အမုန်းပင်မှပွင့်သောအချစ်ပန်း...

By Aster_2122

277K 19.7K 1.1K

အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^ More

အပိုင်း {၁} (Uni+Zawgyi)
အပိုင်း {၂} (Uni+Zawgyi)
အပိုင်း {၃}
အပိုင်း {၄}
အပိုင်း {၅}
အပိုင်း {၆}
အပိုင်း {၇}
အသိပေးစာ❕
အပိုင်း {၈}
အပိုင်း {၉}
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၅) (ဇာတ်သိမ်း)
Extra

အပိုင်း (၂၄)

9.5K 772 54
By Aster_2122

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း (၂၄)

"နော်...နော်လို့ အန်တီ..။သွားကြမယ်နော်"
တစ်မနက်လုံးအနောက်က တကောက်ကောက်လိုက်ပြီး ကလေးတစ်ယောက်ပမာ ချွဲနေသည့်လွန်းဟယ်ရီကြောင့် နန်းရိပ် ဟင်းချက်တာပင်ကောင်းကောင်းမလုပ်ရ။
"ဘယ်လိုဖြစ်နေတာလဲ ဟယ်ရီရဲ့။ဒီမှာအလုပ်လုပ်နေတယ်လေ"
"အဲ့အလုပ်ကအရေးမကြီးဘူးလေ အန်တီရဲ့။ဟယ်ရီပြောတာ နားထောင်နော်"
"မထောင်ချင်တော့ပါဘူး။မင်းတစ်မနက်လုံးလိုက်ပြောနေလို့အလွတ်တောင်ရနေပြီ"
"အဲ့တာဆိုလည်း လက်ခံလေအန်တီရဲ့။ဟယ်ရီတစ်မနက်လုံးပြောနေတာကို"
"မဖြစ်လို့ပေါ့..။မဖြစ်လို့လက်မခံတာပေါ့ ကလေးမရဲ့။အခုထိ မင်းမမကိစ္စက တရားခံအစုံဖမ်းမိသေးတာမှမဟုတ်ဘဲကို။ထက်မြက်မင်းတစ်ယောက် လွတ်နေသေးတယ်လေ။အဲ့ဒါကိုမင်းသိရဲ့နဲ့ ဘာလို့လျှောက်သွားချင်နေရတာလဲ"
"နီးနီးနားနားလေး သွားလည်ချင်တာပါ အန်တီရဲ့။ဟယ်ရီဝေးဝေးလံလံကိုသွားဖို့မပြောပါဘူး"
"နီးနီးနားနားလည်း မသွားချင်ပါဘူး။လျှောက်လည်ဖို့က အရေးကြီးတာမှမဟုတ်ဘဲ"
"ဟယ်ရီ့မွေးနေ့မလို့ပါ"
တိုးငြင်းစွာထွက်လာသည့်အသံလေးကြားဆော့ နန်းရိပ်လက်တို့ရပ်တန့်သွားမိသည်။မွေးနေ့တဲ့လားလေ။နန်းရိပ်ဘာလို့မသိခဲ့ရပါလိမ့်။အရေးကြီးတဲ့နေ့ရက်တစ်ခုကိုမှ နန်းရိပ်မေ့နေခဲ့တာပဲ။ဒီနေ့က ဘာနေ့လဲအလျှင်အမြန်စဥ်းစားတော့ မေလ၂၇ရက်။ဟုတ်သားပဲလေ။ဟယ်ရီရဲ့ ၂၁နှစ်ပြည့်မွေးနေ့။
"ဟိုလေ..."
"အန်တီအဆင်မပြေရင် ရပါတယ်။ဟယ်ရီ မသွားတော့ပါဘူး"
အိမ်ပေါ်ထပ်သို့တက်သွားသည့်ကလေးမအားကြည့်ရင်း နန်းရိပ် သက်ပြင်းသဲ့သဲ့ချမိသည်။အစတည်းက ဘာနေ့လဲမေးလိုက်မိရင်ကောင်းသားလေ။
"အန်တီ..."
"သစ်လွင်လာတာနဲ့အတော်ပဲ။အန်တီဒါလေးထားခဲ့မယ်။သစ်လွင်ဆက်ကြည့်ပေးနော်။"
"ဟုတ်..အန်တီကဘယ်သွားမလို့လဲ"
"ဒီနေ့က မင်းမမလေးမွေးနေ့ဆို။အန်တီလည်းမေ့နေတာ သူပြောမှသိတယ်။အဲ့တာအပြင်သွားချင်လို့တဲ့။အန်တီလိုက်ပို့လိုက်အုံးမယ်"
"ဟုတ်..အန်တီ"
အိမ်ပေါ်ထပ်ဆီသို့လျှင်မြန်စွာတက်သွားသည့်အန်တီအားကြည့်ကာ ဟယ်ရီ နာကျင်စွာပင်ပြုံးလိုက်မိသည်။
"မမလေးကအရမ်းကံကောင်းတာပဲ။အန်တီ့ကိုပိုင်ဆိုင်ခွင့်လည်းရသလို အန်တီ့အချစ်တွေကိုပါပိုင်ဆိုင်ခွင့်ရခဲ့တယ်။သစ်လွင်နဲ့တော့ တစ်ခြားစီပါပဲ"
အန်တီလုပ်လက်စဟင်းအိုးအား မွှေပြီးသည့်နောက် လုပ်စရာရှိသည်များအားဆက်ကာလုပ်မိသည်။
"ဟယ်ရီ.."
နန်းရိပ်ခေါ်သည်အား မကြည့်ပါဘဲ ဖုန်းပဲကြည့်နေသည့်ကလေးမ။စိတ်ကောက်တာမဟုတ်ဘဲ စိတ်မကောင်းဖြစ်နေတာမှန်းနန်းရိပ်သိပါသည်။
"အပြင်သွားမယ်ဆို"
ထိုကလေးမဘေးဝင်ထိုင်ရင်းဆိုပေမဲ့းကားပြန်မလာတာကြောင့်လက်ထဲရှိဖုန်းအားယူလိုက်မိသည်။
"အပြင်သွားမယ်ဆို ဘာလို့ဖုန်းကြည့်နေတာလဲ"
"အန်တီမအားဘူးမလား..."
"ဘယ်သူက မအားဘူးပြောလို့လဲ။သွားမယ် နော်"
"ရပါတယ်။အန်တီ့ကို ဒုက္ခမပေးချင်ပါဘူး"
"သွားပါမယ်ဆိုနေ..။"
ထိုကလေးမရှေ့အားရပ်ရင်း နန်းရိပ်ဆိုလိုက်မိသည်။
"စိတ်မကောင်းဖြစ်သွားတာမလား။အန်တီတောင်းပန်ပါတယ်နော်။ဟယ်ရီ့မွေးနေ့ကို အန်တီမှတ်မထားမိခဲ့ဘူး။တောင်းပန်ပါတယ်"
နဖူးအားငုံ့ကာနမ်းရင်းနန်းရိပ်ဆိုမိသည်။
"နဖူးကိုနမ်းရုံနဲ့တော့ စိတ်မကောင်းဖြစ်တာမပျောက်နိုင်ဘူးလေ အန်တီရဲ့"
"ကဲပြေ...အန်တီဘာလုပ်ပေးရမလဲ။ဒီမွေးနေ့ရှင်လေး စိတ်ပျော်အောင် ဘာလုပ်ပေးရမလဲရှင့်"
"အို့..အမေ့"
ရုတ်တရက်ဆွဲကာ သူ့ပေါင်ပေါ်ထိုင်စေသည့်ကလေးမကြောင့် နန်းရိပ်လည်း အလိုက်တသိ ထိုင်နေလိုက်မိတော့သည်။
"စိတ်မကောင်းမဖြစ်တော့အောင် တကယ်လုပ်ပေးမှာလား"
"အွန်း..တကယ်လုပ်ပေးမယ်။အန်တီ ဘာလုပ်ပေးရမလဲ"
ထိုကလေးမလည်ပင်းအား သိုင်းဖက်ရင်းဖြင့်ပင် နန်းရိပ်ပြောလိုက်မိသည်။အသက်ရှူသံ်ပ်တိုးတိုးအားကြားပြီး လေနွေးနွေးအားခံစားရသည်။နန်းရိပ်ကိုစိုက်ကြည့်နေသည့်ကလေးမ၏ဆွဲအားပြင်းသည့် မျက်ဝန်းများအား ရင်မဆိုင်နိုင်စွာပင် အကြည့်တို့လွှဲမိသည်။
"ဘာလို့မျက်နှာလွှဲရတာလဲ ဟယ်ရီ့ကိုပဲကြည့်လေ"
"ကြည့်..ကြည့်ပါတယ်။ဟယ်ရီက ဘာလို့အဲ့လိုစိုက်ကြည့်နေတာလဲ။အဲ့လိုပဲကြည့်နေမယ်ဆို အန်တီ ထတော့မယ်"
"ရင်ခုန်နေတာလား"
"ဟယ်ရီနော်..."
"ဟယ်ရီ..ဟယ်ရီနဲ့မခေါ်စမ်းပါနဲ့အန်တီရယ်။နူးနူးညံ့ညံ့လေးခေါ်ပါလား။ဟယ်ရီဆိုတာ သူများတွေလည်းခေါ်နေတာကို"
"ဟယ်ရီက မင်းနာမည်လေ။နာမည်မခေါ်လို့ အန်တီက ဘယ်လိုခေါ်ရမလဲ။မရစ်နဲ့ကွယ်။အပြင်သွားမယ်ဆိုလည်း လုပ်"
"မရဘူး တစ်ခြားဟာခေါ်..ဥပမာ အချစ်တို့ ဘာတို့"
"ကလေးကလားတွေ..မခေါ်ချင်ပါဘူး"
"ဒါဆို ကိုကိုရော..။ဒါဆို လူကြီးဆန်သွားပြီ"
"ပိုဆိုးသေးတယ် လူကြည့်တော့ တို့အသက်ထက်ဝယ်ငယ်တာကို ဘာကိုကိုလဲ ဟွန့်"
"ဒါဆို..မောင်လို့ခေါ် ဟုတ်ပြီလား"
"မခေါ်ချင်ပါဘူး ပါးစပ်ယားတယ် ဟယ်ရီက ဟယ်ရီပေါ့ ဘာမောင်လဲ"
"အန်တီနော်..မရဘူး မောင်လို့ခေါ်ရမယ်။ဟယ်ရီလို့တစ်ခါခေါ်ရင် ခေါ်တဲ့နှုတ်ခမ်းကို တစ်ခါနမ်းမယ်"
"မ..ခေါ်..ဘူး.."
ဟယ်ရီ့အားလျှာထုတ်ပြီး ပြောင်ပြနေသည့်အမျိုးသမီးအားဟယ်ရီအချစ်ပိုနေရတော့သည်။
"ဟယ်ရီ..."
"ပြွတ်..."
"ဟယ်ရီ..ဟယ်ရီ "
"ပြွတ်...ပြွတ်.."
"အန်တီကကွာ..မောင်လို့ခေါ်ပါဆို"
"ဟယ်ရီ.။ဟယ်ရီ...။ဟယ်ရီ...။ဟယ်ရီလို့ပဲခေါ်မယ်"
"ဟာ!!ဒါက စိန်ခေါ်တာလား အန်တီ"
"ကြိုက်သလိုတွေး...ဟယ်ရီပဲ"
"ဟယ်ရီလို့မခေါ်နိုင်တော့တဲ့အထိ အန်တီ့နှုတ်ခမ်းတွေကို နမ်းပစ်မယ်"
ပြောပြောဆိုဆို အနေအထားအားပြောင်းလိုက်တော့ ပေါင်ပေါ်ရှိအန်တီမှာ မွေ့ယာထက် ဟယ်ရီအောက်သို့ရောက်သွားတော့သည်။
"အချိန်မှီသေးတယ်နော် အန်တီ"
"ဟင့်အင်း..ဟယ်ရီပဲ"
မျက်ခုံးတစ်ဖက်အားပင့်ရင်း ဆိုလာသည့်အမျိုးသမီး။ဟယ်ရီအသည်းယားစွာ တစ်ချက်ပြုံးလိုက်ရင်း နှုတ်ခမ်းတို့အား ငုံထွေးသိမ်းပိုက်လိုက်မိသည်။အချိန်ဘယ်လောက်တောင်ကြာသည်မသိ အသက်ရှူမဝဖြစ်မှာစိုးတာကြောင့် ခဏလွှတ်ပေးလိုက်မိသည်။
"ခေါ်မှာလား..."
"ဟွန့်..လူကိုမညှာဘူး"
"အန်တီက အသည်းယားအောင်လုပ်တာကို။အခုရော မောင်လို့ခေါ်ဖို့အစီအစဥ်ရှိလား။မရှိလည်းရတယ်နော်။အန်တီနှုတ်ခမ်းတွေကို နေ့ညမပြတ် ငုံထွေးထားလို့ရတယ်"
"ဟိုး..ဟိုးထား။တို့တော်တော် မောနေပြီသိလား ကလေးမ။အရမ်းတွေကဲနေ"
"ဒါဆို ခေါ်လေလို့ အန်တီရဲ့..."
"မောင်..."
"ပြန်ခေါ်ပါအုံး..သေချာမကြားရလို့"
ပြောင်စပ်စပ်လုပ်နေစည့်ကလေးမအား နန်းရိပ်မျက်စောင်းခဲမိသည်။
"မောင်..မောင်လို့။အန်တီရဲ့မောင်။အန်တီချစ်ရတဲ့မောင်..။ဟုတ်ပြီလား"
"အား..သေပါပြီ"
ချက်ချင်းမွေ့ယာပေါ် ပက်လက်လန်သွားသည့်ကလေးမအားကြည့်ကာနန်းရိပ်ပြုံးမိသည်။တတ်လည်းတတ်နိုင်တဲ့ကလေးမပါလေ။ပြေလျော့သွားသည့်ဆံထုံးအား ထိုင်ရင်းဖြေချလိုက်တော့ ဆံနွယ်တို့မှါကပို ကရိုကျလာတော့သည်။
"အဲ့လိုပဲနေတော့မှာလား။အပြင်သွားမယ်ဆို..ထတော့လေ"
"ထစေချင်ရင် အနမ်းပေး "
"မဝသေးဘူးလား..။ဒီလောက်နမ်းနေတာကို"
"ဟင့်အင်း..အန်တီ့နှုတ်ခမ်းကိုနမ်းရင် ဝတယ်ဆိုတာမရှိဘူး"
ပုခုံးတစ်ဖက်ဆီသိူ့ဆံနွယ်တို့အားစုချလိုက်ရင်း ထိုကလေးမအား နှုတ်ခမ်းအားငုံ့ကာ အနမ်းပေးလိုက်မိသည်။
"ရပြီ..ထတော့။နောက်ကျနေမယ်"
-----
"ပန်းခြံထဲသွားမယ်လေနော်.."
"လူရှုပ်ကရှုပ်နဲ့ "
"ညနေစောင်းဆိုတော့ အရမ်းကြီးတော့မရှုပ်လောက်ပါဘူးအန်တီရဲ့။သွားမယ်နော်"
"ညနေစောင်းပိုပြီး လူရှုပ်တာမဟုတ်ဘူးလား။ကန်စပ်တစ်လျှောက်ဆို အတွဲတွေစီလို့ကို"
"ဟယ်ရီလျှောက်ချင်လို့ပါ အန်တီရဲ့။သွားကြမယ်နော်...နော်"
"ဟုတ်ပြီ..ဟုတ်ပြီ သဘောသဘော။သွားချင်သပဆို သွားကြမယ်"
လိုချင်တာရသွားတော့ ပြုံးကာ နန်းရိပ်ပါးပြင်အားလာနမ်းသည့်ကလေးမ။ပြောလို့လည်းရမှာမဟုတ်တာကြောင့် ပြုံးပြီးသာနေလိုက်မိတော့သည်။
ကန်ပြင်အား ဖြတ်ကာတိုက်ခတ်လာသည့်လေနုအေးအား ရှူရှိုက်ရင်း လမ်းလျှောက်မိကြသည်။ဒါကဟယ်ရီနဲ့အန်တီ့အတွက် ပထမဦးဆုံးအကြိမ်ပင်။ဒီနှစ်မွေးနေ့ကတော့ မှတ်မှတ်ရရပင်။မမကြီးဆုံးပြီးတည်းက မွေးနေ့ဆို ဒီတိုင်းဖြတ်သန်းဖြစ်ခဲ့သည့် ဟယ်ရီ။အခုနှစ်မှာတော့ ပျော်ရွှင်စွာဖြတ်သန်းဖြစ်ခဲ့ပြီ။
"အန်တီ..."
"ရှင်...ပြောပါ"
စနောက်ကဖြေသည့်အန်တီကြောင့်ဟယ်ရီပြုံးရင်း အန်တီပုခုံးပေါ် ခေါင်းမှီလိုက်မိသည်။
"နောက်နှစ်တွေလည်း မောင့်အနားမှာ ရှိနေပေးမယ်မလား"
"ဟွန့်..ဘာမောင်လဲ"
"အန်တီရဲ့မောင်လေ။မဟုတ်လို့လား အန်တီပဲပြောပြီး။မေးတာဖြေပါ။နောက်နှစ်တွေလည်း ရှိနေပေးမယ်မလားဟင်"
"မေးစရာလိုသေးလို့လားကွယ်။အန်တီ့ရဲ့နောက်ဆုံးအချိန်ထိ မောင့်အနားမှာပဲ ရှိနေပေးမှာ နော်"
"ချစ်လိုက်တာလေ တစ်နေ့တစ်နေ့ အန်တီ့ကိုပိုပိုချစ်လာတာပဲသိလား"
"ကဲ..အဲ့တာထားပါ။မိုးချုပ်နေပြီ။ဒီထဲလူတောင်သိပ်မရှိတော့ဘူး။ပြန်ကြရအောင်နော်"
"ဟုတ် အန်တီ..."
တစ်ယောက်လက်အား တစ်ယောက်ဆုပ်ကိုင်ရင်း ပေါ့ပါးသွက်လက်သည့်ခြေလှမ်းတို့ဖြင့် ကားထားခဲ့ရာဆီ လျှောက်မိကြသည်။
"ကျွီ.."
အရှေ့တွင်ထိုးရပ်လိုက်သည့်ကားကြောင့် ဟယ်ရီရောအန်တီပဲ လန့်ကာ နောက်သို့ဆုတ်လိုက်မိကြသည်။
"ဟ..ဘာလဲ။ရူးနေတာလား"
ဟယ်ရီမကျေမချမ်းရေရွတ်နေစဥ် ကားပေါ်မှaskအမဲရောင်အား တပ်ထားသည့် အမျိုးသားတစ်ဦးဆင်းလာလေသည်။မြင်ဖူးသလိုလိုရှိတယ်လို့စိတ်ထဲတွေးမိပေမဲ့ ဘယ်သူမှန်းဟယ်ရီသေချာတွေးမရ။ဦးထုပ်အနက်ရောင်အားလည်း ခပ်ငိုက်ငိုက်ဆောင်းထားသေးတာကြောင့် အကဲခတ်ဖို့ပိုရျ်ခက်ခဲလှသည်။
"အရမ်းပျော်နေကြပုံပဲ။ ကျွန်တော့်ကိုတောင် မမှတ်မိတော့ဘူးလား မမလွှာ "
"မမလွှာ..မမလွှာ..ဟင်!!"
ဟယ်ရီအခုမှ ထိုလူအားမှတ်မိသွားတော့သည်။
"ထက်မြက်မင်း..."
