Sue's Pov
ဆူး အခုအားလုံးကို သိပြီးဖြစ်တာကြောင့် ထပ်ပြီး အလွမ်းနာကျမခံချင်တော့ပေ ဆူးအရင်ကတည်းက မောင့်ဆီလာချင်ခဲ့ပေမယ့် အပြစ်ဆိုတဲ့စိတ်ကြောင့် ပြန်မလာနိုင်ခဲ့တာ.ဆူး မောင်မရှိတဲ့အချိန် ခက်ခဲရတာတွေလည်း နားလည်ပြီမောင် အချိန်လုံလုံလောက်လောက် မပေးနိုင်ပေမယ့် အဲဒီအချိန်လေးမှာ မောင်ရဲ့အလေးထားမှုတွေလည်း နားလည်လာပြီမောင် မောင့်ရဲ့လူနာတွေအပေါ်ထားတဲ့ စိတ်ကိုလည်း သဘောပေါက်နေပြီမောင် ငါလေအခု သန့်ရှင်းတဲ့ လူတစ်ယောက်ဆိုတာ အတည်ပြုလို့ရနေပြီမလို့ ငါမင်းဆီပြန်လာခဲ့မယ်မောင်....
ဆူးတွေးရင်း luggage အိတ်ဆွဲကာ လေယာဥ်ပေါ်တက်လိုက်သည်
အခု ဆူးလျော်ကြေးပေးပြီး စာချုပ်လည်းဖျက်လိုက်ပြီ ကိုတည့်ကိုလည်း အဆက်အသွယ်ဖြတ်လိုက်ပြီ ကိုတည့်ကိုလည်း ဆူးသိပ်ကိုရွံနေပြီ မောင်ရှိနေတဲ့ တောင်ပေါ်မြို့လေးကို ဆူးလိုက်လာခဲ့မှာ... ကျောက်ထုမြို့မှာ လေယာဥ်ဆိုက်တာကြောင့် ထိုမှတစ်ဆင့် လိုင်းကားစီးရပြန်သည် သိပ်ပင်ပန်းတာပဲမောင်ရယ်. .ငါလေမင်းဆီကိုလာခဲ့တာ မှားမနေဘူးမလား မင်းအခုချိန်အသစ်တွေ့နေတော့မလား...အင်းးးငါ့ကိုလည်းနာကျည်းနေလောက်ပြီလားး
အတော်တန်ကြာ ဆူးအိပ်ပျော်သွားပြီးမှ ဆူညံသံတွေကြောင့် ဆူးနိုးလာရသည် အပြင်ကိုကြည့်လိုက်တော့ ကားကဆိုက်သွားပြီဖြစ်လို့ လူတွေတောင် ဆင်းနေကြပြီ
"ခဏ ခဏလေး ကျွန်တော့်ကိုလေ ဒီလိပ်စာလေးအတိုင်း ပို့ပေးပါလား"
တောင်းယူလာသော လိပ်စာကတ်လေးကို Driverအားပြ၍ပြောလိုက်သည်
"အိမ်တိုင်ရာရောက် မပို့ပေးဘူး ကားဂိတ်အထိပဲရတာ"
"ကျွန်တော် လမ်းလဲမသိလို့ပါ ကျွန်တော်ပိုက်ဆံပိုပေးပါ့မယ် ပို့ပေးပါနော်"
ထိုအခါမှ ထိုလူကလက်ခံလေတော့သည် ရောက်တော့ ဆူးအထုပ်တွေချပေးပြီး ပြန်ထွက်သွားလေးသည် ဆူးလည်း လိပ်စာလေးနဲ့တိုက်ကြည့်လိုက်သည်
"လိပ်စာတော့မှန်ပါတယ် ဘာလို့သော့ခတ်ထားရတာလဲ"
သော့ခတ်ထားတဲ့ ခြံတံခါးကို ဆောင့်ရင်းပြောလိုက်သည် မောင်က အလုပ်သွားနေမှာဘဲလို့တွေးပြီ ခြံရှေ့တွင်သာထိုင်စောင့်နေလိုက်သည် မောင်သာ Over timeမဆင်းရင် ပြန်ရောက်တော့မှာပါ ကျေးဇူးပြု၍ ဒီနေ့လေးတော့ မောင် စောစောပြန်ပါစေ...
