အမုန်းပင်မှပွင့်သောအချစ်ပန်း...

Aster_2122 tarafından

277K 19.7K 1.1K

အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^ Daha Fazla

အပိုင်း {၁} (Uni+Zawgyi)
အပိုင်း {၂} (Uni+Zawgyi)
အပိုင်း {၃}
အပိုင်း {၄}
အပိုင်း {၅}
အပိုင်း {၆}
အပိုင်း {၇}
အသိပေးစာ❕
အပိုင်း {၈}
အပိုင်း {၉}
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၄)
အပိုင်း (၂၅) (ဇာတ်သိမ်း)
Extra

အပိုင်း (၂၃)

8.5K 782 47
Aster_2122 tarafından

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း (၂၃)

"မင်း..မင်းက Psychopath ပဲ"

"ဟား..ဟား..မှတ်မိသွားပြီပဲ။ကျွန်တော်သိတာပေါ့ မမလွှာက မှတ်ဥာဏ်ကောင်းမှန်း"

"မင်းပါးစပ်ကနေငါ့နာမည်ကိုထပ်မခေါ်နဲ့။မင်းလို မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွ​န် ခဲ့တဲ့သူဆီကနေ ငါ့နာမည်ခေါ်တာ သိက္ခာကျတယ်။ဒီနှစ်တွေမှာ မင်းဘယ်လိုများနေထိုင်ခဲ့လဲ ဟမ်။လူတစ်ယောက်လုံးကိုသေစေခဲ့ပြီး မင်းနေနိုင်တာ အံ့သြလိုက်တာ"

"နေနိုင်တာပေါ့။ကျွန်တော့်အပြစ်မှမဟုတ်တာ။အပြစ်တင်ချင်ရင် သူ့သူငယ်ချင်းနဲ့သူ့ဦးလေးကိုပဲ တင်ရမှာပေါ့။ကျွန်တော်က သူတို့ဆန္ဒပြည့်အောင်ကူညီပေးရုံသက်သက်လေ"

"မင်းမလို့ပြောထွက်တယ်။မိန်းကလေးတစ်ယောက်ကို အတင်းအဓမ္မကျူးလွန်ခဲ့တဲ့ သူက အပြစ်ကင်းတယ်လို့တကယ်ပဲတွေးနေတာလား ထက်မြက်မင်း"

"လူနှစ်ယောက်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးတာက အပြစ်ရှိလို့လား။အပြစ်ရှိတယ်ဆိုရင် ဒီဇာတ်လမ်းကိုစခဲ့တဲ့ သူတို့နှစ်ယောက်မှာပဲအပြစ်ရှိတယ်မလား"

"ဒါဆို သွန်းချယ်ရီကို အတင်းအဓမ္မပြုကျင့်ခဲ့တဲ့ မင်းက အပြစ်မရှိဘူး ဒီလိုလား"

"ဟုတ်တယ်..ကူညီတာက အပြစ်မှမဟုတ်တာလေ"
နန်းရိပ် မသိမသာ အပြုံးတစ်ပွင့်အားဆင်မြန်းလိုက်မိသည်။

"ဒါဆို အပြစ်တင်မယ်ဆိုရင် ဘယ်သူ့ကိုတင်ရမှာလဲ"

"ကျွန်တော်ပြောတယ်မလား ဒီဇာတ်လမ်းကိုစခဲ့တဲ့သူ။အဲ့ဒီနေ့က ကျွန်တော့်ဆီကို သွန်းချယ်ရီကိုခေါ်လာပေးတဲ့သူနဲ့ ကျွန်တော့်ကို အကူအညီတောင်းခဲ့တဲ့သူ"

"မင်းက တကယ်လက်ဖျားခါတယ်။ကိုယ့်အပြစ်ကိုသူများအပြစ်ဖြစ်အောင်လွှဲချတဲ့နေရာမှာဆရာကြီးပဲ။"

"လွှဲချတယ်လို့မြင်လို့ပါ ကူညီတာလို့မြင်ရင် ကျွန်တော့်ကို အခုလို ဒေါသထွက်နေမှာမဟုတ်ဘူး။ဟုတ်တယ်မလား မမလွှာ"

"ငါ့နာမည်ကို ထပ်မခေါ်နဲ့ ထက်မြက်မင်း။မင်းတို့သုံးယောက်လုံးကို ငါထောင်ထဲထည့်မယ်။မင်းတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ပြန်ခံစားရစေရမယ်"

"အခြေအနေကိုတစ်ချက်တွေးပြီးမှ ဒီစကားပြောရင်ကောင်းမယ်နော် မမလွှာ အခုရောက်နေတာ ကျွန်တော့်အခန်းဆိုတာလည်း သတိရပါအုံး"

"မင်း..မင်း ရှေ့ဆက်တိုးမလာနဲ့နော်"

"မတိုးစေချင်ဘူးဆိုရင် အဲ့နေရာမှာပဲ ရပ်နေလိုက်ပါ"

နန်းရိပ်နောက်သို့ဆုတ်ရင်း ဆုတ်ရင်းဖြင့် စားပွဲအားလက်နောက်ပြန်ထောက်ထားမိသလိုဖြစ်သွားတော့သည်။လက်တစ်ဖက်ဖြင့် ဟိုဟိုဒီဒီစမ်းရင်း လက်နဲ့တိုက်မိသည့်ပစ္စည်းတစ်ခုအား ဆွဲယူကာ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
အခန်းတံခါးဆီအကြည့်ရောက်တော့ သော့မှာတန်းလန်းပင်။ကိုယ်ဟန်ချက်အားတစ်ချက်ပြင်ထိန်းရင်း ရှေ့သို့ရောက်လာသည့်သူအား အငိုက်တွင် တွန်းလိုက်မိတော့ လဲကျသွားသည့်အချိန်အားအခွင့်ကောင်းယူကာ တံခါးစီပြေးကာ သော့အားဖြုတ်ပြီးသည့်နောက် တံခါးအားပြန်ပိတ်လိုက်မိသည်။

"ကျွန်တော့်လက်ထဲကနေ ဘယ်ကိုမှသွားလို့မရဘူး။တံခါးဖွင့်"
အထဲမှာအော်သံအား လျစ်လျူရှုလိုက်ပြီး အောက်ထပ်ဆီ သွက်သွက်ဆင်းတော့ လှေကားတွင်ရပ်နေသည့်ဦးနေရောင်လွင်အား တွေ့လိုက်ရတာကြောင့် ​လှေကားအလယ်တွင် နန်းရိပ်ခြေလှမ်းတို့ရပ်တန့်သွားတော့သည်။

"ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ထင်တောင်မထားဘူး ဦးနေရောင်လွင်"

"ဒီအိမ်ထဲရောက်နေတာတောင် စွာနေနိုင်တုန်းပဲလား အံ့သြလိုက်တာ"

"ဒုန်း...ဒုန်း...ဒုန်း..အောက်ကလူတွေ တံခါးလာဖွင့်စမ်း"
အပေါ်ထပ်ဆီမှလွင့်ပျံလာသည့်အသံကြောင့် ဦးနေရောင်လွင်အာရုံတို့မှာ အပေါ်ဆီလွင့်သွားတော့သည်။
"နန်းရိပ်လွှာ နင် ထက်မြက်ကို ဘာတွေလုပ်ခဲ့တာလဲ"
"သိချင်ရင်သွားကြည့်လေ "
"သူ့ကိုအိမ်ထဲကနေပေးမထွက်နဲ့ ဟိုတစ်ယောက်ငါနဲ့လိုက်ခဲ့"
အပြေးအလွှားအပေါ်တက်သွားသည့်ဦးနေရောင်လွင်အားကြည့်ကာ နန်းရိပ်ပြုံးလိုက်မိသည်။နာရီအားကြည့်မိတော့ ၁၂နာရီကွက်တိ။ဒီခြံထဲကနေ နန်းရိပ်ထွက်နိုင်မှဖြစ်လိမ့်မည်။
"ငါ့အရှေ့ကနေ အခုဖယ်"

ရှေ့တွင်ပိတ်ရပ်ထားသည့်ကောင်မလေးများကြောင့် နန်းရိပ်ဘယ်လိုမှမထွက်သာ။

"ကျွန်တော်ပြောပါတယ် ဒီနေရာကနေ ထွက်သွားလို့မရဘူးလို့"

အနောက်မှထွက်ပေါ်လာသည့်အသံကြောင့် နန်းရိပ်လန့်သွားမိသည်မှာအမှန်ပင်။လက်ထဲရှိပစ္စည်းအားမမြင်အောင် ကျစ်ကျစ်ပါဆုပ်ရင်း ဘာလုပ်ရမလဲတွေးနေမိတော့သည်။
"ဟယ်ရီ မြန်မြန်လာပါတော့"
စိတ်ထဲမှ ထိုစကားတစ်ခွန်းအားပြောလိုက်မိသည်။အခုချိန် နန်းရိပ်ကို ကယ်တင်နိုင်သည်မှာ ဟယ်ရီတစ်ယောက်ပဲရှိလေသည်။
"အစ်ကိုလေး ခြံရှေ့မှာ ရဲတွေရောက်နေတယ်။"
ထိုအသံအားကြားတော့ ဦးနေရောင်လွင်ရော ထက်မြက်မင်းပါ မျက်နှာပျက်သွားသည်။နန်းရိပ်ကတော့ သက်ပြင်းသဲ့သဲ့လေးချရင်း အနည်းငယ်စိတ်အေးသွားမိသည်။
"ဘယ်လိုလုပ်မလဲ ငါမင်းကိုပြောတာ အဲ့တာကြောင့်လေ အခုရဲတွေရောက်လာပြီ"
"ခင်ဗျား အဲ့လို ဟန်ပျက်နေရင် ရဲတွေပိုရိပ်မိလိမ့်မယ်။ခင်ဗျားရောကျုပ်ရောက ဘာအပြစ်မှမရှိဘူး။သူတို့မှာ ဘာသက်သေမှ မရှိဘူး အဲ့တာကိုမှတ်ထား"
"သူတို့ကိုဝင်လာခိုင်းလိုက်"
စကားမဆုံးခင်မှာတွင်ပဲ အိမ်ထဲသို့ရောက်ရှိလာသည့်ရဲများ။
"အန်တီ..."
နန်းရိပ်အား အတင်းဖက်တွယ်လာသည့်ကလေးမ။ငိုနေပြန်ပြီထင်ပါရဲ့လေ။
"လူတွေအများကြီးလေ ဘာလို့ငိုနေရတာလဲ။တို့ပြောဖူးတယ်မလား မသန်မာရင်မကြိုက်ဘူးလို့"
"အန်တီတစ်ခုခုဖြစ်သွားရင်ဆိုတဲ့စိတ်နဲ့ ဟယ်ရီဘယ်လောက်တောင်ပူနေရသလဲ သိရဲ့လား"
"အခု ဘာမှမဖြစ်ဘူးလေ ကလေးမရဲ့။အန်တီအလုပ်လုပ်အုံးမယ်"
"မမကြီး အဆင်ပြေရဲ့လား တစ်ခုခူထိခိုက်သေးလား"
"ဟင့်အင်း"
ခေါင်းခါပြရင်း မင်းမင်းလက်ထဲသို့ ဆုပ်ကိုင်လာသည့် usb stickအား ထည့်ပေးလိုက်မိသည်။

