ILBH(နှလုံးသားဖြင့်ရင်းလေသော)...

By Maple-Lynn

152K 4.4K 541

(This is season 2) နွေတစ်ခေတ်သျှား×တိမ်ယံသွေးသစ် တိမ်စိုင်ဆိုတာ ဘယ်တုန်းကမှ ဖမ်းဆုပ်မရခဲ့တဲ့ ဒဏ်ရာလေးဘဲ... န... More

Intimate love by heart(intro)
(PART_1)
(PART_2)
(part_3)
(Part-4)
(Part-5)
(PART_6)
(PART_7)
(PART_8)
(PART-9)
(PART-10)
(PART_11)
(PART-12)
(PART-13)
(PART-14)
(PART-15)
(PART-16)
(PART-17)
(PART_18)
(PART-19)
(PART-20)
(PART-21)
(PART_22)
(Part-23)
(Part-24)
(Part-25)
(Part-26)
Part (28)
Part(29)
Part(30)
Part (31)
Part( 32)
Part(33)
Part(34)
Part(35)
Part(36)
Part-(37)(Final)
Part(37)(final)(Zawgyi)
ကျေးဇူးတင်လွှာ
bl

Part(27)

2.3K 81 9
By Maple-Lynn

႐ိုးသစ္ကိုbarသို႔လိုက္ပို႔ၿပီးအျပန္ 24hoursဖြင့္ေသာဆိုင္မွ pizzaတစ္ခ်ပ္ႏွင့္အတူ cokeတစ္ဘူးဝယ္ခဲ့လိုက္သည္။အခ်ိန္အားျဖင့္အေတာ္လင့္ေနၿပီမို႔ ကားကိုမိုင္ကုန္ေမာင္းလာရသည္။အိမ္ကကေလးကိုေတာ့ တိမ္ယံ့ေၾကာင့္စိတ္မပူေစခ်င္။

"ပါပါး ေႏြေရာ..."

တိမ္ယံ႔ကားသံျကားသည္ႏွင့္ ပါပါးကတံခါးလာဖြင့္ေပးသည္။ေႏြက ပါပါးတို႔အိမ္ေရာက္ေနတယ္ဆိုလို႔ တိမ္ယံလာေခၚျခင္းျဖစ္သည္။

"ခုနေလးကေတာ့ သားအဖႏွစ္ေယာက္ေဆာ့ေနၾကေသးတယ္။အခုေတာ့ အိပ္ေပ်ာ္ေနၿပီထင္တယ္.."

"ဒါဆို ကြၽန္ေတာ္သြားႏိႈးလိုက္ဦးမယ္ ပါပါး "

"ညဥ့္နက္ေနၿပီ သားရယ္။ဒီမွာဘဲ အိပ္သြားၿပီး မနက္က်မွျပန္ေပါ့ "

"ဒါေပမယ့္... "

ပါပါးက စိတ္ဆိုးမာန္ဆိုးေလးမဟုတ္ဘဲ အၾကည့္စူးစူးေလးတစ္ခ်က္ကို တိမ္ယံ့ထံပို႔သည္။ပါပါးရဲ႕စကားကို သူမဖယ္႐ွားလို။ဒါေပမယ့္ ေႏြကသူနဲ႔တစ္ခန္းတည္းအိပ္ခ်င္ပါ့မလား။သူ႔အေတြးေတြမဆံုးခင္မွာဘဲ ပါပါးလည္းမ႐ွိေတာ့ေပ။ေျခကိုခပ္ဖြဖြနင္းကာ တိမ္ယံ့ေျခလွမ္းမ်ားသည္ ေႏြ႔အခန္း႐ွိ႐ွာဆီသို႔...။

ေျခပစ္လက္ပစ္အိပ္ေမာက်ေနေသာ ေကာင္ငယ္ေလးဟာ စမ္းေရေလးေတြထက္ တိမ္စိုင္ေလးေတြထက္ ပိုၿပီးျဖဴစင္သည္။ဟစိ ဟစိျဖစ္​ေနေသာ ပါးစပ္​ေလးေျကာင့္​ေျခကုန္လက္ပမ္းက်ထားပံုကိုသိသာေစသည္။ေကာင္ေလး၏ဗိုက္ေပၚေမွာက္ရက္ေလးအိပ္ေပ်ာ္ေနသည့္ သမီးကိုေပြ႔ခ်ီလိုက္ၿပီး ေဘးတြင္ ​ေနရာခ်ေပးလိုက္သည္။ခုတင္ေအာင္ျပဳတ္က်ေနေသာ ေစာင္ကိုေကာက္ယူကာ ေကာင္ေလး၏ရင္ဘတ္ထိလံုေအာင္ လႊမ္းျခံဳေပးလိုက္သည္။သူ႔ကိုယ္သူ ေနမေကာင္းတဲ့လူဆိုတာေရာ သတိရေသးရဲ႕လား။ကေလးကိုအလိုလိုက္ၿပီး သူပါလိုက္ေဆာ့ထားပံုပါဘဲ။

"မျဖစ္ေသးပါဘူး။ေခြၽးေတြကိုနစ္ေနတာဘဲ "

တိမ္ယ့ံေခါင္းကိုခါယမ္းကာ ေရခ်ိးခန္းဆီသို႔ဝင္သြားၿပီးေနာက္ ေရဇလံုတစ္ခုကိုယူလာခဲ့သည္။အဝတ္ပိုင္းကိုေရထဲႏွစ္ကာညႇစ္ၿပီးေနာက္​ေနြ ့အက်ႌၾကယ္သီးမ်ားကို တစ္လံုးစီျဖဳတ္လိုက္သည္။ျဖဴေဖြးေဖြးညွပ္ရိုးမ်ားဟာ သူ၏စိတ္ကိုစမ္းသပ္​ေနသလိုလို။ဝဲဘတ္ရင္အံုမွ သူ႔နာမည္ႏွင့္တက္တူး​ေျကာင့္ ရင္ဖိုလိႈက္ေမာလာရ၏။ကိုယ့္ခႏၶာကိုယ္ကေတာင္ ကိုယ့္ကိုသစၥာ​ေဖာက္တယ္ဆိုတဲ့စကားဟာ တကယ္မွန္တယ္။သူ႔ခႏၶာကိုယ္တစ္ေနရာက သူ႔ကိုအခ်က္ျပ​ေနခဲ့ျပီ။အိပ္ေပ်ာ္ေနတဲ့လူကို မ႐ိုးမသားျဖစ္​ေနတာကတကယ္ဆိုးဝါးလြန္းတယ္မဟုတ္လား။မ်က္နွာျကီးနီရဲလာကာ ​ေခ်ြးေစးမ်ားျပန္လာတာေျကာင့္ ​ေနြ့ကိုအဝတ္အစားအျမန္လဲေပးျပီးေနာက္ ​ေရခ်ိုးခန္းထဲဝင္ကာ သစၥာေဖာက္ကိုအျမန္ရွင္းဖို့လုပ္ရ၏။

တစ္​ေယာက္ထဲဗ်ာမ်ားျပီးေနာက္ ေႏြ့နံေဘးလဲေလ်ာင္းကာ မ်က္​ေတာင္တိုစိပ္စိပ္တို့ကိုေရတြက္ျခင္းဆီသို့...။တိတ္ဆိတ္ျခင္းတို႔ႀကီးစိုးေနေသာ အေမွာင္ယံတြင္ တိမ္ယံ့ ့အသက္႐ွဴသံျပင္း႐ွ႐ွသာလ်ွင္ လႊမ္းမိုးေနခဲ့၏။သစ္ရြက္ေျခာက္ေတြ ေျမေပၚဝဲလို႔...။ႏွလံုးသားေလးသည္လည္း ေႂကြက်မတတ္ယိုင္နဲ႔လို႔...။

ကိုယ္႐ုန္းမထြက္ႏိုင္တဲ့ဒုကၡသစၥာေလးရယ္...မင္းကသိပ္ဥာဏ္မ်ားလိုက္တာ...။

္ပိုင္႐ွင္မသိေအာင္ယူျခင္းသည္ခိုးမႈေျမာက္သည္ဆိုပါက ကြၽန္ေတာ္သည္သူ႔အနမ္းတို႔ကို ခိုးယူေသာရာဇဝတ္သားတစ္ေယာက္ျဖစ္သည္။

ငွက္ကေလးမ်ား၏ ေတးသီသံႏွင့္အတူ အိမ္၏ဆည္းလည္းသံေလးဟာနံနက္ခင္း၏ ပန္းခ်ီကားတစ္ခ်ပ္လို...။လိုက္ကာစမ်ားကိုျဖတ္ကာက်ဴးေက်ာ္လာေသာ ေနေရာင္ျခည္ေႏြးေႏြးသည္ တိမ္ယံ့မ်က္ႏွာေပၚသို႔ ထိုးေဖာက္ဝင္ေရာက္လာ၏။လႈပ္ရြရြျဖစ္လာေသာ ခံစားခ်က္ႏွင့္အတူ မ်က္ခံုးႏွစ္ဖက္ကိုထိလုမတတ္က်ံဳ႕ထားမိသည္။​ေျပးလႊားသံမ်ားသည္ တိမ္ယံ့နားထဲ ျဖတ္ေလ်ွာက္လ်က္႐ွိတာေၾကာင့္ သူႏုိးလာရသည္။

"မီးငယ္ မေျပးနဲ႔ကြာ ဒယ္ဒီေမာလာၿပီေနာ္..."

"ဟင့္ ခ်ိဳးခ်င္ဝူးလို႔... "

အိမ္ရဲ႕ဆည္းလည္းေလးဟာ မိုးမလင္ခင္ကပင္သာယာစြာေပၚထြက္ေနသည္။လိုက္တမ္းေျပးတမ္း ကစားေနၾကေသာ သားအဖႏွစ္ေယာက္သည္ သူ႔ကိုဂ႐ုျပဳမိပံုမေပၚ။ဂါဝန္ေလးမကာေျပးေနေသာ သမီးေနာက္ကို ကြၽန္ေတာ့္ရာသီဥတုေလးဟာလိုက္ေနေလရဲ႕။

"ဘာျဖစ္ေနၾကတာလဲ..."

တိမ္ယံ့အသံၾကားေတာ့ ခြန္ရီေလးဟာ လံုးတံုးတံုးျဖင့္သူ႔ဆီေျပးလာသည္။

"ပါပါးတိယား "

"ပါပါးမသိဘူးေလ"

"ဟာ ခြန္ရီေၾကာတာခ်ံဳးေအာင္နားေထာင္ပါဦး။ ပါပါးမတိတာခြန္ရီတိရယ္။လူဂ်ီးေယ ေၾကာသလို ခ်ကားခံတာပါခ်ိဳ "

အလိုမက်ေသာႏႈတ္ခမ္းေလးဟာဆူပုတ္ၿပီး တစ္ဖက္သို႔မ်က္ႏွာလႊဲသြားျပန္၏။

"ဟားဟား ေျပာေစဗ်ာ..."

သူတို႔ကိုလက္ပိုက္ကာစိုက္ၾကည့္ေနေသာ မ်က္ဝန္းတို႔သည္ေမတၱာဓာတ္တို႔ကိန္းေအာင္းေနျပန္၏။ကိုယ္တယုတယပ်ိဳးေထာင္ထားတဲ့ပန္းကေလး ႐ွင္သန္လာတာကိုၾကည္ႏူးေနသလိုမ်ိဳး။အဲ့မ်က္ဝန္းေတြဟာ တကယ့္အႏၱရာယ္ဆိုတာ တိမ္ယံသတိမမူမိလိုက္ေပ။

"ခြန္ရီက ေရမခ်ိဳးခ်င္ပါဝူးခ်ိဳ ဒယ္ဒီကအတင္းခ်ိဳးခိုင္းရယ္ "

"ဒါကေတာ့ သမီးဒယ္ဒီမွန္တယ္ေလ... "

ဒါကိုသမီးကသိပ္သေဘာမတူခ်င္။ႏႈတ္ခမ္းႀကီးကို အတင္းဆူထားသည္။

ြ"ႏိုး ႏိုး ပါပါး ခြန္ရီမေန႔ကခ်ိဳးတယ္ေယ..."

"ဒါေပမယ့္ ဒီေန႔ျပန္ခ်ိဳးရမွာေပါ့။မခ်ိဳးရင္ ညစ္ပတ္ႀကီးျဖစ္မွာေနာ္..."

"ခြန္ရီေန႔တိုင္းမ်က္ႏွာသစ္တယ္ေယ "

"မတူဘူးေလသမီးရဲ႕ ေရခ်ိဳးမွပိုေခ်ာမွာေပါ့... "

"ဒါဆို ခ်ိဳးဆ်ာလိုေတာ့ဝူး... "

"အမ္..."

"ဘာလို႔ဆို ခြန္ရီကေခ်ာဆံုးမို႔... "

"အယ္..."

သူေျပာခ်င္သည္က သူကေခ်ာၿပီးသားမို႔ေရခ်ိဳးစရာမလိုဘူးဆိုတဲ့သေဘာ...။ျပန္​ေျပာစရာစကား​ေပ်ာက္ကာ ​ေက်ာက္႐ုပ္တစ္႐ုပ္လိုဆြံအ​ေနရသည္က တိမ္ယံသာျဖစ္ျပီး နံရံကိုမီွကာ တိမ္ယံ့အျဖစ္ကို တခြီခြီရယ္​ေန​ေသာကိုယ္​ေတာ္ကိုဆြဲလုပ္ပစ္ခ်င္လာသည္။

"ကဲ ဒယ္ဒီအ႐ွံုးေပးတယ္။ေရမခ်ိဳးတဲ့ကေလးမကိုေတာ့ ဒယ္ဒီ့ေဆးရံုေခၚသြားလို႔မရဘူးေနာ္..."

