Chapter 76 - လင်ဟိုင်အခြေစိုက်စခန်းက နံပါတ်တစ်ကျောင်းတော်
“ဒင် သာလွန် ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓါးအကြိမ်သန်းချီ ဆွဲထုတ်ခြင်း တတိယအဆင့် ဓါးအကြိမ် တစ်သန်း ဆွဲထုတ်ခြင်း”
စနစ်ရဲ့ အသံက ယန်ချီရဲ့ စိတ်ထဲမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်တယ်။
ယန်ချီက ပြုံးလိုက်ပါတယ်။
တတိယအဆင့်က ဓါးအကြိမ်တစ်သန်း ဆွဲထုတ်ခြင်းမှန်း သူ သိလိုက်ပါတယ်။
အဲ့ဒီအချိန်မှာ မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ လက်ထောက်ခန်းမသခင်တစ်ယောက်က ခြံဝန်းဆီကို လျှောက်လာခဲ့ပါတယ်။ ဒီခြံဝန်းက အလွန်တရာ တိတ်ဆိတ်ပါတယ်။ ခန်းမသခင်၊ လက်ထောက်ခန်းမသခင်နဲ့ ဆရာတွေသာ ဒီနေရာကို သိပါတယ်။
“လက်ထောက်ခန်းမသခင် ဘာများကိစ္စရှိလို့လဲဗျ”
ယန်ချီက လက်ထောက်ခန်းမသခင်ကို စဉ်းစားခက်တဲ့အမူအယာနဲ့ ကြည့်လိုက်ပါတယ်။
“သိုင်းအရှင်သခင် ယန်ချီ ခန်းမသခင်က မင်းကို ခန်းမသခင် ရုံးခန်းဆီကို လာခဲ့ဖို့ မှာလိုက်ပါတယ်”
လက်ထောက်ခန်းမသခင်က ယန်ချီကို ပြောလိုက်ပါတယ်။
“သိုင်းအရှင်သခင်လား”
အဲ့ဒီနောက်တော့ သူနားလည်လိုက်ပါတယ်။ ဒါက ချိုစွေတစ္ဆေငိုညည်းသံဓါးဆီကနေ ထွက်လာတဲ့ ထောင်ဒီရဲ့စွမ်းအားက သူ့ကို သိုင်းအရှင်သခင်တစ်ယောက်မှန်း မှားယွင်းစေခဲ့ပါတယ်။
ခြံဝန်းထဲကနေ ထွက်လာခဲ့ပြီး သူက ခန်းမသခင်ရုံးခန်းဆီကို လျှောက်လာခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ ခန်းမသခင် ရုံးခန်းကို ယန်ချီရောက်လာခဲ့ပါတယ်။
ယန်ချီက ခန်းမသခင် ရုံးခန်းမှာ သူ မသိတဲ့ လူတွေအများကြီး ရှိမယ်လို့ မမျှော်လင့်မိထားခဲ့ပါဘူး။
ဒီလူတွေအားလုံးက ဆရာသခင် အဆင့်တွေ ဖြစ်ပါတယ်။
ခန်းမသခင်ရုံးခန်းထဲက ဆရာသခင်အဆင့်တွေက ယန်ချီကို မြင်လိုက်တော့ သူတို့ရဲ့ မျက်နှာပေါ်မှာ အလွန်ရိုသေလေးစားတဲ့ အမူအယာတွေ ချက်ချင် းပေါ်လာခဲ့ပါတယ်။
“သိုင်းအရှင်သခင် ယန်ချီ မင်း ရောက်လာပြီလား”
ဆရာသခင်အဆင့်အားလုံးက ထရပ်လိုက်ပြီး အရိုအသေပေးလိုက်ပါတယ်။
ယန်ချီက သူတို့တွေကို မြင်လိုက်တော့ စဉ်းစားရခက်သွားခဲ့ပါတယ်။ သူက ဒီလူ တစ်ယောက်ကိုမှ မသိခဲ့ဘူးလေ။
“ယန်ချီ သူတို့တွေအားလုံးက လင်ဟိုင်အခြေစိုက်စခန်းမှာ ရှိတဲ့ ထိပ်ပိုင်းသိုင်းသင်တန်းကျောင်း တစ်ရာက ခန်းမသခင်တွေပဲ”
စုခွန်က ယန်ချီကို မိတ်ဆက်ပေးလိုက်ပါတယ်။
ယန်ချီက စုခွန်ရဲ့ စကားတွေကို ကြားတော့ သူ နားလည်သွားခဲ့ပါတယ်။
ဒါပေမယ့် ဒီသိုင်းသင်တန်းကျောင်းတွေက ခန်းမသခင်တွေ မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းကို ဘာကြောင့် လာသလဲဆိုတာကို သူ နားမလည်သေးပါဘူး။
“သိုင်းအရှင်သခင် ယန်ချီ ငါတို့တွေက မင်း ဘယ်လောက် အစွမ်းထက်မှန်း သိပါတယ်။ ပြီးတော့ မင်းက လင်ဟိုင်အခြေစိုက်စခန်းပါလီမန်ရဲ့ အဖွဲ့ဝင်အသစ်လည်း ဖြစ်တယ်။ ငါတို့တွေက မင်းတို့ မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းကို လင်ဟိုင်အခြေစိုက်စခန်းမှာ နံပါတ်တစ်ကျောင်းတော်အဖြစ် သတ်မှတ်ထားချင်လို့ပဲ”
ခန်းမသခင် တစ်ယောက်က ယန်ချီကို ပြောလိုက်ပါတယ်။
ဒီကိစ္စက သူ့ကို လင်ဟိုင်အခြစိုက်စခန်းပါလီမန်ရဲ့ အဖွဲ့ဝင်အသစ်မှန်း သလို့လား။ ဒါမှမဟုတ် သခင်ရှုမူက ထန်လုံသိုင်းသင်တန်းကျောင်းကနေ မပြန်ခင် သူတို့တွေကိုများပြောခဲ့လို့လား တစ်ခုခု ဖြစ်နိုင်ပါတယ်။
မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် စုခွန်ကတော့ မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်။ ဒီနေ့က သူ့ဘဝမှာ အပျော်ရွှင်ဆုံးနေ့တစ်နေ့ပါပဲ။
“ကောင်းတာပေါ့”
ယန်ချီက ခေါင်းညိတ်လိုက်ပြီး ဖြေးညှင်းစွာ ပြောလိုက်ပါတယ်။
သူ သိသလောက်ကတော့ ဒီကိစ္စက အနှေးနဲ့ အမြန် ဖြစ်လာလောက်တယ်ဆိုတာ နားလည်ပါတယ်။
လင်ဟိုင်အခြေစိုက်စခန်းရှို သိုင်းသင်တန်းကျောင်း တရာကျော်မှာ သိုင်းအရှင်သခင်အဆင့် တခါမှ ထွက်ပေါ်မလာခဲ့ပါဘူး။ အခုတော့ လူတိုင်းက သူ့ကို သိုင်းအရှင်သခင်တစ်ယောက်လို့ ထင်နေခဲ့ကြတယ်။ ဒါကြောင့် မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းကို လင်ဟိုင်အခြေစိုက်စခန်းရှိ သိုင်းသင်တန်းကျောင်းတွေမှာ အဆင့်တစ်ကျောင်းအဖြစ် သတ်မှတ်ဖို့ သင့်တော်ပါတယ်။