ဆူးဆုတောင်းတို့မပြည့်ခဲ့ပါ အတော်တန်နောက်ကျနေသည်အထိ မောင့်အရိပ်လေးတောင်မတွေ့ခဲ့ရပါ ဆူး သံသယတို့ဝင်လာရသည်
"ငါ မှားလာခဲ့တာလား အကယ်၍မောင်က ဒီမှာမဟုတ်ဘူးဆို ငါဘယ်သွားရမှာလဲ"
ငိုချင်စိတ်တွေကို အတင်းထိန်းရင်း ဆူးဒူးတုပ်ထိုင်လျက်သားနဲ့ ဟိုကြည့်ဒီကြည့်လုပ်နေသည် မကြာခင်မှာ မှောင်လာတော့မှာ ငါဘယ်မှလဲမသွားရဲဘူး ငါဘယ်လိုလုပ်ရမှာလဲ..ဆူးထရပ်ကာ ဟိုကြည့်ဒီကြည့်လုပ်နေတုန်း တွေ့လိုက်တဲ့သူက..
"မောင်!!
ဆူး တိုးတိုးလေးရေရွတ်မိသည် မောင်ကတော့ မိန်းကလေးတစ်ယောက်နဲ့အတူ ရယ်လို့မောလို့...ပိုချောလာတယ်မောင်..အရင်ကထက် ပိုပြီးခန့်လာတာပဲ ကောင်းကောင်းမွန်မွန်နေထိုင်နေတယ်ထင်ပါ့...
ထိုမိန်းကလေးက ပြန်သွားတော့ မောင်ကခေါင်း ငုံ့ကာ အိတ်ထဲမှ တစ်ခုခုကိုရှာလျက်လာနေသည် ဆူးအနားမောင်ရောက်နေတာတောင် မောင်ကဆူးကိုမမြင်သေးး
"မောင်~~"
ဆူး မောင်က ဆူးကိုကြောင်ကြည့်နေတာကြောင့် ခေါ်လိုက်သည် အံသြရိပ်တွေပြည့်နေတဲ့ မျက်လုံးကို မောင်က မှိတ်လိုက်ဖွင့်လိုက်ပြီး ဆူးကို အသေချာကြည့်နေသည်
"မောင် ငါအရမ်းလွမ်းနေတာ "
ဆူးပြောကာဖက်လိုက်သည်
"ဆူး ဘယ်လိုလုပ်"
"
ငါမောင့်ဆီ လိုက်လာတာ ငါမောင့်ကိုတောင်းပန်ချင်လို့ ငါ့မှာရှင်းပြစရာတွေလည်း အများကြီးရှိတယ်မောင်"
ဆူး ပြောတော့ မအားသေးဘူးပြောကာ အိမ်ထဲဝင်သွားတဲ့မောင်...နေစရာမရှိဘူးပြောလိုက်တော့ မောင့်ခြေလှမ်းတွေ ရပ်တန့်သွားတာ ဆူးမြင်လိုက်ပါသည်
ဒါပေမယ့် မောင်ကအထဲဝင်သွားခဲ့တယ်..
ဆူးလက်မလျှော့နိုင်ပါ ခြံရှေ့မှာဘဲ ငုတ်တုတ်လေးထိုင်လို့ စောင့်နေမိသည် မောင်ဆူးကိုမြင်သာတဲ့နေရာမှာပေါ့..
ညမှောင်လာတော့ နည်းနည်းစိမ့်လာချင်သည် တဖြည်းဖြည်းနဲ့ အေးလာတော့ ဆူးတုန်ယင်နေလေပြီ အိမ်ဆီကိုလှမ်းကြည့်တော့လည်း မောင့်အရိပ်လေးတောင် မမြင်ရပေ..