နွစ္ေယာက္သား ဘာ​ေတြျကံစည္ထားျကသလဲမသိ။သူတို့နွစ္ေယာက္ဆံုရင္ တိမ္ယံကဘဲ အပိုလူလိုလို။​ေျပာေတာ့ျဖင့္ တိမ္ငယ့္ကို​ေမာင္သိပ္ခ်စ္သေလး ဘာေလးနဲ့။သူ ့့ ထက္သမီးကိုပိုခ်စ္တာ အသိသာႀကီးဘဲ​ေလ။

ခြန္ရီ႕မ်က္လံုးမ်ားက မိႈင္းသြားကာ ေႏြ႔ကိုအတင္းေျပးဖက္ေတာ့သည္။

"ဟင့္ ခ်ိဳးမယ္... "

ေႏြက ေအာင္ႏိုင္သူအျပံဳးျပံဳးကာ ခြန္ရီ႕ကိုေကာက္ေပြ႔လိုက္သည္။ထို႔ေနာက္ စားပြဲေပၚလွမ္းၾကည့္ေတာ့ ညကpizzaဘူးဟာ႐ွိမေနေတာ့။

"ေႏြ..."

"ဗ်ာ..."

"pizzaဘူးေရာ"

"ေမာင့္အတြက္ဝယ္လာေပးတာမလား။ေမာင္စားလိုက္ၿပီေလ"

"ေအးေနၿပီကို ေႏႊးမစားဘဲ..."

"တစ္ခါတေလေတာ့ ေအးစက္စက္ဆက္ဆံေရးေတြဟာ ပိုၿပီးအရသာ႐ွိသလိုေပါ့ တိမ္ငယ္..."

ေႏြကမပီမသေလးျပံဳးကာ တိမ္ယံျမင္ကြင္းထဲမွေပ်ာက္ကြယ္သြားေတာ့သည္။အသက္မဲ့ေနေသာ နံရံကိုေငးရင္း ေတာင္စဥ္ေရမရေသာ ေမးခြန္းေတြဟာ ေခါင္းထဲထြက္ေပၚလာခဲ့သည္။ပတ္ဝန္းက်င္မွ ငွက္ေတာင္ပံခတ္သံတို႔ဟာ ေလထုတစ္ခြင္ႀကီးစိုးလ်က္...။

ညက ဦး​ေလးႀကီးအိမ္ျပန္မလာခဲ့​ေပ။အရင္​ေန႔​ေတြ​ေနာက္က်တယ္ဆိုသည့္တိုင္​ေအာင္ အိမ္ကို​ေတာ့​ေရာက္​ေအာင္ျပန္လာခဲ့တာခ်ည္းပင္။သုတစိတ္ပူတတ္​ေနၿပီ။​ေအးေအးခ်မ္းခ်မ္းေနတတ္သည့္သုတက ယခု​ေတာ့ပူေလာင္တတ္ေနျပီ။သုတအ​ေတြး​ေတြရဲ႕သံုးပံုႏွစ္ပံုကိုဦး​ေလးႀကီးက ​ေသခ်ာလုနီးပါးခ်ဳပ္ကိုင္ထား​ေလၿပီ။ညကတည္းက ဧည့္ခန္းထဲ​ေခါက္တံု႔​ေခါက္ျပန္လမ္း​ေလ်ွာက္ရင္း လူကဂဏွာမၿငိမ္​ေပ။အခုထိတစ္စက္​ေလး​ေတာင္မအိပ္ရ​ေသး​ေသာ သုတပံုမွာ ေခြးစုတ္ဖြားေလးနွင့္ေတာင္တူ​ေန​ေသးသည္။duty offရက္မို႔တကယ္ေတာ္ေသးတာ။မဟုတ္ရင္လူကေၾကာင္ေတာင္ေတာင္ျဖစ္ေနဦးမွာ။စိတ္ပူတာကိုဖုန္းဆက္ေမးၾကည့္ေပါ့လို႔ ေျပာရင္လည္း အသံုးမက်တဲ့သူ႔ကိုယ္သူအျပစ္တင္ရမွာဘဲ။တစ္အိမ္တည္းေနၿပီး ဖုန္းနံပါတ္ေတာင္းဖို႔ေတာင္ေမ့ေနရတယ္လို႔...။

"တင္ တင္ တင္"

အခန္းဘဲလ္သံဟာ ဆက္တိုက္ေပၚထြက္လာတာၾကားမွ သုတရင္ထဲမွအပူလံုးႀကီးက်ေတာ့သည္။စားပြဲေအာက္ ၊အံဆြဲ၊​ေသခ်ာပိုက္စိတ္တိုက္ရွာေသာ္လည္း အခန္းေသာ့က႐ွာမေတြ႔ေပ။။

"ၾကာလိုက္တာ ေပါက္စရယ္။ကိုယ္ကမင္းတစ္ခုခုျဖစ္ေနတယ္ထင္လို႔..."

ျပံဳးစစေျပာေနေသာ လူကိုမ်က္ေစာင္းေတြႀကီးပစ္သြင္းလိုက္သည္။တံခါးေဘာင္ကိုမွီကာ သူ႔ကိုလက္ပိုက္ၾကည့္ေနပံုက တကယ္ဆြဲလုပ္ခ်င္စရာ။

"ခင္ဗ်ားကစိတ္ပူတတ္ေသးတယ္ေပါ့။ခင္ဗ်ားမွာလည္း အခန္းေသာ့႐ွိေနတာဘဲ ကိုယ့္ဘာသာဝင္လာလည္းရရဲ႕နဲ႔ဗ်ာ..."

"အိမ္ကိုျပန္လာတဲ့ေယာက္်ားကို သူ႔မိန္းမကေစာင့္ႀကိဳေနတဲ့အရသာကိုသိခ်င္လို႔... "

"ဘာ..."

"ဟက္ စတာပါကြာ ေပါက္စရ။ဘယ္ႏွယ့္ စိတ္ေတြဆိုးေနရသလ။ဲ ညက သူငယ္ခ်င္းနဲ႔အျပင္သြား​ေနလို႔..."

ဦးေလးျကီးကသုတေခါင္းကို ခပ္ဖြဖြပုတ္လိုက္ေတာ့ သုတရင္ထဲသိမ့္ခနဲ။စိတ္ဆိုးမာန္ဆိုးျဖင့္ျကိမ္းေမာင္းခ်င္ေသာ္လည္း စကားလံုးမ်ားသည္ လည္​ေခ်ာင္းဝ၌ပင္ေပ်ာက္ရွဆဲ။ဦးေလးႀကီးက အက်ႌခြၽတ္လိုက္ၿပီး သုတမ်က္ႏွာကိုပစ္ေပါက္လိုက္ေတာ့ အမိဖမ္းလိုက္သည္။

"ေဒါက္တာကေတာ္လိုက္တာ။ကြၽန္ေတာ္မ်ိဳးေရသြားခ်ိဳးေတာ္မူဦးမယ္ခင္ဗ်..."

လက္အုပ္ခ်ီကာ ခါးကိုကိုင္းမတတ္ေျပာေနသည္က သုတကိုရြဲ႔ေနတာအသိသာႀကီးမဟုတ္လား။သုတလည္း ဘာမွျပန္မေျပာေတာ့ဘဲဦးေလးႀကီးအတြက္ မနက္စာျပင္ေပးရသည္။ဒီေန႔က သုတနားရက္မို႔ဦးေလးႀကီးဘယ္မွမသြားရင္ေကာင္းမယ္။

အို ခက္လိုက္တာ။အသက္ကေလးရလာရင္ သာသနာ့ေဘာင္ထဲဝင္မယ္ဆံုးျဖတ္ထားတဲ့သူက ဒီအသက္ႀကီးႀကီးအဖိုးႀကီးေၾကာင့္ ကိေလသာတဏွာေတြအပူမီးေတြနဲ့ေလာင္ၿမိဳက္ေနရပါလား။ေနာက္ေန႔ေတာ့ဘုရားသြားၿပီး ေရခ်မ္းကပ္လႉရမယ္။ဗုဒၶဟူးသားေလးရဲ႕ မာယာေက်ာ့ကြင္းကေနလြတ္ေျမာက္လို လြတ္ေျမာက္ျငားေပါ့။

"တင္.."

"ဟုတ္ကဲ့လာပါၿပီခင္ဗ်..."

အေတြးနယ္ပယ္ထဲေျခဆန္႔ေနရင္းမွ ဘဲလ္ျမည္သံေၾကာင့္လန္႔သြားရသည္။ ဧည့္သည္လာတာထင္တယ္။ဟိုေကာင္ေတြမ်ားလား။ဒါေပမယ့္ သူတို႔က duty႐ွိတယ္မလား။

"အယ္ သြန္းသု။ေမေမ..."

သုတကို ျပံဳးကာရပ္ၾကည့္ေနၾကသည့္အမ်ိဳးသမီးႏွစ္ေယာက္။သုတလည္း ႐ုတ္တရက္မို႔အံအားသင့္သြားကာ အူေၾကာင္ေၾကာင္ျပန္ျပံဳးျပလိုက္သည္။သြန္းသုေလးဟာ ေမေမ့လက္ကိုဆြဲလို႔ သုတကိုတြန္းတိုက္ကာ အခန္းထဲဝင္လာသည္။

"ေမေမ ေရေလးေသာက္ပါဦးခင္ဗ်.."

သုတ ေမေမ့ကိုေရခြက္ကမ္းေပးေတာ့ ေမေမကညင္ညင္သာသာေလးယူကာ ျဖည္းျဖည္းခ်င္းေမာ့ေသာက္သည္။ၿပီးေနာက္ ေခြၽးစမ်ားကိုခပ္ဖြဖြသုတ္ေန၏။

"ကိုကို သုသု႔ကိုေတာ့ဘာမွမတိုက္ဘူးလား "

"သုသုေသာက္ခ်င္ရင္ ခုနကကိုကိုၾကမ္းတိုက္တဲ့အရည္ေတြ႐ွိတယ္ "

"ဖြီး ကိုကိုနင္ညစ္ပတ္တယ္ဟာ "

"မညစ္ပတ္ပါဘူး။ငါေန႔တိုင္းေရခ်ိဳးတယ္ "

"ကိုကို..."

"ဘာလဲ..."

သုတက မသိခ်င္ေယာင္ေဆာင္ကာ ေမေမ့လက္ေမာင္းကိုခ်ိတ္တြဲလိုက္ေတာ့ သြန္းသုေလးက ေခြးေပါက္ေလးမာန္ဖီသလို တဂီဂီေအာ္ေတာ့သည္။သုတနဲ႔ညီမေလးက ႐ွစ္ႏွစ္နီးပါးေလာက္ကြာေပမယ့္ ေတြ႔တာနဲ႔ကိုက္ေနၾကတာ။ဒီတစ္ဦးတည္းေသာညီမေလးကို သုတသိပ္ခ်စ္ပါတယ္။

"ေမေမ ကိုကို႔ကိုမေျပာဘူးလား "

"သားႀကီးရယ္ ညီမေလးကိုမစပါနဲ႔ "

ေမေမကဟန္႔တားေပမယ့္ သုတတို႔ေမာင္ႏွမႏွစ္ေယာက္ဟာ မ်က္လံုးခ်င္းစစ္ခင္းေနၾကသည္။ထိုအခ်ိန္တြင္ ေၾကာက္မက္ဖြယ္ရာ အသံတစ္သံထြက္ေပၚလာခဲ့သည္။

"ေပါက္စေရ ကိုယ့္ကိုတဘတ္ေလးကမ္းပါဦး "

ဘုရားေရ ဦးေလးႀကီး႐ွိတာကို သူေမ့ေနခဲ့တာ။ေမေမနဲ႔သြန္းသုရဲ႕အၾကည့္ေတြဟာ သုတတစ္ေယာက္တည္းဆီသို႔...။သြားကိုအတင္းျဖဲျပကာ ဦးေလးႀကီးကို တဘတ္သြားကမ္းရသည္။

"သားႀကီး အထဲကဘယ္သူလဲ... "

သြန္းသုကသူလည္းသိခ်င္သည္ဟုဆိုကာ အနားကပ္လာသည္။

"ေမေမအဲ့ဒါက... "

ေမေမနဲ႔သြန္းသုရဲ႕အၾကည့္ေတြဟာ သုတအေျဖမွားတာနဲ႔ လည္စင္းခံရႏိုင္သည္။သုတနဖူးမွေခြၽးသီးေလးမ်ားသည္ တစိမ့္စိမ့္စီးက်ေနၿပီး လည္စလုတ္မွာအထက္ေအာက္စုန္ဆန္ခ်ီေနသည္။

"ေပါက္..အယ္..။ဧည့္သည္ေတြေရာက္ေနၾကတာလား။"

ေရခ်ိဳးခန္းထဲမွထြက္လာေသာ ဦးေလးႀကီးရဲ႕ခႏၶာကိုယ္တစ္ေလ်ွာက္ေရစက္မ်ား တြဲလဲခိုေနသည္။က်စ္လစ္ေသာခႏၶာကိုယ္အေပၚပိုင္းမွာ ဗလာက်င္းေနေသာေၾကာင့္ သုတေမေမ့ေဘးမွအျမန္ထကာ ေျခေတြလက္ေတြဆန့္ထုတ္ျပီး ကားယားႀကီးျဖင့္ ဦး​ေလးျကီးကို ကာထားရသည္။

"ေမေမနဲ႔ သုသုမၾကည့္ၾကနဲ႔ေနာ္ "

ေမေမနဲ႔သုသုက ပါးစပ္အေဟာင္းသားျဖင့္ သုတကိုၾကည့္ေနၾကသည္။ဦးေလးႀကီးကို အခန္းထဲပို႔ၿပီးျပန္ထြက္လာမွ သုတစိတ္ေအးရသည္။

"ေမေမ သူကေလ..."

"ေမေမ သူနဲ႔ဘဲေျပာခ်င္တယ္"

"ဟိုေလ ေမေမ..."