"ဦးနေရောင်လွင်နဲ့ကိုထက်မြက်မင်း မသွန်းချယ်ရီသေဆုံးမှုရဲ့အဓိကသံသယရှိသူအဖြစ် ဖမ်းဝရမ်းပါတာကြောင့် ကျွန်တော်တို့နဲ့လိုက်ခဲ့ပေးပါ"
"ဘာ..ဘာဖြစ်တယ် ဘယ်သက်သေနဲ့လဲ။ထက်မြက် မင်းပြောအုံး"
ထိတ်ထိတ်ပြာပြာဖြစ်သွားသည့် ဦးနေရောင်လွင်အားကြည့်ကာ နန်းရိပ်ပြုံးလိုက်မိသည်။
"ဘယ်ကသက်သေလဲဆိုတာ သိချင်ရင် ဒါကိုတစ်ချက်နားထောင်ကြည့်ပါ"
"ဒီကိစ္စတွေရဲ့အစက ဦးနေရောင်လွင်ပဲ။အမွေတွေကိုယူချင်တာကြောင့်သူကြံစည်ခဲ့တာ။သူ့ရဲ့အကြံအစည်နောက်မှာ ကျွန်မကပါသွားခဲ့ရတာ။သူ့ရဲ့အပြောတွေကြောင့် ကိုယ့်သူငယ်ချင်းအပေါ်မလုပ်သင့်တာတွေလာပ်ခဲ့မိတာပဲ။"
"ဒီလောက်ဆို သဘောပေါက်တယ်မလား ဦးနေရောင်လွင်။ဒီစကားတွေကိုရော ဘယ်သူကပြောတယ်ထင်လဲ။ခင်ဗျားတို့နဲ့တစ်ဖွဲ့တည်းဖြစ်တဲ့ သစ်ရိပ်မေဆီက ရခဲ့တာပဲ။သူကအကုန်ဝန်ခံပြီးသွားပြီ"
"တောက်ခ် အသုံးမကျတဲ့မိန်းမ"
"ကျွန်တော်တို့နဲ့အေးဆေးလိုက်ခဲ့ပါ။အားမသုံးချင်တာမလို့ ကျေးဇူးပြုပြီး"
ရုတ်တရက် ထက်မြက်မင်းက ဦးနေရောင်လွင်အား ရဲများဆီတွန်းလိုက်သည်မလို့ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။
"အာ့..မင်း"
တစ်ဖက်အားအာရုံရောက်ချိန် အားဖြင့်ဆွဲယူခံလိုက်ရတာကြောင့် နန်းရိပ်ဟန်ချက်ပျက်သွားရသည်။
"အန်တီ..."
"ဒေါ်နန်းရိပ်လွှာကို ဘာမှမဖြစ်စေချင်ရင် ကျူပ်နောက်ကိုမလိုက်ခဲ့နဲ့"
"ခဏ..ခဏ ကိုထက်မြက်မင်း။ကျွန်တော်တို့ဆွေးနွေးရအောင် လက်ထဲကဓားကိုချထားလိုက်ပါလား"
"ရှေ့ဆက်တိုးလာရင် ဒီဓားက သူ့လည်ပင်းထဲစိုက်ဝင်သွားလိမ့်မယ်။"
"အန်တီ..."
လည်ပင်းသို့အနည်းငယ်စိုက်လိုက်သည့်အတွက် သွေးအနည်းငယ်စို့သွားတာကြောင့် ဟယ်ရီစိတိပူစွာအော်လိုက်မိသည်။
"ငါ့ကို ကားသော့ယူပေး "
အန်တီ့အားစိုးရိမ်သည်မလို့ ကားသော့အား ထိုသူ့ဆီ ဟယ်ရီပစ်ပေးလိုက်မိသည်။
"အဲ့နေရာကနေ ဘယ်သူမှမရွှေ့နဲ့နော်။ရွှေ့ရင် ကျုပ်ကိုအဆိုးမဆိုနဲ့"
ကားဆီတဖြည်းဖြည်းရွေ့သွားသည့်သူအားကြည့်ရင်း ဟယ်ရီတို့ဘာလုပ်ရမှန်းမသိတော့ပေ။
"ကျွန်တော် မမလွှာကို သေချာပေါက် ပြန်လာခေါ်မယ်"
ထိုသို့ဆိုရင်း နန်းရိပ်အား တွန်းလိုက်သည်မလို့အိမ်အဝင်လှေကားထစ်ပေါ်သို့ အရှိန်ဖြင့် ပစ်ကျသွားရတော့သည်။
"အန်တီ!!"
"သူ့နောက်ကို ဆက်လိုက်ပေးပါ "
"တရားခံကိုခေါ်ပြီး ပြန်နှင့်။ပြီးရင် တပ်ဖွဲ့တိုင်းကိုအကြောင်းကြားလိုက်"
"အန်တီ...ဟယ်ရီတို့ဆေးရုံသွားရအောင်"
"ဟင့်အင်း..အဲ့လောက်မလိုပါဘူး"
"ဘာမလိုတာလဲ အန်တီရဲ့။ဒီမှာသွေးတွေထွက်နေတာကို"
"ဆေးထည့်ရင်ပြေပါတယ် အိမ်ပဲပြန်ကြရအောင်"
ပြောမရသည့်အဆုံးအန်တီ့ဆန္ဒအတိုင်း အိမ်သို့သာပြန်ခဲ့ရသည်။
----
"ဟော ငိုပြန်ပြီ။ဒဏ်ရာရတာက တို့လေ။ငိုရင်းငို တို့ကပဲ ငိုရမှာမလား။ဘာလို့ဆေးလိမ်းပေးတဲ့သူကငိုနေရတာလဲ"
"အန်တီ့ကို ဆုံးရှုံးလိုက်ရပြီထင်တာသိလား။သူ့လက်ထဲအန်တီပါသွားချိန်မှာ ဟယ်ရီဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ဟယ်ရီက တကယ်အသုံးမကျတာပကိုယ်ချစ်တဲ့သူတွေကို ကာကွယ်မပေးနိုင်ခဲ့ဘူး"
"ကဲ..မငိုတော့နဲ့နော်။အန်တီ အခုဘာမှမဖြစ်ဘူးလေ။စိတ်မကောင်းမဖြစ်နဲ့နော်"
"အန်တီသာတစ်ခုခုဖြစ်သွားရင် ဟယ်ရီ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှခွင့်လွှတ်နိုင်မှာမဟုတ်ဘူး"
"အန်တီဘာမှမဖြစ်ဘူးနော်။ဟယ်ရီ့ကို တစ်ယောက်တည်းမထားခဲ့ဘူး သိလား"
"ဒီကတိကိုအမြဲတမ်းအတွက်တည်ပေးနော်"
"အင်း..တည်ပေးမှာပေါ့။ဒေါ်နန်းရိပ်လွှာက လွန်းဟယ်ရီကို ဘယ်တော့မှမထားခဲ့ဘူး"
ဟယ်ရီ့နဖူးပြင်လေးအား နန်းရိပ်မြတ်နိုးစွာ အနမ်းတစ်ပွင့် ခြွေလိုက်မိသည်။

"ချစ်တယ်အန်တီ..."
"အန်တီလည်း ပြောမပြတတ်အောင် ချစ်ရပါတယ်"

ကိုယ့်အားဖက်လာသည့် ကလေးမလေး ကျောပြင်အား နန်းရိပ်ပွတ်ပေးလိုက်မိသည်။ဘယ်လောက်တောင်စိတ်ပူနေခဲ့လဲဆိုတာ နန်းရိပ်သိပါတယ်။မဖြစ်မနေမလို့သာ ဒီလမ်းကိုရွေးခဲ့ရတာ။ကြီးကြီးမားမားမထိခိုက်ခဲ့တာက ကံကောင်းမှုလို့ဆိုရမည်။