.. ဆူး အားငယ်စွာနဲ့ပဲ ထလိုက်သည် အချမ်းသက်သာစေရန်လို့ငှာ ဟိုခုန်ဒီခုန် ထိုင်လိုက်ထလိုက်လုပ်နေလိုက်သည် ခဏကြာတော့ အသံတွေကြားရလို့ လှည့်ကြည့်တော့ မောင်ဖြစ်နေသည်
ဆူးသိသားပဲ မောင်က ဆူးကို ပစ်ထားမှာမဟုတ်ဘူးဆိုတာ...
"ဟူးးးဝင်ခဲ့"
ဆူးလည်း အားရပါးရပြုံးပြပြီး တုန်ယင်နေတဲ့ လက်တွေနဲ့ luggage အိတ်ကြီးကိုသယ်
တော့ မောင်ကဆွဲယူကာသွားသည်
"ကိုယ် သယ်ခဲ့ပေးမယ်"
ဆူးလည်းအရှေ့မှ ကိုယ့်အိမ်ကိုယ့်ယာလို ရှေ့မှဝင်သွားလိုက်သည်....
.
.
.
မောင်နဲ့အတူစားသောက်ပြီးတော့ မောင်
တိုက်တဲ့ဆေးတွေသောက်ပြီး အိပ်မလို့လုပ်တော့မောင်ကပြောသည်
"ဆူး အိပ်ခန်းကတစ်ခုပဲရှိတယ် အင်းးး အိပ်ယာရောပေါ့ ဆူးက ဒီညတော့ ဒီမှာအိပ်လိုက်
ကိုယ်ဆိုဖာပေါ် သွားအိပ်မယ်"
"ဒီတစ်ညပဲ မဟုတ်ဘူးမောင် ငါကမောင့်ဆီမှာပဲ နေတော့မှာ ငါ့မှာပြောစရာတွေလည်း အများကြီးရှိတယ်မောင် "
ဆူးပြောတော့ မောင်က
"အင်းးးအခုအိပ်လိုက်အုန်း..နောက်မှပြော"ဟုပြောလာသည် ဆူး ဝမ်းနည်းသွားရသည် မောင်ကဘာလို့ သူ့ကို ရှင်းပြခွင့်မပေးရတာလဲ မောင်က ဆူးကိုမချစ်တော့ဘူးလား
"မောင်..ငါ့ကိုမုန်းနေပြီလားဟင် "
မောင်ကဘာမှပြန်မဖြေပါ မောင်တကယ်မေ့နိုင်သွားပြီပဲ..ဒါကငါ့အတွက်အပြစ်ဒဏ်ထင်ပါရဲ့..
"မောင်"
"ဘာဖြစ်ပြန်ပြီလဲ "
မောင့်ရဲ့စိတ်မရှည်တဲ့အသံကြောင့် ဆူးအားငယ်သွားရသည် တိုးညှင်းသောလေသံလေးကိုသာ မောင့်ဆီပို့ပေးရသည်
"နေရာစိမ်းမှာမအိပ်တတ်ဘူး "
ထိုအခါမောင်က ဆူးဘေးနားလာခဲ့သည် ဆူးထင်ခဲ့တာ မောင်က ဆူးဘေးမှာ လာအိပ်မယ်လို့ပေါ့ ဒါပေမယ့်မောင် ကုတင်ပေါ်မအိပ်ဘဲ အောက်မှာအိပ်ယာခင်းကာအိပ်သွားသည်
ဆူး ငိုနေမိသည် မောင်ကသူ့ကိုမုန်းနေပြီလားးသူ့ကိုအခု သူစိမ်းတစ်ယောက်လိုဆက်ဆံနေပြီပဲ..ငါမောင့်ကို ပြန်မရနိုင်တော့ဘူးလားး
Next day.....
"မောင်"
ဇုဏ်းချက်ပြုတ်နေတုန်း ကြားလိုက်ရသည့်အသံကြောင့် လှည့်ကြည့်ရာ ဆူးဖြစ်နေသည် ထိုမျှမက ဆူးကသူ့ကိုနောက်မှ လာဖက်နေသည် ဇုဏ်း ဟင်းအိုးကိုချ ဆူးလက်ကိုဖယ်ထုတ်လိုက်ရင်းး
"မနက်စာတော့စားသွားလိုက် ပြီးမှသွားပေါ့"
ဇုဏ်းဝေရာမောင် က ထိုသို့ပြောလိုက်တော့ ဆူးသစ်နီက မျက်လုံးဝိုင်းလေးတွေဖြင့် ပြူးကြည့်နေသည်
"မောင်..."