အန်တီ့ဆီမှ ထွက်လာသည့်အသံ။အနည်းငယ်အသံတို့တုန်ယင်နေကာနေလေသည်။
"မှတ်မိသွားပြီပဲ...။ကျွန်တော် ကတိ့ကိုတည်အောင် လာလုပ်တာ"
ဟယ်ရီ့လက်တို့အား နန်းရိပ်တင်းပျပ်စွာဆုပ်ကိုင်ရင်း ဘာလုပ်ရမလဲဆိုသည့်အဖြေအား စဥ်းစားနေမိသည်။ရုတ်တရက်ကြီးပေါလာလိမ့်မယ်လို့မထင်ခဲ့မိတာအမှန်။မင်းမင်း သတိပေးပါလျှက်နဲ့ နန်းရိပ် သတိလက်လွတ်ဖြစ်သွားရသည်။
"မမလွှာ ကျွန်တော်နဲ့လိုက်ခဲ့ပါ"
"ရူးနေလား...မင်းလိုလူမျိုးနဲ့ငါက ဘာလို့လိုက်ရမှာလဲ"
"ကျွန်တော်က အားမသုံးချင်လို့ အေးဆေးခေါ်နေတုန်း လိုက်ရင်ကောင်းမယ်"
"ဒီမှာ ရှင်ရူးနေလား။ရှင့်လိုထောင်နန်းစံရမဲ့သူရဲ့နောက်ကို အန်တီကလိုက်စရာလား"
နန်းရိပ်နှင့်ထက်မြက်မင်းကြားတွင် ရပ်ကာ ပြောသည့်ဟယ်ရီ့အား နန်းရိပ် တစ်ချက်ဆွဲလိုက်မိသည်။
"ကလေးက ကလေးလိုနေတာကောင်းမယ်။"
"မင်းမှာ သူ့ကိုဘာမှ ပြောပိုင်ခွင့်မရှိဘူး ထက်မြက်မင်း။ထောင်နန်းမစံချင်သေးဘူးဆိုရင် ဒီနေရာကနေ မင်းအခုပြေးရင်လွတ်မယ်ထင်တယ်"
"အဟက်..ပြေးမှာပါ။ကျွန်တော်တစ်ယောက်တည်းတော့ မဟုတ်ဘူး မမလွှာကိုပါခေါ်သွားမှာ"
ပြောပြောဆိုဆိုဖြင့် ဟယ်ရီ့အား တွန်းကာ နန်းရိပ်လက်အားဆွဲလိုက်သည့်သူ။အရှိန်ပါတာကြောင့်လမ်းပေါ်သို့လဲကျသွားတော့သည်။
"ထက်မြက်မင်း ငါ့လက်ကိုလွှတ်စမ်း"
ကားပေါ်မှ လူသုံးယောက်မှာ ဆင်းလာပြီး ဟယ်ရီ့အားဆွဲထူကာချုပ်လိုက်တာကြောင့် နန်းရိပ် စိုးရိမ်စိတ်တို့မြင့်တက်သွားရသည်။ဘာလို့အခုမှ ဒီနေရာကို လူတွေမလာကြတော့တာလဲ။
"ထက်မြက်မင်း..မင်း ဘာလုပ်ဖို့တွေးနေတာလဲ"
"မမလွှာကို ခေါ်သွားဖို့ပဲ ကျွန်တော် တွေးတာပါ"
အေးဆေတည်ငြိမ်စွာဖြေပုံမှာ နန်းရိပ်သွေးတို့အား ဆူပွက်စေကာ ဒေါသရိပ်တို့ပိုတိုးစေသည်။
"လွှတ်..ငါ့လက်ကိုလွှတ်စမ်း။"
"ဘာတွေကိုစိတ်ပူနေတာလဲ မမလွှာသာ ကျွန်တော်နဲ့လိုက်မယ်ဆိုရင် အဲ့တစ်ယောက်ဘာမှမထိခိုက်စေရဘူး"
"အန်တီ သူ့စကားကိုနားယောင်မနေနဲ့။ထက်မြင်မင်း ရှင် ယောင်္ကျားမဟုတ်ဘူးလားဟမ်။မိန်းကလေးနှစ်ယောက်ကိုအင်အားသုံးတာ ရှင့်အစားကျွန်မ ရှက်လိုက်တာ"
"အဟက် ရှက်ရမယ်ပေါ့ ဒီမယ် ကောင်မလေး ငါ့မှာအရှက်တရားရော အကြောက်တရားရောမရှိဘူး။သိလည်းမသိဘူး။ငါသိတာက မမလွှာကို ငါနဲ့အတူခေါ်သွားဖို့ပဲ"
ဆုပ်ကိုင်ထားသည့်လက်အား သူ့အားဖြင့်ဆွဲတော့ နန်းရိပ်ခန္ဓာကိုယ်မှာ သူ့ရင်နှင့်ကပ်သွားရသည်။ဒါတင်အားမရသေးဘဲ လက်တစ်ဖက်ဖြင့် ခါးအားဖက်တွယ်လိုက်သည့်အခါ ဒီနေရာမှာပျောက်ကွယ်သွားချင်မိသည်။ယောင်္ကျားတစ်ယောက်ရဲ့အထိအတွေ့၊အဲ့ဒီယောင်္ကျားက တစ်ခြားသူလည်းမဟုတ် ကိုယ်ချစ်ရတဲ့သူကိုနာကျင်စေခဲ့တဲ့သူ။အဲ့ဒီလူက ကိုယ့်ကို လိုသလိုဆွဲယူအနိုင်ကျင့်နေခဲ့တာ။တစ်ခြားသူရှေ့မှာမဟုတ် ကိုယ်ချစ်ရတဲ့သူရဲ့ရှေ့မှာမှတဲ့လေ။မုန်းလိုက်တာ။ကိုယ့်ကိုယ်ကိုယ် ဒီတစ်ကြိမ်မှာအတော်မုန်းမိပါသည်။
"ထက်မြင်မင်း အန်တီ့ကို ခုချက်ချင်းလွှတ်လိုက်"
"ကိုယ့်အခြေအနေကိုယ်ကြည့်ပြီးမှ စွာလေ"
"သူ့ကိူလွှတ်ပေးလိုက်ပါ...သူ့ကိုသွားခွင့်ပေးလိုက်ပါ "
"အန်တီ..အန်တီဘာတွေပြောနေတာလဲ"
"တို့​တောင်းပန်ပါတယ် သူ့ကိုသွားခွင့်ပေးလိုက်ပါ။"
"ဒါဆို ကျွန်တော်ပြောတဲ့ကိစ္စကို သဘောတူတယ်ပေါ့လေ"
"အန်တီ..."
ထိတ်လန့်စွာအာ်သည့်အသံအား နန်းရိပ်မျက်ကွယ်ပြုလိုက်သည်။ဒီလောက်ဆို နာကျင်ရတာလုံလောက်ပါပြီယကိုယ်ချစ်ရတဲ့သူရှေ့မှာ တစ်ပါးသူရဲ့ ထိပါးခြင်းကိုခံရတာ နန်းရိပ်အတွက်လည်းလုံလောက်ပြီဖြစ်သလို ဟယ်ရီ့အတွက်လည်း နာကျင်ရတာလုံလောက်ပြီ။မျက်ဝန်းထဲမှာ နောက်ဆုံးဝိုးတိုးဝါးတားမြင်ခဲ့ရတာက အဲ့ကလေးမကို ဆွဲခေါ်သွားကြသည့်ပုံပင်။နန်းရိပ်ဘာမှမကူနိုင်ခဲ့။လောကကြီးနဲ့ခဏတာ အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။
.....
"ခဏလေး..စိတ်အေးအေးထား။စိတ်အေးအေးထားပြီး အစ်ကို့ကိုသေချာရှင်းပြ။ညီမသေချာရှင်းပြမှ အစ်ကိုတို့ မမကြီးကို ကယ်နိုင်မှာ"
ရှိုက်ငင်စွာဖြင့်ပြောနေသည့် သူအား မင်းမင်းတို့ အသေအချာဖျောင်းဖြရသည်။
"သစ်လွင် ရေတစ်ခွက်လောက်ယူပေး"
"ဟုတ်ကဲ့အစ်ကို"
ရေတစ်ခွက်အားသောက်ခိုင်းပြီး ခဏအနားယူခိုင်းတော့ အနည်းငယ်အဆင်ပြေစွားတော့သည်။ထိုအခါမှ မင်းမင်းတို့ သိချင်တာအားမေးမြန်းရသည်။ထက်မြက်မင်းကို တွေ့လိုက်ကြောင်း အကြောင်းကြားတဲ့သူကြောင့် မင်းမင်းတို့ထွက်လာခဲ့ပေမဲ့ နောက်ကျသွားခဲ့ရသည်။
"အန်တီ..အန်တီကိုမြန်မြန်ကယ်မှရမယ်။အန်တီကိုမြန်မြန်ကယ်ပေးပါနော်..နော်အစ်ကို"
"မမကြီးကို အစ်ကိုတို့ရအောင်ကယ်မှာနော်။ဒါကြောင့်ဟယ်ရီက အသေးစိတ်ကိုသေချာလေးပြောပြပေး ဟုတ်ပြီလား"
ဟယ်ရီပြောပြသည်များအားနားထောင်ရင်း တစ်ယောက်တစ်ခွန်းမှတ်ချက်ပြုမိကြသည်။
"သူဒီမှာကြာကြာ မနေလောက်ဘူး "
"ဟုတ်တယ် သူဒီကနေထွက်သွားဖို့ကြိုးစားလိမ့်မယ်။ဒါပေမဲ့ ဒေါ်နန်းရိပ်လွှာပါနေတဲ့အတွက် သူလွယ်တော့လွယ်ကူလိမ့်မှာမဟုတ်ဘူး"
"သူဘယ်ကနေထွက်သွားနိုင်မလဲဆိုတာ ကျွန်တော်တို့စဥ်းစားရမယ်။ဒီညအပြီးရှာမှဖြစ်လိမ့်မယ်။မဟုတ်ရင်.."
မင်းမင်းပြောလက်စ စကားအားရပ်လိုက်မိသည်။လွန်းဟယ်ရီရှေ့မှာဒီလိုစကားမျိုးပြောဖို့မသင့်ပေ။ထက်မြက်မင်းဟာ တကယ့်ကို ဆိုက်ကိုသမားပင်။မင်းမင်းတို့ သူ့အိမ်ကိုရှာတော့ မမကြီး၏ဓာတ်ပုံများကို နေရာမလပ်တွေ့ရသည်။နောက်ပြီး သူဒီကိုပြန်လာခဲ့တာက သွန်းချယ်ရီအမှုကိစ္စကြောင့်မဟုတ်။အမှုကိစ္စကိုအကြောင်းပြပြီး မမကြီးကို သူနဲ့အတူ ခေါ်သွားနိုင်ဖို့အကြံဥာဏ်တွေထုတ်နေခဲ့ခြင်းသာ။သူအများကြီးရင်းနှီးခဲ့ပြီးတာမလို့ မမကြီးကို မဖြစ်မနေ ပါအောင်ခေါ်သွားမှာကျိန်း​သေသည်။ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် သူ့စွဲလန်းမှုဖြစ်တဲ့ မမကြီးကို ခေါ်ဖို့၊အပိုင်ယူဖို့ကြိုးစားပေလိမ့်မည်။
"အခု တပ်ဖွဲ့တွေကိုဘယ်လိုချထားလဲ ကိုဝကြီး"
"သွားနိုင်မယ်ထင်တဲ့နေရာတွေကို တပ်ဖြန့်ထားတယ်။စုံစမ်းရေးလည်းလွှတ်ထားတယ်"
"သူထွက်သွားဖို့တော့ကြိုးစားမှာပဲ။ဘာနဲ့သွားနိုင်မလဲ"
"လေယာဥ်ရော..."
"ဟင့်အင်း ကျွန်တော်တော့မထင်ဘူး လေဆိပ်မှာအစောင့်တွေချထားတဲ့အတွက် သူ့အတွက်အဆင်မပြေဘူး။မမကြီးပါ ပါနေတဲ့အတွက်ပိုဆိုးလိမ့်မယ်"
"ဒါလည်းဟုတ်တယ် သူဘယ်ကနေသွားနိုင်မလဲ။စစ်ဆေးရေးဂိတ်တွေရှိတော့ ကားလည်းသုံးမှာမဟုတ်ဘူး"
ဖြစ်နိုင်ချေရှိသည့်နေရာများအားပြောလိုက် မှတ်ချက်ပြုလိုက်လုပ်နေမိကြသည်။
"ကိုဝကြီး အကယ်ရျ် ထက်မြက်မင်းနေရာ ခင်ဗျားဆိုရင်ရော ဘယ်လိုသွားမလဲ"
"ကျုပ်လား...အင်းစဥ်းစားကြည့်အုံးမယ်။"
အတန်ကြာစဥ်းစားပြီးနောက် ထအော်သည့်ကိူဝကြီးကြောင့်အကုန်လန့်သွားမိသည်။
"ကျုပ်သိပြီ။ကျုပ်သာ သူ့နေရာဆိုရင် သင်္ဘောကိုအသုံးပြုမှာ။လေယာဥ်ရော၊ကားရောထက်စာရင် သင်္ဘောက ပိုလွယ်လိမ့်မယ်။အထူးသဖြင့်မှောင်ခိုလုပ်နေတဲ့ ဦးမင်းလွင်ရဲ့သားဖြစ်သူဆိုရင် သင်္ဘောပဲသုံးလိမ့်မယ်"
"ဟာ..ဟုတ်ပြီ။ဟိုရက်က ဆိပ်ကမ်းမှာ မှောင်ခိုလုပ်တဲ့သင်္ဘောတစ်စင်းအကြောင်းကြားတယ်မလား။အဲ့တာက ဦးမင်းလွင်အပိုင်ဆိုရင် သေချာပေါက် အဲ့တာကိုပဲသုံးလိမ့်မယ်။ကျုပ်တို့အခုလိုက်မှဖြစ်မယ်"
"ဟယ်ရီလည်းလိုက်မယ်"
"သစ်လွင်ရောပဲ.."
တကယ်ဆို မခေါ်ချင်ပေမဲ့ ကိုယ်ချင်းစာမိတာမလို့ မင်းမင်း ဘာမှမပြောတော့ဘဲ ခေါ်လာခဲ့မိတော့သည်။
----
ခန္ဓာကိုယ်အားတစ်ယောက်ယောက်ထိလိုက်သည်ဆိုသည့်အသိနှင့်အတူ နန်းရိပ်မျက်ဝန်းတို့ပွင့်လာတော့သည်။
"နိုးပြီလား..."
"ထက်မြက်မင်း...မင်းငါ့ကိုဘယ်ခေါ်လာတာလဲ။ဟယ်ရီရော..ဟယ်ရီကိုရော မင်းဘာလုပ်လိုက်လဲ"
"ကျွန်တော်ဘယ်ကနေစဖြေရမလဲ မမလွှာရဲ့။မေးခွန်းတွေများလိုက်တာ"
"ငါမေးတာပဲဖြေ..ဟယ်ရီ့ကိုဘာလုပ်လိုက်လဲ။သူတစ်ခုခုထိခိုက်ရင် ငါမင်းကိုအလွတ်ပေးမှာမဟုတ်ဘူး"
"အာ..ကျားသစ်မလေးပဲ။ကြောက်တောင်လာပြီ။လွန်းဟယ်ရီကိုဘာမှမလုပ်ဘူး။ကျွန်တော်က ကျွန်တော်လိုချင်တာကိုပဲ အာရုံစိုက်တာမလို့ အရေးမပါတဲ့သူတွေကို အရေးမထားဘူး မမလွှာရဲ့"
"ငါ့ကိုအဲ့လိုမခေါ်နဲ့။အခု ဘယ်ရောက်နေတာလဲ။နင် ဘာလုပ်ဖို့တွေးနေတာလဲ "
"ဘယ်ရောက်နေလဲဆိုတော့ မမလွှာကို ဘယ်သူမှလိုက်မရှာနိုင်မဲ့ မထင်မှတ်ထားတဲ့​နေရာတစ်ခုလေ။"
"နင်ရူးနေတာလား ဟမ်။ရူးနေတာလား။အပြစ်တစ်ခုကျူးလွန်ပြီးတာအားမရလို့ နောက်တစ်ခုပါ ထပ်ပြီးကျူးလွန်ချင်နေတာလား"
"ကျွန်တော်က ကတိတည်အောင်လုပ်တာလို့ပြောသားပဲ"
"ဘာကတိလဲ..ဟမ်..ဘာကတိလဲ။မဟုတ်တဲ့စကားတွေနဲ့ ဘာလို့လိုက်ပြီး နှောင့်ယှက်နေရတာလဲ။မင်းဘာသာကတိတွေ၊သစ္စာတွေနဲ့ရူးနေလိုက်။ငါမင်းအနားမှာလည်းမနေဘူး။မင်းနဲ့လည်းမလိုက်ဘူး"
နေရာမှထရပ်ကာ တံခါးဆီဦးတည်မိသည်။ဒီနေရာကဘယ်နေရာလဲဆိုတာ နန်းရိပ်မသိ။
"နောက်တစ်ကြိမ် ဒီမြေကိုခြေချတဲ့အခါ မမလွှာကို တစ်ခါတည်းခေါ်သွားမယ်လို့ပြောခဲ့ဖူးတယ်မလား"
ထိုစကားအားပြောရင်း နန်းရိပ်အားဆွဲပြီး တံခါးတွင်ကပ်လိုက်လေသည်။လေးဆယ်ကျော်မိန်းမတစ်ယောက်က ဘာတွေများတွန်းလှန်နိုင်မှာလဲ။မိန်းကလေးတစ်ယောက်လက်ဆိုရင်တောင်မရုန်းနိုင်တာ။ဒီလိုယောင်္ကျားတစ်ယောက်ဆိုရင်။
"မသိဘူး..မသိဘူး။ငါသိလည်းမသိချင်ဘူး။ငါအခုသိတာ ငါ့ကိုပြန်ပို့ပေး"
"မပို့ဘူး..."
"နင်မပို့လည်း ငါ့ကို လာခေါ်မှာ။နင့်လက်ထဲမှာ ငါ့ကိုအကြာကြီးမထားဘူး။"
"အခုလောက်ဆို သူတို့တွေက ကားဂိတ်တွေ၊လေယာဥ်တွေမှာ ဟိုရှာဒီရှာလုပ်နေမှာသိလား။ဒီကိုရောက်လာကြလိမ့်မယ်လို့ထင်လို့လား။ဘယ်သူမှရောက်လာမှမဟုတ်ဘူးသိလား မမလွှာ။"
"မင်း..မင်းငါ့ကိုဘယ်ခေါ်လာတာလဲ"
"အဟက်..မကြောက်ပါနဲ့။မမလွှာရဲ့ယောက္ခမပိုင်တဲ့သင်္ဘောပေါ်ပါ"
သူ့စကားအဆုံးတွင် သူ့ပါးပြင်အား နန်းရိပ်ရိုက်လိုက်မိတော့သည်။သူကတော့အပြုံးမပျက်။အဲ့ဒီလိုအပြုံးမပျက်ပုံကပိုရျ် စိတ်ပျက်စရာကောင်းလှသည်။
နာရီသံတစ်ဂျက်ဂျက်အားကြားရသည်။နန်းရိပ်ဒီမှာထိုင်နေရတာ ဘယ်နှသ်နာရီရှိနေပြီလဲ။တကယ်ပဲ သူပြောသလို နန်းရိပ်ကို ဘယ်သူမှလာမခေါ်တော့ဘူးလားလေ။ပါးပြင်ပေါ်စီးကျသည့်မျက်ရည်စတို့အားသုတ်ရသည်မှာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲလေ။

