ကြည်ပြာရောင်နေ့စွဲများ

By Suekyalaung

24.3K 1.9K 350

လွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့​နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိ... More

ရက်စွဲ (၁)
ရက်စွဲ (၂)
ရက်စွဲ(၃)
ရက်စွဲ(၄)
ရက်စွဲ (၅)
ရက်စွဲ(၆)
ရက်စွဲ (၇)
ရက်စွဲ (၈)
ရက်စွဲ (၉)
ရက်စွဲ (၁၀)
ရက်စွဲ (၁၁)
ရက်စွဲ (၁၂)
ရက်စွဲ (၁၃)
ရက်စွဲ (၁၄)
ရက်စွဲ (၁၆)
ရက်စွဲ(၁၇)
ရက်စွဲ (၁၈)
ရက်စွဲ(၁၉)
ရက်စွဲ (၂၀)
ရက်စွဲ (၂၁)
ရက်စွဲ (၂၂)
ရက်စွဲ (၂၃)
ရက်စွဲ (၂၄)
ရက်စွဲ(၂၅)
ရက်စွဲ (၂၆)
ရက်စွဲ(၂၇)
ရက်စွဲ(၂၈)
ရက်စွဲ (၂၉)
ရက်စွဲ(၃၀)
ရက်စွဲ (၃၁)
ရက်စွဲ (၃၂)
ရက်စွဲ(၃၃)
ရက်စွဲ(၃၄)
ကြည်ပြာရောင်လက်ကျန်နေ့စွဲများဆီသို့

ရက်စွဲ(၁၅)

417 36 2
By Suekyalaung

"ဟေ့ရောင်၊ ဟေ့ရောင်၊ ထ၊ထ၊ ရောက်တော့မယ်ကွ"
အဒီးပုံစံက တက်ကြွနေသည်။ သူ မအိပ်ဘူးလားမသိဘူး။
"ဟင်၊ ဘယ်နှစ်နာရီ ထိုးပြီလဲ"
"သုံးနာရီ ထိုးတော့မယ်"
နောက် လေးဆယ့်ငါးမိနစ်လောက်ဆိုရင် နမ္မတီးကိုရောက်တော့မှာ။ မနက်ခင်းကတော့ ရထားသံနှင့်ဆူညံနေသည်။ စူးကျယ်အောင်ကတော့ ကချင်ပြည်နယ်သားပီပီ ရထားခုံအောက် ဝင်အိပ်နေခဲ့သည်။ တစ်ခြားမြို့ကြီးသားတွေဆိုရင်တော့ သည်လို ဘယ်အိပ်လိမ့်ပါ့မလဲလေနော့်။ စူးကျယ်အောင်တို့ကတော့ ရထားကို ငယ်ငယ်တည်းက စီးခဲ့သည့်အလျောက် ကုန်ကူးသမားတွေလို ခြေပစ်လက်ပစ် ခုံတန်းအောက်သာ ဝင်အိပ်ပစ်လိုက်သည်။ ငယ်ငယ်က အမေနဲ့ မြစ်ကြီးနားတက်ရင်လဲ သည်လိုအိပ်မြဲ၊ ဟိုပင်ဆင်းရင်လဲ သည်လိုအိပ်မြဲ ၊ယခုထိလဲ သည်လိုအိပ်မြဲပင်၊

နံနက် လေးနာရီ လောက်မှာ ရထားဟာ နမ္မတီးဘူတာကိုဆိုက်ရောက်သည်။ အပါကြီးက စောင့်နေရှာသည်။ ပစ္စည်း ပစ္စယများ မကျန်လေအောင် ဂရုတစိုက်သယ်ခဲ့ကြသည်။