"အခုလိုမျိုးလဲ မခေါ်နဲ့တော့ ဆူးဘယ်ကိုသွားမှာလဲ ကိုယ်လိုက်ပို့ပေးမယ် "
"မောင်...ငါမင်းဆီလာခဲ့တာ ငါလေ အခုမင်းနဲ့ပဲနေတော့မှာ..ငါလေ အခု မင်းမရှိတဲ့ ခံစားချက်ကြီးကို မခံစားချင်တော့ဘူး "
ဇုဏ်းသက်ပြင်းသာချမိပါသည်
"အခု ကိုယ်တို့က ဘာမှမသက်ဆိုင်တော့ဘူး.."
"မောင်..ငါမင်းကို တစ်ရက်လေးတောင် မေ့မရခဲ့ဘူး ပြီးတော့လေ..မောင်သိလား..ငါကလေ ကိုတည်နဲ့ ဘာမှမဖြစ်ခဲ့ဘူး ငါမင်းကို လိမ်လိုက်တာ"
ဇုဏ်းအံသြမိပါသည် ဆူးက ဇုဏ်းကိုခွာထုတ်ချင်လို့အခုလိုညာခဲ့တာလား (ယူကသိပ်အယုံလွယ်လွန်းတာပဲ မောင်ရယ်)
"အင်းပါ ကိုယ်လဲဘာမှမပြောပါဘူး ကိုယ်က အခုဆူးကိုမေ့နိိုင်နေပြီ ထပ်ပြီး အနာကိုမဆွချင်တော့ဘူး"
"မောင်..ငါ့ကိုမုန်းနေတာတော့မဟုတ်ဘူးမလား ငါလေ မင်းကိုထပ်ပြီး မခံစားခိုင်းတော့ပါဘူး ငါအခု မင်းကိုလည်းနားလည်ပေးမယ် မင်းမကြိုက်တာတွေလည်းမလုပ်တော့ဘူးးပြီးတော့ ငါဘယ်သူနဲ့မှလည်းမပါတ်သက်တော့ဘူး"
ဆူးငိုရင်းပြောတဲ့စကားကြောင့် ဇုဏ်းနာကျင်ရပါသည် ဆူးသိလား ကိုယ်ကဆူးအခုလိုတွေ မပြောင်းလဲတောင် မောင့်ဆီဆူးပြန်လာတာလေးကိုတင် ကျေနပ်လှပါပြီ ဒါပေမယ့်ဆူးကို မောင်မခံစားစေချင်ဘူး မောင့်အတွက် ကံကြမ္မာကသိပ်တိုလွန်းနေပြီ..မောင်လဲဘာကိုမှ မစွဲလမ်းချင်တော့ဘူးးး
"ဆူး တော်တော့ ကိုယ်တို့်မဖြစ်နိုင်တော့ဘူး ဆူးပြန်တော့"
"မောင် ပြီးတော့လေ အခုဆူးက စာချုပ်တွေဖျက်လိုက်ပြီ အခုဆူးနဲ့မောင် လွတ်လွတ်လပ်လပ် နေလို့်ရပြီ"
"ဘာ စာချုပ်ဖျက်တယ်..ဆူး ဘာတွေလုပ်နေတာလဲ"
"ငါမင်းနဲ့နေချင်လို့ မင်းကိုပဲရွေးချယ်ချင်လို့ အခုလေ ငါ့မှာအလုပ်မရှိတော့ဘူး ပိုက်ဆံလဲမရှိဘူး လျော်ကြေးပေးလိုက်ပြီ "
"ဆူး..ခေါင်းမမာနဲ့".
"အတည်ပြောနေတာ အဲဒါကြောင့် ငါ့ကိုမင်းဆီမှာနေခိုင်းပါ နော် မင်းငါနဲ့အရင်လိုပြန်မနေချင်တောင် ငါ့ကိုမနှင်ပါနဲ့ ငါလမ်းဘေးမှာအိပ်ရလိမ့်မယ်".
