Chapter 66 - လူသားတိုင်းအတွက်မျှော်လင့်ချက်
ယန်ချီက နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ကြေညာလိုက်ပြန်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ သူနဲ့ တိုက်ခိုက်မယ့်သူက လင်ဟိုင်အခြေစိုက်စခန်းမှာ အဆင့်သုံးကျောင်းဖြစ်တဲ့ ထန်လုံသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် ဟွမ်ကျန် ဖြစ်ပါတယ်။
ထန်လုံသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် ဟွမ်ကျန်က အစွမ်းထက်တဲ့ အဆင့်မြင့် ဆရာသခင်အဆင့်ဖြစ်ပြီး သူက အနည်းဆုံး နွားသိုးသုံးကောင်စွမ်းအား ရှိပါတယ်။
“ရူးနေတာလား . . .”
အချို့လူတွေကတော့ ယန်ချီ အချိန်ဆွဲနေတယ်လို့ တွေးမိပါတယ်။ သူသာ ကျားနက်သိုင်းသင်တန်းကျောင်းမှာ ဟွမ်ကျန်နဲ့ တိုက်ခိုက်ခဲ့ပါက သံသယဖြစ်စရာမလိုပဲ သေချာပေါက် သေဆုံးသွားနိုင်ပါတယ်။
ယန်ချီနောက်သုံးရက်ကြာမှာ တိုက်ခိုက်မယ်ဆိုတာက ကျားနက်သိုင်းသင်တန်းကျောင်းကနေ ထွက်သွားပြီး သူ့အသက်လွတ်မြောက်အောင် ပြင်ဆင်ချင်လို့နဲ့ တူပါတယ်။
ထန်လုံသိုင်းသင်တန်းကျောင်းက ခန်းမသခင် ဟွမ်ကျန်ကလည်း ပါးနပ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူလည်း ဒီအကြောင်းကို ဘယ်လိုဖြစ်ပြီး မတွေးနိုင်ရမှာလဲ။ သူ့အနေနဲ့ ဒီလူကို သူ့မျက်စိအောက်ကနေ ဘယ်အပျောက်ခံနိုင်မှာလဲ။
ရုပ်မြင်သံကြားအရှေ့မှာ စောင့်ကြည့်နေကြတဲ့ ပြည်သူတွေက သမိုင်းမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အတွေ့အကြုံကို ကြုံတွေခဲ့ရပါတယ်။
သူတို့တွေအနေနဲ့ အရင်တုန်းက ဆရာသခင်တွေကြားက တိုက်ပွဲက လုံးဝကို စိတ်လှုပ်ရှားစရာ ကောင်းမယ်လို့ တွေးထားခဲ့ပါတယ်။
ဒါပေမယ့် ယန်ချီရဲ့ အရှေ့မှာ ကျားနက်သိုင်းသင်တန်းကျောင်းက ခန်းမသခင် လင်တျန်းဇောင်က တိုက်ကွက်တစ်ကွက်ကိုတောင် မခုခံနိုင်ခဲ့တာကို သူတို့တွေ မမျှော်လင့်ပဲ တွေ့လိုက်ရပါတယ်။ လင်တျန်းဇောင်က ယန်ချီရဲ့ ချက်ချင်း သတ်ဖြတ်ခြင်းခံရတယ်လို့ ပြောလို့ရပါတယ်။
ဒါပေမယ့်လည်း ဒီကိစ္စတွေ မပြီးဆုံးခင်မှာပဲ နောက်ထပ် တိုက်ပွဲတစ်ပွဲက ထပ်မံပေါ်လာခဲ့ပါတယ်။
သုံးရက်ကြာပြီးရင် ယန်ချီက ထန်လုံသိုင်းသင်တန်းကျောင်း ရဲ့ ခန်းမသခင် ဟွမ်ကျန်နဲ့ တိုက်ခိုက်လိမ့်မှာ ဖြစ်ပါတယ်။
ဒီတိုက်ပွဲကလည်း သူသေကိုယ်သေတိုက်ပွဲ ဖြစ်မှာ သံသယ ဖြစ်စရာကို မလိုပါဘူး။
ယန်ချီမှာ စိတ်ဝိဉာဉ်ခန္ဓာကိုယ် ရှိပေမယ့်လည်း သူက မူလဆရာသခင်အဆင့်ဖြစ်ပါတယ်။ သူ့မှာ အဆင့်မြင့်ဆရာသခင်အဆင့်ကို အနိုင်တိုက်ခိုက်ဖို့ အခွင့်အရေး မရှိပါဘူး။
တိုက်ပွဲပြီးသွားပြီးနောက် ယန်ချီက တိုက်ပွဲကွင်းပြင်ကနေ ပြန်ထွက်လာခဲ့ပါတယ်။
အဲ့ဒီနောက် သူက ရင်ပြင်ထဲကနေ ဖြေးညှင်းစွာ လျှောက်သွားခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ နွေးထွေးတဲ့ နေရောင်ခြည်က ရှိနေဆဲပါ။ သူက ဒီနေရာနဲ့ လုံးဝ မသက်ဆိုင်သလို ကျောခိုင်းပြီး ထွက်သွားခဲ့ပါပြီ။
မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းက လူတိုင်းလည်း ယန်ချီနောက်ကို လိုက်ပြီး ထွက်သွားကြပါတယ်။
. . . . .. .. . . . ..
