Lavender Tae Tae(Complete)

By Jeon_Selrox_Jv

7.4K 546 20

မင်းကသာ ပျိုးရင် ငါကပွင့်လန်းပေးမယ် မင်းသာ ခြွေ ချင်ရင်လည်း ငါက ကြွေကျ ဖို့ အသင့်ပါ~~~ More

intro
part 1
part 2
part 3
part-4
part-5
part-6
part 7
part 8
Part 9 태 태
part 10
part-11(uni)
part 12
12 zawgyi
A/N
Ep 13
13 zawgyi
14
14 zawgyi
final zawgyi

final

262 9 0
By Jeon_Selrox_Jv

လူတစ်ယောက်စီတိုင်းမှာ မတူညီတဲ့ ရူးသွပ်မှုတစ်ခုစီရှိတာမလို့...ကိုယ့်ရဲ့ရူးသွပ်မှုလေးကတော့"ထယ်"ဆိုတဲ့ လူသားလေးတစ်ယောက်သာ.....။
မြတ်နိုးမှုဆိုတာလေးက ရမက်တွေ ရယူလိုစိတ်တွေကင်း​ေ၀းနေတဲ့ ရပ်၀န်းလေးတစ်ခုသာ....။
ရှင်သန်ရတဲ့ အဓိပ္ပာယ်က မင်းပါ လာဗင်ဒါ..

မင်းမရှိတော့တဲ့နေ့ရက်တွေက
ကိုယ့်အတွက်တော့ သေဆုံးနေတဲ့
အချိန်တွေသာသာပါဘဲ  
အေးချမ်းလှပတဲ့ နေရာတွေတောင်
မင်းလောက် ကိုယ့်စိတ်နှလုံးသားကို အေးချမ်းတည်ငြိမ်အောင် မလုပ်ပေးနိုင်ခဲ့ဘူး
ကိုယ့်ကြောင့်ဆိုတဲ့စိတ်နဲ့
မင်းမရှိတော့ဘူးဆိုတဲ့စိတ်ကြောင့်
တမြေ့မြေ့နဲ့ နာကျင်နေရအောင် ရှင်သန်ရင်းနဲ့
ကိုယ့်ကိုယ်ကို ဒဏ်ခတ်ထားခဲ့တယ်...။

ကိုယ့်ရူးသွပ်ရာလေး မင်း မရှိတော့တဲ့အခါ
ကိုယ်ကိုယ်တိုင်ဘဲ ရူးသွပ်သွားခဲ့ပုံဘဲ
အချစ်ရယ်.... မင်းမရှိတော့တဲ့နောက်ပိုင်း
မသွားပါနဲ့လို့ မင်းကိုမတားနိုင်ခဲ့တဲ့
ဟောဒီ ပါးစပ်တွေကနေ တစ်လုံးတစ်လေတောင်
စကား​မပြောချင်ခဲ့ဘူး....။
မင်းနဲ့မှ မဟုတ်ရင် တီတီတာတာ မပြောနဲ့
၀တ်ကျေတန်းကြေတောင် အသံထွက်မလာတဲ့
ကိုယ့်ပါးစပ်က မင်းအပေါ်တော့ သိပ်သစ္စာရှိပုံဘဲ

ရူးနေပါပြီလို့ ခေါင်းစဥ္တပ်ခံခဲ့ရတဲ့
နေ့ရက်တွေက အလီလီ ပါဘဲ အချစ်ရယ်
သူတို့တွေထင်တာလည်း မမှားတာကြောင့်
ကိုယ် ဆက်လက် ရူးသွပ်ပါရစေ.....။
မင်းနဲ့မှမဟုတ်ရင် ကိုယ့်နှလုံးသား၊စိတ်၀ိညဥ္နဲ့ဟောဒီကတစ်နေ့ထားသွားရမဲ့ ခန္ဓာကိုယ်ကြီးက
ဘာဆိုဘာမှ အလုပ်မလုပ်ချင်ပုံဘဲ...။

