွေက ဒီစကားကို ကြားတဲ့အခါ ယန်ချီမှာ စိတ်ဝိဉာဉ်ခန္ဓာကိုယ်ပိုင်ဆိုင်ထားမှန်း အမှတ်ရလိုက်ပါတယ်။ ဒီအကြောင်းက လင်ဟိုင်အခြေစိုက်စခန်းမှာ လျှို့ဝှက်ချက် တစ်ခုတော့မဟုတ်ပါဘူး။
“ဟီး ဟီး ”
အလယ်အလတ်နတ်ဆိုးအရှင်သခင် က လှောင်ပြောရယ်မောလိုက်ပါတယ်။ သူက ယန်ချီကို မူလဆရာသခင်အဆင့်လို့ မယုံကြည်ပါဘူး။
“မင်း အလွန်ပျော်နေပုံရတယ်။ မင်းက ငါ့ကို အလယ်အလတ်ဆရာသခင်အဆင့်လို့ ထင်တာလား” ယန်ချီက အလယ်အလတ်နတ်ဆိုးအရှင်သခင်ကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “ဒါဆိုရင် ငါ ခုနက သတ်လိုက်တာ အလယ်အလတ်နတ်ဆိုးအရှင်သခင်မဟုတ်ဘူးထင်တယ်”
သူ့ရဲ့ စကားတွေက ဂယက်ထသွားခဲ့ပါတယ်။
ကျန်ရှိနေတဲ့ နတ်ဆိုးမိစ္ဆာကိုးကောင်က အလွန်တရာကို ဒေါသပြင်းစွာ ထွက်ခဲ့ပါတယ်။
ချက်ချင်းပင် နောက်ထပ် အလယ်အလတ်နတ်ဆိုးအရှင်သခင် တစ်ကောင်က လျှောက်ထွက်လာပြီး ယန်ချီကို စူးစိုက်ကြည့်နေခဲ့ပါတယ်။
“လူသား အလယ်အလတ်နတ်ဆိုးအရှင်သခင်တစ်ကောင်နဲ့ မလုံလောက်ရင် နှစ်ကောင်ဆိုရင်ရော ”
“မလုံလောက်သေးဘူး”
ယန်ချီက သူ့ခေါင်းကို နောက်တစ်ကြိမ် ခါယမ်းလိုက်ပါတယ်။
ယန်ချီက နတ်ဆိုးမိစ္ဆာတွေ အတူတကွ တိုက်ခိုက်ရင် ကောင်းမယ်လို့ တွေးနေခဲ့ပါတယ်။ အဲ့ဒါမှ ဖန်ရွှေခန္ဓာကိုယ်ရဲ့ အစွမ်းကို အကျိုးရှိစွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။
နတ်ဆိုးမိစ္ဆာတွေက မယုံကြည်နိုင်လောက်အောင် ဒေါသ ထွက်သွားခဲ့ပြီး သူတို့ရဲ့ အတွေးထဲမှာ ဒေါသတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
“အလယ်အလတ်နတ်ဆိုးအရှင်သခင် သုံးယောက်ဆိုရင်ရော ဘယ်လိုလဲ”
နောက်ထပ် အလယ်အလတ်နတ်ဆိုးအရှင်သခင် တစ်ကောင်က အရှေ့ကို လှမ်းထွက်လာပြီး ပြောလိုက်ပါတယ်။
“မလုံလောက်သေးဘူး”
ယန်ချီလည်း ဖြေးညှင်းစွာ ပြောလိုက်ပြန်ပါတယ်။ သူ့ရဲ့ လေသံက အလွန် တည်ငြိမ်နေခဲ့ပြီး ဒီနတ်ဆိုးသုံးကောင်က သူ့အတွက် ဘာမှ မဟုတ်ဘူးလို့ တွေးနေခဲ့ပါတယ်။
နတ်ဆိုးမိစ္ဆာတွေအားလုံး ဒေါသပြင်းစွာ ထွက်သွားပါတယ်။
သူတို့တွေက ယန်ချီလို မောက်မာတဲ့ လူသားကို တခါမှ မမြင်ဖူးပါဘူး။
ယန်ချီအနေနဲ့ အလယ်အလတ်ဆရာသခင် အဆင့်သာ ဖြစ်ပေမယ့် သူက အရှက်ကင်းမဲ့အောင် ကြွားဝါလွန်းပါတယ်။
ယန်ချီရဲ့ အနောက်က သိုင်းပညာရှင်ကိုးဦးနဲ့ အပြင်ဖက်ခံစစ်တံတိုင်းပေါ်က လူတိုင်း ယန်ချီကို ကြည့်ပြီး လျှာကိုက်မိသွားကြပါတယ်။
“အလယ်အလတ်နတ်ဆိုးအရှင်သခင်သုံးကောင်တောင် မလုံလောက်သေးဘူးလား”
“ဒါက ဘယ်လို သတ္တိမျိုးလဲ”
“လူသား အလယ်အလတ်နတ်ဆိုးအရှင်သခင်သုံးကောင်က မလုံလောက်သေးဘူးဆိုရင် ငါးကောင်ဆိုရင်ရော ”
နောက်ထပ် အလယ်အလတ်နတ်ဆိုးအရှင်သခင် နှစ်ကောင်က အရှေ့ကို လှမ်းထွက်လာပြီး သူတို့မျက်နှာထက်မှာတော့ ဒေါသတွေ အပြည့်နဲ့ ဖြစ်နေခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ ယန်ချီနဲ့ ရင်ဆိုင်ဖို့အတွက် အလယ်အလတ်နတ်ဆိုးအရှင်သခင် ငါးကောင် ရှိနေခဲ့ပါပြီ။
သူတို့တွေက ယန်ချီဘာ ပြန်မပြောမလဲ ဆိုတာကို စောင့်ဆိုင်းနေကြပါတယ်။
သူတို့တွေက အိမ်မက် မက်နေတာလား။ မမျှော်လင့်စွာနဲ့ ယန်ချီက ခေါင်းကို နောက်တစ်ကြိမ် ခါယမ်းလိုက်ပြီး ပြောလိုက်ပါတယ်။
“ဒီလောက်နဲ့ မလုံလောက်သေးဘူး”
“ဟူး. . . .”
