Chapter 81 - အဆင့်မြင့်နတ်ဆိုးဘုရင်
လူဆယ့်ယောက်ကျော်က ယန်ချီကို အံ့အားသင့်စွာဖြင့် ပါးစပ်အဟောက်သားနဲ့ ကြည့်နေခဲ့ကြပါတယ်။
ယန်ချီပေါ်ထွက်လာတဲ့အခါ နတ်ဆိုးမိစ္ဆာအားလုံး သေဆုံးခြင်းသာမက သူတို့တွေလည်း ယန်ချီကို ဒီလောက် ကြောက်မက်ဖွယ်ကောင်းလိမ့်မယ်လို့ လုံးဝ မထင်မိပါဘူး။
“နတ်ဆိုးမိစ္ဆာ အများကြီးကို ဒီလိုပဲ သတ်လိုက်တာလား”
“ဆရာ ကျေးဇူးတင်ပါတယ်။ ဆရာကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့တွေ သေဆုံးသွားနိုင်ပါတယ်”
လူဆယ်ယောက်ကျော်က ယန်ချီကို ကျေးဇူးတင်စကား ပြောလိုက်ကြတယ်။
“ဒီတိုက်ခိုက်မှုမှာ အစွမ်းအထက်ဆုံး နတ်ဆိုးမိစ္ဆာ က ဘယ်အဆင့်လဲဆိုတာ သိကြလား”
“အဆင့်မြင့် နတ်ဆိုးဘုရင် အဆင့်လို့တော့ ကြားမိတာပဲ”
အဆင့်မြင့် နတ်ဆိုးဘုရင်က အဆင့်မြင့်သိုင်းဆရာအဆင့်နဲ့ အစွမ်းချင်း တန်းတူရှိပြီး ယန်ချီရဲ့ ပြိုင်ဖက် မဖြစ်နိုင်ပါဘူး။
“မင်းတို့အားလုံး အခု သွားနိုင်ပါပြီ”
ယန်ချီက သူ့အရှေ့က လူ ဆယ်ယောက်ကျော်ကို ပြောလိုက်ပါတယ်။
လူဆယ်ယောက်ကျော်ကလည်း ယန်ချီရဲ့ စကားကို ကြားလိုက်တော့ ခေါင်းညိတ်လိုက်ပြီး အားကစားကွင်းအတွင်းကနေ ထွက်သွားခဲ့ကြတယ်။
“ဆရာ ကျွန်မတို့တွေ အခု ဘာဆက်လုပ်ကြမလဲ”
လင်းလုံက ယန်ချီကို ကြည့်ပြီး မေးလိုက်မိပါတယ်။
“အဆင့်မြင့် နတ်ဆိုးဘုရင်ကို ရှာကြတာပေါ့။ နောက်ကျရင် မင်းတို့တွေ ငါ့ကို ဆရာ ယန်ချီကို ခေါ်ကြပါ”
“ဟုတ်ကဲ့ ပါ ဆရာ ယန်ချီ”
လင်းလုံနဲ့ ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် သိုင်းပညာရှင် နှစ်ဆယ်ကျော်က ခေါင်းညိတ်လိုက်ကြပါတယ်။
နောက်ဆုံးတော့ ယန်ချီနဲ့ သူတို့တွေက လင်မြို့ထဲမှာ နတ်ဆိုးမိစ္ဆာတွေကို ဆက်လက်ရှာဖွေခဲ့ကြတယ်။
နောက်ဆုံးမှာတော့ သူတို့တွေက ကြီးမားလှတဲ့ နတ်ဆိုးမိစ္ဆာအုပ်စုကြီးနဲ့ ရင်ဆိုင်မိခဲ့ပါတယ်။
သူတို့ရဲ့ အရှေ့မှာ နတ်ဆိုးမိစ္ဆာအုပ်စုကြီးက အကောင် တစ်ရာကျော် မကပါဘူး။
နတ်ဆိုးမိစ္ဆာ တစ်ကောင်ချင်းစီက လက်ထဲမှာ ခေါင်းတစ်လုံးစီကို ကိုင်ထားခဲ့ပါတယ်။
သူတို့ရဲ့ မျက်နှာထက်မှာတော့ ရက်စက်တဲ့ အမူအယာတွေ အပြည့်နဲ့ ဖြစ်နေခဲ့ပါတယ်။
“ဆရာ ယန်ချီ ဒီ နတ်ဆိုးမိစ္ဆာအုပ်စုက တော်တော် ရက်စက်တာပဲ ။ သူတို့တွေက ငါတို့ လူသားတွေ အများကြီးကို သတ်ပစ်ခဲ့တယ်”
လင်လုံက သူမတို့အရှေ့က လက်ထဲမှာ ခေါင်းကိုယ်စီကိုင်ထားတဲ့ နတ်ဆိုးမိစ္ဆာ တွေကို ကြည့်လိုက်ပြီးနောက် ဒေါသ ပြင်းစွာ ထွက်သွားပါတယ်။
နတ်ဆိုးမိစ္ဆာ အကောင် တစ်ရာကျော်ကလည်း သူမတို့ဆီကို ဦးတည်လျှောက်လာခဲ့ပါတယ်။
သူတို့တွေရဲ့ ခန္ဓာကိုယ်မှာ သွေးညှိနံ့တွေ လှိုင်ထနေခဲ့တယ်။
ဒီလောက်တောင် သွေးညှိနံ့ထနေအောင် လူသားတွေ ဘယ်လောက်များများ သတ်ခဲ့လဲဆိုတာ မသိနိုင်ပါဘူး။
ဒီနတ်ဆိုးမိစ္ဆာတွေရဲက ခေါင်းဆောင်ကတော့ ငွေနက်ရောင် မျက်လုံးပိုင်ရှင် ဖြစ်ပါတယ်။
“အဆင့်မြင့် နတ်ဆိုးဘုရင်”
ဒီရာကျော်တဲ့ နတ်ဆိုးမိစ္ဆာတွေက သူတို့ကို တွေ့တယ်ဆိုတာ ထင်ရှားနေခဲ့ပါတယ်။
“ဟား ဟား ဟား နောက်ထပ် လူသားတွေပဲ”
ချက်ချင်းပင် ရာကျော်တဲ့ နတ်ဆိုးမိစ္ဆာတွေက ခြေလှမ်းတွေကို အရှိန်တင်ပြီး ယန်ချီတို့ဆီကို ပြေးလာခဲ့ကြပါတယ်။
ရာကျော်တဲ့ နတ်ဆိုးမိစ္ဆာတွေက ယန်ချီတို့ဆီကို ပြေးလာခဲ့ပြီး ယန်ချီနဲ့ အခြားသူတွေကို အေးစက်စက်အပြုံးတွေနဲ့ ကြည့်လိုကြည့်လိုက်ကြပါတယ်။
“လူသား မင်းတို့တွေက ငါတို့အရှေ့ကို ရောက်လာရဲတယ်ပေါ့ ”
အဆင့်မြင့် နတ်ဆိုးဘုရင်က ယန်ချီနဲ့ သူ့ရဲ့ အဖွဲ့ကို လှောင်ပြောင်လိုက်ပါတယ်။
ယန်ချီကတော့ လက်ထဲမှာ ခေါင်းကိုယ်စီကိုင်ထားတဲ့ နတ်ဆိုးမိစ္ဆာတွေကို မြင်ပြီးနောက် သူ့ရဲ့ အမူအယာက အေးစက်သွားခဲ့ပါတယ်။ ဒီခေါင်းပိုင်ရှင်လူသားတွေက ဘယ်သူမှန်း သူ မသိပေမယ့် သူတို့အားလုံးက လူသားတွေလေ။
သူ့အရှေ့က ဒီနတ်ဆိုးမိစ္ဆာတွေက အမှန်တကယ်ကို သေသင့်ပါတယ်။
“မင်းတို့အားလုံး ဘယ်လိုသေဆုံးမယ်ဆိုတာ သိကြလား. . . ” ယန်ချီက သူ့အရှေ့ နတ်ဆိုးမိစ္ဆာကို ကြည့်လိုက်ပြီး တစ္ဆေငိုညည်းသံဓါးကို ဆွဲထုတ်ပြီး မေးလိုက်ပါတယ်။
အဆင့်မြင့်နတ်ဆိုးဘုရင်နဲ့ ရာချီတဲ့ နတ်ဆိုးမိစ္ဆာ တွေအားလုံး အံ့အားသင့်သွားကြပါတယ်။
“လူသား မင်းဘာပြောချင်တာလဲ”
အဆင့့်မြင့်နတ်ဆိုးဘုရင်က ယန်ချီကို စူးစိုက်ကြည့်နေခဲ့ပါတယ်။
“မင်းက ဘာကို ဆိုလိုချင်တာလဲ ဟုတ်လား”
ယန်ချီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ရှေ့ကို ပြေးတက်သွားခဲ့ပါတယ်။