မင်းပြန်လာရင် နမ်းရှို်က်ဖို့ ပန်းတစ်ခင်းကိုယ်ပျိုးထားတယ်....ပြန်လာဖို့မဖြစ်နိုင်တဲ့ မင်းအတွက်ပေါ့...။ပန်းတွေရဲ့အဓိပ္ပာယ်ကို ဘာဆိုဘာမှမသိပေမဲ့ ကိုယ်ပေးထားတဲ့ လာဗင်ဒါရဲ့ အဓိပ္ပာယ်ကတော့ "မင်းမှမင်း"ပါဘဲတဲ့ မင်းနဲ့မှမဟုတ်ရင်ဘာဆိုဘာမှ ဖြစ်တည်လာမှာမဟုတ်လို့ဘဲ။

အချစ်ဦး ဆိုတဲ့အတိုင်းဘဲ မင်းက စိတ်လွတ်ကိုယ်လွတ်ပျောက်ကွယ် သွားတာတောင် ကိုယ့်နှလုံးသားထဲ ဆက်လက်ရှင်သန်ဖြစ်တည်နေဆဲပါ.....မင်းမရှိတော့တဲ့နောက်ပိုင်း ကိုယ့်ရဲ့ ဖြေသိမ့်ရာက မင်းအတွက် ကိုယ်ဖန်တီးထားတဲ့ လာဗင်ဒါရပ်၀န်ငယ်လေးပေါ့ ထယ်။
မင်းရဲ့ရပ်၀န်လေးကလေ ကိုယ်နဲ့အတူ မင်းကိုစောင့်နေတယ်ထင်ပါရဲ့ လေယူရာယိမ်းလို့
ခြံ၀ကိုဦးတည်နေလေရဲ့..။

မင်းဆိုတဲ့ဖြစ်တည်မှု လူ့လောက ကနေပျောက်ကွယ်သွားပါပြီလို့ ကိုယ့်နားက ကြားရပေမဲ့
ဦးနှောက်ကအစလက်မခံနိုင်ခဲ့ဘူး
အဲ့သည်လောက်အထိကို ချစ်မြတ်နိုးရပါတယ်။
မင်းရဲ့မုန်းတယ်ဆိုတဲ့ စကားသံတွေက ပဲ့တင်သံထပ်လို့ ကိုယ့်ကိုအခုချိန်ထိ နှိပ်စက်နေတုန်းဘဲ
အဲ့တာကြောင့် မင်းမရှိတဲ့နေ့ရက်တွေက
ငရဲတမျှ ပူလောင်ရပါတယ် အချစ်ရယ်။

နေ့တိုင်းလာဗင်ဒါရပ်၀န်းလေးထဲကနေ
မင်းကိုစောင့်နေခဲ့ပြီး ကိုယ့်ရဲ့ခံစားချက်တွေကို
ပန်းလေးတွေကနေတစ်ဆင့် မင်းကြားရပါစေဆိုပြီး စကားတွေအများကြီး ပြောပြတတ်တယ်
အဲ့တာကြောင့်
လူတိုင်းက ကိုယ့်ကို အရူး ဆိုပြီးခေါင်းစဥ္တပ်ကြတယ် သူတို့တွေ မှန်ပါတယ် ကိုယ်က မင်းကိုမှရူးသွပ်နေမိတဲ့ အချစ်ရူးတစ်ယောက်ပေါ့...။
စကားတွေသိပ်မပြောသလောက်
မင်းရဲ့ရပ်၀န်းလေး မှာတော့ ကိုယ်ဟာ
စကားသိပ်ပြောတဲ့ လူတစ်ယောက်ပေါ့...။

နေ့တိုင်းနေ့တိုင်း မင်းသိပ်ချစ်ရတဲ့ လာဗင်ဒါတွေကို ကိုယ်ပြောပြတဲ့ မင်းရဲ့အကြောင်းအရာတွေကတော့ တစ်ခမ်းတစ်နား ပါဘဲ
ဘုရင်ရဲ့သားတော် မင်းသားငယ်လေးက
ကိုယ့်အတွက်တော့ လက်နက်ချအရှုံးပေးရတဲ့
ရှင်ဘုရင်လေးတစ်ပါးပေါ့အချစ်ရယ်..။
လာဗင်ဒါပန်းခွေလေးတွေလုပ်ထားတယ်
မင်းပြန်လာရင် မင်းရဲ့ဆံနွယ်တွေအပေါ် တင်ပေးမယ်ဆိုတဲ့ အသိနဲ့....။