"ဒေါက်..ဒေါက်"
"သစ်လွင်ရေ...ဝင်ခဲ့နော်"
နန်းရိပ်အသံအဆုံး သစ်လွင်မှာဝင်လာလေသည်။အခုရက်ထဲ နန်းရိပ်လည်း ကိုယ့်ဘာသာအလုပ်တွေရှုပ်နေမိတာနဲ့ သစ်လွင်ကိုတောင်ဂရုမပြုမိ။အတော်လေးပိန်သွားတာပဲ။
"အန်တီ့အတွက် ကြက်သားစွပ်ပြုတ်ပါ။"
"စားပွဲပေါ်ထားခဲ့နော်။သစ်လွင်ရောနေကောင်းရဲ့လား ပိန်သွားသလိုပဲ။"
"ကောင်းပါတယ် အန်တီ။အန်တီစိတ်ထင်လို့နေမှာပါ"
"ကောင်းရင်ပြီးတာပါပဲ။ဟယ်ရီရေ သစ်လွင်အတွက်အဖော်တစ်ယောက်ရှာပေးရမယ်ထင်တယ်"
"ဆူးကဘာဖြစ်လို့လဲအန်တီ"
"ဟော ကြည့်...။ဒီကလေးမ မသိသေးဘူးလား။ဆူးကဖြင့်ဒီကိုဘယ်တော့မှပြန်လာတော့မှ​ဟုတ်ဘူးလေ"
"ဟင်!! ဘာလို့လဲအန်တီ"
"ကဲ..ကြည့် မင်းရော မင်းမမလေးရော တော်တော် လူကဲခတ်ညံ့တာပဲ။ကိုယ့်အိမ်မှာနှစ်တွေအကြာကြီးနေတဲ့သူကို ဘယ်ကမှန်းမသိဘူး။မင်းတို့ ဆူး လို့သိထားတဲ့သူရဲ့နာမည်အရင်းက နေရီသွန်းတဲ့။ရှင်းရှင်းပြောရရင် ဦးနေရောင်လွင်ရဲ့အငယ်အနှောင်းတစ်ယောက်ရဲ့သမီးပဲ"
"ဟင်!! တကယ်ကြီးလား"
အံ့သြသွားသည့်သစ်လွင်အား ကြည့်ကာ နန်းရိပ်လည်းပြုံးလိုက်မိသည်။စသိခါစတုန်းက နန်းရိပ်လည်းအတော်အံ့သြခဲ့ရသည်။ဖြစ်နိုင်ပါ့မလားဆိုပြီး အကြိမ်ကြိမ်လည်းတွေးခဲ့မိသေးသည်။
"သစ်လွင်လိုပဲ အန်တီလည်း အံ့သြခဲ့ရပါတယ်။ဘယ်လိုမှမထင်ထားခဲ့ဘူးလေ။အနီးနားမှာ အကြာကြီးနေခဲ့တဲ့သူက ဒီလိုလုပ်လိမ့်မယ်ဆိုပြီး။အစကတော့ ဦးနေရောင်လွင်က ပိုက်ဆံပေးထားလို့ဒီလိုလုပ်တယ်ထင်ခဲ့တာ။နောက်မှ စုံစမ်းရင်းနဲ့ အကုန်လုံးသိခဲ့ရတာပဲ။သက်သေသေဆုံးခဲ့တဲ့အမှုတည်းက တစ်ယောက်ယောက်က သတင်းပေးဖို့အနားရောက်နေပြီလို့သိခဲ့ပေမဲ့ သူလို့တော့မထင်မိတာအမှန်ပဲ။"
"ဒါနဲ့ ဟယ်ရီမေးမလို့ သူလို့ဘယ်လိုသေချာသွားတာလဲ"
"မှတ်မိလား။တို့တွေ နယ်ဘက်ကိုသွားတဲ့နေ့လေ။ကားပေါ်ရောက်ပြီးမှ အခန်းမှာပစ္စည်းကျန်ခဲ့တယ်ဆိုပြီး တို့ပြန်ဝင်ခဲ့တာ။အဲ့တုန်းက မင်းမင်းဝယ်လာပေးတဲ့ camera အသေးလေးကို အခန်းထဲမှာထားခဲ့တာ။အဲ့ဒီမှာ ဆူးကို သိလိုက်ရတာပဲ"
"အန်တီကတော့ တကယ့်စုံထောက်ကြီးပဲ။တော်လိုက်တာဆိုတာ ကိုမင်းမင်းကတောင် တအားတွေချီးကျူးနေတာ"
"လွန်းဟယ်ရီတို့မြှောက်ပြန်ပြီ။ကျွေးစရာကတော့ သစ်လွင်ယူလာတဲ့စွပ်ပြုတ်ပဲရှိတယ်"
"တကယ်တော်လို့တော်တယ်ပြောတာ ဟယ်ရီ့အမျိုးသမီးက အတော်ဆုံးပဲ"
ပါးပြင်အား ဖြတ်ကနဲနမ်းလိုက်တာမလို့ နန်းရိပ်အံ့သြမှုနှင့်အတူ ရှက်လည်းရှက်သွားရသည်။ဟယ်ရီကျောပြင်အားထုရိုက်ရင်းအော်နေမိတော့သည်။
"အား..လွန်းဟယ်ရီ မရှက်ဘူးလား"
"ဘာရှက်စရာရှိလို့လဲ နမ်းတာပဲကို"
"သစ်လွင်ရှိနေတာကို...သွားသွား..တို့အနားမလာတော့နဲ့။သစ်လွင် နင့်မမလေးကိုခေါ်ပြီးသွားတော့"
"ကိုယ့်အမျိုးသမီးကိုယ်နမ်းတာ ဒီလောက်အပြစ်ကြီးလို့လား မသွားပါဘူး ဟယ်ရီက အန်တီ့အနားမှာပဲနေပြီး ကိုယ်ဖိ ရင်ဖိပြုစုမှာ ဟွန့်"
"သစ်လွင်ကျောင်းချိန်နီးပြီမလို့ သွားတော့မယ်နော်"
သစ်လွင်ထွက်သွားသည်နှင့် ဟယ်ရီ့ဗိုက်ခေါ်ပေါ် အန်တီလက်အစုံကျလာတော့သည်။
"အား..နာတယ်အန်တီရဲ့။ထစ်ခနဲဆို ဒီဗိုက်ခေါက်ပဲ ပြဿနာရှာနေတယ်။ဒီဗိုက်ခေါက်ပဲ ဖြုတ်ထားမယ်။အာ့..နာ..နာတယ် အန်တီရဲ့"
နားရွက်အားလိမ်ဆွဲသည်မလို့ ဟယ်ရီအကဲပိုစွာအော်ရင်း အန်တီ့လက်နှစ်ဖက်အား ချုပ်ကိုင်းရင်း မွေးယာပေါ် လဲစေလိုက်တော့သည်။
"နေမကောင်းတဲ့သူက အရမ်းတွေစွာနေတာပဲ"
"ဖယ်..."
"မဖယ်ပါဘူး...ဟွန့်။သူများကိုနာအောင်လုပ်တဲ့အဒေါ်ကြီး ပြန်ပြီး အကြွေးယူရမယ်"
"လွန်းဟယ်ရီ ဖယ်။အနိုင်မကျင့်နဲ့ တို့နေမ​ကောင်းဘူး"
"ခုနကကျ ဒီလိုမဟုတ်ဘူးလေ"
ချက်ချင်းပင်ပြောင်းလဲသွားသည့်မျက်နှာအား ဟယ်ရီလိုက်လို့မမှီ။ခုနကကျစွာနေပြီး အခုကျ ချက်ချင်းကို လူမမာပုံစံဖမ်းနေလိုက်တာ။တကယ်ပါလေ အသဲယားစရာ။
"ဟုတ်ပြီ ဒါဆို စွပ်ပြုတ်သောက်ရအောင်"
"ဟင့်အင်း..မသောက်ချင်ဘူး။"
"နေမကောင်းဘူးဆိုသောက်ရမှာပဲ။"
"နေမကောင်းတာမှမဟုတ်တာ ဒဏ်ရာရရုံပဲကို"
"တကယ်လား..."
ဟယ်ရီအတည်ပေါက်နဲ့ပြောတော့ ချက်ချင်းခေါင်းအားခါယမ်းပြီး စွပ်ပြုတ်သောက်ဖို့လက်ခံတာကြောင့် ဟယ်ရီကိုယ်တိုင်ပင် တိုက်လိုက်မိသည်။
"ဆေးသောက်ရအောင်နော် အန်တီ"
"ပျင်းတယ်...မသောက်ချင်ဘူး"
"မပျင်းအောင်တိုက်မယ်လေ"
"ဘယ်လိုမျိုးလဲ"
"စတွေ့တဲ့နေ့က သံပရာရည်တိုက်သလို။သဘောကျတယ်မလား"
"ဟာ..မင်းနော်။ကဲဟာ လူကြီးကို လိုက်စအုံး"
ခေါင်းအုံးတွေဖြင့်ပစ်ပေါက်သည်မလို့ ဟယ်ရီစရင်း ပတ်ပြေးမိတော့သည်။
----
"ထက်မြက်မင်း အခြေအနေ"
"ဘယ်လိုမှသူ့တည်နေရာကိုမသိရသေးဘူး။သူ့အိမ်ကိုလည်းပြန်မလာဘူး။သူ့အဖေဆီလည်းအဝင်အထွက်မတွေ့ရဘူး"
"အဓိက တရားခံကို ကျွန်တော်တို့လွတ်နေတာပဲ။အဲ့နေ့က ကျွန်တော်တို့တွေလိုသွားတာ"
"သူကြာကြာမပုန်းနိုင်ပါဘူး။ရှာတွေ့မှာပါ။သူဒီနိုင်ငံကနေ မထွက်သွားသရွေ့ ကျွန်တော်တို့မှာအခွင့်အရေးရှိတယ်"
ထက်မြက်မင်း ဘယ်နေရာမှာပုန်းနေနိုင်မလဲဆိုသည့်အဖြေအား မင်းမင်းလည်းစဥ်းစားကာနေရတော့သည်။
"အဲ့တစ်ယောက်က Psychopathနော်။သူတို့လုပ်ချင်တာဆိုရင် မရ ရအောင်လုပ်တတ်ယ်"
"ကိုဝကြီး ခုနက ဘာပြောလိုက်တာလဲ"
"ထက်မြင်မင်းကိုပြောတာပါ။သူက psychopath ပဲ။သူလုပ်ချင်ရာကိုရအောင်လုပ်မှာ။သူ့လိုလူမျိုးတွေက အစွဲအလန်းကြီးတယ်"
"ဟာ!!"
"ဘာဖြစ်လို့လဲ မင်းမင်း။တစ်ခုခုသတိရလို့လား"
"ဟုတ်တယ် အဲ့အကောင်ရဲ့စွဲလန်းမှုက မမကြီးပဲ။သူသေချာပေါက် မမကြီးအနားရောက်အောင်လာလိမ့်မယ်။ကျွန်တော်တို့ မမကြီးကို စောင့်ရှောက်ရလိမ့်မယ်"
"အေးဟုတ်တယ်။ ငါအဲ့ကို ရဲဘော်တစ်ချို့လွှတ်လိုက်မယ်။မင်းလည်း တစ်ချက်သတိပေးထားအုံး။"
"ဟုတ်ကဲ့ အစ်ကို"
မမကြီးဖုန်းအားခေါ်ကာ သတိပေးလိုက်မိသည်။ဟုတ်သည်ရှိ၊မဟုတ်သည်ရှိ သတိကပိုတယ်လို့မှမရှိဘဲ။ကားပေါ်တက်ခါနီးတုန်းက မမကြီးကိုပြောခဲ့တဲ့စကားကို မေ့ထားလို့မှမရတာ။