စိတ်ဝိဉာဉ်ခန္ဓာကိုယ်ရဲ့ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းနဲ့ ဆရာသခင်အဆင့်။
အဆင့်မြင့် နတ်ဆိုးဘုရင်နဲ့ ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေ ဘာမှ ပြန်မတုံ့ပြန်နိုင်ခင်မှာပဲ ယန်ချီက သူတို့အရှေ့ကို ရောက်သွားခဲ့ပါတယ်။
“ဝှစ် ဝှစ် ဝှစ်”
ယန်ချီက တစ္ဆေငိုညည်းသံဓါးကို လက်ထဲမှာ ကိုင်စွဲပြီး ဝှေ့ယမ်းလိုက်တော့ ဓါးဆီကနေ ပြင်းထန်တဲ့ စိတ်ဝိဉာဉ်တွေရဲ့ ငိုညည်းသံတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပါတယ်။
ရာချီတဲ့ နတ်ဆိုးမိစ္ဆာ တွေအားလုံး သိုးအုပ်ထဲ ကျားဝင်လာသလို အော်ညည်းနေခဲ့ရပါတယ်။ ယန်ချီက ဘယ်နေရာကို ရောက်ရောက် နတ်ဆိုးမိစ္ဆာတွေရဲ့ ခန္ဓာကိုယ်တွေက နှစ်ပိုင်း ပြတ်သွားခဲ့ပါတယ်။
ဒီမြင်ကွင်းကို ကြည့်ဖို့တောင် ကြောက်လန့်ဖို့ ကောင်းပါတယ်။
နောက်ဆုံးတော့ အဆင့်မြင့် နတ်ဆိုးဘုရင်ဖြစ်တဲ့ နတ်ဆိုးမိစ္ဆာတစ်ကောင်သာ ကျန်ပါတော့တယ်။
အဆင့်မြင့်နတ်ဆိုးဘုရင်က သူ့အရှေ့မှာ လျှပ်တပြတ်အတွင်း ဖြစ်ပျက်သွားတဲ့ ကြောက်လန့်ဖွယ်ရာ မြင်ကွင်းကို ကြောင်ကြည့်နေခဲ့ပါတယ်။ ဒီလောက် နတ်ဆိုးမိစ္ဆာ တွေ အများကြီး မြန်မြန်ဆန်ဆန် အသတ်ခံလိုက်ရတာကို မအံ့သြပဲ မနေပါဘူး။
“အခု ” ယန်ချီက သူ့အရှေ့က အဆင့်မြင့် နတ်ဆိုးဘုရင်ကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်ပါတယ်။ “အခုအချိန်ဆို မင်း ငါ ဘာပြောချင်လဲဆိုတာ သိသင့်ပြီး”
အဆင့်မြင့် နတ်ဆိုးဘုရင်က ဒီစကားကို ကြားတဲ့အခါ ထိတ်လန့်သွားခဲ့ပါတယ်။ သူက ယန်ချီကို ကြည့်လိုက်ပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်ပါတယ်။
“လူသားဆရာသခင် အဆင့် ”
ယန်ချီက ဆရာသခင်အဆင့်ဆိုတာ သူ ပြောနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဒီလို မျိုး တိုက်ခိုက်ရေးစွမ်းရည်ရှိမှာ မဟုတ်ပါဘူး။
“နတ်ဆိုးမိစ္ဆာ ၁၃၀ ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် + ၆၀၀၀၀”
စနစ်ရဲ့ အသံက ယန်ချီရဲ့ စိတ်ထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်။
🐼🐼🐼🐼🐼🐼🐼
Chapter 82 - နတ်ဆိုးမိစ္ဆာများ တိုက်ခိုက်ခြင်း
နတ်ဆိုးမိစ္ဆာတွေထဲမှာ သူ့အနေနဲ့ နတ်ဆိုးဘုရင်အဆင့် ကိုေ ရာက်လာတာဆိုတော့ အရူးတစ်ယောက်တော့ မဟုတ်ပါဘူး။
သူ့အနေနဲ့ လူသားဆရာသခင်အဆင့်ရဲ့ပြိုင်ဖက် မဖြစ်နိုင်မှန်း သိပါတယ်။
ရှင်သန်ခြင်းရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ထွက်ပြေးလွတ်မြောက်ဖို့ ဖြစ်ပါတယ်။
အဆင့်မြင့်နတ်ဆိုးဘုရင်က လျင်မြန်စွာ ထွက်ပြေးဖိုက ပြင်လိုက်ပေမယ့်လည်း အလွန်တရာ နောက်နေခဲ့ပါပြီ။
အဆင့်မြင့်နတ်ဆိုးဘုရင်က လွတ်မြောက်ဖို့ အတွက် စတင် ထွက်ပြေးလိုက်ပါတယ်။
ဒါပေမယ့်လည်း သူ ဘယ်လောက်မြန်မြန် ဘာမှ မဟုတ်တော့ပါဘူး။ သူက တစ္ဆေငိုညည်းသံဓါးရဲ့ တိုက်ခိုက်မှု အကွာအဝေးကနေ မလွတ်မြောက်နိုင်ပါဘူ။
တစ္ဆေငိုညည်သံဓါးဆီကနေ မီတာ ၃၀ ရှည်တဲ့ ဆေဘာအလင်းတစ်ခုကို ထုတ်လွှတ်နိုင်ပါတယ်။
အဆင့်မြင့် နတ်ဆိုးဘုရင်က သူ့အသက်အတွက် လွတ်မြောက်ဖို့ ထွက်ပြေးသွားတဲ့အခါ ယန်ချီက သူ့လက်ထဲက တစ္ဆေငိုညည်းသံဓါးကို မြှောက်လိုက်ပါတယ်။
အဲ့ဒီနောက် ဆောဘာဓါးကို အောက်ကို ပိုင်းဖြတ်လိုက်ပါတယ်။
ပုံမှန်ထက်ပိုပြီး ကြောက်ရွံ့ဖို့ကောင်းတဲ့ ဓါးအလင်းက ပျံသန်းထွက်သွားခဲ့ပါတယ်။
ဆေဘာအလင်းရဲ့ အမြန်နှုန်းက အလွန်တရာ မြန်ဆန်ပြီး အဆင့်မြင့် နတ်ဆိုးဘုရင်တောင်မှာ ရှောင်တိမ်းဖို့ မဖြစ်နိုင်ပါဘူး။ အဆင့်မြင့်နတ်ဆိုးဘုရင်က အန္တရယ်အငွေ့အသက်ရမယ် လှည့်ကြည့်လိုက်တဲ့အခါ ဆေဘာအလင်းက သူ့အရှေ့ကို ရောက်လာတာ မြင်လိုက်ပါတယ်။
“ရွှပ်”
ဆေဘာအလင်းက အဆင့်မြင့်နတ်ဆိုးဘုရင်ရဲ့ ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားခဲ့ပါတယ်။
အဆင့်မြင့်နတ်ဆိုးဘုရင်က ချက်ချင်းပင် အမှုန့်အဖြစ်ပြောင်းသွားခဲ့တယ်။
ယန်ချီက ဆယ်မီတာကျော်ပတ်လည်လောက် ပျံ့နှံ့သွားတဲ့ အမှုန့်တွေကို ကြည့်ပြီး ဖြေးညှင်းစွာ ပြောလိုက်ပါတယ်။
“ဒါက မင်းရဲ့ လွတ်မြောက်ရာလမ်းလား”
“အဆင့်မြင့် နတ်ဆိုးဘုရင်ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် + ၆၀၀၀၀”
လင်လုံနဲ့ ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် သိုင်းပညာရှင် အယောက်နှစ်ဆယ်ကတော့ ယန်ချီကို လေးစားအားကျခြင်းတွေနဲ့ ကြည့်နေခဲ့ကြပါတယ်။
ဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ စွမ်းအားက အလွန်ကို ကြောက်မက်ဖွယ်ကောင်းနေခဲ့ပါတယ်။
သူတို့တွေက လင်မြို့မှာ နတ်ဆိုးမိစ္ဆာတွေကို ဆက်လက် ရှာဖွေခဲ့ကြပါတယ်။
သူတို့တွေက လင်မြို့မှာ ဆက်လက်ရှာဖွေခဲ့ကြပေမယ့်လည်း နတ်ဆိုးမိစ္ဆာတွေကို ရှာမတွေ့ခဲ့ပါဘူး။
“မင်းတို့ကောင်တွေ ဒီနေရာက အလောင်းတွေကို ရှင်းလိုက်တော့။ ငါတို့တွေ အခြားမြို့တွေကို စစ်ကူသွားပေးရမယ်”
ယန်ချီက လင်လုံနဲ့ သူမရဲ့ အဖွဲ့သားတွေကို ပြောလိုက်ပါတယ်။
လင်လုံနဲ့ ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် သိုင်းပညာရှင် အယောက်နှစ်ဆယ်က ခေါင်းညိတ်လိုက်ကြပါတယ်။
ယန်ချီက လင်မြို့ကနေ ထွက်လာခဲ့ပါတယ်။
သူက သူ့ရဲ့ ဓါးဆွဲထုတ်မှတ်တွေကို စစ်ဆေးကြည့်လိုက်ပါတယ်။
“ဓါးဆွဲထုတ်မှတ် ၂၀၀၀၀၀”
သူရဲ့ ဓါးဆွဲထုတ်မှတ်တွေက အတော်ကို နည်းနေသေးတာ တွေ့လိုက်ပါတယ်။
နောက်တစ်မြို့. . . . ။
ကြေးညိုမြိုတော်. . . ။
ယန်ချီက လျင်မြန်စွာနဲ့ ကြေးညိုမြို့တော်ကို ဦးတည် ထွက်လာခဲ့ပါတယ်။
သူ ကြေးညိုမြို့တော် မရောက်ခင်မှာ နတ်ဆိုးမိစ္ဆာအနည်းငယ်နဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။
သူ တွေ့ခဲ့တဲ့ နတ်ဆိုးမိစ္ဆာအများစုထဲမှာ အဆင့်အမြင့်ဆုံးက အလယ်အလတ် နတ်ဆိုးစစ်သည်အဆင့်ပဲ ရှိပြီး ကျန်တာတွေက မူလနတ်ဆိုးစစ်သည်တွေ ဖြစ်ကြပါတယ်။
“ငါတို့ရဲ့ နောက်ထပ်ပစ်မှတ်က ကြေးညိုမြို့တော်ပဲ”
“ဟီးဟီး ဟားဟား လင်မြို့တော်ကတော့ ကျရှုံးသွားပြီလို့ ငါကြားခဲ့တယ်”
“ဟုတ်တယ်။ ကြေးညိုမြို့တော်လည်း ငါတို့ကြောင့် ကျရှုံးသွားလိမ့်မယ်။ လူသားသိုင်းပညာရှင်တွေနဲ့ စစ်သားတွေက အတော်ကို အားနည်းတာပဲ”
ယန်ချီက နတ်ဆိုး စစ်သည်အနည်းငယ်ရဲ့ စကားကို နားထောင်ပြီးနောက် ထွက်လာခဲ့ပါတယ်။
“လူသားသိုင်းပညာရှင်တွေနဲ့ စစ်သားတွေက တကယ်ကို အားနည်းတယ် ဟုတ်လား”
နတ်ဆိုးမိစ္ဆာအနည်းငယ်က အံ့အားသင့်သွားခဲ့ပါတယ်။ သူတို့တွေက ဒီအချိန်မှာ ယန်ချီ ထွက်ပေါ်လာမယ်လို့ မထင်ထားမိပါဘူး။
သူတို့တွေက အသံထွက်ပေါ်ရာ ဆီကို စူးစိုက်ကြည့်လိုက်တဲ့အခါ လူသားတစ်ယောက် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
“လူသားလား. . .”
နတ်ဆိုးမိစ္ဆာအနည်းငယ်က အေးစက်စွာ ရယ်မောလိုက်ကြပါတယ်။ သူတို့တွေ ရန်သူကို သိပ်မကြိုးစားပဲ တွေ့လိုက်ရပါတယ်။
“မင်းတို့နတ်ဆိုးမိစ္ဆာတွေ ကြေးညိုမြို့တော်ကို မတိုက်ခိုက်သေးဘူး ဟုတ်တယ်မှတ်လား”
ကြေးညိုမြို့တော်နဲ့ လင်မြို့တို့က ကပ်လျက်ရှိပြီး တစ်မြို့နဲ့ တစ် မြို့ မနီးမဝေးမှာ ရှိကြပါတယ်။
“ဟုတ်တယ်။ ငါတို့ နတ်ဆိုးမိစ္ဆာတွေ မတိုက်ခိုက်ရသေးဘူး။ ငါတို့ နောက်ထပ် အမိန့်မရသေးလို့လေ”
နတ်ဆိုးမိစ္ဆာအနည်းငယ်က ယန်ချီကို အားပါးတရ ပြုံးပြလိုက်ကြပါတယ်။
“ငါ လိုချင်တဲ့ အချက်အလက်ရပြီးဆိုတော့ မင်းတို့အားလုံး အခု သွားသေလို့ရပြီ”
ယန်ချီက လက်သီးတစ်ချက် ထုတ်လွှတ်လိုက်ပါတယ်။
“ဘန်း”
နွားသိုးတစ်ကောင်ရဲ့ စွမ်းအားက ထွက်ပေါ်လာခဲ့ပါတယ်။
နတ်ဆိုးမိစ္ဆာအနည်းငယ်ကလည်း နေရာမှာတင် ချက်ချင်း သေဆုံးကုန်ကြပါတယ်။
“နတ်ဆိုးမိစ္ဆာငါးကောင်ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် +၂၀၀၀”
အဲ့ဒီနတ်ဆိုးမိစ္ဆာတွေကို လက်သီးတစ်ချက်နဲ့ သတ်လိုက်ပြီးနောက် ယန်ချီက ဒီနေရာမှာ အချိန်အကြာကြီးဆက်မနေခဲ့ပါဘူး။ သူက ကြေးညိုမြို့တော်ကို လျင်မြန်စွာ ထွက်ခွာသွားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူက ကြေးညိုမြို့တော်ထဲ ရောက်လာခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ ကြေးညိုမြို့တော်မှာ အသင့်အနေအထားဖြစ်နေခဲ့ပါတယ်။ သူတို့တွေက နတ်ဆိုးမိစ္ဆာတွေ လာရောက်တိုက်ခိုက်မှာကို သိထားပြီး ဖြစ်ပါတယ်။
ယန်ချီက အပြင်ဖက် ခံစစ်နံရံပေါ် ရောက်ရှိလာခဲ့ပါတယ်။
အပြင်ဖက် ခံစစ်နံရံပေါ်မှာ စစ်သည်တစ်သောင်းကျော်နဲ့ သိုင်းပညာရှင် ရာကျော် ရှိနေခဲ့ကြပါတယ်။
သူတို့ရဲ့ မျက်နှာက ခပ်တည်တည်ဖြစ်နေခဲ့ကြပြီး နတ်ဆိုးတွေ ရောက်လာမှာကို စောင့်ဆိုင်းနေခဲ့ပါတယ်။
“ဝုန်း”
ရုတ်တရက် မြေပြင်က တုန်ခါလာခဲ့ပါတယ်။
အပြင်ဖက်ခံစစ်နံရံပေါ်က လူတိုင်းက နတ်ဆိုးမိစ္ဆာတွေ ရောက်လာပြီဆိုတာ သိလိုက်ကြပါတယ်။
အဲ့ဒီနောက်တော့ သူတို့တွေက မရေမတွက်နိုင်တဲ့ နတ်ဆိုးမိစ္ဆာတွေကို မြင်လိုက်ကြပါတယ်။
“နတ်ဆိုးမိစ္ဆာတွေ စတင်တိုက်ခိုက်ပြီး. . .”
