-HOW TO DATE WITH SINGLE FATH...

由 ChristianCherry5

28.8K 2.4K 1.1K

"Brother ffin ယူကို ဒယ်ဒီကို ပြန်ကြိုက်ဖို့ ငွေဘယ်လောက်ပေးရမလဲ?" 更多

Intro ✓
Episode 1 ✓
Episode 2 ✓
Episode 3 ✓
Episode 5 ✓
Episode 6.5 ✓ [Adult Sense]
Episode 6 ✓
Episode 7 ✓
Episode 8 ✓
Episode 9 ✓
Episode 10 ✓
Episode 11 ✓
Episode 12 ✓
Episode 13 ✓
Episode 14 ✓
Episode 15 ✓

Episode 4 ✓

1.5K 239 91
由 ChristianCherry5

Unicode ✅

-HOW TO DATE WITH SINGLE FATHER-

အပြင်ကဆူညံသံတွေကြောင့် သောက်လက်စကော််ဖီတောင် ဆက်မသောက်ချင်တော့။ တစ်နေ့တ‌စ်နေ့ ဒီပြဿနာတွေကြီး ဖြေရှင်းပေးနေရတာ ကြာလာတော့ သူလည်းစိတ်ပျက်လာရော။ ဘာကြောင့်များ ဒီပြဿနာတွေအလုံးစုံတိုင်းက သူ့ဆီပဲကျရောက်နေရတာလဲ။

"အဒေး! နင့်ကိုထွက်ခဲ့လို့ပြောနေတယ်လေ!"

အပြင်ဘက်ဆူပူသံတွေကို သူလျစ်လျုပြုထားလို့ရပေမယ့် အော်ချင်တိုင်းအော်ပြီး သောင်းကျန်းနေတဲ့ သူ့အဒေါ်ကတော့ သူထွက်မတွေ့မချင်း ပတ်ဝန်းကျင်ကိုဒုက္ခပေးနေဦးမှာ မဟုတ်လား။ ဒီတော့ သူတက်နိုင်တော့ အဲ့ဒီမိန်းမကိုထွက်တွေ့ဖို့ပဲ။

"အဒေး!!"

"ခင်ဗျားပါးစပ်ပေါက်ကို ပိတ်လိုက်တော့"

တံခါးကိုဆွဲဖွင့်ပြီး အပြင်ဘက်ကသူ့အဒေါ်အား အဒေးပိတ်အော်တော့ ထိုမိန်းမကမဲ့ရွဲ့ပြီးပြုံးလေရဲ့။

"စကားတွေ ‌ရှည်ရှည်ဝေးဝေး မပြောချင်ဘူး ငါငွေလိုတယ် ဒီတော့မင်းမှာရှိသလောက်ပေးထားဦး"

"အဟား ထပ်ပြီးတော့ ငွေလာတောင်းတာပဲလား"

"ငွေကိစ္စကလွဲပြီး မင်းဆီလာစရာ ဘာအကြောင်းမှမရှိဘူး အဒေး"

"ခင်ဗျားကိုပေးစရာငွေ ကျွန်တော်ဆီမှာမရှိဘူး"

"မရှိဘူး ဟုတ်လား ဖြစ်နိုင်တာပြောစမ်းပါ မင်းတွဲနေကြ မင်းစပွန်ဆာဘဲကြီးတွေက အမြဲတမ်းမင်းအိတ်ဖောင်းနေအောင် လုပ်ပေးနေကြလေ ဘာလို့လဲ သူတို့ကမင်းကိုမသုံးကြတော့ဘူးလား"

ခနဲ့တဲ့တဲ့ဆိုလာတဲ့စကားတွေအောက် လက်ထဲကကော်ဖီခွက်ကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားမိသည်။ သူဒီစကားတွေကြားလာရတာ အကြိမ်ရေ ထောင်ပေါင်းမကတော့ဘူး ဆိုပေမယ့် ကြားရတိုင်းခံပြင်ဆဲ။

သူကရော ဒီလိုဘဝကြီးမှာ ပျော်တယ်များ ထင်နေကြတာလား။ လူ့ပတ်ဝန်းကျင်မှာ နှာခေါင်းရှုံ့ပြီး အထင်သေးသလို အကြည့်ခံရတဲ့ဘဝကြီးကိုလေ။

"ခင်ဗျားပြန်တော့ နောက်ရက်မှပြန်လာခဲ့"

"အဒေး! ငါအခုပိုက်ဆံလိုတယ် မင်းဆီကဒီနေ့မှ ပိုက်ဆံမရရင် ငါခေါင်းကွဲတော့မှာ"

"အဲ့ဒါခင်ဗျားအပိုင်းပဲ ကျွန်တော်နဲ့‌မဆိုင်ဘူး အခုခင်ဗျားပြန်လိုက်တော့"

"အဒေး! ငါပြောနေတယ် ငါ့ကိုပိုက်ဆံပေးလို့!"

ပိုက်ဆံမရရင် လူသတ်တော့မယ့် ပုံစံအတိုင်း မရမကဖြစ်ညှစ်ပြီး ‌လာတောင်းနေတဲ့ ဒီမိန်းမကြီးကို သူအတော်စိတ်ကုန်လှပြီ။ ပုံမှန်ဆိုရင် တောင်းလာတဲ့ငွေကို ပေးပြီးသား‌ဆိုပေမယ့် အခုသူ့ဆီမှာတစ်ကျပ်တောင်မရှိဘူးလေ။

"ကျွန်တော်ဆီမှာရှိရင် ခင်ဗျားကိုမပေးဘဲနေဖူးလို့လား အခုကျွန်တော်ဆီမှာ တစ်ကျပ်မှမရှိလို့ ခင်ဗျားကိုပြန်ခိုင်းနေတာ"

"ဟာ! ရှုပ်ပါတယ် ဖယ်!"

သူ့အားတွန်းထုတ်ပြီး အိမ်ထဲဝင်‌လာတဲ့ ထိုမိန်းမမှာ သူ့အိမ်ထဲကပစ္စည်းတွေအား သရဲဘီလူးစီးသလို ပတ်ကြည့်နေသည်။ နောက်တော့ ခုံပေါ်အား Laptop အား တွေ့သွားလေရဲ့။

"အဟမ်း မင်းအတွက် ဒါမျိုးတွေက ဘယ်ဘဲဆီကတောင်းတောင်း ရတယ်မဟုတ်လား ဒီတော့ ဒါကိုငါယူသွားလိုက်မယ်"

ခုံပေါ်က Laptop အားကောက်ယူကာ ထိုသို့ဆိုရင် အခန်းထဲကထွက်သွားသည့် သူ့အဒေါ်။

"ဟား! လိုချင်လွန်းလို့ ပိုက်ဆံစုပြီး ဝယ်ထားရတဲ့ ငါ့Laptopလေး ပါသွားပြန်ပြီ"

အဒေးစိတ်ပျက်သလို ဆိုဖာထက်ထိုင်ချရင်း လက်ထဲကကော်ဖီကိုလည်း ဆက်မသောက်ဖြစ်တော့။ အဲ့ဒီအစားက အိတ်ကတ်ထဲက သကြားလုံးတစ်လုံးအားထုတ်ကာ ပါးစပ်ထဲကောက်ဝါး‌ရင်း အတွေးများနေပြန်ရဲ့။

မကြာခင်ပြည့်တော့မည့် အိမ်လခနှင့်အတူ ညီလေးကျောင်းစရိတ်အား သူဘယ်ကနေ ရှာပေးရမလဲ စဉ်းစားရင်း ခေါင်းကိုက်ရသည်။ လက်ထဲမှာလည်း တစ်ကျပ်မှမကျန်တော့သလို သူ့အားလိုသမျှငွေထုတ်ပေးနေကြ စပွန်‌ဆာဘဲကြီးတွေဆီလည်း အဆက်သွယ်မလုပ်ဖြစ်တာကြာပြီပင်။

"တစ်ယောက်ယောက်ဆီ ဆက်သွယ်ဖို့တော့ လိုပြီထင်တယ်"

ဖုန်းအားထုတ်ကာ ဖုန်းထဲက Contact တစ်ခုခုအား ရိုက်ရှာလိုက်သည်။ ဒီရက်ပိုင်းလူကဘာဖြစ်နေမှန်းမသိ။ တွဲလက်စဘဲကြီးတွေနဲ့လည်း အဆက်အသွယ်မလုပ်ချင်သလို ထိုလူတွေနဲ့တွေ့ရမှာကိုလည်း အလိုလိုစိတ်ရှုပ်နေမိပြန်၏။

အခုတော့ ရှောင်နေလို့မရတော့။ သူငွေလိုပြီလေ။

"Hello Darling"

"Ohoo Baby မင်းကိုယ့်ဆီဆက်သွယ်သေးတယ်ပေါ့ ကိုယ်မင်းဖုန်းကိုမျှော်နေတာ"

တစ်ဖက်ကလူရဲ့စကားကြောင့် သူလှောင်ပြုံးပြုံးမိပါရဲ့။ သူဒီလောက် အဆက်သွယ်ဖျက်ထားလည်း ဒီလူတွေသူ့ကို ဘယ်တုံးကမှစိတ်မပျက်ကြဘူး။ သူဘယ်အချိန်ပြန်သွားသွား အဆင်သင့်စောင့်ကြိုနေကြတာမျိုး။

ဒါကလည်း ချစ်လွန်းလို့မှမဟုတ်ပဲလေ။ သူတို့လိုချင်တာ ကိုယ့်ဆီမှာရှိနေလို့ ဖက်တွယ်နေကြတာ။ အပေးနဲ့အယူပဲ။

"ကျွန်တော်တို့ တွေ့ကြမလား"

"ကျိန်းသေပေါက်ပေါ့ ဒါဆို ဒီညကိုယ်ပါတီတစ်ခု တက်စရာရှိတယ် ဘေဘီ မင်းလိုက်ချင်လား"

"ပါတီလား အိုကေ အရင်လိုတာတွေပို့လိုက် ကျွန်တော်သဘောကျရင် လိုက်ပေးမယ်"

"ဟားဟား မင်းဟာလေ ဘာလေးမှန်းကိုမသိတာ မင်းအဲ့ဒီလိုချစ်ဖို့ကောင်းနေလို့လည်း ကိုယ်ကမင်းကိုလွှတ်မချနိုင်တာ သိလား အ‌ဒေး"

"အင်း ဒါဆိုလည်း ဆက်ဆွဲထားလိုက်ပါဦး ကျွန်တော်ဖုန်းချပြီ"

တီခနဲချလိုက်တဲ့ဖုန်းအား ‌ဆိုဖာထက်ပြစ်ချကာ ပါးစပ်ထဲကသကြားလုံးအား အရသာခံဝါးစာနေရင်း ဒီရက်ပိုင်းအတွေးထဲရောက်နေကျ စိတ်ဆိုးမာန်ဆိုးနဲ့ဒေါသထွက်နေတဲ့ ထိုအမျိုးသားရဲ့ပုံရိပ်တွေအား ပြန်မြင်ယောင်လို့လာလေရဲ့။

အဲ့ဒီနေ့က သူဟိုဘဲကိုဖျက်ချချင်တာနဲ့ တွေ့ရာကားပေါ်ကောက်တက်လိုက်တာ။ ဒေါသကြီးတဲ့ အဲ့ဒီလူကြီးကို သိလည်းမသိသလို စိတ်လည်းမဝင်စားဘူး။ သူ့အတွက် ယောင်္ကျားတွေဆိုတာ ငွေထုတ်ပေးတဲ့ ငွေထုတ်စက်တစ်ခုပဲလေ။

ဒါပေမယ့် ထူးဆန်းတာတစ်ခုက ပုံမှန်ဆို သူအဲ့ဒီလိုဇာတ်လမ်းထွင်လိုက်ရင် အားလုံးကသူနဲ့အတူတူ လိုက်သရုပ်ဆောင်ပေးပြီး နောက်တော့ သူနဲ့အီစီကလီဇာတ်ရှုပ်တွေ စတော့တာပဲ။

အဲ့ဒီဒေါသကြီးတဲ့လူကြီးကတော့ အဲ့ဒီလိုမဟုတ်ပဲ သူ့မျက်နှာ‌နုနုကို အားကြီးနဲ့ဆွဲထိုးတဲ့အပြင် လူကိုလည်း စော်ကားမော်ကားတွေပြောပြီး ကားပေါ်ကနှင်ချတာကိုပဲကြည့်တော့။ တကယ်အဲ့ဒီလူကြီး သောက်ရမ်းမိုက်ချက်ပဲ။

အင်း လူတင်မဟုတ်။ ကြမ်းတမ်းတဲ့ စကားလုံးကြီးတွေ ထွက်တက်တဲ့ အဲ့ဒီနှုတ်ခမ်းပါးတွေကလည်း ရူးသွပ်ပြစ်ချင်စရာကြီး။