အပြင်ဖက် ခံစစ်တံတိုင်းပေါ်က စစ်သားတွေနဲ့ သိုင်းပညာရှင်တွေအားလုံ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ကြပြီး အံ့သြမှင်တပ်နေခဲ့ပါတယ်။
နတ်ဆိုးမိစ္ဆာတွေလည်း အလွန်တရာကိုေ ဒါသထွက်နေခဲ့ပါပြီ။
“လူသား မင်းက တကယ်ကို မောက်မာတာပဲ”
အလယ်အလတ်နတ်ဆိုးအရှင်သခင် တစ်ယောက်က ယန်ချီကို ပြောလိုက်ပါတယ်။
“မောက်မာတာလား” ယန်ချီက လှောင်ပြောလိုက်ပါတယ်။ “မင်းတို့ အလယ်အလတ်နတ်ဆိုးအရှင်သခင်ငါးကောင်ဆိုတာ ငါ ယန်ချီရဲ့ အရှေ့မှာဆိုရင် ပုရွက်ဆိတ်တွေထက် ဘာမှ မပိုဘူး”
“မင်း. . .”
အဲ့ဒီ အလယ်အလတ်နတ်ဆိုးအရှင်သခင် က ပြောစရာ စကား ကင်းမဲ့သွားခဲ့ပြီး ဘာပြောရမှန်း မသိတော့ပါဘူး။
“ဟီး ဟီး ”
ရုတ်တရက် အဆင့်မြင့် နတ်ဆိုးအရှင်သခင်က လှောင်ပြောရယ်မောနေခဲ့ပါတယ်။
“ဒီလူသားက အလွန်မောက်မာတာပဲ။ မင်းတို့ကောင်တွေ သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်။ အလယ်အလတ်နတ်ဆိုးအရှင်သခင်ခုနှစ်ကောင်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားကို အမြည်းကျွေးလိုက်”
သူ့ရဲ့ စကားသံ ဆုံးသွားတာနဲ့ နောက်ထပ် အလယ်အလတ်နတ်ဆိုးအရှင်သခင် နှစ်ကောင်က အရှေ့ကို ထွက်လာခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ အဆင့်မြင့် နတ်ဆိုးအရှင်သခင်တွေမှ တပါး ကျန်တဲ့ အလယ်အလတ်နတ်ဆိုးအရှင်သခင် တွေက အရှေ့ကို လျှောက်လာခဲ့ပါတယ်။
“လူသား ဒီလောက်ဆို မင်းသေဖို့ လုံလောက်ပြီလား”
အလယ်အလတ်နတ်ဆိုးအရှင်သခင် တစ်ကောင်က ယန်ချီကို အေးတိအေးစက်ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။
ဒီအချိန်မှာတော့ လူတိုင်းက ယန်ချီကို ကြည့်နေခဲ့ပြီး သူ ဘာပြန်ဖြေမလဲဆိုတာကို စောင့်ဆိုင်းနေခဲ့ကြပါတယ်။
ဒါပေမယ့် သူတို့တွေ လုံးဝ မထင်ထားတဲ့ အဖြေကတော့ ယန်ချီအနေနဲ့ ခေါင်းကို နောက်တစ်ကြိမ် ခါယမ်းလိုက်ပါတယ်။
“ဒီလောက်နဲ့ ငါ့ကို ယှဉ်ဖို့ မလုံလောက်သေးဘူး”
သူက အလယ်အလတ်နတ်ဆိုးအရှင်သခင် ခုနှစ်ကောင်ကို အလေးအနက်မထားပဲ ပြောလိုက်ပါတယ်။
“အမ် အဓိပ္ပါယ်မရှိတာ မပြောနဲ့ လူသား။ သူ့ကို သတ်ကြစမ်း”
အဆင့်မြင့် နတ်ဆိုးအရှင်သခင် တစ်ယောက်က ယန်ချီရဲ့ မောက်မာမှုကို သည်းမခံနိုင်တော့ပါဘူး။ သူက သူ့အရှေ့က အလယ်အလတ်နတ်ဆိုးအရှင်သခင် ခုနှစ်ယောက်ကို ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်ပါတယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 93 - ဖန်ရွှေခန္ဓာကိုယ်ရဲ့ အစွမ်း
အဆင့်မြင့်နတ်ဆိုးအရှင်သခင်ရဲ့ စကားအဆုံးမှာ အလယ်အလတ်နတ်ဆိုးအရှင်သခင် ခုနှစ်ယောက်က ယန်ချီဆီကို ပြေးဝင်လာကြပါတယ်။
ယန်ချီက နွားသိုးနှစ်ကောင်ရဲ့ စွမ်းအားကို ထုတ်လွှတ်ပြီးနောက်မှာ အပြင်ဖက်ခံစစ်တံတိုင်းပေါ်က လူတိုင်းအနေနဲ့ ယန်ချီကို သိုင်းအရှင်သခင်မဟုတ်ပဲ ဆရာသခင်အဆင့်ပဲဆိုတာ သိသွားခဲ့ပါတယ်။
ဆရာသခင်တစ်ယောက်က အလယ်အလတ်နတ်ဆိုးအရှင်သခင် ခုနှစ်ကောင်နဲ့ ရင်ဆိုင်နေတာလား။
ဘာပဲဖြစ်ဖြစ် ယန်ချီအနေနဲ့ အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။
အလယ်အလတ်နတ်ဆိုးအရှင်သခင် ခုနှစ်ယောက်က ယန်ချီဆီကို ဦးတည် တိုက်ခိုက်လိုက်တဲ့အခါ အပြင်ဖက် ခံစစ်တံတိုင်းပေါ်က လူတိုင်းက သူတို့ရဲ့ မျက်လုံးတွေ ပြူးသွားကြပါတယ်။
“ဆရာ ယန်ချီက သူတို့ရဲ့ တိုက်ကွက်ကို ခုခံနိုင်ပါ့မလား”
လူတိုင်းရဲ့ ရင်ခုန်သံတွေ မြန်လာခဲ့ကြပါတယ်။