ဝိုင်ပုလင်းနှင့်ခွက်တစ်ခွက်အားယူပြီး စားပွဲထိုင်လိုက်သည့်သူအား နန်းရိပ်စူးစူးရဲရဲကြည့်မိသည်။တကယ်ပဲ ဘာလုပ်ဖို့များတွေးနေတာလဲ။နှစ်တွေကြာကာမှပေါ်လာပြီး ဘာလို့များဒီလောက်ဒုက္ခပေးနိုင်ရတာလဲ။
"အခုရှစ်နာရီနဲ့မိနစ်သုံးဆယ်သိလား"
သူ​ပြောပေမဲ့နန်းရိပ်မကြားယောင်ဆောင်နေမိသည်။
"ကိုးနာရီထိုးရင် ဒီသင်္ဘောက စထွက်မှာ။သင်္ဘောစထွက်ပြီဆိုတာနဲ့ မမလွှာ ဒီမြေကိုဘယ်တော့မှခြေချရတော့မှမဟုတ်ဘူး။"
စကားသံအဆုံး နန်းရိပ်စိတ်တို့ပူပန်သွားရသည်။တကယ်ပဲကိုးနာရီဆို ထွက်တော့မှာလား။
"အန်တီ့ဆီ မြန်မြန်ရောက်လာပါတော့ မောင်ရယ်"
စိတ်ထဲမှထိုးကားအားအကြိမ်ကြိမ်အခါခါ​ပြောရင်း ဘေးဘီဝဲယာအားကြည့်မိသည်။နန်းရိပ်ဒီတိုင်းထိုင်စောင့်နေလို့တော့မဖြစ်။တစ်ခုခုလုပ်မှဖြစ်လိမ့်မည်ဟုတွေးမိသည်နှင့် ထိုလူ့ရှေ့ကပန်းသီးပေါ်အကြည့်တို့ရောက်သွားမိသည်။ပန်းသီးပေါ်တွင်စိုက်ထားသည့်ဓားအားအကြိမ်ကြိမ်ကြည့်မိသည်။
"သူနဲ့လိုက်သွးရမှာထက်စာရင် သူ့ကိုသတ်တာကပိုကောင်းတယ်"
ထိုသို့တွေးမိသည်နှင့်နေရာမှလျှင်မြန်စွာပင်ထကာ ထိုနေရာဆီရောက်သွားတော့သည်။
"ကျွန်တော်ကမမလွှာ ဒီဓားကိုကြည့်နေတာမသိဘူးများထင်နေသလား"
ဓားကိုင်ထားသည့်နန်းရိပ်လက်အား ဆွဲကိုင်ပြီးပြောလိုက်သည့်သူ။လက်ထဲမှဓားမှာလည်း ကြမ်းပြင်ပေါ့လွတ်ကျသွားတော့သည်။
"အကြမ်းမသုံးချင်လို့အနုနည်းနဲ့လုပ်ပေမဲ့ မမလွှာက အနုနည်းမကြိုက်ပုံပဲ"
"လွှတ်..ငါ့လက်ကိုလွှတ်"
"ကျွန်တော့ယ်ပြောတယ်မလား။ကျွန်တော့်ကို စိတ်တိုအောင်မလုပ်နဲ့လို့။သည်းခံမှုကဒီနေရာမှာကုန်သွားပြီ။မင်းသားက ကပြတာမကြိုက်ရင် ဘီလူးဆိုင်းတီးရတာပေါ့"
နန်းရိပ်အား ပွေ့ချီပြီးနောက် အိပ်ရာပေါ်တင်လိုက်တာကြောင့်လန့်သွားမိသည်။
"နင်..နင် ဘာလုပ်ဖို့တွေးနေတာလဲ"
"အဟက်..ဘာလုပ်ဖို့လဲထင်လဲ။အနုနည်းတွေ မမလွှာမကြိုက်ဘူးမလား"
ထရန်ပြင်တော့ အပေါ်မှ အုပ်မိုးလိုက်သည့်သူ။ကူကယ်ရာမဲ့နေပြီဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်တွေးမိတော့ မျက်ရည်တို့မှာ ဆက်တိုက်စီးဆင်းကျလာတော့သည်။
"အဲ့ဒီမျက်ရည်တွေမမြင်ချင်လို့ အနုနည်းနဲ့ချော့နေတာ သိလား။ဒါပေမဲ့ မမကမှလက်မခံဘဲ"
နန့းရိပ်နှုတ်ခမ်းဆီဦးတည်လာသည့်အခါ မျက်နှာအားတစ်ဖက်သို့လွှဲမိသည်။ကံတရားကစမ်းသပ်နေတာဆိုရင် ဒီလောက်ဆို လုံလောက်ပြီလေ။ထိကပါးရိကပါးလုပ်တာခံရတဲ့အပြင် အသွေးအသားအထိပါဆိုရင် နန်းရိပ် ကိုယ့်ကိုယ်ကိုယ် ပဲ သတ်သေလိုက်တော့မည်။