မြွေမိုးကြိုးသိုင်းသင်တန်းကျောင်း ရဲ့ ခန်းမသခင် ရုံးခန်း. . . . ။
ခန်းမသခင် စုခွန် ၊ စုရွှင်းအာ၊လ က်ထောက်ခန်းမသခင်နှစ်ယောက်နဲ့ ဆရာတွေအားလုံးက ခန်းမသခင်ရုံးခန်းထဲမှာ ရှိနေခဲ့ပါတယ်။
ယန်ချီလည်းပဲ ဒီနေရာကို ရောက်နေခဲ့ပါတယ်။
“ယန်ချီ. . . မင်း. . . မင်း နောက်သုံးရက်ကြာရင် ဟွမ်ကျန်နဲ့ တကယ်ကို တိုက်ခိုက်မှာလား”
“အင်း”
ယန်ချီ ခေါင်းညိတ်လိုက်ပါတယ်။
တကယ်တော့ စိတ်ဝိဉာဉ်ခန္ဓာကိုယ်နဲ့သူ့ရဲ့ လက်ရှိတိုက်ခိုက်ရေးစွမ်းအားက ဂျင် ၃၀၀၀၀၀ ရှိပါတယ်။ ဒါပေမယ့်လည်း အနီရောင်မီးတောက်နွားသိုးဓါးက ချိုစွေတစ္ဆေငိုညည်းသံဓါးအဖြစ် အဆင့်တက်သွားပြီဆိုတာ သူ သိပါတယ်။
ချိုစွေတစ္ဆေငိုညည်းသံဓါးက ထောင်ဒီတစ်ကောင်ရဲ့ စွမ်းအား ရှိပါတယ်။
ထောင်ဒီတစ်ကောင်ရဲ့ စွမ်းအားက ဘယ်လောက်ပါလဲ။
သိုင်းအရှင်သခင်အဆင့် တစ်ယောက် ပိုင်ဆိုင်တဲ့ စွမ်းအားက ထောင်ဒီရဲ့ စွမ်းအား ဖြစ်ပါတယ်။
ထောင်ဒီတစ်ကောင်ရဲ့ စွမ်းအားက ဂျင် ၁,၀၀၀,၀၀၀ ရှိပါတယ်။“”
အဆင့်မြင့် ဆရာသခင်အဆင့်အတွက် အနိမ့်ဆုံး စွမ်းအားက နွားသိုးသုံးကောင်စွမ်းအား ဂျင် ၄၅၀၀၀၀ ရှိပါတယ်။ ဒါကြောင့် အဆင့်မြင့် ဆရာသခင် တစ်ယောက်အနေနဲ့ သိုင်းအရှင်သခင် အဆင့်ဖြစ်လာဖို့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ သိနိုင်ပါတယ်။
ယန်ချီက ချိုစွေတစ္ဆေငိုညည်းသံဓါးရဲ့ ထောင်ဒီစွမ်းအားကို တစ်ကြိမ်သာ သုံးနိုင်ပေမယ့် ဒီတစ်ကြိမ်ကလည်း ဟွမ်ကျန်ကို သတ်ဖို့ လုံလောက်ပါတယ်။
မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းနဲ့ လင်ဟိုင်အခြေစိုက်စခန်းတခုလုံးက သူ့အပေါ်ကို မျှော်လင့်ချက်များစွာ ထားမှန်း သူသိပါတယ်။
ဒါပေမယ့်လည်း ဒီအချိန်က သူ့ရဲ့စွမ်းအားကို လူတိုင်းသိအောင် ပြရမယ့် အချိန်ဖြစ်ပါတယ်။
သူ့ရဲ့ ကြောက်မက်ဖွယ်ကောင်းမှုတွေပေါ့။
ဒီလို အဖြစ်အပျက်က အလွန် ခံစားလို့ ကောင်းမှာ ဖြစ်ပါတယ်။
“ဒါပေမယ့် ယန်ချီ ။ ဘာပဲဖြစ်ဖြစ် ဟွမ်ကျန်က အဆင့်မြင့် ဆရာသခင် အဆင့်နော်။ မင်းမှာ စိတ်ဝိဉာဉ်ခန္ဓာကိုယ် ရှိပေမယ့်လည်း မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဟွမ်ကျန်ထက် မမြင့်ဘူး။ ဘာလို့ နောက်သုံးရက်ကြာရင် မင်းက သူနဲ့ တိုက်ခိုက်မယ်လို့ ကြေညာလိုက်တာလဲ”
စုရွှင်းအာက သူမရဲ့ ဖြူဝင်းနေတဲ့ မျက်နှာထက်မှာ စိုးရိမ်ပူပန်မှုတွေနဲ့ ယန်ချီကို ကြည့်လိုက်တယ်။
ယန်ချီက ကျားနက်သိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် လင်တျန်းဇောင်ကိုသတ်ပြီးနောက်မှာ ယန်ချီက စိတ်မြန်ပြီး မဆင်မခြင် မလုပ်တက်သူမဟုတ်ကြောင်းကို သူမ သိပါတယ်။
ဒါပေမယ့်လည်း သူမက ပိုပြီး ကောင်းမွန်တဲ့ ဖြေရှင်းချက်တွေကို မတွေးနိုင်တော့ပါဘူး။
“အချိန်ကျလာရင် ခန်းမသခင်တို့ သိလာလိမ့်မယ်”
ယန်ချီက ထူးခြားဆန်းကြယ်စွာ ပြုံးလိုက်ပါတယ်။
ရုံးခန်းထဲက လူတိုင်းက ယန်ချီ ဘာမှမပြောချင်တာကို သိလိုက်ပါတယ်။ ဒါကြောင့် သူတို့တွေလည် းဆက်မမေးတော့ပါဘူး။
ဒါပေမယ့်လည်း ယန်ချီနဲ့ ထန်လုံသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် ဟွမ်ကျန်တို့ကြားက တိုက်ပွဲက တကယ်ကို ကပ်ဆိုးတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာ သူတို့ သိပါတယ်။
ဒါပေမယ့်လည်း ယန်ချီက လင်ဟိုင်အခြေစိုက်စခန်းပါလီမန်ရဲ့ အဖွဲ့ဝင်ဆိုတာ သူတို့ သိပါတယ်။ သူက သခင် ရှုမူကို အကူအညီတောင်းမှာလား။
သူတို့တွေ တွေးတောနေပေမယ့် ဘာအဖြေမှ ထွက်မလာခဲ့ပါဘူး။
သူတို့တွေက ယန်ချီကို ဟွမ်ကန်းနဲ့ မတိုက်ခိုက်စေချင်ပါဘူး။
အကယ်၍ ယန်ချီသာ ရှုံးနိမ့်သွားခဲ့ရင်. . .။
ဒီလို သာ ရှုံးနိမ့်သွားခဲ့ရင် လူသားတမျိုးလုံး ဆုံးရှုံးတာနဲ့ တူပါတယ်။
လက်ရှိမှာတော့ နဂါးတိုင်းပြည့်ရဲ့ နံပါတ်တစ် ကာကွယ်ရေးမြို့တော်စစ်ပွဲက ကောင်းကောင်း မစသေးပါဘူး။ လင်ဟိုင်အခြေစိုက်စခန်း အပြင်ဖက်မှာ ရှိတဲ့ မန့်ရှန်တောင်ကုန်း နတ်ဆိုးလှိုဏ်ဂူကလည်း အမြဲလှုပ်ရှားနေခဲ့ပါတယ်။
လူသားတွေအနေနဲ့ သူတို့ကို ကယ်တင်ဖို့ သူရဲကောင်းတစ်ယောက် လိုအပ်နေပါတယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 67 - ကြယ်တစ်ပွင့် လင်းယုန်တံဆိပ်ပြား
ယန်ချီက ထန်လုံသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် ဟွမ်ကျန်ကို တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်ပါပြီ။