"အဒီး၊ အိမ်မပြန်တော့နဲ့လေ ၊အိမ်မှာ လိုက်အိပ်လိုက်ပါ့အေ့၊ မနက်မိုးလင်းတော့မှ ထပြန်လေ"
"အော့်"
"ငါ့သားလေးကကွာ၊ ကြည့်စမ်းပါဦး၊ လူပျိုဖြစ်နေပြီ"
"အာ၊ အပါကြီးကလဲ"
"ဦးကျော်သားလေး ရည်းစားရနေပြီ"
"မညယ်၊ ပေါက်ကရတွေ"
ဘာရယ်တော့မသိ ၊ သူအနည်းငယ် ခိုးပြုံးမိသည်။

သည်တစ်ခေါက် မနက်ခင်းတွေဟာ ဆောင်းမဟုတ်တော့ပါ၊ နွေအကုန် မိုးဦးမို့ ရာသီဥတုကတော့ နေလို့ကောင်းပါသည်။ အိမ်ရောက်တော့ နှစ်ယောက်သား ခြေပစ်လက်ပစ် အိပ်ချလိုက်ကြသည်။

"ဆရာကြီး ထတော့လေ၊ဆရာကြီး"
"ဟင်၊ ဟမ်၊ အော် အေးဘယ်နှစ်နာရီ ထိုးပြီလဲ"
"မနေ့ကလို ဒီအချိန်ဘဲလေ"
"ဟမ်"
အဒီးအနည်းငယ်ကြောင်သွားသည် ။ ဒီကောင်ဘာစကားတွေ ပြောနေမှန်းလဲ မသိဘူး။ ရန်ကုန်မှာ ခဏနေလာလို့သာဘဲ ။ဘာစကားတွေ ပြောလို့ပြောနေမှန်းကိုမသိတတ်တော့ဘူးဟေ့ရော်။နာရီကြည့်လိုက်တော့ မနက်၉နာရီတောင်ထိုးနေပါရောလား။ ညက စူးကျယ်အောင်အိပ်နေသဖြင့် သူ တစ်ညလုံး မအိပ်ခဲ့သောကြောင့် နောက်ကျမှ နိုးခဲ့ရသဘ်။ ဒါတောင် စူးကျယ်အောင် နှိုးလို့သာ၊ မဟုတ်လျှင် ဘယ်ချိန်ထိ ဆက်အိပ်နေမည်မသိ။
"ကဲဆရာသမား ၊မျက်နှာသစ်၊ ဝါးတီးသွားဆွဲမယ်"
ထို့နောက် နှစ်ယောက်သား မစားရတာ ကြာပြီဖြစ်သော မေပ ဆိုင်သို့ သွားကြလေသည်။

"အေး ၊နင်တို့နှစ်ယောက်ပြန်လာကြပြီလားအေ့"
"ဟုတ်မေပ၊ ကျောင်းခဏ ပိတ်လို့ပါ့အေ့"
"အော့၊ ဘယ်နှစ်လပိတ်တာလဲ"
"သားက တစ်လ၊ အဒီးက ၂လ"
"ဟိုမှာ ပျော်ကြရဲ့လား"
"သည်လိုပါပဲမေပရယ်"
"မပျော်ပါဘူးမေပရယ်"

နှစ်ယောက်ပြိုင်တူ ဖြေမိကြသည်။ အဒီး၏ မပျော်ပါဘူးမေပရယ် ဆိုတာကတော့ ရိုးရှင်းသည်။ စူးကျယ်အောင်၏ သည်လိုပါပဲ မေပရယ် ဆိုတာကတော့ အနည်းငယ် ရှုပ်ထွေးလှသည်။ ပျော်ရင်လည်းပျော်တယ် မပျော်ရင်လဲ မပျော်ဘူးပေါ့၊ ဘာလဲ တစ်ခုခုကြောင့် မပျော်တာလား၊ ပျော်ရင်ကော တစ်ခုခုကြောင့်လား၊ ဒါမှမဟုတ်ဘာလဲ။မသိတတ်တော့ပါဘူးလေ ၊ဒီကောင် ဘာတွေဖြစ်နေမှန်း။