ဝုန်းကနဲမြည်သံနှင့်အတူ ပွင့်သွားသည့်တံခါး။ထို့နောက်ပြေးဝင်လာသည့်အရိပ်လေး။အချိန်မှီလိုက်လို့တော်ပါသေးရဲ့လေ။
"အန်တီ!!"
အသံတွင်စိုးရိမ်မှုတို့မှာ အထင်းသား။
"မမကြီးကို ခေါ်သွား ဟယ်ရီနဲ့သစ်လွင်"
သူတစ်ပြန် ကိုယ်တစ်ပြန်တိုက်ခိုက်နေသည့်ကြားမှ နန့းရိပ်တို့ ထွက်လာမိသည်။
"အန်တီ..တောင်းပန်ပါတယ် နောက်ကျသွားလို့"
အခုမှမျက်ရည်တို့မှာ ပိုတိုးရျ်ကျဆင်းနေမိတော့သည်။
"ကိုမင်းမင်းကိုကူလိုက်ပါအုံး"
ဟယ်ရီတို့အချိန်မှီရောက်လာလို့တော်ပါသေးရဲ့။မဟုတ်ရင် မတွေးရဲစရာ။ဘယ်လောက်တောင်အန်တီထိတ်လန့်နေလိုက်မလဲလေ။စောစောစီးစီးမရှာနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် သာအပြစ်ဖို့မိသည်။
"ကိုထက်မြက်မင်း ခင်ဗျားအဖမ်းခံလိုက်ပါ"
သေနတ်တို့ဝိုင်းထားသည့်ရှေ့အား လက်နှစ်ဖက်မြှောက်ရင်း လျှောက်လာသည့်သူအားနာကျည်းစွာကြည့်မိသည်။အနောက်တွင်မင်းမင်းမှာသေနတ်ဖြင့်ချိန်ရွယ်လျှက်။
"မင်းမင်း အဆင်ပြေရဲ့လား "
"ဟုတ်ကဲ့ပြေပါတယ်"
"တရားခံကို လက်ထိပ်ခတ်လိုက်ပါ။"
လက်ထိပ်ခတ်ရန်လာသည့်ရဲ၏ခါးတွင်ချိတ်ထည်ထြားသည့်သေနတ်အားလျှပ်တစ်ပြတ်ပင် ဆွဲယူလိုက်သည်။မထင်မှတ်ထားတာမလို့ အကုန်လုံး အံ့သြမှင်သက်သွားချိန်ရှေ့ဆင့်နောက်ဆင့်ထွက်လာသည့်သေနတ်သံနှစ်ချက်အားကြားလိုက်ရသည်။
"ဟယ်ရီ!!"
"အန်တီ!!"
ထိုခဏ သင်္ဘောပေါ်တွင် အသံတို့မှာ ဆူညံစွာပေါ်ထွက်သွားခဲ့တော့သည်။

#Äster
26 December 2022 (7:57PM)
ဒီတစ်ပိုင်းအရမ်းရှည်သွားတယ် ဟီး။
ပြီးခါနီးလို့လားမသိဘူး။voteတွေအများကြီးနဲ့လူတွေအများကြီးဖတ်ကြတယ်။ကျေးဇူးအများကြီးတင်ပါတယ်နော်။

အမုန္းပင္မွပြင့္ေသာအခ်စ္ပန္း
အပိုင္း (၂၄)

