"ဘာဖြစ်လို့ငါ့ကိုခေါ်လာတာလဲ "
ကျန်တော်စကားကြောင့်သူလဲ သွားနေရာကရပ်လိုက်တယ်။ သူနောက်ကိုကျန်တော်လိုက်လာတာ အခန်းနဲ့တောင်တော်တော်အလုမ်းဝေးနေပြီ။
လူသိပ်မလာတဲ့ ကျောင်းစတိုခန်းနားရောက်တော့ကျန်သည်းမခံနိုင်တော့ပဲ လုမ်းပြောလိုက်မိသည်။
"ငါဘယ်သူလဲသိလား"
"မင်းကိုမသိတဲ့သူမှမရှိတာ"
"အင်း ကောင်းတယ်..ငါ့အကြောင်းလဲသိတယ်ဆိုတော့ မင်းရိုက်ထားတဲ့ video ကို ဖြတ်လိုက်တော့"
"ငါဘာလို့မင်းခိုင်းတာလုပ်ရမှာလဲ"
"ဘာလို့လဲဆိုတော့ ငါဖြစ်နေလို့ပဲ ဒီကျောင်းမှာဘယ်သူမဆို ငါ့စကားကိုနာခံရတယ် ဆရာမတွေကအစပေါ့"
"ဒါပေမဲ့ ငါက ဆရာမမှမဟုတ်တာ"
perth က chimon ရဲ့ကော်လံကိုဆွဲဆောင့်လာပြီး သူ့နားတိုးလာသည်။ စူးရဲနေသည့်မျက်လုံးများက သူဒေါသထဃက်နေမှန်းသိသာ၏။
"မင်းမဖြတ်ဘူးဆိုရင် ငါ့အကြောင်းကောင်းကောင်းသိစေရမယ်"
"ငါလဲ မင်းအကြောင်းကောင်းကောင်းသိချင်ပါတယ်"
perth က chimon ကော်လံကိုဆွဲထားရာက တွန်းထုတ်လိုက်ပြီး ထိုနေရာမှထွက်သွားတော့သည်။
........
"ညနေကဘယ်လိုဖြစ်တာလဲ chimon"
"ဘာမှမဖြစ်ပါဘူး စကားခေါ်ပြောရုံပါ"
"ဘာပြောကြလဲ"
"မသိချင်ပါနဲ့..."
"မင်းကိုသူဘာလုပ်လိုက်သေးလဲ"
"ဘာမှမလုပ်ပါဘူးဆို"
"ငါစိုးရိမ်လို့ပါကွာ"
"အေးပါ..ငါနားလည်ပါတယ် အခုတော့ ငါအလုပ်ဝင်ရတော့မယ် မင်းလဲ ပြန်တော့ လိုက်ပို့ပေးလို့ ကျေးဇူးပဲ"
"အင်"
ကျန်တော်တို့နှစ်ယောက်နှုတ်ဆက်လိုက်ကြပြီး ကျန်တော်လဲ ကျန်တော်အလုပ်လုပ်ရမည့် စတိုးဆိုင်ထဲသို့ဝင်လာလိုက်သည်။
ထို့နောက်အင်္ကျီလဲကာ ကောင်တာမှာထိုင်နေလိုက်တော့၏။ ကျောင်းကစာတွေလဲ နောက်မကျအောင် ကောင်တာထိုင်ရင်း စာကြည့်နေလိုက်သည်။ စတိုးဆိုင်က ညပိုင်းလူနည်းတော့ စာကြည့်ဖို့အချိန်ကောင်းကောင်းရ၏။
"မင်းတို့ကလဲကွာ စော်လေးသနားပါတယ်"
"ဟျောင့်သူက ငါ့အကြိုက်ပုံစံကွ"
"ဟားဟား.."