နောက်ဆုံးတော့ လင်ဟိုင်အခြေစိုက်စခန်းကနေ သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
လင်ဟိုင်အခြေစိုက်စခန်းမှာ ရှိတဲ့ သိုင်းသင်တန်းကျောင်းတွေက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းကို နံပါတ်တစ်ကျောင်းတော်အဖြစ် သတ်မှတ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ယန်ချီက ဒီကိစ္စနဲ့ ပတ်သတ်ပြီး သိပ်စိတ်မဝင်စားခဲ့ပါဘူး။
သခင်ရှုမူက လင်ဟိုင်အခြေစိုက်စခန်းတစ်ခုလုံးရဲ့ ကံကြမ္မာက သူ့ပခုံးပေါ်မှာ ရောက်နေတယ်လို့ ပြောခဲ့ပါတယ်။
မန့်ရှန်တောင်ကုန်း နတ်ဆိုးလှိုဏ်ဂူဆီက နတ်ဆိုးမိစ္ဆာတွေက အခုတလော လှုပ်ရှားနေခဲ့ပါတယ်။ သူတို့တွေ ဘယ်အချိန် အင်အားများစွာနဲ့ အပြင်ထွက်လာမလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ဒီလို ထိတ်လန့်ဖွယ်ကောင်းတဲ့ တိုက်ပွဲမျိုးကို သူ မမှန်းဆနိုင်ပါဘူး။
သခင်ရှုမူက မန့်ရှန်တောင် နတ်ဆိုးလှိုဏ်ဂူကို သုံးကြိမ်ဆက်တိုက် ဝင်ခဲ့ပါတယ်။ သူက ဖန်ရွှေခန္ဓာကိုယ်ပထမအဆင့်ကို အားကိုးပြီး အဆင့်မြင့် နတ်ဆိုးအင်ပါယာကို သတ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း မန့်ရှန်တောင် နတ်ဆိုးလှိုဏ်ဂူထဲမှာ သူက ဖန်ရွှေခန္ဓာကိုယ်ကို အားကိုးပြီး အဆင့်မြင့် နတ်ဆိုးအင်ပါယာကို သတ်ခဲ့ပါတယ်။ အဲ့ဒီမှာ ရှိနေတာကတော့ အဆင့်မြင့် နတ်ဆိုးအင်ပါယာက တစ်ယောက်ထဲ မဟုတ်ပဲ သုံးယောက် ရှိနေခဲ့ပါတယ်။
နတ်ဆိုးအင်ပါယာက သိုင်းအရှင်သခင်အဆင့်နဲ့ တူညီပါတယ်။
လူသားတွေအနေနဲ့ သူတို့ရဲ့ ရန်သူက နတ်ဆိုးမိစ္ဆာတွေ ဖြစ်ပါတယ်။
ဒါကြောင့် သူက ဖြစ်နိုင်သမျှ မြန်ဆန်စွာ အစွမ်းထက်လာဖို့ လိုပါတယ်။
အခုဆိုရင် သူက ဖန်ရွှေခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ပြီး ပထမအဆင့် ဖြစ်ပါတယ်။ သူက ဆေဘာဓါးကို အကြိမ် တစ်သိန်းဆွဲထုတ်ပြီးတိုင်းမှာ ၁၀ % တိုးလာနိုင်ပါတယ်။
အခုဆိုရင် အထူးပိုင်းဖြတ်ခြင်းနည်းစနစ်က အရင်ထက်ပိုပြီး အဆတစ်ရာလောက် အစွမ်းထက်လာခဲ့ပါတယ်။ နောက်ထပ် တဆင့်ဖြစ်တဲ့ အဆတစ်ထောင်လောက် အစွမ်းထက်လာဖို့က ဓါးဆွဲထုတ်မှတ် ငါးသန်း လိုအပ်ပါတယ်။
ဒီငါးသန်းဆိုတဲ့ ဓါးဆွဲထုတ်မှတ်က တော်တော်ကို များလွန်းပါတယ်။
ဒီလောက်အမှတ်ကို ရဖို့အတွက် သူ့အနေနဲ့ နတ်ဆိုးမိစ္ဆာတွေကို သတ်ဖြတ်ဖို့သာ ရှိပါတယ်။
ယန်ချီက လင်ဟိုင်အခြေစိုက်စခန်းရဲ့ တောနက်တွေထဲမှာ နတ်ဆိုးမိစ္ဆာတွေ ရှိတယ်ဆိုတာ သိပါတယ်။ ဆရာသခင် အဆင့်တွေသာ တောအုပ်ထဲ ဝင်သွားခဲ့မယ်ဆိုရင် သူတို့တွေက အသက်တောင် ဆုံးရှုံးသွားနိုင်ပေမယ့် သူမှာ တိုက်ခိုက်ရေးစွမ်းရည် ဂျင် တစ်သန်း ရှိပါတယ်။
ဒါနဲ့ သူ့ဘာသာသူ အစီအစဉ် ဆွဲခဲ့ပါတယ်။
နတ်ဆိုးမိစ္ဆာတွေကို သတ်ပြီး ဓါးဆွဲထုတ်မှတ် ငါးသန်းရပြီးနောက် သူက အထူးပိုင်းဖြတ်ခြင်းနည်းစနစ်ကို အဆတစ်ထောင်အဖြစ် အဆင့်မြင့်တင်ဖို့ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ သူက သူ့ဆေဘာကို ဆွဲထုတ်ပြီး ဖန်ရွှေခန္ဓာကိုယ်ကို အဆင့်မြင့်တင်မှာဖြစ်ပါတယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 77 - တျန်းဘေမြို့တော်
ယန်ချီက လင်ဟိုင်အခြေစိုက်စခန်းလက်အောက် တျန်းဘေမြို့တော်ကို သွားဖို့ပြင်လိုက်ပါတယ်။
တျန်းဘေမြို့တော်. . .။
လင်ဟိုင်အခြေစိုက်စခန်းအတွက် အရေးအကြီးဆုံး ခံစစ်ကြောင်း ဖြစ်ပါတယ်။
တျန်းဘေမြို့တော်က မန့်ရှန်တောင်ကုန်းနတ်ဆိုးလှိုဏ်ဂူက နတ်ဆိုးမိစ္ဆာတွေကို ခုခံကာကွယ်တဲ့ မြို့ဖြစ်ပါတယ်။
တျန်းဘေခံစစ်လိုင်းသာ ကျိုးပေါက်သွားခဲ့ရင် နတ်ဆိုးမိစ္ဆာအုပ်လိုက်ပြီး လင်ဟိုင်အခြေစိုက်စန်းဆီကို ဝင်ရောက်လာမှာ ဖြစ်ပါတယ်။
အဲ့ဒီအခါကျရင် လင်ဟိုင်အခြေစိုက်စခန်းတစ်ခုလုံး ဘေးဒုက္ခရောက်ပြီး နေရာတိုင်းမှာ အလောင်းတွေနဲ့ ပြည့်နှက်နေမှာ ဖြစ်ပါတယ်။
တျန်းဘေမြို့တော်မှာ စစ်သား တစ်သန်းကျော်နဲ့ သိုင်းပညာရှင် တစ်သောင်းကျော် ရှိပါတယ်။
ပြောကြတာကတော့ လင်ဟိုင်အခြေစိုက်စခန်းတစ်ခုလုံးက ထူးချွန်တဲ့ အင်အားစုတွေက တျန်းဘေမြို့တော်မှာ ရှိပါတယ်။
.. . . . . .