_________________________________

ညနေရောက်တော့ အိမ်ရှေ့က အုတ်ခုံပေါ် ထွက်ထိုင်နေမိသည်။ ရေဒီယို လဲ ဖွင့်ထားသည်။ စူးကျယ်အောင်တို့အိမ်ရှေ့မှာက ကွင်းပြင်ကျယ်ကြီးရှိသည်။ ယခင်က သည်နေရာတွေဟာ ဘာမှ မရှိ။ ရပ်ကွက်ပုံစံတစ်ခုသာ။ နောက်ပိုင်းများမှ လူနေ များလာပြီး နယ်မြို့လေး အဖြစ်သတ်မှတ်လိုက်ကြသည်။ မိုးကောင်း၏ မြို့နယ် တစ်ခုပေါ့လေ၊ အိမ်ရှေ့က ကွင်းပြင်ကျယ်ကိုသာ ငေးကြည့်နေမိသည်။ သည်ကွင်းပြင်ကျယ်ကြီးထဲမှာ အပါကြီးနှင့်ကားမောင်းသင်ဖူးသည်။ အဒီးနှင့်မိုးရေအတူထွက်ချိုးဖူးသည်။ ရွှံ့တစ်လူးလူးနှင့် နှစ်ယောက်သား ဘောလုံးတစ်လုံးနှင့်ပေါ့။ အဒီးသာ ဒီကမ္ဘာပေါ်မှာ မရှိခဲ့ဘူး ဆိုလျှင် စူးကျယ်အောင်တစ်ယောက် မည်သူနှင့်မျှ ဆော့ဖူးမည်မဟုတ်ပါ။ ခုတော့ လဲ တစ်ယောက်တည်း အုတ်ခုံလေးပေါ်ထိုင်ကာ သီချင်းနားထောင်နေမိသည်။

"သဇင်အက်ဖမ်မှ အသံ လွှင့်နေပါသည်၊ ဒီတစ်ခေါက်မှာတော့ ရွှေဘိုက ညီမလေး စုလဲ့က ရန်ကုန်မှာရှိတဲ့ သူ့ကောင်လေး အတွက်ဆိုပြီး အငဲ ရဲ့ မျှော်လင့်ခြင်းကွင်းပြင်ကို တောင်းဆိုထားပါတယ် ၊နားဆင်ပေးပါအုန်းရှင်"

အစီစဉ်တင်ဆက်သူရဲ့ စကားအဆုံးမှာ အငဲ၏ သီချင်းသံများဟာ စူးကျယ်အောင်အား တစ်ခုခုကို သတိရသွားစေသည်။ ဆယ်တန်းစာမေးပွဲဖြေပြီးတဲ့ ညက ဒီသီချင်းကို သူနှင့်အဒီး ဒီနေရာလေးမှာ ဆိုခဲ့ကြတာပေါ့။ ရုတ်တရက်ဆိုသလို အစ်ကို့ကို လွမ်းမိသလိုပင် ။ အဒီးနေရာမှာ အကိုနှင့်သာ ဒီသီချင်းလေးကိုအတူဆိုရမည်ဆိုလျှင်ဟုလဲ တွေးနေမိသည်။ ဒီလိုအစားထိုးတွေးတောမှုကို အဒီးသာ သိလျှင်တော့ သူစိတ်မကောင်းဖြစ်မိမှာ အမှန်ပင်။ အို သူသိတော့ရော ဘာဖြစ်သေးလဲ ။ သူနဲ့က သူငယ်ချင်းပဲလေ။ ဘာဖြစ်မှာမို့လဲ။ ဒါဆို အစ်ကိုနဲ့ရော၊အင်း အစ်ကိုကလဲ ငါ့ကို မထိခလုတ် ထိခလုတ်တွေ အရမ်းလုပ်တာဘဲ ချစ်ရင်လဲ ချသ်တယ် မပြောဘူး၊ အဲ့တာဆို ငါပြောလိုက်ရမလား၊ အလားလား အပါကြီးသာ သိရင်တော့ ငါတော့သေမှာ၊ ပြီးတော့ ယောကျာ်းလေးနှစ်ယောက်ကရော ဖြစ်နိုင်ပါ့မလား။ဒါပေမယ့်လဲ သူများတွေလဲ သည်လိုဘဲ ပုန်းလျှိုးကွယ်လျှိုးတွဲနေကြတာပဲရော်။ အာ မသိတော့ပါဘူးထားလိုက်ပါတော့ ၊ တစ်ယောက်တည်း အတွေးများနှင့် ယောက်ယက်ခတ်နေသည်။