လူငယ်ျချို့ရဲ့အသံကြောင့် ကျန်တော် စာလုပ်နေရင်းက ခေါင်းထောင်ကြည့်လိုက်တော့ ထင်မထားသည့်သူတွေပင်။
အခုအချိန်မှာမတွေ့ချင်ဆုံးလူတစ်ယောက်ကိုတွေ့လိုက်ရတဲ့ခံစားချက်က အဆိုးဝါးဆုံးပဲ ဖြစ်နေမလားပင်။
perth က chimon ကိုသတိမထားမိပဲ ဘီယာပုလင်းတွေထားတဲ့နေရာသို့ စကားပြောရင်းဝင်သွားလေသည်။
chimon လဲ စာကိုပဲ ပြန်ကြည့်နေလိုက်ပြီး ခနနေတော့ သူတို့ဟာဘီယာပုလင်းတချို့ စားသရာအနည်းငယ်နှင့်အတူပြန်လာကြ၏။
သူတို့ကောင်တာမှာပစ္စည်းတင်လိုက်ကြတော့
ကျန်တော်လဲ စာအုပ်ကိုပိတ်ကာ ပစ္စည်းတွေကို ကုတ်စစ်လိုက်သည်။
"ဘတ် ၉၀ ပါ"
perth ကပိုက်ဆံထုတ်ပြီး ကျန်တော့ဆီပေးလာတဲ့အချိန်သူကျန်တော့မျက်နှာကိုမှတ်မိသွားပုံပင်။
"ဟော...ဒီအသံကိုရင်းနှီးနေပါတယ်လို့..လက်စသတ်တော့မင်းကို"
"ပိုက်ဆံပေးပြီးပြန်လိုက်တော့"
"ဘာလို့အဲ့လောက်နှင်ထုတ်နေတာလဲ..ဘာလဲ ငါမနတ်ကကိစ္စပြသာနာရှာမှာစိုးလို့လား"
"perth!!"
"ဟားဟား.."
သူကပိုက်ဆံကိုကောင်တာခုန်မှာချပေးခဲ့ပြီး ပစ္စည်းတွေကိုယူကာထွက်သွားတော့မှကျန်တော်လဲသတ်ပြင်းချနိုင်သည်။
............
အလုပ်ဆင်းချိန်က ညနက်တာကြောင့် ကျန်တော်လဲ အိမ်ကိုအမှောင်ထဲလမ်းယျှောက်ပြန်ခဲ့ရသည်။
ထိုသို့ညနက်မှအိမ်ပြန်ရတာဟာ ကျန်တော့အတွက်တော့သိပ်မထူးဆန်းတော့ပေ။ အမြဲတမ်းလိုလို ညနက်တဲ့အထိ အလုပ်လုပ် ရတဲ့အတွက်အိမ်ပြန်လဲအမြဲတမ်းနောက်ကျတတ်သည်။
အကိုဖြစ်သူကလဲ ဘယ်တော့မှလာမကြိုဖူးတာကြောင့် အမှောင်ကိုကြောက်သော်လဲ တစ်ယောက်ထဲသာအားတင်းပြန်ရ၏။
ကျန်တော့လဲ အကြောက်ပြေအောင် လွယ်အိတ်ထဲက စာအုပ်ကိုယူလိုက်ပြီး စာပြန်နွေးနေလိုက်သည်။
ဒါဟာကျန်တော်ကြောက်လာတိုင်းပြုလုပ်နေကြအလုပ်တစ်ခုလိုပင် ဖြစ်သည်။
"chimon"
ကျန်တော့နမည်ကိုမလုမ်းမကမ်းကခေါ်သံကြားတာကြောင့် ကြည့်လိုက်တော့ အမှောင်ထဲမှာ ကားကိုမှီပြီးရပ်နေသည့် လူတစ်ယောက်ပင်။
"ဟေူးး"
ကျန်တော် သက်ငြ်းသာချလိုက်မိပြီး စာကိုသာပြန်အာရုံစိုက်လိုက်ကာ ထိုလူမသိချင်ယောင်ဆောင်ရင်း ဆက်ယျှောက်လာခဲ့သည်။
"chimon"
သူ့အနားကဖြတ်ချိန်သူ့ကိုမကြည့်မိအောင်လုပ်နေပေမဲ့ ကျန်တော့လွယ်အိတ်ကိုပြန်ဆွဲထားတာကြောင့် ကျန်တော် ဟန်ချက်ပျက်ကာလဲကျသွားရသည်။
"အ့..မင်းဘာလုပ်တာလဲ!"