"အန်တီ့ကိုမေးမလို့ ညနေက ကိုမင်းမင်းဖုန်းဆက်တယ်မလား။ဘာတဲ့လဲ။ဟယ်ရီမေးမယ်ဆိုပြီး ညစာပြင်တာဘာညာနဲ့မေ့သွားတာ"
"သြော်..ဘာမှမဟုတ်ပါဘူး ဒီတိုင်း အမှုအကြောင်းလှမ်းပြီးအသိပေးတာ"
"အန်တီ့ကိုကျေးဇူးတင်ပါတယ်နော်။အန်တီ့ကြောင့်သာမဟုတ်ရင် မမကြီးအတွက် တရားမျှတမှုကိုရှာပေးနိုင်မှာမဟုတ်ဘူး"
"ဒီလူနဲ့ဒီလူကို ဘာကျေးဇူးလဲမလိုဘူးလေ ။ဗိုက်ခေါက်အဆွဲခံရမယ် ဘာမှတ်နေလဲ။ညလေအေးအေးနဲ့"
"ကျေးဇူးမလိုရင် ဘာလိုလဲ။ဟယ်ရီ့ကိုလိုတာလား ဟင်"
"ဟာ..လွန်းဟယ်ရီ ဘာတွေလျှောက်ပြောနေတာလဲ"
"တကယ်ပြောနေတာ ဟယ်ရီနောက်နေတာမဟုတ်ဘူးအန်တီ"
အိပ်ရာခင်းပေါ်တက်လာပြီး နန်းရိပ်နှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်သည့်ကလေးမ။
"ဟယ်ရီ့ကို မယုံလို့လားဟင်"
"ဘာကိုပြောတာလဲ ဟယ်ရီရဲ့။အန်တီက ဟယ်ရီ့ကိုမယုံစရာလား"
"ဒါပေမဲ့ အန်တီ့ဘဝကို ဟယ်ရီလက်ထဲပုံအပ်လိုက်ဖို့ကိုတော့မယုံဘူးမလားဟင်။ဟယ်ရီပြုမူခဲ့တဲ့အပြစ်တွေအတွက် ဟယ်ရီ့အချစ်တွေကိုအန်တီမယုံနိုင်သေးဘူးမလား"
"အို..မဟုတ်တာပဲ။ဟယ်ရီ့ကိုမယုံရင် အန်တီက ဒီလိုစွန့်လွှတ်မှုတွေ၊စွန့်စားမှုတွေလုပ်ပါ့မလား။ဟယ်ရီ့ကိုယုံလို့၊ဟယ်ရီ့အချစ်ကိုယုံလို့။နောက်ပြီး ဟယ်ရီ့ကို အန်တီ့ဘဝနဲ့ထပ်တူချစ်တာမလို့လေ"
"ဟယ်ရီသိလား နန်းရိပ်လွှာဆိုတဲ့အမျိုးသမီးက ဟယ်ရီ့အတွက်ဖြစ်တည်လာတဲ့လူတစ်ယောက်မလို့ ဒီလူရဲ့ဘဝတစ်ခုလုံးက လွန်းဟယ်ရီဆိုတဲ့မိန်းကလေးငယ်လေးအပိုင်ပါ"
နှုတ်ခမ်းထက်အား အနမ်းတစ်ပွင့်ခြွေသည့်အန်တီ။ဒါဟာဘယ်နှစ်ကြိမ်မြောက်ခြွေတဲ့အနမ်းပါလိမ့်။ဘယ်နှစ်ကြိမ်ပဲ ဖြစ်ဖြစ် ဟယ်ရီကတော့ ရင်ခုန်ရဆဲ။ရင်ဖိုရဆဲ။အန်တီ့အနမ်းတွေအောက်မှာ အကြိမ်ကြိမ်အခါခါ ကျရှုံးရစမြဲပါပဲ။

အန်တီ့ဘက်က အနမ်းတို့ရပ်တန့်သွားသည့်အခါ ဟယ်ရီ့ဘက်ကပြန်စသည်။နှုတ်ခမ်းတစ်စုံအား စိတ်ရှိတိုင်းနမ်းရှိုက်ပြီးတော့ အန်တီ့အား ကြည့်မိသည်။
"ဟယ်ရီတို့ အဆုံးထိ သွားကြမလား အန်တီ"

ခေါင်းတစ်ချက်အားအသာညိတ်ပြပြီးမှ ရှက်သွေးဖြာရသည်။အသက်လေးဆယ်ကျော်အရွယ်မှ အချစ်နဲ့ထိတွေ့ဖူးတာမလို့ကြောက်ရွံ့မိသည်မှာတော့အမှန်။

လည်တိုင်သို့အနမ်းသို့ထိခတ်လာသည့်အခါ လက်တို့မှာ ထိုကလေးမလည်တိုင်ထက်တွင်ချိတ်တွယ်မိလျှက်သား။လည်တိုင်မှတစ်ဆင့်ရင်ညွှန့်၊ထိုမှတစ်ဆင့် တဖြည်းဖြည်း လျှောဆင်းသွားသည့်အခါ အိပ်ရာခင်းစအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်းခံစားမိလေသည်။လွင့်စင်ကျသွားသည့်အဝတ်အစားတို့မှာဘယ်လိုနေလိမ့်မလဲ။နန်းရိပ်ကတော့လေပေါ်လွင့်သွားသလိုလို၊တိမ်တွေပေါ်လျှောက်လှမ်းရသလိုလိုနှင့်ခံစားချက်တို့မှာစုံလင်စွာ။ကျောပြင်နှင့် အိပ်ရာခင်း ထိခတ်ချိန်အသိပြန်ဝင်ပြီး လစ်ဟာသွားသည့်အခါ ခံစားမှုမှာ ထိပ်ဆုံးမှာ။

နဖူးပြင်ပေါ်သို့အနမ်းတစ်ပွင့်ခြွေသည့်အခါမျက်ဝန်းမှစီးကျလာသည့်မျက်ရည်စတို့အားမမြင်စေရန် ရင်ခွင်ထဲကလေးပမာတိုးဝှေ့မိသည်။ဒီမျက်ရည်တွေဟာ ဝမ်းနည်းလွန်းလို့ကျမိတာမျိုးမဟုတ်။ဒီနေ့ကစ နန်းရိပ်စာ ဒီမိန်းကလေးငယ်ရဲ့တရားဝင်အပိုင်ဖြစ်သွားပြီမလို့ ဝမ်းသာမိခြင်းသာ။
"အန်တီ...ငိုနေတာလား"
"ငိုတာမဟုတ်ပါဘူး။တို့ကဟယ်ရီရဲ့တရားဝင်အိမ်သူတစ်ယောက်ဖြစ်ပြီမလို့ ဝမ်းသာမိလို့ပါ"
"အန်တီက အမြဲတမ်းအတွက် ဟယ်ရီမြတ်နိုးရတဲ့ ဟယ်ရီ့ရဲ့တရားဝင် အိမ်သူသက်လျာလေးပါ"
နာရီအားကြည့်မိတော့ ညဆယ်နာရီခွဲ။အခုမှအန်တီ့အားဆေးမတိုက်ရသေးမှန်းသတိရသည်။
"အန်တီ...ဆေးမသောက်ရသေးဘူးမလား"
"အွန်း..မင်းမှမတိုက်ဘဲ။နေမကောင်းတဲ့သူကိုပြုစုမယ်ဆိုပြီးဆေးတိုက်ဖို့တောင်မေ့နေတယ်"
"ပြုစုပါတယ်အန်တီကလည်းကိုယ်ဖိရင်ဖိလေ အဟဲ"
"တော်ပါ။နောက်ဆို နေမကောင်းမဖြစ်အောင်နေမယ်။ရှင့်ရဲ့ကိုယ်ဖိ ရင်ဖိပြုစုတာကိုကြောက်လွန်းလို့"
နားထင်စပ်အား လက်ညှိုးဖြင့်ထိုးရင်း ဟယ်ရီရှက်ပြုံးပြုံးမိသည်။ထိုနေ့ညက ဟယ်ရီ့ဘဝတစ်လျှောက် အလှပဆုံးနေ့ရက်ကလေးတစ်ခုပင်။

#Äster
24:12:2022 (9:11PM)
ဇာတ်သိမ်းနား နီးလာပါပြီလို့ပြောရင်း...ဟီး💙
voteတွေအများကြီးပေးကြတာနဲ့ မြန်မြန်ရေးလိုက်မိတယ်💙

အမုန္းပင္မွပြင့္ေသာအခ်စ္ပန္း
အပိုင္း (၂၃)

"မင္း..မင္းက Psychopath ပဲ"

"ဟား..ဟား..မွတ္မိသြားၿပီပဲ။ကြၽန္ေတာ္သိတာေပါ့ မမလႊာက မွတ္ဥာဏ္ေကာင္းမွန္း"

"မင္းပါးစပ္ကေနငါ့နာမည္ကိုထပ္မေခၚနဲ႕။မင္းလို မိန္းကေလးတစ္ေယာက္ကို ကိုယ္ထိလက္ေရာက္က်ဴးလြန္ ခဲ့တဲ့သူဆီကေန ငါ့နာမည္ေခၚတာ သိကၡာက်တယ္။ဒီႏွစ္ေတြမွာ မင္းဘယ္လိုမ်ားေနထိုင္ခဲ့လဲ ဟမ္။လူတစ္ေယာက္လုံးကိုေသေစခဲ့ၿပီး မင္းေနနိုင္တာ အံ့ၾသလိုက္တာ"

"ေနနိုင္တာေပါ့။ကြၽန္ေတာ့္အျပစ္မွမဟုတ္တာ။အျပစ္တင္ခ်င္ရင္ သူ႕သူငယ္ခ်င္းနဲ႕သူ႕ဦးေလးကိုပဲ တင္ရမွာေပါ့။ကြၽန္ေတာ္က သူတို႔ဆႏၵျပည့္ေအာင္ကူညီေပး႐ုံသက္သက္ေလ"