ယန်ချီက တျန်းဘေမြို့တော်ကို ရောက်လာခဲ့ပါတယ်။
တျန်းဘေမြို့တော်မှာ ပြည်သူ သန်းနဲ့ချီပြီး နေထိုင်ဆဲရှိနေကြပါတယ်။
လင်ဟိုင်မြို့တော်မှာ နေထိုင်စရာ သိပ်မရှိတဲ့အတွက် သူတို့တွေက သွားစရာ နေရာ မရှိခဲ့ပါဘူး။
ယန်ချီက လမ်းတွေပေါ်မှာ ဆိုင်တွေနဲ့ ပြည့်နှက်နေခဲ့တာကို မြင်ခဲ့ပါတယ်။ အဲ့ဒီဆိုင်တွေမှာ လက်နက်တွေ၊ သေနတ်တွေနဲ့ ကျည်ဆံတွေ ရောင်းချပါတယ်။
သူက မိနစ်အနည်းငယ်တိုင်းမှာ ကင်းလှည့်နေတဲ့ စစ်သည်တွေကို မြင်တွေ့ခဲ့ရပါတယ်။
သူက ဓါးဆွဲထုတ်မှတ် ငါးသန်း လိုချင်ခဲ့ပေမယ့် လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ နတ်ဆိုးအစုလိုက်အပြုံလိုက် သတ်မှသာ ရမှာ ဖြစ်ပါတယ်။
“တျန်းဘေရဲ့ အပြင်ဖက်မြို့ကို နတ်ဆိုးမိစ္ဆာတွေက ဖျက်ဆီးလိုက်ပြီးတဲ့”
“တျန်းဘေရဲ့ အပြင်ဖက်မြို့ကို နတ်ဆိုးမိစ္ဆာတွေက ဖျက်ဆီးလိုက်ပြီးတဲ့”
ရုတ်တရက် ကြီးမားတဲ့ မြင်းတစ်ကောင်ကို စီးနင်းလာတဲ့ သိုင်းပညာရှင်တစ်ယောက်က သူ့ကို ကျော်ဖြတ်ရင်း အော်ဟစ်သွားခဲ့ပါတယ်။
လမ်းပေါ်မှာ ရှိနေတဲ့ ပြည့်သူတွေက ဒီအသံကို ကြားတော့ ချက်ချင်း တုန်လှုပ်သွားကြပါတယ်။
တျန်းဘေမြို့တော်ရဲ့ အပြင်ဖက်မြို့။ အဲ့ဒီနေရာက နောက်ထပ် အကာအရံတစ်ခုဖြစ်ပါတယ်။
အပြင်ဖက်မြို့ကို တည်ဆောက်ထားတာ အတော်ကြာပါပြီ။ လူတွေကတော့ အဲ့ဒီမြို့မှာ မနေထိုင်ကြတော့ပါဘူး။
အပြင်ဖက်မြို့ ပျက်စီးသွားပြီးဆိုတဲ့ အဓိပ္ပါယ်က နတ်ဆိုးမိစ္ဆာတွေ မကြာခင် ရောက်လာတော့မယ့် သဘောမှာ ရှိပါတယ်။
“ဝူး. . ဝူး . . . .”
ရုတ်တရက် စစ်ခရာမှုတ်သံတွေက ထွက်ပေါ်လာခဲ့ပါတယ်။
စစ်ခရာသံတွေက လူတွေရဲ့ တိုက်ခိုက်ချင်စိတ်ကို မြင့်တက်စေပြီး သွေးတွေကိုလည်း ဆူပွက်စေပါတယ်။
“မြန်မြန် . . . မြန် မြန် ”
စစ်သားတွေက နေရာတစ်ခုဆီကို ပြေးလွှားသွားကြပါတယ်။
စစ်ပွဲတစ်ခု စတင်တော့မယ်ဆိုတာ လူတိုင်းသိပါတယ်။
တျန်းဘေမြို့တော်က လင်ဟိုင်အခြေစိုက်စခန်းလို့ မဟုတ်ပါဘူး။ ဒါပေမယ့် လင်ဟိုင်အခြေစိုက်စခန်းရဲ့ မြောက်ဖက်မှာ ရှိပါတယ်။
ဒီနေရာက လူတွေ ဘယ်သူမှ ယန်ချီကို မသိပါဘူး။
ယန်ချီလည်း သေချာတဲ့ နေရာတစ်ခုကို လျှောက်လာခဲ့ပါတယ်။
သူက နတ်ဆိုးမိစ္ဆာတွေ ဘယ်လောက်များများ ရှိတယ်ဆိုတာ မသိပေမယ့် သူကတော့ သွားရမှာ ဖြစ်ပါတယ်။
“ဟေး မင်း ဘာလုပ်နေတာလဲ”
ယန်ချီက မြို့တော်ရဲ့ တောင်ဖက်ဝင်ပေါက်ကို သွားတယ့်အချိန်မှာ ယူနီဖောင်းဝတ်ထားပြီး အသက် နှစ်ဆယ့်လေး နှစ်ဆယ့်ငါးပတ်လည်လောက် ရှိတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကို လှမ်းခေါ်လိုက်ပါတယ်။
အဲဒီအမျိုးသမီးရဲ့ မျက်နှာက နူးညံ့သိမ်မွေ့ပုံရပေမယ့် ရုပ်တည်ကြီးနဲ့ ဖြစ်ပါတယ်။
သူမရဲ့ ခန္ဓာကိုယ်ကနေ သတ်ဖြတ်ခြင်း စိတ်ဆန္ဒတွေ ထုတ်လွှတ်နေခဲ့ပါတယ်။
ယန်ချီက ဒီမိန်းကလေးကို ကြည့်တာနဲ့ စစ်ပွဲနဲ့ ပတ်သတ်ပြီး အတွေ့အကြုံရှိကြောင်းပြောနိုင်ပါတယ်။ ဒီလို သတ်ဖြတ်ခြင်း စိတ်ဆန္ဒတွေ ရှိနေတာက လူသတ်ဖူးတဲ့ အတွေ့အကြုံရှိမှာ ရနိုင်မှာ ဖြစ်ပါတယ်။
ဒီမိန်းကလေးရဲ့ အဆင့်က သိပ်မမြင့်ပါဘူး။ သူမက မူလသိုင်းတပည့်အဆင့်သာ ရှိပါတယ်။ သူမရဲ့ နာမည်က လင်လုံ ဖြစ်ပါတယ်။
“ခံစစ်ကြောင်းကို သွားပြီး နတ်ဆိုးမိစ္ဆာတွေကို သတ်မလိုပါ”
ယန်ချီက အဲ့ဒီမိန်းကလေးကို ပြောလိုက်ပါတယ်။
လင်လုံက သူပြောတာကို ကြားတော့ အံ့အားသင့်သွားခဲ့ပါတယ်။
“နတ်ဆိုးမိစ္ဆာတွေကို သတ်ဖို့ဟုတ်လား”
သူမက ယန်ချီကို သေချာလေ့လာလိုက်ပြီး ဒီလူငယ်လေးက အသက် ဆယ့်ရှစ် ဆယ့်ကိုးလောက်သာ ရှိမယ်ဆိုတာ သိလိုက်ပါတယ်။ ဒီလို အသက်ငယ်ငယ်လေးနဲ့ ဒီလို စကားတွေကို ပြောလိမ့်မယ်ဆိုတာ ယုံကြည်ဖွယ်မရှိပါဘူး။
“ခံစစ်ကြောင်းကို သွားရမှာ မင်းလို လူတွေအတွက် မဟုတ်ဘူး။ မင်း အဲ့ဒီကို သွားရင် သေသွားလိမ့်မယ်”
လင်လုံက ယန်ချီကို အေးစက်စက်ပြောလိုက်ပါတယ်။
သူမက အသက်ဆယ့်နှစ်နှစ်ကတည်းက စစ်တပ်ထဲ ဝင်လာခဲ့ပြီး နတ်ဆိုးမိစ္ဆာထောင်ပေါင်းများစွာကို သတ်ပစ်ခဲ့ပါတယ်။ သူမက ယန်ချီလို လူများစွာကို မြင်ဖူးပါတယ။ ယန်ချီလို လူငယ်လေးတွေက လက်စားချေချင်ကြပြီး အဆုံးမှာ ဘာမှမလုပ်နိုင်ပဲ သူတို့သာ သေဆုံးသွားတက်ပါတယ်။
“မင်းက ငါ့ကို တားချင်တာလား”
ယန်ချီက လင်လုံကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်က တွန့်ကွေးသွားခဲ့ပါတယ်။
ဘယ်သူပဲ ဖြစ်နေပါစေ သူ တောင်ဖက်ဝင်ပေါက်ရဲ့ ခံစစ်ကြောင်းကို သွားမယ့်ကိစ္စကို တားမယ်ဆိုရင်တောင် သူ ဆုံးဖြတ်ချက်ကို မပြင်နိုင်ပါဘူး။