ကျန်တော်စိတ်တိုတိုဖြင့် perth ကိုအော်ပြောလိုက်တော့ သူက ကျန်တော့အသံကိုမကြားသလိုနေရင်း မြေပေါ်သို့ကျနေသော ကျ်နတော့စာအုပ်ကိုကောကလာလေသည်။
"စာတွေအရမ်းကြိုးစားမနေနဲ့..မင်းလဲသိတာပဲမဟုတ်လား ဒီကျောင်းကို ပညာသင်ဆုနဲ့ရောက်လာတဲ့သူတိုင်း ကျောင်းပြောင်းရင်ပြောင်းမပြောင်းရင် ဆေးရုံတော့ပြောင်းရတာပဲ..မင်းလဲ ပညာသင်ဆုရလို့ပျော်မနေနဲ့ ကြာကြာခံမှာမဟုတ်ဘူး"
ဟုပြောကာ စာအုပ်ကို ကျန်တော်ဆီသို့ပစ်ပေးလိုက်သည်။
"မင်းငါ့ကိုလာခြန်းခြောက်နေတာလား"
ကျန်တော်စာအုပ်ကိုကိုင်ရင်း လဲကျနေရာကထလိုက်ပြီး မေးလိုက်တယ်။
"သတိပေးတာပါ...ငါ့ကိုလာရှုပ်တဲ့သူတိုင်းဘာဖြစ်ကြတယ်ဆိုတာလဲ မင်းအသိပဲမဟုတ်လား.."
"ငါမသိဘူး..သိလဲမသိချင်ဘူး။ ငါ့အလုပ်က ကျောင်းတတ်မယ်။ ကျောင်းကဆင်းရင်အလုပ်ဝင်ရမယ်။ ပြီးတော့စာတွေပြန်လုပ်ရမယ်..ဒါပဲ ငါ့ရဲ့အလုပ်ထဲမှာ မင်းတို့နဲ့ပတ်သက်တာတစ်ခုမှမပါဘူး"
"ဟ..မင်းအကျောကဘယ်အချိန်ထိတင်းနိုင်မလဲ ကြည့်ရတာပေါ့"
သူကားပေါ်တတ်ပြီးထွက်သွားမှ ကျန်တော်လဲသက်ပြင်းချကာ အိမ်ကိုသာပြန်လာလိုက်သည်။
..............
"ဝါးးး"
ကျောင်းခန်းထဲ ငိုက်နေသော chimon အား ဖတ်စ်တစ်ယောက်အရိပ်တကြည့်ကြည့်ဖြင့် ကြည့်နေရသည်။
ငယ်ငယ်ထဲက ခြူချာသူမို့မကြာခနအဖျားဝင်လေ့ရှိ၍chimonဖျားလျှင် သူပါမနေရတော့ပေ။ chimon အကိုဖြစ်သူကလဲ အိမ်မှာမရှိတဲ့အချိန်ပိုများတာကြောင့် များသောအားဖြင့် chimon ကိုသူကသာဂရုစိုက်ပေးရသည်။
"မနေ့ညကကောင်းကောင်းမအိပ်ဘူးလား chimon"
"အငိ...အိပ်ယာဝင်နောက်ကျသွားလို့ပါ"
"နောက်ဆိုစောစောအိပ်..စာတွေလဲအရမ်းမလုပ်နဲ့ အခုဘာစားထားလဲ"
"ဘာမှမစားရသေးဘူး"
" လာ...ကန်တင်းမှာသွားစားမယ်"
ဖတ်စ်က ကျန်တော့လက်ကိုဆွဲကာ အခန်းထဲကခေါ်ထုတ်သွားဖို့လုပ်ပေမဲ့ အခန်းဝမှာတင် သူ့ခြေလုမ်းတွေရပ်သွားသည်။
ကျန်တော်မော့ကြည့်လိုက်တော့ အခန်းဝမှာရပ်နေကြသည့် ဟိုအဖွဲ့ပင်။
"ဟော..မနေ့ညက စတိုးမှာတွေ့တဲ့တစ်ယောက်ပဲ..."
အဖွဲ့ထဲကတစ်ယောက်ဟာ chimon နားကပ်လာတာ chimon ၏နမည်ကပ်ပြားကိုကြည့်လိုက်ပြီးတချက်လှောင်ပြုံးပြုံးလိုက်သည်။
"လမ်းဖယ်"
ကျန်တော်သူတို့ကိုပြောလိုက်ပြီး သူတို့ဘေးကနေပဲ အခန်းငြ်ထွက်လာလိုက်သည်။
"ကြည့်ရတာ..စကားကွင်းလေးအသစ်တစ်ခုရောက်နေပြီထင်တယ်"
"သွားစမ်းပါကွာ"
perth က သူ့ရှေ့မှာ ကို့ရို့ကားယားလုပ်နေသည့် မန်းကိုတွန်းဖယ်လိုက်ပြီး ထိုင်ခုံနေရာသို့ယျှောက်သွားလိုက်သည်။
chimon ခုံဘေးကဖြတ်ချိန်မှာ သော့ချိတိလေးတစ်ခုကျနေတာတွေ့တာကြောင့် သူ့လဲကောက်သိမ်းထားလိုက်၏။
........