ယန်ချီရဲ့ အနောက်မှာ ရပ်နေတဲ့ သိုင်းပညာရှင်ကိုးဦးက မယုံနိုင်ဖွယ်ကောင်းအောင် မျက်နှာအမူအယာ တည်သွားခဲ့ကြပါတယ်။ သူတို့တွေအားလုံးက ယန်ချီကို စိတ်ဝိဉာဉ်ခန္ဓာကိုယ်ပိုင်ဆိုင်တဲ့ မူလဆရာသခင်အဆင့်မှန်း သိကြပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်သခင် အဆင့် ခုနှစ်ယောက်တောင်ဆိုတော့ ယန်ချီက စိတ်ဝိဉာဉ်ခန္ဓာကိုယ်ပိုင်ဆိုင်တဲ့ အဆင့်မြင့် ဆရာသခင်ဆိုရင်တောင်မှ သူတို့ခုနှစ်ယောက်ကို အနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး။
ယန်ချီက သိုင်းအရှင်သခင်အဆင့် တစ်ယောက် မဟုတ်ခဲ့ဘူးလေ။
အလယ်အလတ်နတ်ဆိုးအရှင်သခင် ခုနှစ်ယောက် သူ့ဆီကို တိုက်ခိုက်လာတာကို မြင်တော့ ယန်ချီက လှောင်ပြောင်ရယ်မောလိုက်ပါတယ်။ သူ့အနေနဲ့ ဒီနတ်ဆိုးမိစ္ဆာတွေကသူ့မှာ နွားသိုးနှစ်ကောင်ရဲ့ စွမ်းအားပဲ ရှိနေတယ်လို့ ထင်နေပုံရတယ်လို့ တွေးနေခဲ့ပါတယ်။
“စိန်မရှိပဲ ငါက ကြွေထည်လုပ်ငန်းကို လုပ်မှာတဲ့လား”
အလယ်အလတ်နတ်ဆိုးအရှင်သခင် ခုနှစ်ယောက် သူ့အရှေ့ကို ရောက်လာတဲ့အခါ ယန်ချီက ဖန်ရွှေခန္ဓာကိုယ်အဆင့်တစ်ကို အသက်သွင်းလိုက်ပါတယ်။
ချက်ချင်းပင် ယန်ချီက ရွှေရောင်လူသားတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်သခင် ခုနှစ်ယောက်လည်း အံ့အားသင့်နေခဲ့ပါတယ်။ သူတိုတွေက ဒီရွှေရောင်လူသားဆီကနေ ထုတ်လွှတ်တဲ့ အလင်းတွေက သူတို့ရဲ့ မျက်လုံးတွေ မဖွင့်နိုင်လောက်အောင် တောက်ပနေတယ်လို့ ခံစားမိပါတယ်။
သူတို့တွေက အနီးကပ် မြင်တွေ့ခဲ့ပြီးနောက် အလယ်အလတ်နတ်ဆိုးအရှင်သခင် ခုနှစ်ယောက်က ကြောက်လန့်စိတ်တွေကို မထိန်းနိုင်ကြတော့ပါဘူး။
“ဖန်. . ဖန်ရွှေခန္ဓာကိုယ် . ..”
ဒီလောကမှာ သိုင်းပညာရှင်ဖြစ်ဖြစ် နတ်ဆိုးမိစ္ဆာဖြစ်ဖြစ် ဖန်ရွှေခန္ဓာကိုယ်ကို ကျင့်ကြံဖို့ အနိမ့်ဆုံး လိုအပ်ချက်က သိုင်းအရှင်သခင်တစ်ယောက် ဖြစ်ဖို့ လိုပါတယ်။ ဒါအပြင် ဒီဖန်ရွှေခန္ဓာကိုယ်ကို နားလည်ဖို့ဆိုတာက ကောင်းကင်ဘုံကို တက်လှမ်းတာထက်ပိုပြီး ခက်ခဲပါတယ်။
အဆင့်မြင့် နတ်ဆိုးအရှင်သခင် နှစ်ယောက်လည်း အလွန်တရာကို ကြောက်လန့်သွားကြပါတယ်။ သူတို့တွေက ယန်ချီအနေနဲ့ ဖန်ရွှေခန္ဓာကိုယ်ကို အသုံးပြုနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ အိမ်မက် မမက်ဖူးပါဘူး။
ယန်ချီအနောက်က သိုင်းပညာရှင်ကိုးဦးနဲ့ အပြင်ဖက်ခံစစ်တံတိုင်းပေါ်က လူတိုင်းက အားပါးတရာ အသက်ရှုသွင်းလိုက်ပြီး အံ့အားသင့်နေခဲ့ပါတယ်။
ယန်ချီဆီကို ပြေးဝင်လာတဲ့ အလယ်အလတ်နတ်ဆိုးအရှင်သခင်ခုနှစ်ယောက်လည်း သူတို့ရဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်ကြပါတယ်။ သူတို့ရဲ့ မျက်နှာထက်မှာတော့ ထိတ်လန့်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်။ ဘယ်လိုလုပ်ပြီး သူတို့တွေက ယန်ချီကို တိုက်ခိုက်ရဲဦးမှာလဲ။
ဒါပေမယ့်လည်း ယန်ချီက သူတို့တွေကို ပြန်လှည့်ခွင့် မပေးခဲ့ပါဘူး။
အမြင့် ဆယ်ပေလောက်ရှိတဲ့ ရွှေရောင်ခန္ဓာကိုယ်အသွင်ပြောင်းထားတဲ့ ယန်ချီကို ကြည့်ရတာ စစ်နတ်ဘုရား တစ်ပါးနဲ့ တူနေခဲ့ပါတယ်။
သူက လက်ထဲက တစ္ဆေငိုညည်းသံဓါးကို မြင့်မားစွာ မြှောက်လိုက်ပါတယ်။ တစ္ဆေငိုညည်းသံဓါးဆီကနေ အေးစက်စက်အလင်းတွေ ပေါ်ထွက်လာပြီး တစ္ဆေတွေရဲ့ ငိုညည်းသံတွေ ထုတ်လွှတ်နေခဲ့ပါတယ်။
ရုတ်တရက် ဆေဘာဓါးက ကျဆင်းလာခဲ့ပါတယ်။
“ဝှစ်”