သီချင်းတောင်ပြီးသွားပြီ။

____________________

ညရောက်တော့...........
"Hi Ako, I was home in this morning.
I'm thinking about you and I want school to start again for second semester.Tell me if u want something from here,I'll bring it to you"

စူးကျယ်အောင်တို့ကျောင်းမှာက အင်္ဂလိပ်လိုဘဲပြောရသည့်ကျောင်းမို့ စာကိုလဲ အင်္ဂလိပ်လိုပို့လိုက်သည်။စာတစ်ချို့ရေးပြီး ပို့လိုက်သည်။
ရေးပြီးသည်နှင့် ဖုန်းမှ အသံ မြည်လာသည်။ ဟင် အစ်ကိုလားမသိဘူး။

"ဟေ့ရောင် မနက်ဖန် မြစ်ကြီးနားသွားမလား"
အော် ၊ထင်ထားတာနှင့်တက်တက်စင်အောင် လွဲသွားသည်။
"ဘာသွားလုပ်ဖို့လဲ"
"သည်လိုဘဲ ဟိုကြည့်ဒီကြည့်၊ ဟိုစားဒီစားပေါ့"
"ဘာလဲ ခွေးချေးစားမလို့လား"
"မညယ်လော၊ တအားရိုင်းတဲ့ကောင်ပါ့အေ့"
"သွား၊သွား ဘယ်နှစ်နာရီလဲ"
"၃နာရီ လောက်ပေါ့၊နေဝင်ချိန်မှီအောင်"

___________________

နောက်တစ်နေ့မှာ အဒီးနှင့်စူးကျယ်အောင်တို့ တိုင်ပင်ထားသလို မြစ်ကြီးနားကို မသွားဖြစ်ခဲ့ပါ။ မိုးဦးကျမို့ မိုးရွာခဲ့လေသည်။

နောက်နေ့တွေမှာလဲ မိုးက ဆက်တိုက်ရွာလေတော့ အရင်ကလို တောင်ပေါ်လဲ တက်မရပါ။ တိမ်ပင်လယ်လေးလဲ ဘယ်ဆီရောက်နေပြီ မသိတော့ပါ။ရေသွားကူးနေကျ ချောင်းလေးဟာလဲ ရေလျှံနေပါပြီ။ ချောင်းလေးကတော့ သူ့ဆီ အလည်လာတဲ့သူတွေ မရှိလဲ မိုးရေတွေနှင့်ပျော်နေမှာပါလေ။ အချိန်တွေဟာလဲ သည်လိုနှင့် တစ်ရက် တစ်ရက် ကုန်ဆုံးသွားရသည်။