ဒီသတင်းက လင်ဟိုင်အခြေစိုက်စခန်းတစ်ခုလုံး အုတ်အုတ်ကျတ်ကျတ် ဖြစ်နေခဲ့ပါတယ်။ လူတိုင်းက ဒီတိုက်ပွဲက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တဲ့ပွဲလို့ တွေးထားခဲ့ပါတယ်။
ဒါပေမယ့်လည်း သူတို့တွေက ယန်ချီရဲ့ အကြောက်အရွံ့ကင်းမှုကိုတော့ လေးစားနေခဲ့ကြပါတယ်။ မူလဆရာသခင်အဆင့်နဲ့ သူက လင်တျန်းဇောင်ကို ချက်ချင်း သတ်ပြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယန်ချီက ထန်လုံသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် ဟွမ်ကျန်နဲ့ ရင်ဆိုင်ရမှာတော့ သူ့အပေါ်ကို ဘယ်သူမှ မမျှော်လင့်ရဲကြပါဘူး။
ဘာအတွက်ကြောင့် ယန်ချီက ဒီလောက် သတ္တိရှိမှန်း သူတို့တွေ မသိပါဘူး။
လင်ဟိုင်အခြေစိုက်စခန်း ပါလီမန်. . . .။
ခန်းမကြီးထဲမှာ သိုင်းအရှင်သခင် ဆယ့်နှစ်ယောက်လုံး ရှိနေခဲ့ပါတယ်။
“အားလုံး ဟွမ်ကျန်နဲ့ယန်ချီတို့က ဘယ်သူနိုင်မယ်လို့ ထင်ကြလဲ”
သခင်ရှုမူက သိုင်းအရှင်သခင်အားလုံးကို မေးလိုက်ပါတယ်။
သိုင်းအရှင်သခင်တွေအားလုံးက သခင်ရှုမူရဲ့ မေးမြန်းတာကို ကြားတော့ အားလုံး အတွေးနက်သွားခဲ့ပါတယ်။ ယန်ချီက သူတို့တွေကို အလွန်တရာ အံ့အားသင့်မှုတွေ ပြသခဲ့ပေမယ့် သူ့အနေနဲ့ အဆင့်မြင့် ဆရာသခင်အဆင့်ကို အနိုင်ရဖို့ အခွင့်အရေး မရှိပါဘူး။
“သခင်ရှုမူ ယန်ချီက ဟွမ်ကျန်ရဲ့ ပြိုင်ဖက် မဖြစ်နိုင်ဘူးဆို ကျွန်တော် ထင်တယ်”
အလယ်အလတ် သိုင်းအရှင်သခင် အဆင့်တစ်ယောက်က ပြောလိုက်ပါတယ်။
အားလုံးသော သိုင်းအရှင်သခင်တွေကလည်း ဒီလိုပဲ ခံစားမိနေခဲ့ပါတယ်။ ယန်ချီက ဟွမ်ကျန်အတွက် ပြိုင်ဖက်ကောင်းမဖြစ်နိုင်ဘူးလို့ သူတို့အားလုံး ခံစားမိနေခဲ့ပါတယ်။
သခင်ရှုမူက ဘာမှ ထပ်မပြောခဲ့ပါဘူး။
ယန်ချီက ဟွမ်ကျန်ကို ဘာကြောင့် စိန်ခေါ်ခဲ့မှန်း သူလုံးဝ နားမလည်ခဲ့ပါဘူး။ ယန်ချီက ယုံကြည်မှု ရှိတယ်လို့ သူ အမြဲတမ်း ခံစားခဲ့ရပါတယ်။ ယန်ချီက မဆင်မခြင် မလုပ်တက်သူမှန်းလည်း သိပါတယ်။
အခြားတနေရာမှာတော့. . .။
အတော်အတင့် တန်ဖိုးကြီးတဲ့ အခန်းထဲမှာ. . . .။
ကျောင်ဒုံက သူ့ဖုန်းထဲက သတင်းအချက်အလက်တွေကို ကြည့်ရှုနေခဲ့ပါတယ်။
သူက သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတော့ သူ့နဖူးကနေ ချွေးတွေ စီးကျလာခဲ့ပါတယ်။
“ယန်ချီ. . . သူက ဒီလောက်တောင် ကြောက်မက်ဖွယ်ကောင်းတဲ့ သူလား”
သူက တံတွေးမြိုချမိလိုက်ပါတယ်။ လွန်ခဲ့တဲ့ သုံးလက ဂျောင်မြို့တော်မှာ သူ့အိမ်ငှားနေခဲ့တဲ့ ယန်ချီက ဒီလောက်ကြောက်မက်ဖွယ်ကောင်းတဲ့ သိုင်းပညာရှင် ဆရာသခင်အဆင့်ကို ရောက်မှန်း သူလုံးဝ မထင်ခဲ့မိပါဘူး။
ကျားနက်သိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် လင်တျန်းဇောင်က သူ့လက်ထဲမှာ သေဆုံးခဲ့ရပါတယ်။
ဒါပေမယ့်လည်း. . . .။
ကျောင်ဒုံ အံ့အားသင့်သွားခဲ့တယ်။ နောက်သုံးရက်ကြာရင် ထန်လုံသိုင်းသင်တန်းကျောင်းက ခန်းမသခင်နဲ့ ယန်ချီဘာကြောင့် တိုက်ခိုက်ချင်မှန်း သူ လုံးဝ နားမလည်ခဲ့ပါဘူး။
“ဒါက သေဖို့ လမ်းများတယ် မဟုတ်ဘူးလား”
“ဘန်း ဘန်း”
ရုတ်တရက် တံခါးခေါက်သံက ထွက်ပေါ်လာခဲ့ပါတယ်။
ကျောင်ဒုံက ထရပ်လိုက်ပြီး တံခါးကို ဖွင့်လိုက်ပါတယ်။
တင်းမာခက်ထန်တဲ့ မျက်နှာထားနဲ့ လူနှစ်ယောက်က ကျောင်ဒုံအရှေ့ ပေါ်လာခဲ့ပါတယ်။
“ကျောင်ဒုံ မင်း စဉ်းစားပြီးပြီလား”
“ငါ. . .”
ကျောင်ဒုံရဲ့ မျက်နှာထက်မှာ ထိတ်လန့်မှုတွေ ပေါ်လာခဲ့ပါတယ်။
ဂျောင်မြို့တော်ကနေ လင်ဟိုင်အခြေစိုက်စခန်းကို ရောက်လာပြီးနောက် သူက စားသောက်ဆိုင်တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ အခု စားသောက်ဆိုင်ရဲ့ စီးပွားရေးက အတော် ကောင်းမွန်နေခဲ့ပါတယ်။
ဒါပေမယ့်လည်း သူ့ရဲ့ စားသောက်ဆိုင်က အခြားတစ်ယောက်ရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရပါတယ်။
သူ့ရဲ့ စားသောက်ဆိုင်ကို ရောင်းဖို့ လာမေးကြတဲ့ သူတွေဖြစ်ပါတယ်။
ဒီကြမ်းတမ်းတဲ့ အမူအယာနဲ့ လူနှစ်ယောက် ကျောင်ဒုံ ဘာမှ မပြောတာကို မြင်တော့ တော့ သူတို့တွေက နှာခေါင်းရှုံလိုက်ကြပါတယ်။
“ကျောင်ဒုံ ငါတို့အနောက်မှာ ဘယ်သူရှိတယ်ဆိုတာ မင်းသိသင့်တယ်။ မင်းရဲ့ စားသောက်ဆိုင်ကို မရောင်းရင် ဘာတွေ ဖြစ်မလဲဆိုတာလည်း မင်းသိသင့်တယ်”
တကယ်တော့ ဒီလူနှစ်ယောက်က ထုယွင်ရဲ့ ကိုယ်စားလာတယ်ဆိုတာ ကျောင်ဒုံ သိပါတယ်။
ထုယွင်က ကျောက်တုံးပြာသိုင်းသင်တန်းကျောင်းရဲ့ အတော်ဆုံးကျောင်းသားဖြစ်ပါတယ်။ သူကတော့ သာမန်လူတစ်ယောက်ပါ။ ဒါကြောင့် ဘယ်လိုလုပ်ပြီး သူက ထုယွင်ကို အာခံနိုင်မှာလဲ။