ဘယ်နေရာကနေစလို့ မှားယွင်းသွားသလဲ မသိပေမဲ့ မျက်နှာပြောင်စွာနဲ့ မင်းကိုစောင့်နေဆဲပါကိုယ့်ရဲ့ လာဗင်ဒါ...။
မင်းကိုယ့်ကိုသိပ်မုန်းပါသတဲ့ ဆိုရင်
ဟောဒီက ကိုယ့်ကို မင်းစိတ်ကြိုက် ထုရိုက်
အပြစ်ပေးနိုင်ပါတယ်...အဲ့တာကြောင့်ကိုယ့်ကိုအပြစ်ပေးဖို့ဘဲဖြစ်ဖြစ် ပြန်လာပေးပါ...။

ကဗျာတွေစာတွေသီနေတာ မဟုတ်ရပါဘူး
အသက်ရယ်...ဒါတွေကရင်ထဲကလာတဲ့ ကိုယ့်ရဲ့ခံစားချက်တွေပါ...။

အခုတော့ ကိုယ့်ဆုတောင်းတွေကို
လာဗင်ဒါတွေကနေတစ်ဆင့် မင်းကြားသွားတယ်ထင်ပါရဲ့....ကိုယ့်စီကိုမင်းပြန်လာခဲ့ပြီ။
အစကတော့မယုံကြည်နိုင်ခဲ့ဘူး
မင်းမျက်၀န်းတွေက ကိုယ့်အပေါ်ချစ်ရိပ်သန်းနေခဲ့လို့လေ.....တကယ့်ကိုယ့်ရဲ့လာဗင်ဒါက ကိုယ့်ကိုသိပ်မုန်းပါသတဲ့ မဟုတ်လား...။

"Jeon" လွမ်းနေရတဲ့ လွမ်းနေခဲ့ရတဲ့ ကိုယ့်နမည်ကိုမင်းခေါ်တဲ့အသံလေးကိုပြန် ကြားရတဲ့အချိန်
ကိုယ့်ဘယ်ဘက်ရင်အုံက မင်းနဲ့မှမဟုတ်ရင်မဖြစ်တဲ့ အကောင်က ဆက်တိုက်ဆိုသလို ပြန်လည်ခုန်ပေါက်လာခဲ့ပြီ သူ့သခင်ကိုပြန်တွေ့သွားလို့ထင်ပါရဲ့လေ...။
မဖြစ်နိုင်ဘူးဆိုပြီးစိတ်ကိုပြန်တင်းထားခဲ့ပေမယ့်
"Jeon"လို့ ထပ်ခေါ်လိုက်တဲ့အချိန်မှာဘဲ
ကိုယ့်အပြစ်တွေဆေးကြောဖို့ မင်းကို
အနားနားမှာခေါ်ထားရင်း ကောင်းကောင်းကြီးပြန်ပေးဆပ်ပါ့မယ်...။

တစ်ယောက်ကိုတစ်ယောက် ဘယ်သူမှားမှန်းမသိချင်ကြတော့ဘဲ ပေးဆပ်ဖို့အတွက်သာ အဆင်သင့်ဖြစ်နေကြတဲ့ သိပ်ချစ်ကြတဲ့ကောင်လေးနှစ်ယောက် အဆုံးသတ်လှစေဖို့ လာဗင်ဒါတွေကပါ ကူလို့ ဆုတောင်းပေးနေကြသတဲ့...။

"(for every day i miss you....

For every hours i need you....

For every minute i feel you...

For every second i want you....)2

in the darkness late at night...

I lay in awake thinking there is no hope inside...

Suddenly, in the distance..

Shining like a purple light...

You turn around,
and you smile so bright....

Reaching out, you take my hand..

And from then on and on...

Everything will be alright...

Eonjengan meokgureumi geothigo...

Mujigaega tteugo...

Haessari nal bangyeojugessi...

Neoui modeum miso ..

Neoui modeun mal...

Dangsini nareul usge mandeuneun...