နတ်ဆိုးမိစ္ဆာတွေ ပြေးလာတာကိုကြည့်ရတာ တိမ်မဲတွေ မြိုတော်ဆီ အုပ်ဆိုင်းသလို ဖြစ်နေခဲ့ပါတယ်။
နတ်ဆိုးမိစ္ဆာများစွာကို ကြည့်ပြီးနောက် ယန်ချီက အေးစက်စွာ ရယ်မောလိုက်ပါတယ်။ နတ်ဆိုးမိစ္ဆာများများလာရင် သူ့ရဲ့ ဓါးဆွဲထုတ်မှတ်တွေ များများရမယ်ဆိုတာ သူသိပါတယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 83 - သွေးပျက်စရာ ကောင်းတဲ့ တိုက်ပွဲ
နတ်ဆိုးမိစ္ဆာတွေက ထောင်သောင်းချီပါတယ်။
အဲ့ဒီနတ်ဆိုးမိစ္ဆာတွေက ကြေးညိုမြို့တော်ရဲ့ အပြင်ဖက်ခံစစ်ကြောင်းကို ခဏလေးအတွင်း ရောက်လာခဲ့ပါတယ်။
“ဝူး ဟွား ဟား ဟား”
မျက်လုံး အနီဖျော့ရောင်နဲ့ နတ်ဆိုးမိစ္ဆာက လှောင်ပြောင်ရယ်မောလိုက်ပါတယ်။
ဒီမျက်လုံးအနီဖျော့ရောင်နတ်ဆိုးမိစ္ဆာကို မြင်တော့ ကြေးညိုမြို့တော် ခံစစ်ကြောင်းပေါ်က သိုင်းပညာရှင်တွေနဲ့ စစ်သားတွေ အားလုံး ထိတ်လန့်သွားကြပါတယ်။
“အလယ်အလတ်အဆင့် နတ်ဆိုးအရှင်သခင်”
ဒီတစ်ကြိမ်မှာ သူတို့ရဲ့ ကြေးညိုမြို့တော် ကို လာတိုက်ခိုက်တဲ့ အစွမ်းအထက်ဆုံး နတ်ဆိုးမိစ္ဆာက အလယ်အလတ်နတ်ဆိုးအင်ပါယာ ဖြစ်နေတာကိုတော့ သူတို့တွေ လုံးဝ မမျှော်လင့်မိပါဘူး။
အလယ်အလတ်နတ်ဆိုးအင်ပါယာက လူသား အလယ်အလတ် ဆရာသခင် အဆင့်နဲ့ အစွမ်းချင်း တူပါတယ်။
သူတို့တွေက နတ်ဆိုးအများကြီးကို ခုခံကာကွယ်ရမှာ ဖြစ်သော်လည်း ကြေးညိုမြို့တော်လည်း ပျက်စီးခြင်းအန္တရယ်ကနေ လွတ်မြောက်မှာ မဟုတ်ပါဘူး။
“လူသားတွေ မင်းတို့တွေ အညံ့ခံကြစမ်း”
“အညံ့ခံရမယ်ဟုတ်လား။ အိမ်မက် လာမက်မနေနဲ့”
အဆင့်မြင့် သိုင်းတပည့်အဆင့် တစ်ယောက်က အေးစက်စွာ ပြန်အော်ပြောလိုက်ပါတယ်။
အဆင့်မြင့်သိုင်းတပည့်က ဒီကြေးညိုမြို့တော်မှာ အစွမ်းအထက်ဆုံး သိုင်းပညာရှင်ဖြစ်ပါတယ်။
အလယ်အလတ် နတ်ဆိုးအင်ပါယာက အေးစက်စွာ ရယ်မောလိုက်ပါတယ်။
“ဒီမြို့ကို တိုက်ခိုက်စမ်း”
ရုတ်တရက် နတ်ဆိုးစစ်သည် သောင်းကျော်က အရူးအမူး ပြေးတက်လာကြပါတယ်။
နတ်ဆိုးမိစ္ဆာတွေရဲ့ ခုန်ပျံနိုင်တဲ့စွမ်းအားက အလွန်တရာ ကောင်းတဲ့ အပြင် ခံနိုင်ရည်လည်း မြင့်မားပါတယ်။
စစ်သားတွေကလည်း သူတို့ရဲ့ လက်နက်တွေနဲ့ စတင်ပစ်ခတ်လိုက်ပါတယ်။
နာရီဝက်ခန့် အကြာမှာတော့ . . .. ။
နတ်ဆိုးစစ်သည်ဆယ်ကောင်ကျော်က အပြင်ဖက် ခံစစ်ကြောင်းပေါ်ကို ပြေးတက်လာကြပါတယ်။
“အား အား အား”
သူတို့ပြေးတက်လာပြီး ထက်မြတဲ့ နတ်ဆိုးစစ်သည်တွေရဲ့ လက်သည်းတွေအောက်မှာ စစ်သား ဆယ်ယောက်ကျော်က သေဆုံးကုန်သွားခဲ့တယ်။
အပြင်ဖက်ခံစစ်ကြောင်းပေါ်က သိုင်းပညာရှင်တွေကလည်း နတ်ဆိုးစစ်သည်တွေ ထိုးစစ်ဆင်လာတာကို မြင်တဲ့အခါ သူတို့တွေက နတ်ဆိုးစစ်သည်တွေကို ချက်ချင်း တိုက်ခိုက်လိုက်ကြပါတယ်။
ဒါပေမယ့် သူတို့တွေ တိုက်ခိုက်တော့မယ့် အချိန်မှာ ကြောက်မက်ဖွယ်ရာ ဆေဘာအလင်းတစ်ခုက ဖျတ်ခနဲ့ လက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နာကျင်စွာ အော်လိုက်ကြတဲ့ နတ်ဆိုးစစ်သည်တွေရဲ့ အသံကို ကြားလိုက်ကြပါတယ်။
သူတို့တွေ ပြန်ကြည့်လိုက်တဲ့အခါ နတ်ဆိုးစစ်သည် ဆယ်ကောင်ကျော်က မြေပြင်ပေါ် လဲကျသွားနေခဲ့ပါတယ်။
“မူလနတ်ဆိုးစစ်သည် အကောင် ၅၀ ကျော်ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် + ၁၅၀၀၀”
သိုင်းပညာရှင်တွေနဲ့ စစ်သားတွေအားလုံး ယန်ချီကို အံ့အားသင့်စွာ ကြည့်လိုက်ကြပါတယ်။
ဒီလူရဲ့ အစွမ်းက ထက်လှချည်လား။
နတ်ဆိုးမိစ္ဆာတွေရဲ့ တိုက်ခိုက်မှုက တရစပ်ပါပဲ။
နောက်ထပ် နတ်ဆိုးမိစ္ဆာတွေက အပြင်ဖက်ခံစစ်ကြောင်းပေါ် ပြေးတက်လာခဲ့ပြန်ပါတယ်။
ယန်ချီက သူ့ရဲ့ တစ္ဆေငိုညည်းသံဓါးကို မြောက်လိုက်ပြီး ပိုင်းဖြတ်လိုက်ပါတယ်။
“ဝှစ်”
ဆယ်ပေကျော်တဲ့ ဓါးအလင်းတစ်ခုက ပျံသန်း ထွက်သွားခဲ့ပါတယ်။
အပြင်ဖက်ခံစစ်ကြောင်းကို တိုက်ခိုက်တဲ့ နတ်ဆိုးမိစ္ဆာတွေအားလုံး အမှုန့်တွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။
“ပေါင်းစပ်ခြင်းအဆင့် တစ် ဒါက တကယ်ကို ပေါင်းစပ်ခြင်းအဆင့်တစ်ပဲ”
သိုင်းပညာရှင်တစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။
လူတိုင်းက ယန်ချီကို အံ့အားသင့်စွာ ကြည့်နေခဲ့ပါတယ်။
သူတို့တွေက ယန်ချီအနေနဲ့ လက်နက်နဲ့ တသားတည်းအဆင့်သုံးခုထဲက ပေါင်းစပ်ခြင်းအဆင့်တစ်ကို ရောက်နေပြီးဆိုတာ သိလိုက်ပါတယ်။
အဲ့ဒီလိုမှ မဟုတ်ရင် သူ့ရဲ့ ဓါးချက်တစ်ချက်က ဒီလောက် ကြောက်မက်ဖွယ်ကောင်းနေမှာမဟုတ်ပါဘူး။