သုတလက္ေလ်ွာ့လိုက္ရသည္။ေမေမကေတာ့လက္ေလ်ွာ့မည့္ပံုမေပၚ။သြန္းသုကို မ်က္စပစ္ျပေတာ့ သူလည္းမသိပါဟုေခါင္းယမ္းျပသည္။သုတ ေမေမႏွငိ့ဦးေလးႀကီးကို အဆင္ေျပေစခ်င္သည္။ဦးေလးႀကီးက စိတ္ရင္းေကာင္းေပမယ့္ စကားအေျပာမတတ္တာေၾကာင့္သုတစိုးရိမ္မိသည္။ေမေမကေရာ မိတ္ေဆြတစ္ေယာက္ကို အိမ္ေပၚေခၚတင္တာနဲ႔ ဒီေလာက္မ်က္ႏွာပ်က္စရာလိုလို႔လား...။

​ေရဒီယိုမွပ်ံ ့လြင့္လာ​ေသာ သီခ်င္းသံမွလြဲ၍ တိတ္ဆိတ္ေနေသာအခန္းထဲတြင္ လူေလးေယာက္ဟာ တစ္ေယာက္ကိုတစ္ေယာက္ လွည့္ပတ္ၾကည့္ေနၾက၏။အခ်ိန္ၾကာျမင့္စြာ ထိုင္​ေနၾကၿပီး​ေနာက္...

"ဟို... အစ္မႀကီးခင္ဗ်...မဟုတ္ေသးပါဘူး အန္ အန္တီ။ဟာ ေဒၚေဒၚ"

ဘယ္လိုေခၚရမွန္းမသိတာေၾကာင့္ ႐ိုးသစ္ေခါင္း႐ႈပ္လာသည္။သူ႔ရဲ႕အၾကပ္႐ိုက္ေနပံုေၾကာင့္ ေပါက္စေမေမက လက္ကာျပသည္။႐ိုးသစ္လည္း ဘာအျပစ္မွမလုပ္ထားပါဘဲ ကိုယ့္ေယာကၡမနဲ႔ေတြ႔ရသလို ဘာေၾကာင့္ေၾကာက္ေနရတာပါလဲ။ဒါသည္ အသက္35ႏွစ္အထိ ပထမဆံုးအႀကိမ္ ေၾကာက္မိျခင္းျဖစ္သည္။

"အေခၚအေဝၚေတြက သိပ္ျပႆနာမ႐ွိပါဘူး။ဒါနဲ႔မင္းက ဘာအလုပ္လုပ္တာလဲ... "

"ပန္းစိုက္ပါတယ္ေမေမ။သူ႔အလုပ္႐ွင္က အလုပ္ထုတ္လိုက္လို႔ ကြၽန္ေတာ္နဲ႔အတူလာေနေနတာပါ။ကြၽန္ေတာ္တို႔က မိတ္..."

သုတစကားမဆံုး​ေသး ​ေမ​ေမကလက္ကာျပျပန္သည္။​ေမ​ေမဘာျဖစ္ခ်င္​ေနတာလဲ သုတနားမလည္။

"ဒီမွာ ငါေျပာတာေသခ်ာနားေထာင္။ငါ့သားကို ပီေကလို ဝါးခ်င္တိုင္းဝါး ေထြးခ်င္တိုင္းေထြးလုပ္လို႔ရမယ္မထင္နဲ႔။အဲ့ေတာ့ လာမယ့္စေနေန႔က်ရင္   လူႀကီးဆံုရာနဲ႔မင္းတို႔ကို ေစ့စပ္ေပးမယ္။အခုေတာ့ ငါသြားနားၿပီ "

"ဗ်ာ..."

သီခ်င္းသံဟာ ႐ုတ္တရက္တိတ္ဆိတ္သြားသည္။ဆိုဖာေပၚတြင္က်န္ခဲ့သည့္ႏွစ္ေယာက္သည္လည္း ဆြံ ့အလ်က္...။

------------------------------------------

ပန္းေရာင္စံုတို႔ျဖင့္ ေအးခ်မ္းလွေသာ ဆိုင္ငယ္ေလးထဲတြင္ ယဥ္ယဥ္ေလးျဖင့္ က်က္သေရ႐ွိလွေသာ အမ်ိဳးသမီးငယ္ေလးသည္ ပန္းစည္းတို႔ကိုစည္းေႏွာင္ေန၏။ထိုအမ်ိဳးသမီးကို ေမးေထာက္ကာေငးေနေသာ အမ်ိဳးသမီးတစ္ေယာက္သည္ ဂႏၶဝင္ပန္းခ်ီကားတစ္ခ်ပ္ကို ေငးေနသလို မ်က္​္​ေတာင္တစ္ခ်က္မခတ္ဘဲစိုက္ၾကည့္​ေန၏။သိပ္ကို ၾကည္ႏူးဖို႔ေကာင္းတဲ့အခိုက္အတန္႔ေလးမဟုတ္လား။ဒါေပမယ့္ သူတို႔ဟာ အျဖဴေရာင္စည္းေလးရဲ႕တစ္ဖက္တစ္ခ်က္စီက သူငယ္ခ်င္းေလး​ေတြပါတဲ့။

"ရိပ္ အဲ့လိုေနရာေတြမသြားတတ္တာသိသားနဲ႔ "

"ဒါဆို ေ႐ွးလည္းမသြားရံုေပါ့ "

စကားလံုးတိုင္းကို တည္တင္းစြာေျပာေနပံုက ေနာက္ေနဟန္ႏွင့္မတူ။သူႏွင့္အတူ ပါတီတက္ရန္မနက္ကတည္းက ရိပ္ကိုဂ်ီတိုက္ေနျခင္းျဖစ္သည္။လူခ်မ္းသာမ်ား၏ ဟန္ေဆာင္မ်က္ႏွာဖံုးမ်ားၾကား ရိပ္မသြားလို။မြန္းၾကပ္၏။လူေတာမတိုးဘူးလို႔ ေျပာရင္လည္း ရိပ္ကေတာ့မျငင္းပါဘူး။

"ေ႐ွးငယ္က လုပ္ငန္း႐ွင္ေလ။သူတို႔က တကူးတကဖိတ္ထားတာ မသြားလို႔မေကာင္းဘူးေလကြယ္"

ေ႐ွးက ခံုကိုခြထိုင္ထားရာမွထကာ ရိပ္ခါးသိမ္သိမ္​ေလးကို​ေနာက္မွသိုင္းဖက္လိုက္၏။႐ုတ္တရက္ၾကက္သီး​ေမြးညင္း​ေလးမ်ားထကာ ရိပ္ရင္ခုန္သံ​ေတြကိုအစိုးမရ​ေတာ့​ေပ။ႏွစ္​ေပါင္းမ်ားစြာၾကာ​ေအာင္ ဒီအမ်ိဳးသမီးအနား႐ွိခဲ့​ေပမယ့္ အခုလိုၾကံဳ​ေတြ႕ရတိုင္း ရိပ္ ရင္ခုန္ရစျမဲ​ျဖစ္သည္။ဒီအမ်ိဳးသမီးဟာ သူ႔အားနည္းခ်က္လို႔မဆိုသာတဲ့ အဖိုးတန္သက္႐ွိက​ေလးျဖစ္သည္။အခုလည္း သူလိုခ်င္တာကို ​ေခါင္း​ေလး​ေဝ့လို႔ ခြၽဲ​ေနျပန္သည္။

"ေနာ္လို႔ ရိပ္။လိုက္ခဲ့ကြာ..."

"မင္းကဆိုးလိုက္တာ ေ႐ွးငယ္ရယ္။မင္းသေဘာဘဲ ဟုတ္ၿပီလား... "

"Yes..."

ရိပ္အေျဖကိုၾကားေတာ့ ကေလးတစ္ေယာက္မုန္႔ရသလို ခုန္ေပါက္ေနသည့္အမ်ိဳးသမီးေၾကာင့္ ရိပ္ပါထပ္ဆင့္ျပံဳးလိုက္မိေသးသည္။အျမဲတမ္းရင့္က်က္ေနတဲ့ ဒီအမ်ိဳးသမီးမွာလည္း ဒီလိုကေလးဆန္တဲ့အျပဳအမူေလးေတြ႐ွိေသးပါလား။

သူလိုခ်င္တာရသြားေတာ့ Laptopထဲေခါင္းစိုက္ေနျပန္သည္။အလုပ္လုပ္ရင္ ထမင္းေမ့ဟင္းေမ့ျဖစ္တတ္တဲ့ေ႐ွးေၾကာင့္ ေ႐ွးအစားအေသာက္မွန္ဖို႔က ရိပ္တာဝန္တစ္ခုလိုဘဲ။ဆိုင္က ဒီေန႔လူအနည္းငယ္႐ွင္းတာေၾကာင့္ ရိပ္မွာမ်ားမ်ားစားစားအလုပ္႐ွိမေန။ဒီညေနေတာ့ ပန္းေတြေရာက္ရင္ နည္းနည္းအလုပ္႐ႈပ္ဦးမွာ။ေ႐ွးရဲ႕ကုမၸဏီမွာ အလုပ္ဝင္ရင္း ဆိုင္ကအလုပ္ေတြလည္းမပ်က္ရေအာင္ ရိပ္ကsocial mediaကတစ္ဆင့္marketingသေဘာမ်ိဳးဆင္းရသည္။အလုပ္ပိတ္ရက္ေတြဆိုရင္ေတာ့ ရိပ္ဆိုင္လာထိုင္ေပးေလ့ရွိသည္။ဒီပန္းဆိုင္ေလးဟာ ဝင္ေငြအသင့္အတင့္႐ွိတဲ့ ရိပ္ရဲ႕ကိုယ္ပိုင္လုပ္ငန္းေလးပါဘဲ။

ေ႐ွးအတြက္ ထမင္းေၾကာ္တစ္ပြဲကိုမွာေပးၿပီးသိပ္မၾကာလိုက္ Deliveryကလာပို႔ေလသည္။အလုပ္ထဲအာရံုစိုက္ေနရင္ ကမာၻႀကီးကိုေမ့သြားတတ္သည့္ ဒီကေလးမကို ေဘးမွထိုင္ကာစိတ္ရွည္လက္ရွည္ခြံ ့ရသည္။

ဒီလိုကပ္တြယ္ေနတာ မပင္ပန္းဘူးလားလို႔ေမးလာခဲ့ရင္ ႐ွင္တို႔တကယ္ခ်စ္မိသြားတဲ့အခါ သူေပ်ာ္ဖို႔သာပထမျဖစ္ၿပီး သူသာေပ်ာ္ရင္ အရာအားလံုးေပးဆပ္ဖို႔အသင့္ျဖစ္ေနမွာပါဘဲလို႔ ရိပ္ေျဖမိမွာဘဲ။

ဆိုင္ေ႐ွ႕တြင္ ကားတစ္စီးထိုးရပ္လာၿပီး ကားေပၚမွ က်က္သေရ႐ွိလွသည့္အမ်ိဳးသမီးဟာ ေျခလွမ္းေျခႂကြမွန္မွန္ျဖင့္ ဆိုင္ထဲဦးတည္လာသည္။ရိပ္ လက္ႏွစ္ဖက္ကိုေ႐ွ႕သို႔ထပ္ကာ ခါးကိုအနည္းငယ္ၫႊတ္ၿပီးႏႈတ္ဆက္လိုက္သည္။

"မဂၤလာပါ႐ွင္... ။ဘာမ်ားကူညီေပးရမလဲ႐ွင့္..."

"အစ္မက်ဴးလစ္ပန္းေလးေတြၾကည့္ခ်င္လို႔ရယ္...။ရႏိုင္မလား႐ွင့္..."

"ဟုတ္ကဲ့ ရပါတယ္႐ွင့္။အထဲကိုႂကြေပးပါေနာ္..."

ရိပ္၏ဦးေဆာင္မႈေအာက္ ထိုအစ္မကလိုက္လာခဲ့၏။အျပံဳးခ်ိဳခ်ိဳ အသံေအးေအးေလးႏွင့္အစ္မကို သူမျမင္ဖူးသလို႐ွိေပမယ့္ေသခ်ာေတာ့မမွတ္မိေပ။ေက်ာေပၚျဖန္႔ခ်ထားသည့္ ဆံပင္ေခြမ်ားသည္ သူမအလွကိုပိုေတာက္ပေနသလိုပင္။ပန္းႏုေရာင္ ျမန္မာဝမ္းဆက္ကက်စ္လစ္သြယ္လ်ေသာ သူမခႏၶာကိုယ္အခ်ိဳးအစားေပၚတြင္  ခ်ပ္ရပ္စြာေနရာယူလ်က္။

"အစ္မက ဘာအေရာင္ေလးယူခ်င္တာလဲ႐ွင့္..."

"အယ္...မခြန္း"

"ဟယ္ ေ႐ွးကဒီကိုေရာက္ေနတာလား"

ေ႐ွးနဲ႔ဒီမမလွလွက သိေနၾကတာလား။စကားေတြေဖာင္ဖြဲ႔ေနတာမ်ား ႏွစ္ေပါင္းတစ္ရာကငယ္ခ်စ္ဦးနဲ႔ အခုမွျပန္ဆံုတဲ့အတိုင္း။ေငြသိမ္းေကာင္တာမွာထိုင္ရင္း သူတို႔ႏွစ္​ေယာက္ၾကားေဘာင္မဝင္သည့္ရိပ္အျဖစ္ဟာ သနားစရာ...။

"ေ႐ွးနဲ႔မမ မေတြ႔ျဖစ္တာၾကာေရာ့မယ္ေနာ္ "

"ဟုတ္ပါ့ ဟုတ္ပါ့။အခုေရာ ပန္းလာၾကည့္တာလား "

"ေႏြေပါ့။သူ ့ေယာက္်ားကိုလက္ေဆာင္ေပးခ်င္တာ ပန္းမေရြးတတ္လို႔ မမကိုအကူအညီေတာင္းလိုက္တာ။ေ႐ွးကိုေျပာရမွာ အားနာလို႔ဆိုမွ မမနဲ႔တန္းတိုးပါေလေရာ။မခက္ေပဘူးလား..."