နွားသိုးတွေရဲ့ စွမ်းအားနဲ့ ဆေဘာအလင်းက ဖန်ရွှေခန္ဓာကိုယ်ရဲ့ စွမ်းအား အထောက်အပံ့နဲ့အတူ အမြန်ဆုံးအလျင်နှုန်းနဲ့ ပျံထွက်သွားခဲ့ပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်သခင် ခုနှစ်ယောက်အတွက် သူတို့တွေက ယန်ချီနဲ့ အလွန်နီးကပ်နေခဲ့ပါတယ်။ ဒီလောက် အကွာအဝေးဆိုရင် သူတို့အနေနဲ့ ဒီတိုက်ကွက်ကို ရှောင်တိမ်းနိုင်မှာ မဟုတ်တော့ပါဘူး။
“အား အား အား အား ”
အလယ်အလတ်နတ်ဆိုးအရှင်သခင် ခုနှစ်ယောက်ဆီကနေ နာကျင်တဲ့ အော်မြည်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
သွေးချောက်ခြားဖွယ် အော်မြည်ပြီးနောက်မှာ သူတို့ရဲ့ ခန္ဓာကိုယ်တွေက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားခဲ့ပြီး ကိုယ်လက်အင်္ဂါ မပြည့်စုံတဲ့ အလောင်းတွေအဖြစ် သေဆုံးကုန်ပါတယ်။
“အလယ်အလတ်နတ်ဆိုးအရှင်သခင်ခုနှစ်ယောက်ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် + ၂.၁ သန်း”
အလယ်အလတ်နတ်ဆိုးအရှင်သခင် တစ်ယောက်ကို ဓါးဆွဲထုတ်မှတ် သုံးသိန်းရပါတယ်။ သူတို့ခုနှစ်ကောင်ဆိုတော့ ဓါးဆွဲထုတ်မှတ် နှစ်သန်း တစ်သိန်း ရခဲ့ပါတယ်။ ယန်ချီအနေနဲ့ အခြားမြို့တော်တွေမှာ စစ်ကူပေးနေတာကနေ ဓါးဆွဲထုတ်မှတ် သုံးသန်းလောက် ရခဲ့ပါတယ်။
အခုဆိုရင် သူ့မှာ ဓါးဆွဲထုတ်မှတ် ငါးသန်း ရနေခဲ့ပါပြီ။
ကျန်ရှိနေတဲ့ အဆင့်မြင့် နတ်ဆိုးအရှင်သခင်တွေက ပြိုင်ဖက်ကင်း နတ်ဆိုးနတ်ဘုရားကို မြင်တွေ့ရသလို ကြောက်ရွံ့နေခဲ့ပါတယ်။ သူတို့တွေက အလွန်တရာကိုေ ကြာက်လန့်နေခဲ့ကြပါတယ်။
အပြင်ဖက် တံတိုင်းပေါ်က သိုင်းပညာရှင်တွေနဲ့ စစ်သားတွေက သူတို့အရှေ့က မြင်ကွင်းကို မြင်တွေ့လိုက်ပါတယ်။ အဲ့ဒီတော့ သူတို့အားလုံက ကျောက်ရုပ်တွေအလား နေရာမှာတင် ငုတ်တုတ်မေ့နေခဲ့ကြပါတယ်။
“မင်းတို့ နှစ်ယောက်. . .” ယန်ချီက မနီးမဝေးမှာ ရှိတဲ့ အဆင့်မြင့် နတ်ဆိုးအရှင်သခင်နှစ်ယောက်ကို ကြည့်လိုက်ပါတယ်။ “ဒီကို လာခဲ့ ။ ငါ မင်းတို့ကို သတ်ပေးမယ်”
နတ်ဘုရားတစ်ပါးနဲ့ တူတဲ့ ယန်ချီရဲ့စကားတွေကို ဘယ်သူမှ မငြင်းဆန်နိုင်ပါဘူး။
အဆင့်မြင့် နတ်ဆိုးအရှင်သခင်နှစ်ယောက်က တုန်လှုပ်နေခဲ့ပါတယ်။ သူတို့တွေက ရေခဲလှိုဏ်ဂူထဲ ကျရောက်သွားသလို သူတို့လည်ပင်းတွေ အေးခနဲ ခံစားလိုက်ရပါတယ်။
“လူသားသိုင်းအရှင်သခင် မင်းက လူသား သိုင်းအရှင်သခင်ပဲ”
ဒီအဆင့်မြင့် နတ်ဆိုးအရှင်သခင်နှစ်ယောက်ရဲ့ စိတ်ထဲမှာ နောင်တတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ သူတို့တွေသာ ဒီမှာ လူသားသိုင်းအရှင်သခင်အဆင့် တစ်ယောက် ရှိနေမှန်း သိမယ်ဆိုရင် ဒီနေရာကို လုံးဝ လာမှ မဟုတ်ပါဘူး။
ယန်ချီက အဆင့်မြင့် နတ်ဆိုးအရှင်သခင်နှစ်ယောက် သူ့ဆီကိုလာဖို့ ရည်ရွယ်ချက် မရှိတာကို မြင်လိုက်ပါတယ်။ ဖန်ရွှေခန္ဓာကိုယ်ရဲ့ အစွမ်းကည်း ကုန်ဆုံးတော့မယ်လို့ တွေးနေခဲ့ပါတယ်။ သူက တိုက်ပွဲကို အမြန်ဆုံ းဖြစ်နိုင်သမျှ အဆုံးသတ်ချင်နေခဲ့ပါတယ်။
“မင်းတို့ကောင်တွေ ဒီကိုမလာဘူးဆိုရင် ငါ အဲ့ဒီကို လာဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးပေါ့”
🐼🐼🐼🐼🐼🐼🐼🐼
Chapter 94 - စစ်ပွဲ ခဏရပ်ဆိုင်းခြင်း
ဆယ်ပေခန့်မြင်တဲ့ ရွှေရောင်လူသားအဖြစ် ပြောင်းလဲထားတဲ့ ယန်ချီက အဆင့်မြင့်နတ်ဆိုးအရှင်သခင်နှစ်ယောက်ဆီကို အလွန်တရာ မြန်တဲ့ အလျင်နဲ့ ပျံသန်းသွားခဲ့ပါတယ်။
လက်ထဲမှာ တစ္ဆေငိုညည်းသံဓါးကို ကိုင်ထားပြီး ယန်ချီက အဆင့်မြင့်နတ်ဆိုးအရှင်သခင် အနားကို ချက်ချင်း ရောက်သွားခဲ့ပါတယ်။
