ကြည်ပြာရောင်နေ့စွဲများ

By Suekyalaung

24.3K 1.9K 350

လွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့​နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိ... More

ရက်စွဲ (၁)
ရက်စွဲ (၂)
ရက်စွဲ(၃)
ရက်စွဲ(၄)
ရက်စွဲ (၅)
ရက်စွဲ(၆)
ရက်စွဲ (၇)
ရက်စွဲ (၈)
ရက်စွဲ (၉)
ရက်စွဲ (၁၀)
ရက်စွဲ (၁၁)
ရက်စွဲ (၁၂)
ရက်စွဲ (၁၃)
ရက်စွဲ (၁၄)
ရက်စွဲ(၁၅)
ရက်စွဲ(၁၇)
ရက်စွဲ (၁၈)
ရက်စွဲ(၁၉)
ရက်စွဲ (၂၀)
ရက်စွဲ (၂၁)
ရက်စွဲ (၂၂)
ရက်စွဲ (၂၃)
ရက်စွဲ (၂၄)
ရက်စွဲ(၂၅)
ရက်စွဲ (၂၆)
ရက်စွဲ(၂၇)
ရက်စွဲ(၂၈)
ရက်စွဲ (၂၉)
ရက်စွဲ(၃၀)
ရက်စွဲ (၃၁)
ရက်စွဲ (၃၂)
ရက်စွဲ(၃၃)
ရက်စွဲ(၃၄)
ကြည်ပြာရောင်လက်ကျန်နေ့စွဲများဆီသို့

ရက်စွဲ (၁၆)