"မနာက်င္ဘူးလား မခြန္း...။ဟင္ "

ရယ္ရယ္ေမာေမာေျပာေနသည့္ အျပံဳးတို႔ေနာက္ကြယ္က နာက်င္မႈကို ေ႐ွးအတိုင္းသားျမင္ေနရသည္။လူသားတိုင္းဟာ အခ်စ္ရဲ႕ေက်းကြၽန္ေတြျဖစ္ေနတဲ့အေပၚ အျပစ္တင္စရာဘယ္သူ႔ကိုမွေရေရရာရာ႐ွိမေနခဲ့ေပ။

ကိုကို...။ၿပီးေတာ့ မခြန္း။

ၿပိဳင္မ်ဥ္းႏွစ္​ေၾကာင္းဟာ ဘယ္​ေတာ့မွဆံုမွတ္မ႐ွိၾကသလို တစ္ဖက္တည္းကိုသတ္တဲ့ ​ေမတၱာ​ေတြဟာ သူ႔နည္းသူ႔ဟန္နဲ႔နာက်င္မႈကိုသာ​ေပးစြမ္းၾကစျမဲဘဲ​ေလ။

မခြန္းက အျပံဳးႏုႏုေလးကိုဆင္ျမန္းလိုက္ၿပီး သက္ျပင္းခ်သည္။

"အခ်စ္မွာသာ မ်က္စိ႐ွိေနခဲ့ရင္ မမတို႔နာက်င္စရာလိုပါ့မလား။ဦးေႏွာက္မွာထိန္းခ်ဳပ္ႏိုင္တဲ့ နာဗ္ေၾကာေတြ႐ွိေပမယ့္ ႏွလံုးသားကေတာ့ သူခ်စ္ခ်င္တဲ့သူကို စည္းလြတ္ဝါးလြတ္ခ်စ္ပစ္လိုက္တာဘဲေလ။အခ်စ္ကိုေပးဆပ္ျခင္းပါလို႔ မမ မသတ္မွတ္ထားဘူး။ဒါေပမယ့္ သူသာေပ်ာ္မယ္ဆိုရင္ အသက္ကိုေလာင္းေၾကးထပ္ရမလားမမလုပ္ရဲတယ္။သူေပ်ာ္ရတဲ့အေၾကာင္းအရင္းက မမေၾကာင့္မဟုတ္ခဲ့ရင္ေတာင္ေလ။ခ်စ္ေနရရံုနဲ႔ေက်နပ္တဲ့မိန္းမပါ ေ႐ွးငယ္ရယ္...။မမအတြက္ဘာျပန္ရပါေစဆိုၿပီးမ႐ွိပါဘူး..."

မခြန္းရဲ႕စကားကိုနားေထာင္ၿပီး ေ႐ွးရင္ဘတ္ေတြမြန္းၾကပ္လာရသည္။ေ႐ွးသာဆိုရင္ေရာ မခြန္းလိုသေဘာထားႏိုင္ပါ့မလား။

"ကဲ မမသြားေတာ့မယ္..."

မခြန္းလက္ထဲ က်ဴးလစ္ပန္းစည္းအဝါေလးဟာ လိုက္ဖက္စြာေနရာယူလ်က္...။

က်ဴးလစ္ဝါေလးေတြရဲ႕အဓိပၸါယ္ဟာ နာက်င္ရရင္ ကိုယ့္ေၾကာင့္ေပ်ာ္ရႊင္ပါေစတဲ့။တစ္ဖက္သတ္ခ်စ္ျခင္း​ေတြကိုကိုယ္စားျပဳတဲ့ ပန္း​ေလး​ေပါ့ကြယ္...။

-------------------------------------

ေလညင္းေလးမ်ားတိုးေဝ့႐ွပ္ေျပးေနၾကၿပီး ေရက်သံတို႔သည္ တူရိယာတစ္ခုကိုတီးခတ္ေနသကဲ့သို႔ ၿငိမ့္ေညာင္းစြာေပၚထြက္ေနသည္။ပန္းေရာင္စံုတို႔ႏွင့္အၿပိဳင္လွေသြးျခယ္ေနၾကသည္က ေရာင္စံုလိပ္ျပာေလးမ်ားျဖစ္ၾကသည္။ဝတ္ရည္စုပ္သူကစုပ္ ပ်ံလိုသူမ်ားက ေတာင္ပံခတ္ကာ တာဝန္ကိုယ္စီျဖင့္ပ်ားပန္းခတ္ေနၾကသည္ကိုၾကည့္ရသည္မွာ သက္႐ွိပန္းခ်ီကားတစ္ခ်ပ္ကိုျကည့္္ေနရသလိုပင္...။စိတ္ႏွလံုး​ေအးခ်မ္း၏။အေမာေျပ၏။သဘာဝတရားႀကီး၏ အလွတရားကိုအျပည့္အဝခံစားႏိုင္ေသာ ဤျခံဝန္းထဲတြင္ အမ်ိဳးသားႏွစ္ေယာက္လည္း႐ွိေန၏။ဝွီးခ်ဲေပၚတြင္ထိုင္ကာ ပတ္ဝန္းက်င္ကိုေငးေမာေနေသာအမ်ိဳးသားကို သူ႔ေဘးမွအမ်ိဳးသားက စာအုပ္ဖတ္ျပရင္းအခ်ိန္ကုန္ဆံုးေန၏။

"မင္းကုမၸဏီကိုပစ္ၿပီး ငါ့ကိုေန႔တိုင္းလာျပဳစုေနစရာမလိုပါဘူး တိမ္ယံရာ..."

"ဒီလိုေတာ့ဘယ္ဟုတ္မလဲကြ မင္းကငါ့သူငယ္ခ်င္းေလ။မင္းက်န္းမာလာဖို႔က လံုးဝဥသံုငါ့အေပၚမူတည္တယ္ "

လင္းျမတ္က ေခါင္းကိုခါယမ္းကာရယ္ၿပီးေနာက္ ေလပူအခ်ိဳ႕ကိုမႈတ္ထုတ္လိုက္ျပန္သည္။လိပ္ျပာေလးမ်ားထပ်ံသြားၾကသလို ပတ္ဝန္းက်င္သည္ ႐ုတ္ခ်ည္းတိတ္ဆိတ္လ်က္...။

"မင္းေပါင္ေပါင္းနဲ႔ေတြ႔ဖို႔ အဆင္သင့္မျဖစ္ေသးဘူးလား လင္းျမတ္..."

လင္းျမတ္မ်က္ဝန္းထဲ အေရာင္ပါသည့္ခံစားခ်က္တို႔ကိုတိမ္ယံေကာင္းစြာမဖတ္တတ္ေပ။ၾကည့္ေလ နက္နဲလာတယ္။အေျဖဟာ သူနဲ႔ပိုၿပီးအလွမ္းေဝးလာသလို...။

"ႏွစ္ေတြအၾကာႀကီး ငါကသူတို႔အတြက္ေသၿပီးသားလူတစ္ေယာက္ပါ။အခုမွျပန္ေတြ႔ေတာ့ေရာ ဝမ္းသာပါ့မလား "

"သူ႔အတြက္ေတာ့ မင္းကေသလူမဟုတ္ခဲ့ဘူး..."

တိမ္ယံတစ္ေယာက္တည္း ၿငီးတြားလိုက္သည္။ဒါကိုေတာ့လင္းျမတ္ၾကားပံုမေပၚ။

"မင္းဘာေျပာလိုက္တာလဲ"

"တင္"

ထိုအခ်ိန္တြင္ တိမ္ယံ့ဖုန္းထဲေရာက္လာပါေသာ ဓာတ္ပံုတစ္ပံုေၾကာင့္ ေတာက္တစ္ခ်က္ေခါက္ကာ တိမ္ယံသည္ နားထင္ေၾကာမ်ားပင္ေထာင္ေနခဲ့သည္။ထိုင္ေနရာမွ ဝုန္းခနဲထရပ္လိုက္ပံုက မေကာင္းဆိုးဝါးတစ္ေကာင္ဝင္ပူးေနသလိုပင္။

"ငါမသြားလို႔မျဖစ္တဲ့ကိစၥေပၚလာလို႔ သြားလိုက္ဦးမယ္ "

ယတိျပတ္စကားကိုေျပာကာ ကားကိုဝုန္းဒိုင္းၾကဲေမာင္းသြားေသာတိမ္ယံ့ကို လင္းျမတ္နားမလည္။ဘယ္လိုကိစၥကမ်ား သူ႔အသက္အႏၱရာယ္ထက္ပိုအေရးႀကီးေနရတာလဲ။

ေႏြအခုေရာက္ေနသည္က လူငယ္ေတြျကားေရပန္းစားေသာbarတစ္ခု...။ငယ္သူငယ္ခ်င္းမ်ားႏွင့္မထင္မွတ္ဘဲ ျပန္ေတြ႔ၾကေသာေၾကာင့္ သူတို႔အတင္းေခၚရာေနာက္ ေႏြလိုက္ခဲ့ရျခင္းျဖစ္၏။တိမ္ငယ့္ကို စာပို႔ဖို႔ႀကိဳးစားေပမယ့္ ေရာက္တုန္းrelaxေပါ့ကြာဟုဆိုၿပီး ေႏြ႔ဖုန္းကိုသိမ္းထားၾကသည္။သူတို႔ကrelaxခိုင္းေပမယ့္ ေႏြ႔မွာဖင္ပူေအာင္မထိုင္ႏိုင္။တိမ္ငယ္စိတ္ပူေနမွာဘဲဆိုၿပီး ေႏြ႔မွာရတက္မေအးႏိုင္။

"ေႏြ မင္းကလည္းကြာ ေရာက္တုန္းေပ်ာ္ေပ်ာ္ေနမွေပါ့။မင္းမ်က္ႏွာကလည္း အီးမွန္ထားတဲ့႐ုပ္နဲ႔... "

ေက်ာ္စြာ့ဟာသေတြဟာ ေႏြ႔အတြက္ေတာ့ရယ္စရာေကာင္းမေန။ေႏြ႔အျဖစ္က အိမ္ကမိဘေတြစိတ္ပူမွာကို ေနာက္ဆံတင္းေနတဲ့ သံုးတန္းေက်ာင္းသားေလးတစ္ေယာက္လိုျဖစ္ေနသည္။ေနာက္ၿပီး အယ္လ္ကိုေဟာအ႐ွိန္ေလးေၾကာင့္ လူကရီေဝေဝျဖစ္ေနသည္။ေႏြကကိုယ့္limitကိုယ္သိတယ္။limitေက်ာ္တာနဲ႔ ေလာကႀကီးနဲ႔အဆက္အသြယ္ျပတ္သြားေတာ့တာဘဲ။

"ငါtoiletခဏသြားဦးမယ္ "

ေႏြ႔စိတ္ေတြ မြန္းၾကပ္လာတာေၾကာင့္ အျပင္ဘက္ခဏထြက္ခဲ့ျခင္းျဖစ္သည္။ေရာင္စံုမီးေရာင္ေအာက္က ဂီတသံေတြဟာ သူ႔ဆဲဆိုသံေတြေလာက္ေတာင္သာယာမႈမ႐ွိတာကိုကြၽန္ေတာ္သိခဲ့ၿပီ။​ေရခ်ိန္အ​ေတာ္​ေက်ာ္သြားတာ​ေၾကာင့္ ကြၽန္​ေတာ့္ကမာၻႀကီးမွာ အရာရာဟာသံုး​ေလးထပ္ျဖစ္​ေန​ေတာ့သည္။ဘာ​ေၾကာင့္မွန္းရယ္မသိ ကြၽန္​ေတာ့္​ေ႐ွ႕ပိတ္ရပ္​ေနတဲ့ လူ​ေျခာက္​ေယာက္။

ဟီးသိ​ေတာ့ဘူး ​ေျခာက္​ေယာက္လို႔ထင္တာဘဲ။

"ဟို လမ္းေလးနည္းနည္းေလာက္ဖယ္ေပးပါလားခင္ဗ်... "

"ဟားဟား ကိုယ္တို႔က ဒီဘက္မွာပါကြ။မင္းေလးအေတာ္မူးေနပံုဘဲ ကိုယ္တို႔နဲ႔လိုက္ခဲ့ပါလား ဟားဟား။မင္းေပ်ာ္ေစရမယ္လို႔အာမခံတယ္ "

႐ုတ္ခ်ည္းဆိုသလိုဘဲ သူတို႔ထဲမွတစ္ေယာက္က ေႏြ႔လက္ကိုလာကိုင္တယ္။ၿပီးေနာက္ အ႐ိုင္းဆန္ဆန္အထိအေတြ႔ေတြကို​ေႏြခံစားလိုက္ရတယ္။အရာရာဟာမသဲကြဲေပမယ့္ ေႏြ႔ေဒါသေတြဟာေရဆူမွတ္ကိုေက်ာ္လြန္ခဲ့ေလၿပီ။

ေႏြ႔လက္ကိုေျမႇာက္လိုက္ကာ....

"ခြပ္"

"ခြပ္"

"ခြပ္"

တရစပ္ပစ္သြင္းလာေသာလက္သီးမ်ားသည္ ေႏြ႔ဆီကမဟုတ္။တိမ္ငယ္နဲ႔သိပ္တူတဲ့လူ။ေႏြ႔အေ႐ွ႕မွာထိုးႀကိတ္ေနၾကေပမယ့္ ေႏြကဝိုင္းႀကီးပတ္ပတ္ ဒူေဝေဝျဖစ္ေနသည္။

"ေနာက္တစ္ခါ ငါ့အပိုင္ကိုမထိနဲ႔။မ်က္လံုးနဲ႔ေတာင္ ေစ့ေစ့ၾကည့္ဖို႔ႀကိဳးစားရင္ အဲ့မ်က္လံုးကိုငါကေဖာက္ထုတ္ေပးမယ္။သူ႔ကိုထိရင္ ေခတ္သစ္ဟစ္တလာဟာ ငါျဖစ္သြားလိမ့္မယ္ "

ေဒါသအခိုးအေငြ႔တို႔ေတာက္ေလာင္ေနေသာလူႀကီး၏ ေၾကာက္မက္ဖြယ္အသံတို႔ေၾကာင့္ အေ႐ွ႕တြင္လဲက်ေနေသာလူငယ္သံုးေယာက္ဟာ တစ္ခ်ိဳးတည္းလစ္ေျပးေတာ့သည္။

တိမ္ယံအေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ပြဲခင္းထဲထိုင္ကာပြဲျကည့္သလို ငုတ္တုတ္ေလးထိုင္ေနသည့္ သူရဲ႕ေလာကနိဗၺာန္ေလး။ဘယ္ေလာက္ေတာင္စိတ္ပူသြားရလဲမသိဘူးလား။ရင္ဘတ္ေတြေအာင့္လြန္းလို႔ ႏွလံုးေရာဂါရေတာ့မလို႔။

"ဘာျဖစ္သြားေသးလဲေမာင္ ဘာျဖစ္သြားေသးလဲ "

"ကိုကို ေမာင္အိပ္ခ်င္တယ္ "

တင္းၾကပ္ေနေအာင္ဖက္ထားသည့္သူ႔လည္ပင္းကို ျပန္လည္ဖက္တြယ္လာသည့္လက္ေခ်ာင္းမ်ား...။မ်က္လံုးေတာင္မဖြင့္ႏိုင္ေတာ့ေပမယ့္ သူ႔ကိုေတာ့မွတ္မိေနခဲ့တာဘဲ။ေကာင္ေလးကိုေက်ာပိုးလိုက္ၿပီး ဘားထဲမွထြက္လာေတာ့ လူမ်ားအားလံုး စိတ္အာရံုဟာသူတို႔ႏွစ္ေယာက္ဆီ၌သာ။အေပၚကအေကာင္ေပါက္က ၿငိမ္ၿငိမ္ေနေနတယ္လို႔ေတာ့ လံုးဝမထင္လိုက္ပါနဲ႔။တိမ္ယံ့ဆံပင္ေတြလာနမ္းလိုက္ ပါးေလးကိုႏွာေခါင္းခြၽန္ခြၽန္တို႔ျဖင့္ ဖိကပ္နမ္းလိုက္လုပ္ေနသည္။ႏွာေခါင္းထိပ္ေလးေတြရဲေနၿပီး အယ္လ္ကိုေဟာအနံဟာ သူ႔ကိုယ္သင္းရနံလို...။

"ကိုကို ဟိုးမွာပင္လယ္ႀကီးေတြ႔လား"

အင္း ေႏြတစ္ေခတ္သ်ွားတို႔ ေသာက္တလြဲစလုပ္ပါၿပီ။

"အဲဒါျမစ္ေလ မေအေဘးရဲ႕..."