"မင္းမလို႔ေျပာထြက္တယ္။မိန္းကေလးတစ္ေယာက္ကို အတင္းအဓမၼက်ဴးလြန္ခဲ့တဲ့ သူက အျပစ္ကင္းတယ္လို႔တကယ္ပဲေတြးေနတာလား ထက္ျမက္မင္း"

"လူႏွစ္ေယာက္ရဲ႕ဆႏၵကိုျဖည့္ဆည္းေပးတာက အျပစ္ရွိလို႔လား။အျပစ္ရွိတယ္ဆိုရင္ ဒီဇာတ္လမ္းကိုစခဲ့တဲ့ သူတို႔ႏွစ္ေယာက္မွာပဲအျပစ္ရွိတယ္မလား"

"ဒါဆို သြန္းခ်ယ္ရီကို အတင္းအဓမၼျပဳက်င့္ခဲ့တဲ့ မင္းက အျပစ္မရွိဘူး ဒီလိုလား"

"ဟုတ္တယ္..ကူညီတာက အျပစ္မွမဟုတ္တာေလ"
နန္းရိပ္ မသိမသာ အၿပဳံးတစ္ပြင့္အားဆင္ျမန္းလိုက္မိသည္။

"ဒါဆို အျပစ္တင္မယ္ဆိုရင္ ဘယ္သူ႕ကိုတင္ရမွာလဲ"

"ကြၽန္ေတာ္ေျပာတယ္မလား ဒီဇာတ္လမ္းကိုစခဲ့တဲ့သူ။အဲ့ဒီေန႕က ကြၽန္ေတာ့္ဆီကို သြန္းခ်ယ္ရီကိုေခၚလာေပးတဲ့သူနဲ႕ ကြၽန္ေတာ့္ကို အကူအညီေတာင္းခဲ့တဲ့သူ"

"မင္းက တကယ္လက္ဖ်ားခါတယ္။ကိုယ့္အျပစ္ကိုသူမ်ားအျပစ္ျဖစ္ေအာင္လႊဲခ်တဲ့ေနရာမွာဆရာႀကီးပဲ။"

"လႊဲခ်တယ္လို႔ျမင္လို႔ပါ ကူညီတာလို႔ျမင္ရင္ ကြၽန္ေတာ့္ကို အခုလို ေဒါသထြက္ေနမွာမဟုတ္ဘူး။ဟုတ္တယ္မလား မမလႊာ"

"ငါ့နာမည္ကို ထပ္မေခၚနဲ႕ ထက္ျမက္မင္း။မင္းတို႔သုံးေယာက္လုံးကို ငါေထာင္ထဲထည့္မယ္။မင္းတို႔လုပ္ခဲ့တဲ့ လုပ္ရပ္ေတြအတြက္ ျပန္ခံစားရေစရမယ္"

"အေျခအေနကိုတစ္ခ်က္ေတြးၿပီးမွ ဒီစကားေျပာရင္ေကာင္းမယ္ေနာ္ မမလႊာ အခုေရာက္ေနတာ ကြၽန္ေတာ့္အခန္းဆိုတာလည္း သတိရပါအုံး"

"မင္း..မင္း ေရွ႕ဆက္တိုးမလာနဲ႕ေနာ္"

"မတိုးေစခ်င္ဘူးဆိုရင္ အဲ့ေနရာမွာပဲ ရပ္ေနလိုက္ပါ"

နန္းရိပ္ေနာက္သို႔ဆုတ္ရင္း ဆုတ္ရင္းျဖင့္ စားပြဲအားလက္ေနာက္ျပန္ေထာက္ထားမိသလိုျဖစ္သြားေတာ့သည္။လက္တစ္ဖက္ျဖင့္ ဟိုဟိုဒီဒီစမ္းရင္း လက္နဲ႕တိုက္မိသည့္ပစၥည္းတစ္ခုအား ဆြဲယူကာ လက္ထဲတြင္ က်စ္က်စ္ပါေအာင္ ဆုပ္ထားလိုက္မိသည္။
အခန္းတံခါးဆီအၾကည့္ေရာက္ေတာ့ ေသာ့မွာတန္းလန္းပင္။ကိုယ္ဟန္ခ်က္အားတစ္ခ်က္ျပင္ထိန္းရင္း ေရွ႕သို႔ေရာက္လာသည့္သူအား အငိုက္တြင္ တြန္းလိုက္မိေတာ့ လဲက်သြားသည့္အခ်ိန္အားအခြင့္ေကာင္းယူကာ တံခါးစီေျပးကာ ေသာ့အားျဖဳတ္ၿပီးသည့္ေနာက္ တံခါးအားျပန္ပိတ္လိုက္မိသည္။

"ကြၽန္ေတာ့္လက္ထဲကေန ဘယ္ကိုမွသြားလို႔မရဘူး။တံခါးဖြင့္"
အထဲမွာေအာ္သံအား လ်စ္လ်ဴရႈလိုက္ၿပီး ေအာက္ထပ္ဆီ သြက္သြက္ဆင္းေတာ့ ေလွကားတြင္ရပ္ေနသည့္ဦးေနေရာင္လြင္အား ေတြ႕လိုက္ရတာေၾကာင့္ ေလွကားအလယ္တြင္ နန္းရိပ္ေျခလွမ္းတို႔ရပ္တန့္သြားေတာ့သည္။

"ဒီေနရာမွာ ေတြ႕ရလိမ့္မယ္လို႔ ထင္ေတာင္မထားဘူး ဦးေနေရာင္လြင္"

"ဒီအိမ္ထဲေရာက္ေနတာေတာင္ စြာေနနိုင္တုန္းပဲလား အံ့ၾသလိုက္တာ"

"ဒုန္း...ဒုန္း...ဒုန္း..ေအာက္ကလူေတြ တံခါးလာဖြင့္စမ္း"
အေပၚထပ္ဆီမွလြင့္ပ်ံလာသည့္အသံေၾကာင့္ ဦးေနေရာင္လြင္အာ႐ုံတို႔မွာ အေပၚဆီလြင့္သြားေတာ့သည္။
"နန္းရိပ္လႊာ နင္ ထက္ျမက္ကို ဘာေတြလုပ္ခဲ့တာလဲ"
"သိခ်င္ရင္သြားၾကည့္ေလ "
"သူ႕ကိုအိမ္ထဲကေနေပးမထြက္နဲ႕ ဟိုတစ္ေယာက္ငါနဲ႕လိုက္ခဲ့"
အေျပးအလႊားအေပၚတက္သြားသည့္ဦးေနေရာင္လြင္အားၾကည့္ကာ နန္းရိပ္ၿပဳံးလိုက္မိသည္။နာရီအားၾကည့္မိေတာ့ ၁၂နာရီကြက္တိ။ဒီၿခံထဲကေန နန္းရိပ္ထြက္နိုင္မွျဖစ္လိမ့္မည္။
"ငါ့အေရွ႕ကေန အခုဖယ္"

ေရွ႕တြင္ပိတ္ရပ္ထားသည့္ေကာင္မေလးမ်ားေၾကာင့္ နန္းရိပ္ဘယ္လိုမွမထြက္သာ။

"ကြၽန္ေတာ္ေျပာပါတယ္ ဒီေနရာကေန ထြက္သြားလို႔မရဘူးလို႔"

အေနာက္မွထြက္ေပၚလာသည့္အသံေၾကာင့္ နန္းရိပ္လန့္သြားမိသည္မွာအမွန္ပင္။လက္ထဲရွိပစၥည္းအားမျမင္ေအာင္ က်စ္က်စ္ပါဆုပ္ရင္း ဘာလုပ္ရမလဲေတြးေနမိေတာ့သည္။
"ဟယ္ရီ ျမန္ျမန္လာပါေတာ့"
စိတ္ထဲမွ ထိုစကားတစ္ခြန္းအားေျပာလိုက္မိသည္။အခုခ်ိန္ နန္းရိပ္ကို ကယ္တင္နိုင္သည္မွာ ဟယ္ရီတစ္ေယာက္ပဲရွိေလသည္။
"အစ္ကိုေလး ၿခံေရွ႕မွာ ရဲေတြေရာက္ေနတယ္။"
ထိုအသံအားၾကားေတာ့ ဦးေနေရာင္လြင္ေရာ ထက္ျမက္မင္းပါ မ်က္ႏွာပ်က္သြားသည္။နန္းရိပ္ကေတာ့ သက္ျပင္းသဲ့သဲ့ေလးခ်ရင္း အနည္းငယ္စိတ္ေအးသြားမိသည္။
"ဘယ္လိုလုပ္မလဲ ငါမင္းကိုေျပာတာ အဲ့တာေၾကာင့္ေလ အခုရဲေတြေရာက္လာၿပီ"
"ခင္ဗ်ား အဲ့လို ဟန္ပ်က္ေနရင္ ရဲေတြပိုရိပ္မိလိမ့္မယ္။ခင္ဗ်ားေရာက်ဳပ္ေရာက ဘာအျပစ္မွမရွိဘူး။သူတို႔မွာ ဘာသက္ေသမွ မရွိဘူး အဲ့တာကိုမွတ္ထား"
"သူတို႔ကိုဝင္လာခိုင္းလိုက္"
စကားမဆုံးခင္မွာတြင္ပဲ အိမ္ထဲသို႔ေရာက္ရွိလာသည့္ရဲမ်ား။
"အန္တီ..."
နန္းရိပ္အား အတင္းဖက္တြယ္လာသည့္ကေလးမ။ငိုေနျပန္ၿပီထင္ပါရဲ႕ေလ။
"လူေတြအမ်ားႀကီးေလ ဘာလို႔ငိုေနရတာလဲ။တို႔ေျပာဖူးတယ္မလား မသန္မာရင္မႀကိဳက္ဘူးလို႔"
"အန္တီတစ္ခုခုျဖစ္သြားရင္ဆိုတဲ့စိတ္နဲ႕ ဟယ္ရီဘယ္ေလာက္ေတာင္ပူေနရသလဲ သိရဲ႕လား"
"အခု ဘာမွမျဖစ္ဘူးေလ ကေလးမရဲ႕။အန္တီအလုပ္လုပ္အုံးမယ္"
"မမႀကီး အဆင္ေျပရဲ႕လား တစ္ခုခူထိခိုက္ေသးလား"
"ဟင့္အင္း"
ေခါင္းခါျပရင္း မင္းမင္းလက္ထဲသို႔ ဆုပ္ကိုင္လာသည့္ usb stickအား ထည့္ေပးလိုက္မိသည္။