လင်လုံက တိတ်တဆိတ် အံ့အားသင့်သွားခဲ့ပါတယ်။ သူမရဲ့ ပင်ကိုယ်အသိက ယန်ချီက သာမန်သိုင်းပညာရှင်မဟုတ်ကြောင်း ပြောနေခဲ့ပါတယ်။ သူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထူးခြားဆန်းကြယ်မှုတွေ ရှိနေခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒါက သူမရဲ့ အလိုလို သိစိတ်အရသာ ဖြစ်ပါတယ်။
“ငါ မင်းကို ထပ်ပြောမယ်။ မင်း ခံစစ်ကြောင်းကိုသွားလို့ မရဘူး”
လင်လုံက ယန်ချီကို ကြည့်လိုက်ပါတယ်။ ဘာကိစ္စ ရှိရှိ သူမက ယန်ချီကို ခံစစ်ကြောင်းဆီ မလွှတ်နိုင်ပါဘူး။
ယန်ချီက ပြုံးလိုက်ပြီး ပြောလိုက်ပါတယ်။ “ဒါဆိုရင် ငါ့ကို တားကြည့်လေ”
ပြောပြီးတာနဲ့ ယန်ချီက ရှေ့ကို တစ်လှမ်း တက်သွားခဲ့ပါတယ်။
ချက်ချင်းပင် နွားသိုးတစ်ကောင်ရဲ့ စွမ်းအားကို ထုတ်လွှတ်လိုက်ပါတယ်။
လင်လုံက ယန်ချီတစ်ယောက် ရှေ့ကို တက်လာတာကို မြင်တော့ သူမက ယန်ချီကို တားချင်ပေမယ့်လည်း သူမရဲ့ လက်တွေက တုန့်ဆိုင်းသွားခဲ့ပါတယ်။
သူမရဲ့ တစ်ကိုယ်လုံး မရပ်မနား တုန်ယင်နေခဲ့ပြီး သူမရဲ့ ခြေထောက်တွေကလည်း အားလျော့ပြီး ဒူးထောက်ကျသွားခဲ့ပါတယ်။
“ဒီဖိအားက ဆရာသခင် အဆင့်တွေဆီကနေ လာတဲ့ ဖိအားပဲ”
“နွားသိုးတစ်ကောင်ရဲ့ စွမ်းအား ဆိုတော့ ဆရာသခင် အဆင့်ပဲ”
လင်လုံက တံတွေးတွေ ပြန်မြိုချမိလိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်မိပါတယ်။
သူမ ပြောလို့ ပြီးတဲ့အခါ ယန်ချီက ခြေဆယ်လှမ်းလောက် လျှောက်သွားခဲ့ပြီးပါပြီ။
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 78 - တျန်းဘေ ခံစစ်ကြောင်း
လင်လုံက ယန်ချီရဲ့ နောက်ကျောကို ကြည့်ပြီး အံ့အားသင့်နေခဲ့ပါတယ်။
သူမက ယန်ချီကို ဆရာသခင်အဆင့်မှန်း မမျှော်လင့်ခဲ့မိပါဘူး။
သူကို ကြည့်ရတာလည်း အသက် ဆယ့်ရှစ် ဆယ့်ကိုးသာ ရှိပါသေးတယ်။
“အသက် ဆယ့်ရှစ်နှစ်နဲ့ ဆရာသခင် အဆင့်လား. . . ”
သူမရဲ့ အသိစိတ်တွေ ပြန်ဝင်လာတဲ့အခါ လင်လုံက နောက်ကနေ လျင်မြန်စွာ လိုက်သွားခဲ့ပါတယ်။
“ဆရာသခင် ရှင့်. .”
လင်လုံက နောက်ကနေ လိုက်လာပြီးနောက် သူမက ယန်ချီကို အော်ခေါ်နေခဲ့ပါတယ်။
ယန်ချီရဲ့ မျက်နှာကတော့ ရေပြင်ကဲ့သို့ တည်ငြိမ်နေခဲ့ပါတယ်။ သူက မရပ်တန့်ပဲ ဆက်လျှောက်သွားခဲ့ပါတယ်။
တျန်းဘေမြို့တော်ကို သခင်ရှုမူက အုပ်ချုပ်ပါတယ်။ အချို့အချိန်တွေက လွဲရင် သခင်ရှုမူက တျန်းဘေမြို့တော်မှာ နေတာ များပါတယ်။
နောက်ဆုံး မန့်ရှန်တောင်ကုန်း နတ်ဆိုးလှိုဏ်ဂူဆီက နတ်ဆိုးမိစ္ဆာအုပ်စုကြီးက လာတိုက်ခိုက်ခဲ့ရင် လင်ဟိုင်အခြေစိုက်စခန်းကနေ လာရပါက အလွန် နောက်ကျသွားလောက်ပါတယ်။
“ဆရာသခင် ရှင့် ရှင်က လင်ဟိုင်အခြေစိုက်စခန်းကနေ လာခဲ့တာလား”
ယန်ချီက သူမကို ဘာမှ ပြန်မဖြေတာ မြင်တော့ လင်လုံက ယန်ချီကို ဆက်မေးလိုက်ပါတယ်။
“ဟုတ်တယ် ငါက တကယ်တော့ လင်ဟိုင်အခြေစိုက်စခန်းကလာတာ”
ယန်ချီက ဖြေးညင်းစွာ ပြောလိုက်ပါတယ်။
သူက လင်လုံရဲ့ အပြင်ဖက်စရိုက်တွေကို သိပေမယ့်လည်း သူ့အနေနဲ့ ခံစစ်ကြောင်းကိုသာ သွားချင်နေခဲ့ပါတယ်။
တစ်နာရီလောက် ကြာတဲ့အခါ. . . .။
နောက်ဆုံးမှာတော့ ယန်ချီက တျန်းဘေမြို့တော်ရဲ့ ခံစစ်ကြောင်းကို ရောက်ရှိခဲ့ပါတယ်။
တျန်းဘေမြို့တော်ရဲ့ ခံစစ်ကြောင်းက ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်ပါတယ်။
မြို့တော်ရဲ့ နံရံတွေထက်မှာတော့ စစ်သားတွေနဲ့ သိုင်းပညာရှင်တွေ ပြည့်နှက်နေခဲ့ပါတယ်။
လူတိုင်းရဲ့ အမူအယာက လုံးဝကို တည်ငြိမ်နေခဲ့ပါတယ်။
တျန်းဘေအပြင်ဖက်မြို့ က ပျက်စီးသွားပြီဆိုတဲ့ သတင်းကို သူတို့အားလုံး သိကြပါတယ်။ ဒါပေမယ့် နတ်ဆိုးမိစ္ဆာတွေ ဘယ်လောက်များများ ဝင်လာမလဲဆိုတာတော့ သူတို့မသိကြပါဘူး။
တောင်ပေါ်က နတ်ဆိုးမိစ္ဆာတွေက အင်အားကြီးမားစွာနဲ့ လာခဲ့မယ်ဆိုရင်တော့ ကောင်းကင်တုန်လောက်တဲ့ တိုက်ပွဲကြီး ဖြစ်မှာ သံသယ ဝင်စရာ မလိုပါဘူး။
“ခဏတော့ စောင့်လိုက်ပါဦး”
တစ်နာရီခန့်ကြာတဲ့အခါ. . .။
နှစ်နာရီ ကုန်လွန်သွားခဲ့ပါပြီ။
တစ်ရက် ကုန်ဆုံးသွားခဲ့ပါပြီ။
နတ်ဆိုးမိစ္ဆာတွေရဲ့ အရိပ်အယောင်ကို မမြင်တွေ့ရသေးပါဘူး။
အပြင်ဖက်မြို့ရိုးက လူတိုင်း သက်ပြင်းရှည်ကြီး ချလိုက်ကြပါတယ်။
နတ်ဆိုးမိစ္ဆာတွေအနေနဲ့ အင်အားစမ်းပြီး တိုက်ခိုက်တာ ဖြစ်နိုင်ပါတယ်။ သူတို့တွေက တျန်းဘေခံစစ်ကြောင်းကို တိုက်ခိုက်ချင်တဲ့ ရည်ရွယ်ချက် ရှိပုံ မရပါဘူး။
“သခင် ရှုမူနဲ့ သိုင်းအရှင်သခင်တွေက ဒီမှာ ရောက်နေတယ်ဟေ့”