နွားသိုးတစ်ကောင်ရဲ့ စွမ်းအားက တစ္ဆေငိုညည်းသံဓါးပေါ်မှာ ရုတ်တရက် စုစည်းလာခဲ့ပါတယ်။
“ဝှစ်”
ဆေဘာအလင်းက နွားသိုးတစ်ကောင်ရဲ့ စွမ်းအားနဲ့ ရောယှက်သွားခဲ့ပြီး မြို့ရဲ့ တံတိုင်းတွေပေါ် တက်လာတဲ့ နတ်ဆိုးမိစ္ဆာတွေဆီကို ပျံသန်းသွားခဲပါတယ်။
ချက်ချင်းပင် နတ်ဆိုးမိစ္ဆာတွေအားလုံး သေဆုံးသွားကြပြီး မြေပြင်ပေါ် ပြုတ်ကျကုန်ကြတယ်။
အပြင်ဖက်ခံစစ်ကြောင်းမှာ ရှိနေတဲ့ လူတိုင်းက အံ့သြမှင်တပ်နေခဲ့ပြီး ပါးစပ်အဟောင်သား ဖြစ်နေခဲ့ပါတယ်။
“နွားသိုးတစ်ကောင်ရဲ့ စွမ်းအား ဆရာသခင် အဆင့်ပဲ”
“ဟား ဟား ငါတို့ဆီဖက်မှာ ဆရာသခင်အဆင့် ကျွမ်းကျင်သူ ရှိဟေ့။ ညီအစ်ကိုတို့ တိုက်ကြစမ်း”
“လာခဲ့စမ်း နတ်ဆိုးမိစ္ဆာတွေ။ ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်”
သိုင်းပညာရှင်တွေနဲ့ စစ်သားတွေအားလုံး သွေးတွေ ဆူပွက်သွားကြပါတယ်။
သူတို့တွေက ကြေးညိုမြို့တော်ရဲ့ အပြင်ဖက်ခံစစ်ကြောင်းဆီကို ဆရာသခင်အဆင့် ရောက်နေလိမ့်မယ်လို မမျှော်လင့်ထားကြပါဘူး။
နတ်ဆိုးမိစ္ဆာတွေက ရှေးဟောင်း တရုတ်စစ်သားတွေလို မြို့တံတိုင်းပေါ် ခုန်တက်ဖို့ လှေကားတွေ မလိုပါဘူး။ သူတို့ရဲ့ ခုန်ပျံနိုင်စွမ်းတွေက အတော် ကောင်းမွန်တဲ့အတွက် သူတို့တွေက ခုန်ပျံပြီး ခြေလက်တွေသုံးကာ တံတိုင်းပေါ် တက်လာကြပါတယ်။
ဒီအတွက် မြို့ရဲ့ တံတိုင်းတွေပေါ် တက်လာတဲ့ နတ်ဆိုးမိစ္ဆာတွေကို သတ်ရတာ ပိုပြီး လွယ်ကူပါတယ်။ ဒါ့ပေမယ့် နတ်ဆိုးမိစ္ဆာတစ်ကောင်ကို ကျည်ဆံတစ်တောင့်နဲ့တော့ မသတ်နိုင်ပါဘူး။
အဲ့ဒီလိုမှ မဟုတ်ရင် ဒီလောကကြီးမှာ သိုင်းပညာရှင်တွေရဲ့ အဆင့်အတန်းက နိမ့်ကျသွားမှာဖြစ်ပါတယ်။
နတ်ဆိုးမိစ္ဆာရာချီက မြို့တံတိုင်းပေါ်ကို ပြေးတက်လာတော့ ယန်ချီက တစ္ဆေငိုညည်းသံဓါးကို မြင့်မားစွာ မြောက်လိုက်ပါတယ်။ တစ္ဆေငိုညည်းသံဓါးဆီကနေ ထိတ်လန့်ဖွယ်ကောင်းတဲ့ ငိုညည်းသံတွေ ထွက်ပေါ်နေခဲ့ပါတယ်။
“ဓါးဆွဲထုတ်ခြင်း ၊ မိုးကြိုးနဂါးဓါးကွက်”
ကောင်းကင်အဆင့် ဆေဘာနည်းစနစ် ဓါးဆွဲထုတ်ခြင်း၊ မိုးကြိုးနဂါးဓါးကွက်က ပျံသန်းထွက်သွားခဲ့ပါတယ်။
ချက်ချင်းပင် တစ္ဆေငိုညည်းသံဓါးဆီကနေ မိုးကြိုးနဂါးတစ်ကောင် ပျံသန်းသွားခဲ့ပါတယ်။ မြို့တံတိုင်းပေါ် တက်နေတဲ့ ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေအားလုံး နံရံပေါ်တက်နေရင်းနဲ့ သေဆုံးကုန်ပါတယ်။
“ဆရာ ”
ကြေးညိုမြို့တော်ရဲ့ အစွမ်းအထက်ဆုံး သိုင်းပညာရှင်ဖြစ်တဲ့ အဆင့်မြင့် သိုင်းတပည့်က ယန်ချီဘေးကို ရောက်လာပြီး လေးစားစွာနဲ့ ခေါ်လိုက်ပါတယ်။
“ကျွန်တော်နာမည်က ဝမ်ယွင်ဂျင်းပါ။ ကျွန်တော်တို့ကို ကူညီပြီး ကြေးညိုမြို့တော်ကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
🐼🐼🐼🐼🐼🐼🐼🐼
Chapter 84 - သံဘောလုံးကြီး
“ငါ့နာမည် ယန်ချီပါ”
ယန်ချီက သူ့ဘေးက အဆင့်မြင့် သိုင်းတပည့်ကို ပြောလိုက်ပါတယ်။
ဝမ်ယွင်ဂျင်းက ယန်ချီပြောလိုက်ပြီးနောက် အလောကြီးစွာနဲ့ ပြောလိုက်ပါတယ်။
“ဆရာ ယန်ချီ နတ်ဆိုးမိစ္ဆာတွေကို ခုခံကာကွယ်ဖို့ ကျွန်တော်တို့တွေ ကြီးမားတဲ့ သံဘောလုံးကြီးတစ်လုံးကို ပြင်ဆင်ထားပါတယ်။ ဒါပေမယ့်လည်း သံဘောလုံးကြီးက အလွန်လေးလွန်းတာကြောင့် ကျွန်တော်တို့ အသုံးမပြုနိုင်ပါဘူး”
သူ ယန်ချီကို ပြောခဲ့တဲ့ သံဘောလုံးကြီးရဲ့ အလေးချိန်က ဂျင် တစ်သန်း ရှိပါတယ်။
“သံဘောလုံးကြီးက ဘယ်လောက် လေးလို့လဲ”
“ဂျင် တစ်သန်း”
“ငါ့ကို ဘောလုံးဆီ ခေါ်သွားပေးပါ”
ယန်ချီက လေးနက်စွာ ပြောလိုက်ပါတယ်။
နတ်ဆိုးမိစ္ဆာတွေ အများကြီးကို သူက တစ်ချက်ထဲနဲ့ ဖရိုဖရဲ ဖြစ်သွားစေချင်ပါတယ်။
ယန်ချီရဲ့ စကားကို ကြားလိုက်တဲ့အခါ ဝမ်ယွင်ဂျင်း အံ့သြမှင်တပ်သွားခဲ့ပါတယ်။
“ဆရာ ယန်ချီ သံဘောလုံးကြီးက ဂျင် တစ်သန်းလေးတာနော်”
အလေးချိန် ဂျင် တစ်သန်းဆိုတာ တိုက်ခိုက်ရေးစွမ်းအား ဂျင် တစ်သန်းနဲ့ တူပါတယ်။
တိုက်ခိုက်ရေးစွမ်းအား ဂျင် တစ်သန်းဆိုတာ သိုင်းအရှင်သခင် တစ်ယောက် ပိုင်ဆိုင်တဲ့ စွမ်းအားဖြစ်ပါတယ်။ ယန်ချီက ဆရာသခင်အဆင့်ဆိုတာ သိသာနေတယ်လေ။
“မင်း ကြေးညိုမြို့တော်ကို ကာကွယ်ချင်ရင် အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့”
ဝမ်ယွင်ဂျင်းလည်း ဘာမှ မပြောရဲတော့ပဲ ယန်ချီကို အပြင်ဖက်ခံစစ်ကြောင်းရှိ အခန်းတစ်ခန်းထဲကို ခေါ်သွားခဲ့ပါတယ်။
ဒီအခန်းက သိပ်ပြီးတော့ မကြီးပါဘူး။ အခန်းထဲမှာတော့ သံဘောလုံးကြီးတစ်လုံး ရှိနေခဲ့ပါတယ်။
ယန်ချီက သံဘောလုံးကြီးရဲ့ အောက်ခြေဆီ လျှောက်သွားခဲ့ပါတယ်။