အဆင့်မြင့်နတ်ဆိုးအရှင်သခင်နှစ်ယောက်က ယန်ချီရဲ့ ကြောက်မက်ဖွယ်ရာ အလျင်နှုန်းကို မြင်တဲ့အခါ သူတို့တွေက အလွန်ကြောက်လန့်သွားသဖြင့် နောက်ကို ခြေလှမ်းများစွာ ဆုတ်မိလိုက်ကြပါတယ်။
“ဝှစ်”
နတ်ဆိုးတွေဆီ ရောက်တာနဲ့ ယန်ချီက ဆေဘာဓါးကို ပိုင်းချလိုက်ပါတယ်။
ဖန်ရွှေခန္ဓာကိုယ်အဆင့်တစ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဂျင် တစ်သန်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဆင့်မြင့်နတ်ဆိုးအရှင်သခင်နှစ်ယောက်က ယန်ချီရဲ့ ပြိုင်ဖက် မဖြစ်ခဲ့ကြပါဘူး။
အခြားသူတွေရဲ့ အမြင်မှာတော့ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင့်မြင့်နတ်ဆိုးအရှင်သခင်နှစ်ယောက်က ယန်ချီရဲ့ အရှေ့မှာ ကလေးငယ်လေးတွေလို ဖြစ်နေခဲ့ပါတယ်။
“အား .. .”
အဆင့်မြင့်နတ်ဆိုးအရှင်သခင်နှစ်ယောက်က ဒီလောကရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံး မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ကြပါတယ်။
“အဆင့်မြင့် နတ်ဆိုးအရှင်သခင်ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် + ၉၀၀၀၀၀”
စနစ်ရဲ့ အသံက ယန်ချီရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့ပါတယ်။
မကြာမီမှာ ဖန်ရွှေခန္ဓာကိုယ်ရဲ့ အစွမ်းက ပျောက်ကွယ်သွားခဲ့ပြီး ယန်ချီက မူလအသွင်ကို ပြန်ရောက်သွားခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ သူ့ရဲ့ လက်ထဲမှာ တစ္ဆေငိုညည်းသံဓါးကို ကိုင်ထားပြီး သူ့ဆံပင်တွေကလည်း လေမတိုင်ပဲ ဝဲလွင့်နေခဲ့ပါတယ်။ သူက အနည်းငယ် အားနည်းတဲ့ အသွင်ဖြစ်နေပေမယ့်လည်း လူတိုင်းရဲ့ မျက်လုံးထဲမှာတော့ သူက အစွမ်းထက်တဲ့ အသွင်ကိုသာမြင်တွေ့ခဲ့ကြပါတယ်။
သူက ကောင်းကင်ကနေ သေမျိုးလောကကို ဆင်းသက်လာတဲ့ နတ်ဆိုးနတ်ဘုရားတစ်ပါးနဲ့ တူနေခဲ့ပါတယ်။
ယန်ချီက တစ္ဆေငိုညည်းသံဓါးကို နောက်ကျောက ဓါးအိမ်ထဲ ပြန်ထည့်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ စနစ်ရဲ့ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပါတယ်။
“ဒင် အထူးဓါးဆွဲထုတ်ခြင်းနည်းစနစ်ကို အဆင့်မြင့်တင်ဖို့အတွက် ဓါးဆွဲထုတ်မှတ်ငါးသန်းကို အသုံးပြုချင်လား”
“အဆင့်မြင့်တင်မယ်”
“အဆင့်မြင့်တင်ခြင်းအောင်မြင်ပါပြီ”
စနစ်ရဲ့ အသံ ပျောက်ကွယ်သွားပြီးနောက် ယန်ချီက အထူးဓါးဆွဲထုတ်ခြင်းနည်းစနစ်ရဲ့ အဆတစ်ထောင်းတိုးလာခြင်းကို သဘောပေါက်နားလည်သွားခဲ့ပါတယ်။
အဆတစ်ရာ တိုးလာခြင်းကတောင် အလွန်ကြောက်မက်ဖွယ်ကောင်းနေရင် အဆတစ်ထောင်ဆိုရင်တော့. . . . .. ။
လက်ရှိမှာတော့ ယန်ချီက ဒီအကြောင်းတွေကို မတွေးရဲပါဘူး။
သူက သူရဲ့ အချက်အလက် ဇယားကို စစ်ဆေးကြည့်လိုက်ပါတယ်။
“ပိုင်ရှင် - ယန်ချီ”
“ကျင့်စဉ်အဆင့်- မူလဆရာသခင်အဆင့်”
“ဖွဲ့စည်းပုံ- စိတ်ဝိဉာဉ်ခန္ဓာကိုယ်၊ ဖန်ရွှေခန္ဓာကိုယ်”
“စွမ်းရည်- ကောင်းကင်ဓါးစွမ်းရည်( ဓါးဆွဲထုတ်မှတ် နှစ်သန်းနဲ့ သာလွန်ကောင်းကင်ဓါးစွမ်းရည်ကို အဆင့်မြင့်တင်နိုင်)”
“လက်နက်- တစ္ဆေငိုညည်သံဓါး( ဓါးဆွဲထုတ်မှတ် ဆယ်သန်းနဲ့ နတ်ဆိုးသတ်ဖြတ်ခြင်းဓါးအဖြစ် အဆင့်မြင့်တင်နိုင်)”
“ကျင့်စဉ်နည်းစနစ်- ဓါးအကြိမ်သန်းပေါင်းများစွာ ဆွဲထုတ်ခြင်း၊ အထူးဓါးဆွဲထုတ်ခြင်းအကြိမ်တစ်ထောင် တိုးမြင့်ခြင်း( ဓါးဆွဲထုတ်မှတ် ဆယ်သန်းနဲ့ အကြိမ် တစ်သောင်းအဖြစ် အဆင့်မြင့်တင်နိုင်)”