"ဦးေနေရာင္လြင္နဲ႕ကိုထက္ျမက္မင္း မသြန္းခ်ယ္ရီေသဆုံးမႈရဲ႕အဓိကသံသယရွိသူအျဖစ္ ဖမ္းဝရမ္းပါတာေၾကာင့္ ကြၽန္ေတာ္တို႔နဲ႕လိုက္ခဲ့ေပးပါ"
"ဘာ..ဘာျဖစ္တယ္ ဘယ္သက္ေသနဲ႕လဲ။ထက္ျမက္ မင္းေျပာအုံး"
ထိတ္ထိတ္ျပာျပာျဖစ္သြားသည့္ ဦးေနေရာင္လြင္အားၾကည့္ကာ နန္းရိပ္ၿပဳံးလိုက္မိသည္။
"ဘယ္ကသက္ေသလဲဆိုတာ သိခ်င္ရင္ ဒါကိုတစ္ခ်က္နားေထာင္ၾကည့္ပါ"
"ဒီကိစၥေတြရဲ႕အစက ဦးေနေရာင္လြင္ပဲ။အေမြေတြကိုယူခ်င္တာေၾကာင့္သူႀကံစည္ခဲ့တာ။သူ႕ရဲ႕အႀကံအစည္ေနာက္မွာ ကြၽန္မကပါသြားခဲ့ရတာ။သူ႕ရဲ႕အေျပာေတြေၾကာင့္ ကိုယ့္သူငယ္ခ်င္းအေပၚမလုပ္သင့္တာေတြလာပ္ခဲ့မိတာပဲ။"
"ဒီေလာက္ဆို သေဘာေပါက္တယ္မလား ဦးေနေရာင္လြင္။ဒီစကားေတြကိုေရာ ဘယ္သူကေျပာတယ္ထင္လဲ။ခင္ဗ်ားတို႔နဲ႕တစ္ဖြဲ႕တည္းျဖစ္တဲ့ သစ္ရိပ္ေမဆီက ရခဲ့တာပဲ။သူကအကုန္ဝန္ခံၿပီးသြားၿပီ"
"ေတာက္ခ္ အသုံးမက်တဲ့မိန္းမ"
"ကြၽန္ေတာ္တို႔နဲ႕ေအးေဆးလိုက္ခဲ့ပါ။အားမသုံးခ်င္တာမလို႔ ေက်းဇူးျပဳၿပီး"
႐ုတ္တရက္ ထက္ျမက္မင္းက ဦးေနေရာင္လြင္အား ရဲမ်ားဆီတြန္းလိုက္သည္မလို႔႐ုတ္႐ုတ္သဲသဲျဖစ္သြားေတာ့သည္။
"အာ့..မင္း"
တစ္ဖက္အားအာ႐ုံေရာက္ခ်ိန္ အားျဖင့္ဆြဲယူခံလိုက္ရတာေၾကာင့္ နန္းရိပ္ဟန္ခ်က္ပ်က္သြားရသည္။
"အန္တီ..."
"ေဒၚနန္းရိပ္လႊာကို ဘာမွမျဖစ္ေစခ်င္ရင္ က်ဴပ္ေနာက္ကိုမလိုက္ခဲ့နဲ႕"
"ခဏ..ခဏ ကိုထက္ျမက္မင္း။ကြၽန္ေတာ္တို႔ေဆြးႏြေးရေအာင္ လက္ထဲကဓားကိုခ်ထားလိုက္ပါလား"
"ေရွ႕ဆက္တိုးလာရင္ ဒီဓားက သူ႕လည္ပင္းထဲစိုက္ဝင္သြားလိမ့္မယ္။"
"အန္တီ..."
လည္ပင္းသို႔အနည္းငယ္စိုက္လိုက္သည့္အတြက္ ေသြးအနည္းငယ္စို႔သြားတာေၾကာင့္ ဟယ္ရီစိတိပူစြာေအာ္လိုက္မိသည္။
"ငါ့ကို ကားေသာ့ယူေပး "
အန္တီ့အားစိုးရိမ္သည္မလို႔ ကားေသာ့အား ထိုသူ႕ဆီ ဟယ္ရီပစ္ေပးလိုက္မိသည္။
"အဲ့ေနရာကေန ဘယ္သူမွမေ႐ႊ႕နဲ႕ေနာ္။ေ႐ႊ႕ရင္ က်ဳပ္ကိုအဆိုးမဆိုနဲ႕"
ကားဆီတျဖည္းျဖည္းေ႐ြ႕သြားသည့္သူအားၾကည့္ရင္း ဟယ္ရီတို႔ဘာလုပ္ရမွန္းမသိေတာ့ေပ။
"ကြၽန္ေတာ္ မမလႊာကို ေသခ်ာေပါက္ ျပန္လာေခၚမယ္"
ထိုသို႔ဆိုရင္း နန္းရိပ္အား တြန္းလိုက္သည္မလို႔အိမ္အဝင္ေလွကားထစ္ေပၚသို႔ အရွိန္ျဖင့္ ပစ္က်သြားရေတာ့သည္။
"အန္တီ!!"
"သူ႕ေနာက္ကို ဆက္လိုက္ေပးပါ "
"တရားခံကိုေခၚၿပီး ျပန္ႏွင့္။ၿပီးရင္ တပ္ဖြဲ႕တိုင္းကိုအေၾကာင္းၾကားလိုက္"
"အန္တီ...ဟယ္ရီတို႔ေဆး႐ုံသြားရေအာင္"
"ဟင့္အင္း..အဲ့ေလာက္မလိုပါဘူး"
"ဘာမလိုတာလဲ အန္တီရဲ႕။ဒီမွာေသြးေတြထြက္ေနတာကို"
"ေဆးထည့္ရင္ေျပပါတယ္ အိမ္ပဲျပန္ၾကရေအာင္"
ေျပာမရသည့္အဆုံးအန္တီ့ဆႏၵအတိုင္း အိမ္သို႔သာျပန္ခဲ့ရသည္။
----
"ေဟာ ငိုျပန္ၿပီ။ဒဏ္ရာရတာက တို႔ေလ။ငိုရင္းငို တို႔ကပဲ ငိုရမွာမလား။ဘာလို႔ေဆးလိမ္းေပးတဲ့သူကငိုေနရတာလဲ"
"အန္တီ့ကို ဆုံးရႈံးလိုက္ရၿပီထင္တာသိလား။သူ႕လက္ထဲအန္တီပါသြားခ်ိန္မွာ ဟယ္ရီဘာမွမလုပ္ေပးနိုင္ခဲ့ဘူး။ဟယ္ရီက တကယ္အသုံးမက်တာပကိုယ္ခ်စ္တဲ့သူေတြကို ကာကြယ္မေပးနိုင္ခဲ့ဘူး"
"ကဲ..မငိုေတာ့နဲ႕ေနာ္။အန္တီ အခုဘာမွမျဖစ္ဘူးေလ။စိတ္မေကာင္းမျဖစ္နဲ႕ေနာ္"
"အန္တီသာတစ္ခုခုျဖစ္သြားရင္ ဟယ္ရီ ကိုယ့္ကိုယ္ကိုယ္ ဘယ္ေတာ့မွခြင့္လႊတ္နိုင္မွာမဟုတ္ဘူး"
"အန္တီဘာမွမျဖစ္ဘူးေနာ္။ဟယ္ရီ႕ကို တစ္ေယာက္တည္းမထားခဲ့ဘူး သိလား"
"ဒီကတိကိုအၿမဲတမ္းအတြက္တည္ေပးေနာ္"
"အင္း..တည္ေပးမွာေပါ့။ေဒၚနန္းရိပ္လႊာက လြန္းဟယ္ရီကို ဘယ္ေတာ့မွမထားခဲ့ဘူး"
ဟယ္ရီ႕နဖူးျပင္ေလးအား နန္းရိပ္ျမတ္နိုးစြာ အနမ္းတစ္ပြင့္ ေႁခြလိုက္မိသည္။

"ခ်စ္တယ္အန္တီ..."
"အန္တီလည္း ေျပာမျပတတ္ေအာင္ ခ်စ္ရပါတယ္"

ကိုယ့္အားဖက္လာသည့္ ကေလးမေလး ေက်ာျပင္အား နန္းရိပ္ပြတ္ေပးလိုက္မိသည္။ဘယ္ေလာက္ေတာင္စိတ္ပူေနခဲ့လဲဆိုတာ နန္းရိပ္သိပါတယ္။မျဖစ္မေနမလို႔သာ ဒီလမ္းကိုေ႐ြးခဲ့ရတာ။ႀကီးႀကီးမားမားမထိခိုက္ခဲ့တာက ကံေကာင္းမႈလို႔ဆိုရမည္။

