Love started by those glasses
By Jjaiumy
10.7K 959 157
Hazel eyes under black glasses are so fucking dangerous!! park sunghoon + park jongseong written in burmese (... More
Love started by those glasses 1
Love started by those glasses 2
Love started by those glasses 3
Love started by those glasses 4
Love started by those glasses 5
Love started by those glasses 6
Love started by those glasses 7
Love started by those glasses 8
Love started by those glasses 9
Love started by those glasses 10
Love started by those glasses 12
Love started by those glasses 13
Love started by those glasses 11
722 70 8
By Jjaiumy
"ဂျေး"
"အင့်"
"တိတ်တော့ဆို"
အတော်ကြာတဲ့ထိ အငိုမတိတ်တဲ့ဂျေးက ဆောင်ဟွန်းကိုဖက်ထားတာကိုလွှတ်မပေးသေး။
"ငါ့အင်္ကျီတွေစိုရွှဲကုန်ပီလို့"
"ပတ်ဆောင်ဟွန်း"
"ဗျာ~~"
"ငြိမ်ငြိမ်နေ"
ဂျေးရဲ့ဆူအောင့်အောင့်ဆူသံကြောင့် ဆောင်ဟွန်းကပါမျက်ရည်တွေကြားထဲက ပြုံးမိသွားသေးတယ်။ပတ်ဂျေး အတော်ချစ်ဖို့ကောင်းတာ။
"ငါတို့ကားထဲအရင်သွားကြမလား"
တလှုပ်လှုပ်နဲ့ ငြိမ့်ပြလာတဲ့ခေါင်းလေးကို ဖွဖွပုတ်လို့ ဆောင်ဟွန်းကဂျေးလက်ကလေးကိုဆွဲခေါ်ပီး ကားရှိရာဆီပြန်တယ်။မျက်နှာကိုအတင်းငုံ့ထားပီး ကိုယ်လုံးလေးကတသိမ့်သိမ့်တုန်နေဆဲဖြစ်တဲ့ဂျေးကို ဆောင်ဟွန်းကအူတယားယား။တော်သေးတယ် သူကားကိုလူရှင်းတဲ့နေရာမှာရပ်ခဲ့တာမလို့။
ကားတံခါးကိုဖွင့်ပေးတော့ လိမ်လိမ်မာမာလေးဝင်ထိုင်လေတယ်။ဆောင်ဟွန်းက ပြုံးနေတာမရပ်နိုင်။မောင်းသူခုံဘက်ဝင်ထိုင်ပီး ဂျေးကိုလှည့်ကြည့်တော့ ထိုင်နေတာကျုံ့ကျုံ့ကလေး။နှာတရှုံ့ရှုံ့နဲ့နီတာရဲလေးက ဆောင်ဟွန်းမျက်စိထဲ အလွန့်အလွန်ချစ်စရာ။
ကားထဲအသင့်ရှိတဲ့ တစ်သျှူးထုတ်ကနေ တစ်ရွက်ဆွဲထုတ်လို့ ဆောင်ဟွန်းက ကိုယ်ကိုဂျေးနားထိရောက်အောင်ကိုင်းချလိုက်တယ်။ငုံ့နေတဲ့ခေါင်းလေးကို ခေါင်းနိမ့်လို့ အသာမော့ကြည့်မိတော့ ခုထိမျက်ရည်စလေးတွေဝေ့နေတုန်း။ဆောင်ဟွန်းက အသာလေးမျက်ရည်တို့ကိုသုတ်ပေးတယ်။
"မျက်ကပ်မှန်တပ်ထားတာကို ဒီလောက်ထိငိုနေတော့ဘယ်လိုလုပ်မလဲ မင်းမျက်လုံးတွေမနာဘူးလား"
ဂျေးကခေါင်းခါပြတယ်။ရှိုက်သံကလွဲလို့ ဂျေးမှာတခြားအသံထွက်မလာ။အငိုတိတ်ခါစအခြေအနေမလို့ ဂျေးကစကားမပြောချင်သေးပါလေ။
"မျက်ကပ်မှန်ချွတ်ထားမလား မျက်မှန်လဲဝတ်ထားလေ"
စကားနားထောင်တဲ့ ကြောင်ပေါက်လေးက စက္ကန့်တောင်မခြားပဲ မျက်ကပ်မှန်လေးချွတ်လို့ဗူးထဲထည့်သိမ်းတယ်။ပီးတော့ ဆောင်ဟွန်းဝယ်ပေးထားတဲ့ ငွေရောင်မျက်မှန်ကိုင်းလေးကို တပ်လိုက်တယ်။
မျက်ခမ်းစတွေထိ နီတွတ်နေတဲ့မျက်ဝန်းတွေက မျက်မှန်အောက်ရောက်သွားတာတောင် အတော်လေးညို့နိုင်စွမ်းရှိနေတုန်းပဲ။မျက်ရည်ဥကြည်ကြည်လေးတွေတွဲလဲခိုနေတဲ့ မျက်ဝန်းညိုညိုရဲ့လှနိုင်စွမ်းက သမုဒ္ဒရာလိုပဲအဆုံးမရှိဘူး။
"လှလိုက်တာ"
ဆောင်ဟွန်းက စီယာတိုင်ပေါ် လက်ထောက်လို့ဂျေးကိုငေးကြည့်နေရင်း ပါးစပ်ကလွှတ်ခနဲထွက်သွားတယ်။ဆောင်ဟွန်းစကားကြောင့် ဂျေးကခေါင်းငုံ့နေရာကမော့လာပီး ဆောင်ဟွန်းကိုကြည့်တယ်။ဂျေးအကြည့်တွေနဲ့ဆုံမိတော့ ဆောင်ဟွန်းကမျက်လုံးတွေမှိတ်ပီး အသက်ပြင်းပြင်းတစ်ချက်ပင့်သက်လို့ရှူလိုက်ပီး လေတွေမှုတ်ထုတ်ပစ်လိုက်တယ်။ဒါဆောင်ဟွန်းရဲ့စိတ်တည်ငြိမ်အောင်လုပ်တဲ့ လေ့ကျင့်ခန်းပဲ။
"ဂျေး ငါတို့စကားပြောကြည့်ကြမလား"
"အင်း"
နီတာရဲလုံးလေးက မျက်မှန်ကိုင်းကိုလက်ပိစိလေးတွေနဲ့ပင့်တင်လို့ နှာခေါင်းထိပ်ကလေးကိုပွတ်ရင်း ပြန်ဖြေတယ်။
"မျက်လုံးတွေနာနေပီလား"
"ဟင့်အင်း"
"အများကြီးငိုထားတာမနာပဲနေမလား ဘာလို့ဒီလောက်ငိုရတာလဲ"
"မင်းရောငိုတာပဲ"
"မင်းမျက်ရည်တွေမြင်တော့ရင်နာလို့ပေါ့ အချစ်ကလေးရဲ့"
ဆောင်ဟွန်းကဂျေးလက်တစ်ဖက်ကိုဆတ်ခနဲဆွဲယူပီး ပါးပေါ်အုပ်တင်လိုက်တယ်။ချက်ချင်းကြီးရဲတင်းလာတဲ့ဆောင်ဟွန်းကြောင့် နဂိုနီရဲနေဆဲဖြစ်တဲ့ဂျေးက ပါးတွေထိပါပူရှိန်းလာတော့တယ်။
"စကားကိုကောင်းကောင်းပြောစမ်းပါ"
"ဂျေး..."