"ထပ်တွေ့ကြရအောင်လား ခင်ဗျားစော်ကားမော်ကားနဲ့ ပြောဆိုမယ့် စကားလုံးကြမ်းကြမ်းတွေကို ဒီကောင်ထပ်ကြားချင်သေးလို့လေ"

သူတော့ရူးနေပြီ။

-HOW TO DATE WITH SINGLE FATHER-

ဒီရက်ပိုင်းကိုးလ်တစ်‌ယောက် သိပ်မအား။ သားလုပ်သူယူကိုအား ကျောင်းပို့ကျောင်းကြိုလုပ်ရင်း သူ့မာမီခိုင်းထားသည့် အလုပ်ကိစ္စတွေအား လိုက်လုပ်ပေးရသေးသည်။ ဒါကြောင့် ဂရီဖင်လ်နဲ့ ကိုးလ်တို့သားအဖတောင် မတွေ့ဖြစ်တာကြာလေပြီ။

သို့သော် ဖုန်းကတော့ ညတိုင်းပြောဖြစ်ကြပြီး အဆက်အသွယ်ကတော့ ပျက်မသွားပေ။

"ကိုးလ် ရောက်လာပြီလား"

"ဟုတ်ကဲ့ ဆရာမ သားလေကိုလာကြိုတာ ဒါနဲ့လေ ကျွန်တော်မေးချင်တာလေးရှိလို့ ခဏလောက် စကားပြောလို့ရမလား ဆရာမ"

"ရပါတယ် ကိုးလ်ဒီဘက်လာခဲ့နော်"

ဆရာမခေါ်သွားသည့် ခုံတန်းလျားထက် ကိုးလ်တို့အတူတူဝင်ထိုင်ကြလေသည်။ နောက်တော့ ကိုးလ်ဘက်ကစပြီး ဆရာမအား ‌သူ့သားယူကိုလေးအကြောင်းနဲ့ပတ်သတ်ပြီး စကားစတော့၏။

"ကျွန်တော်မေးချင်တာ သားလေးယူကိုအကြောင်းပါ"

"ဟုတ်ကဲ့ ယူကိုလေးနဲ့ပတ်သတ်ပြီး ဘာများသိချင်တာရှိလို့လဲ ကိုးလ် ကျွန်မကိုပွင့်ပွင့်လင်းလင်း မေးလို့ရပါတယ်"

"ကျွန်တော်သားလေး ကျောင်းမှာအဆင်ပြေနေရဲ့လား ကလေးက တစ်ခုခုဆို ဝမ်းနည်းလွယ်ပြီး ကျွန်တော်ကိုလည်း ပြန်ပြောလေ့မရှိတာကြောင့် သားလေးကျောင်းမှာ အဆင်မပြေဖြစ်နေမှာ စိုးရိမ်လို့ပါ ဆရာမ"

ကိုးလ်စကားတွေအား ဆရာမအား အလေးအနက်ထား နားထောင်ပေးပြီး ခေါင်းတစ်ချက်ညိတ်ကာ။

"ကလေးကြည့်ရတာ ကျောင်းတက်ရတာ သိပ်ပျော်ပုံမရှိဘူး တခြားကလေးတွေ ဆော့ကစားချိန်နေမှာ ယူကိုလေးကအမြဲတမ်းငြိမ်နေတက်ပြီး ဘယ်သူနဲ့မှလည်း အပေါင်းအသင်းသိပ်မလုပ်ဘူး"

ဆရာမစကားတွေ‌အား ‌နားထောင်ရင်း သူ‌ခေါင်းငိုက်စိုက်ကာငြိမ်နေမိသည်။ ဆရာမဘက်က ပြောမလာရင်လည်း သူသာလေးဒီရက်ပိုင်း တစ်ခုခုဖြစ်နေမှန်း သူမေးကြည့်စရာမလိုပဲ အတက်သိပါ၏။

ဘာကြောင့်ဆို သားလေးယူကိုက ဒီရက်ပိုင်း သိသိသာသာ ငြိမ်ကျ‌နေပြီး သူကျောင်းလာကြိုတိုင်းလည်း တခြားကျောင်းသားတွေ၏ မိခင်တွေအား ခပ်တွေတွေလေး ငေးကြည့်နေသည့် သူသားလေး၏မျက်ဝန်းတွေအား သူမြင်ရလေသည်။

သူ့သားဘာတွေ တွေးနေသလဲ သူသိသည်။ သူ့သားဘာတွေ လိုအပ်နေသလဲ ဆိုတာလည်း သူအတက်သိပါ၏။

"ကျွန်မ‌ဒါကိုမေးသင့် ‌မမေးသင့် စဉ်းစားနေတာဆိုပေမယ့် ကျွန်မကိုမေးခွင့်ပြုမလား ကိုးလ်"

"ဆရာမမေးချင်တာ ယူကိုလေးရဲ့ မိခင်အကြောင်းမဟုတ်လား ဆရာမ"

သူ့အမေးအား ဆရာမက အားနာသလိုပြုံးပြလေရဲ့။

"ယူကိုလေးရဲ့မိခင်က ယူကိုလေးမွေးဖွားပြီး သိပ်မကြာခင်မှာပဲ ဆုံးပါးသွားတာပါ အဲ့ဒီကတည်းက ကျွန်တော်ကလည်း နောက်အိမ်ထောင်မပြုဖြစ်တော့ သားလေးကကျွန်တော်လက်ပေါ်မှာပဲ ကြီးပြင်းလာခဲ့တာ"

"ကျွန်မသိပြီ ကိုးလ် ယူကိုလေး ဘာလို့ ဒီလိုဖြစ်နေရလဲဆိုတာ ကျွန်မသိပြီ"

"ဘာပဲဖြစ်ဖြစ် ကျွန်တော်သားလေးကို ဂရုစိုက်ပေးပါ ဆရာမ ကျွန်တော် ဒီကျောင်းမှာ ရင်းနှီးကျွမ်းဝင်တာဆိုလို့ ဆရာမတစ်ယောက်ပဲရှိတာ"

"စိတ်ချပါ ကိုးလ် ကျွန်မ‌သားလေးကို သေချာစောင့်ရှောက်ပေးပါ့မယ် ပြီးတော့လေ ကိုးလ်သားလေးက တကယ်မလွယ်ဘူး အခုကတည်းက ရည်းစားစာတောင်ရနေပြီ"

"ဟားဟား ဒါကမထူးဆန်းတော့ပါဘူးဗျာ"

တကယ်လည်း သူ့သားအတွက်က ဒါတွေကထူးမှထူးဆန်းတော့ပဲ။ သူ့သားက ဘယ်ကျောင်းပြောင်းပြောင်း စော်ကြည်ချက်က လက်ဖျားခါတယ်။ ဒါတင်မကသေး။ သားလေးကိုပိုးပန်းတဲ့ကလေးတွေက သူ့သားနဲ့မပြေလည်တော့ သူ့ကိုတောင်လာကပ်ကြတဲ့အထိပဲ။

သူတို့အထင်။ အဖေနဲ့အဆင်ပြေရင် သားနဲ့ပါအဆင်ပြေပြီလို့ တွေးထားပုံပါပဲ။

ထို့နောက် သူတို့စကားဝိုင်းလေးဟာ ယူကိုလေးအကြောင်းပြောရင်း ရယ်မော‌ကြ‌ဖြစ်လေရဲ့။ ထိုအချိန်မှာပဲ ထွက်ပေါ်လာတဲ့ သူ့နာမည်ခေါ်သံခပ်တိုးတိုး။

"ကိုးလ်"

"ဟင် ဖင်လ် ဘယ်လိုလုပ်ပြီးတော့ ဒီကိုရောက်လာတာလဲ"

နဂိုကတည်းက တည်တံ့နေသည့် ဖင်လ်မျက်နှာဟာ သူ့အမေးကြောင့် ပိုပြီးတည်တံ့သွားတာမို့ သူစကားထဲ ဘာများအမှားသွားသလဲ သူဦးနှောက်အား အလုပ်ပေးရတော့သည်။

"ဖင်လ်"

"ကိုယ်ပြောခဲ့တယ်မလား ဒီနေ့မင်းသားကို လာကြိုပေးမယ်လို့"

ဟုတ်သားပဲ။ မနေ့ညက ဖင်လ်သူ့ဆီဖုန်းဆက်ပြီး ပြောထားတယ်လေ။ သားလေးယူကိုကို သူကိုယ်တိုင်လာကြိုပြီး အပြင်မှာအေးဆေးတွေ့ကြရအောင်တဲ့။ သူလည်းအလုပ်များနေတာနဲ့ ဖင်လ်ပြောခဲ့တာကို လုံးလုံးမေ့နေခဲ့တာ။ ဒါကြောင့် ဖင်လ်ကစိတ်ဆိုးပြီး မျက်နှာပျက်နေတာများလား။

"ဟို...ဖင်လ် ကျွန်တော်-"

"Brother ffin"

သူတို့ဆီပြေးလာတဲ့ ယူကိုလေးကို‌မြင်တော့ ဖင်လ်ကပြုံးကာ ယူကိုလေးအားပွေ့ချီလေသည်။ ယူကိုလေးကလည်း ဖင်လ်ကိုမြင်တော့ ဘယ်လောက်တောင် ပျော်နေသလဲဆိုရင် စာသင်ခန်းထဲ ငြိမ်နေသည့်ကလေးက အခုတော့ဖင်လ်အား စကားတွေ ‌အများကြီးပြောနေလေ၏။

"ဟုတ်ပါပြီဗျာ ဒါဆိုလည်း စကားကွင်းသွားကြတာပေါ့"

"Yes! အဲ့ဒါကြောင့် Brother ffin ကိုချစ်တာ"

စာသင်ခန်းထဲ ငေးငိုင်နေတက်သည့်ကလေးက ဒီအမျိုးသားနဲ့တွေ့တော့ သူမဟုတ်တော့သလို ပြုံးပျော်နေသည်မှာ လူစားလဲသွားသလား အောင်းမေ့ရသည်အထိပင်။

ဖင်လ်နဲ့ယူကိုအား အကဲခတ်သလို ကြည့်နေသည့် ဆရာမကြောင့် ကိုးလ်ဘက်ကပဲ အလိုက်တသိ မိတ်ဆက်ပေးလေရဲ့။

"ဆရာမ ဒါကျွန်တော်မိတ်ဆွေ ဂရီဖင်လ်တဲ့ ဆရာမမြင်‌တဲ့အတိုင်းပဲ သားလေးကဖင်လ်ကို သိပ်ခင်တွယ်တာ"

"ကျွန်မတောင် ဦးနှောက်ကိုအလုပ်ပေးမိတယ် ယူကိုလေးကျောင်းစတက်ကတည်းက အခုလိုပြုံးရယ်တာ တစ်ခါမှမမြင်ဖူးဘူးလေ ကိုးလ်နဲ့တောင်ဒီလိုမှမဟုတ်ပဲ"

ဆရာမစကားကြောင့် သူပြုံးသာပြုံးပြနိုင်လေရဲ့။ ဖင်လ်ကတော့ ဆရာမကိုပြန်နှုတ်ဆက်ပြီး ယူကိုလေးအား သေချာဂရုစိုက်ပေးဖို့ မှာနေလေသည်။ အခုမြင်ကွင်းကို တခြားသူတွေသာမြင်ရင် ဖင်လ်အား ယူကိုဒယ်ဒီဟု ထင်ကြမှာအမှန်ပင်။

ဤသည်နှင့် သားလေးဆန္ဒအရ သူတို့အခု ကလေးစားကွင်း‌သို့ ရောက်နေလေ၏။ ကစားကွင်းရောက်တော့ သားလေးက သူဆော့ချင်ရာတွေ လိုက်ဆော့ရင် ပျော်နေပေမယ့် မပျော်နိုင်သူကတော့သူပင်။

သူမပျော်နိုင်သည့် အကြောင်းမှာတော့ ဖင်လ်ကရောက်ကတည်းက သူ့အားစကားတစ်ခွန်းမှမပြောသလို သူစပြောရင်လည်း မျက်နှာတည်ကြီးဖြင့် လိုရင်းသာပြန်ပြောလေသည်။

ဒါကလည်း ဖင်လ်အမှားမဟုတ်ပဲ သူကသာ ဖင်လ်လာတွေ့မယ် ပြောထားသည့်ကိစ္စအား သတိလက်လွတ်မေ့နေခဲ့တာမဟုတ်လား။ ဖင်လ်ကအခု သူ့အားစိတ်ဆိုးတာနေတာဆိုရင် ချော့ရမှာသူ့တာဝန်ဆိုပေမယ့် ဖင်လ်စိတ်ပြေအောင် ဘယ်လိုချော့ရမလဲ သူဘယ်လိုမှစဉ်းစားမရပေ။