"ေနာ္...ေနာ္လို႔ အန္တီ..။သြားၾကမယ္ေနာ္"
တစ္မနက္လုံးအေနာက္က တေကာက္ေကာက္လိုက္ၿပီး ကေလးတစ္ေယာက္ပမာ ခြၽဲေနသည့္လြန္းဟယ္ရီေၾကာင့္ နန္းရိပ္ ဟင္းခ်က္တာပင္ေကာင္းေကာင္းမလုပ္ရ။
"ဘယ္လိုျဖစ္ေနတာလဲ ဟယ္ရီရဲ႕။ဒီမွာအလုပ္လုပ္ေနတယ္ေလ"
"အဲ့အလုပ္ကအေရးမႀကီးဘူးေလ အန္တီရဲ႕။ဟယ္ရီေျပာတာ နားေထာင္ေနာ္"
"မေထာင္ခ်င္ေတာ့ပါဘူး။မင္းတစ္မနက္လုံးလိုက္ေျပာေနလို႔အလြတ္ေတာင္ရေနၿပီ"
"အဲ့တာဆိုလည္း လက္ခံေလအန္တီရဲ႕။ဟယ္ရီတစ္မနက္လုံးေျပာေနတာကို"
"မျဖစ္လို႔ေပါ့..။မျဖစ္လို႔လက္မခံတာေပါ့ ကေလးမရဲ႕။အခုထိ မင္းမမကိစၥက တရားခံအစုံဖမ္းမိေသးတာမွမဟုတ္ဘဲကို။ထက္ျမက္မင္းတစ္ေယာက္ လြတ္ေနေသးတယ္ေလ။အဲ့ဒါကိုမင္းသိရဲ႕နဲ႕ ဘာလို႔ေလွ်ာက္သြားခ်င္ေနရတာလဲ"
"နီးနီးနားနားေလး သြားလည္ခ်င္တာပါ အန္တီရဲ႕။ဟယ္ရီေဝးေဝးလံလံကိုသြားဖို႔မေျပာပါဘူး"
"နီးနီးနားနားလည္း မသြားခ်င္ပါဘူး။ေလွ်ာက္လည္ဖို႔က အေရးႀကီးတာမွမဟုတ္ဘဲ"
"ဟယ္ရီ႕ေမြးေန႕မလို႔ပါ"
တိုးျငင္းစြာထြက္လာသည့္အသံေလးၾကားေဆာ့ နန္းရိပ္လက္တို႔ရပ္တန့္သြားမိသည္။ေမြးေန႕တဲ့လားေလ။နန္းရိပ္ဘာလို႔မသိခဲ့ရပါလိမ့္။အေရးႀကီးတဲ့ေန႕ရက္တစ္ခုကိုမွ နန္းရိပ္ေမ့ေနခဲ့တာပဲ။ဒီေန႕က ဘာေန႕လဲအလွ်င္အျမန္စဥ္းစားေတာ့ ေမလ၂၇ရက္။ဟုတ္သားပဲေလ။ဟယ္ရီရဲ႕ ၂၁ႏွစ္ျပည့္ေမြးေန႕။
"ဟိုေလ..."
"အန္တီအဆင္မေျပရင္ ရပါတယ္။ဟယ္ရီ မသြားေတာ့ပါဘူး"
အိမ္ေပၚထပ္သို႔တက္သြားသည့္ကေလးမအားၾကည့္ရင္း နန္းရိပ္ သက္ျပင္းသဲ့သဲ့ခ်မိသည္။အစတည္းက ဘာေန႕လဲေမးလိုက္မိရင္ေကာင္းသားေလ။
"အန္တီ..."
"သစ္လြင္လာတာနဲ႕အေတာ္ပဲ။အန္တီဒါေလးထားခဲ့မယ္။သစ္လြင္ဆက္ၾကည့္ေပးေနာ္။"
"ဟုတ္..အန္တီကဘယ္သြားမလို႔လဲ"
"ဒီေန႕က မင္းမမေလးေမြးေန႕ဆို။အန္တီလည္းေမ့ေနတာ သူေျပာမွသိတယ္။အဲ့တာအျပင္သြားခ်င္လို႔တဲ့။အန္တီလိုက္ပို႔လိုက္အုံးမယ္"
"ဟုတ္..အန္တီ"
အိမ္ေပၚထပ္ဆီသို႔လွ်င္ျမန္စြာတက္သြားသည့္အန္တီအားၾကည့္ကာ ဟယ္ရီ နာက်င္စြာပင္ၿပဳံးလိုက္မိသည္။
"မမေလးကအရမ္းကံေကာင္းတာပဲ။အန္တီ့ကိုပိုင္ဆိုင္ခြင့္လည္းရသလို အန္တီ့အခ်စ္ေတြကိုပါပိုင္ဆိုင္ခြင့္ရခဲ့တယ္။သစ္လြင္နဲ႕ေတာ့ တစ္ျခားစီပါပဲ"
အန္တီလုပ္လက္စဟင္းအိုးအား ေမႊၿပီးသည့္ေနာက္ လုပ္စရာရွိသည္မ်ားအားဆက္ကာလုပ္မိသည္။
"ဟယ္ရီ.."
နန္းရိပ္ေခၚသည္အား မၾကည့္ပါဘဲ ဖုန္းပဲၾကည့္ေနသည့္ကေလးမ။စိတ္ေကာက္တာမဟုတ္ဘဲ စိတ္မေကာင္းျဖစ္ေနတာမွန္းနန္းရိပ္သိပါသည္။
"အျပင္သြားမယ္ဆို"
ထိုကေလးမေဘးဝင္ထိုင္ရင္းဆိုေပမဲ့းကားျပန္မလာတာေၾကာင့္လက္ထဲရွိဖုန္းအားယူလိုက္မိသည္။
"အျပင္သြားမယ္ဆို ဘာလို႔ဖုန္းၾကည့္ေနတာလဲ"
"အန္တီမအားဘူးမလား..."
"ဘယ္သူက မအားဘူးေျပာလို႔လဲ။သြားမယ္ ေနာ္"
"ရပါတယ္။အန္တီ့ကို ဒုကၡမေပးခ်င္ပါဘူး"
"သြားပါမယ္ဆိုေန..။"
ထိုကေလးမေရွ႕အားရပ္ရင္း နန္းရိပ္ဆိုလိုက္မိသည္။
"စိတ္မေကာင္းျဖစ္သြားတာမလား။အန္တီေတာင္းပန္ပါတယ္ေနာ္။ဟယ္ရီ႕ေမြးေန႕ကို အန္တီမွတ္မထားမိခဲ့ဘူး။ေတာင္းပန္ပါတယ္"
နဖူးအားငုံ႕ကာနမ္းရင္းနန္းရိပ္ဆိုမိသည္။
"နဖူးကိုနမ္း႐ုံနဲ႕ေတာ့ စိတ္မေကာင္းျဖစ္တာမေပ်ာက္နိုင္ဘူးေလ အန္တီရဲ႕"
"ကဲေျပ...အန္တီဘာလုပ္ေပးရမလဲ။ဒီေမြးေန႕ရွင္ေလး စိတ္ေပ်ာ္ေအာင္ ဘာလုပ္ေပးရမလဲရွင့္"
"အို႔..အေမ့"
႐ုတ္တရက္ဆြဲကာ သူ႕ေပါင္ေပၚထိုင္ေစသည့္ကေလးမေၾကာင့္ နန္းရိပ္လည္း အလိုက္တသိ ထိုင္ေနလိုက္မိေတာ့သည္။
"စိတ္မေကာင္းမျဖစ္ေတာ့ေအာင္ တကယ္လုပ္ေပးမွာလား"
"အြန္း..တကယ္လုပ္ေပးမယ္။အန္တီ ဘာလုပ္ေပးရမလဲ"
ထိုကေလးမလည္ပင္းအား သိုင္းဖက္ရင္းျဖင့္ပင္ နန္းရိပ္ေျပာလိုက္မိသည္။အသက္ရႉသံ္ပ္တိုးတိုးအားၾကားၿပီး ေလႏြေးႏြေးအားခံစားရသည္။နန္းရိပ္ကိုစိုက္ၾကည့္ေနသည့္ကေလးမ၏ဆြဲအားျပင္းသည့္ မ်က္ဝန္းမ်ားအား ရင္မဆိုင္နိုင္စြာပင္ အၾကည့္တို႔လႊဲမိသည္။
"ဘာလို႔မ်က္ႏွာလႊဲရတာလဲ ဟယ္ရီ႕ကိုပဲၾကည့္ေလ"
"ၾကည့္..ၾကည့္ပါတယ္။ဟယ္ရီက ဘာလို႔အဲ့လိုစိုက္ၾကည့္ေနတာလဲ။အဲ့လိုပဲၾကည့္ေနမယ္ဆို အန္တီ ထေတာ့မယ္"
"ရင္ခုန္ေနတာလား"
"ဟယ္ရီေနာ္..."
"ဟယ္ရီ..ဟယ္ရီနဲ႕မေခၚစမ္းပါနဲ႕အန္တီရယ္။ႏူးႏူးညံ့ညံ့ေလးေခၚပါလား။ဟယ္ရီဆိုတာ သူမ်ားေတြလည္းေခၚေနတာကို"
"ဟယ္ရီက မင္းနာမည္ေလ။နာမည္မေခၚလို႔ အန္တီက ဘယ္လိုေခၚရမလဲ။မရစ္နဲ႕ကြယ္။အျပင္သြားမယ္ဆိုလည္း လုပ္"
"မရဘူး တစ္ျခားဟာေခၚ..ဥပမာ အခ်စ္တို႔ ဘာတို႔"
"ကေလးကလားေတြ..မေခၚခ်င္ပါဘူး"
"ဒါဆို ကိုကိုေရာ..။ဒါဆို လူႀကီးဆန္သြားၿပီ"
"ပိုဆိုးေသးတယ္ လူၾကည့္ေတာ့ တို႔အသက္ထက္ဝယ္ငယ္တာကို ဘာကိုကိုလဲ ဟြန့္"
"ဒါဆို..ေမာင္လို႔ေခၚ ဟုတ္ၿပီလား"
"မေခၚခ်င္ပါဘူး ပါးစပ္ယားတယ္ ဟယ္ရီက ဟယ္ရီေပါ့ ဘာေမာင္လဲ"
"အန္တီေနာ္..မရဘူး ေမာင္လို႔ေခၚရမယ္။ဟယ္ရီလို႔တစ္ခါေခၚရင္ ေခၚတဲ့ႏႈတ္ခမ္းကို တစ္ခါနမ္းမယ္"
"မ..ေခၚ..ဘူး.."
ဟယ္ရီ႕အားလွ်ာထုတ္ၿပီး ေျပာင္ျပေနသည့္အမ်ိဳးသမီးအားဟယ္ရီအခ်စ္ပိုေနရေတာ့သည္။
"ဟယ္ရီ..."
"ႁပြတ္..."
"ဟယ္ရီ..ဟယ္ရီ "
"ႁပြတ္...ႁပြတ္.."
"အန္တီကကြာ..ေမာင္လို႔ေခၚပါဆို"
"ဟယ္ရီ.။ဟယ္ရီ...။ဟယ္ရီ...။ဟယ္ရီလို႔ပဲေခၚမယ္"
"ဟာ!!ဒါက စိန္ေခၚတာလား အန္တီ"
"ႀကိဳက္သလိုေတြး...ဟယ္ရီပဲ"
"ဟယ္ရီလို႔မေခၚနိုင္ေတာ့တဲ့အထိ အန္တီ့ႏႈတ္ခမ္းေတြကို နမ္းပစ္မယ္"
ေျပာေျပာဆိုဆို အေနအထားအားေျပာင္းလိုက္ေတာ့ ေပါင္ေပၚရွိအန္တီမွာ ေမြ႕ယာထက္ ဟယ္ရီေအာက္သို႔ေရာက္သြားေတာ့သည္။
"အခ်ိန္မွီေသးတယ္ေနာ္ အန္တီ"
"ဟင့္အင္း..ဟယ္ရီပဲ"
မ်က္ခုံးတစ္ဖက္အားပင့္ရင္း ဆိုလာသည့္အမ်ိဳးသမီး။ဟယ္ရီအသည္းယားစြာ တစ္ခ်က္ၿပဳံးလိုက္ရင္း ႏႈတ္ခမ္းတို႔အား ငုံေထြးသိမ္းပိုက္လိုက္မိသည္။အခ်ိန္ဘယ္ေလာက္ေတာင္ၾကာသည္မသိ အသက္ရႉမဝျဖစ္မွာစိုးတာေၾကာင့္ ခဏလႊတ္ေပးလိုက္မိသည္။
"ေခၚမွာလား..."
"ဟြန့္..လူကိုမညွာဘူး"
"အန္တီက အသည္းယားေအာင္လုပ္တာကို။အခုေရာ ေမာင္လို႔ေခၚဖို႔အစီအစဥ္ရွိလား။မရွိလည္းရတယ္ေနာ္။အန္တီႏႈတ္ခမ္းေတြကို ေန႕ညမျပတ္ ငုံေထြးထားလို႔ရတယ္"
"ဟိုး..ဟိုးထား။တို႔ေတာ္ေတာ္ ေမာေနၿပီသိလား ကေလးမ။အရမ္းေတြကဲေန"
"ဒါဆို ေခၚေလလို႔ အန္တီရဲ႕..."
"ေမာင္..."
"ျပန္ေခၚပါအုံး..ေသခ်ာမၾကားရလို႔"
ေျပာင္စပ္စပ္လုပ္ေနစည့္ကေလးမအား နန္းရိပ္မ်က္ေစာင္းခဲမိသည္။
"ေမာင္..ေမာင္လို႔။အန္တီရဲ႕ေမာင္။အန္တီခ်စ္ရတဲ့ေမာင္..။ဟုတ္ၿပီလား"
"အား..ေသပါၿပီ"
ခ်က္ခ်င္းေမြ႕ယာေပၚ ပက္လက္လန္သြားသည့္ကေလးမအားၾကည့္ကာနန္းရိပ္ၿပဳံးမိသည္။တတ္လည္းတတ္နိုင္တဲ့ကေလးမပါေလ။ေျပေလ်ာ့သြားသည့္ဆံထုံးအား ထိုင္ရင္းေျဖခ်လိဳက္ေတာ့ ဆံႏြယ္တို႔မွါကပို ကရိုက်လာေတာ့သည္။
"အဲ့လိုပဲေနေတာ့မွာလား။အျပင္သြားမယ္ဆို..ထေတာ့ေလ"
"ထေစခ်င္ရင္ အနမ္းေပး "
"မဝေသးဘူးလား..။ဒီေလာက္နမ္းေနတာကို"
"ဟင့္အင္း..အန္တီ့ႏႈတ္ခမ္းကိုနမ္းရင္ ဝတယ္ဆိုတာမရွိဘူး"
ပုခုံးတစ္ဖက္ဆီသိူ႕ဆံႏြယ္တို႔အားစုခ်လိဳက္ရင္း ထိုကေလးမအား ႏႈတ္ခမ္းအားငုံ႕ကာ အနမ္းေပးလိုက္မိသည္။
"ရၿပီ..ထေတာ့။ေနာက္က်ေနမယ္"
-----
"ပန္းၿခံထဲသြားမယ္ေလေနာ္.."
"လူရႈပ္ကရႈပ္နဲ႕ "
"ညေနေစာင္းဆိုေတာ့ အရမ္းႀကီးေတာ့မရႈပ္ေလာက္ပါဘူးအန္တီရဲ႕။သြားမယ္ေနာ္"
"ညေနေစာင္းပိုၿပီး လူရႈပ္တာမဟုတ္ဘူးလား။ကန္စပ္တစ္ေလွ်ာက္ဆို အတြဲေတြစီလို႔ကို"
"ဟယ္ရီေလွ်ာက္ခ်င္လို႔ပါ အန္တီရဲ႕။သြားၾကမယ္ေနာ္...ေနာ္"
"ဟုတ္ၿပီ..ဟုတ္ၿပီ သေဘာသေဘာ။သြားခ်င္သပဆို သြားၾကမယ္"
လိုခ်င္တာရသြားေတာ့ ၿပဳံးကာ နန္းရိပ္ပါးျပင္အားလာနမ္းသည့္ကေလးမ။ေျပာလို႔လည္းရမွာမဟုတ္တာေၾကာင့္ ၿပဳံးၿပီးသာေနလိုက္မိေတာ့သည္။
ကန္ျပင္အား ျဖတ္ကာတိုက္ခတ္လာသည့္ေလႏုေအးအား ရႉရွိုက္ရင္း လမ္းေလွ်ာက္မိၾကသည္။ဒါကဟယ္ရီနဲ႕အန္တီ့အတြက္ ပထမဦးဆုံးအႀကိမ္ပင္။ဒီႏွစ္ေမြးေန႕ကေတာ့ မွတ္မွတ္ရရပင္။မမႀကီးဆုံးၿပီးတည္းက ေမြးေန႕ဆို ဒီတိုင္းျဖတ္သန္းျဖစ္ခဲ့သည့္ ဟယ္ရီ။အခုႏွစ္မွာေတာ့ ေပ်ာ္႐ႊင္စြာျဖတ္သန္းျဖစ္ခဲ့ၿပီ။
"အန္တီ..."
"ရွင္...ေျပာပါ"
စေနာက္ကေျဖသည့္အန္တီေၾကာင့္ဟယ္ရီၿပဳံးရင္း အန္တီပုခုံးေပၚ ေခါင္းမွီလိုက္မိသည္။
"ေနာက္ႏွစ္ေတြလည္း ေမာင့္အနားမွာ ရွိေနေပးမယ္မလား"
"ဟြန့္..ဘာေမာင္လဲ"
"အန္တီရဲ႕ေမာင္ေလ။မဟုတ္လို႔လား အန္တီပဲေျပာၿပီး။ေမးတာေျဖပါ။ေနာက္ႏွစ္ေတြလည္း ရွိေနေပးမယ္မလားဟင္"
"ေမးစရာလိုေသးလို႔လားကြယ္။အန္တီ့ရဲ႕ေနာက္ဆုံးအခ်ိန္ထိ ေမာင့္အနားမွာပဲ ရွိေနေပးမွာ ေနာ္"
"ခ်စ္လိုက္တာေလ တစ္ေန႕တစ္ေန႕ အန္တီ့ကိုပိုပိုခ်စ္လာတာပဲသိလား"
"ကဲ..အဲ့တာထားပါ။မိုးခ်ဳပ္ေနၿပီ။ဒီထဲလူေတာင္သိပ္မရွိေတာ့ဘူး။ျပန္ၾကရေအာင္ေနာ္"
"ဟုတ္ အန္တီ..."
တစ္ေယာက္လက္အား တစ္ေယာက္ဆုပ္ကိုင္ရင္း ေပါ့ပါးသြက္လက္သည့္ေျခလွမ္းတို႔ျဖင့္ ကားထားခဲ့ရာဆီ ေလွ်ာက္မိၾကသည္။
"ကြၽီ.."
အေရွ႕တြင္ထိုးရပ္လိုက္သည့္ကားေၾကာင့္ ဟယ္ရီေရာအန္တီပဲ လန့္ကာ ေနာက္သို႔ဆုတ္လိုက္မိၾကသည္။
"ဟ..ဘာလဲ။႐ူးေနတာလား"
ဟယ္ရီမေက်မခ်မ္းေရ႐ြတ္ေနစဥ္ ကားေပၚမွaskအမဲေရာင္အား တပ္ထားသည့္ အမ်ိဳးသားတစ္ဦးဆင္းလာေလသည္။ျမင္ဖူးသလိုလိုရွိတယ္လို႔စိတ္ထဲေတြးမိေပမဲ့ ဘယ္သူမွန္းဟယ္ရီေသခ်ာေတြးမရ။ဦးထုပ္အနက္ေရာင္အားလည္း ခပ္ငိုက္ငိုက္ေဆာင္းထားေသးတာေၾကာင့္ အကဲခတ္ဖို႔ပိုရ်္ခက္ခဲလွသည္။
"အရမ္းေပ်ာ္ေနၾကပုံပဲ။ ကြၽန္ေတာ့္ကိုေတာင္ မမွတ္မိေတာ့ဘူးလား မမလႊာ "
"မမလႊာ..မမလႊာ..ဟင္!!"
ဟယ္ရီအခုမွ ထိုလူအားမွတ္မိသြားေတာ့သည္။
"ထက္ျမက္မင္း..."
အန္တီ့ဆီမွ ထြက္လာသည့္အသံ။အနည္းငယ္အသံတို႔တုန္ယင္ေနကာေနေလသည္။
"မွတ္မိသြားၿပီပဲ...။ကြၽန္ေတာ္ ကတိ့ကိုတည္ေအာင္ လာလုပ္တာ"