"ေဒါက္..ေဒါက္"
"သစ္လြင္ေရ...ဝင္ခဲ့ေနာ္"
နန္းရိပ္အသံအဆုံး သစ္လြင္မွာဝင္လာေလသည္။အခုရက္ထဲ နန္းရိပ္လည္း ကိုယ့္ဘာသာအလုပ္ေတြရႈပ္ေနမိတာနဲ႕ သစ္လြင္ကိုေတာင္ဂ႐ုမျပဳမိ။အေတာ္ေလးပိန္သြားတာပဲ။
"အန္တီ့အတြက္ ၾကက္သားစြပ္ျပဳတ္ပါ။"
"စားပြဲေပၚထားခဲ့ေနာ္။သစ္လြင္ေရာေနေကာင္းရဲ႕လား ပိန္သြားသလိုပဲ။"
"ေကာင္းပါတယ္ အန္တီ။အန္တီစိတ္ထင္လို႔ေနမွာပါ"
"ေကာင္းရင္ၿပီးတာပါပဲ။ဟယ္ရီေရ သစ္လြင္အတြက္အေဖာ္တစ္ေယာက္ရွာေပးရမယ္ထင္တယ္"
"ဆူးကဘာျဖစ္လို႔လဲအန္တီ"
"ေဟာ ၾကည့္...။ဒီကေလးမ မသိေသးဘူးလား။ဆူးကျဖင့္ဒီကိုဘယ္ေတာ့မွျပန္လာေတာ့မွဟုတ္ဘူးေလ"
"ဟင္!! ဘာလို႔လဲအန္တီ"
"ကဲ..ၾကည့္ မင္းေရာ မင္းမမေလးေရာ ေတာ္ေတာ္ လူကဲခတ္ညံ့တာပဲ။ကိုယ့္အိမ္မွာႏွစ္ေတြအၾကာႀကီးေနတဲ့သူကို ဘယ္ကမွန္းမသိဘူး။မင္းတို႔ ဆူး လို႔သိထားတဲ့သူရဲ႕နာမည္အရင္းက ေနရီသြန္းတဲ့။ရွင္းရွင္းေျပာရရင္ ဦးေနေရာင္လြင္ရဲ႕အငယ္အႏွောင္းတစ္ေယာက္ရဲ႕သမီးပဲ"
"ဟင္!! တကယ္ႀကီးလား"
အံ့ၾသသြားသည့္သစ္လြင္အား ၾကည့္ကာ နန္းရိပ္လည္းၿပဳံးလိုက္မိသည္။စသိခါစတုန္းက နန္းရိပ္လည္းအေတာ္အံ့ၾသခဲ့ရသည္။ျဖစ္နိုင္ပါ့မလားဆိုၿပီး အႀကိမ္ႀကိမ္လည္းေတြးခဲ့မိေသးသည္။
"သစ္လြင္လိုပဲ အန္တီလည္း အံ့ၾသခဲ့ရပါတယ္။ဘယ္လိုမွမထင္ထားခဲ့ဘူးေလ။အနီးနားမွာ အၾကာႀကီးေနခဲ့တဲ့သူက ဒီလိုလုပ္လိမ့္မယ္ဆိုၿပီး။အစကေတာ့ ဦးေနေရာင္လြင္က ပိုက္ဆံေပးထားလို႔ဒီလိုလုပ္တယ္ထင္ခဲ့တာ။ေနာက္မွ စုံစမ္းရင္းနဲ႕ အကုန္လုံးသိခဲ့ရတာပဲ။သက္ေသေသဆုံးခဲ့တဲ့အမႈတည္းက တစ္ေယာက္ေယာက္က သတင္းေပးဖို႔အနားေရာက္ေနၿပီလို႔သိခဲ့ေပမဲ့ သူလို႔ေတာ့မထင္မိတာအမွန္ပဲ။"
"ဒါနဲ႕ ဟယ္ရီေမးမလို႔ သူလို႔ဘယ္လိုေသခ်ာသြားတာလဲ"
"မွတ္မိလား။တို႔ေတြ နယ္ဘက္ကိုသြားတဲ့ေန႕ေလ။ကားေပၚေရာက္ၿပီးမွ အခန္းမွာပစၥည္းက်န္ခဲ့တယ္ဆိုၿပီး တို႔ျပန္ဝင္ခဲ့တာ။အဲ့တုန္းက မင္းမင္းဝယ္လာေပးတဲ့ camera အေသးေလးကို အခန္းထဲမွာထားခဲ့တာ။အဲ့ဒီမွာ ဆူးကို သိလိုက္ရတာပဲ"
"အန္တီကေတာ့ တကယ့္စုံေထာက္ႀကီးပဲ။ေတာ္လိုက္တာဆိုတာ ကိုမင္းမင္းကေတာင္ တအားေတြခ်ီးက်ဴးေနတာ"
"လြန္းဟယ္ရီတို႔ျမႇောက္ျပန္ၿပီ။ေကြၽးစရာကေတာ့ သစ္လြင္ယူလာတဲ့စြပ္ျပဳတ္ပဲရွိတယ္"
"တကယ္ေတာ္လို႔ေတာ္တယ္ေျပာတာ ဟယ္ရီ႕အမ်ိဳးသမီးက အေတာ္ဆုံးပဲ"
ပါးျပင္အား ျဖတ္ကနဲနမ္းလိုက္တာမလို႔ နန္းရိပ္အံ့ၾသမႈႏွင့္အတူ ရွက္လည္းရွက္သြားရသည္။ဟယ္ရီေက်ာျပင္အားထုရိုက္ရင္းေအာ္ေနမိေတာ့သည္။
"အား..လြန္းဟယ္ရီ မရွက္ဘူးလား"
"ဘာရွက္စရာရွိလို႔လဲ နမ္းတာပဲကို"
"သစ္လြင္ရွိေနတာကို...သြားသြား..တို႔အနားမလာေတာ့နဲ႕။သစ္လြင္ နင့္မမေလးကိုေခၚၿပီးသြားေတာ့"
"ကိုယ့္အမ်ိဳးသမီးကိုယ္နမ္းတာ ဒီေလာက္အျပစ္ႀကီးလို႔လား မသြားပါဘူး ဟယ္ရီက အန္တီ့အနားမွာပဲေနၿပီး ကိုယ္ဖိ ရင္ဖိျပဳစုမွာ ဟြန့္"
"သစ္လြင္ေက်ာင္းခ်ိန္နီးၿပီမလို႔ သြားေတာ့မယ္ေနာ္"
သစ္လြင္ထြက္သြားသည္ႏွင့္ ဟယ္ရီ႕ဗိုက္ေခၚေပၚ အန္တီလက္အစုံက်လာေတာ့သည္။
"အား..နာတယ္အန္တီရဲ႕။ထစ္ခနဲဆို ဒီဗိုက္ေခါက္ပဲ ျပႆနာရွာေနတယ္။ဒီဗိုက္ေခါက္ပဲ ျဖဳတ္ထားမယ္။အာ့..နာ..နာတယ္ အန္တီရဲ႕"
နား႐ြက္အားလိမ္ဆြဲသည္မလို႔ ဟယ္ရီအကဲပိုစြာေအာ္ရင္း အန္တီ့လက္ႏွစ္ဖက္အား ခ်ဳပ္ကိုင္းရင္း ေမြးယာေပၚ လဲေစလိုက္ေတာ့သည္။
"ေနမေကာင္းတဲ့သူက အရမ္းေတြစြာေနတာပဲ"
"ဖယ္..."
"မဖယ္ပါဘူး...ဟြန့္။သူမ်ားကိုနာေအာင္လုပ္တဲ့အေဒၚႀကီး ျပန္ၿပီး အေႂကြးယူရမယ္"
"လြန္းဟယ္ရီ ဖယ္။အနိုင္မက်င့္နဲ႕ တို႔ေနမေကာင္းဘူး"
"ခုနကက် ဒီလိုမဟုတ္ဘူးေလ"
ခ်က္ခ်င္းပင္ေျပာင္းလဲသြားသည့္မ်က္ႏွာအား ဟယ္ရီလိုက္လို႔မမွီ။ခုနကက်စြာေနၿပီး အခုက် ခ်က္ခ်င္းကို လူမမာပုံစံဖမ္းေနလိုက္တာ။တကယ္ပါေလ အသဲယားစရာ။
"ဟုတ္ၿပီ ဒါဆို စြပ္ျပဳတ္ေသာက္ရေအာင္"
"ဟင့္အင္း..မေသာက္ခ်င္ဘူး။"
"ေနမေကာင္းဘူးဆိုေသာက္ရမွာပဲ။"
"ေနမေကာင္းတာမွမဟုတ္တာ ဒဏ္ရာရ႐ုံပဲကို"
"တကယ္လား..."
ဟယ္ရီအတည္ေပါက္နဲ႕ေျပာေတာ့ ခ်က္ခ်င္းေခါင္းအားခါယမ္းၿပီး စြပ္ျပဳတ္ေသာက္ဖို႔လက္ခံတာေၾကာင့္ ဟယ္ရီကိုယ္တိုင္ပင္ တိုက္လိုက္မိသည္။
"ေဆးေသာက္ရေအာင္ေနာ္ အန္တီ"
"ပ်င္းတယ္...မေသာက္ခ်င္ဘူး"
"မပ်င္းေအာင္တိုက္မယ္ေလ"
"ဘယ္လိုမ်ိဳးလဲ"
"စေတြ႕တဲ့ေန႕က သံပရာရည္တိုက္သလို။သေဘာက်တယ္မလား"
"ဟာ..မင္းေနာ္။ကဲဟာ လူႀကီးကို လိုက္စအုံး"
ေခါင္းအုံးေတြျဖင့္ပစ္ေပါက္သည္မလို႔ ဟယ္ရီစရင္း ပတ္ေျပးမိေတာ့သည္။
----
"ထက္ျမက္မင္း အေျခအေန"
"ဘယ္လိုမွသူ႕တည္ေနရာကိုမသိရေသးဘူး။သူ႕အိမ္ကိုလည္းျပန္မလာဘူး။သူ႕အေဖဆီလည္းအဝင္အထြက္မေတြ႕ရဘူး"
"အဓိက တရားခံကို ကြၽန္ေတာ္တို႔လြတ္ေနတာပဲ။အဲ့ေန႕က ကြၽန္ေတာ္တို႔ေတြလိုသြားတာ"
"သူၾကာၾကာမပုန္းနိုင္ပါဘူး။ရွာေတြ႕မွာပါ။သူဒီနိုင္ငံကေန မထြက္သြားသေ႐ြ႕ ကြၽန္ေတာ္တို႔မွာအခြင့္အေရးရွိတယ္"
ထက္ျမက္မင္း ဘယ္ေနရာမွာပုန္းေနနိုင္မလဲဆိုသည့္အေျဖအား မင္းမင္းလည္းစဥ္းစားကာေနရေတာ့သည္။
"အဲ့တစ္ေယာက္က Psychopathေနာ္။သူတို႔လုပ္ခ်င္တာဆိုရင္ မရ ရေအာင္လုပ္တတ္ယ္"
"ကိုဝႀကီး ခုနက ဘာေျပာလိုက္တာလဲ"
"ထက္ျမင္မင္းကိုေျပာတာပါ။သူက psychopath ပဲ။သူလုပ္ခ်င္ရာကိုရေအာင္လုပ္မွာ။သူ႕လိုလူမ်ိဳးေတြက အစြဲအလန္းႀကီးတယ္"
"ဟာ!!"
"ဘာျဖစ္လို႔လဲ မင္းမင္း။တစ္ခုခုသတိရလို႔လား"
"ဟုတ္တယ္ အဲ့အေကာင္ရဲ႕စြဲလန္းမႈက မမႀကီးပဲ။သူေသခ်ာေပါက္ မမႀကီးအနားေရာက္ေအာင္လာလိမ့္မယ္။ကြၽန္ေတာ္တို႔ မမႀကီးကို ေစာင့္ေရွာက္ရလိမ့္မယ္"
"ေအးဟုတ္တယ္။ ငါအဲ့ကို ရဲေဘာ္တစ္ခ်ိဳ႕လႊတ္လိုက္မယ္။မင္းလည္း တစ္ခ်က္သတိေပးထားအုံး။"
"ဟုတ္ကဲ့ အစ္ကို"
မမႀကီးဖုန္းအားေခၚကာ သတိေပးလိုက္မိသည္။ဟုတ္သည္ရွိ၊မဟုတ္သည္ရွိ သတိကပိုတယ္လို႔မွမရွိဘဲ။ကားေပၚတက္ခါနီးတုန္းက မမႀကီးကိုေျပာခဲ့တဲ့စကားကို ေမ့ထားလို႔မွမရတာ။