"ဒယ်ဒီ ယူကိုအဲ့ဒါဆော့မယ်"

ကလေးတွေအများကြီးဆော့နေကြသည့် နေရာမျိုးမို့ ကိုးလ်သူ့သားအား သိပ်စိတ်မချချင်။ မတော်လို အဲ့ဒီထဲတစ်ခုခုဖြစ်နေရင်း ဘယ်လိုလုပ်မလဲဆိုပြီး ကြံဖန်တွေးပူနေပါလေရဲ့။

"စိတ်မပူပါနဲ့ ကိုယ်တို့ဒီကနေ ဘေဘီလေးကို စောင့်ကြည့်နေလို့ရတာပဲလေ"

သူ့စိတ်ကိုဖတ်တက်သည်အလား ဆိုလာသည့် ဖင်လ်ကြောင့် သူမတက်သာတဲ့အဆုံး ခေါင်းညိတ်ကာလက်ခံပေးရတော့သည်။

"ယူကို သားလေး ဒယ်ဒီတို့မြင်နေရတဲ့နေရာမှာပဲ ဆော့မယ်နော်"

"အိုကေ ဒယ်ဒီ"

ခြေစွပ်အဖြူလေး‌အား ခြေထောက်းဖောင်းဖောင်းကစ်ကစ်လေးထက် ဝတ်သွားပြီး လုံးလုံး လုံးလုံးဖြင့် အထဲကိုဝင်သွားတဲ့ သားလုပ်သူကိုကြည့်ပြီး ကိုးလ်နှင့်ဖင်လ်တို့ ကစားကွင်းရှေ့ကခုံထက် ဝင်ထိုင်ကြလေရဲ့။

ကစားကွင်းဖြစ်သည်မို့ ပတ်ဝန်းကျင်က ဆူညံနေသော်လည်း သူတို့နှစ်ဦးကြားကတော့ ဘာစကားသံမှထွက်မလာပဲ တိတ်ဆိတ်လို့နေလေသည်။ ဖင်လ်ကတော့ ခပ်တည်တည်မျက်နှာထားဖြင့် ထိုင်နေပေမယ့် ကိုးလ်ကသာ ဖင်လ်ကိုသာ မကြာမကြာခိုးကြည့်နေလေရဲ့။

"ဘာလို့ခိုးကြည့်နေတာလဲ ပေါ်တင်ကြည့်လေ"

သူ့အားမကြာမကြာ လာခိုးကြည့်နေသည့် ကောင်လေးအား သူ့လှည့်ကာ ပြောမိတော့ မျက်နှာလေး အောက်သို့ပို့သွားပြီး မြင်နေရသည့် ပါးဖောင်းဖောင်းလေးတွေတောင် ရဲသွားသယောင်။ ကြည့်ရတာရှက်သွားပုံပါပဲ။

ပြောပါတယ်။ သားအဖနှစ်ယောက်လုံး သိပ်ချစ်ဖို့ကောင်းတာပါဆို။

"ဖင်လ်.....Sorry"

Puppy Eye လေးတွေဖြင့် သူ့အားမော့ကြည့်ကာ လက်ညှိုးလေးနှစ်ဖက်အားထိထားပြီး ‌တောင်းပန်စကားဆိုလာသည့် ကိုးလ်။

WTF! Why so cute hummm?!

"ဖင်လ် ‌အဲ့ဒီလိုကြီးမနေပါနဲ့ ကျွန်တော်မှားပါတယ်"

ထပ်ပြီး‌ဆိုလာတဲ့ အသံဆူးဆူးကြောင့် ဖင်လ်မသိမသာပြုံးကာ ကိုးလ်အားစိုက်ကြည့်လေရဲ့။

"ဘာအတွက် တောင်းပန်တာလဲ"

"ဖင်လ်လာကြိုမယ်ပြောထားတာကို မေ့နေမိလို့ အမှန်တော့ မာမီခိုင်းထားတဲ့ အလုပ်ကိစ္စတွေနဲ့ ကျွန်တော်အလုပ်များနေလို့ပါ ဖင်လ် တမင်မေ့ထားတာမျိုး ဖင်လ်ကိုအလေးမထားတာမျိုး လုံးဝမဟုတ်ရပါဘူး"

"ဒါပေမယ့် မေ့နေတယ်ဆိုကတည်းက ကိုယ့်ကိုစိတ်ထဲမရှိလို့ပေါ့"

ဖင်လ်ထပ်ပြီးရစ်တော့ ကိုးလ်အသံတိတ်သွားသည်။ လက်ကလေးနှစ်ဖက်အား ပွတ်သတ်ရင်း နှုတ်ခမ်းလုံးလုံးလေးကလည်း တစ်‌‌ယောက်ထဲ ပွစိပွစိပြောနေပုံမှာ တစ်ခုခုကို သူ့ဘာသာအဖြေရှာပုံပင်။

ဟားဟား မင်းကသိပ်ချစ်ဖို့ကောင်းတာပဲ။ မင်းသားငါးနှစ်သား ကလေးထက်တောင် မင်းကပိုချစ်ဖို့ကောင်းတယ်။ သိလား ကိုးလ်။

"ဖင်လ်"

ခေါ်သံကြောင့် သူ့လှည့်ကြည့်မိတော့ သူ့ပါးထက်ထိကပ်လာသည့် နှုတ်ခမ်းဖူးဖူး။ အခု...အခု ကိုးလ်ကသူ့ပါးကိုနမ်းလိုက်တာ။ အတည်ကြီး သူ့ပါးကိုနမ်းပြစ်လိုက်တာ။ ကိုးလ်ကလေ။ ယောင်္ကျားလေးတစ်ယောက်ကလေ။

ပုံမှန်ဆိုရင် ‌ယောင်္ကျားတစ်ယောက်က သူ့ကိုလာနမ်းရင် သူပိတ်ထိုးမိမှာသေချာပေမယ့် အခုကိုးလ်ကျတော့ သူဘာမှမလုပ်ရက်။ အဲ့ဒီအစား အကြောင်းမဲ့သက်သက် ခြေဖျားလက်ဖျားတွေပါ အေးစက်လို့‌လာလေသည်။

"ယူကိုလေးကပြောတယ် သူကျွန်တော်ကိုစိတ်ဆိုးနေရင် သူ့ကိုနမ်းပေးပါတဲ့ အဲ့ဒီအခါ သူစိတ်ဆိုးပြေသွားရောတဲ့ အဲ့ဒါ ဖင်လ်လည်း စိတ်ဆိုးပြေအောင်လို့ ကျွန်တော်နမ်းပေးပြီး ချော့တယ်လေ ဖင်လ်စိတ်ဆိုးပြေပြီလားဟင်"

ကိုးလ်အမေးကြောင့် ဖင်လ်ဘာကိုမှဆက်မတွေးတော့ပဲ သဘောတကျပြုံးတော့သည်။ ပြီးသည်နှင့် ဖင်လ်အား ပုခုံးကနေကိုင်ကာ သူ့ဘက်ဆွဲလှည့်ရင်း မျက်ဝန်းတွေအား အကြည့်ချင်းဆုံစေ၏။

"ဒါဆို ကိုယ်စိတ်ဆိုးတိုင်း မင်းကဒီလိုနမ်းပြီး ချော့မယ်ပေါ့ ဟုတ်လား ကိုးလ်"

"ဟုတ်"

ကိုးလ်အဖြေကြောင့် ဖင်လ်ကကျေနပ်သွားဟန်ဖြင့်ပြုံးကာ။

"ကောင်းပြီ အခုတော့ မင်းနမ်းလိုက်လို့ ကိုယ်စိတ်ပြေသွားပြီ ဒါပေမယ့် ကိုယ်ပြောမယ် နောက်တစ်ခါကိုယ်ကလွဲပြီး တခြားသူတွေနဲ့ အရမ်းရင်းနှီးသလို ဆက်ဆံတာမျိုးတွေမလုပ်နဲ့"

"ဟင် ဖင်လ်ဘာကိုဆိုလို-"

"ကိုယ်ဘေဘီလေးဆီ သွားလိုက်ဦးမယ်"

ထွက်သွားတဲ့ ဖင်လ်ကျောပြင်ကိုကြည့်ပြီး ကြောင်ပြီးကြည့်နေသူမှာ ကိုးလ်ပင်။ အခုဖင်လ်ကဘာတွေပြောသွားတာပါလိမ့်။

-HOW TO DATE WITH SINGLE FATHER-

အခုအဒေးရောက်နေသည်မှာ အဆင့်မြင် စီးပွားရေး လုပ်ငန်းရှင်တွေသာ တက်ရောက်နိုင်သည့် အထက်တန်းစား ပါတီတစ်ခုမှာပင်။

"အဒေး ဒီနေ့အရမ်းလှနေတယ်"

သူ့စပွန်ဆာဘဲကြီးဆီက ကြားလိုက်ရတဲ့စကားကြောင့် အဒေးကသူ့လုပ်နေကြအတိုင်း မထိတထိပြုံးသည်။ ဆံပင်တွေကိုလည်း သပ်တင်လိုက်ပြီး လက်တွေကတော့ ထိုဘဲကြီးလက်မောင်းထက် နေရာယူလိုက်လေ၏။

"ကျွန်တော်ကအမြဲလှတယ်လေ ဒီနေ့မှမဟုတ်ဘူး"

"ကိုယ်သိတယ် ဒါပေမယ့် မင်းသိလား ဒီနေ့မင်းပုံစံက ကိုယ့်ကိုဘယ်လောက်တောင် နေရခက်အောင်ဆွဲဆောင်နေလဲဆိုတာ"

"စိတ်မကောင်းပေမယ့် အဲ့ဒီကိစ္စအတွက်ဆိုရင် ဒီထဲကတစ်ယောက်ယောက်ကိုရှာလိုက်ပေါ့ ကျွန်တော်ကတော့ အဲ့ဒါတွေစိတ်မဝင်စားဘူး"

အဒေးစကားကြောင့် ထိုဘဲကြီးမျက်နှာပျက်သွားပေမယ့် အဒေးကတော့ စိတ်မဝင်စားဟန်နှင့် အဖတ်ပင်မလုပ်။ သူသောက်စရာရှိတဲ့ဝိုင်ကိုသာ အရသာခံသောက်နေလေရဲ့။

"Dante အဟက် ရောက်မှရောက်လာပါ့မလားလို့"

သူ့ဘေးကစပွန်ဆာဘဲကြီးရဲ့စကားကြောင့် ထိုဘဲကြီးကြည့်နေတဲ့နေရာဆီ လှမ်းကြည့်လိုက်တော့ မထင်မှတ်ပဲတွေ့လိုက်ရသည့် ထိုမျက်နှာမှာ သူ့ရင်ကိုလှုပ်ခတ်အောင် ကစားလိုက်သလို။

"Dante...အဲ့ဒါသူ့နာမည်လား"

အဒေးအမေးကြောင့် စပွန်ဆာဘဲကြီးက ခေါင်းတစ်ချက်ညိတ်ပြကာ။

"သူကကိုယ့်ပြိုင်ဘက် ကုမ္ပဏီကလက်ထောက်လေ နာမည်က ဒန်တီတဲ့ လူကသာလက်ထောက်နေရာပဲရှိသေးတာ မာနကတော့မိုးပေါ်မှာပဲ သိပ်လည်းထောင့်မကျိုးဘူး"

စပွန်ဆာဘဲကြီးပြောသမျှ နားထောင်ရင်း သူထိုလူကြီးအား မျက်တောင်မခတ်တန်း ငေးကြည့်နေမိသည်။ ပထမတစ်ခေါက် တွေ့ဆုံတာက တိုက်ဆိုင်တာဆိုရင် အခုဒုတိယတစ်ခေါက် တွေ့ဆုံမှုကတော့ ကံတရားကြောင့်များလား။

ချောတယ်။ ကြည့်ကောင်းတယ်။ အဲ့ဒီခပ်တည်တည်မျက်နှာကြီးက စပွန်ဆာဘဲကြီးပြောသလိုပဲ မာနတွေထောင်လွှားနေလိုက်ပုံများ မျက်နှာမှာတင်တန်းပေါ်နေတာ။

ဒါပေမယ့်ကြိုက်တယ်။ အဲ့ဒီလူကြီးဘာနေနေသူကြိုက်တယ်။

"အဒေး မဟုတ်မှလွဲရော မင်းသူနဲ့ကစားချင်လို့လား"

"ဟင့်အင်း ကျွန်တော်သူ့ကိုမကစားဘူး"

"သူ့ကိုသွားမရှုပ်နဲ့ အဒေး သူက Boy to boy တွေ‌ဆိုရင် ပထွေးမုန်း မုန်းနေတဲ့ကောင်"

