တော်တော်လေးကြာပြီးမှ နှုတ်ဆက်ဖို့
အချိန် ရောက်လာခဲ့ပါပြီ။အခုချိန်ထိ
သတိတရနဲ့ စောင့်ပေးခဲ့ကြသူများကို ကျေးဇူးအထူးတင်ပါတယ်။ အများကြီး
ချစ်ပါတယ်။
ပထမဆုံးအနေနဲ့ ပြောချင်တာက
ကိုဇော့် သဘောထားပါ။ကြားထဲမှာ တပိုဒ်ဖြတ်လိုက်တာ မှတ်မိကြရဲ့လားမသိဘူး။
ကိုဇော့်ကို ဒုတိယလူမဖြစ်စေချင်လို့
စရေးထဲက သုံးပွင့်ဆိုင်မဖြစ်အောင် သတိထားပြီးရေးခဲ့ပါတယ်။ ကိုဇော်က
relationship တစ်ခုထားဖို့phobia
ရှိတဲ့သူလို့ ပြောရမှာပါပဲ။တယောက်ထဲတစ်သီးတသန့် နေတာမျိုးကိုပဲ သဘောကျ
တဲ့သူမျိုးပါ။ ချစ်နေပေမဲ့ မလိုအပ်
ပါဘူး။
ပြီးတော့ကို
ဇော်က သူဖွင့်ပြောချင်ရင် အစထဲက
ပြောခဲ့မှာပါ။ သူကိုယ်တိုင်မဖွင့်ပြော
ချင်လို့ တစ်သက်လုံးသိမ်းထားတဲ့
အရာကို ကိုယ်ကလည်း သိမ်းထားပေးရမယ်လို့ထင်ပါတယ်။၀န်း သိသွားခဲ့ရင်လဲ ဘာမှပြောင်းလဲတာမရှိသလို ၀န်းမှာ ရွေးချယ်စရာလည်း မရှိပါဘူး။
၀န်းရဲ့အဖြေက စစ်ကြောင်းပါပဲ။
ဒါပေမယ့် ကိုဇော်နဲ့၀န်းရဲ့ ညီအစ်ကိုသံယောဇဉ်ကိုကိုယ်မေ့သွားခဲ့တယ်။
အဲတစ်ပိုင်းတင်ပြီးမှ
၀န်းသာ ကိုဇော့်ရဲ့ စိတ်ကိုသိသွားရင် စစ်ကြောင်းဘေးမှာ အပြည့်အဝပျော်
ရွှင်စွာနေနိုင်ပါ့မလားဆိုတာ ကိုယ်
မတွေးတတ်တော့ပဲ
တအားစိုးရိမ်သွားတယ်။(သူ့အစ်ကိုကို
သနားတဲ့စိတ်ကြောင့်ပါ)။ သိလည်း
သိစေချင်သလို မသိလဲမသိစေချင်
တော့ပါဘူး။ကိုယ့်ပေါက်စကို
အပြည့်အဝပျော်စေချင်တာပါ။
ပြီးတော့ကိုဇော်ကတစ်ယောက်တည်း
နေချင်တဲ့သူ ဖြစ်ပေမဲ့လည်း ကိုယ်
ချစ်တဲ့လူကိုမပိုင်ဆိုင်ချင်တဲ့သူဆိုတာ
ရှိပါ့မလား လိုအပ်လားမလိုအပ်လား
ဆိုတာ ကိုဇော်ကိုယ်တိုင်ပဲသိမှာပါ။
အဲ့တာကြောင့် ကိုယ်ကမပေးနိုင်တာ
မလို့ ကိုဇော် မပြောရဲပဲတသက်လုံး
တန်ဖိုးထားပြီးသိမ်းထားခဲ့တာကို
ဇာတ်သိမ်းခါနီးမှ ၀န်းကိုပေးသိတာ
မျိုးမလုပ်ချင်တော့ပါဘူး။