ကျောင်းဆင်းချိန် ကျောငိးဝင်းထဲတွင်တော့ ကားအကောင်းစားများစွာနှင့် စည်ကားနေပြီး လူတွေလဲရှုပ်နေလေသည်။
chimon တစ်ယောက်ပုံစံအတိုင်းသာ သူအချိန်ပိုင်းအလုပ်လုပ်သည့် စတိုးဆိုင်သို့ထွက်လာလိုက်၏။
ဖတ်စ်က အိမ်မှာကိစ္စရှိလို့အသောကြီးပြန်သွားတာကြောင့် ထိုနေ့တော့ကိုယ့်ဘာသာပြန်လာရတာဖြစ်သည်။
လမ်းမှာ ပြင်းနေတာကြောင့် ခြေထောက်ရှေ့က ကျောက်ခဲများကို ဟိုကန်ဒီကန်လုပ်နေလေ၏။
ထို့နောက် chimon သူ့ရှေ့က ကျောက်ခဲခပ်ကြီးကြီးတစ်ခုကို အရှိန်ဖြင့်ကန်ထုတ်လိုက်တော့..
*ဒုန်းး*
chimon အသံလာရာကိုမော့ကြည့်လိုက်တော့ အနက်ရောင်ကားတစ်စီးကို သူကန်လိုက်သည့်ကျောက်ခဲသွားထိထားတာဖြစ်နေလေသည်။
"သေစမ်း"
chimon အနောက်ကိုလှည့်လိုက်ပြီး ကားထဲကလူထွက်မလာခင်ထွက်ပြေးဖို့လုပ်ပေမဲ့
"ဟျောင့်!!"
ထိုအသံကြောင့်ကျန်တော့ခြေထောက်တွေ ရပ်တန့်သွားရပြီး အနောက်သို့ဖြေးဖြေးညင်းပဲ ပြန်လှည့်လာမိသည်။
အသံပိုင်ရှင်အားကျန်တော်မရဲတရဲဖြင့် ကြည့်လိုက်တော့ ကျန်တော့အား စူးရဲစွာပြန်စိုက်ကြည့်နေပြန်သည်။
"တောင်း...တောင်းပန်ပါတယ်ဗျ..ကျန်တော် တမင်ရည်ရွယ်ပြီး လုပ်လိုက်တာမဟုတ်ပါဘူး..တကယ်ပါ"
"ဟိတ် ဟိတ်..ဟိတ်...ငါက မင်းကိုဘာပြောနေလို့ ဇွတ်တွေတောင်းပန်နေတာလဲ.."
"ကျန်...ကျန်တော့်ကြောင့်...."
ကျန်တော့သူ့ကားကိုမျက်စောင်းထိုးလိုက်တာသူသတိထားမိသွားပုံပင်။
"အဲ့လောက်ကရပါတယ် ကားက ပျက်စီးသွားတာမှမဟုတ်တာ"
"ဒါပေမဲ့..ကျန်တော့ကြောင့် ခင်ဗျားကား ထိခိုက်သွားတာပဲ...ကျန်တော် ပြန်လျော်ပါ့မယ်"
"မဟုတ်တာ..မလိုပါဘူး မကြာခင်မှောင်တော့မယ်..မင်းလဲ အိမ်ပြန်တော့လေ"
"အ..အာ..ဟုတ်"
ကျန်တော်ထက်အထွန့်မတတ်တော့ပဲ အလုပ်လုပ်ရမည့်နေရာကိုသာအသာထွက်လာလိုက်သည်။
ထိုလူဟာ ခပ်ငယ်ငယ်လူတစ်ယောက်ပါပဲ
ပိုရင့်ကျက်နေတာကလွဲလို့ပေါ့။ဘာပဲ ဖြစ်ဖြစ်ဒီလို ခွင့်လွတ်ပေးတာတောင် ကျေးဇူးတင်နေရတာမို့ ထိုသူနှင့်ထပ်မတွေ့ဖို့သာဆုတောင်းမိ၏။
............