Tae tae..❣️
(တကယ့်သီချင်းထဲမှာတော့Tae taeနေရာလေးက ARMYပါ... တကယ်လို့နားထောင်ချင်ရင်SONG FOR ARMYလို့ရှာလို့ရပါတယ် JUNGKOOKဆိုထားတာလေးပါ..)

လာဗင်ဒါတွေကနေတစ်ဆင့် သူကြားပါစေတော့ဆိုပြီး ဂစ်တာတီးရင်း သူ့အတွက်ရည်ရွယ်လို့
ရေးစပ်ထားတဲ့ သီချင်းလေးကို သူသိပ်ချစ်တဲ့ လာဗင်ဒါတွေရဲ့အလယ်ကနေ သီဆိုနေခဲ့တဲ့ကောင်လေးနဲ့ သီချင်းလေးရဲ့ဖြစ်တည်ရာ ကောင်လေးတို့ကြား...
တစ်ယောက်က သီဆိုလို့....
တစ်ယောက်က နားဆင်ရင်း....
နှစ်ဦးသား ခံစားချက်တွေကိုယ်စီနဲ့လာဗင်ဒါတွေကြား အချစ်တွေ ဖန်တီးနေလျက် အချစ်တို့ဆက်လက်ရှင်သန်စေသည်...။

Jeonရဲ့ဆုတောင်းလေး ပြည့်သွားခဲ့ပါပြီ
သူသိပ်နားဆင်စေချင်တဲ့ ကောင်လေးက
လာဗင်ဒါတွေကြား သူ့ကို ပြုံးလျက် ကြည့်ရင်း
သီဆိုနေတဲ့ တေးသံကို နားစွင့်လျက်ပေါ့...
ပန်းတွေကြား တစ်ယောက်ကို တစ်ယောက်
ပြုံးရင်း အချစ်တို့ဖြင့် မျက်၀န်းချင်း
အကြည့်တို့စုံစေခဲ့သည်။

"ကိုယ်ကမမှတ်မိရင်တောင် ကိုယ့်ရဲ့အချစ်တွေကမင်းကိုမှတ်မိနေပါလိမ့်မယ်"

"အင်း မင်းရဲ့အချစ်တွေက ငါ့ကိုမှတ်မိနေတာဘဲ JEONရယ်..."

"မင်းနဲ့တွေ့ရင်ပထမဆုံးတောင်းပန်မယ်
မင်းကျေနပ်တဲ့အထိပေါ့....
ဒါပေမဲ့ မင်းကိုတကယ်ပြန်တွေ့လိုက်ရတဲ့အချိန်
စကားဟ ဖို့ရယ်တောင် မလုပ်နိုင်တဲ့အထိ
အဲ့ဒီနေ့ကတစ်ညလုံးကိုယ် ပြိုလဲနေခဲ့မိတာပါထယ်..."

"ငါအရမ်းလွမ်းနေခဲ့တာJEON
မင်းကိုပြန်တွေ့ချင်ခဲ့ပေမဲ့လေ...
မင်းမိသားစုလေးနဲ့မင်း ဖြစ်နေမှာကို ငါမကြည့်နိုင်ခဲ့လို့ သတ္တိလေးနည်းနည်းလောက်တောင်မရှိခဲ့လို့ပါ.....
စောင့်ရတာကြာသွားလားJEON"

"မင်းသာပြန်လာမယ်ဆို ကိုယ့်ဘ၀တစ်လျောက်လုံး စောင့်မျှော်နေမှာပါ....
ကိုယ်တို့ရဲ့အချစ်အိမ်ကနေပြန်လည် ကြိုဆိုပါတယ် ကိုယ့်ရဲ့ လာဗင်ဒါထယ်ထယ်"

"ငါ့ကိုအဆုံးထိမင်းရဲ့ဘေးနားမှာ ချုပ်နှောင်ထားပေးပါJEON..."

"အချစ်တွေနဲ့ဘဲချုပ်နှောင်ပါရစေ အသက်ရယ်..."

"မင်းစိတ်ကြိုက်ပါ ငါ့ရဲ့ JEON..."