အဲဒါကြောင့် ဒီအတိုင်းလေးဘဲသိမ်း
ထားလိုက်တာက အားလုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။(ကိုယ့်အတွက်ကိုဇော်povတွေကို
ရေးရတာ ခက်ခဲခဲ့ပါတယ်)
ပြီးတော့မူယာ။ မူယာကအပိုင်း 20 နဲ့ပျောက်သွားရပေမယ့် မူယာကလည်း
ဒီficမှာ အရေးပါတယ့်သူတယောက်
ပါပဲ။
ဇာတ်သိမ်းပြီးသွားပေမဲ့wonnyနဲ့
အစ်ကိုကြီး အကြောင်းက မပြည့်စုံ
သေးပါဘူး( အထူးသဖြင့် ၀န်းပါ)
extra တွေသာပါရင်တော့
ပိုပြီးပြည့်စုံသွားမှာပေါ့နော်။ဒါပေမယ့်
မမျှော်ပါနဲ့တော့လို့ပဲ ပြောပါရစေ။ ကျန်းမာရေးအခြေအနေကြောင့်
စာတွေရေးဖြစ်တော့မှာ မဟုတ်ပါဘူး။
( နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်)
Edit// Extraတွေဆက်လာပါမယ်နော်။extraတွေပြီးအောင်ဆက်ရေးပီးမှပဲစာရေးတာကိုအနားယူပါတော့မယ်။updateကတော့နည်းနည်းကြာပါမယ်နော်။
extra တော့မဟုတ်ပေမဲ့
ရေးစရာရှိသေးတာမို့ နောက်ထပ်
အဆက်တပိုင်း လာဖို့ရှိပါတယ်
နည်းနည်းစောင့်ပေးပါနော်။
စကားတွေအများကြီးမပြောတတ်ပေမယ့်
အခုချိန်ထိ ရှိနေပေးကြတဲ့သူများကို
ကျေးဇူးတင်ပြီးတော့ ချစ် ပါတယ်။
စာရေးရတာက ကိုယ့်အတွက်တန်ဖိုး
ထားရပြီး ပျော်ရွှင်ရတဲ့ ဝါသနာတစ်ခုပါ။rewardကို လွတ်လွတ်လပ်လပ်ရေးမယ် လို့ introမှာပြောထားတဲ့အတိုင်း တယောက်ချင်းစီရဲ့စိတ်ခံစားချက်
အတိုင်းပဲ ကြိုးစားပြီးရေးခဲ့တာမို့
ဒီficကိုဖတ်တဲ့အခါ အရေးအသား
ဆိုတာထက် ကိုယ့်ကောင်လေးတွေ
ဆီမှာ ပျော်ဝင်နေဖို့ပဲလိုတာပါ။young-free ဆိုတာကတော့ ၀န်းကိုကိုယ်စားပြုတာပါ။၀န်းရဲ့ ငယ်ရွယ်ပြီးလွတ်လပ်တဲ့ အချိန်တွေကို စစ်ကြောင်း
ကပေးခဲ့တယ်ဆိုတဲ့ သဘောပါ။
နောက်ဆုံးနေနဲ့ ပြောချင်တာကတော့
Rewardကို ဖတ်ခဲ့ရတဲ့ခံစားချက်လေး
တွေကိုပြောပြချင်ပါကဒီအောက်မှာ
ရေးသွားပေးပါလို့သိမ်းထားချင်လို့ပါ။အားလုံးကို ကျေးဇူးတင်ပါတယ်နော်။