ထုယွင်ရဲ့ မျိုးနွယ်က သိုင်းပညာရှင်မျိုးနွယ်မဟုတ်သော်လည်း လင်ဟိုင်အခြေစိုက်စခန်းမှာတော့ ချမ်းသာကြွယ်ဝတဲ့ မိသားစု ဖြစ်ပါတယ်။ သူတို့ရဲ့ စွမ်းအားက သူ ပြန်လှန်နိုင်တဲ့ အရာ မဟုတ်ပါဘူး။
ကျောင်ဒုံတစ်ယောက် စဉ်းစားရခက်နေချိန်မှာပဲ သူက တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။
သိုင်းပညာရှင် အဖွဲ့အစ်ညးအပြင်ဖက်မှာတုန်းက ယန်ချီက သူ့ကို လင်းယုန်ပုံတံဆိပ်ပြားတစ်ခု ပေးခဲ့တာကို အမှတ်ရလိုက်ပါတယ်။
လင်းယုန်ပုံတံဆိပ်ပြားက မူလသိုင်းဆရာအဆင့်ကို ကိုယ်စားပြုပါတယ်။
ကျောင်ဒုံက ဒီအကြောင်းကို မမေ့ခဲ့တဲ့အတွက် သူ့ကိုယ်သူ ချီးကျူးလိုက်ပါတယ်။
နောက်ဆုံးတော့ သူက အခန်းထဲကို လျင်မြန်စွာ ဝင်သွားပြီး ရှာဖွေနေခဲ့ပါတယ်။
ဝင်လာတဲ့လူနှစ်ယောက်က အနည်းငယ် စဉ်းစားရခက်သွားခဲ့တယ်။ ကျောင်ဒုံတစ်ယောက် ဘာလုပ်လဲဆိုတာကို သူတို့နားမလည်နိုင်ဖြစ်ခဲ့ပါတယ်။
အချိန်အတော်ကြာ ရှာဖွေပြီေးနာက် ကျောင်ဒုံက နောက်ဆုံးမှာ ကြယ်တစ်ပွင့် လင်းယုန်ပုံတံဆိပ်ပြားကို တွေ့ခဲ့ပါတယ်။
သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့ပြီးနောက် ဒီကြယ်တစ်ပွင့် လင်းယုန်ပုံတံဆိပ်ပြားနဲ့ဆိုရင် ဒီလူနှစ်ယောက်အနောက်က ထုယွင်က သူ့ကို ပြစ်မှားရဲမှာ မဟုတ်ဘူးလို့တွေးမိလိုက်ပါတယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 68 - ငါတို့က သူငယ်ချင်းတွေ
ကျောင်ဒုံက ကြယ်တစ်ပွင့် လင်းယုန်တံဆိပ်ပြားကို ထုတ်ယူလိုက်ပါတယ်။
ဒီကြယ်တစ်ပွင့် လင်းယုန်တံဆိပ်ပြားက မူလသိုင်းဆရာအဆင့်ကို ကိုယ်စားပြုပါတယ်။
သာမန်လူတွေ ဖြစ်ကြတဲ့ ခက်ထန်ကြမ်းကြုတ်တဲ့ မျက်နှာထားတဲ့ လူနှစ်ယောက်က ကျောင်ဒုံလက်ထဲက ကြယ်တစ်ပွင့် လင်းယုန်တံဆိပ်ပြားကို မြင်တဲ့အခါ သူတို့ရဲ့ မျက်နှာတွေ ပျက်သွားကြပါတယ်။
“မင်း .. မင်းမှာ ဘယ်လိုဖြစ်ပြီး လင်းယုန်တံဆိပ်ပြား ရှိနေတာလဲ”
အဲ့ဒီလူနှစ်ဦးက ကျောင်ဒုံကို အံ့အားသင့်စွာ ကြည့်နေခဲ့ပါတယ်။
ကျောင်ဒုံက ဒီလူနှစ်ယောက် ကြောက်လန့်သွားတာ မြင်တော့ သူက တိတ်တဆိတ် သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
“ငါ့မှာ ကြယ်တစ်ပွင့် လင်းယုန်တံဆိပ်ပြားရှိတယ်ဆိုတော့ ငါ့နောက်မှာ အစွမ်းထက်တဲ့ မူလသိုင်းဆရာအဆင့် ရှိတယ်ဆိုတာပဲ ။ မင်းတို့တွေက ငါ့နောက်က မူလသိုင်းဆရာတစ်ယောက်ကို အရှေ့ကို ထွက်မလာစေချင်ဘူးမဟုတ်လား”
ကျောင်ဒုံက အဲ့ဒီလူနှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်ပါတယ်။
ဒီလူနှစ်ယောက်ကတော့ စိတ်ထဲကနေ ကြောက်လန့်နေကြပါပြီး။ သူတို့တွေက ထုမျိုးနွယ်ကနေ စေလွှတ်လိုက်တဲ့ အခိုင်းအစေတွေသာ ဖြစ်ပါတယ်။ သိုင်းဆရာအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ အရှေ့မှာ သူတို့တွေက ကျောက်ဆောင်ကို ပစ်ပေါက်ခံရတဲ့ ကြက်ဥတွေလို ဖြစ်နေခဲ့ပါတယ်။
ချက်ချင်းပင် သူတို့နှစ်ယောက်က လျင်မြန်စွာနဲ့ ပြန်လည် ထွက်ခွာသွားခဲ့တယ်။
ကျောက်ဒုံက အဲ့ဒီနှစ်ယောက် ထွက်ခွာသွားတာကို မြင်တော့ သူ့ရဲ့ စိတ်က နောက်ဆုံးမှာ ဒုန်းဒုန်းကျသွားခဲ့ပါတယ်။
ကြယ်တစ်ပွင့် လင်းယုန်တံဆိပ်ပြားက ဒီကိစ္စကို ခဏသာ ဖြေရှင်းနိုင်တယ်ဆိုတာ သိပါတယ်။
ထုမျိုးနွယ်အနောက်မှာ ထုယွင်သာမက ကျောက်တုံးပြာသိုင်းသင်တန်းကျောင်းလည်း ရှိပါတယ်။
ကျောက်တုံးပြာသိုင်းသင်တန်းကျောင်းက လင်ဟိုင်အခြေစိုက်စခန်းတစ်ခုလုံးမှာ အဆင့် ရှစ် ရှိတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ သူက ကြီးမားတဲ့ ကိစ္စတစ်ခုနဲ့ ကြုံတွေ့နေရပြီလို့ ခံစားမိလိုက်ပါတယ်။
ဒီအကြောင်းတွေကို ခဏလောက် စဉ်းစားပြီးနောက် ကျောင်ဒုံက ယန်ချီဆီကနေ အကူအညီတောင်းခံဖို့ စဉ်းစားလိုက်ပါတယ်။
ဒါပေမယ့်လည်း ယန်ချီက နောက်သုံးရက်ကြာရင် ထန်လုံသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် ဟွမ်ကျန်နဲ့ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခု သူ သွားသင့် မသွားသင့် စဉ်းစားနေခဲ့ပါတယ်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးမှာ ကျောင်ဒုံက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းကို သွားဖို့ တိတ်တဆိတ် ဆုံးဖြတ်လိုက်ပါတယ်။
သိပ်မကြာခင်မှာပဲ ကျောင်ဒုံက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းအပြင်ကို ရောက်လာခဲ့ပါတယ်။