425 34 3
By Suekyalaung

ကချင်ပြည်နယ်မိုးက စာဖွဲ့လို့ မဆင်မပြေနိုင်ပါ။ ရွာချင်လျှင်ချက်ချင်းရွာချတတ်ပြီး ၊မရွာချင်လျှင်လဲ သူမဟုတ်သည့်အတိုင်းပင်၊တောင်ပေါ်ဒေသက မိုးဆိုတော့ လေပါ ပါလျှင်အေးစိမ့်လွန်းလှပါသည်။ သည်နေ့လဲ လေပြင်းတစ်ချို့တိုက်ခတ်ထားသဖြင့် နောက်ဖေးက သပြေပင်လဲ ကျိုးကျထားသည်။ စူးကျယ်အောင်ကတော့အိမ်မှာတစ်ယောက်တည်း ဝရံတာမှာ ထွက်ထိုင်ကာ အစ်ကို့အကြောင်းတွေးနေမိသည်။ ဒီနေ့အပါကြီးက တနိုင်းကို ကုန်သွားပို့တယ်လေ။ အစ်ကို့ပုံရိပ်ဟာ လုံးဝ ဖျောက်ဖျက်ပစ်လို့မရပါ။ဖျောက်ဖျက်ပစ်နေခြင်းလဲ မဟုတ်ပါ။ အစ်ကို့ရဲ့ ဖြူဝင်းဝင်းအသားရည်၊ အရမ်းမပေါ်လွင်လှသော ပါးချိုင့်လေး နှင့် ဗလကြွက်သားများနှင့်တောင့်တင်းနေသော ခန္ဓာကိုယ်မဟုတ်ပဲ သူ့အချိုးစားနှင့် ကြည့်ကောင်းသော ကိုယ်နေဟန်ထား၊ စကားပြောလျှင်လဲ တည်တည်အေးအေး ပြောတတ်သော ဟန်ပန်၊ ခပ်မာမာ စိတ်ထား၊ အရာအားလုံးဟာ ပြန်တွေးကြည့်လျှင် ခဏခဏတွေ့ချင်နေမိသည်မှာ မှားလိမ့်မည် မထင်ပါ။ တစ်ပြိုင်နက်တည်းမှာပင် အဒီးကိုလဲ သတိရလာမိသည်။ မတွေ့ရသော လေးငါးခြောက်လမှာ အဒီးဟာ အတော်လေးကိုကြည့်ကောင်းလာပါသည်။ အဒီးအသားရည်ဟာလဲ စိုပြည်ပြီးဖြူဝင်းသည်၊ အားကစားလိုက်စားသူမို့ ခန္ဓာကိုယ်ဟာ ကြွက်သားများနှင့်တောင့်တင်းလှပါသည်။ အရမ်းသဘောကောင်းသော ကချင်ကောင်လေးစကားပြောလျှင် အသံလေးကလဲ တစ်မျိုးဆွဲဆောင်မှုရှိသည် ။အခုမှ ၁၈နှစ်ပြည့်ထားသူမို့ ငယ်ဂုဏ်နှင့် ငယ်သွေးက မြင်သူတိုင်းကို စွဲမက်စေလောက်သည်။ အင်း......သူများတွေကျတော့လဲ အရာရာ မှာသူ့ဟာနှင့်သူ အဆင်ပြေနေလိုက်တာ ၊ ငါကျတော့လဲ အသားက သူတို့လောက်မဖြူဘူး၊ ငါ့ခန္ဓာကိုယ်လေးလဲ အဒီးလို မတောင့်ရင်တောင် အချိုးစားလေး ပြေပြစ်ချင်လိုက်တာ ၊ အားကစားလုပ်ဖို့ကလဲ မဖြစ်ပြန်၊ဆရာဝန်က အရမ်းမောတာတွေ မလုပ်ဖို့သေချာမှာထားသည်။ ဟိုနေ့က မြစ်ကြီးနားမှာ ဆေးသွားစစ်တော့လဲ ကျောက်ကပ်ဓာတ် (creatinine) ဟာ သတ်မှန်ဘောင်ကျော်နေပြီမို့ သေချာဂရုစိုက်ရမယ်လို့ပြောခဲ့သည်။ ဆရာဝန်ပြောလိုက်တာတော့ creatinine ဟာ သတ်မှတ်ဘောင်ထက်ကျော်ပြီးရင် ပြန်မကျလာတော့ဘူးဖြစ်လို့ ဆက်ပြီးမတက်အောင်ဘဲ ထိန်းထားရမယ်လို့ပြောလိုက်သည်။ creatinine တွေက ၁၀၀မကျော်ဘဲ မနေနိုင်ပါတော့ရိုးလား။ စူးကျယ်အောင် သောက်နေရတဲ့ဆေးတွေဟာ ဘယ်နှစ်နှစ်တောင်ရှိနေပြီလဲ၊တစ်ခါတစ်လေတော့လဲ သူ အသက်ဆက်မရှင်ချင်တော့ပါဘူး ၊မကျန်းမာတဲ့ဘဝမှာလဲ သူမနေချင်တော့ဘူး၊ ပြီးတော့ သူ့ဘဝရဲ့ လျှို့ဝှက်ချက်ကိုလဲ သူ ဆက်ပြီး မထိန်းထားချင်တော့ဘူး၊တော်ပါပြီလေ တွေးနေရင်းတောင် ရက်ဘတ်က အောင့်လာတယ်၊ မွေးရာပါ နှလုံးရောဂါနှင့်ကြီးပြင်းလာရသူမို့ နှလုံးက အစိုးမရဘဲ အောင့်လာတတ်သည်။ အစ်ကို့အကြောင်းလဲ ဆက်မတွေးချင်တော့ပါ။ ဝရံတာမှ အိပ်ယာထဲသို့ ရွှေ့လာခဲ့သည်။ ပြီးတော့ ဘယ်ဖက်ကိုစောင်းနေလိုက်သည်။
"ဟလို အပါကြီး"
"အော့် သားလေးပြော"
ကားမောင်းနေမှန်းသိသာပါသည်။ ဘေးမှ လေတိုးသံများနှင့် သူသေချာမှ ကြားရပါ့မလား
"သား ရင်ဘတ်အောင့်လာလို့"
"တော်တော်အောင်နေလားသားသား"
"အရမ်းတော့မဟုတ်ပါဘူး၊ရင်ညွန့်လောက်ထိအောင့်တယ်"
မကြာခင် နံရိုးကြားတွေထဲထိပါ အောင့်တော့မည်ဆိုတာ သူရော အပါကြီးပါ သိကြပါသည်။
"သားလေး ခဏလှဲနေလိုက်၊ အိပ်မပျော်သွားစေနဲ့ ကြားလား"
"ဟုတ်"
သူ နောက်ဖေး ခဏ ထသွားကာ ရေနွေးအဖြူလေးကို ခွက်ထဲ ထည့်ခဲ့လိုက်သည်။