အခုလိုပြောလာတော့ ဇုဏ်းစိတ်ထဲမကောင်းပြန် ...
ဆူးရယ် မင်းဒီမှာနေလည်း ပိုပြီးခံစားနေရမှာ...မင်းကသိပ်ခေါင်းမာတယ်
"ဆူးးကျစ် ခဏတော့ ဒီမှာနေလိုက် နောက်ကျ ကိုယ်ပြန်စီစဥ်ပေးမယ်"
"ငါသိပါတယ် မောင်ကငါ့ကိုပစ်မထားနိုင်ဘူးလို့"
"ခဏပဲ လာအခုမနက်စာစားလာ"
"ဟုတ်"
စောနားက ငိုနေတာသူမဟုတ်သလို ပြုံးဖြီးဖြီးဖြင့် စားပွဲမှာဝင်ထိုင်ကာ စားသောက်နေသည်
ဆူးးဘာတွေ ကြုံတွေ့လာလို့ အခုလိုကိုယ့်ကိုပြန်ရွေးရတာလဲ ဆူး မောင်လေ ဆူးမျက်နှာကိုမမြင်ရတုန်းက အဆင်ပြေနေတယ် အခုမြင်လိုက်ရမှ နာကျင်လာသလိုပဲ...ဒီတစ်ခါခွဲရင် တစ်သက်လုံးစာ ဖြစ်သွားပြီ မောင့်ဆူးရဲ့..ဒါကြောင့် မောင့်ကို ဒီထက်ပိုပြီး စွဲလန်းမိအောင်မလုပ်ပါနဲ့ မောင်ဘဝကူးမကောင်း ဖြစ်နေလိမ့်မယ်
အေးခဲပြီးသားဆက်ဆံရေးတစ်ခုကို အပူမပေးဘဲ ရေခဲရိုက်သွင်းထားကြတာပေါ့ .....မောင့်ဆူးငယ်ငယ်~~~
Part 26 end
ဇုဏ်းမှာရောဂါရှိနေတယ်ထင်တယ် မေ လဲသေချာမသိသေးပါဘူး ဆက်ဖတ်ပေးကြပါအုန်းရှင့်
.
.
.
.
.
.
.
Zawgyi...
Sue's Pov
ဆူးတွေးရင်း Lagguage အိတ်ဆွဲကာ လေယာဉ်ပေါ်တက်လိုက်သည် အခု ဆူးလျော်ကြေးပေးပြီး စာချုပ်လည်းဖျက်လိုက်ပြီ ကိုတည့်ကိုလည်း အဆက်အသွယ်ဖြတ်လိုက်ပြီ ကိုတည့်ကိုလည်း ဆူးသိပ်ကိုရွံနေပြီ မောင်ရှိနေတဲ့ တောင်ပေါ်မြို့လေးကို ဆူးလိုက်လာခဲ့မှာ... ကျောက်ထုမြို့မှာ လေယာဉ်ဆိုက်တာကြောင့် ထိုမှတစ်ဆင့် လိုင်းကားစီးရပြန်သည် သိပ်ပင်ပန်းတာပဲမောင်ရယ်. .ငါလေမင်းဆီကိုလာခဲ့တာ မှားမနေဘူးမလား မင်းအခုချိန်အသစ်တွေ့နေတော့မလာ...အင်းးးငါ့ကိုလည်းနာကျည်းနေလောက်ပြီလားး
အတော်တန်ကြာ ဆူးအိပ်ပျော်သွားပြီ ဆူညံသံတွေကြောင့် ဆူးနိုးလာရသည် အပြင်ကိုကြည့်လိုက်တော့ ကားကဆိုက်သွားပြီဖြစ်လို့ လူတွေတောင် ဆင်းနေကြပြီ
"မောင်!!