သူက သူ့လက်မောင်းတွေကို ဆန့်တန်းလိုက်ပါတယ်။
ဝမ်ယွင်ဂျင်းတစ်ယောက် အံ့အားသင့်သွားခဲ့ပါတယ်။ ဆရာယန်ချီက သံဘောလုံးကြီးကို တကယ် မမှာလား။ ဒါပေမယ့် ဆရာသခင် တစ်ယောက်ရဲ့စွမ်းအားနဲ့. . . . .။
ရုတ်တရက် ဝမ်ယွင်ဂျင်းက သူ့အရှေ့မှာ ရွှေရောင်အလင်း တစ်ခု လင်းလက်သွားသလို ခံစားလိုက်ရပါတယ်။
သူက မျက်လုံးကိုပွတ်သပ်လိုက်ပြီး သေချာကြည့်လိုက်ပါတယ်။ သူက ယန်ချီရဲ့ တစ်ကိုယ်လုံး ရွှေနဲ့ သွန်းလုပ်ထားသလို ရွှေရောင်အလင်းတွေ ဖုံးလွှမ်းနေတာ မြင်လိုက်ရပါတယ်။
သူ့အရှေ့က လူက ရွှေရောင် လူသားလား။
မြင်ရတော့ ဆယ်ပေလောက်မြင့်တဲ့ ရွှေရောင်ခန္ဓာကိုယ် တစ်ခုဖြစ်ပါတယ်။
ဝမ်ယွင်ဂျင်းက ကြောက်လန့်စိတ်နဲ့အတူ မျက်နှာက ဖြူလျော့သွားခဲ့ပါတယ်။
“ဖန်ရွှေခန္ဓာကိုယ်။ ဒီနည်းစနစ်ကို သိုင်းအရှင်သခင် အဆင့်မှာ ကျင့်ကြံနိုင်တာ မဟုတ်ဘူးလား”
အခန်းထဲက ရွှေရောင်လူသားကတော့ သူ့လက်နှစ်ဖက်ကို သံဘောလုံးကြီးရဲ့ ဘေးနှစ်ဖက်မှာ ထားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။
“ကြွတက်လာစမ်း”
ချက်ချင်းပင် အစောပိုင်းမှာ မလှုပ်မယှက် ဖြစ်နေတဲ့ သံဘောလုံးကြီးက ဆယ်ပေခန့်မြင့်တဲ့ ရွှေရောင်လူသားရဲ့ ပင့်မခြင်းကို ခံလိုက်ရပါတယ်။
“ဘန်း”
ယန်ချီက သံဘောလုံးကြီးကို သယ်လာပြီး အခန်းအပြင်ကို ထွက်လာခဲ့ပါတယ်။
တံခါးက အလွန်ကျဉ်းမြောင်းတာကြောင့် သံဘောလုံးကြီးနဲ့ပြင်းထန်စွာ ထိခိုက်မိသွားပြီးအစိတ်စိတ်အပိုင်းပိုင်း ကျိုးကျေသွားခဲ့ပါတယ်။
“သံဘောလုံးကြီးက တကယ်ကို ဂျင် တစ်သန်း အလေးချိန် ရှိတာလား”
သူက ပထမအဆင့် ဖန်ရွှေခန္ဓာကိုယ်ရဲ့ စွမ်းအား ဂျင် တစ်သန်းရှိပါတယ်။ ဒါ့အပြင် နတ်ဆိုးဝံပုလွေနှစ်ကောင်ရဲ့ စွမ်းအားလည်း ရှိပါတယ်။
တံခါးကနေ ထွက်လာပြီးနောက် ယန်ချီက ပျံသန်းလာသကဲ့သို့ လျင်မြန်စွာ လမ်းလျှောက်လာခဲ့ပါတယ်။
ယန်ချီအနောက်ကနေ လိုက်လာတဲ့ ဝမ်ယွင်ဂျင်းတစ်ယောက် အလွန် အံ့သြမှင်တပ်နေခဲ့ပါတယ်။
“ဆရာယန်ချီက. . . .”
“သူက ဆရာသခင်အဆင့်လား ဒါမှမဟုတ် သိုင်းအရှင်သခင် အဆင့်လား”
မြို့တံတိုင်းပေါ်က စစ်သားတွေက သိုင်းပညာရှင်တွေဆီကနေ တောက်ပတဲ့ ရွှေရောင်အလင်းထွက်ပေါ်လာတာကို ခံစားမိလိုက်ပါတယ်။
လူတိုင်းက တညီတညာတည်း လှည့်ကြည့်လိုက်ကြပါတယ်။
သူတို့တွေက ရွှေရောင်လူသားကို မြင်လိုက်တဲ့အခါ အလွန်တရာကို အံ့အားသင့်သွားကြပါတယ်။
“ရှုး. . .. ”
သိုင်းပညာရှင်တွေနဲ့ စစ်သားတွေက အသက်ကို အားပါးတရာ ရှုရှိုက်မိလိုက်ကြပါတယ်။ သူတို့တွေက အံ့သြမှင်တပ်သွားကြပါတယ်။
“သူတို့အရှေ့မှာ ရောက်နေတာ ဘာကြီးလဲ”
“ဂျင် တစ်သန်းလေးတဲ့ သံဘောလုံးကြီးကို မလာတဲ့ စစ်နတ်ဘုရားများလား”
တံဆိုင်းအောက်ခြေက နတ်ဆိုးမိစ္ဆာတွေလည်း အံ့သြသင့်သွားခဲ့ပါတယ်။
“ဖန်ရွှေခန္ဓာကိုယ်။ အဲ့ဒါဖန်ရွှေခန္ဓာကိုယ်ပဲ”
အလယ်အလတ်နတ်ဆိုးအရှင်သခင်တစ်ယောက် မျက်နှာ ဖြူလျော့သွားခဲ့ပါတယ်။
ဖန်ရွှေခန္ဓာကိုယ်ကို လူသားသိုင်းအရှင်သခင်အဆင့်တွေသာ ကျင့်ကြံနိုင်ပါတယ်။ ပြီးတော့ ဒီနည်းစနစ်က အလွန်နားလည်ဖို့ ခက်ခဲပါတယ်။
ရုတ်တရက် အလယ်အလတ်နတ်ဆိုးမိစ္ဆာရဲ့ မြီးနှောက်ရိုးကနေ ဦးခေါင်းအထိ အေးစက်မှုတွေကို ခံစားလိုက်ရပါတယ်။ ဒီလို သေးငယ်တဲ့ ကြေးညိုမြို့တော်ရဲ့ အပြင်ဖက်ခံစစ်ကြောင်းမှာ သိုင်းအရှင်သခင်အဆင့်တစ်ယောက် ရှိနေလိမ့်မယ်လို့ လုံးဝကို မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမယ့် တကယ့်ကို လူသားသိုင်းအရှင်သခင်အဆင့်တစ်ယောက် ရှိနေခဲ့တယ်လေ။
မြို့တံတိုင်းပေါ်က ရွှေရောင်လူသားက ကြီးမားတဲ့ သံဘောလုံးကို ကိုင်ထားပြီး မြို့တံတိုင်းပေါ်မှာ လှည့်ပတ်နေခဲ့ပါတယ်။ သူ့ရဲ့ အမြန်နှုန်းက မြန်သထက်မြန်လာပြီးနောက် ဘောလုံးကို ပစ်လွှတ်လိုက်ပါတယ်။
“ဘုန်း ”
ရုတ်တရက် ရွှေရောင်လူသားက ကြီးမားတဲ့ သံဘောလုံးကြီးကို ပစ်လွှတ်လိုက်တော့ အပြင်ဖက်ခံစစ်ကြောင်းအောက်က နတ်ဆိုးမိစ္ဆာတွေကို တိုက်ရိုက်ပြေးဝင်သွားခဲ့ပါတယ်။
ကြီးမားတဲ့ သံဘောလုံးကြီးက ဂျင် တစ်သန်းလေးတဲ့ အပြင် မွတ်နေအောင် လည်နေခဲ့ပါတယ်။
ဘယ်သူက ဒီလိုတိုက်ခိုက်မှုမျိုးကို မှန်းဆနိုင်မှာလဲ။
ကြီးမားတဲ့ သံဘောလုံးကြီးက အမြင့်ဆုံး အမြန်နှုန်းနဲ့ ပျံသန်းလာနေခဲ့ပါတယ်။ ခံစစ်ကြောင်းအောက်က နတ်ဆိုးမိစ္ဆာတွေရဲ့ မျက်လုံးတွေပြူးသွားပြီး ထွက်ပြေးဖို့ကိုတောင် မေ့နေခဲ့ပါတယ်။
“ဝုန်း .. . .”
ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးတစ်ခု အပြင်ဖက်ခံစစ်ကြောင်းအောက်ကနေ ထွက်ပေါ်လာခဲ့ပါတယ်။
သံဘောလုံးကြီးက ဆယ်မီတာကျော်နက်တဲ့ မြောင်းကြီးတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့ပါတယ်။ အဲ့ဒီသံဘောလုံးကြီးက ထောင်ချီသော နတ်ဆိုးမိစ္ဆာတွေကို လွင့်ပျံသွားစေခဲ့ပါတယ်။ လွင့်ပျံသွားတဲ့ နတ်ဆိုးမိစ္ဆာတွေအားလုံး မြေပေါ်ကို ပြင်းစွာ ရိုက်မိကြပြီး သေဆုံးကုန်ကြပါတယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 85 - နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ စတင်ခြင်း
နတ်ဆိုးမိစ္ဆာတွေရဲ့ မျက်နှာတွေက ကြောက်လန့်စိတ်ကြောင့် ဖြူလျော့နေခဲ့ကြပါတယ်။
“ဆယ်ပေမြင့်တဲ့ ရွှေရောင်ခန္ဓာကိုယ်နဲ့ သိုင်းအရှင်သခင် အဆင့်”
ရုတ်တရက် ယန်ချီက အပြင်ဖက်ခံစစ်တံတိုင်းပေါ်ကနေ ခုန်ဆင်းလာခဲ့ပြီး နတ်ဆိုးမိစ္ဆာ တွေကြားထဲ ကျရောက်သွားခဲ့ပါတယ်။
နတ်ဆိုးမိစ္ဆာ တွေက အလွန်တရာ ကြောက်လန့်ခဲ့တာကြောင့် ခေါင်းမော့ကြည့်လိုက်ကြပါတယ်။
“မိုးကြိုးနဂါးဓါးကွက်”
ယန်ချီက တစ္ဆေငိုညည်းသံဓါးကို လက်ထဲမှာ ကိုင်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။
ကောင်းကင်ကနေ ကျဆင်းလာတဲ့ တိုက်ကွက်အလား ကျဆင်းလာခဲ့တယ်။
ချီစွမ်းအင်တွေက မိုးကြိုးနဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားပြီး တစ္ဆေငိုညည်းသံဆီကနေ ထွက်ပေါ်လာခဲ့ပါတယ်။
“ဝုန်း ဝုန်း ဝုန်း”
မိုးကြိုးနဂါးက ဓါးဆီကနေ မြောလွင့်လာခဲ့ပြီး နတ်ဆိုးမိစ္ဆာ တွေကြားထဲ ဖြတ်သန်းသွားခဲ့ပါတယ်။
နောက်ထပ် ရာချီတဲ့ နတ်ဆိုးမိစ္ဆာ တွေ မြေပြင်ပေါ်ကို လဲကျကုန်ကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က ကြောက်လန့်စရာ ကောင်းအောင် သေဆုံးကုန်ကြပါတယ်။
ယန်ချီက သံဘောလုံးကြီးပေါ်ကို ရောက်သွားခဲ့ပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်သခင်က ယန်ချီကို ကြောက်လန့်စိတ်နဲ့ ကြည့်လိုက်ပါတယ် ။ အဲ့ဒီအချိန်မှာ ယန်ချီရဲ့ ဖန်ရွှေခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့ပြီး နဂိုရုပ်သွင်ပြန်ပေါ်လာခဲ့ပါတယ်။
“လူသား သိုင်းအရှင်သခင် မင်းဘာကြောင့် ဒီကို ရောက်နေတာလဲ”
အလယ်အလတ်နတ်ဆိုးအရှင်သခင်ရဲ့ မျက်လုံးထဲမှာတော့ လူသားသိုင်းအရှင်သခင်အဆင့်က တျန်းဘေခံစစ်တံတိုင်းမှာပဲ ရှိသင့်တယ် မဟုတ်ဘူးလား။ ဘာကြောင့် သူက ဒီလို သေးငယ်တဲ့ မြို့လေးမှာ ပေါ်လာရတာလဲ။
ဒီတစ်ကြိမ်မှာတော့ နတ်ဆိုးမိစ္ဆာ တွေက တျန်းဘေခံစစ်တံတိုင်းကို တိုက်ခိုက်ဖို့ မရွေးချယ်ခဲ့ပေမယ့် လင်ဟိုင်အခြေစိုက်စခန်းရဲ့ အုပ်ချုပ်မှုအောက်က မြို့တော် ရာချီကို တိုက်ခိုက်ခဲ့ပါတယ်။
သခင် ရှုမှုက လင်းဟိုင်အခြေစိုက်စခန်းက အရန်တပ်ဖွဲ့တွေကို ဆွဲထုတ်ပြီး မြို့တော်တွေဆီကို စစ်ကူပို့ပေးစေခဲ့ပါတယ်။
“ငါ့က သိုင်းအရှင်သခင် မဟုတ်ဘူး”
ယန်ချီက အလယ်အလတ်နတ်ဆိုးအရှင်သခင်ကို ကြည့်လိုက်ပြီး ဖြေးညှင်းစွာ ပြောလိုက်ပါတယ်။
တကယ်တော့ သူက သိုင်းအရှင်သခင်တစ်ယောက်မဟုတ်ပါဘူး။ သူက စိတ်ဝိဉာဉ်ခန္ဓာကိုယ်၊ ပေါင်းစပ်ခြင်းအဆင့် တစ်နဲ့ ဖန်ရွှေခန္ဓာကိုယ် အဆင့်တစ်ကို အောင်မြင်ထားတဲ့ မူလဆရာသခင် အဆင့်ဖြစ်ပါတယ်။
အပြင်ဖက်ခံစစ်တံတိုင်းပေါ်က ဝမ်ယွင်ဂျင်းက သူ့အရှေ့က မြင်ကွင်းကို ကြည့်လိုက်ပြီး အံကြိတ်လိုက်ပါတယ်။ “မြို့ဝင်ပေါက်တံခါးကို ဖွင့်လိုက်။ နတ်ဆိုးမိစ္ဆာတွေကို ထွက်တိုက်ကြမယ်”
ရုတ်တရက် မြို့ဝင်ပေါက် တံခါးက ကျယ်လောင်စွာ အသံပေးပြီး ပွင့်သွားခဲ့ပါတယ်။
စစ်သားတွေနဲ့ သိုင်းပညာရှင်တွေလည်း မြို့တော်တံခါးကနေ ပြေးထွက်လာကြပါတယ်။
နှစ်ဖက်တပ်တွေရဲ့ မျက်နှာချင်းဆိုင် တိုက်ပွဲကတော့ စတင်ခဲ့ပါပြီ။
တောက်ပနေတဲ့ ကောင်းကင်ပြင်က မှောင်မိုက်နေတဲ့ တိမ်စိုင်တွေ ဖုံးလွှမ်းလာခဲ့ပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်သခင်က သံဘောလုံးကြီးပေါ်က ယန်ချီကို ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။ “မင်းက လူသားသိုင်းအရှင်သခင် ဆိုပေမယ့်လည်း ငါတို့မှာ နတ်ဆိုးမိစ္ဆာတွေ အများကြီးပဲ ။ မင်းက တိုက်ခိုက်ခဲ့မယ်ဆိုရင်တောင် နိုင်ဖို့ မသေချာဘူး”