ဟယ္ရီ႕လက္တို႔အား နန္းရိပ္တင္းပ်ပ္စြာဆုပ္ကိုင္ရင္း ဘာလုပ္ရမလဲဆိုသည့္အေျဖအား စဥ္းစားေနမိသည္။႐ုတ္တရက္ႀကီးေပါလာလိမ့္မယ္လို႔မထင္ခဲ့မိတာအမွန္။မင္းမင္း သတိေပးပါလွ်က္နဲ႕ နန္းရိပ္ သတိလက္လြတ္ျဖစ္သြားရသည္။
"မမလႊာ ကြၽန္ေတာ္နဲ႕လိုက္ခဲ့ပါ"
"႐ူးေနလား...မင္းလိုလူမ်ိဳးနဲ႕ငါက ဘာလို႔လိုက္ရမွာလဲ"
"ကြၽန္ေတာ္က အားမသုံးခ်င္လို႔ ေအးေဆးေခၚေနတုန္း လိုက္ရင္ေကာင္းမယ္"
"ဒီမွာ ရွင္႐ူးေနလား။ရွင့္လိုေထာင္နန္းစံရမဲ့သူရဲ႕ေနာက္ကို အန္တီကလိုက္စရာလား"
နန္းရိပ္ႏွင့္ထက္ျမက္မင္းၾကားတြင္ ရပ္ကာ ေျပာသည့္ဟယ္ရီ႕အား နန္းရိပ္ တစ္ခ်က္ဆြဲလိုက္မိသည္။
"ကေလးက ကေလးလိုေနတာေကာင္းမယ္။"
"မင္းမွာ သူ႕ကိုဘာမွ ေျပာပိုင္ခြင့္မရွိဘူး ထက္ျမက္မင္း။ေထာင္နန္းမစံခ်င္ေသးဘူးဆိုရင္ ဒီေနရာကေန မင္းအခုေျပးရင္လြတ္မယ္ထင္တယ္"
"အဟက္..ေျပးမွာပါ။ကြၽန္ေတာ္တစ္ေယာက္တည္းေတာ့ မဟုတ္ဘူး မမလႊာကိုပါေခၚသြားမွာ"
ေျပာေျပာဆိုဆိုျဖင့္ ဟယ္ရီ႕အား တြန္းကာ နန္းရိပ္လက္အားဆြဲလိုက္သည့္သူ။အရွိန္ပါတာေၾကာင့္လမ္းေပၚသို႔လဲက်သြားေတာ့သည္။
"ထက္ျမက္မင္း ငါ့လက္ကိုလႊတ္စမ္း"
ကားေပၚမွ လူသုံးေယာက္မွာ ဆင္းလာၿပီး ဟယ္ရီ႕အားဆြဲထူကာခ်ဳပ္လိုက္တာေၾကာင့္ နန္းရိပ္ စိုးရိမ္စိတ္တို႔ျမင့္တက္သြားရသည္။ဘာလို႔အခုမွ ဒီေနရာကို လူေတြမလာၾကေတာ့တာလဲ။
"ထက္ျမက္မင္း..မင္း ဘာလုပ္ဖို႔ေတြးေနတာလဲ"
"မမလႊာကို ေခၚသြားဖို႔ပဲ ကြၽန္ေတာ္ ေတြးတာပါ"
ေအးေဆတည္ၿငိမ္စြာေျဖပုံမွာ နန္းရိပ္ေသြးတို႔အား ဆူပြက္ေစကာ ေဒါသရိပ္တို႔ပိုတိုးေစသည္။
"လႊတ္..ငါ့လက္ကိုလႊတ္စမ္း။"
"ဘာေတြကိုစိတ္ပူေနတာလဲ မမလႊာသာ ကြၽန္ေတာ္နဲ႕လိုက္မယ္ဆိုရင္ အဲ့တစ္ေယာက္ဘာမွမထိခိုက္ေစရဘူး"
"အန္တီ သူ႕စကားကိုနားေယာင္မေနနဲ႕။ထက္ျမင္မင္း ရွင္ ေယာကၤ်ားမဟုတ္ဘူးလားဟမ္။မိန္းကေလးႏွစ္ေယာက္ကိုအင္အားသုံးတာ ရွင့္အစားကြၽန္မ ရွက္လိုက္တာ"
"အဟက္ ရွက္ရမယ္ေပါ့ ဒီမယ္ ေကာင္မေလး ငါ့မွာအရွက္တရားေရာ အေၾကာက္တရားေရာမရွိဘူး။သိလည္းမသိဘူး။ငါသိတာက မမလႊာကို ငါနဲ႕အတူေခၚသြားဖို႔ပဲ"
ဆုပ္ကိုင္ထားသည့္လက္အား သူ႕အားျဖင့္ဆြဲေတာ့ နန္းရိပ္ခႏၶာကိုယ္မွာ သူ႕ရင္ႏွင့္ကပ္သြားရသည္။ဒါတင္အားမရေသးဘဲ လက္တစ္ဖက္ျဖင့္ ခါးအားဖက္တြယ္လိုက္သည့္အခါ ဒီေနရာမွာေပ်ာက္ကြယ္သြားခ်င္မိသည္။ေယာကၤ်ားတစ္ေယာက္ရဲ႕အထိအေတြ႕၊အဲ့ဒီေယာကၤ်ားက တစ္ျခားသူလည္းမဟုတ္ ကိုယ္ခ်စ္ရတဲ့သူကိုနာက်င္ေစခဲ့တဲ့သူ။အဲ့ဒီလူက ကိုယ့္ကို လိုသလိုဆြဲယူအနိုင္က်င့္ေနခဲ့တာ။တစ္ျခားသူေရွ႕မွာမဟုတ္ ကိုယ္ခ်စ္ရတဲ့သူရဲ႕ေရွ႕မွာမွတဲ့ေလ။မုန္းလိုက္တာ။ကိုယ့္ကိုယ္ကိုယ္ ဒီတစ္ႀကိမ္မွာအေတာ္မုန္းမိပါသည္။
"ထက္ျမင္မင္း အန္တီ့ကို ခုခ်က္ခ်င္းလႊတ္လိုက္"
"ကိုယ့္အေျခအေနကိုယ္ၾကည့္ၿပီးမွ စြာေလ"
"သူ႕ကိူလႊတ္ေပးလိုက္ပါ...သူ႕ကိုသြားခြင့္ေပးလိုက္ပါ "
"အန္တီ..အန္တီဘာေတြေျပာေနတာလဲ"
"တို႔ေတာင္းပန္ပါတယ္ သူ႕ကိုသြားခြင့္ေပးလိုက္ပါ။"
"ဒါဆို ကြၽန္ေတာ္ေျပာတဲ့ကိစၥကို သေဘာတူတယ္ေပါ့ေလ"
"အန္တီ..."
ထိတ္လန့္စြာအာ္သည့္အသံအား နန္းရိပ္မ်က္ကြယ္ျပဳလိုက္သည္။ဒီေလာက္ဆို နာက်င္ရတာလုံေလာက္ပါၿပီယကိုယ္ခ်စ္ရတဲ့သူေရွ႕မွာ တစ္ပါးသူရဲ႕ ထိပါးျခင္းကိုခံရတာ နန္းရိပ္အတြက္လည္းလုံေလာက္ၿပီျဖစ္သလို ဟယ္ရီ႕အတြက္လည္း နာက်င္ရတာလုံေလာက္ၿပီ။မ်က္ဝန္းထဲမွာ ေနာက္ဆုံးဝိုးတိုးဝါးတားျမင္ခဲ့ရတာက အဲ့ကေလးမကို ဆြဲေခၚသြားၾကသည့္ပုံပင္။နန္းရိပ္ဘာမွမကူနိုင္ခဲ့။ေလာကႀကီးနဲ႕ခဏတာ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့သည္။
.....
"ခဏေလး..စိတ္ေအးေအးထား။စိတ္ေအးေအးထားၿပီး အစ္ကို႔ကိုေသခ်ာရွင္းျပ။ညီမေသခ်ာရွင္းျပမွ အစ္ကိုတို႔ မမႀကီးကို ကယ္နိုင္မွာ"
ရွိုက္ငင္စြာျဖင့္ေျပာေနသည့္ သူအား မင္းမင္းတို႔ အေသအခ်ာေဖ်ာင္းျဖရသည္။
"သစ္လြင္ ေရတစ္ခြက္ေလာက္ယူေပး"
"ဟုတ္ကဲ့အစ္ကို"
ေရတစ္ခြက္အားေသာက္ခိုင္းၿပီး ခဏအနားယူခိုင္းေတာ့ အနည္းငယ္အဆင္ေျပစြားေတာ့သည္။ထိုအခါမွ မင္းမင္းတို႔ သိခ်င္တာအားေမးျမန္းရသည္။ထက္ျမက္မင္းကို ေတြ႕လိုက္ေၾကာင္း အေၾကာင္းၾကားတဲ့သူေၾကာင့္ မင္းမင္းတို႔ထြက္လာခဲ့ေပမဲ့ ေနာက္က်သြားခဲ့ရသည္။
"အန္တီ..အန္တီကိုျမန္ျမန္ကယ္မွရမယ္။အန္တီကိုျမန္ျမန္ကယ္ေပးပါေနာ္..ေနာ္အစ္ကို"
"မမႀကီးကို အစ္ကိုတို႔ရေအာင္ကယ္မွာေနာ္။ဒါေၾကာင့္ဟယ္ရီက အေသးစိတ္ကိုေသခ်ာေလးေျပာျပေပး ဟုတ္ၿပီလား"
ဟယ္ရီေျပာျပသည္မ်ားအားနားေထာင္ရင္း တစ္ေယာက္တစ္ခြန္းမွတ္ခ်က္ျပဳမိၾကသည္။
"သူဒီမွာၾကာၾကာ မေနေလာက္ဘူး "
"ဟုတ္တယ္ သူဒီကေနထြက္သြားဖို႔ႀကိဳးစားလိမ့္မယ္။ဒါေပမဲ့ ေဒၚနန္းရိပ္လႊာပါေနတဲ့အတြက္ သူလြယ္ေတာ့လြယ္ကူလိမ့္မွာမဟုတ္ဘူး"
"သူဘယ္ကေနထြက္သြားနိုင္မလဲဆိုတာ ကြၽန္ေတာ္တို႔စဥ္းစားရမယ္။ဒီညအၿပီးရွာမွျဖစ္လိမ့္မယ္။မဟုတ္ရင္.."
မင္းမင္းေျပာလက္စ စကားအားရပ္လိုက္မိသည္။လြန္းဟယ္ရီေရွ႕မွာဒီလိုစကားမ်ိဳးေျပာဖို႔မသင့္ေပ။ထက္ျမက္မင္းဟာ တကယ့္ကို ဆိုက္ကိုသမားပင္။မင္းမင္းတို႔ သူ႕အိမ္ကိုရွာေတာ့ မမႀကီး၏ဓာတ္ပုံမ်ားကို ေနရာမလပ္ေတြ႕ရသည္။ေနာက္ၿပီး သူဒီကိုျပန္လာခဲ့တာက သြန္းခ်ယ္ရီအမႈကိစၥေၾကာင့္မဟုတ္။အမႈကိစၥကိုအေၾကာင္းျပၿပီး မမႀကီးကို သူနဲ႕အတူ ေခၚသြားနိုင္ဖို႔အႀကံဥာဏ္ေတြထုတ္ေနခဲ့ျခင္းသာ။သူအမ်ားႀကီးရင္းႏွီးခဲ့ၿပီးတာမလို႔ မမႀကီးကို မျဖစ္မေန ပါေအာင္ေခၚသြားမွာက်ိန္းေသသည္။ဘယ္လိုနည္းနဲ႕ပဲ ျဖစ္ျဖစ္ သူ႕စြဲလန္းမႈျဖစ္တဲ့ မမႀကီးကို ေခၚဖို႔၊အပိုင္ယူဖို႔ႀကိဳးစားေပလိမ့္မည္။
"အခု တပ္ဖြဲ႕ေတြကိုဘယ္လိုခ်ထားလဲ ကိုဝႀကီး"
"သြားနိုင္မယ္ထင္တဲ့ေနရာေတြကို တပ္ျဖန့္ထားတယ္။စုံစမ္းေရးလည္းလႊတ္ထားတယ္"
"သူထြက္သြားဖို႔ေတာ့ႀကိဳးစားမွာပဲ။ဘာနဲ႕သြားနိုင္မလဲ"
"ေလယာဥ္ေရာ..."
"ဟင့္အင္း ကြၽန္ေတာ္ေတာ့မထင္ဘူး ေလဆိပ္မွာအေစာင့္ေတြခ်ထားတဲ့အတြက္ သူ႕အတြက္အဆင္မေျပဘူး။မမႀကီးပါ ပါေနတဲ့အတြက္ပိုဆိုးလိမ့္မယ္"
"ဒါလည္းဟုတ္တယ္ သူဘယ္ကေနသြားနိုင္မလဲ။စစ္ေဆးေရးဂိတ္ေတြရွိေတာ့ ကားလည္းသုံးမွာမဟုတ္ဘူး"
ျဖစ္နိုင္ေခ်ရွိသည့္ေနရာမ်ားအားေျပာလိုက္ မွတ္ခ်က္ျပဳလိုက္လုပ္ေနမိၾကသည္။
"ကိုဝႀကီး အကယ္ရ်္ ထက္ျမက္မင္းေနရာ ခင္ဗ်ားဆိုရင္ေရာ ဘယ္လိုသြားမလဲ"
"က်ဳပ္လား...အင္းစဥ္းစားၾကည့္အုံးမယ္။"
အတန္ၾကာစဥ္းစားၿပီးေနာက္ ထေအာ္သည့္ကိူဝႀကီးေၾကာင့္အကုန္လန့္သြားမိသည္။
"က်ဳပ္သိၿပီ။က်ဳပ္သာ သူ႕ေနရာဆိုရင္ သေဘၤာကိုအသုံးျပဳမွာ။ေလယာဥ္ေရာ၊ကားေရာထက္စာရင္ သေဘၤာက ပိုလြယ္လိမ့္မယ္။အထူးသျဖင့္ေမွာင္ခိုလုပ္ေနတဲ့ ဦးမင္းလြင္ရဲ႕သားျဖစ္သူဆိုရင္ သေဘၤာပဲသုံးလိမ့္မယ္"
"ဟာ..ဟုတ္ၿပီ။ဟိုရက္က ဆိပ္ကမ္းမွာ ေမွာင္ခိုလုပ္တဲ့သေဘၤာတစ္စင္းအေၾကာင္းၾကားတယ္မလား။အဲ့တာက ဦးမင္းလြင္အပိုင္ဆိုရင္ ေသခ်ာေပါက္ အဲ့တာကိုပဲသုံးလိမ့္မယ္။က်ဳပ္တို႔အခုလိုက္မွျဖစ္မယ္"
"ဟယ္ရီလည္းလိုက္မယ္"
"သစ္လြင္ေရာပဲ.."
တကယ္ဆို မေခၚခ်င္ေပမဲ့ ကိုယ္ခ်င္းစာမိတာမလို႔ မင္းမင္း ဘာမွမေျပာေတာ့ဘဲ ေခၚလာခဲ့မိေတာ့သည္။
----
ခႏၶာကိုယ္အားတစ္ေယာက္ေယာက္ထိလိုက္သည္ဆိုသည့္အသိႏွင့္အတူ နန္းရိပ္မ်က္ဝန္းတို႔ပြင့္လာေတာ့သည္။
"နိုးၿပီလား..."
"ထက္ျမက္မင္း...မင္းငါ့ကိုဘယ္ေခၚလာတာလဲ။ဟယ္ရီေရာ..ဟယ္ရီကိုေရာ မင္းဘာလုပ္လိုက္လဲ"
"ကြၽန္ေတာ္ဘယ္ကေနစေျဖရမလဲ မမလႊာရဲ႕။ေမးခြန္းေတြမ်ားလိုက္တာ"
"ငါေမးတာပဲေျဖ..ဟယ္ရီ႕ကိုဘာလုပ္လိုက္လဲ။သူတစ္ခုခုထိခိုက္ရင္ ငါမင္းကိုအလြတ္ေပးမွာမဟုတ္ဘူး"
"အာ..က်ားသစ္မေလးပဲ။ေၾကာက္ေတာင္လာၿပီ။လြန္းဟယ္ရီကိုဘာမွမလုပ္ဘူး။ကြၽန္ေတာ္က ကြၽန္ေတာ္လိုခ်င္တာကိုပဲ အာ႐ုံစိုက္တာမလို႔ အေရးမပါတဲ့သူေတြကို အေရးမထားဘူး မမလႊာရဲ႕"
"ငါ့ကိုအဲ့လိုမေခၚနဲ႕။အခု ဘယ္ေရာက္ေနတာလဲ။နင္ ဘာလုပ္ဖို႔ေတြးေနတာလဲ "
"ဘယ္ေရာက္ေနလဲဆိုေတာ့ မမလႊာကို ဘယ္သူမွလိုက္မရွာနိုင္မဲ့ မထင္မွတ္ထားတဲ့ေနရာတစ္ခုေလ။"
"နင္႐ူးေနတာလား ဟမ္။႐ူးေနတာလား။အျပစ္တစ္ခုက်ဴးလြန္ၿပီးတာအားမရလို႔ ေနာက္တစ္ခုပါ ထပ္ၿပီးက်ဴးလြန္ခ်င္ေနတာလား"
"ကြၽန္ေတာ္က ကတိတည္ေအာင္လုပ္တာလို႔ေျပာသားပဲ"
"ဘာကတိလဲ..ဟမ္..ဘာကတိလဲ။မဟုတ္တဲ့စကားေတြနဲ႕ ဘာလို႔လိုက္ၿပီး ႏွောင့္ယွက္ေနရတာလဲ။မင္းဘာသာကတိေတြ၊သစၥာေတြနဲ႕႐ူးေနလိုက္။ငါမင္းအနားမွာလည္းမေနဘူး။မင္းနဲ႕လည္းမလိုက္ဘူး"
ေနရာမွထရပ္ကာ တံခါးဆီဦးတည္မိသည္။ဒီေနရာကဘယ္ေနရာလဲဆိုတာ နန္းရိပ္မသိ။
"ေနာက္တစ္ႀကိမ္ ဒီေျမကိုေျခခ်တဲ့အခါ မမလႊာကို တစ္ခါတည္းေခၚသြားမယ္လို႔ေျပာခဲ့ဖူးတယ္မလား"
ထိုစကားအားေျပာရင္း နန္းရိပ္အားဆြဲၿပီး တံခါးတြင္ကပ္လိုက္ေလသည္။ေလးဆယ္ေက်ာ္မိန္းမတစ္ေယာက္က ဘာေတြမ်ားတြန္းလွန္နိုင္မွာလဲ။မိန္းကေလးတစ္ေယာက္လက္ဆိုရင္ေတာင္မ႐ုန္းနိုင္တာ။ဒီလိုေယာကၤ်ားတစ္ေယာက္ဆိုရင္။
"မသိဘူး..မသိဘူး။ငါသိလည္းမသိခ်င္ဘူး။ငါအခုသိတာ ငါ့ကိုျပန္ပို႔ေပး"
"မပို႔ဘူး..."
"နင္မပို႔လည္း ငါ့ကို လာေခၚမွာ။နင့္လက္ထဲမွာ ငါ့ကိုအၾကာႀကီးမထားဘူး။"
"အခုေလာက္ဆို သူတို႔ေတြက ကားဂိတ္ေတြ၊ေလယာဥ္ေတြမွာ ဟိုရွာဒီရွာလုပ္ေနမွာသိလား။ဒီကိုေရာက္လာၾကလိမ့္မယ္လို႔ထင္လို႔လား။ဘယ္သူမွေရာက္လာမွမဟုတ္ဘူးသိလား မမလႊာ။"
"မင္း..မင္းငါ့ကိုဘယ္ေခၚလာတာလဲ"
"အဟက္..မေၾကာက္ပါနဲ႕။မမလႊာရဲ႕ေယာကၡမပိုင္တဲ့သေဘၤာေပၚပါ"
သူ႕စကားအဆုံးတြင္ သူ႕ပါးျပင္အား နန္းရိပ္ရိုက္လိုက္မိေတာ့သည္။သူကေတာ့အၿပဳံးမပ်က္။အဲ့ဒီလိုအၿပဳံးမပ်က္ပုံကပိုရ်္ စိတ္ပ်က္စရာေကာင္းလွသည္။
နာရီသံတစ္ဂ်က္ဂ်က္အားၾကားရသည္။နန္းရိပ္ဒီမွာထိုင္ေနရတာ ဘယ္ႏွသ္နာရီရွိေနၿပီလဲ။တကယ္ပဲ သူေျပာသလို နန္းရိပ္ကို ဘယ္သူမွလာမေခၚေတာ့ဘူးလားေလ။ပါးျပင္ေပၚစီးက်သည့္မ်က္ရည္စတို႔အားသုတ္ရသည္မွာ ဘယ္ႏွစ္ႀကိမ္ရွိေနၿပီလဲေလ။