စိတ်ဝင်စားစရာပဲ။ ခင်ဗျားကမုန်းလေ။ ကျွန်တော်ကလည်း ခင်ဗျားမုန်းတဲ့အရာကိုပဲ ခင်ဗျားမျက်စိရှေ့မှာ လုပ်ပြမယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားဒေါသထွက်နေ‌တဲ့ အချိန်တွေကို ကျွန်တော်ရူးလောက်အောင် ကြိုက်လို့ပဲ။

"ကျွန်တော် Toilet ဘက် ခဏသွားလိုက်ဦးမယ်"

စပွန်ဆာဘဲကြီးရဲ့ ပါးအားတစ်ချက်နမ်းကာ ထိုလူကြီးရှိရာဆီ အကြည့်ရောက်မိတော့ အကြည့်ချင်းဆုံသွားတဲ့ အခိုက်တန့်မှာ သူ့ရင်ထဲဒိန်းခနဲ။ ဘာလို့ အဲ့ဒီအကြည့်တွေက ကြောက်ဖို့ကောင်းနေတာလဲ။

အဒေး Toilet ဘက် ထွက်သွားတော့ ဒန်တီတစ်ယောက် ဟက်ခနဲ တစ်ချက်ရယ်ချလေသည်။ ဒီကောင်လေး စတွေ့တုံးကလည်း ‌ဘဲကြီးတစ်ဗွေနဲ့ ဇယားရှုပ်နေတဲ့အပြင် အခုလည်း အဲ့ဒီလိုပါပဲလား။

ဒါဆို ဒီကောင်လေးက သူထင်ထားသလို အတန်းစားထဲကပေါ့။ ဒါကဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်သလဲ။

"ထပ်တွေ့ကြပြန်ပြီပေါ့"

ဘေးကအသံကြောင့် လှည့်ကြည့်မိတော့ ဒန်တီမျက်နှာဟာ သိသိသာသာ ပျက်ယွင်းသွားတာမို့ အဒေး မထိတထိပြုံးလေရဲ့။

"လူတစ်ယောက်လုံး စကားလာပြောနေတာတောင် ပြန်ပြောရမှန်းမသိဘူးလား Mr.Dante"

"မင်းကဘယ်လိုလုပ်ပြီး ငါ့နာမည်ကိုသိ- အဟက် မင်းလိုကောင်သိတာ မထူးဆန်းပါဘူး ငါ့မေးခွန်းမှားသွားတယ်"

ဒန်တီစကားကြောင့် အဒေးပြုံးနေသည့်မျက်နှာဟာ အနည်းငယ် ပျက်ယွင်းသွားပေမယ့် အဒေးကဟန်ဆောင်ကောင်းသူပြီပြီ ချက်ချင်းပြန်ပြုံးလေရဲ့။

"အင်း ကျွန်တော်လိုကောင်က အဲ့ဒီလိုအတန်းစားထဲကလို့ ခင်ဗျားဆိုလိုလိုက်တာမလား It's ok ကျွန်တော်ကအဲ့ဒီလိုကောင်ပဲလေ"

ဒန်တီဘာပြန်ပြောရမလဲသိအောင် အကျပ်ရိုက်သွားလေတယ်။ သူ့အနေနဲ့ အပြင်ပိုင်းကကြည့်ရင်း မာကျောခက်ထန်တဲ့ သူ‌ဆိုပေမယ့် သူ့အတွင်းစိတ်လေးကတော့ နုသည်လေ။ တစ်ဖက်သားကို အဲ့ဒီလိုကြီးနှိမ်ချဖို့တော့ သူမလုပ်ရက်ပါဘူး။

အခုကလည်း ရုတ်တရက် ဒေါသထွက်သွားလို့။

"အဒေး မတွေ့တာကြာပြီနော် ဘယ်လိုလဲ အသစ်အသစ်တွေ တွေ့နေပြီလား"

"Of course ခင်ဗျားရော အလုပ်အကိုင် အဆင်ပြေရဲ့လား"

"ပြေတယ် အဒေး မင်းကျေးဇူးကြောင့်နဲ့ ကိုယ့်မိန်းမနဲ့လည်း အဆင်ပြေသွားပြီ"

"ဒီလိုကြားရတာ ဝမ်းသာပါတယ် ကျွန်တော် အသုံးဝင်ခဲ့သားပဲ"

"အဲ့လိုမတွေးပါနဲ့ကွာ ဒါနဲ့သူက မင်းရဲ့အသစ်လား"

အဒေးဘေးက ဒန်တီအားကြည့်ကာ ထိုမေးခွန်းမေးချလိုက်သည့် ထိုလူကြောင့် ဒန်တီဒေါသတွေမှာ‌ထိန်းမရတော့။

"ခင်ဗျားဘာကိုဆိုလိုသလဲ ကျုပ်မသိပေမယ့် ဒီလိုကောင်မျိုးနဲ့ ကျုပ်နဲ့ ဘာမှပတ်သတ်စရာ အကြောင်းမရှိဘူး ဒီလိုအတန်းစားထဲကကောင်ကို ခင်ဗျားတို့ပဲသုံးမှာ"

"ဘာကွ!! မင်းအဒေးကိုဘယ်လိုသတ်မှတ်-"

"Mr.Victor"

အဒေးကဆက်ပြောခွင့်မပေးပဲ မျက်နှာရိပ်မျက်နှာကဲပြတာမို့ ထိုလူမှာ ‌တောက်ခ်တစ်ချက်ခေါက်သွားပြီး အဒေးတို့နားကနေ ထွက်သွားလေရဲ့။

ကျန်နေခဲ့သူ Dante မှာတော့ သူ့အား စပွန်ဆာပေးတက်တဲ့ ယောင်္ကျားမျိုး‌လို အထင်ခံလိုက်ရတာကြောင့် ဒေါသမီးတွေတောက်လောင်နေသလို တစ်ဖက်က အဒေးမှာတော့ ဒန်တီကိုသာငေးကြည့်နေသည်။

"ခင်ဗျားစိတ်မပူနဲ့ ခင်ဗျားနဲ့ကျွန်တော် ဘာမှမပတ်သတ်တာကို ကျွန်တော်သိအောင် ပြောပေးမယ် ဒါပေမယ့်"

ဆက်မပြောသေးပဲ သူ့ဘေးသို့ တိုးကပ်လာတဲ့ အဒေးကြောင့် ဒန်တီနောက်သို့ဆုတ်လိုက်မိသည်။ ပါတီထဲမှာ အားလုံးက သောက်စားပျော်ပါးနေကြတာမို့ သူတို့ကိုလည်း ဘယ်သူမှအာရုံမရကြပေ။

"လွန်တယ်မထင်ဘူးလား"

မျက်နှာအနားကပ်ကာ ထိုမေးခွန်းကိုမေးတော့ ဒန်တီခပ်ထေးထေးပြုံးလေရဲ့။

"ငါပြောတာဘာမှားလို့လဲ မင်းကအဲ့ဒီအတန်းစားထဲကကောင်ပဲလေ မင်းတို့ချင်းတော့ ပေးသူယူသူလိုက်ပေမယ့် ငါနဲ့မင်းနဲ့တော့မတန်ဘူး"

"ဟောဗျာ မတန်ဘူးတဲ့ ကျွန်တော်ကကောင်းပါတယ်"

"မင်း! အောက်တန်းစားကောင်"

"ကျွန်တော်ကဆက်ဆံရေးကောင်းတယ် ဆိုလိုတာလေ မဟုတ်မှလွဲရော ခင်းဗျာအတည်ကြီး ကျွန်တော် Pink Hole ထဲ ဝင်ရောက်ဖို့စဉ်းစားနေတာလား"

"ငါမင်းကိုဆွဲမထိုးမိခင် မင်းငါ့ရှေ့ကထွက်သွားလိုက်တော့"

"သွားမှာပါ ဒါပေမယ့်လေ အဲ့ဒီစကားလုံးကြမ်းကြမ်းတွေ ထွက်တက်တဲ့ ခင်ဗျားနှုတ်ခမ်းကို ကျွန်တော် ဒီအတိုင်းမထားခဲ့ချင်ဘူး"

ထိုသို့ဆိုကာ ဒန်တီနှုတ်ခမ်းတွေအား နောက်ထပ်တစ်ကြိမ် နောက်ထပ်တစ်ခေါက် ထပ်နမ်းလိုက်သည့် အဒေး။

နှုတ်ခမ်းပါးနှစ်လွှာ ထပ်တူကျပြီး သိပ်မကြာခင် တွန်းထုတ်ခံလိုက်ရသည့် ရင်ဘတ်နှင့်အတူ မျက်နှာထက်ကျရောက်လာတဲ့ လက်သီးတစ်ချက်။

"ရွံစရာကောင်!"

အနမ်းခံလိုက်ရတဲ့ သူ့နှုတ်ခမ်းသူဖိသုတ်ကာ ဒေါသမီးတွေတောက်လောင်နေသည့် စကားလုံးကြမ်းကြမ်းတွေ ထပ်ဆိုလာသည့် ဒန်တီအားကြည့်ပြီး အဒေးပြုံးလေတယ်။ နှုတ်ခမ်းထောင့်က သွေးတစ်ချို့ကိုလည်း သုတ်ရင်းပေါ့။

"ဒဏ်ယာအသစ်ကလေး ထပ်ပေးလိုက်တာပဲ"

"မင်းနောက်တစ်ခါ ငါ့မျက်စိရှေ့ ပေါ်မလာမိစေနဲ့ ငါမင်းကိုထပ်တွေ့ရင် သတ်ပြစ်မယ်!"

ထိုသို့ဆိုကာ ထွက်သွားတဲ့ ဒန်တီ၏ အနောက်ဘက်၍ ထွက်ပေါ်လာသည့် သတိပေးသံ။

"ကျွန်တော်တို့က ထပ်တွေ့ရဦးမှာမို့ ကျွန်တော်ကို ဘယ်လိုနည်းနဲ့ သတ်ရမလဲဆိုတာကို ကြိုစဉ်းစားထားလိုက်ဦး ပြီးတော့ ဒီနေ့အနမ်းအတွက် ကျေးဇူးတင်ပါတယ် ကိုကို"

"မင်းမေ×ိုးကို ကိုကိုလား!"

End....

သိနေတယ်‌နော်။ Side Couple ကို ပိုကြိုက်နေကြပြီမလား။ ဟားဟား အဲ့ဒီတော့ နှစ်တွဲလုံး ခွေးသွေးတွေတိုက်လိုက် ခွေးစာတွေကျွေးလိုက်နဲ့ ရှေ့ဆက်သွားကြတာပေါ့။

Vote ကိုနှိပ်ကြနော်။ Vote မနှိပ်တဲ့သူတွေကြောင့် ပြစ်ထားမှာဘာမှတ်။

ဟီးဟီး ပြန်တွေ့မယ်။

____________________________

Zawgyi ✅

-HOW TO DATE WITH SINGLE FATHER-

အျပင္ကဆူညံသံေတြေၾကာင့္ ေသာက္လက္စေကာ္္ဖီေတာင္ ဆက္မေသာက္ခ်င္ေတာ့။ တစ္ေန႔တ‌စ္ေန႔ ဒီျပႆနာေတြႀကီး ေျဖရွင္းေပးေနရတာ ၾကာလာေတာ့ သူလည္းစိတ္ပ်က္လာေရာ။ ဘာေၾကာင့္မ်ား ဒီျပႆနာေတြအလုံးစုံတိုင္းက သူ႔ဆီပဲက်ေရာက္ေနရတာလဲ။

"အေဒး! နင့္ကိုထြက္ခဲ့လို႔ေျပာေနတယ္ေလ!"

အျပင္ဘက္ဆူပူသံေတြကို သူလ်စ္လ်ဳျပဳထားလို႔ရေပမယ့္ ေအာ္ခ်င္တိုင္းေအာ္ၿပီး ေသာင္းက်န္းေနတဲ့ သူ႔အေဒၚကေတာ့ သူထြက္မေတြ႕မခ်င္း ပတ္ဝန္းက်င္ကိုဒုကၡေပးေနဦးမွာ မဟုတ္လား။ ဒီေတာ့ သူတက္ႏိုင္ေတာ့ အဲ့ဒီမိန္းမကိုထြက္ေတြ႕ဖို႔ပဲ။

"အေဒး!!"