“ဟုတ်ပါ့မလား ” ယန်ချီက အထင်သေးစွာ ပြုံးလိုက်ပြီး ပြောလိုက်ပါတယ်။ “ဒါဆိုရင် တက်လာပြီး ကြိုးစားလို့ ရတယ်နော်”
သိပ်မကြာခင်မှာပဲ တိုက်ပွဲက စတင်ခဲ့တော့တယ်။
လေထုထဲမှာ သွေးညှိနံ့တွေ လှိုင်ထနေခဲ့ပြီး မိုင်များစွာထိ ပျံ့နှံ့သွားခဲ့ပါတယ်။
ယန်ချီအနေနဲ့ ဒီတိုက်ပွဲကို အဆုံးသတ်ချင်ရင် ခေါင်းဆောင်ဖြစ်သူကို အနိုင်ရမှာ ဖြစ်တယ်ဆိုတဲ့ သဘောကို နားလည်ပါတယ်။ နှစ်ဖက်စလုံးက တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ကြတဲ့အချိန်မှာ သူက သံဘောလုံးကြီးပေါ်ကနေ ပျံသန်းလိုက်ပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်သခင်က သူ့ဆီကို ယန်ချီ ပျံသန်းလာမြင်တဲ့အခါ မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။
“ကာကွယ်စမ်း ကာကွယ်စမ်း”
အလယ်အလတ်နတ်ဆိုးအရှင်သခင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။
ချက်ချင်းပင် ထောင်ချီတဲ့ နတ်ဆိုးမိစ္ဆာ တွေက ခုခံဖို့ နေရာယူလိုက်ကြပါတယ်။
“ဝှစ် ဝှစ် ဝှစ်”
ယန်ချီက လက်ထဲမှာ တစ္ဆေငိုညည်းသံဓါးကို ကိုင်ထားပြီး တစ္ဆေငိုညည်းသံဓါးပေါ်က ရက်စက်ကြမ်းကြုတ်တဲ့ တစ္ဆေတွေရဲ့ အော်သံက လေထဲမှာ ပျံလွင့်နေခဲ့ပါတယ်။
သူက ဝံပုလွေအုပ်ထဲကို ခုန်ဝင်သွားတဲ့ ကျားတစ်ကောင်နဲ့ တူနေခဲ့ပါတယ်။ နတ်ဆိုးမိစ္ဆာ တွေကတော့ မြေပေါ် လူးလိမ်နေခဲ့ကြပြီး ယန်ချီရဲ့ ဓါးချက်တစ်ချက်တိုင်းမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဆေဘာအလင်းတွေကို ထုတ်လွှတ်နေခဲ့ပါတယ်။ နတ်ဆိုးမိစ္ဆာတွေကတော့ ဆေဘာအလင်းနဲ့ ထိတွေ့သွားပြီးနောက် သူတို့ရဲ့ခန္ဓာကိုယ်တွေက အကောင်းအတိုင်း မကျန်ခဲ့တော့ပါဘူး။
ယန်ချီရဲ့ တိုက်ခိုက်ရေးစွမ်းအားကိုကြည့်လိုက်မယ်ဆိုရင် စစ်နတ်ဘုရားတစ်ယောက်ရဲ့ တိုက်ခိုက်တဲ့ အသွင်ဖြစ်နေခဲ့ပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်သခင်လည်း ထိတ်လန့်နေခဲ့ပါတယ်။
သူ့ရဲ့ခန္ဓာကိုယ်တစ်လုံး မရပ်မနား တုန်ယင်နေခဲ့ပါတယ်။ သူ လုံးဝ မယှဉ်နိုင်တဲ့ တိုက်ခိုက်ရေးစွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းပါတယ်။
ယန်ချီရဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားတဲ့ နတ်ဆိုးမိစ္ဆာတွေအားလုံးလည်း အလွန်ကြောက်လန့်သွားကြပါတယ်။ ယန်ချီက သူတို့ကို သတ်ရတာ အသီးအရွက်တွေကို လှီးနေသလို ဖြစ်နေခဲ့ပါတယ်။
“နတ်ဆိုးနွားသိုး ပိုင်းဖြတ်ခြင်း”
“လှိုင်းများကို ချိုးဖြတ်တဲ့ ဓါးဆယ်ချောင်း”
“ဓါးဆွဲထုတ်ခြင်း မိုးကြိုးနဂါးဓါးကွက်”
ယန်ချီက နတ်ဆိုးမိစ္ဆာ အုပ်ထဲ ဝင်ရောက်တဲ့အခါ နတ်ဆိုးမိစ္ဆာ တွေက ထောင်သောင်းချီတာကြောင့် ဆင်ပါးစပ် နှမ်းပက်နေသလို ဖြစ်နေခဲ့ပါတယ်။
သူက ကြေးညိုမြို့မှာ သိုင်းပညာရှင်ရာဂဏန်းနဲ့ စစ်သား တစ်သောင်းကျော် ဘာတွေဖြစ်နေလဲဆိုတာ လှည့်မကြည့်နိုင်ပါဘူး။
အဲ့ဒီအချိန်မှာ သိုင်းပညာရှင်တွေနဲ့ စစ်သားတွေက သူတို့အသက်တွေကို ရင်းပြီး နတ်ဆိုးမိစ္ဆာ ကို တိုက်ခိုက်နေကြပါတယ်။ ကျည်ဆံတစ်တောင့်က တွေကို မသတ်နိုင်ခဲ့ရင် ကျည်ဆံ တစ်ဆယ်၊ တစ်ရာ သုံးပြီး တိုက်ခိုက်နေကြပါတယ်။
စစ်ပွဲဆိုတာက သေဆုံးခြင်းတွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိစမြဲဖြစ်ပါတယ်။
“နတ်ဆိုးမိစ္ဆာတွေကို သတ် . . .”
အလယ်အလတ်နတ်ဆိုးအရှင်သခင်က သူ့ဘေးကို ယန်ချီရောက်လာတော့မှာ မြင်လိုက်ပါတယ်။ မိုးကြိုးတစ်စင်းလို လျင်မြန်စွာ ရောက်ရှိလာနိုင်တာကြောင့် ထွက်ပြေးဖို့ ပြင်လိုက်ပါတယ်။
သူ့အနေနဲ့ ယန်ချီသာ သူ့ဘေးကို ရောက်လာခဲ့ရင် သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ ယန်ချီရဲ့ ပြိုင်ဖက် သေချာပေါက် မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်။
မျက်စိတမှိတ်အတွင်း အလယ်အလတ်နတ်ဆိုးအရှင်သခင်က အဝေးကို ထွက်ပြေးသွားခဲ့တယ်။