ဝိုင္ပုလင္းႏွင့္ခြက္တစ္ခြက္အားယူၿပီး စားပြဲထိုင္လိုက္သည့္သူအား နန္းရိပ္စူးစူးရဲရဲၾကည့္မိသည္။တကယ္ပဲ ဘာလုပ္ဖို႔မ်ားေတြးေနတာလဲ။ႏွစ္ေတြၾကာကာမွေပၚလာၿပီး ဘာလို႔မ်ားဒီေလာက္ဒုကၡေပးနိုင္ရတာလဲ။
"အခုရွစ္နာရီနဲ႕မိနစ္သုံးဆယ္သိလား"
သူေျပာေပမဲ့နန္းရိပ္မၾကားေယာင္ေဆာင္ေနမိသည္။
"ကိုးနာရီထိုးရင္ ဒီသေဘၤာက စထြက္မွာ။သေဘၤာစထြက္ၿပီဆိုတာနဲ႕ မမလႊာ ဒီေျမကိုဘယ္ေတာ့မွေျခခ်ရေတာ့မွမဟုတ္ဘူး။"
စကားသံအဆုံး နန္းရိပ္စိတ္တို႔ပူပန္သြားရသည္။တကယ္ပဲကိုးနာရီဆို ထြက္ေတာ့မွာလား။
"အန္တီ့ဆီ ျမန္ျမန္ေရာက္လာပါေတာ့ ေမာင္ရယ္"
စိတ္ထဲမွထိုးကားအားအႀကိမ္ႀကိမ္အခါခါေျပာရင္း ေဘးဘီဝဲယာအားၾကည့္မိသည္။နန္းရိပ္ဒီတိုင္းထိုင္ေစာင့္ေနလို႔ေတာ့မျဖစ္။တစ္ခုခုလုပ္မွျဖစ္လိမ့္မည္ဟုေတြးမိသည္ႏွင့္ ထိုလူ႕ေရွ႕ကပန္းသီးေပၚအၾကည့္တို႔ေရာက္သြားမိသည္။ပန္းသီးေပၚတြင္စိုက္ထားသည့္ဓားအားအႀကိမ္ႀကိမ္ၾကည့္မိသည္။
"သူနဲ႕လိုက္သြးရမွာထက္စာရင္ သူ႕ကိုသတ္တာကပိုေကာင္းတယ္"
ထိုသို႔ေတြးမိသည္ႏွင့္ေနရာမွလွ်င္ျမန္စြာပင္ထကာ ထိုေနရာဆီေရာက္သြားေတာ့သည္။
"ကြၽန္ေတာ္ကမမလႊာ ဒီဓားကိုၾကည့္ေနတာမသိဘူးမ်ားထင္ေနသလား"
ဓားကိုင္ထားသည့္နန္းရိပ္လက္အား ဆြဲကိုင္ၿပီးေျပာလိုက္သည့္သူ။လက္ထဲမွဓားမွာလည္း ၾကမ္းျပင္ေပါ့လြတ္က်သြားေတာ့သည္။
"အၾကမ္းမသုံးခ်င္လို႔အႏုနည္းနဲ႕လုပ္ေပမဲ့ မမလႊာက အႏုနည္းမႀကိဳက္ပုံပဲ"
"လႊတ္..ငါ့လက္ကိုလႊတ္"
"ကြၽန္ေတာ့ယ္ေျပာတယ္မလား။ကြၽန္ေတာ့္ကို စိတ္တိုေအာင္မလုပ္နဲ႕လို႔။သည္းခံမႈကဒီေနရာမွာကုန္သြားၿပီ။မင္းသားက ကျပတာမႀကိဳက္ရင္ ဘီလူးဆိုင္းတီးရတာေပါ့"
နန္းရိပ္အား ေပြ႕ခ်ီၿပီးေနာက္ အိပ္ရာေပၚတင္လိုက္တာေၾကာင့္လန့္သြားမိသည္။
"နင္..နင္ ဘာလုပ္ဖို႔ေတြးေနတာလဲ"
"အဟက္..ဘာလုပ္ဖို႔လဲထင္လဲ။အႏုနည္းေတြ မမလႊာမႀကိဳက္ဘူးမလား"
ထရန္ျပင္ေတာ့ အေပၚမွ အုပ္မိုးလိုက္သည့္သူ။ကူကယ္ရာမဲ့ေနၿပီျဖစ္တဲ့ ကိုယ့္ကိုယ္ကိုယ္ေတြးမိေတာ့ မ်က္ရည္တို႔မွာ ဆက္တိုက္စီးဆင္းက်လာေတာ့သည္။
"အဲ့ဒီမ်က္ရည္ေတြမျမင္ခ်င္လို႔ အႏုနည္းနဲ႕ေခ်ာ့ေနတာ သိလား။ဒါေပမဲ့ မမကမွလက္မခံဘဲ"
နန႕းရိပ္ႏႈတ္ခမ္းဆီဦးတည္လာသည့္အခါ မ်က္ႏွာအားတစ္ဖက္သို႔လႊဲမိသည္။ကံတရားကစမ္းသပ္ေနတာဆိုရင္ ဒီေလာက္ဆို လုံေလာက္ၿပီေလ။ထိကပါးရိကပါးလုပ္တာခံရတဲ့အျပင္ အေသြးအသားအထိပါဆိုရင္ နန္းရိပ္ ကိုယ့္ကိုယ္ကိုယ္ ပဲ သတ္ေသလိုက္ေတာ့မည္။