ကိုယ်ကိုရှေ့ကိုင်းလာပီးဂျေးမျက်ဝန်းတွေကိုစိုက်ကြည့်ကာ တိုးတိုးလေးနာမည်ခေါ်လာတဲ့ ဆောင်ဟွန်း။ဂျေးကကြက်သီးတွေပါထသွားရတဲ့ထိ။
"ဘာ-ဘာလဲ"
"ဘာလို့ငိုတာလဲလို့ သဝန်တိုတယ်မလား တခြားတစ်ယောက်နဲ့ငါ့ကိုတွဲမြင်တော့သဝန်တိုတယ်မလား။မင်းမစောင့်နိုင်တော့ဘူးလို့ပြောခဲ့တယ်မလား ဘာကိုမစောင့်နိုင်တော့တာလဲ ဟင် ဟင်"
"မသိဘူး နီးလွန်းတယ်နောက်ဆုတ်"
လွတ်နေတဲ့လက်တစ်ဖက်နဲ့ဆောင်ဟွန်းရင်ဘတ်ကိုဖွဖွတွန်းတော့ ဆောင်ဟွန်းကရယ်မောရင်းဂျေးလက်ကိုဆွဲသိမ်းပစ်လိုက်တယ်။ခန္ဓာကိုယ်ကိုလဲ ပိုပီးနီးကပ်သွားအောင်ရှေ့တိုးလာပစ်တယ်။ဂျေးနှာသီးဖျားနဲ့ ဆောင်ဟွန်းနှာသီးဖျားတို့ ထိကပ်မိသွားတဲ့ထိ။
"မသိဘူးလား"
"အင်း"
"ငါရောပဲ ငါလဲဂျေးကိုချစ်တာကလွဲပီးမသိတော့ဘူး ဘယ်လိုလုပ်ရမလဲ"
"ဆောင်ဟွန်း ဘာတွေပြောနေတာလဲ"
"ဘယ်လိုလုပ်လိုက်ရမလဲလို့ ဟင် ဖြေလေ"
"ဆောင်ဟွန်း"
"အွန်း~~~"
"ပူတယ် နောက်နည်းနည်းဆုတ်ပေးလို့-"
"မရပါဘူး ဂျေး...ငါမင်းကို နောက်ဆုံးတစ်ခေါက်နမ်းတုန်းကလေ ဘယ်နှကြိမ်မြောက်လဲမှတ်မိလား"
"သုံး-သုံးကြိမ်မြောက်?"
"အင်း~~အခုလေးကြိမ်မြောက်"
စကားအဆုံးမှာဆောင်ဟွန်းကခေါင်းကိုစောင်းချလိုက်ပီး ဂျေးနှုတ်ခမ်းပါးတွေဆီ သူ့နှုတ်ခမ်းတွေဖိကပ်ပစ်လိုက်တယ်။ဂျေးနဲ့ပတ်သတ်ရင် ထိန်းချုပ်နိုင်စွမ်းက အငွေ့ပျံသလိုပျောက်သွားရတဲ့ဆောင်ဟွန်းအဖို့ ညင်ညင်သာသာနမ်းဖို့ဆိုတာ ခနမျှပဲတတ်နိုင်တယ်။ဆောင်ဟွန်းက ကိုင်ထားတဲ့ဂျေးလက်တွေကိုဖြုတ်ပီး သူ့လက်ကိုဂျေးခေါင်းအောက်လျှိုသွင်းလို့ ခေါင်းလုံးလုံးလေးကို ဖိကာထိန်းကိုင်လိုက်တယ်။လက်တစ်ဖက်ကိုတော့ ဂျေးမေးရိုးတွေဆီအရောက်ပို့ပီး နစ်ဝင်မတတ်နမ်းရှိုက်လို့နေတယ်။
ဆောင်ဟွန်းလက်တွေကနေလွတ်သွားရှာတဲ့ဂျေးလက်တွေက ခနတာတော့တွန့်ဆုတ်နေသေးပေမယ့် မကြာပါဘူးဆောင်ဟွန်းကိုလည်ပင်းကနေ ယှက်သိုင်းလို့ပြန်ဖက်တွယ်လာတယ်။အနမ်းတွေကိုတုံ့ပြန်လာတဲ့အပြင် ဂျေးဘက်ကစပီးလျှာဖျားလေးနဲ့ပါ ကလူလာတာမလို့ ဆောင်ဟွန်းကစိတ်ဝိညာဉ်လွတ်ထွက်မသွားအောင် အတော်လေးထိန်းချုပ်နေရတယ်။
ကိုယ်ကိုကိုင်းနေရာကနေ ထလာပီး တစ်ဖက်ခုံပေါ်ကနေဂျေးပေါ်တွေပေါ်ထိ ဆောင်ဟွန်းကခွထိုင်ပစ်တယ်။အလိုက်ထိုက်ခါးမတ်ပေးလာပီး ဆောင်ဟွန်းကိုယ်ကိုထိန်းပေးထားရင်း အနမ်းတွေကိုမပြတ်စေတဲ့ဂျေးက ပျော်ဝင်ပစ်ချင်စရာအတိ။ဆောင်ဟွန်းလက်ချောင်းတွေက ဂျေးရဲ့ဆံနွယ်ညိုအိအိတွေကြားတိုးဝင်လာပီး နူးညံ့အိစက်မှုကိုအပြည့်ခံစားလို့။ချိုမွှေးမွှေးနှုတ်ခမ်းတစ်စုံကို စိတ်လိုလက်ရသုံးဆောင်နေတဲ့ဆောင်ဟွန်းက အခုနိဗ္ဗာန်ကိုရောက်နေတဲ့အတိုင်းပဲ။ကားမှန်အမဲတွေနောက်မှာ နှင်းဆီနံ့တွေကြား စိတ်အလိုလိုက်နေတဲ့လူနှစ်ယောက်ရဲ့ ရမက်တွေကပြင်းပြင်းထန်ထန်။