ရုတ်တရက် အံ့အားသင့်နေတဲ့ အသံက ထွက်ပေါ်လာခဲ့ပါတယ်။
လူတိုင်းက အသံထွက်ပေါ်ရာ အရပ်ဆီကို လှည့်ကြည့်လိုက်ကြပါတယ်။
ရှုမူနဲ့ အခြားသိုင်းအရှင်သခင်အဆင့်တွေက ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာခဲ့ကြပါတယ်။
“အဲ့ဒါက သခင်ရှုမူလား”
ဘေးမှာ ရပ်နေတဲ့ လင်လုံက သူမရဲ့ အေးစက်စက်မျက်နှာပေါ်မှာ ရိုသေလေးစားမှုတွေ ရုတ်တရက် ပေါ်လာခဲ့ပါတယ်။
သခင်ရှုမူက တစ်နှစ်မှာ ရက်သုံးရာလောက် တျန်းဘေမြို့တော်မှာ အချိန်ကုန်ခဲ့ပေမယ့် လူတိုင်းက ဒီလိုမျိုး မြင်ဖူးကြတာ မဟုတ်ပါဘူး။
လင်ဟိုင်အခြေစိုက်စခန်းရဲ့ ကာကွယ်စောင့်ရှောက်သူ ဖြစ်တဲ့ သူ့ကို လူတိုင်းက လေးစားကြပါတယ်။
ယန်ချီကလည်း အဲ့ဒီကို လျှောက်သွားခဲ့ပါတယ်။
လင်လုံက ယန်ချီတစ်ယောက် သခင်ရှုမူနဲ့ အခြားသိုင်းအရှင်သခင်အဆင့်တွေကို လျှောက်သွားတာ မြင်တော့ သူမက အံ့အားသင့်သွားခဲ့ပါတယ်။
အဲ့ဒီနောက်တော့ သူမက အကြောင်းပြချက်အချို့ကြောင့် သူ့နောက် လိုက်သွားခဲ့ပါတယ်။
“သခင်ရှုမူ”
ယန်ချီက သခင်ရှုမူဆီ လျှောက်လာခဲ့ပြီး အော်ခေါ်လိုက်ပါတယ်။
ရှုမူက သူ့ကို မြင်တော့ ပြုံးလိုက်ပြီး ပြောလိုက်တယ်။ “ယန်ချီ မင်း ဒီကို ရောက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး”
သိုင်းအရှင်သခင်အဆင့်တွေအားလုံးကလည်း ယန်ချီကို ဒီခံစစ်ကြောင်းမှာ တွေ့မယ်လို့ မမျှော်လင့်ထားမိတာကြောင့် သူတို့ရဲ့ မျက်နှာထက်မှာ အံ့အားသင့်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်။
ယန်ချီက ခေါင်းညိတ်လိုက်ကာ ဆက်ပြောလိုက်ပါတယ်။ “အခု ကျွန်တော်က နတ်ဆိုးမိစ္ဆာများများ သတ်ချင်နေတာ”
ရှုမူအနေနဲ့ ယန်ချီကို ထူးခြားတဲ့ လူတစ်ယောက်မှန်း သိပါတယ်။ ယန်ချီအနေနဲ့ ဒီလောက် နတ်ဆိုးမိစ္ဆာအများကြီးကို ဘာကြောင့် သတ်ချင်မှန်း သူမသိပေမယ့် လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိတာကို သူသိတာကြောင့် ဘာမှ ဆက်မမေးခဲ့ပါဘူး။
ယန်ချီဘေးမှာ ရပ်နေတဲ့ လင်လုံက ယန်ချီနဲ့ သခင်ရှုမူတို့ စကားပြောဆိုနေတာကို နားထောင်နေခဲ့ပါတယ်။ သူမက အံ့အားသင့်မှုကြောင့် ကြောင်အမ်းနေခဲ့ပါတယ်။
သူမက ယန်ချီကို ဆရာသခင်အနေနဲ့သာ သိထားခဲ့ပါတယ်။
ဒါပေမယ့် သူက သခင်ရှုမူနဲ့ စကားပြောဆိုနေတာကို ကြည့်ပြီး သူတို့တွေက တန်းတူအနေအထားနဲ့ စကားပြောဆိုမှန်း သိနိုင်ပါတယ်။
“အိုး ဒါနဲ့ သခင်ရှုမူ ကြည့်ရတာတော့ နတ်ဆိုးမိစ္ဆာတွေက တိုက်ခိုက်ချင်တဲ့ ရည်ရွယ်ချက် မရှိဘူးနဲ့တူတယ်”
ယန်ချီတစ်ယောက် အနည်းငယ် စဉ်းစားရခက်နေခဲ့ပါတယ်။
“အင် ဟုတ်တယ်။ ငါတို့တွေ သေချာစုံစမ်းရမယ်။ အပြင်ဖက်မြိုက နတ်ဆိုးမိစ္ဆာတွေကတော့ လင်ဟိုင်အခြေစိုက်စခန်းရဲ့ နယ်အသီးသီးကို ခွဲထွက်သွားတယ်။ သူတို့တွေက မြို့တော်အသီးသီးက ပြည်သူတွေကို သတ်ချင်နေတာနဲတူတယ်”
ခံစစ်ကြောင်းကို မလာမီ ရှုမူက သူ့ရဲ့ စစ်သည်တွေနဲ့ သိုင်းပညာရှင်တွေကို မြို့တော်အသီးသီးကို ကူညီဖို့ စေလွှတ်ခဲ့ပါတယ်။
ခံစစ်ကြောင်းကိုကာကွယ်နေတဲ့ အထူးချွန်ဆုံး တပ်ဖွဲ့တွေတော့ မထွက်သွားခဲ့ပါဘူး။ အဲ့ဒီလိုမှ မဟုတ်ရင် နတ်ဆိုးမိစ္ဆာတွေသာ ရုတ်တရက် တိုက်ခိုက်ခဲ့မယ်ဆိုရင် အကျိုးဆက်က ခန့်မှန်းလို့ ရမှာတောင် မဟုတ်ဘူး။
ရှုမူက ရုတ်တရက် သက်ပြင်းချလိုက်ပါတယ်။ “လင်ဟိုင်အခြေစိုက်စခန်းအုပ်ချုပ်မှုအောက်မှာ မြို့တော်တွေက ရာကျော်တယ်။ သူတို့တွေကို တားဆီးနိုင်မလားဆိုတာ ငါ မသိဘူး”
“ဒါဆိုရင် ကျွန်တော် သွားမယ် ” ယန်ချီက ပြောလိုက်တယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 79 - လင်မြို့တော်သို့ ချီတက်ခြင်း
ယန်ချီက တျန်းဘေခံစစ်ကြောင်းကို မတိုက်ခိုက်ပဲ လင်ဟိုင်အခြေစိုက်စခန်းလက်အောက်က မြို့တော်တွေကို ဝင်တိုက်ခိုက်လိမ့်မယ်လို့ တွေးခဲ့ပြီး သွားချင်ခဲ့ပါတယ်။
“ကောင်းပြီ”
ရှုမူက မစဉ်းစားတော့ပဲ ခေါင်းညိတ်လိုက်ပါတယ်။
ယန်ချီကလည်း ဘာမှ ထပ်မစဉ်းစားတော့ပဲ ထွက်ခွာဖို့ ပြင်လိုက်တယ်။
သူက ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်မှာ လင်လုံဆီကနေ စကားသံ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။
“ဆရာ ကျွန်မ ဆရာ့ကို အဲ့ဒီကို ခေါ်သွားပေးမယ်”
ယန်ချီက လင်လုံရဲ့ စကားတွေကို ကြားတဲ့အခါ သူ့ခြေလှမ်းတွေကို ရပ်လိုက်ပါတယ်။
သူက လင်လုံကို ကြည့်လိုက်ပြီး သူ ဘာမှ မပြောသေးခင်မှာပဲ လင်လုံက ဆက်ပြောလိုက်ပါတယ်။
“ကျွန်မတို့အဖွဲ့နဲ့ ကျွန်မက ဆရာအတွက် လမ်းပြပါမယ်”