လူကသူ႔ကိုယ္လံုးႀကီးကိုပိုးထားကတာေလးပါတယ္ဆို ပဒီးပဒါးေတြေျပာေနျပန္ၿပီ။

"ပင္လယ္ထဲမွာ ေရေတြကအမ်ားႀကီးဘဲ ေမာင့္တိမ္ငယ္။ဒါေပမယ့္ေသာက္လို႔မရဘူး။အဲ့လိုဘဲ တိမ္ငယ့္အေပၚထားတဲ့ေမာင့္ေမတၱာေတြဟာ အမ်ားႀကီးရယ္ပါ။ဒါေတြဟာတိမ္ငယ့္အတြက္ေတာ့ အသံုးမဝင္ခဲ့ဘူးဘဲ... "

ဝမ္းနည္းမႈေတြ႐ွပ္ေျပးေနသည့္ ေမာင့္စကားလံုးတိုင္းဟာ ရင္ကိုအစိမ္းလိုက္ခြဲသည္။ေ႐ွ႕ဆက္မည့္ေျခလွမ္းတို႔ဟာရပ္တန္႔သြားခဲ့သည္။သဘာဝႀကီးဟာ ေဖာက္လြဲေဖာက္ျပန္ျဖစ္ေနသလို တိမ္ယံ့ႏွလံုးသားသည္လည္းနာက်င္လွသည္။

"ဘယ္သဴက မခ်စ္ဘူးလို႔ေျပာလဲ။ကိုယ္ေလ မင္းကို..."

လည္တိုင္ဆီသို႔ သက္ေရာက္လာေသာအသက္႐ွဴသံမ်ွင္းမ်ွင္းေလး။ေဟာ...ေကာင္ေလးအိပ္သြားၿပီ။ေမတၱာတို႔ယိုစိမ့္ေနေသာ အနမ္းတို႔သည္ နဖူးျပင္တစ္ဝိုက္ ျဖန္႔က်က္ေနရာယူခဲ့သည္ကို ရာသီဥတုေလးဟာမသိခဲ့ေပ။

21.12.22

Maple Lynn


ရိုးသစ်ကိုbarသို့လိုက်ပို့ပြီးအပြန် 24hoursဖွင့်သောဆိုင်မှ pizzaတစ်ချပ်နှင့်အတူ cokeတစ်ဘူးဝယ်ခဲ့လိုက်သည်။အချိန်အားဖြင့်အတော်လင့်နေပြီမို့ ကားကိုမိုင်ကုန်မောင်းလာရသည်။အိမ်ကကလေးကိုတော့ တိမ်ယံ့ကြောင့်စိတ်မပူစေချင်။

"ပါပါး နွေရော..."

တိမ်ယံ့ကားသံကြားသည်နှင့် ပါပါးကတံခါးလာဖွင့်ပေးသည်။နွေက ပါပါးတို့အိမ်ရောက်နေတယ်ဆိုလို့ တိမ်ယံလာခေါ်ခြင်းဖြစ်သည်။

"ခုနေလးကေတာ့ သားအဖနှစ်ယောက်ဆော့နေကြသေးတယ်။အခုတော့ အိပ်ပျော်နေပြီထင်တယ်.."

"ဒါဆို ကျွန်တော်သွားနှိုးလိုက်ဦးမယ် ပါပါး "

"ညဥ့်နက်နေပြီ သားရယ်။ဒီမှာဘဲ အိပ်သွားပြီး မနက်ကျမှပြန်ပေါ့ "

"ဒါပေမယ့်... "

ပါပါးက စိတ်ဆိုးမာန်ဆိုးလေးမဟုတ်ဘဲ အကြည့်စူးစူးလေးတစ်ချက်ကို တိမ်ယံ့ထံပို့သည်။ပါပါးရဲ့စကားကို သူမဖယ်ရှားလို။ဒါပေမယ့် နွေကသူနဲ့တစ်ခန်းတည်းအိပ်ချင်ပါ့မလား။သူ့အတွေးတွေမဆုံးခင်မှာဘဲ ပါပါးလည်းမရှိတော့ပေ။ခြေကိုခပ်ဖွဖွနင်းကာ တိမ်ယံ့ခြေလှမ်းများသည် နွေ့အခန်းရှိရှာဆီသို့...။

ခြေပစ်လက်ပစ်အိပ်မောကျနေသော ကောင်ငယ်လေးဟာ စမ်းရေလေးတွေထက် တိမ်စိုင်လေးတွေထက် ပိုပြီးဖြူစင်သည်။ဟစိ ဟစိဖြစ်နေသော ပါးစပ်လေးကြောင့်ခြေကုန်လက်ပမ်းကျထားပုံကိုသိသာစေသည်။ကောင်လေး၏ဗိုက်ပေါ်မှောက်ရက်လေးအိပ်ပျော်နေသည့် သမီးကိုပွေ့ချီလိုက်ပြီး ဘေးတွင် နေရာချပေးလိုက်သည်။ခုတင်အောင်ပြုတ်ကျနေသော စောင်ကိုကောက်ယူကာ ကောင်လေး၏ရင်ဘတ်ထိလုံအောင် လွှမ်းခြုံပေးလိုက်သည်။သူ့ကိုယ်သူ နေမကောင်းတဲ့လူဆိုတာရော သတိရသေးရဲ့လား။ကလေးကိုအလိုလိုက်ပြီး သူပါလိုက်ဆော့ထားပုံပါဘဲ။

"မဖြစ်သေးပါဘူး။ချွေးတွေကိုနစ်နေတာဘဲ "

တိမ်ယ့ံခေါင်းကိုခါယမ်းကာ ရေချိးခန်းဆီသို့ဝင်သွားပြီးနောက် ရေဇလုံတစ်ခုကိုယူလာခဲ့သည်။အဝတ်ပိုင်းကိုရေထဲနှစ်ကာညှစ်ပြီးနောက်နွေ ့အကျႌကြယ်သီးများကို တစ်လုံးစီဖြုတ်လိုက်သည်။ဖြူဖွေးဖွေးညှပ်ရိုးများဟာ သူ၏စိတ်ကိုစမ်းသပ်နေသလိုလို။ဝဲဘတ်ရင်အုံမှ သူ့နာမည်နှင့်တက်တူးကြောင့် ရင်ဖိုလှိုက်မောလာရ၏။ကိုယ့်ခန္ဓာကိုယ်ကတောင် ကိုယ့်ကိုသစ္စာဖောက်တယ်ဆိုတဲ့စကားဟာ တကယ်မှန်တယ်။သူ့ခန္ဓာကိုယ်တစ်နေရာက သူ့ကိုအချက်ပြနေခဲ့ပြီ။အိပ်ပျော်နေတဲ့လူကို မရိုးမသားဖြစ်နေတာကတကယ်ဆိုးဝါးလွန်းတယ်မဟုတ်လား။မျက်နှာကြီးနီရဲလာကာ ချေွးစေးများပြန်လာတာကြောင့် နွေ့ကိုအဝတ်အစားအမြန်လဲပေးပြီးနောက် ရေချိုးခန်းထဲဝင်ကာ သစ္စာဖောက်ကိုအမြန်ရှင်းဖို့လုပ်ရ၏။

တစ်ယောက်ထဲဗျာများပြီးနောက် နွေ့နံဘေးလဲလျောင်းကာ မျက်တောင်တိုစိပ်စိပ်တို့ကိုရေတွက်ခြင်းဆီသို့...။တိတ်ဆိတ်ခြင်းတို့ကြီးစိုးနေသော အမှောင်ယံတွင် တိမ်ယံ့ ့အသက်ရှူသံပြင်းရှရှသာလျှင် လွှမ်းမိုးနေခဲ့၏။သစ်ရွက်ခြောက်တွေ မြေပေါ်ဝဲလို့...။နှလုံးသားလေးသည်လည်း ကြွေကျမတတ်ယိုင်နဲ့လို့...။

ကိုယ်ရုန်းမထွက်နိုင်တဲ့ဒုက္ခသစ္စာလေးရယ်...မင်းကသိပ်ဉာဏ်များလိုက်တာ...။

်ပိုင်ရှင်မသိအောင်ယူခြင်းသည်ခိုးမှုမြောက်သည်ဆိုပါက ကျွန်တော်သည်သူ့အနမ်းတို့ကို ခိုးယူသောရာဇဝတ်သားတစ်ယောက်ဖြစ်သည်။

ငွက္ကေလးမ်ား၏ တေးသီသံနှင့်အတူ အိမ်၏ဆည်းလည်းသံလေးဟာနံနက်ခင်း၏ ပန်းချီကားတစ်ချပ်လို...။လိုက်ကာစများကိုဖြတ်ကာကျူးကျော်လာသော နေရောင်ခြည်နွေးနွေးသည် တိမ်ယံ့မျက်နှာပေါ်သို့ ထိုးဖောက်ဝင်ရောက်လာ၏။လှုပ်ရွရွဖြစ်လာသော ခံစားချက်နှင့်အတူ မျက်ခုံးနှစ်ဖက်ကိုထိလုမတတ်ကျုံ့ထားမိသည်။ပြေးလွှားသံများသည် တိမ်ယံ့နားထဲ ဖြတ်လျှောက်လျက်ရှိတာကြောင့် သူနိုးလာရသည်။

"မီးငယ် မပြေးနဲ့ကွာ ဒယ်ဒီမောလာပြီနော်..."

"ဟင့် ချိုးချင်ဝူးလို့... "

အိမ်ရဲ့ဆည်းလည်းလေးဟာ မိုးမလင်ခင်ကပင်သာယာစွာပေါ်ထွက်နေသည်။လိုက်တမ်းပြေးတမ်း ကစားနေကြသော သားအဖနှစ်ယောက်သည် သူ့ကိုဂရုပြုမိပုံမပေါ်။ဂါဝန်လေးမကာပြေးနေသော သမီးနောက်ကို ကျွန်တော့်ရာသီဥတုလေးဟာလိုက်နေလေရဲ့။

"ဘာဖြစ်နေကြတာလဲ..."

တိမ်ယံ့အသံကြားတော့ ခွန်ရီလေးဟာ လုံးတုံးတုံးဖြင့်သူ့ဆီပြေးလာသည်။

"ပါပါးတိယား "

"ပါပါးမသိဘူးလေ"

"ဟာ ခွန်ရီကြောတာချုံးအောင်နားထောင်ပါဦး။ ပါပါးမတိတာခွန်ရီတိရယ်။လူဂျီးယေ ကြောသလို ချကားခံတာပါချို "

အလိုမကျသောနှုတ်ခမ်းလေးဟာဆူပုတ်ပြီး တစ်ဖက်သို့မျက်နှာလွှဲသွားပြန်၏။

"ဟားဟား ပြောစေဗျာ..."

သူတို့ကိုလက်ပိုက်ကာစိုက်ကြည့်နေသော မျက်ဝန်းတို့သည်မေတ္တာဓာတ်တို့ကိန်းအောင်းနေပြန်၏။ကိုယ်တယုတယပျိုးထောင်ထားတဲ့ပန်းကလေး ရှင်သန်လာတာကိုကြည်နူးနေသလိုမျိုး။အဲ့မျက်ဝန်းတွေဟာ တကယ့်အန္တရာယ်ဆိုတာ တိမ်ယံသတိမမူမိလိုက်ပေ။

"ခွန်ရီက ရေမချိုးချင်ပါဝူးချို ဒယ်ဒီကအတင်းချိုးခိုင်းရယ် "

"ဒါကေတာ့ သမီးဒယ်ဒီမှန်တယ်လေ... "

ဒါကိုသမီးကသိပ်သဘောမတူချင်။နှုတ်ခမ်းကြီးကို အတင်းဆူထားသည်။

ြ"နိုး နိုး ပါပါး ခွန်ရီမနေ့ကချိုးတယ်ယေ..."

"ဒါပေမယ့် ဒီနေ့ပြန်ချိုးရမှာပေါ့။မချိုးရင် ညစ်ပတ်ကြီးဖြစ်မှာနော်..."

"ခွန်ရီနေ့တိုင်းမျက်နှာသစ်တယ်ယေ "

"မတူဘူးလေသမီးရဲ့ ရေချိုးမှပိုချောမှာပေါ့... "

"ဒါဆို ချိုးဆျာလိုတော့ဝူး... "

"အမ်..."

"ဘာလို့ဆို ခွန်ရီကချောဆုံးမို့... "

"အယ်..."