တော်တော်ကြာကြာကြီးနမ်းပီးတဲ့နောက်မှာ ဆောင်ဟွန်းကနှုတ်ခမ်းတွေထိကပ်နေရာကခွာလိုက်တယ်။ဂျေးပါးပေါ်က မျက်ရည်ကိုမြင်တော့ ဖွဖွပြုံးလိုက်သေး။ဆောင်ဟွန်းရောဂျေးရောသိပါတယ် ဒီတခါကျတဲ့မျက်ရည်က စိတ်တိုလို့လဲမဟုတ်ဘူး ဝမ်းနည်းလို့လဲမဟုတ်ဘူးဆိုတာကို။ဆောင်ဟွန်းက ဂျေးပါးပြင်နုနုပေါ်ကမျက်ရည်စကို နှုတ်ခမ်းနဲ့ဖိကပ်နမ်းလို့သုတ်ပေးလိုက်တယ်။
ဖူးယောင်နေတဲ့နှုတ်ခမ်းတွေရယ် မိန်းမောနေတဲ့အကြည့်တွေရယ် နီရဲနေတဲ့ပါးပြင်တွေရယ်နဲ့ ဂျေးကအလွန်နှစ်ခြိုက်စရာ။ဆောင်ဟွန်းကစိုက်ကြည့်ရင်း စိုက်ကြည့်ရင်းနဲ့ကို ရင်တွေထိန်းမရအောင်ခုန်လာတယ်။ဂျေးလက်ကိုဆွဲယူလို့ သူ့ရင်ဘတ်ပေါ်တင်လိုက်ပီး နှလုံးခုန်သံကိုကြားစေတယ်။
"ကြားရလား မင်းကြောင့်သေလောက်အောင်ရင်တွေခုန်နေတာကို"
ဆောင်ဟွန်းကအခု ဂျေးပေါင်ပေါ်မှာခွထိုင်ထားဆဲဖြစ်တာကြောင့် ဂျေးကဆောင်ဟွန်းကိုခေါင်းလေးအသာမော့ကြည့်နေတဲ့အနေအထား။နှုတ်ခမ်းပါးလေးတွေလှုပ်ခတ်သွားပီး ဂျေးကခေါင်းငြိမ့်ပြတယ်။ဂျေးခေါင်းငြိမ့်ပြတာကိုမြင်တော့ ဆောင်ဟွန်းက ကျန်နေသေးတဲ့လက်တစ်ဖက်နဲ့ ဂျေးပါးပြင်ကို အုပ်မိုးပီးကိုင်လိုက်တယ်။ပူနွေးနွေးပါးပြင်က ဆောင်ဟွန်းလက်တွေထိပါ အနွေးဓာတ်ပေးနေဟန်။
"ဂျေး ငါကလေမင်းကိုပြောမပြတတ်အောင်အများကြီးချစ်တာ။တခြားဘာမှမယုံရင်တောင် ငါမင်းကိုချစ်တယ်ဆိုတာတော့ ယုံပေးမှဖြစ်မယ်"
ဂျေးဆီကဘာစကားမှပြန်မလာပဲ ဆောင်ဟွန်းကိုထွေထွေလေးငေးကြည့်နေတယ်။
"မင်းလက်ကိုကိုင်ပီး တကမ္ဘာလုံးကိုအံတုပစ်ချင်တဲ့ကောင်မလို့ ငါ့ဆန္ဒတွေကိုဖြည့်စည်းပေးနိုင်မလားဟင်။ဂျေး ငါနဲ့တွဲရအောင်လား"
"အရူး မင်းဒီလိုပြောလာဖို့ငါဘယ်လောက်တောင်စောင့်ခဲ့ရလဲ"
"ဒါဆို လက်ခံလား"
"အင်း လက်ခံတယ်။ငါလဲ မင်းကိုအများကြီးချစ်တယ်လို့ ပတ်ဆောင်ဟွန်းရဲ့"
"ဂျေး မင်းလက်ခံလိုက်တာနော်။ဒီနေ့ကစပီး ငါဘာမှချုပ်ထိန်းနေမှာမဟုတ်တော့ဘူး"
"မင်းကိုဘယ်သူကချုပ်ထိန်းခိုင်းနေလို့လဲ"
"ဂျေးအီရား ရူးတော့မှာပဲ"
ခန္ဓာကိုယ်လေးကိုအသာဆွဲလို့ ရင်ခွင်ထဲထည့်ပစ်လိုက်တယ်။ဂျေးပေါင်ပေါ်မှာထိုင်နေတဲ့ဆောင်ဟွန်းကြောင့် ဂျေးမျက်နှာကရင်ခွင်ထဲကွက်တိလာကျလေတယ်။ခေါင်းညိုညိုလုံးလုံးလေးကို တစ်ဝကြီးနမ်းရှိုက်ပစ်လိုက်ပီး နစ်နေအောက်ဖက်ထားပစ်တယ်။ဆောင်ဟွန်းကအခုကမ္ဘာပေါ်မှာအပျော်ဆုံးလူပဲ။
"အဟွတ် ဆောင်ဟွန်းနည်းနည်းဖယ်ပေးအုန်း အသက်ရှူကျပ်တယ်"
လက်ဖောင်းဖောင်းလေးတွေက ရင်ဘတ်ကိုအသာတွန်းလာမှ ဆောင်ဟွန်းကအသိဝင်လာပီး ဂျေးပေါ်တက်ထိုင်ထားတာကိုဖယ်ပေးတော့တယ်။သူ့ခုံသူပြန်သွားလိုက်ပီး ဂျေးလက်ကိုဆွဲယူကာ နှာဖျားတွေမြုပ်သွားတဲ့ထိ ဖိကပ်ပီးနမ်းရှိုက်ပစ်တယ်။