Aelen
24.12.22
Zawgi
ေတာ္ေတာ္ေလးၾကာၿပီးမွ ႏႈတ္ဆက္ဖို႔အခ်ိန္ ေရာက္လာခဲ့ပါၿပီ။အခုခ်ိန္ထိ
သတိတရနဲ႔
ေစာင့္ေပးခဲ့ၾကသူမ်ားကို ေက်းဇူးအထူးတင္ပါတယ္။ အမ်ားႀကီး ခ်စ္ပါတယ္။
ပထမဆုံးအေနနဲ႔ ေျပာခ်င္တာက
ကိုေဇာ္႕ သေဘာထားပါ။ၾကားထဲမွာ တပိုဒ္ျဖတ္လိုက္တာ မွတ္မိၾကရဲ႕လားမသိဘူး။
ကိုေဇာ္႕ကို ဒုတိယလူမျဖစ္ေစခ်င္လို႔
စေရးထဲက သုံးပြင့္ဆိုင္မျဖစ္ေအာင္ သတိထားၿပီးေရးခဲ့ပါတယ္။ ကိုေဇာ္က
relationship တစ္ခုထားဖို႔phobia
႐ွိတဲ့သူလို႔ ေျပာရမွာပါပဲ။တေယာက္ထဲတစ္သီးတသန္႔ ေနတာမ်ိဳးကိုပဲ သေဘာက်တဲ့သူမ်ိဳးပါ။ ခ်စ္ေနေပမဲ့ မလိုအပ္ပါဘူး။
ၿပီးေတာ့ကို
ေဇာ္က သူဖြင့္ေျပာခ်င္ရင္ အစထဲက
ေျပာခဲ့မွာပါ။ သူကိုယ္တိုင္မဖြင့္ေျပာခ်င္လို႔ တစ္သက္လုံးသိမ္းထားတဲ့အရာကို ကိုယ္ကလည္း သိမ္းထားေပးရမယ္လို႔ထင္ပါတယ္။၀န္း သိသြားခဲ့ရင္လဲ ဘာမွေျပာင္းလဲတာမ႐ွိသလို ၀န္းမွာ ေ႐ြးခ်ယ္စရာလည္း မ႐ွိပါဘူး။
၀န္းရဲ႕အေျဖက စစ္ေၾကာင္းပါပဲ။ ဒါေပမယ့္ ကိုေဇာ္နဲ႔၀န္းရဲ႕ ညီအစ္ကိုသံေယာဇဥ္ကို
ကိုယ္ေမ့သြားခဲ့တယ္။ အဲတစ္ပိုင္းတင္ၿပီးမွ
၀န္းသာ ကိုေဇာ္႕ရဲ႕ စိတ္ကိုသိသြားရင္ စစ္ေၾကာင္းေဘးမွာ အျပည့္အဝေပ်ာ္႐ႊင္စြာေနႏိုင္ပါ့မလားဆိုတာ ကိုယ္မေတြးတတ္ေတာ့ပဲ
တအားစိုးရိမ္သြားတယ္။(သူ႕အစ္ကိုကို
သနားတဲ့စိတ္ေၾကာင့္ပါ)။ သိလည္းသိေစခ်င္သလို မသိလဲမသိေစခ်င္ေတာ့ပါဘူး။ကိုယ့္ေပါက္စကို အျပည့္အဝေပ်ာ္ေစခ်င္တာပါ။
ၿပီးေတာ့ကိုေဇာ္ကတစ္ေယာက္တည္းေနခ်င္တဲ့သူ ျဖစ္ေပမဲ့လည္း ကိုယ္ခ်စ္တဲ့လူကိုမပိုင္ဆိုင္ခ်င္တဲ့သူဆိုတာ ႐ွိပါ့မလား လိုအပ္လားမလိုအပ္လားဆိုတာ ကိုေဇာ္ကိုယ္တိုင္ပဲသိမွာပါ။
အဲ့တာေၾကာင့္ ကိုယ္ကမေပးႏိုင္တာမလို႔ ကိုေဇာ္ မေျပာရဲပဲတသက္လုံးတန္ဖိုးထားၿပီးသိမ္းထားခဲ့တာကို ဇာတ္သိမ္းခါနီးမွ ၀န္းကိုေပးသိတာမ်ိဳးမလုပ္ခ်င္ေတာ့ပါဘူး။