မြွေမိုးကြိးသိုင်းသင်တန်းကျောင်း အပြင်ဖက်မှာ ဟိုဟိုဒီဒီ ဆယ်မိနစ်လောက်စဉ်းစားပြီးနောက် နောက်ဆုံးမှာ သတ္တိမွေးပြီး မြွေမိုးကြိုးသိုင်းသင်တန်းကျောင်း ဝင်ပေါက်ဆီကို လျှောက်သွားခဲ့ပါတယ်။
ယန်ချီက အခုဆို အစွမ်းထက်တဲ့ ဆရာသခင်အဆင့်မှန်း သူသိပါတယ်။ သူတို့အခြေအနေတွေက မတူတော့ပါဘူး။ သူက သာမန်လူတစ်ယောက်သာ ဖြစ်ပါတယ်။
သူတို့ကြားက ကွာဟချက်က အလွန်ကြီးမားနေခဲ့ပါပြီ။
ယန်ချီက မူလသိုင်းဆရာအဆင့်တုန်းက သူအနေနဲ့ ယန်ချီရဲ့ သူငယ်ချင်း ဖြစ်ပါသေးတယ်။ ဒါပေမယ့်လည်း အခုတော့ ယန်ချီက ဆရာသခင် အဆင့်ဖြစ်သွားပြီးဆိုတော့ သူတို့တွေက သူငယ်ချင်း ဖြစ်သေးလားဆိုတာ သူ မသိပါဘူး။
ကျောင်ဒုံက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းထဲ ဝင်သွားပြီးနောက် ဧည့်ကြိုစားပွဲရှေ့သွားလိုက်ပါတယ်။
“ဆရာက ဘယ်နဲ့ တွေ့ချင်လို့ပါလဲခင်ဗျ”
မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ ဝန်ထမ်းက ရိုသေလေးစားစွာနဲ့့ ကျောင်ဒုံကို မေးမြန်လိုက်ပါတယ်။
“ငါ .. ငါ ဆရာ ယန်ချီနဲ့ တွေ့ချင်လို့ပါ”
ကျောင်ဒုံက တံတွေးကို မြိုချလိုက်ပြီး ပြောလိုက်ပါတယ်။
ဧည့်ကြိုစားပွဲက ဝန်ထမ်းလည်း အံ့အားသင့်သွားခဲ့ပါတယ်။ ကျောင်ဒုံက ဆရာ ယန်ချီကို လာရှာလိမ့်မယ်လို့ သူ မမျှော်လင့်ထားပါဘူး။
လက်ရှိ လင်ဟိုင်အခြေစိုက်စခန်းတစ်ခုလုံးမှာ ယန်ချီက အကျော်ကြားဆုံးလူတစ်ယောက်လို့ ပြောလို့ရပါတယ်။ ဘယ်သူမဆို သူ့ကို သိပါတယ်။
“ခင်ဗျားနဲ့ ဆရာ ယန်ချီတို့ကြားမှာ ဘယ်လို ဆက်ဆံရေးမျိုး ရှိတာလဲဗျ”
ဧည့်ကြိုစားပွဲရှေ့ကဝန်ထမ်းအနေနဲ့ကျောင်ဒုံကဆရာ ယန်ချီကို လာရှာတာက သူတို့ကြားမှာ ဆက်ဆံရေး တစ်ခုခု ရှိနိုင်တယ်လို့ တွေးမိခဲ့ပါတယ်။ ဒါကြောင့် သူက လျစ်လျူမရှုရဲပါဘူး။
“ငါတို့တွေက . .. သူငယ်ချင်းတွေပါ”
ကျောင်ဒုံတစ်ယောက် သူငယ်ချင်းဆိုတဲ့ စကားကို ပြောတဲ့အခါ အလွန် တိုးနေခဲ့ပြီး သူ့ကိုယ်သူ ယုံကြည်မှု မရှိခဲ့ပါဘူး။
ဧည့်ကြိုဝန်ထမ်းက အံ့အားသင့်သွားခဲ့ပါတယ်။
သူ့အရှေ့ ဒီလူက ဆရာယန်ချီရဲ့ သူငယ်ချင်းလား။
“စီနီယာ ဆရာ ယန်ချီက သိုင်းသင်တန်းကျောင်းမှာ ရှိပါတယ်။ သူ ဘယ်မှာ ရောက်နေလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကိုယ့်ဘာသာကိုယ် သူ့ကို ရှာဖွေလိုက်ပါ”
ဝန်ထမ်းက ကျောင်ဒုံကို ဂရုတစိုက် ကြည့်လိုက်ပါတယ်။
ကျောင်ဒုံလည်း အံ့အားသင့်သွားခဲ့ပါတယ်။
သူနဲ့ ယန်ချီတို့က သူငယ်ချင်းလို့ ပြောလိုက်တာနဲ့ ဝန်ထမ်းက သူ့ကို စီနီယာလို့ ခေါ်မှန်း သူ မမျှော်လင့်မိပါဘူး။
“ကောင်းပါပြီ ကောင်းပါပြီ”
ခဏလောက်ကြာတော့ ကျောင်ဒုံက ခေါင်းညိတ်လိုက်ပါတယ်။
အဲ့ဒီနောက်တော့ ကျောင်ဒုံက ရင်ပြင်ဆီကို ရောက်လာခဲ့ပါတယ်။
ရင်ပြင်ထက်မှာတော့ ကျောင်းသားများစွာက လေ့ကျင့်နေကြပါတယ်။ သူတိုတွေ အများစုက နောက်သုံးရက်ကြာရင် ယှဉ်ပြိုင်ကြမယ့် ယန်ချီနဲ့ ဟွမ်ကျန်တို့ရဲ့ တိုက်ပွဲအကြောင်းကို ဆွေးနွေးနေခဲ့ကြပါတယ်။
ကျောင်ဒုံက သိုင်းသင်တန်းကျောင်းကို တခါမှ မရောက်ဖူးပါဘူး။ သူ့အတွက်ကတော့ သိုင်းသင်တန်းကျောင်းဆိုတာ ဒဏ္ဍာရီထဲက အင်မော်တယ်ဂိုဏ်းတွေနဲ့တူနေခဲ့တာကြောင့် ရင်ပြင်ထဲကို မသွားရဲပါဘူး။
ကျောင်ဒုံက ယန်ချီကို ဘယ်မှာ ရှာရမှန်း မသိတဲ့အချိန်မှာ အသံတစ်ခုကို ကြားလိုက်ပါတယ်။
“အစ်ကိုဒုံလား. . .”
🐼🐼🐼🐼🐼🐼🐼🐼
Chapter 69 - ကျောင်ဒုံရဲ့ နောက်ခံလူ
ကျောင်ဒုံရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပါတယ်။ ဒီအသံက သူနဲ့ အရမ်းကို ရင်းနှီးပါတယ်။
သူက လျင်မြန်စွာ လှည့်ကြည့်လိုတော့ ယန်ချီကို မြင်တွေ့လိုက်ရတယ်။
ယန်ချီက ကျောင်ဒုံဆီကို လျှောက်လာခဲ့တယ်။
“အစ်ကိုဒုံ ဘယ်လိုဖြစ်ပြီး မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းကိုေ ရာက်လာတာလဲ”
ယန်ချီက ကျောင်ဒုံကို စဉ်းစားရခက်တဲ့ အမူအယာနဲ့ကြည့်လိုက်ပါတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူ တွေးမိလိုက်ပါတယ်။ ကျောင်ဒုံရဲ့ ဝမ်းကွဲတစ်ယောက်က မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းမှာ တက်ရောက်နေတာကြောင့် သူ့ဝမ်းကွဲဆီ လာရောက်ရှာဖွေတာ ဖြစ်နိုင်ပါတယ်။
“ယန်. . ဆရာ ယန်ချီ ဒီကို လာတာက ငါ မင်းကို လာရှာတာပါ”
ကျောင်ဒုံရဲ့ စကားတွေကြောင့် ယန်ချီ အံ့အားသင့်သွားခဲ့ပါတယ်။ ဘာတွေ ဖြစ်ပျက်နေတာလဲ။
ဒါပေမယ့် ကျောင်ဒုံခေါ်တဲ့ နာမည်က ဘာကြီးလဲ။
“ဆရာ ယန်ချီ. . .”