"အိမ်ပြန်ရအောင်"
"အင်း"
လက်ကိုလွှတ်မပေးတော့ပဲ ဆောင်ဟွန်းကစီယာတိုင်ကိုလက်တစ်ဖက်နဲ့သာထိန်းကိုင်လို့ အိမ်ထိမောင်းလာတယ်။တစ်လျှောက်လုံးလဲ ပြုံးနေတာမရပ်နိုင်တော့။ဆောင်ဟွန်းပြုံးနေတာကိုမြင်တဲ့ဂျေးကလဲ ခပ်ဖွဖွလိုက်လို့ပြုံးတယ်။ချစ်ရသူပျော်နေရင်ကိုယ်လဲပျော်ရတယ်မဟုတ်လား။
password ရိုက်နှိပ်ထည့်ပီး အိမ်ထဲခြေချရုံရှိသေး ဆောင်ဟွန်းကဂျေးကိုနောက်ကနေသိုင်းဖက်လို့ လည်ဂုတ်ကိုတရှုံ့ရှုံ့လိုက်နမ်းတယ်။
"ယားတယ် ဆောင်ဟွန်း။မလုပ်နဲ့လေငါရေမချိုးရသေးဘူး"
"ဟင့်အင်း မွှေးတယ်"
အိမ်ပြန်ရောက်တာနဲ့ရေချိုးတတ်တဲ့ဂျေးမှာ အခုတော့ဆောင်ဟွန်းဆွဲခေါ်ရာနောက်ပါသွားရပီး ဆိုဖာပေါ်ထိုင်လျက်သား။ရိုးရိုးထိုင်တာတော့မဟုတ် အနောက်ကနေဆောင်ဟွန်းသိုင်းဖက်တာကိုခံထားရ
င်း။ခါးပေါ်ကတင်းကြပ်နေတဲ့လက်တို့ကို အုပ်မိုးကိုင်ပီး ခေါင်းငုံ့လိုက်မိတော့ ဆောင်ဟွန်းက လည်ဂုတ်ပေါ် နမ်းနေရင်းကနေကိုက်ချတယ်။
"အာ့ ဘာလို့ကိုက်တာလဲ မင်းကခွေးလား"
"ကိုက်ရုံတင်မကဘူး မင်းကိုတစ်ကိုယ်လုံးဝါးစားပစ်ချင်နေတာ ဘယ်လိုလုပ်ရမလဲ"
ဆောင်ဟွန်းစကားကြောင့်ဂျေးကရှက်သွားရပီး ဖက်ထားတဲ့လက်တို့ကို ရိုက်တယ်။အနောက်ကလူကတော့ အနမ်းတွေကိုအတောမသတ်နိုင်ဟန် လည်ဂုတ်ကနေ ပုခုံး,ပုခုံးကနေ ဂျေးရဲ့နောက်ကျောသားတွေထိ တတိတိနေရာလွတ်မကျန်အောင်ကိုလိုက်နမ်းတယ်။ခါးကိုဖက်ထားတဲ့လက်တွေကလဲ ကျူးကျော်လာပီး အင်္ကျီအောက်ထဲထိဝင်လာကာ ဂျေးဗိုက်သားတွေကို ပွတ်သပ်နေတယ်။
"ဆောင်ဟွန်း"
"အွန်း"
"ဆူယောင်းကိစ္စကလေ"
ဆောင်ဟွန်းက နမ်းနေရာကနေရပ်လို့ ဂျေးခန္ဓာကိုယ်ကိုသူ့ပေါ်မှီစေတယ်။ခေါင်းကို ဂျေးပုခုံးပေါ်တင်လို့ ဖက်ထားရင်းနဲ့ပဲ စကားပြန်တယ်။
"အဲ့နေ့တုန်းကဆူယောင်းကပြောတယ်။ပတ်ဂျေးကိုသေချာတွေ့ကြည့်ချင်လိုက်တာဆိုပီး။အဲ့တာနဲ့ပဲ အသားကင်ဆိုင်မှာ ဆုံဖြစ်သွားတယ်ဆိုပါတော့"
"ဒါဆို အစကတည်းကမင်းချိန်းထားတာပေါ့"
"မဟုတ်ပါဘူး အစကတည်းကမင်းနဲ့တူတူအသားကင်သွားစားဖို့တွေးပီးသား။သူတို့ကလဲ စုဝေးပွဲရှိတယ်တဲ့လေ အဲ့တာနဲ့တစ်ချက်ခုတ်နှစ်ချက်ပြတ်"
ဆောင်ဟွန်းက မျက်စိရှေ့ကဂျေးပါးဖောင်းဖောင်းလေးကို ရွှတ်ခနဲလှမ်းနမ်းတယ်။
"အဲ့တာတောင်မှပဲ ငါ့ကိုသူငယ်ချင်းလို့မိတ်ဆက်ပေးလိုက်သေးတယ်"
မျက်စောင်းတထိုးထိုး နှုတ်ခမ်းတစူစူနဲ့ပြောလာတဲ့ ချစ်ရသူကိုဆောင်ဟွန်းမယ် အူယားလို့မဆုံး။
"မင်းကိုရှေ့မှာထားပီး ဒါငါချစ်နေတဲ့လူလေလို့ပြောကောင်းမလား။နောက်ပီး မင်းဘက်ကအဆင်သင့်ဖြစ်မဖြစ်လဲ ငါမှမသိသေးတာ။မင်းကငါ့ကိုဘာမှမပြောဘူးလေ"