ယန်ချီက ခဏလောက် စဉ်းစားပြီးနောက် လက်ခံလိုက်တယ်။ “ကောင်းပြီလေ”
သူက လင်ဟိုင်အခြေစိုက်စခန်းလက်အောက် မြို့တော်တွေနဲ့ သိပ်မရင်းနှီးပါဘူး။ လင်လုံက လမ်းပြမယ်ဆိုတော့ သူ့အတွက် ခရီး မနှောက်နှေးတော့ပါဘူး။
ခဏအကြာမှာတော့ လင်လုံက သူမအဖွဲ့နဲ့အတူ ယန်ချီဆီကိုပြန်ရောက်လာခဲ့ပါတယ်။
လင်လုံရဲ့ အဖွဲ့မှာ လူနှစ်ဆယ်ခန့်ရှိပြီး သူတို့အားလုံးက ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် သိုင်းပညာရှင်တွေ ဖြစ်ကြပါတယ်။
“ခေါင်းဆောင် ကျွန်တော်တို့တွေ ဘယ်သွားရမှာလဲ”
“ငါတို့တွေ ဆရာသခင်နဲ့အတူ နတ်ဆိုးတွေကို သွားသတ်ရမယ်”
လင်လုံက ပြောလိုက်ပါတယ်။
“ဆရာသခင်အဆင့်နဲ့လား”
ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် သိုင်းပညာရှင် အယောက်နှစ်ဆယ်လုံး အံ့အားသင့်သွားကြပါတယ်။
သူတို့ရဲ့ မျက်လုံးထဲမှာတော့ ဆရာသခင်အဆင့်ဆိုတာ ဘယ်လိုမှ ကျော်ဖြတ်လို့ မရတဲ့ တောင်တစ်လုံးပါပဲ။
သူတို့တွေက လင်လုံဘေးမှာ ရပ်နေတဲ့ ယန်ချီကို ကြည့်လိုက်ပြီး အံ့အားသင့်နေခဲ့ပါတယ်။ သူက ဆရာသခင်လား။
ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် သိုင်းပညာရှင်တွေက စိတ်ထဲကနေ အံ့အားသင့်နေခဲ့ပါတယ်။
“သွားကြစို့”
ယန်ချီက ပြောလိုက်တယ်။
“ဟုတ်ကဲ့ပါ ဆရာ ”
လင်လုံက ပြန်ဖြေလိုက်ပြီး သူမရဲ့ အဖွဲ့နဲ့အတူ သူတို့ခရီးကို စတင် ထွက်ခွာခဲ့ပါတယ်။
. . . . . .
လင်မြို့တော် .. . ။
“အား. . . . ”
“ငါ . .. ငါ မသေချင်သေးဘူး”
“ဟား ဟား ဟား မင်းတို့တွေ သေမှာကို လက်ခံလိုက်တော့ ရူးနေတဲ့ လူသားတွေ”
နတ်ဆိုးမိစ္ဆာက လင်မြို့တော်ကို တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။
လင်မြို့တော်က သိုင်းပညာရှင်တွေနဲ့စစ်သားတွေက အကောင်းဆုံးကြိုးစားပြီး ခုခံနေပေမယ့် သူတို့တွေက နတ်ဆိုးမိစ္ဆာတွေရဲ့ ပြိုင်ဖက် မဖြစ်နိုင်ပါဘူး။
ယန်ချီ ၊ လင်လုံနဲ့ သူမရဲ့ အဖွဲက လင်မြို့တော်ကို ရောက်လာခဲ့တယ်။
လေထဲမှာတော့ သွေးညှိနံ့တွေ ပျံ့နှံ့နေခဲ့ပါတယ်။
လမ်းတွေများလည်း အလောင်းတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ကြောက်မက်ဖွယ်ရာ မြင်ကွင်းဖြစ်နေပါတယ်။
“ဆရာ ကျွန်မတို့အရှေ့မှာ နတ်ဆိုးမိစ္ဆာတွေ”
လင်လုံက သတိပေးလိုက်တယ်။
သူမရဲ့ အဖွဲ့ဝင်တွေကလည်း ညီညီညာညာ ကြည့်လိုက်ကြပါတယ်။
သူတို့တွေက ဒါဇင်ချီတဲ့ နတ်ဆိုးမိစ္ဆာတွေကို တွေ့လိုက်ရတယ်။
ဒီနတ်ဆိုးမိစ္ဆာတွေကလည်း သူတို့ကို တွေ့သွားတာ သေချာပါတယ်။
“ဝါး ဟား ဟား ဝါး ဟား ဟား “
နတ်ဆိုးမိစ္ဆာတွေအားလုံက အရိုးထဲထိအေးစက်တဲ့ ရယ်သံတွေနဲ့ သူတို့ဆီကို ပြေးဝင်လာခဲ့ပါတယ်။
လင်လုံနဲ့ သူမရဲ့ အဖွဲ့ တိုက်ပွဲတွေကို အတူတကွ ဆင်နွဲဖူးပါတယ်။ ဒါကြောင့် ဒီလို မြင်ကွင်းမျိုးကို မြင်ရတာ မထူးဆန်းတော့ပါဘူး။ နတ်ဆိုးမိစ္ဆာဒါဇင်လောက်က သူမတို့ကို မထိတ်လန့်စေပါဘူး။
ဒါပေမယ့်လည်း သူမတို့က နတ်ဆိုးမိစ္ဆာတွေရဲ့ မျက်လုံးကို မြင်လိုက်တဲ့အခါ ကြောက်လန့်သွားခဲ့ပါတယ်။
နတ်ဆိုးမိစ္ဆာခေါင်းဆောင်ရဲ့ မျက်လုံးတွေက ငွေရောင်ဖျော့တော့တော့ အဆင်း ရှိပါတယ်။
“ငွေရောင်မျက်လုံးနဲ့ နတ်ဆိုးဘုရင်”
လင်လုံနဲ့ ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် သိုင်းပညာရှင်တွေက အံ့အားသင့်သွားခဲ့ပါတယ်။ ဒီနတ်ဆိုးမိစ္တာခေါင်းဆောင်က တကယ်ကို မူလနတ်ဆိုးဘုရင်ဖြစ်နေတယ်လေ။
ယန်ချီကတော့ သူ့အရှေ့က နတ်ဆိုးမိစ္ဆာတွေကို ကြည့်နေခဲ့ပေမယ့် သူ့မျက်နှာကတော့ တည်ငြိမ်နေဆဲဖြစ်ပါတယ်။
သူ့အမြင်အရ ငွေရောင်မျက်လုံး နတ်ဆိုးဘုရင်နဲ့ အစိမ်းရောင်မျက်လုံး နတ်ဆိုးစစ်သည်တွေက အတူတူပါပဲ။ သူတို့အားလုံးက ဓါးချက်တစ်ချက်ထက် ပိုမသုံးရပါဘူး။
“ဟား ဟား ဟား လူသားတွေ ဒီနေရာက နတ်ဆိုးတွေရဲ့ ပိုင်နက်မှန်း မင်းတို့ မသိဘူးလား။ ဒီနေရာကို ဘယ်လိုဖြစ်ပြီး မင်းတို့ လာရဲတာလဲ။ မင်းတို့အတွက် ဘယ်အရာက ကောင်းတယ်ဆိုတာ မသိဘူးလား”
မူလနတ်ဆိုးဘုရင်က ယန်ချီတို့ အဖွဲ့ကို ကြည့်ပြီး လှောင်ပြောင်လိုက်တယ်။
ယန်ချီကတော့ ဘာမှ မပြောပါဘူး။ သူက ချိုစွေတစ္ဆေငိုညည်းသံဓါးကို ဆွဲထုတ်လိုက်တယ်။
ချိုစွေတစ္တေငိုညည်းသံဓါးဆီကနေ နတ်ဆိုးဝိညာဉ်ရဲ့ ငိုညည်းသံတွေ ထွက်ပေါ်လာခဲ့တယ်။ ဒီအသံကို ကြားရသူတွေအနေနဲ့ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားခဲ့တယ်။
“ဟမ့်”
မူလနတ်ဆိုးဘုရင်က အံ့အားသင့်သွားခဲ့တယ်။ “လူသား ဒီဆေဘာက မင်းရဲ့ .. . .”