ယန်ချီအနေနဲ့ ကူကယ်ရာမဲ့စွာ တစ်ခုခုကို ခံစားခဲ့ရပါတယ်။ ဒီလောကကို သူ ရောက်လာပြီးနောက် ဂျောင်မြို့တော်မှာ သုံးလကြာ နေထိုင်ခဲ့ပါတယ်။ ဒီအချိန်လေးအတွင်းမှာ ကျောင်ဒုံတစ်ယောက်သာ သူ့သူငယ်ချင်း ဖြစ်ပါတယ်။
“အစ်ကိုဒုံ ကျွန်တော်ကို ယန်ချီလို့ ခေါ်နိုင်ပါတယ်။ အစ်ကိုဒုံက ကျွန်တော့်ကို ဆရာ ယန်ချီလို့ ခေါ်ရင် ကျွန်တော်တို့ကြားက ဆက်ဆံရေး ဝေးလွန်းပါတယ်”
ကျောင်ဒုံက ဒီစကားတွေကို ကြားတော့ တိတ်တဆိတ် ဝမ်းသာသွားခဲ့ပါတယ်။ ယန်ချီရဲ့ စကားလုံးတွေကို သူ့ရဲ့ ရင်ထဲ နွေးသွားခဲ့ပါတယ်။
နောက်ဆုံးတော့ ယန်ချီက ကျောင်ဒုံကို ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို မေးမြန်းခဲ့ပါတယ်။
ယန်ချီက ကျောင်ဒုံရဲ့ စကားတွေကို ကြားတော့ အခြေအနေတွေကို နားလည်ခဲ့ပါတယ်။
“ထုယွင် အကြောင်းကို ပြောနေတာ မှတ်လား”
“ဟုတ်တယ် ယန်ချီ ။ ထုမျိုးနွယ်က ထုယွင်နဲ့ ပတ်သတ်ပြီး ထုယွင်အနောက်မှာ ကျောက်တုံးပြာသိုင်သင်တန်းကျောင်း ရှိတယ်။ ကျောက်တုံးပြာသိုင်းသင်တန်းကျောင်း မပြောနဲ့ ထုမျိုးနွယ်ဆိုရင်တောင်မှ ငါ သွားရင်ဆိုင်ရရင် ကျောက်တုံးကို ကြက်ဥနဲ့ ပစ်ပေါက်သလိုပဲ ဖြစ်သွားမယ်”
ယန်ချီက ပြုံးလိုက်ပါတယ်။
ထုယွင်ဆိုတာ သိုင်းပညာရှင် အဖွဲ့အစည်းမှာတုန်းက တွေ့ခဲ့တဲ့ ကောင်ပဲလို့ တွေးမိလိုက်ပါတယ်။
“သူက ကျောက်တုံးပြာသိုင်းသင်တန်းကျောင်းက အတော်ဆုံးကျောင်းသားလား”
သူ ကြယ်တစ်ပွင့် အကျဉ်းချ နွားသိုးတံဆိပ်ပြားကို ထုတ်ယူလိုက်စဉ်က ထုယွင်က အလွန်ကြောက်လန့်ပြီး မြေပြင်မှာ ဒူးထောက်ခဲ့တာကို သူ အမှတ်ရနေခဲ့ပါတယ်။
“ဒါဆိုရင် ကျွန်တော်တို့တွေ သွားရှင်းရအောင်”
ယန်ချီက ညင်သာစွာ ပြောလိုက်တယ်။
ယန်ချီက သူနဲ့အတူ သွားမယ်ဆိုတော့ ကျောင်ဒုံတစ်ယောက် အလွန် ပျော်ရွှင်သွားခဲ့ပါတယ်။
အဲ့ဒီနောက်တော့ သူတို့နှစ်ယောက်က မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းကနေ ထွက်လာခဲ့ကြပါတယ်။
ယန်ချီနဲ့ ကျောင်ဒုံတို့က ကျောင်ဒုံငှားနေတဲ့ အိမ်ဆီကို အရင်ပြန်လာခဲ့ပါတယ်။
သူတို့တွေက ငှားနေတဲ့ အိမ်အရှေ့ရောက်တော့ လူ ဆယ်ယောက်ကျော်က အပြင်မှာ ရပ်စောင့်နေတာကို မမျှော်လင့်ပဲ တွေ့လိုက်ရပါတယ်။
စောင့်နေတဲ့ သူတွေက ဆယ်ယောက်ကျော်ပေမယ့် သူတို့အားလုံးက သာမန်လူတွေ ဖြစ်ပါတယ်။
သူတို့တွေက သာမန်လူတွေ ဖြစ်ပေမယ့်လည်း သူ့တို့ခန္ဓာကိုယ်က သန်မာပြီး သိုင်းတက်ကျွမ်းသူတွေ ဖြစ်ပါတယ်။ သူတိုတွေက လွယ်လွယ်ကူကူ သွားရှုပ်လို့ ရတဲ့ သူတွေ မဟုတ်ပါဘူး။
“ကျောင်ဒုံ ပြန်လာပြီ”
လူတစ်ယောက်က ကျောင်ဒုံကို မြင်လိုက်တော့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။
လူ ဆယ်ယောက်ကျော်လုံးက လှည့်ကြည့်လိုက်ကြပါတယ်။ သူတို့တွေသာ လှည့်မကြည့်ရင် ကိစ္စမရှိပါဘူး။ ဒါပေမယ့် လှည့်ကြည့်လိုက်တော့ သူတို့ရဲ့ စိတ်ထဲ ကြောက်လန့်မှုတွေ ဖြစ်သွားခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျောင်ဒုံဘေးမှာ ရပ်နေတဲ့ ယန်ချီကို မြင်လိုက်တာကြောင့် ဖြစ်ပါတယ်။
ဒီလောက်တောင် ရင်းနှီးနေတဲ့ မျက်နှာတစ်ခု။
ပြီးခဲ့တဲ့ နှစ်ရက်က သူတို့တွေ ဒီမျက်နှာကို ရုပ်မြင်သံကြားမှာ အကြိမ်ပေါင်းများစွာ မြင်ဖူးပါတယ်။
ယန်ချီက ခန်းမသခင် လင်တျန်းဇောင်ကို ချက်ချင်း သတ်ပစ်ခဲ့တာကို သူတို့တွေက တိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်သံကနေ ကြည့်နေခဲ့ကြပါတယ်။
“ယန်. . . ဆရာ ယန်ချီ”
လူဆယ်ယောက်ကျော်က ယန်ချီကို ထိတ်လန့်စွာ ကြည့်နေခဲ့ကြပါတယ်။
ယန်ချီက ဒီလူတွေနဲ့ အချိန်ဖြန်းမနေချင်တော့ပါဘူး။ သူတို့ရဲ့ နောက်ကွယ်က ထုယွင်နဲ့သာ ရှင်းချင်ခဲ့ပါတယ်။
“ထုယွင်က ဘယ်မှာလဲ”
“ဆရာ ယန်ချီကို တောင်းပန်ပါတယ် ။ ထုယွင်က ထုမျိုးနွယ်မှာ ရှိပါတယ်”