"တီ တီ တီ"
ဆိုင်ကယ်ဟွမ်းတီးသံကြားလိုက်ရသည်။
ပြတင်းပေါက်နေကြည့်လိုက်တော့ အဒီး ခြံထဲ ဝင်လာနေပြီ
"မင်း သက်သာလား၊ အပါကြီး ငါ့ကိုဖုန်းဆက်လို့၊ဆေးခန်းသွားမလား"
"ရပါတယ် ၊အဆင်ပြေပါတယ်"
"အဆင်ပြေပါတယ်သာ ပြောတာ၊ မင်းရုပ်က ရှုံ့မဲ့နေတာကြီးပါ့အေ့"
................
သူ စကားဆက်ပြောဖို့ခွန်အားသိပ်မရှိတော့ပါ

လက်နှစ်ဖက်က ရင်ဘတ်ကိုသာ ဖိထားပြီး ကွေးနေသည်၊ ညည်းငြူသံလေးတောင် ထွက်မလာ၊ မျက်ရည်များတော့ကျနေသည်၊

"မင်းမသက်သာဘူးလား၊အတော်အောင့်နေလို့လား၊ သောက်နေကျဆေးကော မရှိဘူးလား"

အဒီးတစ်ယောက်ပြာနေသည်၊ ဘာလုပ်လို့ဘာကိုင်ရမလဲ မသိ။
"မင်းဖုန်းဘယ်မှာလဲ၊ အော် ဒီမှာတွေ့ပြီ၊ရော့ ဖုန်းဘေးနားချထား၊ခဏလေးပဲစောင့် ငါ အိမ်မှာ ကားပြန်ယူလိုက်မယ် ၊ဆေးရုံသွားမယ်၊မင်းအရမ်းအောင့်နေတာ ငါသိတယ်"

တကယ်ပဲလဲ စူးကျယ်အောင်နှလုံးအရမ်းအောင့်နေပါသည်။ပြောပြမတတ်အောင်အောင့်နေသည်၊ ငိုချင်တာဘဲ သိသည်။ ပြီးတော့ ထပ်သိတာက လျှို့ဝှက်ချက်ကိုလဲ သူဆက်မထိန်းထားချင်တော့ဘူး၊ မထိန်းထားချင်ဘူးဆိုတာထက် သူ လျှို့ဝှက်ချက်ကြီးနှင့် အသက်ဆက်မရှင်ချင်တော့တာပါ။ မျက်ရည်များအဆက်မပြတ်ကျလာသည်၊ ထို့နောက် ခဏအတွင်းမှာတော့ လောကကြီးနှင့်အဆက်သွယ် ပြတ်သွားသည်။

___________________________

အလင်းရောင်ကို အာရုံက စူးခနဲ ခံစားမိလိုက်သည်၊ ပြီးတော့ ဆေးအနံ့ တစ်ချို့ကိုလဲ တစ်ပြိုင်နက်တည်း ခံစားမိသည်။ ဟုတ်ပါတယ် ဆေးရုံပေါ်က ကုတင်ပေါ်မှာ ရောက်နေတာကို တန်းသိလိုက်ပါသည်။

"သားသား သတိရလာပြီလား"
"ဘယ်နှစ်နာရီ ရှိပြီလဲ"
အသံလေး သိမ်ဝင်နေသည်။
"၈နာရီ ခွဲတော့မယ်"
အဒီးဖြေလိုက်ခြင်းဖြစ်သည်။ သူ့ပုံစံကချွေးပြန်နေသည့်ပုံစံ နှင့်ပြာနေသည်။ သို့သော်လဲ ချွေးပျံနေတာမဟုတ်ပါ။