perth တစ်ယောက် အိမ်တော်ထဲရောက်ရောက်ချင်း ခြံဝန်းထဲတွင်ရပ်ထားသည့် နောက်ဆုံးပေါ် ပြိုင်ကားအားတွေ့လိုက်ရပြီး တဆက်ထဲမှာပဲ ထိုကား၏ မီးလုံးနားကမှန်သည်အနည်းငယ်အိုက်ကွဲနေသည်ကို တွေ့လိုက်ရသည်။
perth လဲ အိမ်တော်ထဲသို့ဝင်လာတော့ ဧည့်ခန်းမှာစောင့်နေသည့် သူငယ်ချင်းဖြစ်သူကိုသာတွေ့လိုက်ရ၏။
"ဟျောင့်..ငါက မင်းပြန်မှ ပြန်လာပါ့မလားလို့"
"ဟ့..မင်းကငါ့တွေတာနဲ့ ဂလန့်တိုက်ဖို့ပဲ..ကဲပြောပါအုံး ဘာကိစ္စနဲ့ ထိုင်းကိုပြန်လာတာလဲ"
perth ကဧည့်ခန်းတွက်ဝင်ထိုင်ရင်းမေးလိုက်တော ထိုသူကချက်ချင်းမဖြေသေးပေ။
"မင်းလဲငါ့ အမေကြောင်းသိတယ်မှတ်လား..ဟိုမှာ ရနေတဲ့ရည်းစားက နိုင်ငံခြားသူမို့လို့ဆိုပြီး ထိုင်းကိုပြန်ပို့ပြီး ထိုင်းကချစ်သူနဲ့ပဲလက်ထက်တဲ့"
"အော်...ဒါများ လွယ်လွယ်လေး။ ဟိုကောင်မလေးကိုထိုင်းကိုခေါ်ပြီး ထိုင်းလူမျိုးအဖြစ်ပြောင်းလိုက်ပေါ့"
"ဟ့...မင်းပြောတော့လွယ်လိုက်တာ..ဟိုကနိုင်ငံတော်အမတ်ရဲ့အငယ်ဆုံးသမီး..ငါအဲ့လိုသွားလုပ်မှတော့ တလာထဲဂျေးအောင်းရမှာပေါ့"
"မင်းကလေ...တွဲရင်လဲ အမြဲရွှေပေါ်မြတင်တွေပဲ တွဲတာနော်"
"မင်းလဲ ဘာထူးလဲကွာ"
"အော့...ဒါနဲ့နေပါအုံး။ ခြံထဲမှာရပ်ထားတာမင်းကားလား"
"ဟုတ်တယ်လေ"
"ကားမီးလုံးကဘာဖြစ်တာလဲ"
"အာ...ငါမင်းကျောင်းကိုလာကြည့်ရင်း ကျောင်းသားလေးတစ်ယောက် ခဲလုံးနဲ့ကန်လိုက်တာလေ"
"မင်းကတော့ ကံဆိုးတာပဲ ဖာရစ်"
................
"ငါဘယ်သူလဲသိလား"
........
"ဘာပြောကြလဲ"
"မသိချင်ပါနဲ့..."
"ဘာမှမလုပ်ပါဘူးဆို"
"ငါစိုးရိမ်လို့ပါကွာ"
"အင်"
"ဟားဟား.."
"ဘတ် ၉၀ ပါ"
"perth!!"
"ဟားဟား.."
............
"chimon"
"ဟေူးး"
"chimon"
"အ့..မင်းဘာလုပ်တာလဲ!"
ကျန်တော်စိတ်တိုတိုဖြင့် perth ကိုအော်ပြောလိုက်တော့ သူက ကျန်တော့အသံကိုမကြားသလိုနေရင်း မြေပေါ်သို့ကျနေသော က်ျနတော့စာအုပ်ကိုကောကလာလေသည်။
..............
"ဝါးးး"
"ဘာမှမစားရသေးဘူး"
"လမ်းဖယ်"
ကျန်တော်သူတို့ကိုပြောလိုက်ပြီး သူတို့ဘေးကနေပဲ အခန်းင်ြထွက်လာလိုက်သည်။
"သွားစမ်းပါကွာ"
........
*ဒုန်းး*
"သေစမ်း"
"ဟျောင့်!!"
"အ..အာ..ဟုတ်"
............
"မင်းလဲ ဘာထူးလဲကွာ"
"ဟုတ်တယ်လေ"
................