"အန္တီ့ကိုေမးမလို႔ ညေနက ကိုမင္းမင္းဖုန႕းဆက္တယ္မလား။ဘာတဲ့လဲ။ဟယ္ရီေမးမယ္ဆိုၿပီး ညစာျပင္တာဘာညာနဲ႕ေမ့သြားတာ"
"ေၾသာ္..ဘာမွမဟုတ္ပါဘူး ဒီတိုင္း အမႈအေၾကာင္းလွမ္းၿပီးအသိေပးတာ"
"အန္တီ့ကိုေက်းဇူးတင္ပါတယ္ေနာ္။အန္တီ့ေၾကာင့္သာမဟုတ္ရင္ မမႀကီးအတြက္ တရားမွ်တမႈကိုရွာေပးနိုင္မွာမဟုတ္ဘူး"
"ဒီလူနဲ႕ဒီလူကို ဘာေက်းဇူးလဲမလိုဘူးေလ ။ဗိုက္ေခါက္အဆြဲခံရမယ္ ဘာမွတ္ေနလဲ။ညေလေအးေအးနဲ႕"
"ေက်းဇူးမလိုရင္ ဘာလိုလဲ။ဟယ္ရီ႕ကိုလိုတာလား ဟင္"
"ဟာ..လြန္းဟယ္ရီ ဘာေတြေလွ်ာက္ေျပာေနတာလဲ"
"တကယ္ေျပာေနတာ ဟယ္ရီေနာက္ေနတာမဟုတ္ဘူးအန္တီ"
အိပ္ရာခင္းေပၚတက္လာၿပီး နန္းရိပ္ႏွင့္မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္သည့္ကေလးမ။
"ဟယ္ရီ႕ကို မယုံလို႔လားဟင္"
"ဘာကိုေျပာတာလဲ ဟယ္ရီရဲ႕။အန္တီက ဟယ္ရီ႕ကိုမယုံစရာလား"
"ဒါေပမဲ့ အန္တီ့ဘဝကို ဟယ္ရီလက္ထဲပုံအပ္လိုက္ဖို႔ကိုေတာ့မယုံဘူးမလားဟင္။ဟယ္ရီျပဳမူခဲ့တဲ့အျပစ္ေတြအတြက္ ဟယ္ရီ႕အခ်စ္ေတြကိုအန္တီမယုံနိုင္ေသးဘူးမလား"
"အို..မဟုတ္တာပဲ။ဟယ္ရီ႕ကိုမယုံရင္ အန္တီက ဒီလိုစြန့္လႊတ္မႈေတြ၊စြန့္စားမႈေတြလုပ္ပါ့မလား။ဟယ္ရီ႕ကိုယုံလို႔၊ဟယ္ရီ႕အခ်စ္ကိုယုံလို႔။ေနာက္ၿပီး ဟယ္ရီ႕ကို အန္တီ့ဘဝနဲ႕ထပ္တူခ်စ္တာမလို႔ေလ"
"ဟယ္ရီသိလား နန္းရိပ္လႊာဆိုတဲ့အမ်ိဳးသမီးက ဟယ္ရီ႕အတြက္ျဖစ္တည္လာတဲ့လူတစ္ေယာက္မလို႔ ဒီလူရဲ႕ဘဝတစ္ခုလုံးက လြန္းဟယ္ရီဆိုတဲ့မိန္းကေလးငယ္ေလးအပိုင္ပါ"
ႏႈတ္ခမ္းထက္အား အနမ္းတစ္ပြင့္ေႁခြသည့္အန္တီ။ဒါဟာဘယ္ႏွစ္ႀကိမ္ေျမာက္ေႁခြတဲ့အနမ္းပါလိမ့္။ဘယ္ႏွသ္ႀကိမ္ပဲ ျဖစ္ျဖစ္ ဟယ္ရီကေတာ့ ရင္ခုန္ရဆဲ။ရင္ဖိုရဆဲ။အန္တီ့အနမ္းေတြေအာက္မွာ အႀကိမ္ႀကိမ္အခါခါ က်ရႈံးရစၿမဲပါပဲ။

အန္တီ့ဘက္က အနမ္းတို႔ရပ္တန့္သြားသည့္အခါ စယ္ရီ႕ဘက္ကျပန္စသည္။ႏႈတ္ခမ္းတစ္စုံအား စိတ္ရွိတိုင္းနမ္းရွိုက္ၿပီးေတာ့ အန္တီ့အား ၾကည့္မိသည္။
"ဟယ္ရီတို႔ အဆုံးထိ သြားၾကမလား အန္တီ"
ေခါင္းတစ္ခ်က္အားအသာညိတ္ျပၿပီးမွ ရွက္ေသြးျဖာရသည္။အသက္ေလးဆယ္ေက်ာ္အ႐ြယ္မွ အခ်စ္နဲ႕ထိေတြ႕ဖူးတာမလို႔ေၾကာက္႐ြံ႕မိသည္မွာေတာ့အမွန္။

လည္တိုင္သို႔အနမ္းသို႔ထိခတ္လာသည့္အခါ လက္တို႔မွာ ထိုကေလးမလည္တိုင္ထက္တြင္ခ်ိတ္တြယ္မိလွ်က္သား။လည္တိုင္မွတစ္ဆင့္ရင္ၫႊန့္၊ထိုမွတစ္ဆင့္ တျဖည္းျဖည္း ေလွ်ာဆင္းသြားသည့္အခါ အိပ္ရာခင္းစအား က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ရင္းခံစားမိေလသည္။လြင့္စင္က်သြားသည့္အဝတ္အစားတို႔မ်ာဘယ္လိုေနလိမ့္မလဲ။နန္းရိပ္ကေတာ့ေလေပၚလြင့္သြားသလိုလို၊တိမ္ေတြေပၚေလွ်ာက္လွမ္းရသလိုလိုႏွင့္ခံစားခ်က္တို႔မွာစုံလင္စြာ။ေက်ာျပင္ႏွင့္ အိပ္ရာခင္း ထိခတ္ခ်ိန္အသိျပန္ဝင္ၿပီး လစ္ဟာသြားသည့္အခါ ခံစားမႈမွာ ထိပ္ဆုံးမွာ။

နဖူးျပင္ေပၚသို႔အနမ္းတစ္ပြင့္ေႁခြသည့္အခါမ်က္ဝန္းမွစီးက်လာသည့္မ်က္ရည္စတို႔အားမျမင္ေစရန္ ရင္ခြင္ထဲကေလးပမာတိုးေဝွ႕မိသည္။ဒီမ်က္ရည္ေတြဟာ ဝမ္းနည္းလြန္းလို႔က်မိတာမ်ိဳးမဟုတ္။ဒီေန႕ကစ နန္းရိပ္စာ ဒီမိန္းကေလးငယ္ရဲ႕တရားဝင္အပိုင္ျဖစ္သြားၿပီမလို႔ ဝမ္းသာမိျခင္းသာ။
"အန္တီ...ငိုေနတာလား"
"ငိုတာမဟုတ္ပါဘူး။တို႔ကဟယ္ရီရဲ႕တရားဝင္အိမ္သူတစ္ေယာက္ျဖစ္ၿပီမလို႔ ဝမ္းသာမိလို႔ပါ"
"အန္တီက အၿမဲတမ္းအတြက္ ဟယ္ရီျမတ္နိုးရတဲ့ ဟယ္ရီ႕ရဲ႕တရားဝင္ အိမ္သူသက္လ်ာေလးပါ"
နာရီအားၾကည့္မိေတာ့ ညဆယ္နာရီခြဲ။အခုမွအန္တီ့အားေဆးမတိုက္ရေသးမွန္းသတိရသည္။
"အန္တီ...ေဆးမေသာက္ရေသးဘူးမလား"
"အြန္း..မင္းမွမတိုက္ဘဲ။ေနမေကာင္းတဲ့သူကိုျပဳစုမယ္ဆိုၿပီးေဆးတိုက္ဖို႔ေတာင္ေမ့ေနတယ္"
"ျပဳစုပါတယ္အန္တီကလည္းကိုယ္ဖိရင္ဖိေလ အဟဲ"
"ေတာ္ပါ။ေနာက္ဆို ေနမေကာင္းမၾထစ္ေအာင္ေနမယ္။ရွင့္ရဲ႕ကိုယ္ဖိ ရင္ဖိျပဳစုတာကိုေၾကာက္လြန္းလို႔"
နားထင္စပ္အား လက္ညွိုးျဖင့္ထိုးရင္း ဟယ္ရီရွက္ၿပဳံးၿပဳံးမိသည္။ထိုေန႕ညက ဟယ္ရီ႕ဘဝတစ္ေလွ်ာက္ အလွပဆုံးေန႕ရက္ကေလးတစ္ခုပင္။

#ster
24:12:2022 (9:11PM)
ဇာတ္သိမ္းနား နီးလာပါၿပီလို႔ေျပာရင္း...ဟီး

Okumaya devam et

Bunları da Beğeneceksin

263K 9.2K 61
ဒယ်ဒီဆိုတာ ကျွန်တော့်ဘဝရဲ့ အသက်သည်းညှာဆိုတာ ယုံထားပါ..။ START DATE -28,9,2023 END DATE -14,11,2023
589K 67.8K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
199K 22.9K 70
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
1.6M 291K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...