"ကလေးနဲ့စကားပြောချင်လို့ ခဏလောက်ထွက်ပေးကြပါ"
ဆရာဝန်နှစ်ယောက်ဖြစ်သည်။ နှစ်ယောက်လုံး နှင့်အထူးတလည် စိမ်းမနေပါ။ တစ်ယောက်က စိတ်ကျန်းမာရေးဆရာဝန်၊ တစ်ယောက်က နှလုံးအထူးကု။ ထိုနှစ်ယောက်နှင့် ခုလိုတွေ့ဆုံ ခြင်းဟာ ဒါ ဘယ်နှစ်ကြိမ်မြောက်ဖြစ်တယ်ဆိုတာ မပြောနိုင်ပါ။
"ကလေး၊ ခုတစ်လော ဘာတွေထူးသေးလဲ"
"သူတို့ အကူညီလာတောင်းတယ် မနေ့က ညနေလောက်က"
"ဟုတ်လား၊အရမ်းလန့်သွားလား"
စူးကျယ်အောင် ခေါင်းလေးပင် မညိမ့်နိုင်၊ မျက်လုံးနှင့်သာ ဟုတ်ကဲ့ ဟု ဖြေလိုက်သည်။
"ဆက်ပြောပါအုန်း"
"စကားတော့ လာမပြောဘူးဟုတ်တယ်၊ ပြီးတော့ သူ့ပုံစံက ပျော်ရွှင်နေတာဟုတ်တယ်"
"တွေ့တွေ့ချင်း အရမ်းလန့်သွားတော့ ဘာဆက်လုပ်ဖြစ်လဲ"
"နည်းနည်းတော့ လန့်သွားတယ် ၊ညဘက်ကျရင် စကားလာပြောမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့"
"ဟုတ်ပါပြီ၊ပြန်လှဲလိုက်ပါအုန်း"
"အသက်ပြင်းပြင်းလေးရှူ"

ဆရာဝန်က နားကြပ်နှင့်စမ်းသပ်လိုက်သည်၊ ထို့နောက် စိတ်ကျန်းမာရေးဆရာဝန်က

"ကလေး၊ ဘာပြောချင်သေးလဲ ပြောစရာရှိသေးလား"
"အတွေးတွေ ဖိစီးနေတုန်းပဲ"
"ဟုတ်ပြီ ၊ ခု ဆရာမပြောတဲ့တိုင်းလိုက်လုပ်မယ်နော်၊ဟုတ်ပြီလား"
မျက်လုံးနှင့် အဖြေပေးလိုက်သည်၊

"အသက်ကို တစ်ဝကြီး ရှူသွင်းမယ်"
သူ အသက်ကိုရှူလိုက်သည်၊
"ခဏအောင့်ထားမယ်၊တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ်၊ ပါးစပ်ကနေ ရှူထုတ်လိုက်မယ်"
"ဟူးးးးးး"
"အိုခေ နောက်တစ်ခေါက်ပြန်စမယ်၊ .........."
"အိုခေ ဂွဒ်၊ကောင်းတယ် ခဏလောက်နားလိုက်နော်"

________________________

အပါကြီးတို့နှင့် ဆရာဝန်တို့ အပြင်မှာ စကားပြောနေကြသည်။ ဆရာဝန်တို့စကားပြောနေချိန် အဒီးကို လူနာခန်းထဲ ဝင်စောင့်နေခိုင်းသည်။ သည်ကျန်းမာရေးပြဿနာဟာ လူတိုင်းကိုပေးသိ၍ကောင်းသည်မဟုတ်။ သို့သော် သူ့စိတ်ထဲ အဒီးကို ဒီအကြောင်းတွေ အကုန်ပြောပြမည်ဟု ရှိနေပါသည်။
"အဒီး အပြင်မှာ မိုးရွာနေတာလား"
"အေး ဟုတ်တယ်၊ ဘာဖြစ်လို့လဲ မိုးရေထွက်ချို့မလို့လား"
"မညယ်"
သူ အနည်းငယ် ပြုံးမိပါသည်၊ အဒီးက ဒီလိုအခြေနေမှာ သူ့ကို အနည်းငယ်လေးဖြစ်ဖြစ် ပြုံးလာစေရန် စနောက်လိုက်ခြင်းဖြစ်သည်။ခဏကြာတော့ အပါကြီး ပြန်ဝင်လာသည်။