______________________

မိုးက မနက်က သည်းထန်စွာရွာထားပြီးတာတောင် အားမရသေးဘဲ နေ့လယ်ထိ ဖွဲဖွဲလေး ရွာနေသည်။မနက်က စူးကျယ်အောင်အတွက် အပါကြီးက လက်ဆောင်တစ်ခု ယူခဲ့သည် ။ ခလုတ်ဖုန်းဘဝနှင့် ပျော်နေသော သူ့သားလေး မှာ ခုတစ်လော စမတ်ဖုန်း လေးအကြောင်းခဏခဏ ပြောဖြစ်နေသည်လေ။ တစ်ခ့မှတော့ သည်လို လိုချင်တာမျိုး မရှိဖူးတဲ့ကောင်လေး အခုတော့ ထူးထူးဆန်းဆန်း စမတ်ဖုန်းလေး အကြောင်း ပြောနေလေသည်။ ပြီးတော့ အပါကြီးသတိထားမိတာလေးရှိတာက ညည ဆိုလျှင် ဒီကောင် ခလုတ်ဖုန်းနှင့် စာတွေ ပို့နေတတ်သည်။ ခလုတ်ဖုန်းဆိုတော့ စာရေးရတာ အဆင်က မပြေလှ၊ ခလုတ်တွေ တကျောက်ကျောက်နှင့် နှိပ်နေရသည်။ ဖအေဖြစ်သူကလဲ စမတ်ဖုန်းကို သားက ဖွင့်ပြောစရာ မလိုအောင် ဝယ်ပေးလိုက်သည်။ အရင်ကတော့ အဒီးဖုန်းနှင့်တစ်ရင်းတစ်နှီးရှိနေသဖြင့် ဖုန်းအကူးအပြောင်းမှာ သိပ်အထူးဆန်းတော့ ဖြစ်မနေပါ။ မိုးဖွဲလေးတွေကြား ခြံထဲ ဆင်းသွားသည်။ ၇တန်းနှစ်က သူစိာက်ခဲ့သော ယုဇနပန်းပင်ကတော့ ၄နှစ်အတွင်း အရွယ်ရောက်နေပေပြီ။ အပွင့်ဖွေးဖွေးများ မြေပေါ်သို့ အပြည့် ကြွေကျနေသည်။ တစ်ခြံလုံးလဲ မွှေးလိုက်တာမှ ပြောမနေပါတော့နဲ့။ခြံထဲ ဆင်းပြီး ယုဇန ပန်းတွေ ပေါ်ခြေထောက်နှင့်နင်းလိုက်သည်။ ပြီးတော့ ထိုခြေတစ်ပိုင်းပုံကိုဘဲ ဓာတ်ပုံရိုက်လိုက်သည်။

"စူးကျယ်အောင်ရေ၊ အအေးပတ်မယ်ဟေ့၊ နွားလေးရဲ့၊ လူကတော်တော်ကျန်းမာတာဆိုတော့ ၊ အဲ့မှာ မင်းဘာတွေ လုပ်နေတာလဲ၊ မိုးရွာနေတာလေ ၊ လသာနေတယ်ထင်နေလား"
"လာပြီ၊ လာပါပြီ ဘောစိရဲ့ ၊ ဘောစိပေးတဲ့ ဖုန်းလေးနဲ့ ဖိုတိုဂရပ်ဖီ လုပ်နေလို့ပါ"
"မညယ်ကို ဖိုတိုဂရပ်ဖီပါလား"
ပြောပြောဆိုဆိုနှင့် ယုဇန ပန်းချက် ၃/၄ခက် ချိုးလာပြီး အိမ်ပေါ်တက်ခဲ့သည်။ ထို့နောက် ထိုပန်းခက်ကို မီးဖိုချောင်ထဲကဖန်ခွက်ထဲ ထည့် ၊စာကြည့်စားပွဲပေါ်တင် ၊ ဖတ်လက်စ စာအုပ်တွေကို စီ၊ အင်း .....ဘာလိုသေးလဲ ၊ ကြည့်လဲ မကောင်းဘူးရော် ၊ အရင်က အဒီးနှင့် ဝယ်ထားသော ပန်းပင်အသေးလေး တစ်ပင်တင်၊ ဒါလဲ သိပ်မကောင်းသေးဘူး၊ အော် မေ့နေတာ ပန်းသီးရှိသေးတယ် ၊ ပန်းသီးလေးတစ်လုံးတင် ၊ ဖျတ်ခနဲ ဓာတ်ပုံလေး ရိုက်လိုက်သည်။ ထို့နောက် အစ်ကို့ကို ထိုဓာတ်ပုံလေး ပို့ပေးလိုက်သည်။