"ခင္ဗ်ားပါးစပ္ေပါက္ကို ပိတ္လိုက္ေတာ့"

တံခါးကိုဆြဲဖြင့္ၿပီး အျပင္ဘက္ကသူ႔အေဒၚအား အေဒးပိတ္ေအာ္ေတာ့ ထိုမိန္းမကမဲ့႐ြဲ႕ၿပီးၿပဳံးေလရဲ႕။

"စကားေတြ ‌ရွည္ရွည္ေဝးေဝး မေျပာခ်င္ဘူး ငါေငြလိုတယ္ ဒီေတာ့မင္းမွာရွိသေလာက္ေပးထားဦး"

"အဟား ထပ္ၿပီးေတာ့ ေငြလာေတာင္းတာပဲလား"

"ေငြကိစၥကလြဲၿပီး မင္းဆီလာစရာ ဘာအေၾကာင္းမွမရွိဘူး အေဒး"

"ခင္ဗ်ားကိုေပးစရာေငြ ကြၽန္ေတာ္ဆီမွာမရွိဘူး"

"မရွိဘူး ဟုတ္လား ျဖစ္ႏိုင္တာေျပာစမ္းပါ မင္းတြဲေနၾက မင္းစပြန္ဆာဘဲႀကီးေတြက အၿမဲတမ္းမင္းအိတ္ေဖာင္းေနေအာင္ လုပ္ေပးေနၾကေလ ဘာလို႔လဲ သူတို႔ကမင္းကိုမသုံးၾကေတာ့ဘူးလား"

ခနဲ႔တဲ့တဲ့ဆိုလာတဲ့စကားေတြေအာက္ လက္ထဲကေကာ္ဖီခြက္ကိုသာ ခပ္တင္းတင္းဆုပ္ကိုင္ထားမိသည္။ သူဒီစကားေတြၾကားလာရတာ အႀကိမ္ေရ ေထာင္ေပါင္းမကေတာ့ဘူး ဆိုေပမယ့္ ၾကားရတိုင္းခံျပင္ဆဲ။

သူကေရာ ဒီလိုဘဝႀကီးမွာ ေပ်ာ္တယ္မ်ား ထင္ေနၾကတာလား။ လူ႔ပတ္ဝန္းက်င္မွာ ႏွာေခါင္းရႈံ႕ၿပီး အထင္ေသးသလို အၾကည့္ခံရတဲ့ဘဝႀကီးကိုေလ။

"ခင္ဗ်ားျပန္ေတာ့ ေနာက္ရက္မွျပန္လာခဲ့"

"အေဒး! ငါအခုပိုက္ဆံလိုတယ္ မင္းဆီကဒီေန႔မွ ပိုက္ဆံမရရင္ ငါေခါင္းကြဲေတာ့မွာ"

"အဲ့ဒါခင္ဗ်ားအပိုင္းပဲ ကြၽန္ေတာ္နဲ႔‌မဆိုင္ဘူး အခုခင္ဗ်ားျပန္လိုက္ေတာ့"

"အေဒး! ငါေျပာေနတယ္ ငါ့ကိုပိုက္ဆံေပးလို႔!"

ပိုက္ဆံမရရင္ လူသတ္ေတာ့မယ့္ ပုံစံအတိုင္း မရမကျဖစ္ညႇစ္ၿပီး ‌လာေတာင္းေနတဲ့ ဒီမိန္းမႀကီးကို သူအေတာ္စိတ္ကုန္လွၿပီ။ ပုံမွန္ဆိုရင္ ေတာင္းလာတဲ့ေငြကို ေပးၿပီးသား‌ဆိုေပမယ့္ အခုသူ႔ဆီမွာတစ္က်ပ္ေတာင္မရွိဘူးေလ။

"ကြၽန္ေတာ္ဆီမွာရွိရင္ ခင္ဗ်ားကိုမေပးဘဲေနဖူးလို႔လား အခုကြၽန္ေတာ္ဆီမွာ တစ္က်ပ္မွမရွိလို႔ ခင္ဗ်ားကိုျပန္ခိုင္းေနတာ"

"ဟာ! ရႈပ္ပါတယ္ ဖယ္!"

သူ႔အားတြန္းထုတ္ၿပီး အိမ္ထဲဝင္‌လာတဲ့ ထိုမိန္းမမွာ သူ႔အိမ္ထဲကပစၥည္းေတြအား သရဲဘီလူးစီးသလို ပတ္ၾကည့္ေနသည္။ ေနာက္ေတာ့ ခုံေပၚအား Laptop အား ေတြ႕သြားေလရဲ႕။

"အဟမ္း မင္းအတြက္ ဒါမ်ိဳးေတြက ဘယ္ဘဲဆီကေတာင္းေတာင္း ရတယ္မဟုတ္လား ဒီေတာ့ ဒါကိုငါယူသြားလိုက္မယ္"

ခုံေပၚက Laptop အားေကာက္ယူကာ ထိုသို႔ဆိုရင္ အခန္းထဲကထြက္သြားသည့္ သူ႔အေဒၚ။

"ဟား! လိုခ်င္လြန္းလို႔ ပိုက္ဆံစုၿပီး ဝယ္ထားရတဲ့ ငါ့Laptopေလး ပါသြားျပန္ၿပီ"

အေဒးစိတ္ပ်က္သလို ဆိုဖာထက္ထိုင္ခ်ရင္း လက္ထဲကေကာ္ဖီကိုလည္း ဆက္မေသာက္ျဖစ္ေတာ့။ အဲ့ဒီအစားက အိတ္ကတ္ထဲက သၾကားလုံးတစ္လုံးအားထုတ္ကာ ပါးစပ္ထဲေကာက္ဝါး‌ရင္း အေတြးမ်ားေနျပန္ရဲ႕။

မၾကာခင္ျပည့္ေတာ့မည့္ အိမ္လခႏွင့္အတူ ညီေလးေက်ာင္းစရိတ္အား သူဘယ္ကေန ရွာေပးရမလဲ စဥ္းစားရင္း ေခါင္းကိုက္ရသည္။ လက္ထဲမွာလည္း တစ္က်ပ္မွမက်န္ေတာ့သလို သူ႔အားလိုသမွ်ေငြထုတ္ေပးေနၾက စပြန္‌ဆာဘဲႀကီးေတြဆီလည္း အဆက္သြယ္မလုပ္ျဖစ္တာၾကာၿပီပင္။

"တစ္ေယာက္ေယာက္ဆီ ဆက္သြယ္ဖို႔ေတာ့ လိုၿပီထင္တယ္"

ဖုန္းအားထုတ္ကာ ဖုန္းထဲက Contact တစ္ခုခုအား ႐ိုက္ရွာလိုက္သည္။ ဒီရက္ပိုင္းလူကဘာျဖစ္ေနမွန္းမသိ။ တြဲလက္စဘဲႀကီးေတြနဲ႔လည္း အဆက္အသြယ္မလုပ္ခ်င္သလို ထိုလူေတြနဲ႔ေတြ႕ရမွာကိုလည္း အလိုလိုစိတ္ရႈပ္ေနမိျပန္၏။

အခုေတာ့ ေရွာင္ေနလို႔မရေတာ့။ သူေငြလိုၿပီေလ။

"Hello Darling"

"Ohoo Baby မင္းကိုယ့္ဆီဆက္သြယ္ေသးတယ္ေပါ့ ကိုယ္မင္းဖုန္းကိုေမွ်ာ္ေနတာ"

တစ္ဖက္ကလူရဲ႕စကားေၾကာင့္ သူေလွာင္ၿပဳံးၿပဳံးမိပါရဲ႕။ သူဒီေလာက္ အဆက္သြယ္ဖ်က္ထားလည္း ဒီလူေတြသူ႔ကို ဘယ္တုံးကမွစိတ္မပ်က္ၾကဘူး။ သူဘယ္အခ်ိန္ျပန္သြားသြား အဆင္သင့္ေစာင့္ႀကိဳေနၾကတာမ်ိဳး။

ဒါကလည္း ခ်စ္လြန္းလို႔မွမဟုတ္ပဲေလ။ သူတို႔လိုခ်င္တာ ကိုယ့္ဆီမွာရွိေနလို႔ ဖက္တြယ္ေနၾကတာ။ အေပးနဲ႔အယူပဲ။

"ကြၽန္ေတာ္တို႔ ေတြ႕ၾကမလား"

"က်ိန္းေသေပါက္ေပါ့ ဒါဆို ဒီညကိုယ္ပါတီတစ္ခု တက္စရာရွိတယ္ ေဘဘီ မင္းလိုက္ခ်င္လား"

"ပါတီလား အိုေက အရင္လိုတာေတြပို႔လိုက္ ကြၽန္ေတာ္သေဘာက်ရင္ လိုက္ေပးမယ္"

"ဟားဟား မင္းဟာေလ ဘာေလးမွန္းကိုမသိတာ မင္းအဲ့ဒီလိုခ်စ္ဖို႔ေကာင္းေနလို႔လည္း ကိုယ္ကမင္းကိုလႊတ္မခ်ႏိုင္တာ သိလား အ‌ေဒး"

"အင္း ဒါဆိုလည္း ဆက္ဆြဲထားလိုက္ပါဦး ကြၽန္ေတာ္ဖုန္းခ်ၿပီ"

တီခနဲခ်လိုက္တဲ့ဖုန္းအား ‌ဆိုဖာထက္ျပစ္ခ်ကာ ပါးစပ္ထဲကသၾကားလုံးအား အရသာခံဝါးစာေနရင္း ဒီရက္ပိုင္းအေတြးထဲေရာက္ေနက် စိတ္ဆိုးမာန္ဆိုးနဲ႔ေဒါသထြက္ေနတဲ့ ထိုအမ်ိဳးသားရဲ႕ပုံရိပ္ေတြအား ျပန္ျမင္ေယာင္လို႔လာေလရဲ႕။

အဲ့ဒီေန႔က သူဟိုဘဲကိုဖ်က္ခ်ခ်င္တာနဲ႔ ေတြ႕ရာကားေပၚေကာက္တက္လိုက္တာ။ ေဒါသႀကီးတဲ့ အဲ့ဒီလူႀကီးကို သိလည္းမသိသလို စိတ္လည္းမဝင္စားဘူး။ သူ႔အတြက္ ေယာက်ၤားေတြဆိုတာ ေငြထုတ္ေပးတဲ့ ေငြထုတ္စက္တစ္ခုပဲေလ။

ဒါေပမယ့္ ထူးဆန္းတာတစ္ခုက ပုံမွန္ဆို သူအဲ့ဒီလိုဇာတ္လမ္းထြင္လိုက္ရင္ အားလုံးကသူနဲ႔အတူတူ လိုက္သ႐ုပ္ေဆာင္ေပးၿပီး ေနာက္ေတာ့ သူနဲ႔အီစီကလီဇာတ္ရႈပ္ေတြ စေတာ့တာပဲ။

အဲ့ဒီေဒါသႀကီးတဲ့လူႀကီးကေတာ့ အဲ့ဒီလိုမဟုတ္ပဲ သူ႔မ်က္ႏွာ‌ႏုႏုကို အားႀကီးနဲ႔ဆြဲထိုးတဲ့အျပင္ လူကိုလည္း ေစာ္ကားေမာ္ကားေတြေျပာၿပီး ကားေပၚကႏွင္ခ်တာကိုပဲၾကည့္ေတာ့။ တကယ္အဲ့ဒီလူႀကီး ေသာက္ရမ္းမိုက္ခ်က္ပဲ။

အင္း လူတင္မဟုတ္။ ၾကမ္းတမ္းတဲ့ စကားလုံးႀကီးေတြ ထြက္တက္တဲ့ အဲ့ဒီႏႈတ္ခမ္းပါးေတြကလည္း ႐ူးသြပ္ျပစ္ခ်င္စရာႀကီး။

"ထပ္ေတြ႕ၾကရေအာင္လား ခင္ဗ်ားေစာ္ကားေမာ္ကားနဲ႔ ေျပာဆိုမယ့္ စကားလုံးၾကမ္းၾကမ္းေတြကို ဒီေကာင္ထပ္ၾကားခ်င္ေသးလို႔ေလ"

သူေတာ့႐ူးေနၿပီ။

-HOW TO DATE WITH SINGLE FATHER-

ဒီရက္ပိုင္းကိုးလ္တစ္‌ေယာက္ သိပ္မအား။ သားလုပ္သူယူကိုအား ေက်ာင္းပို႔ေက်ာင္းႀကိဳလုပ္ရင္း သူ႔မာမီခိုင္းထားသည့္ အလုပ္ကိစၥေတြအား လိုက္လုပ္ေပးရေသးသည္။ ဒါေၾကာင့္ ဂရီဖင္လ္နဲ႔ ကိုးလ္တို႔သားအဖေတာင္ မေတြ႕ျဖစ္တာၾကာေလၿပီ။

သို႔ေသာ္ ဖုန္းကေတာ့ ညတိုင္းေျပာျဖစ္ၾကၿပီး အဆက္အသြယ္ကေတာ့ ပ်က္မသြားေပ။

"ကိုးလ္ ေရာက္လာၿပီလား"

"ဟုတ္ကဲ့ ဆရာမ သားေလကိုလာႀကိဳတာ ဒါနဲ႔ေလ ကြၽန္ေတာ္ေမးခ်င္တာေလးရွိလို႔ ခဏေလာက္ စကားေျပာလို႔ရမလား ဆရာမ"

"ရပါတယ္ ကိုးလ္ဒီဘက္လာခဲ့ေနာ္"