သူပြောချင်သည်က သူကချောပြီးသားမို့ရေချိုးစရာမလိုဘူးဆိုတဲ့သဘော...။ပြန်ပြောစရာစကားပျောက်ကာ ကျောက်ရုပ်တစ်ရုပ်လိုဆွံအနေရသည်က တိမ်ယံသာဖြစ်ပြီး နံရံကိုမှီကာ တိမ်ယံ့အဖြစ်ကို တခွီခွီရယ်နေသောကိုယ်တော်ကိုဆွဲလုပ်ပစ်ချင်လာသည်။

"ကဲ ဒယ်ဒီအရှုံးပေးတယ်။ရေမချိုးတဲ့ကလေးမကိုတော့ ဒယ်ဒီ့ဆေးရုံခေါ်သွားလို့မရဘူးနော်..."

နှစ်ယောက်သား ဘာတွေကြံစည်ထားကြသလဲမသိ။သူတို့နှစ်ယောက်ဆုံရင် တိမ်ယံကဘဲ အပိုလူလိုလို။ပြောတော့ဖြင့် တိမ်ငယ့်ကိုမောင်သိပ်ချစ်သလေး ဘာလေးနဲ့။သူ ့့ ထက္သမီးကိုပိုခ်စ္တာ အသိသာကြီးဘဲလေ။

ခွန်ရီ့မျက်လုံးများက မှိုင်းသွားကာ နွေ့ကိုအတင်းပြေးဖက်တော့သည်။

"ဟင့် ချိုးမယ်... "

နွေက အောင်နိုင်သူအပြုံးပြုံးကာ ခွန်ရီ့ကိုကောက်ပွေ့လိုက်သည်။ထို့နောက် စားပွဲပေါ်လှမ်းကြည့်တော့ ညကpizzaဘူးဟာရှိမနေတော့။

"နွေ..."

"ဗ်ာ..."

"pizzaဘူးရော"

"မောင့်အတွက်ဝယ်လာပေးတာမလား။မောင်စားလိုက်ပြီလေ"

"အေးနေပြီကို နွှေးမစားဘဲ..."

"တစ်ခါတလေတော့ အေးစက်စက်ဆက်ဆံရေးတွေဟာ ပိုပြီးအရသာရှိသလိုပေါ့ တိမ်ငယ်..."

နွေကမပီမသလေးပြုံးကာ တိမ်ယံမြင်ကွင်းထဲမှပျောက်ကွယ်သွားတော့သည်။အသက်မဲ့နေသော နံရံကိုငေးရင်း တောင်စဉ်ရေမရသော မေးခွန်းတွေဟာ ခေါင်းထဲထွက်ပေါ်လာခဲ့သည်။ပတ်ဝန်းကျင်မှ ငှက်တောင်ပံခတ်သံတို့ဟာ လေထုတစ်ခွင်ကြီးစိုးလျက်...။

ညက ဦးလေးကြီးအိမ်ပြန်မလာခဲ့ပေ။အရင်နေ့တွေနောက်ကျတယ်ဆိုသည့်တိုင်အောင် အိမ္ကိုတော့ရောက်အောင်ပြန်လာခဲ့တာချည်းပင်။သုတစိတ်ပူတတ်နေပြီ။အေးအေးချမ်းချမ်းနေတတ်သည့်သုတက ယခုတော့ပူလောင်တတ်နေပြီ။သုတအတွေးတွေရဲ့သုံးပုံနှစ်ပုံကိုဦးလေးကြီးက သေချာလုနီးပါးချုပ်ကိုင်ထားလေပြီ။ညကတည်းက ဧည့်ခန်းထဲခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း လူကဂဏှာမငြိမ်ပေ။အခုထိတစ်စက်လေးတောင်မအိပ်ရသေးသော သုတပုံမှာ ခွေးစုတ်ဖွားလေးနှင့်တောင်တူနေသေးသည်။duty offရက်မို့တကယ်တော်သေးတာ။မဟုတ်ရင်လူကကြောင်တောင်တောင်ဖြစ်နေဦးမှာ။စိတ်ပူတာကိုဖုန်းဆက်မေးကြည့်ပေါ့လို့ ပြောရင်လည်း အသုံးမကျတဲ့သူ့ကိုယ်သူအပြစ်တင်ရမှာဘဲ။တစ်အိမ်တည်းနေပြီး ဖုန်းနံပါတ်တောင်းဖို့တောင်မေ့နေရတယ်လို့...။

"တင် တင် တင်"

အခန်းဘဲလ်သံဟာ ဆက်တိုက်ပေါ်ထွက်လာတာကြားမှ သုတရင်ထဲမှအပူလုံးကြီးကျတော့သည်။စားပွဲအောက် ၊အံဆြဲ၊သေချာပိုက်စိတ်တိုက်ရှာသော်လည်း အခန်းသော့ကရှာမတွေ့ပေ။။

"ကြာလိုက်တာ ပေါက်စရယ်။ကိုယ်ကမင်းတစ်ခုခုဖြစ်နေတယ်ထင်လို့..."

ပြုံးစစပြောနေသော လူကိုမျက်စောင်းတွေကြီးပစ်သွင်းလိုက်သည်။တံခါးဘောင်ကိုမှီကာ သူ့ကိုလက်ပိုက်ကြည့်နေပုံက တကယ်ဆွဲလုပ်ချင်စရာ။

"ခင်ဗျားကစိတ်ပူတတ်သေးတယ်ပေါ့။ခင်ဗျားမှာလည်း အခန်းသော့ရှိနေတာဘဲ ကိုယ့်ဘာသာဝင်လာလည်းရရဲ့နဲ့ဗျာ..."

"အိမ်ကိုပြန်လာတဲ့ယောက်ျားကို သူ့မိန်းမကစောင့်ကြိုနေတဲ့အရသာကိုသိချင်လို့... "

"ဘာ..."

"ဟက် စတာပါကြာ ပေါက်စရ။ဘယ်နှယ့် စိတ်တွေဆိုးနေရသလ။ဲ ညက သူငယ်ချင်းနဲ့အပြင်သွားနေလို့..."

ဦးလေးကြီးကသုတခေါင်းကို ခပ်ဖွဖွပုတ်လိုက်တော့ သုတရင်ထဲသိမ့်ခနဲ။စိတ်ဆိုးမာန်ဆိုးဖြင့်ကြိမ်းမောင်းချင်သော်လည်း စကားလုံးများသည် လည်ချောင်းဝ၌ပင်ပျောက်ရှဆဲ။ဦးလေးကြီးက အကျႌချွတ်လိုက်ပြီး သုတမျက်နှာကိုပစ်ပေါက်လိုက်တော့ အမိဖမ်းလိုက်သည်။

"ဒေါက်တာကတော်လိုက်တာ။ကျွန်တော်မျိုးရေသွားချိုးတော်မူဦးမယ်ခင်ဗျ..."

လက်အုပ်ချီကာ ခါးကိုကိုင်းမတတ်ပြောနေသည်က သုတကိုရွဲ့နေတာအသိသာကြီးမဟုတ်လား။သုတလည်း ဘာမှပြန်မပြောတော့ဘဲဦးလေးကြီးအတွက် မနက်စာပြင်ပေးရသည်။ဒီနေ့က သုတနားရက်မို့ဦးလေးကြီးဘယ်မှမသွားရင်ကောင်းမယ်။

အို ခက်လိုက်တာ။အသက်ကလေးရလာရင် သာသနာ့ဘောင်ထဲဝင်မယ်ဆုံးဖြတ်ထားတဲ့သူက ဒီအသက်ကြီးကြီးအဖိုးကြီးကြောင့် ကိလေသာတဏှာတွေအပူမီးတွေနဲ့လောင်မြိုက်နေရပါလား။နောက်နေ့တော့ဘုရားသွားပြီး ရေချမ်းကပ်လှူရမယ်။ဗုဒ္ဓဟူးသားလေးရဲ့ မာယာကျော့ကွင်းကနေလွတ်မြောက်လို လွတ်မြောက်ငြားပေါ့။

"တင်.."

"ဟုတ်ကဲ့လာပါပြီခင်ဗျ..."

အတွေးနယ်ပယ်ထဲခြေဆန့်နေရင်းမှ ဘဲလ်မြည်သံကြောင့်လန့်သွားရသည်။ ဧည့်သည်လာတာထင်တယ်။ဟိုကောင်တွေများလား။ဒါပေမယ့် သူတို့က dutyရှိတယ်မလား။

"အယ် သွန်းသု။မေမေ..."

သုတကို ပြုံးကာရပ်ကြည့်နေကြသည့်အမျိုးသမီးနှစ်ယောက်။သုတလည်း ရုတ်တရက်မို့အံအားသင့်သွားကာ အူကြောင်ကြောင်ပြန်ပြုံးပြလိုက်သည်။သွန်းသုလေးဟာ မေမေ့လက်ကိုဆွဲလို့ သုတကိုတွန်းတိုက်ကာ အခန်းထဲဝင်လာသည်။

"မေမေ ရေလေးသောက်ပါဦးခင်ဗျ.."

သုတ မေမေ့ကိုရေခွက်ကမ်းပေးတော့ မေမေကညင်ညင်သာသာလေးယူကာ ဖြည်းဖြည်းချင်းမော့သောက်သည်။ပြီးနောက် ချွေးစများကိုခပ်ဖွဖွသုတ်နေ၏။

"ကိုကို သုသု့ကိုတော့ဘာမှမတိုက်ဘူးလား "

"သုသုသောက်ချင်ရင် ခုနကကိုကိုကြမ်းတိုက်တဲ့အရည်တွေရှိတယ် "

"ဖြီး ကိုကိုနင်ညစ်ပတ်တယ်ဟာ "

"မညစ်ပတ်ပါဘူး။ငါနေ့တိုင်းရေချိုးတယ် "

"ကိုကို..."

"ဘာလဲ..."

သုတက မသိချင်ယောင်ဆောင်ကာ မေမေ့လက်မောင်းကိုချိတ်တွဲလိုက်တော့ သွန်းသုလေးက ခွေးပေါက်လေးမာန်ဖီသလို တဂီဂီအော်တော့သည်။သုတနဲ့ညီမလေးက ရှစ်နှစ်နီးပါးလောက်ကွာပေမယ့် တွေ့တာနဲ့ကိုက်နေကြတာ။ဒီတစ်ဦးတည်းသောညီမလေးကို သုတသိပ်ချစ်ပါတယ်။

"မေမေ ကိုကို့ကိုမပြောဘူးလား "

"သားကြီးရယ် ညီမလေးကိုမစပါနဲ့ "

မေမေကဟန့်တားပေမယ့် သုတတို့မောင်နှမနှစ်ယောက်ဟာ မျက်လုံးချင်းစစ်ခင်းနေကြသည်။ထိုအချိန်တွင် ကြောက်မက်ဖွယ်ရာ အသံတစ်သံထွက်ပေါ်လာခဲ့သည်။

"ပေါက်စရေ ကိုယ့်ကိုတဘတ်လေးကမ်းပါဦး "

ဘုရားရေ ဦးလေးကြီးရှိတာကို သူမေ့နေခဲ့တာ။မေမေနဲ့သွန်းသုရဲ့အကြည့်တွေဟာ သုတတစ်ယောက်တည်းဆီသို့...။သွားကိုအတင်းဖြဲပြကာ ဦးလေးကြီးကို တဘတ်သွားကမ်းရသည်။

"သားကြီး အထဲကဘယ္သူလဲ... "

သွန်းသုကသူလည်းသိချင်သည်ဟုဆိုကာ အနားကပ်လာသည်။

"မေမေအဲ့ဒါက... "

မေမေနဲ့သွန်းသုရဲ့အကြည့်တွေဟာ သုတအဖြေမှားတာနဲ့ လည်စင်းခံရနိုင်သည်။သုတနဖူးမှချွေးသီးလေးများသည် တစိမ့်စိမ့်စီးကျနေပြီး လည်စလုတ်မှာအထက်အောက်စုန်ဆန်ချီနေသည်။

"ပေါက်..အယ်..။ဧည့်သည်တွေရောက်နေကြတာလား။"

ရေချိုးခန်းထဲမှထွက်လာသော ဦးလေးကြီးရဲ့ခန္ဓာကိုယ်တစ်လျှောက်ရေစက်များ တွဲလဲခိုနေသည်။ကျစ်လစ်သောခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဗလာကျင်းနေသောကြောင့် သုတမေမေ့ဘေးမှအမြန်ထကာ ခြေတွေလက်တွေဆန့်ထုတ်ပြီး ကားယားကြီးဖြင့် ဦးလေးကြီးကို ကာထားရသည်။

"မေမေနဲ့ သုသုမကြည့်ကြနဲ့နော် "

မေမေနဲ့သုသုက ပါးစပ်အဟောင်းသားဖြင့် သုတကိုကြည့်နေကြသည်။ဦးလေးကြီးကို အခန်းထဲပို့ပြီးပြန်ထွက်လာမှ သုတစိတ်အေးရသည်။

"မေမေ သူကေလ..."

"မေမေ သူနဲ့ဘဲပြောချင်တယ်"

"ဟိုလေ မေမေ..."

သုတလက်လျှော့လိုက်ရသည်။မေမေကတော့လက်လျှော့မည့်ပုံမပေါ်။သွန်းသုကို မျက်စပစ်ပြတော့ သူလည်းမသိပါဟုခေါင်းယမ်းပြသည်။သုတ မေမေနှငိ့ဦးလေးကြီးကို အဆင်ပြေစေချင်သည်။ဦးလေးကြီးက စိတ်ရင်းကောင်းပေမယ့် စကားအပြောမတတ်တာကြောင့်သုတစိုးရိမ်မိသည်။မေမေကရော မိတ်ဆွေတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်တာနဲ့ ဒီလောက်မျက်နှာပျက်စရာလိုလို့လား...။

ရေဒီယိုမှပျံ ့လွင့်လာသော သီချင်းသံမှလွဲ၍ တိတ်ဆိတ်နေသောအခန်းထဲတွင် လူလေးယောက်ဟာ တစ်ယောက်ကိုတစ်ယောက် လှည့်ပတ်ကြည့်နေကြ၏။အချိန်ကြာမြင့်စွာ ထိုင်နေကြပြီးနောက်...