ဝုန္းကနဲျမည္သံႏွင့္အတူ ပြင့္သြားသည့္တံခါး။ထို႔ေနာက္ေျပးဝင္လာသည့္အရိပ္ေလး။အခ်ိန္မွီလိုက္လို႔ေတာ္ပါေသးရဲ႕ေလ။
"အန္တီ!!"
အသံတြင္စိုးရိမ္မႈတို႔မွာ အထင္းသား။
"မမႀကီးကို ေခၚသြား ဟယ္ရီနဲ႕သစ္လြင္"
သူတစ္ျပန္ ကိုယ္တစ္ျပန္တိုက္ခိုက္ေနသည့္ၾကားမွ နန႕းရိပ္တို႔ ထြက္လာမိသည္။
"အန္တီ..ေတာင္းပန္ပါတယ္ ေနာက္က်သြားလို႔"
အခုမွမ်က္ရည္တို႔မွာ ပိုတိုးရ်္က်ဆင္းေနမိေတာ့သည္။
"ကိုမင္းမင္းကိုကူလိုက္ပါအုံး"
ဟယ္ရီတို႔အခ်ိန္မွီေရာက္လာလို႔ေတာ္ပါေသးရဲ႕။မဟုတ္ရင္ မေတြးရဲစရာ။ဘယ္ေလာက္ေတာင္အန္တီထိတ္လန့္ေနလိုက္မလဲေလ။ေစာေစာစီးစီးမရွာနိုင္ခဲ့တဲ့ ကိုယ့္ကိုယ္ကိုယ္ သာအျပစ္ဖို႔မိသည္။
"ကိုထက္ျမက္မင္း ခင္ဗ်ားအဖမ္းခံလိုက္ပါ"
ေသနတ္တို႔ဝိုင္းထားသည့္ေရွ႕အား လက္ႏွစ္ဖက္ျမႇောက္ရင္း ေလွ်ာက္လာသည့္သူအားနာက်ည္းစြာၾကည့္မိသည္။အေနာက္တြင္မင္းမင္းမွာေသနတ္ျဖင့္ခ်ိန္႐ြယ္လွ်က္။
"မင္းမင္း အဆင္ေျပရဲ႕လား "
"ဟုတ္ကဲ့ေျပပါတယ္"
"တရားခံကို လက္ထိပ္ခတ္လိုက္ပါ။"
လက္ထိပ္ခတ္ရန္လာသည့္ရဲ၏ခါးတြင္ခ်ိတ္ထည္ၾထားသည့္ေသနတ္အားလွ်ပ္တစ္ျပတ္ပင္ ဆြဲယူလိုက္သည္။မထင္မွတ္ထားတာမလို႔ အကုန္လုံး အံ့ၾသမွင္သက္သြားခ်ိန္ေရွ႕ဆင့္ေနာက္ဆင့္ထြက္လာသည့္ေသနတ္သံႏွစ္ခ်က္အားၾကားလိုက္ရသည္။
"ဟယ္ရီ!!"
"အန္တီ!!"
ထိုခဏ သေဘၤာေပၚတြင္ အသံတို႔မွာ ဆူညံစြာေပၚထြက္သြားခဲ့ေတာ့သည္။

#ster
26 December 2022 (7:57PM)
ဒီတစ္ပိုင္းအရမ္းရွည္သြားတယ္ ဟီး။
ၿပီးခါနီးလို႔လားမသိဘူး။voteေတြအမ်ားႀကီးနဲ႕လူေတြအမ်ားႀကီးဖတ္ၾကတယ္။ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္။


Continue Reading

You'll Also Like

748K 32.7K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
3M 233K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
28.2K 4.7K 51
ဘာသာပြန်သူ - စွဲညို့အသင်း