"မောင်~~"
"ဆူး ဘယ်လိုလုပ်"
"
ငါမောင့်ဆီ လိုက်လာတာ ငါမောင့်ကိုတောင်းပန်ချင်လို့ ငါ့မှာရှင်းပြစရာတွေလည်ယ အများကြီးရှိတယ်မောင်"
ညမှောင်လာတော့ နည်းနည်းစိမ့်လာချင်သည် တဖြည်းဖြည်းနဲ့ အေးလာတော့ ဆူးတုန်ယင်နေလေပြီ အိမ်ဆီကိုလှမ်းကြည့်တော့လည်း မောင့်အရိပ်လေးတောင် မမြင်ရ... ဆူး အားငယ်စွာနဲ့ပဲ ထလိုက်သည် အချမ်းသက်သာစေရန်လို့ငှာ ဟိုခုန်ဒီခုန်လုပ်နေလိုက်သည် ခဏကြာတော့ အသံတွေကြားရလို့ လှည့်ကြည့်တော့ မောင်ဖြစ်နေသည်
"ဟူးးးဝင်ခဲ့"
ဆူးလည်း အားရပါးရပြုံးပြပြီး တုန်ယင်နေတဲ့ လက်တွေနဲ့ Lagguage အိတ်ကြီးကိုသယ်
"ကိုယ် သယ်ခဲ့ပေးမယ်"
.
.
.
ဆူးပြောတော့ မောင်က
"မောင်"
"ဘာဖြစ်ပြန်ပြီလဲ "
Next day.....
"မောင်"
ဇုဏ်းချက်ပြုတ်နေတုန်း ကြားလိုက်ရသည့်အသံကြောင့် လှည့်ကြည့်ရာ ဆူးဖြစ်နေသည် ထိုမျှမက ဆူးကသူ့ကိုနောက်မှ လာဖက်နေသည် ဇုဏ်း ဟင်းအိုးကိုချ ဆူးလက်ကိုဖ်ာထုတ်လိုက်ရင်းး
"မောင်..."
"အင်းပါ ကိုယ်လဲဘာမှမပြောပါဘူး ကိုယ်က အခုဆူးကိုမေ့နိုင်နေပြီ ထပ်ပြီး အနာကိုမဆွချင်တော့ဘူး"
ဆူးငိုရင်းပြောတဲ့စကားကြောင့် ဇုဏ်းနာကျင်ရပါသည် ဆူးသိလား ကိုယ်ကဆူးအခုလိုတွေ မပြောင်းလဲတောင် မောင့်ဆီဆူးပြန်လာတာလေးကိုတင် ကျေနပ်လှပါပြီ ဒါပေမယ့်ဆူးကို မောင်မခံစားစေချင်ဘူး မောင့်အတွက် ကံကြမ္မာကသိပ်တိုလွန်းနေပြီ..မောင်လဲဘာကိုမှ မစွဲလန်းချင်တော့ဘူးးး
"ဆူး..ခေါင်းမမာနဲ့".
အခုလိုပြောလာတော့ ဇုဏ်းစိတ်ထဲမကောင်းပြန် ဆူးရယ် မင်းဒီမှာနေလည်း ပိုပြီးခံစားနေရမှာ...မငကသိပ်ခေါင်းမာတယ်
"ဆူးးကျစ် ခဏတော့ ဒီမှာနေလိုက် နောက်က ကိုယ်ပြန်စီစဉ်ပေးမယ်"
"ခဏပဲ လာအခါမနက်စာစားလာ"
"ဟုတ်"
စောနားက ငိုနေတာသူမဟုတ်သလို ပြုံးဖြီးဖြီဖြင့် စားပွဲမှာဝင်ထိုင်ကာ စားသောက်နေသည်
ဆူးးဘာတွေ ကြုံတွေ့လာလို့ အခုလိုကိုယ့်ကိုပြန်ရွေးရတာလဲ ဆူး မောင်လေ ဆူးမျက်နှာကိုမမြင်ရတုန်းပ အဆင်ပြေနေတယ် အခုမြင်လိုက်ရမှ နာကျင်လာသလိုပဲ...ဒီတစ်ခါခွဲရင် တစ်သက်လုံးစာ ဖြစ်သွားပြီ မောင့်ဆူးရဲ့..ဒါကြောင့် မောင့်ကို ဒီထက်ပိုပြီး စွဲလန်းမိအောင်မလုပ်ပါနဲ့ မောင်ဘဝကူးမကောင်းဖြစ့နေလိမ့်မယ်
Part 26 end
26.12.2022
Monday