"မင်းက ဖွင့်ပြောပီးအဖြေရောတောင်းလို့လား။ငါကဖွင့်ပြောခံထားရတဲ့လူကို ဟေ့ဆောင်ဟွန်းငါမင်းကိုအဖြေပေးချင်လို့ပါလို့ပြောရင်ကောင်းမလား စဉ်းစားကြည့်လေ"
"ကောင်းပါတယ် ဘာလို့မကောင်းရမှာလဲ။မင်းငါ့ကိုဒီလောက်တောင်အဖြေပေးချင်နေခဲ့တာလားဟင်။အဲ့လိုမှန်းသိ စောစောစီးစီးတောင်းခဲ့တာပေါ့။ငါကအလိုက်မသိဘူးနော် ဂျေးနော်"
"ဆောင်ဟွန်းငါ့ကိုမစနဲ့" ဆိုတော့ ဆောင်ဟွန်းကသဘောတကျအော်ရယ်ပါသည်။
"သူမင်းဆီကအခွင့်ရေးတောင်းတဲ့ကိစ္စကရော"
"ငါပြောပီးပီလေ ယတိပြတ်ငြင်းပီးသားပါလို့။မင်းရှိနေတာပဲ မင်းကလွဲရင်ဘယ်သူ့ကိုအခွင့်အရေးပေးရအုန်းမှာလဲ"
"အဲ့လိုဆိုရင်တောင် သူ့ဘက်ကလက်မလျော့ရင်ရော"
"အဲ့ကျတော့လဲကြည့်ကြပ်ပီးဖြေရှင်းလိုက်မှာပေါ့။နေပါအုန်း မင်းဒီလောက်သဝန်တိုတတ်မှန်းငါမသိခဲ့ရပါ့လား"
"ငါ့ကိုမစပါနဲ့ဆိုနေ"
"ဂျေး"
"ဘာလဲ"
"နောက်တခုခုဆို ငါ့ကိုပွင့်ပွင့်လင်းလင်းပြောပြရမယ်နော် မင်းတစ်ယောက်တည်းကြိတ်ခံစားတာမျိုးမလုပ်ပဲငါ့ကိုပြောပြရမယ်။ငါကအမြဲမင်းအတွက်အဆင်သင့်ရှိနေတယ်ဆိုတာသိတယ်မလား"
"အင်း"
"ဟိုးမှာကြည့်" ဆောင်ဟွန်းက အပင်တုလေးတွေနဲ့အလှဆင်ထားတဲ့နေရာကိုလက်ညိုးထိုးပြရင်းပြောတယ်။
"မင်းမသိလို့သာ စဝယ်ကတည်းကအဲ့နေကြာပန်းတွေကိုမင်းအတွက်ရည်ရွယ်ပီးဝယ်လာတာ။မင်းတစ်ယောက်တည်းကိုပဲစောင့်နေပါ့မယ်ဆိုတဲ့ သဘောနဲ့။မသိဘူးမလား"
အံ့ဩနေတဲ့မျက်နှာလေးနဲ့ ဂျေးကခေါင်းတခါခါလုပ်တယ်။နေကြာပန်းတွေရဲ့အဓိပ္ပာယ်ကိုသူတကယ်မသိတာ။ဒီတိုင်းလှလို့ဝယ်လာတယ်လို့ပဲ ပေါ့ပေါ့စဉ်းစားခဲ့မိရုံ။
"အခုသိပီမလား။တခုခုမျိုသိပ်ထားဖို့စဉ်းစားမိတာနဲ့ အဲ့နေကြာပန်းတွေကိုကြည့်။ချစ်တယ် ငါကအများကြီးချစ်တာမလို့ ဂျေးကတခုခုဆို ငါနဲ့အတူတူမျှဝေရမယ်နော်"
"အင်း ဆောင်ဟွန်း။ကျေးဇူးပဲနော်"
ဂျေးက ကိုယ်လုံးလေးကိုဆောင်ဟွန်းဘက်လှည့်လာပီး လည်ပင်းကိုသိုင်းဖက်ရင်းဆိုတယ်။အလိုက်ထိုက်ပဲဆောင်ဟွန်းကဂျေးကိုပြန်ဖက်တွယ်ရင်း ခန္ဓာကိုယ်ချင်းနစ်မြုပ်မတတ်တိုးဝင်ထားလိုက်တယ်။သူဂျေးကိုအသက်လောက်ချစ်ပါတယ်။
~~~~
"ဂျေး ငါနဲ့တစ်နေရာရာလိုက်ခဲ့"
အလုပ်ပီးလို့အိမ်ပြန်ရောက်ရောက်ချင်းကို ထိုင်ခွင့်တောင်မပေးပဲ အိမ်ပြင်ဇွတ်ဆွဲခေါ်လာတဲ့ဆောင်ဟွန်း။ဂျေးကိုမေးချိန်လဲမပေး ဘာမှလဲမပြောပဲ ဇွတ်ကားပေါ်တင်ပီး ကော်ဖီဆိုင်တစ်ခုကိုမောင်းထွက်လာတယ်။
"ဘာလုပ်ဖို့လဲလို့"
"လာပါဆိုနေ အရေးကြီးတယ်"
လက်ကလေးကိုဆုပ်ကိုင်ပီး ကော်ဖီဆိုင်ထဲဝင်သွားကာ ဆောင်ဟွန်းက တစ်ယောက်ယောက်ကိုရှာနေဟန်ပြုတယ်။ရှာတွေ့သွားတော့ ထောင့်နားကစားပွဲလေးဆီ ဂျေးကိုခေါ်လို့လျှောက်သွားတယ်။
"ဆူယောင်း?"