မူလနတ်ဆိုးဘုရင်က စကားဆုံးအောင်ပြောမယ့် အခွင့်အရေး မရခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတော့ ယန်ချီက သူ့ရဲ့ ဆေဘာဓါးနဲ့ ပိုင်းဖြတ်လိုက်ပါတယ်။
ပေါင်းစပ်ခြင်းအဆင့်တစ် တိုက်ခိုက်ရေးသမားတစ်ယောက်က ကြောက်မက်ဖွယ်ရာ ဆေဘာအလင်းကို ထုတ်လွှတ်နိုင်ပါတယ်။
“ဝှစ်”
ကြောက်မက်ဖွယ်ဓါးအလင်းက မူလနတ်ဆိုးဘုရင်ဆီကို ဝဲပျံသွားခဲ့ပြီး လေဟာနယ်တောင်မှ ပွင့်ဟသွားသလို ဖြစ်သွားခဲ့ပါတယ်။
မူလနတ်ဆိုးဘုရင်က အလွန်တရာကို ကြောက်လန့်သွားခဲ့ပါတယ်။ ဒီဓါးအလင်းက အလွန်ကြောက်မက်ဖွယ်ကောင်းပါတယ်။
“အား. . .”
သိပ်မကြာခင်မှာပဲ မူလနတ်ဆိုးဘုရင်ကကြောက်လန့်တကြားအော်ဟစ်သံနဲ့အတူ အမှုန့်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။
“ချက်ချင်း သေသွားပြီလား”
“နတ်ဆိုးဘုရင်က သေသွားပြီလား”
ဒါဇင်ချီတဲ့ နတ်ဆိုးမိစ္ဆာတွေက ယန်ချီတစ်ယောက် မူလနတ်ဆိုးဘုရင်ကို ချက်ချင်း သတ်ပစ်လိုက်တာကို မြင်တော့ ထိတ်လန့်သွားခဲ့ပါတယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 80 - နတ်ဆိုးတွေကို သတ်ဖြတ်ခြင်း
လင်လုံနဲ့ ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် သိုင်းပညာရှင်နှစ်ဆယ်ကလည်း အံ့အားသင့်သွားခဲ့ပါတယ်။
“မူလနတ်ဆိုးဘုရင်က ဒီလို ပဲ ချက်ချင်း အသတ်ခံလိုက်ရသလား”
“ဒါက ဆရာသခင်တစ်ယောက်ရဲ့ ကြောက်မက်ဖွယ်စွမ်းအားလား”
“မူလနတ်ဆိုးဘုရင်ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် +၂၀၀၀၀”
ဒါဇင်နဲ့ ချီတဲ့ နတ်ဆိုးမိစ္ဆာ ယန်ချီကို ကြောက်လန့်သွားကြပါတယ်။
ရုတ်တရက် ယန်ချီက လျှောက်လာခဲ့ပါတယ်။ သူက လက်ထဲမှာ ချိုစွေတစ္ဆေငိုညည်းသံဓါးကို ကိုင်ပြီး ချိုစွေတစ္ဆေငိုညည်းသံဓါးပေါ်မှာတော့ အေးစက်စက် အလင်းတွေ ပြည့်နှက်နေခဲ့ပါတယ်။ ချက်ချင်းပင် ချိုစွေတစ္ဆေတစ်ကောင်ရဲ့ အငြိုးတကြီး အော်မြည်သံ ထွက်ပေါ်လာခဲ့ပါတယ်။
“အာ. . . .. အား .. . ”
ဒါဇင်နဲ့ ချီတဲ့ နတ်ဆိုးမိစ္ဆာတွေက နတ်ဆိုးစစ်သည်အဆင့်ပဲ ရှိပြီး သူတို့တွေမှာ တိုက်ခိုက်ဖို့ စွမ်းအား မရှိကြပါဘူး။ ယန်ချီက သူတို့အားလုံးကို ချက်ချင်း သတ်ပစ်လိုက်ပါတယ်။
“နတ်ဆိုးစစ်သည် အကောင် သုံးဆယ်ကို သတ်ပစ်ခြင်း ဓါးဆွဲထုတ်မှတ် +၁၂၀၀၀”
ဒီအမှတ်တွေက မလုံလောက်သေးပါဘူး။
လုံလောက်ဖို့အတွက် နည်းလွန်းပါတယ်။
နတ်ဆိုးမိစ္ဆာအရေအတွက်က အရမ်းကို နည်းလွန်းပါတယ်။ ဒါကြောင့် ဓါးဆွဲထုတ်မှတ် က နည်းနည်းလေးသာ ရခဲ့ပါတယ်။
ဒီရမှတ်ကဓါးဆွဲထုတ်မှတ် ငါးသန်းနဲ့ ယှဉ်ရင် ကောင်းကင်နဲ့ မြေကြီးလောက်ကို ခြားနားပါတယ်။
သူက ချိုစွေတစ္ဆေငိုညည်းသံဓါးကို နောက်ကျောရှိ ဓါးအိမ်ထဲ ပြန်ထည့်လိုက်ကာ လင်းမြို့တော်မှာ နတ်ဆိုးမိစ္ဆာတွေကို ဆက်လက်ရှာဖွေခဲ့ပါတယ်။
လင်လုံနဲ့ ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် သိုင်းပညာရှင် နှစ်ဆယ်ကျော်က ယန်ချီတစ်ယောက် ရှေ့ကို ဆက်တက်သွားတာ မြင်တော့ သူတို့လည်း ယန်ချီအနောက်ကနေ လျင်မြန်စွာ လိုက်သွားခဲ့ပါတယ်။
သူတို့တွေ အချိန်အတော်ကြာ လမ်းမလျှောက်လိုက်ရပါဘူး။
ယန်ချီတို့တွေ အားကစားကွင်းအပြင်ဖက်ကို ရောက်လာခဲ့ပါတယ်။
ဆရာသခင်အဆင့်တစ်ယောက်ရဲ့ အာရုံခံနိုင်စွမ်းက အလွန်တရာကို ကောင်းမွန်ပါတယ်။
ကစားကွင်းအတွင်းမှာ နတ်ဆိုးမိစ္ဆာတွေရဲ့ အေးစက်စက် ရယ်မောသံတွေကို ထွက်ပေါ်နေခဲ့ပါတယ်။ တချိန်တည်းမှာပဲ လူသားတွေရဲ့ ငိုယိုံသံတွေနဲ့ ညည်းညူသံတွေကို ကြားနေခဲ့ရပါတယ်။
“ဟား ဟား ဟား လူသားတွေ အခုတော့ မင်းတို့ အရမ်းကြောက်ရွံ့နေပြီမှတ်လား။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ မင်းတို့တွေ သေသွားခဲ့ရင် ဘယ်တော့မှ ကြောက်မှာ မဟုတ်တော့ဘူး”
နတ်ဆိုးမိစ္ဆာက ပြောပြီးတာနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အော်ရယ်သံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်ပါတယ်။