"ဘာမှမဖြစ်ဘူးသားသား နော်၊ ဟုတ်ပြီလား၊ သိပ်မတွေးနဲ့ ဘာကိုမှ ၊ တစ်ခုခုဆို အဒီးနဲ့စကားလေးပြော ဂိမ်းလေးဆော့ အဲ့တာမှ စိတ်တွေ မနေ့ကလိုဖြစ်မနေမှာ၊ အဒီး မင်းကောင်ကို ဂိမ်းလေးဘာညာ လုပ်ပေးလိုက်စမ်းပါကွာ"
"ဦးကျော်သားက ဆော့မှ မဆော့တာ၊ ခုသေနတ်ပစ်ဂိမ်းအရမ်းမိုက်နေတာ ပြောသားဘဲ"
"ကဲ ဒါဆို အပါကြီး ဒီည အိမ်ပြန်လိုက်အုန်းမယ် အိမ်မှာ ဆီပုံးတွေလဲ နေရာ မချရသေးဘူး ၊ ပြီးတော့သားလေးရဲ့ ပစ္စည်းတွေလဲ ခုပါမလာတော့ ယူရဦးမယ် ဆရာဝန်က ဒီမှာ ၂ရက်လောက်နေစေချင်တယ်တဲ့၊ အဒီး ဒီည မင်းကောင်နဲ့ အိပ်ပေး ကွာ နော်"

"အာ ရတယ် အပါကြီးသာ ဂရုစိုက်မောင်းပြန် မှောင်နေပြီ၊ပြီးတော့ သားအိမ်က သားအတွက် အဝတ်စားလေးလဲ ယူခဲ့ပေးအုန်း"

"အေးပါ ၊အပါကြီး မနက်ဖန် ပြန်လာခဲ့မယ် နော်ဟုတ်ပြီလား ၊ အဆင်ပြေသွားမှာပါ အားလုံး ၊နော် သားလေး ၊ ဘာမှ မတွေးနဲ့ မင်းရှေ့မှာ အပါကြီး တစ်ယောက်လုံးရှိတယ်"
သူခေါင်းညိမ့်ပြလိုက်သည်။
အပါကြီး သူ့နဖူးလေးကို ခပ်နက်နက်လေး နမ်းရှုတ်ပြီး ထွက်သွားသည်။

"ကဲ ဆရာသမား ၊ ဂိမ်းဆော့မလား"
သူဘာစကားမှ မပြော၊ ခေါင်းသာ ခါလိုက်သည်။
"ဇာတ်ကားကြည့်မလား"
"အင်း ၊ဒါပေမယ့် ၁၀နာရီ ထိုးပြီးမှ ကြည့်ကြမယ်လေ"
"အိုခေ"

_______________________

ခဏကြာတော့ ဆေးရုံမှ ဝန်ထမ်းများ ဒရင်းဘဒ်( dream bed) တစ်လုံး လာထည့်ပေးခဲ့သည်။ အဒီးကတော့ အပါကြီးဝယ်ပေးခဲ့သော ထမင်းထုပ်ဖြည်ပြီး စားနေပြီ။ အင်းပေါ့လေ သူလဲဆာနေမှာပေါ့ တစ်နေကုန် စူးကျယ်အောင်ကိစ္စမှာ အလူးအလဲထိပ်ဆုံးက ပါဝင်ဖြည့်ဆည်းခဲ့သူပေကိုး။

"မင်းဘာစားမှာလဲ ဘာစီစဉ်ပေးရမလဲ"
"မညယ် ၊ငါမှစားလို့မရတာ ခုမှ ၁၀နာရီ ၂၀ ရှိသေးတာကိုး"
"အော်အေး ဟုတ်သားဘဲမေ့သွားတာ ၊စားစေချင်တဲ့စေတနာကြောင့်မေ့သွားတာပါကွာ"

စူးကျယ်အောင် ည၈နာရီကနေ ည၁၂နာရီ ထိ ဘာမှ စားခွင့်မရှိတာကို အဒီးသိထားပါသည်။ အင်းပေါ့လေ အလယ်တန်းတည်းက အတူ ကြီးပြင်းလာကြတာဘဲကိုး၊သူ့အတွင်းရေးတွေမှာ အဒီး ဒီလောက်တော့ သိထားရပါမည်။