"ဟို... အစ်မကြီးခင်ဗျ...မဟုတ်သေးပါဘူး အန် အန္တီ။ဟာ ဒေါ်ဒေါ်"

ဘယ်လိုခေါ်ရမှန်းမသိတာကြောင့် ရိုးသစ်ခေါင်းရှုပ်လာသည်။သူ့ရဲ့အကြပ်ရိုက်နေပုံကြောင့် ပေါက်စမေမေက လက်ကာပြသည်။ရိုးသစ်လည်း ဘာအပြစ်မှမလုပ်ထားပါဘဲ ကိုယ့်ယောက္ခမနဲ့တွေ့ရသလို ဘာကြောင့်ကြောက်နေရတာပါလဲ။ဒါသည် အသက်35နှစ်အထိ ပထမဆုံးအကြိမ် ကြောက်မိခြင်းဖြစ်သည်။

"အခေါ်အဝေါ်တွေက သိပ်ပြဿနာမရှိပါဘူး။ဒါနဲ့မင်းက ဘာအလုပ္လုပ္တာလဲ... "

"ပန်းစိုက်ပါတယ်မေမေ။သူ့အလုပ်ရှင်က အလုပ်ထုတ်လိုက်လို့ ကျွန်တော်နဲ့အတူလာနေနေတာပါ။ကျွန်တော်တို့က မိတ်..."

သုတစကားမဆုံးသေး မေမေကလက်ကာပြပြန်သည်။မေမေဘာဖြစ်ချင်နေတာလဲ သုတနားမလည်။

"ဒီမွာ ငါပြောတာသေချာနားထောင်။ငါ့သားကို ပီကေလို ဝါးချင်တိုင်းဝါး ထွေးချင်တိုင်းထွေးလုပ်လို့ရမယ်မထင်နဲ့။အဲ့တော့ လာမယ့်စနေနေ့ကျရင်   လူကြီးဆုံရာနဲ့မင်းတို့ကို စေ့စပ်ပေးမယ်။အခုတော့ ငါသွားနားပြီ "

"ဗ်ာ..."

သီချင်းသံဟာ ရုတ်တရက်တိတ်ဆိတ်သွားသည်။ဆိုဖာပေါ်တွင်ကျန်ခဲ့သည့်နှစ်ယောက်သည်လည်း ဆြံ ့အလျက်...။

------------------------------------------

ပန်းရောင်စုံတို့ဖြင့် အေးချမ်းလှသော ဆိုင်ငယ်လေးထဲတွင် ယဉ်ယဉ်လေးဖြင့် ကျက်သရေရှိလှသော အမျိုးသမီးငယ်လေးသည် ပန်းစည်းတို့ကိုစည်းနှောင်နေ၏။ထိုအမျိုးသမီးကို မေးထောက်ကာငေးနေသော အမျိုးသမီးတစ်ယောက်သည် ဂန္ဓဝင်ပန်းချီကားတစ်ချပ်ကို ငေးနေသလို မျက််တောင်တစ်ချက်မခတ်ဘဲစိုက်ကြည့်နေ၏။သိပ်ကို ကြည်နူးဖို့ကောင်းတဲ့အခိုက်အတန့်လေးမဟုတ်လား။ဒါပေမယ့် သူတို့ဟာ အဖြူရောင်စည်းလေးရဲ့တစ်ဖက်တစ်ချက်စီက သူငယ်ချင်းလေးတွေပါတဲ့။

"ရိပ် အဲ့လိုနေရာတွေမသွားတတ်တာသိသားနဲ့ "

"ဒါဆို ရှေးလည်းမသွားရုံပေါ့ "

စကားလုံးတိုင်းကို တည်တင်းစွာပြောနေပုံက နောက်နေဟန်နှင့်မတူ။သူနှင့်အတူ ပါတီတက်ရန်မနက်ကတည်းက ရိပ်ကိုဂျီတိုက်နေခြင်းဖြစ်သည်။လူချမ်းသာများ၏ ဟန်ဆောင်မျက်နှာဖုံးများကြား ရိပ်မသွားလို။မွန်းကြပ်၏။လူတောမတိုးဘူးလို့ ပြောရင်လည်း ရိပ်ကတော့မငြင်းပါဘူး။

"ရှေးငယ်က လုပ်ငန်းရှင်လေ။သူတို့က တကူးတကဖိတ္ထားတာ မသွားလို့မကောင်းဘူးလေကွယ်"

ရှေးက ခုံကိုခွထိုင်ထားရာမှထကာ ရိပ်ခါးသိမ်သိမ်လေးကိုနောက်မှသိုင်းဖက်လိုက်၏။ရုတ်တရက်ကြက်သီးမွေးညင်းလေးများထကာ ရိပ်ရင်ခုန်သံတွေကိုအစိုးမရတော့ပေ။နှစ်ပေါင်းများစွာကြာအောင် ဒီအမျိုးသမီးအနားရှိခဲ့ပေမယ့် အခုလိုကြုံတွေ့ရတိုင်း ရိပ် ရင်ခုန်ရစမြဲဖြစ်သည်။ဒီအမျိုးသမီးဟာ သူ့အားနည်းချက်လို့မဆိုသာတဲ့ အဖိုးတန်သက်ရှိကလေးဖြစ်သည်။အခုလည်း သူလိုချင်တာကို ခေါင်းလေးဝေ့လို့ ချွဲနေပြန်သည်။

"နော်လို့ ရိပ်။လိုက်ခဲ့ကွာ..."

"မင်းကဆိုးလိုက်တာ ရှေးငယ်ရယ်။မင်းသဘောဘဲ ဟုတ်ပြီလား... "

"Yes..."

ရိပ်အဖြေကိုကြားတော့ ကလေးတစ်ယောက်မုန့်ရသလို ခုန်ပေါက်နေသည့်အမျိုးသမီးကြောင့် ရိပ်ပါထပ်ဆင့်ပြုံးလိုက်မိသေးသည်။အမြဲတမ်းရင့်ကျက်နေတဲ့ ဒီအမျိုးသမီးမှာလည်း ဒီလိုကလေးဆန်တဲ့အပြုအမူလေးတွေရှိသေးပါလား။

သူလိုချင်တာရသွားတော့ Laptopထဲခေါင်းစိုက်နေပြန်သည်။အလုပ်လုပ်ရင် ထမင်းမေ့ဟင်းမေ့ဖြစ်တတ်တဲ့ရှေးကြောင့် ရှေးအစားအသောက်မှန်ဖို့က ရိပ်တာဝန်တစ်ခုလိုဘဲ။ဆိုင်က ဒီနေ့လူအနည်းငယ်ရှင်းတာကြောင့် ရိပ်မှာများများစားစားအလုပ်ရှိမနေ။ဒီညနေတော့ ပန်းတွေရောက်ရင် နည်းနည်းအလုပ်ရှုပ်ဦးမှာ။ရှေးရဲ့ကုမ္ပဏီမှာ အလုပ်ဝင်ရင်း ဆိုင်ကအလုပ်တွေလည်းမပျက်ရအောင် ရိပ္ကsocial mediaကတစ်ဆင့်marketingသဘောမျိုးဆင်းရသည်။အလုပ်ပိတ်ရက်တွေဆိုရင်တော့ ရိပ်ဆိုင်လာထိုင်ပေးလေ့ရှိသည်။ဒီပန်းဆိုင်လေးဟာ ဝင်ငွေအသင့်အတင့်ရှိတဲ့ ရိပ်ရဲ့ကိုယ်ပိုင်လုပ်ငန်းလေးပါဘဲ။

ရှေးအတွက် ထမင်းကြော်တစ်ပွဲကိုမှာပေးပြီးသိပ်မကြာလိုက် Deliveryကလာပို့လေသည်။အလုပ်ထဲအာရုံစိုက်နေရင် ကမ္ဘာကြီးကိုမေ့သွားတတ်သည့် ဒီကေလးမကို ဘေးမှထိုင်ကာစိတ်ရှည်လက်ရှည်ခွံ ့ရသည်။

ဒီလိုကပ်တွယ်နေတာ မပင်ပန်းဘူးလားလို့မေးလာခဲ့ရင် ရှင်တို့တကယ်ချစ်မိသွားတဲ့အခါ သူပျော်ဖို့သာပထမဖြစ်ပြီး သူသာပျော်ရင် အရာအားလုံးပေးဆပ်ဖို့အသင့်ဖြစ်နေမှာပါဘဲလို့ ရိပ်ဖြေမိမှာဘဲ။

ဆိုင်ရှေ့တွင် ကားတစ်စီးထိုးရပ်လာပြီး ကားပေါ်မှ ကျက်သရေရှိလှသည့်အမျိုးသမီးဟာ ခြေလှမ်းခြေကြွမှန်မှန်ဖြင့် ဆိုင်ထဲဦးတည်လာသည်။ရိပ် လက်နှစ်ဖက်ကိုရှေ့သို့ထပ်ကာ ခါးကိုအနည်းငယ်ညွှတ်ပြီးနှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါရှင်... ။ဘာများကူညီပေးရမလဲရှင့်..."

"အစ်မကျူးလစ်ပန်းလေးတွေကြည့်ချင်လို့ရယ်...။ရနိုင်မလားရှင့်..."

"ဟုတ်ကဲ့ ရပါတယ်ရှင့်။အထဲကိုကြွပေးပါနော်..."

ရိပ်၏ဦးဆောင်မှုအောက် ထိုအစ်မကလိုက်လာခဲ့၏။အပြုံးချိုချို အသံအေးအေးလေးနှင့်အစ်မကို သူမမြင်ဖူးသလိုရှိပေမယ့်သေချာတော့မမှတ်မိပေ။ကျောပေါ်ဖြန့်ချထားသည့် ဆံပင်ခွေများသည် သူမအလှကိုပိုတောက်ပနေသလိုပင်။ပန်းနုရောင် မြန်မာဝမ်းဆက်ကကျစ်လစ်သွယ်လျသော သူမခန္ဓာကိုယ်အချိုးအစားပေါ်တွင်  ချပ်ရပ်စွာနေရာယူလျက်။

"အစ္မက ဘာအရောင်လေးယူချင်တာလဲရှင့်..."

"အယ်...မခွန်း"

"ဟယ် ရှေးကဒီကိုရောက်နေတာလား"

ရှေးနဲ့ဒီမမလှလှက သိနေကြတာလား။စကားတွေဖောင်ဖွဲ့နေတာများ နှစ်ပေါင်းတစ်ရာကငယ်ချစ်ဦးနဲ့ အခုမှပြန်ဆုံတဲ့အတိုင်း။ငွေသိမ်းကောင်တာမှာထိုင်ရင်း သူတို့နှစ်ယောက်ကြားဘောင်မဝင်သည့်ရိပ်အဖြစ်ဟာ သနားစရာ...။

"ရှေးနဲ့မမ မတွေ့ဖြစ်တာကြာရော့မယ်နော် "

"ဟုတ်ပါ့ ဟုတ်ပါ့။အခုရော ပန်းလာကြည့်တာလား "

"နွေပေါ့။သူ ့ယောက်ျားကိုလက်ဆောင်ပေးချင်တာ ပန်းမရွေးတတ်လို့ မမကိုအကူအညီတောင်းလိုက်တာ။ရှေးကိုပြောရမှာ အားနာလို့ဆိုမှ မမနဲ့တန်းတိုးပါလေရော။မခက်ပေဘူးလား..."

"မနာကျင်ဘူးလား မခွန်း...။ဟင် "

ရယ်ရယ်မောမောပြောနေသည့် အပြုံးတို့နောက်ကွယ်က နာကျင်မှုကို ရှေးအတိုင်းသားမြင်နေရသည်။လူသားတိုင်းဟာ အချစ်ရဲ့ကျေးကျွန်တွေဖြစ်နေတဲ့အပေါ် အပြစ်တင်စရာဘယ်သူ့ကိုမှရေရေရာရာရှိမနေခဲ့ပေ။

ကိုကို...။ပြီးတော့ မခွန်း။

ပြိုင်မျဉ်းနှစ်ကြောင်းဟာ ဘယ်တော့မှဆုံမှတ်မရှိကြသလို တစ်ဖက်တည်းကိုသတ်တဲ့ မေတ္တာတွေဟာ သူ့နည်းသူ့ဟန်နဲ့နာကျင်မှုကိုသာပေးစွမ်းကြစမြဲဘဲလေ။

မခွန်းက အပြုံးနုနုလေးကိုဆင်မြန်းလိုက်ပြီး သက်ပြင်းချသည်။

"အချစ်မှာသာ မျက်စိရှိနေခဲ့ရင် မမတို့နာကျင်စရာလိုပါ့မလား။ဦးနှောက်မှာထိန်းချုပ်နိုင်တဲ့ နာဗ်ကြောတွေရှိပေမယ့် နှလုံးသားကတော့ သူချစ်ချင်တဲ့သူကို စည်းလွတ်ဝါးလွတ်ချစ်ပစ်လိုက်တာဘဲလေ။အချစ်ကိုပေးဆပ်ခြင်းပါလို့ မမ မသတ်မှတ်ထားဘူး။ဒါပေမယ့် သူသာပျော်မယ်ဆိုရင် အသက်ကိုလောင်းကြေးထပ်ရမလားမမလုပ်ရဲတယ်။သူပျော်ရတဲ့အကြောင်းအရင်းက မမကြောင့်မဟုတ်ခဲ့ရင်တောင်လေ။ချစ်နေရရုံနဲ့ကျေနပ်တဲ့မိန်းမပါ ရှေးငယ်ရယ်...။မမအတွက်ဘာပြန်ရပါစေဆိုပြီးမရှိပါဘူး..."

မခွန်းရဲ့စကားကိုနားထောင်ပြီး ရှေးရင်ဘတ်တွေမွန်းကြပ်လာရသည်။ရှေးသာဆိုရင်ရော မခွန်းလိုသဘောထားနိုင်ပါ့မလား။

"ကဲ မမသွားတော့မယ်..."