အဲဒါေၾကာင့္ ဒီအတိုင္းေလးဘဲသိမ္းထားလိုက္တာက အားလုံးအတြက္ အေကာင္းဆုံးျဖစ္မယ္လို႔ ထင္ပါတယ္။(ကိုယ့္အတြက္
ကိုေဇာ္povေတြကို ေရးရတာ ခက္ခဲခဲ့ပါတယ္)
ၿပီးေတာ့မူယာ။ မူယာကအပိုင္း 20 နဲ႔ေပ်ာက္သြားရေပမယ့္ မူယာကလည္း
ဒီficမွာ အေရးပါတယ့္သူတေယာက္
ပါပဲ။
ဇာတ္သိမ္းၿပီးသြားေပမဲ့wonnyနဲ႔ အစ္ကိုႀကီး အေၾကာင္းက မျပည့္စုံေသးပါဘူး( အထူးသျဖင့္ ၀န္းပါ) extra ေတြသာပါရင္ေတာ့
ပိုၿပီးျပည့္စုံသြားမွာေပါ့ေနာ္။ ဒါေပမယ့္
မေမွ်ာ္ပါနဲ႔ေတာ့လို႔ပဲ ေျပာပါရေစ။ က်န္းမာေရးအေျခအေနေၾကာင့္ စာေတြေရးျဖစ္ေတာ့မွာ မဟုတ္ပါဘူး။
( နားလည္ေပးႏိုင္မယ္လို႔ ထင္ပါတယ္)
Edit- Extraေတြဆက္လာပါမယ္ေနာ္။extraေတြၿပီးေအာင္ဆက္ေရးပီးမွပဲစာေရးတာကိုအနားယူပါေတာ့မယ္။updateကေတာ့နည္းနည္းၾကာပါမယ္ေနာ္။
extra ေတာ့မဟုတ္ေပမဲ့
ေရးစရာ႐ွိေသးတာမို႔ ေနာက္ထပ္
အဆက္တပိုင္း လာဖို႔႐ွိပါတယ္ နည္းနည္းေစာင့္ေပးပါေနာ္။
စကားေတြအမ်ားႀကီးမေျပာတတ္ေပမယ့္
အခုခ်ိန္ထိ ႐ွိေနေပးၾကတဲ့သူမ်ားကို
ေက်းဇူးတင္ၿပီးေတာ့ ခ်စ္ ပါတယ္။
စာေရးရတာက ကိုယ့္အတြက္တန္ဖိုးထားရၿပီး ေပ်ာ္႐ႊင္ရတဲ့ ဝါသနာတစ္ခုပါ။rewardကို လြတ္လြတ္လပ္လပ္ေရးမယ္ လို႔ introမွာေျပာထားတဲ့အတိုင္း တေယာက္ခ်င္းစီရဲ႕စိတ္ခံစားခ်က္ အတိုင္းပဲ ႀကိဳးစားၿပီးေရးခဲ့တာမို႔
ဒီficကိုဖတ္တဲ့အခါ အေရးအသားဆိုတာထက္ ကိုယ့္ေကာင္ေလးေတြဆီမွာ ေပ်ာ္ဝင္ေနဖို႔ပဲလိုတာပါ။young-free ဆိုတာကေတာ့ ၀န္းကိုကိုယ္စားျပဳတာပါ။၀န္းရဲ႕ ငယ္႐ြယ္ၿပီးလြတ္လပ္တဲ့ အခ်ိန္ေတြကို စစ္ေၾကာင္းကေပးခဲ့တယ္ဆိုတဲ့ သေဘာပါ။
ေနာက္ဆုံးေနနဲ႔ ေျပာခ်င္တာကေတာ့
Rewardကို ဖတ္ခဲ့ရတဲ့ခံစားခ်က္ေလး
ေတြကိုေျပာျပခ်င္ပါကဒီေအာက္မွာ
ေရးသြားေပးပါလို႔ သိမ်းထားခ်င္လို႔ပါ။အားလုံးကို ေက်းဇူးတင္ပါတယ္ေနာ္။
Aelen
24.12.22