ယန်ချီက အားကစားကွင်းထဲကို လမ်းလျှောက်ဝင်သွားခဲ့ပါတယ်။
အားကစားကွင်းထဲမှာ လူဆယ်ဦးကျော်ကို နတ်ဆိုးမိစ္ဆာ ဒါဇင်ကျော်က ဝိုင်းရံထားခဲ့ပါတယ်။ လူသားတွေရဲ့ မျက်နှာမှာောတ့ ကြောက်ရွံ့ခြင်းတွေ စိတ်ပျက်ခြင်းတွေ ပြည့်နှက်နေခဲ့ပါတယ်။
သူတို့တွေက မသေချင်သေးပေမယ့် နတ်ဆိုးမိစ္ဆာတွေရဲ့ လက်ထဲမှာဆိုတော့ သေတာလွဲပြီး အခြားဘာမှ မရှိပါဘူး။
“လူသား ငြိမ်းချမ်းပါစေ”
ဒါဇင်ချီတဲ့ နတ်ဆိုးမိစ္ဆာတွေ တိုက်ခိုက်တော့မယ့်အချိန်မှာ တည်ငြိမ်တဲ့ အသံတစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်။
“ငါ့အရှေ့မှာ လူသားတွေကို တကယ် သတ်မှာလား”
နတ်ဆိုးမိစ္ဆာ ဒါဇင်ကျော်က လန့်ဖျပ်သွားကြပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်တော့ သူတို့ဆီကို လျှောက်လာတဲ့ ယန်ချီကို မြင်လိုက်ပါတယ်။
ယန်ချီရဲ့ မျက်နှာက အလွန်တည်ငြိမ်နေခဲ့ပါတယ်။ သူက ပုံမှန်အတိုင်းပဲ လျှောက်လှမ်းလာခဲ့ပါတယ်။
ယန်ချီရဲ့ အနောက်မှာတော့ လင်လုံနဲ့ သူမရဲ့ အဖွဲ့ပါလာခဲ့ပါတယ်။
“သိုင်းပညာရှင်တွေ သူတို့တွေက သိုင်းပညာရှင်တွေ ဖြစ်ရမယ်”
နတ်ဆိုးမိစ္ဆာတွေရဲ့ ဝန်းရံခြင်းကိုခံနေရတဲ့ လူသားတွေက ယန်ချီ၊ လင်လုံနဲ့ သူမရဲ့ အဖွဲ့ ထွက်ပေါ်လာတာကို မြင်တဲ့အခါ သူတို့တွေက အလွန်တရာ စိတ်လှုပ်ရှားသွားပြီး ပျော်ရွှင်သွားခဲ့ပါတယ်။
ယန်ချီနဲ့သူရဲ့ အဖွဲ့ ရောက်လာခြင်းက သူတို့ရဲ့ ကံကြမ္မာက ပိုပြီး ကောင်းလာတော့မယ်ဆိုတာ သိပါတယ်။
နတ်ဆိုးမိစ္ဆာဒါဇင်ကျော်က အားလုံး မူလနတ်ဆိုးစစ်သည်တွေသာ ဖြစ်ပါတယ်။
သူတို့တွေက ယန်ချီနဲ့ သူ့ရဲ့ အဖွဲ့ကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားခဲ့ပါတယ်။
သူတို့တွေက လင်မြို့မှာ သိုင်းပညာရှင်များစွာ ရှိမှန်း မမျှော်လင့်ခဲ့ပါဘူး။
သိပ်မကြာသေးခင်က သူတို့တွေ ဒီမြို့ က သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေအားလုံးကို သတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီနောက်တော့ သူတို့တွေက နောက်ထပ် စစ်သားတစ်အုပ်ကို သတ်ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အခုတော့ သူတို့တွေက ထပ်လာကြပြန်ပါပြီ။
ဒါဇင်ချီတဲ့ နတ်ဆိုးစစ်သည်တွေက များစွာ တုန်လှုပ်သွားခဲ့ပါတယ်။ သူတို့အရှေ့က ဒီလူတွေအားလုံးက သိုင်းပညာရှင်တွေမှန်း သိပါတယ်။
“ဆရာ ကျွန်မတို့ လှုပ်ရှားဖို့ လိုသေးလား”
လင်လုံက ယန်ချီကို ရုတ်တရက် မေးလိုက်ပါတယ်။
“မလိုဘူး”
ယန်ချီက ခေါင်းခါပြလိုက်ပါတယ်။
သူက ဒါဇင်ချီတဲ့ နတ်ဆိုးစစ်သည်တွေဆီကို လျှောက်သွားခဲ့ပါတယ်။
ဒါဇင်ချီတဲ့ နတ်ဆိုးစစ်သည်တွေကလည်း ချဉ်းကပ်လာတဲ့ ယန်ချီကို အေးစက်စက် ကြည့်နေခဲ့ပါတယ်။
လူသားသိုင်းပညာရှင်တွေ အားလုံး ဝင်တိုက်ခိုက်ခဲ့လျှင် သူတို့အနေနဲ့ ဒဏ်ရာ ပြင်းစွာ ရနိုင်ပါတယ်။ ဒါပေမယ့် ယန်ချီတစ်ယောက်သာ လျှောက်လာတာကို သတိထားမိပါတယ်။
ဒါဇင်ချီတဲ့ နတ်ဆိုးစစ်သည်တွေက ယန်ချီကို ဒီနေရာမှာ သေလူအဖြစ် သဘောထားလိုက်ကြပါတယ်။
“လူသား မင်းလို လူ. . . .”
“အား. . . ”
ယန်ချီတစ်ယောက် ချိုစွေတစ္ဆေငိုညည်းသံဓါးကို မထုတ်ယူခင်မှာ စကားပြောဖို့ ကြိုးစားတဲ့ မူလနတ်ဆိုးစစ်သည်က နှစ်ပိုင်းပြတ်သွားခဲ့ပါတယ်။
ဒါက ပေါင်းစပ်ခြင်းအဆင့် တစ် ရဲ့ အစွမ်း ဖြစ်ပါတယ်။
“မူလနတ်ဆိုးစစ်သည်ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် + ၃၀၀”
လက်ကျန် မူလနတ်ဆိုးစစ်သည်တွေလည်း ဒီမြင်ကွင်းကိုမြင်တော့ ထိတ်လန့်ကြောက်ရွံ့သွားကြပါတယ်။
“ဝှစ် ဝှစ် ဝှစ် ”
ယန်ချီက ချိုစွေတစ္ဆေငိုညည်းသံဓါးကို လက်ထဲကိုင်ပြီး သူ့ဓါးကို လှည့်ကာ လှည့်ကာနဲ့ မိုးကြိုးလို အမြန်နှုန်းနဲ့ မူလနတ်ဆိုးစစ်သည်အားလုံးကို သတ်ပစ်ခဲ့ပါတယ်။
“မူလနတ်ဆိုးစစ်သည် နှစ်ဆယ်ငါးကောင်ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် + ၇၅၀၀”