မခွန်းလက်ထဲ ကျူးလစ်ပန်းစည်းအဝါလေးဟာ လိုက်ဖက်စွာနေရာယူလျက်...။

ကျူးလစ်ဝါလေးတွေရဲ့အဓိပ္ပါယ်ဟာ နာကျင်ရရင် ကိုယ့်ကြောင့်ပျော်ရွှင်ပါစေတဲ့။တစ်ဖက်သတ်ချစ်ခြင်းတွေကိုကိုယ်စားပြုတဲ့ ပန်းလေးပေါ့ကွယ်...။

-------------------------------------

လေညင်းလေးများတိုးဝေ့ရှပ်ပြေးနေကြပြီး ရေကျသံတို့သည် တူရိယာတစ်ခုကိုတီးခတ်နေသကဲ့သို့ ငြိမ့်ညောင်းစွာပေါ်ထွက်နေသည်။ပန်းရောင်စုံတို့နှင့်အပြိုင်လှသွေးခြယ်နေကြသည်က ရောင်စုံလိပ်ပြာလေးများဖြစ်ကြသည်။ဝတ်ရည်စုပ်သူကစုပ် ပ်ံလိုသူမ်ားက တောင်ပံခတ်ကာ တာဝန်ကိုယ်စီဖြင့်ပျားပန်းခတ်နေကြသည်ကိုကြည့်ရသည်မှာ သက်ရှိပန်းချီကားတစ်ချပ်ကိုကြည့််နေရသလိုပင်...။စိတ်နှလုံးအေးချမ်း၏။အမောပြေ၏။သဘာဝတရားကြီး၏ အလှတရားကိုအပြည့်အဝခံစားနိုင်သော ဤခြံဝန်းထဲတွင် အမျိုးသားနှစ်ယောက်လည်းရှိနေ၏။ဝှီးချဲပေါ်တွင်ထိုင်ကာ ပတ်ဝန်းကျင်ကိုငေးမောနေသောအမျိုးသားကို သူ့ဘေးမှအမျိုးသားက စာအုပ်ဖတ်ပြရင်းအချိန်ကုန်ဆုံးနေ၏။

"မင်းကုမ္ပဏီကိုပစ်ပြီး ငါ့ကိုနေ့တိုင်းလာပြုစုနေစရာမလိုပါဘူး တိမ်ယံရာ..."

"ဒီလိုတော့ဘယ်ဟုတ်မလဲကွ မင်းကငါ့သူငယ်ချင်းလေ။မင်းကျန်းမာလာဖို့က လုံးဝဥသုံငါ့အပေါ်မူတည်တယ် "

လင်းမြတ်က ခေါင်းကိုခါယမ်းကာရယ်ပြီးနောက် လေပူအချို့ကိုမှုတ်ထုတ်လိုက်ပြန်သည်။လိပ်ပြာလေးများထပျံသွားကြသလို ပတ်ဝန်းကျင်သည် ရုတ်ချည်းတိတ်ဆိတ်လျက်...။

"မင်းပေါင်ပေါင်းနဲ့တွေ့ဖို့ အဆင်သင့်မဖြစ်သေးဘူးလား လင်းမြတ်..."

လင်းမြတ်မျက်ဝန်းထဲ အရောင်ပါသည့်ခံစားချက်တို့ကိုတိမ်ယံကောင်းစွာမဖတ်တတ်ပေ။ကြည့်လေ နက်နဲလာတယ်။အဖြေဟာ သူနဲ့ပိုပြီးအလှမ်းဝေးလာသလို...။

"နှစ်တွေအကြာကြီး ငါကသူတို့အတွက်သေပြီးသားလူတစ်ယောက်ပါ။အခုမှပြန်တွေ့တော့ရော ဝမ်းသာပါ့မလား "

"သူ့အတွက်တော့ မင်းကသေလူမဟုတ်ခဲ့ဘူး..."

တိမ်ယံတစ်ယောက်တည်း ငြီးတွားလိုက်သည်။ဒါကိုတော့လင်းမြတ်ကြားပုံမပေါ်။

"မင်းဘာပြောလိုက်တာလဲ"

"တင်"

ထိုအချိန်တွင် တိမ်ယံ့ဖုန်းထဲရောက်လာပါသော ဓာတ်ပုံတစ်ပုံကြောင့် တောက်တစ်ချက်ခေါက်ကာ တိမ်ယံသည် နားထင်ကြောများပင်ထောင်နေခဲ့သည်။ထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်ပုံက မကောင်းဆိုးဝါးတစ်ကောင်ဝင်ပူးနေသလိုပင်။

"ငါမသွားလို့မဖြစ်တဲ့ကိစ္စပေါ်လာလို့ သွားလိုက်ဦးမယ် "

ယတိပြတ်စကားကိုပြောကာ ကားကိုဝုန်းဒိုင်းကြဲမောင်းသွားသောတိမ်ယံ့ကို လင်းမြတ်နားမလည်။ဘယ်လိုကိစ္စကများ သူ့အသက်အန္တရာယ်ထက်ပိုအရေးကြီးနေရတာလဲ။

နွေအခုရောက်နေသည်က လူငယ်တွေကြားရေပန်းစားသောbarတစ္ခု...။ငယ်သူငယ်ချင်းများနှင့်မထင်မှတ်ဘဲ ပြန်တွေ့ကြသောကြောင့် သူတို့အတင်းခေါ်ရာနောက် နွေလိုက်ခဲ့ရခြင်းဖြစ်၏။တိမ်ငယ့်ကို စာပို့ဖို့ကြိုးစားပေမယ့် ရောက်တုန်းrelaxပေါ့ကွာဟုဆိုပြီး နွေ့ဖုန်းကိုသိမ်းထားကြသည်။သူတို့ကrelaxခိုင်းပေမယ့် နွေ့မှာဖင်ပူအောင်မထိုင်နိုင်။တိမ်ငယ်စိတ်ပူနေမှာဘဲဆိုပြီး နွေ့မှာရတက်မအေးနိုင်။

"နွေ မင်းကလည်းကွာ ရောက်တုန်းပျော်ပျော်နေမှပေါ့။မင်းမျက်နှာကလည်း အီးမှန်ထားတဲ့ရုပ်နဲ့... "

ကျော်စွာ့ဟာသတွေဟာ နွေ့အတွက်တော့ရယ်စရာကောင်းမနေ။နွေ့အဖြစ်က အိမ္ကမိဘေတြစိတ္ပူမွာကို နောက်ဆံတင်းနေတဲ့ သုံးတန်းကျောင်းသားလေးတစ်ယောက်လိုဖြစ်နေသည်။နောက်ပြီး အယ်လ်ကိုဟောအရှိန်လေးကြောင့် လူကရီဝေဝေဖြစ်နေသည်။နွေကကိုယ့်limitကိုယ်သိတယ်။limitကျော်တာနဲ့ လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတော့တာဘဲ။

"ငါtoiletခဏသွားဦးမယ် "

နွေ့စိတ်တွေ မွန်းကြပ်လာတာကြောင့် အပြင်ဘက်ခဏထွက်ခဲ့ခြင်းဖြစ်သည်။ရောင်စုံမီးရောင်အောက်က ဂီတသံတွေဟာ သူ့ဆဲဆိုသံတွေလောက်တောင်သာယာမှုမရှိတာကိုကျွန်တော်သိခဲ့ပြီ။ရေချိန်အတော်ကျော်သွားတာကြောင့် ကျွန်တော့်ကမ္ဘာကြီးမှာ အရာရာဟာသုံးလေးထပ်ဖြစ်နေတော့သည်။ဘာကြောင့်မှန်းရယ်မသိ ကျွန်တော့်ရှေ့ပိတ်ရပ်နေတဲ့ လူခြောက်ယောက်။

ဟီးသိတော့ဘူး ခြောက်ယောက်လို့ထင်တာဘဲ။

"ဟို လမ်းလေးနည်းနည်းလောက်ဖယ်ပေးပါလားခင်ဗျ... "

"ဟားဟား ကိုယ်တို့က ဒီဘက်မှာပါကွ။မင်းလေးအတော်မူးနေပုံဘဲ ကိုယ်တို့နဲ့လိုက်ခဲ့ပါလား ဟားဟား။မင်းပျော်စေရမယ်လို့အာမခံတယ် "

ရုတ်ချည်းဆိုသလိုဘဲ သူတို့ထဲမှတစ်ယောက်က နွေ့လက်ကိုလာကိုင်တယ်။ပြီးနောက် အရိုင်းဆန်ဆန်အထိအတွေ့တွေကိုနွေခံစားလိုက်ရတယ်။အရာရာဟာမသဲကွဲပေမယ့် နွေ့ဒေါသတွေဟာရေဆူမှတ်ကိုကျော်လွန်ခဲ့လေပြီ။

နွေ့လက်ကိုမြှောက်လိုက်ကာ....

"ခွပ်"

"ခွပ်"

"ခွပ်"

တရစပ်ပစ်သွင်းလာသောလက်သီးများသည် နွေ့ဆီကမဟုတ်။တိမ်ငယ်နဲ့သိပ်တူတဲ့လူ။နွေ့အရှေ့မှာထိုးကြိတ်နေကြပေမယ့် နွေကဝိုင်းကြီးပတ်ပတ် ဒူဝေဝေဖြစ်နေသည်။

"နောက်တစ်ခါ ငါ့အပိုင်ကိုမထိနဲ့။မျက်လုံးနဲ့တောင် စေ့စေ့ကြည့်ဖို့ကြိုးစားရင် အဲ့မျက်လုံးကိုငါကဖောက်ထုတ်ပေးမယ်။သူ့ကိုထိရင် ခေတ်သစ်ဟစ်တလာဟာ ငါဖြစ်သွားလိမ့်မယ် "

ဒေါသအခိုးအငွေ့တို့တောက်လောင်နေသောလူကြီး၏ ကြောက်မက်ဖွယ်အသံတို့ကြောင့် အရှေ့တွင်လဲကျနေသောလူငယ်သုံးယောက်ဟာ တစ်ချိုးတည်းလစ်ပြေးတော့သည်။

တိမ်ယံအနောက်ကိုလှည့်ကြည့်လိုက်တော့ ပွဲခင်းထဲထိုင်ကာပွဲကြည့်သလို ငုတ်တုတ်လေးထိုင်နေသည့် သူရဲ့လောကနိဗ္ဗာန်လေး။ဘယ်လောက်တောင်စိတ်ပူသွားရလဲမသိဘူးလား။ရင်ဘတ်တွေအောင့်လွန်းလို့ နှလုံးရောဂါရတော့မလို့။

"ဘာဖြစ်သွားသေးလဲမောင် ဘာဖြစ်သွားသေးလဲ "

"ကိုကို မောင်အိပ်ချင်တယ် "

တင်းကြပ်နေအောင်ဖက်ထားသည့်သူ့လည်ပင်းကို ပြန်လည်ဖက်တွယ်လာသည့်လက်ချောင်းများ...။မျက်လုံးတောင်မဖွင့်နိုင်တော့ပေမယ့် သူ့ကိုတော့မှတ်မိနေခဲ့တာဘဲ။ကောင်လေးကိုကျောပိုးလိုက်ပြီး ဘားထဲမှထွက်လာတော့ လူများအားလုံး စိတ်အာရုံဟာသူတို့နှစ်ယောက်ဆီ၌သာ။အပေါ်ကအကောင်ပေါက်က ငြိမ်ငြိမ်နေနေတယ်လို့တော့ လုံးဝမထင်လိုက်ပါနဲ့။တိမ်ယံ့ဆံပင်တွေလာနမ်းလိုက် ပါးလေးကိုနှာခေါင်းချွန်ချွန်တို့ဖြင့် ဖိကပ်နမ်းလိုက်လုပ်နေသည်။နှာခေါင်းထိပ်လေးတွေရဲနေပြီး အယ်လ်ကိုဟောအနံဟာ သူ့ကိုယ်သင်းရနံလို...။

"ကိုကို ဟိုးမှာပင်လယ်ကြီးတွေ့လား"

အင်း နွေတစ်ခေတ်သျှားတို့ သောက်တလွဲစလုပ်ပါပြီ။

"အဲဒါမြစ်လေ မအေဘေးရဲ့..."

လူကသူ့ကိုယ်လုံးကြီးကိုပိုးထားကတာလေးပါတယ်ဆို ပဒီးပဒါးတွေပြောနေပြန်ပြီ။

"ပင်လယ်ထဲမှာ ရေတွေကအများကြီးဘဲ မောင့်တိမ်ငယ်။ဒါပေမယ့်သောက်လို့မရဘူး။အဲ့လိုဘဲ တိမ်ငယ့်အပေါ်ထားတဲ့မောင့်မေတ္တာတွေဟာ အများကြီးရယ်ပါ။ဒါတွေဟာတိမ်ငယ့်အတွက်တော့ အသုံးမဝင်ခဲ့ဘူးဘဲ... "

ဝမ်းနည်းမှုတွေရှပ်ပြေးနေသည့် မောင့်စကားလုံးတိုင်းဟာ ရင်ကိုအစိမ်းလိုက်ခွဲသည်။ရှေ့ဆက်မည့်ခြေလှမ်းတို့ဟာရပ်တန့်သွားခဲ့သည်။သဘာဝကြီးဟာ ဖောက်လွဲဖောက်ပြန်ဖြစ်နေသလို တိမ်ယံ့နှလုံးသားသည်လည်းနာကျင်လှသည်။

"ဘယ်သူက မချစ်ဘူးလို့ပြောလဲ။ကိုယ်လေ မင်းကို..."

လည်တိုင်ဆီသို့ သက်ရောက်လာသောအသက်ရှူသံမျှင်းမျှင်းလေး။ဟော...ကောင်လေးအိပ်သွားပြီ။မေတ္တာတို့ယိုစိမ့်နေသော အနမ်းတို့သည် နဖူးပြင်တစ်ဝိုက် ဖြန့်ကျက်နေရာယူခဲ့သည်ကို ရာသီဥတုလေးဟာမသိခဲ့ပေ။

21.12.22

Maple Lynn

Continue Reading

You'll Also Like

279K 21.6K 186
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
23.1K 2.9K 60
Description 💥 January 28, 2024 ​TITLE - I Heard That I Am ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ် ကဲကဲအသစ်ကလေးလာပြီနော် Hello... Hello... Hello... ဒါဒါလေး...
110K 12.3K 97
transition novel