ဆရာမေခၚသြားသည့္ ခုံတန္းလ်ားထက္ ကိုးလ္တို႔အတူတူဝင္ထိုင္ၾကေလသည္။ ေနာက္ေတာ့ ကိုးလ္ဘက္ကစၿပီး ဆရာမအား ‌သူ႔သားယူကိုေလးအေၾကာင္းနဲ႔ပတ္သတ္ၿပီး စကားစေတာ့၏။

"ကြၽန္ေတာ္ေမးခ်င္တာ သားေလးယူကိုအေၾကာင္းပါ"

"ဟုတ္ကဲ့ ယူကိုေလးနဲ႔ပတ္သတ္ၿပီး ဘာမ်ားသိခ်င္တာရွိလို႔လဲ ကိုးလ္ ကြၽန္မကိုပြင့္ပြင့္လင္းလင္း ေမးလို႔ရပါတယ္"

"ကြၽန္ေတာ္သားေလး ေက်ာင္းမွာအဆင္ေျပေနရဲ႕လား ကေလးက တစ္ခုခုဆို ဝမ္းနည္းလြယ္ၿပီး ကြၽန္ေတာ္ကိုလည္း ျပန္ေျပာေလ့မရွိတာေၾကာင့္ သားေလးေက်ာင္းမွာ အဆင္မေျပျဖစ္ေနမွာ စိုးရိမ္လို႔ပါ ဆရာမ"

ကိုးလ္စကားေတြအား ဆရာမအား အေလးအနက္ထား နားေထာင္ေပးၿပီး ေခါင္းတစ္ခ်က္ညိတ္ကာ။

"ကေလးၾကည့္ရတာ ေက်ာင္းတက္ရတာ သိပ္ေပ်ာ္ပုံမရွိဘူး တျခားကေလးေတြ ေဆာ့ကစားခ်ိန္ေနမွာ ယူကိုေလးကအၿမဲတမ္းၿငိမ္ေနတက္ၿပီး ဘယ္သူနဲ႔မွလည္း အေပါင္းအသင္းသိပ္မလုပ္ဘူး"

ဆရာမစကားေတြ‌အား ‌နားေထာင္ရင္း သူ‌ေခါင္းငိုက္စိုက္ကာၿငိမ္ေနမိသည္။ ဆရာမဘက္က ေျပာမလာရင္လည္း သူသာေလးဒီရက္ပိုင္း တစ္ခုခုျဖစ္ေနမွန္း သူေမးၾကည့္စရာမလိုပဲ အတက္သိပါ၏။

ဘာေၾကာင့္ဆို သားေလးယူကိုက ဒီရက္ပိုင္း သိသိသာသာ ၿငိမ္က်‌ေနၿပီး သူေက်ာင္းလာႀကိဳတိုင္းလည္း တျခားေက်ာင္းသားေတြ၏ မိခင္ေတြအား ခပ္ေတြေတြေလး ေငးၾကည့္ေနသည့္ သူသားေလး၏မ်က္ဝန္းေတြအား သူျမင္ရေလသည္။

သူ႔သားဘာေတြ ေတြးေနသလဲ သူသိသည္။ သူ႔သားဘာေတြ လိုအပ္ေနသလဲ ဆိုတာလည္း သူအတက္သိပါ၏။

"ကြၽန္မ‌ဒါကိုေမးသင့္ ‌မေမးသင့္ စဥ္းစားေနတာဆိုေပမယ့္ ကြၽန္မကိုေမးခြင့္ျပဳမလား ကိုးလ္"

"ဆရာမေမးခ်င္တာ ယူကိုေလးရဲ႕ မိခင္အေၾကာင္းမဟုတ္လား ဆရာမ"

သူ႔အေမးအား ဆရာမက အားနာသလိုၿပဳံးျပေလရဲ႕။

"ယူကိုေလးရဲ႕မိခင္က ယူကိုေလးေမြးဖြားၿပီး သိပ္မၾကာခင္မွာပဲ ဆုံးပါးသြားတာပါ အဲ့ဒီကတည္းက ကြၽန္ေတာ္ကလည္း ေနာက္အိမ္ေထာင္မျပဳျဖစ္ေတာ့ သားေလးကကြၽန္ေတာ္လက္ေပၚမွာပဲ ႀကီးျပင္းလာခဲ့တာ"

"ကြၽန္မသိၿပီ ကိုးလ္ ယူကိုေလး ဘာလို႔ ဒီလိုျဖစ္ေနရလဲဆိုတာ ကြၽန္မသိၿပီ"

"ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္သားေလးကို ဂ႐ုစိုက္ေပးပါ ဆရာမ ကြၽန္ေတာ္ ဒီေက်ာင္းမွာ ရင္းႏွီးကြၽမ္းဝင္တာဆိုလို႔ ဆရာမတစ္ေယာက္ပဲရွိတာ"

"စိတ္ခ်ပါ ကိုးလ္ ကြၽန္မ‌သားေလးကို ေသခ်ာေစာင့္ေရွာက္ေပးပါ့မယ္ ၿပီးေတာ့ေလ ကိုးလ္သားေလးက တကယ္မလြယ္ဘူး အခုကတည္းက ရည္းစားစာေတာင္ရေနၿပီ"

"ဟားဟား ဒါကမထူးဆန္းေတာ့ပါဘူးဗ်ာ"

တကယ္လည္း သူ႔သားအတြက္က ဒါေတြကထူးမွထူးဆန္းေတာ့ပဲ။ သူ႔သားက ဘယ္ေက်ာင္းေျပာင္းေျပာင္း ေစာ္ၾကည္ခ်က္က လက္ဖ်ားခါတယ္။ ဒါတင္မကေသး။ သားေလးကိုပိုးပန္းတဲ့ကေလးေတြက သူ႔သားနဲ႔မေျပလည္ေတာ့ သူ႔ကိုေတာင္လာကပ္ၾကတဲ့အထိပဲ။

သူတို႔အထင္။ အေဖနဲ႔အဆင္ေျပရင္ သားနဲ႔ပါအဆင္ေျပၿပီလို႔ ေတြးထားပုံပါပဲ။

ထို႔ေနာက္ သူတို႔စကားဝိုင္းေလးဟာ ယူကိုေလးအေၾကာင္းေျပာရင္း ရယ္ေမာ‌ၾက‌ျဖစ္ေလရဲ႕။ ထိုအခ်ိန္မွာပဲ ထြက္ေပၚလာတဲ့ သူ႔နာမည္ေခၚသံခပ္တိုးတိုး။

"ကိုးလ္"

"ဟင္ ဖင္လ္ ဘယ္လိုလုပ္ၿပီးေတာ့ ဒီကိုေရာက္လာတာလဲ"

နဂိုကတည္းက တည္တံ့ေနသည့္ ဖင္လ္မ်က္ႏွာဟာ သူ႔အေမးေၾကာင့္ ပိုၿပီးတည္တံ့သြားတာမို႔ သူစကားထဲ ဘာမ်ားအမွားသြားသလဲ သူဦးေႏွာက္အား အလုပ္ေပးရေတာ့သည္။

"ဖင္လ္"

"ကိုယ္ေျပာခဲ့တယ္မလား ဒီေန႔မင္းသားကို လာႀကိဳေပးမယ္လို႔"

ဟုတ္သားပဲ။ မေန႔ညက ဖင္လ္သူ႔ဆီဖုန္းဆက္ၿပီး ေျပာထားတယ္ေလ။ သားေလးယူကိုကို သူကိုယ္တိုင္လာႀကိဳၿပီး အျပင္မွာေအးေဆးေတြ႕ၾကရေအာင္တဲ့။ သူလည္းအလုပ္မ်ားေနတာနဲ႔ ဖင္လ္ေျပာခဲ့တာကို လုံးလုံးေမ့ေနခဲ့တာ။ ဒါေၾကာင့္ ဖင္လ္ကစိတ္ဆိုးၿပီး မ်က္ႏွာပ်က္ေနတာမ်ားလား။

"ဟို...ဖင္လ္ ကြၽန္ေတာ္-"

"Brother ffin"

သူတို႔ဆီေျပးလာတဲ့ ယူကိုေလးကို‌ျမင္ေတာ့ ဖင္လ္ကၿပဳံးကာ ယူကိုေလးအားေပြ႕ခ်ီေလသည္။ ယူကိုေလးကလည္း ဖင္လ္ကိုျမင္ေတာ့ ဘယ္ေလာက္ေတာင္ ေပ်ာ္ေနသလဲဆိုရင္ စာသင္ခန္းထဲ ၿငိမ္ေနသည့္ကေလးက အခုေတာ့ဖင္လ္အား စကားေတြ ‌အမ်ားႀကီးေျပာေနေလ၏။

"ဟုတ္ပါၿပီဗ်ာ ဒါဆိုလည္း စကားကြင္းသြားၾကတာေပါ့"

"Yes! အဲ့ဒါေၾကာင့္ Brother ffin ကိုခ်စ္တာ"

စာသင္ခန္းထဲ ေငးငိုင္ေနတက္သည့္ကေလးက ဒီအမ်ိဳးသားနဲ႔ေတြ႕ေတာ့ သူမဟုတ္ေတာ့သလို ၿပဳံးေပ်ာ္ေနသည္မွာ လူစားလဲသြားသလား ေအာင္းေမ့ရသည္အထိပင္။

ဖင္လ္နဲ႔ယူကိုအား အကဲခတ္သလို ၾကည့္ေနသည့္ ဆရာမေၾကာင့္ ကိုးလ္ဘက္ကပဲ အလိုက္တသိ မိတ္ဆက္ေပးေလရဲ႕။

"ဆရာမ ဒါကြၽန္ေတာ္မိတ္ေဆြ ဂရီဖင္လ္တဲ့ ဆရာမျမင္‌တဲ့အတိုင္းပဲ သားေလးကဖင္လ္ကို သိပ္ခင္တြယ္တာ"

"ကြၽန္မေတာင္ ဦးေႏွာက္ကိုအလုပ္ေပးမိတယ္ ယူကိုေလးေက်ာင္းစတက္ကတည္းက အခုလိုၿပဳံးရယ္တာ တစ္ခါမွမျမင္ဖူးဘူးေလ ကိုးလ္နဲ႔ေတာင္ဒီလိုမွမဟုတ္ပဲ"

ဆရာမစကားေၾကာင့္ သူၿပဳံးသာၿပဳံးျပႏိုင္ေလရဲ႕။ ဖင္လ္ကေတာ့ ဆရာမကိုျပန္ႏႈတ္ဆက္ၿပီး ယူကိုေလးအား ေသခ်ာဂ႐ုစိုက္ေပးဖို႔ မွာေနေလသည္။ အခုျမင္ကြင္းကို တျခားသူေတြသာျမင္ရင္ ဖင္လ္အား ယူကိုဒယ္ဒီဟု ထင္ၾကမွာအမွန္ပင္။

ဤသည္ႏွင့္ သားေလးဆႏၵအရ သူတို႔အခု ကေလးစားကြင္း‌သို႔ ေရာက္ေနေလ၏။ ကစားကြင္းေရာက္ေတာ့ သားေလးက သူေဆာ့ခ်င္ရာေတြ လိုက္ေဆာ့ရင္ ေပ်ာ္ေနေပမယ့္ မေပ်ာ္ႏိုင္သူကေတာ့သူပင္။

သူမေပ်ာ္ႏိုင္သည့္ အေၾကာင္းမွာေတာ့ ဖင္လ္ကေရာက္ကတည္းက သူ႔အားစကားတစ္ခြန္းမွမေျပာသလို သူစေျပာရင္လည္း မ်က္ႏွာတည္ႀကီးျဖင့္ လိုရင္းသာျပန္ေျပာေလသည္။

ဒါကလည္း ဖင္လ္အမွားမဟုတ္ပဲ သူကသာ ဖင္လ္လာေတြ႕မယ္ ေျပာထားသည့္ကိစၥအား သတိလက္လြတ္ေမ့ေနခဲ့တာမဟုတ္လား။ ဖင္လ္ကအခု သူ႔အားစိတ္ဆိုးတာေနတာဆိုရင္ ေခ်ာ့ရမွာသူ႔တာဝန္ဆိုေပမယ့္ ဖင္လ္စိတ္ေျပေအာင္ ဘယ္လိုေခ်ာ့ရမလဲ သူဘယ္လိုမွစဥ္းစားမရေပ။

"ဒယ္ဒီ ယူကိုအဲ့ဒါေဆာ့မယ္"

ကေလးေတြအမ်ားႀကီးေဆာ့ေနၾကသည့္ ေနရာမ်ိဳးမို႔ ကိုးလ္သူ႔သားအား သိပ္စိတ္မခ်ခ်င္။ မေတာ္လို အဲ့ဒီထဲတစ္ခုခုျဖစ္ေနရင္း ဘယ္လိုလုပ္မလဲဆိုၿပီး ႀကံဖန္ေတြးပူေနပါေလရဲ႕။