"ဒါ ညီလေးတို့အိမ်က ခြံလေ၊ ခြံထဲမှာ ပန်းတွေ ပွင့်နေတာ၊ လှတယ်နော်"
"အင်း ၊လှပါတယ်"
နောက် တစ်ပုံ ထပ်ပို့လိုက်သည်။
အစ်ကို့ဆီမှ ရယ်နေသော ခွေးရုပ်စတစ်ကာလေး (Sticker)ပြန်ပို့လာသည်။
"မင်းပုံကလဲ ဘာအဓိပ္ပာယ်လဲကွ။ ပန်းသီးရယ် ၊စာအုပ်ရယ် ၊ယုဇနပန်းရယ်"
"ငေါလဲ မသိဘူး"
အပြန်လှန်စာတွေပို့ရင်း ကြည်နူးနေမိသည်။ ကြည်နူးရုံတင်မက ပြုံးစိစိပါဖြစ်လာသည်။ စူးကျယ်အောင်တို့ လမ်းကြောင်းမရှိ လမ်းကြောင်းရှာပုံမှာလဲ ရိုးရှင်းလှသည်။
"ဟာ ၊ဟေ့ကောင် မင်းကိုငါခေါ်နေတာ ဘယ်လောက်ကြာပြီလဲ"
"ဟမ်၊ အင်၊ အော် ဟုတ် လာပြီ အပါကြီး"
"ဒီကောင်ကွာ ဘာတွေ ဖြစ်နေမှန်းမသိဘူး၊ ဖုန်းဝယ်ပေးမိတာ ငါတော့မှားပြီ"

ပါးစပ်ကသာ လျှင်လာပြီပြောတာ ။လူက အစ်ကို့ဆီက တောင်ခနဲ ဝင်လာသော စာ မှာ အကြည့်မပျက်။ အစ်ကို့ဘက်မှ ချဉ်ပေါင်ရွက်ကြော်လက်စ အိုးပုံပို့လာသည်။
"အသ်မတွေအတွက်ကြော်ပေးနေတာ၊ နိုင်ငံခြားပို့ပေးဖို့"
"အော်၊ ကြော်တတ်တယ်လား၊ ထင်တောင်မထင်ရဘူးရော်"
"နောက် ရန်ကုန်ပြန်လာမှ အကို့လက်ရာ ချက်ကျွေးမယ်"
"အဟီး၊ တကယ်နော်"
"ငါ့လက်ရာ မင်းစားဖူးသွားရင် ၊ဆွေမျိုးမေ့သွားလိမ့်မယ်"

"စူးကျယ်အောင်ရေ"
"လာပြီ၊ လာပြီ အပါကြီး"
နောက်ဖေးမှ ဂလုံးဂလွမ်အိုးခွက်သံများဆူညံသွားသည်။

______________________

ထိုနေ့ညက အစ်ကိုနှင့် ပို့ထားသော စာများကို အထပ်ထပ်ပြန်ဖတ်မိနေသည်။ ပြီးတော့ ဘာမှမဟုတ်ဘဲလဲ အရမ်းပြုံးနေမိသည်။ မြင်ကတည်းက ရင်ထဲမှ မှတ်မိနေတယ်။ ခင်မင်အောင် ညှို့တတ်သူလို့ မှတ်ယူထားတယ်၊ တစ်စထက်တစ်စ သံယောစဉ်နွယ် ညိကာတွယ်၊ နွယ်ပင်လိုသဝေထိုး၊ နောင်သောအခါ အပင်သစ်မှာ ရစ်ပတ်မှာ စိုးပါတယ်။

___________________________

Continue Reading

You'll Also Like

281K 6.5K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
637K 32K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
745K 24.8K 70
A story where a girl would do anything to get rid of her studies including getting married with a Mafia king but fate played opposite of it even afte...
6.7K 297 20
နေခအက္ခရာ + ခေတ်သောတ နေခအက္ခရာ + ခေတ်သောတ Start Date 23.01.2023 End Date