"အကိုဂျေး? အကိုဆောင်ဟွန်းက ဆူယောင်းကိုချိန်းလို့ရောက်လာတာ အကိုဂျေးပါပါလာမယ်မှန်းမသိလိုက်ဘူး"
ပတ်ဆောင်ဟွန်းတို့ဘာတွေကြံနေပြန်သလဲမသိပါ။ကိုင်ထားတဲ့ဂျေးလက်ကိုလွှတ်မပေးပဲ စားပွဲပေါ်ထင်သာမြင်သာကြီးတင်ချပစ်လိုက်တယ်။ဆူယောင်းကတောင် မြင်ပီးအနည်းငယ်အံ့ဩသွားသယောင်။
"အရင်တစ်ခေါက်ကပြောခဲ့တာလေ အကိုကပတ်ဂျေးကိုသဘောကျတယ်ဆိုတာ မှတ်မိတယ်မလား"
ကြောင်အအနှင့်ဆူယောင်းကခေါင်းငြိမ့်ပြသည်။
"လက်မလျော့ရင်ဘယ်လိုလုပ်မလဲဆိုပီး ဂျေးကပြောခဲ့ပေမယ့် အဲ့လိုမလုပ်လောက်ဘူးထင်တာ။အခု ဆူယောင်းက နောက်ဆုတ်သွားတဲ့ပုံမပေါ်လို့ အကိုကဂျေးကိုပါခေါ်လာရတာ။ထပ်ပီးပြောမယ် အကိုကဂျေးကိုပဲသဘောကျတယ် ဂျေးတစ်ယောက်တည်းကိုပဲသဘောကျတယ်။နောက်ပီးမြင်တဲ့အတိုင်း အကိုတို့တွဲနေပီမလို့"
ဆောင်ဟွန်းက ဂျေးနဲ့တူတူဆုပ်ကိုင်ထားတဲ့လက်ကို ဆူယောင်းမျက်စိရှေ့ထိရောက်အောင်မြှောက်ပြလိုက်တယ်။
"အေးဆေးနောက်ဆုတ်စေချင်တယ်။အကို့ချစ်သူကိုစိတ်မပူစေချင်လို့။ထပ်ပီးတခုခုကြိုးစားမယ်ဆို အဲ့ကျ အကို့အဆိုးမဆိုဖို့ လာပြောတာ။ဒါဆိုဒီလောက်ပဲ"
ခပ်ပြတ်ပြတ်ပဲ ကော်ဖီဆိုင်ထိတကူးတကသွားပီး ကောင်မ​လေးကိုငြင်းကာ ငြင်းပီးတာနဲ့ ထထွက်လို့သွားလေရဲ့။ဂျေးမှာတော့ ဆောင်ဟွန်းဆွဲခေါ်ရာနောက်ယက်ကန်ယက်ကန်။
"မင်းအားမနာတတ်ဘူးလား"
ဂျေးကိုထိုင်ခုံခါးပတ်ပတ်ပေးနေတုန်း ဂျေးဆီကထွက်လာတဲ့စကား။
"ဘာလဲ အားနာရအုန်းမှာလား။မဟုတ်ရင် ပြန်ဝင်သွားပီးအခွင့်အရေးပေးပါ့မယ်လို့သွားပြောလိုက်ရမလား"
"ဆောင်ဟွန်း!!"
"စတာ စတာ။ဂျေးကလဲ သူကလက်မှမလျော့တာဒီလိုပြောမှရမှာပေါ့။မဟုတ်ရင်မင်းပဲစိတ်ပူနေရအုန်းမယ်လေ"
"အဲ့ဒါကတော့-"
ဂျေးစကားကပါးကိုလှမ်းနမ်းလိုက်တဲ့ဆောင်ဟွန်းကြောင့် ပြတ်တောက်သွားရတယ်။
တရားဝင်တွဲပါပီဆိုကတည်းက နမ်းလိုက်တဲ့အနမ်း။ဂျေးမျက်နှာတစ်ခုလုံးမှာလဲဆောင်ဟွန်းမနမ်းဖူးတဲ့နေရာဆိုတာ ရှိကိုမရှိတော့ဘူး။တစ်ခါတစ်လေဂျေးက သူ့မျက်နှာကြီးဖောရောင်နေပီလို့တောင်ထင်မိတဲ့အထိ။မွှေးလို့,ချစ်လို့,အူယားလို့,လှလို့ စတဲ့စတဲ့အကြောင်းပြချက်မျိုးစုံနဲ့ မထင်ရင်မထင်သလိုထထနမ်းတတ်တဲ့ဆောင်ဟွန်းကို ဂျေးတားလို့မရခဲ့ပါ။တားလဲမတားချင်ပါ။သူ့ရည်းစားကသူ့ကိုနမ်းတာပဲ ကျေကျေနပ်နပ်ကြီးကိုအနမ်းခံတယ်။
"မပြောနဲ့တော့ အိမ်ပြန်ရအောင်ဗိုက်ဆာနေပီ"
"မင်းသဘော"
ဟုတ်တယ်ဆောင်ဟွန်းသဘော။ဆောင်ဟွန်းကြိုက်တာလုပ်ဂျေးကအကုန်လက်ခံတယ်။
~~~
ဘာလိုလိုနဲ့အချိန်တွေကုန်တာ ဆောင်ဟွန်းတို့ဆေးတက္ကသိုလ်ဒုတိယနှစ်တောင် မျက်စိတစ်မှိတ်အတွင်းပီးသွားတဲ့အတိုင်း။ဂျေးတို့တွဲလာတဲ့သက်တမ်းကတောင် နှစ်ဝက်နီးပါးရှိလို့နေပီ။
"ဂျေး ဒီနေ့နီကိုးလ်လာမယ်တဲ့။ညနေကျ ငါမင်းကိုလာကြိုမယ်"
"အိုခေ အရင်တစ်ခေါက်ကလိုပြဿနာတော့မရှာနဲ့နော်"
"အွန်း အချစ်ကလေးစိတ်ပူရအောင်မလုပ်ဘူး"
"ပတ်ဆောင်ဟွန်း!ငါ့ကိုအဲ့လိုကြီးမခေါ်စမ်းနဲ့ဆိုနေ"
"အချစ်ကလေးမလို့ အချစ်ကလေးလို့ခေါ်တာဘာဖြစ်လဲ။လာပါအုန်း နမ်းရအောင်"
"တော်ပီ အလုပ်နောက်ကျတော့မယ်။ညနေကျစောလာခဲ့"
ဆောင်ဟွန်းလက်ထဲမရောက်ဖို့အတင်းရှောင်ဖယ်ရင်းဂျေးကအမြန်ထွက်လာတယ်။ဆောင်ဟွန်းလက်ထဲသာရောက်သွားရင် သူဒီနေ့အလုပ်သွားရတော့မှာမဟုတ်ဘူးလေ။
ဒီလိုပိတ်ရက်တွေမှာဆိုဂျေးအလုပ်ကညနေသုံးနာရီမှာပီးသည်။အလုပ်မြန်မြန်လက်စသတ်ပီး ဆောင်ဟွန်းကိုစောင့်နေတုန်း...။
"ဟေး ဂျေး"
လာပြန်ပီ ဒီနိုင်ငံခြားကောင်ကတော့။
ဂျေးက ပိတ်ရက်ကလွဲရင်အလုပ်ချိန်တွေအပြောင်းအလဲရှိတာကြောင့် လီယမ်နဲ့မတွေ့ဖြစ်ပေမယ့် အခုပိတ်ရက်ရောက်တော့တည့်တည့်ကိုတိုးသည်။
"ဟိုင်း လီယမ်"
"ဂျေး ဘာလို့ကိုယ့်ကိုဖုန်းမခေါ်တာလဲ"
ခေါ်လို့မရဘူးလေ။ပတ်ဆောင်ဟွန်းက ဖုန်းနံပါတ်ကြီးဖျက်ပစ်လိုက်ပီ။
"အာ..ကျွန်တော်မအားလို့ပါ"
"မတွေ့ရတာလဲကြာပီ။ကိုယ်ကဂျေးနဲ့တွေ့ချင်နေတာ  ညနေပိုင်းတွေဒီကိုလာတတ်ပေမယ့် ဂျေးနဲ့မတွေ့ရတတ်ဘူးလေ"
"အလုပ်ချိန်အပြောင်းအလဲတွေကြောင့်"
"အဲ့လိုကိုး..ဂျေး ခနခနရှိနေပီဆိုပေမယ့် ကိုယ့်ကိုဖုန်းနံပါတ်ပေးလို့မရဘူးလား။ကိုယ်တကယ်ဂျေးကိုသဘောကျတယ်"
"မဖြစ်-"
"ဂျေး!!!"