"အတိတ်ကဖြစ်ပျက်ခဲ့သမျှကိုမေ့လို့ အသစ်အသစ်သောအချစ်တွေနဲ့ ဘ၀အသစ်ကို
ပြန်စကြရအောင် ထယ်...."

"မင်းသဘောပါငါ့ရဲ့JEON...."

"ပြန်လာပေးလို့ ကျေးဇူးပါ ကိုယ့်ရဲ့ထယ်"

"စောင့်နေခဲ့ပေးလို့...
ငါကအချစ်တွေနဲ့ ပြန်လည် ပျိုးထောင်ပေးမှာမလို့ မင်းက လန်းလန်းဆန်းဆန်း လှလှပပ
ပွင့်ဖူးလာပေးပါ ငါ့ရဲ့ JEON..."

"မင်းကသာခြွေချင်မယ်ဆိုရင်လည်း
မင်းခြေဖျားမှာ ကြွေကျဖို့ အသင့်ပါဘဲ
ငါ့ရဲ့ထယ်...."

"ငါမင်းကို အရမ်းချစ်လိုက်တာ Jeonရယ်"

"ငါကလည်း ပိုလို့ချစ်ရပါတယ် အသက်ရယ်.."

တစ်ယောက်ကိုတစ်ယောက်တင်းကျပ်စွာ နဲ့ လွတ်ထွက်သွားမှာကို စိတ်ပူကြတဲ့အလား...
ထွေးပွေ့ထားခဲ့ကြသည်...။

လာဗင်ဒါတွေပျော်နေပြီ...
သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦး ပြန်လည်ပေါင်းဖက်နိုင်ခဲ့လို့ သိပ်ကို၀မ်းသာနေကြပါသတဲ့....။

အချစ်စစ်သာမှန်ခဲ့ရင်
ကွေကွင်းခဲ့ရလည်း တစ်နေ့တော့
ပြန်လည်ဆုံစည်း နိုင်မှာပါ....
လူချင်းမမှတ်မိရင်တောင် အချစ်တွေက
မှတ်မိနေဆဲပါ....။

သိပ်ချစ်တယ် LAVENDER....
မင်းခြေဖ၀ါးမှာ ခစား ပါရစေ....။

~~~~~~~~~
အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်နော်
ဂဂျိုးဂဂျောင်နဲ့ Fanficလေးက
ပြီးဆုံးသွားခဲ့ပါပြီ
တကယ်ကိုအချိန်အကြာကြီးရေးခဲ့ရတာပါ
may 2021တုန်းက စရေးတယ်ထင်ပါတယ်
20 december 2022မှာ ပြီးဆုံးသွားခဲ့ပါပြီ
တကယ်ကိုအများကြီးကြာခဲ့တာပါ
အစဆုံးဖတ်ပေးခဲ့တဲ့ တစ်ဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်
ကိုယ့်ရဲ့အရေးအသားက အရမ်းညံ့ခဲ့တာကြောင့်
အားတုံ့အားနာဖြစ်မိပါတယ်
btw ကျေးဇူးပါ~~~
အမှတ်တရတွေလည်းအများကြီးပါ
plotမရှိဘာမရှိနဲ့ စိတ်ပေါက်ရာရေးခဲ့တာတွေကို
နားလည်ခွေးလွှတ်ပေးကြပါ🤣

Continue Reading

You'll Also Like

182K 4K 28
( Hero Bakugou x Support course Deku) Izuku Midoriya a quirkless omega whose dream diverted from being a hero to engineering support items started d...
184K 4.2K 65
imagines as taylor swift as your mom and travis kelce as your dad
135K 8.5K 22
လူကြီးဆန်တဲ့အသက်20အရွယ်ကောင်လေး.....Jeon Jungkook ကလေးစိတ်မပျောက်သေးတဲ့အသက်25အရွယ်CEO.....Kim Taehyung And ~YoonMin~Nam...
25.3K 2.7K 22
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK မိုးလေးတွေဖွဲတိုင်း မင်းကိုလွမ်းတယ် ။ မိုးရေတွေကြား ကိုယ်မင်းကို အမြဲရှာနေခဲ့တယ် ။ ကိုယ်ပဲညံ့တာလား ။...