___________________

"မင်းကလဲ ငါက မင်းကို ခင်ချင်လို့ပါကွ"
"အစ်ကိုက ဘယ်ကလဲ"
"မင်းတို့ခြေရင်းကလေ"
"အော်....."
"အကူညီတစ်ခုခုလိုလို့လား"
"မလိုပါဘူးကွာ၊ငါက ဘယ်ကိုမှ မသွားချင်ဘူး"
"ဘယ်ကိုမှ မသွားချင်ရင်လဲ ငေါ အိမ်ဘက်တော့ ခဏခဏ မလာနဲ့အုန်းနော်၊ ကြောက်တယ်ဗျ"
"မင်းကလဲကွာ ငါက ခုမှ လတ်လတ်ဆတ်ဆတ်သေထားတာပါကွ၊ ငါ့ရုပ်က မဆိုးသေးပါဘူး ဒီမှာကြည့်ကြည့်"
အရက်သမားရုပ်တစ်ခု မျက်နှာ နားကပ်ကာ ဒီမှာ ကြည့်ကြည့်ဟု အပြူးပြဲ ကပ်ပြနေရာမှ ဘွားခနဲ အရုပ်ဆိုးဆိုး မျက်နှာ အဖြစ်ပြောင်းလဲ သွားခဲ့သည်။

"အမလေး"
သူ ဖျတ်ခနဲ လန့်နိုးသွားသည် ။ ရင်ဘတ်တွေ တစ်ဒိတ်ဒိတ် ခုန်နေဆဲ၊ လက်တစ်ဖက်က လှုပ်မရ။ ကြည့်လိုက်တော့ အဒီး သူ့လက်ကို ကိုင်ကာ အိပ်မောကျနေသည်။ ဘေးနားမှာ ဖုန်းထဲမှ ဇာတ်ကားသည်လဲ ပွင့်လျက်၊

"အဒီး ၊ အဒီး"
"ဟင် ၊ဟမ်"
"သွားသွား ၊ဟိုဘက်သွားအိပ်"
"အော် အေး ငါအိပ်ပျော်သွားတာပါ့အေ့"
သူကတော့ ဆက်အိပ်ဖို့ကြိုးစားရမည်။ ဘေးနားမှာ လူရှိနေတော့ အိပ်မက်က အရင်ကလောက် စိတ်ကို မလှည့်စားနိုင်ပေ။ အော် မနေ့က ခြံထဲမှာ တွေ့ခဲ့တဲ့လူ ခုမှစကားလာပြောတာကိုး။ ပြီးတော့ ထိုသူဟာ ခြေရင်းအိမ်အသုဘ မှ လူနှင့် တစ်ဦးတစ်ယောက်တည်းဖြစ်ကြောင်းကိုလဲ စူးကျယ်အောင်နှင့် ဆရာဝန်ကလွဲလို့ ဘယ်သူက သိအုန်းမှာတဲ့လဲ။သူအိပ်ဖို့ကြိုးစားကြည့်သည်။ စောစောက အဒီးလက်လေးကိုင်ထားတော့ နွေးထွေးသလိုနှင့် ကြောက်စိတ်အနည်းငယ် ပေါ့သွားရသည်။ အင်း သည်နေရာမှာ အစ်ကို့ရင်ခွင် သို့မဟုတ် အစ်ကို့လက်ချောင်းရှည်ရှည်လေးတွေသာဆို အတော်ကောင်းမှာပဲ ဟုလဲ တွေးမိသည်။ နာရီကိုကြည့်တော့ နံနက် ၂နာရီ ခွဲ။ ပြတင်းပေါက်ကို ကြည့်လိုက်တော့ မိုးမရွာပဲ လေသာ တိုက်နေသည်။ ရင်ထဲ ဝင်ကြည့်လိုက်မည်ဆိုလျှင်တော့...............

xxxxxxxxxxxxxxxxxxxxxx

Continue Reading

You'll Also Like

26K 1.2K 52
Zawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ...
275K 6.4K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
1.7M 17.3K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...
412K 8.6K 35
In wich a one night stand turns out to be a lot more than that.