"စိတ္မပူပါနဲ႔ ကိုယ္တို႔ဒီကေန ေဘဘီေလးကို ေစာင့္ၾကည့္ေနလို႔ရတာပဲေလ"

သူ႔စိတ္ကိုဖတ္တက္သည္အလား ဆိုလာသည့္ ဖင္လ္ေၾကာင့္ သူမတက္သာတဲ့အဆုံး ေခါင္းညိတ္ကာလက္ခံေပးရေတာ့သည္။

"ယူကို သားေလး ဒယ္ဒီတို႔ျမင္ေနရတဲ့ေနရာမွာပဲ ေဆာ့မယ္ေနာ္"

"အိုေက ဒယ္ဒီ"

ေျခစြပ္အျဖဴေလး‌အား ေျခေထာက္းေဖာင္းေဖာင္းကစ္ကစ္ေလးထက္ ဝတ္သြားၿပီး လုံးလုံး လုံးလုံးျဖင့္ အထဲကိုဝင္သြားတဲ့ သားလုပ္သူကိုၾကည့္ၿပီး ကိုးလ္ႏွင့္ဖင္လ္တို႔ ကစားကြင္းေရွ႕ကခုံထက္ ဝင္ထိုင္ၾကေလရဲ႕။

ကစားကြင္းျဖစ္သည္မို႔ ပတ္ဝန္းက်င္က ဆူညံေနေသာ္လည္း သူတို႔ႏွစ္ဦးၾကားကေတာ့ ဘာစကားသံမွထြက္မလာပဲ တိတ္ဆိတ္လို႔ေနေလသည္။ ဖင္လ္ကေတာ့ ခပ္တည္တည္မ်က္ႏွာထားျဖင့္ ထိုင္ေနေပမယ့္ ကိုးလ္ကသာ ဖင္လ္ကိုသာ မၾကာမၾကာခိုးၾကည့္ေနေလရဲ႕။

"ဘာလို႔ခိုးၾကည့္ေနတာလဲ ေပၚတင္ၾကည့္ေလ"

သူ႔အားမၾကာမၾကာ လာခိုးၾကည့္ေနသည့္ ေကာင္ေလးအား သူ႔လွည့္ကာ ေျပာမိေတာ့ မ်က္ႏွာေလး ေအာက္သို႔ပို႔သြားၿပီး ျမင္ေနရသည့္ ပါးေဖာင္းေဖာင္းေလးေတြေတာင္ ရဲသြားသေယာင္။ ၾကည့္ရတာရွက္သြားပုံပါပဲ။

ေျပာပါတယ္။ သားအဖႏွစ္ေယာက္လုံး သိပ္ခ်စ္ဖို႔ေကာင္းတာပါဆို။

"ဖင္လ္.....Sorry"

Puppy Eye ေလးေတြျဖင့္ သူ႔အားေမာ့ၾကည့္ကာ လက္ညႇိဳးေလးႏွစ္ဖက္အားထိထားၿပီး ‌ေတာင္းပန္စကားဆိုလာသည့္ ကိုးလ္။

WTF! Why so cute hummm?!

"ဖင္လ္ ‌အဲ့ဒီလိုႀကီးမေနပါနဲ႔ ကြၽန္ေတာ္မွားပါတယ္"

ထပ္ၿပီး‌ဆိုလာတဲ့ အသံဆူးဆူးေၾကာင့္ ဖင္လ္မသိမသာၿပဳံးကာ ကိုးလ္အားစိုက္ၾကည့္ေလရဲ႕။

"ဘာအတြက္ ေတာင္းပန္တာလဲ"

"ဖင္လ္လာႀကိဳမယ္ေျပာထားတာကို ေမ့ေနမိလို႔ အမွန္ေတာ့ မာမီခိုင္းထားတဲ့ အလုပ္ကိစၥေတြနဲ႔ ကြၽန္ေတာ္အလုပ္မ်ားေနလို႔ပါ ဖင္လ္ တမင္ေမ့ထားတာမ်ိဳး ဖင္လ္ကိုအေလးမထားတာမ်ိဳး လုံးဝမဟုတ္ရပါဘူး"

"ဒါေပမယ့္ ေမ့ေနတယ္ဆိုကတည္းက ကိုယ့္ကိုစိတ္ထဲမရွိလို႔ေပါ့"

ဖင္လ္ထပ္ၿပီးရစ္ေတာ့ ကိုးလ္အသံတိတ္သြားသည္။ လက္ကေလးႏွစ္ဖက္အား ပြတ္သတ္ရင္း ႏႈတ္ခမ္းလုံးလုံးေလးကလည္း တစ္‌‌ေယာက္ထဲ ပြစိပြစိေျပာေနပုံမွာ တစ္ခုခုကို သူ႔ဘာသာအေျဖရွာပုံပင္။

ဟားဟား မင္းကသိပ္ခ်စ္ဖို႔ေကာင္းတာပဲ။ မင္းသားငါႏွစ္သား ကေလးထက္ေတာင္ မင္းကပိုခ်စ္ဖို႔ေကာင္းတယ္။ သိလား ကိုးလ္။

"ဖင္လ္"

ေခၚသံေၾကာင့္ သူ႔လွည့္ၾကည့္မိေတာ့ သူ႔ပါးထက္ထိကပ္လာသည့္ ႏႈတ္ခမ္းဖူးဖူး။ အခု...အခု ကိုးလ္ကသူ႔ပါးကိုနမ္းလိုက္တာ။ အတည္ႀကီး သူ႔ပါးကိုနမ္းျပစ္လိုက္တာ။ ကိုးလ္ကေလ။ ေယာက်ၤားေလးတစ္ေယာက္ကေလ။

ပုံမွန္ဆိုရင္ ‌ေယာက်ၤားတစ္ေယာက္က သူ႔ကိုလာနမ္းရင္ သူပိတ္ထိုးမိမွာေသခ်ာေပမယ့္ အခုကိုးလ္က်ေတာ့ သူဘာမွမလုပ္ရက္။ အဲ့ဒီအစား အေၾကာင္းမဲ့သက္သက္ ေျခဖ်ားလက္ဖ်ားေတြပါ ေအးစက္လို႔‌လာေလသည္။

"ယူကိုေလးကေျပာတယ္ သူကြၽန္ေတာ္ကိုစိတ္ဆိုးေနရင္ သူ႔ကိုနမ္းေပးပါတဲ့ အဲ့ဒီအခါ သူစိတ္ဆိုးေျပသြားေရာတဲ့ အဲ့ဒါ ဖင္လ္လည္း စိတ္ဆိုးေျပေအာင္လို႔ ကြၽန္ေတာ္နမ္းေပးၿပီး ေခ်ာ့တယ္ေလ ဖင္လ္စိတ္ဆိုးေျပၿပီလားဟင္"

ကိုးလ္အေမးေၾကာင့္ ဖင္လ္ဘာကိုမွဆက္မေတြးေတာ့ပဲ သေဘာတက်ၿပဳံးေတာ့သည္။ ၿပီးသည္ႏွင့္ ဖင္လ္အား ပုခုံးကေနကိုင္ကာ သူ႔ဘက္ဆြဲလွည့္ရင္း မ်က္ဝန္းေတြအား အၾကည့္ခ်င္းဆုံေစ၏။

"ဒါဆို ကိုယ္စိတ္ဆိုးတိုင္း မင္းကဒီလိုနမ္းၿပီး ေခ်ာ့မယ္ေပါ့ ဟုတ္လား ကိုးလ္"

"ဟုတ္"

ကိုးလ္အေျဖေၾကာင့္ ဖင္လ္ကေက်နပ္သြားဟန္ျဖင့္ၿပဳံးကာ။

"ေကာင္းၿပီ အခုေတာ့ မင္းနမ္းလိုက္လို႔ ကိုယ္စိတ္ေျပသြားၿပီ ဒါေပမယ့္ ကိုယ္ေျပာမယ္ ေနာက္တစ္ခါကိုယ္ကလြဲၿပီး တျခားသူေတြနဲ႔ အရမ္းရင္းႏွီးသလို ဆက္ဆံတာမ်ိဳးေတြမလုပ္နဲ႔"

"ဟင္ ဖင္လ္ဘာကိုဆိုလို-"

"ကိုယ္ေဘဘီေလးဆီ သြားလိုက္ဦးမယ္"

ထြက္သြားတဲ့ ဖင္လ္ေက်ာျပင္ကိုၾကည့္ၿပီး ေၾကာင္ၿပီးၾကည့္ေနသူမွာ ကိုးလ္ပင္။ အခုဖင္လ္ကဘာေတြေျပာသြားတာပါလိမ့္။

-HOW TO DATE WITH SINGLE FATHER-

အခုအေဒးေရာက္ေနသည္မွာ အဆင့္ျမင္ စီးပြားေရး လုပ္ငန္းရွင္ေတြသာ တက္ေရာက္ႏိုင္သည့္ အထက္တန္းစား ပါတီတစ္ခုမွာပင္။

"အေဒး ဒီေန႔အရမ္းလွေနတယ္"

သူ႔စပြန္ဆာဘဲႀကီးဆီက ၾကားလိုက္ရတဲ့စကားေၾကာင့္ အေဒးကသူ႔လုပ္ေနၾကအတိုင္း မထိတထိၿပဳံးသည္။ ဆံပင္ေတြကိုလည္း သပ္တင္လိုက္ၿပီး လက္ေတြကေတာ့ ထိုဘဲႀကီးလက္ေမာင္းထက္ ေနရာယူလိုက္ေလ၏။

"ကြၽန္ေတာ္ကအၿမဲလွတယ္ေလ ဒီေန႔မွမဟုတ္ဘူး"

"ကိုယ္သိတယ္ ဒါေပမယ့္ မင္းသိလား ဒီေန႔မင္းပုံစံက ကိုယ့္ကိုဘယ္ေလာက္ေတာင္ ေနရခက္ေအာင္ဆြဲေဆာင္ေနလဲဆိုတာ"

"စိတ္မေကာင္းေပမယ့္ အဲ့ဒီကိစၥအတြက္ဆိုရင္ ဒီထဲကတစ္ေယာက္ေယာက္ကိုရွာလိုက္ေပါ့ ကြၽန္ေတာ္ကေတာ့ အဲ့ဒါေတြစိတ္မဝင္စားဘူး"

အေဒးစကားေၾကာင့္ ထိုဘဲႀကီးမ်က္ႏွာပ်က္သြားေပမယ့္ အေဒးကေတာ့ စိတ္မဝင္စားဟန္ႏွင့္ အဖတ္ပင္မလုပ္။ သူေသာက္စရာရွိတဲ့ဝိုင္ကိုသာ အရသာခံေသာက္ေနေလရဲ႕။

"Dante အဟက္ ေရာက္မွေရာက္လာပါ့မလားလို႔"

သူ႔ေဘးကစပြန္ဆာဘဲႀကီးရဲ႕စကားေၾကာင့္ ထိုဘဲႀကီးၾကည့္ေနတဲ့ေနရာဆီ လွမ္းၾကည့္လိုက္ေတာ့ မထင္မွတ္ပဲေတြ႕လိုက္ရသည့္ ထိုမ်က္ႏွာမွာ သူ႔ရင္ကိုလႈပ္ခတ္ေအာင္ ကစားလိုက္သလို။

"Dante...အဲ့ဒါသူ႔နာမည္လား"

အေဒးအေမးေၾကာင့္ စပြန္ဆာဘဲႀကီးက ေခါင္းတစ္ခ်က္ညိတ္ျပကာ။

"သူကကိုယ့္ၿပိဳင္ဘက္ ကုမၸဏီကလက္ေထာက္ေလ နာမည္က ဒန္တီတဲ့ လူကသာလက္ေထာက္ေနရာပဲရွိေသးတာ မာနကေတာ့မိုးေပၚမွာပဲ သိပ္လည္းေထာင့္မက်ိဳးဘူး"

စပြန္ဆာဘဲႀကီးေျပာသမွ် နားေထာင္ရင္း သူထိုလူႀကီးအား မ်က္ေတာင္မခတ္တန္း ေငးၾကည့္ေနမိသည္။ ပထမတစ္ေခါက္ ေတြ႕ဆုံတာက တိုက္ဆိုင္တာဆိုရင္ အခုဒုတိယတစ္ေခါက္ ေတြ႕ဆုံမႈကေတာ့ ကံတရားေၾကာင့္မ်ားလား။

ေခ်ာတယ္။ ၾကည့္ေကာင္းတယ္။ အဲ့ဒီခပ္တည္တည္မ်က္ႏွာႀကီးက စပြန္ဆာဘဲႀကီးေျပာသလိုပဲ မာနေတြေထာင္လႊားေနလိုက္ပုံမ်ား မ်က္ႏွာမွာတင္တန္းေပၚေနတာ။