“သိုင်းနည်းစနစ်- နတ်ဆိုးနွားသိုးပိုင်းခြတ်ခြင်း၊ လှိုင်းများကို ချိုးဖြတ်ခြင်းဓါးဆယ်ချောင်း၊ မိုးကြိုးနဂါးဓါးကွက်၊ နတ်ဆိုးဝံပုလွေရဲ့ အရိပ်လက်သီး”
“ဓါးဆွဲထုတ်မှတ်- တစ်သန်း”
ယန်ချီက အချက်အလက်ဇယားကို ကြည့်ပြီးနောက် သူ့ရဲ့ စွမ်းရည်ကို နောက်တစ်ခါ အဆင့်မြင့်တင်နိုင်ကြောင်းတွေ့လိုက်ပါတယ်။ သာလွန်ကောင်းကင်ဓါးစွမ်းရည်က သာလွန်ကောင်းကင်အဆင့် သိုင်းနည်းစနစ်ကို နားလည်စေနိုင်တဲ့ နည်းစနစ် တစ်ခု ဖြစ်ပါတယ်။
တစ္ဆေငိုညည်းသံဓါးကို နတ်ဆိုးပိုင်းဖြတ်ခြင်းဓါးအဖြစ် အဆင့်မြင့်တင်ခဲ့ပါတယ်။
နတ်ဆိုးပိုင်ဖြတ်ခြင်းဓါးက နာမည်နဲ့ လိုက်အောင် ယုံနိုင်ဖွယ်မရှိအောင် ကြီးစိုးလွန်းပါတယ်။
စဉ်းစားစရာကိုမလိုအောင် ဒီဓါးက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဆေဘာဓါးတစ်လက် ဖြစ်တာ ထင်ရှားပါတယ်။
လက်ရှိမှာတော့ ယန်ချီက နတ်ဆိုးပိုင်းဖြတ်ခြင်းဓါးနဲ့ အထူးဓါးဆွဲထုတ်ခြင်း အကြိမ်တစ်ထောင် အကြောင်းကို မစဉ်းစားခဲ့ပါဘူး။ သူ လက်ရှိလိုအပ်တောက ဓါးဆွဲမှတ် ဆယ်သန်း ဖြစ်ပါတယ်။ ဒီလောက်အရေအတွက်က အလွန်တရာ များပြားလွန်းပါတယ်။
အပြင်ဖက်ခံစစ်တံတိုင်းပေါ်က သိုင်းပညာရှင်တွေနဲ့ စစ်သားတွေက ယန်ချီကို သူရဲကောင်းတစ်ယောက်လို ကြည့်နေခဲ့ပါတယ်။
သူတို့ရဲ့ အမြင်မှာတော့ ယန်ချီက သူရဲကောင်း တစ်ယောက်ဖြစ်ပါတယ်။
အဆင့်မြင့် နတ်ဆိုးအရှင်သခင်တွေ သေဆုံးသွားခြင်းနဲ့အတူ တိုက်ပွဲအခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။
ယန်ချီအနောက်က သိုင်းပညာရှင်ကိုးယောက်ကလည်း ယန်ချီဆီကို ပြေးလာခဲ့ပါတယ်။ သူတို့တွေအားလုံးက လင်ဟိုင်အခြေစိုက်စခန်းမှာ ထိပ်တန်းသိုင်းသင်တန်းကျောင်းတွေရဲ့ ခန်းမသခင်တွေဖြစ်ကြပါတယ်။ သဘာဝကျကျ ပြောရမယ်ဆိုရင် ယန်ချီက သူတို့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။
အဲ့ဒီအတွက်ကြောင့် လင်ဟိုင်အခြေစိုက်စခန်းမှ သိုင်းသင်တန်းကျောင်းတွေအားလုံးမှာ မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းကို နံပါတ်တစ်သိုင်းသင်တန်းကျောင်းအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ယန်ချီက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းက ဖြစ်နေတယ်လေ။
“သိုင်းအရှင်သခင် ယန်ချီ အရမ်း အစွမ်းထက်တာပဲ။ ငါ မင်းကို အလွန်လေးစားသွားပြီ။ ငါ တကယ်. .. . ”
“ဒီစကားတွေ ပြောဖို့ မလိုတော့ပါဘူး”
ခန်းမသခင် ဟန်လောင်က သူရဲ့ စကားကို ပြောနေရင်းမှာ ယန်ချီက ကြားဖြတ်ပြောလိုက်ပါတယ်။
ဟန်လောင်က ကိုးရိုးကားယာနိုင်စွာ ခေါင်းကုတ်လိုက်မိပါတယ်။
နောက်တစ်ရက်မှာတော့. . . .။
လင်ဟိုင်အခြေစိုက်စခန်းလက်အောက်ခံမြို့တော်တွေဆီကို တိုက်ခိုက်နေတဲ့ နတ်ဆိုးမိစ္ဆာတွေက ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ မြို့တော်အသီးသီးရဲ့ နတ်ဆိုးကာကွယ်ရေးစစ်ပွဲက ခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်။
ယန်ချီလည်း လင်ဟိုင်အခြေစိုက်စခန်းကို ပြန်လာခဲ့ပါတယ်။
လက်ရှိမှာတော့ သူ့အနေနဲ့ လင်ဟိုင်အခြေစိုက်စခန်းမှာ လုံးဝကို ကျော်ကြားနေခဲ့ပါပြီ။ မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းကို ပြန်ရောက်တဲ့အခါ လူတိုင်းက သူ့ကို လေးစာစွာနဲ့ ကြည့်နေခဲ့ကြပါတယ်။
သူက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ ရင်ပြင်မှာပဲ သူ့ဆေဘာဓါးကို စတင် ဆွဲထုတ်ခဲ့ပါတယ်။