ဒီလူဆယ်ယောက်ကျော်က ဘာတစ်ခုမှ ဖုံးကွယ်မထားရဲပါဘူး။ သူတို့တွေက ထုယွင်ရှိတဲ့ နေရာကို ချက်ချင်း ပြောလိုက်ပါတယ်။
ယန်ချီက ထုမျိုးနွယ်ဘယ်မှာ နေမှန်း မသိပါဘူး။ ဒါကြောင့် သူက ကျောင်ဒုံကို ကြည့်လိုက်ပါတယ်။
“ယန်ချီ ထုမျိုးနွယ် ဘယ်မှာနေမှန်း ငါ သိတယ်”
“ဒါဆိုလည်း ထုမျိုးနွယ်ဆီ သွားမယ်”
ယန်ချီက ပြောလိုက်တယ်။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် လူဆယ်ယောက်ကျော်က နေရာမှာတင် လဲပြိုကျသွားခဲ့ပါတယ်။
ကျောင်ဒုံရဲ့ နောက်ခံက တကယ့်ကို ဆရာသခင် အဆင့်ဖြစ်နေမှန်း သူတို့ လုံးဝ မတွေးမိပါဘူး။
ဒါပေမယ့် သူတို့တွေ အစောပိုင်းရခဲ့တဲ့ အချက်အလက်အရ ကျောင်ဒုံရဲ့ နောက်ခံက မူလသိုင်းဆရာ အဆင့်ဆိုတာပဲ သိခဲ့ရပါတယ်။
ရုတ်တရက် ကျောင်ဒုံဆီကို လာတဲ့ လူဆယ်ယောက်ကျော်က လုံးဝကို ဒေါသထွက်သွားခဲ့ပါတယ်။ ဒီသတင်းအမှားကြောင့် သူတို့တွေ အသတ်ခံလိုက်ရမှာကို ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။
ကျောင်ဒုံအိမ်ကို လာဝိုင်းတဲ့ လူဆယ်ယောက်ကျော်က အဲ့ဒီနေရာကနေ ထွက်လာခဲ့ပါတယ်။ သူတို့တွေကို ဘယ်လောက် ပိုက်ဆံပေးပေး ဒီနေရာကို မလာဘူးလို့ တိတ်တဆိတ် ကျိန်ဆိုလိုက်ပါတယ်။
ပိုက်ဆံဆိုတာက အသက်ထက်ပိုပြီး အရေးမကြီးပါဘူး။
ကျောင်ဒုံနဲ့ ယန်ချီတို့နှစ်ယောက်က ထုမျိုးနွယ်အပြင်ဖက်ကို ရောက်လာခဲ့ပါတယ်။
🐼🐼🐼🐼🐼🐼🐼🐼🐼🐼
Godly Sword System
Chapter 70 ကြောက်လန့်နေတဲ့ ထုမျိုးနွယ်
Translated By Thura
ယန်ချီနဲ့ ကျောင်ဒုံတို့က ထုမျိုးနွယ်အပြင်ဖက်ကို ရောက်လာခဲ့ပါတယ်။
ထုမျိုးနွယ်က လင်ဟိုင်အခြေစိုက်စခန်းရဲ့ လူချမ်းသာတွေ နေထိုင်တဲ့ ဒေသမှာ ရှိပါတယ်။
လူချမ်းသာတွေ နေထိုင်တဲ့ ရက်ကွက်မှာတော့ လူတွေက သွားလာလှုပ်ရှားနေကြပါတယ်။ သူတို့တွေက ယန်ချီကို မြင်လိုက်တော့ အံ့သြမှင်တပ်သွားကြပါတယ်။
“ဆရာ ယန်ချီ. . ”
“သူ ဒီကို ဘာကြောင့် ရောက်လာတာလဲ”
“အထဲကို ဝင်ကြစို့”
ယန်ချီက ကျောင်ဒုံကို ပြောလိုက်ပါတယ်။
ကျောင်ဒုံက လေးပင်စွာ ခေါင်းညိတ်လိုက်ပြီးနောက် နှစ်ယောက်သား ထုမျိုးနွယ်အိမ်ထဲကို ဝင်လာခဲ့ပါတယ်။
“မင်းတို့ ဘာကိစ္စရှိလို့လဲ။ ဒီနေရာက ဘယ်လိုနေရာလဲဆိုတာ . . . ”
ထုမျိုးနွယ်က တပည့်တစ်ယောက်က ယန်ချီနဲ့ ကျောင်ဒုံကို မြင်တွေ့တော့ ဘာလာလုပ်တာလဲလို့ မေးလိုက်ပေမယ့် သူက ယန်ချီရဲ့ မျက်နှာကို မြင်တဲ့အခါ သူ့နှုတ်ကနေ ထွက်ကျလာမယ့် စကားတွေကို ပြန်မြိုချလိုက်သလို ဘာအသံမှ ထွက်မလာခဲ့ပါဘူး။
သူက သူ့ဖုန်းကို လျင်မြန်စွာ ထုတ်ယူလိုက်ကာ စစ်ဆေးလိုက်ပါတယ်။ ကျောင်ဒုံဘေးက လူက တကယ်ကို ဆရာယန်ချီမှန်း သိတဲ့အခါ သူ့မျက်နှာမှာ ထိတ်လန့်မှုတွေ အပြည့်နဲ့ နောက်ကို ခြေတစ်လှမ်းဆုတ်မိလိုက်ပါတယ်။
“ယန် ယန် ယန် . . . ယန် . .. ဆရာ ယန်ချီဟ”
ထုမျိုးနွယ်က တပည့်က အချိန်အတော်ကြာအောင် ကြောင်အမ်းနေခဲ့ပြီးမှ စကားပြန်ပြောနိုင်ပါတယ်။ သူခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေခဲ့ပါတယ်။
“ထုယွင် ဘယ်မှာလဲ”
ယန်ချီက မေးလိုက်ပါတယ်။
“ဆရာ ယန်ချီခင်ဗျား. . . ထုယွင်က အထဲမှာ ရှိပါတယ်။ ကျွန်တော် ကျွန်တော် . . . ကျွန်တော် သူနဲ့ တွေ့ဖို့ အထဲကို ခေါ်သွားပေးပါမယ်”
သူပြောပြီးတာနဲ့ ယန်ချီနဲ့ ကျောင်ဒုံတို့ကို နေရာတစ်ခုဆီ ခေါ်သွားခဲ့ပါတယ်။
ယန်ချီနဲ့ ကျောင်ဒုံတို့က အခန်းတစ်ခုအရှေ့ကို ရောက်လာကြပါတယ်။
“ဘန်း ဘန်း”
ထုမျိုးနွယ် တပည့်က အခန်းတံခါးကို ခေါက်လိုက်ပါတယ်။
“အစ်ကိုကြီး ယွင် ကျွန်တော်ပါ”
ခဏလောက်အကြာမှာတော့ အခန်းတံခါးက ပွင့်လာခဲ့ပါတယ်။
“ဘာကိစ္စများ ရှိလို့လဲ။ နှင်းဆီ စားသောက်ဆိုင်ကို ဝယ်ပြီးပြီလား”
ထုမျိုးနွယ်တပည့်က ဘာဆက်ပြောရမှန်း မသိတော့ပါဘူး။ သူ့မျက်နှာမှာတော့ ထိတ်လန့်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်။