ဒါေပမယ့္ႀကိဳက္တယ္။ အဲ့ဒီလူႀကီးဘာေနေနသူႀကိဳက္တယ္။

"အေဒး မဟုတ္မွလြဲေရာ မင္းသူနဲ႔ကစားခ်င္လို႔လား"

"ဟင့္အင္း ကြၽန္ေတာ္သူ႔ကိုမကစားဘူး"

"သူ႔ကိုသြားမရႈပ္နဲ႔ အေဒး သူက Boy to boy ေတြ‌ဆိုရင္ ပေထြးမုန္း မုန္းေနတဲ့ေကာင္"

စိတ္ဝင္စားစရာပဲ။ ခင္ဗ်ားကမုန္းေလ။ ကြၽန္ေတာ္ကလည္း ခင္ဗ်ားမုန္းတဲ့အရာကိုပဲ ခင္ဗ်ားမ်က္စိေရွ႕မွာ လုပ္ျပမယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားေဒါသထြက္ေန‌တဲ့ အခ်ိန္ေတြကို ကြၽန္ေတာ္႐ူးေလာက္ေအာင္ ႀကိဳက္လို႔ပဲ။

"ကြၽန္ေတာ္ Toilet ဘက္ ခဏသြားလိုက္ဦးမယ္"

စပြန္ဆာဘဲႀကီးရဲ႕ ပါးအားတစ္ခ်က္နမ္းကာ ထိုလူႀကီးရွိရာဆီ အၾကည့္ေရာက္မိေတာ့ အၾကည့္ခ်င္းဆုံသြားတဲ့ အခိုက္တန႔္မွာ သူ႔ရင္ထဲဒိန္းခနဲ။ ဘာလို႔ အဲ့ဒီအၾကည့္ေတြက ေၾကာက္ဖို႔ေကာင္းေနတာလဲ။

အေဒး Toilet ဘက္ ထြက္သြားေတာ့ ဒန္တီတစ္ေယာက္ ဟက္ခနဲ တစ္ခ်က္ရယ္ခ်ေလသည္။ ဒီေကာင္ေလး စေတြ႕တုံးကလည္း ‌ဘဲႀကီးတစ္ေဗြနဲ႔ ဇယားရႈပ္ေနတဲ့အျပင္ အခုလည္း အဲ့ဒီလိုပါပဲလား။

ဒါဆို ဒီေကာင္ေလးက သူထင္ထားသလို အတန္းစားထဲကေပါ့။ ဒါကဘယ္ေလာက္ေတာင္ စိတ္ပ်က္စရာေကာင္းလိုက္သလဲ။

"ထပ္ေတြ႕ၾကျပန္ၿပီေပါ့"

ေဘးကအသံေၾကာင့္ လွည့္ၾကည့္မိေတာ့ ဒန္တီမ်က္ႏွာဟာ သိသိသာသာ ပ်က္ယြင္းသြားတာမို႔ အေဒး မထိတထိၿပဳံးေလရဲ႕။

"လူတစ္ေယာက္လုံး စကားလာေျပာေနတာေတာင္ ျပန္ေျပာရမွန္းမသိဘူးလား Mr.Dante"

"မင္းကဘယ္လိုလုပ္ၿပီး ငါ့နာမည္ကိုသိ- အဟက္ မင္းလိုေကာင္သိတာ မထူးဆန္းပါဘူး ငါ့ေမးခြန္းမွားသြားတယ္"

ဒန္တီစကားေၾကာင့္ အေဒးၿပဳံးေနသည့္မ်က္ႏွာဟာ အနည္းငယ္ ပ်က္ယြင္းသြားေပမယ့္ အေဒးကဟန္ေဆာင္ေကာင္းသူၿပီၿပီ ခ်က္ခ်င္းျပန္ၿပဳံးေလရဲ႕။

"အင္း ကြၽန္ေတာ္လိုေကာင္က အဲ့ဒီလိုအတန္းစားထဲကလို႔ ခင္ဗ်ားဆိုလိုလိုက္တာမလား It's ok ကြၽန္ေတာ္ကအဲ့ဒီလိုေကာင္ပဲေလ"

ဒန္တီဘာျပန္ေျပာရမလဲသိေအာင္ အက်ပ္႐ိုက္သြားေလတယ္။ သူ႔အေနနဲ႔ အျပင္ပိုင္းကၾကည့္ရင္း မာေက်ာခက္ထန္တဲ့ သူ‌ဆိုေပမယ့္ သူ႔အတြင္းစိတ္ေလးကေတာ့ ႏုသည္ေလ။ တစ္ဖက္သားကို အဲ့ဒီလိုႀကီးႏွိမ္ခ်ဖို႔ေတာ့ သူမလုပ္ရက္ပါဘူး။

အခုကလည္း ႐ုတ္တရက္ ေဒါသထြက္သြားလို႔။

"အေဒး မေတြ႕တာၾကာၿပီေနာ္ ဘယ္လိုလဲ အသစ္အသစ္ေတြ ေတြ႕ေနၿပီလား"

"Of course ခင္ဗ်ားေရာ အလုပ္အကိုင္ အဆင္ေျပရဲ႕လား"

"ေျပတယ္ အေဒး မင္းေက်းဇူးေၾကာင့္နဲ႔ ကိုယ့္မိန္းမနဲ႔လည္း အဆင္ေျပသြားၿပီ"

"ဒီလိုၾကားရတာ ဝမ္းသာပါတယ္ ကြၽန္ေတာ္ အသုံးဝင္ခဲ့သားပဲ"

"အဲ့လိုမေတြးပါနဲ႔ကြာ ဒါနဲ႔သူက မင္းရဲ႕အသစ္လား"

အေဒးေဘးက ဒန္တီအားၾကည့္ကာ ထိုေမးခြန္းေမးခ်လိုက္သည့္ ထိုလူေၾကာင့္ ဒန္တီေဒါသေတြမွာ‌ထိန္းမရေတာ့။

"ခင္ဗ်ားဘာကိုဆိုလိုသလဲ က်ဳပ္မသိေပမယ့္ ဒီလိုေကာင္မ်ိဳးနဲ႔ က်ဳပ္နဲ႔ ဘာမွပတ္သတ္စရာ အေၾကာင္းမရွိဘူး ဒီလိုအတန္းစားထဲကေကာင္ကို ခင္ဗ်ားတို႔ပဲသုံးမွာ"

"ဘာကြ!! မင္းအေဒးကိုဘယ္လိုသတ္မွတ္-"

"Mr.Victor"

အေဒးကဆက္ေျပာခြင့္မေပးပဲ မ်က္ႏွာရိပ္မ်က္ႏွာကဲျပတာမို႔ ထိုလူမွာ ‌ေတာက္ခ္တစ္ခ်က္ေခါက္သြားၿပီး အေဒးတို႔နားကေန ထြက္သြားေလရဲ႕။

က်န္ေနခဲ့သူ Dante မွာေတာ့ သူ႔အား စပြန္ဆာေပးတက္တဲ့ ေယာက်ၤားမ်ိဳး‌လို အထင္ခံလိုက္ရတာေၾကာင့္ ေဒါသမီးေတြေတာက္ေလာင္ေနသလို တစ္ဖက္က အေဒးမွာေတာ့ ဒန္တီကိုသာေငးၾကည့္ေနသည္။

"ခင္ဗ်ားစိတ္မပူနဲ႔ ခင္ဗ်ားနဲ႔ကြၽန္ေတာ္ ဘာမွမပတ္သတ္တာကို ကြၽန္ေတာ္သိေအာင္ ေျပာေပးမယ္ ဒါေပမယ့္"

ဆက္မေျပာေသးပဲ သူ႔ေဘးသို႔ တိုးကပ္လာတဲ့ အေဒးေၾကာင့္ ဒန္တီေနာက္သို႔ဆုတ္လိုက္မိသည္။ ပါတီထဲမွာ အားလုံးက ေသာက္စားေပ်ာ္ပါးေနၾကတာမို႔ သူတို႔ကိုလည္း ဘယ္သူမွအာ႐ုံမရၾကေပ။

"လြန္တယ္မထင္ဘူးလား"

မ်က္ႏွာအနားကပ္ကာ ထိုေမးခြန္းကိုေမးေတာ့ ဒန္တီခပ္ေထးေထးၿပဳံးေလရဲ႕။

"ငါေျပာတာဘာမွားလို႔လဲ မင္းကအဲ့ဒီအတန္းစားထဲကေကာင္ပဲေလ မင္းတို႔ခ်င္းေတာ့ ေပးသူယူသူလိုက္ေပမယ့္ ငါနဲ႔မင္းနဲ႔ေတာ့မတန္ဘူး"

"ေဟာဗ်ာ မတန္ဘူးတဲ့ ကြၽန္ေတာ္ကေကာင္းပါတယ္"

"မင္း! ေအာက္တန္းစားေကာင္"

"ကြၽန္ေတာ္ကဆက္ဆံေရးေကာင္းတယ္ ဆိုလိုတာေလ မဟုတ္မွလြဲေရာ ခင္းဗ်ာအတည္ႀကီး ကြၽန္ေတာ္ Pink Hole ထဲ ဝင္ေရာက္ဖို႔စဥ္းစားေနတာလား"

"ငါမင္းကိုဆြဲမထိုးမိခင္ မင္းငါ့ေရွ႕ကထြက္သြားလိုက္ေတာ့"

"သြားမွာပါ ဒါေပမယ့္ေလ အဲ့ဒီစကားလုံးၾကမ္းၾကမ္းေတြ ထြက္တက္တဲ့ ခင္ဗ်ားႏႈတ္ခမ္းကို ကြၽန္ေတာ္ ဒီအတိုင္းမထားခဲ့ခ်င္ဘူး"

ထိုသို႔ဆိုကာ ဒန္တီႏႈတ္ခမ္းေတြအား ေနာက္ထပ္တစ္ႀကိမ္ ေနာက္ထပ္တစ္ေခါက္ ထပ္နမ္းလိုက္သည့္ အေဒး။

ႏႈတ္ခမ္းပါးႏွစ္လႊာ ထပ္တူက်ၿပီး သိပ္မၾကာခင္ တြန္းထုတ္ခံလိုက္ရသည့္ ရင္ဘတ္ႏွင့္အတူ မ်က္ႏွာထက္က်ေရာက္လာတဲ့ လက္သီးတစ္ခ်က္။

"႐ြံစရာေကာင္!"

အနမ္းခံလိုက္ရတဲ့ သူ႔ႏႈတ္ခမ္းသူဖိသုတ္ကာ ေဒါသမီးေတြေတာက္ေလာင္ေနသည့္ စကားလုံးၾကမ္းၾကမ္းေတြ ထပ္ဆိုလာသည့္ ဒန္တီအားၾကည့္ၿပီး အေဒးၿပဳံးေလတယ္။ ႏႈတ္ခမ္းေထာင့္က ေသြးတစ္ခ်ိဳ႕ကိုလည္း သုတ္ရင္းေပါ့။

"ဒဏ္ယာအသစ္ကေလး ထပ္ေပးလိုက္တာပဲ"

"မင္းေနာက္တစ္ခါ ငါ့မ်က္စိေရွ႕ ေပၚမလာမိေစနဲ႔ ငါမင္းကိုထပ္ေတြ႕ရင္ သတ္ျပစ္မယ္!"

ထိုသို႔ဆိုကာ ထြက္သြားတဲ့ ဒန္တီ၏ အေနာက္ဘက္၍ ထြက္ေပၚလာသည့္ သတိေပးသံ။

"ကြၽန္ေတာ္တို႔က ထပ္ေတြ႕ရဦးမွာမို႔ ကြၽန္ေတာ္ကို ဘယ္လိုနည္းနဲ႔ သတ္ရမလဲဆိုတာကို ႀကိဳစဥ္းစားထားလိုက္ဦး ၿပီးေတာ့ ဒီေန႔အနမ္းအတြက္ ေက်းဇူးတင္ပါတယ္ ကိုကို"

"မင္းေမ×ိုးကို ကိုကိုလား!"

End....

သိေနတယ္‌ေနာ္။ Side Couple ကို ပိုႀကိဳက္ေနၾကၿပီမလား။ ဟားဟား အဲ့ဒီေတာ့ ႏွစ္တြဲလုံး ေခြးေသြးေတြတိုက္လိုက္ ေခြးစာေတြေကြၽးလိုက္နဲ႔ ေရွ႕ဆက္သြားၾကတာေပါ့။

Vote ကိုႏွိပ္ၾကေနာ္။ Vote မႏွိပ္တဲ့သူေတြေၾကာင့္ ျပစ္ထားမွာဘာမွတ္။

ဟီးဟီး ျပန္ေတြ႕မယ္။

继续阅读

You'll Also Like

1.5M 63K 74
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
861K 54K 26
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
1M 54.9K 47
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...