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 95 - ပြန်လည်လေ့ကျင့်ခြင်း
“အဆ နှစ်ဆယ်”
“အဆ ငါးဆယ်”
“အဆ တစ်ရာ တိုးမြင့်လာခြင်း”
အထူးဓါးဆွဲထုတ်ခြင်း အဆတစ်ရာ တိုးမြင့်ခြင်းကနေ အဆ တစ်ထောင်တိုးမြင့်ခြင်းကို အဆင့်မြင့်တင်ပြီးနောက် ယန်ချီရဲ့ ဓါးဆွဲထုတ်နှုန်းတွေက အဆတစ်ရာကို ချက်ချင်း ရောက်ရှိခဲ့ပါတယ်။
ဒီလို မြန်ဆန်တာက ပြိုင်ကားတစ်စင်းထက်တောင် ပိုမြန်နေခဲ့ပါတ်။ အစောကိုင်းမှာ သူ့အနေနဲ့ အဆတစ်ရာ မြန်ဆန်ခြင်းကို ရောက်ရှိဖို့အတွက် ဆယ်မိနစ်လောက် အချိန်ယူရပေမယ့် အခုတော့ စက္ကန့်သုံးဆယ်သာ ကြာပါတယ်။
ဘယ်လိုမှ ယုံကြည်ဖွယ်ရာ မရှိပါဘူး။
မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရင်ပြင်ထက်ရှိ ကျောင်းသားတွေအားလုံး ယန်ချီ ဓါးဆွဲထုတ်တာကို ကြည့်ပြီး အံ့အားသင့်နေခဲ့ကြပါတယ်။
“ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းတဲ့ အမြန်နှုန်းလဲ”
သူတို့တွေအနေနဲ့ ဒီလောက် အမြန်နှုန်းကို အရင်က တခါမှ မမြင်ဖူးဘူးလို့ ကျိန်ဆိုရဲပါတယ်။
ဒီအချိန်မှာတော့ ရင်ပြင်ထက်ရှိ ကျောင်းသားအားလုံး အံ့သြမှင်တပ်နေခဲ့ကြပါတယ်။
ယန်ချီက အထူးဓါးဆွဲထုတ်ခြင်း အဆတစ်ရာကို ရရှိပြီးနောက်မှာ မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ လျှို့ဝှက် ခြံငယ်လေးအတွင်းမှာသာ လေ့ကျင့်နေခဲ့ပါတယ်။ ဒါကြောင့် ဒီမတိုင်ခင်က ကျောင်းသားတွေ တစ်ယောက်မှ မမြင်ဖူးပါဘူး။
အခုလို သူတို့အားလုံးက မြင်လိုက်တဲ့အခါ အလွန်တရာ အံ့အားသင့်နေတာက အလွန် မဟုတ်ပါဘူး။
ဒါပေမယ့် .. . ။
ရင်ပြင်ထက်က ကျောင်းသားတွေရဲ့ ထိတ်လန့်မှုက ကျန်နေခဲ့တော့တယ်။
ယန်ချီက သူ့ရဲ့ ဆေဘာဓါးဆွဲထုတ်မှုကို အရှိန်မြင့်တုန်း ရှိနေပါသေးတယ်။
“အဆ ၂၀၀ တိုးမြင့်လာခြင်း”
“အဆ ၃၀၀ တိုးမြင့်လာခြင်း”
“အဆ ၄၀၀ တိုးမြင့်လာခြင်း”
“အိုး ဘုရားရေ”
ရင်ပြင်ထက်က ကျောင်းသားတွေက အံသြပြီးရင်း အံ့သြနေခဲ့ပါတယ်။ သူတို့တွေက အံ့သြလွန်းတဲ့အတွက် ကျောက်ရုပ်တွေအလား ဖြစ်နေခဲ့ကြပါတယ်။
သူတို့တွေက အမြင်များမှားနေသလား ဆိုပြီး အမျက်လုံးတွေကို လျင်မြန်စွာ ပွတ်သပ်ကြည့်လိုက်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုပင် ပွတ်သပ် ပွတ်သပ် ရလဒ်ကတော့ အတူတူပါပဲ။
“ဒီလို အမြန်နှုန်းကို ဘယ်လို ဖော်ပြရမှာလဲ”
သူတို့တွေ အစောပိုင်းတွေးထားတာက အမြန်ဆုံးဆိုပြီး ထင်နေခဲ့ပေမယ့် အခုလက်ရှိကမှ အမြန်ဆုံးဆိုတာ သိလိုက်ပါတယ်။
အချို့ကျောင်းသားတွေကတော့ ဒီအမြန်နှုန်းက ဆရာသခင် ယန်ချီရဲ့ အမြန်ဆုံး အဆုံးသတ်လို့ တွေးနေခဲ့ပါတယ်။
“အဆ ၅၀၀ တိုးမြင့်လာခြင်း”
“အဆ ၆၀၀ တိုးမြင့်လာခြင်း”
“အဆ ၇၀၀ တိုးမြင့်လာခြင်း”
ရင်ပြင်ထက်ကကျောင်းသားတွေအားလုံး မိုးကြိုးပစ်သလို ခံစားလိုက်ရပါတယ်။
သူတို့ရဲ့ မျက်နှာထက်မှာတော့ အလွန်တရာ ထိတ်လန့်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်။
သူတို့တွေအနေနဲ့ သူတို့ရဲ့ ဘဝမှာ ထိတ်လန့်ဖို့ အကောင်းဆုံး အချိန်လို့ ကျိန်ဆိုရဲပါတယ်။
ဒီလောက်အမြန်နှုန်းက အသံထက်မြန်တဲ့ အမြန်နှုန်းလို့သာ ဆိုချင်ကြပါတော့တယ်။
အချိန်အတော်ကြပြီးနောက် ရင်ပြင်ထက် ကျောင်းသားတွေက တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီး အမြင်မှန်တွေ ရခဲ့ပါတယ်။ သူတို့တွေက တစ်ယောက်ကို တစ်ယောက် အထင်သေးစွာ ကြည့်လိုက်ကြပါတယ်။