အဲ့ဒီနောက် ထုယွင်က ယန်ချီနဲ့ကျောင်ဒုံကို သတိပြုမိသွားခဲ့ပါတယ်။
သူ့မျက်လုံးအစုံက ရုတ်တရက် ကျုံ့သွားခဲ့ပါတယ်။ သူ့ရဲ့ နှလုံးကို သန်မာတဲ့ လက်နဲ့ အကိုင်ခံလိုက်ရသလို အသက်ရှုရခက်သွားခဲ့ပြီး ထိတ်လန့်သွားခဲ့ပါတယ်။
“ယန် ယန် ဆရာ ယန်ချီ”
ထုယွင်ရဲ့ မျက်နှာက ဖြူလျော့သွားခဲ့ပါတယ်။ သူက ယန်ချီ ဒီကို လာတာ မြင်တဲ့အခါ သူ့စိတ်ထဲက အရိပ်ဆိုးကြီး ပြန်ပေါ်လာခဲ့ပါတယ်။
သိုင်းပညာရှင် အဖွဲ့အစည်းမှာ သူ ရှိစဉ်က ယန်ချီက စစ်မှန်တဲ့ စွမ်းအားကို ထုတ်မပြခဲ့ပေမယ့် အခုတော့ သူက ယန်ချီအကြောင်းကို နားလည်သိရှိခဲ့ပါပြီ။
ယန်ချီသာ ကိုယ့်ကိုယ်ကို မနိမ့်ချလိုလျှင် သိုင်းပညာရှင် အဖွဲ့အစည်းမှာထဲက သူ သေတာ ကြာနေလောက်တယ်ဆိုတာ သူ သိပါတယ်။
ယန်ချီဘေးက ထုမျိုးနွယ်တည့်က ဒီကနေ ခပ်မြန်မြန် ထွက်သွားခဲ့ပါတယ်။ သူ့အနေနဲ့ ဒီမှာ နေလည်း ဘာမှ ဆက်လုပ်နိုင်မှာ မဟုတ်ပါဘူး။
ယန်ချီက ကြောက်လန့်နေတဲ့ ထုယွင်ကို ကြည့်လိုက်ကာ ပြောလိုက်ပါတယ်။ “မကြောက်ပါနဲ့။ မင်းက အစ်ကိုဒုံရဲ့ စားသောက်ဆိုင်ကို ဝယ်ချင်တယ်လို့ငါကြားခဲ့တယ်။ အဲ့ဒါကြောင့် ငါ လာကြည့်တာ”
“ဒုံ. . အစ်ကိုဒုံ”
ထုယွင်ရဲ့ စိတ်ထဲ တုန်လှုပ်သွားခဲ့ပါတယ်။
ဆရာ ယန်ချီက ဒီလို သာမန်လူတစ်ယောက်ကို ဒီလိုမျိုးခေါ်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ အိမ်မက် မဖက်ဖူးပါဘူး။
ကျောင်ဒုံက နှင်းဆီစားသောက်ဆိုင်ရဲ့ ပိုင်ရှင်မှန်း သူ သိပေမယ့် ကျောင်ဒုံအနောက်မှာ ယန်ချီရှိနေမှန်း သူ မသိပါဘူး။
ဒီအကြောင်းတွေကို တွေးမိလိုက်တဲ့အခါ သူ့စွမ်းအားတွေကို တစ်ခုခုက စုပ်ယူခံလိုက်ရသလို ထုယွင် ခံစားလိုက်ရပါတယ်။ သူက ကူကယ်ရာ မဲ့စွာနဲ့ နောက်ကို ခြေလှမ်းဆုတ်မိလိုက်ပါတယ်။ သူမျက်နှာကလည်း လူသေတစ်ယောက်လို ဖြူလျော့သွားခဲ့ပါတယ်။
ဒီကိစ္စက သူက ပေ ထင်ပြီး ထုလိုက်ပေမယ့် ထုမယ့် ပေက ပေမဟုတ်ပဲ တူဖြစ်နေတာတော့ ဘေးအန္တရယ်ကြီးတစ်ခုပါပဲ။
ယန်ချီက တိတ်တဆိတ် ရယ်ချင်နေခဲ့ပါတယ်။ သူ့ရဲ့ ရည်မှန်းချက် ထုယွင်ကို ကျောင်ဒုံရဲ့ စားသောက်ဆိုင်နဲ့ ပတ်သတ်ပြီး နောက်ထပ် ဘာမှ ဆက်မလုပ်ဖို့ပါပဲ။ သူက ထုယွင်ကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး။
ထုယွင်ကတော့ သူ့ကို သတ်လိမ့်မယ်လို့ တွေးနေခဲ့တာကြောင့် ကြောက်လန့်နေခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျားနက်သိုင်းသင်တန်းကျောင်းက ခန်းခသခင် လင်တျန်းဇောင်တောင်မှ ယန်ချီလက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်။ သူက ကျောက်တုံးပြာသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင်မဟုတ်ပဲ အတော်ဆုံးကျောင်းသားတစ်ယောက်သာ ဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာ အပြင်ကို လျင်မြန်စွာ ထွက်သွားတဲ့ ထုမျိုးနွယ်ရဲ့ တပည့်က အထိတ်တလန့်ဖြစ်နေတဲ့ အမူအယာဖြစ်ပေါ်နေတဲ့ လူတစ်အုပ်ကို ခေါ်ပြီး ရောက်လာခဲ့ပါတယ်။
အဲ့ဒီအုပ်စုက လူခုနှစ်ယောက် ရှစ်ယောက်လောက် ရှိပြီး သူတို့ရဲ့ မျက်နှာထက်မှာ အလွန်တရာ ကြောက်လန့်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်။
“ယန်ချီ သူတို့အားလုံးက ထုမျိုးနွယ်က ဖြစ်ပါတယ်”
ကျောင်ဒုံက ယန်ချီကို တီးတိုးပြောလိုက်ပါတယ်။
ယန်ချီကတော့ သူတို့တွေက ဘယ်သူဖြစ်မှန်း ဂရုမစိုက်ပါဘူး။ သူတို့တွေက လူ ခုနှစ်ယောက် ရှစ်ယောက်လောက် ရှိပေမယ့် အားလုံးက သာမန်လူတွေ ဖြစ်ကြပါတယ်။
ထုမျိုးနွယ်က လူတွေအားလုံး ယန်ချီအရှေ့ကို ရောက်လာခဲ့ကြပါတယ်။
သူတို့တွေက ဒီလူဟာ အမှန်တကယ်ကို ဆရာ ယန်ချီမှန်းသိတော့ ထိတ်လန့်မှုကြောင့် ကြောင်အမ်းနေခဲ့ကြါပတယ်။
“ဆရာ ယန်ချီ တောင်း. . . တောင်း ပန် ပါတယ် ခင်ဗျား”