"ဆောင်ဟွန်း"
ဆောင်ဟွန်းက ကားစက်တောင်မသတ်နိုင်ပဲ ဆင်းလာကာဂျေးဘေးနားလျှောက်လာတယ်။ဂျေးကကားထဲလှမ်းကြည့်မိတော့ ခုံနှစ်ခုံကြားထဲက ပြူထွက်နေတဲ့ နီကိုးလ်ခေါင်းလေး။
ဂျေးဘေးနားရောက်လာတဲ့ဆောင်ဟွန်းက ရှေ့တည့်တည့်ကလီယမ့်ကိုအကြည့်စိမ်းတွေလွှတ်ထုတ်တော့ လီယမ်ကလဲစိမ်းစိမ်းကားကားပြန်ကြည့်တယ်။နှစ်ယောက်သား အကြည့်ချင်းစစ်ပွဲဝင်နေတာ ဂျေးဝင်ဖြည်မှပဲ ရပ်တော့တယ်။
"ဆောင်ဟွန်း ပြန်ရအောင်လေ"
"မင်းကိုခနခနတွေ့နေရတယ်။သူကဖုန်းနံပါတ်မပေးချင်ဘူးလေ နားမလည်ဘူးလား"
"မင်းကရော ဘာကိစ္စဝင်ပါနေတာလဲ။အရင်တစ်ခေါက်ကလဲမင်းဝင်ရှုပ်တယ်။မင်းနဲ့မဆိုင်ဘူးလေ"
"ဆိုင်တယ်" ဆောင်ဟွန်းက ဝင့်ဝင့်ကြွားကြွားဂျေးပုခုံးကို ဆွဲဖက်ပစ်တယ်။
"မင်းတို့ကသူငယ်ချင်းတွေပဲ"
"သူငယ်ချင်းတွေလို့ မင်းကိုဘယ်သူပြောလဲ။ငါတို့တွဲနေတာ မင်းအသက်ထက်တောင်ကြီးနေပီ"
လီယမ်ကဆောင်ဟွန်းစကားကို မယုံကြည်ဟန် တဟားဟားရယ်တယ်။
"မယုံဘူးလား။သက်သေပြရမလား"
မျက်ခုံးတစ်ဖက်ကိုပင့်ပီးမေးလိုက်တဲ့ဆောင်ဟွန်းက ဂုဏ်ဆာနေသလိုမျက်နှာပေးနှင့်။အရယ်မရပ်သေးတဲ့လီယမ့်ကိုကြည့်ရင်း ဂျေးပါးကိုရွှတ်ခနဲလှမ်းနမ်းပစ်တယ်။အဲ့ခါမှ လီယမ်ကအရယ်ရပ်သွားပီး ကြောင်တောင်တောင်ကြည့်လာလေတယ်။
"ဒါဆိုလုံလောက်လား။မလုံလောက်သေးဘူးလား
ရတယ်လေ"
စကားအဆုံး ဆောင်ဟွန်းက ပုခုံးပေါ်ကနေဖက်ထားတဲ့လက်ကနေတစ်ဆင့် ဂျေးမျက်နှာကိုသူ့ဖက်ဆွဲလှည့်လိုက်ပီး နှုတ်ခမ်းပါးတို့ကို နမ်းရှိုက်ပစ်လိုက်တယ်။လီယမ်လက်လျော့သွားရုံလောက်နမ်းပြဖို့စဉ်းစားထားပေမယ့် ဂျေးနှုတ်ခမ်းတို့ကိုထိတွေ့မိတာနဲ့ အတောမသတ်နိုင်တော့တဲ့ဆောင်ဟွန်းက ပြင်းပြင်းရှရှနမ်းရှိုက်လာတယ်။ဂျေးခါးကိုပါဆွဲယူပီး ဖက်တွယ်ထားကာ အလွတ်မပေးနိုင်နမ်းရှိုက်နေပုံက ဘေးလူကြည့်ရင်တော့ နာကျင်စရာဆိုပေမယ့် ဆောင်ဟွန်းအတွက်ကတော့ သာယာဖွယ်။
"ယုံပီ ယုံပီ။ငါသွားတော့မယ် နှုတ်ဆက်ပါတယ်ဂျေး"
ထွက်သွားတဲ့လီယမ့်ကို လှည့်တောင်မကြည့်ပဲ ဆောင်ဟွန်းကလက်သာခါပြတယ်။လှည့်သာကြည့်ဖြစ်ခဲ့ရင် နာကျင်နေတဲ့မျက်နှာထားနဲ့ မျက်ရည်တွေဝဲနေတဲ့လီယမ့်ကိုတွေ့ရလိမ့်အုန်းမည်။
လီယမ်ထွက်သွားတဲ့တိုင်အောင် ဆောင်ဟွန်းကအနမ်းတို့ကိုမရပ်တန့်သေး။လူသွားလမ်းဆိုတာတောင် မေ့လျော့သွားတဲ့ထိ အနမ်းတို့ကိုပုံဖော်နေရာကနေ ဂျေးလက်ကလေးတွေနဲ့တွန်းလာမှ ရပ်တန့်နိုင်တော့တယ်။
"တော်ပီလေ လီယမ်မရှိတော့ဘူး"
"သူမရှိတော့အောင်နမ်းတာမှမဟုတ်တာ။မင်းကိုနမ်းချင်လို့နမ်းတာ"
တစ်ဖန်ရှေ့ထပ်တိုးလာတဲ့ဆောင်ဟွန်းခေါင်းကို နှဖူးကနေတွန်းထည့်လိုက်တယ်။
"တော်ပီဆို နီကိုးလ်စောင့်နေတော့မယ်"
"ဟုတ်သားပဲ နီကိုးလ်ရှိသေးတာ ငါမေ့သွားတယ်"
သေချာပါတယ် ဒီတခါလဲနီကိုးလ်တို့ရွာပြန်အာလူးစိုက်ချင်နေလောက်ပီ။
"မင်း-မင်းတို့ အဲ့ဒါ ဘာ-ဘာ ဘာလုပ်တာလဲ"
ကားပေါ်တက်တက်ချင်းမျက်လုံးပြူးမျက်ဆံပြူးနဲ့ လက်ညိုးကြီးထိုးကာမေးတဲ့နီကိုးလ်။