“ဆရာသခင် ယန်ချီက အလွန် ကြောက်မက်ဖွယ်ကောင်းနေခဲ့ပါလား”
ဒါက သူတို့အားလုံး တူညီစွာ တွေးမိလိုက်ကြပါတယ်။
ကံမကောင်းစွာနဲ့ပဲ နောက်ဆက်ဖြစ်တဲ့ အဖြစ်အပျက်တွေကြောင့် သူတို့တွေ နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်မိလိုက်ကြပြီး မြေပြင်ပေါ် လဲပြိုကျသွားခဲ့ကြပါတယ်။
“အဆ ၇၀၀ တိုးမြင့်လာခြင်း”
“အဆ ၈၀၀ တိုးမြင့်လာခြင်း”
“အဆ ၉၀၀ တိုးမြင့်လာခြင်း”
“အဆ ၁၀၀၀ တိုးမြင့်လာခြင်း”
ရင်ပြင်တစ်ခုလုံး လုံးဝကို တိတ်ဆိတ်သွားခဲ့ပြီး အပ်ကျခဲ့မယ်ဆိုရင်တောင် အသံကြားနိုင်အောင် တိတ်ဆိတ်ခဲ့ပါတယ်။
မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ ရင်ပြင်ထက်မှာ လူတိုင်းက မျက်တောင်ခတ်ဖို့ကိုတောင်မေ့နေခဲ့ပြီး ဘာပြောရမှန်း မသိခဲ့ပါဘူး။ အချိန်ဆိုလေးအတွင်းမှာ သူတို့ကို ကြည့်ရတာ အရာ ရာကို မေ့သွားသလိုဖြစ်သွားခဲ့ပါတယ်။
သူတို့တွေက ထိတ်လန့်နေခဲ့ပြီး ရင်ထဲ အသည်းထဲကကို ထိတ်လန့်နေခဲ့ပါတယ်။
ဒီလို အမြန်နှုန်းကို အလင်းရဲ့ အမြန်နှုန်းလိုသာ ပြောလို့ရမှာ ဖြစ်ပါတယ်။
ဒီအချိန်မှာတော့ ရင်ပြင်ထက်ကကျောင်းသားအားလုံးက သူတို့ရဲ့ စွမ်းအားတွေကို တစ်ခုခုက စုပ်ယူခံလိုက်ရပြီး နောက်ဆုတ်ဖို့တောင် အစွမ်းတွေ မဲ့သွားခဲ့ပါတယ်။
သူတို့တွေက နောင် ဘယ်တော့မှာ မမြင်ရမယ့် မြင်ကွင်းမျိုးကို မြင်တွေ့ခဲ့ရတာကြောင့် ဖြစ်ပါတယ်။
ယန်ချီက သူ့ရဲ့ ဓါးကို အရူးအမူး ဆွဲထုတ်သလို သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကလည်း အလျင်အမြန် တိုးတက်လာခဲ့ပါတယ်။
“၁၆၀၀၀၀”
“၁၆၃၀၀၀”
“၁၆၅၀၀၀”
သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအား ရာချီမြင့်တက်လာခဲ့ပါတယ်။ ဒီလို အစွမ်းထက်လာပုံက တကယ်ကို ကြောက်မက်ဖွယ်ကောင်းပါတယ်။
မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် စုခွန်၊ လက်ထောက်ခန်းမသခင်နှစ်ယောက်နဲ့ ဆရာတွေက ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြပါတယ်။
နောက်ဆယ်ရက်အကြာမှာတော့ ယန်ချီရဲ့ ဓါးဆွဲထုတ်တဲ့ အကြိမ်အရေအတွက်က ၇၀၀၀၀ ကို ရောက်ရှိခဲ့ပါတယ်။
“ဓါးဆွဲထုတ်မှတ်ကတော့ ၂,၀၅၀,၀၀၀”
ယန်ချီကသူ လိုချင်တဲ့ ဓါးဆွဲထုတ်မှတ် ပြည့်တော့ ကောင်းကင်ဓါးစွမ်းရည်ကို သာလွန်ကောင်းကင်ဓါးစွမ်းရည်အဖြစ် အဆင့်မြင့်တင်ခဲ့ပါတယ်။
“အဆင့်မြင့်တင်ခြင်း”
တွန့်ဆုတ်ခြင်းမရှိပဲ ယန်ချီက ဓါးဆွဲထုတ်မှတ် နှစ်သန်းကို အဆင့်မြင့်တင်ဖို့ သုံးလိုက်ပါတယ်။
စက္ကန့်အနည်းငယ်အကြာမှာတော့ ကောင်းကင်ဓါးစွမ်းရည်က သာလွန်ကောင်းကင်ဓါးစွမ်းရည်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ယန်ချီအနေနဲ့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်ချင်နေခဲ့ပါတယ်။
သူက တိုက်ခိုက်ရေးစွမ်းအားစမ်းသပ်တဲ့ ကိရိယာအရှေ့သွားလိုက်ပါတယ်။
သူက လက်သီးကို ပြင်လိုက်ပြီး ကိရိယာပေါ်ကို ပြင်းစွာ ထိုးချလိုက်ပါတယ်။
“ဘန်း”
“တိုက်ခိုက်ရေးစွမ်းအား ၃၀၀၀၀၀”
ဒီစွမ်းအရဆိုရင် ယန်ချီက အလယ်အလတ် ဆရာသခင်အဆင့်ကို ရောက်နေခဲ့ပါပြီ။
သူက စိတ်ဝိဉာဉ်ခန္ဓာကိုယ်ကို သုံးပြီး နောက်တစ်ကြိမ် ထပ်ထိုးလိုက်ပါတယ်။
“ဘန်း”
“တိုက်ခိုက်ရေးစွမ်းအား ၆၀၀၀၀၀”
ယန်ချီက အလွန် စိတ်ကျေနပ်သွားခဲ့ပါတယ်။ သူက ဖန်ရွှေခန္ဓာကိုယ် ဒုတိယအဆင့်ကို အောင်မြင်ဖို့ ဂျင် ၃၀၀၀၀၀ သာ လိုနေတယ်လို့ တွေးလိုက်ပါတယ်။