"မြင်သွားလား"
"အကုန်မြင်တယ်ဟေ့ကောင်တွေ။လမ်းလည်ခေါင်ကြီးကို အရှက်မရှိကြဘူးလား။မဖွယ်မရာတွေ"
"ဘာလို့မဖွယ်မရာရမှာလဲ ကိုယ့်ချစ်သူကိုနမ်းတာ မဖွယ်မရာစရာလား"
"ဘာ?ချစ် ချစ်သူ?မင်းတို့တွဲနေတာလား ဟုတ်လားဂျေး မင်းတို့တွဲနေတာလား ဆောင်ဟွန်းပြောတာတကယ်လား"
"အင်း မင်းကိုပြောပြမလို့လုပ်ထားပေမယ့် ဒီလိုသိသွားတာပဲ"
"အား!!!!စောစောအသိပေးခဲ့သင့်တာပေါ့ အခုလိုမင်းတို့နမ်းနေတာကြီးကိုကိုယ်တိုင်ကိုယ်ကျမြင်ပီးမှ သိရတာကြီးကျ"
"မင်းမသိလို့ အထက်တန်းတုန်းကလဲငါဂျေးကိုနမ်းဖူးသေးတယ်။ဟို...နာယူဟိုတို့နဲ့ခေါင်မိုးထပ်မှာရန်ဖြစ်တုန်းကလေ"
"ဘာ!!!!"
"ပတ်ဆောင်ဟွန်း အဲ့တာတွေထိပြောပြဖို့လိုလို့လား"
တဖက်ဖက်ရိုက်နေတဲ့ ဂျေးလက်တွေကိုလဲမမှု။နားကွဲမတတ်အော်ဟစ်နေတဲ့ နီကိုးလ်ကိုလဲမမှု။ဆောင်ဟွန်းက တဟားဟားအော်ရယ်လျက်။ဖြစ်နိုင်ရင် ဆောင်ဟွန်းကတော့ ဂျေးနဲ့ပတ်သတ်သမျှ တကမ္ဘာလုံးကိုအော်ပြောပစ်ချင်တာ။လူတွေအကုန် ဆောင်ဟွန်းနဲ့ဂျေးပတ်သတ်မှုကိုသိသွားစေချင်တာ။ဂျေးကိုဆောင်ဟွန်းကသိပ်ချစ်တာမလို့။
(တစ်ပိုင်းလုံးအချစ်ငှက်ကလေးတွေ တစ်တစ်တူးကြည်နူးကြတာကို တစ်ဝကြီးဖတ်ရင်းခွေးစာတွေအဝစားနိုင်ကြပါစေ)
Zawgyi
"ေဂ်း"
"အင့်"
"တိတ်တော့ဆို"
"ပတ်ဆောင်ဟွန်း"
"ဗျာ~~"
"ငြိမ်ငြိမ်နေ"
"လှလိုက်တာ"
"အင်း"
"ဟင့်အင်း"
"မင်းရောငိုတာပဲ"
"ဂျေး..."
"ဘာ-ဘာလဲ"
"မသိဘူးလား"
"အင်း"
"ဆောင်ဟွန်း"
"အွန်း~~~"
"သုံး-သုံးကြိမ်မြောက်?"
"ဒါဆို လက်ခံလား"
"အိမ်ပြန်ရအောင်"
"အင်း"
"ဟင့်အင်း မွှေးတယ်"
"ဆောင်ဟွန်း"
"အွန်း"
"ဆူယောင်းကိစ္စကလေ"
"ငါ့ကိုမစပါနဲ့ဆိုနေ"
"ဂျေး"
"ဘာလဲ"
"အင်း"
"အင်း ဆောင်ဟွန်း။ကျေးဇူးပဲနော်"
~~~~
"ဘာလုပ်ဖို့လဲလို့"
"ဆူယောင်း?"
"မင်းအားမနာတတ်ဘူးလား"
"ဆောင်ဟွန်း!!"
"အဲ့ဒါကတော့-"
"မင်းသဘော"
~~~
"ဟေး ဂျေး"
"ဟိုင်း လီယမ်"
"မဖြစ်-"
"ဂျေး!!!"
"ဆောင်ဟွန်း"
"မယုံဘူးလား။သက်သေပြရမလား"
"ဒါဆိုလုံလောက်လား။မလုံလောက်သေးဘူးလား
ရတယ်လေ"
"မြင်သွားလား"
"ဘာ!!!!"
Continue Reading
You'll Also Like
210K 8.9K 50
|ongoing| Ivana grew up alone. She was alone since the day she was born and she was sure she would also die alone. Without anyone by her side she str...
2.3K 274 6
*แ€€แ€ญแ€ญแ€ฏแ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€ทแ€™แ€ฑแ€ทแ€•แ€…แ€บแ€•แ€ผแ€ฎแ€ธ แ€กแ€ฑแ€ธแ€กแ€ฑแ€ธแ€แ€ปแ€™แ€บแ€ธแ€แ€ปแ€™แ€บแ€ธแ€”แ€ฑแ€œแ€ญแ€ฏแ€ทแ€›แ€™แ€šแ€บแ€ทแ€˜แ€แ€€แ€ญแ€ฏแ€•แ€ฑแ€ธแ€žแ€”แ€ฌแ€ธแ€แ€ฑแ€ฌแ€บแ€™แ€ฐแ€•แ€ซ แ€˜แ€ฏแ€›แ€ฌแ€ธแ€žแ€แ€„แ€บ*
327K 7.5K 27
lucent (adj); softly bright or radiant โœฟ โœฟ โœฟ My brother's hand traces the cut on my right cheek for some minutes. I have no idea how a cut can b...